တံခါးပိတ်ပြီးတော့ ကလေးထိန်းမလား?…

Ko out of...April 29, 20121min1295

ကလေးငယ်တွေကို တံခါးပိတ်ပြီး ထိန်းတာနဲ့ တခါးဖွင့်ပြီး ကလေးထိန်းတာ ဘယ်က ပိုခက်မယ်ထင်သလဲ?..
တံခါးဖွင့်ပြီးတော့ ကလေးထိန်းရင် ပိုခက်လိမ့်မယ်ဆိုတာ လူတိုင်း သိပါတယ်..

အေးအေးဆေးနေချင်သမားကတော့ တံခါးပိတ်ပြီးထိန်းကျောင်းတာပိုကောင်းတယ်
လွယ်တယ် လို့ပြောမှာဘဲ…ဒါကလေး ထိန်းနည်း အမှန်လို့မဆိုနိုင်ဘူး…

ကလေးတွေရဲ့ ကာယအား…ဉာဏအားဖွံ့ဖြိုးအောင် လွတ်လွတ်လပ်လပ် အပြင်မှာ လှုပ်ရှားပြေးလွားစော့ကစား ခွင့်ပေးမှရတယ်..ဒါမှပတ်ဝန်ကျင် လေကောင်း
လေသန့်တွေ ရှုရှိုက်ရမယ်… နောက်ကျယ်ဝန်းတဲ့ပတ်ဝန်းကျင် တွေကို တွေ့ရတော့ အမြင်ကျယ်လာမယ်..သီးခံတတ်၊ခွင့်လွတ်တတ်၊နားလည်တတ်လာမယ်၊ချစ်တတ်လာမယ် သူမသိသေးတာရှိရင်လည်း မေးခွန်းတွေမေးမြန်းတတ်လာမယ်?…
စသည်စသည်ဖြစ်ပေါ့..ဒါသူတို့ကို အရောင်သွေးပေးတာနဲ့ အတူတူဘဲ မဟုတ်လား?..

ဟာ… ကလေးတွေကများတယ်? လူမျိုး ဘာသာတွေကလည်းစုံတယ်?…ခက်တယ်
ခက်တယ်လို့ပြောပြီး..ကျွန်တော်တို့ရဲ့ ကလေးကို အိမ်မှာဘဲ တံခါးပိတ်ပြီး ထိန်းနေဦးမှာလား?..
ခက်တယ်လို့ပြောပြီး အိမ်မှာဘဲ ထိန်းနေဦးမယ် ဆိုရင်..အပြင်လောကမှာ ဘာဖြစ်တယ်ဆို
တာ မသိဘဲ အူတူတူ အတတတွေဖြစ်သွားမယ်…တနေ့ကျ တခြားသော ကလေးတွေနဲ့ ယှဉ်ရင် လူညံ့တွေ၊ လူအတွေ၊ သူတောင်းစားတွေ၊ ခြင်္သေ့တွေမဖြစ်ဘဲ သိုးကလေးတွေ ဖြစ်လာကြမယ်ဆိုတာ လူကြီးမိဘတွေစဉ်းစား ပေးဖို့လိုမယ်ထင်တယ်…

ကိုယ့်ကလေး ဘေးအန္တရာယ်နဲ့တွေ့မှာကြောက်လို့ အဲဒီ စိုးရိမ်စိတ်တခုတည်းနဲ့ တသက်လုံး အိမ်မှာ လှောင်ပိတ်ပြီး ထားတော့မှာလား? တသက်လုံးထားလို့ ရောရမယ်ထင်လား? ကိုယ်အသက်ကြီးတဲ့ အချိန်၊ဖျားနာပြီး အိပ်ယာမှာ တုံးလုံးလှဲနေတဲ့ အချိန်၊ သေသွားတော့တဲ့ အချိန်၊ လောကရဲ့ အခက်အခဲတွေကို သူတို့ဘယ်လိုရင်ဆိုင်မလဲ? ကိုယ့်ကိုယ်ကို အားကိုးတတ်လာအောင်၊ ကျန်ခဲ့တဲ့ ကိုယ်ကလေးတွေ လောကဓံတရားနဲ့ တွေ့ကြုံတဲ့ အချိန် ခံနိုင်ရည်ရှိအောင် ဘာတွေသင်ကြားပေးသင့် လဲဆိုတာ လူကြီးမိဘတွေ… အချိန်ပေးပြီး များများ စဉ်းစား
ပေးဖို့လိုတယ်….

