Kaung Myat HtutApril 15, 20121min1593
                အစည်းအဝေးမှတ်တမ်းတင်ဖို့အတွက် software တွေအများကြီးရှိပါတယ်။ အခမဲ့ရနိုင်တဲ့ software၊ web-based၊ စသည့်ဖြင့်ပုံစံမျိုးစုံရှိပါတယ်။ ရှိတဲ့အထဲမှာမှ အများကြီးလေ့လာကြည့်တဲ့အခါမှာ အကောင်းဆုံးက Microsoft OneNote ဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။ ထိပ်ဆုံး software ငါးခုထဲမှာမှ Microsoft OneNote ဟာစစ်တမ်းအရ ၄၅% ကကြိုက်နှစ်သက်ကြောင်းမဲပေးခဲ့ကြသည်။ ၎င်းဟာအစည်းအဝေးမှတ်တမ်းယူတာထက်ပိုပြီး များစွာလုပ်ဆောင်နိုင်ပါတယ်။ Desktop version ဆိုရင်တော့ Windows တစ်မျိုးတည်းမှာပဲအသုံးပြုနိုင်ပါတယ်။ အဓိကအားသာချက်ကတော့ လူတိုင်းနီးပါးက Microsoft Office တွေကိုသုံးနေကျဖြစ်လို့ ရင်းနှီးမှုရနေတာကြောင့်ဖြစ်ပါတယ်။ ဒုတိယနေရာမှာရှိနေတာက Web app ဖြစ်တဲ့ Minutes.io ဖြစ်ပြီး ၂၃% ကကြိုက်နှစ်သက်ပါတယ်။ တတိယနေရာက LessMeeting ကတော့ အခမဲ့ရနိုင်ပြီး ၁၂% […]


Kaung Myat HtutApril 15, 20125min2607
                          Android ရော၊ iPhone ရောနှစ်ခုစလုံးဟာ ကောင်းမွန်တဲ့ ဖုန်း OS တွေဖြစ်ကြပါတယ်။ Android ကအကောင်းဆုံးမဟုတ်သလို၊ iPhone ကလည်း မပြည့်စုံသေးပါဘူး။ အခုဆောင်းပါးမှာတော့ iPhone မှာမရနိုင်တဲ့ Android features ၁ဝ ခုကို တင်ဆက်လိုက်ပါတယ်။ 10. Alternate Keyboard Android မှာ 8pen, Graffiti, SlideIT, ThickButtons, SwiftKey ဆိုတဲ့ keyboard ငါးခုရှိပါတယ်။ မိမိကြိုက်နှစ်သက်ရာပုံစံနဲ့စာများရိုက်နိုင်ပါတယ်။ ၎င်း keyboard တွေဟာ မည်သည့် app နှင့်မဆိုတွဲဖက်အသုံးပြုနိုင်ပါတယ်။ iPhone […]


Kaung Myat HtutApril 13, 20122min1655
လမ်းသွားရင်း သင့် smartphone နဲ့စာရိုက်ရတာ အလွန်ခက်ခဲပါတယ်။ Keyboard ကိုလည်းထိအောင် ရိုက်ရသလို အရှေ့မှာလည်း ဝင်မတိုက်မိအောင် ကြိုးစားလျှောက်ရပါတယ်။ ဒါကြောင့် Camera ရဲ့အကူအညီနဲ့ Transparent screen အဖြစ်ပြောင်းလဲပြီး စာတွေရိုက်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ သုံးစွဲပုံကလည်း Application ဖွင့်လိုက်ပြီး Transparent level လိုသလိုချိန်ပြီး အသုံးပြုနိုင်ပါတယ်။ ဒီလို App တွေဟာ battery သုံးစွဲမှုများတာကြောင့် အမြဲတမ်းဖွင့်ပြီးသုံးလို့ အဆင်မပြေပါဘူး။ ကောင်းတာတစ်ခုက ဒီ app ကို https://market.android.com/details?id=botweb.transparent.screen မှတဆင့် အခမဲ့ ရနိုင်ပါတယ်။


