ချို ပေါ့ ကျ (၁၁)

black chawMay 4, 20125min52853

မန္တလေးဂဇက်က နိုင်ငံရေးသမားတွေ

ဆရာ လူထု စိန်ဝင်းက ရေးပါတယ်။

စာနယ်ဇင်းသမားဆိုတာ နှောင်ကြိုးမဲ့ နိုင်ငံရေးသမား
ဘယ်နိုင်ငံရေးပါတီ ဘယ်အစိုးရအဖွဲ့အစည်းရဲ့ အသုံးချခံ လက်ကိုင်တုတ် အဖြစ်မခံရပါဘူး

တဲ့။
လှနေတာပါပဲ။

မန္တလေး ဂဇက်ရဲ့ သူကြီး kai က ပြောပြန်ပါတယ်။

– ဒီခေတ်ရဲ့.. ယူအက်စ်စာနယ်ဇင်းတွေကတော့.. ပါတီအစွဲနဲ့..ပေါ်ပေါ်တင်တင်ဘက်လိုက်ကြကြောင်း..
ခေတ်ပြောင်းနေပြီဖြစ်ပါကြောင်း..။

တဲ့။
ဆိုတော့ သေချာတာတစ်ခုကတော့ ဘက်လိုက်တာ ဘက်မလိုက်တာပဲ ကွာမယ်။
စာနယ်ဇင်းသမားဆိုတာ နိုင်ငံရေးသမားဆိုတဲ့ အဆိုကိုတော့ လက်ခံရမှာပါပဲ။
ဆရာဇော်ဇော်အောင်က ဂျာနယ် တစ်စောင်မှာ ရေးပါတယ်။ ဒီလှိုင်းဂျာနယ်မှာပါ။
လူငယ်တွေ နိုင်ငံရေးလုပ်ကြပါ တဲ့။
လှပြန်တာပါပဲ။
သိတ်လှလွန်းတော့ ကျွန်တော် လည်း ထောက်ခံချင်မိပါတယ်။
မြန်မာပြည်လွတ်လပ်ရေးဗိသုကာ အောင်ဆန်းဟာ လူငယ်ပါ။
တက္ကသိုလ်ကျောင်းသားဘဝကတည်းက နိုင်ငံရေးစလုပ်ခဲ့တာပါ။
ဦးစောတို့ လုပ်ကြံလို့ ကျဆုံးသွားတဲ့အချိန်မှာတောင် ကိုအောင်ဆန်းအသက်က ၃၂ နှစ်သာရှိပါသေးတယ်။
ဆိုတော့ လူငယ် စစ်စစ်ပဲ ရှိပါသေးတယ်။
ကိုအောင်ဆန်းသာ လူကြီးဖြစ်မှ နိုင်ငံရေးလုပ်ခဲ့မယ်ဆိုရင် မြန်မာပြည်လွတ်လပ်ရေးရတဲ့ နှစ်ကလည်း နောက်ကျကောင်းနောက်ကျသွားပါလိမ့်မယ်။
ဒါက ကျွန်တော် လိုရာဆွဲပြောတာမျိုး ဖြစ်ကောင်းဖြစ်သွားပါလိမ့်မယ်။ ထားပါတော့…။
လူငယ်တွေ ယူပေးခဲ့လို့ လွတ်လပ်ရေးကြီးရခဲ့တယ်ပေါ့ဗျာ။
လွတ်လပ်ရေးရပြီးကတည်းက လူကြီးတွေနိုင်ငံရေးလုပ်ခဲ့ကြတာ မြန်မာပြည်ကြီး ဘယ်အဆင့်ရောက်သွား ခဲ့ပါသလဲ။
လူကြီးတွေလုပ်ခဲ့ကြလို့လည်း မြန်မာပြည်ကြီး LDC နိုင်ငံစာရင်းထဲကို ရှေ့မျက်နှာနောက်ထားလို့ ဝင်ခဲ့ရပြီးပါပြီ။
ဒါကြောင့် လူကြီးတွေ နိုင်ငံရေးလုပ်ခဲ့တာ မလန်းပဲနဲ့ ဂွမ်းခဲ့ရပါတယ်။
ဆရာဇော်ဇော်အောင် ရဲ့ ဆောင်းပါး အဆုံးသတ်လေးကို ဖေါ်ပြပေးချင်ပါတယ်။

ဒီမယ်လူငယ်တို့။ မောင်ရင်တို့ လုပ်နိုင်ပါတယ်။
အကယ်၍ တစ်စုံတစ်ယောက်က လုပ်နိုင်ပါ့မလားလို့ သံသယနဲ့ မေးလာရင် … သမိုင်းစာမျက်နှာတွေကို ပြန်လှန်ကြည့်လို့ ပြောလိုက်ပါ။ ဒီမယ်လူငယ်တို့။ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာ မောင်ရင်တို့ ဘယ်တုန်းကမှ မမှားခဲ့ဘူး။ တစ်ခါမှ အမှားမလုပ်ခဲ့ဘူး။ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းသမိုင်းမှာလည်း ဘယ်တုန်းကမှ မမှားခဲ့ဘူး။ တစ်ခါမှ အမှားမလုပ်ခဲ့ဘူး။ ဒီနေ့အထိပါပဲ။
ဒါကြောင့်လိုရင်းကို ချုပ်ရရင် — လူငယ်တွေ နိုင်ငံရေးလုပ်ကြပါ……။

ဟုတ်ပါတယ်။ လူငယ်တွေ နိုင်ငံရေးလုပ်ဖို့ လိုပါတယ်။
လူငယ်ဘဝကတည်းက နိုင်ငံရေးကိစ္စတွေ လေ့လာ သင်ယူထားတာ လူကြီးဘဝအတွက် ပြင်ဆင်ထားသလိုဖြစ်စေပါတယ်။
လူကြီးဘဝကျတော့ တစ်လွဲတွေ မဖြစ်ဖို့ များသွားတာပေါ့ဗျာ။
ကဲ ကျွန်တော့်စာကို အဆုံးသတ်ပါတော့မယ်။
ဆရာဇော်ဇော်အောင်က လူငယ်တွေ နိုင်ငံရေးလုပ်ကြပါလို့ တိုက်တွန်းပါတယ်။
ဆရာ လူထုစိန်ဝင်းက စာနယ်ဇင်းသမားဆိုတာ နှောင်ကြိုးမဲ့ နိုင်ငံရေးသမားလို့ ပြောပါတယ်။
အဲဒီတော့ မန္တလေး ဂဇက်မှာ စာရေးနေကြသူ လူငယ်တွေဟာ စာနယ်ဇင်းသမားတွေလို့ သတ်မှတ်လို့ရပါတယ်။
ဒါကြောင့် သူတို့ဟာ ဆရာ လူထုစိန်ဝင်း အဆိုအရ နိုင်ငံရေးသမားတွေပါ။
သူတို့လုပ်နေတဲ့ နိုင်ငံရေးကိုလည်း အသိအမှတ်ပြုကြစေချင်ပါတယ်။
လူငယ်တော့ မဟုတ်တော့ပေမယ့်
မန်းဂဇက်က နိုင်ငံရေးသမား ဘလက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘာသာပြန်ကဗျာ

ဒီတစ်ခါတော့ ထူးထူးခြားခြား မြန်မာပြန် ကဗျာလေးတစ်ပုဒ်နဲ့ စတင်ခွင့်ပြုပါ။
ကဗျာလေး ကို မဖေါ်ပြမီ ကဗျာသမိုင်းကြောင်းလေး အရင် ပြောပြချင်ပါတယ်။
၂၄-၁၁-၁၉၈၈ နေ့က NLD လူငယ်မှ စည်းရုံးရေးတာဝန်ခံ (ယာယီ) လူငယ် ၁၄ ဦး စည်းရုံးရေးမဆင်းမီ နှုတ်ဆက်ဩဝါဒခံယူပွဲ၌
ဒေါ်အောင်ဆန်းစုကြည်က Rudyard Kipling (1856-1936) ရေးခဲ့သော “IF” ကဗျာအား
ဒေါ်အောင်ဆန်းစုကြည်က မြန်မာလိုပြန်ကာ ပြောကြားခဲ့ပါသည်။
အဆိုပါ ပြောကြားချက်အား မှီငြမ်းကာ “အကယ်၍” ကို ပြန်လည်ရေးသားပြီး ၆၈ ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့ပါသည်။
Rudyard Kipling ၏ IF ကဗျာ မူရင်း က ဒီလိုပါခင်ဗျာ။

IF
IF you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor talk too wise:

If you can dream – and not make dreams your master;
If you can think – and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build ’em up with worn-out tools:

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: ‘Hold on!’

If you can talk with crowds and keep your virtue,
‘ Or walk with Kings – nor lose the common touch,
if neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds’ worth of distance run,
Yours is the Earth and everything that’s in it,
And – which is more – you’ll be a Man, my son!

အမေစု ဘာသာပြန်ပေးထားတဲ့ အကယ်၍ ကဗျာလေးကို ဖေါ်ပြပေးလိုက်ပါတယ်။
ကြာပြီဆိုတော့ ဖတ်ဖူးသူတွေရှိနေမှာ သေချာပါတယ်။ မဖတ်ရသေးသူတွေအတွက်
သည်းခံပေးပါလို့ တောင်းပန်ပါတယ်။

အကယ်၍
အကယ်၍
မင်းအသိုင်းအဝိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်…။
အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်…။
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင်…။
အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်…။
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်…။
အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်…။
ဒါမှမဟုတ်
မင်းဘဝတစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်…။
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်…
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်…
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်…။
အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်…။
အကယ်၍
လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…။
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်…။
အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်…။
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်…။
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်…။
ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့…။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့…။
အကယ်၍
လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….
အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . . .။
ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။

နောက်ထပ် ကဗျာတစ်ပုဒ် လောက် ဖေါ်ပြခွင့်ပြုပေးပါဦးခင်ဗျာ။
ကျွန်တော် ချိုပေါ့ကျ (၉) မှာတုန်းက တစ်ဝက်တစ်ပျက် ပဲ ဖေါ်ပြပေးခဲ့တဲ့ ကိုရွေးရဲ့ မြို့သိမ်းကဗျာ လေးပါ။
ရေးထားတာလေးကိုကြည့်ရင်တော့ ကွန်ဆာဗေးတစ် ဆန်ကောင်းဆန်နေမှာပါ။
သို့သော် ဒီကဗျာလေးကို ကြိုက်နှစ်သက်မိတဲ့အတွက် တတ်ချင်တဲ့ တံဆိပ်သာ ကပ်ကြပါ။
မန္တလေးမြို့ကို ကျွန်တော် ချစ်ပါတယ်။
ဒါကြောင့် မန္တလေးမြို့ကြီး တစ်စတစ်စ ဆုံးရှုံးနေတာကို ကျွန်တော် စိတ်မချမ်းမြေ့ပါဘူး။
မဆီမဆိုင် မန္တလေးသားမဟုတ်တဲ့ ကျွန်တော်က ဝင် စိတ်မချမ်းမြေ့နေတယ်ဆိုရင် မန္တလေးသားစစ်စစ်ကြီး ရွှေတိုက်စိုး
ဆိုရင်တော့ ပြောစရာတောင်ရှိမှာမဟုတ်ပါဘူး။
သူ့ကို ရွတ်ပြတဲ့အခါ သူကလည်း ကြိုက်ပါတယ်တဲ့။
အဲဒါကြောင့် ဒီမြို့သိမ်းကဗျာလေးကို ကျွန်တော် ရိုးရိုးသားသား ကြိုက်တယ်ပေါ့ဗျာ။
ခင်ဗျားလည်း ကြိုက်ကြိုက်မကြိုက်ကြိုက် သည်းခံပြီး ဖတ်ပေးပါ ကျောင်းဒကာ။
ပြီးမှ ခင်ဗျား မကြိုက်ရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောပေတော့ဗျို့။ ကဲစပြီဗျာ။

မြို့သိမ်းကဗျာ
မြို့ချစ်သကောင့်သားတို့
မြို့ချစ်ညီရင်းအစ်ကိုတို့
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ…။
မင်းတို့မြို့ဟာ ယဉ်ကျေးမှုရဲ့ အသည်းနှလုံး
မင်းတို့မြို့ဟာ စီးပွားရေးအရ ကျုံးပေါ့။
လယ်ယာမြေကောင်းထဲ
ရေငန်တွေ ဝင်လာသလို
မင်းတို့မြို့ထဲလူငန်တွေဝင်လာ နေပြီ။
အောင်မြင်တဲ့ ဂျုံခင်းထဲ
ကျိုင်းအုပ်တွေ ကျလာသလို
မင်းတို့မြို့ထဲ လူကျိုင်းတွေကျလာနေပြီ။

ရန်သူဟာ
ကျည်တစ်တောင့်မဖောက်ဘဲ
မြို့ကို သိမ်းနေပြီ။
ပေါင်မုန့်အနားသားလို
မြို့ချစ်သကောင့်သားတို့
အစွန်အဖျားကို ဆုတ်ခွာနေရပြီ။
မြို့ချစ်သကောင့်သားတို့
မင်းတို့ ကလောင်အစွမ်းဟာ
အမှောင်ခြမ်းမှာ အိပ်မပျော်စေနဲ့
ဦးနှောက်ကို မီးထွန်းကြ
ဦးနှောက်ကို မုန်တိုင်းဆင်ကြ

မင်းတို့မြို့ဟာ လှန်ထားတဲ့ စာအုပ်
မင်းတို့မြို့ဟာ ဖွင့်ထားတဲ့ ဘောလ်ပင်
ကိုယ့်သမိုင်းကို ကိုယ်ရေးကြ
ကိုယ့်ခေတ်မှာ ကိုယ်မညံ့စေနဲ့

အနာဂတ်သမိုင်းဖတ်စာမှာ
မြို့ကို ကုန်ကူးသူထဲ မင်းမပါစေနဲ့
အနာဂတ် သမိုင်းဖတ်စာမှာ
မြို့ကို ရောင်းစားသူစာရင်းထဲ မင်းမပါစေနဲ့
မင်းတို့မြို့မှာ လင်းလက်တဲ့ သာသနာရှိတယ်
မင်းတို့မြို့မှာ ကိုယ်ပိုင်မြစ် ရှိတယ်
မင်းတို့မြို့မှာ ကိုယ်ပိုင်ကျုံး ရှိတယ်
မင်းတို့မြို့မှာ ကိုယ်ပိုင်တောင်တန်းတွေ ရှိတယ်
မင်းတို့မြို့မှာ ကိုယ်ပိုင် ယဉ်ကျေးမှုတွေ ရှိတယ်
မင်းတို့မြို့မှာ တောင်သမန် ရှိတယ်
မင်းတို့မြို့မှာ ကမ္ဘာသိ ရာဇဝင်တွေ ရှိတယ်
မင်းတို့မြို့မှာ မင်းတို့ ရှိနေကြတယ်

ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ
ရောင်းရင်းတို့
သူငယ်ချင်းတို့
ညီရင်းအစ်ကိုတို့
မြို့ချစ်သကောင့်သားကြီးတို့
သတိတရားလက်ကိုင်ထားကြ
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ။
ကိုယ့်မြို့ကို ကိုယ် မြန်မြန်ပြန်သိမ်းကြ။
ကိုရွေး

အဲဒါလေးပါဗျာ။
အနာဂတ် သမိုင်းစာမျက်နှာမှာ
မန္တလေးမြို့ကို ရောင်းစားသူတွေ စာရင်းထဲ
ရွှေတိုက် ရေ မင်းမပါပါစေနဲ့
မယ်ပုချ် ရေ ညည်းမပါပါစေနဲ့
ဖရဲ ရေ မင်းမပါပါစေနဲ့
မောင်ပေ ရေ မင်းမပါပါစေနဲ့
ဘဝမှာ အဆင်မပြေမှုတစ်ခုခု ရှိခဲ့တယ်ဆိုရင်တောင်
မင်းတို့မြို့ကို မင်းတို့ ရောင်းမစားသင့်ဘူးဆိုတာ
မင်းတို့မြို့ကို မင်းတို့ မစွန့်ခွာသင့်ဘူးဆိုတာ
မင်းတို့မြိုကို မင်းတို့ လက်ထဲမှာပဲ ထားသင့်တယ်ဆိုတာ
ဒီကဗျာလေးက မီးမောင်းထိုးပြနိုင်ကောင်းပါရဲ့ ဗျာ။

ကံကောင်းလို့မသေ တဲ့ ဆရာနေဝင်းမြင့် ( အလင်းတန်း )

