” စဉ်းစားသော်လည်း အဖြေမရခြင်းသည်ကား….”

 

ဘာသာပြန်သတင်းဆောင်းပါးလေးတစ်ခု ဖတ်မိလိုက်တယ်၊ အဲဒီသတင်းဆောင်းပါးမှာ ရေးထားတာက ကမ္ဘာအကြီးဆုံးဆေးစီရင်ထားရှိရေး ကုမ္ပဏီကြီးဖြစ်သော Alcor က သေဆုံးသူခန္ဓာကိုယ်ကို မပုပ်မသိုးအောင် စီရင်ထားရှိပေးနေပြီး လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာနှစ်သိန်းကျသင့်မည်ဖြစ်ကာ နောင်တစ်ချိန်ဆေးပညာ တိုးတက်လာသည့်အချိန်တွင် ပြန်လည်နိုးထလာနိုင်မည့်မျှော်လင့်ချက်ဖြင့် စာရင်းပေးသွင်းသူများရှိနေပြီဖြစ် ကြောင်းသိရပါတယ်၊ အတိတ်ကာလက လူတစ်ဦးသေဆုံးလျှင် သေဆုံးသည်ဟု အလွယ်တကူလက်ခံကြ သော်လည်း ယခုမျက်မှောက်ခေတ်ကြီးတွင် လွယ်လွယ်နှင့်လက်မလျော့ကြပေ၊ CPR ပေးခြင်း၊ ဆေးရုံသို့ အမြန်တင်ပို့ကာ အရေးပေါ်ခွဲစိတ်ကုသခြင်းတို့ကို ပြုလုပ်ကြသည့်အပြင် ယခုဆေးပညာနှင့် လက်လှမ်းမမီ သောကြောင့် သေဆုံးသူများကို Alcor က ဆေးစီရင်ပေးမည်ဖြစ်ကာ ရောဂါပိုဆိုးရွားမသွားတော့ဘဲ ရပ်တန့် နေမည်ဖြစ်ကြောင်း၊ နောင်တစ်ချိန်ဆေးပညာတိုးတက်လာကာ ၎င်းရောဂါကို ကုသနိုင်မည်ဆိုပါက ဆေးစီရင် ထားခြင်းကို ပယ်ဖျက်ကာဆေးဝါးဆက်လက်ကုသခံကာ အသက်ရှင်သန်နိုင်မည့် စီမံချက်ကြီးကို Alcor ကုမ္မဏီ က ရေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူတစ်ဦးကို ဆေးစီရင်ထားရှိကာ နောင်တစ်ချိန်တွင် ဆေးဆက်လက်ကုသအသက်ပြန်ရှင်သန်စေမည့် ကိစ္စကို မည်သူမှလက်တွေ့မစမ်းသပ်ဖူးသေးချေ၊ သို့သော်လည်း ဆေးစီရင်ခံရန်အားတက်သရော စာရင်း ပေးသွင်းသူများရှိနေပြီး ဦးနှောက်ကို ဆေးစီရင်ရန် အမေရိကန်ဒေါ်လာ ရှစ်သောင်း၊ တစ်ကိုယ်လုံးကို ဆေးစီ ရင်ရန် အမေရိကန်ဒေါ်လာနှစ်သိန်းဖြစ်ပြီး ယခုစာရင်းပေးထားသူမှာ ဦးရေ ၁၀၀၀ ခန့်ပင် ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။

စာရင်းပေးသွင်းထားသူများကို Alcor ၀န်ထမ်းများက အစဉ်စောင့်ကြည့်နေကြပြီး ၎င်းတို့သေဆုံးမည့် အချိန် နီးလျှင် လူနာအနီးတွင် အသင့်စောင့်ဆိုင်းကြမည်ဖြစ်သည်၊ လူနာသေဆုံးကြောင်း ဆရာဝန်က တရားဝင် ထုတ်ပြန်ကြေညာလိုက်သောအခါ ဆေးစီရင်ခြင်းလုပ်ငန်းကို စတင်မည်ဖြစ်ပြီး သေဆုံးသူကို ရေခဲလွှာပေါ်တွင် လဲထားလိုက်မည်ဖြစ်ကာ ရေခဲအချပ်များဖြင့် အုပ်ပေးမည်ဖြစ်သည်၊ နှလုံး၊ အဆုတ်တို့ကို စက်ဖြင့်ပြန်နှိုးပေး ကာ ခန္ဓာကိုယ်ထဲ သွေးပြန်လည် လည်ပတ်စီးဆင်းစေပြီး ဆဲလ်များပျက်စီးမသွားအောင် ဆေးအနည်းဆုံး ၁၆ မျိုးပေးသွင်းမည်ဖြစ်ကြောင်း သိရပါသည်။ (Cd – TMK )

 

အဲဒီလိုလုပ်မယ်ဆိုတော့ ကျုပ်တို့ဗုဒ္ဓတရားတော်မှာတော ရုပ် နဲ့ နာမ် ပေါင်းစည်းပြီး ဘ၀ဖြစ်တည်လာကာ စုတေစိတ်ကျပြီး သေဆုံးသည့်အခါ နိဗ္ဗာန်ကိုမျက်မှောက်မပြုသရွေ့ လက်ရှိဘ၀ ရုပ်ကို စွန့်ခွါပြီး နာမ် ဖြစ်သည် စိတ်ဝိညဉ်က အခြား ရုပ် တစ်ခုတွင် ကပ်မှီပြီး နောက်ဘ၀သစ်တစ်ခု ဖြစ်တည်တယ်လို့ဆိုတယ်၊ အဲဒီလို တစ်ဘ၀နဲ့တစ်ဘ၀ နာမ်ဆိုတဲ့ စိတ်ဝိညဉ် ကူးခြင်း ဟာအကြားမလပ်ဘူးဟုဟောခဲ့လေတော့ကာ အခုဆောင်းပါးအရဆိုရင် ဆေးပညာအလွန်တိုးတက်လို့ ပြန်လည် အသက်ရှင်ခြင်းဖြစ်လာခဲ့မယ်ဆိုရင် မူလ ထိုရုပ်ခန္ဓာရဲ့ နာမ်ဆိုသော(အသက်)က ပြန်လည်ပြီး ၀င်စားကာနိုးထတာဟုတ်မဟုတ်ဆိုတာကို ဘယ်လိုများ ပြောရပါ့မလဲလို့ စဉ်းစားကြည့်နေမိပေမယ့် ကျေနပ်လောက်တဲ့အဖြေမရဘူးဖြစ်နေတယ်ဗျာ။

မိတ်ဆွေတို့ကော ဘယ်လိုများယူဆပါသလဲ စဉ်းစားကာတွေးကြည့်ပါလားဟင် !!!!!!!!!!!!!!!!

 

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..