ဦးကောက်April 18, 20111min520
ငလျင်နှင့်ဆူနာမီသဘာဝဘေးဒဏ်ကျရောက်ခဲ့သော ဂျပန်နိုင်ငံမှ အမှာစာပေးပို့မှုလျော့ကျခြင်းမရှိသောကြောင့် ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းများ အပါအဝင် လက်ခစားအပ်ကုန်စနစ်လုပ်ငန်း (CMP-Cut, Manufacture, Produce) အများစုအပေါ် လုပ်ငန်းထိခိုက်မှုမရှိသေးကြောင်း အဆိုပါအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရပါသည်။ “မြန်မာနိုင်ငံက လက်ခစားအပ်ကုန်စနစ် လုပ်ငန်းတွေရဲ့ ဈေးကွက် ၆ဝ ရာခိုင်နှုန်းဝန်းကျင်က ဂျပန်နိုင်ငံဖြစ်ပါတယ်။ ဂျပန်မှာဖြစ်ခဲ့တဲ့ ငလျင်နဲ့ဆူနာမီကြောင့် ပြည်တွင်းလက်ခစားလုပ်ငန်းတွေထိခိုက်မှု ရှိ၊ မရှိ စောင့်ကြည့်ခဲ့ပေမယ့် အခုချိန်ထိ အမှာစာပေးပို့မှုလျော့နည်းတာမျိုး မဖြစ်သေးသလို အမှာဖျက်သိမ်းတာလည်းမရှိသေးပါဘူး။ ပုံမှန်အတိုင်း လည်ပတ်နေပါတယ်” ဟု လက်ခစားအပ်ကုန်စနစ် အထည်ချုပ် လုပ်ငန်းရှင်တစ်ဦးကပြောပြခဲ့သည်။ “ကျွန်တော်တို့စက်ရုံက  ဂျပန်ကိုဖိနပ်တင်ပို့နေတာပါ။ လက်ခစားအပ်ကုန် စနစ်ပဲဖြစ်ပါတယ်။ အခုချိန်ထိအမှာစာ ပုံမှန်ပေးပို့နေတုန်းပါ။ ဂျပန်ငလျင်နဲ့ဆူနာမီကြောင့် ဂျပန်နိုင်ငံရဲ့နေရာတချို့မှာ ထိခိုက်မှုအများအပြားရှိပေမယ့် ဂျပန်ဈေးကွက်က ကြီးမားတာကြောင့် ဖြစ်နိုင်ပါတယ်။ အခုချိန်ထိ ပုံမှန်အနေအထားပါ”ဟု ဖိနပ်စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ထင်မြင်ချက်ပေးပါသည်။ လက်ခစားအပ်ကုန်စနစ် […]


ဦးကောက်April 17, 20112min732
ရန်ကုန်သင်္ကြန်သည်အ တက်နေ့တွင် ယခင်နေ့များထက် ပိုမိုစည်ကားခဲ့သည်။ မဏ္ဍပ်ကြီးများရှိသော ကန်တော်ကြီး ကန်ပတ်လမ်း၊ ပြည်လမ်းနှင့် ကမ္ဘာအေးစေတီလမ်းတို့တွင်သာမက အခြားနေရာများ၌လည်း စည်ကားခဲ့သည်။ “ဒီနေ့ သင်္ကြန်နောက်ဆုံးနေ့မို့ထင်တယ် မနက်ပိုင်းကတည်းကစည်နေတာ။ ညနေပိုင်းမှာရေပက်ခံထွက်တဲ့သူတွေ ပိုများလာပြီးစည်လာတယ်။ ဆင်ခြေဖုံးရပ်ကွက်တွေမှာဆိုရင် မဏ္ဍပ်မရှိပဲနဲ့စည်တယ်။ နောက်ဆုံးနေ့လည်း ဖြစ်တယ်။ လုံခြုံရေးတွေလည်း အပြည့်ချထားတော့ လူတွေစိတ်ချလက်ချနဲ့ ရေကစားခဲ့ကြတယ်ထင်ပါတယ်။ မြန်မာ့ရိုးရာ အတာသင်္ကြန်ကို အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ရတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်”ဟု ကားဖြင့် ရေပက်ခံထွက်သူတစ်ဦးက ပြောပါသည်။ ရပ်ကွက်အချို့တွင်လည်းအုန်းလက်မဏ္ဍပ်များထိုး၍လည်းကောင်း၊ ပါဆယ်ထုတ်၍လည်း မုန့်လုံးရေပေါ်၊ သာကူ၊ ကြာဆံဟင်းများဖြင့် စတုဒိသာကျွေးခဲ့သည်ကို တွေ့ခဲ့ရသည်။ ကန်တော်ကြီးကန်ပတ်လမ်းရှိ မဏ္ဍပ်တစ်ခုတွင် CCTV တပ်ဆင်ထားသည်ကို တွေ့ရစဉ် သင်္ကြန်အတက်နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် စတုဒိသာမဏ္ဍပ်တစ်ခုကို တွေ့ရစဉ် သင်္ကြန်အတက်နေ့ ကန်တော်ကြီး ကန်ပတ်လမ်း မြင်ကွင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မဏ္ဍပ်ကို သင်္ကြန်အတက်နေ့က […]


