သုရွင္February 11, 20141min35511
လက်ရှိ မင်းသားလုပ်တဲ့သူကလည်း ဘာပဲပြောပြော ပတ်မကြီးကို တကြည့်ကြည့်။ တစ်ယောက်ယောက် ဖောက် သွားမှာကို စိုးရိမ်လို့။ စိုးရိမ်လောက်စရာကိုး။ သူက သာ က လို့ကောင်း နေတာ ဇာတ်ခုံက ခပ်နဲ့နဲ့ရယ်။ အရပ်စကားနဲ့ပြောရမယ်ဆိုရင် အဖြစ် ကနေရတာ။ မင်းသားက ကလို့ မဆုံးသေးဘူး ဇာတ်ထွက် မင်း သမီးက တစ်ပြင်ပြင်။ ပရိတ်သတ်က မင်းသမီးကို မျှော်လှပြီ။ လူကြီးတွေ ပြောပြောနေတာ ကြားဖူးတယ်။ ဒီဇာတ်ထုပ် ကလည်း ရှည်ပါ့ ဆိုတာ လိုမျိုး။ မပြီးနိုင်တဲ့ ဇာတ်က အရှုပ်ထုပ်။ ပရိတ်သတ်ထဲမှာ တောဇာတ်ဆိုတော့ဗျာ ရွာကျောင်းက ကိုယ်တော် တွေ လည်းပါတယ်။ ထန်းရည် သမားတွေ လည်းပါတယ်။ ဒီနှစ်တွေ ထဲ ရွာမှာ ပွဲငတ်နေတာကြာပေါ့။ ငယ်ငယ်ရွယ်ရွယ်ကြီးကြီးသေးသေး ပုပုရှည်ရှည် […]


အဇဋာJuly 4, 20121min44213
ကွမ်းစားခြင်းအနုပညာ ကွမ်းစားခြင်းဟူသည့် အတတ်ပညာတစ်ခုအားအနုပညာမြောက်စေလိုသည့်အတွက်၊ ထို့ပြင် ကွမ်းစားခြင်း၏ အနုအလှများအားလည်း ပြလိုသည့်အတွက် ဤကဲ့သို့ ကွမ်းစားခြင်းကို အနုပညာနှင့်ပေါင်းစပ်ကာ ကွမ်းစားခြင်းအနုပညာဟု နာမည်ကင်ပွန်း တပ်လိုက်ရပေသည်။(စာရေးသူ)   အဖွင့် ဒီနေ့ခေတ်မှာအနုပညာတွေ တော်တော်ပေါများနေလေသည်။ ဤကဲ့သို့ပေါများခေတ်စားနေဘိသည့် အနုပညာများသည် မိတ်ဆွေတို့သိပြီးဖြစ်သည့် အနုပညာသည်တို့၏ လုပ်ငန်းများကို အဓိပ္ပါယ်သက်ရောက်သည်ကား မဟုတ်ရေးချမဟုတ်။ ယနေ့ခေတ်ကြီးအတွင်း ဖြစ်ပျက်လျှက်ရှိသည့် နယ်ပယ်အသီးသီးက ကျော်ခွလာသည့်၊ ကျော်ကြားလာသည့်၊ လူဘောင်သို့ တွင်တွင်ကြီးသွတ်သွင်းခြင်းခံထားရသည့် ပညာရပ်များအားအနုပညာဟူသည့် နာမဝိသေသနကိုထည့်သွင်းလိုက်ပြီးသကာလဘာအနုပညာ၊ ညာအနုပညာစသည်ဖြင့် ရေးကြီးခွင်ကျယ် အနုပညာများများပြားနေသည်မှာကား အထူးပြောဖွယ်ရှိသည်ဟုပင် မထင်။ ယနေ့အချိန်အခါတွင်မှာကား“မည်သည့်ကိစ္စပင်ဖြစ်လင့်ကစားအနုပညာဟူသည့်စကားလုံးကိုတွဲဖက်မြင်ကြရမည်မှာကားသမိုင်းပေးတာဝန်တစ်ရပ်ဟုယုံကြည်ရမည်ဖြစ်ကြောင်း” လည်းကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းတွင် နေ့စဉ်ခေါင်းကြီးအဖြစ်ဖေါ်ပြလျှက်ရှိသည့် နိုင်ငံတော်သမ္မတကြီး၏သဘောထားများတွင် အတိအလင်း ထည့်သွင်းပြောကြားထားပြီး၊ အတိုက်အခံများဘက်မှလည်း အထူးထောက်ခံသည်ကိုလည်းတွေ့ရှိရသည့်အတွက် ထိုကိစ္စအားအထူးပြောဖွယ်ရာမရှိပေ။ ထို့ကြောင့် အနုပညာများသည် “လမ်းဘေးသေးမပေါက်ရ” ဆိုသည့် နံရံရေးစာများနေရာအနှံ့တွေ့ရသကဲ့သို့ နေရာတိုင်း၊ နယ်ပယ်တိုင်းတွင် […]


