ချို ပေါ့ ကျ (၉)

black chawApril 18, 20123min57370

ပြည်သူလူထု ဘက်တော်သား

စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါ သယံဇာတတွေ ပေါတဲ့ပြည်
အဲဒီမှာ စလွဲတာပဲ ဦးလေးရေ။
သာမန်လူတစ်ယောက်ရဲ့အလွဲဆိုရင် သိတ် မထင်ရှားဘူးပေါ့။ အခုတော့ ဆရာကြီးတစ်ယောက်ရဲ့ သီချင်းဖြစ်ပြီး တိုင်းပြည်ထဲမှာ ရှိသမျှ တီဗီစတေရှင်တွေကနေ နေ့တိုင်းလိုလို လွှင့်ထုတ်ပေးနေခဲ့တော့ကာ တိုင်းသိပြည်သိ အလွဲကြီးကို ဖြစ်နေတော့ တာပေါ့ ကျောင်းဒကာရယ်။
တလွဲမာနလို့ ခေါင်းစဉ်တတ်ပေးရတော့မှာပဲ။
အခုတလော ပြန်ဖွင့်ပေးဖို့ အော်နေပြီဖြစ်တဲ့ Sanction ကို အံတုပြီး မင်းတို့ ပိတ်လည်း ငါတို့က သောက်ဂရုမစိုက်ပါဘူး ကွာ။ သယံဇာတတွေပေါလွန်းလို့… ဆိုပြီး ရေးချလိုက်တာ ကျောင်းဒကာ။
အတည်ပေါက်ကြီးနဲ့ဗျ။
မျက်နှာသနပ်ခါးနဲ့ ပေါင်သေးကြောင်းနဲ့ ဆိုတဲ့ ဇာတ်လမ်းပေါ့ဗျာ။
အဲဒီ သယံဇာတတွေပေါလွန်းတာကပဲ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးကို ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများ စာရင်းထဲ ဇွတ်အတင်းကြီး ဆွဲချသွားခဲ့တာ သင်ခန်းစာယူရကောင်းမှန်းမသိပဲ မျက်လုံးစုံမှိတ်ပြီး ရန်တွေ့ခဲ့တဲ့ သီချင်းလေး တစ်ပုဒ်ပေါ့။
သယံဇာတ တွေပေါပါတယ်ဆိုပြီး လုပ်ချင်ရာစွတ်လုပ်နေရင်တော့ သူငယ်ချင်း မင်းတို့ဘယ်တော့လဲ လို့ မေးရတော့မှာပဲ။
ခွေးဖြစ်မယ့်နေ့ ကိုပါ။
ပြောရင်းနဲ့ အရှိန်လွန်သွားပြီ။ (နားနဲ့မနာ ဖဝါးနဲ့နာကြပါဗျို့)
အို စေတနာနဲ့ ရိုင်းတာ မကောင်းကြံချင်စိတ်နဲ့ ယဉ်ကျေးတာထက်တော့ ခံသာပါသေးတယ်။
ကဲ ဆက်ဆွဲလိုက်ရအောင် (အော် ကိုသစ်နဲ့ ကိုကြောင်ကြီးတို့ကိုတောင် သတိရမိပါတယ်ဗျာ)။
သယံဇာတတွေပေါတိုင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပါသလား…။
သယံဇာတတွေပေါတိုင်း ငြိမ်းချမ်းပါသလား…။
နိုး…နိုး… အဝေးကြီးပါ ကျောင်းဒကာ။
ကမ္ဘာကြီးကိုလည်း နည်းနည်းပါးပါး တံခါးတွေဖွင့် နားတွေစွင့်ကြည့်လိုက်ပါဦး။
သယံဇာတပေါပါတယ်ဆိုတဲ့နိုင်ငံတွေ စစ်မီးတွေတောက်လောင်နေကြတာ။ ဆင်းရဲမွဲတေနေကြတာ။ နမူနာတွေ အများကြီးပါ။
စိန်တွေထွက်ပါတယ်ဆိုတဲ့ အာဖရိက နိုင်ငံတွေ ဘာတွေဖြစ်နေသလဲ။
အဲဒီ သယံဇာတပေါတယ်ဆိုတာကြီးကိုက အကြီးစားထောင်ချောက်ကြီးတစ်ခုဖြစ်နေခဲ့ပြီဆိုတာလေး ဟေးဟေး…။
စကိုင်းနက် ရဲ့ စကားဝိုင်းတစ်ခုမှာ ဆရာကြီးဒေါက်တာအောင်ထွန်းသက် ဆွေးနွေးသွားတာလေး ကိုးကားခွင့်ပြုပါ။

ကိုယ့်စိတ်ထဲမှာ မြန်မာပြည်လို နိုင်ငံက LDC ထဲပါလာတာ လုံးဝကို မဖြစ်သင့်တဲ့ ဖြစ်ရပ်ကြီးတစ်ခု။
LDC တစ်ကမ္ဘာလုံး မှာ အဆင်းရဲဆုံး နိုင်ငံ ၅ဝ ထဲမှာ မြန်မာဟာ ဘယ်လိုမှ မပါနိုင်ဘူး။ ပေတံတွေကြည့်ပြန်ရင်လည်း
နိုင်ငံကသေးရမယ် …၊ မြန်မာက မသေးပါဘူး။
လူဦးရေနည်းရမယ်…၊ မြန်မာက မနည်းပါဘူး။
ပင်လယ်နဲ့ လုံးဝဝေးတဲ့ နေရာဖြစ်ရမယ်…၊ မြန်မာက ပင်လယ်နဲ့ ကပ်နေတာပဲ။
ပြီးတော့မှ အိုက်ဆိုလေးရှင်းပေါ့ လုံးဝသူများနဲ့ မပတ်သက်ဘူး။ အဲတော့ အဲဒီပေတံလေးခုနဲ့ ကြည့်ရင် မြန်မာ ဘာကြောင့်ပါသွားလဲ။
အဲဒီတော့ အဲဒီမှာကောက်ချင်တာကတော့ ဂါးဗားနန့်စ်၊ စီမံအုပ်ချုပ်မှုကြောင့် ဒီလိုဖြစ်ခဲ့တာ။

ပညာတတ်ကြီးဆိုတော့ ပညာတတ်စကားပဲပြောသွားတာပေါ့ ကျောင်းဒကာရယ်။
စီမံအုပ်ချုပ်မှုကြောင့် ဒီလို ဖြစ်ခဲ့တာတဲ့။
ပညာမတတ်တဲ့ ဘလက်ချောကြတော့ ပညာမတတ်စကားပဲ ပြောခွင့်ပြုပါ။
စီမံအုပ်ချုပ်သူတွေ သောက်သုံးမကျလို့ LDC နိုင်ငံထဲရောက်သွားရတာလို့။
ဘယ်လောက်ညံ့တာတဲ့လဲလို့ ခင်ဗျားမေးတော့မယ်။
ဉာဏ်မမီနိုင်လောက်အောင် ညံ့ တာပါခင်ဗျာ။
ခုနက ဆရာကြီးပြောသွားတဲ့ပေတံတွေထဲမှာ သယံဇာတ ပေါကြွယ်ဝမှုဆိုတာတောင် မပါသေးဘူးခင်ဗျာ။
ကျွန်းတွေ၊ ပျဉ်းကတိုးတွေ၊ စိန်ရွှေငွေကျောက်သံပတ္တမြားတွေ၊ သဘာဝဓါတ်ငွေ့တွေ၊ ဆန်ရေစပါးသစ်သီးဝလံတွေ အိုး ပေါမှပေါ။
စီးပွားရေးလုပ်တဲ့နေရာမှာလည်း ၅ ထောင် ၁ သောင်းလောက်တန်တဲ့ ဟန်းဖုန်းတွေကို ၁၅ သိန်းလောက်ရအောင် ရောင်း။
ကြည့်စမ်း၊ ဒီလို စီးပွားရေးမျိုး ဘယ်နိုင်ငံက စီးပွားရေးပညာရှင်တွေ လုပ်နိုင်လို့လဲ။ ၁၅ သိန်းနဲ့ ရောင်းတာတောင် အခွင့်ထူးခံလူတန်းစားတွေမှ ဖုန်းရဖို့ လွယ်ကူခဲ့တာ မှတ်မိမှာပါ ကျောင်းဒကာ။ ကျွန်တော်တို့ ပြည်သူလူထုခင်ဗျာ ဟန်းဖုန်းကိုင်ချင်ကြလွန်းလို့ အမြတ်ငွေ ငါးသိန်းတို့ ဆယ်သိန်းတို့ပေးပြီး မရှိမယ့် ရှိမယ့် ဝယ်ကိုင်ကြရရှာတယ်။
ဘယ်လောက် ရင်နာစရာကောင်းလိုက်သလဲ…။ အဲဒီအမြတ်ငွေတွေ ဘယ်ရောက်သွားပါသလဲ..။ အဟဲ..။ အရဂါးစတာပါ..။ စိတ်မဆိုးကြပါနဲ့..။
စကားလမ်းကြောင်းတွေက ချော်ကုန်ပြီ၊ ပြန်တည့်လိုက်ရအောင်။
အဲဒီလို နိုင်ငံတစ်ခု ဆင်းရဲမွဲတေနေတာတောင် ဒီလိုသီချင်းမျိုးရေးသားသီဆိုနိုင်ခဲ့ကြသူတွေကို ကျွန်တော်က ဂုဏ်ပြုချင်တာပါ။ ဘာတဲ့…။

စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါ၊ သယံဇာတတွေပေါတဲ့ ပြည်

အဲဒီ စီးပွားရေးပိတ်ဆို့တာက ခင်ဗျားတို့ကို မထိတော့ မှုစရာမလိုဘူးပေါ့ ဦးလေးရယ်။
ပြည်သူလူထုကသာ ခါးစည်းခံကြရတာပါ။
သယံဇာတတွေပေါတယ်။ ဟုတ်စ။ အဲဒါတွေကလည်း ခင်ဗျားတို့ အတွက်ပဲလေဗျာ။ ကျွန်တော်တို့ ပြည်သူလူထုနဲ့ နည်းနည်းမှ သက်ဆိုင်တာမှ မဟုတ်တာ။
အဲဒီတော့ ဒီလိုသီချင်းမျိုးတွေ ဖန်တီးရေးသားသီဆိုခဲ့ကြတာ ဘယ်သူ့အတွက်လဲ။
ကဲ ကျွန်တော့်စာကို အဆုံးသတ်ပါတော့မယ်… ဦးလေးရေ။
စီးပွားရေးပိတ်ဆို့တာ ကျွန်တော်တို့အမှုပါ။
စီးပွားရေး ပိတ်ဆို့တာ ဒို့မမှုပါ ဆိုပြီး ရေးခဲ့တဲ့ ဦးလေးက ပြည်သူလူထုကို ကိုယ်စားမပြုခဲ့ပါဘူး။
သယံဇာတတွေ ပေါတဲ့မြေ။ အဲဒီ သယံဇာတတွေပေါတာကလည်း ကျွန်တော်တို့ ပြည်သူလူထုနဲ့ ဘာဆိုင်လို့ လဲဗျာ။
သယံဇာတပေါတာက လူတစ်စုအတွက်ပါ။ အဲဒါလည်း ပြည်သူလူထုကို ကိုယ်စားမပြုခဲ့ပါဘူး။
ဒီလို ပြည်သူလူထုကို ကိုယ်စားမပြုပဲ အုပ်ချုပ်သူလူတန်းစားလက်တစ်ဆုပ်စာလောက်အတွက်
သီချင်းတွေကို ရေးခဲ့ဆိုခဲ့ ဖန်တီးခဲ့ကြတာ ဦးလေးတို့ သမိုင်းဖြစ်ခဲ့ပါပြီ။

ဦးလေးတို့ ရေးခဲ့တဲ့သမိုင်းက ရိုင်းခဲ့သလား၊ လှပခဲ့သလား ဆိုတာကတော့ … အချိန်က အဆုံးအဖြတ်ပေးတော့မှာပါ။
ဆရာအော်ပီကျယ် ကတော့ စာပေဟောပြောပွဲတွေမှာ ဟောနေတာပါပဲ။
ကမ္ဘာ့အချမ်းသာဆုံး လူချမ်းသာတွေ စာရင်းမှာ သယံဇာတရောင်းစားပြီး ချမ်းသာလာတဲ့ သူဌေးတွေ စာရင်းမဝင်တော့ဘူးတဲ့။
ခေတ်ကိုက ဉာဏ်ပညာ ခေတ်ဖြစ်လာနေတဲ့အချိန်မျိုးကြီးမှာ သယံဇာတတွေ ပေါတာလောက်နဲ့တော့ လူရာဝင်ချင်လို့ မရနိုင်တော့ဘူး ဆိုတာ ဦးလေးတို့ သိဖို့ကောင်းပါပြီ။
ဉာဏ်ပညာ နဲ့သာ တိုင်းပြည်တိုးတက်မှုကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ပြည်သူလူထုကို ကိုယ်စားမပြုတဲ့ အနုပညာတွေကို သောက်မြင်ကတ်နေတဲ့
ဘလက်

ဆရာမောင်ခိုင်မာ ရဲ့ ကဗျာ

၁၉၈၈ အရေးတော်ပုံကာလက ဆရာမောင်ခိုင်မာ ရေးခဲ့သောကဗျာလေးနဲ့ စလိုက်ရအောင်ပါ။

ဓါးရောင်ဝင်းပခဲ့
မင်းကြီးရွှေလရောင်ရဲ့မြစ်…
ပြည်သူချစ်တဲ့အခေါင်ပန်း
အောင်ဆန်းရဲ့ရင်သွေး…
သန်းလေးဆယ်လူထုကြီးရဲ့
တစ်ခုတည်းသော ယုံကြည်မှု…
ဤမြေဝသုန်ထုမှာ
“ဂရုဓမ္မ” ထားကြတဲ့…
“ဂုဏ” တရားဟာဖြင့်
“စု” မှ တစ်ပါး…

(၁၀-၄-၂၀၁၂ ထုတ် ဒီလှိုင်းဂျာနယ်တွင် ပြန်လည်ဖေါ်ပြထားခြင်းဖြစ်ပါသည်)

ဇေယျာသော်ကို ဂုဏ်ပြုခြင်း (ဘလက်ချော)

အကုန်လုံးထကြ အကုန်လုံးထက
သီချင်းတွေက ခုအခါတော့ စိတ်မှာမြူးကြွ
တချို့တွေကတော့မုန်း တချို့တွေကတော့ပြုံး
နားထောင်ပြီးတော့ မင်းတို့ဝေဖန်ပေးကြဦး

ဒါ ကျွန်တော် ကြိုက်ခဲ့တဲ့ အက်စစ်အဖွဲ့ရဲ့ စတင်ခြင်းအခွေထဲက သီချင်းတစ်ပုဒ်ပါ။
အမှန်အတိုင်းပြောရရင် ကျွန်တော်က ဇေယျာသော် ပရိသတ်မဟုတ်ပါဘူး။ ဒါပေမယ့် အက်စစ် သီချင်း ၄ ပုဒ်လောက်ကိုတော့ ကြိုက်ခဲ့ဘူးတာ ဝန်ခံပါတယ်။
အက်စစ် ဆိုတဲ့ လူငယ်အဖွဲ့လေးတစ်ဖွဲ့က စတင်ခြင်း ဆိုတဲ့ စီးရီးတစ်ခွေတည်းနဲ့ မြန်မာပြည်ရဲ့ ဟစ်ဟော့ပ် သမိုင်းကို ပထမဆုံး ရေးနိုင်ခဲ့တာ ကျောင်းဒကာ မှတ်မိဦးမှာပါ။