စာအရေးကောင်း၊ စာပေဟောပြောပွဲတွေမှာ သီချင်းအဆိုကောင်းလှတယ် လို့ နာမည်ကြီးတဲ့ ဆရာနေဝင်းမြင့် ရဲ့
ကျန်းမာရေး သတင်းလေးပါ ကျောင်းဒကာ။
ဧပြီ ၉ ရက်မှာ သစ္စာရာဇာပုဂ္ဂလိကဆေးရုံကို တင်လိုက်ရပြီး ဦးနှောက်ထဲသွေးရောက်နေပြီ ဆိုတာကြောင့်
ခွဲစိတ်ကုသမှုခံယူရပါတယ်တဲ့။
ကံကောင်းသွားတဲ့ ဆရာနေဝင်းမြင့်ဟာ ဦးနှောက်ထဲထိ သွေးရောက်မသွားဘဲ အမြှေးပါးအဆင့်မှာ ရပ်နေတာကြောင့်
စုပ်ထုတ်ယူရုံနဲ့ အဆင်ပြေသွားပါတယ်တဲ့။
ဧပြီလ ၁၈ ရက်နေ့အထိ ဆေးရုံမှာ နေခဲ့ရပြီး အခုအခါမှာတော့ နေအိမ်မှာ ပကတိ ကျန်းမာလျက်ရှိနေပါတယ်တဲ့။
ဆေးရုံတက်နေစဉ်မှာ အမည်မဖေါ်လိုသူ စာဖတ်ပရိသတ်တစ်ဦးက ဆေးရုံမှာ ငွေကျပ်ငါးသိန်း ပေးသွင်းသွားသလို
တခြားစာဖတ်ပရိသတ်တွေကလည်း ဆရာ့အတွက် ဆေးဖိုးဝါးခများ
လာရောက် ပေးအပ်ကြတာကြောင့် ဆရာနေဝင်းမြင့်နဲ့ ဆရာမခင်ခင်ထူး မိသားစုက မျက်ရည်ဝဲသည်အထိ ခံစားမိကြပါတယ်တဲ့။
ကဲ ကျောင်းဒကာ။ စာရေးဆရာတစ်ယောက်အပေါ် စာဖတ်ပရိသတ်က ထားတဲ့မေတ္တာ ဟာ ဘယ်လောက်အေးမြသလဲ ဆိုတာ
ဆရာနေဝင်းမြင့်ကြီး ကိုသာ ကြည့်ကြပေတော့ဗျို့။ ကျွန်တော်တို့ ရွာသူရွာသားတွေကလည်း ဒီနေရာကနေ ဆုတောင်းပေးကြရအောင်ဗျာ။
ဆရာနေဝင်းမြင့် သက်တော်ရာကျော်ရှည်ပြီး စာကောင်းပေမွန်များလည်း ရေးသားနိုင်ပါစေ။ စာပေဟောပြောပွဲများလည်း ဟောနိုင်ပြောနိုင်ပါစေ။
သီချင်းကောင်းသီချင်းခန့်များလည်း ဆိုပြနိုင်ပါစေ ပေါ့ ဗျာ။

ငွေဆယ်သိန်း၊ လူစိမ်းတစ်သိုက် နဲ့ ဦးဖြိုးမင်းသိန်း (ပြည်သူ့ခေတ်)

ပြည်ခိုင်ဖြိုးပါတီရဲ့ ငွေကြေးအင်အားတောင့်တင်းမှုကတော့ အံ့မခန်းပါပဲ။
တောင်ညွန့်က NLD ဒေါ်ဖြူဖြူသင်းကို ငွေဆယ်သိန်းတင်ပြီး တရားစွဲထားတာ အပြင်
အခုတစ်ခါ လှည်းကူး က NLD ဦးဖြိုးမင်းသိန်းကို ငွေဆယ်သိန်းတင်ပြီး တရားစွဲဆိုလိုက်ပြန်ပါတယ်တဲ့ ကျောင်းဒကာရေ။

ကျွန်တော့်ကို တရားစွဲတာက ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ စွဲထားတာပါ။
အသက်မပြည့်သေးတဲ့ ကလေးတွေကို အမေစုကိုချစ်ရင် NLD ကိုမဲပေးကြဆိုပြီး ပြောခဲ့တဲ့ ကိစ္စလည်း ပါတယ်။
နောက်ပြီးတော့ အဖွဲ့ချုပ်က အခွင့်အာဏာတွေကို သုံးပြီး တစ်ဖက်ကိုလုပ်တယ်ဆိုတာလည်း ပါတယ်။
အမှန်တော့ ရွေးကောက်ပွဲကာလ တစ်လျှောက်လုံးမှာ ကျွန်တော်တို့ကပဲ ခံခဲ့ရတာများတယ်။ ဒါကြောင့် လူထုက မဲပေးလိုက်တာပါ။

လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။
ဘက်လိုက်တယ်ပဲဆိုချင်ဆိုတော့ ကျောင်းဒကာရေ။
ငွေပေါတိုင်းသာ တရားစွဲနေရင်တော့ တရားခွင်တွေက ပြီးနိုင်ပါဦးမလား။
အော် တရားမျှတမှုကို တယ်လိုချင်ကြတာပဲကိုး…။

၅၀၀ဝ တန်ဖုန်း ပျော်ပျော်ကြီးသုံးရအောင် NLD က အကျိုးတော်ဆောင် ( Messenger )

လွှတ်တော်ထဲမှာ ကိုယ်စားလှယ်များတာမများတာ အဓိက မဟုတ်ပါဘူး။
စဉ်းစားချင့်ချိန် ပြောဆိုဆွေးနွေးနိုင်စွမ်းကသာ အရေးကြီးတယ်ဆိုတဲ့အကြောင်းကို သက်သေပြဖို့ ခက်ခက်ခဲခဲ လိုက်ရှာနေစရာမလိုပါဘူး။
ဒေါက်တာမြတ်ဉာဏစိုး က သက်သေပါပဲ။ သူများတွေထက် ပြောဆိုဆွေးနွေးနိုင်စွမ်းရှိလို့လဲ သူများတွေထက် ပိုကျော်ကြားတယ်ပေါ့ဗျာ။
တိုတောင်းတဲ့ လွှတ်တော် သက်တမ်းအတွင်းမှာ ကိုယ်ပိုင် image တစ်ခုကို ပြည်သူလူထုကြားမှာ ခိုင်ခိုင်မာမာ ထူထောင်ထားနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။
အခု အဲဒီ ပုဂ္ဂိုလ်က ခင်ဗျားတို့ ကျွန်တော်တို့ ပြည်သူတွေ ငါးထောင်တန်ဖုန်း အသုံးပြုနိုင်စေဖို့ ရည်ရွယ်ပြီး လွှတ်တော်မှာ မေးခွန်းအဖြစ် တင်သွင်းခဲ့ပါတယ်တဲ့။
ဂွဒ်။ ကောင်းတယ်ဗျာ။ မေးသာမေး။
ပေးရင်ပေး မပေးရင် အဲ… မပေးရင် မယူဘူးပေါ့ဗျာ။ ဘာတတ်နိုင်မှာလဲ နော့။

ကျွန်တော်တို့ဆီမှာ သိန်းလေးဆယ်လောက်ကနေ ချလာတာ အခု နှစ်သိန်းဖြစ်သွားပြီ။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် အခုဈေးက တော်တော်ကြီးနေသေးတယ်။ ဒါကြောင့် ပြည်သူတွေဈေးနှုန်းသက်သက်သာသာနဲ့ အသုံးပြုနိုင်မယ့် ဒီ ငါးထောင်တန် Sim Card ကိစ္စကို ဒီလွှတ်တော်မှာ တင်တာပါ

လို့ ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။
အခုကတော့ ငါးထောင်နဲ့ ရဖို့ အသာထား။ ဖုန်းကဒ်ပျောက်သွားလို့ ပြန်လျှောက်ရင်တောင် ကျပ် နှစ်သောင်းတဲ့ ဦးလေးရေ။
မြတ်လိုက်ကြတဲ့ ပိုက်ဆံတွေ။ ဘယ်နားသွားသိမ်းထားမှန်း မတွေးတတ်တော့ပါဘူး ကွယ်။

NLD ဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့ အဖွဲ့ဝင်အဖြစ်က နှုတ်ထွက်တယ်လို့ ဆိုသူ (Favourite)

ဒါမျိုးကြီးလည်း ဖြစ်တတ်ပါတယ် ကျောင်းဒကာ။
၂၃ နှစ်ကြာ ပါတီတာဝန်တွေကို ထမ်းဆောင်ခဲ့သူ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဦးကျော်ဆန်းဟာ NLD ပါတီမှ တရားဝင်နှုတ်ထွက်စာတင်ပြီး
အွန်လိုင်းမှတစ်ဆင့် ဧပြီ ၂ရက်က ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်တဲ့။ အဲဒီလို နှုတ်ထွက်တာနဲ့ ပတ်သက်ပြီး Favourite ဂျာနယ်က
အင်တာဗျူးထားတာလေးတွေထဲက တချို့ကို ထုတ်နှုတ်ဖေါ်ပြပေး ချင်ပါတယ်။

NLD ပါတီက နှုတ်ထွက်ရတဲ့ အဓိက အကြောင်းရင်းနဲ့ ယုံကြည်မှု ကင်းမဲ့ခဲ့ရတယ်ဆိုတဲ့ ဖြစ်ရပ်များကို ပြောပြပေးပါ။
အဓိက အကြောင်းရင်းကတော့ ဒီမိုကရေစီစည်းမျဉ်းနဲ့ ပြောင်းပြန်လှန်လုပ်လို့ အာဏာရှင်ဆန်ဆန်လိုလုပ်လို့ပါ။
ဗျူရိုကရေစီ စရိုက်လက္ခဏာတွေကျင့်သုံးလို့ပါ။ အဲဒါဟာ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့ပါ။
ရေပေါ်ဆီ ဒီမိုကရေစီတွေ၊ အစစ်အမှန်တွေမဟုတ်ဘူး။ သရုပ်ပျက်ဒီမိုကရေစီလုပ်ပြီး တကယ်တမ်းကျတော့
ဒီမိုကရေစီရဲ့ အသွင်လက္ခဏာတွေကို အဖွဲ့ချုပ်ကမလိုက်နာလို့ပါ။ အလွယ်ပြောရရင်တော့ အများလုပ်ရမယ့်ကိစ္စ၊
ငါ့ ဒီမိုကရေစီလုပ်လို့ ပေါ့။ ဗိုလ်ကျလို့ပါ။ NLD ကိုဆန့်ကျင်တာမဟုတ်ပါဘူး။ NLD ရဲ့ လုပ်ရပ်၊ ဗဟို အလုပ်အမှုဆောင်ရဲ့
လုပ်ရပ်ကိုင်ရပ်၊ တည့်တည့်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်က ပုံရိပ်ရှိတယ်။ နိုင်ငံပုံရိပ် ဒါကိုမငြင်းဘူး။
ဒါပေမယ့် သူက တဇွတ်ထိုးလုပ်တာတွေ အများကြီးပါတယ်။ အဘက ဒေါ်အောင်ဆန်းစုကြည်ချစ်တဲ့နေရာမှာ ပြိုင်စရာမလိုဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက် နိုဗယ်ဆု ထောက်ခံလို့၊ သူ့ကိုထုတ်ပစ်လို့၊ ကန့်ကွက်လို့ ထောင်ကျတာ အဘ တစ်ဦးတည်းရှိတယ်။
ဒီလိုပြောတာ ဒေါ်အောင်ဆန်းစုကြည်ဆီက ဆုကြေးလိုချင်လို့ မဟုတ်ဘူး။ မှန်မှန်ကန်ကန် တော့ မြင်ဖို့ကောင်းတာပေါ့။
အသိအမှတ်ပြုဖို့ကောင်းတာပေါ့။

ကဲ ဒုတိယဗိုလ်မှူးကြီး ကျော်ဆန်း (ငြိမ်း) ရဲ့ အသံတစ်ခုပါ။ ကိုယ့်ဟာကိုယ်သာ ချင့်ချိန်သုံးသပ် ထင်မြင်ချက်ပေးပေတော့ ကျောင်းဒကာရေ။

၄၆ နှစ်ပြည့်သွားတဲ့ မခိုင်ကြီး ( Oasis )

ဘယ်လောက်ပဲဝေးဝေး မင်းအနားမှာ
ထိုင်ကာလေ အမြဲရှိချင်တယ်

မျိုးကျော့မြိုင်ရေးခဲ့တဲ့ မိုးကလေးဖွဲတုန်း ဆိုတဲ့ စုံတွဲသီချင်းလေးကို မှတ်မိဦးမှာပေါ့ ကျောင်းဒကာ။
မခိုင်ကြီး ခေါ် ထွန်းအိန္ဒြာဗို ရဲ့ LIVE SHOW မှာ ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် မျိုးကျော့မြိုင် နဲ့ စုံတွဲဆိုခဲ့ပြီး
မျိုးကျော့လေး ပုခုံးကို မခိုင်ကြီးက ဗုန်းဗုန်းဗုန်း ဆိုပြီး လက်ဝါးကြမ်းကြမ်းကြီးနဲ့ ချစ်စနိုးလေး ပုတ်လိုက်တဲ့အခါ
ပရိသတ်က လက်ခုတ်တွေ တစ်ဖြောင်းဖြောင်းတီးပြီး အားပေးခဲ့ကြသေးတာပေါ့။ အော် ပီတိဖြစ်ကြရှာ ထင်ပါ့။
ဘာတွေကိုများသွားပြီး ပီတိဖြစ်နေကြတယ် မသိဘူး။
မခိုင်ကြီးက မျိုးကျော့လေး ပုခုံးကို ဗုန်းဗုန်းဗုန်းဆိုပြီး ပုတ်လိုက်တာများ အဆန်းလုပ်လို့။
မြန်မာပရိသတ်က အဲဒီလိုပဲဗျ။ ခံစားနိုင်စွမ်းတွေက လွှတ်မြင့်နေကြတာကိုး ကျောင်းဒကာရဲ့။
မျိုးကျော့မြိုင်ရေးပြီး မခိုင်ကြီး ဆိုခဲ့တဲ့ သီချင်းတွေထဲမှာတော့ မိုင်ပေါင်းကုဋေ ဆိုတဲ့သီချင်းက
အမြင်ကတ်လောက်အောင်ကို ပေါက်ခဲ့တာပါ။ ဘယ်လောက်အောင်မြင်ခဲ့သလဲဆို
သွားလေသူကြီး လွှမ်းမိုးကတောင် ကြိုက်လွန်းခိုက်လွန်းလို့ဆိုပြီး သူ့အသံပြာပြာကြီးနဲ့
ကိုယ်တို့ဝေးနေ မိုင်ပေါင်းကုဋေ လို့ ကြုံးကြုံးပြီး အော်ခဲ့သေးဗျာ။
ဟုတ်ပါပြီ။
အဲဒီ မခိုင်ကြီးတစ်ယောက် မေလ ၁ ရက်နေ့မှာ အသက် ၄၆ နှစ်ပြည့်သွားပါပြီတဲ့။
ဘယ်ငယ်တော့မလဲ ကျောင်းဒကာရယ်။
၄၆ နှစ်ပြည့်တာနဲ့ ပတ်သက်လို့ မခိုင်ကြီးက ပြောပါတယ်တဲ့။

ဒီနှစ်မွေးနေ့က ၄၆ ဆိုတော့ ၁ဝ ဂဏန်းကျတယ်။ ထူးထူးခြားခြား မလုပ်ဖြစ်ဘူးလားဆိုရင်
မခိုင်ကြီးက ဘာကိုမှ အစွဲအလန်းမထားဘူး။ အခုလက်ရှိလည်း မခိုင်ကြီး ဝိပ္ပသနာတရားအားထုတ်နေတယ်ဆိုတော့
မခိုင်ကြီး စိတ်ထဲမှာ ဘုရားကလွဲပြီး ဘာမှမရှိပါဘူး။

သာဓုပါ အမေခိုင်ရေ။
အော် အမေအရွယ်ရောက်နေလို့ အမေခိုင် လို့ ခေါ်လိုက်တာပါဗျာ။ စိတ်မဆိုးပါနဲ့။
ဦးကျော်ကြီးလို သာသနာ့ဘောင် တော့ ဝင်မသွားပါနဲ့ဦးနော်။
သီချင်းတွေလည်း ဆိုပါဦး။ ရုပ်ရှင်တွေလည်း ရိုက်ပါဦး။
၄၆ နှစ်ဆိုပေမယ့် အလတ်ကြီးရှိပါသေးတယ်နော့။
အားပေးပါတယ်နော့။

ချစ်သုဝေ နေတဲ့အရပ် (အလင်းတန်း)

ချစ်စဖွယ်အပြုံးပိုင်ရှင်လေး ချစ်သုဝေ ရဲ့ တိမ်တွေနေတဲ့အရပ် တစ်ကိုယ်တော် တေးစီးရီးရဲ့
ဗီစီဒီကို မေလဆန်းမှာ ဖြန့်ချိတော့မှာပါ။ ကျွန်တော်ကတော့ တိမ်တွေနေတဲ့အရပ် ဆိုတဲ့ ခေါင်းစဉ်လေးကို
သဘောကျနေမိပါတယ် ကျောင်းဒကာ။ အဲဒီတိမ်တွေနေတဲ့အရပ် သီချင်းကိုတော့ ချစ်သုဝေက
ကိုယ်တိုင်ဒါရိုက်တာ လုပ်ပြီး နေတိုးနဲ့တွဲ သရုပ်ဆောင်ထားပါတယ်တဲ့။ မန္တလေးသူ မန္တလေးသားတွေအတွက်
မေလ ၄ ရက်နေ့ ညနေ ၆ နာရီမှ ၈ နာရီအထိ မနော်ရမန် ကစားကွင်းမှာ အမှတ်တရတွေ့ဆုံလက်မှတ်ထိုးပေးသွားမှာပါတဲ့။
ကဲ ချစ်သုဝေ ကို ချစ်ကြသူများ မနော်ရမန်ကစားကွင်းမှာ စောင့်ကြပါ။
အစစ်အမှန် ဗီစီဒီ လေးတွေကိုသာ ဝယ်ယူအားပေးပြီး ချစ်သုဝေလေးကို ချစ်ကြောင်းသက်သေပြ လိုက်စမ်းပါ ကျောင်းဒကာ။
ကျွန်တော်က အစောကြီးကတည်းက ဝယ်ပြီးပါပြီဗျာ။
ကျွန်တော်ကလည်း ချစ်တာကိုး…။

သဇင် ရဲ့ ဟန်းနီးမွန်းခရီး (နံနက်ခင်း)

