ကျန်ခဲ့တဲ့ ၃-၄  နှစ်လောက်က ရွာတစ်ရွာကို  တာဝန်တစ်ခုနဲ့ကျွန်တော် သွားခဲ့ပါတယ်။ကျွန်တော်တို့နယ်ဘက်

ကရေလမ်းကိုပဲအဓိက ထားသွားရတဲ့ပင်လယ်ရေငံ ပိုင်းဒေသပါ။ သိကြတယ်မဟုတ်လား

ရေငံကိုဘယ်သူပိုင်တယ်ဆိုတာ။ ကျွန်တော်သွားမဲ့ရွာကို စက်လှေ သုံး နာရီလောက်စီးရတာဆိုတော့

လမ်းမှာပျင်းနေမှာစိုးတာနဲ့ မြို့ပေါ်က သူငယ်ချင်း (၃)ယောက်ကိုခေါ်ပြီးစက်လှေအော်ဒါငှားပြီးသွားတာပါ။

စက်လှေတစ်စီးလုံး လူလေးယောက်ပဲဆိုတော့ ပလောင်ထင်းသွားကြတာပါ..ဟဲဟဲ။ မနက် ၁၀ နာရီလောက်က

ထွက်သွားတာ နေ့လည် ၁ ချက်ထိုးလောက် ရောက်သွားပါတယ်။ ရွာမရောက်ခင် စက်လှေပေါ်မှာ  ၁၁း၃၀

လောက်မှာကျွန်တော်တို့်ဝိုင်းစပါတယ်။

ဝိုင်းမစခင် သူငယ်ချင်းတစ်ယောက်က ဖန်ခွက်ထဲကို အရက်နဲနဲထည့်၊ လှေဦးကိုသွားပြီး ပါးစပ်က ပွစွ ပွစွနဲ့

ရွတ်ဖတ် ပြီးနောက် အရက်ကိုမြစ်ထဲသွန်ချလိုက်ပါတယ်။  သူတို့ဒေသရဲ့အစဉ်အလာဖြစ်မှာပဲဆိုပြီး

ကျွန်လည်းဘာမှ မပြောပါဘူး။ ရွာရောက်တော့ ဥက္ကဌနဲ့ ရပ်မိရပ်ဖ  ၃ ယောက်ဆင်းပြီးကြိုဆိုကြပါတယ်။

သူတို့ရွာလေးရဲ့ဖွံ့ဖြိုးတိုးတက်မဲ့ကိစ္စဆိုတော့ ဖော်ဖော်ရွေရွေပြာပြာသလဲပါဘဲ။  ကျွန်တော်တို့က

ကြိုတင်အကြောင်းကြားထားတာပါ။ စက်လှေခကိုလည်း သူတို့ရွာရံပုံငွေနဲ့အကုန်အကျခံတာပါ။

လုပ်ငန်းအတွက်ရွာထဲကို လှည့်ပတ်ကြည့်ရှုပြီးတော့ ရွာရဲ့ တစ်ဆိုင်တည်းသော အကောင်းဆုံး

စားသောက်ဆိုင်ကိုခေါ်သွားပါတယ်။ တရုပ်စာအကြော်အလှော်၊အရက် နဲ့မြန်မာပုလင်းဘီယာပုလင်း၊

ဗူးတွေရပါတယ်။ အစားအသောက်တွေကိုသူတို့ကြိုမှာထားပါတယ်။ ဘီယာပုလင်းတွေဆွဲကြပါ တယ်။

ကျွန်တော်တို့ဘေးဝိုင်းမှာ ရွာသား သုံးယောက်လည်းသောက်နေပါတယ်။

နဲနဲတော့ ရေချိန်ကိုက်နေကြတဲ့ပုံပါပဲ။ သူတို့ဆွေးနွေးနေကြတာက ရေငံပိုင်ဦးရှင်ကြီးအကြောင်းပါ။

စာအုပ်တွေထဲ၊ တိပ်ခွေဇာတ်လမ်းတွေထဲမှာ တွေ့ရတာ ဦးရှင်ကြီးဟာ အမေမုဆိုးမနဲ့ နေရပြီး သမီးလှကျွန်းကို

ထင်းခုတ်လိုက်သွားရင်း စောင်းတီးတဲ့အကြောင်း၊ဥစ္စာစောင့်မလေးတွေက စောင်းသံ သဘောကိုသဘောကျလို့

စက်လှေကိုဆွဲထားတဲ့ အကြောင်း၊လှေသူကြီးအစီအစဉ်နဲ့မဲနှိုက်တော့မှ မောင်ရှင်မဲပေါက်လို့ ရေထဲ ပစ်ချခံရတဲ့