ဦးကောက်April 17, 20114min643
၁၃၇၂ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အကြတ်နေ့ကို မြန်မာနိုင်ငံအနှံ့တွင် ဆင်နွဲခဲ့ကြသည်။ နိုင်ငံအတွင်းရှိ မြို့ကြီးများတွင် နှစ်သစ်ကူးရေသဘင်ပွဲတော်ကို စည်ကားစွာကျင်းပခဲ့ကြပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ ဖျော်ဖြေရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များဖြင့် ပျော်ရွှင်စွာဆင်နွဲခဲ့ကြသည်ကို တွေ့ရသည်။ ရန်ကုန် သင်္ကြန်အကြတ်နေ့ သင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့ ပြည်လမ်း မြင်ကွင်း သင်္ကြန်အကြတ်နေ့ လှိုင်သာယာ သင်္ကြန်ရေကစားမှု မြင်ကွင်း သင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့ ကန်တော်ကြီးကန်ပတ်လမ်း ရေကစားမှု မြင်ကွင်း သင်္ကြန်အကြိုနေ့တွင် ရေကစားသူနှင့် ရေပက်ခံထွက်သူ နည်းပါးခဲ့သော်လည်း သင်္ကြန်အကျနေ့၌ ရေကစားသူနှင့် ရေပက်ခံထွက်သူများ ပြန်လည် စည်ကားခဲ့သည့် အလျောက် ယနေ့ သင်္ကြန်အကြတ်နေ့တွင်လည်း ရေကစားသူနှင့် ရေပက်ခံထွက်သူများဖြင့် ဆက်လက်စည်ကားခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုသို့တွေ့ရှိရာတွင် သင်္ကြန်အကြတ်နေ့က လူစည်ကားရာနေရာများဖြစ်ကြသော ကန်တော်ကြီးကန်ပတ်လမ်း၊ ပြည်လမ်းမနှင့် ကမ္ဘာအေးစေတီလမ်းတို့သာမက […]


ဦးကောက်April 17, 20113min441
၁၃၇၂ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အကျနေ့ကို မြန်မာနိုင်ငံအနှံ့တွင် ဆင်နွဲခဲ့ကြသည်။ နိုင်ငံအတွင်းရှိမြို့ကြီးများတွင် နှစ်သစ်ကူးရေသဘင်ပွဲတော်ကို စည်ကားစွာကျင်းပခဲ့ကြပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ ဖျော်ဖြေရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များဖြင့် ပျော်ရွှင်စွာဆင်နွဲခဲ့ကြသည်ကို တွေ့ရသည်။ ရန်ကုန် သင်္ကြန်အကျနေ့ ဧပြီလ ၁၄ရက်နေ့ သင်္ကြန်အကျနေ့ နံနက် ၁ဝနာရီက ရန်ကုန်မြို့ ကန်တော်ကြီးကန်ပတ်လမ်း မြင်ကွင်း ဧပြီလ ၁၄ရက်နေ့ သင်္ကြန်အကျနေ့ ညနေ ၄နာရီခွဲဝန်ကျင်က ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့ မြင်ကွင်း ဧပြီလ ၁၄ရက်နေ့ သင်္ကြန်အကျနေ့ နံနက် ၁၁နာရီဝန်ကျင်က ရန်ကုန်မြို့ ပြည်လမ်းရှိ Air Bagan မဏ္ဍပ် မြင်ကွင်း သင်္ကြန်အကြိုနေ့က ရေကစားသူနှင့် ရေပက်ခံထွက်သူ နည်းပါးခဲ့သော်လည်း သင်္ကြန်အကျနေ့တွင်မူ နှစ်စဉ်လူစည်ကားရာနေရာများ ဖြစ်ကြသော ကန်တော်ကြီးကန်ပတ်လမ်း၊ ပြည်လမ်းမနှင့် ကမ္ဘာအေးဘုရားလမ်းတို့သာမက […]