ကိုဘွဲ့မှူးကြီးရေးပြီး စည်သူလွင် ဆိုခဲ့တဲ့ ဟန်းနီးမွန်းခရီး သီချင်းကိုတောင် သွားသတိရမိပါတယ်။
အဆိုတော် ရုပ်ရှင်မင်းသမီး သဇင်နဲ့ သူ၏ ခင်ပွန်းကိုသက်နိုင်အောင်ဇေယျ တို့ ဧပြီလ ၁၉ ရက်နေ့မှာ
ဒူဘိုင်းကို ဟန်းနီးမွန်း ကြပါတယ်တဲ့ဗျာ။ မနာလိုဖြစ်မနေပါနဲ့ ကျောင်းဒကာရယ်။
သူ့ယောက်ျားနဲ့ သူ့မိန်းမ သူတို့ဟာသူတို့ ဟန်းနီးမွန်းတာ ကိုယ်နဲ့ ဘာဆိုင်တာမှတ်လို့။
အဲ နည်းနည်း စိတ်ဝင်စားအောင် လှည့်ပတ်ရေးရရင်တော့ ဒီဟန်းနီးမွန်းခရီးက ဒူဘိုင်းဘုရင့်တပ်မတော်မှ လေယဉ်မောင်သူငယ်ချင်းနဲ့
ဇနီးလေယဉ်မယ်တို့က ခေါ်ယူလည်ပတ်စေခဲ့တာပါတဲ့။ တစ်ရက်ကို ဒေါ်လာ ၃၀၀ဝ ပေးရတဲ့ဟိုတယ်မှာလည်း
အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ကြပါတယ်တဲ့။ ဓါတ်ပုံရိုက်တယ်လို့ပဲ ပါတယ်နော်။ တည်းတယ်လို့ မရေးထားဘူး။
နောက်ထပ် စိတ်ဝင်စားအောင် လှည့်ပတ်ရေးရရင် သဇင်တစ်ယောက် ကုလားအုတ်ကြီး ပျော်ပျော်စီးခဲ့ပါတယ် တဲ့ ဗျာ။
သဇင်လေးက ကုလားအုတ်စီးရတာကိုလည်း သဘောကျပါတယ်တဲ့။
အော် ဘေးမှာ သူ့ယောက်ျားပါနေမှတော့ ဘာစီးစီး သဘောကျနေမှာပါ ကျောင်းဒကာရာ။ ချစ်စခင်စ ကြင်နာစ ဆိုတော့…။
ကုလားအုတ်ကြီး ပျော်ပျော်စီး ပါ မသဇင်။

သိပ်လေးစားတဲ့သူတွေကို ရေလောင်းလိုက်ရလို့ ပျော်နေတဲ့ ကြည်ဖြူရှင် (ပေါ်ပြူလာ)

ပြုံးမောင်မောင် ကတော် ဘယ်နှစ်ထပ်ကွမ်းအကယ်ဒမီလည်းမသိတဲ့ ခင်သီတာထွန်းရဲ့ တူမတော်
ဒါရိုက်တာ ကြည်ဖြူရှင် ဆိုတဲ့ ကလေးမလေး ကို ခင်ဗျားသိမှာပါ ကျောင်းဒကာ။
အသက်ကတော့ ဘယ်လောက်ဆိုတာ အတိအကျ မသိဘူးဗျာ။
အပျိုကြီးစာရင်းတော့ဝင်နေပါပြီ။ အပျိုကြီးဖြစ်တာလည်း မပြောနဲ့ဗျို့။
သင်္ကြန်မှာ ဘဲနဲ့ ကဲဖို့ စိတ်မကူးပဲ ပထမရက်တွေကို တရားစခန်းဝင်သတဲ့။ အတက်နေ့မှာ တရားစခန်းက ထွက်လာပြန်တော့
ဘဲကိုရေလောင်းဖို့ တို့ ဘဲကရေလောင်းရင် ရေလောင်းခံဖို့တို့ မကြံစည်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို ရေလောင်းဖို့ကြိုးစားပါတယ်တဲ့ဗျာ။
အေးလေ ဘဲ ကို မရှိတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ (နောက်ထှာ…)

အန်တီစုခြံထဲသွားပြီး အန်တီစုကို အစ်မရေလောင်းလိုက်ရတယ်။ အစ်မ တအားပျော်တယ်။
နောက်ကိုမင်းကိုနိုင်ကိုလည်း ရေလောင်းတယ်။ အစ်မရေလောင်းချင်တာကလည်း အန်တီစုရဲ့ ခြံထဲမှာပဲ ရေလောင်းချင်ခဲ့တာလေ။
ဒီနှစ်ရေလောင်းရတာလည်း အန်တီစုရဲ့ ခြံထဲမှာပဲ ဖြစ်နေတယ်။ အစ်မရင်ထဲက ဆန္ဒတစ်ခု ဒီနှစ်သင်္ကြန်မှာ ပြည့်သွားခဲ့တယ်။

ဟုတ်ပါပြီ ကြည်ဖြူရှင်ရယ်။ နောက်နှစ်သင်္ကြန်ကျရင် ကိုယ့်အတွက်လည်း ကိုယ်လုပ်ပါဦးဗျာ။

ချစ်သူက အနုပညာရှင်မဟုတ်၊ ပြင်ပကပါဆိုတဲ့ သတင်းများနဲ့ ဝတ်မှုန်ရွှေရည် (နံနက်ခင်း)

အဲဒါကြောင့် မင်းသမီးတွေနဲ့ မတွဲချင်တာ။
ဒီလိုဗျ။
ဒီသတင်းလေး ပြန်ပြောမပြခင် ဝတ်မှုန်ရွှေရည် ရဲ့ပြင်ပကချစ်သူဆိုတာ ကျွန်တော်မဟုတ်ကြောင်းလေး ကြိုရှင်းထားချင်တာပါ ကျောင်းဒကာ။
မတော် ကျွန်တော့်ကိုထင်နေရင် မကောင်းဘူးလေနော့။ အာဟီး။
ကျွန်တော်တို့ ရွာသား ဘကြီးတစ်ယောက် သိတ်ခိုက်ပါတယ်ဆိုတဲ့ ဝတ်မှုန်ရွှေရည်လေးကို
ကျွန်ုပ်တို့၏ နံနက်ခင်းသတင်းထောက်က မေးခွန်းလေးမေးပါတယ်။
သတင်းတစ်ခုဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ရဲ့ ချစ်သူဟာ ပြင်ပလောကက ဆိုတာ ဟုတ်လား
ကြည့် အင်တာဗျူးဆရာနှယ်။ အဲဒီလို ဒဲ့ကြီးသွားမေးလိုက်တော့ ကလေးမလေးမှာ ရှက်ရှာမှာပေါ့။ လူဇိုး။
ဝတ်မှုန်ရွှေရည်လေးက ရှက်ရှက်နဲ့ ဖြေရှာတယ်။

ဟင်င်င် … သတင်းကလည်း မြန်လိုက်တာ။ ကစ်က စဉ်းစားတုန်းပဲ ရှိပါသေးတယ်

လို့ ပြောပြီး ရယ်ပါတယ်တဲ့။
ဟုတ်သားပဲ။ ကျွန်တော်က ခုမှ ကမ်းလှမ်းထားတုန်းရှိသေးတာ။
သတင်းက ပေါက်ကြားတာသိတ်မြန်တာပဲ။ အဲဒါကြောင့်မင်းသမီးတွေနဲ့ မတွဲချင်တာ။

ကိုယ်တိုင်ဇာတ်ထောင်လိုက်တဲ့ စွမ်းဇာနည် (နံနက်ခင်း)

ဟိုတလောက ဇာတ်ကန်ထရိုက်နဲ့ ပြသနာတွေဖြစ်လို့ ဇာတ်သဘင်အစည်းအရုံးမှာ သွားရောက်ဖြေရှင်းခဲ့ရတဲ့
ဇာတ်မင်းသားလေး စွမ်းဇာနည် သတင်းကို မှတ်မိဦးမှာပေါ့ ကျောင်းဒကာ။ အခု စွမ်းဇာနည်က သူ့နဲ့
စာချုပ်ချုပ်ထားတဲ့ ဒေါ်ကေသီညွန့် နဲ့ လမ်းခွဲပြီး ကိုယ်ပိုင် ဇာတ်ထောင်လိုက်ပါတယ်တဲ့။
အဲဒီ စွမ်းဇာနည်ကို နံနက်ခင်းက ဗျူးဆရာက အင်တာဗျူးထားတဲ့အထဲက ပြုံးစရာလေးတစ်ကွက်လောက် ဆွဲထုတ်ပြချင်ပါတယ်။

အားပေးနေတဲ့ပရိသတ်ကို ဘာပြောချင်လဲ။
ကျွန်တော့်မကောင်းသတင်းလေးတွေ နည်းနည်းမွှေးနေတယ်လို့ ကြားရပါတယ်။
အဲဒါအမှားလား။ အမှန်လားဆိုတာ ကျွန်တော့်ပရိသတ်အစစ်တွေက သိကြပါတယ်။
ပဲခူးပွဲမှာ ၁ဝ ညလုံးကြည့်တဲ့ ပရိသတ်တောင်ရှိပါတယ်။ ဆိုလိုတာက ကျွန်တော်အမှားတွေလုပ်နေရင်
အဲဒီလောက်ဘယ်အားပေးပါ့မလဲဗျာ။ မဟုတ်ဘူးလား။ ကျွန်တော့်ကိုအထင်သေးတာထက်
ဇာတ်မင်းသားနဲ့ သဘင်လောကကို အထင်သေးမှာကို မလိုလားပါဘူး။ ကျွန်တော်မဟုတ်တာတွေ ဘာမှ မလုပ်ပါဘူးလို့။

ပြုံးမိတယ်။ ပြုံးမိပါတယ်။ အော် … ပြုံးစရာမို့ ပြုံးပါသည်ပေါ့ခင်ဗျာ။
၁ဝ ညလုံး ကြည့်တဲ့ ပရိသတ်တောင် ရှိဆိုတော့ အော် ဘယ်လို ပရိသတ်မျိုးပါလိမ့်နော်။

မိုးပြည့်ပြည့်မောင် ဗိုက်ကြီးခြင်း (နံနက်ခင်း)

မြန်မာစကားက တော်တော် ရှုပ်ပါတယ် ကျောင်းဒကာရယ်။
ဗိုက်ကြီးတာနဲ့ ကိုယ်ဝန်ရှိတာ ဘာများကွာခြားလို့လဲ။
နံနက်ခင်းက သတင်းက ရင်သွေးလေးလွယ်ထားရပြီဖြစ်တဲ့ မိုးပြည့်ပြည့်မောင်တဲ့။
သတင်းထဲမတော့ ကိုယ်ဝန်က သုံးလ ရှိနေပါပြီတဲ့။
ဟုတ်ကဲ့ ကျွန်တော်က ခေါင်းစဉ်တတ်လိုက်တာ မိုးပြည့်ပြည့်မောင် ဗိုက်ကြီးခြင်းတဲ့။ ရိုင်းများသွားသလား ဟင်င်င်။
ကဲ အနှစ်ချုပ်ကတော့ စိုင်းမိုးစံနဲ့ အိမ်ထောင်ကျထားတဲ့ မိုးပြည့်ပြည့်မောင်တစ်ယောက် ကိုယ်ဝန်သုံးလ ရှိနေပါပြီတဲ့။
အဲဒါလေး သတင်းပေးချင်တာ။
ရှုပ်နေတာပဲ။
ကိုယ်ဝန်ရှိတာတွေရော။ ရင်သွေးလွယ်ထားရတာတွေရော။
ဗိုက်ကြီး ကြီးတယ်ပေါ့ နော့…။

NLD ပါတီမှ ရွေးချယ်ခံထားရသော ကိုယ်စားလှယ်များ လွှတ်တော်မတက်ရောက်သေးသည့်အပေါ် မြန်မာအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌ ကိုကောင်းမြင့်ထွဋ် ၏ အမြင် (Messenger)

ထူးထူးခြားခြား ပါတီဥက္ကဌ တစ်ဦးရဲ့ ဒိုင်ယာလော့ခ် လေး ဖတ်ကြည့်ကြပါဗျာ။

အမှန်တကယ်တော့ဗျာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မှာနဲ့ လေးစားလိုက်နာတယ်ဆိုတာ ကုလားကြီးနဲ့ အရာကြီးပါပဲ။

ပျင်းစရာကောင်းလိုက်တဲ့ ဒိုင်ယာလော့ခ်။
ကာကွယ်စောင့်ရှောက်တာနဲ့ လေးစားလိုက်နာတာ အတူတူပဲတဲ့။
ဗဒင်ကြီးအော်သလိုသာ အော်လိုက်ချင်တော့တယ် ကျောင်းဒကာ…။
သူက…။

မင်းကွန်းဆရာတော်ကြီး၏ တောင်းဆိုချက် ၃ ခု (Hot News)

ဒါလေးက ပျံလွန်သွားရှာပြီဖြစ်တဲ့ မင်းကွန်းဆရာတော်ကြီးနဲ့ ဦးခင်ညွန့်တို့ရဲ့ စိတ်ဝင်စားစရာ ကိစ္စလေးတစ်ခုပါ။
ဒေါက်တာထူးထူး ဆိုတဲ့ ဆရာ ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ထဲက ကောက်နှုတ်တင်ပြလိုက်တာပါ။
ဆောင်းပါးပါခဲ့တဲ့ Hot News ဂျာနယ်က 24-2-2012 နေ့စွဲနဲ့ ထုတ်ဝေခဲ့တာပါ။
၂ လကျော်လောက်တောင် ရှိရောပေါ့။ မင်းကွန်းဆရာတော်ကြီး ပျံလွန်တော်မမူမီ ကျန်းမာရေးစောင့်ရှောက်ခွင့်ရခဲ့သော သမားတော်ကြီး (ပါမောက္ခချုပ်) ဒေါက်တာဦးထွန်းသင်မှ ဆောင်းပါးရှင်အားပြောပြခဲ့သော ကိစ္စတစ်ခုအကြောင်းဖြစ်ပါသည်။
ဆရာကြီး၏ ပြောပြချက်အရ ဆရာတော်ကြီး မပျံလွန်မီ ရက်ပိုင်းအလိုတွင် မင်းကွန်းသို့ တစ်ခါက
ဗိုလ်ချုပ်ခင်ညွန့် လာရောက်ခဲ့သည့်ကိစ္စကို ပြောပြပါသည်။ ဦးခင်ညွန့်က ဆရာတော်ကြီး၏ အခြေအနေကို
တာဝန်ယူကုသပေးနေသည့် သမားတော်ကြီး ဒေါက်တာဦးထွန်းသင် ကို မေးမြန်းရာ ဆရာတော်ကြီး၏ အခြေအနေမှာ
ရက်ပိုင်းအတွင်း ပျံလွန်တော်မူတော့မည် ဖြစ်ကြောင်း၊ မီးစာကုန် ဆီခန်း အခြေအနေဖြစ်ကြောင်း ဆရာကြီးက ရှင်းပြခဲ့ပါသည်။
ထိုအခါ ဗိုလ်ချုပ်ခင်ညွန့်က ဆရာတော်ကြီးအား ရှစ်ခိုး၍ ဖြစ်ချင်သည့် ဆန္ဒကိုပြောပါ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါမည်ဟု
ပြောကြောင်း၊ ဆရာတော်ကြီးက အချက် ၃ ချက် တောင်းဆိုခဲ့ကြောင်း အဘ ဦးထွန်းသင် က ပြောပြခဲ့ပါသည်။
၎င်းတို့မှာ (၁) ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးပါ။ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည်
တိုင်းပြည်လွတ်လပ်ရေးအတွက် ကျေးဇူးရှင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဘာသာတရားကို အလွန်ကိုင်းရှိုင်းကြောင်း၊
ဉာဏ်ပညာကြီးမားပြီး အရည်အချင်းပြည့်ဝကြောင်း၊ နိုင်ငံနှင့်လူမျိုးအတွက် အများကြီးအလုပ်အကျွေးပြုနိုင်ကြောင်း မိန့်ဆိုခဲ့ပါသည်။
(၂) သီတဂူဆရာတော် ဦးဉာဏိသရကို ပြည်ဝင်ခွင့်ပြန်ပေးပါ။ (ထိုစဉ်က ဆရာတော် မှာ နိုင်ငံခြားတွင်သာ သတင်းသုံးနေရပါသည်။
“မင်းတို့ကြိုက်ကြိုက် မကြိုက်ကြိုက် သီတဂူဆရာတော် ဟောသမျှ တရားတွေဟာ ကျမ်းဂန်နဲ့ မဆန့်ကျင်”၊
ဦးဉာဏိသရကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးရင် အမျိုးဘာသာ သာသနာအတွက် အလွန်အကျိုးကျေးဇူးရှိလိမ့်မယ် ဟု
မိန့်ကြားခဲ့ပါသည်။
(၃) အချက်မှာ တိပိဋက ဆရာတော် ဦးသုမင်္ဂလကို မြစ်ကြီးနားထောင်မှ လွှတ်ပေးဖို့ ဖြစ်ပါသည်။
“တိပိဋက ရတာချင်းအတူတူ ငါ့ကိုတော့ ချီးမြှောက်ပူဇော်ပြီး ဟိုဆရာတော်ကိုတော့ ထောင်ချထားတာ ငါလုံးဝစိတ်မချမ်းသာဘူးဟု တောင်းဆိုခဲ့ပါသည်။
ဦးခင်ညွန့်က ဒေါ်အောင်ဆန်းစုကြည်ကိစ္စ သူမဆုံးဖြတ်နိုင်ကြောင်း၊ ကျန်တဲ့ ၂ ချက်ကို တာဝန်ယူပါကြောင်း ပြန်လည်အာမခံခဲ့သည်။
ထို့ကြောင့် ဆရာတော် ဦးဉာဏိသရမှာ မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရခဲ့ပြီး ဆရာတော်ဦးသုမင်္ဂလမှာလည်း မြစ်ကြီးနားအကျဉ်းထောင်မှ
ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ဆရာကြီး ဦးထွန်းသင်မှ ပြန်လည်ပြောပြခဲ့ပါသည်။
ကဲ အခု ဆောင်းပါးပါ မင်းကွန်းဆရာတော်ကြီးက ပျံလွန်တော်မူသွားခဲ့ပါပြီ။
ဆရာကြီးဦးထွန်းသင်ကလည်း ကွယ်လွန်ခဲ့ပြီးပါပြီ။ တစ်ယောက်ပဲ ကျန်ပါတော့တယ်။
ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ဦးခင်ညွန့် ပါပဲခင်ဗျာ။ ဒီဆောင်းပါးရှင်ကလည်း ဆရာကြီးဦးထွန်းသင်ရဲ့တပည့်တစ်ယောက်ပါ။
သူက ဆရာကြီးဦးထွန်းသင် ပြောသွားခဲ့တဲ့ အဖြစ်အပျက်တွေ ကို အတည်ပြုချင်ပုံရပါတယ်။
ကဲ… ဦးခင်ညွန့် ရေ။
ကျန်းမာရေးကောင်းတုန်းလေး ဒီကိစ္စ သမိုင်းမှန်မမှန် ရှင်းပါဦးဗျာ။
မတော် တစ်ယောက်တည်းကျန်တဲ့ ဦးခင်ညွန့် တစ်ခုခု ဆို သမိုင်းဂွင်းဆက်ပြတ်သွားရင် မခက်လား ကျောင်းဒကာရယ်။

