******တာဝန်ယူမှု တာဝန်ခံမှု******** မြန်မာနိုင်ငံမှာ အကြီးဆုံး အလုပ်သမားအဖွဲ့အစည်း တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အဖွဲ့အစည်း ဥပဒေနဲ့ အညီမဟုတ်တဲ့ အလုပ်သမားရဲ့ရပိုင်ခွင့်ကိုကျတော့ အလုပ်ရှင်ကို မပေးမနေရ လည်ပင်းညှစ်တောင်းပေးဖို့တာဝန်ယူတတ်ပြီး ရသွားတဲ့ အလုပ်သမားကိုယ်ကျတော့ လုပ်ငန်းခွင်စည်းကမ်းကို လိုက်နာဖို့ မလိုက်နာရင် အလုပ်ရှင်ဖက်က အရေးယူဆောင်ရွက်နိုင်ဖို့  ကျတော့ တာဝန်ခံမှုမရှိတဲ့ အလုပ်သမားအဖွဲအစည်း မင်းတို့ ကြိုက်တဲ နာမည်တပ်ပြီး အဖွဲ့စည်းဖွဲ့ထားပါစေ အလုပ်သမားဖက်ကိုပဲ တာဝန်ယူတတ်နေသမျှ ဘယ်အလုပ်ရှင်ရဲ့ ယုံကြည်မှုကိုမျှရမှာမဟုတ်ဘူး မင်းတို့ကို ချီးထုပ်တစ်ခုလို ရွှံနေမှာဘဲ အလုပ်သမားဖက်က ဥပဒေ စည်းကမ်းနဲ့ မညီလို့ အလုပ်ရှင်ဖက်ကရပ်တည် ဆောင်ရွက်ပေးလိုက်တယ်ဆိုတဲ့ အဖြစ်အပျက်လေးတစ်ခုလောက် ရှိရင် ပြောပြ ခဲ့ကြပါ ဘာဘဲတောင်းဆိုတောင်းဆို ဥပဒေနဲ့အညီ ဟုတ်လားမဟုတ်လား ဘာမှ မသိဘဲ  အလုပ်ရှင်ဖက်ကို “ပေးလိုက်ပါလို့” ဘဲပြောတတ်တဲ့ အဖွဲ့အမည်ခံလူတွေ အဖွဲ့အစည်း နာမည်မပျက်ခင် […]


Mon LayMay 9, 20181min59853
အရှေ့တောင်အာရှတွင် အွန်လိုင်း စီးပွားရေး အင်ပါယာ ချဲ့ထွင်သည့် ခြေလှမ်းသစ်အဖြစ် Alibabaက Darazကို ဝယ်ယူလိုက်တယ်လို့ ဆောင်းပါး ကိုဖတ်လိုက်ရတော့  ဒီ Alibaba တော့ ချမ်းသာပြီးရင်း ချမ်းသာနေတော့တာပဲလို့ တော်တော်လေးအားကျစိတ်ဖြစ်မိပါတယ်။ ဘယ်လောက်တောင်ချမ်းသာနေပြီလဲမပြောပြခင် Alibaba ဆိုတာဘာလဲ ပြန်ရှယ်ပေးချင်ပါတယ်။ Alibaba Alibaba Group Holding Limited ဆိုတာ တရုတ်ကုမ္ပဏီပါ။ Mr. Jack Ma ဆိုတဲ့သူက 1999 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ သူကအွန်လိုင်း ကိုအဓိကထားပြီးစီးပွားရေးလုပ်တဲ့ကုမ္ပဏီပါ။ အဓိကကတော့ E-commerce, အွန်လိုင်းမှာလေလံတင်တာတို့၊ အွန်လိုင်းကနေငွေလွှဲတာတို့နဲ့ အွန်လိုင်းရှော့ပင်တို့လုပ်တာပါ။ ခုနောက်ပိုင်း ၂၁ရာစုရောက်လာတဲ့အချိန်မှာတော့ အနောက်နိုင်ငံတွေသာမက မွန်လေးတို့နိုင်ငံမှာပါ (မွန်လေးလည်းအွန်လိုင်းရှော့ပင်လုပ်ပါတယ်။) အွန်လိုင်းရှော့တွေခေတ်စားလာတော့ သူ့လို Alibaba ကတော့ချမ်းသာပြီးရင်းချမ်းသာလာတော့တာပေါ့။ ဟိုးအစကဆို Microsoft ကိုတည်ထောင် သူ […]