Kaung Myat HtutApril 13, 20121min940
Microsoft OneNote ဟာမှတ်စုတွေမှတ်ထားဖို့အတွက် အသင့်တော်ဆုံး bullet များ၊ checkbox များ၊ ပုံများ၊ to-do list များစသည့်ဖြင့် စုံစုံလင်လင်သုံးနိုင်တဲ့ software တစ်ခုဖြစ်ပါတယ်။ iPhone မှာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက အသုံးပြုနိုင်ပေမယ့် Android အပေါ်မှာတော့ အခုမှစသုံးနိုင်မှာဖြစ်ပါတယ်။ ၎င်းဟာ Microsoft ရဲ့ online storage ဖြစ်တဲ့ SkyDrive နဲ့လည်း တွဲသုံးနိုင်ပါတယ်။ ထို့ကြောင့် ဘယ်နေရာရောက်ရောက် အင်တာနက်ရှိနေရင် ဖုန်းနဲ့သာမက မည်သည့် device နဲ့မဆို မှတ်စုတွေကို ဖွင့်ကြည့်နိုင်ပါတယ်။ အခမဲ့သုံးမယ်ဆိုရင်တော့ မှတ်စုပေါင်း ၅၀ဝ အထိပဲရပါတယ်။ သုံးချင်ရင်တော့ Windows Live ID ရှိဖို့တော့ လိုအပ်ပါတယ်။ စမ်းသုံးမယ်ဆိုရင်တော့ https://market.android.com/details?id=com.microsoft.office.onenote မှတဆင့်ရနိုင်ပါတယ်။


Kaung Myat HtutApril 13, 20125min2389
Gmail ဟာ သူတစ်ခုတည်းဆိုရင် အစွမ်းမထက်ပါဘူး။ Gmail lab ပါပါမှ စွမ်းဆောင်ရည်ပြည့်ပြည့်သုံးနိုင်မှာပါ။ Gmail lab setting ကို Settings အောက်မှာတွေ့နိုင်ပါတယ်။ Theme အသုံးပြုထားတာတွေ၊ HTML view နဲ့ကြည့်နေတာတွေအပေါ်မူတည်ပြီး Lab ကိုရှာဖွေနိုင်ပုံ ကွဲပြားနိုင်ပါတယ်။ 10. Undo Send နာရီဝက်၊ တစ်နာရီလောက်ကြာအောင် စာတွေစီ၊ စာတွေရိုက်၊ အမှားတွေပြင် ပြီးတော့ send ဆိုပြီးပို့လိုက်တော့မှ လိပ်စာမှားနေတာတွေ၊ Subject မှားနေတာတွေဆိုရင် အခက်အခဲ ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအခက်အခဲကို ဖြေရှင်းဖို့ Undo Send ဆိုတဲ့ feature ကို enable လုပ်ထားနိုင်ပါတယ်။ setting အပေါ်မူတည်ပြီး 5, 10, 20, 30 စက္ကန့်စသည်ဖြင့် […]


Kaung Myat HtutApril 12, 20121min15810
ကျွန်မနာမည် ဂွက်ထော်ပါ။ အခုခေတ်မှာ English နာမည်တွေပေးလာတာကြောင့် Jasmine ဂွက်ထော် ဖြစ်ခဲ့ရပါတယ်။ English ပိုပီသသွားအောင်ဆိုပြီး အဖေရဲ့နာမည်ကို Middle name အဖြစ်ယူခဲ့တာကနေ Jasmine Winston ဂွက်ထော် ဖြစ်လာရပါတယ်။ Winston ဆိုလို့ ဟိုဘက်ကမ်းက Eliza Winston တို့နဲ့ ဘာမှမတော်ဘူးနော်။ အဖေ့နာမည်က ဝင်းစိန်။ သူ့သူငယ်ချင်းတွေက ဝင်းစတိန်၊ ဝင်းစတိန် ဆိုပြီး စ ကြတာကနေ Winston ဆိုပြီးဖြစ်လာရတာ။ ဒါပေမယ့်ကျွန်မဒီနာမည်ကို သိပ်မကြိုက်ပါဘူး။ ဒီလိုနဲ့ပဲ ကိုယ့်ကိုယ်ကို နာမည်အသစ်တစ်ခုပေးခဲ့ပါတယ်။ တစ်ချို့တွေများ Snow White တဲ့။ နှင်းဆီတဲ့။ မကြိုက်ပါဘူး။ ရှိပြီးသားနာမည်တွေပါ။ ရှားရှားပါးပါးလည်းဖြစ်ရမည်။ လှလည်းလှရမယ်ဆိုပြီး စဉ်းစားလိုက်တာ “ခင်ပန်းချီစောမို့“တဲ့။ လှတယ်မဟုတ်လား? နာမည်ကြီး model Cindy […]