အလှူလမ်းညွှန်စာအုပ်ဖြန့်ဝေမည် (Education Digest)

အလှူရှင်များနှင့် အမှန်တကယ်လိုအပ်သော လှူချင်စဖွယ်နေရာများကို ချိတ်ဆက်ပေးမည့် “အလှူလမ်းညွှန်” စာအုပ်ကို
အခမဲ့ဖြန့်ဝေမည်ဟု သိရပါသည်။
အလှူလမ်းညွှန်စာအုပ်တွင် အလှူရှင်လိုအပ်နေသော လူမှုရေးအသင်းအဖွဲ့၊ လူငယ်စောင့်ရှောက်ရေးဌာန၊ ပရဟိတဂေဟာ၊
သက်ကြီးဂေဟာ၊ ကုသိုလ်ဖြစ်ဆေးခန်း စသည်တို့နှင့် ၎င်းတို့လိုအပ်ချက်များ၊ လူဦးရေ ခန့်မှန်းကုန်ကျငွေနှင့် လိပ်စာတို့ပါဝင်သည်။
လှူဒါန်းလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၎င်းဌာနများသို့ သွားရောက်မလှူဒါန်းနိုင်ပါကလည်း အလှူဝန်ဆောင်မှုအခမဲ့
ကုသိုလ်ယူပေးမည်ဟု သိရပါသည်။ ယခု လတ်တလောတွင် ရန်ကုန်မြို့တွင်း၌သာ ကုသိုလ်ပြုပေးနိုင်သေးသည်ဟု သိရသည်။
စာအုပ်ထုတ်ဝေသည့် Help Our People & Environment (HOPE) အဖွဲ့၏ အလုပ်အမှုဆောင် ကိုအောင်စည်လင်းက
“အခုလောလောဆယ် အထည်ချုပ်စက်ရုံလုပ်ငန်းရှင်တစ်ဦးက အဝတ်အထည် ၅၀ဝ လှူဒါန်းချင်တဲ့အတွက် ကူညီပေးဖို့ စီစဉ်နေပါတယ်။
အမှန်တကယ် လိုအပ်တဲ့ နေရာကို သွားလှူပေးမှာပါ” ဟု ပြောသည်။
ကဲ…ရွာထဲက လှူနိုင်တန်းနိုင်ကြသူတွေ၊ လှူချင်ကြသူတွေအတွက် HOPE အဖွဲ့ရဲ့ လိပ်စာ ကို ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။
အမှတ် (၂၇)၊ ၄-လွှာ (ဘီ)၊ ၁၄၈-လမ်း၊ ပျားရည်ကုန်းရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း – ဝ၉၅၀၁၈၃၂၉

ဒီတစ်ခါ ဓါတ်ပုံတွေကတော့ ပုဂံသွားတုန်းက ဧရာဝတီမြစ်ထဲက လှေကလေးတွေကို လက်ဆော့ထားတဲ့ပုံလေးတွေပါ။

လှေ ၁။

လှေ ၄။
လှေ ၅။

လှေဆိပ် ။

53 comments

  • htet way

    May 4, 2012 at 11:54 am

    ဆရာ ဘလက်
    ကိုရွေးကဗျာတွေက သိပ်ကောင်းပါတယ် နဂိုက ဟန်သစ် မဂ္ဂဇင်းနဲ့ တေးကဗျာ မဟေသီ
    တွေထဲမှာ စောင့်ဖတ်ရတဲ့ ဆရာပါ။ ခင်ဗျား ဒီကဗျာလေးကို ပြန်ဖေါ်ပြတာ ကျေးဇူးပါ
    နောက် ဆရာနေဝင်းမြင့် ကျန်းမာရေးသတင်း။ ဆရာက သိပ်တန်ဖိုးရှိတဲ့ လူပါ။ တောကျီးကန်းစာအုပ် ဖတ်ကြည့်ဗျာ။ နက်စ်ကော်ဖီကို တော်တော်ကြိုက်တယ် ဝတ္ထုတိုတွေ က အကုန်ကောင်းတယ်ဗျ
    ကျွန်တော်ကတော့ တောပြဇာတ်ဆိုတဲ့ ဝတ္ထုလေးကြိုက်ပါတယ်။ ခင်ဗျား အားရင် ကျွန်တော် မြို့ လာလည်စေချင်တယ်။ ဓါတ်ပုံရိုက်စရာတွေချည်းပဲ ပြချင်တယ်။
    အေးဗျာ မိုးပြည့်ပြည့်မောင်တောင် ကိုယ်ဝန်ရပြီပဲ ။ကျွန်တော်က ပြုံးမိတယ် ။ဒီ အပြုံးကို တွေ့ရင် ပြောပြ ပါ့မယ်။ဟဲဟဲ..။

  • Moe Z

    May 4, 2012 at 12:01 pm

    ဘဘ ဘလက်ရေ လှေကလေးနှစ်စင်း (နှစ်စီးလို့သုံးရမှာလားမသိ) 😛
    ပုံကို ကြိုက်လို့ကူးသွားပါတယ် …. “If” ကဗျာလေးကို အရင်ကတော့ဖတ်ဖူးတယ် ဘယ်ထဲသိမ်းမိမှန်းမသိလို့ ပြန်ကူးသွားပါတယ် … ကျေးဇူးပါနော်
    ဟီး .. ကူးတာတွေများနေပြီ
    ……………………………………..
    ဪ ဟိုမင်းသမီးကိစ္စကိုတော့ မဖွတော့ဘူးနော်
    ချစ်သုဝေရဲ့ခွေကတော့ CD ထွက်ကတည်းက ဝယ်ပြီးပါပြီ
    အော်ရီဂျင်တယ်ပဲ အားပေးပါတယ် ဒါပေမယ့် … 🙁
    စကားအတင်းစပ်ရရင် ကျနော်ကော်ပီမရေးဘူးလို့ပြောတဲ့
    ဟိုအဆိုတော်ကိုလည်း အားပေးနေပါတယ်လို့

  • ဗိုက်ကလေး

    May 4, 2012 at 12:02 pm

    ကျောင်းဒဂါရေ
    လောလောဆယ် အန်တီစု ဘာသာပြန်ကဗျာနဲ ့ လှေပုံလေးတွေ အားပေးတွားပါတယ်
    အခုလို ဆိုက်ကားနားတုန်းလေး ပြေးပြီး ဝင်အားပေးတွားတာလဲ နိုင်ငံရေးပဲပေါ့နော်..
    နော်..အူးလေးနော်..လက်မတွေထောင်သွားပါတယ်

  • aye.kk

    May 4, 2012 at 12:06 pm

    စေတနာတွေ…
    ဝေဖြာရေးတတ်…
    ဖတ်ရသူက…
    မဝနိုင်တော့…
    ချိုပေါ့ကျသစ်…
    ဆယ့်နှစ်ကိုဖြစ်ဆက်သောက်ချင်သေး။။

  • nozomi

    May 4, 2012 at 12:22 pm

    မျှော်လိုက်ရတာ ဆရာရယ်

    ကိုဖြူလှကြီး တိုက်တဲ့ ချိုပေါ့တွေထဲ ဒီ ချိုပေါ့တော့ အကြိုက်ဆုံးဗျို့

    ဆရာနေဝင်းမြင့်ကို ကြိုက်သလို ဆရာမခင်ခင်ထူးကိုတော့ ပို သဘောကျမိတယ် ခင်ဗျ
    အညာလေ အညာဓလေ့လေးတွေနဲ့ ဖတ်လိုက်မိရင် မရပ်ချင်တော့တဲ့ စာလေးတွေ ရေးတတ်သူတွေပဲ
    ခင်ခင်ထူး နဲ့ လက်ရာတူ ကျွန်တော်တို့ ရွာသူ ဆရာမ မှီ လဲ စာမလာ သတင်းမကြားနဲ့ လွမ်း မိ မျှော်မိပါတယ် ၊ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာနဲ့ မီးဖွားပြီး အမြန်ဆုံး ရွာထဲပြန်ဝင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ

    ကိုယ့်မြို့ကိုယ်ပြန်သိမ်းရမဲ့လူတွေကို အမြန်ဆုံး ပြန်သိမ်းနိုင်ပါစေ လို့ စိတ်ဓါတ်ခွန်အားလေးတွေ ပေးချင်ပါတယ်

    အလှူလမ်းညွှန်ကတော့ တကယ်ကို ဖြစ်စေချင်တဲ့ ကိစ္စပါ ကျွန်တော်ရော တချို့ရွာသူရွာသားတွေရော ဒီကိစ္စကို ပြောဘူးကြပါတယ် ဘယ်သူပဲလုပ်လုပ် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာတော့ ဝမ်းသာရတာပေါ့
    ကိုဖြူလှကြီးလဲ အဆင်ပြေမယ် ဆို အဲဒီစာအုပ်ထဲက အကြောင်းအရာတွေကို ရွာသားတွေသိအောင် ပို့စ် အနေနဲ့တင်ပေးပါလားဗျာ စာအုပ်ဖတ်မိရင် တစ်ယောက်ပဲ သိရမယ် ရွာထဲမှာဆိုတော့ ရွာသူ ရွာသားအားလုံးသိရတာပေါ့

    လှေပုံတွေကတော့ တကယ့် ပရိုဓါတ်ပုံဆရာဖြစ်ပြီးဆိုတာ သက်သေပြနေတယ်၊ ပညာတွေ ရှိုမထားပါနဲ့ သင်ပေးပါဦး

    ကိုဖြူလှကြီး ကဘရန်းတွေ ခဏခဏပြောင်းတတ်တယ် တံခါးစောင့်လိုက်၊ ပေါက်တူးနဲ့တူးလိုက် ချိုပေါ့ဖျော်လိုက်နဲ့ ဒီလဖက်ရည်ဆိုင်လေးတော့ ခဏနဲ့ မရပ်လိုက်ပါနဲ့နော

    အော် မေ့တော့မလို့ အိမ်ရောက်ခါးနီး မိန်းမယတြာချေခိုင်းတဲ့ ဖတ်..ဖတ်…လုပ်ဖို့ မမေ့နဲ့ဦး ဗျို့
    လှည်းတန်းက ကောင်မလေးနဲ့ မိတ်ဆက်ပေးလို့ ကျေးဇူးတင်ပါတယ်နော

    • ဗိုက်ကလေး

      May 4, 2012 at 12:43 pm

      အဟင့်
      တားကိုကျတော့ မိတ်မဆက်ပေးဘူး…
      အငယ်လေးနဲ ့ တိုင်ပေါမယ်

  • aye.kk

    May 4, 2012 at 12:43 pm

    အေးမြတဲ့ရေ..
    လောင်းလှေလေးရယ်..
    တကယ်ကိုကြည်နှူးမိပါ၏..
    စေတနာတွေ..
    ဝေဝေဆာဆာ..
    ရေးခါတင်ပြ..
    ဖတ်ရတာကို..
    မဝနိုင်တော့
    ချိုပေါ့ကျသစ်..
    ဆယ့်နှစ်ကိုဖြစ်ဆက်သောက်ချင်သေး။။

  • Inz@ghi

    May 4, 2012 at 12:48 pm

    လှေပုံတွေ တင်ပြီပေါ့…
    ကောင်းလေစွ ဘဘဘလက်ရေ….

    နောက်မှ ပြန်လာခဲ့ပါ့မယ်ဗျာ

    ခင်တဲ့
    ဂီ

    ဖတ်ဖတ်ဖတ် …..
    အာဟိ

  • Shwe Tike Soe

    May 4, 2012 at 12:57 pm

    ကျွန်တော် ဦးဘလက် ချိုပေါ့ကျမှာ တစ်ခါမှ ဝင်မမန်.ဘူးပါဘူး… ဖတ်ပဲဖတ်တာပါ.. ဘာလို.လဲဆိုတော့.. ကျွန်တော် ကော်မန်.နဲ. ဦးဘလက် ချိုပေါ့ကျကို ရေနွေးရောသလိုဖြစ်ပြီး အရသာပျက်သွားမှာစိုးလို.ပါ… 😀
    အခုတော့ မြို.သိမ်း ကဗျာလေးကြောင့် မနေနိုင်မထိုင်နိုင် ဝင်မန်.ရပါပြီ….
    မန္တလေးဆိုတာ မြို.ကျင်းကျင်းလေးပါ.. ဒါပေမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှု ပြယုဒ်တွေ မပျောက်ပျက်သေးတဲ့မြို.သေးသေးလေးပါ…
    မန်းလေးသူမန်းလေးသားတွေ မန်းလေးစွဲ ရှိတယ်ဆိုတာတော့ ဝန်ခံပါတယ်…. အဲဒါက အမေမွေးကတည်းက ပါလာတဲ့ အစွဲခင်ဗျ… ဘယ်လိုမှ ထိန်းလို.မရဘူး…
    ဒါပေမယ့် ရွှေတိုက်စိုး မင်း မန်းလေးပဲချစ်တာလားဆိုတော့ မဟုတ်ပြန်ဘူးခင်ဗျ…. အကုန်ချစ်ပါတယ်..
    ဥပမာပြောရရင်… မန်းလေးနဲ. ရန်ကုန် ဘောလုံးအသင်းကန်ကြရင် မန်းလေးကွ မန်းလေးကွ နဲ.အားကြိုးမာန်တက်အားပေးသလို.. မြန်မာနဲ. ထိုင်းနဲ. ကန်ကြရင် မြန်မာကွ မြန်မာကွနဲ. အားပေးသလို.ပေါ့ဗျာ….
    ချစ်ပါတယ်… မန္တလေးကို လဲ ချစ်တယ် မြန်မာနိုင်ငံကိုလဲ ချစ်တယ်… အားလုံးကိုချစ်ပါတယ်..
    အခု ကျွန်တော်တို.တတွေ မန်းလေးမှာ မြို.ထဲအကုန် လူငန်တွေဝင်နေတယ်ဆိုတာ ငွေအား၊လူအား၊ ဟိုပေးကမ်းဒီပေးကမ်းတွေကြောင့် အားမတန်မာန်လျော့ ရောင်း မြို.သစ်နေ စီပွားရေးလုပ်နေကြရတာပါ…. ဘာမှအားမငယ်ပါနဲ. ကဗျာဆရာ ရေ. ကျုပ်တို.လူငယ်တွေ အားမွေးနေပါတယ်… တစ်နေ.နေ.တချိန်ချိန် (ကျုပ်တို.မဟုတ်တော့ရင်တောင် ကျုပ်တို. မျိုးဆက်တွေက) မြို.ထဲပြန်ဝင်ကြမှာပါ စိတ်ချပါ…
    အဲဒီရေငန်တွေ ကျွန်တော်တို. ကျုံးရေကိုဖြတ်ပြီး မြို.ရိုးထဲအထိတော့ ဝင်လို.မရနိုင်ပါဘူး… အဲဒါတော့သေချာတယ်..ဗျ
    ပြီးတော့ နိုင်ငံခြားသားမြေပိုင်ရှင်ဆိုတာ ဥပဒေမှာလဲ မရှိပါဘူးဗျာ…နော့
    အဲဒါကြောင့် ကဗျာဆရာရေ.
    ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ
    ရောင်းရင်းတို့
    သူငယ်ချင်းတို့
    ညီရင်းအစ်ကိုတို့
    မြို့ချစ်သကောင့်သားကြီးတို့
    သတိတရားလက်ကိုင်ထားကြ
    ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ
    ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ။
    ကိုယ့်မြို့ကို ကိုယ် မြန်မြန်ပြန်သိမ်းကြ။

    ဆိုတဲ့ ဆရာ စာကို ကျွန်တော်တို.လူငယ်တွေ ကြိုးစားအားထုတ် မောင်းထုတ်ပါမယ်လို. ကတိပြုပါတယ်ဗျာ….
    မန်းလေးသားမဟုတ်တဲ့ မန်းလေးကိုချစ်တဲ့ ဦးဘလက်ကိုလဲ ဒီစာလေးနဲ. ကျေးဇူးတင် ဂုဏ်ပြုလိုက်ပါရစေ.. 😀

  • TTNU

    May 4, 2012 at 1:25 pm

    ကိုချောရေ…
    ကျန်းမာရေးကောင်းပါရဲ ့လား။ အလှူလိုက်မသွားဖြစ်ဘူးလား။
    ဒီတစ်ခေါက် ချိုပေါ့ကျထဲမှာ ( မင်းကွန်းဆရာတော်ဘုရားကြီးနဲ့ ဗိုလ်ညွန့်ကိစ္စ)
    စိတ်ဝင်စားတယ်။ အရင် တစ်ခါမှ မကြားဖူးသေးဘူး။

    လှေလေးတွေပုံက အခုထိပေါ်မလာသေးဘူးတော့။
    နောက်တစ်ခေါက်မှ ထပ်မန့်တောမယ်နော်။

    မေတ္တာဖြင့်
    တီချာနု

  • amatmin

    May 4, 2012 at 1:26 pm

    ကိုဘလက်ရေ…
    >ကျောင်းဒကာပြောတဲ့ နိုင်ငံရေးလေးက လှသဗျာ..
    လူကြီးတွေ လုပ်တဲ့ နိုင်ငံရေး..ဖြစ်ဖြစ်
    လူငယ်တွေလုပ်တဲ့ နိုင်ငံရေး..ဖြစ်ဖြစ်
    သေချာတာကတော့ ဘက်မှန်ဖို့ တော့ လိုသလားလို့..
    ဆိုတော့ သမိုင်းလှမဲ့ နိုင်ငံရေးလုပ်ဖို့အရေး..ဒို့အရေးပေါ့ဗျာ.. 🙂

    >ကျနောကတော့ ” အကယ်၍ ” ကဗျာကိုဖတ်ပြီး ယောက်ျားကောင်း..ယောက်ျားကောင်း ..ယောက်ျားကောင်း
    ဆိုတာချည်းပဲ နားထဲစွဲနေသဗျ..ဒါပေမဲ့ အဲဒီ ယောက်ျားကောင်းတွေဖြစ်ဖို့အတွက်လမ်းညွှန်..
    ဘာသာပြန်ပေးတဲ့ လေးစားလောက်ဖွယ် မိန်းမကောင်းကိုလည်း ဦးညွှတ်ရင်း ကျေးဇူးတင်ပါ၏…

    >မြို့သိမ်းကဗျာအကြောင်းလေးကိုတော့ ..
    မန်းလေးသားစစ်စစ်တွေ ပြောတာကိုပဲ နားထောင်တော့မလား လို့.. 🙂

    >အင်း…တရားစွဲတဲ့ အကြောင်းပြောရရင်တော့ .ကြံ့ဖွံ့ ပါတီကလည်း ဒီမိုကရေစီ တရားစီရင်ရေး စနစ်ကို ယုံကြည်လို့နေမှာပါ..
    သည်းခံလိုက်ပါ ကျောင်းဒကာရယ်..အချိန်တန်ရင် ဘယ်သူကကျား..ဘယ်သူကနွားလဲ သဲကွဲလာပါလိမ့်မယ်..

