Shwe EiDecember 12, 20151min45913
နာမည်ကြီး ယန္တယား ကုမ္ပဏီ ကြီးတစ်ခုရဲ့ အငယ်ဆုံး အဝယ်တော်စာရေး ဘဝ ရောက်လာဖို့က လွယ်မယောင်နဲ့ ခက်သည်။ အလုပ်ရတာက အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲအောင်လို့…တက်နေတဲ့ ကျောင်းကို ပစ်ထားခဲ့ပြီး ကျွန်မ သဘောနဲ့ကျွန်မ ရန်ကုန်မှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ကျွန်မအိမ်က မိသားစုကိုတောင် အသိပေးတဲ့ သဘောမျိုး ထုတ်ပြောခဲ့ခြင်းဖြစ်ပြီး… ပြောပုံက..အမေရေ..သမီးရန်ကုန်မှာ အလုပ်လုပ် မှာမို့ ကျောင်းမှာ ထွက်စာတင်ခဲ့ပြီ ဆိုတာမျိုး။ အမေကတော့ ကို့သမီး ဘွဲ့လွန် ပထမနှစ် တက်နေတဲ့ ကျောင်းသူဟာ ဆုံးဖြတ်ချက်မမှားနိုင်ဘူး ဆိုတဲ့ အတွေးမျိုးနဲ့ လက်ခံပေးလိုက်တာဖြစ်နိုင်သည်။ မဟုတ်ရင်လဲ တခြားတစ်ခုခုဖြစ်နိုင်သည်..ဘာဘဲဖြစ်ဖြစ် .. ယုံကြည်ပေးလို့ ကျေးဇူးတင်၏။ အတွေ့အကြုံမရှိသော အလုပ်သင် ဘဝသည် ပျော်စရာ အတိ။ သင်ပေးမဲ့ အကို အမတွေ […]


Shwe EiDecember 6, 20151min32819
JK Rowling ဟယ်ရီပေါ်တာရဲ့ ဖန်တီးရှင် အမျိုးသမီးဟာ စက္ကထရီ အဖြစ်နဲ့ ကုမ္ပဏီ တစ်ခုမှာ အမှုထမ်းခဲ့စဉ်က အလုပ်ချိန်အတွင်း ဝတ္တုရေးတာကြောင့် အလုပ်ပြုတ်ခဲ့ရသူဖြစ်ပါတယ်။ Rowling ပြောတာက “ ကျွန်မက ဖွဲ့ဖွဲ့ နွဲ့ နွဲ့ ပြောတတ်တဲ့ သူတော့ မဟုတ်ပါဘူး….အချိန်တိုတိုနဲ့ လက်ထပ်ခဲ့မိလို့ အတွင်းလှိုက်စားပြီး ပျက်စီးနေတဲ့ အိမ်ထောင်ရေးကြောင့် အထီးကျန်ပြီး အလုပ်လက်မဲ့ ဖြစ်နေတဲ့ မိခင်တစ်ယောက်ဟာ အိမ်ခြေယာမဲ့ မဟုတ်သော်လည်း Britain မှာနေဖို့ အတွက်တော့ ဆင်းရဲတယ်လို့ ပြောရပါမယ်။” Rowling ဟာ သက်သာချောင်ချိရေး အစီအစဉ်တွေနဲ့ အသက်ဆက်ခဲ့ရတာ ဖြစ်ပြီး ၁၉၉ရ ခုနှစ်မှာ ထွက်ရှိလာတဲ့ သူမရဲ့ ပထမဆုံးစာအုပ် Harry Potter and the Philosopher’s Stone […]


Shwe EiNovember 26, 20151min39610
