Mon LayMarch 13, 20202min64170
ကိုယ်အရမ်းသွားချင်တဲ့နိုင်ငံတစ်နိုင်ငံထဲကတစ်ခု..စိတ်မကောင်းလိုက်တာ အီတလီရယ်… သိပ်လှတဲ့ရေပေါ်အိမ်ကလေးတွေရယ်..လှေလေးတွေနဲ့သွားလို့..အထင်ကရနေရာများစွာတွေနဲ့ ကမ႓ာ့လှည့်ခရီးသွားတွေနှစ်စဉ်သွားနေကြတဲ့နေရာက အခုလိုခြောက် ကပ်သွားတော့..😢😢..တကယ်စိတ်မကောင်းပါ…..ဝူဟန်ရယ်..အမြန်ပျောက်ပါတော့။


Mon LayJanuary 31, 20201min124740
Mask တပ် ပါ။ ရန်ကုန်မြို့ရဲ့လေထုက အနီရောင်အဆင့် အနေထားမကောင်းတာ ဖြစ်နေလို့..တပ်သင့်ပါတယ်။ လူအများကြီးရှိတဲ့နေရာတွေသွားတဲ့အခါပဲတပ်ပေါ့နော်။ တော်ကြာ ဝူဟန်ရောဂါကြောင့်မသေဘဲ…အသက်ရူကြပ်လို့ သေသွားမှ ဟုတ်ပေ့ဖြစ်မယ်😆😆..အရမ်းမကြောက်ပါနဲ့..ကျန်းမာရေးကောင်းအောင် အာဟာရရှိတဲ့အစားအစာစားပြီး ကောင်းမွန်စွာအိပ်စကိရင်မဖြစ်နိုင်ပါဘူး။


Mon LayMay 9, 20181min48583
အရှေ့တောင်အာရှတွင် အွန်လိုင်း စီးပွားရေး အင်ပါယာ ချဲ့ထွင်သည့် ခြေလှမ်းသစ်အဖြစ် Alibabaက Darazကို ဝယ်ယူလိုက်တယ်လို့ ဆောင်းပါး ကိုဖတ်လိုက်ရတော့  ဒီ Alibaba တော့ ချမ်းသာပြီးရင်း ချမ်းသာနေတော့တာပဲလို့ တော်တော်လေးအားကျစိတ်ဖြစ်မိပါတယ်။ ဘယ်လောက်တောင်ချမ်းသာနေပြီလဲမပြောပြခင် Alibaba ဆိုတာဘာလဲ ပြန်ရှယ်ပေးချင်ပါတယ်။ Alibaba Alibaba Group Holding Limited ဆိုတာ တရုတ်ကုမ္ပဏီပါ။ Mr. Jack Ma ဆိုတဲ့သူက 1999 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ သူကအွန်လိုင်း ကိုအဓိကထားပြီးစီးပွားရေးလုပ်တဲ့ကုမ္ပဏီပါ။ အဓိကကတော့ E-commerce, အွန်လိုင်းမှာလေလံတင်တာတို့၊ အွန်လိုင်းကနေငွေလွှဲတာတို့နဲ့ အွန်လိုင်းရှော့ပင်တို့လုပ်တာပါ။ ခုနောက်ပိုင်း ၂၁ရာစုရောက်လာတဲ့အချိန်မှာတော့ အနောက်နိုင်ငံတွေသာမက မွန်လေးတို့နိုင်ငံမှာပါ (မွန်လေးလည်းအွန်လိုင်းရှော့ပင်လုပ်ပါတယ်။) အွန်လိုင်းရှော့တွေခေတ်စားလာတော့ သူ့လို Alibaba ကတော့ချမ်းသာပြီးရင်းချမ်းသာလာတော့တာပေါ့။ ဟိုးအစကဆို Microsoft ကိုတည်ထောင် သူ […]