    >NLD လူထွက် ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဦးကျော်ဆန်းလုပ်တာကိုကျတော့ အထုပ်ဖြေနိုင်ငံရေး (သို့)ငါ့ဖို့ နိုင်ငံရေး .
    ဘယ်လိုများခေါင်းစဉ် တပ်ရင်ကောင်းမလဲ ဗျ..

    >အော်..မျိုးကျော့မြိုင်နဲ့ မခိုင်မှ မဟုတ်ပါဘူးဗျာ..
    လူတိုင်းလူတိုင်း အချစ်ကိုယ်စီနဲ့ အပြစ်မမြင်ကြရင်.. ဝိုင်းအားပေးချင်ကြတာ ကိုယ်အမျိုးတွေပါပဲဗျ..
    အမေစု နဲ့ သမ္မတကြီး ကိုပဲ လက်တွေ့ကြည့်ပါ ကျောင်းဒကာကြီးရယ်.. 😛

    >ဒါရို်က်တာကြည်ဖြူသျှင်ကတော့ ရိုးရိုးလေးဝတ်စားဆင်ယင်ပြီး အဆင့်ရှိတဲ့ ရိုက်ချက်တွေ ကြောင့်လေးစားပြီးသားမို့ ..
    အခုလို စိတ်ဓါတ်ကောင်းကလေးရှိမှန်းပါ သိရတော့ အချိုပေါ်သကာလောင်းပေါ့ဗျာ.. အားပေးပါသည်..ကြည်ဖြူသျှင်

    >မင်းကွန်းဆရာတော်ကြီးနဲ့ ဦးခင်ညွန့် အကြောင်းလေးဖတ်လိုက်ရတော့ အခုဒီဆောင်းပါးထည့်သွင်းပေးတဲ့ Hot News..
    ဂျာနယ်က အယ်ဒီတာချုပ်ကြီး ဒေါ်မမ က အဘဦးခင်ညွန့်ကို လက်အုပ်ချီပြီး တွေ့ဆုံဂါရဝပြုတာလေးကို ပြေးမြင်လိုက်မိတယ်ဗျာ..
    အော် ကိုယ့်မျက်စိကိုကလည်း ကန့်လန့်မြင်မိနေရင်တော့ ခွင့်လွှတ်ပါ ကျောင်းဒကာရေ.. 🙂

    >အလှူလမ်းညွှန် စာအုပ်လေးအကြောင်းဖတ်ရတော့ ရွာထဲက စီဂျေကြီးကိုထူးဆန်းရဲ့ ဘာလှူရမလဲ ပို့စ်ကိုတောင်သတိရမိသေးး
    အလှူပြုနိုင်ကြဖို့ ဆော်ဩပေးတာကိုက အတော်မွန်မြတ်နေပြီမို့..
    ရွာသားကြီး ကိုထူးဆန်းရော..HOPE အဖွဲ့ကိုပါ လက်ခုပ်တီးအားပေးပါကြောင်းး

    ဒါနဲ့ ကိုဘလက်ရဲ့လှေကလေးတွေ ကိုမြင်မိတော့ လှေကလေးပေါ်မှာ ဝိုင်းကလေးဖွဲ့ လိုက်ရရင်..
    အတော်ကောင်းမယ်လို့ အတွေးလေးပေါ်ရင်း.. 😛
    လောလောဆည်တော့ လက်ဘက်ရည်ရှယ်လေးကို.. ဇွတ်အတင်းကို ဂလုသွားပါကြောင်း.

    • amatmin

      May 4, 2012 at 2:17 pm

      ကိုဘလက်ရေ..
      လက်ဗျာ..လက် ..လက်မကလေး.အဲ့ဒါလေး ထောင်ခဲ့ကြောင်းပြောဖို့ မေ့သွားလို့… 😛

  • windtalker

    May 4, 2012 at 2:27 pm

    အစ်ကိုချော က အမေလို့ ခေါ်မှတော့ ကျုပ်တို့က အဖွားလို့ ခေါ်ရတော့မှာပေါ့ဗျာ။

    • zarlay

      May 11, 2012 at 2:20 pm

      ဪဦးလေးရယ် အဘွားလို့ခေါ်ချင်ရင် တင်ထားတဲ့ပုံကို အရင်ပြောင်းလိုက်ပါဦးကွယ်

  • အိမ်လွမ်းသူ

    May 4, 2012 at 2:55 pm

    အားပေးသွားပါတယ် ကိုဘလတ်ရေ။ ဆရာနေဝင်းမြင့် ကျမ်းမာရေမကောင်း တာသိရတော့ စိတ်မကောင်းဖြစ်မိပါတယ် ။ အမြန်ဆုံး ကျမ်းမာပါစေလိုလဲ စုတောင်းပေးပါတယ်။ ဆရာစာ တွေသိပ်မဖတ်ဖြစ် ပေမယ့် ဆရာရဲ့ စာပေဟောပြော ပွဲအတော်များများကို ကြည်ဖူးပါတယ်။ လင်မယား နစ်ယောက်လုံး ကစိတ်ထားကောင်းပြီး ရိုးသားကြမယ့် ပုံပါ။ ဒါကြောင့် လဲ သူတို့ရဲ့စာပေ ချစ်သူတွေက တတ်နှိုင်သလောက် ထောက်ပံကြတာပေါ့။ လှေပုံလေးတွေလဲ ကူးသွားပါတယ် ခင်ဗျား။

  • kai

    May 4, 2012 at 2:57 pm

    ဦးခင်ညွှန့်လွတ်တော့.. ဇာဂနာက သူ့အိမ်သွားတယ်မဟုတ်လား..
    အဲဒီအချိန်မှာ.. ဦးခင်ညွှန့်အိမ်မှာ.. သီတဂူဆရာတော်ရောက်နှင့်နေပြီး.. တရားဟောနေပါသတဲ့..
    အင်း..
    ဆရာဒကာကိုး.
    အခုမှ ဆက်စပ်မိတယ်.. 😆

    နောက်တခုက..
    သိထားတာတခုက.. မင်းကွန်းဆရာတော်က.. ဓမ္မဘဏ္ဍာဂါရိကလေ..
    အဲလို.. ဓမ္မတွေရဲ့ ဘဏ္ဍာသိုက်ကြီးသဖွယ် စာပေတတ်တဲ့… ဆရာတော်ငယ်ငယ်တပါးရှိဖူးတယ်… သိဖူးတယ်…
    ထောင်ချလိုက်တယ်လို့လည်း ကြားဖူးတယ်..
    အဲဒါလေး..သေသေချာချာသိသူ.. အမြင်ကျယ်သူတွေ.. ဆက်ဖွင့်ပေးစေလိုပါတယ်လို့..

    ဆိုတော့..
    အမြင်မတူ..အတွေးအခေါ်မတူရင် ထောင်ချတာတွေ..လုပ်ကြံသတ်ဖြတ်တာတွေ.. ပပျောက်စေသတည်း…. လို့..။
    (ဘာမှလည်း.. မဆိုင်) :mrgreen:

    • kai

      May 5, 2012 at 4:59 am

      စာလေးတွေ.. အထောက်အထားနဲ့..ဝင်အားဖြည့်တာပါ..။
      မိုးမခက ဒီနေ့ပဲတက်လာလို့ ကူးတင်လိုက်တာဖြစ်ကြောင်း..နဲ့..
      အသိမမှားရင်.. အဲဒီတုန်းက ကံဆောင်တာမှာ.. အခုမိုးပြာဂိုဏ်းချုပ်ဆရာတော်ဦးဉာဏလည်း ပါပြီး.. ထောင်ကျသွားဖူးကြောင်း..
      (မှားရင်ပြင်ပါ)
      http://moemaka.com/2012/05/23083/
      ==
      အညတရအကျဉ်းသားရဟန်းတော်များ (၁၈) – ဆရာတော်ဦးတိလောကာဘိဝံသ
      အရှင်ပညာနန္ဒ
      မေ ၄၊ ၂၀၁၂
      (၁)

      ၁၉၉ဝ ခုနှစ်က မန္တလေးမှာဖြစ်ပွားခဲ့တဲ့သမိုင်းဝင် ပတ္တနိကုဇနကံေဆောင်ပွဲမှာ ထင်ရှားကျော်ကြားတဲ့ဆရာတော်ကြီးတွေအများအပြား နဝ တ စစ်အစိုးရရဲ့ ဖမ်းဆီးနှိပ်စက်ထောင်ချတာခံခဲ့ရပါတယ်။ မန္တလေးမှာဖြစ်ပွားတဲ့ ပတ္တနိကုဇနကံဆောင်မှုဟာ ဝိနည်းတော်နဲ့အညီဖြစ်ပါ တယ် လို့ ထောက်ခံခဲ့ကြလို့ ရန်ကုန်မှာသီတင်းသုံးတဲ့ မေဒိနီဆရာတော်၊ မဟာဗောဓိဆရာတော်၊ တိပိဋကဆရာတော် စတဲ့ဆရာတော်ကြီး (၉) ပါး အဖမ်းခံရပါတယ်။

      အဲဒီ (၉) ပါးထဲမှာ အဖမ်းခံရတဲ့ဆရာတော်တပါးကတော့ အင်းစိန် ရွာမ ပရိယတ္တိစာသင်တိုက်က ဆရာတော်ဦးတိလောကာဘိဝံသပါ။ ဆ ရာတော် ဦးတိလောကာဘိဝံသဟာ ကျမ်းပြုဆရာတော်တပါးဖြစ်ပြီး နှစ်စဉ်ရဟန်းရှင်လူတွေကို အဘိဓမ္မာသင်တန်းပို့ချပေးနေတဲ့ဆရာ တော်တပါးလည်းဖြစ်ပါတယ်။ ဆရာတော်ကြီးတွေကို နဝတစစ်အစိုးရက သင်္ကန်းဝတ်တွေ သံဃာအတုအယောင်တွေ ဆူပူအောင်လှုံ့ဆော် သူတွေလို့ အခြေအမြစ်မရှိစွပ်စွဲပြီး အတင်းအဓမ္မသင်္ကန်းဆွဲချွတ်ပြီး ဖမ်းဆီးထောင်ချခဲ့တာပါ။ ဆရာတော်ကြီးကို တပည့်တွေကထောင်ဝင်စာသွားတွေ့တဲ့အခါမှာ ဦးတိလောကဆိုရင် တွေ့ခွင့်မရဘဲ လူနာမည်ဦးတင်လှဆိုမှ ပေးတွေ့ကြောင်း ဆရာတော်ကြီးကိုထောင်ဝင်စာတွေ့ဘူးသူ ဒကာတယောက်ကပြောဘူးပါတယ်။

      တကယ်တော့ ပတ္တနိကုဇနကံဆောင်တယ်ဆိုတာ သံဃာတွေကိုညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တဲ့သူတွေနဲ့ ဘာသာရေးအရ ဆက်ဆံမှုမလုပ် ဘဲနေတာပါ။

      မကောင်းမှုအကုသိုလ်ကျုးလွန်သူများအမြင်မှန်ရပြီး နောက်ထပ်တဖန်မကျူးလွန်မိအောင် အကုသို်လ်တွေ ရှောင်ကြဉ်နိုင်အောင်ဆိုတဲ့ မွန် မြတ်တဲ့ရည်ရွယ်ချက်တွေနဲ့ ရဟန်းသံဃာတော်တွေပြုလုပ်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း စစ်အာရှင်တွေဆိုတာ သူတို့အကျိုးစီးပွားကိုထိခိုက်လာမယ်၊ သူတို့အာဏာပါဝါကိုထိခိုက်လာမယ်ဆိုရင်တော့ ရဟန်းသံဃာတော်တွေကိုမဆိုထားနဲ့ ဘုရားကိုတောင် ထောင်သွင်းအကျဉ်း ချမဲ့သူတွေပါ။ ဆရာတော်ကြီးတွေကို ဖမ်းဆီထောင်ချရုံနဲ့အားမရသေးဘဲ ကျောင်းဒကာစီမံချက်တွေရေးဆွဲပြီး ဘုန်းကြီးကျောင်းအဝင် အထွက် စစ်ဆေးခြင်း၊ သာသနာဝင်မှတ်တမ်းစစ်ဆေးခြင်း၊ ဧည့်စာရင်းစစ်ခြင်း စစ်အစိုးရကိုဆန့်ကျင်တဲ့ ရဟန်းသံဃာတော်တွေ ဖမ်းဆီး ထောင်ချခြင်း စတာတွေကိုပြုလုပ်ခဲ့ကြသလို စစ်အစိုးရအလိုကျ အကြိုက်ဆောင်လုပ်ဆောင်ပေးခဲ့တဲ့သံဃာတော်တွေကိုဘွဲ့ထူး ဂုဏ်ထူး တွေပေးပြီး တပ်မတော် ကြည်းရေလေမိသားစုတွေစုပေါင်းပြီး ဘုန်းကြီးကျောင်းတွေမှာ ဆွမ်းဆန်စိမ်းလောင်လှူခြင်း စတာကိုပြုလုပ်ပြီး ရဟန်းသံဃာတော်တွေမညီမညွတ်ဖြစ်အောင် သွေးးခွဲလှုံ့ဆော်စည်းရုံးခဲ့ကြတာ နဝတစစ်အာဏာရှင်တွေပါ။

      ဆရာတော်ဦးတိလောကနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ဖို့ကို နေလင်းရေးသားတဲ့ လူရှင်သချုႋင်းများအကြောင်းစာအုပ်ထဲမှထုတ် နှုတ်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်။
      (၂)

      ကျနော်တို့နေတဲ့ အင်းစိန်ထောင် အဆောင် (၃) ကို ထောင်ကျနိုင်ငံရေးအကျဉ်းသား (၃) ယောက် ရောက်လာတယ်ဆိုလို့ ထောင်ထဲက နိုင်ငံရေးအကျဉ်းသမားတွေရဲ့အကြည့်တွေအားလုံးဟာ ထောင်မှူးရုံးခန်းရှေ့မှာ ပုံစံထိုင်နေရတဲ့ အကျဉ်းသား (၃) ယောက်ဆီ ရောက်ရှိသွား ပါတယ်။

      ထောင်မှူးရုံးခန်းရှေ့မှာ ပုံစံထိုင်နေတဲ့သူတွေကို သေသေချာချာကြည့်မိမှ သံဃာတော်တွေဖြစ်နေတာကို စိတ်ထိခိုက်ဖွယ် တွေ့လိုက်ရပါ တယ်။ နဝတက ဆရာတော်တွေကို “သင်္ကန်းဝတ်တွေ သံဃာအတုအယောင်တွေ” လို့ ယုတ်မာကောက်ကျစ်စွာ စွပ်စွဲထားတာဖြစ်ပြီး ဆရာတော်ကြီးတွေကို လူဝတ်လဲထားတာကို ရင်နင့်ဖွယ်တွေ့ရပါတယ်။ ဆရာတော်တွေဟာ သက်တော်အားဖြင့် (၆၀) ဝန်းကျင်ခန့် ရှိကြ ပြီး ကြည်ညိုဖွယ်ကောင်းတဲ့ ဥပဓိရုပ်ပိုင်ရှင်တွေ ဖြစ်ပါတယ်။ ကျနော် ဘုရားတလိုက်မိပါတယ်။

      ထောင်မှူးက လိုအပ်တဲ့ထောင်ကျစာရင်းတွေသွင်းပြီး ထောင်တွင်းနေထိုင်မှုစည်းကမ်းတွေ ညွှန်ကြားပါတယ်။ အဲဒီအချိန်မှာ စည်းကမ်းထိန်း လို့ခေါ်တဲ့ ထောင်ကျအကျဉ်းသားအရာရှိ သန်းအောင်က ထောင်မှူးလာတဲ့အခါ၊ ထောင်ပိုင်လာတဲ့အခါ ထိုင်ရမယ့်ပုံစံနည်းတွေကို သင် ကြားပါတော့တယ်။ ပြီးတော့မှ ထောင်ထဲကို လူသစ်ရောက်ရင် မောင်းတဲ့ပုံစံအတိုင်း ဆရာတော်တွေကို ကြိမ်းမောင်းပါတယ်။

