kaiMarch 21, 20105min1194
ဒီနေ့ဟာ အမေရိကရဲ့ နိုင်ငံရေးသမားတွေ အလုပ်အများဆုံးနေ့တနေ့ပါ။ တနင်္ဂနွေနေ့ကြီး အသည်းအသန်အလုပ်လုပ်နေကြပါတယ်။ ဆိုင်ရာကိုယ်စားပြုရတဲ့ မဲဆန္ဒရှင်များကိုယ်စားဆိုရမှာပေါ့။ ဒိမိုကရက်တွေရဲ့ ကျမ်းမာရေးစံနစ်ပြုပြင်မှုကြီးကို ရီပါ့ဗလစ်ကင်တွေ ကန့်ကွက်ခဲ့တာ အဖြေပေါ်မဲ့နေ့လည်းဖြစ်လို့ပါ။ ဒီမိုကရက်တွေထဲမှာတင် (ကိုယ်ဝန်ဖျက်ချတာနဲ့ပါတ်သက်လို့)ကန့်ကွက်မဲ့သူတွေရှိနေပြီး ဥပဒေ အတည်ပြုခံရဖို ့မဲအပြည့်၂၁၆ ခုရဖို ့တောင်အခက်အခဲဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ဒါဟာ ရီပါ့ဗလစ်ကင်န်တွေ စီးနိတ်၊ကွန်ကရက်ကို သပိတ်မှောက်ပိတ်ပစ်လိုက်မဲ့ အန္တရယ်ကို ကာကွယ်တဲ့ နိုင်ငံရေးကစားကွက်ဖြစ်နိုင်ပါတယ်။ ဒီမိုကရက်တွေ ၂ပိုင်းခွဲကစားကြတာလို့ လည်း မြင်ကြည့်နိုင်ပါတယ်။ တီဗီကြည့်ရင် အဲဒီသတင်းတွေအပြည့်နေရာယူနေတာတွေ့ရမှာဖြစ်ပြီး အကောင်းဆုံးနိုင်ငံရေးကစားကွက်တွေ လက်တွေ့တွေ့ရမှာဖြစ်ပါတယ်။ ကွန်ဂရက်ထဲ အပြန်အလှန်ငြင်းခုန်နေတာတွေလည်း တွေ့ရမှာဖြစ်ပြီး ဒေါသတကြီး တုံ့ပြန်နေကြတာလည်းတွေ့ရမှာပါ။ ဒါပေမဲ့ ဒါဟာ ဆိုင်ရာမဲဆန္ဒရှင်တွေကိုယ်စားအလုပ်လုပ်နေကြသာတာဖြစ်ပြီး ပုဂိ္ဂုလ်ရေးတိုက်ခိုက်မှုမပါပဲ အဆင့်အတန်းမြင့်ကြတာ သတိထားမိပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီညအဖြေပေါ်မှာ ဖြစ်ပါကြောင်းနဲ့ တကယ်လို့ ဒီဥပဒေ ကွန်ဂရက်က ခွင့်ပြုခဲ့ရင် အမေရိကန် ၃၂သန်းနှင့်အထက် […]


kaiMarch 21, 20101min2699
အောက်က ဆောင်းပါးကို မိုးမခ ကနေ ကူးယူပါတယ်။ မြန်မာပြည်အတွက် အလွန်အရေးကြီးနေတဲ့ ဒီအချိန်မျိုးမှာ မန္တလေးဂေဇက်ကလည်း ၂၀၁ဝ ရွေးကောက်ပွဲအတွက် သီးခြားကဏ္ဍဖွင့်ထားပါတယ်။ ဥိးဝင်းတင်ရဲ့ ”ဘာလဲဟဲ့ လု့ငရဲ“ စာအုပ် စာမျက်နှာ ၃၁၄ မှာမတ်လ ၄ရက်နေ့ကပဲ လူထုဦးစိန်ဝင်းနဲ့တွေ့တယ်ပါတာမို ့ ဆောင်းပါးပါ လုထုဦးစိန်ဝင်းရဲ့ စကားတွေဟာ ဥိးဝင်းတင်ရဲ့ အာဘော်တချို ့ကိုလည်းထင်ဟတ်နေမယ် ထင်မိပါတယ်။ “မတ် ၄ ရက်က လူထုစိန်ဝင်းအိမ် ရောက်တယ်။ သူက တပည့်၊သားမြေးပေါသူ ဖြစ်ပါတယ်။ ဘယ်တော့မှ ဧည့်ပြတ်ဧည့်ငတ်သူ မဟုတ်ပါ။ ဒါပေမဲ့ သူ့မှာ ငယ်ပေါင်းကြီးဖော်လို စကားပြောနိုင်မယ့်သူ နည်းနေပါပြီ။ ကျွန်တော်တို့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ လောက် ခင်မင်ရင်းနှီးခဲ့သူတွေဖြစ်ပါတယ်။ သူ့မှာ ကျွန်တော်တို့လို လူတွေနည်းနည်းပဲ ကျန်ပါတော့တယ်။ […]


kaiMarch 18, 20104min28513
အင်ဒီယားနား၊ ဖို ့ဝိန်းမှာဖြစ်တဲ့ ဒီသတင်း သိတာ စဖြစ်တည်းကဆိုပါတော့၊ ဗမာတွေ ကွမ်းတံတွေးထွေးကြသမို ့ပေးမဝင်ဘူးလို့ လွယ်လွယ်ထင်နေမိတာပါ။ ပြီးတော့ လောင်ဒရီ (အဝတ်လျှော်စက်)ပိုင်ရှင်က လူထုရှေ့ ပြန်တောင်းပန်တာမို ့ပြီးလောက်ပြီလည်းထင်ခဲ့ပါတယ်။ နောက်ဆန္ဒတွေဘာတွေပြ။ ပြသနာနည်းနည်းကြီးလာတော့ နည်းနည်းကြာလာတော့ “ဟ…ဒါက အမေရိကပဲ..”ဆိုပြီး ဖြစ်လာတာပေါ့။ အဲဒါနဲ့ သတင်းတွေလိုက်ဖတ်ကြည့်ရင်း နောက်ဆုံးသိတာလေး တင်ပေးလိုက်တာပါ။ဟိုတနေ့ကပဲ ဆရာလူထုဦးစိန်ဝင်းဆောင်းပါးဖတ်ပြီး အမေရိကရဲ့ လူမျိုးခွဲထား၊ ကွဲထားတွေအကြောင်း ရေးထားမိတော့ ဆက်စပ်မိသွားတာလည်းပါပါတယ်။ မြန်မာလို့အခေါ်မခံကြရရှာတဲ့ ဗမာတွေ ဗမာတွေစွမ်းချက်က စင်္ကာပူလို သန့်လှပါတယ်။ ဒဏ်ကြေးချပါတယ်ဆိုတဲ့ တိုင်းပြည်လည်း ကွမ်းစားပြီး ထွေးတာပါပဲ။ အမေရိကလောက်တော့ အပျော့ပေါ့ဆိုကြလေမလားရယ်ပေါ့။ တကယ်တော့ .. တံတွေးဆိုတာ အခုလို ဗိုင်းရပ်တွေ။ ကြက်၊ငှက်၊ဝက်တုပ်ကွေးတွေ သောင်းကျန်းတဲ့ ခောတ်ကြီးမှာ အန္တရာယ်ဖြစ်စေပါတယ်။ အခန် ့မသင့်ရင် အဲဒီက […]


kaiMarch 17, 20101min790
သတင်းစာတွေက အခြေအနေမကောင်းတာလည်း သိသာပါတယ်။ အောက်က ဇယားကြည့်ပါ။ အဲဒီလိုဆိုတာမို ့မန္တလေးဂေဇက်က ရပ်တော့မလားနဲ့မဆိုင်ပါဘူး။ မန္တလေးဂေဇက်က နဂိုကတည်းက ကြော်ငြာနဲ့မှီပြိး စခဲ့တာမဟုတ်ပဲ အိပ်စိုက်စခဲ့တာမို ့… အေးဆေးပါပဲ..။ ဇယားအရ … ပုံနှိပ်မီဒီယာဖက်မှာ ..၂ခုက အတက်ပြနေပါတယ်။ ကြော်ငြာထည့်မဲ့ လုပ်ငန်းရှင်တွေ သတိထားမိနိုင်ဖို ့အတွက်ပါ။


kaiMarch 16, 20105min2082
