ခေါင်းစဉ်မဲ့ ကဗျာ

လ မသာတဲ့ ညအခါ
စီးကရက်ကို ဖွာ
အပြီးသတ်ခဲ့တဲ့ဇာတ်ကို
ပြန်လည် တွေးတောရင်းနဲ့ ငါ
‘အချစ်ဆိုတာ ဘာလဲ’ လို့ မေးဖြစ်ခဲ့တယ် …

ရင်ထဲမှာ
တစ်ယောက်တည်း ရှိခဲ့တာပါ
‘အချစ်ဦး’ ပါ လို့လည်း
အကြိမ်ကြိမ် အခါခါ
ပြောခဲ့ဖူးတယ် …
ဟူး းးးးးးးးးးးးးးးး
မင်းအတွက် ငါတကယ်
ခံစားခဲ့ရဖူးတယ် …

ရင်နှင့်အမျှ ချစ်ခဲ့ပါတယ်
အသစ်တွေလည်း မနှောင်ဖွဲ့
ဒီကောင်ရဲ့ အချစ်တွေဟာ
မင်းအတွက် သီးသန့်ထားခဲ့တာပါ
ဒါကို မင်း မမြင်တတ်
ဇာတ်လမ်း ဖြတ်ဖို့ပဲ မင်း တတ်ခဲ့တယ် …

အော် ….
ဘာလိုလိုနဲ့ တစ်နှစ်တောင်ကျော်လွန်ခဲ့
အိုဘယ့် .. အချစ်ဟောင်းလေးရယ်
ခုထိလည်း
ငါ သီးသန့်ရပ်တည်နေဆဲပါပဲ …
မင်းကတော့
အသစ်တစ်ယောက်ရဲ့ ရင်ခွင်မှာ
ပျော်ရွှင်နေရောပေါ့ ……

နောက်ဆုံးတွေ့ခဲ့ချိန်က
အတွေးက လေးလေးလံလံ
နှေးကွေးလွန်းတဲ့ ခြေလှမ်းတွေနဲ့
လှည့်ပြန်ခဲ့ရတယ် …
အဲဒီအချိန်ကစလို့ အချစ်ဆိုတာ
ငါ့အတွက်
အကျည်းတန် အထီးကျန်ခြင်းပဲ
ဖြစ်ခဲ့ရပါတယ် …

ကောင်မလေးရယ် …
ယောင်လို့တောင် မတွေးတော့ဘူးရယ်လို့
ဆုံးဖြတ်ခဲ့ပေမယ့်လည်း
နေရာဟောင်းတွေကို မြင်တွေ့မိတိုင်း
မျက်ရည်တောင် ဝိုင်းနေတတ်ခဲ့ …
ဒါပေမယ့်လည်း
ခုတော့ တဖြည်းဖြည်း သွေးအေး
တစ်နှစ်ဆိုတဲ့ ကာလအတွင်း
ငါဟာ ပြောင်းလဲ တိုးတက်လာခဲ့တယ် ….

ချစ်ခဲ့ဖူးသူလေးရယ် …
မင်းအတွက် ငါ
ကဗျာတွေ ထပ်မရေးတော့ဘူးရယ်လို့
ဆုံးဖြတ်ဖူးခဲ့လည်း
ခုတော့ ပြန်လည် ဖောက်ဖျက်မိခဲ့ ….

ဘာပဲဖြစ်ဖြစ်ပါ ..
ရောက်တဲ့အရပ်မှာ
မင်း ပျော်ရွှင်ပါစေ ….
မင်းအတွက် ငါ
နာကျည်းခဲ့ရတာတွေလည်း
ဟိုး းးးးးးး အဝေး
ပြေးထွက်သွားခဲ့ပါပြီလေ ……… ။

