သုသာန်ပေါ်က အမြောက်ကြီး

marblecommetApril 8, 20121min2339

သူတို့ဟာ ကျိန်စာတစ်ခု မိနေခဲ့ပြီလား လို့ တွေးရမလို ဖြစ်နေခဲ့ပါပြီ။ မမြင်ကွယ်ရာက အကြောင်းတရားတစ်ခုခု သူတို့ကို ဒုက္ခပေးနေတယ်လို့ ယူဆရတော့မယ့် အဖြစ်ဆီကို ဦးတည်နေသလိုလိုပေါ့..။ အရင်ကတော့ သူတို့ ဟာ ဘယ်တော့မဆို ထိပ်တန်း အံ့ဩဖွယ်အသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာနဲ့ ပရီးမီးယားလိဂ်မှာ ဖျော်ဖြေမှုရသ အပေးနိုင်ဆုံးအသင်းတစ်သင်းဆိုတာ တစ်လောကလုံးသိထားကြပါပေရဲ့….။ ဒါပေမဲ့ သူတို့ဟာ အကောင်းဆုံးအရှုံးသမား၊ အကောင်းဆုံး ဒုတိယ အဖြစ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဘယ်တောင် ကြာခဲ့ပြီလဲ ။ ဒီတော့ ဘောလုံးပွဲတစ်ပွဲရဲ့ သာမန်အကြောင်းတရား ၊ သမားရိုးကျ ရှုထောင့်ကနေ ဖောက်ထွက်သွယ်ဖယ်ပြီးတော့ပဲ ကြည့်ရတော့မလို ဖြစ်နေခဲ့ပြီမဟုတ်လား …….။

တစ်ချိန်ကတော့ သူတို့ဟာ `ဟိုက်ဘူရီးတောင်ကုန်းမှာ ခြေကုတ်စခန်းယူပြီး အရပ်လေးမျက်နှာကို တစ်ချိန်လုံး ပစ်ခတ်ထိုးစစ်ဆင်နေခဲ့တဲ့ ကမ္ဘာကျော် အမြောက်တပ်ဖွဲ့ တစ်ဖွဲ့ပါပဲ။ ပြိုင်ဘက်အသင်းကစားသမားတွေရဲ့ နှလုံးသားကို သွေးပျက်သွေးပျက် ထိတ်လန့်စရာကောင်းအောင် ခြိမ်းခြောက်တတ်တဲ့ မှော်ဝင်တပ်စုကြီးတစ်ခုပေါ့လေ . .။ လေးစားအားကျဖွယ် ရှုံးပွဲမရှိစံချိန်တွေနဲ့ ဟိုက်ဘူရီတောင်ကုန်းမှာ ချန်ပီယံအလံကို စိုက်ထူခဲ့ကြတယ်။ ဥရောပ စစ်မျက်နှာမှာ  ဂုဏ်သိက္ခာ ရှိရှိ တိုက်စစ်ဖွင့်နိုင်ခဲ့ကြတယ်။

ပြင်သစ်နိုင်ငံသား စီးပွားရေးပညာရှင် သခင်ကြီး အာစင်ဝင်းဂါးရဲ့ မှော်ဗျူဟာတွေ၊ အမြောက်တပ်ဖွဲ့သူရဲကောင်းတို့ရဲ့ ပဉ္စလက်အတပ်တွေ၊ မှော်ဝင်စားခဲ့တာတွေက ဖျော်ဖြေမှုတွေဟာ လက်ရှိ ဘာစီလိုနာ တခေတ် ဟုန်းဟုန်းမထမီအထိ တောင်အမေရိကတိုက်ရဲ့ ဆရာကြီး ဘရာဇီးတို့ရဲ့ ဟန်နဲ့ ခိုင်းနှိုင်းတင်စားခံခဲ့ရတဲ့ အထိကို တောက်ပြောင်ခဲ့ကြတာပါ။ အခုတော့ ကမ္ဘာ့ ဘောလုံးဇာတ်ခုံမှာ ဘာစီလိုနာက မီးဟုန်းဟုန်းတောက်နေနဲ့ အချိန်မှာ သူတို့ရဲ့ ကစားဟန်၊ သူတို့ရဲ့ စွဲမက်စေခဲ့ရမှုတွေဟာ အံ့အားသင့်ရလောက်အောင် အမေ့လျော့ခံ တိတ်ဆိတ်ခြောက်သွေ့ ခဲ့ရပါပြီ . . .။

