ဂနေ့တော့ Myanmar Legal, Tax & Business Insights Seminar ကို …
သွားစား …
သွားငိုက် …
သွားထိုင်ပြီးသကာလ ….
မှတ်ခဲ့တာလေးတွေ ပြန်ပွါးချင်ပါတယ်။

.

.

.
အဲဒီ စီမိနာ မစခင် ကော်ဖီသောက်တဲ့ နေရာမှာ ထိုင်ပြီး ကော်ဖီသောက်တုန်းးး အမျိုးသားတစ်ယောက် သူ့ကိုယ်သူ လာမိတ်ဖွဲ့ပါတယ်။
(အဲဒီ အချိန် ကျော် က သူ့ကို One of the Speakers မှန်းမသိသေးပါဘူးးး)
သူကတော့ မြန်မာပြည် အကြောင်း စကားစပ်မိရင်းနဲ့ ရင်းနှီးမြှုပ်နှံချင်ရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မြန်မာပြည်ကို ဝင်သင့်တယ် ဆိုတဲ့ အကြောင်းး…
ခုချိန်မှာ ဘာဥပဒေမှ မခိုင်မာခင် ဂျင်နရယ်တွေကိုနဲ့ ပိုင်တာနဲ့ ရတာလွယ်ကူမယ် ဆိုတဲ့ အကြောင်း …
General Election လား Election for Generals လား မသေချာသေးကြောင်း ဟာသလုပ်ပြီး ပြောပါတယ်။

တော်တော် အကြောင်းသိပုံပါပဲ။

.

.
နောက်မှ အတည်ပြောတာက …
များသောအားဖြင့် မြန်မာပြည်က ဘီးဇီးနစ်လုပ်မယ်ဆို နယ်ခံပါတနာရွေးချယ်တာက အရေးကြီးတယ်တဲ့။
တစ်ချို့က ဘယ် ဗိုလ်ချုပ်နဲ့ ခင်တယ်၊ ဘယ်သူနဲ့ သိတယ်ဆိုတာတွေ များပြီး တကယ်အလုပ်လုပ်နိုင်တဲ့၊ အရည်အချင်းရှိတဲ့သူတွေ ရှားသတဲ့။
သိတဲ့တိုင်း မြန်မာပြည်မှာကလည်း ဗိုလ်ချုပ်တွေ အရမ်းပေါတယ် ဆိုကြောင်း မြန်မာပြည် အကြောင်း ကော်ဖီနဲ့ မြည်းသွားပါသေးရဲ့။

.

.

.

၁) ရှေ့နေ ပြောတဲ့ အကြောင်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခြင်းပေါ့လေ။

.
မြန်မာပြည်မှာ လုပ်ငန်းလုပ်ချင်တယ် ဆိုရင် သိသင့်တာတွေ အကြမ်းဖျင်း ပြောပြသွားတာပေါ့။
တော်တော်များများက မြန်မာနိုင်ငံမှာ လာပြီး လုပ်ငန်းလုပ်ချင်တာတွေ ရှိပေမဲ့လည်းး တစ်ချို့ အချက်တွေက လာရောက်ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားကြတဲ့ အချက်တွေ ရှိပါသေးသတဲ့။
– ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးမတည်ငြိမ်မှု
– လုပ်ငန်းလုပ်ဖို့ ဘတ်ဂျက်ကို တွက်ရာမှာ မမှန်းဆနိုင်မှု
– အာဆီယံနိုင်ငံတွေထဲမှာကို ဆွဲဆောင်အား အနည်းဆုံးဖြစ်မှု
– အသစ်အသစ်သော ဥပဒေတွေ ပြဌန်းဖို့ ကြိုးစားမှု
– လျှပ်စစ်စတဲ့ Facilities တွေ မပြည့်စုံမှု
– ရှိတဲ့ ဥပဒေ မခိုင်မာမှု
– ခိုင်မာပြီး ရပ်တည်ဖို့ မသေချာတဲ့ အခြေခံ စီးပွါးရေး အချက်အလက်တွေ နဲ့
– အရည်အချင်းပြည့်တဲ့ လုပ်ကိုင်နိုင်တဲ့ လူ အရင်းအမြစ်မရှိမှု တွေပါတဲ့။

.
(ကြားရတာ ရင်နာစရာပဲ အဘတို့ရယ်)

.