Foreign ResidentApril 20, 20181min32350
Putin will NOT accept defeat and nuclear war is INEVITABLE – စစခြင်းတုန်းကတော့ ၊ US ရဲ့ ကိုယ်ပျောက်ဒုံး Stealth Cruise Missile ( JASSM ) ၂ စီး ၊ မပေါက်ကွဲလို့ ဆီးရီးယားက ရုရှားကို ပို့ပေးလိုက်ကြောင်း ဖတ်နေတာ ။ – နောက်တော့ ရုရှား ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း နှင့် ၊ အင်တာဗျူးထားတဲ့ VDO ကို ကြည့်ပြီး ရေလည် စိတ်လေသွားတယ် ။ အဲ့ဒီ အင်တာဗျူးမှာ ရုရှား ဒုတိယ ဗိုလ်ချုပ်ကြီးဖြေထားတာ ၊ – “Of course Russia […]


၁၉၅ဝ နိုဝင်ဘာ ၂၅-၂၆ တွင် အမေရိကန် နှင့် ကုလသမဂ တပ်များကို အင်နှင့်အားနှင့် အပြုတ်နှံရန် တရုတ်စစ်တပ် ကိုရီးယားစစ်ပွဲသို့ ဝင်ရောက်ခဲ့သည်။ လူသုံးသိန်းပါဝင်သော တရုတ်ထိုးစစ်ကြောင့် ယူအန်တပ်များ အငိုက်မိ ဖရိုဖရဲ ဖြစ်ရခြင်းမှာ အဓိကအားဖြင့် တရုတ်တို့ စစ်ပွဲထဲ အတိအလင်း ဝင်လာမည် နှင့် ပြသနာ မီးလောင်ရာလေပင့် လွန်စွာ ကြီးကျယ်အောင် ပြုမည်ဟု ယူအက်စ် ဗိုလ်ချုပ်ကြီး ဒေါက်ကလပ် မက်အာသာ မထင်သောကြောင့် ဖြစ်သည်။ ။။။။ ၁၉၅ဝ ဇွန် ၂၅တွင် ကူမြူနစ် မြောက်ကိုရီးယားတပ်များ ဒီမိုကရက်တစ် တောင်ကိုရီးယားထဲ ကျူးကျော်ဝင်ရောက်ခြင်းဖြင့် ကိုရီးယားစစ်ပွဲ စတင်သည်။ မျှော်လင့်မထားသော တိုက်ခိုက်မှုက တောင်ကိုရီးယားတပ်များ နှင့် နိုင်ငံတွင်း အနည်းငယ်သာရှိသော အမေရိကန်တပ်များအား ကိုရီးယားကျွန်းဆွယ် […]


၁၉၅ဝ ဇွန် ၂၅ မှာ မြောက်ပိုင်းရှိ ဆိုဗီယက် ကျောထောက်နောက်ခံပြု ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမတ နိုင်ငံ နှင့် တောင်ပိုင်းရှိ အနောက်လိုလားသော ကိုရီးယားသမတနိုင်ငံ တို့အကြားရှိ နယ်စပ်၃၈မျဉ်းပြိုင်ကို အင်အား ၇၅၀၀ဝ ရှိ မြောက်ကိုရီးယား ပြည်သူ့စစ်တပ် ဖြတ်ကျော်ကာ ကိုရီးယားစစ်ပွဲ စတင်သည်။ ကျူးကျော်မှုမှာ စစ်အေးတိုက်ပွဲ၏ ပထမဆုံး စစ်မက်ဖြစ်ပွားမှု ဖြစ်သည်။ ဇူလိုင်လတွင် အမေရိကန်တပ်များ စစ်ပွဲအတွင်း ဝင်ရောက်ကာ တောင်ကိုရီးယားဖက်မှ ကူညီသည်။ အမေရိကန်အစိုးရ အရာရှိများ စိုးရိမ်ပူပန်သလို နိုင်ငံတကာ ကူမြူနစ် ဝါဒအား တွန်းလှန်သည့် စစ်ပွဲဖြစ်သည်။ ၃၈ လက်တီကျု မျဉ်းပြိုင်ကို အစောပိုုင်းကာလ ရှေ့တိုးနောက်ငင် သူတပြန်ကိုယ်တပြန် တိုက်ခိုက်ကြရင်း တိုးတက်မှု မရှိဘဲ တိုက်ပွဲ ရပ်တန့်ကာ ထိခိုက်ဒဏ်ရာရမှု […]