ပိုးစားပြီး ရောဂါရှိတဲ့ သရက်သီးကို မစားစေချင်တာမှန်ပေမဲ့ နည်းမှန်လမ်းမှန် ပျိုးထောင်ပြီး..ပိုးမရှိရောဂါမရှိတော့တဲ့ သရက်သီးချိုချိုလေးကို မစားရတာ ကိုယ့်ကလေးတွေ နှစ်နာတာပေါ့…
အမှန်တော့အန္တရာယ်ဆိုတဲ့ ရှောင်စရာကို ရှောင်ဖို့နည်းလမ်းတွေ ပေးရသလို..
ကောင်းတဲ့ အရာတွေကို ဆောင်ဖို့ သင်ကြားပေးလိုက်ရင်… ကလေးတွေကလည်း သဘောပေါက်မယ်ဆိုရင် သဘောထားကြီးစွာ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးရမှာ…ဒါမှ ကလေးထိန်းနည်း အမှန်လို့ဆိုနိုင်မှာ…

ဒါနဲ့..ပူပူနွေးနွေးဒီနှစ် သင်္ကြန်မှာ ဝတ်စားတာတွေကိုကြည့်ရတော့ ရုပ်ပျက်ဆင်းပျက်၊ယဉ်ကျေးမှုပျက်တယ်လို့ အများကပြောကြတယ်…
ကျွန်တော်ကတော့ အဲဒီလိုမမြင်ဘူးဗျာ..ဒါအိမ်ထဲမှာအလှောင်ပိတ်ထားခံရလို့
မြင်ပါတယ်…တခါမှ မြေဩဇာ မကျွေးဘူးတဲ့ အပင်ဟာ တဟုန်ထိုးကြီးလာသလို…တခါမှ ဟင်းကောင်းမစားဘူးတဲ့
ကလေးငယ်တွေဟာ ဟင်းကောင်းတွေ စားရရင်ဘဲ မြင်မကောင်းရှု့မကောင်း ပလုပ်ပလောင်းတွေစားတာပါ…ကြာလာရင် အမူအကျင့်တွေပြောင်း လာမှာပါ..
မရုံရင် ထိန်းနည်းကို နည်းနည်းပြင်လိုက် လူတွေဒီလောက်ရိုင်းမယ်
မထင်ဘူး..လူတွေ လမ်းပေါ်ထွက်ပြီး ကိုယ်တုံးလုံးနဲ့ မနေရက်ပါဘူး…လူ့ယဉ်ကျေးမှု
တွေတိုးတက်လာပြီဘဲ..ဘယ်သူကမှ ကျောက်ခေတ်လို သစ်ရွှက်တွေ၊သစ်ခေါက်တွေနဲ့ နောက်ကြောင့် ပြန်မလှည့်ပါဘူး…

အခုတော့ ဘာသာရေး ဝိတ်တုံးကြီးတွေနဲ့ အဖိထားခံရလို့ပါ…သူတို့ကို မမြင်ချင်ရင်
လွယ်လွယ်လေးဘဲ..ပွဲပေးမလုပ်နဲ့ပေါ့.ငွေကုန်ကြေးကျများ၊ လူပင်ပန်း..လူတွေ အကျိုးသိပ်မများတဲ့ ဘာသာရေးပွဲတွေ လျှော့ပြီး တခြား အဆင်မပြေတဲ့နေရာမှာ သုံး
ရင် ပိုကောင်းမှာဘဲ လို့မြင်မိပါတယ်…နောက်ကျွန်တော်တို့ဟာ..ခံးစားမှုကို အပြစ်
လို့လည်းမြင်တယ်..ပြီးတော့ ကိုယ်ကလည်း ကင်းလို့ရလားဆိုတော့ မရပါဘူး… ဒါတွေက ဒီနေရာရယ်မှ မဟုတ်ဘူး.. တခြားတခြားသော လမ်းညွှန်မှု သဘော တရား
တွေမှာလည်း အများကြီးတွေ့နေရပါတယ်…

