koyoAugust 6, 20121min16115
ကပေါက်တီး ကပေါက်ချာ… ရောက်တတ်ရာရာ… အသိကမခိုင်မာ… ကံကြမ္မာဆိုတာ မယုံကြည်ရဘူး…တဲ့။ ကပေါက်တီး ကပေါက်ချာ… ရပ်တည်ချက်က မခိုင်မာ.. မယုံကြည်ရဘူးဆိုတဲ့ ကံကြမ္မာကိုပဲ ယုံကြည်.. မယုံတာကို ယုံတယ်… ယုံတာကို မယုံဘူး… သတိ…အသိ..အဲလိုရှိ။ မယုံ..ယုံ… ယုံ..မယုံ.. မယုံ..ယုံ,   ယုံ..မယုံ…


shwe pontAugust 6, 20121min24714
etone ရဲ ့ စွဲလမ်းမိသော ဝေဒနာပိုစ့်ကိုဖတ်ပြီး အိမ်မှာလုပ်စားနေကျ လွယ်ကူရိုးရှင်းတဲ့ ပူတင်း လုပ်နည်းလေးကို မျှဝေလိုက်ပါတယ် နွားနို ့ တစ်ပိသာကို ကျက်အောင်ကျို ကျက်ပြီးသားနွားနို ့ထဲ ကြက်ဥ ငါးလုံး ခေါက်ပြီးထည့် သကြား ဟင်းခပ်ဇွန်းနှင့် အပြည့်သုံးဇွန်း (အချိုကြိုက်ရင် ပိုထည့်) ဆားအနည်းငယ် ထည့် ပြီး အကုန်သကြားကြေအောင်ခေါက် ပြီးရင် ပူတင်းတယောက်စာပန်းကန်(ကော်ဖီပန်းကန်လို ကြွေပန်းကန် ထမင်းပေါင်းအိုးနဲ့ ထည့်လို ့အဆင်ပြေတဲ့ပန်းကန်)လေးတွေထဲကို စောစောက အကုန်မွေခေါက်ပြီးသား နွားနို ့ကိုထည့် ၊ အဖုံးလေးတွေဖုံးထား ပြီး ထမင်းပေါင်းအိုးထဲ ရေထည့် ၊ ပန်းကန်လေးတွေရဲ ့ သုံးပုံနှစ်ပုံလောက်ထိရေရောက်အောင်ထည့် ပြီးရင် ထမင်းပေါင်းအိုးအဖုံးဖုံးပြီး မိနစ်20 လောက် ထားလိုက်ရင် အသင့်စားလို ့ရတဲ့ ပူတင်းလေးတွေ […]


Knowledge SeekerAugust 6, 20123min1704
သစ်ထူးလွင် သတင်း က ဤသို. ဆို ပါ သည် ဝါဆိုလပြည့်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်း ချောက်မြို့နှင့် စလေမြို့အကြားရှိ စက်မှုဝန်ကြီး ဋ္ဌာနပိုင် အိမ်သုံးပစ္စည်းစက်ရုံ မှ ဓါတုပစ္စည်း ပေါက်ကွဲမီးလောင်ကျွမ်းခဲ့ရခြင်းမှာ တရုတ် ကုမ္ပဏီမှ တည်ဆောက်သည့် စက်ရုံ၏ နည်းပညာဆိုင်ရာ အားနည်းမှုကြောင့် ဟု စက်ရုံမှူးက သုံးသပ်ပြောဆိုသည်။ http://www.thithtoolwin.com/2012/08/blog-post_9947.html#.UB9oXqAfzIU ANTARA News/Xinhua-OANA က ဤသို. ဆို ပါ သည် Myanmar chemical plant explosion causes loss of 2.5 mln USD Sat, August 4 2012 10:52 Yangon (ANTARA News/Xinhua-OANA) – The […]