ဒါပေမဲ့ …အမြောက်တပ်ဖွဲ့တို့ရဲ့ မီးညွန့်ကျိုးတဲ့ကာလ၊  အိပ်မက်တွေ ညှိုးခြောက်ခါစ ကာလ အထိ တိုင်အောင် သူတို့ဟာ တန်ခိုးဩဇာ ရှိနေဆဲ၊ ကြံ့ကြံ့ခံတိုက်ပွဲဝင်နိုင်ဆဲ ….ဆိုတာ ပရိသတ်တွေရဲ့ အသံမှာ ပြန်ကြားရပါလိမ့်မယ်

`မန်ယူဘယ်လောက်ပဲ ချန်ပီယံဖြစ်ပါစေ……အာကြီးကစားဟန်ကို မမီဘူး။ အာကြီးသာအကောင်းဆုံး။ ဆွဲဆောင်မှုအရှိဆုံး ´

ဆိုတာပါပဲ။ ဒါဟာ သူတို့တွေကို ခြောက်လှန့်လာမယ့် တစ္ဆေအိပ်မက်ရဲ့ အစဦးနိမိတ်တစ်ခုပါ။ အခုတော့ အဲဒီ အိပ်မက်ဦးတစ္ဆေဟာ မျက်ဝါးထင်ထင် ခြောက်လှန့်လို့ လာခဲ့ပါပြီ။

`ကစားဟန်ဘယ်လောက်လှလှ၊ ဖလားမရတော့ ဘာလုပ်ရမှာလဲ….. လူငယ်သွေးသစ်တွေကို ဘယ်လောက်သုံးသုံး ဖလားရမတော့ ဘာလုပ်ရမှာလဲ´

ဆိုတဲ့ မချိတင်ကဲ ညဉ်းတွားသံတွေ ၊ အံကြိတ်သံတွေဟာ လန်ဒန်သားတို့ရဲ့ ဝိဉာဉ်ကို ခြောက်လှန့်လို့ နေခဲ့ပါပြီ။

အခုတော့ အမြောက်တပ်သားတို့ရဲ့ ဘွဲ့နာမဟာ ပင်လယ်ခြောက်ကြီးတစ်ခုလို ဖြစ်သွားခဲ့ရတာဟာ ဘာကြောင့်လဲ။  သူတို့ဟာ ပြီးခဲ့တဲ့ နှစ် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် အိမ်ကွင်းပွဲစဉ်မှာ  ဘာစီလိုနာကို (၂-၁)နဲ့ ဖြိုခွင်းလိုက်တဲ့ အချိန်အထိ ပင်လယ်ကြီးတစ်ခုအဖြစ်ရှိနေဆဲပါ။ ဒါပေမဲ့ သီတင်းသုံးလေးပတ်အကြာ မှာ သူတို့ရဲ့ ပင်လယ်ဟာ ရေခန်းခြောက်စ ပြုလာရာကနေ ကားလင်းဖလားဖိုင်နယ်မှာ ဘာမင်ဂမ်ကို ရှုံးနိမ့်ခဲ့ရအပြီးမှာတော့  သူတို့ရဲ့ ကမ္ဘာဟာ ပင်လယ်ခြောက်ကြီးတစ်ခု ဖြစ်ခဲ့ရပါပြီ။

အဲဒီ ခြောက်အိပ်တစ္ဆေရဲ့ အစဟာ ဘာကြောင့်လဲလို့ ပြန်ပြောင်းကောက်ဖွဲ့မိတော့ .(၂၀၀၆) ခုနှစ်ကိုပြန်သွားကြည့်ရမယ်။

ဂန်းနားတို့ဟာ (၂၀၀၆)ခုနှစ်မှာ  သူတို့ရဲ့ စခန်းဟောင်းကြီး ဟိုက်ဘူရီကို စွန့်ခွာပြီး ပရိသတ် (၆၀၀၀၀)ဆံ့ အမ်းမရိတ်စ် စခန်းသစ်ကြီးဆီကို မြန်းခဲ့ကြပါတယ်။ အဲဒီအမ်းမရိတ်စ် စခန်းကြီးဆီကို ရောက်ဖို့အတွက်လည်း သူတို့ဟာ ကန့်လန့်ကာနောက်ကွယ်မှာ အခက်အခဲအမျိုးမျိုးကို ဖြေရှင်းခဲ့ရသေးတယ်။ အမ်းမရိတ်စ်မတိုင်ခင် (၁၇)ဧက မြေနေရာကို ရဖို့အတွက် သက်ဆိုင်ရာ ပိုင်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ အကျေအလည် ဆွေးနွေးညှိနှိုင်းခဲ့ကြရသလို အဲဒီနေရာမှာ မှီတင်းနေထိုင်ကြတဲ့သူတွေကိုလည်း လျော်ကြေပေးဖယ်ရှားခိုင်းခဲ့ရသေးတယ်။ အဲဒီနောက်မှာ တစ်စွန်းတစ်ရှိနေတဲ့ အကြောင်းအရာတစ်ခုက အဲဒီ အိမ်းမရိတ်စ်မြေနေရာဟာ တစ်ချိန်က သချှိင်္ုင်းဟောင်းကြီးတစ်ခုဆိုတာပါပဲ။  သူတို့ဟာ ကွင်းသစ်ကြီးဆီကို ပြောင်းခဲ့ပြီးနောက်ပိုင်းမှာ ဖလားတစ်လုံးမှ ရယူနိုင်ခြင်းမရှိကြတော့ပါဘူး။  အခုဆိုရင် (၇)နှစ်တာ ကာလကို ဆိုက်ရောက်လာပါတော့မယ်။

