SawAungJuly 5, 20162min9749
#Stonehearst_Asylum   Stonehearst ဆိုတဲ့ ဆေးရုံကြီးမှာ စိတ်ရောဂါဖြစ်နေတဲ့သူတွေ အများအပြားရှိပါတယ်။ အခြေခံလူတန်းစားကစလို့ မင်းမျိုးမင်းနွယ်တွေက အစပေါ့။ ဆေးရုံကြီးနဲ့အတူ အုပ်ချုပ်သူ ဆရာဝန်ကြီးနဲ့ ကျောင်းသားကျောင်းသူတွေ ဝန်ထမ်းတွေပါရှိပါတယ်။   တစ်ရက်မှာတော့ အောက်စ်ဖို့ဒ်က နယူးဂိတ်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက် ရောက်ရှိလာပါတယ်။ သူဟာ လေ့လာသင်ယူဖို့ရောက်လာသူပါ။ သူရောက်လာပြီးနောက်ပိုင်း ဆေးရုံအုပ်ချုပ်သူ ဆရာဝန်ကြီးနဲ့ ဝန်ထမ်းတွေ ၊ လူနာတွေဟာ မူမမှန်ခဲ့ပါဘူး။   တစ်ညမှာတော့ ရေပိုက်လိုင်းက အသံတစ်ခုကို သူကြားတဲ့အခါ အဲ့သည် အသံကြားရာကို လိုက်ရှာကြည့်တဲ့အခါမှာတော့ များပြားလှတဲ့အချုပ်ခန်းတွေထဲမှာ လူအများအပြားကို ချုပ်နှောင်ထားတာ သူတွေ့လိုက်ရပါတယ်။ အဲ့သည်သူဟာ ဘယ်သူတွေဖြစ်မလဲ။ သူဟာ ဆေးရုံထဲက လူဆိုး လူကောင်းတွေကို ဘယ်လိုခွဲခြား ကျော်လွှားမလည်း။   ဇာတ်လမ်းအလှည့်အပြောင်းတွေဟာ ရင်ဖိုစရာ စိတ်ဝင်စားစရာမို့ ကြည့်ရှုသင့်တဲ့ […]


SawAungJune 27, 20162min8235
လောလောလတ်လတ် 2016 မှာ ထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ Music နဲ့ အက တွေကို ပေါင်းစပ်ထားတဲ့ ဇာတ်ကားတွေကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်သလို အခြားရုပ်ရှင် ဝါသနာအိုးတွေ အတွက်လည်း ဒီဇာတ်ကားဟာ ကြည့်ရတာ တန်မယ့်ဇာတ်ကားပါ။   Ruby: Ruby ဆိုတဲ့ ကောင်မလေး အနုပညာကျောင်းမှာ စကောလားရှစ်ရထားတဲ့ သူတစ်ယောက်ပါ။ သူက ဘဲလေးအကက ရာမှာ သိပ်ကိုကျွမ်းကျင်ပါတယ်။ စကောလားရှစ်ကျောင်းသူမို့ သူများတွေထက် ပိုကြိုးစားရပါတယ်။ ကျောင်း စစတက်ချင်း မှာပဲ သူ့ရဲ့ အခန်းဖော်ဟာလည်း ဘဲလေးအကကပြီး စကောလားရှစ်ရထားတဲ့ ကျောင်းသူမို့ ပထမဆုံးရက်မှာပဲ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ပါတယ်။ Jonnie: ဗြိသျှိကလာတဲ့ ဗြိသျှိလူမျိုးလူငယ်လေးပါ။ အမေရိကားမှာ နေထိုင်ခွင်းရဖို့ ကြိုးစားရင် သူ့အဖိုးပေးထားတဲ့ တယောလေးနဲ့ လမ်းမထက်မှာတယောတီးပြရင်း ပိုက်ဆံရှာတဲ့ […]


