လွမ်းတာတော့ နေ့တိုင်းပဲ…

အဆင်မပြေတာတွေလည်း ရှိပါရဲ့…

အရမ်း တည်ငြိမ် ပြည့်ဝတယ်လို့ ယူဆထားတဲ့ ကောင်မလေး..

ထူးထူးခြားခြား ကလေးတယောက်လို ဂျီကျ ဖူးတာ ၁နှစ်ပြည့်တယ်..

 

သည်ရက်တွေဆို ပြန်သတိရမိပါတယ်

မာနမရှိတဲ့ အဲ့ ကောင်မလေးက … သူငယ်ချင်းဘ၀တုန်းက

ရေးခဲ့ပြောခဲ့တဲ့ စာတွေ အောက်မှာ ကောမန့် အသစ်ရေးတာကိုပေါ့…

ဦးဂီ … အဲ့သည့်တုန်းကတည်းက ငါ နင့်ကို ကျိတ်ချစ်နေမိတယ် တဲ့ …

 

 

မနှစ်က သည်လိုအချိန် က တိုက်ကြီးများဖလား ကန်တယ်ဗျ …

ထုံးစံအတိုင်း … ဘောသမားအကြောင်းတွေ ပုံတွေ စာတွေ တင်ပေါ့..

အီဂျစ်ကလာတဲ့ ကီလားလေးတယောက်ပုံ တင်လိုက်တော့…

သူ့ဒေါသယမ်းပုံ မီးထစွဲပါတယ်

ဦးဂီ … ခညားယီး ကြိတ်ပြီး ခြောက်နေတာလား ဟမ် ..ဆိုပြီး ရန်တွေ့ဖူးတာပါ..

အံ့သြမိခဲ့ဖူးတယ်..တကယ်ပါ… နောင်အချိန်နည်းနည်းကြာမှ သဘောပေါက်သွားတယ်..

စကားမစပ် … အဲ့ကလေးမကို အရမ်းချစ်တယ်…

 

 
အင်း ..ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ …ခြားနားတာတွေ များတော့ …တခါတခါ

ကိုယ် ပဲ့ကိုင်ရတဲ့ အိပ်မက်လှေက ခါ-ထွက်သွားတာ ခနခန…

ပြန်ဆယ်ယူတာလည်း မရမကပေါ့…

အဆင်မပြေမှုတွေများတဲ့ ဘ၀မှာ … အဆင်ပြေတာ ကံကောင်းတာတခုကတော့…

 

 
အင်း…

ဟုတ်ပါတယ်…

နင်က ဘ၀မှာ ရဖူးတဲ့ အကောင်းဆုံးနဲ့ တခုတည်းသော ဆုလာဘ် ပါ…။

 

10262117_749832481735368_4698038682294816053_n

 

လွမ်းပါရဲ့ဗျာ..။

 

 

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011