အခုအချိန်မှာ မုဒိတာ အပြုံးများနှင့်သာ
မောင်ရွာ

24 comments

  • Thel Nu Aye

    April 3, 2012 at 6:20 pm

    အင်း ချစ်သူတိုင်းညားနိုင်ကြပါစေ။ ဒို့ လူက မျက်နှာများနေလို့ဖြစ်မယ်။ ခြောက်မျက်နှာကိုနဲနဲလျော့ လိုက်ပါလား။ အဆင်ပြေသွားမယ်ထင်တယ်။ တကယ်ခံစားရတဲ့ကဗျာလေးပါ။ နောင်ဆို အသည်းကွဲခြင်း ကင်းဝေးပါစေလို့။

    • အံစာတုံး

      April 3, 2012 at 7:02 pm

      မျက်နှာ များတတ်ပါဘူးဗျာ …
      အဲလို မျက်နှာ မများတတ်လို့ …
      ကိုယ့်ကိုယ်ကို ရိုးလွန်း အလွန်း အားကြီးလွန်းလို့ …
      မျက်နှာများတတ်အောင် ဆိုပြီး အံစာတုံး လို့ ကလောင် ယူခဲ့တာပါပဲ …

      တကယ်ပါဗျာ ..
      ရင်ထဲမှာ သူမှ သူတစ်ယောက်တည်း ရှိခဲ့တာပါ ..
      ဒါကို သူ ဘာလို့ မမြင်တတ်ခဲ့တာလဲ ..
      ဘာလို့ အပေါ်ယံကို ကြည့်ပြီး ဆုံးဖြတ်ခဲ့တာလဲ ….
      အင်း .. တွေးမိတိုင်း ရင်မောရပါတယ် တိုရီးသဲ ရယ် …
      အဟဲ … ဂယ်မှတ်နဲ့နော် …
      နောက်ထှာ … 😀

      သများရဲ့ ခံစားရေးဖွဲ့ထားတဲ့ ကဗျာလေးကို လာရောက် အားပေးတာ …
      သန်းနဲ့ ခရုပါလို့ ………

      ခင်တဲ့ … အံစာတုံး

  • windtalker

    April 3, 2012 at 7:44 pm

    ခေါင်းစဉ်မဲ့ ကဗျာ
    ပြောင်းချင်တဲ့ ရွာ
    ပေါင်းတင်တဲ့ အခါ
    လောင်းချင် ထည့်ပါ

    • အံစာတုံး

      April 3, 2012 at 8:24 pm

      မဲ့ကာ ရွှဲ့ကာ
      လှည့်လာ လှည့်ပါ
      မင်းသာ ရင်မှာ
      သခင်သာ …

      ကိုပေရေ .. လာရောက် အားပေးသွားတာ သန်းနဲ့ ခရုပါနော့ ..

  • ချာလီဂဇက်ဒလဝမ်

    April 3, 2012 at 7:48 pm

    စမ်းရေ…
    နွေကြားက ခါးသက်တဲ့အမုန်း
    အသွားထက်တဲ့ ဓါးတစ်လက်နဲ့
    အဆုံးစီရင်…
    ငါ့ကို မကြင်နာလို့စိမ်း
    အယူတိမ်းလို့ ယိမ်းရာက
    နင်ကပဲ နာကျင်ရတယ်ဆို…..။

    နေအို…
    ရေချိုကို တမင်တမ်းမက်လို့
    အလွမ်းခက်ခဲ့ ကန္တာစခန်း
    ပင်ပန်း နွမ်းနယ်…
    နှလုံးကျွမ်းမယ် နမိတ်ပြ
    ရေဆိပ်က လှေငယ်တစ်စင်း
    လေပြင်းလို့ လူးလွန့်ရမယ်ထင်…..။

    ဝေဟင်…
    လေချဉ်တွေတက်ကာ ပျို့အန်ရင်း
    မနက်ခင်းက လင်းနေရောင်ဖျော့
    မေ့လျော့ မူးဝေ…
    စူးနေတယ် ရင်ဘတ်တစ်ခြမ်း
    ကျွမ်းလျှက်နဲ့ ဝေဒနာတိုး
    မိုးစက်တွေ မြစ်ကျဉ်းထဲမှာ စွေ….။

