Los Angeles ငလျင် – ဗမာငလျင်

kaiMarch 16, 20105min2352

The magnitude-4.4 quake, centered about 10 miles east of downtown Los Angeles, struck shortly after 4 a.m., according to the U.S. Geological Survey.

http://www.google.com/hostednews/ap/article/ALeqM5hUc9kwa4O1dFQFzqoOwGzUaKq-IAD9EFP9G80

လှုပ်တော့နေပါပြီ။ ဒီနေ့မနက်ကပါပဲ။
ကမာ္ဘလုံးလှည့်လှုပ်နေတာ အခုတော့ လော့စ်အိန်ဂျလိစ်အလှည့် ရောက်ပါတယ်။ ၄.၄ လောက်တော့ အယ်လ်အေက အေးဆေးပါပဲ။
အစမ်းလား။ အတည်လားတော့မသိရသေးပါ။ အစမ်းဆိုရင်တော့ အတည်အတွက် ပြင်ရဆင်ရမှာလေးတွေ သတင်းစာမှာထည့်ရေးထားပေးချင်ပါတယ်။
သတင်းအချက်အလက်တွေ စုဆောင်းနေပါတယ်။
ဟုတ်ကဲ့..။

မြန်မာပြည်ဟာ ငလျှင်ကြောပေါ်မှာရှိပြီး အဓိကမြို့ကြိးတွေဟာ ငလျှင်အတွက် ပြင်ဆင်မထားပါ။
တိုက်တွေ အိုချက်ကလည်း သူ့အလိုလိုတောင် ပြိုနေကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရန်ကန်ုလမ်း၃ဝ မှာတိုက်ပြီုကျတယ်မဟုတ်လား။
တိုက်တွေကို ကွန်ခရစ်တွေ။ အုတ်တွေနဲ့ ဆောက်ကြတာမို ့ ပြိုရင်လည်း ဘေးလူတွေ အထဲကလူတွေ မချောင်ပါ။
အဲဒါကြောင့်..စုဆောင်းမဲ့အချက်အလက်တွေဟာ… မြန်မာပြည်အတွက်လည်းရည်ရွယ်ပါတယ်။

ပုံတွေက မြန်မာပြည်ဘေးနဲ့ အောက်က ပြတ်ရွှေ ့ကြောကြိးတွေပါ။
မြန်မာပြည်ဖြတ် ငလျှင်ကြောများရှေးကတော့ ငလျင်တွေက ဘာညာကွိကွ တွေကြောင့်လှုပ်တယ် ပြောကြပါတယ်။ ဒီခောတ်မှာတော့ သိကြပါပြီ။

သိကြတာမှာ ဘယ်နေရာတွေမှာ ဘယ်လိုကြောင့်လှုပ်တယ်ပဲသိသေးတာပါ။ ဘယ်အချိန်လှုပ်မလဲတော့ တိတိကျကျမသိကြသေးပါဘူး။

လှုပ်တဲ့အခါမယ် အပေါ်အောက်။ ဘေးတိုက် စသဖြင့်ရှိကြတာမို ့လွယ်လွယ်ပြောရရင် ပင်လယ်ရေအောက်မှာ အပေါ်အောက်လှုပ်ရင် စုနမိလှိုင်းလုံးကြီးတွေ ဖြစ်နိုင်ပါတယ်တဲ့။ အဲဒီတော့ ငလျင်နဲ့အတူ လှိုင်းပိပြိး လူတွေပိုသေနိုင်ပါတယ်။ ပြီးခဲ့တဲ့ အင်ဒိုနိးရှားငလျင်(စက်တင်ဘာ ၂၀၀၇)က အဲဒါပါ။ ငလျင်ကြောင့် သေထက်လူထက် စုနမိကြောင့်သေတဲ့သူက ပိုများပါတယ်။