၂ဝရာစုနှစ် ပထမဆုံး လူမျိုးတုံး သတ်ဖြတ်ပွဲမှာ တူရကီတွင် ရှေးပဝေဏသီထဲက နေထိုင်သော အာမေးနီးယန်း နှစ်သန်း ပြည်နှင်ဒဏ်ပို့ခံရကာ အစုလိုက် အပြုံလိုက် အသတ်ခံရချိန်ဝယ် ဖြစ်ပွားသည်။ ။။။။ ပင်လယ်နက်၊ မက်ဒစ်တေးနီးယန်း နှင့် ကက်စပီယံ ပင်လယ်များ ဝိုင်းပတ်ထားသော ကြီးမားကျယ်ပြန့်သည် အရှေ့အလယ်ပိုင်းဒေသတွင် အာမေးနီးယန်း လူ့အဖွဲ့အစည်း နှစ်ပေါင်းသုံးထောင်ခန့် ရှင်သန်ကြီးထွားခဲ့သည်။ အဆိုပါဒေသကို အာရှကြေးမုံပြင် ဟုခေါ်ကြပြီး ဥရောပ၊ အာရှ၊ အာဖရိက တိုက်ကြီးသုံးတိုက် ဆုံရာ လမ်းဆုံလမ်းခွတွင် တည်ရှိသည်။ သမိုင်း အတက်အကျ နှစ်ရာစု များစွာအတွင်း အာမေးနီးယန်းတို့ ပိုက်နက်မြေအား ပါရှန်း၊ ဂရိ၊ ရိုမန်၊ ဘိုင်ဇန်တိုင်း၊ အာရပ် နှင့် မွန်ဂိုတို့ အုပ်စိုးခဲ့သည်။ ။။။။ ကြိမ်ဖန်များစွာ ကျူးကျော်သိမ်းပိုက် ခံရသော်ငြား […]


၁၉၆၂ တွင် ကဗာ့ လူဦးရေ အများဆုံး နိုင်ငံနှစ်နိုင်ငံ စစ်မက်ဖြစ်ပွားခဲ့သည်။ တရုတ် – အင်ဒီးယား စစ်ပွဲကြောင့် လူ ၂၀၀ဝ အသက် ဆုံးရှုံးခဲ့ပြီး မီတာ ၄၂၇ဝ (ပေ ၁၄၀၀၀) ပင်လယ်ရေမျက်နှာပြင်အထက် ခက်ခဲကြမ်းတမ်း တောတောင်ထူထပ်သော ကာရာကိုရမ် တောင်တန်းတွင် အနိုင်လုခဲ့ကြသည်။ စစ်ပွဲ နောက်ခံသမိုင်း နှစ်နိုင်ငံအကြား နယ်စပ် အငြင်းပွားမှုမှာ အင်ဒီးယား နှင့် တရုတ်အကြား ဖြစ်သော ၁၉၆၂ စစ်ပွဲ၏ အဓိက အကြောင်းအရင်း ဖြစ်သည်။ ပေါ်တူဂီနိုင်ငံထက် အနည်းငယ် ပိုကြီးသော ထိုဒေသကို သူတို့ ထိန်းချုပ်သည့် ကက်ရှ်မီးယားအပိုင်းမှ ပိုင်ကြောင်း အိန်ဒိယက ခိုင်ခိုင်မာမာ ပြောဆိုပြီး တရုတ်က ထိုဒေသမှာ ရှင်ကျန်းပြည်နယ် အစိတ်အပိုင်း ဖြစ်ကြောင်း […]