    ခါနွေ…
    အညာလေပွေရူးတချို့မှာ
    ရင်စို့လာ ဒီဇာတ်ဝင်ခန်း
    မှတ်တမ်း မတင်…
    အကျွမ်းဝင်ခဲ့ နှလုံးသား
    အမုန်းများစွာရဲ့ ပြယုဂ်
    ကျောက်ရုပ်လို မလှုပ်ဆိတ်ဆိတ်နေ…..။

    စမ်းရေ…။ ။

    Jungle Koyin

  • alinsett

    April 3, 2012 at 8:00 pm

    အံစာတုံးလေးရေ…

    ကဗျာလေးကို ဖတ်ပြီး….ကဗျာရှင် ရဲ ့အတွေးလေးကို….လိုက် တွေး လိုက်မိပါတယ် ။

    အံစာ..က ကဗျာရေး လည်း..ကောင်း သကိုး….

  • အံစာတုံး

    April 3, 2012 at 8:36 pm

    ချာလီဂဇက်ဒလဝမ် ရေ ..
    ကဗျာလေး ချီးမြှင့်ပေးတာ ကျေးဇူးပါလို့ …
    _____________________________________
    ကိုအလင်းဆက်ရေ ..
    ကဗျာရှင်ရဲ့ အတွေးက နက်ရှိုင်းမှုတော့ မရှိပါဘူးဗျာ ..
    တိတ်ဆိတ်တဲ့ ညအချိန်မှာ ချစ်ခဲ့ဖူးသူကို သတိရ လွမ်းနေမိတဲ့အခိုက်မှာ ဖြစ်တဲ့ ..
    အခိုက်အတန့် စိတ်ကလေးတွေကို ကဗျာ အဖြစ် ပြောင်းလဲ ထားတာပါပဲ …

    အကို့ရဲ့ ချီးကျူးမှုအတွက်လည်း ကျေးဇူးပါလို့ …
    သို့ပေသိ ကျနော်က ဝါသနာရှင် အဆင့် …
    ပီး ကဗျာကို နှစ်သက် ရေးဖွဲ့တတ်သူ တစ်ယောက်ပါလို့ ….

    ______________________________
    အားလုံးကို ခင်တဲ့ …
    အံစာတုံး

  • shwe kyi

    April 3, 2012 at 8:37 pm

    ကျားပေါက်သီချင်းလို ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီပဲ ပေါ့။
    အရမ်းကောင်းပါတယ်လို့

  • Gipsy

    April 3, 2012 at 9:41 pm

    အားပေးချင်လွန်းလို့….
    ဟိဟိ.. ဂဒု တစ်ခုက မ လာတာ.. စိတ်ဆိုးရဘူး……..ဒါဗြဲ…….ခ်ခ်
    ………………………………….
    မေတ္တာမစစ်

    အချစ်သစ်ကို

    ရှာဖွေသတ္တိ

    ဒို့မှာ မရှိ၍

    တွယ်ငြိရပြီ

    ရင်မှာဝေဒနာ

    ဖြေနိုင်ပါ့မလား

    အံစာတုန်းရယ်….။
    ………………………….

    Moe Nge Lay ၏ ကဗျာအား ပိစိညောင့်တောင့် ပြင်ဆင်ထားသီ ။

  • aye.kk

    April 3, 2012 at 9:47 pm

    အလွမ်းကဗျာ..
    ပန်းစွယ်လွှာကို..
    နွမ်းခါခြောက်လည်း..
    မှတ်တမ်းထဲမှာ..
    အမြဲသိမ်းထား..
    မင်းအစားပေါ့..
    နှစ်များကြာညောင်း.
    မဟောင်းသွားဘူး..
    ချစ်ဦးဆိုတာ..
    ကိုယ့်တွက်တာတော့..
    နုခါပျိုမြစ်..
    သစ်နေဆဲပေါ့အမြဲလေ..။။

  • snow htet

    April 3, 2012 at 10:16 pm

    ဘာပဲဖြစ်ဖြစ်ပါ ..
    ရောက်တဲ့အရပ်မှာ
    မင်း ပျော်ရွှင်ပါစေ ….
    မင်းအတွက် ငါ
    နာကျည်းခဲ့ရတာတွေလည်း
    ဟိုး းးးးးးး အဝေး
    ပြေးထွက်သွားခဲ့ပါပြီလေ ……… ။
    ဒီအပိုဒ်လေးကို အရမ်းကြိုက်ပါတယ်………..