SawAungJune 23, 20162min97510
အဝေးကြီးလိုသေးတဲ့ ရုပ်ရှင်ကားတွေကို မမျော်သေးခင် မကြာခင်ထွက်တော့မယ့် ရုပ်ရှင်ဇာတ်ကားအကြောင်းတွေနဲ့ ရင်ခုန်ချင်ပါတယ်။ အဲ့သည်အတွက် July 2016 မှာ ထွက်ရှိမယ့် ရုပ်ရှင်ကားတွေထဲက စောင့်ကြည့်ရမှာ တန်မယ့် ဇာတ်ကား (5)ကားကို ကျွန်တော် ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော့်အကြိုက်ဖြစ်တဲ့အတွက် အချို့အကြိုက်နဲ့လည်း တူချင်မှ တူပါလိမ့်မယ်။ July 2016 မှာ ဇာတ်ကား (၂၀) ထွက်ရှိမှာပါ။ အဲ့သည်အထဲက ဆန်ကာတင် ထပ်ရွေးထုတ်ထားတာက ဒီမှာပါ။ The BFG The Purge : Selection Year The Legend Of Tarzen The Secret Life Of Pet Star Trek Beyond (2016) Ice Age : […]


SawAungJune 23, 20161min102310
  Spider-Man ဇာတ်ကားအသစ်ဖြစ်တဲ့ Spider-Man Homecoming ကို Atlanta မှာ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ လက်ရှိထွက်လာတဲ့ ရိုက်ကွင်းက ဓာတ်ပုံတွေမှာ Peter Parker အဖြစ် သရုပ်ဆောင်မယ့် မင်းသား Tom Holland ကို Midtown School of Science and Technology ရှပ်အိကျီ င်္ နဲ့ တွေ့ရပါတယ်။ နောက်ထပ် သရုပ်ဆောင်တွေဖြစ်တဲ့ Tony Revolori နဲ့ Zendaya တို့ကိုလည်း တွေ့ရပါတယ်။ Ref: IMN   


SawAungJune 20, 20164min119714
2016 June / July မှာ ထွက်ရှိမယ့် ရုပ်ရှင်ဇာတ်ကားတွေပါ။ ထွက်မယ့်ဇာတ်ကား အများကြီးထဲက အချိန်ကုန်တာနဲ့ ကြည့်ရတာ တန်မယ့် ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ် တင်ပြပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်လေးတွေကို တစ်ပုံချင်းစီ နှိပ်ကြည့်ပြီးဖတ်လို့ရပါတယ်။ Finding Dory 2003 ခုနှစ်မှာ Finding Nemo ဆိုပြီး ထွက်ခဲ့တဲ့ animation ရုပ်ရှင်ကားဟာ အရမ်းကိုနာမည်ကြီးခဲ့ပါတယ်။ အခု ၁၃နှစ်ကြာပြီး နောက်မှာ Finding dory ဆိုပြီး နောက်တစ်ကား ထွက်ရှိလာပါတော့မယ်။ Nemo ဆိုတဲ့ ငါးလေးရဲ့ သူငယ်ချင်း Dory ဆိုတဲ့ ငါးပြာလေး အကြောင်းပါ။ စောင့်ကြည့်ရမှာ တန်မယ့် ဇာတ်ကားလို့ မျော်လင့်မိတာပါပဲ။  GhostBusters GhostBusters ပရိတ်သတ်တွေအတွက် နောက်ထပ် ထွက်ရှိလာမယ့် ကားအသစ်ပါ။ […]


SawAungJune 15, 20161min110813
Midnight FM (2010 Korea Film)   အချို့ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ကျွန်တော်တို့ဟာ လျစ်လှူ ရှုမိခဲ့ကြသလိုမျိုး ဖြစ်တတ်ပါတယ်။ အခုဖော်ပြပေးမယ့် ဇာတ်ကားဆိုရင်လည်း 2010ခုနှစ်က ကိုရီးယား သည်းထိတ်ရင်ဖို့ ၊ အက်ရှင် အမျိုးအစား တစ်ခုပါ။ ဇာတ်လမ်းအစကနေ အဆုံးထိ ရင်တဖိုဖို ဆွဲဆောင်လွန်းတာကြောင့် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ ချွဲဆွန်ယောင်း ဟာ ရေဒီယို ညလယ်ပိုင်း အစီအစဉ်ရဲ့ အနောင်ဇာ တစ်ယောက်ဖြစ်ပါတယ်။ သူမမှာ ညီမတစ်ဦးရှိပြီး ဆွံ့အနေတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ သူမ ညီမဖြစ်သူမှာလည်း သူမရဲ့ သမီးနဲ့ ရွယ်တူ သမီးလေးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာတော့ သူမဟာ သူမအလုပ်ကနေ အနားယူပြီး ပညာတော်သင် သွားဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ သူမရဲ့ ရေဒီယို ညလယ်ပိုင်း အစီအစဉ် နောက်ဆုံးဖျော်ဖြေရမယ့် ရက်အရောက် […]