ထာ၀ရJune 13, 20121min30213
ကျွန်တော်မောင်ဘရွှေ  ခုတလော  စိတ်အလိုမကျဖြစ် နေတာ တပတ်လောက်ရှိပြီ… အကြောင်းကတော. နာမည်ကြောင်.ပါဘဲ အမေပေးခဲ.တဲ.ဒီ ဘရွှေ ဆိုတဲ. နာမည်ဟာ ခုခေတ်မှာ တော်တော် တုံးတဲ.ခေတ်မမှီတော. နာမည်ဖြစ်နေတာကြောင်.ပါဘဲ… သူငယ်ချင်းတွေရဲ.နာမည်တွေက  နေတိုးတို.   ပြေတီဦးတို.ဖြစ်နေတဲ. အချိန်မှာ ကျွန်တော.နာမည် ဘရွှေ ဆိုတာ မိတ်ဆက်ရတာတောင် ရှက်သလိုဖြစ်နေမိတယ်…..   တပတ်တိတိ လေးလေးနက်နက်စဉ်းစားပြီး  နောက်ဆုံး ဆုံးဖြတ်ချက်တခုချလိုက်တယ် ကိုယ်နာမည်ကိုပြောင်းမယ်ပေါ.  …  ခေတ်လဲမှီရမယ် လူသိလဲများရမယ် အများလဲ သဘောကျတဲ.နာမည်ဖြစ်ရမယ် နဂိုကနာမည်နဲ.လဲဆင်ဆင် တူရမယ်ဆိုပြီး  စဉ်းစားလိုက်တာနောက်ဆုံးတော.  မောင်ဘရွှေ ဆိုတဲ.နာမည်ကို သတင်းစာထဲကနေ မောင်ရွှေဘ ဟုပြောင်းပြီ.. လို. တလောကလုံးကို ကြေငြာလိုက်တယ် အိမ်မှာလဲ အသိမိတ်ဆွေသူငယ်ချင်းတွေကို ဖိတ်ကြွေးပြီး အမည်ပြောင်းကင်မွန်းတပ်လုပ်ပြီး ကြေငြာလိုက်တယ်လေ..   ပြသနာက ခုမှစတော.တာဘဲ  […]


Mg OggaDecember 11, 20111min1634
စနေမောင်မောင်၊ ရာဟုမောင်မောင်၊ ကာတွန်းမောင်မောင်တို့ စသဖြင့် မြန်မာပြည်တွင် မောင်မောင် များစွာရှိသည်။ အခု ကျွန်တော်ပြောပြမည့် မောင်မောင်ကား ဖေ့ဘုတ်မောင်မောင် ဖြစ်လေသည်။ ဖေဘုတ်မောင်မောင် အင်တာနက် မသုံးခင်က နာမည်မှာ မောင်မောင် ပင်ဖြစ်သည်။သို့သော် အင်တာနက် စသုံးတတ်ပြီးနောက်ပိုင်း ချက်မောင်မောင် ဂျီတော့မောင်မောင် စသဖြင့်ခေါ်ကြသည်။ အခုတော့ ချက်မောင်မောင် ဂျီတော့ မောင်မောင်မဟုတ်တော့ ပိုအဆင်မြင့်လာပြီး တော်လှန်ရေးသမားမျိုးချစ် ဖေဘုတ်မောင်မောင် ဖြစ်လာပြီ။ မောင်မောင်သည် ၁ဝ တန်းကျကာ ဘာလုပ်ရမှန်းမသိ လက်ယားလက်ယား ဖြစ်နေချိန် အကိုတစ်ဝမ်းကွဲ မောင်မောင် ပျက်စီးမည်စိုးသောကြောင့် သူဖွင့်ထားသော အင်တာနက်ဆိုင်တွင် ဆိုင်စောင့် ရန် တာဝန် ပေးသည်။ ဒီအချိန်မှစ၍ မောင်မောင် အင်တာနက်ကို စတင်သုံးတတ်လာလေသည်။ မောင်မောင်က ၁ဝ တန်း မအောင်သော်လည်း လေ့လာမှုအားကောင်းသည်။ […]