အနဂ္ဂ နဲ့ ဟိန်းဇော် ရန်ရန်ချန်း နဲ့ ဇေယျာသော် ဒီပွဲထဲမှာ ပါဝင်ပါတယ်

လို့ သီချင်းထဲမှာ ထည့်ဆိုခဲ့သလို လူငယ်လေး လေးယောက် ရဲ့ စုစည်းညီညွတ်မှုနဲ့ မြန်မာဟစ်ဟော့ပ် သမိုင်းသစ်ကို ရေးထိုးနိုင်ခဲ့ကြပါတယ်။
အဲဒီ အက်ဆစ်အဖွဲ့ဟာ အောင်မြင်မှုကို တည်ဆောက်နိုင်ခဲ့ကြပေမယ့် စတင်ခြင်း ဆိုတဲ့ စီးရီးတစ်ခုတည်းနဲ့ ရပ်တန့်နေခဲ့တာဟာလည်း သူတို့ရဲ့ သမိုင်းတစ်ခုဖြစ်ခဲ့ပါပြီ။ အက်စစ် အဖွဲ့ရဲ့ ဒုတိယ စီးရီး မထွက်နိုင်ခဲ့တာလည်း ဇေယျာသော် ပါဝင်ရေးသားခဲ့တဲ့ သမိုင်းတစ်ခု ဖြစ်ခဲ့ပါပြီ။
လူတွေဟာ ကိုယ့် သမိုင်း ကိုယ် ရေးကြရတယ် ဆိုလား။
အက်စစ် အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ ဇေယျာသော်လေးကလည်း သူ့သမိုင်းကို သူရေးသွားခဲ့ပြီ ကျောင်းဒကာ။
အမေစု ရဲ့ ဦးဆောင်မှုအောက်မှာ သူ့ရဲ့ ပူးပေါင်းပါဝင်နိုင်မှု တစ်ခုက သူ့ သမိုင်း တစ်ခု ဖြစ်စေခဲ့ပြီ။
မြန်မာ ဟစ်ဟော့ပ်လောက ရဲ့ ပထမဦးဆုံး အရွေးခြယ်ခံ လွှတ်တော်အမတ် ဦးဇေယျာသော်ခင်ဗျာ၊ ကွန်ဂရက်ကျူလေးရှင်း ပါ။
ညီလေးရဲ့ ပထမဆုံး နိုင်ငံရေးခြေလှမ်းကတော့ အင်မတန်လှပခဲ့ပါပြီ။
ညီလေး ဖြတ်သန်းခဲ့ဘူးတဲ့ အက်ဆစ်အဖွဲ့ ရဲ့ စတင်ခြင်း ဆိုတဲ့ စီးရီးလိုပေါ့။
ညီလေးရဲ့ နိုင်ငံရေး ခြေလှမ်းတွေကိုလည်း တစ်လှမ်းပြီး တစ်လှမ်း သပ်သပ်ယပ်ယပ် ခမ်းခမ်းနားနား ဆက်လျှောက် စေချင်ပါတယ်။
အက်ဆစ်အဖွဲ့ ဒုတိယစီးရီးမထွက်နိုင်ခဲ့သလို ညီလေးရဲ့ နိုင်ငံရေးခြေလှမ်းတွေ ဆက်မလှမ်းနိုင်မှာကို တွေးပူနေမိပါတယ်။
ကဲ ညီလေး ဇေယျာသော်။
ဆက်လျှောက်ပါ။
ခြေလှမ်းမမှားပါစေနဲ့။
ရဲရဲ ဆက်လျှောက်ပါ။
သံသယမျက်လုံးတွေနဲ့ ကြည့်နေကြသူတွေအတွက် ညီလေးရဲ့ သမိုင်းကို အကောင်းဆုံး ဆက်ရေးပါ။
ညီလေးရဲ့ နိုင်ငံရေးဘဝ စတင်ခြင်း အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဒီစာလေးကို ရေးလိုက်တာပါ။

အနဂ္ဂ နဲ့ တွေ့ဆုံခြင်း (နံနက်ခင်း)

ဇေယျာသော်အကြောင်းပြောရင်းနဲ့ တစ်ဆက်တည်း အက်စစ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အနဂ္ဂနဲ့ တွေ့ဆုံခြင်းထဲက အမေးအဖြေတချို့ကို ဖေါ်ပြပေးချင်ပါသေးတယ်။
ဖတ်ကြည့်ပေးပါဦး။

ရုပ်ရှင်အစည်းအရုံးလို အနဂ္ဂတို့ ဂီတအစည်းအရုံးကရော အဖွဲ့သစ်ပြန်ဖွဲ့ဖို့ လိုမယ်ထင်သလား။
လုပ်နေကြတဲ့အပေါ် အပြစ်ပြောစရာလည်းမရှိပါဘူး။ လိုအပ်တဲ့နေရာတွေမှာ ဒေါက်တွေဝင်ထောက်ကြတာလို့မြင်ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးအချက်က ဥပဒေရေးရာကို အရင်ဆုံးပြုပြင်ပြောင်းလဲရပါမယ်။ အထက်ကပြောင်းပြီး အောက်ကမပြောင်းရင် အတွင်းလှိုက်စားတဲ့ပြသနာ ရှိနေဦးမှာပါပဲ။ နောက်တစ်ခုက ကိုယ်ကျင့်သိက္ခာ။ ဘယ်သူက ဘယ်လောက်ထိန်းနေသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးပြီး ထိန်းတာအကောင်းဆုံးပဲလို့ ယူဆပါတယ်။ ကိုယ်ကျင့်သိက္ခာကောင်းရင် အဖွဲ့အစည်းတွေ
ဘယ်လောက်ပဲ ကြီးကြီးသေးသေး လူတိုင်းကို အကျိုးပြု လိမ့်မယ်ထင်ပါတယ်။

ကောင်းတယ်ဗျာ။ ကိုယ်ကျင့်သိက္ခာ အရေးကြီးပါတယ်တဲ့ ကျောင်းဒကာ။ တစ်ဦးချင်းစီ ကိုယ့်ကိုယ်ကိုယ် ထိန်းကြပါတဲ့။

ကြံ့ခိုင်ရေးပါတီ ပြန်လည်ဖွဲ့စည်းမည် (VOICE)

သတင်းဆန်းလေးတစ်ခုပါ။

၂၀၁ဝ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများစု အနိုင်ရရှိထားသော်လည်း ကြားဖြတ်ရွေးကောက်ပွဲ၌ တစ်နေရာသာ အနိုင်ရရှိခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အောက်ခြေရပ်/ကျေး အဖွဲ့အစည်းများကို ဧပြီလလယ်မှ စ၍ ပြန်လည်ဖွဲ့စည်းရန်ပြင်ဆင်နေကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

ပိုပြီးဆန်းတာလေး ဖတ်ကြည့်ပါဦး ကျောင်းဒကာ။

မရမ်းကုန်းမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် သုံးသောင်းကျော်ရှိသော်လည်း ကြားဖြတ်ရွေးကောက်ပွဲတွင် မဲတစ်သောင်းငါးထောင်ကျော်သာ ရရှိခဲ့ကြောင်း ယင်းမြို့နယ် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးက ပြောကြားသည်။

ကဲ…။ ပါတီဝင် သုံးသောင်းကျော် ရှိပြီး မဲ တစ်သောင်းငါးထောင်ကျော်ပဲ ရခဲ့တယ်ဆိုကတည်းက ကျန်တဲ့ ပါတီဝင်တွေက အခွင့်အရေးလိုလို့ သာရာစီးချင်လို့ ပါတီဝင်ထားတာ မှန်း သိသာပါတယ်။ ဒီလိုပါတီဝင်တွေကို ထုတ်ပယ်ပစ်ရမှာပါ။ ပြန်လည်ပြင်ဆင်ဖွဲ့စည်းမယ် ဆိုတဲ့ သတင်းအတွက် လက်ခုတ်တီးပြီးအားပေးလိုက်ပါတယ်ဗျာ။ အစစ်အမှန်မဟုတ်တဲ့ မိတ်ဆွေအတုအယောင်တွေ ကျဆုံးပါစေသားပေါ့ဗျာ။

လိပ်ပြာခွဲတဲ့ည နဲ့ ဆန်းထွဋ် (ပေါ်ပြူလာ)

ကျွန်တော် တို့ ရွာသူ မမှီရေးခဲ့ဘူးတဲ့ လိပ်ပြာခွဲချိန် ဆိုတဲ့ ပို့စ်ကို မှတ်မိဦးမယ်ထင်ပါတယ်။ အခုအချိန်ထိ ရန်ကုန်လို နေရာမျိုးမှာတောင် ရှိနေသေးတဲ့ ရိုးရာဓလေ့တစ်ခု အကြောင်းရေးထားတာပါ။ မမှီ ရဲ့ ပို့စ်ထဲမှာပါတဲ့ လိပ်ပြာခွဲတဲ့ အကြောင်းဇာတ်လမ်းတစ်ပုဒ်ကို ဆန်းထွဋ်က သရုပ်ဆောင်ပါတယ်တဲ့ ကျောင်းဒကာ ရယ်။ အဲဒါနဲ့ ပတ်သက်လို့ သရုပ်ဆောင် ဆန်းထွဋ် ရဲ့ ဒိုင်ယာလော့ခ် က ဒီလိုပါတဲ့ဗျာ။

အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း လိပ်ပြာခွဲတာကို သိပ်မသိဘူး။ ဇာတ်လမ်းအရ ဝတ္ထုအရလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ အပြင်မှာတကယ်ရှိကောင်းလည်း ရှိမှာပေါ့။ ကျွန်တော့်အနေနဲ့ ဘဝမှာတော့ မကြုံဖူးသေးဘူး။ ဒီဝတ္ထုကို ဖတ်လိုက်ရတော့ တအားစိတ်ဝင်စားသွားတယ်

အော် ဆန်းထွဋ်လေး တစ်ယောက် မန္တလေးဂဇက် မဖတ်ဖူးလို့ လိပ်ပြာခွဲတဲ့ ဓလေ့အကြောင်းကို မသိရှာတာဖြစ်မှာပါဗျာ။
ကျွန်တော်တို့က မမှီ ကျေးဇူးနဲ့ သိတာကြာပေါ့။ ဟေးဟေး ဖတ်ပါ မှတ်ပါ လေ့လာပါ မန္တလေး ဂဇက်မှာ ဆိုတာလေး ဆန်းထွဋ်ကို ကြုံရင်ပြောပြပေးပါဦး ကျောင်းဒကာရေ။

ဖြစ်ရပ်မှန် ဇာတ်လမ်းစာအုပ် ထွက်ရှိလာရန် အစီအစဉ် ရှိကြောင်းပြောသည့် ထက်ထက်မိုးဦး (ပေါ်ပြူလာ)

ဟေးဟေး။ ရေးရမှာ ပါးတော့ အယားသားလား ကျောင်းဒကာတို့ ကျောင်းအစ်မတို့ရေ။
တစ်ထောင်လောက်နဲ့ဆို ဘလက်ချော ပါးကို ကြိုက်သလိုသာ ပြုပါတော့ ထက်ထက်ရယ်။
ဒေါ်လာနဲ့ ရှင်းရမှာနော် ကျောင်းအစ်မ။ ပါးတစ်ချက် တစ်ထောင်နှုန်းနဲ့ ဆယ်ချက်လောက် အရိုက်ခံလိုက်ချင်သေးတာပါကွယ်။ ပြောမယ့်စကားက ချော်ထွက်သွားပြီ။
အတည့်က ဒီလိုဗျ။ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး ကြော်ငြာသရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ထက်ထက်မိုးဦး တစ်ယောက် ဖြစ်ရပ်မှန် ဘဝဇာတ်လမ်းစာအုပ်
ထွက်ရှိလာရန် အစီအစဉ် ရှိပါတယ်တဲ့ ဗျာ။ ဘယ်လောက်အထိ ဖြစ်ရပ်မှန်တွေ ဖွင့်ချမလဲဆိုတာကတော့ ကာယကံရှင် ထက်ထက် ကိုယ်တိုင် ပဲ သိနိုင်မှာမျိုးပါ။
ရေးသင့်သလား မရေးသင့်သလား ဆိုတာလောက်တော့ ထက်ထက်တို့က နောကျေနေပြီးသားဖြစ်မှာပါ။ ဟုတ်ပါပြီ။ စာအုပ်ကို ဘယ်ဈေးနဲ့ ရောင်းမှာလဲ။ ဝတ်မှုန်ရွှေရည်လေး ဈေးနဲ့ ရောင်းမှာလား။ ရဲလေး ဈေးနဲ့ ရောင်းမှာလား။ ကျွန်တော်အနေနဲ့ ဖြစ်ရပ်မှန်တွေကို ပွင့်ပွင့်လင်းလင်း လေး ရေးမယ်ဆိုလို့ကတော့ အခုကတည်းက ဘယ်လောက်ဈေးနဲ့ ရောင်းရောင်း ကြိုတင် ဘွတ်ကင် လုပ်ခွင့်ပြုပါ ကျောင်းအစ်မရေ။ စိတ် ဝင် စား လို့ ပါ ဗျာ…။ အာဟိ…။

ဝါဆိုမိုးဦးလေးရဲ့ ဒိုင်ယာလော့ခ် (နံနက်ခင်း)

အခုတလော အရမ်းကို ဖလန်းဖလန်းဖြစ်နေပါတဲ့ ဝါဆိုမိုးဦး ဆိုတဲ့ကလေးမလေးဟာ စင်ကာပူကိုသွားပြီး အငြိမ့်ကရပါ သတဲ့ ကျောင်းဒကာ။
အော်သူတို့များကြတော့လည်း ခေါ်ချင်ပြောချင် ဆက်ဆံချင်တဲ့လူတွေ တယ်ပေါတာပါလားခင်ဗျာ။
အဲဒီ စင်ကာပူပြန် ဝါဆိုမိုးဦးလေးကို နံနက်ခင်းက အင်တာလေး ဗျူးတယ်ပေါ့ဗျာ။ ကလေးမလေးကလည်း စင်ကာပူအကြောင်းတွေ ပြန်ပြောတာပေါ့။
အဲဒီမှာ ပါလာတဲ့ ဒိုင်ယာလော့ခ်လေး ဖတ်ပြီး ပြုံးမိတယ်ပေါ့ ကျောင်းဒကာရယ်။

မနက်ပိုင်းမိုးရွာတဲ့အခါ ၆ နာရီမှ ၈ နာရီလောက်အထိ ရွာတတ်တယ်။ စည်းကမ်းရှိတဲ့နိုင်ငံ၊
အချိန်ကိုလေးစားတိကျတဲ့နိုင်ငံမှာ သဘာဝမိုးတောင် အချိန်အတိအကျပဲ ရွာတယ်လို့ မှတ်ယူရပါတယ်

တဲ့။ ကောင်းရော။
ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား ဝါဆိုမိုးဦးရယ်။
စကားမစပ် ဝါဆိုမိုးဦးလေးကရော စည်းကမ်းရှိရဲ့လား။ အချိန်ကို လေးစားတတ်ရဲ့လား။
စိုးရိမ်မိတယ် ကလေးရယ်။

မြန်မာ့ယဉ်ကျေးမှုနဲ့အညီ လူငယ်တွေ သင်္ကြန်မှာ ပျော်စေချင်တဲ့ မေခလာ (ပေါ်ပြူလာ)

ရယ်တော့ရယ်ရတယ်။ မငိုရဘူး ကျောင်းအစ်မရေ။ ဟေးဟေး…။
စင်ပေါ်မှာ ဆယ်ကျော်သက်လေးတစ်ယောက်လို ခုန်ပေါက်ပြေးလွှား ဖလန်းဖလန်းထနေတတ်တဲ့ အပျိုဟောင်းကြီး မေခလာ ပြောသွားတဲ့ စကားလေးဖတ်ရင်း ပြုံးမိတယ်ပေါ့ဗျာ။

မိန်းကလေးတွေ အနေနဲ့လည်း ဝတ်စားဆင်ယင်မှုမှာ အစ်ကိုတွေ မောင်တွေမြင်တဲ့အခါ ရှက်လောက်အောင် မဝတ်စေချင် ဘူး။ လှအောင် ဝတ်ကြပါ။ ဒါပေမယ့် သိပ်ပြီးတော့ ကြည့်လို့မရဲအောင်တော့ မဝတ်ကြနဲ့ပေါ့။ နောက် ယောက်ျားလေးတွေ အနေနဲ့ကလည်း နှမချင်းစာနာပြီးတော့ စောင့်ရှောက်ဖေးမသွားကြမယ်ဆိုရင် သင်္ကြန်က တအားပျော်စရာကောင်းမှာပါ။ ပျော်လည်းပျော်ကြပါ။ ကိုယ့်ရဲ့ မြန်မာ့ယဉ်ကျေးမှုလည်း မပျောက်ပျက်စေပါနဲ့လို့ အစ်မပြောချင်တယ်။

သိတ်ကောင်းတဲ့ ဆုံးမစကားလေးပေါ့။ ကြိုဆိုပါတယ် မေခလာကြီးရေ။ ကျွန်တော်တို့လည်း မေခလာကြီးကို ကြည့်ဖို့ သတ္တိရှိချင်ပါတယ် ခင်ဗျာ။
မရဲတရဲနဲ့ ခိုးခိုးကြည့်နေရတာ အားရဘူးဗျ…။ အာဟိ…။