ကျွန်တော်သိပြီးသားအကြောင်းတွေပါ။ ကျွန်တော်လည်းနဲနဲထွေလာတော့သူတို့နဲ့ဝင်ဆွေးနွေးနေတာပေါ့။

ဦးရှင်ကြီးဟာရေငံတရိုးကိုအပိုင်စိုးရထားတဲ့အကြောင်း၊ဒါပေမဲ့သူဟာ ရောင့်ရဲ တင်းတိမ်နိုင်မှုမရှိကြောင်း၊

လောဘကြီးပြီးနယ်ချဲ့တဲ့အကြောင်း၊ အခုဆိုရင် ရေငံမဟုတ်တဲ့ ဟိုးအထက်အညာအထိ ရောက်နေကြောင်း၊

ဝါ၀င် ၀ါထွက် သူ့ကိုပင့်ဖိတ်ပြီးပသနေရကြောင်း၊ သူကလည်းအဲ့ဒီနေရာတွေကိုရောက်အောင်သွားပြီး

ပသခံနေကြောင်း၊ နောက်ပြီး သူပိုင်တဲ့ရေထဲ ကမိကျောင်းကိုစီးတော်ယာဉ်အဖြစ် အပိုင်စီးထားတဲ့အပြင်

ဟိုးအထက် ပဲခူးရိုးမ တောတွင်းအထဲက ကျားကိုပါ အလွတ်မပေးပဲ ဆွဲရှင်းထားကြောင်း

(မြန်မာ့ရုပ်မြင်သံကြားကသတင်းကြေညာနေတာမဟုတ်ပါ)   တွေကိုဆွေးနွေးတာပါ။

အဖော်လိုက်လာတဲ့သူငယ်ချင်းက ခုံအောက်ကနေ ခြေထောက်ကို ခြေထောက်နဲ့ကုတ်ပြီးအချက်ပြလို့

သတိထားကြည့်လိုက်တော့  ခုနက ရွတ်ဖတ်တဲ့ သူငယ်ချင်းကတော့ တော်တော်မျက်နှာပျက်နေတာ

တွေ့လိုက်ရပါတယ်။  ရွာသားတွေပြန်ရှင်းပြတာက ဦးရှင်ကြီးလောဘကြီးလို့အထက်အညာရောက်သွားတာ

မဟုတ်ကြောင်း၊ နတ်ဆိုတာ အုပ်ချုပ်သူမင်းကိုကြောက်ရကြောင်း၊ မင်းမိန့်နှင့် နှင်လျှင် ဆက်မနေနိုင်ပဲ

ပြေးရကြောင်း၊ အခုရေငံပိုင်းလုပ်ကွက်တွေကို တပ်တွေက သိမ်းပိုက်ထားကြောင်း၊

သူတို့ကနှင်ထုတ်လိုက်လို့အထက်ဖက်ကိုပြေးတာဖြစ်နိုင်ကြောင်း(အဲဒီအချိန်က ငါးဖမ်းလုပ်ကွက်တွေကို

တပ်အသီးသီးနဲ့ဌာနအချို့ ရဲ့သက်သာလုပ်ငန်းအဖြစ်လိုင်စင်ယူထားပြီး ဒေသခံရေလုပ်သားတွေက

သူတို့လုပ်တဲ့ ပိုက်အမျိုးအစား အရေအတွက်အလိုက်၊ တပ်တွေနဲ့ ဌာန ကိုယ်စားလှယ်တွေကို

လစဉ်ကြေးပြန်ပေးဆောင်ပြီးငါးဖမ်းကြရတာပါ။ ကျွန်တော်တို့ ၀န်ထမ်းသက်သာလုပ်ငန်းတွေ

ခေတ်စားတဲ့အချိန်ကပေါ့၊ ပြောနေတဲ့ရွာသား ၃ ယောက်ဟာ ရေလုပ်သားတွေပါ။) ရေချိုရေငံ စပ်မှာသာ

မိချောင်းတွေ ပေါပေါများများနေနိုင်ကြောင်း၊ ရေချိုတွင် မိချောင်းရှားသည့်အတွက် လည်းကောင်း၊

အောက်အရပ်ဒေသဟာရေလမ်းခရီးများပြီး မိချောင်းနှင့်သွားလို့အဆင်ပြေနိုင်ပေမဲ့  အထက်အညာဒေသဟာ

ကုန်းလမ်းခရီးသွားရတာများသောကြောင့်မိချောင်းနှင့်သွာလာ၍အဆင်မပြေနိုင်ကြောင်း၊သွားလာမှု

