သင်္ကြန် တွင်းမှာ နှုတ်ဆက် ထွက်ခွာသွားတဲ့ သင်္ကြန်ချစ်သူ တယောက်

မိုခ်ိဳApril 16, 20121min957

ပထမ ကြက်နေ့က sky net သင်္ကြန် ကို အင်တာနက်ကကြည့်ရင်း ငယ်တုန်း က သင်္ကြန် လည် တဲ့အကြောင်းတွေ ပြန်စဉ်းစားနေ တုန်းမှာပဲ ရန်ကုန်က ဖုန်း ဝင်လာပါတယ်။ ကျမတို့ ဦးလေးတယောက် ညက ဆုံး ပါးသွားပါသတဲ့။ အဲဒီ ဦးလေးက ကျမ သင်္ကြန် ပိုစ့် မှာ ရေးခဲ့တဲ့ ကျမတို့ သင်္ကြန် လည်ဖို့ ကားအမြဲ စီစဉ်ပေးတဲ့ ဦးလေးပါ။
သူ့သားသမီးတွေ အပါဝင် ကျမတို့ မောင်နှမ ဝမ်းကွဲ တွေအားလုံး၊ သူငယ်ချင်းတွေ ပါ အပါအဝင် လိုက်လို့ရအောင် ဟိုင်းလက် ဖြစ်ဖြစ် ၊ လိုက်အေ့ဖြစ်ဖြစ် နှစ်တိုင်း ငှားပေးပါတယ်။ သူ့မိန်းမ ကလည်း အားလုံး စားဖို့ သောက်ဖို့ ကြာဇံကြော် ၊ ခေါက်ဆွဲ ကြော် ကအစ အားလူးကြော် တွေ မုန့်တွေ အပါဝင် ယောင်္ကျားလေးတွေ အတွက် အချမ်းပြေ ပုလင်းတွေကအစ စီစဉ်ပေးတာ။ လမ်းမှာလည်း ကားနားလာရောင်း တဲ့ အသည်တွေ ဆီက လည်း စားချင်တာ လက်ညှိုးထိုးရုံ နဲ့ ဝယ်ကြွေးသေးတာ။ လည်ချင်တဲ့ သူတွေက စားရိတ်ငြိမ်း ကားပေါ် တတ်လိုက်သွားရုံပဲ။ မိန်းကလေးတွေ တွက် မျက်နှာသုတ် ပဝါတို့ အပေါ်ဝတ် အင်္ကျီ တို့ကအစ မပါရင် ထုတ်ပေးသေးတာ။ သူတို့နဲ့ မလိုက်ရင် စိတ်ဆိုး တတ်ပါတယ်။ သူတို့လင် မယား ကိုယ်တိုင် လည်း လိုက်တယ်။ မှတ်မှတ် ရရ အကြက်နေ့ ကိုရွေးပြီးလည်ပါတယ်။ ကျန်တဲ့ နေ့တွေ မှာလည်း အိမ်ရှေ့ မှာ အုန်းလက် မဏ္ဍပ် ထိုးပြီး စတုဒီတာတွေ ကြွေး ၊ တိုင်ကီတွေ ချပြီး ရေကစား ဖို့လုပ်ပေးနဲ့ သင်္ကြန် ကို ဝါသနာ ကြီးတဲ့သူတွေပါ။ ကျန်တဲ့ အချိန် တွေ မှာ စိတ်ပုတီး လက်ကမချတမ်း စိတ်တတ် ၊ ဥပုဒ် သီလ စောင့်တတ်ပေမဲ့ သင်္ကြန် ဆိုရင် တော့ ဘုန်းကြီးကျောင်း ကို ယောင် လို့တောင် မသွားတတ်ပါဘူး ။ရဟန်း ဝတ်ရင်လည်း သင်္ကြန် နဲ့ လွှဲ ပြီး ဝတ်တတ်တယ်။
ခုလည်း နေမကောင်း ဖြစ် နေတာလည်း မဟုတ်ပဲ သင်္ကြန်မတိုင် ခင် က ဆီးချို တတ်ပြီး သတိလစ်သွားလို့ ဆေးရုံ တင်ထားတာ သက်သာလို့ ဆင်းခွင့် ရနေပါပြီ။ သူ့ ယောက်ျား အကြောင်း သိတဲ့ သူ့ မိန်းမက သင်္ကြန် တွင်း နားနားနေနေ နေ ဖြစ်အောင် ဆေးရုံ က မဆင်းသေးပဲ သင်္ကြန် ပြီးမှ ဆင်းမယ် ဆိုပြီး နေတာ ရုတ်တရက် နှလုံး ဖောက်ပြီး ဆုံးသွားတာတဲ့။ တိုက်တိုက်ဆိုင်ဆိုင် ပါပဲ ဦးလေး ဆုံးသွားတာ အကြက်နေ့ပါ။ ဆွေမျိုးတွေ ကြားထဲမှာ သင်္ကြန် နဲ့ ပတ်သတ်ရင် အဲဒီ ဦးလေးကို အားလုံး အမှတ်တရ ရှိကြတယ်။ ခုတော့ ပိုပြီးအမှတ်ရစရာ ဖြစ်သွားရ ပါပြီ။ သင်္ကြန် တွင်းမှာ ကွယ်လွန် သွားတဲ့ သင်္ကြန်ချစ်တဲ့ ဦးလေး ကောင်းရာသုဂတိလားပါစေ။