The magnitude-4.4 quake, centered about 10 miles east of downtown Los Angeles, struck shortly after 4 a.m., according to the U.S. Geological Survey. http://www.google.com/hostednews/ap/article/ALeqM5hUc9kwa4O1dFQFzqoOwGzUaKq-IAD9EFP9G80 လှုပ်တော့နေပါပြီ။ ဒီနေ့မနက်ကပါပဲ။ တကမာ္ဘလုံးလှည့်လှုပ်နေတာ အခုတော့ လော့စ်အိန်ဂျလိစ်အလှည့် ရောက်ပါတယ်။ ၄.၄ လောက်တော့ အယ်လ်အေက အေးဆေးပါပဲ။ အစမ်းလား။ အတည်လားတော့မသိရသေးပါ။ အစမ်းဆိုရင်တော့ အတည်အတွက် ပြင်ရဆင်ရမှာလေးတွေ သတင်းစာမှာထည့်ရေးထားပေးချင်ပါတယ်။ သတင်းအချက်အလက်တွေ စုဆောင်းနေပါတယ်။ ဟုတ်ကဲ့..။ မြန်မာပြည်ဟာ ငလျှင်ကြောပေါ်မှာရှိပြီး အဓိကမြို့ကြိးတွေဟာ ငလျှင်အတွက် ပြင်ဆင်မထားပါ။ တိုက်တွေ အိုချက်ကလည်း သူ့အလိုလိုတောင် ပြိုနေကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရန်ကန်ုလမ်း၃ဝ မှာတိုက်ပြီုကျတယ်မဟုတ်လား။ တိုက်တွေကို […]


kaiMarch 15, 20101min710
အကြိမ် ၄ဝ မြောက် International Writing Program ကိုတက်ရောက်ခွင့်ရသဖြင့် အမေရိကန်နိုင်ငံ အိုင်အိုဝါ စီးတီးသို့ ဩဂုတ်လထဲက ရောက်နေကြသော ကျွန်မတို့ စာရေးဆရာတစ်သိုက်၏ ခရီးစဉ်က မကြာခင်ပြီးဆုံးတော့မည်။ နိုဝင်ဘာ ၁ဝ ရက်နောက်ပိုင်းကာလကို Travel Period ဟု သတ်မှတ်ပြီး ကျွန်မတို့တတွေကို အမေရိကား၏ ထင်ရှားသောမြို့ကြီးတချို့ကို ပို့ဆောင်လည်ပတ်စေသည်။ ကျွန်မတို့၏ နောက်ဆုံးခရီးစဉ်က နယူးယောက်ဖြစ်သည်။ ကမ္ဘာ အရပ်ရပ်မှ စာရေးဆရာအားလုံး နယူးယောက်တွင်လမ်းခွဲ၍ ပြန်လည်ထွက်ခွာရမည်ဖြစ်သည်။ နှစ်ပေါင်းများစွာကွဲကွာနေပြီး ပြန်မဆုံဖြစ်သေးသော ကျွန်မသူငယ်ချင်းတွေက နယူးယောက်မှာရော ဝါရှင်တန်ဒီစီမှာပါ ရှိကြသည်။ သူတို့က ရောက်တုန်း ရောက်ခိုက် သူတို့နှင့်တွေ့ဆုံလည်ပတ်ဖို့ စီစဉ်လေတော့ ကျွန်မမှာ DC တွင် တစ်ပါတ်၊ နယူးယောက်တွှင် ၁၃ ရက် သောင်တင်သွားသည်။ မြန်မာပြည်တွင်းမှ […]


kaiMarch 13, 20101min1382
အောက်ကဖိုင်ကို ဒေါင်းလုပ်လုပ်ပြီး ဖတ်ကြည့်ကြစေချင်ပါတယ်။ ရတနာပုံနေပြည်တော်သတင်းစာမှာ ဆောင်းပါးရေးသားနေသူ “မောင်မိုးညို” ကအရေးကြီးတဲ့ အချက်တွေကို  နှိုင်းယှဉ်ချက်ဆိုပြီး ပြုစုပေးထားတာပါ။ ဘာကွန်မန် ့မှ မပါပါဘူး။ မြန်မာလူထုကြီးနဲ့ အစိုးရဖြစ်ချင်တဲ့သူ၊ ဖြစ်နေတဲ့သူတွေဟာ ကိုယ့်ကိုယ်အုပ်ချုပ်ကြီးကြပ်မဲ့ အခြေခံဥပဒေ အကြောင်းသေသေချာချာ သိသင့်ပါတယ်။ အဲဒါကြောင့်ဖတ်ကြည့်ကြပါ။ ဖတ်ပြီးရင် မှတ်ချက်လေးတွေရေးပေးကြပါ၊ မြန်မာပြည်တွင်းထဲကို ဖြန့်ဝေပေးကြပါလို ့…. Constitution Comparison


