တက္ကသိုလ်ရိပ်သာလမ်းပေါ်က အမေစု အိမ်ရှေ့ဟာ အရင်လို ပြန်ဖြစ်သွားပြန်ပါပြီ။ အရင်လိုဆိုတာက ဟိုရူးကြောင်းမူးကြောင် ရူးသယောင်ယောင် ဆောင်ထားတဲ့လူက အမေစုအိမ်ကို မီးရှို့ဖို့ ကြံတဲ့အမှု မဖြစ်ခင်ကလို။ ခြံထဲ ဓါတ်ဆီပုလင်းနဲ့ ဗုံးဖောက်ခွဲဖို့ လုပ်ကြံတဲ့ ဖြစ်ရပ်အပြီး နောက်နေ့တွေတုန်းက အမေစု ခြံရှေ့ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်လို့တောင် မရအောင် သံဆူးကြီးတွေ ပိတ်ကာ ထားတာ မြင်ခဲ့ရပါတယ်။ အခုတော့ အဲ့ သံဆူးကြိုးတွေ မရှိတော့ဘူး။ ဖယ်လိုက်ပြီ။ အရင်လိုပဲ အမေစုအိမ်ရှေ့ ခြံစည်းရိုးရှေ့ကနေ နီးနီးကပ်ကပ် လမ်းလျှောက်ကြ. . . ဓါတ်ပုံတွေ ရိုက်ကြနဲ့ ပုံမှန် ပြန်ဖြစ်သွားပါပြီ။ တကယ်တော့ ခြံရှေ့ ပလက်ဖောင်းကို သံဆူးကြိုးပဲ ချချ၊ လျှပ်စစ်ပဲ လွှတ်လွှတ်၊ […]


ဇီဇီMarch 7, 20171min51111
https://www.facebook.com/permalink.php?story_fbid=508840926171358&id=100011363651075     စာက အရမ်းကောင်းလို့ လာသိမ်းထားတာ။ ဒါတွေကို ရည်လည်အောင်သဘောမပေါက်ပဲ ဖြတ်ဖောက်ချုပ် ပြောနည်းနဲ့ ပြောနေတဲ့ ဟာဒေရှိနေသေးလို့။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Catch 22 ဆိုတဲ့ ထူးထူးဆန်းဆန်း သိုးဆောင်း စကားလုံးတစ်ခု ရှိပါတယ်။ အဓိပ္ပါယ်ကတော့ အင်္ဂလိပ်လို အနီးစပ်ဆုံး ပြန်ဆိုရရင် Paradox ဖြစ်တယ်ပေါ့။ မြန်မာလိုဆိုရင်တော့ ရုန်းထွက်ဖို့ ဖြေရှင်းဖို့ ခက်တဲ့ ကျဉ်းထဲကြပ်ထဲရောက်နေတဲ့ အခြေအနေတစ်ခုကို ပြောတာပေါ့။ ဥပမာ လူငယ်တစ်ယောက်ဟာ အလုပ်တွေ လိုက်လျှောက်တယ်။ ဒါပေမယ့် သူ့မှာ လုပ်ငန်းအတွေ့အကြုံ မရှိလို့ အလုပ်က မရဘူး။ အလုပ်က မရတော့ လုပ်ငန်းအတွေ့အကြုံက မရှိဘူး။ အဲဒီလို သံသရာလည်နေတဲ့ အခြေအနေကို Catch 22 Situation လို့ ခေါ်တယ်။ […]


kaiOctober 15, 20161min2582
NCA စာချုပ်တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း —— —— —— ဒီနေ့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ရဲ့ တစ်နှစ်ပြည့်မြောက်တဲ့ အခမ်းအနားဖြစ်ပါတယ်။ ဒီတစ်နှစ်အတွင်းမှာလည်း အတော်အတန်ပဲ တိုးတက်မှုရှိခဲ့တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒီစာချုပ်ကို ပထမဆုံးဖြစ်အောင်လို့ လက်မှတ်ထိုးပေးနိုင်အောင်လို့ ဝိုင်းဝန်းပြီးတော့ ကူညီကြတဲ့ ယခင်အစိုးရ သမ္မတကြီး ဦးသိန်းစိန်နဲ့တကွ အားလုံးကိုလည်း ကျွန်မ ကျေးဇူးတင်ပါတယ်။ ဂုဏ်ပြုပါတယ်။ လမ်းတစ်လှမ်းကို စလျှောက်မယ်ဆို ပထမခြေလှမ်းက အရေးကြီးဆုံးပါပဲ။ အဲဒီတော့ ကျွန်မတို့က ပထမခြေလှမ်းကို လုပ်ပြီးပါပြီ။ ဆက်ပြီးတော့ လှမ်းစရာခြေလှမ်းတွေ ရှိပါသေးတယ်။ အခုတော့ ကျွန်မတို့ရဲ့ NCA ထဲမှာ ဘာတွေပါလဲဆိုတာတော့ နောင်မှာ အခုအခမ်းအနားတွေမှာပဲ ဆက်ပြီးတော့ ဖတ်ပြကြမှာဖြစ်ပါတယ်။ ကျွန်မတို့အခုဆိုလို့ရှိရင် အပစ်အခတ် ရပ်စဲရေး […]