အမျိုးသားမော်ဒယ်ပြိုင်ပွဲမှာ ဒိုင်အဖြစ်ဆောင်ရွက်ခဲ့တဲ့ မိုးဟေကို (ပေါ်ပြူလာ)

ယောက်ျားလေးတွေပြိုင်တဲ့ မော်ဒယ်ပြိုင်ပွဲမှာ ဒိုင်လုပ်ခဲ့တဲ့ မိုးဟေကို ကြီးရဲ့ ဒိုင်ယာလော့ခ်လေး ဖတ်ကြည့်ဗျာ။

မော်ဒယ်ဘွိုင်းတွေကို ပထမဦးဆုံး ဒိုင်လုပ်ပေးရတာဆိုတော့ မော်ဒယ်ဂဲလ် တွေထက်ကို သေသေချာချာ ကြည့်ရတာပေါ့။ သူတို့ရဲ့ မျက်နှာအနေအထား၊ ခန္ဓာကိုယ်အချိုးအစားတွေက အစပေါ့။ မမြရွှေဝါကပြောတယ်။ မိုးက ငယ်တဲ့သူလည်းဖြစ်တယ်။ ကိုယ်နဲ့ ဆန့်ကျင်ဖက်တွေဆို ဘယ်လိုမျိုးကမိုက်တယ်၊ ဘယ်လိုမျိုးက ဆွဲဆောင်မှုရှိတယ်ဆိုတာကို ကောင်မလေးတွေက ပိုကြည့်တတ်မယ်တဲ့။ အဲဒါကြောင့်မိုးကို အကူအညီတောင်းလို့ ကူညီဖြစ်သွားတာပါ။

အော်မိုးရယ်…။ ကျွန်တော်တို့ နယ်စည်းမခြား အရက်သမားများ မောင်ပြိုင်ပွဲကျရင်လည်း မိုးဟေကို ကို ဒိုင်လုပ်ဖို့ ဖိတ်ဦးမှာ။
အာဂလေးရဲ့ လက်သီးနဲ့ထုထုပြီး ခရာချင်စရာကောင်းတဲ့ ကြွက်သားအဖုအထစ်တွေရယ်၊ ဖက်တီးကက် ရဲ့ လက်ဝါးနဲ့ ပွတ်ပွတ်ပြီး ဇိမ်ခံချင်စရာကောင်းတဲ့ ခန့်ခန့်ညားညား ဗိုက်အိုးကြီးရယ်၊ အမတ်မင်းလေးရဲ့ ဆက်စီဖြစ်တဲ့ လမ်းလျှောက်ပုံရယ်၊ ဘလက်ချောရဲ့ မည်းနက်နေပေမယ့် ဆွဲဆောင်မှုရှိတဲ့ စကင်ဗျူးတီးရယ်၊ ကိုကြီးမိုက်ကြီးရဲ့ နှစ်ချို့ဝိုင်လို ကြီးလေ ကောင်းလေ ခွန်အားတွေရယ်၊ အေကေကေအို ရဲ့
မျိုးလှိုင်ဝင်း နဲ့ တူတဲ့ အပြုံးလေးရယ်၊ အားလုံးဟာ မိုးအတွက် ထိန်းမနိုင်သိမ်းမရဖြစ်စေမယ့် ဆွဲဆောင်မှုတွေပဲပေါ့ကွယ်။
တစ်ခုတော့ ရှိတယ် မိုးရေ။ ကျွန်တော်တို့ အဖွဲ့သားတွေက သိတ်နှမြောတတ်တာ မဟုတ်ဘူးရယ်။ ဆုရဖို့အတွက်ဆို ဒိုင်လူကြီးကို ဘယ်လိုအရာမျိုးမဆို လာဘ်ထိုးဖို့ ဝန်မလေးဘူးဆိုတာလေး ဟေးဟေး။
မိုးသာ ဘာလိုချင်သလဲ။ ဖွင့်ပြောလိုက်ပါ။ ပြောလိုက်စမ်းပါ၊ ပြောပစ်လိုက်စမ်းဘာ။
ငွေလိုသလား၊ ရွှေလိုသလား၊ ပြီးတော့… ။

ဒေါက်တာစိုးမင်း နှင့် အင်တာဗျူး (Messenger)

သိတ်ကို သေချာတဲ့ ဖေါ်မြူလာတစ်ခုပါ။
အင်တာဗျူးတစ်ခုကို ဖတ်ကြည့်လိုက်တာနဲ့ အဗျူးခံပုဂ္ဂိုလ်ရဲ့ အရည်အချင်းဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှားကြီး ပေါ်လာတတ်ပါတယ်။ အခုလည်း ပြည်ခိုင်ဖြိုးပါတီနဲ့အတူ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့ပြီး အမေစု ကို ရှုံးနိမ့်ခဲ့တဲ့ ဒေါက်တာစိုးမင်းဆိုတဲ့ ပုဂ္ဂိုလ်ကြီးနဲ့ အင်တာဗျူးလေး ဖတ်ကြည့်ရင် လယ်ပြင်ထဲက ဆင်ကြီးကို ထင်ထင်ရှားရှားတွေ့ရမှာမို့ ကဲ အခုချက်ခြင်းသာဖတ်ဗျာ…။

တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရင် Sanction လွှတ်ပေးမယ်ဆိုတာ ဘယ်လိုမြင်ပါသလဲ။
အဲဒါက အဓိက လွှတ်နိုင်တဲ့ အရာတစ်ခုပဲ။ မင်းမှာသစ္စာ၊ လူမှာကတိဆိုတဲ့ စကားရှိတယ်။ နိုင်ငံကြီးတွေ တကယ်သာ နိုင်ငံကြီးသားပီသရင် အခုတောင် Sanction ဖွင့်ပေးသင့်ပြီ။

မင်းမှာသစ္စာ၊ လူမှာကတိ တဲ့လား ဒေါက်တာစိုးမင်းရယ်။ မင်းက သစ္စာမရှိတဲ့အခါ လူကလည်း ကတိမတည်တာ ဘာဆန်းလို့လဲ ဗျာ။
ခင်ဗျားပြောမှပဲ ၁၉၉ဝ ရွေးကောက်ပွဲမှာ NLD အကြီးအကျယ်အနိုင်ရခဲ့ဘူးတာကို ပြန်သတိရသွားတယ်။
ဘယ်သူက သစ္စာဖေါက်ခဲ့ပြီး ဘယ်သူက ကတိမတည်ခဲ့တယ်ဆိုတာလေးလည်း လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားတဲ့ သမိုင်းအဖြစ်အပျက်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီးပါပြီ။ ပြင်လို့ မရနိုင်တော့ပါဘူး။ အခုမှ ဦးလေးက မင်းမှာသစ္စာ လူမှာကတိတွေဘာတွေနဲ့ အပိုင်ထုမဟဲ့ ကြံစည်တာကတော့
ရာဇာနေဝင်းကြီးရယ်သလိုကို ရယ်ပစ်လိုက်ရမယ့် ဟာသပျက်လုံးတစ်ခုပါပဲဗျာ။ ဟား.. ဟား.. ဟား.. ဟား..။ (ရာဇာနေဝင်း ရယ်သံဖြင့် ဖတ်ပေးပါရန်)။
နောက် မေးခွန်းတစ်ခုဆီ ချီတက်ကြပါစို့…။

NLD ပါတီက ၄၃ နေရာ အနိုင်ရရှိသွားတဲ့အပေါ် ဒေါက်တာဘယ်လိုသုံးသပ်သလဲ…။
(မေးတဲ့လူကလည်း မေးတတ်လိုက်တာ…။ လူဆိုး။)
ဒါက ပြည်သူတွေရဲ့ ဆန္ဒဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒဆိုတာ မုန့်ဘိုးလိုနေတဲ့ကလေးလိုပဲ။ မိဘတီဗီတွေပေးထားတယ်။ ကစားစရာတွေပေးထားတယ်။ အိမ်အကြီးတွေဆောက်ပေးထားတယ်။ လက်ရှိအစိုးရဟာ ပြည်ခိုင်ဖြိုးပါတီက ပေါက်ဖွားလာတဲ့ အစိုးရဖြစ်တယ်။ အခြေခံအဆောက်အအုံတွေ အကုန်လုပ်ပေးထားတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ အိတ်ကပ်ထဲကို ပိုက်ဆံမထည့်ပေးနိုင်ဘူး။ အဓိကတော့ အလုပ်အကိုင်မဖန်တီးပေးနိုင်တာပဲ။ အဲဒါက Sanction ကြောင့်ပဲ။ အဲဒီတော့ စီးပွားရေးကို တောင့်တင်းနိုင်အောင်မလုပ်နိုင်ဘူး။ မိဘက ကောင်းအောင်ကလေးတွေကို ဘယ်လိုထားထား၊ မုန့်ဘိုးလည်းမပေးနိုင်တော့ မုန့်ဖိုးပေးနိုင်တဲ့သူကို မျှော်လင့်ကြတယ်။ အဲဒီတော့ NLD ကိုမျှော်လင့်ကြတယ်။ NLD နိုင်ရင် Sanction ကြီးပွင့်သွားမှာပဲ မျှော်လင့်တယ်။ Sanction ပွင့်သွားရင် Visit တွေရောက်လာပြီး အိတ်ထဲကို ပိုက်ဆံတွေ ရောက်လာမယ်။ ပြည်သူတွေက လက်ရှိအစိုးရကို မနှစ်သက်လို့ မဟုတ်ဘူး။ လက်ရှိ ပြည်သူတွေရဲ့ ထွက်ပေါက်က ဒီတစ်ပေါက်ပဲရှိလို့ ဒီတစ်ပေါက်ကိုပဲ ရွေးချယ်ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။

အဲဒီလောက်အိုင်ဒီယာနဲ့တော့ အင်တာဗျူးတွေ ဖြေတာ အန္တရာယ်များလွန်းပါတယ် ဦးလေးရယ်။
အပြောင်းအလဲကို မှီအောင်လိုက်နိုင်ရင်လိုက်…။ မလိုက်နိုင်ရင်တော့ အခုလို တရွတ်တိုက်ကြီး ပဲ ဖြစ်နေဦးမယ်ဆိုတာလေး.. ဟေးဟေး။
သမ္မတကြီးကတောင် မိဘပြည်သူ ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းသုံးနေတဲ့ အချိန်မျိုးမှာ
ဦးလေးက အခုအချိန်အထိ ပြည်သူတွေကိုများ မုန့်ဘိုးလိုနေတဲ့ ကလေး လုပ်နေတုန်း။ ကျန်တဲ့ Sanction ပွင့်သွားရင် ဆိုတဲ့ အပြောမျိုးတွေ၊ ပြည်သူတွေက လက်ရှိ အစိုးရကို မနှစ်သက်လို့ မဟုတ်ဘူး ဆိုတဲ့ ဒိုင်ယာလော့ခ်တွေအတွက်တော့ ကျွန်တော်တို့ ရွာသူားတွေက ဆက်ဆွေးနွေးကြပါလိမ့်မယ် ဦးလေးရေ။
တစ်ခုတော့ ရှိတယ်ပေါ့ဗျာ။
ပြည်သူလူထုကို မိဘလို့ သဘောမထားနိုင်သရွေ့ လွှတ်တော်ထဲမှာ ဦးလေးအတွက် နေရာတစ်နေရာ ရှိလိမ့်မယ်မဟုတ်ဘူး ဆိုတာလေး … ။
ကိုလိုနီ ခေတ်တုန်းက အော်ခဲ့ကြတယ်။
သခင်မျိုးဟေ့ ဒို့ဗမာတဲ့။
အခု ကျွန်တော်တို့က ဒီလို ပြောင်းအော်မယ်ဗျာ။
မိဘမျိုးဟေ့ ဒို့ပြည်သူ … လို့။

အင်တာဗျူးထဲက မှတ်စုများ

ကျွန်တော်ဖတ်မိသမျှ အင်တာဗျူးတွေထဲက ကောင်းနိုးရာရာ ရွေးထုတ်ထားတဲ့ မှတ်စုလေးတွေဖြစ်ပါတယ်။

ကိုကိုကြီးနဲ့ အင်တာဗျူး (Massenger)

အခုလို အပြောင်းအလဲတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ ၈၈ အနေနဲ့ရော လာမယ့် ၂၀၁၅ မှာ ရွေးကောက်ပွဲဝင်ဖို့ အခြေအနေရှိလား။
ရုပ်ရှင်မှာ စာတန်းထိုးသလို ပြောရင်တော့ မျှော်လို့ပဲ ပြောရမှာပေါ့။ ခုချိန်မှာတော့ တိတိကျကျမပြောချင်သေးဘူး။
နောက်တစ်ချက်က ၈၈ အနေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာတွေ လုပ်နေတာ သိပါတယ်။ ဘာတွေ ဆောင်ရွက်ပြီး ပြီလဲ။ အချို့ကတော့ ၈၈ မျိုးဆက် ကျောင်းသားတွေက ပြည်သူတွေမျှော်လင့်သလို အလုပ်လုပ်ပေးနိုင်ရဲ့လား။ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
လက်တွေ့ဆောင်ရွက်မှုတွေနဲ့ အကဲဖြတ်ပါလို့။ ကျွန်တော်တို့ လွတ်ခဲ့တာ ၂ လကျော်ပေါ့။ ကျွန်တော်တို့လုပ်ခဲ့တဲ့ အပေါ်မှာ ကြည့်ပြီးတော့ အကဲဖြတ်ပါလို့ ပြောချင်တယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းအားကောင်းဖို့ လိုအပ်တယ်ဆိုတာ ကို ကျွန်တော်တို့ရဲ့ ဆိုရိုးစကားတစ်ခုအဖြစ် နဲ့ ချိတ်ထားပါတယ်။ အရပ်ဘက်အဖွဲ့အစည်းများသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သည် ဆိုတာ ဟုတ်တယ်။ အဲဒီတော့ ကျွန်တော်တို့က ပြောစရာတော့ရှိတယ်။ နိုင်ငံရေးဘက်က ဒီမိုကရေစီ အုတ်မြစ်မခိုင်မာဘဲ အရပ်ဘက်အဖွဲ့အစည်းတွေ အောင်မြင်လားဆိုတော့ အပြန်အလှန်အမှီသဟဲပြုနေတဲ့ ကိစ္စ။ နိုင်ငံမှာ ဒီမိုကရေစီ မရှိဘူး။ အရပ်ဘက်အဖွဲ့အစည်းတွေ ရှင်သန်နိုင်သလားဆိုတော့ ဒါ လေးလေးနက်နက် စဉ်းစားရမယ့် အတွေးအခေါ်တစ်ခုလို့ ထင်တယ်။ အချို့ အာဏာရှင်နိုင်ငံတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေ အပြိုင်းအရိုင်း ရှင်သန်နေတာ ရှိလား။ အရမ်းကို အကန့်အသတ်က ကြီးတယ်။ အဲဒီ အာဏာရှင်တစ်ပိုင်း အစိုးရတွေက ခွင့်ပြုသလောက် ဘောင်အတွင်းမှာပဲ အရပ်ဘက်အဖွဲ့အစည်းက ရှင်သန်လို့ရမယ်။ ဒီမိုကရေစီ ရေခံမြေခံမရှိရင်လည်း အရပ်ဘက်အဖွဲ့အစည်းတွေက ရှင်သန်လို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့က နိုင်ငံရေးကို ဇောက်ချပြီး ဆောင်ရွက်မယ့်အင်အားစုတစ်စု ပေါ်လာလိမ့်မယ်။ တစ်ဖက်ကလည်း အရပ်ဘက်အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ တက်တက်ကြွကြွ ဆောင်ရွက်မယ့် အဖွဲ့ပေါ်လာလိမ့်မယ်။ ဒီနှစ်ခုက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အမှီပြုမယ်။ အဲဒါ ၈၈ မျိုးဆက် ကျောင်းသားများအနေနဲ့ မဟုတ်ဘူး။ နိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုပဲ။ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်အောင်မလုပ်ပဲနဲ့ အရပ်ဘက်ဖွံ့ဖြိုးအောင်လုပ်လို့မရဘူး။ အရပ်ဘက်အဖွဲ့အစည်းတွေ အားမကောင်းပဲနဲ့လည်း ဒီမိုကရေစီ မဖွံ့ဖြိုးနိုင်ဘူး။ ဒါ ဟန်ချက်ညီလုပ်ရမယ့် ကိစ္စပဲ။