အခက်အခဲမရှိစေရန် ကျားကိုအပိုင်စီးရ တာဖြစ်ကြောင်းရှင်းပြကြပါတယ်။

ထူးခြားတာက အဲဒီမောင်ရှင် ဇာတ်လမ်းမှာ အမေမုဆိုးမ နဲ့ နေရတာကစပါပြီး အဖေအကြောင်းမပါဘူးလို့

ပြောနေကြတာပါ၊ အဲဒါကိုကျွန်တော်လည်းသေချာသတိမထားမိပါဘူး။ သူတို့ဆက်ပြောနေတာက

မောင်ရှင်ကို သူ့အမေက အဖေ မရှိပဲမွေးခဲ့ကြောင်း အခုဆွမ်းတင်နေတဲ့သူတွေဟာ  အဖေမရှိတဲ့

အစိမ်းသရဲကို နတ်အဖြစ်သတ်မှတ်ပြီး ကန်တော့နေတဲ့အကြောင်း၊ ဆွမ်းတင်စားတဲ့ ဆရာတွေ ကလည်း

အဖေမရှိတဲ့သူကို ကြွပါ၊မပါ၊စားပါသောက်ပါနဲ့တောင်းပန်ခယပင့်ဖိတ်နေတယ်ဆိုတာတွေပြောပါတယ်။

ကျွန်တော်လည်း ကိုယ့်စာပွဲဝိုင်းကနေ သူတို့ပြောတာကို  “ အင်း ”လိုက်လုပ်နေရတာပေါ့။

အဲဒီအချိန်မှာ ဥက္ကဌက ရေလမ်းနဲ့ပြန်ရမဲ့ ကျွန်တော်တို့ကို အမှားတွေပြောမိမှာ စိုးရိမ်တယ်ထင်ပါတယ်။

ပြောနေတဲ့ ရွာသားသုံးယောက်ကိုလှမ်းပြီးတော့ “ကဲကဲ မင်းတို့တွေ ပြန်ကြတော့၊ ငါမနက်ဖြန်ခါ ကြတော့မှ

ဆွမ်းတင်ဆရာတွေကို  ဦးရှင်ကြီးအဖေနာမည် မသိရင် စုံစမ်းထားကြ ဖို့ နဲ့ အဖေနာမည် မသိတဲ့

ဆွမ်းတင်ဆရာကို  ဆွမ်းခွင့်မပေးတော့ဘူး ဆိုပြီးအမိန့်ထုတ်လိုက်မယ်။ သွားကြတော့” ဆိုပြီးပြောလွှတ်

လိုက်ပါတယ်။ ရွာသားသုံးယောက်လည်းဟုတ်ကဲ့ ဆိုပြီး ငွေရှင်းပြီးတော့ထွက်သွားပါတယ်။ ကျွန်တော်လည်း

မောင်ရှင်အဖေအကြောင်း သူတို့နဲ့ဆက်ပြီးမဆွေးနွေးလိုက်ရပါဘူး။ ကျွန်တော် သိချင်တာက မောင်ရှင် ရဲ့

ဘိုင်အိုဂရပ်ဖီထဲမှာအဖေအကြောင်းတကယ်မပါတာလား၊ မောင်ရှင်အဖေဘယ်သူလဲ သိတဲ့သူများရှိရင်

ကျွန်တော့ကိုပြောကြပါ။ နောက်ပြီး မောင်ရှင် (အခုတော့ဦးရှင်ကြီးလို့ခေါ်နေကြပါပြီ)  ဟာ ဘယ်နှစ်ကိုယ်

ပွားနိုင်မလဲ၊  အထက်အညာနဲ့အောက်အရပ်ကို မိချောင်းတလှည့် ကျားတလှည့်စီးပြီးဘယ်လောက်မြန်မြန်

ခရီးသွားနိုင်ပါသလဲ၊ မနက်လေးနာရီနဲ့  ခြောက်နာရီ ကြားတစ်ကြိမ်၊ညနေ ငါးနာရီနဲ့ ည ရှစ် နာရီ ကြားတစ်ကြိမ်

အတွင်း အထက်အရပ်၊ အောက် အရပ် မြို့များစွာ၊ နေရာများစွာက ဆွမ်းတင်ဆရာတွေရဲ့ ပင့်ဖိတ်မှုကို

ဘယ်နည်းဘယ်ပုံနဲ့လှည့်လည် အပူဇော်ခံနေပါသလဲ ရှင်းလင်းပြောပြကြပါခင်ဗျာ။      ။

ဘယ်သူ့ကိုမှ ပုတ်ခတ်စော်ကားခြင်းမဟုတ်ပါဘူး၊  သိချင်တာနဲ့  ကတ်သီးကတ်သပ် တွေးကြည့်ရုံပါပဲ။

About ကြောင်လေး

has written 70 post in this Website..

ကြောင်မဟုတ်သောငကြောင်