7 comments

  • kai

    April 16, 2012 at 3:27 pm

    သူချစ်တဲ့သင်္ကြန်ရက်မှာ.. နှုတ်ဆက်ထွက်သွားတာပေါ့..
    သင်္ကြန်ရောက်တိုင်း.. သတိရနိုင်ပြီး.. အားလုံးသတိတရဖြစ်သွားတာပေါ့နော..

    ဆွေမျိုးတယောက်ဆုံးရှုံးတဲ့အတွက်.. စိတ်မကောင်းဖြစ်မှာပေါ့..
    ဒီလိုပါပဲ..
    လူတွေအချိန်မရွေးသေနိုင်ကြတာချည်းပါပဲ..
    အခန့်မသင့်ရင်.. သင်္ကြန်ရက်မျိုးက..ငယ်ရွယ်သူတွေတောင် လွှင့်ပါးနို်င်တာလေ…

    စိတ်ဖြေသိမ့်ပါနော..
    စိတ်မကောင်းဖြစ်ပါကြောင်းပြောရင်းလည်း.. အားပေးလိုက်ပါတယ်..။

  • Gipsy

    April 16, 2012 at 3:49 pm

    ကျုပ်လဲ စိတ်မကောင်းပါဘူးဗျာ….
    ဆုံးပါးသွားတယ် ဆိုတာ တူမတစ်ယောက်အတွက် ဝမ်းနည်းစရာပါ…
    ဖြေသိမ့်နိုင်ပါစေ…။

  • အရှုံးတွေနဲ့ ကျွန်တော်

    April 16, 2012 at 4:34 pm

    စိတ်မကောင်းလိုက်တာ မိုချိုရယ်
    အဲဒီလို စိတ်သဘောထားကောင်းတဲ့ ဦးလေးတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့အတွက် မိုချိုလဲ ဝမ်းနည်းနေမှာပဲနော်
    စိတ်ဖြေသိမ့်ပေါ့ဗျာ

  • ဆူး

    April 16, 2012 at 4:52 pm

    သင်္ကြန်တွင်း အသုဘ ဖြစ်တာ မကောင်းဘူး။
    နာရေး ကို အမြန်လုပ်ရတယ်။ နာရေး ကိုလည်း မဖြစ်မနေ သွားရတယ်။
    အခုလည်း နာရေး သွားပြီး အပူရှပ်ပြီး ဖျားနေတာ အခုထိ ကောင်းသေးဘူး။
    မကောင်းဆို တနေ့ တနေ့ လာတဲ့ စတုဒီသာတွေ ဆွဲ နေတာ အုန်းသီးတွေ ပါတော့ လည်ပင်းနာတာ မပျောက်သေးတယ်။

  • AKKO

    April 16, 2012 at 6:41 pm

    mocho အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကုသိုလ်ကောင်းမှုှုတွေ အများကြီးလုပ်ခဲ ့တာပဲ။ သူများတွေကိုလည်း စိတ်ချမ်းသာစေချင်တဲ ့သူပဲ။ ကျွန်တော်ပြုသမျှ ကုသိုလ်ကောင်းမှုှုတွေလည်း အမျှပေးဝေလိုက်ပါတယ်။ ကောင်းရာမွန်ရာ ဘဝရောက်ပါစေ။ နှစ်တိုင်းလည်း ကုသိုလ်ကောင်းမှုှုတွေ ထပ်လုပ်ပေးလိုက်ပါဦးနော်။

  • mocho

    April 16, 2012 at 7:18 pm

    နှစ်သိမ့်အားပေးတဲ့ အတွက် ကျေးဇူးပါ။သင်္ကြန်တွင်းဆုံးတာဆိုတော့ အသုဘရော ရက်လည် ရော တခါတည်း လုပ်ရတယ် လို့ပြောပါတယ်။ ကျမလည်း ဖုန်းနဲ့ပဲ အားပေးရပါတယ်။ ဆွေမျိုးတွေ အတွက်တော့ ဒီနှစ် သင်္ကြန်က ဝမ်းနည်းစရာပါ။ နှစ်တိုင်းသင်္ကြန်ဆိုရင် ဘယ်ရောက်နေနေကိုယ် ပြန်ဖြစ်ဖြစ် မဖြစ်ဖြစ် ဦးလေးတို့မိသားစု ဘာတွေ အစီအစဉ် ရှိလည်း လို့ ဖုန်းဆက်မေးရတာ အမောပါ။

Leave a Reply