ဦးကောက်April 17, 20113min300
ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ နံနက် ၈နာရီက ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားမြင်ကွင်း ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲတက်ရောက်ခဲ့သည့် ရန်ကုန်မြိုတော်ဝန် ဦးလှမြင့် အကြိုနေ့ ရန်ကုန်သင်္ကြန် ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ကို ဧပြီလ ၁၃ ရက် နေ့(သင်္ကြန်အကြိုနေ့)၊ နံနက် ၈ နာ ရီတွင် ဖွင့်လှစ်ခြင်းနှင့်အတူ ၁၃၇၆ ခုနှစ် ရန်ကုန်မဟာသင်္ကြန်ကို စတင်ခဲ့သည်။ သို့သော် ရန်ကုန်သင်္ကြန်အကြိုနေ့မှာ ယခင်နှစ်များက နှစ်စဉ်ကြိတ်ကြိတ်တိုးစည်ကားမြဲ လမ်းမကြီးများတွင် စည်ကားသကဲ့သို့ ယခုနှစ် အကြိုနေ့တွင် သင်္ကြန်ကား၊ သင်္ကြန်လည်ပတ်သူများ များပြားခြင်းမရှိခဲ့ဟု အကြိုနေ့ရေကစားထွက်သူများက နှိုင်းယှဉ်ပြောကြားခဲ့ကြသည်။ မဏ္ဍပ်ကြီးများတည်ရှိရာ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကန်တော်ကြီးကန်ပတ်လမ်းများမှ အပ အခြားနေရာများတွင် သင်္ကြန်ကား၊ သင်္ကြန်ကိုလမ်းလျောက်လည်ပတ်သူများ ယခင်နှစ်များထက်နည်းပါးခဲ့သည်။ ကမ္ဘာအေးစေတီလမ်းပေါ်ရှိ […]


ဦးကောက်April 17, 20112min470
မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်မြို့တွင် နေထိုင်သူများ ဘုရားဖူးသွားခြင်း၊ ငှက်ဘေးမဲ့လွှတ်ခြင်း၊ ငါးဘေးမဲ့လွှတ်ခြင်း နှင့် စတုဒီသာကျွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် ရန်ကုန်မြို့ရှိ ပြည်သူ့ဥယျာဉ်၊ Happy World ခေတ်မီသဘာဝဥယျာဉ်၊  တိရိစ္ဆာန်ဥယျာဉ်နှင့် ကန်တော်ကြီး အပန်းဖြေဥယျာဉ်တို့တွင်လည်း လာရောက်အပန်းဖြေသူများ၊ ဆော့ကစားသူများဖြင့် စည်ကားခဲ့သည်ကို တွေ့ရသည်။ တောင်ဥက္ကလာပမြို့နယ်တွင် စတုဒီသာအဖြစ် ထမင်းထုပ်များဝေနေသည်ကို တွေ့ရစဉ် ကမ္ဘာအေးစေတီတော်သို့ ဘုရားဖူးလာသူများ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာသူများကို မြောက်ဘက်စောင်းတန်းတွင်တွေ့ရစဉ် ရွှေတိဂုံစေတီတော် ဘုရားဖူးလာသူများ ရွှေတိဂုံဘုရား အရှေ့မြောက်မုဒ် သွေးဆေးကန်တွင် ဇိဝိတဒါန ငါးလွှတ်နေကြသူများ ရွှေတိဂုံစေတီတော်ပေါ်တွင် သွေးလှူဒါန်းနေကြသူများ မဟာဝိဇယစေတီတွင် အအေးဖြင့် စတုဒီသာတိုက်ကျွေးနေသည် တွေ့ရစဉ် မဟာဝိဇယစေတီတော်တွင် နေမင်းမှအလင်းရောင်ဖြင့် ပူဇော်နေသည်ကို လာရောက်ဖူးမျှော်နေသူများ မဟာဝိဇယစေတီတော်တွင် နေမင်းမှအလင်းရောင်ပူဇော်နေသည်ကို လာရောက်ဖူးမျှော်နေသူများ နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီးတွင် ဘိုးဘွားများအား […]