လောက တွင် ကိုကမှန်တယ်ထင် တဲ့ အရာတွေလွဲချော်သွားတတ်တာ ဘာလို့လဲ လူတွေအားလုံးက အခက်ခဲ ပြသနာတခုခုဖြစ်ရင် ရယ်မောခြင်းနှင့်ခွင့်လွှတ်နိုင်ပါစေ ဆိုတာ တကယ်တန်းတော့စာ သားအရတာပါ လက်တွေ့ကျတော်ခက်ခဲပါတယ်။ လူတွေက ဘာလို့ အမှားဘက်ကိုအုပ်စု လိုက်ပီး အမှန်ကိုဖုံးကွယ်ထားကြတာလဲ အပြုံး နေဖို့ဆိုတာမလွယ်ပါဘူး ကိုကမမှားပဲ ကိုကမှန်နေရက်နဲ့ ကို့ ကိုထင်လွဲခံရတာ ကို့ကိုမုန်းခံရတာ စိတ်ဆိုးခံရတာ ပါ အတော့ဘယ်လိုလုပ် ပြသနာဖြစ်ရင်ပြုံးပြုံးလေး နေနိုင်မလဲနော် ကြိုးတော့ကြိုးစားပါတယ်တခါတလေ လဲထိန်းနိုင်ပီး တခါတလေလဲ ဒေါသလွတ်သွားတတ် တယ်နော် ကျွှန်မ တစ်ယောက်မှမဟုတ်ပါဘူး လူသားအားလုံးဖြစ်လေ့ဖြစ်ထရှိပါတယ်။ ကျွှန်မ သူငယ်ချင်း တွေကိုအရမ်းခင်တတ်တဲ့သူပါ သူတို့ကူညီလို ရင် ကျွှန်မ ဘယ်လောက်ပဲပင်ပန်းဆင်းရဲနေပါစေ ကျွှန်မ ဘက်ကအဆင်သင့်ပါ ။ လူတိုင်းပါလို့တော့မဆိုလိုပါဘူးနော်ကျွှန်မစိတ်ကတော့ ကိုကကောင်းထားရင် ကိုပေါ်ကိုပြန်ကောင်းမှကြိုက်တယ် ကိုစေတနာကိုလေးထားစေချင်တယ်။ ကျွှန်မလဲမြဲတမ်းမှန်နေတယ်လို့တော့မဟုတ်ပါဘူး လူဆိုတာမှားနဲ့မကင်းနိုင်ကြပါဘူး […]


Knowledge SeekerAugust 5, 20128min1173
Credit to http://blog.nyilynnseck.com/ 23 July 2012 ဘုံဘေဘားမား ကုမ္ပဏီကနေ သူတို့ဆီမှာ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူသွားတဲ့ Berkeley John Byron Stephens Esquire ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို လက်ဆောင်ပေးခဲ့တဲ့ ရှေးမြန်မာ့ ငွေထည်လက်ရာ။ ကြောက်ဖို့တောင်ကောင်းတယ်။ ကိုယ့်ဆီက သူဌေးတွေ ဒါမျိုးတွေ စိတ်မဝင်စားကြတာလည်း ဝမ်းနည်းစရာ။ http://www.michaelbackmanltd.com/1691.html Michael Backman Ltd – Home Monumental Silver Model of a Temple Burma dated 1914 height: 84cm, diameter of base: 51cm This massive model of a Burmese temple, […]


ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ လူတိုင်းလိုလို ပြောနေကြတဲ့…. စကားတစ်လုံးရှိပါတယ်။ အဲဒါက “လောကီ နဲ့ လောကုတ္တရာ” ဆိုတဲ့ စကားပါပဲ။ လောကီ လောကီလို့ ပြောနေကြပေမယ့် လောကီဆိုတာ ဘာလဲ…ဆိုတာ သေချာစဉ်းစားကြည့်တော့ သိသလိုလိုနဲ့ မသိဖြစ်နေတတ်ကြပါတယ်။ လောကီဆိုတာ ဘာလဲ… လောကုတ္တရာဆိုတာ ဘာလဲ… တချို့လူတွေက ဘုန်းကြီးတွေကိုလျှောက်ကြတယ်.. တပည့်တော်တို့က လောကီနယ်သားတွေဆိုတော့…………….. အဲလိုဆိုရင်.. လူတွေက လောကီနယ်သားတွေ… ဘုန်းကြီးတွေက လောကုတ္တရာနယ်သားတွေလား… သင်္ကန်းဝတ်လိုက်တာနဲ့ … အဝတ်လေးပြောင်းလိုက်တာနဲ့ လောကုတ္တရာနယ်ထဲရောက်သွားတာလား….. လောကီနယ်ဆိုတာကတော့ ဗုဒ္ဓဘာသာအရ ရောက်ချင်ရမယ့်နယ်တော့ မဟုတ်ဘူး။ လောကုတ္တရာနယ်ကတော့………….လူတွေရောက်ရမယ့်နယ်။ ရောက်အောင်သွားရမယ့်နယ်။ ဘုရားရောက်စေချင်တဲ့ နယ်။ အဲဒါတော့ သေချာတယ်။ တချို့က ပြောကြပြန်တယ်.. ဘုရားက လောကုတ္တရာ တရားတွေ.. ဟောခဲ့တာတဲ့။ ဒါပေမယ့် လောကီကြီးပွားရေး တရားတွေလဲ […]