မြစပဲရိုးJune 19, 20161min35812
မွေးနေ့မင်္ဂလာ ရက်မြတ် မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း များနှင့် ပြည့်စုံပြီး လိုရာဆန္ဒများ ပြည့်ဝပါစေ။ တိုင်းသူပြည်သား အကျိုးစီးပွါး အတွက် စိတ်သွားတိုင်း ကိုယ်ပါ ဖြည့်တင်း ဆောင်ရွက် ပေးနိုင်ပါစေ။ We all love you so much our beloved Lady!


alinsettMarch 26, 20161min4339
                                      ဟိုနေ့တွေက ဝန်ကြီးဟောင်းတွေရဲ့ ” အပင်ကအစ နှုတ်ယူမယ်”ဆိုတဲ့  သဘောထား သတင်းတွေ ဖတ်မိပြီး အုန်းအုန်းကြွက်ကြွက် ဖြစ်ခဲ့ကြ. . .   ဟောာာာ ဒီနေ့ကျတော့ တက်လာတဲ့ သတင်းက ဟာခနဲ ဟှင်ခနဲ ဖြစ်ကုန်ရော. . .   လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ဝန်ကြီးအသစ်တွေကို ညွှန်ကြားလိုက်တာ။ ဘာတဲ့ ”ဝန်ကြီးနေအိမ်ထဲမှာ ပရိဘောဂ အသုံးအဆောင်ပစ္စည်းတွေကို ကိုယ့်ငွေနဲ့ကိုယ် ဝယ်ရမယ်။ နိုင်ငံတော် ဘဏ္ဍာငွေကို အဲ့ဒီအတွက် […]


ဇီဇီMarch 22, 20161min38822
ပထမဆုံးပြေါချင်တာက ဒီ စာသားကို ရေးနေတဲ့အချိန်မှာ အရီး လတ် ကို လွမ်းတယ်။   The winner takes it all The loser’s standing small Beside the victory That’s her destiny   ခုတလော ဒီ စာသားလေးပဲခေါင်းထဲရောက်ရောက်လာတယ်။ အမေနိုင်ပြီးကတည်းက အွန်လိုင်းမှာ နိုင်ငံရေးအကြောင်းမပြေါတာ ခုချိန်ထိပဲ။ မွေးမေလေ့က မေးလို့တောင် ရှင်းပြမိသေးတယ်။ ရွေးကောက်ပွဲမတိုင်ခင်က ကိုယ်ဒေါင်းတောက်နေတယ်ဆိုတာကလေ ….. မနိုင်မှာကြောက်တယ်။ မဲမရမှာကြောက်တယ်၊ အညစ်ခံရမှာကြောက်တယ်။ ဒီကြားထဲ ခြံစည်းရိုးခွထိုင်တွေမြင်ရင် ဝုန်းချင်တယ်။ ယှဉ် ပြေါခံရရင် အမေ့ကိုယ်စား သိပ်နာကျည်းတယ်။ ရိသဲ့သဲ့ သူ့လူကိုယ့်ဘက်သား အာဘော်တွေကို စိတ်နာတယ်။ ဗြောင်ဘောမ၊ ပါးပါးဘောမ၊ မသိမသာ […]