ဇီဇီJune 7, 20162min838625
ပျင်းတိုင်း ရုပ်ရှင်ကြည့်ပြီး … အားတိုင်း ဖဘပေါ်မယ် ကိုယ့် အကြိုက် နိုင်ငံစုံက မင်းသားမင်းသမီးတွေ အကြောင်း ပွါးနေရင်းနဲ့ ရွာဘက် ပို့(စ) စီးရီးဆွဲဖို့ ဆုံးဖြတ်လိုက်တယ်။ :mrgreenn: ဟိဟိ။ စစချင်း ဗြိဒစ်(ရှ) မင်းသားမင်းသမီးတွေ အကြောင်း ပွါးရအောင်။ အမှန်ပြောရရင် အမေရိကန် မင်းသားမင်းသမီးတွေထက် ဗြိတိရှ မင်းသားမင်းသမီး အမူအရာတွေကို စကားပြောပုံတွေကို စိတ်ထဲ ပိုတွေ့တယ်။ (ဒီ ပို့(စ) မှာတော့ ဂလိုပဲ ပြောရမှာပေါ့။ ဟိ။ နောက် ပို့(စ) တွေက နောက်တစ်မျိုးပေါ့) ~~~~~~~~~~~~~~~~~     ကိုယ့်အကြိုက် ဗြိတိရှ် မင်းသားတွေ အကြောင်း အရင်ပြောမယ်.. ခုခွိ.. တစ်ချို့ တစ်ယောက်ချင်းစီ အကြောင်းတော့ ပြောဖူးးပါရဲ့.. သာမာန်အားဖြင့်တော့ […]


Foolish GirlJune 6, 20161min7126
ဒီဇာတ်ကားလေးက 2016 ခုနှစ် မတ်လ ၄ ရက်နေ့မှာထွက်ထားတဲ့ကာတွန်းကားအသစ်လေးပါ။ အရမ်းကြိုက်လွန်းလို့ ခဏခဏကြည့်မပါတယ်။ ရွာထဲကမကြည့်ရသေးသူများရှိရင်ကြည့်ရအောင်ညွှန်းပေးချင်လို့ပါ။ ယုန်ကလေး Judy Hopps အဖြစ် Ginnifer Goodwin ၊  မြေခွေး Nick အဖြစ်ကတော့ Jason Bateman    စတဲ့နာမည်ကြီးသရုပ်ဆောင်တွေကအသံသရုပ်ဆောင်ပေးထားပါတယ် ဒီဇာတ်ကားမှာသဘောကျတာလေးကတော့ ဇာတ်လမ်းနဲ့လိုက်ဖက်တဲ့ Shakira ဆိုထားတဲ့ဇာတ်ဝင်သီချင်းလေးရယ် Judy Hopps လို ့ ခေါ်တဲ့ ယုန်ကလေးရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို မဖြစ်ဖြစ်အောင်လုပ်နိုင်တဲ့ လုပ်တတ်တဲ့ စိတ်လေးတွေ အရှုံးမပေးတတ်တဲ့ စိတ်တွေ စတာတွေရောပေါ့ ကြည့်ပီးတဲ့သူတွေလည်းရှိမယ်ထင်ပါတယ် ဇာတ်လမ်းလေးကိုတော့ကြိုပြီးမပြောပြတော့ပါဘူး ပြောပြရင်ပေါ့သွားမှာစိုးရိမ်လို့ပါ။ ဇာတ်လမ်းကိုမကြည့်ဖြစ်တဲ့သူတွေအနေနဲ့  http://disney.wikia.com/wiki/Zootopia ဒီလင့်လေးမှာ ဇာတ်လမ်းအကျဉ်းချူပ်ရေးထားတာရှိပါတယ်