Walt Disney သင့်ရဲ့ မကြာသေးခင်ကမှ ကြုံထားရတဲ့ ကံအကြောင်းမလှမှုတွေနဲ့ ပတ်သတ်ပြီး ကို့ရဲ့ လုပ်နိုင်စွမ်းကို စစ်တမ်းကောက်ယူမှုမပြုခင် စိတ်ထဲမှာ အရင်စဥ်းစားထားရမှာက ငါဟာ Walt Disney လို လူမျိုးကို တီထွင်ဖန်တီးမှု အားနည်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ဖြုတ်ဖူးတဲ့ လောက ကြီးမှာ အသက်ရှင်နေတာပါလားလို့ စဉ်းစားရမှာပါ။ ဒါဟာအဖြစ်မှန်တစ်ခုပါ။ ကန်ဆပ်စီးတီးရဲ့ စတားတစ်ယောက်ဖြစ်တဲ့ Disney ဟာ အသက်၂ဝ ဝန်းကျင်မှာ အလုပ်ဖြုတ်ခံရပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းတစ်ခုကို ဆက်တိုက်ဆိုသလို ထူထောင်ခဲ့ပါတယ်။ အဲ့ဒါကတော့ ၁၉၂၃ မှာ ဒေဝါလီခံလိုက်ရတဲ့ Laugh-o-gram Studios ဖြစ်ပါတယ်။ Disney ဟာ Hollywood ကို သူ့အစ်ကို Roy နဲ့ အတူ ရွှေ့ပြောင်းခဲ့ပြီး The Disney […]


Shwe EiNovember 18, 20151min24910
တကယ်လို့ ရှင်သာ အလုပ်ဖြုတ်ခံရဘူးတယ်ဆိုရင် ဒီ Pink Slip (dismissal notice) လေးက ရှင့်ကို ဘယ်လောက်ထိ ဝမ်းနည်းထိခိုက်စေသလဲဆိုတာကို ကောင်းကောင်းသိပါလိမ့်မယ်။ ရှင့်အနေနဲ့ အမှားတစ်ခုမှ မလုပ်ခဲ့ရင်တောင် ရုံးတော်က သေမိန့်ချလိုက်သလိုမျိုး၊ တရားခံပြေးကြော်ငြာမှာ ကိုယ့်မျက်နှာကြီး မြင်လိုက်ရသလိုမျိုး ခံစားရတတ်တာပါ။ တကယ်လို့ အလုပ်ဖြုတ်ခံရခြင်းမှာ အကြောင်းအရင်းခံ တစ်ခုခုသာ ရှိခဲ့မယ်ဆိုရင်တော့ ဒီခံစားချက်က ပိုမိုဆိုးရွားပြင်းထန်လာဖို့ဘဲရှိပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို ချောက်ထဲဆွဲမချခင် အရင်စဉ်းစားရမှာက ငါအလုပ်လုပ်တဲ့ ကုမ္ပဏီက သိပ်ကောင်းတဲ့ ကုမ္ပဏီဘဲလို့ ။ ကမာ္ဘ့ အအောင်မြင်ဆုံးဆိုတဲ့ထဲက လူတစ်ချို့..ကျမတို့ သိပ်ကြိုက် တဲ့ အသုံးအဆောင် ပစ္စည်းတွေကို တီထွင်ခဲ့တဲ့ အမျိုးကောင်းသားတွေ..ကမ္ဘာ့ အအောင်မြင်ဆုံး Brand တွေကို တည်ဆောက်ခဲ့တဲ့ လူတွေ… ဒါတင်မကသေးဘူး.. လူမှုအဖွဲ့အစည်းမှာပါ အကောင်းစားပုံရိပ်တွေ […]


Shwe EiAugust 8, 20152min43414