KingNovember 24, 20111min38817
ဒီနေ့ တစ်နေ့လုံး အလုပ်တွေလည်းရှုပ် လူလည်း ငြီးစီစီဖြစ်လာသောကြောင့် ယနေ့ထုတ် ဂျာနယ်တစ်စောင်ကို လန်လောကာ သတင်းလေးများ ပုံမှန်အတိုင်းပဲ ဖတ်ကြည့်မိပါတော့တယ် … ကိုယ်ပဲ သည်ဂျာနယ်ကို မဖတ်တာကြာလို့လား မသိဘူး ထပ်တိုးလာတဲ့ ကဏ္ဍာကို အမှတ်တမဲ့ပါပဲ … ယခုဖတ်မိမှာပဲ သည်ကဏ္ဍလေးကို သဘောလည်း ကျမိပါရဲ့ဗျာ … ခေါင်းစဉ်တင်ပဲ တော်တော်စိတ်ဝင်စားဖို့ ကောင်းတာနဲ့ပဲ ဆက်ဖတ်ဖြစ်ခဲ့တယ်ဗျ .. ခေါင်းစဉ်ကတော့ ဆက်သွယ်ရေးမှ လူကြီးမင်းများ ခင်ဗျား .. ဆိုပြီးပေးထားလေရဲ့ ….. ကျွန်တော်လည်း အခုတစ်လော ဆက်သွယ်ရေးနဲ့ပတ်သက်လို့တော်တော်လေး စိတ်ညစ်နေတာဆိုတော့ …. စိတ်ညစ်ဆိုဗျာ အင်တာနက်လိုင်းသုံးလို့ရတဲ့အချိန်မှာ ဖွင့်လိုက်လို့ရှိရင် Notice စာကို အရင်ဖတ်ပဲ ဖတ်နေရတယ် ဒီစာက ဆက်သုံးဖို့ စိတ်ဓာတ်ကျစေတယ်ဗျာ …. အဲဒီစာလေး ပေါ်လာတာကိုပဲ […]


koyinSeptember 1, 20111min29314
(လိုက်သင့်ရဲ့လား ချစ်သူ..)   မြေပဲ စိမ့်လို့လား လမ်းက ကြောင်ပဲ စားခဲ့သလား   ငါ့မှာတော့ ဓါးချက်တွေ ဗရပွနဲ့ အရေခွံ နွာခဲ့ရဖူးတယ်  သိပ်တော့ မလျှောက်ခဲ့ပါဘူး အဝတ်မပါဘဲ ဘေးထိုးအိပ်နေတာ ဖိနပ်ပါသွားတာ အမြတ်ပေါ့ ခြေမနဲ့ လက်မောင်း ထောင်းတော့လည်း ခံ ညောင်းတော့လည်း စံပေ့ါ အဲလိုမျိုးနဲ့ ငါ့ ကျောက်မောင်းကို ထုဆစ်ပုံဖော်နေခဲ့တယ် အပိုင်းအစတချို သစ်ရွက်ကြွေ တချို့ ဖုန်မှုန့်တချို့ မိုးရေတစ်ချို့ …. ……… အမျိုးတွေ အမျိုးတွေ တွေ့ခဲ့ပေ့ါ ဟိုလိုနဲ့ ထင်မှတ်ခဲ့လည်း ရင်ဘတ်ကို ခဲတွေ လာစင်တယ် မမျှော်လင့်ဘဲ မောင်းဆုံကွဲအက် ကြက်ချေးတွေနဲ့ ရောဖူးတယ် မလိုချင်ဘဲ သဲတွေသာ ရခဲ့တယ် အဲဒီ အရှေ့မှာမှ ခဲစတွေ ပိုကြေညက်လာတယ် သဲမှုန်တွေ ပိုရောနှောလာတယ် ကျောက်မောင်းရဲ့ အင်အားနဲ့ ဆုံထဲက ခဲတစ်ဝက် ကြေညက်ခဲ့မယ်ဆို […]