      “ခင်ဗျားတို့ ထောင်အပြင်မှာ ဘာကောင်ကြီးပဲဖြစ်ဖြစ်၊ ခင်ဗျားတို့ရဲ့ဂုဏ်ဒြပ်တွေအားလုံးကို ထောင်ဗူးဝမှာ ချိတ်ထားခဲ့။ ထောင်ထဲမှာ ဘုန်း ကြီး၊ သံဃာဆိုတာမရှိဘူး။ နာမည်ခေါ်ရင် လူနာမည်ပဲခေါ်၊ ပြော။ ထမင်း (၁) နပ်စားတာတွေ၊ (၂) နပ်စားတာတွေ မလိုချင်ဘူး။ ရှုပ်ရှုပ်ယှက် ယှက်လုပ်တာ မကြိုက်ဘူး။ ခင်ဗျားတို့ ကတုံးမတုံးရဘူး။ ဒီစည်းကမ်းတွေမလိုက်နာရင်တော့ ခင်ဗျားတို့ကျောပေါ် တုတ်ရောက်ပြီသာမှတ်။ သန်းအောင် ဘာလည်းဆိုတာ သိချင်ရင် စမ်းကြည့်စမ်း ”

      သံဃာတော်တွေကို ယုတ်ယုတ်မာမာစကားလုံးတွေနဲ့ဟိန်းဟောက်ပြီး နဝတကပေးတဲ့အာဏာကို အသုံးချပါတယ်။ ပုံစံထိုင်တာတွေပြီး တဲ့အခါမှာ ဆရာတော်တို့ကို ကျနော်တို့အဆောင်က အိပ်ခန်း (၂) မှာ နေရာချပါတယ်။ ဆရာတော်တွေဟာ ထောင်ထဲမှာ နဝတရဲ့ယုတ် မာမှုကြောင့် လူဝတ်လဲခံထားရပေမယ့် ရဟန်းတို့စောင့်ထိန်းအပ်တဲ့ ဝိနည်း၊ သိဏ္ခာတော်တွေကို ဆက်လက်စောင့်ဆည်း ထိန်းသိမ်းကြပါ တယ်။ ကျနော်တို့က ဆရာတော်ကြီးတွေကို နဝတက ထောင်ချအရေးယူခဲ့တာနဲ့ပက်သက်ပြီး မေးမြန်းကြည့်တဲ့အခါမှာ အဖြစ်မှန်ကို သိ လိုက်ရပါတယ်။

      ဆရာတော် (၃) ပါးအနက် (၂) ပါးက ရန်ကုန်တိုင်း သာကေတမြို့နယ် မဟာဗောဓိ ပရိယတ္တိစာသင်တိုက်က စာချဆရာတော်တွေ ဖြစ်ကြပြီး ကျန်ဆရာတော်တပါးက ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်က တိုက်အုပ်ဆရာတော် ဦးတိလောကဘိဝံသ ဆရာ တော်ဘုရားပဲ ဖြစ်ပါတယ်။ ဆရာတော်တို့ရဲ့ အမှုဖြစ်ပွားခဲ့ပုံအကြောင်းကိုပြောပြရရင် မန္တလေးမြို့ကနေစတင်ပြီး ပြောရပါလိမ့်မယ်။

      ၁၉၉ဝပြည့် ဩဂုတ်လ (၈) ရက်နေ့မှာ (၈၈၈၈) အထိမ်းအမှတ်နေ့အဖြစ် ဆွမ်းလောင်းပွဲကို မန္တလေးခရိုင် ကျောင်းသားသမဂ္ဂ (အခြေခံပညာ)ကနေဦးဆောင်ပြီး (၈၄) လမ်းမပေါ်ရှိ လူထုဦးလှ၊ လူထုဒေါ်အမာတို့အိမ်ရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ သံဃာတော်တွေကို အေးချမ်းဆိတ်ငြိမ် စွာဆွမ်းလောင်းနေချိန်မှာ မန္တလေးမြို့က တာဝန်ကျစစ်သားတွေက ဆွမ်းလောင်းပွဲမှာလွှင့်ထူထားတဲ့ အနက်ရောင်ခွပ်ဒေါင်းအလံကို (အ နက်ရောင်တပ်ဆင်ရခြင်းအဓိပ္ပါယ်က ကျဆုံးသွားတဲ့ရဲဘော်တွေအတွက် ဝမ်းနည်းတဲ့အထိမ်းအမှတ်ဖြစ်ပါတယ်) အတင်းအဓမ္မ ဇွတ်ဖြုတ်ချ ဖို့ ကြိုးစားကြပါတယ်။ အဲဒီမှာ အခြေခံပညာကျောင်းသား ကိုမိုးကျော်ကတားဆီးတာကြောင့် ကိုမိုးကျော်ကို ဖမ်းဆီးလိုက်ပါတယ်။

      အဲဒီလိုမပြုလုပ်ဖို့အတွက် ဆွမ်းခံထွက်လာတဲ့သံဃာတော်တွေကတောင်းဆိုလိုက်တဲ့အခါမှာ စစ်သားတွေက သံဃာတော်တွေကို ဆောင့် တွန်းလိုက်ပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ သတိပေးမှုတစ်စုံတစ်ရာမရှိပဲ ပစ်ခတ်လိုက်ပါတယ်။ တခဏအတွင်းမှာပဲ (၈၄) လမ်းမကြီး တ ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပါတယ်။

      လမ်းမထက်ပေါ်မှာ ယမ်းငွေ့တွေကြောင့် သပိတ်တွေ လွင့်ကျ၊ ဆွမ်းတွေပြန့်ကြဲ၊ လဲပြိုနေတဲ့ရဟန်းတွေ ဒဏ်ရာရသွားတဲ့ အချို့ရဟန်း သံဃာတွေကို အိမ်တွေအချို့က ကူညီပြုစုကြပါတယ်။ ကျောင်းသားတွေက ဆရာတော်အချို့ကို ဆေးရုံကိုခေါ်ဆောင်သွားပါတယ်။ စစ် တပ်ကလည်း ထိခိုက်ဒဏ်ရာရရှိသွားတဲ့သံဃာအချို့ကို စစ်ကားပေါ်တင်ဆောင်သွားပါတယ်။

      မကြာမီ မိနစ်ပိုင်းအတွင်းမှာပဲ သွေးစွန်းသွားတ (၈၄) လမ်းမကြီးပေါ်ကို မီးသတ်ကားတွေနဲ့ ဆေးကြောပါတော့တယ်။ အဲဒီဖြစ်ပွားတဲ့ညပဲ မန္တလေးတိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းကြည်က ပြောကြားတဲ့အခါမှာ ရဟန်းသံဃာတော်တစ်ပါးမှ ထိခိုက်ဒဏ်ရာဖြစ်မှုမရှိဘူးလို့ ပြောဆိုသွား ပါတယ်။ တိကျခိုင်လုံတဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂ (ဗကလ) တို့ပူးပေါင်းပြီး စုံစမ်းမှုအဖွဲ့ကို မန္တလေးမြို့မှာဖွဲ့လိုက်ပါတယ်။ ပြီးတော့ မန္တလေးဘုရားကြီးကျောင်းတိုက်မှာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပါတော့တယ်။

      အဲဒီမှာ သိရှိရတာကတော့ ထီးလင်းကျောင်းတိုက်က ကိုရင်တစ်ပါး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားတာကြောင့် မန္တလေးဆေးရုံကြီးကို ပို့လိုက်ရပါတယ်။ သံဃာတော်တွေက စောင့်ရှောက်နေစဉ် အခြေအနေဆိုးရွားလာတာကြောင့် စစ်တပ်က စစ်ဆေးရုံမှာကုသဖို့ လိုတယ်လို့ ပြောပြီး ခေါ်ဆောင်သွားခဲ့သည်မှာ ယနေ့တိုင် ကိုရင်လေးသတင်းမှာ ပျောက်ကွယ်နေပါတယ်။ ကျနော့်ကို မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့သမဂ္ဂီအဖွဲ့ချုပ်က ဆရာတော်ဦးရေဝတကပြောပြရာတွင် အဲဒီအရေးအခင်းဖြစ်ပွားရာတွင် ရဟန်းများပျံလွန်တော်မူတာတွေ အများ အပြားရှိကြောင်း၊ ဒဏ်ရာရတဲ့ရဟန်းသံဃာတော်တွေလည်း အများကြီးရှိကြောင်း၊ စစ်တပ်က လူကို သေစေနိုင်တဲ့အထိ ရည်ရွယ်ပစ်ခတ်တာ ဖြစ်ကြောင်း၊ သာဓကအနေနဲ့ ကျည်ဆံထိမှန်ထားတဲ့ သပိတ်၊ သင်္ကန်းနဲ့ သွေးစွန်းနေတဲ့ သင်္ကန်းတွေရှိကြောင်း၊ သပိတ်ကို ရဟန်းများက ရင်မှာပိုက်ပြီး ဆွမ်းခံထွက်တာမို့ သပိတ်ကိုကျည်ဆံထိမှန်တာကိုကြည့်ခြင်းအားဖြင့် လူကိုချိန်ရွယ်ပစ်ခတ်တာဟာ ဗုဒ္ဓဘာသာကို စော်ကား တာဖြစ်ကြောင်း ဆရာတော်က ရှင်းပြခဲ့ဖူးပါတယ်။

      အဲဒီအမှုအခင်းနဲ့ပတ်သက်ပြီး တိကျခိုင်မာတဲ့ အချက်အလက်တွေစုဆောင်းမိချိန်မှာတော့ ပရိတ္တိသာသနာထွန်းကားတဲ့ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓ ဘာသာစာပေ၊ ယဉ်ကျေးမှုအပြည့်ရှိတဲ့ မန္တလေးမြို့မှာ သံဃာတော်တွေ အားလုံးစုရုံးပြီး သံဃာတော်တွေ၊ ရဟန်းတွေကို သတ်ဖြတ်တဲ့၊ အမျိုး၊ ဘာသာ၊ သာသနာကို စော်ကားဖျက်ဆီးတဲ့ စစ်တပ်နဲ့ အပေါင်းအပါတွေကို ဘာသာရေးအရ ဒဏ်ခတ်တဲ့အနေနဲ့ စစ်တပ်နဲ့ပတ်သက် တဲ့ အပေါင်းအပါ၊ ဆွေမျိုးတွေ၊ အသိုင်းအဝိုင်းတွေက ကပ်လှူတဲ့ကိစ္စအမှုအစုစုကို လက်မခံခြင်း၊ သာရေး၊ နာရေးပင့်ဖိတ်တာတွေကို လက် မခံတော့ခြင်းဖြင့် နဝတကို သပိတ်မှောက်ဖို့ စတင်ပါတော့တယ်။

      နဝတနဲ့ ဘာသာရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းမပြုလုပ်တော့ပဲ ဘာသာရေးအရ ဒဏ်ခတ်သပိတ်မှောက်တဲ့ “ပတ္တနိကုဇ္ဖန ကံဆောင် ခြင်း” အမှုကို ပြုလုပ်ပါတော့တယ်။ မန္တလေးမြို့ လေးပြင်းလေးရပ် သံဃာ့သမဂ္ဂီအဖွဲ့ချုပ်ကဦးဆောင်ဆင်နွှဲတဲ့ သပိတ်မှောက် ကံဆောင်ခြင်း ဟာ ရန်ကုန်မြို့နဲ့ အခြားမြို့ကြီးတွေကို တမဟုတ်ချင်း ကူးစက်ပျံ့နှံ့သွားပါတော့တယ်။

      မန္တလေးမြို့ကနေ ကူးစက်ပျံ့နှံ့သွားတဲ့ ကံဆောင်သပိတ်ပွဲတွေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့က ရဟန်းရှင်လူ၊ ပြည်သူလူထုအကြား နာမည် ကြီးတဲ့ ဆရာတော် (၂) ပါးကို နဝတက ဖမ်းဆီးနှိပ်စက်ပါတယ်။ ရန်ကုန်တိုင်းအတွင်း ကံဆောင်သပိတ် ဦးဆောင်ဆင်နွှဲတယ်လို့ နဝတက စွပ်စွဲလိုက်တဲ့ ဆရာတော် (၂) ပါးကတော့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမှာတည်ရှိတဲ့ မဟာဂန္ဓာရုံကျောင်းတိုက်က တိပိဋကဓရဘွဲ့ရ တိုက်အုပ်စာချဆရာတော် ဦးသုမင်္ဂလလင်္ကာရနဲ့ နောက်ဆရာတော်တပါးကတော့ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်က တိုက်အုပ်စာချ ဆရာတော် ဦးတိလောကဘိဝံသတို့ဖြစ်ပါတယ်။ ဆရာတော် ဦးတိလောကဘိဝံသနဲ့ပတ်သက်ပြီး တင်ပြပါဦးမယ်။

      ဆရာတော်ဟာ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကျောင်းမှာ သီတင်းသုံးပြီးရဟန်းများ၊ သီလရှင်များကို စာသင်ကြားပို့ချနေတဲ့ ဆရာ တော်တစ်ပါးဖြစ်ပါတယ်။ ဆရာတော်ဟာ အဘိဓမ္မာပညာရပ်များမှာ အထူးတတ်ကျွမ်းနားလည်ပြီး စာသင်ကြားတဲ့အခါမှာလည်း ရှင်းလင်း အောင်သင်ကြားနိုင်တဲ့အရည်အသွေးရှိတဲ့ စာချတိုက်အုပ် ဆရာတော်ကြီးဖြစ်ပါတယ်။

      ဆရာတော်ရဲ့ သင်ကြားမှုကောင်းမွန်တာကြောင့် အနယ်နယ်အရပ်ရပ်က သံဃာတော်တွေ အမြဲလို ကြွချီလာတတ်တာကြောင့် ဆရာတော် ရဲ့ကျောင်းတိုက်မှာ နှစ်စဉ်သံဃာအပါး (၅၀၀) နီးပါး ရှိတတ်ပါတယ်။ ဆရာတော်ကိုယ်တိုင် ရေးသားထုတ်ဝေတဲ့ ဗုဒ္ဓ အဘိဓမ္မာကျမ်းစာ အုပ်တွေဟာ ရဟန်းသံဃာအများ မရှိမဖြစ်ကိုင်ဆောင်တတ်တဲ့စာအုပ်တွေအဖြစ် ကျော်ကြားလှပါတယ်။ အဲဒီစာအုပ်တွေကိုလည်း ဗုဒ္ဓစာ ပေတွေ ဖြန့်ချီရောင်းချတဲ့ဆိုင်တွေမှာ တွေ့ရတတ်ပါတယ်။

      ဆရာတော်ကြီးမှူးတဲ့ အင်းစိန်ပရိယတ္တိစာသင်တိုက်က ရဟန်းတွေလည်း သံဃာ့စာမေးပွဲများမှာ ပထမကျော်အဆင့်အထိ ရရှိတတ်ပါတယ်။ ဘာသာရေးအရ ကံဆောင်သပိတ်မှောက်မှုကို ရန်ကုန်တိုင်းရှိ သံဃာအများအပြားကြား လှုံ့ဆော်ဝါဒဖြန့်တယ်လို့ နဝတကစွပ်စွဲလိုက်ပြီး “ပိဋိကတ်ကိုဖျက်တဲ့ ကြွက်စုတ်” ဆိုတဲ့ကဗျာကို ဆရာတော်ကရေးသားတာဖြစ်တယ်လို့ ထပ်မံစွပ်စွဲပါတယ်။

      မန္တလေးမြို့မှာ ဘာသာရေး ကံဆောင်သပိတ်မှောက်မှု အရှိန်မြင့်တက်နေချိန်မှာ ကံဆောင်သပိတ်မှောက်နေတဲ့ ဆရာတော့်ကျောင်းတိုက် ကို သပိတ်လှန်ဖို့ရည်ရွယ်ချက်နဲ့ အင်းစိန်မြို့နယ် မဝတဥက္ကဌနဲ့ သာသနာရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးအံ့မောင်တို့ ရောက်ရှိလာပါ တယ်။ ပြီးတော့ ကျောင်းတိုုက်ရဲ့ဝင်ပေါက်မှန်သမျှကို စစ်တပ်နဲ့ပိတ်ဆို့လိုက်ပြီး ရဟန်းသံဃာအားလုံး တစ်ပါးမှ ဆွမ်းခံမထွက်ကြရန်နဲ့ အ ဝင်အထွက် လုံးဝမလုပ်ကြဖို့ တားမြစ်လိုက်ပါတယ်။ အဲဒီလိုလုပ်ပြီးတော့ အင်းစိန်မဝတနဲ့ သာသနာရေးဦးစီးဌာနကနေ ဆွမ်းကပ်ပါတယ်။ ဆရာတော်က ဘာမှတုန့်ပြန်ပြောဆိုခြင်းမရှိပဲနေလိုက်ပြီး ဆွမ်းစားချိန်ရောက်တဲ့အခါမှာ တုန်းမောင်းခေါက်လိုက်ပါတယ်။

      စာသင်သား သံဃာတွေဟာ ဆွမ်းစားဆောင်အတွင်း တန်းစီကြွလာကြပါတယ်။ ဆရာတော်က သံဃာအများကို ဒီကနေ့ ဆွမ်းအလှူရှင်က တော့ အင်းစိန်မြို့နယ် မဝတ ဥက္ကဌနဲ့ သာသနာရေးဦးစီးဌာနတို့က ဆပ်ကပ်လှူဒါန်းတာဖြစ်ကြောင်း၊ ရဟန်းတို့အနေနဲ့ ဆွမ်းအလှူရှင်များကို မေတ္တာပို့စားသုံးနိုင်ကြောင်း မြွက်ကြားပါတယ်။ အဲဒီအခါမှာ ဆွမ်းစားဆောင်အတွင်းရောက်ရှိလာကြတဲ့ သံဃာအပါး (၅၀၀) ခန့်ဟာ ဆွမ်း ဘုဉ်းမပေးတော့ပဲ နေရာကနေ တစ်ပါးမကျန် ပြန်လည်ထွက်ခွာသွားကြပါတော့တယ်။