ဒါပေမဲ့ ငလျင် သန့်သန့်လေးကြောင့်လည်း လူတွေသိန်းချီသေနိုင်ပါတယ်။ ပြင်ဆင်ထားတာမရှိရင် လူတွေပိုသေပါတယ်။ ပြီးခဲ့တဲ့ ဟေတီနဲ့ ချီလီငလျင်၂ခုနှိုင်းယှဉ်ကြည့်ပါ။ ချီလီငလျင်က ဟေတီထက် အဆ ၈၀ဝ ကျော်ပိုပြင်းထန်ပါတယ်။ လူက ရာဂဏ္ဍန်းပဲ သေပါတယ်။ ဟေတီငလျင်က ၂သိန်းကျော်သေပါတယ်။

လူအသေနည်းတဲ့ အဓိကအကြောင်းကတော့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားလို့ပါပဲ။ ကြိုတင်ပြင်င်ရာမှာ တိုက်တွေကို အုတ်အတုံးအခဲတွေမသုံးရတာတို ့၊ ဖိုင်ဘာ၊ ဒရိုင်းဝေါ စတာတွေနဲ့သုံးရတာတို ့၊ မြို ့နယ်စည်ပင်က အထပ်မြင့်တိုက်တွေဆောက်ခွင့်အလွယ်တကူခွင့်မပြုတာတို ့၊ ခွင့်ပြုရင်လည်း ငလျင်ခံနိုင်မဲ့ စံနစ်တွေ ဒီဇိုင်းတွေဆောက်ဖို ့ညွှန်ကြားကြီးကြပ်တာတို ့စသဖြင့်ပါပါတယ်။

အောက်မှာ ဆက်စပ်သတင်းအချက်အလက်တွေ ကူးတင်ပေးထားပါတယ်။ ဆိုင်ရာဝက်ဘ်ဆိုက်တွေက လင့်ခ်တွေကို ခရက်ဒစ်အနေနဲ့ ပေးထားပါတယ်။
နောက်လထုတ်သတင်းစာမှာတော့ ကြိုတင်ကာကွယ်ပြင်ဆင်နည်းတချို ့ကို ပုံနှိပ်ဖေါ်ပြပါမယ်ခင်ဗျား။ စာဖတ်သူများကလည်း အချက်အလက်တွေ ပေးပို ့စေလိုပါတယ်။ အထူးသဖြင့် ငလျင်ဆရာကြိးတွေဖြစ်ကြတဲ့ ဂျပန်ပြည်က ဗမာများ ပေးပို ့ကြစေလိုပါတယ်….။

—–

မုံရွာအနီးတွင် ပြင်းအား မက်ဂနီကျု ၅.၄ ရှိသည့်ငလျျင် လှုပ်ခတ်
http://www.enjoy.net.mm/news/local/view.php?id=1288