ဦးကောက်April 12, 20111min1411
သင်္ကြန်မိုး ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်း ဧပြီလ ၁၃ ရက်နေ့မှ ၁ရ ရက်နေ့ထိ မြန်မာ့ရုပ်သံတွင် သင်္ကြန် အထူးအစီအစဉ် ထုတ်လွှင့်မှုအဖြစ် သတ်မှတ်ထာပြီး အဆိုပါ ရက်များအတွင်း ‘သင်္ကြန်မိုး’၊ ‘သူများပြောတိုင်းတို့မယုံ’၊ ‘ရာသက်ပန်’၊ ‘မမုန်းလေနဲ့ငပလီ’နှင့် ‘မောင်တို့ချယ်ရီမြေ’ ရုပ်ရှင်ဇာတ်ကားများကို ထုတ်လွှင့် ပြသသွားမည်ဟု သိရသည်။ သင်္ကြန်အကြိုနေ့ ဖြစ်သည့် ဧပြီလ ၁၃ ရက်နေ့တွင် သင်္ကြန်မိုး ဇာတ်ကားကို ည ၈နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။ ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့ ည ၉ နာရီတွင် ‘သူများပြောတိုင်းတို့မယုံ’ ဟာသ ဗီဒီယိုဇာတ်ကားကို ထုတ်လွှင့်မည် ဖြစ်သည်။ သင်္ကြန်အကြတ်နေ့ ဖြစ်သည့် ဧပြီလ ၁၅ ရက်နေ့ ည […]


ဦးကောက်April 10, 20111min572
  London School of Commerce Campus အား တွေ့ရစဉ် ယူကေရှိ တက္ကသိုလ်၊ ကောလိပ်များသို့ တက်ရန် ကျောင်းသားဗီဇာ လျှောက်ထားမည့် မြန်မာများမှာ မိမိဘဏ်စာရင်းမှာ အစစ်အမှန်ဖြစ်ကြောင်း ဝန်ခံကတိပြုရမည့်အပြင် ဘဏ်များကိုလည်း အသေးစိတ် မှတ်တမ်းတင် စိစစ်သွားမည် ဖြစ်ကြောင်း မတ်လ ၃၁ ရက်နေ့က UK Border Agency ထုတ်ပြန်ချက်အသစ်တွင် ပါရှိသည်။ ယင်းကဲ့သို့ ကျောင်းသားဗီဇာ လျှောက်ထားမှု ကန့်သတ်တင်းကြပ်ရခြင်းမှာ ၂၀၀၉ ခုနှစ်က ကျောင်းသား ဗီဇာအပေါ် အလွဲသုံးမှုများ ပြုလုပ်ကာ နိုင်ငံတွင်း နေထိုင်ခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့ခြင်းနှင့် ယူကေကျောင်းသားဗီဇာ ပြုပြင်ပြောင်းလဲခြင်း စည်း မျဉ်းသစ်များကိုမူ ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် စတင်မည် ဖြစ်ကြောင်း UK […]


