ရေအရင်း အမြစ်ရှိတဲ့နေရာကို အရင်ရှာပါ?..

Ko out of...April 23, 20121min663

ယနေ့ဘာသာရေးလောကမှာ သုံးနှုန်းနေကြတဲ့ …

ပရိယတိ္တဟာ ကန်ဘောင်နဲ့တူတယ်…

ပဋိပတိ္တဟာ ရေနဲ့တူတယ်…

ပဋိဝေဓဟာ ကြာနဲ့တူတယ်…စသည်ဖြင့် အများတွေက

ဥပမာပေးကောင်းလို့… ကျွန်တော်လည်း တချိန်တုံးက သဘောကျခဲ့တယ် .. တရားအကြောင်းဆွေးနွေးရင်ဘဲ
ဒီအကြောင်း တော်တော်ထည့်ပြော ဖြစ်ပါတယ်…

အခုတော့ အများပြောနေတဲ့ အစဉ်အလာကနေ လွတ်လွတ်လပ်လပ်တွေးခေါ် ထားတာလေး
ကိုဒီကနေတဆင့် ရင်ဖွင့်လိုက်ပါရစေ…

ကန်ဘောင်မရှိရင် ရေမရှိနိုင်ဘူး.. ရေမရှိရင်..ကြာပွင့် မရှိ
နိုင်ဘူးဆိုတာ အများနဲ့ အတူမျှောပြီး စီးဆင်း
နေတဲ့လူတွေအတွက်ကတော့ လက်ခံနိုင်ပါတယ်..
ဒါကရေ အဆုန်ခရီးအတွက်ပေါ့..

ရေအဆန်ခရီး အတွက်ကျတော့
ရေအရင်းအမြစ်က ဘယ်ကနေစထွက်လည်း ဆိုတာ လိုက်ရတော့မယ်?…ရေတကယ်ရှိမရှိဆိုတာတွေပေါ့?..

ဒါကို အတွေးနည်းနည်း ဖြန့်ကျက်ကြည့်မယ်ဆိုရင်တော့..

ကန်ဘောင်မလုပ်ခင်..ရေအရင်းအမြစ်ရှိတဲ့နေရာကို အရင်ရှာမလား?…

ဒါမှမဟုတ် ရေမရှိတဲ့ သဲကန္တာရ နေရာမှာ ကန်ဘောင်တည်ကြမလား?…

အခု ဆည်တမန်တွေတည်ဆောက်တာ ကိုဘဲကြည့်ပါ…ရေအရင်းအမြစ် မရှိဘဲ ဘာကိုကြည့်ပြီး ဆည်တည်ဆောက်မှာလဲ?

ဧရာဝတီမြစ်ရဲ့ မြစ်ဖျားခံတဲ့ နေရာ?..ရေအရင်းအမြစ် စထွက်တဲ့အားကို မသိဘဲတရုတ်တွေ ဆည်တည်ဆောက်ပါ့မလား?..

ကနေ့သာသနာလည်း ရေအရင်းအမြစ်မရှိတဲ့ နေရာမှာ ကန်ဘောင်
တွေကို သူပြိုင် ငါပြိုင် အမျိုးမျိုးလှပခိုင်ခန့်နေအောင် တည်ဆောက် နေကြရင်းနဲ့ လူတွေတော်တော် ပင်ပန်းနေကြတယ် လို့မြင်မိတယ်..

ကိုယ့်အစုအဖွဲ့ တည်မြဲရေးအတွက် အလုပ်လုပ်နေတာလား? ဘုရား ထားခဲ့ အဆုံးအမအတိုင်း လုပ်ဆောင်နေတာလား?
ဘုရားထားခဲ့တဲ့ အဆုံးအမအတိုင်းအရဆိုရင် လူတွေဒီလောက် မပင်ပန်းရပါဘူး…

အခုတော့ မဟန နဲ့ ဘုန်းကြီး ၊မဟနနဲ့ ဓမ္မကထိကတွေကြား စိတ်ဝမ်းကွဲ..ရန်တွေဖြစ်ဒါတွေကို မြင်ရ၊တွေ့ရ၊ ကြားနေရတော့…

ဒီကန်ဘောင်ထဲမှာတော့..ရေမရှိတာဘဲ ဖြစ်ရမယ် လို့တွေးမိတယ်???….

တကယ်တော့ ရေနဲ့တူတဲ့ ပညာရှိအရိယာသူတော်ကောင်းတွေကို
အရင်ရှာရမှာ.. အရိယာသူတော်ကောင်း အစစ်အမှန်ကဟော ကြားတဲ့ တရားကိုနာရမှ ကိုယ်ဘယ်လိုသွားရမယ်ဆိုတာ သိမယ် မဟုတ်လား?