မရမ်းကုန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့် နှင့် တွေ့ဆုံခြင်း (Massenger)

မဲပေးတုန်းက မရမ်းကုန်းမှာနေတဲ့ ဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ညွန့် မိသားစုက အများပြည်သူဆန္ဒနဲ့ ရည်ရွယ်ချက်ခြင်း တူညီတာကို ပေးတယ်လို့ ဆိုသလို သား ဇော်နိုင်ဦးကလည်း ပုဂ္ဂိုလ်ရေးယုံကြည်မှုအရ ဒေါ်မေဝင်းမြင့်ကို မဲပေးခဲ့တယ် လို့ ဆိုတယ်။ အဲဒီအပေါ်ရော။
ကျွန်မက အဲဒါလေးလည်း ပြောချင်ပါတယ်။ ပထမဦးဆုံးမဲရေတော့ မဲရုံပေါ့၊ တပ်ရုံနှစ်ရုံ ၄၃၅ နဲ့ ၄၃၆ မှာရှိတဲ့ တပ်နယ်ကြားက လူဦးရေက နည်းတော့ အစောကြီး ပြီးသွားကြတယ်။ ပြီးတော့ မဲပိတ်ပြီးရေတော့ ကျွန်မရှုံးတယ်။ ရှုံးတဲ့အခါမှာလည်း ဒါက အပြတ်အသတ်ပေါ့။ ဒါဘာပဲပြောပြော ကျွန်မခံယူထားတာကတော့ ကျွန်မအမြဲတမ်းပြောပါတယ်။ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင် လွှတ်တော်ထဲမှာ တပ်မတော်သားတွေကို ပြန်ပြီး စည်းရုံးမယ်ပေါ့။ အဲဒီလို ပြောထားတာမှာ ကျွန်မကရှုံးတော့ စိတ်မကောင်းဖြစ်တာပေါ့။ အဲဒီအချိန်မှာ ညနေစောင်းတဲ့အခါမှာ အဲဒီသတင်းကို ကြားရတယ်။ ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ညွန့်ရဲ့သားက ကျွန်မကိုပေးတယ်။ ဗိုလ်ချုပ်ကြီး(ငြိမ်း)ကလည်း အများပြည်သူဆန္ဒနဲ့ ကိုက်ညီတယ်ထင်တဲ့ ပါတီကို မဲပေးတယ်ဆိုတော့ အရမ်းလည်း အံ့ဩသွားတယ်။ ကျွန်မအရမ်းအားရှိသွားတယ်။ တပ်မတော်သားများတဲ့ ရုံမှာရှုံးပေမယ့် ဒီတပ်မတော်မိသားစု တစ်စုကနေပြီးတော့ ဒီလိုမျိုးပေးတယ်ဆိုတော့ ကျွန်မကျေးဇူးလည်းတင်တယ်။ နောက် ကျွန်မဘာတစ်ခု တွေးမိသွား လဲဆိုတော့ ဒီတပ်မတော်သားရုံတွေက သူတို့ရဲ့ ပင်ကိုယ် အယူအဆကိုမှ ပေးခဲ့ရဲ့လားဆိုပြီးတော့ တွေးမိပြီးတော့ ဒါငါ့ကို ထောက်ခံတဲ့သူ ရှိပါသေးလားဆိုတာ တစ်ဖက်ကပြန်ပြီး အားတက်သွားတယ်။
အနိုင်ရရှိခဲ့တဲ့ ဆန္ဒမဲထဲမှာ ဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ညွန့် မိသားစုပေးခဲ့တဲ့ မဲအရေအတွက်ကြောင့်ရော နိုင်တယ်လို့ ဆိုနိုင်မလား။
ဆိုလို့ရတာပေါ့။ မဲဆိုတာကတော့ ဘာပဲပြောပြောအကြိတ်အနယ် ပြိုင်တယ်ဆိုရင် မဲတစ်မဲတောင်မှ အရမ်းတန်ဘိုးရှိတာ လေ။ အနိုင်အရှုံးဆုံးဖြတ်သွားတာဆိုတော့လေ။
ကျွန်မရရှိတဲ့ အနိုင်မဲဟာလည်း ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ညွန့်မိသားစုရဲ့ မဲလည်း အပါအဝင်ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ညွန့် အပေါ်အမြင်ရော။
ဗိုလ်ချုပ်ကြီး ခင်ညွန့်အပေါ်ကတော့ (စဉ်းစားနေ) အင်း ဗိုလ်ချုပ်ကြီးခင်ညွန့်မှ မဟုတ်ပါဘူး။ တပ်မတော်သားတွေအပေါ် လည်း ကျွန်မတို့က လေးစားချစ်ခင်ပြီးသားပါ။ ကိုယ့်တိုင်းပြည်မှာ ရှိကိုရှိရမယ့်ဟာ။ ဒါပေမယ့် ကျွန်မတို့က ကိုယ့်တိုင်းပြည်မှာ အုပ်ချုပ်တဲ့သူနဲ့ တပ်မတော်ခွဲမြင်တယ်။ ရောပြီးတော့မမြင်ဘူး။ အဲဒါကြောင့်မို့လို့ စောစောက ကျွန်မပြောတယ်။ တပ်မတော်သားရုံက ရှုံးတယ်။ ဒါပေမယ့် သူတို့ကလည်း ကျွန်မတို့အပေါ် အမြင်ပြောင်းပြီး မဲပေးသွားမယ်လို့ပဲ မြင်ပါတယ်။
ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ညွန့်ကရော NLD ပါတီထဲ ရောက်လာနိုင်မလား။ သာဓကတွေက ရှိတော့လေ။
(ရယ်လျက်) အဲဒါကတော့ ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ညွန့်က သူကိုယ်တိုင်ပဲ ဖြေပါလိမ့်မယ်။ ကျွန်မကတော့ ဘယ်လိုမှ မဖြေနိုင်ပါဘူး။ ဒါ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်။ ကိုယ်ပိုင် ယုံကြည်ချက်ဆိုတော့လေ။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း နှင့် တွေ့ဆုံခြင်း (Messenger)

လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပြီဆိုရင် နိုင်ငံတော်က ဥပမာ ကားတို့၊ ဘာတို့ပေးတယ်။ ဦးနိုင်ငံလင်းအနေနဲ့ အဲဒီလို ကားတို့ ဘာတို့ ချပေးလို့ရှိရင် လက်ခံမှာလား။
ကျွန်တော့် ဆန္ဒအရဆို ကားက ကျွန်တော့်အတွက်မလိုပါဘူး။ ကျွန်တော်လည်း ကားမမောင်းတတ်ဘူး။ တကယ်လို့ ကားယူရင်တောင် ကျွန်တော်က ဒရိုင်ဘာ ရှာရဦးမှာ။ ကျွန်တော်က ဆင်းရဲတယ်။ ဒရိုင်ဘာလည်း မတတ်နိုင်ဘူး။ မရှိမဖြစ်လိုအပ်တယ်။ ပါတီကလည်း လိုအပ်လို့ ယူဆိုရင်တော့ ဒါကမတတ်နိုင်ဘူး။ တကယ်တမ်း ကျွန်တော့်အနေနဲ့ဆိုရင် ယူဖို့ မရှိပါဘူး။

တစ်နှစ်သားစစ်တမ်း – မောင်ဝံသ (ပြည်သူ့ခေတ်)

ပြည်သူ့ခေတ်ဂျာနယ်မှာပါတဲ့ ဆရာမောင်ဝံသ ရဲ့ တစ်နှစ်သားစစ်တမ်းဆိုတဲ့ ဆောင်းပါးလေးဖေါ်ပြလာပါတယ်။ နည်းနည်းလေး မြည်းကြည့်နိုင်အောင် စာမြည်းလေး ထုတ်နှုတ်ပေးပါရစေ။

ကျွန်တော်တို့ဟာ ဒီတစ်နှစ်သားအစိုးရကို ကြည့်တဲ့အခါ ပြည်သူတွေရဲ့ အခြေခံ အဆောက်အအုံတွေကို ဘယ်လောက် ခိုင်ခိုင်မာမာ အုတ်မြစ်ချ တည်ဆောက်ပေးနိုင်ခဲ့ပြီလဲ ဆိုတဲ့ ရှုထောင့်ကနေ ကြည့်ကြရမှာ ဖြစ်တယ်ဗျ။ အဲဒီရှုထောင့်က ကြည့်ရင် လက်ရှိအစိုးရဟာ အမှတ်ပြည့်မဟုတ်ရင်တောင် ဂုဏ်ထူးမှတ်မဟုတ်ရင်တောင် ကြိတ်နှုန်းအမှတ်ကောင်းကောင်း ရနိုင်တဲ့အနေအထားတွေ ကျွန်တော် မြင်တွေ့နေရတယ်ဗျ။
ဒါပေမယ့် နိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်းကြီးတွေ လက်တစ်ဆုပ်စာ လူတစ်စုလက်ထဲမှာ ဆက်ရှိနေတဲ့အခြေအနေ၊ ပြည်သူတွေ အထူးသဖြင့် ကျေးလက်ပြည်သူတွေရဲ့ ဘိုးဘွားပိုင်မြေတွေကို ငွေနဲ့ အာဏာ ပေါင်းစည်းထားတဲ့အင်အားစု တချို့က သိမ်းပိုက်နိုင်တဲ့ အနေအထားတွေ ဆက်လက်တည်ရှိ နေတဲ့ အခြေအနေတွေကိုတော့ ဖြစ်နိုင်သမျှ အမြန်ဆုံးကုစား ရဦးမှာ ဖြစ်တယ်ဗျ။

ဒေါ်အောင်ဆန်းစုကြည်ကို အတုယူကြပါ – ကိုရွှေအောင် (ပြည်သူ့ခေတ်)

မြန်မာစကားပြောရင်း ဗိုလ်လိုညှပ်ညှပ်ပြောတတ်တဲ့ လူတွေ ဖတ်ကြဖို့ပါ ကျောင်းဒကာ။
RFA ရေဒီယိုက ဦးခင်မောင်စိုးက ဖုန်းထဲကမေး၊ ဒေါ်အောင်ဆန်းစုကြည်က ဖုန်းနဲ့ဖြေတဲ့ အင်တာဗျူး အစီအစဉ်တစ်ခုမှာ ဦးခင်မောင်စိုးက မေးပါတယ်တဲ့။ သူသတိထားမိတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောရင် ဗမာလိုပြောတဲ့ထဲ ဘိုလိုညှပ်မပြောဘူး အဲဒါ ဘာကြောင့်လဲ အစ်မတဲ့။

ဒေါ်အောင်ဆန်းစုကြည်က ဖြေပါတယ်။ အဲဒါကတော့ မေမေနဲ့ ဆိုင်တယ်။ မေမေက ငယ်ငယ်လေးကတည်းက ပြောတယ်။ ဗမာလိုပြောရင် ဗမာလိုချည်းပြော၊ အင်္ဂလိပ်လို ညှပ်မပြောနဲ့။ အင်္ဂလိပ်လိုပြောရင်လည်း အင်္ဂလိပ်လိုပဲပြောလို့ မေမေက ဆုံးမထားတာ…တဲ့။ အစ်မလည်း သတိထားမိပါတယ်။ တချိုကတွေ အင်္ဂလိပ်လို ညှပ်ညှပ်ပြောနေကြတာ။ အဲဒါတော့ အင်္ဂလိပ်စကားလုံးကို ဗမာလိုပြောဖို့ အဓိပ္ပာယ်တူတဲ့ စကားလုံးရှာဖို့ ပျင်းတာနဲ့ အလွယ်တကူ ပြောနေကြတာ ထင်ပါတယ်…

တဲ့။
အဲဒါလေးပါ ကျောင်းဒကာ။ ဒေါ်အောင်ဆန်းစုကြည်ကို အတုယူပြီး ဗိုလ်လို ညှပ်ညှပ်ပြောတတ်တဲ့ ခင်ဗျားကို သတိပေး နေရတာပါ။

မရယ်ရတဲ့ ဟာသ

မရယ်ရတဲ့ ဟာသလေးတစ်ပုဒ်ပြောပြပါမယ်။ မရယ်ကြေးနော်။
လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီး က အင်တာဗျူးတစ်ခုမှာ ပြောသတဲ့။

လွှတ်တော် ကိုယ်စားလှယ်ဆိုပြီး ရောက်လာတဲ့လူက စာမှမတတ်။ ၁ဝ တန်းမအောင်ဘဲ လွှတ်တော်ထဲလာထိုင်တော့ သူများထဆို ထနေတယ်။
သူများထိုင်ဆို ထိုင်နေတယ်။ သူမှ ဘာမှ မသိတာ။ ဘာတွေပြောနေလဲ သူနားလည်တာ မဟုတ်ဘူး ရမ်းလုပ်နေရတာ

လို့ ထည့်သွင်းပြောကြားသွားပါသတဲ့ ကျောင်းဒကာ။
အတည်ပေါက်ကြီးနော်။ မထင်ရဘူး။
လက်ညှိုး လက်ညှိုး သူများကို ထိုးဖို့လောက်ကြည့်တဲ့လူတွေ
ကိုယ့်ကို ပြန်ထိုးလာမယ့် လက်ညှိုးတွေရဲ့ ဒဏ်ကို ခံနိုင်အောင်သာ ကြိုးစားကြပါပေါ့ဗျာ။
အေးလေ ဒါပဲ ပြောလို့ရမှာကိုး။
ဆိုင်ဆိုင်မဆိုင်ဆိုင်ဗျာ။ မကြာသေးခင်ကပဲ ကြားလိုက်ရတဲ့ နိုင်ငံတကာသတင်းလေးတစ်ပုဒ် ပြောပြချင်သေးတယ်။ အာဟိ…။
ဘယ်နိုင်ငံက သမ္မတ ဆိုလား။
ဒေါက်တာဘွဲ့ယူခဲ့တုန်းက
ဘာကိုကူးချခဲ့လို့ ဆိုလား။
နှုတ်ထွက်ပေးလိုက်ရပါတယ်တဲ့။
တကယ့်အဖြစ်အပျက်ကြီးနော်။
ပညာတတ် ပညာတတ်။
What the meaning of ပညာတတ်။ ဟေးဟေး။
အမေစုခွင့်လွှတ်ပါခင်ဗျာ။ ဗိုလ်လိုနဲ့ မြန်မာလို ညှပ်ပြောမိသွားလို့ပါ။
အော် ပညာတတ် ပညာတတ်။
ယူကြပါဗျာ။ ယူတတ်ရင်ယူလို့ရတာတွေ အများကြီးဗျ။

မြို့ချစ်စိတ်နဲ့ မြို့သိမ်းကဗျာ (ကိုကို-အမရပူရ) (ပေါ်ပြူလာ)

မယ်ပုချ်တို့လို မြို့ချစ်မတွေအတွက် ရန်ကုန်သားကဗျာဆရာ ကိုရွေးရဲ့ မြို့သိမ်းကဗျာ ဆိုတဲ့ ကဗျာလေးအကြောင်းကို
ဆရာမောင်ကိုကို-အမရပူုရ က ညွှန်းထားတာပါ။
ကဗျာက အစအဆုံး ဟုတ်ချင်မှ ဟုတ်ပါမယ်။
ဖတ်ရသလောက်နဲ့တင် ကြက်သီးတွေတောင်ထလာပါလိမ့်မယ်။
အလွန်အကျူးပြောတယ် မထင်ပါနဲ့။
ဖတ်ကြည့်ပြီးမှ ဆုံးဖြတ်ပါ။

လယ်ယာမြေကောင်းထဲ
ရေငန်တွေ ဝင်လာသလို
မင်းတို့မြို့ထဲလူငန်တွေဝင်လာ နေပြီ။
အောင်မြင်တဲ့ ဂျုံခင်းထဲ
ကျိုင်းအုပ်တွေ ကျလာသလို
မင်းတို့မြို့ထဲ လူကျိုင်းတွေကျလာနေပြီ။
ရန်သူဟာ
ကျည်တစ်တောင့်မဖောက်ဘဲ
မြို့ကို သိမ်းနေပြီ
ပေါင်မုန့်အနားသားလို
မြို့ချစ်သကောင့်သားတို့
အစွန်အဖျားကို ဆုတ်ခွာနေပြီ
မြို့ချစ်သကောင့်သားတို့
မင်းတို့ ကလောင်အစွမ်းဟာ
အမှောင်ခြမ်းမှာ အိပ်မပျော်စေနဲ့
ဦးနှောက်ကို မီးထွန်းကြ
ဦးနှောက်ကို မုန်တိုင်းဆင်ကြ
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ
ရောင်းရင်းတို့
သူငယ်ချင်းတို့
ညီရင်းအစ်ကိုတို့
မြို့ချစ်သကောင့်သားကြီးတို့
သတိတရားလက်ကိုင်ထားကြ
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ။