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနီးတွင် မတ်လ ၁၃ရက်နေ့ စနေနေ့ နံနက် ၅နာရီ မိနစ် ၅ဝက ပြင်းအား မက်ဂနီကျု ၅.၄  ရစ်ချ်တာစကေး ရှိသည့် ငလျင် လှုပ်ခတ်သွားခဲ့ရာ ပြင်းထန်သော ထိခိုက်ပျက်စီးမှု နှင့် လူအသေအပျောက် မရှိကြောင်း ဒေသခံ တစ်ဦးက ဆင်ဝှာ သတင်းဌာနနှင့် တယ်လီဖုန်း ဆက်သွယ် ဖြေကြားရာတွင် ပြောကြားပါသည်။ ငလျင် လှုပ်ခတ်ရာ ဒေသမှာ လူနေကျဲပါးရာ ဖြစ်သဖြင့် ထိခိုက်မှု မရှိခြင်း ဖြစ်ကြောင်း ယင်းဒေသခံက ပြောကြားပါသည်။ ငလျင် ကျရောက်သည့် နေရာမှာ မုံရွာမြို့မှ ၁၁၂  ကီလိုမီတာ (မိုင် ၇၀) ဝေးကွာသော မြောက်လတ္တီကျု ၂၃.၀၆ ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု ၉၄.၆၅ ဒီဂရီ တွင် တည်ရှိပါသည်။ ယင်းမှာ ရန်ကုန်မြို့မှ ၇၁ဝ ကီလိုမီတာ (မိုင်၄၄၀)နှင့် မန္တလေးမြို့မှ ၁၉ဝ ကီလိုမီတာ (၁၁၅ မိုင်) ဝေးကွာပါသည်။ ပြည်ပငလျင် ပညာရှင်များ၏ ခန့်မှန်းချက်အရ ငလျင်လှုပ်ခတ်မှု အကျယ်အဝန်းမှာ ကီလိုမီတာ တစ်ရာခန့် ရှိမည်ဟု သိရပါသည်။ မကြာသေးမီက လှုပ်ခတ်ခဲ့သော အထိအခိုက် အပျက်အစီး များလှသည့် အခြားနိုင်ငံမှ ငလျင်များတွင် ဟေတီငလျင်က ပြင်းအား မက်ဂနီကျု ၇.ဝ ရစ်ချ်တာစကေး ရှိပြီး ချီလီငလျင်က ပြင်းအား မက်ဂနီကျု ၈.၈ ရှိကြောင်း သိရပါသည်။

————-

မြန်မာနိုင်ငံ၏ မြေငလျင်များ

http://www.news-eleven.com/index.php?option=com_content&view=article&id=670%3A2009-11-22-07-21-32&Itemid=127

