*အခုဒီပို့စ်ကိုတင်တာမှာ စနိုးလေးစိတ်ထဲမှာ တနုံ့နုံ့နဲ့မို့လို့ စဥ်းစားမိတဲ့အတိုင်းရေးလိုက်တာပါ.

စနိုးလေးရေးတဲ့ စာကဗျာမှာ တကယ်ကိုစိတ်ထဲကအတိုင်းရေးလိုက်တာပါ…

ပို့စ်တစ်ခုတင်ရင် ကွန်မန့်ရေးတဲ့သူတွေကတော့ သူတို့အမြင်ကိုရေးကြမှာပါပဲ..

ကောင်းတယ် ဆိုးတယ်ပေါ့ မကြိုက်ရင်ဝင်မပြောပဲနေနိုင်သလို ကြိုက်လို့အားပေးကျရင်လဲ

ပို့စ်တင်တဲ့သူစိတ်ထဲပျော်ရတာပါ…. *

 

***သူကြီးကပြောပါတယ်“အခု.. ဒီပို့စ်တင်ထားတာကြောင့်ဆိုတာထက်.. တခြားအကြောင်းနဲ့..

ဒီပို့စ်အောက်မှာ… အပြန်အလှန်တွေဖြစ်ကုန်တော့…ဖတ်သူတွေ.. ရေးသူတွေ…

ဘယ်သူမှအကျိုးမရှိဘူးယူဆတဲ့အတွက်…  ဒီပို့စ်ကို ခဏနေ… ဖျက်လိုက်ပါမယ်နော…´´  ဆိုတာပါ။***

 

*****စနိုးလေးမေးချင်ပါတယ် ဒီပို့စ်တင်လို့ဆိုတာထက် တခြားအကြောင်းနဲ့ဒီပို့စ်အောက်မှာဖြစ်ရင်.. ဖြစ်တဲ့သူတွေရဲ့ကွန်မန့်ကိုပဲဖျက်ရမှာမလား

ဒါမှမဟုတ် အလွန်အကျွံ့ရေးတဲ့စာတွေအတွက် သူကြီးအနေနဲ့ ရေးတဲ့သူတွေကိုသတိမပေးသင့်ဘူးလား…..

အခုရေးတဲ့ကဗျာဟာ စနိုးလေးရေးတာမဟုတ်ပဲ…

ရွာထဲကစာရေးနေတဲ့သူတစ်ယောက်ရေးခဲ့မယ်ဆိုရင်ရော ဒီကဗျာကိုဖျက်ပစ်မှာလား ….

အခုပို့စ်ကိုဖျက်လိုက်ပါတယ်…

အဲဒီတော့ ပို့စ်တစ်ခုတင်ရင် အောက်ကကွန်မန့်တွေအတွက်ပါ ပို့်စ်ပိုင်ရှင်ကတာဝန်ယူရမှာလားဆိုတာပါ။

အကျိုးမရှိဘူးယူဆပေမယ့် ဖတ်တဲ့သူကို နစ်နာစေမယ့်အရေးအသားမပါရင်

ခွင့်ပြုသင့်တယ်မဟုတ်လား…… *****

 

**အခုစနိုးလေးသိသွားတာ တစ်ခုရှိပါတယ် ပို့စ်တင်ချင်ရင် စာအရေးအသား

အသုံးအနှုန်းကို တတ်နိုင်သလောက်ဆင်ခြင်ပါမှတော်ကာကြမယ်ဆိုတာပါပဲ..

ဂေဇက်မှာ ပို့စ်တင်ချင်ရင် ဂေဇက်ထဲကဖြစ်နေတဲ့ အကြောင်းအဆိုးအကောင်းကို

မူတည်ပြီး မရေးရဲတာပါ (စိတ်ထဲရှိတဲ့အတိုင်း)

တခြားကိုယ်တိုင်ရေး အကျိုးရှိမယ့်ပို့စ် ကိုပဲလက်ခံသလို ဖြစ်နေတာပါ…

ကိုယ်တိုင်ကတော့ အဲလိုပို့စ်တွေတင်ချင်ပါတယ်(အဲလောက်ထိမရေးတတ်ပါဘူး)

အခုမှစမ်းပြီးရေးချင်နေတဲ့ ပို့စ်တင်ချင်နေတဲ့သူအတွက် အဟန့်အတားဖြစ်သွားတာလေးပါ**

 

*နောက်တစ်ခုက ကိုယ်တင်လိုက်တဲ့ပို့စ်တစ်ခု ကိုယ့်ပယောဂမပါပဲ ပျက်သွားတယ်ဆိုရင်

စိတ်ထဲမှာနှမျောပါတယ် (ဗဟုသုတရမဲ့အကြောင်းတော့မပါပေမယ့် တခြားသူထိခိုက်တဲ့စာသားလဲမပါပါဘူး

တစ်ကြောင်း နှစ်ကြောင်းလဲ ကိုယ်ရေးတဲ့စာမို့လို့ပါ)

စနိုးလေးအနေနဲ့ ပွိုင့်ရတာမရတာကို စိတ်ထဲမထားပါဘူး… တစ်ခုတော့ရှိတယ်ရှင်…..

ဝင်တာမကြာသေးပေမယ့် ကိုယ့်အတွက် တိုးလာတဲ့ပွိုင့်တွေကိုကြည့်ပီး

ပျော်ရတယ်ဆိုတာပါ…*

 

*ဒီပို့စ်ကို စာအရေးအသားတော်တော်စစ်ပီးမှ တင်တာပါ (မလေးစားသလိုဖြစ်မှာစိုးလို့ပါ)

မန်ဘာတစ်ယောက်ရဲ့ စိတ်ကိုသိစေချင်လို့တင်လိုက်တာပါ…..

ဖတ်မိတဲ့သူတွေကိုလဲ ကျေးဇူးတင်ပါတယ်….*

About snow lay

has written 2 post in this Website..

ဘ၀ကိုရိုးရိုးလေးကျော်ဖြတ်နေသူ