ဇီဇီMay 9, 20181min5857
A house is made of walls and beams. A home is built with loves and dreams.   ဘာရယ်မဟုတ်။ ဒီမနက်မှ ဒီပို့(စ) လေး ၂ ပုဒ် ဖတ်လိုက်ရတော့ ဒီထဲ မှတ်တမ်းတင်ထားချင်တယ်လေ။ ကိုယ် အားကျပေမဲ့ လိုက်မလုပ်နိုင်တဲ့ လုပ်ရပ်နဲ့ အတွေးအခေါ်မျိုးလေးမို့  စိတ်ထဲ ထိတယ်။ ဆရာနေမျိုးဆေး မှာ သူ့ အတွေးအခေါ်နဲ့လိုက်လျောညီထွေတဲ့ ပါရမီဖြည့်ဖက်၊ ပတ်ဝန်းကျင်နဲ့ ဘဝ ရှိနေတယ်။ ဘဝ အကျိုးပေးကောင်းတယ်ခေါ်ရမလားပဲ။ ဘာကိုမှ မငဲ့ပဲ ပြောရရင် ကိုယ်နေချင်တဲ့ ဘဝနေထိုင်ဖြတ်သန်းမှု မျိုးပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ https://www.facebook.com/naymyo.say.5/posts/1274925249198413 ကျနော်တို့ အိမ်ဆောက်မယ်လို့ စိတ်ကူးထားတာ လွန်ခဲ့တဲ့ […]


ဇီဇီMay 8, 20184min68011
ဟိုတလောလေးက မြန်မာ့ အစားအစာ ဟင်း ထမင်းနဲ့ ပတ်သက်လို့ ဖေ့ဘုတ်ကြီးမယ် အညင်းပွါးကြတာ… အစား သမား ကိုယ်ကတော့ လိုက်ဖတ်တာပေါ့။ ဝါသနာကိုး။ https://www.facebook.com/mayzin.hlaing.7/posts/731729290343047 https://www.facebook.com/poephyuthant/posts/659110411094634 https://www.facebook.com/poephyuthant/posts/659553354383673 https://www.facebook.com/than.kywe.98/posts/1672594866161964?hc_location=ufi ဒါတွေက သူတို့ရဲ့ အမြင်ပေါ့လေ။ စတင်ပြောတဲ့သူရဲ့ ပို့(စ) မှာလည်း စေတနာနဲ့ အားမလိုအားမရဖြစ်တာကို နားလည်သလို သူတို့ အဆိုကို ပြန်ချေပဖို့ကို ပညာက မပြည့်တော့ လိုက်ဖတ်ကြည့်ရုံလောက် တတ်နိုင်တာပဲ။ ပြန်ချေပသူတစ်ချို့ရဲ့ မျက်စိမှိတ်ပြီး “မြန်မာ အစားအစာကို ကြိုက်တယ်၊ မြန်မာစာကိုမနှိမ်နဲ့ မြန်မာကွ” စတဲ့  ဘာညာသာရကာတွေကို ကျော်ဖတ်အပြီးမှာ ဒီ အကို ရေးတဲ့ တုံ့ပြန်စာလေးတော့ အတော်ကြွေသွားတယ်။ https://www.facebook.com/aung.kyawthu.14/posts/1676758185770699?hc_location=ufi ပညာရှင်ဆန်တယ်လေ။ လုံးဝ လက်ခံတယ်။   ကျနော့ တစ်ကိုယ်စာ […]