ဇီဇီMay 25, 20168min211440
မယ်ဝါး တစ်ယောက် မြှောက်ပေးတာနဲ့ အလှ/Fancy အသုံးအဆောင်ပစ္စည်းလေးတွေ အကြောင်း ရေးပါမယ် ပိတ်သတ်ကြီးး။ :mrgreenn: Accessories ဆိုရာမှာ အမျိုးသမီး တစ်ယောက် ဖက်ရှင် အတွက် လိုအပ်တဲ့ ပစ္စည်းမှန်သမျှ အကြုံးဝင်ပါတယ်။ ဒီ ကြားထဲမှာမှ လက်ဝတ်လက်စားပိုင်းကို ဦးစားပေးပြီး ပြောချင်တာမို့ ဦးထုတ်တို့ ခါးပတ်တို့ နာရီတို့ မျက်မှန်တို့ ဖိနပ်တို့ (ဟောဟဲ) ပါမှာ မဟုတ်ပါဘူးး ဘာသာပြန်ဖို့ လိုက်ရှာတာ မတွေ့တာနဲ့ ကိုယ့် အတွေ့အကြုံကို အခြေခံပြီး ရေးမှာမို့ လိုတာရှိရင် ဖြည့်ပေး မှားတာရှိရင်လည်း ခွင့်လွှတ်ကြပါ။ ကျနော်နဲ့ ဖန်စီ ပစ္စည်းဆက်စပ်ပုံကို သိချင်ရင် ဒီ စတေးတပ် ၂ ခုဖတ်ကြည့်။ မပြန်ခင်က ရင်နာစွာနဲ့ ရေးထားတာ။   (1) […]


သူ ဆယ်နှစ်ပြည့်တဲ့ မွေးနေ့မှာ နာရီလေး တစ်လုံးလက်ဆောင် ရတယ်။ ရိုးရိုး မီးခိုးရောင် ပလတ်စတစ် ဒစ်ဂျစ်တယ် လက်ပတ် နာရီကလေး တစ်လုံးပါ။ တစ်ခုပဲ..သူက အချိန်တစ်ခု ကို လျော့လျော့ပြီး ရေပြနေတာ။ count down ပေါ့။   “နာရီမှာ ပြနေတဲ့ အချိန်က မင်းဘဝ လက်ကျန်အချိန်ပဲ သား..ဉာဏ်ရှိရှိသုံးနော်။” တဲ့ ။ သူ့ အဖေက မှာခဲ့တယ်။   သူတကယ်ကို လိုက်နာခဲ့ပါတယ်။ နာရီက စက္ကန့်တွေ တဖြုတ်ဖြုတ်ကြွေ ၊ သူလည်း လူငယ် လေးကနေ လူကြီးဖြစ်။ ဘဝကို ပြည့်ပြည့်ဝဝကြီး နေခဲ့သပေါ့။ တောင်တွေကို တက်ခဲ့။ ပင် လယ်တွေ ကူးဖြတ်ခဲ့။ ပြောခဲ့ ဆိုခဲ့၊ ရယ်ခဲ့ […]


