kaiFebruary 2, 20135min125731
************************************************************* BURMA RELATED NEWS – FEBRUARY 01, 2013 ************************************************************* AP – Myanmar aims to leave least-developed status AP – Myanmar’s first international literary festival opens amid newfound freedoms of expression AFP – Myanmar festival celebrates new literary freedom AFP – Myanmar’s Suu Kyi urges ‘more human’ democracy Reuters – Carlsberg returns to Myanmar after sanctions […]


kaiJanuary 31, 20131min80117
Recycleနှင့် ကျမ၏ကိုယ်တွင်းပဋိပက္ခ အမေရိကားကိုစရောက်သည့်အချိန်ကစပြီး ခုချိန်ထိကျမစိတ်အဝင်စားဆုံးအရာတွေထဲမှာ စွန့်ပစ်ပစည်းပြန်လည်လည်ပတ်သည့်ဆိုင်ကလေးများသည်  ပထမဆုံးနေရာမှပါဝင်ခဲ့သည်။ သာမန်အားဖြင့်ဆိုလျှင် Recycleဆိုင်ကလေးများသည် အခြားစီးပွားရေးလုပ်ငန်းဆိုင်ခန်းများလို သီးသီးသန့်သန့်သူ့နေရာနှင့်သူမဟုတ်ဘဲ ကုန်စုံဆိုင်ကြီးများအနောက်ဘက်မှာ ဆိုင်ခန်းဖွင့်ပြီးဖြစ်စေ၊ 7/11လိုစတိုးဆိုင်များရှိသော squareခေါ်ဆိုင်ခန်းစုပေါင်းဝန်းထဲတွင် ခပ်ကျဉ်းကျဉ်းတစ်နေရာဖြစ်စေ လူဝင်လူထွက်များသောေ နရာများတင် ယှဉ်ပြီးဖွင့်ထားလေ့ရှိသည်။ ထိုဆိုင်ခန်းလေးများသည် သာမန်အမြင်ဖြင့်ကြည့်လျှင် သပ်သပ်ရပ်ရပ်လည်းမရှိ၊ ဖန်ပုလင်းများတစ်ခုနှင့်တစ်ခုထိခတ်မိသံ၊ အလူမီနီယမ်သံဗူးများကို ဆင့်ကာဆင့်ကာပစ်ချသဖြင့်“ကလုံ၊ကလုံ”မြည်သောအသံ၊ဆိုင်ပိုင်ရှင်နှင့်အလုပ်သမားအများစုမှာ မက်ဆီကန်လူမျိုးများဖြစ်ကြရာ Recycleပစ္စည်းလာရောင်းသူများနှင့်ဖြစ်စေ၊ သူတို့အချင်းချင်းဖြစ်စေအော်ဟစ်ပြောဆိုကြသော မက်ဆီကန်စကားသံများ၊အလုပ်ခွင်တွင်ဖွင့်ထားသော ကက်ဆက်ဆီမှမက်ဆီကန်သီချင်းသံများဖြင့် စည်းမကျဝါးမကျဆူညံနေတတ်သည်။ Recycleပစ္စည်းများကိုဖန်၊အလူမီနီယမ်၊ပလတ်စတစ် သပ်သပ်စီခွဲထားပြီး လူတစ်ဖက်စာသံခြင်းတောင်းများထဲထည့်ကာ ပေါင်ချိန်စက်ပေါ်တင်ပြီးချိန်ကာ ကျသင့်ငွေကို ရောင်းသူလက်ထဲပေးလျှင် Recycleပစ္စည်းလာရောင်းသူက သူတို့ပေးသောစာရွက်ကလေးမှာ ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးရသည်။ ပျမ်းမျှအားဖြင့် ဗူးတဗူးလျှင် ၅ဆင့်နှုးံဖြင့် အလူမီနီယမ်ဗူးခွံများဆိုလျှင် တပေါင်ကို၁.