kaiMarch 13, 20101min841
၂၀၀၉တုန်းကတကြိမ်၊အခု၂၀၁ဝထဲမှာတကြိမ်၊ရန်ကုန်ကနေ“သံလွင်”သင်္ဘောကြီးတစီးတိုက်လူတွေ ကိုကိုးကျွန်းကို အပမ်းဖြေခရီးသွားကြတဲ့အကြောင်းကြားရဖတ်ရတော့။ သမိုင်းအစ။ ။ ကိုကိုးကျွန်းဟာ မြန်မာပြည်သူတွေရဲ့စစ်အာဏာရှင်ဆန့်ကျင်ရေး၊ဒီမိုကရေစီရရှိရေးတိုက်ပွဲတွေရဲ့ ရာဇဝင်ပြောင်မြောက်ခဲ့တဲ့ စာမျက်နှာတခုပါ။ ပထမအကြိမ်စစ်အာဏာသိမ်းခဲ့တဲ့၁၉၅၈ ဗိုလ်ချုပ်ကြီးနေဝင်းအိမ်စောင့်အစိုးရလက်ထက် ရန်ကုန်-မန္တလေးနဲ့ တချို့အကျဉ်းထောင်တွေထဲက နိုင်ငံရေးသမားတွေ၊ကျောင်းသားခေါင်းဆောင်တွေ၊စာရေးဆရာသတင်းစာဆရာတွေကို တိုင်းပြည်နဲ့အလွန်အလှမ်းကွာဝေးလွန်းလှတဲ့ ကိုကိုးကျွန်းဆိုတဲ့နေရာကိုပို့ခဲ့တယ်။ ကိုကိုကျွန်းအကျဉ်းစခန်းပါ။ ဆရာမြသန်းတင့်တို့၊သခင်မြသန်းတို့ပါတာပေါ့။ ၁၉၆၁အထွေထွေရွေးကောက်ပွဲကြီးပြီးလို့ ဘကြီးနုတို့ပြည်တော်သာပါတီအနိုင်ရတဲ့အခါ ကိုကိုးကျွန်းကနိုင်ငံရေးအကျဉ်းသားတွေ ရန်ကုန်ပြန်ရောက်လာကြပါတယ်။ သဘာဝအလှတရားတွေနဲ့ ခံ့ထည်နေတဲ့ ကိုကိုးကျွန်းကို စစ်အာဏာရှင်တွေကအကျဉ်းစခန်းအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ပစ်မှုကြီးကတော့ အဖတ်တင်ကျန်ရစ်ခဲ့ပြီ။ ဒုတိယအကြိမ်။ ။ ၁၉၆၂မှာ စစ်အာဏာရူး စစ်ဘီလူးတွေဟာ “တော်လှန်ရေးကောင်စီ“ဆိုတဲ့မင်းသားခေါင်းဆောင်းပြီး နိုင်ငံတော်ရဲ့အာဏာကို ဒုတိယအကြိမ်သိမ်းလိုက်ပြန်တယ်။ တော်လှန်ရေးကောင်စီကနေမွေးဖွားလာတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) အစိုးရလက်ထက် ၁၉၆၈-၆၉မှာ ဒုတိယအကြိမ်မြောက်ကိုကိုးကျွန်းအကျဉ်းထောင်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြန်ပါရော။ မင်းသားခေါင်းကျွတ်ပြီး ဘီလူးဆိုင်းနဲ့ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ခပ်ရိုင်းရိုင်းကပြခဲ့တဲ့ မဆလအစိုးရရဲ့ဖိစီးနှိပ်စက်မှုကြောင့် ကိုကိုးကျွန်းရောက်နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အများသေကျေဒဏ်ရာရခဲ့ကြတယ်။ ဆရာလူထုစိန်ဝင်းဆိုရင် ဒုကိ္ခတဖြစ်ပြီး ရန်ကုန်အင်းစိန်ထောင်ကို ပြန်ပို့ခံခဲ့ရတယ်။ ဒုတိယမြောက်ကိုကိုးကျွန်းမှာ မြသန်းတင့်၊ဗန်းမောင်တင်အောင်၊ […]