လုံလုံခြုံခြုံဝတ်စားတာ ယဉ်ကျေးမှု ဆိုရင်ကျွန်တော်တို့ မြန်မာလူမျိုးထက် ပိုပြီးတော့ လုံလုံ
ခြုံခြုံဝတ်တဲ့ အမျိုးသမီးတွေ ယဉ်ကျေးပြီလားလို့မေးစရာရှိတယ်?..လူတွေ အမျိုးမျိူးတီထွင်
တတ်လို့ဘဲ ဘိနပ်တွေ၊ အကျင်္ ီဒီဇိုင်း အမျိုးမျိုးတွေ၊ လျပ်စစ်မီး၊ ကွန်ပြူတာ၊ အင်တာနက်…
စသည် အသုံးအဆောင် ပစ္စည်း အမျိုးမျိုးတွေ တီထွင်တတ် ခိုင်စား တတ်လာတာဟာ လူ့ယဉ်ကျေးမှုရဲ့ တိုးတက်မှု လက္ခဏာ တစိတ်တပိုင်းတွေဘဲ..

ယဉ်းကျေးမှု ဆိုတာ အမျိုးမျိုးတော့ ဖွင့်ဆိုကြတာပေါ့..ကျွန်တော်ကတော့ ကာယ၊ဝစီ၊မနော ဆိုတဲ့ ကံကို (သမ္မာ)ဆိုတဲ့ဉာဏ်မျက်စိနဲ့ ကောင်းကောင်းမြင်
ရင် ကံရဲ့နှိပ်ဆက်ခြင်း၊ ပဋိပက္ခပြဿနာ ဖြစ်ခြင်းကို မခံရတာက အဆင့်မြင့်ဆုံးလူ့ယဉ်ကျေးမှု လို့လက်ခံထားပါတယ်..

နည်းနည်းရှည်သွားပြီ လိုရင်းကိုပြန်သွာပါ့မယ်..

ဦးသန့်ရဲ့ လက်ရွှေးစင်စာစုထဲကပါ…

တိုင်းပြည် အုပ်ချုပ်ရေး စနှစ်များ အနက် ဒီမိုကရေစီစနှစ်သည် အခက်ခဲဆုံးဖြစ်လေသည်။
ခက်လွန်းအားကြီးသောကြောင့် စစ်မဖြစ်မီက ဂျာမနီနှင့် အီတလီတို့သည် ဒီမိုကရေစီကို စွန့်ပြီး အာဏာရှင်နိုင်ငံကို ထူထောင်ကြသည်။ယခု စစ်နှောင်းခေတ်တွင် ဒီမိုကရေစီကို နိုင်ငံတိုင်းပြန်စကြရမည်။

ဒိမိုကရေစီ အောင်မြင်ရန် ပြည်သူပြည်သားတို့သည် အသိဉာဏ်တရားနှင့် ဆင်ခြင်တုံတရား လုံလောက်အောင်ရှိကြရပါမည်။ အသိဉာဏ်ကင်းမဲ့ သောနိုင်ငံတွင် ဒီမို
ကရေစီစနှစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် မဲဆန္ဒရှင်တိုင်းသည် ပညာတတ်ကြရမည်။ ဆင်ခြင်တုံးတရားကို သုံးနိုင်ရမည်။ ပညာရေးသည် နိုင်ငံရေးရဲ့ အခြေခံ အစစ်ဖြစ်သည်။

အခုလည်းဒီမိုကရေစီဆိုတဲ့ …
မိမိ၏ အခွင့်အရေးနဲ့လွတ်လပ်မှုအရသာကိုခံစားချင်တယ်ဆိုရင် နှစ်ပေါင်းများစွာ အိမ်မှာလှောင်ပိတ် ခံထားရတဲ့ ကလေးတွေကို ထိန်းရာကနေ
တခါးဖွင့်ပေးလိုက်လို့ အုံ့အောတောင်းနှင်း အလုအယှက် သူထွက်ငါထွက် နေကြမယ်ဆိုရင်
မြင်ကွင်းမလှ သလို… အပြင်လောကပတ်ဝန်းကျင်ကို ပေးတွေ့လိုက်လို့လည်း ကလေးတွေ စည်းမဲ့ကမ်းမဲ့ အရမ်းကာရော မဖြစ်လောက်ဘူးလို့ မြင်ပါတယ်…

