မီးပုံးပျံ လုပ်သူတယောက်ရဲ့ ရင်ခုန်သံ …အတွဲ(1)

Yin Nyine NwayNovember 2, 20111min20511

ဒီနေ့ည ကျွန်တော်အရမ်းပျော်နေတယ်… ကျွန်တော့ မီးပုံပျံ လွတ်ရမဲ့ညလေဗျာ…
ကျွန်တော် ဒီမီးပုံးပျံအောင်မြင်ဖို့ 3လလုံးလုံး အပင်ပန်းခံခဲ့ရတာ…ဒီည ထောင်ပေါင်းများစွာသော လူတွေရှေ့မှာ ပြသရတော့မယ် …..
မီးပုံးပျ့ဆိုလို့ ကျွန်တော်လုပ်တဲ့မီးပုံးပျံအပြင် တခြားမီးပုံးပျံတွေအကြောင်း ကျွန်တော်ပြောပြချင်တယ်
မီးပုံးပျံက 3မျိုးရှိတယ်ဗျ…(ကျွန်တေ်ာတို့တောင်ကြီးမှာပေါ့ဗျာ)…
ပထမတခုက နေ့လွတ် အရုပ်မီးပုံးပျံ …. သူ့ကိုတော့ လူ စိတ်ဝင်စားနည်းတယ်ဗျ …. အမှန်တကယ်တော့ သူက အခက်ဆုံးလို့ပြောရင်ရတယ်
အရုပ်ပုံစံ အချိုး အစားချိုးရတယ် … မီးစာထည့်ဖို့ ဘယ်ညာ ညီဖို့ ကျွန်တော် တို့ကြိုးစားရတယ်
လေကိုချိန်ရတယ် မှိုင်းကိုချိန်ပြီးမှ လွတ်ရတယ်….10လုံးမှာ 8လုံးတက်ဖို့ မလွယ်ဘူး
တက်ပြီးရင်လည်း ပြန်ကျတယ် တဝတ်မှာမီးလောင်တယ် ….
1နာရီဆိုတဲ့ အချိန်မှာ ကျွန်တော်တို့ကြိုးစားထားတဲ့ အရာ မီးလောင်သွားရင် …..
သူ့ကို အားပေးတာက ကလေးနဲ့ တခြားမြို့ ကဧည့်သည်တွေပဲ …
မြို့ခံလူတွေက အဲဒီအချိန် ညပိုင်းမီးကျီကို အားပေးဖို့ အားယူနေကြတယ် …

နောက်တမျိုးက စိန်နပန် ….
သူလည်း ခက်ခဲတာပဲ
သူကမီးတွေနဲ့ခြံရံပြီးတက်ရတယ်
သူကမှားလို့လဲမရဘူး….. လေငြိမ်မှလဲရတယ် …လေပြင်းရင်မရဘူး…
သူ့ကိုယ်ထည်ပေါ်မှာ ဆွဲထားတဲ့ပန်းချီပေါ်ဖို့ ဝါစိမ်းနီပြာ အရောင်လေးရောင်မီးပုံးတွေနဲ့ အလှဆင်ရတယ်
ကိုယ်ထည်ပေါ်မှာ ဝါးလေးကို ကောက်ချိတ်ဖြစ်အောင် ချိုးပြီး အဝါရောင်မီးပုံးကပ်မဲ့နေရာမှာ အဝါရောင် ဆီစိမ်စက္ကူနဲ့ ကပ်ထားပေးတယ်
ဆိုလိုချင်တာက အဝါရောင် ဆီစိမ်စက္ကူလေး ကပ်ထားတဲ့ ဝါးချိတ်မှာ အဝါရောင်မီးပုံးချိတ် အနီရောင်နေရာမှာ အနီရောင်ချိတ် ဒီလိုနဲ့ အလှဆင်ပြီး ဆွဲထားတဲ့ပန်းချီကား ပေါ်အောင်လုပ်ရတယ်
သူက ငြိမ့်ငြိမ့်လေးတက်မှ သူက လူကြီးလူငယ် ကလေးတွေမှ အစ လူအများဝိုင်းကူမှရတယ်
စည်းလုံးခြင်းကို ပြသဖို့လို့ ကျွန်တော်ထင်တယ်….ဝါးဗန်းပေါ်မှာ မီးပုံးလေးတွေစီပြီး ထည့်တယ်
ဖယောင်းတိုင်ကို တရက်ကြိုတင်ထွန်းပြီး မီးစာမှာ ဖယောင်းဝရင် မီးမှုနတ်သတ်ပြီးမှာ ဒီမီးပုံးထဲ ထည့်ထွန်းတာပေါ့
အဝါရောင် မီးပုံးဗန်းကိုင်သူက အဝါရောင် ရှိတဲ့ဘက်သွား အနီရောင်မီးပုံးဗန်းက အနီရောင်သွား
အောက်မှာလဲ တန်းစီပြီးထွန်းရတယ်
ပေးထားတဲ့အချိန်မှာ အားလုံးညီညီညွတ်ညွတ်လုပ်မှရတယ်
ဖောက်လို့မရဘူး ..အရမ်းကြာနေလို့မရဘူး…
အဲဒါမှ အမှတ်ရတယ် … သူလဲ ခက်ခဲံတဲ့ထဲမှာပါလို့ ပင်ပန်းတာပဲလေ
ဒီအတွက် ကျွန်တော် ကဗျာလေးတောင် စပ်ထားသေးတယ်
သူက မှားလို့မရဘူး