tharli karAugust 5, 20122min1474
သတိတယနဲ့ ရွာရှိရာအလာ….။ အိတ်ကပ်ထဲရှာကြည့် ကိုယ့်အသိကို မေ့လို့ပေါ့…။ ဗလာထက်ပိုတဲ့ ပိုက်ဆံက သာလိကာကို မဲ့ရွဲ့ကြည့်ရင်း နှာပြီစုတ်လို မျက်စောင်းထိုး ဘယ်မှာလဲ…အင်တာနက်ဖိုး….တဲ့…။ ခေါင်းကုတ်ကြံမိတယ်…. ကျုပ်…..ပြန်မလှည့်ချင်ဘူး…. ဟုတ်ပါရဲ့…. ရွာသတင်းထူးတွေ…လွတ်သွားမယ်.. အမူး…အတင်းတွေ….လွတ်သွားမယ်….ပေါ့…။ စားစရာမရှိချင်နေ မသေခင် ရွာထဲအပေါက် ငါ ရောက်မှ…..ဖြစ်မှာ….။ (ပိုပြောခြင်းဆိုပေမင့်…ယုံစေချင်ပါသည်) ဒီလိုနဲ့…… အဝိုင်းတဝက်ကို နှိုင်းတွက်မိတဲ့ နာရီလောက် အပီအပြင် အသုံးချဖို့….ရာ လိပ်စာရိုက်ထည့် အင်းတားခေါက်… ဗျောက်……………။ …………… ပေါ်လာပြီ…..ငါ့စာမျက်နှာ ဟာ…… အစိမ်းက….တော်တော် အနီက…ကဲကဲ ဒီ အထဲ ဆဲသူတစ်သိုက်..ဆိုတော့… မိုက်ကနဲဖြစ်…..။ အစ်……. တော်သေးရဲ့ အဒေါ်တစ်သိုက်က ပျော်လိုက်တဲ့ဖြစ်ခြင်းဆိုတော့… အင်း…… ဟင်…….. သုံးစွဲချိန်နဲ့…. ခွဲတမ်းချပိုက်ဆံ…. ပြန်အမ်းစရာမလို…. အကိုရေ….ရော့…. (200 ) ကျပ်………. ဆိုတော့….. […]


မိမိကိုယ်ကို မိရိုးဖလာ ဗုဒ္ဓဘာသာလို့လည်း မသိ မိရိုးဖလာ ဗုဒ္ဓဘာသာ အဖြစ်ထက် ကျော်လွန်ရကောင်းမှန်းလည်း မသိခဲ့ရိုးအမှန်ပါ။ အဖေတို့ အမေတို့က သီလ ဆောက် တည်တော့ ကိုယ်လည်းသီလဆောက်တည်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ဆိုပြီး ပုတီးစိပ်ရတယ် ကြားဖူးလို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုပြီး ပုတီးလည်းစိပ်ခဲ့ပါတယ်။ တစ်နေ့ကို အနည်းဆုံးသုံးကြိမ် သရဏဂုံ ဆောက်တည်လျှင် အစစအောင်မြင်နိုင်တယ်ဆိုလို့ ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံသရဏဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိကို နံနက်သုံးခေါက်၊ နေ့လယ်သုံး ခေါက်၊ ညနေသုံးခေါက် ရေသောက်တိုင်း ထမင်းစားတိုင်းမှာ သုံးခေါက် အမြဲမပြတ် ရွတ်ဆို ခဲ့ဘူးပါတယ်။ တစ်နေ့အနည်းဆုံး သုံးကြိမ် သံရဏဂုံဆောက်တည်လျှင် အစစ အောင်မြင် နိုင်တယ်ဆိုလို့ ဗုဒ္ဓံသံရဏံဂစ္ဆာမိ၊ ဓမ္မသံရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိကို နံနက်သုံးခေါက်၊ နေ့လယ်သုံးခေါက်၊ ညနေသုံးခေါက် […]