PDF Print E-mail
မြန်မာနိုင်ငံသည် အယ်လ်ပိုင်း  ဟိမန္တာငလျင် ရပ်ဝန်းထဲ၌ ကျရောက် နေသဖြင့် မကြာခဏ ငလျင်များ လှုပ်ခဲ့သည်။ မြေငလျင်လှုပ်ရခြင်း အကြောင်းရင်းများမှာ အောက်ပါ အတိုင်း ဖြစ်ကြသည်။
(၁) မြေထုချပ်ငုပ်ဝင်ခြင်း
ဘူမိဗေဒအချိန် ဇယားအရ  သက်ဦးကပ်၏ အစောပိုင်း လွန်ခဲ့သော နှစ် ၅၅ သန်း အချိန်၌ အိနိ္ဒယ-ဩ စတြေးလျ မြေထုချပ်က ရွေ့လျားလာပြီး ဥရောပ-အာရှ မြေထုချပ်နှင့် တိုက်မိသည်။ လက်ရှိအချိန်၌ ထိုမြေထုချပ်သည် ရခိုင်ကမ်းလွန် ဘင်္ဂလား ပင်လယ်အော် အတွင်းတွင် ဥရောပ-အာရှ မြေထုချပ်၏ အောက်သို့ ငုပ်ဝင်နေသည်။ ဤငုပ်ဝင်မှုကြောင့် အိနိ္ဒယနိုင်ငံ အာသံ-မဏိပူရ ပြည်နယ်မှ ဘင်္ဂလား ပင်လယ်အော် ကို ဖြတ်၍ အင်ဒိုနီးရှား ကမ်းလွန်ဒေသအထိ နေရာအနှံ့အပြား၌ အင်အားကြီး မြေငလျင်များ လှုပ်ခဲ့သည်။    ၁၇၆၂ခုနှစ် ဧပြီ ၂ရက်နေ့၌ အင်အားကြီး ၈ .၅မှ ၉ အထိရှိသော မြေငလျင် တစ်ခုသည် ရခိုင်ကမ်းလွန် ဒေသ၌ လှုပ်ခဲ့ရာ ရခိုင်ပြည်နယ် တစ်ခုလုံးနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ခံစားရပြီး စစ်တကောင်းဒေသမှာ အပြင်းထန်ဆုံး ဖြစ်သည်။ မြေပြင်အချို့မှာ ရေထဲ၌ ပျောက်ကွယ်သွားပြီး အချို့က ရေပြင်မှ မြင့်တက်လာကြသည် ဟု ဆိုသော်လည်း မသေချာချေ။
၁၈၄၃ခုနှစ် ဖေဖော်ဝါရီ ၆ရက် နေ့ည၌ ကျောက်ဖြူမြို့တွင် ငလျင် လှုပ်ခဲ့ရာ ရွှံ့မီးတောင်များ ပေါက်ကွဲခဲ့ သည်။ အောက်တိုဘာ ၃ရက်နေ့မှ နောက်ထပ်ငလျင်က ပို၍ ပြင်းထန် သည်။ ၁၈၄၈ခုနှစ် ဇန်နဝါရီ ၃ရက် နေ့၌ ကျောက်ဖြူမြို့တွင် ငလျင်ကြောင့် အဆောက်အအုံများ ပျက်စီးခဲ့သည်။
၁၈၈၁ခုနှစ် ဒီဇင်ဘာလ ၃၁ရက် ၌ အန္ဒမန်ကျွန်း၏ အနောက်ဘက် ဘင်္ဂလား ပင်လယ်အော် အတွင်းကို ဗဟို ပြု၍ အင်အားကြီးသော ငလျင်တစ်ခု လှုပ်ခဲ့ရာ Port Blair  မြို့တွင် ဆူနာမီလှိုင်းများ ကျရောက်ခဲ့သည်။ မြိတ်ကျွန်းစု အပါအဝင် မြန်မာကမ်းရိုးတန်း ဒေသများမှလည်း ခံစားရသည်။
၂၄-၁၂-၂၀၀၄ နေ့ နံနက်၌ စူမတြာ ကမ်းလွန်ဒေသကို ဗဟိုပြု၍ မြေငလျင်လှုပ်ခဲ့ရာ ဆူနာမီလှိုင်းများ က မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်ခဲ့သည်။ သေဆုံးသူ ၆၁ဦး၊ ဒဏ်ရာ ရသူ ၄၅ဦးရှိကာ လူ ၂၀ဝခန့် ပျောက် ဆုံးခဲ့သည်။ အိုးအိမ်များလည်း ပျက် စီးခဲ့သည်။