သူက ဘဝကို

မီးတွေနဲ့ ရံပြီးတက်ရတယ်

မီးတွေကို ဆွဲပြီးတက်ရတယ်

အဲ့ဒါမှ သူကလှနေပြီးတော့

အဲ့ဒါမှ သူကပီသတယ်

သူဟာမှားလို့မရဘူး

သူ့အတွက်ကျတော့

လေမတိုက်လေကျေနပ်လေ

ဘဝဟာပေါ့ပါးနေလို့မရသလို

လေးပင်နေလို့လဲမရဘူး

မီးစာ ကိုတထစ်ချင်းလောင်ကျွမ်းပြီး

တမြင့်ချင်း မြင့်မြင့်တက်ရတယ်

သူဟာမှားလို့မရဘူး

သူဟာငြိမ်ငြိမ်လေးနဲ့ ငြိမ့်ငြိမ့်လေးတက်မှ

သူက စိန်နားပန်

နောက်တမျိုးက ကျွန်တေ်ာ ဒီည လွတ်မဲ့ မီးကျီဗျ
သူက ထောင်ပေါင်းများစွာသော လူတွေ စိတ်ဝင်တစားစောင့်နေတဲ့အရာ… ဒီနှစ်ဝင်ပြိုင်ဖို့ကျွန်တေ်ာအရင် နှစ်ကတည်းက မီးစာကိုရေနံဆီ စိမ်ထားရတယ်
အခုဆို တော်တော် ပြည့်နေလောက်ပြီ…
ဝါဝင်ပြီဆိုကတည်းက ကျွန်တေ်ာ့ လခရဲ့ ဝတက်ကို ယမ်းစိမ်းဝယ်တယ်…သိတဲ့လူတွေက လာလှူတယ် ပေးကြတယ် စုထားတယ်ဗျာ
နောက်တရက်ညမှာ ကျွန်တေ်ာတို့အဖွဲ့တွေ ယမ်းလုပ်ဖို့ မီးသွေးဖုတ်ရတယ်
သူကလည်း ကျွန်း ဒါမှမဟုတ် သရက်သားမှရတယ်
ကျွန်ကိုပဲ ကျွန်တေ်ာသုံးတယ် နေ့လည်မှာပရိဘောဂလုပ်တဲ့ကျွန်တော့ အဒေါ်အိမ်ကနေ ကျွန်းသွားယူတယ်
ညပိုင်းမှာ မီးဖုတ်တယ် …မီးဖုတ်ရင်နဲ့ အရင်နှစ်က စိမ်ခဲ့တဲ့ မီးစာ ရေန့ဆီပုံးကို တင်ပြီး ကြိုရတယ်…
မီးသွေးတွေကို လေလုံအိုးတအိုးမှာ ထည့်ပြီး သတ်ထားတယ်
နောက်တနေ့မနက်ကနေစပြီး အားတဲ့ လူတေါ ကျွန်တော့ညီလေး သူငယ်ချင်းတွေက ယမ်းစပြီးထောင်းတယ်
ယမ်းစိမ်းက စိုတော့ ထောင်းပြီး စကာစစ် ပြီးတာနဲ့ နေပူမှာလှမ်းထားရတယ်
မီးသွေးထောင်း သူကတော့ သိတဲ့အတိုင်း အငွေ့ ထွက်တော့ ရေစို အဝက်နဲ့ပိတ်ပြီး ထောင်းရတယ်
သူ့ကိုလဲံ စကာနဲ့စစ်ပြီး ထားတယ်
ပြီးတော့ မီးသွေး 2စ ယမ်းတစနဲ့ နှစ်တစ် ယမ်း
မီးသွေး 3စ ယမ်း 1စနဲ့ သုံးတစ်ယမ်းဆိုပြီးစပ်တယ် ကန့်ကတော့လို သလိုထည့်တာပေါ့
များလို့တော့မရဘူး များရင် ယမ်းချီးပိတ်တယ် ဒါဆို မီးချူးတွေမှာ ပိတ်တက်တယ်…