အခု ရာသီသစ်တစ်ခုက မကြာခင်ရောက်လာပြန်တော့မယ်။ ဒီတစ်ခါလည်း အမ်းမရိတ်စ်မှာ သရဖူပြန်လည်သိမ်းပိုက်နိုင်ဖို့ သူတို့မှာ ဘာတွေလိုအပ်နေတာလဲ။ လက်ရှိ အချိန်ထိလည်း သခင်ကြီး အာစင်ဝင်းဂါးနဲ့ သူ့တပ်သားတွေကို တစ္ဆေ ဂျပိုးတွေကိုက်လို့ကောင်းနေဆဲပါပဲ။ ဖာဘရီဂက်စ်၊ နာဆရီတို့က ဖလားတွေရှိရာ ၊ ဖလားနဲ့နီးရာကို ထွက်ခွာသွားကြချိန်မှာ လူငယ်ကစားသမားတွေရဲ့ နိုင်လိုစိတ်ကင်းမဲ့တဲ့ ဂျပိုး၊ လူငယ်သွေးသစ်ကစားသမားဆိုတဲ့ ဂျပိုး၊ မှော်ဆန်တဲ့ ကစားကွက်ဆိုတဲ့ ဂျပိုး၊ အစရှိသဖြင့် အမြောက်တပ်သားတို့မှာ ဂျပိုးပေါင်းစုံ ကိုက်ခဲ ခံနေရဆဲဖြစ်ပါတယ်။

ဒါပေမဲ့ ဂန်းနားတို့ဟာ ဘယ်တော့မဆို ဆင်ပိန်ကျွဲအဖြစ်တော့ ရှိနေဆဲပါ။သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရာသီအဖွင့် ရလဒ်ဆိုးတွေနဲ့ကြုံခဲ့ရပေမဲ့ ဂန်းနားတို့ဟာ ရော်ဘင်ဗန်ပါစီ ဆိုတဲ့ ဟော်လန်သား မီးတောက်တစ်ပွင့်နဲ့လက်လက်ပြန်ထလာခဲ့တယ်။ နောက်တော့ မစ္စတာ ဗန်ပါစီ ဆီကို ကူးလာခဲ့တယ် မီးအညွန့်အပွားကို ချိန်ဘာလိန်၊  ဆိုတဲ့လူငယ်သွေးသစ်ကစားလေးကို ကိုင်းကူးပွားယူတယ်။ နောက် ရိုဆစ်စကီး ဆိုတဲ့ ချက် ကစားသမားကြီး ခြေစွမ်းပြန်တက်လာတာရယ်..ဝီရှိုင်းယား ဆိုတဲ့ ကွင်းလယ် ဗိုလ်ချုပ်လေး ဒဏ်ရာပြန်လည်သက်သာလာမှာရယ်..အရေးကြုံရင် ဂိုးတွေလည်း သွင်းပေးနိုင်တဲ့ ကွင်းလယ်စတားလေး ရမ်ဆေးရယ်၊ ဗာမဲလန်းဆိုတဲ့ နောက်တန်းဂိုးသွင်းဆရာရယ် ပေါင်းလိုက်တော့.အာကြီးဆိုတာ သတိမမူ ဂူမမြင်လို့သာ မျက်ကွယ်ပြုခံနေရတာပါ။

ဒီတော့ ခြောက်နှစ်တာ ဖလားလက်မဲ့ရာသီပြီးလို့ (၇)နှစ်တာ ရာသီကိုရောက်လာပြန်တော့မယ်။ ကွင်းသစ်ကြီးမှာ ဖလားမရဖူးသေးတဲ့ ဂမ္ဘီရတစ္ဆေ အမှန်တကယ်ခြောက်ခံနေရတာလား ။ အမ်းမရိတ်စ်ဟာ ..ချန်ပီယံအိပ်မက်ကို ခြောက်လှန့်နေတာလား ။ အမ်းမရိတ်စ်ဟာ သရဖူအိပ်မက်ရဲ့ သချီင်္ုင်းကုန်းလား …။

 

ရဲဘော်ကြီး အာဂအတွက် ရေးကြည့်လိုက်တာပါ…အာဂကြီးရေ့ နင့်အာကြီးကို အပြစ်တင်မိရင် ခွင့်လွှတ်ပါနော့…မနေ့က ခင်ဗျားပြောလို့ အခုလက်ဆော့လိုက်တာ.ကျုပ်ကတော့ အေစီမလန်ဗျ…….