ဒါဇင်ပလပ်စ်အဖွဲ့မှ ၄ရက် ဩဂတ်စ် ၂၀၁၅ ည ကိုးနာရီတွင် ရန်ကုန်မြို့မှာ စတင်ထွက်ခွါပြီး ၅ရက် ဩဂတ်စ် နေ့လည် ၁၂ နာရီတွင် မကွေး မြို့သို့ရောက်ရှိခဲ့ပါသည်။ မကွေးမြို့တွင် လှူဒါန်းရန် ဝယ်ယူသော ပစ္စည်းစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အိမ်ထောင်စု ၃၀ဝ အတွက် တစ်အိမ်ထောင်လျှင်. . . ၁.ဆန် တစ်ပြည် ၂.ဆီ ၂ဝသား ၃.ငါးသေတ္တာ ဘူးကြီး၃ဘူး ၄. ခေါက်ဆွဲခြောက် ၅ထုပ် ၅. ကွေကာ ၁ဝထုပ် ၆.ဓါတ်ဆား၅ထုပ် ၇.ဖယောင်းတိုင် အကြီး ၃ထုပ် ၈.မီးခြစ်၁ဘူး ၉.ဓါတ်မီး (၂တောင့်ထိုး) ၁လက် ၁၀.ရေသန့်ဆေး ၁ထုပ် ၁၁.မိုးကာစ ၃ပေ ၁စ ၁၂.ဖူူဂျီဆပ်ပြာ ၃ထုပ် ၁၃. အမျိုးသမီးသုံးပစ္စည်း […]


Shwe EiJuly 2, 20151min51427
ဝမ်းနည်းခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်း ဆိုတာတွေဟာ ချစ်ခြင်းကြောင့် ဖြစ်တာဘဲ၊ ချစ်ခြင်းဟာ အခုပြောခဲ့တဲ့ ဆင်းရဲဒုက္ခတွေရဲ့ အမွန်အစ ဖြစ်တယ် (ဂေါတမမြတ်စွာဘုရား) ******************************************************************* မေး ။ ။ အိန္ဒြေဆိုတာဘာလဲ ဖြေ ။ ။ အိန္ဒြေဆိုတာ စောင့်ထိန်းတာ မေး ။ ။ ဘာကိုစောင့်ထိန်းရမလဲ ဖြေ ။ ။ မျက်စိရယ် နားရယ် နှာခေါင်းရယ် လျှာရယ် ကိုယ်ရယ် စိတ်ရယ် စောင့်ထိန်းရမယ် မေး ။ ။ ဒါတွေကို ဘယ်လိုစောင့်ထိန်းရမလဲ ဖြေ ။ ။ မျက်စိနဲ့ တောင်ကြည့်မြောက်ကြည့် မကြည့်နဲ့၊ ဘယ်သူနဲ့ဘဲ စကားပြောရ ပြောရ မျက်စိက မကလက်နဲ့ […]


Shwe EiMarch 14, 20153min31733
-ကျွန်မတို့ ရွာသူား တွေထဲမှာ ကျွန်မနဲ့ နီးစပ်တဲ့ မိတ်ဆွေအသိုင်းဝိုင်းထဲမှာ..တခါလောက်များ…ပဆံကြောင့် ကျောင်းထွက်ရတဲ့…ငွေရှာရတဲ့..ငယ်ဘဝကို -ဖြတ်သန်းဘူးသူရှိပါရဲ့လားလို့ သိချင်မိတယ်။ -ကိုယ့်အနေနဲ့ စဉ်းစားရမယ်ဆိုရင်တေ့ာ..အဲလို ဘဝမျိုး စိတ်နဲ့တောင် မတွေးရဲ..တွေးဖို့ အကြောင်းလဲ ပေါ်မလာအောင်..ဝိုင်းဝန်း ပံ့ပိုးပေးခဲ့တဲ့.. -မိဘဆွေမျိုးတွေလဲရှိတာကိုး။ -စားစရာမရှိရင် နေပစေ..စာတတ်ရမယ်ဆိုတဲ့ ခံယူချက်မျိုး ခေါင်းထဲဝင်အောင် ရိုက်သွင်းပေးနိုင်ခဲ့တဲ့..မိဘနှစ်ပါးရဲ့ ကျေးဇူး..ကြီးမားလှပါတယ်။ -ဒီအရွယ်ကျမှာ ကျေးဇူးသိတတ်နေလိုက်တာ..