ပြီးတာနဲ့ ပြောင်းတွေလိတ်တယ်
ပြောင်းလိတ်ဖို့ ကျွန်တေ်ာ အပ်ပေပါ ကိုသုံးတယ် အများအားဖြင့်တော့ စီးကရက်ဘူးခွံတွေကို ထိပ်ဖြတ်ပြီးသုံးတယ်
ပြောင်းက အရွယ်အစးအမျိုးမျိုးရှိတာပေါ့
ပြောင်းလိတ်ပြီးတာနဲ့ ပြောင်းဖင်ကို မြေကြီးနဲ့ပိတ်တယ်
5မူးအရွယ်အစားလောက်ရရင် ရပြီ….
ပြီးရင်တော့ ယမ်းအပြင်းအပျော့ပေါ်မူတည်ပြီး မီးချူးနဲ့ ခိုပျံရိုက်တယ်….
(ဒုတိယ ဆက်ရန်…)

11 comments

  • Yin Nyine Nway

    November 2, 2011 at 8:38 am

    တောင်ကြီးမှ အကိုအတွက် အမှတ်တရ …မပြန်ရလို့

  • nozomi

    November 2, 2011 at 9:38 am

    ကြည့်ဘူးတာ ၊ စာဖတ်ရတာနဲ့ တင် တော်တော်လေး ပညာပါတဲ့ အလုပ်မှန်းသိသာတယ်
    အသေးစိတ်ကတော့ အခုမှ ဖတ်ဖူးတယ်
    နောက်ပို့စ်တွေကို စောင့်ဖတ်နေပါမယ်

  • AKKO

    November 2, 2011 at 10:16 am

    တောင်ကြီးသူ ဆိုတော့ မီးပုံးပျံအကြောင်းနဲ့ မီးပုံးပျံ ပွဲတော် အကြောင်း အတော် ဗဟုသုတရှိတာပါပဲ ။
    သူများတွေတော့ မီးပုံးပျံပွဲတော်ကို တကူးတကသွားကြပေမယ့် ကျွန်တော်ကတော့ လူတွေအများကြီးကြား ပြုတ်ကျလာမယ့်မီးပုံးပျံကို တွေးကြောက်နေတာနဲ့ မသွားဖူးဘူး ။ 🙂

  • ကြောင်ကြီး

    November 2, 2011 at 11:15 am

    တောင်ကြီးကအကို
    နွေးသီးကအပျို
    ကြောင်ကြီးကလူပျို
    ကဲ..ဘာဆက်ရေးမလဲ….။ 😳

  • windtalker

    November 2, 2011 at 11:47 am

    အမ ရေ
    ကြားဖူးတာကတော့ ၊ အဲဒီ မီးပုံပျံ အတွက် ယမ်းလုပ်တဲ့ အဖွဲ ့တွေကို
    မြို ့ထဲမှာ ခွင့်မပြုဘူး ဆိုကလားဘဲ ။ မီးဘေးရှောင်တဲ့ သဘော ပေါ့
    မြို ့ပြင် မှာ ထွက်လုပ်ရတယ်တဲ့
    ၂ နှစ်တစ်ခါ လောက် ၊ အဲဒီယမ်းထကွဲပြီး လူသေတဲ့အထိ ဖြစ်ခဲ့သတဲ့
    ဟားသလုတ် ၊ ဟုတ်သလား ဗျို ့