အော်….လူတွေဟာ “အကောင်းပြောတဲ့” လူတွေနောက်ကို မလိုက်ကြဘဲ..” အပြောကောင်း၊ အဟောကောင်း “တဲ့ လူတွေနောက်ကို လိုက်နေကြတာများတယ်?…

ဘုရားဟာ အပြောကောင်းသမား မဟုတ်ဘူး..”အကောင်းပြော အမှန်(သမ္မာ)ပြောသမားပါ”…ဒါကြောင့် စစ်မှန်တဲ့ ဘုရားတပည့် အမှန်ပြောသမား၊ အကောင်းပြောသမားကို ရှာဖွေတွေ့ရှိနိုင်ကြပြီး မပင်မပန်း ပေါ့ပေါ့ပါးပါးနဲ့ လောကလူသားအကျိုးကို ဆထက်သပိုး
ဆောင်ရွှက်နိုင်ကြပါစေ…

3 comments

  • kai

    April 23, 2012 at 4:22 pm

    မဟနကဆရာတော်ကြီးတွေကို.. ထိုင်အပြစ်ပြောနေမယ့်အစား.. ဆရာတော်ကြီးတွေ တရက်တာ ..၂၄နာရီမှာ.. ဘာလုပ်နေကြသလည်း.. သတင်းလိုက်ပြီး..အထောက်အထားတွေနဲ့တကွ.. မီဒီယာပေါ်တင်ပေးသင့်တယ်..
    လောကီရေးကို ဘယ်လိုကူညီပေးနေသလည်း.. လောကုတ္တရာ..ဘာတွေကျင့်ကြံလုပ်ဆောင်နေသလည်း.. ဘယ်လိုကျမ်းစာအုပ်တွေပြုစုနေသလည်း… စသဖြင့်ပါ..အပါအဝင်ပေါ့…

    အဲ..
    ဆရာတော်ကြီးများ အသုံးပြုသုံးစွဲနေတဲ့.. ကား..အသုံးအဆောင်…ကော်ဇော… ထိုင်ခုံကအစ.. ကာလပေါက်ဈေးနဲ့တွက်ချက်ပေးပြပါလို့…

    ..နော…။ 😆

    အဲ..ကျန်သေးတယ်..
    နိုင်ငံတနိုင်ငံမှာ.. မဏ္ဍိုင်၄ရပ်ရှိတယ်..
    အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့.. အားလုံးကိုစောင့်ကြည့်တဲ့လူထုရဲ့ မီဒီယာမဏ္ဍိုင်..
    မဟနက.. ဘယ်နေရာမှာလည်း.. သိချင်ပါတယ်..
    မီဒီယာကရော..ထောက်ပြပြောဆိုခွင့်ရှိသလား..
    ဥပဒေရဲ့အထက်မှာလား.။ ဘေးတိုက်ကြီးလား..။ ရှယ်မဏ္ဍိုင်လား..။
    ဒါလေးလည်းသိချင်ပါတယ်..လို့..။ :mrgreen:

  • Ko out of...

    April 24, 2012 at 7:14 am

    ကို kai ရေ … ရေးမယ်ဆိုရင်တော့ အများကြီးဘဲ..မရေးတော့ဘူးလို့စဉ်းစားသေးတယ်..ဒါပေမဲ့ လူတွေအများစုက ဘုန်းကြီးမကောင်းလုပ်တာကို တွေ့နေရဲ့သားနဲ့ သိပ်မပြောရဲကြဘူး..ဘာဖြစ်လဲဆိုတော့ ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားရင် ဘယ်လို ဆိုးကျိုးတွေခံရမယ် စသည်ဖြင့် အခြိမ်းခြောက်ခံထားရလို့ဘဲ…

    ဒါဖြင့်ရင် အခုလိုခင်ဗျားရေးရဲတယ်ဆိုတော့ မကြောက်ဘူးလား လို့မေးရင် ကျွန်တော် ကြောက်ပါတယ်..ဒါပေမဲ့ မမြင်ရတဲ့ ရှေ့နောက်၊ အပေါ်အောက် ကိုတော့ မကြောက်ပါဘူး.. မြင်ရတဲ့ တလှံမျှသော ကိုယ်မှာ ဖြစ်နေတဲ အကောင်ပလောင်ကိုတော့ ကြောက်တယ်..