နဲနဲတောင် နောက်ကျနေပြီလား မသိပေမယ့်…တစ်လ တစ်လ ဒါဇင်ပလပ်စ်အလှူလုပ်ဖြစ်တိုင်း…အစိုးရကျောင်းဆိုတာ -ဘယ်နေမှန်းမသိတဲ့ တောခေါင်ခေါင်မှာ … ဘက ကျောင်း အားကိုးနဲ့ စာသင်နေရတဲ့…ပညာတတ်ဖြစ်ဖို့ မရေရာတဲ့ အနာဂတ်ရဲ့ ပဲ့ကိုင်ရှင်လေးတွေကို မြင်တိုင်း.. -ငါ…ကျောင်းတက်နိုင်ခဲ့ပါလားဆိုတာမျိုးတွေးပီး သက်ပြင်းရှိုက်မိပါတယ်။ -ဘက ပညာရေးဟာ ပဆံမတတ်နိုင်တဲ့ ကျောင်းနေအရွယ် ခလေးမှန်သမျကို စာတတ်စေမယ်လို့ တထစ်ချ မပြောနိုင်ပေမဲ့.. -အနည်းဆုံးတော့..စားစရာမရှိသော်လည်း..ခလေးကို ငွေမရှာခိုင်းဘဲ စာတတ်စေချင်တဲ့ စေတနာ […]


Shwe EiJanuary 20, 20151min51027
.မြားကိုလေးပေါ်တင်ပြီး ပစ်လိုက်လျှင် .နောက်ကို ပြန်မလှည့်တော့ဘဲ တုံ့ဆိုင်းခြင်းမရှိ .ရှေ့ပြေးဘိသကဲ့သို့ . မိမိ နှလုံးသား အဓိဌာန်ကို .စိတ်အင်အားသတ္တိတည်းဟူသော လေးပေါ်သို့ .တင်ပြီးပစ်လိုက်နိုင်ပါလျှင် .ဘယ်မျှ ခက်ခဲသော အရာကြီးပင်ဖြစ်ပါစေ . အောင်မြင်နိုင်မည်မှာ အမှန်ဖြစ်ပါသည်။ ၁) ယောက်ျားကောင်းဆိုတာ ဆုမတောင်းရဘူးကွ..ဆုပန်ရတယ် …..သုမေဓာ ရှင်ရသေ့က ဒီပင်္ကရာ ဘုရားရှေ့မှာ ဘုရားဆုပန်ခဲ့တယ်ဆိုတာ ဒီပင်္ကရာ ဘုရားရှင်က …ဘုရားဖြစ်သွားအောင် လုပ်ပေးနိုင်လို့မှမဟုတ်ဘဲ ၂) လူကြီးတွေရဲ့ နှလုံးသား အနာဂတ်လူငယ်တွေ အတွက်………. စသည့် စကားမျိုးကို အလွန်ပြောကြပါသည်။ ယခုတလော ရုပ်မြင်သံကြား နိုင်ငံတကာသတင်း ဥရောပ အခြေအနေ တင်ပြချက်ထဲက လူနာကလေး ကလေးဒုက္ခသည် ကလေးစိတ်ဝေဒနာသည်ကလေးများကို မြင်လိုက်ရတိုင်း ကျွန်တော်တို့ လူ ကြီးတွေဟာ အပြောနဲ့အလုပ် ဟုတ်မှဟုတ်ကြပါရဲ့လား ဆိုတာမျိုး […]


Shwe EiNovember 23, 20141min36434
(၁) စာသင်ခန်းသို့ ခြေလှမ်းကျဲကျဲလှမ်းဝင်သွားသော ဆရာ့ကို ဖျတ်ခနဲလှမ်းမြင်လိုက်ရသည်နှင့် ကျွန်မတို့ အုပ်စု ကန်တင်းမှ လွယ်အိတ်ကိုယ်စီဆွဲရွေ့ သုတ်ခြေတင်လာခဲ့ကျသည်။ ဆရာလက်ချာစပေးနေပြီ။ တံခါးပေါက်နှင့်အနီးဆုံး နောက်ဆုံးခုံတန်းမှာ ခပ်တည်တည်နေရာယူလိုက်ပြီးနောက် လွယ်အိတ်ကို ဖွင့်လိုက်တော့ လက်ချာလိုက်ဖို့ ဗလာစာအုပ်တစ်အုပ်တစ်လေတောင်မပါ။ ဂွတော့ကျဘီ။ ဘယ့်နှယ့်ကျောင့် ဖတ်စာအုပ်တွေကြီး ထည့်ပီးကျောင်းလာတက်မိပါလိမ့်။ ဘေးဘီဝဲယာမျက်လုံးကစားလိုက်တော့ အနိုင်ကျင့်လို့ရမဲ့တစ်ယောက်ကဘေးနားမှာ အခန့်သားထိုင်ပီး လက်ချာလိုက်နေပေပြီ။ S – ဟဲ့ ငရဲ နင့်စာအုပ်ပေး..