black chawMay 12, 20161min76327
(ဘလက်ချော – မေး) ပြီးခဲ့တဲ့ ၂ လလောက်က ခိုင်ထူးချစ်သူတွေကြားမှာ အငြင်းပွားမှု တွေရှိခဲ့ပါတယ်။ စစ်ကိုင်းလမ်း နဲ့ ပတ်သက်လို့ပေါ့။ ကိုနေဝင်း ကြီးက စစ်ကိုင်းလမ်း ၂ ဆိုပြီးတော့ ကိုရန်ပိုင်ကို ရေးပေးလိုက်ပါတယ်။ အဲဒီသီချင်းထဲမှာ စစ်ကိုင်း မန္တလေး နောက်ဆုံး ကားတော့ မှီကောင်းမယ် ထင်ရဲ့ ဆိုတဲ့ စာသားပါခဲ့ပါတယ်။ အဲဒီမှာမှ စစ်ကိုင်းလမ်းဆိုတာ ရန်ကုန်တက္ကသိုလ်ထဲက စစ်ကိုင်းလမ်းမဟုတ်ဘူး။ မန္တလေး ဘက်က စစ်ကိုင်းလမ်း…၊ တချို့ကလည်း ကြည့်မြင်တိုင်ဘက် က စစ်ကိုင်းလမ်း ဘာညာပေါ့ဗျာ။ ငြင်းကြပြုု ကြတာတွေ ရှိခဲ့ပါတယ်။ (ခိုင်ထူး – ဖြေ) ကျွန်တော် သိသလောက်ကတော့ တချို့က ရထားသံ မကြားရဘူးတဲ့။ ကြားရတယ်လို့။ ညဘက်မှာ လူခြေတိတ်တဲ့အချိန် ၁၁ […]


black chawMay 11, 20161min8992
(ဘလက်ချော မေး) အစ်ကို့ သီချင်းတစ်ပုဒ် ဖြစ်တဲ့ စစ်နဲ့ ငြိမ်းချမ်းရေးက မဆလ ခေတ်ကတည်း က အပိတ်ခံခဲ့ရတယ်ပေါ့။ အခုမှ ပြန်ဆိုခွင့်ရ…၊ပရိသတ်ကလည်း ပြန်နားထောင်ခွင့်ရလာတဲ့အခါ ဒီသီချင်း ကို စီးရီးစ်ထဲမှာ ပြန်ထည့်ဖို့ ရှိမလား သိချင်ပါတယ်။ (ခိုင်ထူး ဖြေ) အဲ့ဒီကောင် ကော်ပီ သီချင်းကြီးဗျ။ ကော်ပီကို ကျွန်တော်တို့က ပြင်လိုက်တဲ့ သဘောပေါ့။ (ဘလက်ချော မေး) ကော်ပီ အစစ်တော့မဟုတ်ဘူးပေါ့…။ (ခိုင်ထူး ဖြေ) အစစ်ပါပဲ…။ နည်းနည်းပြင်လိုက်တယ်ဆိုတာ စကားပြောတွေ ဘာတွေ သူတို့ဆီမှာ မပါဘူးပေါ့။ စကားပြောတွေကလည်း ဇာတ်လမ်းတွေက နည်းနည်းတော့ ရှတ်တယ်ဗျ။ ဒါ အခုမှ ပွင့်ပွင့်လင်းလင်း ပြောတော့မယ်…။ အဲဒီသီချင်းက ဘာလို့ တောက်လျှောက်မကျလဲ ဆိုတော့ စကားပြောတွေက ကွန်မြူနစ်တွေ ရေးတဲ့ […]


ဇီဇီMay 10, 20161min946427
ကိုယ့် ရဲ့ ချစ်သော ဖားလေး အကြောင်း ပြောပြမယ်။ ဟို အော့ကြောလန် ဖားသက်ပြင်း ကို ပြောတာမဟုတ်ဘူးနော်။ ဖီလစ်ပီနို အဆိုတော်လေး ပေါ့။ ကိုယ်တွေက ဖီလစ်ပီနို လူမျိုးဆိုရင် ဖား လို့ခေါ်တာ။ အသက်က ၁၅ နှစ် ဆိုတော့ ဖားလေး ပေါ့။ ကိုယ်က ချစ်တော့ ကိုယ့်ရဲ့ ချစ်သော ဖားလေး ပေါ့။ ဟိ။ :chit: အမှန်ကတော့ ဖီလစ်ပီနိုမှာ တီဗီရှိုး The Voice Kids Philippines က ဒိုင် ကို ကြိုက်လို့ ကြည့်ရင်း Darren ကို သတိထားမိပြီး တူး မိလို့ ရာဇဝင် ဥ ပေါ်လာတာပေါ့လေ။ အရည်အချင်းအရကို အရမ်းသဘောကျလို့ […]