kaiMarch 12, 20101min45414
မြန်မာတွေ ကမ္ဘာကို ထွက်လာကြတာသိပ်များတယ်။ များဆို မြန်မာ့ရာဇဝင်၊သမိုင်းမှာ အများဆုံးထွက်ကြတဲ့ ဆယ်စုနှစ်တွေပဲ။ တချို ့က စိတ်နာနာနဲ့ ထွက်ခဲ့ကြတာပါ။ တချို ့ကတော့ မလွဲမရှောင်သာလို့ပေါ့။ “မဟာမြန်မာရွေ့ပြောင်းမှုကြီး”လို ့ရေးခဲ့ဖူးတယ်။ ဘာပဲဖြစ်ဖြစ် အမေရိကရောက်ရင် အချိန်တွေကြာလာကြတော့ အမေရိကန်တွေဖြစ်ကြပါတယ်။ သူတို့စံနစ်က (တရားမဝင်ခိုးဝင်လာလဲ)ဒီမြေကြီးရောက်ပြီး အနှစ်၂ဝတော့ မစောင့်ရပါဘူး။ ဆွမ်းကြီးလောင်းတဲ့ ပွဲနဲ့ကြုံတာပါပဲ။ အဲဒီလိုနဲ့ သမ္မတတွေအဆက်ဆက် ရောက်နေတဲ့ လူတွေကို ဗီဇာရှိတာ၊မရှိတာအပထားပြီး အကုန်နိုင်ငံသားပေးပစ်ပါတယ်။ အခုနှစ်မလည်း သမ္မတအိုဘားမားက လုပ်ပါဥိးမယ်…(မျှော်လင့်ရပါတယ်။ )။ အကြီးအကျယ်ကို ဒီဘိတ်လုပ်နေကြပြီလေ။ အခုလုပ်နေတဲ့ ကျမ်းမာရေးပြုပြင်မှုတွေပြီးရင် ကိုင်တော့မယ် ထင်ပါတယ်။ ဒါက ရွေးကောက်ပွဲကတိလည်းဖြစ်နေလို ့ပါ။ တရားမဝင်နေနေသူတွေကလည်းမနည်းပါဘူး။ ၁ဝသန်းကျော်တော့အသာကလေးပါပဲ။ ၁ဝသန်းနော..။၁ဝသန်း…ဒီရက်ပိုင်း လက်သိပ်ထိုးကြားရတာလေး ပြောရရင် တယောက် ၅၀၀ဝ တောင်းမယ်ဆိုသတဲ့။ အဲဒါဆွေးနွေးနေကြတယ်တဲ့။ အဲဒိလိုနဲ့ […]


kaiMarch 11, 20102min1020
ဒေါက်တာတင်ငွေကို ၁၉၄၂၊ဇန်နဝါရီ၉ရက်တွင် အဘဦးထွန်းလှ၊အမိဒေါ်သန်းတို့မှ ဖျာပုံ၊မရပ်ရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း၅ဦးတွင် အငယ်ဆုံးဖြစ်သည်။ ပျဉ်းမနားအမှတ်၁ကျောင်းတွင်ရတန်းထိပညာသင်ကြားခဲ့ပြီး  ရန်ကုန်ရှိ Hla Practice Schoolသို့ ပြောင်းရွှေ့ပညာသင်ကြားကာ ၁၉၅၈တွင် မက်ထရစ်စာမေးပွဲအောင်သည်။ ၁၉၅၈-၁၉၅၉တွင် ရန်ကင်းကောလိပ်တွင် Inter Aကိုသင်ယူပြီး ၁၉၅၉-၁၉၆ဝတွင် ရန်ကုန်ပင်မတက္ကသိုလ်တွင်InterBအောင်သည်။ ၁၉၆ဝတွင် ဆေးတက္ကသိုလ်တွင်ပညာသင်ကြားပြီး ၁၉၆၅မတ်လတွင်MBBSဘွဲ့ရသည်။ ၁၉၆၆မှ၁၉၆၈ထိ မြန်မာနိုင်ငံ မျက်ခမ်းစပ်တိုက်ဖျက်ရေးစီမံကိန်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇ဝတွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချသည်။ ၁၉၇၁မှ၁၉၇၃ထိFamily practice medicineနှင့်၁၉၈ဝတွင် Geartric Medicine Board Certifiedaအောင်မြင်သည်။ ၂၀၀၈ဇွန်လမှစပြီး BAMA(Burmese American Medical Association)အသင်းဥက္ကဌတာဝန်ဆောင်ရွက်သည်။ ၁)ဆရာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့လာပုံကစပြီးပြောပြပါ။ ကျနော့်အမျိုးသမီးမိဘတွေက ဦးနုခေတ်မှာထဲက ယူအက်စ်ကိုရောက်နှင့်နေတယ်။ ကျနော်က ဘွဲ့ရပြီး မျက်ခမ်းစပ်တိုက်ဖျက်ရေးမှာ အလုပ်လုပ်တယ်။ECFMGဖြေပြီး အောင်ရင် ယူအက်စ်သွားဖို့ […]


kaiMarch 9, 20101min2173
ကမ္ဘာ့လူဦးရေသန်း၁၇ဝနှင့် အမေရိ ကန်လူမျိုး ၃.၂သန်းတို့ ခံစား နေရသော၊ အသည်းကင်ဆာဖြစ်လာနိုင်သည့် Hepaptitis C အသည်းရောင်’စီ’ရောဂါကို အမေရိကနိုင်ငံတွင် အခမဲ့ဆေးကုသမှုခံယူနိုင် ပြီဖြစ်ကြောင်း အမေရိကနိုင်ငံလော့စ်အိန်းဂျ လိစ်မြို့နေ မြန်မာဇာတိနွယ် လူနာတဦးကရတနာပုံနေပြည်တော် သတင်းစာသို့အကြောင်း ကြားလာသဖြင့် ပြည်တွင်းပြည်ပမြန်မာဇာတိ နွယ်တို့အတွက် အလွန်အကျိုးရှိနိုင်မည့်သတင်း ထူးဖြစ်သောကြောင့် အခမဲ့ဆေးကုသပေးနေ သည့် Cedars-Sinaiဆေးရုံအသည်းရောဂါ ကုဌာနသို့ ရက်ချိန်းယူကာ သွားရောက် သတင်းရယူခဲ့ပါသည်။ Cedars-Sinaiဆေးရုံအသည်းရောဂါ ကုဌာန၌ ၆လကျော်ဆေးကုသမှုခံယူပြီးနောက်အသည်းရောင်စီပိုးပျောက်ကင်း၍နလံထကာစထိုမြန်မာလူနာသည်အားနည်းနေသည့် ကြားမှလော့စ်အိန်းဂျလိစ်မြို့Cedars-Sinai ဆေးရုံအသည်းရောဂါကုဌာနသို ကိုယ်တိုင် ကိုယ်ကျလိုက်လံပို့ဆောင် မိတ်ဆက်ပေးသဖြင့် အသည်းရောဂါ ဌာနမှူး ဒေါက်တာFred Poordad M.Dအားတွေ့ဆုံခွင့်ရခဲ့သည်။ ကယ်လီဖိုးနီးယား (လော့စ်အိန်းဂျလိစ်)တက္ကသိုလ်(UCLA)မှဆေးပညာပါမောက္ခ တဦးဖြစ်သူ ဒေါက်တာ Fred Poordad M.Dသည် များပြားလှသောလူနာများကိုဆေးကုသပေးနေသည့်ကြားမှရက်ချိန်းပေးထားသည့်ဇန်နဝါရီလရက်တရက်တွင် ထမင်းစားချိန်ဖြစ်သော နေ့လည်၁၂နာရီ၌ ရတနာပုံနေပြည်တော်သ တင်းစာကိုအချိန်ပေးကာအသဲရောင်’စီ’ရောဂါ […]