ငါလက်ချာလိုက်မလို့ Y – ဟမ် ငါ့စာအုပ်နင့်ပေးတော့ ငါကဘာနဲ့ လက်ချာလိုက်ရမှာတုန်း S – ပေးဆိုပေးစမ်းပါ..ဟိုမှာ ဆရာကြည့်နေဘီ.. Y – အေး..အေး ယူဟာ ပြောတာမှ နောက်ကျနေသေးသည် စာအုပ်ကလက်ထဲရောက်နေပြီကို ပေကပ်ကပ်လုပ်နေသေးအိ။ Y – ဟဲ့ ငါကဘာနဲ့လက်ချာလိုက်မှာတုန်းဆို S – […]


Shwe EiOctober 12, 20141min22516
ရွာသူားအားလုံးမင်္ဂလာဘာ ဒါဇင်ပလပ်စ် ပို့စ်တင်ဖို့ ပျက်ကွက်ခဲ့တာ ၃လလောက်ရှိပါပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ရွာထဲကို စာဝင်မဖတ်ဖြစ်တာတောင် တစ်ပတ်က နှစ်ပတ် အချိန်ပိုစိပ်လာလို့ ရုံးပိတ်ရက် တစ်ရက် တတ်နိုင်သမျ အချိန်ဖဲ့ယူပြီး ပို့စ်တင်လိုက်တာပါ။ အရင်လို အလှူပို့စ် လစဉ်တင်ဖြစ်ဖို့ မသေချာတာကြောင့် အနဲဆုံး ၃လတခါလောက် ပေါင်းပြီး ပို့စ်တင်နိုင်အောင် ကြိုးစားပါ့မယ်လို့။ လတိုင်း မလိုက်နိုင်တဲ့ အလှူရှင်တွေ အတွက် လှူဖြစ်ခဲ့သမျ ကျောင်းတွေ မှတ်မိသလောက် အကျဉ်းချုပ်ဖေါ်ပြလိုက်ပါတယ်။ (၂၄) ကြိမ်မြောက် ဒါဇင်ပလပ်စ်အလှူ ဒဂုံဆိပ်ကမ်းမြို့နယ် ပါရမီဘုန်းတော်ကြီးသင် ပညာရေးကျောင်း (အစိုးရထောက်ပံ့မှုမှရှိသောကိုယ်ထူကိုယ်ထကျောင်း) (၂၅) ကြိမ်မြောက် ဒါဇင်ပလပ်စ်အလှူ သီလဝါသီလရှင်သင် ပညာရေးကျောင်း (သံလျင်) (အစိုးရထောက်ပံ့မှုမှရှိသောကိုယ်ထူကိုယ်ထကျောင်း) (၂၆) ကြိမ်မြောက် ဒါဇင်ပလပ်စ်အလှူ လိုတရဟင်္သာတကျောင်းတိုက် (ပရဟိတဓမ္မရိပ်သာ-လှော်ကား) (အစိုးရထောက်ပံ့မှုမှရှိသောကိုယ်ထူကိုယ်ထကျောင်း) အခုဆက်လက်ဖေါ်ပြမဲ့ […]


Shwe EiSeptember 4, 20141min31439
(၁) ပွိုင့်စိမ်းဘီဟေ့ ဆိုသော အသံနဲ့အတူ ဆောင့်ထွက်လိုက်သော ဘတ်စ်ကားပေါ်သို့ မီးပွိုင့်မှ ကားတက်စီးကြသော သူငယ်မတစ်စု အပြေးအလွှားခုန်တက်လာတာမြင်လိုက်၏။ ကားခပ်ချောင်ချောင်ပေါ်တွင် သက်တောင့်သက်သာ စီးရချည်ရဲ့အောက်မေ့ နေရာမှ ပွိုင့်ဖြတ်မယ်နော် တန်းတွေ ကွင်းတွေ ကိုင်ထား ဟူသော အသံနှင့်အတူ ဒေါက်ဖိနပ်ချွန်ချွန်နှင့် ခြေဖမိုးကို အားပါးတရတက်နင်းခံလိုက်ရလေသည်။ ကားပေါ်တက်တက်ချင်း မှီရာလှမ်းဆွဲဖို ့ မစဉ်းစားဘဲ ထိုင်ခုံနေရာရှာနေသော အနှီ ပေမမှီဒေါက်မမှီ တစ်ယောက်ကို ခပ်ချဉ်ချဉ်ရှိတာနဲ့ မျက်စောင်းလှည့်ထိုးလိုက်မိသည်။ ဘယ့်နှယ့်တော် ဒေါက်ဖိနပ်အချွန်စီးပီး တန်းမမှီရတဲ့ကြားထဲ ထိုင်ခုံလဲရှာနေသေး ကိုဖာသာ အေးဆေးရပ်နေတဲ့လူခြေထောက်ကို လဲ လာတက်နင်းရသေး…ဒွတ်ခ (၂) ကဲ ဒီဘက်က အမ အပေါက်ဝပိတ်မရပ်နဲ့ အလယ်ခေါင်ကိုတိုး….ကားကအချောင်ကြီးကို ဘယ့်နှယ့်အေပေါက်ပိတ်ရပ်နေတုန်း…ကွကို မစီတတ်ရင် စပယ်ယာဝင်လာလိုက်မယ်နော်…အိုက်ကျမှ ဘာဖစ်တယ် ညာဖစ်တယ် မလာနဲ့ ..ဟွန်း သောက်ကျိုးနဲ […]


Shwe EiAugust 30, 20142min20513
တစ်ပတ်ကိုခေါင်းဘယ်နှစ်ကြိမ်လျှော်လေ့ရှိသလဲ????? -ခေါင်းလျှော်တဲ့အကြိမ်ရေဘယ်လောက်များများရှိသင့်ပါသလဲ???? ဒီလိုမေးခွန်းမျိုးကိုအလှပြင်ဆိုင်တွေမှာခေါင်းသွားလျှော်တိုင်းကျွန်မအနေနဲ့ မေးလေ့ရှိပါတယ်။ ယုံချင်ယုံမယုံချင်နေအဖြေကတော့ ရိုးရိုးလေးပါဘဲ။ ကဲအဖြေအတွက် အဆင်သင့်ဖြစ်ပြီလား ??? -ခေါင်းကိုလျှော်နိုင်သမျှ အကြိမ်ရေနည်းနည်းဘဲလျှော်ပါ။ ကွန်ပျူတာစခရင်ကို ကြည့်ပြီးမျက်စိလည်နေပြီလား။ လျှော်နိုင်သမျှ အကြိမ်ရေနည်းနည်းလျှော်ဆိုတဲ့ အရေအတွက်ကဘယ်လောက်ဖြစ်မယ်ထင်ပါသလဲ။ ဒီအဖြေကိုပြောဖို့ အတွက် ပထမဆုံးသိစေချင်တာကဆံပင်ကိုလျှော်တယ်ဆိုတာဆံပင်သန့်ရှင်းရေးလုပ်ရုံသက်သက် မဟုတ်ဖူးဆိုတာပါဘဲ။ ဒါဟာကျန်းမာတဲ့ဦးရေပြားရရှိအောင် ထိန်းသိမ်းတာမျိုးပါ..ဒါပေမဲ့ ဦးရေပြားယားယံမှုကိုသက်သာစေဖို့ တနေ့တကြိမ် ခေါင်းလျှော်နေရတာမျိုးကျတော့ ကံမကောင်းစွာနဲ့ဘဲ ကျန်းမာတဲ့ဦးရေပြားလုံးဝမဟုတ်ဘူးဆိုတာ သိထားရပါမယ်။ ဆပ်ပြာ(ခေါင်းလျှော်ရည်)တွေဟာသင့်ဆံပင်ကိုကျန်းမာရေးကောင်းစေတဲ့ အဆီတွေကိုထိန်းသိမ်းထားပေးတဲ့ ဦးရေပြားအလွှာကို ခွါချပစ်လိုက်ပါတယ်။ အိုက်လိုလုပ်လိုက်တာနဲ့ တပြိုင်နက် အဆီထိန်းလွှာဟာအဆီတွေကိုမထိန်းသိမ်းနိုင်တော့တဲ့အတွက် (စိတ်ဆိုးဆိုးနဲ့) ပိုများတဲ့အဆီတွေကိုထုတ်ပေးပါတော့တယ်။ အဆီထွက်တာများလေဆံပင်မှာစေးကပ်ကပ်ဖြစ်လေပါဘဲ။ ဒါနဲ့ဘဲခေါင်းထပ်လျှော်ရပြန်ပါရော။ အပြန်ပြန်အလှန်လှန် အဆီထွက်လိုက် ခေါင်းလျှော်လိုက် သံသရာမှာနေ့တိုင်းလည်ပတ်နေရတာစိတ်ရှုပ်စရာပါဘဲ။ ဒီလိုကိစ္စမျိုးတွေကိုရှင်လဲကြုံဖူးသိဖူးပြီးသားဖြစ်မှာပါ။ ဆံပင်ကိုနေ့တိုင်းလျှော်ခြင်းရဲ့ ကြီးမားတဲ့ အကျိုးဆက်ကဘာပါလဲ???? ကျွန်မဆီကိုလာတဲ့ လူနာအများစုကတော့ နေ့တိုင်းခေါင်းလျှော်ရမှဖြစ်မယ်လို့ပြောကြပါတယ်။ စေးကပ်ကပ်ဖီလင်ကိုမခံစားနိုင်လို့ပါတဲ့။ အဆီထွက်များလွန်းတဲ့ ဦးရေပြားကလဲသည်းမခံနိုင်စရာပါဘဲ။ ကျွန်မလဲဒါကိုကောင်းကောင်းနားလည်ပါတယ် အမျိုးသမီးတို့ရေ။ […]


Shwe EiAugust 25, 20141min20514
ဗောက်ထမှိုစွဲခြင်းရောဂါတမျိုးအတွက် သဘာဝဆေးနည်း (၄)မျိုး သဘာဝဆေးဘက်ဝင်ပစ္စည်း တော်တော်များများကို ဗောက်ထမှိုစွဲတဲ့ရောဂါ တနည်းအားဖြင့် ရိုးစင်းတဲ့အရေပြားပြဿဿဿ နာတစ်မျိုးကို ကုသတဲ့နေရာမှာ သုံးလို့ရပါတယ်။ တချို့ကိတ်စတွေမှာတော့ ဦးရေပြားတွေခြောက်ပြီးကွာကျတာဟာ ကိုယ့်ပတ်ဝန်းကျင်က အကျိုးသက်ရောက်မှုတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဥပမာ…အခန်းထဲမှာရှိနေတဲ့လေဘဲဖြစ်ဖြစ် အပြင်ဘက်လေထုဘဲဖြစ်ဖြစ် ခြောက်သွေ့နေတာမျိုးပေါ့။ ပုံမှန်အားဖြင့်တော့ dandruff (ဦးရေပြားဆဲလ်သေတွေဟာ အဖတ်တွေအဖြစ်နဲ့ကွာကျလာတာ), eczema သို့မဟုတ် atopic dermatitis (အရေပြားမူမမှန်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဦးရေပြားခြောက်သွေ့ယားယံခြင်း နီရဲယောင်ယမ်းခြင်းတို့ဖြစ်စေပါတယ် ) and psoriasis (အရေပြားရဲ့ နာတာရှည်ယားယံမှုတစ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာကို ပိုဆိုးမလာအောင် ထိန်းပေးရုံအပြင် တခြားနည်းလမ်းမရှိတဲ့ ရောဂါတစ်မျိုး) စတာတွေနဲ့ စပ်ဆက်ပြီးဖြစ်တာမျိုးပါ။ အောက်မှာ ဆက်ပြောမှာတွေကတော့ အလုပ်ဖြစ်တယ်လို့ပြောလို့ရတဲ့ သဘာဝဆေးနည်းတချို့ပါ။ ၁) Hair Oils ခေါင်းလိမ်းဆီတွေကတော့ ဦးရေပြားရဲ့ အစိုဓါတ်ကိုပြန်ထိန်းပေးခြင်းအားဖြင့် ဦးရေပြားခြောက်သွေ့ကွာကျမှုကို ကုသပေးပါတယ်။ […]