ဦးကောက်April 10, 20111min561
ကျော်ကျော်ဗို ကျွန်တော် သင်္ကြန်ရက်မှာ အနားယူအပန်းဖြေပြီး အိမ်မှာသမီး ကို အဖော်လုပ်ပေးမယ်။ သင်္ကြန်ရက် တွေမှာလည်ဖို့ အစီအစဉ်မရှိပါဘူး။ သင်္ကြန်မတိုင်ခင်အထိ ဇာတ်ကား ရိုက်တွေရှိတယ်။ သင်္ကြန်ပြီးရင်တော့ ကျွန်တော်တို့ နှင်းဆီအဖွဲ့နယူးဇီလန် ကို ဖျော်ဖြေရေးခရီး သွားဖို့ရှိပါတယ်။ သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့ က ကျွန်တော့်မွေးနေ့လည်းဖြစ်တော့ နှစ်စဉ် နှစ်ဆန်းတစ်ရက်နေ့ ဆိုရင် အလှူဒါနပြုလေ့ရှိပါတယ်။ ဒီနှစ်မှာလည်း နှစ်ဆန်းတစ်ရက်နေ့ကို အလှူ ဒါနတစ်ခု ခုပြုရင်း ဖြတ်သန်းမှာပါ။ နေတိုး သင်္ကြန်မတိုင်ခင်အထိ ကျွန် တော် ၁၂ နာရီ သတို့သားရုပ်ရှင်ကား ကြီးရိုက်နေတယ်။ ဒီနှစ်သင်္ကြန်မှာ တော့ ကျွန်တော်အိမ်မှာပဲ အနားယူရင်း အေးအေးဆေးဆေးဖြတ်သန်း မှာပါ။ သင်္ကြန်ရက်မှာ ရန်ကုန်အိမ် မှာရှိနေမယ်။ သင်္ကြန်ပြီးရင်တော့ ကားရိုက်ကျန်တာလေးတွေ ဆက်ရိုက်ဖို့ရှိတယ်။ သင်္ကြန်မှာ မင်းသွေး […]


ဦးကောက်April 10, 20111min662
၂၀၁ဝပြည့်နှစ် ဒီဇင်ဘာလအတွင်းက သက်ကြီးစာပေပညာရှင်ပူဇော်ပွဲ၌ ဆရာပါရဂူအား တွေ့ရစဉ် ဘာသာရေးနယ်ပယ်တွင်သာမက စာပေနယ်ပယ်၌ပါ ထင်ရှားသူ တစ်ဦးဖြစ်သည့် ဆရာပါရဂူ(အသက် ၉ဝနှစ်)သည် ဧပြီလ ၉ရက် နေ့နံနက် ၁ဝနာရီအချိန်တွင် ရန်ကုန်မြို့ရှိ အာရှတော်ဝင်အထူးကုဆေးခန်း၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း သိရပါသည်။ သိဒ္ဓတ္ထ၊ ဒိဗျာ၊ တော်လှန်သောအတွေးအခေါ်၊ တရားရေစီးကြောင်း၊ စိတ္တရလေခါအစရှိသော စာအုပ်များဖြင့် ထင်ရှားခဲ့သော ဆရာပါရဂူသည် ၁၉၂၁ခုနှစ်ဖွားတစ်ဦးဖြစ်ပြီး  ဟင်္သာတခရိုင်၊ သနွံသနော့ကျေးရွာ ဇာတိ ဖြစ်ပါသည်။ ”ဆရာပါက စာပေနဲ့ပတ်သက်ပြီး လေးစားယုံကြည်တဲ့ ပုဂ္ဂိုလ်ဖြစ်သလို စာကို အမြဲတန်းရေးနေပြီး ရေးသမျှလည်း ကောင်းအောင်ရေးတဲ့သူဖြစ်တာမို့ သူ့ကို အတုယူရမှာဖြစ်ပါတယ်။ သူရဲ့သိဒ္ဓတ္ထဆိုရင်လည်း ပရိသတ် တွေအပေါ်မှာ ဩဇာအရမ်းကြီးခဲ့ပါတယ်။ တခြားစာအုပ်တွေနဲ့ ဆောင်းပါးများစွာကလည်း လူငယ်တွေကို လွှမ်းမိုးမှုများစွာရှိခဲ့ပါတယ်”ဟု စာပေနယ်သို့ ဆရာပါရဂူဝင်ရောက်ချိန်ကပင် သိကျွမ်းရင်းနှီးခဲ့သော ဆရာမောင်မိုးသူက […]