ကဲ မယ်ပုချ် ရေ။
ဒီကဗျာလေးအတွက် ရေးတဲ့ကဗျာဆရာ ကိုရွေးကို ဆုချီးမြှင့်ချင်စိတ်လေးများ မပေါက်မိဘူုးလားဗျာ။
တကယ်လို့များ ဆုချီးမြှင့်ချင်သူတွေများ ရှိနေခဲ့ရင် ကျွန်တော် ဘလက်ချောက ကျပ်တစ်သောင်းတိတိ ပူးပေါင်းပါဝင်ပေးသွားမည်ဖြစ်ပါကြောင်း။
ဓါတ်ပုံလေးတွေဘက် လှည့်ရအောင်ပါ။

ပုဂံ နန်းမြင့်မျှော်စင်ရှေ့မှာ ရိုက်ထားတဲ့ပုံပါ။
ဧရာဝတီမြစ်ကမ်း၊ လောကနန္ဒာ ဘုရား အတက်မှာ လေလေးတဖြူးဖြူးနဲ့ ဇိမ်တွေ့နေတဲ့ ခွေးတစ်ကောင်။
ခွေးတစ်ကောင် ရဲ့ ဇိမ်။

70 comments

  • သမိန်ဂီ့

    April 18, 2012 at 3:01 pm

    အားပေးသွားပါတယ်ဗျို့ ..
    ဒီတေးလ် ကတော့နောက်မှ ပြန်လာခဲ့ပါ့မယ်..
    လောလောဆယ်တော့ လက်မထောင်တာရယ်…

    အရှေ့ကျွန်းကနေပြီး …
    ANA- Direct Flight
    LAWSON လုပ်ငန်းစု
    Mizuho Banks တွေ မကြာမီ လာမည် မျှော် ဆိုတာလေး..
    အားဖြည့်သွားရဲ့ဗျာ…

    ခင်တဲ့
    ဂီ

  • ဗိုက်ကလေး

    April 18, 2012 at 3:14 pm

    ဟ..အူးလေးကလဲ
    သယံဇာတတွေပေါလို ့ဘီယာဘူးခွံတွေ သင်္ကြန်မလည်ပဲ လိုက်ကောက်နေတာပေါ့ဗျ..
    ငယ်ငယ်နဲ ့ကျောင်းမတက်ပဲ ကွမ်းယာရောင်း အမှိုက်ကောက်၊မီးသွေးရောင်းနေနိုင်တာပေါ့ဗျ
    ရွဲ ့ပြောတာပါ..သယံဇာတွေ တစ်ကယ်ပေါတာ ဟိုလူတွေလေ.သယံဇာတ အရည်ကျိုပြီး.အောင်ပွဲခံတာ ဒေါ်လှ အုပ်လိုက်နဲ ့ မြင်ဘူးလား အူးလေးရ..ပိတ်ချင်တာပိတ်ပေါ့..ဟုတ်ဘူးလား..

    အက်စစ်က ဆိုတော်ကြီးတွေ နိုင်ငံရေး တစ်ကယ်လုပ်၊တစ်ကယ်အောင်မြင်ခဲ့လို ့ အူးလေးနဲ ့ထပ်တူ ဂုဏ်ပြုပါတယနော်..ဂုဏ်ပြုပွဲလေး ကျင်းပကြရအောင်လားဗျာ

    ကြံ့ဖွံ ့က ပြန်မဖွဲ ့လိုလဲ မရတော့ဘူးလေ..
    လူတွေက ပိုက်ဆံချေး၊ထမင်းဖိုးတောင်း..ရေသန် ့ဘူးယူပြီး NLD ကို မဲလဲထည့်ပြီးကော ဘိုင့်ဘိုင် ပြသွားပြီပေါ့..
    အချင်းချင်း တစ်အူးကိုတစ်အူ အပြန်အလှန်အားပေး တောင့်ခံထားကြရပုံရပါတယ်..
    နောင်နှစ်အတွက် ဘယ်လို ဖယောင်းသုတ်တပ်ဖွဲ ့ ဖွ ဲ့မလဲ ကြည့်ရသေးတာပ 😆

    ဒေါက်တာစိုးမင်းကို ကျောင်းဒဂါနဲ ့ကျနော် ပေါင်းပြီး သွားဗျူးရအောင်ဗျာ..
    သစ္စာတွေ၊မေတ္တာတွေ ကွမ်းသီးတွေ လာလုပ်နေတာ မျက်စိနောက်လို ့

    အူးလေးကျောင်းဒဂါရေ
    သေချာမှတ်ထားနော်..စကားပြောရင် အီးလိုညှပ်ညှပ်မပြောနဲ ့..
    ဘိုလိုဆို..ဘိုလို..မြန်မာလိုဆို မြန်မာလိုပဲပြောပါ

    ဆင်ကြီးနဲ ့ ခွေးနဲ ့ နှစ်ကောင်လုံး မိုက်သဗျာ..
    လူ ့အကြံ ခွေးဦးသွားတယ်ဆိုတာ ဒါကိုပြောတာဗျ….
    ပုဆိုးခါးတောင်းကျိုက်ပြီး ကမ်းစပ်မှာ လှဲနေလိုက်ရင် ဇိမ်ဘဲ..ဇိမ်ဘဲ..

    ကျန်တာတွေတော့ လိုက်မမီလို ့ မကုဒ်တော့ဘူး..အူးလေးကျောင်းဒဂါရေ..
    ဘိုင့်လဘိုင်

  • ဦးဦးပါလေရာ

    April 18, 2012 at 3:34 pm

    ကိုဘလက်ရဲ့ ချိုပေါ့ကျတွေက တခွက်ထက်တခွက် ပို ကျ လာသဗျ…။

    အခုတော့ မရယ်ရတဲ့ ဟာသအင်တာဗျူးလေး ကိုပဲ မှတ်ချက်ပေးနှင့်ပါမယ်။

    ဒေါက်တာစိုးမင်းပြောတာ သူ့ပါတီကသင်ပေးလိုက်တာမဟုတ်ဘူးဆိုရင်တော့ တစ်ခုပဲပြောစရာရှိပါတော့တယ်။

    ဒေါ်စုနဲ့ပြိုင်အရွေးခံဘို့တောင် ဒီလူမျိုးကိုလွှတ်ရင် အဲဒီပါတီမှာ ကျပ်ပြည့်တဲ့သူ မရှိတော့ဘူးထင်တယ်။

  • TTNU

    April 18, 2012 at 3:34 pm

    ကိုချောရေ…
    ပြန်ရောက်ပြီလား။
    ထက်ထက်မိုးဦးစာအုပ်ကအမှန်တွေရေးမှာတဲ့လား။
    မန ္တလေးသင်္ကြန် မြို ့မအလှပြကားပေါ်မှာလည်းဒီအမျိုးသမီး
    ကယောင်ချောက်ချားပါလာသေးတယ်။ ကားနာသကွယ်။

    ဧရာဝတီမြစ်ကမ်း၊ လောကနန္ဒာ ဘုရား အတက်မှာ
    လေလေးတဖြူးဖြူးနဲ့ ဇိမ်တွေ့နေတဲ့ ခွေးတစ်ကောင်
    ပုံကိုတော့ သဘောတွေ့မိတယ်ကွယ်။

    တီချာဆက်တွေးနေမိတယ်။ ဒီခွေးဘဝကမှ ငြိမ်းချမ်းသေးတယ်လို့။ 😛

  • pooch

    April 18, 2012 at 4:08 pm

    ကိုဘလက်ရေ ပုဂံမှာ ပျော်ခဲ့ရဲ့လား ။
    ကဗျာလေးအတွက်ကျေးဇူးပါ။ ဆုချီးမြှင့်မယ်ဆို ကျမလည်း ပါမှာပေါ့။
    ပုဂံသင်္ကြန်လေးများ မတင်ချင်ဘူးလား ပုံလေးတွေ။ 😀

    ဒါနဲ့ ကိုဘလက် ပြတိုက်ထဲရော ရောက်ဖြစ်လား ။ ကျမကတော့ အဲ့ဒီ ပြတိုက်ထဲမှာ နေ့ဝက်ကျိုးမှ ပြန်ထွက်နိုင်တယ်။

  • FattyCat

    April 18, 2012 at 4:22 pm

    ကျောင်းဒကာကြီးဦးဘလက်ရေ-

    သယံဇာတဆိုတာ အကန့်အသတ်ရှိသောထုတ်ကုန်များပါ…အခုချမ်းသာနေတဲ့ UAE လိုနိုင်ငံဟာ တစ်နေ့ရေနံတွေထုတ်ရောင်းလို့ ကုန်ပြီဆိုမှဖြင့် ဘာတွေဆက်လုပ်ကြမလဲ… ရေတောင် ဝယ်မသောက်နိုင်တဲ့ဘဝများရောက်တော့မယ်လေ… အဲဒီတော့ လူ့စွမ်းအားအရင်းအမြစ်ကို အလေးထားတဲ့ US လိုနိုင်ငံတွေက ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံလို့ဖြစ်သွားခဲ့တာပေါ့… နိုင်ငံရဲ့အုပ်ချုပ်ရေးက ဘာကိုအသုံးချ မလဲဆိုတဲ့အပေါ်မှာပဲမူတည်မယ်ထင်ပါတယ်… လူကိုသိပ်ထက်အောင်လုပ်ပေးရင် သူ့ကိုဒုက္ခပေးမှာမို့ လူကိုထက်မြက်အောင်မလုပ်ပေးခြင်းဟာ တိုင်းပြည်ကိုချောက်ထဲရောက်အောင်ဆွဲချခြင်းမည်သွားတာပါပဲ…

    ကြံ့ခိုင်ရေးအစိုးရအနေနဲ့ စီးပွားရေးပိတ်ဆို့မှုရဲ့အကျိုးကို အခုမှထိပ်ဆုံးရောက်အောင် ခံစားဖူးသွားတယ်လို့မြင်ပါတယ်… သွားလေသူတို့ လုပ်ချင်ရာလုပ်ခဲ့တာကို ခေါင်းခံရှင်းဖို့ ငွေလိုတော့မှ အကြံကုန် ခြသေ့င်္အရက်ချက်တယ်ထင်ပါတယ်… အတင်းကိုဖွင့်ပေးပါဆိုတာချည်းပါပဲ…

    အမေစုက သံတမန်ရေးရာနဲ့ ပတ်သက်ပြီးတော်တော်လေး ဂရုစိုက်သလိုရှိပါတယ်…
    ပြင်သစ်သံရုံးမှာ ပြင်သစ်လိုပြောခဲ့တာ အလကားကြွားပြီးပြောခဲ့တာမဟုတ်ဘူးလို့ သိနားလည်သူ တစ်ယောက်ရှင်းပြတော့မှ အော်…ဆို တအံ့တဩဖြစ်ခဲ့တာကိုး… ကုလသမဂ္ဂမှာ တရားဝင်သတ်မှတ် ထားတဲ့ ဘာသာစကား (၆)မျိုးရှိပါတယ်တဲ့… အဲဒီအထဲမှာ သံတမန်တွေအနေနဲ့ အင်္ဂလိပ်စကားတစ်မျိုး ထည်းတတ်တာထက် ကုလသမဂ္ဂရဲ့တရားဝင်ဘာသာစကား (၆)မျိုးထဲက တစ်မျိုးမျိုးကို အပိုအနေနဲ့ မပြောနိုင်ရင် သံတမန်လူရာမဝင်ဘူးလို့ ဆိုသကိုး အဲဒီတော့ လူရာဝင်တဲ့နိုင်ငံခေါင်းဆောင် တစ်ယောက်ရဲ့ အရည်အချင်းကို ပြဆိုတယ်လို့ ခေါ်တယ်ဆိုလားပဲ…ကျောင်းဒကာကြီးရေ

    မိုးကြီးက အကဲဖြတ်မယ်ဆိုရင်တောင် ဦးဘလက်ကြီးကို ရှေ့တန်းတင်လို့ လာဒ်ထိုးစေမယ်ဗျို့ နယ်စည်းမချားအရက်သမားအဖွဲ့ညီလာခံ အပိုင်း(၂)ကို ကျင်းပဖို့ နှစ်သစ်လဲကူးပြီ…

    အစိုးရဆိုတာ အစကတော့ရိုးရှာပါတယ်…ကျောင်းဒကာကြီးရေ…
    အခုတော့ ကားမလိုချင်သေးဘူးဆိုပေမယ့်… စည်းစိမ်မှာရစ်မူးမှာတော့ စိုးရိမ်သားပေါ့ဗျာ…
    ကိုယ်လဲ ကားမရှိခင်တုန်းကတော့ မလိုချင်ဘူးပေါ့နော်… ကားလဲရရော မဆင်းချင်တော့ဘူးဖြစ်မှာစိုးလို့ပါ

    ပုဂံဟာ ကျွန်တော်အကြိုက်ဆုံးနေရာတစ်ခုပါ…
    မြန်မာရဲ့ ပုဂံကို ကျွန်တော်ဒီထက်ပိုပြီးတိုးတက်တဲ့ နည်းပညာတွေနဲ့ ထိန်းသိမ်းစေချင်ပါတယ်…
    ပုဂံကို ထပ်ရောက်ဖို့ ကြိုးစားပါဦးမည်ဗျာ…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • Phaung Phaung

    April 18, 2012 at 4:52 pm

    ဦးဘလက်ချောကြီးရဲ့ ချိုပေါ့ကို မုန့်ဟင်းခါးစားရင်း ဆွဲလိုက်တာ သီးတောင်သွားတယ်။ မိုးဟေကိုဒိုင်လုပ်တဲ့
    အကြောင်းရယ်၊ ဒေါက်ချာစိုးဝင်းရဲ့ အတွေးအချော်ကောင်းတွေကို ဝေဖန်ထားတာရယ်…ကြောင့်ပါ။
    ကဗျာဆရာကိုရွေးကို ဆုချရင်တော့ ဖောင်းဖောင်းလဲ 5000 ထည့်မယ်ဗျို့။ ဪ .. ဒါနဲ့ ကြံ့ဖွတ်အသင်းဝင်
    သုံးသောင်းကျော်ရှိပြီး တစ်သောင်းခွဲကျော်မဲရတဲ့ကိစ္စက အရင်တုန်းက ပြည်သူ့ဆန္ဒမပါပဲ အတင်းအသင်းဝင်
    ခိုင်းခဲ့တာလေ။ တကယ်မဲပေးတော့ အသဲကြားကမဲတစ်ပြားဖြစ်သွားတယ်လို့ ယူဆရတာပဲ။ သာလို့ကူးသွား
    တာတော့ မဟုတ်ဘူးထင်ပါတယ်။

    • tunlinaung

      April 20, 2012 at 5:24 pm

      စီးပွားရေးပိတ်ဆို.တာ ဒို.မမှုပါဆိုတဲ.လူကြီးရှိသေးလားဗျ။ တီချင်းလေးတီပုဒ်လောက်ရေးတော့ပူး
      လားလို.မေးချင်လို.။ တရုတ်ကားကျပုလေးပေးချင်လို.ပါဗျာ။
      ချိုပေါ့ကျကတော်တော်ကောင်းနေပြီဗျာ။ ဘတ်(သို.သော်) တစ်ခွက်နဲ.တစ်ခွက် ခပ်နီးနီးသောက်ပါရစေဗျာ။

  • aungmyintmyat

    April 18, 2012 at 5:13 pm

    ကောင်းလိုက်တဲ့ စိတ်ကူးနဲ့ အရေးအသား
    ဂွတ်တယ်နော် တွံ့တေးသိန်းတန်ရဲ့ ဂွတ်ရှယ်ဆိုတာ ဒါမျိုးနေမှာ
    ချိုပေါ့ကျ ဆိုတာ အရသာ အကုန်လုံးပါလို့ လူတွေ အကုန်က ကြိုက်ကြပါတယ်။
    မထက်အကြောင်းကို ကျွန်တော် ပို့စ်ရေးဖို့ စီစဉ်ပြီးပါပြီ
    တင်ဖို့ပဲ ကျန်တယ်
    အကြောင်းအမျိုးမျိုးကြောင့် မတင်ဖြစ်သေးတာပါလို့ ပြောရင်း
    ဂုဏ်ပြုဖွယ်ရာ စတစ်ပုဒ်ကို လေးလေးစားစား ဂုဏ်ပြုပါတယ်……………………….အောင်မြင့်မြတ်