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 3, 2012 at 11:04 pm

    ဇာဇာအဲဒါကဗျာစပ်ညံ့လို့ချစ်သူပစ်သွားတာခံရတာ….
    နောက်တစ်ယောက်ထပ်တွေ့ရင်ဒါမျိုးပြော
    “မင်းကရေလှိုင်း ငါကချီတုံး
    မြစ်ဧရာနဒီကြောမှာ မျောလို့မဆုံး ”
    ဆိုပြီး…. ဘဝသက်ဆုံးလက်တွဲပေးပါလို့ပြောလိုက်ပေါ့…..
    ခင်တဲ့ နောက်တီးနောက်တောက်ဂိုဏ်သား…ပြည်သူ့ချဉ်ဖတ်…မောင်ရှမ်း……..

  • အံစာတုံး

    April 4, 2012 at 10:02 am

    @Shwe Kyi
    @Gipsy
    @အမအေး
    @Snow Htet

    ခုလို လာရောက် အားပေးတာ သန်းနဲ့ ခရုပါ ခင်ဗျာ …
    ___________________________

    @မောင်ရှမ်း

    ဟဲ့ … ညည်း ကဗျာ အတိုင်းဆို ငါက ချီးတုံး ဖြစ်တွားမှာပေါ့ဟဲ့ …
    ညည်းပဲ ချီးတုံးလုပ်၊ ငါကတော့ လုပ်ဘူး …
    ရွှံစရာဂျီး … 😀
    ________________________

    အားလုံးကိုခင်တဲ့ … အံစာတုံး

  • ဗိုက်ကလေး

    April 4, 2012 at 10:04 am

    လမသာတဲ့ ညအခါ
    လျှပ်စစ်မီးလဲ ပျက်သကွာ
    ခြင်လဲ ကိုက်သကွာ
    လူလဲ အိုက်သဗျာ
    ချိုးစရာရေလဲ နတ္ထိဗလာ
    ဒီမယ် အမောင်အံဇာ
    တစ်လုံးလောက် တိုက်စမ်းဘာ

    • အံစာတုံး

      April 4, 2012 at 10:15 am

      ရော့ပါဗျာ …
      မော့ကာသာ
      သောက်လိုက်ပါတော့ ကိုဗိုက်ရာ …

      ဟေ့လူ …
      မိန်းမ က ဈေးသွားခိုင်းတာကို
      ခင်ဗျားက ဈေးမရောက်ဘဲ
      ဘုံဆိုင်ရောက်နေတယ်ပေါ့ ..
      ဟုတ်လား .. ခင်ဗျားကို တိုင်ပစ်လိုက်ဦးမယ် …
      နောက်ထှာ …
      😀

  • TTNU

    April 4, 2012 at 10:17 am

    အံစာရေ…

    “ငါ့အတွက်
    အကျည်းတန် အထီးကျန်ခြင်းပဲ
    ဖြစ်ခဲ့ရပါတယ် …” မင်းရေးထားတဲ့ဒီနေရာမှာ
    တီချာထပ်ဖြည့်ပေးမယ်။

    ” အထီးကျန်ဘဝမှာ
    ဆီးငံစေ့စားရင်း
    အီးမှန်တဲ့ အက်တင်နဲ့
    ဟိုး းးးးးးး အဝေး
    ပြေးထွက်သွားခဲ့ပါပြီလေ ……… ။

    စိတ်မဆိုးပါနှင့် 😛

    • အံစာတုံး

      April 4, 2012 at 10:41 am

      အယ် .. တီချယ်ကြီးကလည်း …
      သားက အီးမှန်တဲ့ အက်တင်နဲ့ဆိုတော့
      နှာခေါင်းပိတ်ပြီး ရှုံ့မဲ့မဲ့ မျက်နှာကြီးနဲ့ နေမှာပေါ့ဂျ …
      အဟီး … 😀