၉၉ဒေါ်လာ၊ပလတ်စတစ်ဗူးခွံများဆိုလျှင် တပေါင်ကို၁ဒေါ်လာ၊ ဖန်ဗူးခွံများဆိုလျှင်တပေါင်ကို၁ဒေါ်လာခွဲ စသဖြင့်ဈေးအစားစားပေးပါသည်။ ဆိုင်ခန်းဟုသာဆိုရသော်လည်း နေလုံမိုးလုံ ပလတ်စတစ်ရွက်ဖျင်တဲကိုသာ ယာယီသဘောမျိုးထိုးထားပြီး အလုပ်သမားများနှင့်အတူ ဖန်ပုလင်းခွံ၊အလူမီနီယမ်ဗူးခွံ၊ ပလတ်စတစ်ဗူးခွံများ […]


kaiJanuary 29, 20135min144449
ဒါက.. ခရီးစဉ်(၁ )အဆက်ပါ..။ ခရီးစဉ်(၁)ကို အောက်ကလင့်ခ်ကနေကြည့်ပါနော… မိုင်၁၀၀ဝ ခရီးစဉ်(၁) ဆိုတော့… သွားခဲ့တာကိုထပ်ပြောရရင်.. လော့စ်အိန်ဂျလိစ်ကနေ.. ဆန်ဟိုဆေး(ဆီလီကွန်ဗယ်လီမြို့တော်) ကို.. ပစိဖိတ်ဟိုင်းဝေးခေါ်တဲ့ သမုဒ္ဒရာကပ်လမ်းကနေတက်တာ. ဆန်ဟိုဆေးနဲ့ ဆန်ဖရန်ကြားမှာ စတန်င်းဖို့တက္ကသိုလ်ကိုဝင်. … အဲဒီကနေ ဆန်ဖရန်စစ္စကို.. နောက်.. မြောက်ဖက်ထပ်တက်ပြီး.. ဝိုင်ထုတ်ရာမှကမ္ဘာကျော်တဲ့ နပတောင်ကြားဒေသပေါ့..။ အဲဒီကနေ.. ရီနိုဆိုတဲ့ နီဗားဒါပြည်နယ်ထဲက မြို့ကလေးသွားမလို့ဟာ.. နှင်းမုန်တိုင်းနဲ့တိုးပြီး.. အဲဒီအခြမ်းဖျက်လိုက်ရတယ်..။ နပဗယ်လီကနေပြန်ဆင်းလာပြီး ဘာကလေးယူနီဗာစတီကိုဝင်. အဲဒီကမှ.. နံပါတ်၅ ဖရီးဝေးလမ်းနဲ့ အယ်လ်အေပြန်ပါတယ်..။ မိုင်၁၀၀ဝ ခရီးစဉ်(၁)မှာ စတန်င်းဖို့တက္ကသိုလ်အထိ ရေးထားပါတယ်..။ အခုကတော့.. ဆန်ဖရန်(ဘေးဧရိယာ)နဲ့ နပတောင်ကြားဒေသဖြစ်ပါတယ်..။ ဒီခရီးစဉ်ထဲ ဓါတ်ပုံတွေကို မှတ်ချက်နဲ့ရေးသွားမယ်ဖြစ်ပြီး.. ကော်မန့်နဲ့ပဲ လိုတာတွေ..မေးတာတွေဖြည့်ပါ့မယ်..။ ခရီးသွားဆောင်းပါးပုံစံမျိုးထက်.. လမ်းကအခြေအနေ..အဖြစ်အပျက်တွေ.. ခရီးနဲ့တူတူလိုက်လာရင်း..စကားတပြောပြောနဲ့.. ဆွေးနွေးရေးသွားသလို ဖြစ်ချင်လို့ပါ..။ အင်တာနက်ခေတ်ရဲ့..  ဆန်းသစ်တဲ့ရေးနည်းသစ်ပေါ့နော..။ […]


kaiJanuary 27, 20136min74313
တြိဂံပုံပြင် ကျွန်မတို့ ခြောက်တန်းတုန်းက သချင်္ာဘာသာရပ် လေ့လာသင်ယူရချိန်တွေမှာ algebra သင်ရချိန်ဆိုရင် ပျော်ရသလောက်၊ Geometry သင်ရချိန်ဆိုရင်တော့ အတော်စိတ်ညစ်ရပါတယ်။ အကြောင်းကတော့ မျဉ်းပြိုင်တွေ၊ စတုရန်းပုံတွေ၊ ထောင့်မှန်စတုဂံပုံတွေနဲ့ တြိဂံပုံတွေ ဆွဲရလို့ပါပဲ။ ပေတံသုံးရမှာပျင်းတဲ့ ကျွန်မက မျဉ်းတွေကို လက်နဲ့ပဲ ဖြစ်ကတတ်ဆန်း ဆွဲလေ့ရှိတာကြောင့် စည်းကမ်းကြီးတဲ့ သချင်္ာဆရာမနဲ့ ခဏခဏ ထိပ်တိုက်တွေ့တတ်ပါတယ်။ တနေ့တော့ သုံးနာရီတြိဂံကို လက်နဲ့ ဆွဲချလိုက်တာ မျဉ်းတွေက တောင်ရောက်၊ မြောက်ရောက်ဖြစ်ပြီး ဘာကြီးမှန်းမသိ ဖြစ်သွားပါတယ်။ စာအုပ်ထပ်ချိန် နီးနေတာကြောင့် ပြန်ဖျက်ဆွဲချိန်လဲ မရတော့ပဲ မျဉ်းတွေလိုက်ဆက်လိုက်တာ အနားသေးသေးလေးတွေ ဆယ်နားလောက်များ ဖြစ်သွားသလားတောင် မသိလိုက်ပါဘူး။ နောက်ဆုံးတော့ ဆရာမနဲ့ ကြိမ်လုံးနဲ့ လက်ဖဝါး တွေ့ကြတော့တာပါပဲ။ ပြီးတော့ ဆရာမကလဲ ပြောလိုက်ပါသေးတယ်။ “သုံးနားညီ တြိဂံပုံ […]


kaiJanuary 17, 20137min5469
အောက်မှာ.. ဒီရက်ပိုင်း” ဟော့”လာတဲ့. ခရိုနီနဲ့ဒေါ်အောင်ဆန်းစုကြည်အကြောင်း.. ဆက်စပ်သတင်း/ဆောင်းပါးတွေစုပေးထားတယ်.. မေးလ်ဂရုက.. ကျောင်းသားခေါင်းဆောင်တချို့… စာတွေလည်း ကူးတင်ပေးထားတယ်.. ရွာသူားတွေ.. “သိ”အောင်ပါ..။ ခရိုနီဆိုတဲ့..စာသားစကားက.. ယူအက်စ်သံရုံးကကြေးနန်းတွေ.. Wiki Leak ကပေါက်ပြီးမှ.. အဲဒီအသုံးကိုယူသုံးကြရင်းခေတ်စားသွားတာဖြစ်ပါတယ်..။ မြန်မာလိုတော့… တောမီးလောင်တောကြောင် လက်ခမောင်းခတ်.. ဆိုပြီး.. တော်မီးလောင်လို့.. တောကောင်တွေ ပြာယာခတ်နေချိန်.. တောကြောင်က.. အကောင်ဗလောင်တွေ ဝါးတီးဆွဲမလို့.. ပျော်တယ်ဆိုတာနဲ့တင်စားပြီး.. တိုင်းပြည်မတည်မငြိမ်..အစိုးမရချိန်တွေမှာ.. အချောင်နှိုက်တတ်သူတွေကို.. တောကြောင်နဲ့နှိုင်းခဲ့ကြတယ်..။ စာသားတိတိကျကျတော့.. ခေတ်ပျက်သူဌေးပေါ့… အဲဒါတွေက.. ဒုတိယကမ္ဘာစစ်မဖြစ်ခင်..ဖြစ်ပြီး.. ဂျပန်ဝင်..အင်္ဂလိပ်ပြေး..အင်္ဂလိပ်ဝင်..ဂျပန်ထွက်.. မိအေး၂ခါနာနှစ်တွေခေတ်တွေမှာသုံးခဲ့ကြတဲ့..စာသားတွေပါ..။ ဆိုတော့.. ခရိုနီ..ခရိုပြာ..ခရိုဝါတွေနဲ့.. ဒေါ်အောင်ဆန်းစုကြည်..မြန်မာ့နိုင်ငံရေး.. ဒီချုပ်..စစ်ဗိုလ်ချုပ်ကြီးတွေအကြောင်း… ဖတ်ကြည့်ကြစို့ရဲ့.. ခရိုနီငိုချင်း၊ နှစ်ပါးသွားနှင့် မြန်မာ့နိုင်ငံရေး Written by ဒေါက်တာရန်မျိုးသိမ်း Sunday, 13 January 2013 16:15 Eleven Media […]


kaiJanuary 2, 20138min137239