ဥပဒေဆိုတာ လူကရေးစွဲထားတာပါ… လွယ်အောင်လုပ်ရင်လည်းရပါတယ်..ခက်အောင် လုပ်မယ်ဆိုရင်လည်းရပါတယ်…

ဆရာတော် တပါးထံမှာနားယူမှတ်သားဖူးတာလေးနဲ့ အတွေးလက်ဆောင်ပေးလိုက် ပါရစေ…

လက်ကောက်ဟာ လက်အတွက်လား?..

လက်ဟာ လက်ကောက် အတွက်လား?…

လက်ကောက်ဟာ လက်အတွက်ဆိုရင်…

လက်ကောက် မမှန်ဘူးဆိုပါတော့ …ဒါဆို..

လက်ကိုပြင်ရမှာလား?..

လက်ကောက်ကိုပြင်ရမှာလား?….

5 comments

  • ဗိုက်ကလေး

    April 29, 2012 at 5:27 pm

    တားတား ငယ်စဉ်က သင်ပေးစရာမလိုပဲ အလိုလိုတတ်ခဲ့တာကတော့ မကောင်းတာမှန်သမျှပဲဗျ
    ကောင်းတာဆို မလုပ်ချင် အတုမခိုးချင်ပဲ မကောင်းတာလောက်ပဲ အရင်တတ် အရင်သင်ခဲ့တာကိုးဗျာ..
    အခုလူတွေလဲ တားတား ငယ်စဉ်ကလိုပဲ..

    အတို်င်းအတာတစ်ခုထိ ကြောက်ရမဲ့အရာလျော့သွားပြီး လွတ်လွတ်လပ်လပ် လေ့လာ လှုပ်ရှားဖို ့ အခွင့်လေးရှိလာတာနဲ ့
    ဉာဏ်တွေ စာရိတ္တတွေဟာ မကောင်းတဲ့ဘက်ကနေ စတင်နေချင်ကြတယ်..
    လွတ်လပ်မှု အတိုင်းအတာတစ်ခုထိရှိလာတဲ့အချိန်မှာ တလွဲမသုံးကြရင် ကောင်းကြမယ်လို ့ထင်ပါတယ်
    တံခါးဖွင့်ပေးလိုက်တာ ကစုန်ပေါက်ပြေးလွှားကမြင်းဖို ့မဟုတ်ပဲ မလွတ်လပ်ခြင်းရဲ့ အရသာကို သတိမူပြီး လွတ်လပ်စွာ
    လှုပ်ရှား ဆော့ကစားဖို ့ဖြစ်ပါတယ်နော့
    😆

  • အကိုနဲ ့တသဘောထဲကျတဲ့ စာစုလေးပါ။

    လုံလုံခြုံခြုံဝတ်စားတာ ယဉ်ကျေးမှု ဆိုရင်ကျွန်တော်တို့ မြန်မာလူမျိုးထက် ပိုပြီးတော့ လုံလုံ
    ခြုံခြုံဝတ်တဲ့ အမျိုးသမီးတွေ ယဉ်ကျေးပြီလားလို့မေးစရာရှိတယ်?..လူတွေ အမျိုးမျိူးတီထွင်
    တတ်လို့ဘဲ ဘိနပ်တွေ၊ အကျင်္ ီဒီဇိုင်း အမျိုးမျိုးတွေ၊ လျပ်စစ်မီး၊ ကွန်ပြူတာ၊ အင်တာနက်…
    စသည် အသုံးအဆောင် ပစ္စည်း အမျိုးမျိုးတွေ တီထွင်တတ် ခိုင်စား တတ်လာတာဟာ လူ့ယဉ်ကျေးမှုရဲ့
    တိုးတက်မှု လက္ခဏာ တစိတ်တပိုင်းတွေဘဲ..