လူကြီးများရန်ဖြစ်နေကြသည်…ခလေများမပါကြေး စပ်စုတတ်လျှင်ချောင်းကြည့်နိုင်ပါသည်….တက်နင်းမိလို့အိုုပုတ်ကွဲမည်သတိထားပါ တုတ်ဆွဲဒါးဆွဲဖြစ်လျှင်ဝေးဝေးနေပါ…..ပစ်ကြခတ်ကြဖြစ်လျှင်မျက်လုံးမှန်နိုင်သည် နဖူးကွဲမြည်သတိထားပါ…..။။။။     သူကြီးရောက်လာပြီ….နှစ်လုံးပြူးလည်းပါသည် ကျည်ဆန်ကတော့အိမ်မှာမေ့ကျန်နေခဲ့သည်….သူကြီးမဒံလိုက်လာပေးမှာသေချာသည် ရဲဆေးတင်တာအော်ငေါက်ထုတ်ရသည်…..အရေးမလုပ်သူထိတ်တုံးခတ်မည် ရပ်ကြည်သူများသက်သေပါနိုင်သည်……။။။။။     သူကြီးအိမ်မှာအကုန်စုကြပြီ…..ခြံစည်းတန်းကစောင့်လို့ကြည့်ကြသည် တိုင်တဲ့သူလည်းပါသည်ဖွတဲ့သူလည်းပါသည်….သက်သေများကိုသေချာစစ်မေးသည် သူကြီးခေါင်းကုတ်နေတာပဲတွေ့ရသည်….အလွန်ကြီးတဲ့ပြသနာပဲဖြစ်ရမည် ခလေးများမို့သိပ်မတွေးတတ်ပါ…. ရွာပြင်ထွက်လို့ငှက်ပစ်နေတာပဲကောင်းပါ၏…


လေး။ ။ ရှင့် ရှပ်အင်္ကျီက အကောင်းစားပဲ။ ရှင်နဲ့လည်း အရမ်းလိုက်တယ်။ အင်း – ဘာဝတ်ဝတ် ရှင်က ကြည့်ကောင်းမှာပါ။ ကျွဲ။ ။ ဟုတ်လား၊ ဟီးဟီး။ လေး။ ။ ဟုတ်တယ်။ ရှင်က ညိုချော ချောတယ်။ မြှောက်ပင့်ပြောသည်ပဲဖြစ်ဖြစ်၊ အရှိအတိုင်း သုံးသပ်သည်ပဲဖြစ်ဖြစ် ကျေနပ်စရာပင်။ အလှအပ ကြိုက်သော ကျွန်ုပ် နှင့် လှပ အပြောချိုသော နှုတ်ခမ်းနီမလေးတို့ နှစ်ဦးသား အဝတ်အစား၊ ဖက်ရှင်တို့အကြောင်း ရောက်တတ်ရာရာ စကားကောင်းနေမိသည်မှာ ၁ဝ မိနစ်ကျော် ကြာသွားလေသည်။ လေး။ ။ စကားပြောလို့ ကောင်းလိုက်တာရှင်။ ဒီကိုလာတဲ့သူတွေက စကား သိပ်ပြောကြတာ မဟုတ်ဘူး။ အင်း – လေအေးစက် ပျက်ပြန်ပြီ ထင်တယ်၊ ပူလိုက် […]


ဖော်ခြင်းက ခေတ်မှီတာမဟုတ် ဖုံးခြင်းကလဲရှေးဆန်တာမဟုတ် မိန်းခလေးများရဲ့ ကိုယ်ပိုင်ဘဏ္ဍာ ပိုင်ဆိုင်သူကိုသာ ပြဘို့ပါ။ ဒါမြန်မာတွေရဲ့ယဉ်ကျေးမှု့။ ဆိုသူတွေကလဲ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့။ “မမြင်အပ်ရာ”ရာဆိုသဟာ ဖုံးသင့်တာဖုံးထားရမယ့်ဟာကို လူမြင်အောင် မလုံ့တလုံပြလိုပြ အနုပညာကိုဗန်းပြလို့ နှိုးဆွတယ်ဆိုတာကလဲ သိပ်တော့ မဟုတ်ပြန်ဘူး။ “မမြင်အပ်ရာ”ဆိုသဟာကို ကြည့်ချင်သူ့အတွက်တော့ “ပွင့်ပွင့်လင်းလင်းနော်” ဆိုတဲ့ အလန်းဇယားလေးတွေကလဲခုခေတ်မှာ များမှများ ဒီလောက်လေးနဲ့ကတော့ ကိုတွံတေးကြီးရဲ့သီချင်းလို “ပျင်းတောင်ပျင်းသေးတယ်” လို့ဆိုသူတွေကလဲဆိုလေရဲ့။ အိမ်နေနေလမ်းနေနေ နေချင်တဲ့နေရာနေ ဝတ်ချင်သလိုဝတ် ကြည့်ချင်သလိုကြည့် လူတိုင်းမှာ ဒါပါတာဘဲဆိုတဲ့ အတွေးနဲ့လူဖြစ်လာသူများကလဲ ဒီလောက်လေးဖော်တာကို “ပေါ်ကုန်ပြီ”အော်တော့ “ဒါလေးများ…….ဒါလေးများ”ရီတာပေါ့ ရီတာပေါ့” လို့ဖြစ်ကုန်ပြန်ရော။ အဲတော့ ဖော်ချင်သူဖော်တာကို မကြည့်ချင်သူက ဝင်မပြောနဲ့။ ဖော်ချင်သူများကလဲ “ကြည့်ချင်လား မကြည့်ချင်ဘူးလား” အရင်မမေးဘဲနဲ့ဇွတ်မပြနဲ့။ သိပ်ပြချင်လာရင် ကိုယ့်လို အတွေးတူ ကြည့်ချင်သူတွေကိုအရင်စု လူညီပြီဆိုမှ ရှိသမျှအကုန်ဖွင့်ချလိုက်တော့။ “အာဟ […]