၂၀၁၂ နှစ်ကုန်… အားရက်ရတုံး.. ကျုပ်သွားတဲ့ခရီးစဉ်က.. အောက်ကမြေပုံအတိုင်းပါပဲ..။ View Larger Map ဒါပေမယ့်.. ခရီးသွားနေရင်းကပဲ.. လမ်းအခြေအနေဖုံးဆက်လှမ်းမေးပြီး.. ရီနိုမြို့ဖက်အခြမ်းခရီးစဉ်ကို ဖျက်လိုက်ရပါတယ်..။ နီဗားဒါပြည်နယ်ရဲ့မြောက်ဖက်ပိုင်းမြို့လေးဖြစ်တဲ့.. အဲဒီရီနိုမြို့မှာ.. အနှုတ်အောက်အအေးချိန်ဖြစ်နေပြီး.. ကားမှာနှင်းထဲသွားနိုင်တဲ့ချိန်းကြိုးမတတ်ထားလို့ပါ..။ လမ်းမှာ ဘယ်လိုဆောက်လုပ်ရေးရှိတယ်..။ ပိတ်ထား…ဖွင့်ထားတယ်ဆိုတာတွေကိုတော့.. အောက်ကလင်ခ့်မှာ.. စစ်ဆေးလို့ရပါတယ်.။ http://www.dot.ca.gov/cgi-bin/roads.cgi ဆိုတော့.. ဒီနေ့ တင်ပေးမယ့်ခရီးစဉ်ထဲ.. လော့စ်အိန်ဂျလိစ်ကနေ ပစိဖိတ်သမုဒ္ဒရာကမ်းတလျှောက်ကနေ ဆန်ဖရမ်စစ္စကိုတက်လမ်းဖြစ်တဲ့ လမ်းတလျှောက်ကရှုခင်းတချို့ရယ်..။ ပထမရပ်နားရာဖြစ်တဲ့…Stanford university ထဲကရှုခင်းတချို့ရယ်နဲ့ စလိုက်ပါမယ်..။ ဓါတ်ပုံတွေအောက်မှာ စာတချို့ရေးပေးထားပါတယ်..။ ကျန်တာလေးတွေ.. ကော်မန့်နဲ့ပဲ..ရေးရင်းး မျက်စိထဲမြင်အောင် ပြပြော..ပြောမယ်ပေါ့..။ မေးချင်တာတွေ..မေးကြပါနော.. ဖြေချင်တာတွေဖြေပါ့မယ်..။    


kaiJanuary 2, 201310min115240
  *****************************************************************   BURMA RELATED NEWS – JANUARY 01-02, 2013   *****************************************************************   AFP – Myanmar army uses airstrikes as conflict escalates   AP – Myanmar military admits airstrikes against Kachin   AP – Myanmar President Delivers New Year’s Day Message   Reuters – U.N. worried about reports of air strikes in Myanmar   Quartz […]


kaiJanuary 1, 20131min99734
ခရီးက..အခုတင်.. ပြန်ရောက်ပြီဗျို့.. လော့စ်အိန်ဂျလိစ်မှာ..အခု.. ၁၁နာရီ ၄၅မိနစ်..။ ရွာသူားအပေါင်းနဲ့.. မြန်မာအပေါင်းကို… နှစ်ကူးရာသီရက်မှာရိုက်လာတဲ့.. ကမ္ဘာကျော်တက္ကသိုလ်ပုံ၂ခုနဲ့… ဘဝသစ်..ခေတ်သစ်..နှစ်သစ်မှာ.. ထူးကြပါစေရန်ရည်ရွယ်…နှုတ်ခွန်းဆက်ပါကြောင်း..။    


kaiDecember 5, 201210min144152