  • Khaing Khaing

    April 18, 2012 at 9:13 pm

    လေးဘလက်ရေ ….. အပေါ်တစ်ပိုင်းတော့ဖတ်ပြီးသွားပြီ လေလောဆယ်တော့မမန့်သေးဘူးရှင် ရုံးရောက်မှ ပြန်နွေးပြီး မန့်မယ် ဒါ့ပုံတွေတော့ကြည့်ထားတယ် အဲဒီမျှော်စင်က အခုရော မြန်မာငွေ ၂၀၀ဝ ထောင်ပေး တက်ရသေးလား အအေးရောတိုက်သေးလား လွင်မိုးရဲ့ ဒါ့ပုံလက်ရာတွေရော မျှော်စင်ပေါ်မှာရှိသေးလား အဟီး မေးခွန်းတွေများသွားပြီ …….. လောကနန္ဒာက ခွေးလေးအိပ်နေတဲ့နေရာက ချစ်ချစ်နဲ့ ဟန်းနီးမွန်း ထွက်တုန်းက သမီးရိုက်ခဲ့တဲ့နေရာလေးလေ အမလေး သတိရလိုက်တာနော် ………………

  • သမိန်ဂီ့

    April 19, 2012 at 7:58 am

    ဆရာကြီးဒေါက်တာအောင်ထွန်းသက် ကောက်ချက်လေး က ဆက်ဆွဲရအောင်ဗျာ…
    ဆိုတာလေးက စဆွဲမယ်ဗျို့…

    စကားမစပ် ကျုပ်လည်း ကိုသစ်ကို သတိရသဗျ…
    ဒီလူဂျီးနှယ့် နေနိုင်ထှာ … ဟီး…
    (ဂလောက်လည်း နေနိုင်ဟန် မတူပါဝူးရယ်…)
    ရက်မမှတ်မိပေမယ့် …သည်တပါတ်အတွင်းဗျ.. dashboard ပေါ်မှာ …
    currently online ဆိုတဲ့ထဲ.. thit min ဆိုတဲ့ နာမည်လေး ပေါ်နေတာ
    မြင်မိရဲ့ …. သူလည်းရောက်ရာအရပ် (သီဟပူရကနေ) မြန်မာဖောင့်ရှိရာ ပီစီကတဆင့်
    အချိန်လေးရရင် ရသလို ရွာထဲ ဝင်ကြည့်တယ်ထင်ပါ့….
    (ကိုယ့်ဆြာသမား ကောမန့်လေး တနေရာရာမှာ ပေါ်လာမလား ..မျှော်မိသေးရဲ့ဗျာ.)
    မမန့်ဖြစ်ပေမယ့်
    အနည်းဆုံးတော့ ဆြာသစ်…တယောက် ရွာ့နောက်ဆုံး အပ္ပဒိတ်နျူးစ် တွေ
    လက်မလွတ်ဘူး ထင်ပါ၏ ဆိုတာလေးတော့ ..လက်တို့ခဲ့ချင်ရဲ့ဗျာ…

    ခင်တဲ့
    ဂီ

    P.S ကိုသစ်တယောက် သည်နှစ်ကစပြီး ဂျူတီ၂ဆ တိုးပါပြီ ပြောသွားတာ …
    မိန်းမယူမှာကိုများ သွယ်ဝိုက် ညွှန်းဆိုသလား မသိ … အာဟိ…

  • ကြောင်ကြီး

    April 19, 2012 at 8:06 am

    ကြံ့ဖွတ်ကိုယ်စားလှယ် ဒေါတာစိုးဝင်းကို မီဒီယာတွေက သိပ်မြောက်ပေးနေဒါ နားမလည်နိုင်ဘူး။ ဒါနဲ့ပဲ စိုင်ကော်လို့ခြုံပေါ်ရောက် ကြံ့ဖွတ်သရဲဂေါင်းတယောက် ပေါ်လာဒေါ့မယ်။ နဂိုထဲဂမှ လူစွမ်းဂေါင်းလိုက်ရှာနေဒါ။ အခုထဲက နှိပ်ကွပ်ထားရင်ထား မဟုတ်ရင် ၂၀၁၅မှာ ဒီမိုကရက်တစ်တွေကို ဒုက္ခပေးမည့် ဖွတ်ကြီးတဂေါင် ဖြစ်လာလိမ့်မည်။ ၂၀၁၂ ကြားဖြတ်ပွဲမှာ ဒင်းပြောတဲ့စကားတွေကို မှတ်တမ်းမှတ်ရာ ပြုထားဂျ။ နောင်ကြမှ စဂါးပြောင်းပြောရင် အဲဒီမှတ်တမ်းတွေနဲ့ ထုရမှာ…။

  • အိမ်လွမ်းသူ

    April 19, 2012 at 9:53 am

    အကုန်လုံးကို ပြန်မဆွေးနွေး နိုင်ပေမဲ့ ရေးထားတာတွေအကုန်လုံး ကောင်းပါကြောင်း။ လက်မထောင်သွား ပါတယ် ကိုဘလတ် ရေ။

  • windtalker

    April 19, 2012 at 10:50 am

    တံတားဒကါကြီးရေ… ပုဂံကအပြန် အမှန်အလှကြံပြီး
    ရွာသူားတွေအတွက် မပျက်မကွက် တစ်ခွက် တိုက်နိုင်တာကို
    အံအားသင့်မိတယ်ဗျာ။
    ဘာဘဲဖြစ်ဖြစ် သောက်သုံးသွားပါကြောင်း ။

  • manawphyulay

    April 19, 2012 at 2:45 pm

    ဦးဘလက်ရေ… ဆရာကြီး ရန်အောင်မောင်မောင် ပြောသလို ပြောရရင်ဖြင့်
    အားလုံးကောင်းပါသည်ခင်ဗျာ အဲ ရှင်… အဲလိုသာ ပြောလိုက်တော့မယ်။ ဒါနဲ့ စကားမစပ် ထက်ထက် စာအုပ်ထုတ်ရင် တစ်အုပ်တစ်ထောင်နဲ့များ ရောင်းမလားမသိဘူးနော် ဝယ်ပြီးရင်လည်း မနောကို ခဏငှားဖတ်ဦး သိလား… ဝယ်နိုင်မှာမဟုတ်လို့ ကြိုတင် ဘွတ်ကင်လုပ်ထားတာပါ။

  • ရောင်ခြည်ခ

    April 19, 2012 at 3:11 pm

    ချိုပေါ့ကျ တစ်ဝက်ပဲသောက်ရသေးတယ်၊ ပြီးမှ ကျန်တဲ့တဝက်ကို တစိမ့်စိမ့်သောက်တော့မယ်… အားပေးသွားပါတယ်နော်..

  • Thanlwinoo

    April 19, 2012 at 3:31 pm

    ကိုချောရဲ့ ချိုပေါ့ကျ…
    တဖြည်းဖြည်းနဲ့ စွဲပြီဗျ…

  • နေဝန်းနီ

    April 19, 2012 at 3:51 pm

    ကိုချောရေ…။ ကျုပ်တို့ တိုင်းပြည်ကို သယံဇာတ ပေါကြွယ်ဝပါတယ်လို့ ဘယ်သူကပြောလဲ…။ ပြောတဲ့သူကရူးလို့ ပြောတာဖြစ်ရမယ်…။ လမ်းတွေ့တဲ့ ကောင်မလေးတွေ လိုက်ပြီးကြည့် …။ ကြည့်ဆိုလို့ တစ်အားနဲ့တော့လိုက်မကြည့်နဲ့ပေါ့ဗျာ…။ နားရွက်ကလေးရယ် လက်ကောက်ဝတ်လေးရယ်…။ အဲ နောက်ဆုံးနေရာကတော့ ပါးပါးပဲကြည့်ပေါ့ဗျာ…။ အဲဒိနေရာက ရင်ညွှန့်လေးမို့ပါ…။ ဆယ်ယောက်မှာ ဘယ်နှစ်ယောက်က ရွှေ တစ်မတ်သားစီ လောက်ပါသလဲလို့…..။ ကန်တဲ့ တွင်းထွက် ကျောက်မျက်ကောဝတ်ထားတာတွေ့လား သေချာဂရုစိုက်ကြည့်ပါဦး….။ တစ်ကယ်တော့ ဖောင်စီးနေရတဲ့သူတွေဆီမှာရေမပေါသလိုပါပဲ….။ ကျုပ်တို့ဘဝလေးတွေကပိုဆိုးပါတယ်ဗျာ…။ ဖောင်စီးနေတဲ့သူကမှ ရေကိုမြင်ရသေးတယ်…။ ကျုပ်တို့ခမျာမှာ အသံပဲကြားလိုက်ရတယ်…။ ကိုယ်ဆီလာပြီး မိတ်မဆက်ဘူး ..။ နိုင်ငံခြားထွက်ဖို့ပြင်နေတာပဲ…။ ဗိုက်ထဲကမထွက်သေးတဲ့ကလေး နိုင်ငံခြားသားနဲ့လက်ထပ်သလိုမျိုး တွင်းထဲက မထွက်သေးတဲ့ ရွှေနဲ့ ကျောက်မျက်က နိုင်ငံခြားသားအပိုင်စားရထားပြီးသား ….။ စနစ်ကြောင့်လို့တော့မပြောနဲ့ …။ လူတွေရဲ့ လောဘ ကကိုဖြစ်နေတာ…။ ဒီတစ်ခါတော့ ခင်ဗျားလ္ဘက်ရည်သောက်ပြိးမူးသွားရတယ်….။ အော်ဒါနဲ့ ထက်ထက်ရဲ့ သူ့အကြောင်းစာအုပ်က ခိုးောကာင်ခိုးဝှက်ဖတ်ရမဲ့စာအုပ်ဖြစ်နေဦးမယ်….။

  • kyeemite

    April 20, 2012 at 9:25 am

    ဆြာဘလက်လေဘယ်ရေ..တော်တော်ကြိုးစားထားတာပါလားဗျ…ခုတော့
    အကြမ်းဘဲသောက်သွားသေးတယ်..နောက်တစ်ခေါက်မှ ချိုပေါ့ကျလာသောက်ဦးမယ်ဗျို့..
    ခင်တဲ့..

  • weiwei

    April 20, 2012 at 11:14 am

    ချိုပေါ့ကျမြင်တော့ အားရဝမ်းသာနဲ့ ဝင်သောက်သွားပါတယ် …
    ဒီတစ်ခါ နဲနဲပြင်းသွားတယ်နော် … ခပ်ပေါ့ပေါ့လေးပဲ ကောင်းပါတယ် ကျောင်းဒကာကြီးရယ် …

  • အမတ်ဒိန်

    April 20, 2012 at 11:27 am

    ကိုဘလက်ရေ..ဒီတခါ လက်ဖက်ရည်လေးက အကျရည်များသဗျို့…

    >သယံဇာတဆိုုမှ ဒါတွေကိုဘယ်လိုအသုံးချလို့ ကိုယ့်နိုင်ငံဘယ်လောက်တောင် တိုးတက်လာနိုင်သလဲတော့ ပြောမတတ်ပါ ဘူး..ဒါပေမဲ့ သယံဇာတ
    တွေကုန်ခါနီးပြီလို့ တွက်လို့ရတာကတော့ နေပြည်တော်ကျောက်မျက်ပြပွဲကိုမြင်မိတဲ့ အချိန်နဲ့..ဆိပ်ကမ်းပေါင်းစုံက သစ်လုံးတင်တွဲသင်္ဘောကြီးတွေ ကိုမြင်မိတိုင်းပါပဲ. 🙁

    >ဇေယျာသော် အကြောင်းပြောရရင်တော့ဗျာ..သူကိုယ်စားပြုလိုက်တာ NLDတင်မကပါဘူး. ကျနော်တို့ လူငယ်တရပ်လုံးနဲ့သက်ဆိုင်ပါတယ်.. မြန်မာပြည်ကလူငယ်တွေကဘာဖြစ်တယ် ညာဖြစ်တယ်. ပြောချင်တတ်တဲ့ တချို့သောလူတွေကိုသိစေချင်တာက.ပွင့်လင်း လွတ်လပ်တဲ့.
    နိုင်ငံရေးစနစ်နဲ့ မှန်ကန်ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းသာရှိခဲ့ရင်.
    ကျနော်တို့လည်း လမ်းကြောင်းမှန်အောင်လျှောက်တတ်ပါတယ်လို့ပြပေးတဲ့ အတွက် ကိုဇေယျာသော် ကိုလက်ခုပ်အကျယ်ကြီးတီးပေးတဲ့အပြင် ရှေ့ဆက်ပြီးလည်းယုံကြည်နေပါ့မယ်..

    >ဒါနဲ့ ကြံ့ခိုင်ရေးပါတီကများ တကယ့်ကိုအပြောင်းအလဲလုပ်မယ်လို့ စဉ်းစားခဲ့ရင် ကောင်းသောခြေလှမ်းမို့ အားပေးကြောင်းပါဗျာ.ပြီးတော့တဆက်တည်း အကြံပြုချင်တာကတော့ ခေတ်ကာလ အခြေအနေနဲ့ ညီညွတ်တဲ့ ဲ့ကောင်းသောအပြောင်းအလဲ လုပ်ဆောင်မှုတွေကသာ.သူတို့အတွက်ရော တိုင်းပြည်အတွက်ပါ ကောင်းမွန်တဲ့အနာဂတ်ကို ပုံဖော်ပေးနိုင်မှာ ဆိုတာလေးပါ…

    >အလဲ့..နယ်စည်းမခြား အရက်သမားများ မောင်ပြိုင်ပွဲဆိုပါလား…
    တကယ်များလုပ်ခဲ့ရင်တော့ ကိုယ့်ရွာထဲက အပျိုချောတွေက ဒိုင်မလုပ်ရလို့ စိတ်ကောက်နေရင် အခက်သားရယ်.. 😛

    >ဒေါက်တာ စိုးမင်းကိုတော့ သူ့ပြောစကားတွေတိုင်းက ပေါက်ကရတွေမို့ ၂၀၁၂ခုနှစ်ရဲ့ ဂယောင်ချောက်ခြားနိုင်ငံရေးသမား ဘွဲ့ကိုပေးရမယ်ထင်တယ်ဗျ… 🙂

    >ကိုရွေးရဲ့ မြို့သိမ်းကဗျာ ကတော့အကြိုက်ချင်းတူနေတော့ ဆုချီးမြှင့်မယ်ဆိုလဲ မြို့ချစ်သကောင့်သားကျနော်တို့တွေ တူတူဝိုင်းဝန်းကြတာပေါ့နော်…

    ကိုဘလက် ပုဂံရောက်ခဲ့တယ်ဆိုတော့ အန်တီပဒုမ္မာပြောတဲ့ဆေးခန်းလေးကိုများ ဝင်ခဲ့သေးလား လို့သိချင်မိသေး..
    ဝှီး…ငွေတဆယ်ရဖို့အရေး အတော်ပင်ပန်းလိုက်တာ ကျောင်းဒကာရေ.. 😛 😛

    • အမတ်ဒိန်

      April 20, 2012 at 11:39 am

      ်လက်မထောင်ခဲ့တယ်ဆိုတာလေး ပြောဖို့ မေ့သွားတယ် ကျောင်းဒကာရေ့.. 🙂

  • သမိန်ဂီ့

    April 20, 2012 at 1:22 pm

    ရွေးထားတယ်ဆိုတော့လည်း တခေါက် ပြန်လာခဲ့ပါတယ်
    ဘဘဘလက်ရယ်…။

    သည်တခေါက် ချိုပေါ့ကျကို အကုန်လုံးခြုံပြီးမြင်ကြည့်ရင်တော့…
    Branding ပဲလို့ မြင်ရဲ့ဗျ …

    ဟုတ်တယ် Branding is promising …
    အတိအကျပဲ ဗျို့ ….