alinsettFebruary 2, 20164min25616
ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်                                 ======================== DASSK -ဟလို…. RFA -အစ်မရေ…နေကောင်းလား… DASSK -ဟုတ်ကဲ့ နေကောင်းပါတယ်။ RFA -အခုကျင်းပနေတဲ့ ငြိမ်းချမ်းရေး  ညီလာခံအပေါ် အစ်မရဲ့ သဘောထား …သိပါရစေခင်ဗျ ။ DASSK – ဒီငြိမ်းချမ်းရေး ညီလာခံကပေါ့နော်… ၊ NCA ပြီးတာကို အသိအမှတ်ပြုတဲ့သဘာပါပဲ။ ဒီလိုပဲ အစ်မ နားလည်တယ်။ တကယ့်ငြိမ်းချမ်းရေး ညီလာခံကတော့ နောက်အစိုးရကမှ ဆက်ပြီး လုပ်ရမှာပေါ့နော်။ ငါးရက်ထဲနဲ့တော့ ဘယ်လိုလုပ် ငြိမ်းချမ်းရေး ယူနိုင်မလဲ […]


ဒီဓါတ်ပုံလေးတွေကို…ဒီနေ့မနက် The Landslide Victory’ Post (FB) မှာတွေ့တော့ စိတ်ထဲခံစားမှုတချို့ဖြစ်ပေါ်လာတယ်ဗျ…. ဒေါ်စုပုံကတော့ ဒီနေ့ခေတ်လို ကင်မရာတွေ ၊ လက်ကိုင်ဖုန်းတွေပေါတဲ့ခေတ်မှာ သူ့အိုက်တင်အမျိုးမျိုး ၊ နေရာအမျိုးမျိုးမှာရိုက်ထားတဲ့ပုံတွေရနိုင်တာသိပ်မဆန်းလှ… ဗိုလ်ချုပ်တို့ခေတ်အခါက ကင်မရာဆိုတာတကယ့်ရှားပါးပစ္စည်း..လူတိုင်းတောင်မမြင်ဘူးနိုင်တဲ့ခေတ် ..ကျန်တဲ့ပုံတွေထက် လှေပေါ်တက်နေတဲ့ဗိုလ်ချုပ်ပုံကို အမိအရဖမ်းယူနိုင်ခဲ့တာ( ကင်မရာမန်းရိုက်ဖြစ်ခဲ့တာ) ထူးဆန်းတဲ့အထဲထည့်ရလိမ့်မယ်.. အခုလိုရှေးနဲ့ယခု ဓါတ်ပုံလေးတွေယှဉ်ပြတာတွေ့တော့…တူနိုင်ရက်လေခြင်းလို့တွေးမိပြီး အံ့ဩမိတာပါ…ဖအေတူသမီးအစစ်မို့တူတာပေမဲ့…..ဒီလောက်နဲ့တင် တူတာရပ်စေချင်စိတ် ရုတ်တရက်ပေါ်လာမိလို့..ဒီပို့စ်လေးကိုရေးတင်မိပါတယ်…. ဒီလောက်တူရင်တော်ပါတော့ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ..လို့သာ……..                   အားလုံးကိုခင်မင်လေးစားစွာဖြင့်…. ထာဝရလမ်းဆက်လျှောက်နေတဲ့.. ကြီးမိုက်။ ၅ ၊ ၁၂ ၊ ၂၀၁၅  


ရွာထဲမရောက်ဖြစ်တာ ကြာခဲ့ပြီ… သံယောဇဉ်က တွယ်လျက်ရှိသည်မို့… အခုအချိန်မှာတော့ မှတ်တမ်းတစ်ခု… နောက်တချိန်အတွက် သမိုင်းတခုဖြစ်မယ့် ဓာတ်ပုံတချို့ကို… ရွာထဲလာပြီး မှတ်တမ်းတင်ခဲ့ပါ၏… ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့၊ သုဝဏ္ဏမြို့၊ မြို့ဦးစေတီဘောလုံးကွင်းတွင် ကျင်းပခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ရေးဟောပြောပွဲ မှတ်တမ်းဓာတ်ပုံများ (သူကြီး… သင့်ကြောင့်ဆာဗာမပျက်ပါစေနှင့်…)                                                                   ဓာတ်ပုံရိုက်ဖြစ်တဲ့ တစ်နှစ်မပြည့်တပြည့်သက်တမ်းတိုလေးအတွင်းမှာ… အမေဒေါ်အောင်ဆန်းစုကြည်ကို အခုလိုအရှင်လတ်လတ်ကြီး […]