သူရႆဝါFebruary 23, 20111min980
အပတ်စဉ်ထုတ် နည်းပညာဂျာနယ် တစ်စောင်ဖြစ်သည့် Net Guide ဂျာနယ်၏ စာမျက်နှာ ၄၂ ကို မောင်ပိုင်စီး၍ သရော်တော်တော်၊ ကလိတိတိ၊ ရိတိတိ စာပေများကို လူအမြင်ကပ်လောက်အောင် ရေးသားနေသည့် ကျွန်တော် သူရဿဝါသည် ယနေ့တွင်လည်း လာမည့် အပတ်စဉ်အတွက် စာမူပေးရမည်ဖြစ်၍ နဂိုကတည်းကမှ အကြံတုံး ဉာဏ်တုံး ငနဲတစ်ကောင် ဖြစ်သည့်အားလျော်စွာ “ဒီတစ်ပတ်ရော ဘာများရွှီးရပါ့မလဲ” ဟု ခေါင်းခြောက်အောင် စဉ်းစား၍ လွန်စွာမှ စိတ်နှလုံး မသာမယာ ရှိလှသည်ဖြစ်ရာ ဘာမှရေး၍မရသည့်အဆုံး ဆက်မရေးတော့ပြီဟု စိတ်ဒုံးဒုံးချမိလေ၏။ ဒါဖြင့် ဘာလုပ်ရမည်နည်း။ ထိုသို့ စဉ်းစားသောအခါ ပျော်စရာများလှသော နေရာတစ်ခုအား ရှာဖွေတွေ့ရှိ ပါလေသည်။ အားအားရှိ ထိုင်ခုံတွင် ဖင်သံမှိုရိုက်၍ ထိုင်ချက်မလား၊ ဒါမှမဟုတ် လူမှုရေးကွန်ယက်ဆိုက်များတွင် ပေါက်ကရ လေးဆယ် […]


သူရႆဝါFebruary 16, 20111min1082
အင်တာနက် လောကထဲ ကျင်လည်သည့် သက်တမ်းကလေး လေး၊ ငါး၊ ခြောက်နှစ်ခန့် ရှိလာချိန်တွင် ကျွန်တော်လည်း အတော်အတန် အွန်လိုင်းပါးဝ လာသည့်အလျောက် အွန်လိုင်းကမ္ဘာကြီး၏ ကောင်းဆိုး ကြောင်းကျိုး တို့ကို ခရေစေ့တွင်းကျ သိရှိလာရပေပြီ။ သို့ဖြစ်သောကြောင့် မိမိကျင်လည် ကျက်စားရာ အွန်လိုင်း ကမ္ဘာကြီးထဲမှ ကျွန်တော်တို့၏ ဒုက္ခ သုက္ခနှင့် ကြုံတွေ့ရသော အဖြစ်သနစ် ပေါင်းစုံတို့အား ဖတ်ရှုသိရှိ နိုင်ကြ စေရန် ရည်သန်၍ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း လိုက်ရပေသည်။ လူသားတို့၏ ဒုတိယကမ္ဘာဟု တင်စားအပ်သော အင်တာနက် လောကကြီးအတွင်း ဆယ့်ရှစ်တောင် မျှမက ဆယ့်ကိုးတောင်လောက် ဝတ်ကြသော မင်းယောင်္ကျားကြီး အဖြစ်မှ ဘုန်းကညာတစ်ပါး လုံးရာကပြားပြီး မိန်းမ ဟန်ဆောင်၍ အွန်လိုင်းတက် ကြခြင်းကို လည်းကောင်း၊ လှေကား အထစ်ထစ်ဆင်း၍ […]