*************************************************************** BURMA RELATED NEWS – December 01-03, 2012. *************************************************************** Reuters – Myanmar govt asks Suu Kyi to investigate mine dispute Reuters – Calls grow for probe into police violence at Myanmar mine Reuters – Calls grow for probe into police violence at Myanmar mine Reuters – Blind China dissident urges Xi follow Myanmar path to […]


kaiNovember 27, 20121min71514
စက်တင်ဘာ၂၉၊၂၀၁၂တွင်   လော့အိန်ဂျလိစ်မြို့ Shan Social &Cultural Societyမှ ကျင်းပသောဂုဏ်ပြုညစာစားပွဲ္ပ္ပတွင် ရှမ်းတိုင်းရင်းသားခေါင်းဆောင်ဦးခွန်ထွန်းဦးနှင် ့တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ဦးခွန်ထွန်းဦးနှင့်တွေ့ဆုံမေးမြန်းနိုင်ရန်စီစဉ်ပေးခဲ့သော Shan Social &Cultural Society အသင်းဥက္ကဌဒေါက်တာစိုင်းထွေးမောင်ကို ကျေးဇူးတင်ရှိ်ပါတည်။ ၁။ဖယ်ဒရယ်ပြည်ထောင်စုနဲ့ပတ်သက်ပြီးအန်ကယ်ပြောချင်တာတွေက။ ဖယ်ဒရယ်ပြည်ထောင်စုဆိုတာက၁၉၄ရပင်လုံစာချုပ်ကပေါက်ဖွားလာတာ။ တိုင်းရင်းသားအားလုံးရဲ ့ရည်မှန်းချက်ပဲ။ လက်နက်ကိုင်တိုင်းရင်းသားတွေလိုချင်တာလည်း ဒီဖယ်ဒရယ်ပြည်ထောင်စုပဲ။ ဖယ်ဒရယ်ပြည်ထောင်စုဆိုတာEquality, self determination, Ethic nationality, right culture စတဲ့ တန်းတူရည်တူစစ်မှန်သောပြည်ထောင်စုဖြစ်ရမယ်။ ဒီဟာကလဲဗိုလ်ချုပ်တို့ ရှမ်း၊ကချင်၊ချင်းတိုင်းရင်းသားတွေနဲ့ပင်လုံစာချုပ်မှာသဘောတူညီမှုရခဲ့တယ်။ ကျနော်တို့SLAD (Shan Nationalities League for Democracy) , UNA (United Nation Alliance)တို့ိလိုချင်တာလဲ စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စုကိုပဲ။ UNAဆိုတာ၁၉၉ဝရလာဒ်ပေါ်မူတည်ပြီးဖွဲ့ထားတဲ့ပါတီဖြစ်တယ်။ ဗိုလ်ချုပ်ကြီးစောမောင်ကတိပေးတဲ့အတိုင်းဖြစ်မလာဘူး။အမျိုးသားညီလာခံတက်ခွင့်မရဘူး။စစ်မှန်တဲ့ဖယ်ဒရယ်ပေါ်လာဖို့UNA ကလဲရည်ရွယ်တာဘဲ။အစိုးရက ကတိပေးထားလျက်နဲ့မတည်ခဲ့ဘူး။ဘာတွေပဲဖြစ်နေဖြစ်နေ တိုင်းရင်းသားတွေကဖယ်ဒရယ်ပြည်ထောင်စုကိုတောင်းတယ်ဆိုတာ အဆီအငေါ်မတည့်ဘဲတောင်းခဲ့တာမှမဟုတ်တာ။ လွတ်လပ်ရေးမတိုင်ခင်ထဲက ဗမာ-တိုင်းရင်းသားသဘောတူခဲ့ကြတာဘဲ။၁၉၆ဝကရေးခဲ့တဲ့ရှမ်းမူ (ဖယ်ဒရယ်မူ)ဆိုတာရှိတယ်။ ဦးနေဝင်းကဒါကိုခွဲထွက်တဲ့မူဆိုအကြောင်းပြပြီး […]


kaiNovember 26, 20121min4838