အဲဒီတော့ မြန်မာနိုင်ငံမှာများ လုပ်ငန်းစချင်တယ် ဆိုရင် ကြိုတင် တွေးဆရမှာတွေ ရှိပါတယ်တဲ့။

.
– ကိုယ် ဘယ်လို လုပ်ငန်းမျိုး လုပ်သင့်တယ် ဆိုတဲ့ ရည်ရွယ်ချက်..
– Foreign Invesment Law (FIL) မှာ Register လုပ်မှာလား ဆိုတာ ကို စဉ်းစားပါတဲ့။ အဲဒါဆိုရင်တော့ Myanmar Investment Commission (MIC) က ပါမစ်လျှောက်ဖို့ လိုပါတယ်။ ပုံမှန် အတိုင်းလျှောက်ရင် ပျမ်းမျှ ၃ လ ကြာပါသတဲ့။ (ပုံမမှန်ရင်ရောလို့ မမေးရဲလို့ မမေးတော့ပါဘူးး)
– လိုအပ်တဲ့ အချိန်နဲ့ လိုအပ်မဲ့ ပိုက်ဆံကို တွက်ဖို့ လိုသလို (အဲဒီ တွက်ဆထားမှုတွေထက် အများကြီး ကြန့်ကြာ၊ ကုန်ကျမှာကိုလည်း တွေးထားပါ တဲ့။)
– ဒေသခံ ပါတနာ ရှာနိုင်ရင် ပိုကောင်းပါတယ်တဲ့… ပြီးတော့ ကော်ဖီဝိုင်းမှာ ပြောတဲ့ အကြောင်းအရာကို ဆက်ပြောပါတယ်။
– အဲ!! သက်ဆိုင်ရာ ပိုင်ရာတွေကို အဆက်မပြတ်ဆက်သွယ်ဖို့လည်း ရင်းနှီးငွေ ဆောင်ထားပါတဲ့။

.
(စိတ်ရှုပ်စရာပဲ အဘတို့ရယ်)

.

.

.

၂) နောက် တစ်ယောက် ပြော အလှည့်မှာတော့ မြေပိုင်ဆိုင်မှုနဲ့ ဥပဒေ အကြောင်းကို နည်းနည်းပါးပါး ပြောပြသွားပါတယ်။

.
တရားဝင် ဥပဒေ/စံနစ်ကို အကြမ်းဖျဉ်းကြည့်ရင် ထင်ရှားတဲ့ ဥပဒေတွေက…

.
– ၂၀၀၈ က ရေးဆွဲခဲ့တဲ့ ဥပဒေ
(ဒီနေရာမှာ ရှေ့နေကပြောတာက ဒီ ဥပဒေက လေဒီကို သမဒ မဖြစ်ရေးဦးတည်ပြီး ဆွဲထားတာမို့ မြေပိုင်ဆိုင်မှုဥပဒေ အတွက် အရေးမပါပါဘူးတဲ့။ သေဗျဇိ)
– ၂၀၁၂ မှာ ထုတ်တဲ့ Foreign Investment Law (FIL)
– ဟိုးအရင် NY Convention မှာ ပါကတည်းက ရှိနေတဲ့ နိုင်ငံရပ်ခြားနဲ့ဖြစ်တဲ့ အမှုအခင်းဆိုင်ရာ တည်ဆဲ ဥပဒေ
– အခု ပါလီမန်မှာ ဆွေးနွေးနေဆဲဖြစ်တဲ့ မြေယာပိုင်ဆိုင်မှု ဥပဒေတွေ
(ဦးပိုင်ဘက်ကို အရေးပေးပြီး အတည်ပြုမယ်လို့ ကောက်ချက်ချကြပါတယ်၊ ဂစ်)
– FIL ကိုပဲ လူပြောများလို့ ပြန်လည်ပြင်ဆင်နေဆဲ ဥပဒေကြမ်း အဆင့် ၃ ရှိပါသေးသတဲ့။ ။

.