      အင်းစိန်မဝတဥက္ကဌဟာ အကြီးအကျယ်အရှက်ရပြီး သံဃာအပေါ် အမျက်ထွက်သွားပါတယ်။ ဆရာတော်က အင်းစိန်မဝတဥက္ကဌနဲ့ ဦးအံ့ မောင်တို့ကို ဘုန်းကြီးအနေနဲ့ သံဃာတွေအပေါ် လှုံ့ဆော်စည်းရုံးမှုမရှိကြောင်း၊ သံဃာတော်အများရဲ့ဆန္ဒကို မြတ်စွာဘုရားတောင်မှ မ လွန်ဆန်နိုင်ကြောင်း ရှင်းပြပြောဆိုပါတယ်။ ဒါပေမယ့် အရှက်တရားနဲ့ ဒေါသ၊ မောဟမီးတွေ တောက်လောင်နေသူတွေက ဒီဘာသာရေး သပိတ်ကိုမလှန်ရင် ဖြစ်လာမယ့်နောက်ဆက်တွဲအကျိုးဆက်တွေကို လုံးဝတာဝန်မယူကြောင်းပြောဆိုပြီး ထွက်သွားပါတယ်။ ကျောင်းတိုက် တံခါးတွေကိုလည်း (၁၂) နာရီကျော်မှ ပြန်လည်ဖွင့်ပေးပါတယ်။ သံဃာတော်တွေ ဆွမ်းငတ်ခဲ့ပါတယ်။ မကြာမီပါပဲ ဆရာတော်ကို လာ ရောက် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
      နဝတ စစ်ထောက်လှမ်းရေးတွေနဲ့ရဲတွေပူးပေါင်းပြီး ဆရာတော်ကို နှိပ်စက်ညှဉ်းပမ်းမှုတွေ ပြုလုပ်ပါတော့တယ်။ စားပွဲတစ်လုံးပေါ်မှာ တုတ် တစ်ချောင်းနဲ့ ပုဆိုးတစ်ထည်တင်ထားပြီး “ကြိုက်တာရွေးစမ်း။ အသားမနာချင်ရင် ပုဆိုးဝတ်လိုက်။ ခင်ဗျားဟာ အခုအချိန်ကစပြီး လူဖြစ် သွားပြီ။ ခင်ဗျားတို့က သင်္ကန်းဝတ်တွေ၊ သံဃာအတုအယောင်တွေ” ဆိုပြီး ဆရာတော်ကို စွပ်စွဲပြီး “ခင်ဗျားစစ်ခုံရုံးမှာဝန်ခံရင် နှစ်နည်းမယ်။ ဝန်မခံရင် နှစ်လည်းများမယ်၊ အရိုက်လည်းခံရမယ်။ အသက်ကြီးမှ အရိုက်မခံချင်စမ်းပါနဲ့။ အသက်ကြီးမှမိုက်ကြတာကိုး ကြီးမိုက်တွေရဲ့”

      ရုတ်ရင်းကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ဆရာတော်ကိုစော်ကားပါတယ်။ ဆရာတော်မှာ စစ်ခုံရုံးမှာ တစ်လုံးတစ်ပါဒမှ ပြန်လည်ချေပ ပြော ဆိုခွင့်မရပဲ ရန်ကုန်တိုင်းအတွင်း ကံဆောငသပိတ်မှောက်မှု ဖြစ်အောင် လှုံ့ဆော်မှုဖြင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၅) နှစ် ရင့်ရင့်သီးသီး အမိန့်ချလိုက်ပါတော့တယ်။ နဝတစစ်ဘီလူးတွေက သံဃာတော်တွေကို ဖမ်းဆီး၊ အတင်းအဓမ္မ လူဝတ်လဲစေပြီး သိက္ခာချပေမယ့်လည်း ရဟန်းတို့အနေနဲ့ စိတ်အတွင်းမှ သိက္ခာချခြင်း၊ လူအဖြစ်အသိအမှတ်မပြုပါက ရဟန်းအရာမြောက်ဆဲပဲဖြစ်ပြီး ဆရာတော်ကြီးတွေ အားလုံး ထောင်အတွင်းမှာလည်း ရဟန်းတို့ရဲ့ သိက္ခာပုဒ်၊ ဝိနည်းတွေ စောင့်ထိန်းကြပါတယ်။

      ဆရာတော်ကို ဖမ်းဆီးထောင်ချအပြီးမှာ ၁၉၉ဝ နှစ်မှာ ဆရာတော်ကျောင်းတိုက်က သံဃာတစ်ပါးက သံဃာ့စာမေးပွဲမှာ ပထမကျော်ရရှိခဲ့ ပေမယ့် ကံဆောင်သပိတ်မှောက်မှုထဲပါဝင်တဲ့ ကျောင်းတိုက်ဖြစ်တာကြောင့် ဆုကိုမပေးပဲ ထားခဲ့ပြန်ပါတယ်။ ဆရာတော်ဟာ အဖမ်းမခံရခင် အချိန်အထိ ကမာ္ဘအေး သာသနာ့တက္ကသိုလ်မှာ အဘိဓမ္မာပါမောက္ခချုပ်နဲ့ နိုင်ငံတော်သံဃာ့ဝန်ဆောင်အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ ဆရာတော်ကို အင်းစိန်ထောင်အတွင်း (၁) နှစ်နီးနီး ဖမ်းဆီးပြီးအကြာမှာ ဆရာတော်ကို ခံဝန်ချက်တောင်မထိုးခိုင်းတော့ပဲ ချက်ချင်း ပြန်လွှတ်ပေးလိုက် ပါတယ်။ ဆရာတော်ဟာ ထောင်ကပြန်လည်လွတ်မြောက်လာပြီး ယခင်လုပ်ဆောင်နေကြ သာသနာ့တာဝန်တွေကို ဆက်လက်ထမ်းဆောင် ပါတယ်။ ထောင်ကလွတ်မြောက်လာပြီး (၁) နှစ်နီးနီးအချိန်အထိ နဝတရဲ့အထောက်အပံ့ကိုလုံးဝမယူပဲ ကျောင်းတိုက်ရှိ သံဃာအပါး (၅၀၀) ကျော်၏ နေထိုင်ရေး၊ စာသင်ကြားရေးတို့ကို ဦးဆောင်လုပ်ကိုင်ခဲ့တယ်။

      ၁၉၉၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့အချိန်မှာ ဆရာတော်အကြောင်းကိုကြားသိတာနဲ့ ဒေါ်စုနဲ့အတူ အင်း စိန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ခံ ဗိုလ်ကြီးဝင်းထိန် (အငြိမ်းစား)၊ သခင်ဦးအုန်းမြင့်တို့လိုက်ပါပြီး ဆရာတော်ကို သွားရောက် ဖူးမြော်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ ဆရာတော်ကိုဖူးမြော်ပြီး ပြန်လည်ထွက်ခွာသွားပြီး နောက်တစ်နေ့မှာပဲ သာသနာရေးဝန်ကြီး ဌာနက ဒုဝန်ကြီးက ဆရာတော်ကျောင်းကိုရောက်လာပါတယ်။ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်ကို တပ်မတော် ကြည်း၊ ရေ၊ လေ၊ ဆန်၊ ဆီ၊ ဆားပေးအပ်လှူဒါန်းမည့်ပွဲကို အကျဉ်းဦးစီးဌာနအား အမိန့်နဲ့ဖယ်ရှားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းလို့ခေါ်တဲ့ ကြံ့ ဖွတ်အသင်းဌာနချုပ်ကနေ အဓမ္မဝင်ရောက်လှူဒါန်းတာတွေ ပြုလုပ်ပါတယ်။

      နောက်တော့ နဝတ အတွင်းရေးမှူး (၂) ရောက်ရှိလာပြီး ဆရာတော်ကို ကန်တော့ပါတယ်။ နဝတဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်ကြိုင် ကြိုင်တို့က (၃) ထပ်တိုက် ကျောင်းဆောင်သစ်ကြီး ဆောက်လုပ်လှူဒါန်းဖို့အတွက် ရေစက်ချပွဲတွေလုပ်ပြီး သူတို့မှားလေသမျှအတွက် ဒေဝဒတ်တို့ တောင်းပန်ကြလေသလားဆိုတာ ကာယကံရှင်တွေကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ နိုင်ငံအာဏာကိုသိမ်းယူပြီးကတည်းက ဗုဒ္ဓ ဘာသာဝင်ရဟန်းသံဃာတွေကို ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ လက်ရောက်စော်ကားမှုတွေအတွက် ပျားရည်နဲ့ဝမ်းချပွဲတွေလုပ်ပြီး သာသ နာ့ဒကာတော်တွေအဖြစ် ဖန်တီးနေကြပါတော့တယ်။

      ၁၉၉၈ ခုနှစ် လွတ်လပ်ရေးနေ့မှာ နဝတက သူတို့ကိုယ်တိုင် လွန်ခဲ့တဲ့နှစ်ပိုင်းလေးအတွင်းကမှ သင်္ကန်းချွတ်၊ လူဝတ်လဲစေပြီး သင်္ကန်း ဝတ်တွေ၊ ရဟန်းတု၊ ရဟန်းယောင်တွေလို့ မကြားဝံ့မနာသာ ပုတ်ခတ်စော်ကားခဲ့ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၅) ချမှတ်ခဲ့တဲ့ ဆရာ တော် ဦးတိလောကဘိဝံသကို သာသနာရေးမှာ ဒုတိယအဆင့်ရှိ “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့ကို ဆပ်ကပ်လိုက်ပြန်ပါတယ်။ နဝတရဲ့ဘာသာရေး မျက်လှည့်ပြပွဲကို ကျနော်အနေနဲ့ ဘယ်လိုမှနားမလည်တတ်အောင် ဖြစ်မိပါတယ်။

      နဝတ စစ်ဗိုလ်ချုပ်ကြီးစောမောင် (ကွယ်လွန်) ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ “ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ထားတဲ့အတိုင်း ကံ၊ ကံ၏အကျိုးကို တပည့်တော်ယုံကြည်ပါတယ်” တဲ့။

      သာသနာကို ဖျက်ဆီး၊ ဘုရားသာသနာရဟန်းများကို ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်၊ သင်္ကန်းဝတ်တွေလို့ ရင့်ရင့်သီးသီးပုတ်ခတ်ခဲ့တဲ့ နဝတ တို့ သူတို့လုပ်ခဲ့တဲ့အလုပ် (ကံ) နဲ့ပတ်သက်ပြီး တစ်ချိန်ချိန်မှာ သူတို့ခံစားကြရမှာ သေချာပါတယ်။
      …………….

      • • •နောက်ဆက်တွဲ
      • ဆရာတော် အရှင်တိလောကာဘိဝံသ၏ ထေရုပ္ပတိ္တအကျဉ်း
      ……………..
      • ဖွားမြင်တော်မူခြင်း
      ဆရာတော်ဘဒ္ဒန ္တတိလောကာဘိဝံသသည် ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ ညောင်ပင်သာရွာ၊ ခမည်းတော် ဦးဘဖေ + မယ်တော် ဒေါ်စော စိန်တို့မှ ၁၃၀ဝ ပြည့်နှစ်၊ တပေါင်းလဆန်း ၁ ရက်၊ စနေနေ့နံနက် ၄ နာရီအချိန်တွင်ဖွားမြင်သော စတုတ္ထမြောက်သားရတနာဖြစ်ပါသည်။

  • laypai

    May 4, 2012 at 3:24 pm

    ကျွန်တော် မှတ်ချက် ကြောင့် ပို့စ်တ်အရသာ အပြောင်းအလဲ ရှိခဲ့ မည် ဆို ပါ က ကြိုတင်ကာ အနူးအညွတ်တောင်းပန်ပါ ဧ။် ။
    လူငယ် တွေ ပဲ နိုင်ငံ ရေး လုပ် ခဲ့တာ အမှား မရှိခဲ့ ဘူး။
    လူကြီးတွေ နိုင်ရေး လုပ်ခဲ့ တာ အမှားတွေ အများ ကြီး။

    သမိုင်းတလျှောက် ကို အဲ လို ပြန်စစ် ကြည့် တော့ လဲ မှန်နေတာ ပဲ နော်။

    အစ အဆုံး ဖတ်ပြီး အားပေး သွားပါတယ်။
    ဦးဏှောက် က အကုန်တော့ မှတ်မိမယ် မထင်ဘူး။
    မှတ်မိ သလောက် မှတ် သား သွားသလို၊ပုံ လှ လှ တွေ ကို လဲ ကြည့် သွားပါကြောင်း။

  • Novy

    May 4, 2012 at 4:42 pm

    ချိုပေါ့ကျ 11 ကို သောက်ပြီး
    ဘာတွေပြန်ပြောပြရမလဲမသိအောင်
    ဥနှောက် သေးသေးလေးနဲ့ စဉ်စားရင်
    လက်မလေးထောင်သွားပါတယ်

    PS
    ဓါတ်ပုံလေးတွေတော့ ကြိုက်လို့ ကူးသွားတယ်နော်

  • ငပွကြီး

    May 4, 2012 at 4:59 pm

    တယ်လဲကောင်းတဲ့ ချိုပေါ့ကျ ဘဲ….အရသာတယ်ရှိတယ်ဗျို့ ….
    ဒီ ချိုပေါ့ကျ ကို အမြဲသောက်နေတာပါ တစ်ခါမှ ကွန်မန့် မပေးဖြစ်လို့ ရွာသားတွေပြောသလိုဘဲ ဟိုဒင်းထောင်ပြီး အားပေးသွားပါတယ်…လက်မ လက်မ…

  • Mလုလင်

    May 4, 2012 at 5:14 pm

    ထောင့်လေးမှာ ရေနွေးကြမ်းအိုးလေးနဲ့ .. ငြိမ့်ငြိမ့်လေး သောက်သုံးသွားပါတယ်။ အဲ ..လက်မ ကလေး ထောင်ရင်းနဲ့ ပေါ့။ ချိုပေါ့ကျ ရောင်းတဲ့ ကဖေး လေးကို “အလွမ်းကဖီး” လို့ နံမည်တပ် ရင် စိတ်ဆိုးမလားဗျ ….။ (ကျွန်တော် ကြိုက်တဲ့ သီချင်း ခေါင်းစဉ် လေးမို့ပါဗျာ။)

  • Mလုလင်

    May 4, 2012 at 5:15 pm

    အောက်ဆုံးကနေ စရေ ရင် သုံးပုံမြောက် က လှေပုံမှာ ပါတဲ့ lighting နဲ့ ရေအရောင် အတွက် … “လေးစားပါတယ်” လို့ ပြောပါရစေ …။

  • weiwei

    May 4, 2012 at 5:16 pm

    ကျွန်မ အမှတ်မမှားရင်တော့ ကြည်ဖြူသျှင်က ၃၅ နှစ်ပါ …
    အလွန်စကားများတဲ့အပျိုကြီးပေါ့ … (တရားစခန်းမှာ တွေ့ခဲ့ဖူးပါသည် ….)

    လှေကလေးတွေပုံ လှပါတယ် …
    ကျွန်မလဲ ပုဂံကပုံလေးတွေ တင်ဖို့အစီအစဉ်ရှိပါတယ် … ပုံတွေက တစ်နေရာရောက်ပြီး လူကတစ်နေရာ ဖြစ်နေလို့ …

  • pooch

    May 4, 2012 at 5:57 pm

    ကိုဘလက်ရေ မြို့သိမ်း ကဗျာကို ဖတ်မိတော့ အမေစုကိုယ်တိုင်ရေးကဗျာကို သတိရမိတယ်။

    ” ကဗျာဆိုတာ ”

    ကဗျာဆိုတာ …….
    လူ့စဉ်းစားဉာဏ်ရဲ့ ပဲ့တင်သံ၊
    လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ၊
    လူ့စိတ်ဓာတ်ရဲ့ မြည်ဟီးသံ၊
    လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ၊
    ကဗျာဆိုတာ ……..
    ကျွန်မတို့ရဲ့ ရုန်းကန်သံပါပဲ။

    …….အောင်ဆန်းစုကြည်……

    ကဗျာဆိုတာတကယ်ကိုပဲ ကျမတို့တွေရဲ့ ပဲ့တင်သံပါပဲ။

    နောက် တခါတခါမှာ ကျမတို့တွေ ကွန်ဆာဗေးတစ် ဆန်ရမှာဖြစ်သလို တခါတရံကျပြန်တော့ လည်း လစ်ဘရယ်ကျကျ တွေးခေါ်တတ်ရမှာပါ။ အဓိကကတော့ ဘာပဲ ဖြစ်ဖြစ် အစွန်းမရောက်ဖို့ နဲ့ တဖက်သားကို မထိခိုက်မိဖို့လို့ ကျမကတော့ ခံယူထားပါတယ်။

    လောက သဘာဝအရလည်း တချို့ အကြောင်းအရာများဟာ လစ်ဘရယ် နဲ့ ကွန်ဆာဗေးတစ်ကြားမှာ လွန်ဆွဲနေတတ်ပါတယ်။

    နောက် သူကြီးကတော့ ခေတ်ပြောင်းလို့ သူတို့ ဆီမှာ ဘက်လိုက်တယ် ဆိုပေမဲ့ ကျမကတော့ ဆရာကြီးလူထုစိန်ဝင်းပြောတဲ့ စာနယ်ဇင်းသမား ဘက်မလိုက်ရဘူး ဆိုတဲ့ အယူအဆကို ပိုသဘောကျပါတယ်။ သတင်းသမား ဆိုတာ သတင်းအမှန်ကို အရှိအတိုင်းရေးသင့်တယ်လို့ ထင်ပါတယ်။ ( ကျမ အမြင်မကျယ်သေးတာလဲ ဖြစ်နိုင်ပါတယ်)

    ဦးခင်ညွှန့်နဲ့ ဆရာတော်အကြောင်းကတော့ ကျမလည်း ခုမှသိရတယ် ကိုဘလက်ရယ် ။ နိုင်ငံရေး မြှုပ်ကွက်လေးပေါ်လာတာပေါ့ ။

    ဝတ်မှုံလေး အကြောင်းပြောတော့ စိုင်းစိုင်းကို သတိရသွားတယ်။ မနေ့ ညက ညိုစာပေမှာ စာအုပ်လာဝယ်တာ အပြင်မှာ ပိုကြည့်လို့ ကောင်းတယ် :mrgreen:
    သူ့ရှိုးပွဲတုန်းက အိမ်က မောင်က ဆိုင်ကယ်မောင်းပြီး စင်ပေါ်တက်ပေးရတဲ့ အဖွဲ့ထဲ ပါတယ်။

    ချစ်သုဝေက အမှန်အကန်ပဲ အားပေးမှာပါ။ ကျမလည်း အော်ခွေတွေ အားပေးနေတာ ကြာပါပြီ။

    ဒါနဲ့ ကိုဘလက် အရီးလတ်နဲ့ မခိုင်ကြီး ယှဉ်ရင်လေ အရီးက ပိုနုတယ်။ အရီးလတ် ဘော်ဒီက မအိုသေးတဲ့ အပျိုလေးအတိုင်းပဲ။ :mrgreen:

    ဒါနဲ့ ကိုဘလက်ရဲ့ အငယ်လေးနဲ့ လှည်းတန်းက ကောင်မလေး ဘယ်သူပိုနုလဲဟင်င်င်င်……. 😀

    • Khin Latt

      May 5, 2012 at 5:12 am

      ဟေး Pooch လေး
      ချစ်တဲ့ မျက်စိ နဲ့ ကြည့် လိုက် ရင် အရာရာ က လှနေတာ ချည်းပါဘဲကွယ်။
      အမှန်က အကောင်းဆုံးပုံကို ရွေးပို့ ထားလို့။ 😉
      ဘာဘဲဖြစ်ဖြစ် ကျေးဇူးပါ။ အဟိ 😀
      Pooch လေး ကလဲ ရိုးရှင်းထက်မြက်ပွင့်လင်း တဲ့ ဟန်ပန်နဲ့ ချစ်စရာ မိန်းကလေးပါဘဲ။ 🙂

  • အရင့်ရောင်

    May 4, 2012 at 6:04 pm

    ချိုပေါ့ကျ ပြီးရင်
    ဟတ်ပေါ့ကျ လာဦးမယ်ထင်တယ်နော်
    ချို လည်းချိုပါ့ဗျာ
    ပေါ့တာတော့ ပေါ့ဘူးထင်တယ် (ထိရောက်လို့)
    ကျတယ်ဗျာ (သဘာဝ )
    အားပေးပါဒယ်………..