ဗမာ့စစ်တပ်ရဲ ့ စစ်ထောက်လှမ်းရေးအကြီးအကဲဘဝက အလွဲသုံးစားမှုနဲ့ အလုပ်ပြုတ်ထောင်ကျခဲ့တဲ့ ဗိုလ်ခင်ညွန့်ဟာ ထောင်ကထွက်လာပြိီးတော့ သင်္ကန်းဝတ်ခဲ့ပါတယ်။ဗမာတွေထောင်ကျပြီး ထောင်ကထွက်လာရင်သင်္ကန်းဝတ်ကြတာဟာ ထုံးစံတစ်ခုလိုပါပဲ။အကုသိုလ်တွေစင်သွားအောင်ဆိုတဲ့သဘောထင်ပါရဲ ့။ဦးဝင်းတင်တို့လိုလူမျိုးတွေကတော့ ခြွင်းချက်ပေါ့။သူတို့ကအကုသိုလ်လုပ်ခဲ့ဖူးသူတွေမဟုတ်ဘူးလို့ ကိုယ့်ဘာသာယုံကြည်စိတ်ချလို့ဖြစ်မှာပေါ့။ ဗိုလ်ခင်ညွန့်တို့ကတော့ ပြည်သူလူအများသံဃာတော်များပါမကျန် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တာဆိုတော့ အကုသိုလ်မရှိဘူးလို့ ကိုယ့်ဘာသာယုံကြည်လို့လဲမရ၊သူတပါးမသိအောင်ဖုံးကွယ်ပြောဆိုလို့လဲမရဘူးလေ။ဘာဘဲဖြစ်ဖြစ် သင်္ကန်းဝတ်တယ်ဆိုတာ သူတပါးကိုနှိပ်စက်တာမှ မဟုတ်ဘဲကလား။သာဓုတောင် ခုကြရမှာပေါ့။ဒါပေမယ့် သူဝတ်တဲ့သင်္ကန်းဟာ မုဆိုးကြီးသောနုတ္ထုရ်ပေးလိုက်တဲ့သင်္ကန်းမဖြစ်ပါစေနဲ့လို့ ဆုတောင်းရပေမယ်။ ခုလို ခဏတဖြုတ်သင်္ကန်းဝတ်တာကို ဒုလ္လဘရဟန်းလို့ခေါ်လေ့ရှိတယ်မဟုတ်လား။ဒါကြောင့် ဆရာကြီးရွှေဥဒေါင်းဆွေးနွေးရေးသားဖူးတာလေးတပိုင်းတစကို သတိရလိုက်မိပါတယ်။ဆရာကြီးက “လုံနှမတန်းလန်းနဲ့၊ဥုံဖွမန်းပြီး၊ဒုလ္လဘရဟန်းဝတ်တယ်”ဆိုတာမျိုးကို သိပ်ပြီးသဘောမကျဘူးခင်ဗျ။ကမ္မဌာန်းထိုင်ရင်ဖြစ်ဖြစ်၊ပုတီးစိတ်ရင်ဖြစ်ဖြစ် လုံနှမတန်းလန်းနဲ့ဆိုတော့ နောက်ဆံငင်စရာတွေဖြစ်မှာပေါ့နော်။ခုလဲ ဗိုလ်ခင်ညွန့်ခမျာ ခဏဘဲ သင်္ကန်းဝတ်ရှာတာပါ။ခုပဲလူထွက်ပြီး တော့ “အမျိုးသားနိုင်ငံရေး”ဆိုတာကြီး လုပ်ဦးမလို့ ဆိုပါကလား။ထန်းရည်သမားလို အမူးပြေတော့ ထန်းပင်မော့ကြည့်ဆိုတာမျိုး ဖြစ်နေမလားဘဲနော်။ ခုလို “အမျိုးသားနိုင်ငံရေး”ဆိုတဲ့စကားမျိုးကြားရပြန်တော့ အများပြည်သူတွေက မျက်ခုံးလှုပ်ကြ မယ်ထင်မိတယ်ဗျ။ဒီစကားလုံးက သူတို့တီထွင်ဆန်းသစ်ဖန်တီးခဲ့တဲ့ စကားလုံးမဟုတ်လား။သူတို့အာဏာသိမ်းရတာကိုက “ပါတီနိုင်ငံရေးသမား”တွေ ပြသနာရှုပ်ကြလို့ ဆိုသလိုလိုဘာလိုလို။ဒါ့ကြောင့် ပါတီနိုင်ငံရေးနဲ့ဆန့်ကျင်တဲ့အနေနဲ့ […]


kaiNovember 26, 20121min66520