the bestAugust 5, 20121min18516
“မြန်မာ့ဆက်သွယ်ရေး လုပ်ရပ် မကျေနပ်ကြ” ဆိုတဲ့သတင်းလေးကို hotnewsweekly.com မှာဖတ်လိုက်ရပြန်ပြီ။ မြန်မာနိုင်ငံမှာ ပြည်သူတွေကို အနိုင်အကျင့်ဆုံး မြန်မာ့ဆက်သွယ်ရေး ရဲ့ မသမာတဲ့ လုပ်ရပ်လို ့မြင်မိတာကြောင့် ကူးတင်ပေးလိုက်ပါတယ်ဗျာ။   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း  မှ ကြိုးဖုန်းနှစ်စဉ်ကြေးများကို ယခင်က တစ်နှစ်လျှင် ကျပ် ၅၄ဝ အစား တစ်နှစ်လျှင် ကျပ် ၆၀၀ဝ သို့ ၂၀၁၂ မေလမှစ၍ သတင်းစာ တွင် ကြေညာခြင်းမရှိဘဲ တိုးမြှင့်  သတ်မှတ်လိုက်ကြောင်း သိရသည်။   “မီတာခတောင် တစ်ယူနစ် (၃၅) ကျပ်တိုးတယ်ဆိုတာ သတင်းစာထဲထည့်တယ်။ အခု ဟာက ကျွန်တော်တို့ ဘီလ်သွား ဆောင်မှသိရတယ်။ တာဝန်ရှိသူ  တွေကို မေးတော့နိုင်ငံတော်ပိုင်းက ပြည်ထောင်စုဝန်ကြီးကပြောင်းခိုင်း တာပါ၊ ခေတ်စနစ်နဲ့ အညီကောက်  ခံတာပါလို့ပြောတယ်။ […]


koyoAugust 4, 20121min32420
လွန်ခဲ့သော နှစ်(၂၅၀၀)ကျော်ကတည်းက ဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ် မြတ်ဟဟာ အယူဝါဒတွေကို  တိုက်ဖျက်ပေးခဲ့ဘူးပါတယ်။ အယူတွေက လူတွေကို ဇာတ်နိမ့် ဇာတ်မြင့်၊ သူ့အမျိုး ကိုယ့်အမျိုး၊ သူ့အဖွဲ့ ကိုယ့်အဖွဲ့၊ ယောက်ျား မိန်းမ…အစစတွေကို ဖြစ်စေပါတယ်။ ဒီလိုပြဿနာတွေကို လုံးဝ ဖြေရှင်းပေးနိုင်ပါမှ လူသားထုကြီးတစ်ခုလုံး စည်းလုံး ညီညွှတ်ကြပါလိမ့်မယ်။ လူသားထုကြီးတစ်ခုလုံးကို စည်းလုံးညီညွှတ်စေလိုသော မွန်မြတ်တဲ့စိတ် ထားဖြင့် မြတ်ဗုဒ္ဓဟာ အယူဝါဒတွေကို တိုက်ဖျက်ပေးခဲ့ဘူးပါတယ်။ တကယ် တော့ ဗုဒ္ဓဆိုတာ အယူဝါဒတွေကို ပယ်စွန့်ပြီးသူဖြစ်ပါတယ်။ သို့သော် ဗုဒ္ဓ လွန်တော်မူပြီး နှစ်(၂၀၀)ကျော်ပါမှ ဗုဒ္ဓကို အယူဝါဒရှင်ဖြစ်အောင် ဖေါ်ဆောင် ခံခဲ့ရတာပါ။ ဗုဒ္ဓလက်ထက်က ထင်ရှားတဲ့ အယူဝါဒရှင်(၆)ဦးရဲ့ အယူဝါဒတွေကို လေ့လာ ကြည့်မယ်ဆိုလျှင် ဗုဒ္ဓဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တယ်ဆိုတာပေါ်လွင်ပါ လိမ့်မယ်။ ဗုဒ္ဓဟာ […]