သူ့ကို စိတ်အနှောက်အယှက် ပေးတဲ့ အမေရိကန် စစ်ပွဲနိုင် ဗီယက်နမ်ကို သင်ခန်းစာပေးဖို့ ဆုံးဖြတ်သော တရုတ်ကြီး။။။။။။ တရုတ်ပြည်ရဲ့ လူပုစိတ်တို ခေါင်းဆောင်ကြီး တိန်ရှောက်ပိန်က အမေရိကန်စစ်ပွဲ (၁၉၅၉ – ၇၅) နိုင်ထားသော ဗီယက်နမ်ကို တရုတ်နိုင်ငံ လုံခြုံရေး ခြိမ်းခြောက်သူအဖြစ် ပုံဖေါ်ရန် အခွင့်ကောင်းလို့ ၁၉၇၈ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။ တရုတ် အဓိကရန်သူ ဆိုဗီယက် ပြည်ထောင်စုအား မိတ်ဖက်အဖြစ် ပြတ်ပြတ်သားသား ရွေးခဲ့သော ဗီယက်နမ်နိုင်ငံ၏ ဗီယက်နမ်ရှိ တရုတ် လူနည်းစုများအား ပြင်းပြင်းထန်ထန် ဖိနှိပ်မှု၊ နယ်စပ် ပဋိပက်ခ အကြမ်းဖက် သွေးထိုးလှုံ့စော်မှု၊ ကမ်ဘောဒီးယားနိုင်ငံရှိ တရုတ်လူ ခမာနီ အစိုးရအား နိုဝင်ဘာလတွင် ကျးကျော်သိမ်းပေါက် အမြစ်ဖြုတ် ရှင်းလင်းပစ်မှု တို့ဖြစ်သည်။ တချိန်ထဲတွင် ဆိုဗီယက်သည် တရုတ် မြောက်ပိုင်း […]


မေ ျာက်ကွီးယားက အိမ်နီးချင်းနိုင်ငံများကို ဒုံးပျံစမ်းသပ်မှု (မအောင်မြင်ရင်တောင်) များနဲ့ ရန်စနေပေမဲ့ မျျောက်ဆိုးသွမ်းကို ယူအက်စ်သမတ ဒေါ်နွယ်ထွန်း တိုက်ဖွယ်ရာ မရှိဘူး။ တောင်တရုတ်နံနက်ခင်းသတင်းစာ ပြောတဲ့ ယူအက်စ် ဘာကြောင့် မျောက်ကွီးယားကို မတိုက်နိုင်သလဲ အကြောင်းငါးချက်မှာ.. တချက်သည် ဟိုးလွန်ခဲ့သော ၁၉၅၅ခုနှစ်က စတယ်။ မျောက်ကွီးယား အနေအထားသည် ဆီးရီးယားနဲ့ မတူ… ဒေါ်နွယ်ထွန်းက ဆီးရီးယားသမတ အာဆတ် ကိုယ့်ပြည်သူကို အဆိပ်ဓါတ်ငွေ့ဗုံးကြဲတယ် စွပ်စွဲပြီး ဆီးရီးယားလေတပ် အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့တယ်။ မျောက်ကွီးယားကို စစ်ရေး တိုက်ခိုက်မှု တခုခုပြုခြင်းဟာ အဆများစွာ ပိုကြီးတဲ့ စွန့်စားမှုပါပဲ။ ၁၉၉၅ခုနှစ် ဇူလိုင်လ ၂ရရက်နေ့မှာ ကုလသမဂ ကြားဝင်မှုနဲ့ ဝါရှင်တန် – ပီကင်း အကြား တိုက်ခိုက်မှုများ ရပ်ဆိုင်းရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ပေမဲ့ […]