အိပ်မက်တို့ လာချေပြီ နိုဝင်ဘာ ၁၉ရက်နေ့တွင် ယူအက်စ်သမ္မတ အိုဘားမားသည် နှစ်၁၀၀ဝကျော်ယဉ်ကျေးမှုထဲအိပ်ပျော်နားခိုနေကြသည့်မြန်မာအမျိုးသားတို့၏ မြို့ဟောင်းရန်ကုန်သို့သွားရောက်ခဲ့သည်။ အဆိုပါ၆နာရီခရီးစဉ်အတွင်း တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် (၅၄)အိမ်ဝတွင် မြန်မာသစ်၏ဒီမိုကရေစီမိခင်ကိုလည်းထွေးပွေ့နှုတ်ဆက်ခဲ့လေသည်။ ထို့နောက် မြန်မာ့ဘူမိနက်သန်ပညာမြေ ရန်ကုန် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် သမိုင်းဝင်မိန့်ခွန်းခြွေခဲ့ပါသည်။ လင်းယုန်ဘာကြောင့်ဝဲရတယ် အဝေးမှလေပြော ထွေရောနေခြင်းနှင့်မဟုတ်၊ လူကိုယ်တိုင်ချင်းနင်းဝင်ရောက်လာသော အမေရိကန်တို့ မြန်မာပြည် ဘာလာလုပ်ကြသနည်း? ပကတိအခြေအနေကြည့်လျှင် အိုဘားမားသည် ဒုတိယလေးနှစ်သမ္မတသက်တမ်းကိုသိမ်းပိုက်ပြီးဖြစ်သဖြင့် သူ၏ နောက်ဆုံးသမ္မတသက်ဖြစ်ကာ နောင်၂၀၁၆နှစ်အခါဒီမိုကရက်တစ်ပါတီမှ သမ္မလောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့်အလားအလာရှိသည့် နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်နှင့်အတူ လေယဉ်တစင်းထဲလာရောက်/ထွက်ပြန်ခဲ့သဖြင့် အမေရိကား၏ မြန်မာပြည်အပေါ် စိတ်ဝင်စားနေမှုမှာ မဟာဗျူဟာအဆင့်ရှိနေသည်ဟုထင်မိသည်။ ပြီးခဲ့သောနှစ်များကလည်း မြန်မာနိုင်ငံအပေါ် ထိတွေ့ဆက်ဆံမှုများဆုံးဖြတ်ချက်ချကြရာတွင် အမေရိကား၏နိုင်ငံရေးပါတီကြီး၂ခုမှနိုင်ငံရေးသမားများအတွင်း သဘောတူညီမှုများရှိနေခဲ့သဖြင့် ယခုခေတ်အမေရိကနိုင်ငံရေးတွင်အလွန်ထူးခြားသည့်ဖြစ်စဉ်ဖြစ်ခဲ့ရသည်။ အီရန်သို့ စီးပွားရေးပိတ်ဆို့မှုများပြင်းထန်စွာတိုးမြှင့်ပြုလုပ်နေချိန် မြန်မာနိုင်ငံသို့တားမြစ်ထားမှုများကိုလျှော့ချရုံမက ကူညီပံ့ပိုးမှုများပေးလာခြင်း၊ ဘန်ဂါဇီ(Benghazi)တွင်အမေရိကန်များလုပ်ကြံခံရမှုကို ဝါးတားဂိတ်ပုံစံထောက်ပြစိစစ်လာသော စီနိတ်တာဂျွန်မက်ခ်ကိန်း၏ မြန်မာပြည်ဖက်မျှော်မြင်မှုများကို အုပ်ကိုင်လာခြင်းတို့သည် ဒီမိုကရက်ပါတီကြီး၏ […]


kaiNovember 19, 201232min130241
The White House Office of the Press Secretary For Immediate Release November 19, 2012 Remarks by President Obama at the University of Yangon Rangoon, Burma 2:39 P.M. MMT PRESIDENT OBAMA:  Thank you.  (Applause.)  Myanmar Naingan, Mingalaba!  (Laughter and applause.)  I am very honored to be here at this university and to be the first President […]