ဇီဇီNovember 2, 20151min49623
ဒီ ရက်ပိုင်း ကွကိုယ်တော့ တည်ငြိမ်နေတယ်လို့ထင်တာပဲ။ ဟိ.။ :mrgreenn: ဒါမဲ့ ဘေးက ဝိုင်းပြောကြတာက မြင်ရတာဒေါင်းတောက်နေတာပဲ တဲ့။ တောက်ခါမှ တောက်ရော။ ဒေါင်းတောက်တယ် ဆိုမှတော့ ဘယ်လောက် တောက်တောက်လွှတ်ထားလိုက်တော့တယ်။ :k: ဘာရယ်မဟုတ်။ ညပိုင်းဆို ၃ နာရီထိ အိပ်မပျော်ဘူးးး မတရားသဖြင့် ယှဉ်ပြိုင်နေရတဲ့ ပြိုင်ပွဲလို့ တွေးမိရင် ဒေါသပါလာပြီး ပိုဆိုးတယ်။ အဲဒါကိုမှ အသာစီးက မတရားယူထားတဲ့ အဘတွေကို မပြောရဲပဲ အမေစုကိုချည်း ဝေဖန်တဲ့ သူမြင်ရင် အစိမ်းသော အကျက်သော ကလော်ချင်နေတာခက်တယ်။ 👿 အာ့ကြောင့် စိတ်ကို လျှော့… နိုင်ငံရေးမတင်ဘူး စိတ်တင်းပြီး တခြား ပေါက်ကရတွေ လျှောက်တင်တယ်။ ဒါမဲ့လည်း ဂနာမငြိမ် အမာစိန်ဖြစ်နေတာက သိသာတုန်းပဲ။ ထိုက်သင့်သလောက် ပညာ […]


ခုတလော နိုင်ငံရေးပါတီအသီးသီးမဲဆွယ်နေကြရာမှာ သက်ဆိုင်ရာပါတီအသီးသီးရဲ့ အလံတွေကို သတိထားမိတော့ခပ်ဆင်ဆင်တွေ လည်းတွေ့နေရပါတယ်… ဒါကြောင့်စိုးရိမ်သူတွေက ပြည်သူအများထောက်ခံနေကြတဲ့ပါတီရဲ့အလံဟာဒီဟာပါ ဒီဟာမဟုတ်ဖူးနော်၊ မမှားကြနဲ့ဆိုပြီး လူမှုကွန်ယက်တွေကနေ သတိပေးနေကြတာလည်း တွေ့နေရပါတယ်….လူမှုကွန်ယက်မှာဖတ်ရသလောက်..အချို့တောနယ်တွေမှာ NLD ကိုမဲထည့်မယ်..ဒို့ကတော့အမေစုရဲ့ခမောက်ပဲမဲပေးမယ် ပြောနေကြသတဲ့ဗျ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက NLDရဲ့အထိန်းအမှတ်တံဆိပ်က ခမောက်ဖြစ်ခဲ့တာကိုး ဆိုတော့ ကျေးလက်ဒေသတွေအထိ သက်ဆိုင်ရာပါတီတွေကအရောက်ဆင်းရှင်းပြဟောပြော ဖို့လိုနေတာပေါ့…….ဒါတွေအသာထားပါလေ…ခုပြောချင်တာက..ဒီနေ့လူမှုကွန်ယက်ပေါ်တက်လာတဲ့ NLD ရဲ့ အလံနဲ့သူ့အဓိပ်ပါယ်လေးတွေ့လို့ မှတ်တမ်းဖြစ်ရအောင်ယူလာပြီးတင်ပြချင်တာပါ     .ကွန်မန့်ထဲမှာ မအိက “ဗကသ အလံထဲက ခွပ်ဒေါင်းပုံလေးက လှတယ် NLD ရဲ့အလံထဲက ခွပ်ဒေါင်းပုံက တုံးတိတိနဲ့ မလှမပ အလံထဲက ခွပ်ဒေါင်းနဲ့ ကြယ်ဖြူက အနေထားအမျိုးမျိုးဖြစ်နေလို့ အဖွဲ့ချုပ်ကနေ အလံကို အတိကျသတ်မှတ်ဖို့ လိုတယ်လို့ ပြောနေကြတယ်”….လို့ပြောထားလို့ NLD ရဲ့မူရင်းအလံပုံတင်ပေးလိုက်ပါတယ်  :))     […]