မြေယာရင်းနှီးမြှုပ်နှံမှုမှာ တခြားနိုင်ငံသားတွေ အတွက် ရှုပ်ထွေးဆဲ ပိုင်ဆိုင်မှုတွေ မြေ အမျိုးအစားတွေ ရှိနေဆဲပါတယ်။

.
– ဖရီးဟိုး မြေ
– မြေရိုင်း
– လယ်မြေ
– သာသနာမြေ
– လိုင်စင်ကျမြေ
– အစိုးရပိုင်မြေ
စတာတွေရှိတာမို့ မြေယာရင်းနှီးမြှုပ်နှံမှု လုပ်ချင်ရင် အဲဒီမြေရဲ့ နောက်ကြောင်းကို သေချာစုံစမ်းသင့်ပါတယ်။

.
၂၀၁၄ မှာ Special Economic Zone Law (SEZ) ထွက်ပေါ်လာပေမဲ့ မြေယာပိုင်ဆိုင်မှု အခြေအနေတွေက Processing ကြာလေ ပြောင်းလဲလာလေမို့ စိတ်ချလုံခြုံမှုမရှိပါဘူးတဲ့။

အဲဒီ ရှေ့နေက ဥပမာနဲ့တောင်ပြောသွားသေးတယ်။
အစိုးရက သိမ်းပြီး ကိုယ့်ကို ရောင်းတာ၊ မြှုပ်နှံခွင့်ပေးတာမှန်ပေမဲ့ မတရားသိမ်းထားတဲ့ မြေဆိုရင် အရင် ပိုင်ရှင်မကျေနပ်တာနဲ့ ကိုယ့် လုပ်ငန်းမှာ အနောက်အရှက်ရှိနိုင်တာမို့ အားမပေးချင်ပါဘူးတဲ့။

.
(ငိုပါရဇီ အဘတို့ရယ်)

.

.

.

၃) အဲလာနဲ့ နောက်တစ်ယောက်ကပြောတော့ လူ့အရင်းအမြစ်နဲ့ ပတ်သက်တဲ့ ဥပဒေ အကြောင်း ရောက်သွားရော။

.
သက်ဆိုင်တဲ့ ဥပဒေတွေ ပြောပြပါတယ်။

.
General Laws

.
1923 – Workmen’s compensation Act
1936- Payment of Wages Act
1948 – Employment Statistics Act
1958 – Increasing the Employment Opportunities for Disabled People Act
1959 – Employment restrictions Act
1993 – Child Law
2011 – Labour Organization Law
2012 – Settlement of Labour Dispute Law
2013 – Employment and Skills Development Law
2013 – Minium Wages Act

.

Sector Specific Laws

.
1934 – Dock Laborers Act
1948 – Dock Workers (Regulation of Employment) Act
1951 – Oilfield (Labourers and Welfare) Act
1951 – Shops and Estabilishment Act
1994 – Myanmar Mines Law
1995 – Myanmar Gems Law
2012 – Foreign Investment Law
2014 – Myanmar Special Economic Zone Law

.

Sample Employment Contracts (Policies)

.
1976 – Sample Employment Contract
2011 – Sample Employment Contract
အဲ။ ဒီ ၂ ခု ရဲ့ ပြသနာက ဘယ်ကွန်ထရက်က Active and Relevant ဖြစ်မှန်းမသိပါဘူးတဲ့။

.

.