သူရႆဝါFebruary 9, 20111min1022
ကျွန်ုပ်သည်ကား ငယ်စဉ်အခါကတည်းက ဗေဒင်ပညာကို ဝါသနာပါသည့် အားလျော်စွာ ကမ္ဘာအရပ်ရပ်ရှိ နာမည်ကျော် ဝေဒပညာရှင်ကြီးများထံမှ လက္ခဏာ ခြေခဏာ ဟိုခဏာ ဒီခဏာ နိမိတ်ဟော ရှေ့ဖြစ် နောက်ဖြစ် မှစ၍ တားရော့ကဒ်ဟောနည်း၊ ခေါင်းပန်းလှန်ဟောနည်း၊ နံကြားထောက်ဟောနည်း အစရှိသည့် ဗေဒင်ဟောနည်း ပေါင်းစုံကို အွန်လိုင်းမှတဆင့် မေးလ်ပေးမေးလ်ယူ (Mail To Mail) စနစ်ဖြင့် သင်ကြားတတ်မြောက်ပြီး သကာလ ကျက်သရေမင်္ဂလာ သာမက စိန်ခြူးကြာညောင်အပေါင်းနှင့်ပါ ပြည့်စုံပြီး ထူးချွန်ထက်မြက် ဉာဏ်ရည်တက်သည့် အမျိုးကောင်းသားတစ်ဦး ဖြစ်သည်နှင့်အညီ မည်သူမှ စိတ်မကူးမိသေးသော အိုင်တီ၊ အင်တာနက် လောကအတွက် ရှေ့ဖြစ်ဟောစာတမ်းကြီး တစ်စောင်ကို ရေးသားဟောကြားပြုစု၍ နောင်ဖြစ်လာလတ္တံ့သော ရှေ့ဖြစ်ဇာတ်ကြောင်းများအား နောင်လာ နောက်သားတို့ ဖတ်ရှုလေ့လာနိုင်ရန် အလို့ငှာ နာမည်ကျော် နည်းပညာဂျာနယ်တစ်စောင်ဖြစ်သော Net […]


သူရႆဝါFebruary 2, 20111min1978
ဂမ္ဘီရစာရေးဆရာများ သုံးနှုန်းရေးသားလေ့ရှိသော တစ်နေ့သ၌ အင်တာနက်လောကရှိ Social Network Website များအနက်မှ အယုတ်အလတ်အမြတ်မရွေး လူသုံးအများဆုံးဖြစ်သော Facebook အမည်ရှိ ဝက်ဘ်ဆိုက်ကို တည်ထောင်သူ မာ့ခ်ဇူကာဘတ်သည် ၎င်းလက်ဆော့ခြေဆော့ လုပ်ခဲ့သည့် ဝက်ဘ်ဆိုက်ကြီးအား မည်သည့်နိုင်ငံမှ လူဦးရေ မည်မျှသုံးစွဲပါသနည်းဟု စစ်တမ်းကောက်၍ ၎င်း၏ Facebook အား သုံးစွဲမှုအများဆုံးနိုင်ငံသို့ အလည်အပတ် လေ့လာရေး ခရီးသွားရောက်ကာ ၎င်း၏အရှိန်အဝါဩဇာကို ပိုမိုတိုးတက်အောင် မားကက်တင်းဆင်းရလျှင် သင့်မြတ်လှပေမည်ဟု တွေးတောမိလေသည်။ ထိုငတိသည် ဉာဏ်များသည့်အလေ့အထ ရှိသည့်အတိုင်း ရှေးဦးမဆွကလည်း ထိုသို့ ထူးခြားဆန်းပြားသော လုပ်ရပ်မျိုးကို လူစိတ်ဝင်စားအောင် ခဏခဏ ပြုလုပ်လေ့ရှိသူတစ်ဦးလည်း ဖြစ်၏။ ဥပမာဆိုရလျှင် တလောက ၎င်းလူသုံးအများဆုံး ဝက်ဘ်ဆိုက်ကြီးကို တည်ထောင်ခဲ့မိသဖြင့် ၎င်း၏ လူပျိုလှည့်ချိန်များ၊ ဈေးဝယ် ထွက်ချိန်များ၊ နိုက်ကလပ်တက်ချိန်များ […]