(၂) စစ်ကိုင်းပြတ်ရွေ့
လွန်ခဲ့သော နှစ် ၁၁ သန်းခန့် တွင် ကပ္ပလီ ပင်လယ်ကြမ်းပြင်က ကွဲထွက်သောအခါ မြန်မာ မြေထုချပ်ငယ်အား မြောက်ဘက်သို့ တွန်းပစ် လိုက်သည်။ ထိုမြေထုချပ်ငယ်သည် အရှေ့ဘက်၌ စစ်ကိုင်းပြတ်ရွေ့ တစ်လျောက် မြောက်ဘက်သို့ ရွေ့လျား စဉ် မြေငလျင်များ လှုပ်ခဲ့သည်။ စစ်ကိုင်းပြတ်ရွေ့သည် မုတ္တမပင်လယ်မှ အကြမ်းအားဖြင့် ရန်ကုန်-မန္တလေး မီးရထားလမ်း တစ်လျောက်နှင့် စစ်ကိုင်း-မင်းဝံ တောင်ကြားကိုဖြတ်၍ ဧရာဝတီမြစ်နှင့် အပြိုင်သွားပြီး ကဗွက်ဒေသ၌ ဧရာဝတီမြစ်ထဲသို့ ဆင်း ခဲ့သည်။ ထီးချိုင့်မြို့၌ ကုန်းပေါ်သို့ တက်၍ အမြွှာသုံးခု ကွဲထွက်ကာ နိုင်ငံမြောက်ဖျားထိ ရောက်ရှိခဲ့သည်။ ပြတ်ရွေ့မှုများကြောင့် စစ်ကိုင်းတိုင်းရှိ အင်းတော်ရေအိုင်နှင့် ကချင်ပြည်နယ်ရှိ အင်းတော်ကြီး ရေအိုင် ဖြစ်ပေါ် ခဲ့သည်။ စစ်ကိုင်းပြတ်ရွေ့သည် စစ်ကိုင်းတောင်ရိုးအား ထက်ခြမ်းခွဲလိုက် ပြီးပြတ်ရွေ့၏ အနောက်ဘက်မှ အခြမ်း ကို မြန်မာ မြေထုချပ်ငယ်အတိုင်း မြောက်ဘက်သို့ ပို့ဆောင်ခဲ့ရာ ထို စစ်ကိုင်းတောင်၏ တစ်ခြမ်းသည် ယခုအခါထီးချိုင့်မြို့နယ် မရသိမ်ရွာ အနီးမှာ ရောက်နေသည်။ (မြင့်သိန်း၊ ကျော်တင့်၊ အေးကိုအောင် ၁၉၉၁) မြစ်ငယ်မြစ်မှ ဧရာဝတီမြစ်ထဲသို့ ဝင်ရောက်နေသည့် နေရာကိုလည်း မြောက်ဘက်သို့ ရွှေ့ပစ်ရာ မြစ်ငယ်မြစ်က မြောက်ဘက်သို့ လိုက်ဝင်ရသဖြင့် ထိုနေရာ၌ မြစ်ငယ်မြစ် ကွေ့နေသည်။
၁၈၃၉ခုနှစ် မတ်လ ၂၃ရက်၌ အင်းဝ ငလျင်လှုပ်ခဲ့ရာ ဗန်းမော်မှ ရန်ကုန်အထိ တစ်နိုင်ငံလုံးခံစားရပြီး ထိုင်းနိုင်ငံအထိ ရောက်သည်။ မင်းကွန်းဘုရားကြီး ပျက်စီးသည်။ မြို့ထဲရှိ အုတ်အဆောက်အအုံ အားလုံးနီးပါးပြို ကျပြီး လူ(၃၀၀-၄၀၀)ခန့် သေဆုံးသည်။
၁၉၀၆ခုနှစ် ဩဂုတ်လ၃၁ရက် နှင့် ၁၉၀၈ခုနှစ် ဒီဇင်ဘာလ ၁၂ရက်  တို့၌ ပူတာအိုဒေသတွင် ရစ်ချ်တာ အင်အား ရ နှင့် ၇.၅ အသီးသီး ရှိကြ သော ငလျင်များ လှုပ်ခဲ့သည်။
၁၉၁ရခုနှစ် ဇူလိုင်လ ၅ရက် နေ့၌ အင်အား ရရှိသော ပဲခူးငလျင် လှုပ်ခဲ့သည်။ ရွှေမော်ဓောထီးနှင့် အဖိုးတန်ရတနာများ ပြုတ်ကျခဲ့သည်။