    ဘယ် brand က ဘာတွေ promise လုပ်သလဲ ဆိုတာ …
    ၁ထောင်တန် မင်းသမီးအစ မုန့်ဘိုးလိုနေတဲ့ကလေးလိုပဲ။ ဆိုတဲ့
    ဟို အတုံးအခဲ ..အဆုံး …..သွပ်သွပ်သွပ်… 😛

    စကားအတင်းစပ် …
    မကြာခင်တော့ … လက်ဖက်ရည် အတူ သောက်ကြတာပေါ့ဗျာ..
    (လူကြားကောင်းအောင် ပြောတာ …ဂယ်သောက်မှာက ဟီး…..)

    ပုလင်းပိုက်ပီး တုန်တုန်ရီရီစောင့်နေမယ့် …
    ဂီ

  • mocho

    April 20, 2012 at 2:44 pm

    သယံဇာတနဲ့ ပတ်သတ် လို့ ဘယ်နေရာမှာ ရွှေကြောတွေ့တယ်။ ဘယ် နေရာမှာ ဓါတ်ငွေ့ထွက်တယ်များဖတ်ရရင် သက်ဆိုင်တဲ့ သူတွေ ချမ်းသာကြအုံး မှာပဲလို့တွေးမိရုံ အပြင် ကိုယ်တွေနဲ့ ဘာမှ မပတ်သတ် သလိုပဲ ခံစားမိတယ်။
    စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါ သယံဇာတတွေ ပေါတဲ့ပြည် လို့ဆိုတဲ့ သူကြီးနဲ့ မြတ်သောမောင် လေးရဲ့ အဖိုး တို့ ကတော့ တကယ့် ကို ဖားရေးဆရာ တွေပါ။ သူတို့ ၂ယောက်ရဲ့ သီချင်းတွေ က စာသားနဲ့ ဖားတဲ့အကြာင်းအရာသာ ကွဲသွားမယ်။ သံစဉ်က တမျိုးတည်းပဲ။
    ဒေါက်တာ စိုးဝင်း ရဲ့ အတွေးအခေါ် တွေ ကတော့ ရုရှားရောက် တွေနဲ့ သွားတူနေပါလား။

  • kyeemite

    April 20, 2012 at 5:08 pm

    သယံဇာတပေါတာက လူတစ်စုအတွက်ပါ။ အဲဒါလည်း ပြည်သူလူထုကို ကိုယ်စားမပြုခဲ့ပါဘူး။
    မှန်လိုက်တာကိုဘလက်ရာ..စစ်အစိုးရလက်ထက်မှာက
    .မဆလခေတ်ထက်တောင်အဆရာထောင်မက ဆိုးပါသေးဗျာ…မဆလခေတ်မှာမတိုးတက်ခဲ့ပေမဲ့
    တိုင်းပြည်သယံဇာတတော့ သိပ်မဆုံးရှုံးခဲ့ဘူးဗျ..ကိုယ်တိုင်လဲမထုတ်ယူနိုင်ခဲ့သလို
    သူများကိုလဲလက်လွှဲရောင်းစားတာနဲတယ်လို့ပြောလို့ရတယ်…
    အားပါးပါး..နဝတလူမိုက်များလက်လဲရောက်ရော.သယံဇာတမှန်သမျှ.ကုန်ပါရောလား
    ကျောင်းတကာရေ့… စစ်ဗိုလ်ဂျုပ်ကြီးများ ချမ်းသာလိုက်ကြပုံကလည်း..ကမ္ဘာ့ထိတ်သီး
    သူဋ္ဌေးတွေ နဲ့တောင်ယှဉ်နိုင်လောက်ပါရဲ့…ဒါကြောင့်မို ့ခွေးဖြစ်မဲ့နေ့ ဆိုတာဘယ်တော့လဲမမေးနဲ့..
    ရောက်ခဲ့ကြပီးပါပကောလား ကျောင်းတကာ..ရက်စွဲအတိအကျသိချင်သေးရင်ပြောလိုက်ချင်သေး..
    ၁၈.၉.၁၉၈၈ ပေါ့ဗျာ…

    ဒေါက်တာစိုးမင်းလို အဆင့်မရှိတစ်လုံးဂျိုင့် အကြောင်းတော့ အထူးမမန့်လိုတော့ပါ..
    ကိုဘလက် ဝေဖန်ထားတာနဲ့တင်ထိရောက်ပြည့်စုံနေပါပြီ..တစ်ခုတော့ပြောချင်တယ်..
    ဒီကောင်တွေက တစ်ချိန်လုံး သူများရေးပီးသားတွေကိုသာ ဖတ်ပြပီး ခိုင်းတာလုပ်
    ခိုးစား ခံမပြောဘဲနေလာခဲ့တာ..ခုမှ တိုက်ရိုက်အင်တာဗျူးဆိုတာနဖူးတွေ့ ဒူးတွေ့ တွေ့ရတော့
    ပြင်ဆင်ချိန် စဥ်းစားချိန်မရဘဲ အရည်ချင်းမှန်တွေပေါ်ကုန်တာပေါ့…
    အထက်ကပြောခဲ့သလိုဘဲ…လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးကိုကြည့်..
    သူလည်းအမှန်တွေပြောသွားတာဘဲ..ချီးကျူးမိပါရဲ့ ဝန်ကြီးရယ်..

    နိဂုံးချုပ်ရရင်..ကိုဘလက်ရဲ့ ဓါတ်ပုံတွေထဲက..ဧရာဝတီမြစ်ကမ်း၊ လောကနန္ဒာ ဘုရား အတက်မှာ လေလေးတဖြူးဖြူးနဲ့ ဇိမ်တွေ့နေတဲ့ ခွေးတစ်ကောင် ဆိုတာ…ဘယ်သူတွေကိုကိုယ်စား
    ပြုမလဲ..အတွေးပွါးသွားပါကြောင်း..
    ခင်တဲ့..

  • Diamond Key

    April 21, 2012 at 11:54 am

    ကိုချောရေ၊ ချိုပေါ့ကျ…ကိုတစ်ဝကြီး ဆွဲသွားပြီဗျ 😀
    နော်က ပုံသမားမို့ ပုံအကြောင်းပဲပြောတော့မယ်။ ကောင်းမှကောင်းတွေဗျာ 😛
    လက်ကတော့ အတော်တက်သွားပြီ….နော …………။ ဒီတစ်ခေါက်မှာ နော်အတော်ကြိုက်တာက Direction နဲ့ Lighting ယူတာလေးတွေ။ 😆
    “ချိုပေါ့ကျ ရိုက်ချက်များ” အတွက်တော့ ခွေးပုံလေး ရိုက်ဖြစ်တာ Congratulation! 😀
    PS :တော်ကြာ ဆရာက တစ်ခုလေးမှ အပြောရင် စိတ်ဆိုးမှာ စိုးလို့ ပုံ၂လေး အကြောင်းပဲပြောတော့မယ်။ ခွေးလေး အိပ်လိုက်လို့များ ဧရာဝတီကြီး နဲနဲ နိမ့်သွားသလားလို့ :mrgreen:
    အားလုံးပေါင်းတော့ အတော်ကောင်းပါဗျို့ ။

  • htet way

    April 21, 2012 at 12:18 pm

    ကိုဘလက်ရေ
    ခင်ဗျားရဲ့ချိုပေါ့ကျကတော့ စုံလှသဗျာ။
    အားပေးနေပါတယ်

  • R Ga

    April 21, 2012 at 4:14 pm

    ပါမောက္ခပညာရေးမဂ္ဂဇင်း . ၂၁ရက်နေ့ ဧပြီလ ၂၀၁၂ — (သူ့အမြင်)ယခုဆောင်းပါးမှာ Financial Times မှာ James Clad ရေးသည့် Diplomacy shouldn’t halt ‘rush to Rangoon’ ကို ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသည်၊ ဆောင်းပါးရှင်သည် ၂၀၀ရ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အမေရိကန်အစိုးရ၏ အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ လက်ထောက် အတွင်းဝန် (US deputy assistant secretary of defence for Asia-Pacific security affairs) အဖြစ် တာဝန်ယူဖူးသူဖြစ်ပါသည်။

    မြန်မာပြည်ဟာ အမေရိကန်အစိုးရပိုင်းက အရေးကြီးပုဂိ္ဂုလ်တွေ ချောင်းပေါက်အောင်သွားရတဲ့ နိုင်ငံ အလျင်အမြန် ဖြစ်လာပါတယ်။

    မြန်မာပြည်ကို ကျနော် ပထမဆုံးအကြိမ် သွားခဲ့ဖူးတဲ့ ၁၉၈ဝ ပြည့်နှစ်အထိ နောက်ကြောင်းပြန်ကြည့်လိုက်ရင် အခုလိုအချိန်မျိုး တခါမှ မရှိခဲ့ဖူးပါဘူး။ သိ်ပ်မကြာသေးခင်တုန်းကပဲ ရေနံကုမ္မဏီတခုက အရာရှိတယောက်က ကျနော်တို့ ပြောပါတယ်။ ရန်ကုန်ကို သွားတဲ့ လေယာဉ်တစင်းတည်းပေါ်မှာ ပြိုင်ဘက်စီးပွားရေးသမားတွေကိုလည်း အုံနဲ့ကျင်းနဲ့ တွေ့လိုက်ရတာ စိတ်ပျက်စရာကောင်းတယ်တဲ့ အကြောင်းပါ။

    ၁၉ ရာစုတုန်းက အိုကလာဟိုးမားမှာ မြေနေရာ ရဖို့ အလုအယက်သွားကြသလိုမျိုး၊ အခု မြန်မာပြည်ကို အပြေးအလွှား သွားတာကို နှိုင်းယှဉ်ပြောတာလည်း ရှိပါတယ်။ ရန်ကုန်သို့ အပြေးကလေး “Rush to Rangoon” ပေါ့လေ။ အခု မြန်မာပြည်မှာ နိုင်ငံခြားသားတွေအတွက် ဟိုတယ်အခန်းရဖို့ အခက်တွေ့နေရပါတယ်။ နည်းနည်းတတ်နိုင်တဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကလည်း မန္တလေးမှာ တအုံတမကြီး သွားပြုံနေကြပါတယ်၊ မြန်မာပြည်ကြီး ပုံပျက်ပ်န်းပျက် မဖြစ်ခင်မှာ ဦးအောင်သွားထားဦးမှ ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးနဲ့ပေါ့။

    သံတမန်လောကမှာလည်း အပြောင်းအလဲက မြန်မလားမမေးနဲ့။ ဩစတြေးလျက မြန်မာပြည်အပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းတဲ့ အကြောင်း တနင်္လာနေ့မှာ ကြေညာသလိုပဲ။ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း လွန်ခဲ့တဲ့ အပတ်သူ့ခရီးစဉ်အတွင်းမှာ ဆန်ရှင် ရုပ်သိမ်းဖို့ အကြံပြု ခဲ့ပါတယ်။

    အမေရိကန်က ဩစီနဲ့ ဗြိတိန်လမ်းကြောင်း မလိုက်သေးတဲ့တိုင်အောင် ဘဏ္ဍာရေးနဲ့ ခရီးသွားလာခွင့် အကန့်အသတ်တွေကို လျှော့ပေးထားလိုက်ပါပြီ၊ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေကလည်း ကောင်းကောင်းမွန်မွန်ပဲ ရှေ့ကို ဆက်သွားနေတဲ့ပုံ ရှိပါတယ်။

    ဒါပေမယ့်လည်း အရမ်းကြီး အပျော်မလွန်ဖို့ လိုတယ်ဆိုတာကလည်း ဟုတ်ပါတယ်။ မြန်မာပြည်မှာ အခုအချိန်ထိ ရာစုနှစ်ဝက်လောက်ရှိခဲ့တဲ့ အာဏာရှင်သမိုင်းက နေသားတကျ ရှိနေတုန်းပါပဲ။ မြန်မာစစ်တပ်ဟာ အရှေ့တောင်အာရှ တခွင်မှာတော့ အတွေ့အကြုံအများဆုံး စစ်တပ်ဖြစ်သလို၊ အကွဲကွဲအပြားပြားနဲ့ တောင်ပေါ်တိုင်းရင်းသားတွေအပေါ် မြေပြန့်က ဗမာတွေ အသာစီးယူဖို့ အဆုံးအဖြတ်နေရာမှာ ရှိနေတုန်းပါပဲ။

    အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ တိုးတက်မှုတွေမှာ ကန့်လန့်ခံနေတာမျိုးလည်းရှိပါတယ်။ ၂၀၀ရ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ မြန်မာပြည်ဆိုင်ရာ အမေရိကန် နို်င်ငံခြားရေးမူဝါဒချမှတ်တဲ့အပိုင်းမှာ ကျနော် အလုပ်လုပ်နေတဲ့ အချိန်တုန်းက၊ အထူးသဖြင့် ၂၀၀၈ ခုနှစ် ဆိုင်ကလုန်းကြောင့် မကြုံဖူးတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်တော့မယ့် အချိန်မျိုးမှာ အစိုးရနဲ့ တိုးတိုးတိတ်တိတ်၊ ရသလောက်လေး ဆက်ဆံရေးထူထောင်ဖို့ နည်းလမ်းရှာခဲ့ပါတယ်။

    ကယ်ဆယ်ရေးအကူအညီတွေ မျှှမျှှတတရောက်ဖို့ အဲဒီတုန်းက ကြိုးပမ်းချက်တွေ အားလုံး ဘာမှ မထိရောက်ခဲ့ပါဘူး။ အန်ဂျီအိုတွေဟာ အကန့်အသတ်တွေ ဖြေလျှော့ဖို့၊ ဒဏ်ခတ်ပိတ်ဆို့တာတွေကို လျှောချဖို့ ကိစ္စတိုင်းကို အကြောက်အကန် ဆန့်ကျင်ကြပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် အနောက်တိုင်းက ဩဇာလွှ့မ်းမိုးမှုတွေ ဘေးရောက်သွားတာ၊ လွတ်နေတဲ့ လေဟာနယ်မှာ တရုတ်ရဲ့ကုန်သွယ်ရေးနဲ့ သံတမန်ရေး အကျိုးစီးပွားတွေ ပျော်ပျော်ကြီး ဝင်ရောက်နေရာယူသွားတယ်ဆိုတဲ့ ကိစ္စတွေကိုလည်း သူတို့က စိတ်မဝင်စားကြပါဘူး။

    အခုလို သတိပေးနေတာကြောင့် မြန်မာပြည်မှာ အပြောင်းအလဲတွေ စတင်နေပြီ၊ ရပ်တန့်ဖို့ ခက်မယ်ဆိုတဲ့အချက်ကို မှေးမှိန်ပစ်ဖို့ မဟုတ်ပါဘူး။ ဒီလိုပြောနိုင်တဲ့ အချက် ၄ ချက်ရှိပါတယ်၊ ရန်ကုန်ကို အပြေးကလေး သွားနေကြတဲ့ ကုမ္ပဏီတွေအနေနဲ့ ဒါကို နားလည်ဖို့ လိုသလိုပဲ၊ အမေရိကန်အစိုးရအနေနဲ့လည်း မြန်မာပြည်မူဝါတွေ ချတဲ့နေရာမှာ ချိန်ဆနိုင်ဖို့ ဒီအချက်တွေကို နားလည်ထားဖို့ လိုအပ်ပါတယ်။

    ပထမအချက်တော့ မြန်မာပြည်ဟာ ရာစုနှစ်ဝက်လောက် ငြီးငွေ့စရာ အထီးကျန်ခဲ့တာကြောင့် အခုအခါမှာ လူရိုသေ ရှင်ရိုသေ နေရာတခုကို ပြန်ရဖို့ အလွန်အမင်း တောင့်တလာတဲ့အချက်ပါ။ ဒါကလည်း အကြောင်းရှိပါတယ်။ မြန်မာပြည်ဟာ ၁၉၅ဝ ပြည့်လွန်နှစ်တွေက အာရှမှာ ရွှေထီးဆောင်းခဲ့ဖူးတဲ့ တိုင်းပြည်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် အခြေပျက်အနေပျက်ဘဝရောက်ခဲ့ရပါတယ်။ အခုတော့ ပြည်သူတွေဟာ မူလ အနေအထားကို ပြန်ရောက်ဖို့ တောင့်တနေကြပါတယ်။