Kaung Myat HtutMarch 28, 20121min29413
မြန်မာနိုင်ငံ အစိုးရကျောင်းများတွင်ဖြစ်စေ၊ ပုဂ္ဂလိကကျောင်းများတွင်ဖြစ်စေ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် UK နိုင်ငံတွင် ဆက်လက်ပညာဆည်းပူးလိုပါက Regent Education Group နှင့် Shernorne School တို့က ပူးပေါင်းပြီး “How to join top independent boarding schools in the UK for 13 to 16 years old students” ခေါင်းစဉ်ဖြင့် UK နိုင်ငံ Sherborne School မှ Dr. Christopher Greenfield, Principal, International College, Sherborne School မှကိုယ်တိုင်ဟောပြောမည်ဖြစ်သည်။     Guest Speaker : Dr. […]


Kaung Myat HtutJune 3, 20101min1560
ယခုနှစ် ၂၀၁ဝ မှစတင်၍ British Council တွင်အလုပ်လုပ်သူဝန်ထမ်းများအားလုံးကို အင်္ဂလိပ်စာအရည်အချင်းကို စစ်ဆေးပြီးမှ အလုပ်ခန့်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ လက်ရှိအလုပ်လုပ်နေသောဝန်ထမ်းများလည်း ပြန်လည်ဖြေဆိုရမည်ဖြစ်သည်။ အကယ်၍ လက်ရှိဝန်တမ်းများမှ အင်္ဂလိပ်စာအားနည်းနေပါက မည်ကဲ့သို့ အရေးယူမည်ဆိုတာကတော့ မသိရသေးပါ။ ထိုကဲ့သို့ British Council ဝန်ထမ်းများအား အင်္ဂလိပ်စာအရည်အချင်းစစ်ဆေးခြင်းသည် ယခင်က ၎င်းဌာနမှအကြီးအကဲဖြစ်သူ ဒေါ်သင်းသင်းနိုင်လက်ထက်အထိစစ်ဆေးခဲ့ပြီး၊ ၎င်းကိုဆက်ခံသူ ဦးကျော်ထင်ကမူ စစ်ဆေးခြင်းများမလုပ်တော့ဘဲ ယခုဒေါ်တင်ဝင်းကြည်လက်ထက်တွင်မှ ပြန်လည်အကောင်အထည်ပေါ်လာခြင်းဖြစ်သည်။ Pay Band J နှင့်အထက်ဝန်ထမ်းများအားလုံး IELTS အဆင့် 5.0 ရှိရမည်ဖြစ်ပြီး ရာထူးမြင့်လေ အင်္ဂလိပ်စာပိုကောင်းရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Library Assistant ရာထူးအတွက်လျှောက်လွှာခေါ်ယူခဲ့ရာမှာ အလုပ်လျှောက်သူပေါင်း နှစ်ရာကျော်ရှိပြီး၊ အလုပ်လျှောက်သည့် Application Form တွင်ရေးရသော Competency writing နှင့်ဖြတ်ချလိုက်ပြီး၅ ယောက်သာ ကျန်သည်ကို […]