၁၉၂၉ခုနှစ် ဩဂုတ်လ ၈ရက် ၌ အင်အား ရ ရှိသော ဆွာငလျင် လှုပ်ခဲ့သည်။ သံလမ်းတွေ ကွေးကောက် ကုန်သည်။ ၁၉၃ဝ ခုနှစ် မေလ ၅ ရက်၌ အင်အား ၇.၃ ရှိသော ပဲခူး ငလျင်လှုပ်ခဲ့သည်။ အပျက်အစီးများ ပြီး လူအနည်းဆုံး ၅၀ဝခန့် သေသည်။ တစ်ပြိုင်တည်း နေရာအနှံ့ မီးတွေလောင် သည်။ရွှေမော်ဓော ဘုရားပြိုကျသည်။ ရန်ကုန်၌ လူ ၅ဝ သေသည်။
၁၉၃ဝခုနှစ် ဒီဇင်ဘာ၃ ရက်နှင့် ၄ရက် တို့၌ ဖြူးမြို့တွင် ငလျင်တွေ အများကြီးလှုပ်ခဲ့ရာ ဒီဇင်ဘာလ၄ရက် နေ့အင်အား၇.၃ရှိသော ငလျင်က အပြင်းထန်ဆုံး ဖြစ်သည်။အုတ်တိုက် အများစု ပြိုကျ၍ လူ၃ဝခန့် သေဆုံးသည်။
၁၉၃၁ခုနှစ် ဇန်နဝါရီ၂၈ရက်နေ့၌ အင်အား၇.၃ရှိသော ကာမိုင်းငလျင်တွင် အုတ်အဆောက်အအုံတွေ ပြိုကျ ပြီး နေရာအနှံ့မှာ တောင်တွေပြိုသည်။
၁၉၄၆ခုနှစ် စက်တင်ဘာ ၁၂ ရက်၌ အင်အား ၇.၅ရှိသော တကောင်းငလျင်ကြောင့် အိမ်အချို့ ပျက်စီးခဲ့သည်။ စက်တင်ဘာ ၁၃ ရက်၌လည်း အင်အား ၇.၇၅ရှိသော  ငလျင် ထပ်လှုပ်ခဲ့သည်။၁၉၅ဝ ပြည့်နှစ် ဩဂုတ်လ ၁၈ ရက်၌ အင်အား ရရှိ သော ကာမိုင်းငလျင် လှုပ်ခတ်ခဲ့သည်။
၁၉၅၆ ခုနှစ်ဇူလိုင်လ ၁၆ ရက် ၌ အင်အား ရ ရှိသော စစ်ကိုင်း ငလျင်ကြောင့် ဘုရားစေတီများနှင့် အဆောက်အအုံများ ပြိုကျ၍ စစ်ကိုင်းတံတားမှာ နေရာအနည်းငယ် ရွေ့ခဲ့သည်။လူ၄ဝခန့် သေဆုံးသည်။
၁၉၉၁ခုနှစ် ဇန်နဝါရီ ၅ရက်၌ အင်အား ၇.၁ရှိသော တကောင်း ငလျင်ကြောင့် တကောင်း၊ ထီးချိုင့်၊ ကောလင်းနှင့် သပိတ်ကျဉ်းတို့တွင် မြေပြို၍ ဘုရားစေတီများနှင့် အဆောက်အအုံများ ပြိုကျခဲ့သည်။ လူ ၂ဦးသေဆုံးသည်။
၁၉၉၂ခုနှစ်၌ အင်အား ၆.၃ရှိ သော ထီးချိုင့်ငလျင် လှုပ်ခဲ့သည်။
၁၉၉၄ခုနှစ်၌ အင်အား ၆.၆ ရှိ သော မိုးကောင်းငလျင်လှုပ်ခဲ့သည်။
(၃) အခြားပြတ်ရွေ့များ
၁၈၅၈ခုနှစ်ဩဂုတ်လ ၂၄ရက် နေ့၌ သရက်နှင့် ပြည်မြို့တို့တွင် အင်အားပြင်း ငလျင်လှုပ်ခဲ့ရာ အိမ်တိုင်းပျက်စီးခဲ့သည်။ ကချင်ပြည် နယ် အရှေ့ပိုင်း ထော်ဂေါဒေသ၌ ၁၉၂၉ ခုနှစ်အတွင်းတွင် ငလျင်တွေ တသီကြီး လှုပ်ခဲ့သည်။ အင်အား ရ အထိရှိကြသည်။ အုတ်နှင့်ကျောက် အဆောက်အအုံတွေ ပြိုကျပြီး တောင်တွေလည်း ပြိုကျသည်။