kaiApril 30, 20182min2132
ယခုလမှာ နှစ်သစ်ကူးနဲ့လည်းကြုံနေတော့ ဒုက္ခရောက်နေချိန်မှာ ကယ်တင်နိုင်မယ့် Structure လေးတွေကို လေ့လာကြရအောင်။ အလုပ်မှာဖြစ်စေ၊ ကျောင်းမှာ ဖြစ်စေ၊ အမှားအယွင်း တစ်ခုခုလုပ်မိပြီဆိုပါစို့။ ဒုက္ခတွေ့ပြီပေါ့၊ ကဲ ဒီဒုက္ခကို ဘယ်လို ကျော်လွှားရမလဲလို့ စဉ်းစားတဲ့အခါ – have, make, Get ဆိုတဲ့ ဝေါဟာရလေးသုံးခုကို သတိရလိုက်ပါ။ အောက်ဖော်ပြပါ Structure လေးကိုလည်း သတိရလိုက်ပါလေ။ Subject + have / make /+object + base from ဥပမာ- The boss made me do this the boss had me do it ကောင်းတော့ မကောင်းဘူးပေါ့ ။ ဒါပေမယ့် […]


Mon LayApril 25, 20181min1270
ကလေးတွေကို ခုနောက်ပိုင်း အနောက်နိုင်ငံတွေမှာ ဒီသင်ခန်းစာကိုထည့်ပြီးသင်ပေးလာတယ်လို့သိရပါတယ်။ အရှေ ့နိုင်ငံတွေမှာလည်း ဒီလိုသင် ခန်းစာကိုထည့်ပြီးသင်ပေးနိုင်ရင် သိပ်ကိုကောင်းမှာပဲ။ (၁) နှလုံးသားဖြင့် သူတစ်ပါးကို စာနာနားလည်အောင် ခံစားစေ ခြင်း (၂) ကြင်နာခြင်းနှင့်ဆိုင်သော အ တုယူဖွယ်ပုံပြင် ဇာတ်လမ်းများကို ဖတ်ပြခြင်း (၃) ကလေးများ၏ တစ်နေ့တာ မှာ မည်သည့် ကောင်းမှုပြုခဲ့သ လဲမေးမြန်းခြင်း (ဥပမာ – အဘိုး ကို မျက်နှာသစ်သုတ်ပဝါ ရှာပေးခြင်း၊ အမေ့ကို အခန်းတံခါးဖွင့်ပေးခြင်း၊ ကစားစရာ အရုပ်မရှိသော သူငယ်ချင်းကို ကစားစရာပေးခြင်း) (၄) သူတစ်ပါးကို ကူညီပေးလိုက် ရသည့်အခါ မည်သို့ကြည်နူးရ သည်ကို ပြန်လည်ပြောပြခိုင်းခြင်း (၅) သူတစ်ပါးနှင့် စားစရာမျှဝေ စားရန်၊ ကစားစရာမျှဝေကစား စေရန်၊ အလှူအတန်း လုပ်ရသည်ကို […]


kaiMarch 30, 20182min2292
ယခင်လက စတင်လေ့လာခဲ့ကြတဲ့ Prepositions လေးတွေအကြောင်းကို ဆက်လက်မှတ်သားကြရအောင်။ တလုံးတည်းမဟုတ်ဘဲ နှစ်ခု၊ သုံးခုတွဲပြီး သုံးရတဲ့ Prepositions လေးတွေကို ကြည့်ကြရအောင်။ ဥပမာ – in front of , in the front of, in back of, in the back of ဒီနေရာမှာ the လေးထည့်ပေးထားတာနဲ့ the မပါတာ ဘယ်လိုကွာခြားသလည်းဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။ အောက်ပါဝါကျလေးခု ကို ကြည့်ပါ။ -the dog in front of the car -the dog is in the front of the car […]


introMarch 21, 20181min6206
ယနေ့ ၂၁-၃-၂၀၁၈ နေ့စွဲပါ နိုင်ငံတော် သမတရုံး သတင်း ထုတ် ပြန်ချက်အရ ကျွန်တော်တို့ရဲ့ သမတကြီး ဦးထင်ကျော်သည် ရာထူးမှ နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။ နီးစပ်တဲ့ အသိုင်းအဝိုင်း စကားများအရ ကျန်းမာရေး အခြေအနေကြောင့် လို့လဲ သိရပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် လည်း ဩစတြေးလျ နိုင်ငံကနေ မတ်လ (၂၀) ရက်နေ့က နေပြည်တော် သို့ ပြန်လည် ရောက် ရှိလာပြီ ဖြစ်ပါတယ်။ အပြည့်အစုံကို သမတရုံး website မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ http://www.president-office.gov.mm/?q=briefing-room/news/2018/03/21/id-13603  