Kaung Myat HtutJune 2, 20101min1200
၂၀၁ဝ ဇွန်လ ၁ ရက်နေ့ နံနက် ၉း၃ဝ မှ ၁၁း၃ဝ အထိ၊ ရန်ကုန်မြို့ Myanmar Info-Tech၊ Room 205 တွင် NUS က GDSS (Graduate Diploma in Systems Studies) ဝင်ခွင့်စာမေးပွဲကျင်းပပြီးစီးခဲ့သည်။ စာရင်းရှိ ၆၃ ဦးရှိပြီး ၆၂ ဦးဝင်ရောက်ဖြေဆိ်ုခဲ့သည်။ အားလုံးအတွက် ကံကောင်းပါစေဟု ဆုတောင်းပေးပါတယ်။ ဝင်ရောက်ဖြေဆိုသူအများစုမှာ ရန်ကုန်နှင့် မန္တလေး ကွန်ပျူတာတက္ကသိုလ်များ (UCSY, UCSM) မှဘွဲ့ ရအများစုဖြစ်သည်။ အသက်အားဖြင့် ၁၉၇၃ခုနှစ်မွေးဖွားသူ (၃ရ နှစ်) မှ ၁၉၈၉ခုနှစ်မွေးဖွားသူ (၂၁ နှစ်) အထိရှိကြောင်းတွေ့ ရသည်။ ဖြေဆိုသူအများစုသည် သချာင်္ပိုင်းတွင်တော်ကြသော်လည်း အင်္ဂလိပ်စာပိုင်းတွင်အတော်အားနည်းကြောင်းတွေ့ ရသည်။ Myanmar […]


Kaung Myat HtutMay 31, 20101min1192
MyanmarING အဖွဲ့အနေဖြင့် ပြည်တွင်းမှ အသုံးမလို စွန့်ပစ်ထားသော ကွန်ပျူတာပစ္စည်းများအား လိုအပ်နေသူများအတွက် အသုံးပြုနိုင်သော ပစ္စည်းများအဖြစ် ပြောင်းလဲပေးသွားနိုင်ရန်အတွက် ယခု အစီအစဉ်အား စတင်အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ အချို့သော အိမ်များနှင့် ရုံးများတွင် စက်ပစ္စည်း တစ်စိတ်တစ်ပိုင်း ချို့ယွင်းသွား၍သော်လည်းကောင်း၊ မော်ဒယ်နိမ့်သွား၍သော်လည်းကောင်း အသုံးမပြုဘဲ စွန့်ပစ်ထားသည့် ကွန်ပျူတာပစ္စည်းများ ရှိနေသည်ကို လေ့လာတွေ့ရှိရပါသည်။ ထို့ပြင် အစိုးရကျောင်းများတွင် ရံပုံငွေ တောင့်တင်းသော ကျောင်းများမှလွဲ၍ ကျောင်းအများစု၏ ကွန်ပျူတာခန်းများတွင် ရှေးအခါက လှူထားခဲ့သည့် Macintosh စက်ဟောင်းများမှလွဲ၍ အသုံးပြုရန်အဆင်ပြေသည့် ကွန်ပျူတာများ မရှိသလောက် ဖြစ်နေပြီး ရှိသည့် Macintosh ကွန်ပျူတာများမှာလည်း အများစု ချို့ယွင်းနေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် အသုံးမပြု ပိုနေသော ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာအစိတ်အပိုင်းများအား MyanmarING […]


Kaung Myat HtutMay 31, 20105min2682
MyanmarING ဆိုသည်မှာ Myanmar Internet and Networking Group ဖြစ်ပါသည်။ MyanmarING သည် Asia Pacific Networking Group (APNG) အဖွဲ့ကြီး၏ မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းတွင်မူ MyanmarING သည် အိုင်တီပညာရပ်နှင့်ပတ်သက်၍ ဝါသနာကြီးသော လူငယ်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။ APNG မှအခြေပြုခဲ့ပြီး ပြည်တွင်းတွင် Myanmar Egress နှင့်လက်တွဲ ၍ IT ပညာတိုးတက်ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသည်။ ခံယူထားသည့် တာဝန် MyanmarING မှ ခံယူထားသည့် တာဝန် (Mission) မှာ မြန်မာနိုင်ငံအတွင်း အင်တာနက်နည်းပညာအား အားပေး အထောက်အကူပြုရန်နှင့် တည်ရှိနေသော နည်းပညာဆိုင်ရာ ကွန်ယက်၊ အဖွဲ့အစည်းများအား အချင်းချင်း အပြန်အလှန် ချိတ်ဆက်၍ […]