KyaemonSeptember 5, 201632min25923
      ကော်မရှင် အဖွဲ့ကြီးကိုကြိုဆိုပါတယ်နော် ရေအားမှလျှပ်စစ်စွမ်းအားရယူနိုင်ရန် တရုပ်က အာဖရိက နိုင်ငံ တွေကို ဘယ်လိုကူညိ နေလဲ ဆိုတာကို တင်ပြ ပါ့မယ်၊ တချိန်က ဥရောပ ကိုလိုနီနယ်ချဲ့တို့ နဲ့ဂျပန်ဖက်ဆစ်တို့လို နယ်ချဲ့သတ်ဖြတ်ဖိနှိပ်နေတာ မျိုး မဟုတ်ပါ၊ အခြေခံက ကုန်သယ် လုပ် ပြီး နိုင်ငံချင်း ကုန် ဖလှယ်လိုတာပါ၊ နှစ်ဦးနှစ်ဘက် အကျိုးအတွက်ပါ၊ ဒီအကြားမှာ လမ်းပန်းဆက်သွယ် ရေး၊လူနေအိမ် အထပ်တိုက်တွေ၊ဆေးရုံတွေ၊ ဆိပ်ကမ်းမြို့တွေ၊အမြန်ရထားတွေ၊ရေကာတာတွေ စသဖြင့် ဝိုင်းဝန်း တည်ဆောက် ပေးတယ်၊ ၎င်းတို့အတွက် ငွေချေးစိုက်ထုတ် ရင်းနှီးပေးတယ်၊ခေတ်မှီ စိုက်ပျိုးရေး ပညာ အပါအဝင် ဆက်လက်ပြီး ကိုယ်ပိုင်ထိန်းသိမ်း နိုင်ရန် သင်ကြားလေ့ကျင့်ပေးတယ်၊ —————————– China Wins Africa Friends […]


ဘာရယ်ဟုတ်ပါဘူး ၊ သတင်းလေးတွေ လိုက်ဖတ်ရင်း ဒီသတင်းလေး တွေ့လို့ပါ ၊ http://www.bbc.co.uk/news/uk-33090043 အဲဒီငှက်ကလေးကို နိူင်ငံကိုယ်စားပြုအထိမ်းအမှတ် ငှက်အဖြစ် လူပေါင်း ၂ သိန်းကျော်က ရွေးခဲ့သတဲ့ ၊ မဲအားလုံးရဲ့    ၃၄ % က ဒီငှက်ကလေးကို ရွေးတာပါတဲ့ ၊ ၁၂ % နဲ့ ဒုတိယက ဇီးကွက်ဗျ ၊ တစ်ခြားနိူင်ငံတွေမှာလည်း ရှိသတဲ့ ၊ အမေရိကန်က   American bald eagle လင်းယုန် ၊ အိန္ဒိယက colourful Indian peacock ကဒေါင်း ၊ ပြင်သစ်က  the Gallic rooster  ကြက်ဖ ၊ ဩစတြေးလျက အီမျူးငှက် တဲ့ ၊ ဘာပဲဖြစ်ဖြစ်ဗဟုသုတပေါ့နော […]


မြစပဲရိုးMay 31, 20152min21688
. မေလ  ၃၁ရက် ၂၀၁၅ခုနှစ် တနင်္ဂနွေနေ့ –  အာရှတိုက် တရုတ်နိုင်ငံ နန်ဂျင်းမြို့ စံတော်ချိန် မနက် ၂နာရီ ၃၉မိနစ် အာရှတိုက် တရုတ်နိုင်ငံ နန်ဂျင်းမြို့ ကနေ အမေရိကတိုက် ဟာဝိုင်ရီ ကျွန်း ဆီ ကို လေယာဉ်တစ်စီး ထွက်ခွါသွားခဲ့ပါတယ်။ သာမာန် ပျံသန်းနေကျ လေယာဉ်တော့ မဟုတ်ပါဘူး။ . နေရောင်ခြည်စွမ်းအား သက်သက် ကိုသာ သုံးပြီး ပျံနိုင်တဲ့ Solar Impulse လေယာဉ်လေးပါ။ အဲဒီ လေယာဉ်ပေါ်မှာ ခရီးသည် တစ်ယောက်ဘဲ ပါတယ်။ အဲဒီ ခရီးသည်ကဘဲ လေယာဉ်ရဲ့ လေယာဉ်မှူး Pilot Andre Borschberg လို့ ခေါ်ပြီး အသက် ၆၂နှစ် ရှိပါပြီ။   […]