  • Khaing Khaing

    April 4, 2012 at 10:45 am

    ကိုကြီးအံ (လူပျိုစစ်စစ်) ခံစားချက်တွေ ခံစားချက်တွေ လန်းတယ်ဗျာ … ကဗျာရေးတာ ရင်ထဲက ခံစားချက် နဲ့ရေးရတာဗျ အစစ်မဟုတ်ဘူးလို့မငြင်းနဲ့နော် …….. ကိုကြီးအံလည်း လွမ်းနေတယ်ပေ့ါလေ …..
    မီးလည်း ဝိုင်းပြီးဝမ်းနည်းသွားပါတယ်ချင့် ……….

    • အံစာတုံး

      April 4, 2012 at 10:55 am

      အခိုင်ရေ …
      ရင်ထဲက ခံစားချက်နဲ့ လွမ်းတာဆိုပေသိ
      တဒင်္ဂ၊ တခဏလေးပါပဲ ..

      အော်ရယ် …
      သူပြောခဲ့တဲ့ ရှင်က မချစ်တတ်ဘူးဆိုတဲ့ စကားဟာ
      တကယ်များလားကွယ် … 🙄
      ဟုတ်ပါတယ် … ကျနော်ဟာ ခံစားချက် မရှိတဲ့ မျက်နှာထားနဲ့ လူတစ်ယောက်ပါ …
      ဒါပေမယ့်လို့လည်း ရင်ထဲကိုသာ ဝင်ကြည့်တတ်ရင် …
      အချစ်ဆိုတာ ကာရန်တွေနဲ့ပါလို့ …
      အဟီး … နောက်ထှာ … ဂယ်မှတ်နဲ့ …. 😀 😀

      ခုလို ကူပြီး ဝမ်းနည်းပေးတာ သန်းနဲ့ ခရုပါနော် …

  • jujuma

    April 4, 2012 at 11:28 am

    မိုက်တယ်ကွာ ..မလိမ်မာဘူး.. ဟီးး နောက်ထှာ …

    အားပေးတွားပါ၏……

  • Shwe Tike Soe

    April 4, 2012 at 11:46 am

    အသီးကွဲနေတဲ့ မျက်နှာခြောက်ဖက်နဲ. တိုတို အံချာတုံး ကြီး ပါလားဟယ်…. အေးပေါ့လေ မျက်နှာများတဲ့သူဆိုတော့လဲ ပြောရခက်သား… 😀

  • mg mg

    April 4, 2012 at 12:42 pm

    တုံးတုံးရယ် ဖုန်းဖုန်းသာဝတ်လိုက်ပါတော့ကွယ်။

  • အံစာတုံး

    April 4, 2012 at 12:57 pm

    @JuJuma
    ဟုတ်ကဲ့ ခုလို အားပေးသွားတာ …
    အမိုက်အမဲလေးက ရှဲရှဲပါလို့ … 😀

    @ကတိုက်စိုး
    ဟဲ့ … အသဲ ကွဲတာပါဟဲ့ ..
    နာ့အသီးကတော့ ဘာမှ ဖြစ်သေးပါဘူး ..
    မျက်နှာများတယ်ဆိုမှ ..
    တော်တို့လို မျက်နှာမများနိုင်တော့သူတွေကို သနွားဒယ် .. ဟီဟိ .. 😀

    @MgMg
    လုပ်ပါနဲ့ ကိုမောင်မောင်ရယ် …
    ဖုန်းဖုန်းဆို ကတုံးဂျီးနဲ့ ဖစ်နေမှာပေါ့လို့ ..
    သများက ခုမှ နယ်နယ်လေးရှိဒေးဒါ ..
    😀
    __________________________

    အားလုံးကိုခင်တဲ့
    အံစာတုံး

  • kyeemite

    April 4, 2012 at 1:13 pm

    အံဇာတုံးမ
    ပြန်ရှာအုံးဟ
    သင်္ကြန်မှာတုန်းက
    တလံကွာအဆုံးက
    ကံမပါလုံးဝ
    ပြန်ပါအုံးခည။

Leave a Reply