ဆိုတော့ … တရား ဥပဒေမရှိဘူးထင်တဲ့ ကျော်တို့ ဆီမယ် ဥပဒေတွေ အများကြီးပါလားး။
မစိုးမိုးနိုင်အောင်ကို ဘယ်ရောက်ကုန်မှန်းမသိတာတစ်ခုပဲပေါ့နော်။

.
နောက်တော့ အလုပ်ခန့်ပြီဆိုတာနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားကြား ချုပ်ဆိုတဲ့ စာချုပ်မှာ ပါဝင်သင့်တဲ့ အချက်တွေကို နိုင်ငံတကာ သုံးတဲ့ အချက်တွေနဲ့ ညှိပြီး ပြောပါတယ်။
(အဲဒီ အကျယ်ကို ကျနော် သတ်သတ်ရေးပေးပါ့မယ်)

.

.

.

၎) ဒီ တစ်ယောက်ကတော့ အခွန် အကြောင်း ပြောပါတယ်။။

.

အခွန်အမျိုးအစားနဲ့ ကောက်ခံပုံကောက်ခံနည်းတော့ အကျယ် ပြောရမှာမို့ ကျနော် ကျော်ခဲ့ပါ့မယ်။

.
အဓိက ပြောချင်တာက …..
ဘယ်နိုင်ငံသားမဆို မြန်မာပြည်မှာ အလုပ်လုပ်လို့ ရတဲ့ ပိုက်ဆံဟာ မြန်မာအစိုးရကို အခွန်ဆောင်ရပါတယ်တဲ့။
“Every Single Cent earned in Myanmar is taxable,” တဲ့။
ခက်တာက အခွန်ကောက်ခံဖို့ ဝန်ထမ်း၊ မှတ်တမ်း၊ စစ်ဆေးမှု လုံလောက်အောင် မြန်မာပြည်မှာ မရှိပါတဲ့ ခင်ဗျားးး!!!!!

.
ဆိုတော့ အခွန်ရှောင်နေတဲ့ ရှောင်နေနိုင်တဲ့ လုပ်ငန်းဟာ အများကြီးမို့ တိုင်းပြည်အတွက် နစ်နာပါသတဲ့။

.
အရက်၊ ဘီယာ၊ ကွမ်းယာ လုပ်ငန်းတွေက အခွန်မဆောင်မဖြစ်ဆောင်ရမဲ့ လုပ်ငန်းတွေပါတဲ့။

.
တစ်ဦးချင်း ဝင်ငွေ ရဲ့ ၂၀ ရာခိုင်နှုန်း အခွန် ဟာလည်း မြန်မာပြည်မှာပဲ တွေ့နိုင်ပြီး

ခိုင်မာသိမြင်မှုမရှိတဲ့ အခြေအနေတွေရယ်၊

အဲဒီ ဆောင်တဲ့ အခွန်တွေ အပေါ် အသုံးချမှုကလည်း

အစိုးရကို ယုံကြည်စွာ အခွန်ဆောင်ရမဲ့ အခြေအနေကို ထိခိုက်တာမို့ ရင်းနှီးမြှုပ်နှံဖို့ ထည့်သွင်းစဉ်းစားရမဲ့ထဲ အခွန်ကိစ္စလည်း ပါပါသတဲ့။

.
(ရက်စက်လိုက်တာ အဘတို့ရယ်)

.

.

.

၅) နောက်ဆုံးတစ်ယောက်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အမှုအခင်းဖြစ်ခဲ့ရင် သိရတဲ့ ဥပဒေတွေ အကြောင်း အကြမ်းဖျင်းပြောတာပါ။

.
ခံစားရချက် အဆိုးဆုံးပါပဲ ပရိတ်သတ်ကြီးးး

.
မနှစ်က ကျနော် ရင်ဆိုင်ရတဲ့ Arbitration အမှုမျိုး အကြောင်းကို ပြောတာပါ။

.
ပြောတဲ့သူက လန်ဒန်က ဥပဒေဘွဲ့ရထားပြီး မြန်မာပြည်ကို ဥပဒေကိစ္စနဲ့ သွားလိုက်ပြန်လိုက်လုပ်နေတာ အနှစ် ၂၀ ရှိပါပြီ။