Mon LayMarch 8, 20181min1470
ပုဂံကို သွားလည်တဲ့အခါ ဘုရားပုထိုးတွေအပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ ပုဂံလက်မှုပစ္စည်းများအ ကြောင်းကို လည်းပြောပြချင်ပါတယ်။ ယွန်းထည် ယွန်းထည်တွေဟာ ပုဂံရဲ့နာမည်အကြီးဆုံးလက်မှုပစ္စည်းပဲဖြစ်ပါတယ်။ ဘုရားတွေမှာ ယွန်းထည်အ ရောင်းဆိုင်တွေကိုတွေ့နိုင်သလို ပုဂံမြို့ရဲ့နေရာအနှံ့အပြားမှာလည်း ယွန်းထည်အလုပ်ရုံတွေကိုတွေ့နိုင် ပါတယ်။ ယွန်းထည်တွေကို  ပန်းကန်, ပန်းအိုးမှအစ ရတနာသေတ္တာ, ပရိဘောဂအဆုံး ပုံစံအမျိုးမျိုးနဲ့တွေ့နိုင် ပါတယ်။ ယွန်းထည်တွေဟာ ဈေးကြီးပေမဲ့ အလုပ်ရုံတွေကိုသွားလေ့လာကြည့်ရင်တော့ပေးရတာတန်တယ်ဆိုတာတွေ့ရပါလိမ့်မယ်။ ယွန်းထည်တစ်ခု ပြီးမြောက်ဖို့ အချိန်နှင့် လူအင်အားအများကြီးသုံးရတယ်ဆိုတာတွေ့ရပါလိမ့်မယ်။ သေချာတာကတော့ ယွန်းထည်တစ်ခုချင်းစီတိုင်းဟာထူးခြားပြီးလှပတယ်ဆိုတာပါပဲ။ ရုပ်သေးရုပ် ရုပ်သေးရုပ်တွေဟာလည်း အရမ်းလူကြိုက်များပါတယ်။ ရုပ်သေးရုပ်တွေကိုပုံစံအမျိုးမျိုး နဲ့တွေ့နိုင်ပါတယ်။ ရုပ်သေးရုပ်တွေကို အနုစိတ်ပြုလုပ်ထားတာဖြစ်ပြီး ပုဂံမှာရုပ်သေးပွဲများကိုလည်းသွားရောက်ကြည့်ရှုနိုင်ပါတယ်။ သစ်သားပန်းပုရုပ်များ သစ်သားပန်းပုရုပ်တွေကတော့ကျွန်မရဲ့အကြိုက်ဆုံးလက်မှုပစ္စည်းတွေပဲဖြစ်ပါတယ်။ ပန်းပုရုပ်တွေကိုလည်း တိရစာ္ဆန်မှအစလူအဆုုံး, ဒဏာ္ဌရီလာသတ္တဝါများမှအစ ဗုဒ္ဓရုပ်ပွားတော်များအဆုံးတွေ့မြင်နိုင်ပါတယ်။ ပန်းပုရုပ်အားလုံးဟာလှပပြီးကျက်သ ရေရှိလှပါတယ်။ ဒါပေမဲ့ သူတို့ကို လက်ဆောင် ပစ္စည်းထက်အလှဆင ဖို့သာအသုံးပြုကြပါတယ်။ဒါ့အပြင်ပန်းပုရုပ်များကိုပုဂံမှာသာမကအခြားမြို့များတွင်လည်းတွေ့နိုင် ပါတယ်။   […]