9 comments

  • water-melon

    April 8, 2012 at 12:53 pm

    အာကြီးကအမြောက်ကို ဈေးကောင်းပေးဝယ်တယ်
    ကြေးဈေးကောင်းတယ်ချင့် ( စိတ်မဆိုးကြေး )

  • Thakhin CJ

    April 8, 2012 at 6:08 pm

    အင်မတန်ကောင်းတဲ့ ဘောလုံးဆောင်းပါး ကောင်းတစ်ပုဒ်ပါ။
    အာကြီး ကို ချစ်သူတွေ လက်ခံနိုင်မယ့် အတွေးအရေးလေးပါ ကိုမာဘယ်ကော့မက် ရေ။

  • Khin Latt

    April 8, 2012 at 8:55 pm

    ဖြတ်ကနဲ ခေါင်းစဉ် ကို “သုသာန်ပေါ်က အခြောက်ကြီး” လို့ မြင်မိပြီး စိတ်ဝင်တစား ဝင်ဖတ်မိလိုက်တာ 😆

  • ဘာတွေပြောပြော ငါတို့က ရတနာပုံမှ ရတနာပုံဘဲဟေ့။
    မန်းလေးသားကွ…………………………………..
    (ဆိုင်ကယ်တစ်စီးတော့ ဘယ်သူစီးသွားမှန်း မသိပါဘူးကွယ်)

    • water-melon

      April 9, 2012 at 8:04 am

      ရတနာပုံဆိုတာ ရေကူးကန်ပြောတာလား လေးပေါက် 😛

  • ရွာစားကျော်

    April 8, 2012 at 11:21 pm

    အမြှောက်ကြီးက ၈၆ မိနစ်မှာ တစ်ချက်ထုလိုက်ပါဘီ..

  • a me

    April 9, 2012 at 1:10 pm

    အကို တော်တော် တော်တာပဲ ဆောင်းပါးတွေ ရေးပါလား

  • အမတ်ဒိန်

    April 9, 2012 at 1:22 pm

    ကိုကမ်းရေ..
    မနေ့ကတော့ မဖတ်မိလိုက်ဘူး..
    ညကတော့ ကျနော်ကိုယ်တိုင် အမြောက်ကြီး ကို အကျယ်ကြီး အားပေးခဲ့ပါတယ်..
    နောက်နှစ်သူတို့ ပြန်လာနိုင်မလာနိုင်ဆိုတာ..အခုလက်ရှိကစားနေတဲ့ ပုံစံက သက်သေပါပဲ..
    သေချာပါတယ်..သူတို့အတွက် င်္သချီုင်းမြေမှာ သရဖူစိုက်မဲ့နေ့တွေ မဝေးတော့ပါဘူး..
    စကားအတင်းစပ်..ကျနော်ကိုယ်တိုင်ကတော့ အနီရင့်ရင့် မိစ္ဆာတကောင်ရယ်ပါ.. 🙂

  • marblecommet

    April 24, 2012 at 6:11 pm

    ဖျဲ ရေ……
    ကြေးကို ဝယ်ချင်တိုင်းဝယ်လို့မရဘူးနော်
    ဆွဲစိခံရမယ်မှတ်…….
    Thakhin CJ ခင်ဗျား အားပေးဖတ်ရှုတာ ကျေးဇူးပါ….
    ……
    အရီးရေ့….
    အခြောက်တွေက သုသာန်ကို မကြောက်ဘူးလားဟင်
    ……
    အေမီ
    ညီးအစ်မ မပြောပြဘူးလား..
    …..
    ကိုမတ်ရေ့
    ကျနော်လည်း ဂန်းနား ပရိသတ်မဟုတ်ပါဘူး…..
    ဒါပေမဲ့ ဂန်းနားတို့တိုက်စစ်ဆင်ပြီဆိုရင် စီးစီးပိုင်ပိုင်ရှိတဲ့
    ကစားကွက်ကို ကြိုက်တယ်ဗျ
    ……ခင်တဲ့
    ငကမ်း…….

Leave a Reply