.
Arbitration အတွက် သုံးနေတဲ့ ဥပဒေက ၁၉၄၄ တုန်းက အင်္ဂလိပ်ဥပဒေပါတဲ့။
အဲဒီထဲက မပါတဲ့ အချက်တွေဆို အင်ဒီးယား ဥပဒေထဲက ယူသတဲ့။

.
သူပြောတာက ညှာညှာတာတာပါ။

မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံခဲ့လို့ မကျေနပ်တာများရှိခဲ့ရင် ဥပဒေတို့ ရှေ့နေတို့ တရားသူကြီးတို့ ဆိုတာ မေ့ထားလိုက်ပါတဲ့။
ညစာ စားရင်း ရှင်းလို့ ရပါသတဲ့။
ကျော်တို့ ဆီက ရှေ့နေနဲ့ တရားသူကြီးတွေဟာ ဒီလို အမှုအခင်းမျိုး အတွက် လေ့ကျင်သင်ကြားထားခြင်းမရှိပဲ ရာဇဝတ်မှုတွေ အတွက်ပဲ အလုပ်ရှုပ်ကြပါတယ်တဲ့။
ဒါတောင် မြန်မာပြည်မှာ လူ့ အသက်တန်ဖိုးမရှိဆုံးပါတဲ့။ ပိုက်ဆံနဲ့ တွက်ပြပါတယ်။
ကျနော် စိတ်နာလို့ မပြောပါရစေနဲ့။

.
မြန်မာလူမျိုးတွေရဲ့ အမှုအခင်းကို ငွေနဲ့ ဖြေရှင်းပုံကို သနားသလို ပြောသွားတာပါ။
တရားခွင်မှာ သက်သေဝယ်လို့ရသလို အချိန်ကို ကြိုက်သလောက် ဆွဲလို့ရတာမို့ တတ်နိုင်ရင် မြန်မာပြည်မှာ အမှုမဖြစ်ဖို့ တိုက်တွန်းသွားပါတယ်။
“Judges can do very limited” တဲ့။

.
နောက်ဆုံး တစ်ခုက အကျင့်ပျက် ခြစားမှု တွေ အများဆုံးနိုင်ငံ ဖြစ်ပြီး

ထိရောက်တဲ့ အရေးယူမှု မရှိတာမို့ ရင်းနှီးမြှုပ်နှံမှုမှာ အဲဒီ Corruption ကို အားပေးလို့လည်းမကောင်းး၊

မပေးလို့လည်း ရှေ့မရောက်တာမို့ သတိထားဖို့ ပြောသွားပါတယ်။

.

.

.

စားရသောက်ရတာနဲ့ မတန်အောင် ရလာခဲ့တဲ့ အသိအမြင်တွေပေါ့လေ။

.

.

.
ဒါတွေကို မင်းသားကြီးကို ဘယ်မျက်နှာနဲ့ ပြန်ပြောရမတုန်း စဉ်းစားတုန်းပဲ။

~~~~~~~~~~~~~~~~~~~~~~~

ကျော်တို့နိုင်ငံကို

စေတနာရှိတဲ့
တိုးတက်အောင် လုပ်နိုင်တဲ့
ပညာတတ်တဲ့
သီလ ကောင်းတဲ့
နိုင်ငံတကာလေးစားရတဲ့ သူ တစ်ယောက်လုံးကို မဲပေးဖို့ ကျော်တို့ ဘာကြောင့် တုံ့နှေးနေရမလဲနော်။

သူများ အပြောအဆိုတွေ မခံချင်တော့ဘူးးး
စေတနာရှိသလိုလိုနဲ့ နှိမ်တဲ့ မျက်လုံးတွေ စကားလုံးတွေကိုလည်း မုန်းလာပြီ။

ဇီဇီ

About ဇီဇီ

ဇီဇီ has written 334 post in this Website..

CJ # 129120