        တက္ကသိုလ်ရိပ်သာလမ်းပေါ်က အမေစု အိမ်ရှေ့ဟာ အရင်လို ပြန်ဖြစ်သွားပြန်ပါပြီ။ အရင်လိုဆိုတာက ဟိုရူးကြောင်းမူးကြောင် ရူးသယောင်ယောင် ဆောင်ထားတဲ့လူက အမေစုအိမ်ကို မီးရှို့ဖို့ ကြံတဲ့အမှု မဖြစ်ခင်ကလို။ ခြံထဲ ဓါတ်ဆီပုလင်းနဲ့ ဗုံးဖောက်ခွဲဖို့ လုပ်ကြံတဲ့ ဖြစ်ရပ်အပြီး နောက်နေ့တွေတုန်းက အမေစု ခြံရှေ့ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်လို့တောင် မရအောင် သံဆူးကြီးတွေ ပိတ်ကာ ထားတာ မြင်ခဲ့ရပါတယ်။ အခုတော့ အဲ့ သံဆူးကြိုးတွေ မရှိတော့ဘူး။ ဖယ်လိုက်ပြီ။ အရင်လိုပဲ အမေစုအိမ်ရှေ့ ခြံစည်းရိုးရှေ့ကနေ နီးနီးကပ်ကပ် လမ်းလျှောက်ကြ. . . ဓါတ်ပုံတွေ ရိုက်ကြနဲ့ ပုံမှန် ပြန်ဖြစ်သွားပါပြီ။ တကယ်တော့ ခြံရှေ့ ပလက်ဖောင်းကို သံဆူးကြိုးပဲ ချချ၊ လျှပ်စစ်ပဲ လွှတ်လွှတ်၊ […]


zaw winFebruary 16, 20181min3932
ဘဝမှာ မပြည့်စုံခဲ့တာတွေ အဆင်မပြေခဲ့တာတွေ စိတ်ဆင်းရဲခဲ့တာတွေ ဖိအားတွေရဲ့ဒဏ်တွေ အောင်မြင်မှု လွဲချော် ရှုံးနိမ့်ခဲ့တာတွေ မပြေလည်တာတွေ တွေးတွေးပြီး မင်းရဲ့ ဖြစ်ချင်ခဲ့တဲ့စိတ်ချမ်းသာမှုတွေ ငါတတ်နိုင်သရွေ့ ဖြည့်ဆည်းပေးချင်ပါတယ်။ ငါ့မှာ မပြည့်စုံပေမဲ့ မင်းစိတ်ချမ်းသာမယ်ဆိုရင် ငါတတ်နိုင်သမျှ ကြိုးစားဖြည့်ဆည်းပေးမယ်။ မင်းသုတ 09:15 AM 11.2.2018


kaiJanuary 28, 20182min2751
နှစ်ဆန်းကာလ မှာ စာဖတ်သူအားလုံး ကျန်းမာရွှင်လန်းကြပါစေလို့ ဦးစွာပထမဆုတောင်းလိုက်ပါတယ်။ ယခင်လက Negative adverbs လေးတွေအကြောင်း အစဖော်ခဲ့ပါတယ်။ ယခုလမှာဆက်လက်ပြီး ပြည့်ပြည့်စုံစုံဖော်ပြပေးပါမယ်။ ပထမဆုံးဖော်ပြလိုတာက လေ့လာသူတော်တော်များများ မှားယွင်းစွာသုံးစွဲတတ်တဲ့ hardly ဆိုတဲ့ adverbs လေးဖြစ်ပါတယ်။ “He works hardly, so he got a promotion.” လို့သုံးစွဲတာမျိုး ကိုတွေ့ဖူးကြပါလိမ်မယ် ။ ဒီနေရာမှာ Hard က adjective ဆိုးတော့ adverbs ဖြစ်အောင် –ly လေးထည့်လိုက်ရင် ပြီးတာပဲဆိုပြီးသုံးတော့ မှားကုန်တာပေါ့ ။မှတ်မိ ကြတယ်နော်။ Hard ကို adjective လိုရော adverbs လိုပါ သုံးလို့ ရပါတယ်။–ly ထည့်ပြီး hardly လို့ ပြောင်းသုံးစရာမလိုပါ။ […]