၁၉၁၂ ခုနှစ် မေလအတွင်း၌ မြန်မာတစ်နိုင်ငံလုံး ခံစားရသော  ငလျင်တွေ လှုပ်ခဲ့ရာ မေ ၂၃ရက်နေ့တွင် အင်အား ၈ရှိသော မေမြို့ (ယခုပြင်ဦးလွင်) ငလျင်မှာ အပြင်းထန်ဆုံးဖြစ်သည်။ တစ်ကမ္ဘာလုံးမှ ခံစားလိုက်ရသည်။ ရှေ့ပြေးနှင့် နောက်ဆက်တွဲ ငလျင်တွေလည်း လှုပ်သည်။ တောင်တွေ ပြိုကျသည်။ ပြင်ဦးလွင်အနီးမှာ တောင်ကြီး-အင်းလေးထိ သွယ်တန်းသော ကျောက်ကြမ်း ပြတ်ရွှေ့ကြောင့် ဖြစ်ပေါ်ရသည်။
၁၉၇၅ ခုနှစ် ဇူလိုင် ၈ ရက်၌ အင်အား၆.ရရှိသော တောင်တွင်းကြီး ငလျင်ကြောင့် ဘုရားပုထိုးများ၊ တံတား များနှင့် အဆောက်အအုံများ ပျက်စီး၍ လူတစ်ဦး သေဆုံးသည်။ဂုံညင်းကုန်း ပြတ်ရွှေ့ကြောင့် ဖြစ်ပေါ်သည်။
အနောက်ရိုးမ တောင်တန်းနှင့် အလယ်ပိုင်း မြေနိမ့်ဒေသတို့၏ အကြား မှ ကဘော်ပြတ်ရွေ့ဇုန်သည် နာဂတောင်တန်းမှ ဘင်္ဂလား ပင်လယ်ထိ ရှည်လျား သည်။ ၎င်းတစ်လျောက်၌ မြေငလျင်များ မကြာခဏ လှုပ်လေ့ရှိသော်လည်း လူနေမထူထပ်သဖြင့် လူအများ က သတိထားမိခြင်း မရှိကြ။
ရှေ့အလားအလာများ
အထက်ဖော်ပြပါ ရွေ့လျားနေ သော အဓိကပြတ်ရွှေ့များရှိသည့် ဒေသများသည် ငလျင်လှုပ်နိုင်သော ဒေသများဖြစ်ကြပါသည်။ စစ်ကိုင်း ပြတ်ရွေ့တစ်လျောက်၌ မြေငလျင် အများအပြား လှုပ်ခဲ့သော်လည်း မြေငလျင် မလှုပ်ဖူးသေးသော နေရာအချို့သည် အလားအလာ အရှိဆုံးဖြစ် သည်။ တနင်္သာရီတိုင်း နှင့် မွန်ပြည် နယ်တောင်ပိုင်းတို့သည် ငလျင်၏ အလားအလာ အနည်းဆုံး ဒေသများ ဖြစ်နိုင်ပါသည်။

2 comments

  • laypyay

    May 4, 2010 at 2:36 pm

    မြန်မာ ပြည် ပြည်တွင်းစာမှာ ပါရင်သိပ်ကောင်းမှာပဲ ဗျာ..ပြီးတော့ သူတိုနိုင်ငံလိုမျိုးကျနော် တို နိုင်ငံမှာလံ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရင်သိပ်ကောင်းမှာပဲ မြီုတော် စည်ပင် ဝန်ကြီးတွေ ဒါလေးတွေ ဖတ်သင့်ပါတယ်..။

  • poeaung6

    May 6, 2010 at 5:25 am

    အခုလိုသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဗဟုသုတရသလို ကြိုတင်ပြင်ဆင်နိုင်ပါတယ် သက်ဆ်ိုင်ရာလူကြီးများလည်း ငလျင်ဒဏ်ကာကွယ်ရန်အတွက် ကြိုးစားပေးစေချင်ပါတယ်

Leave a Reply