    ဒုတိယတချက်ကတော့ မြန်မာပြည်က လမ်းကြောင်းသစ် ရွေးချယ်လိုက်တဲ့ အပေါ်မှာ တရုတ်ကလည်း နောက်ထပ် လျှော့လျှော့ပေါ့ပေါ့ တုံ့ပြန်မယ့် သဘောရှိနေလို့ပါပဲ။ တရုတ်ရဲ့ မြန်မာပြည်အပေါ် လွှမ်းမိုးမှုအကြောင်းပြောရင် စီးပွားရေး၊ စစ်ရေးအင်အား၊ နှစ်နိုင်ငံ ပထဝီအနေအထား နီးကပ်နေတာကနေ၊ ပိုပြီး အရေးကြီးတာကတော့ မြန်မာဗိုလ်ချုပ်ဟောင်း တော်တော်များများနဲ့ တရုတ်ကုမ္မဏီတွေကြားထဲက ရင်းနှီးတဲ့ ဆက်ဆံရေးပါ။

    အခုတော့ အားတက်စရာကောင်းတာက တရုတ်အစိုးရဟာ မြန်မာပြည်မှာ ဖြစ်နေတဲ့၊ ဗြိတိနဲ့ ဩစတြေးလျတို့ ထောက်ခံတဲ့ အပြောင်းအလဲနဲ့ အလိုက်အထိုက်နေရင်း၊ မြန်မာပြည်ကိုလည်း အသက်ရူ့ပေါက်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ အရိပ်နိမိတ်တွေ ပြလာပါတယ်၊။

    တတိယအရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ ဘယ်လို အန်ဂျီအိုတွေ ဖြစ်ဖြစ်၊ ဘယ်လို ပြည်ပရောက် အုပ်စုကမျှှ လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်လောက် အင်နဲ့အားနဲ့ ထောက်ခံမှုမရသလို၊ ပေါ်ပေါ်ထင်ထင် ဆန့်ကျင်တာမျိုးလည်း မရှိပါဘူး။

    နောက်ဆုံး အချက်ကတော့ ဒီမိုကရေစီဘက်တော်သားတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီက ဩဇာမလွှမ်းနိုင်တဲ့ တခြားထင်ရှားတဲ့ ခေါင်းဆောင်တွေ ရှိနေပါတယ်။ သူတို့ဟာ အစိုးရရဲ့ လက်ကိုင်ဒုတ်တွေလည်း မဟုတ်ကြပါဘူး။ မြန်မာပြည် ဒီမိုကရေအသွင်ကူးပြောင်းရေးမှာ ကံကောင်းတဲ့အချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လောက်ပဲ ကျော်ဇောဂုဏ်သတင်းနဲ့ ပြည့်စုံပေမယ့် သူတယောက်တည်းအပေါ်မှာ အရာရာ ပုံအပ်ထားတာမျိုးမဟုတ်တဲ့ အချက်ပါ။

    ဒီအချက်တွေကို ထောက်ပြီးရင် အိုဘားမားအစိုးရအနေနဲ့ ချိန်ခွင့်လျာညှိရမှာတွေရှိပါတယ်။ အပြောင်းအလဲတွေ ရှေ့ကို အရှိန်ဆက်ရအောင် အားပေးဖို့ လိုသလို၊ အမေရိကန် ကုမ္မဏီတွေ မြန်မာပြည် ဝင်နိုင်အောင် အားပေးဖို့ လိုပါတယ်။

    ပိုပြီး အရေးကြီးတာက တခြားနိုင်ငံက ကုမ္မဏီတွေကိုလည်း ပိတ်ပင်တာမျိုး မဖြစ်ဖို့ လိုပါတယ်။ ဒီလထဲမှာ တရုတ်ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာပြည် ရောက်လာဖို့ ရှိနေတာ ကြောင့်၊ အမေရိကန်ဘက်ကနေ ဒါကို အပြိုင်အဆိုုင်သဘောမျိုး ကိုယ်နိုင်သူရှုံး (zero-sum game- သုညကြွင်းကစားပွဲ) လိုမျိုး သဘောထားမပြမိဖို့ အရေးကြီးပါတယ်။

    အခုအချိန်ဟာ မြန်မာပြည်ရဲ့မြောက်ဘက်က အိမ်နီးချင်းမှာလည်း အရေးကြီးတဲ့ နိုင်ငံရေးအကူးအပြောင်းကာလ ဖြစ်ပါတယ်။ မြန်မာပြည်ကို အနောက်နိုင်ငံတွေက ချော့တဲ့အခါမှာ ကောက်ကောက်ပါအောင် လိုက်သွားတယ်လို့ အချိန်မရွေး ပုံဖော်ချင်လွန်းကြတဲ့ တရုတ်အစိုးရထဲက သဘောထားတင်းမာသူတွေ အင်အားကောင်းလာအောင် လုပ်ရမယ့် အချိန်မဟုတ်ပါဘူး။ မနှစ် နိုဝင်ဘာတုန်းက ဟယ်လာရီကလင်တန်ရဲ့ မမျှော်လင့်တဲ့ မြန်မာပြည် ခရီးစဉ်နောက်ပိုင်းမှာ တရုတ်ပြည်မှာ တချို့က စောစောက လိုင်းကို တင်ခဲ့ကြပါတယ်၊

    မြန်မာပြည်မှာ အပြောင်းအလဲတွေ တကယ်ဖြစ်နေတာပါ၊ ဒါကြောင့် အမေရိကန်နဲ့ နိုင်ငံတကာက စီးပွားရေးသမားတွေ စိတ်လှုပ်ရှားလောက်ပါတယ်၊ အနောက်က ပေါ်လစီကိုင်ထားတဲ့ လူတွေကြောင့် ဒီအခွင့်အရေးက လက်မလွှတ်သင့်ပါဘူး။

    ဗြိတိန်နဲ့ အမေရိ်ကန်အစိုးရရဲ့ တဖက်က သတိကြီးကြီးနဲ့ တဖက်က အားပေးတဲ့ သံခင်းတမန်ခင်းနည်းလမ်းဟာ အခုအထိ ပိတ်လှောင်ခံထားရတဲ့ မြန်မာ့ စီးပွားရေးကို ပွင့်လင်းလာဖို့ အထောက်အပံ့ဖြစ်လာမှာပါ။ ပိုပြီး တိတိကျကျပြောရရင် ဒါဟာ မြန်မာပြည်သူတွေ လိုလားတောင့်တနေအရာပဲဖြစ်ပါတယ်။

    ညီစောလွင်

    ရည်ညွန်း၊ ၊ Diplomacy shouldn’t halt ‘rush to Rangoon’ by James Clad

  • ငှက်ကလေး

    April 21, 2012 at 7:07 pm

    “ခွေးတစ်ကောင်ရဲ့ဇိမ်” ဆိုပဲ
    ကြိုက်သဗျို့..
    ဒီတစ်ခေါက်တော့ နိုင်ငံရေးတွေအများသားပဲ… 🙂
    နို့ဆီလေး ထည့်သောက်သွားတယ်

  • Onyx

    April 22, 2012 at 7:02 pm

    ဘဘက်တိုက်တဲ့ လက်ဖက်ရည်ကို တစ်ခါက်မှ မလွတ်အောင် သောက်သွားပါကြောင်း ။

  • unclegyi1974

    April 22, 2012 at 10:25 pm

    ခွေးသူ့ဘာသာသူအေးအေးနေတာမနေရပါလားမောင်ချောရဲ့
    ဒါပေါ့လေရိုက်တတ်ရင်ဓာတ်ပုံဖြစ်တယ်ဆိုတာ

  • MaMa

    April 23, 2012 at 7:30 am

    ကိုချောရေ- ခွေးပုံ ဒုတိယပုံမှာ ခွေးကို အလေးပြုနေတဲ့ပုံ ဖြစ်နေသလားလို့ 🙁
    ဒေါက်တာစိုးမင်နဲ့ အင်တာဗျူးထားတာတွေကို ဖတ်ပြီး ဦးပါလေရာပြောသလိုပဲ ပြောလိုက်ချင်တော့တယ်။
    (မြန်မာလိုလည်း စကားလုံးမကြွယ် ဘိုလိုလည်း မရလို့ သည်းခံ ဒကာတော်)

  • Khin Latt

    April 23, 2012 at 3:11 pm

    ဝင်အားပေးသွားပါတယ် ကိုဘလက်ရေ။
    တွေ့ရတာ အရမ်းဝမ်းသာပါတယ်။
    ရွာထဲရောက်ဖို့ အတော်စိတ်ရှည်ရတာ လက်တွေ့သိပါပြီ။ 😀
    ခင်မင်စွာဖြင့်
    အစ်မလတ်

  • ကိုလတ်တို့ မမတို့ပျောက်နေတာကြာပေါ့။
    ဒီကော်နက်ရှင်အကြောင်းတော့ စာဖွဲ့မပြောတော့ပါဘူး။
    ကိုယ်ကလဲ မသုံးဘဲမှ မနေနိုင်တော့ စိတ်ရှည်သည်းခံရတာပါဘဲ.။

  • အလင်းဆက်

    April 24, 2012 at 12:25 pm

    ဆရာမောင်ခိုင်မာ..ရဲ ့ကဗျာလေးကို ဖော်ပြပေးလို ့ကျေးဇူးပါပဲ..ဗျာ…

  • သူရဇော်

    April 24, 2012 at 12:37 pm

    အရေးအသားနဲ့ အတွေးအခေါ်လေးတွေပြည့်စုံလှတဲ့ ဒီလက်ဖက်ရည်ခွက်ကြီးကို အဒွန့်တည်တံ့ဖို့ကို အရင်ဆုံးတောင်းဆိုပါရစေဗျ……..ဒီလိုပြောလို့ ဗျာ အစ်ကို လို့တော့မပြောနဲ့……ကျွန်တော်၏ စိတ်ဆန္ဒနဲ့ ထပ်တူ အားလုံးမှာလဲ ဒီစိတ်ဆန္ဒလေးတွေရှိကြပါမယ်ဗျ…….. ဒီတော့ လေးလေးကို ကျွန်တော်ပြောချင်တာ အားလုံးခြုံငုံသုံးသပ်ထားတဲ့ ဒီ လက်ဖက်ရည်ခွက်ကြီးမရှိတော့ရင် ပေါ့ပျက်ပျက်ကြီး ဖြစ်နေမယ်ဗျာ…… ဒီတော့ လေးလေးအနေနဲ့ လေးလေးပရိတ်သက်တွေကို လေးစားရင် ဒီလက်ဖက်ရည်ခွက်ကြီး ဆက်လက်တည်ပေးဖို့ ဆန္ဒပြုရင်း…….
    ခင်မင်ခြင်းများစွာဖြင့် သူရဇော်……….. ဗျာ ကို

  • ahnyartamar

    April 24, 2012 at 3:52 pm

    ကျုပ်တော့ အညာသားဆိုတော့ ချို ပေါ့ ကျ သိပ်မကြိုက်လှဘူး၊ ကျောက်ပန်းတောင်း ဂိတ်ဆုံးဘဲကြိုက်တယ် ကျောက်ပန်းတောင်း ဂိတ်ဆုံးဆိုလျှင်တော့ ဝင်ဆွေးနွေးမယ်ဗျာ ချို ပေါ့ ကျဆိုလျှင်တော့ သိပ်သဘောမတွေ့သေးဘူးဗျာ၊၊

  • blackchaw

    April 24, 2012 at 8:36 pm

    @သမိန်ဂီ့ ;
    ညီလေးရေ။
    ကိုယ်လည်း ကိုသစ်ကို သတိရနေလို့ ထည့်ရေးလိုက်တာပါ။
    ညီလေးကလည်း ကိုသစ်ကို သတိရနေတယ်ဆိုတော့
    အထူးပြုလိုက်တာပါ…။
    ဘယ်လိုပဲဖြစ်ဖြစ် ကြယ်နှစ်ပွင့် ပိုင်ရှင် ဂီဂီ့ အတွက်
    မနေ့က ဂုဏ်ပြုတဲ့ အကြောင်းလေး မပြောဖြစ်လိုက်လို့
    နောက်တစ်ပွဲကြမှ ပြောတော့မယ်…
    ဒီတစ်ခါ
    ညီလေးပြန်လာတဲ့
    မြန်မာပြည်က
    အရင်ထက် နွေးထွေးလှိုက်လှဲ မှုတွေ အပြည့်နဲ့ဆိုတာလေးတော့
    အသိအမှတ်ပြုပေးပါဗျာ…။
    :mrgreen:

  • blackchaw

    April 24, 2012 at 8:39 pm

    @ ဗိုက်ကလေး ;
    အတည်ပေါက်နဲ့ နောက်တတ်တဲ့ ဗိုက်ကလေး ရဲ့ ကွန်းမန့်အတွက်
    ဂုဏ်ယူမိပါကြောင်း…။
    :mrgreen:

  • blackchaw

    April 24, 2012 at 8:43 pm

    @ ဦးဦးပါလေရာ ;
    ဟုတ်တယ် အစ်ကိုရေ။
    လဖက်ရည် အနှပ်လွန်ပြီး နည်းနည်း ကျသွားတာပါ။
    ပုဂံသင်္ကြန်နေ့လယ်ခင်းတွေမှာ ရေးထားတာမို့
    ဘီယာအခိုးအငွေ့လေးတွေနဲ့ နည်းနည်း သွေးကြွပြီး
    ရေးရဲပြောရဲ ဖြစ်သွားတယ် ထင်ပါတယ် အစ်ကိုရယ်…။
    နို့စိမ်းလေး နည်းနည်း ထည့်ပြီးသောက်သွားပါ ဗျာ။
    :mrgreen:

  • blackchaw

    April 24, 2012 at 8:49 pm

    @ TTNU ;
    တီချယ်ကြီးရေ။
    ခွေးပုံလေးကိုကြည့်ပြီး တီချယ်ကြီးတွေးလိုက်တဲ့အတွေးက
    ကျွန်တော် အဲဒီခွေးကိုမြင်လိုက်တော့ တွေးလိုက်တဲ့ အတွေးနဲ့ တစ်ထပ်တည်းပါ…။
    တကယ်ပဲ အဲဒီအချိန်က ဧရာဝတီမြစ်ပြင်ကလေအေးအေး နဲ့
    ဘုရားခြေရင်းက သစ်ပင်ရိပ်ကောင်းကောင်းရဲ့ အရိပ်အေးအေးမှာ
    ဇိမ်ကျနေတဲ့ အဲဒီခွေးလေး ဘဝကို
    တီချယ်ကြီးတွေးသလို တွေးခဲ့မိပါတယ်ဆိုတာ
    ဝန်ခံလိုက်ပါတယ်ခင်ဗျာ…။
    ဒီလို ကွန်းမန့်မျိုး ရေးပေးခဲ့တာ ကျေးဇူးပါ ခင်ဗျာ…။
    :mrgreen:

  • blackchaw

    April 24, 2012 at 9:01 pm

    @ pooch ;
    ပုဂံပုံလေးတွေ တင်ထားပါပြီ။
    ကောင်းတယ်ထင်တဲ့ ပုံလေးတွေကတော့
    အေးအေးဆေးဆေး မှ တင်မလို့ပါ…။
    မယ်ပုချ် ပြောတဲ့ ဓမ္မ ရာဇက ဘုရားမှာ
    ကျွန်တော်တို့ မိသားစု ၂ နာရီလောက် ကြာတယ်ဗျာ…။
    အပေါ်အထိတက်ပြီး ဓါတ်ပုံရိုက်ကြတာ…။
    ရှုခင်းတွေလည်း ကောင်းတယ်…။
    ကျွန်တော်က ပါးစပ်က တီးတိုးရွတ်ပါတယ်။
    တကယ်လို့ စစ်သူကြီး မကြွတ်ခဲ့ရင် ကျွန်တော့်ကို ကိုယ်ထင်ပြပါပေါ့..
    ကျွန်တော် အလှူအတန်းလုပ် အမျှဝေပေးပါ့မယ် ပေါ့ဗျာ…။
    ဒါပေမယ့် စစ်သူကြီးက အကြောင်းသိဖြစ်မယ်ဗျ…။
    လုံးဝမပေါ်လာခဲ့ဘူး…။
    ဘာပဲပြောပြော ခင်ဗျားရေးခဲ့တဲ့ ပို့စ်လေးတစ်ခုကနေ
    ကျွန်တော်တို့ လင်မယားနဲ့ တူတွေတူမတွေ
    အဲဒီဘုရားပေါ်ရောက်ပြီး စိတ်ဝင်စားခဲ့ကြတဲ့အတွက်
    ကျေးဇူးတင်ပါတယ် ဗျာ…။
    :mrgreen:

Leave a Reply