ဦးကောက်April 9, 20111min20715
ကာမစိတ်ကို နှိုးဆွနိူင်သော ကော်ဖီမစ်များ ဈေးကွက်အတွင်း တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် တွင်ကျယ်စွာတင်သွင်းရောင်းချနေခြင်းကြောင့် လူငယ်များ အကြားအသုံးချမှု မှားယွင်းကာမလိုလားအပ်သော လူမှုရေးပြဿနာများဖြစ်လာနိူင်စရာရှိကြောင်း၊ ယင်းကဲ့သို့ဖြစ်လာနိူင်သည့် အခြေအနေများကိုတွေးဆ၍ မိဘများနှင့်ဆရာ၊ ဆရာမတချို့မှလည်း စိုးရိမ်ပူပန်လျက်ရှိကြောင်းသိရသည်။ ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။ အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင် ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေးခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုုးကြွစေနိူင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိူင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသားထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူကြကြောင်းတွေရှိရသည်။ ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများ သတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။ ကော်ဖီဧ။် ဈေးနှုန်းမှာလည်း အများဝယ်ယူသုံးစွဲ နိူင်သော အနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ […]


ဦးကောက်April 8, 20111min551
ဂျပန်နိုင်ငံမှာ ပြင်အား ၇.၄ ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားပါတယ်။ ဂျပန်စံတော်ချိန် ည ၁၂ နာရီ ထိုးခါနီးလောက်မှာ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဘက်မှာ မြေငလျင် လှုပ်ခတ်ခဲ့ပြီးတော့ ဆူနာမီ သတိပေးချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။ ပြင်းအား ၉ ရှိတဲ့ မြေငလျင်ကြီး လှုပ်ခတ်ပြီးတော့ ဆူနာမီ ဒီလှိုင်းဒဏ် ခံခဲ့ရပြီး သီတင်း ၄ ပတ် အကြာမှာပဲ အခုလို ပြင်းအား ခုနှစ်ခွဲလောက်ရှိတဲ့ နောက်ထပ် ငလျင်တခု မီယာဂီခရိုင်ဘက်မှာပဲ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဟွန်ရှူး ကမ်းရိုးတန်းဘက်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ဒဏ်ကို တိုကျိုမြို့အထိ ခံစားခဲ့ရပြီး လူတွေ အထိတ်တလန့် ဖြစ်ခဲ့ပေမဲ့ ဖရိုဖရဲ အခြေအနေမှာ မရှိဘူးလို့ တိုကျိုမှာ နေထိုင်တဲ့ မြန်မာတယောက်က ဗွီအိုအေ […]


ဦးကောက်April 7, 20111min500
၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် ရန်ကုန်၌ စမ်းသပ် လုပ်ကိုင်ခွင့် ပြုခဲ့သည့် ပုဂ္ဂလိကကျောင်းများ၏ စာသင်နှစ် ပြီးဆုံး၍ အောင်စာရင်း ထုတ်ပြန် ကြေညာခြင်းအား ဧပြီလ ၁၈ ရက်နေ့တွင် ၎င်းတို့နှင့် တွဲဖက်ထားသည့် အခြေခံပညာ ကျောင်းများ၌ ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။ ပုဂ္ဂလိကကျောင်းရှိ ကျောင်းသားများ၏ အမှတ်စာရင်းများအား အခြေခံပညာ ကျောင်းများသို့ ပို့ဆောင်ပေးပြီး ဖြစ်ကြောင်းနှင့် ကျောင်းသားသစ် လက်ခံမှုအား ဧပြီလ နောက်ဆုံးပတ်မှ စတင် လက်ခံသွားမည်ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ပုဂ္ဂလိကကျောင်းမှ ဆရာတစ်ဦးက ပြောပြခဲ့သည်။ ”အမှတ်စာရင်းတွေ အားလုံးကို မြို့နယ်က အခြေခံပညာ ကျောင်းတွေဆီ ပို့ပေးပြီးသွားပါပြီ။ သက်ဆိုင်ရာ ကျောင်းတွေမှာပဲ အောင်စာရင်း ထုတ်ပြန်လိမ့်မယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ပုဂ္ဂလိကကျောင်းမှ ဆရာတစ်ဦးက ပြောကြားခဲ့ပါသည်။ […]