    • Yin Nyine Nway

      November 2, 2011 at 6:11 pm

      ဟုတ်ဘူးဗျို့…အိမ်မှာလုပ်နေကြတာပဲ…အများအားဖြင့်တော့ အိမ်ကျယ်ကျယ်မှာပေါ့

      အိမ်မကျယ်တဲ့လူကတော့ ဘုန်းကြိးကျောင်းတွေမှာလုပ်ကြတယ်

  • manawphyulay

    November 2, 2011 at 2:38 pm

    အင်း မီးပုံပျံဆိုလို့ စာသင်ခဲ့ဖူးတဲ့ မမေ့နိုင်စရာ မီးပုံးပျံ ဦးကျော်ရင်အကြောင်းကို သတိရနေမိတယ်။ တောင်ကြီးတန်ဆောင်တိုင်ကို မြင်ဖူးချင်လိုက်တာ အရမ်းပဲ။ ရောက်လည်း ရောက်ဖူးချင်တယ်။ တစ်နေ့တော့ ရောက်ဖြစ်မယ်လို့ မျှော်လင့်နေရတာပဲ။

  • မိုးပွင့်ဖြူ

    November 2, 2011 at 3:48 pm

    အော်ပြန်ဖြစ်ဘူးလား အရမ်းပျော်စရာဆို တောင်ကြီးကသူငယ်ချင်းကပြောနေတာ နောက်နေ့ဆိုစပြီတဲ အရမ်းပျော်စရာကောင်းတာတဲ ရောက်ဘူးဘူး သွားချင်လိုက်တာ …

  • Toungoo Thar

    November 2, 2011 at 5:00 pm

    တကယ့်ကို ခက်ခဲတဲ့ ပညာတစ်ခုပါ…
    ဒါမျိုးတွေ မြန်မာပြည်မှာပဲ ရှိမယ်နဲ့တူတယ်နော်..
    အစဉ်အလာတွေ မပျက်အောင် နှစ်တိုင်း ထိန်းသိမ်းရမှာပါ…
    အခုထက်ပိုကောင်းတဲ့ မီးပုံးပျံတွေလည်း စမ်းသပ်တီထွင်နိုင်ပါစေ…
    အမြဲတမ်း Upgrade ဖြစ်နေမှ အမြဲတည်တံ့မယ်မဟုတ်လား…
    မီးပုံးပျံပွဲကို အရင်နှစ်တွေကလို အင်တာနက်ကနေ တိုက်ရိုက်ပြဦးမှာလား… အဲဒီတစ်ခုလည်း သိချင်နေတာ..
    ကိုယ်တိုင်မသွားနိုင်တာ သေချာနေတော့.. အင်တာနက်ကနေ ကြည့်လို့ရရင် အရမ်းကို ကျေးဇူးတင်မိမှာပါပဲဗျာ…

  • Diamond Key

    November 2, 2011 at 5:22 pm

    Yin Nyine Nway ရေ၊
    မီးပုံးပျံ တက်တော့မယ့် အချိန်မှာ ဖြစ်နေမယ့် ခံစားချက် ကို တွေးမိပါတယ်ဗျာ။

    • Yin Nyine Nway

      November 2, 2011 at 6:14 pm

      အရမ်းပျော်တာနော်..
      ကြည့်တာနဲ့မတူဘူး
      ကိုယ်တိုင်လုပ်တဲ့အတွက် ငွေတွေကို မီးရှို့တယ်ပဲပြောပြော
      အဲဒီအပျော်က ငွေနဲ့ ဝယ်လို့မရဘူးလို့တော့ ထင်တယ်

Leave a Reply