ဒီရက်ထဲမှာ နေကခြစ်ခြစ်တောက်ပူလိုက်၊ တိုင်ဖုန်းက တစ်လုံးပြီး တစ်လုံးဝင်လိုက် နဲ့ အလုပ် လုပ်ရတာ တယ်ပြီး ခရီးမတွင်လှဘူး……… အားနေတော့လဲ တောင်စဉ်းစား မြောက်စဉ်းစား မြန်မာလူမျိုး သူငယ်ချင်းကလဲ မရှိ၊ စကားပြောဖော်ကလဲ နထိ္ထ ဆိုတော့၊ ပျင်းစရာကြီးဗျာ   ကိုယ့်ဘဝ ကိုယ်ပြန်စဉ်းစားမိတော့လဲ ဟိုနိုင်ငံရောက် သည်နိုင်ငံရောက်နဲ့ အခြေဘဲမကျနိုင်သေးဘူး တခါတခါ ဘာလို့များ ပိုက်ဆံရှာနေမိပါလိမ့် လို့တောင် အတွေးပေါက်မိတယ်။   တဘက်က စဉ်းစားကြည့်တော့လဲ နိုင်ငံစုံဗဟုသုတ ရတာပေါ့လေ အဲ… လူအမျိုးမျိုး စိတ်အထွေထွေ တော့ ကြုံရတာပေါ့   မောင်ကျောက် ကနေ ကိုကျောက်၊ ကိုကျောက် ကနေ ခု ဦးကျောက် ဖြစ်လာပြီ ဆိုတော့ လုပ်ငန်းခွင်ထဲမှာလဲ အဆင့်တစ်ခုတော့ ရောက်ပြီပေါ့ဗျာ   […]


Ko out of...August 4, 20121min29217
သင်္ခါရ လေးမျိုးရဲ့..ကိလေသာ၊ ကံ၊ ဝိပါက်၊ သံသရာ၊ သတ္တဝါ၊ လက္ခဏာ ဆိုတာ ဒီလိုပါ… ၁။ ကံ လေးမျိုး အနက်တစ်မျိုးမျိုး လုပ်ရင်ကောင်းမယ်လို့ အမြင်နဲ့ အတွေးတွေဟာ ကိလေသာတွေဘဲ… ၂။ ကိုယ်လုပ်တာ သူများနှစ်နာတာဖြစ်တော့ ကာမအကုသိုလ်ကံ၊ ကိုယ်အနှစ်နာခံတာကျ တော့ ကာမကုသိုလ်ကံ၊ အသိမဲ့ နေတာကို လုပ်တော့ ရူပကုသိုလ်ကံ၊ အရှိမဲ့တာ လုပ်တော့ အရူပ ကုသိုလ်ကံ ဘဲ… ၃။ အဲဒီလိုလုပ်တာတွေက အားပါတော့ အဲဒီအားအရှိန်ကြောင့် ကံနဲ့ အတူဖြစ်တဲ့ တရားတွေ နာနာဘဝ = ထူးထူး ခြားခြားဖြစ်တာက ဝိပါက် ဇာတိဘဲ။ ထူးခြားတဲ့ အဖြစ်အပျက်ပျက်စီးမှု ဝိနာဘာဝ = ပျက်တဲ့ အဖြစ်က ဝိပါက် ဇရာ မရဏ […]


Knowledge SeekerAugust 4, 20122min1225
**ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၁)** အမှာ။ ။ကျွန်တော့်တွင် ၁၉၆၆ ခုနှစ် ဇူလိုင်လထုတ်( လွန်ခဲ့သည့်နှစ်ပေါင်း ၄၆ နှစ်က) ကျုံပျော်စာပေက ထုတ်သော ဗိုလ်ချုပ်အကြောင်းစာအုပ်လေးကို ဖတ်ကောင်းလွန်းလှသဖြင့် မိတ်ဆွေထံမှ အပိုင်တောင်းရုု် သိမ်းထားကာ သုံးလေးခေါက် ဖတ်ပြီးပေပြီ။ ဖတ်လို့မဝသေးသကဲ့သို့ ဖတ်တိုင်း ဗိုလ်ချုပ်ကို လေးစားအားကျခြင်းများလဲ အစဉ်တိုးနေတတ်သည်။နောက်ပြီး မြန်မာပြည်လွတ်လပ်ရေးကို အသက် သွေး ချွေး ဇွဲ ဝီရိယ လုံလ စိတ်ဓါတ်တို့ဖြင့် ရွတ်ရွတ်ချွံချွံ ပေးဆပ် ယူထားရသဖြင့် ဗိုလ်ချုပ်အောင်ဆန်းသာမက အားလုံးသော ထင်ရှားသူရော မထင်ရှားခဲ့ပဲ ပေးဆပ်ခဲ့သူတွေရော အစဉ်လေးစား ဦးခိုက်မိသည်။ ထို့ကြောင့် ကျွန်တော်သည် အားလပ်ချိန်ကလေးများ ရတိုင်း ကွန်ပြူတာရှေ့ထိုင်ရုု် စာအုပ်မှ စာများကို ရိုက်ကာ မိတ်ဆွေများကို ဝေငှချင်သည့် စေတနာများပေါက်လာကာ ကိုယ်တိုင်ရိုက်ပြီး […]