  • Onyx

    April 29, 2012 at 7:55 pm

    မူးယစ် သောက်စားဖြစ်ပျက်နေတာတွေက တော့ အမှန်ကို မြင်မကောင်းဘူးလေ ။ တံခါးပဲ ဖွင့်ဖွင့် တံခါးပဲ ပိတ်ပိတ် ထိန်းကြောင်းတက်မှ ဖြစ်မှာပေါ့ဂျာ ။ နည်းမှန်လမ်းမှန်နဲ့ လူငယ်ကိုလဲ သူဟာနဲ့ သူ လွတ်လပ်ခွင့်လေးပေးပေါ့ လူငယ်တွေကလဲ ရလာတဲ့ လွတ်လပ်မှုလေးကို အလွဲ သုံးစား မလုပ်ဖို့ ပဲ။
    အခုခေတ် လူငယ် တော်တော်များများက လူကြီးတွေက တောင်ဆို သူတို့က မြောက်ကို ဖြစ်ချင်ကြတာဆိုတော့ မလွယ်ဘူးလို့ ထင်ပါဒလယ်ဂျာ။

  • windtalker

    April 29, 2012 at 8:46 pm

    တန်ဘိုးကြီးလှတဲ့ ဦးသန် ့ရဲ ့လက်ရွေးစင် စာစုလေး ကို ပြန်လည် ဝေမျှပေးလို ့ကျေးဇူးတင်ပါတယ် ကိုအောက်ရေ ။

  • Ko out of...

    April 30, 2012 at 6:45 am

    မိဘတွေဟာ သူတို့ကလေးကို ငယ်စဉ်အခါတုံးက… ကြောင်လေးလို၊ ဖားကလေးလိုခုန်ပြစမ်းဆို ကလေး

    က ခုန်ပြလိုက်တယ်… ပါးစပ်ဖြဲပြစမ်းဆို ဖြဲပြလိုက်တယ်…နောက်နည်းနည်းကြီးလာတော့ ဘုရားရှိခိုးသင်၊

    ဆွမ်းလောင်း၊ဆွမ်းကပ်ခိုင်း မိဘက သားသားမီးမီး လိမ္မာတယ် စသည်ဖြင့် ချီးကျူးခံရတော့ ဘာမှ မသိတဲ့

    ကလေးကသာယာ ပြီပေါ့.. ကလေးမှသာယာတယ်လို့ မထင်နဲ့ လူကြီးလည်သာယာတယ်…ဒီလိုမျိုး

    သာယာတဲ့ စိတ်ဖြစ်လိုက်၊ ဒီသာယာတဲ့ စိတ်ကို အသာငမ်းငမ်းဖြစ်တော့ ပြန်လုပ်ချင်..

    ပြန်လုပ်ချင်တော့… ပြုလုပ်…ဒီလိုလည်ပတ်နေတာ ဘုရားမပွင့် ဘယ်သူမှ မသိဘူး…

    ဒါတွေကို ဘယ်မိဘကမှ မသိနိုင်ဘူး..မသိတော့ ဘယ်သင်ပေးနိုင်မလဲ…

    လိုရင်ကိုပြန်သွားမယ်..ဒီလိုနဲ့ ကလေးကြီးလာတော့ လူကြီးမိဘတွေ ဖြစ်ချင်သလို ကလေးက လိုက်မလုပ်

    တော့ဘူး..ဒါကိုလူကြီးတွေက မလိမ္မာဘူး လို့ထင်တာမှားတယ်.. သူတိုက ကလေးရဲ့လွတ်လပ်မှုကို

    တသက်လုံးသိမ်းပိုက်ချင်တာကို…

    စဉ်စားလို့ရအောင်..ဂျာမနီနိုင်ငံဟာ ဒီမိုကရေစီရတော့ တချို့လူတွေဘာပြောလည်း…ဒီမိုကရေစီကလွတ်လပ်တယ်..လူတွေအုပ်ချုပ် ရတာ ခက်တယ်…ကျွန်တော်တို့ကို အရင် အဏာရှင်နိုင်ငံ လိုပြန် အုပ်ချုပ်ဖို့ တောင်းဆိုတဲ့ လူတွေရှိတယ် လို့ကြားဖူးတယ်… အခုလည်း.. ဒီလိုလူမျိုးတော့ ရှိမှာဘဲ…

Leave a Reply