    လူတွေဟာ အလုပ်လုပ်ကြလို့ ပြဿနာတွေဖြစ် ..စကားတွေများတာ ဟုတ်သေးတယ်..အလုပ်လုပ်ရင်ပြဿနာဆိုတာရှိမှာဘဲ ဒါမဆန်းဘူး ထားလိုက်…

    သူတို့တတွေကြတော့ ဘာအလုပ်မှ မလုပ်ဘဲ သူများလှူပြီး အဆင့်သင့်ခူးခတ်ဖို့တောင်မှ ရန်တွေဖြစ်၊စကားတွေများ နေကြတာ သဘာဝမကျဘူး..ပင်ပင်ပန်းပန်းရှာဖွေပေးတဲ့ ကာယကံရှင် ကိုယ်တိုင် ကားလည်းမစီးရ၊ ဖုန်းလည်းမကိုင်ရ၊ ဟင်းဆိုရင်လည်း တခွက်ထက်မပို..စသည်စသည်ဖြစ် အများကြီးပါ…

    သူတို့ရဲ့ လမ်းညွှန်မှု သဘောတရား နောက်ကို လိုက်ပြန်တော့လည်း အခုလူဖြစ်တာ အရင်ဘဝက အကျိုးပေး? ယခုလုပ်နေတာ နောင်ဘဝ အတွက်ဆိုတော့ ဘယ်လိုလုပ် လွတ်လပ်မလဲ?ပြုသူ အသစ် ဖြစ်သူ အဟောင်းတဲ့?….

    လူအချင်းချင်းတွေ့ရင်ဘဲ တရားအကြောင်းဆွေးနွေးဖြစ်သေးတယ်.. သူတို့ အချင်းချင်းတွေ့လို့ကတော့ တရား အကြောင်းဆိုတာဝေး.. သူတို့အချင်းချင်းတရားအကြောင်းဆွေးနွေးရင် ရန်ဖြစ်…ဘာဖြစ်လဲ ဆိုတော့ တရားတွေက မတူကြလို့ဘဲ..ကားအကြောင်း၊ဖုန်းအကြောင်း၊မိန်းမအကြောင်း၊ ဘောလုံးပွဲအကြောင်း စသည်ဖြင့် ပြောနေလိုက်ကြတာ…မကြားချင်ဆုံးဘဲ…

    သာသနာဟာလည်း ပြည်သူအတွက်မဟုတ်ဘဲ…ပြည်သူတွေဟာ သာသနာအတွက် အလုပ်လုပ်နေရတယ်… အလွဲလွဲ အချော်ချော်မလိုအပ်တဲ့ နေရာမှာ လုပ်နေလို့ကတော့ ဘာမှ မထူးဘူး.. လူတွေပင်ပန်းနေကြပါတယ်ဗျာ….

    နောက်လဲ အခါအခွင့်သင့်ရင် ဘယ်မြို့၊ဘယ်ရွှာ၊ဘယ်ဒေသမှာ သူတို့ ဘာလုပ်နေတယ်ဆိုတာ ဓါတ်ပုံနှင့်တကွ အသေးစိတ် တင်ပြပေးဖို့ အစီအစဉ်ရှိပါကြောင်း….

  • kai

    May 12, 2012 at 3:28 am

    http://content.usatoday.com/communities/ondeadline/post/2012/05/s-korean-monks-caught-gambling-drinking-and-partying/1#.T618IFIZP80

    S. Korean monks caught gambling, drinking and partying

    By Yamiche Alcindor, USA TODAY
    Updated 1h 8m ago

    CAPTION
    By Chung Sung-Jun, Getty Images
    Six leaders from South Korea’s largest Buddhist order have quit after a video surfaced showing several monks playing high-stakes poker, drinking and smoking, Reuters reports.

    “The stakes for 13 hours of gambling were more than 1 billion won ($875,300),” Seongho, a senior monk who uses one name, told Reuters. “Basically, Buddhist rules say don’t steal. Look at what they did, they abused money from Buddhists for gambling.”

    In the video, which aired on South Korean TV networks, men from the Jogye order are seen sitting cross-legged on a floor playing cards, some smoking and drinking. The incident allegedly happened after a gathering at a luxury lakeside hotel in late April for a fellow monk’s memorial service.

    Seongho told Reuters he had reported the incident to prosecutors. Gambling outside of licensed casinos and horse racing tracks is illegal in South Korea and frowned upon by religious leaders.

    The scandal erupted just days before Koreans observe a national holiday to celebrate the birth of Buddha, the holiest day of the religion’s calendar, according to Reuters.

Leave a Reply