  • ငှက်ကလေး

    May 4, 2012 at 6:29 pm

    လှေပုံတွေ အားကြီးခိုက်တယ်ဗျာ.. အပေါ်စီးက ဘယ်လိုရိုက်တုန်းဗျ။ ဝတ်မှုန်လေး သတင်းကြားတာတော့ စိတ်ကောင်းဝူး 😛

  • ဦးဦးပါလေရာ

    May 4, 2012 at 8:30 pm

    ဘယ်တုန်းက တင်လိုက်မှန်းမသိပေမယ့်
    အခုမှမီးလာလို့ အခုမှဖတ်ရတော့ အခုမှပဲဝင်ပွားရတော့တယ် ကျောင်းဒကာရေ-

    (လူကြီးတွေ နိုင်ငံရေးလုပ်ခဲ့တာ မလန်းပဲနဲ့ ဂွမ်းခဲ့ရပါတယ်။) ဆိုတာလေးကိုလဲဆက်တွေးမိတယ်…
    မြန်မာ့နိုင်ငံရေးသမိုင်းမှာတော့ တက္ကသိုလ်ကျောင်းသားလူငယ်ဘဝ၊ ဒို့ဗမာအစည်းအရုံးဝင်သခင်လူလတ်ဘဝနဲ့ ၊ နောက်ပိုင်း လူကြီးဘဝအထိ နိုင်ငံရေးလုပ်ခဲ့သူတွေလဲ မနည်းလှတော့ သူတို့ ဘယ်တုန်းက ဘာစကားပြောပြီး ဘာသံထွက်ခဲ့ကြတယ်၊ ဘယ်အရွယ်ကျတော့ ဘာဖြစ်ကုန်တယ်ဆိုတာလေးလဲ ပြန်သတိရလာမိတယ်။
    အင်း… လူကြီးတွေ… လူကြီးတွေ…. ××××××

    အကယ်၍ ဆိုတဲ့ကဗျာလေးကတော့ ကောင်းလွန်းလို့ ဖတ်လို့တောင်မဝအောင်ပဲဗျ…။

    ကိုရွေးရဲ့ မြို့သိမ်းကဗျာက မန္တလေးမြို့ကြီးကို ရည်ညွှန်းပေမယ့်
    ကျုပ်နားထဲမတော့ တနိုင်ငံလုံးအတွက် သတိပေးခေါင်းလောင်းသံတွေ ကြားလိုက်ရသလိုပါပဲ..။

    ဆရာနေဝင်းမြင့်အတွက်တော့ ကျောင်းဒကာနဲ့အတူ ဆုမွန်တောင်းပေးလိုက်ပါတယ်။
    ပြည်သူကိုချစ်တဲ့အနုပညာရှင်တွေကို ပြည်သူကလဲ ပြန်ချစ်တာပေါ့ဗျာ..။

    ဖုန်းကိစ္စကတော့ အိမ်နီးချင်းနိုင်ငံတွေလို သင့်လျှော်တဲ့ဈေးနှုံးမျိုးနဲ့မရောင်းနိုင်တာ
    အိမ်နီးချင်းနိုင်ငံတွေနဲ့မတူလို့ပေါ့…. လို့သာ စိတ်ပျက်လက်ပျက်တွေးမိပါတယ်။ ဘာတွေမတူသလဲဆိုတာတော့ ……….။

    ကောင်းသထက်ကောင်းလာတဲ့ ကျောင်းဒကာရဲ့ ချိုပေါ့ကျလေးကို လှေကလေးတွေကို တစိမ့်စိမ့်ကြည့်ရင်း အရသာခံသောက်သွားပါတယ်… လို့…..

  • ကိုဘလက်ရေ
    နိုင်ငံ့အရေးကို နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်လုပ်နေတဲ့အလုပ်တာဝန်တွေမှာ အဂတိတရား ကင်းစွာနဲ့ ခံစားမှုမဖက် အများအကျိုးကိုကြည့်ကာ လုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်း ………….
    လက်မတစ်ချောင်းထောင်ရင်း အားပေးသွားပါသည် ….

  • Khin Latt

    May 5, 2012 at 5:06 am

    ကို ဘချောရေ

    ချိုပေါ့ကျ လေးကို ဇိမ်ဆွဲ သောက် နေတာမို့ အေးတောင်အေး တော့မယ်။
    ကဲ သိပ်မအေးခင် အရသာလေး ကို ဆွေးနွေးကြစို့။ 😉

    (၁)
    ကျွန်မ စိတ်ထဲ မှာ ထည့်ထား တဲ့ နိုင်ငံရေး ဆိုတာကတော့

    “လွတ်လပ်ရေး ဆိုရာ၌
    နေရေးထိုင်ရေး လွတ်လပ်မှု၊
    လူတစ်ဦးတစ်ယောက် အနေနှင့် လည်းကောင်း၊ တစ်မျိုးလုံး အနေနှင့် လည်းကောင်း၊ တိုးတက်ကြီးပွါးအောင် စီမံဆောင်ရွက် နိုင်အောင် လွတ်လပ်မှု၊
    ကျွန်ုပ်တို့၏ ကာယ၊ ဉာဏ၊ စိတ္တ အဆင့်မြင့် တိုးတက်အောင် ဆောင်ရွက်နိုင်ရန် လွတ်လပ်မှု
    စသည်တို့ ကို ဆိုလိုပေသည်။
    ဤ လွတ်လပ်ရေး ရယူလိုမှုသည်ပင်လျှင် နိုင်ငံရေး ဖြစ်၏။
    သို့ဖြစ်ရကား နိုင်ငံရေးသည် လူမှု လူရေး မျှသာ ဖြစ်၏။
    နိုင်ငံရေးကို ကျွန်ုပ်တို့ နားမလည် နိုင်စရာမရှိချေ။
    ဗိုလ်ချုပ်အောင်ဆန်း
    (၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက် အလယ်ပစ္စယံ ညီလာခံ မိန့်ခွန်း မှ)”

    ဒီတော့ ကျွန်မတို့ ဂေဇက်မှာ ရေးနေ ဆွေးနွေး နေတာ တွေဟာ
    ရာထူး၊ နေရာ ရဖို့ အတွက် ၊
    ကိုယ့်ယုံကြည်ရာ ဝါဒကို သာ တရားသေစွဲပြီး အဲဒါကို တစ်ခြားသူတွေ ကိုပါ စိုးမိုး နိုင်ဖို့ အတွက်
    လုပ်နေတာ မဟုတ်ကြပါဘူး။
    အများနဲ့သက်ဆိုင် တဲ့ အများ ကို ကောင်းကျိုးရမဲ့ လူမှု၊ လူရေး ကို လုပ်နေတာပါ။
    ရိုးရိုးရှင်းရှင်းလေးပါဘဲ။
    ဒါဟာ ဖြူစင်တဲ့ ရိုးသားတဲ့ နိုင်ငံရေးပါဘဲ။

    (၂)
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘာသာပြန်ကဗျာ လေးကို ဖတ်ခဲ့ဘူး ပေမဲ့ အခုလို အချိန်မှာ ပြန်ပြီး တူးဆွပေးတာ အချိန်ကောင်းပါဘဲ။
    မေ့သလိုတောင် ရှိနေခဲ့ပြီ။
    အဲဒီကဗျာ လေးကို သူမဟာ တစ်ချိန်ရွတ်ဆို နေခဲ့မလား ဆိုတာ ဘယ်သူသိပါ့မလဲ။
    ဒါပေမဲ့ အဲဒီ ကဗျာကို မရိုးသားသူတွေ၊ ကောက်ကျစ်သူတွေ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ကိုယ့်တစ်ဘို့ထဲ သမားတွေ ကတော့ ခံစားလို့ တတ်မှာ မဟုတ်ပါဘူး ကျောင်းဒကာရေ့။

    (၃)
    မြို့သိမ်းကဗျာ ကိုလဲ ခံစားလို့ရပါတယ်။
    ကိုယ့်မြို့ကို သူများမသိမ်းနိုင်ဖို့ ၊ ကိုယ့်မြို့ကို အများသူငါလို တိုးတက်နိုင်ဖို့ ကိုယ်ကိုယ်တိုင် မှာလဲ လက်နက် နဲ့ စွမ်းအား တွေ လိုတာကိုလဲ မေ့လို့မရဘူး ထင်ရဲ့။

    ကျွန်မတို့ လို အဝေးရောက် တွေ မှာ ရှိတဲ့ ခံစားချက် က “ကိုယ်တွေကများ သူများ မြို့ကို သိမ်းဖို့ ကြံနေသလား” ဆိုတာပါဘဲ ကျောင်းဒကာကြီး။
    ကျွန်မတို့ က အဲလို သဘော မဟုတ်ဘူးဘဲ ထားဦး၊ မြို့ခံ တွေ က ကိုယ့်ကိုများ အဲလိုတွေးမလားပေါ့။
    တစ်ချို့ က သူတို့လဲ မကြိုးစားဘူး။ ကြိုးစားပြီး တက်လာသူတွေ ကိုလဲ မကြိုက်ဘူး။
    ကမ္ဘာ့ နေရာအနှံ့ မှာ ဖြစ်နေတဲ့ ပြသနာလို့ ထင်တာပါဘဲ။
    ကျွန်မ လဲ ကြုံ လို့ ရင်ဖွင့်တာပါ။

    မြန်မာပြည် က ပုံစံ ကတော့ တစ်မျိုး ကွဲပါတယ်။
    အုပ်ချုပ်သူ အသုံးမကျ တာကြောင့် ဖြစ်နေရတာပါ။
    သက်ဆိုင်ရာ ကိုယ်ကျိုးရှာသမား များ ကတော့ အကွက်ကောင်း ချောင်းနေမြဲပေါ့။
    ဘာဘဲ ဖြစ်ဖြစ် ကိုယ့်တာကိုယ် လုံဖို့ ကတော့ ကိုယ့်တာဝန်ပါဘဲ။

    (၄)
    ဆရာနေဝင်းမြင့် သက်တော်ရာကျော်ရှည်ပြီး စာကောင်းပေမွန်များလည်း ရေးသားနိုင်ပါစေ။ လို့ ဆုတောင်းပါတယ်ရှင်။

    (၅)
    ကြည့်ရတာ ၁ဝသိန်း ကိစ္စမှာ “ဂေဇက်ကိုသာ လှူလိုက်ပါ” ဆိုတဲ့ သူကြီး အော်သံ ကို မကြားကြဘူး ထင်ရဲ့။ ထပ်အော်ပါဗျို့။

    (၆)
    ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဦးကျော်ဆန်းဟာ NLD ပါတီမှ တရားဝင်နှုတ်ထွက် တာကတော့ ကိုယ်မကြိုက်ရင် မနေဘဲ ထွက်တာ အကောင်းဆုံး ပါဘဲ လို့ သာ ပြောချင်ပါတယ်။
    နေရာတိုင်းမှာတော့ သဘောချင်း မမျှ နိုင်တာ အသေအချာပါ ဘဲ။
    “Agree to Disagree” ကို မလုပ်နိုင်လောက်အောင် ဖြစ်နေပြီဆိုရင်တော့လဲ ကိုယ့်လမ်းကိုသွားလိုက်တာ ရှင်းပါတယ်။
    သူ့ဆီက စကားလုံး တွေ ကိုတော့ ဝေဖန်မနေတော့ ပါဘူး။
    သူ့သဘောသူဆောင် ပေါ့။

    အင်း
    ကျန်တာတွေ ကလဲ သူ့သဘောသူဆောင် တဲ့ အရာ တွေဘဲမို့ ဘေးမဲ့ ပေးလိုက်ပါတယ်။

    ဓာတ်ပုံလေးတွေ ကတော့ တကယ် မိုက်တယ် ကျောင်းဒကာရေ့။

    ကျွန်မတို့ ရိုက်ခဲ့တဲ့ ဂရု ပုံလေးများလဲ မျှပါဦးလား။
    သူကြီး ကတစ်ဆင့် ဆက်သွယ်လိုက်ပါ့မယ်။
    သံပုရာရေ ချိုချဉ် လေး အတွက် လဲ တကယ်ကြီးကို ကျေးဇူးတင်ပါတယ်။
    အမြဲ အမှတ်တရ ဖြစ်နေမှာပါဘဲ ကဘချောရေ။

    ချို့ပေါ့လေးနောက်တစ်ခွက် ကို ဆက်မျှော်နေပြီဗျား။ 🙂

  • ကြောင်ကြီး

    May 5, 2012 at 9:57 am

    ၁၉၈၈ အရေးတော်ပုံဂ အစပြုလိုက်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုဒွေမှာ သံဃာတော်ပေါင်း ရာနဲ့ချီ အဖမ်းဆီး အနှိပ်စက်ခံဂဲ့ရဒယ်။ အဲဒီထဲဂမှ ရှားရှားပါးပါး အစောပိုင်း အဖမ်းခံဂဲ့ယဒဲ့ ဘုန်းကြီးလေးပါးပဲ သင်္ကန်းဝတ်နဲ့ ထောင်တွင်းနေဂွင့်ရဒယ်လို့ မှတ်သားဘူးဒယ်။ ကျန်ကိုယ်တော်ဒွေဂတော့ ပုဆိုးကို သင်းပိုင်လိုဖားလားချဝတ်၊ လူပုံစံ ဆံပင်နဲ့ သင့်သလို နေဂျရဒါပဲ။ ထောင်တွင်း အခါကြီးရက်ကြီး သာရေး နာရေးများ ရှိရင်တော့ အပူဇော်ခံဂျရသပေါ့လေ။ အဲဒီတုန်းဂ အမိန့်ဆိုပြီး သခင်အားရ ကျွန်ပါးပွ လုပ်ခဲဂျဒဲ့ စစ်သားတွေနဲ့ ထောက်လှမ်းရေးတွေ တော်တော်အကုသိုလ်ကြီးဒဲ့ကောင်ဒွေလို့ ပြောလို့ရဒယ်။ အသိတရား နောင်တဆိုတာ အသက်ကြီးမှ ပိုပိုဖြစ်တတ်တာမျိုးဂလား..။ အသိတယောက် ပါလီမန်ခေတ်မှာ သူအာဏာရှိစဉ် လှေနဲ့မြစ်ကြောင်းတလျောက် နယ်လှည့်စစ်ဆေးစဉ် မချေမငံဆက်ဆံဒဲ့ လှေသမားဂို ပုံစံပေးဒယ်ဆိုပြီး မြစ်ဟိုဖက်ဒီဖက်ကို ဘက်ပြန်လှော်ခတ်ခိုင်းဂဲ့ အသက်ကြီးမှ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရဒါ တွေ့ဘူးတယ်။ ကျုပ်တို့သဂျီးလည်း အသက်ကြီးမှ မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ ကြောင်ကြီးရယ် ငါမှားဂဲ့ဘာဒယ် လာပြောလို့ဂဒေါ့ ဆောတီးပဲ..ဟား ဟား ဟား ဟားလို့ လော်စပီကာတပ်ပြီး အရပ်ရှစ်မျက်နှာကြားအောင် ရယ်ပစ်လိုက်မယ်…။ ဘူးထွားထွားထွား…။

  • kyeemite

    May 5, 2012 at 10:34 am

    ရဲဘော်ဘလက်ရေ ပြီးမှအေးအေးဆေးဆေး မန့်မယ်ဗျို့..
    လက်မတစ်ချောင်းတော့ ဦးစွာထောင်သွားပါဂျောင်း…

  • မဟာရာဇာ အံစာတုံး

    May 5, 2012 at 10:02 pm

    ♫ .. တိမ်တွေနေတဲ့ အရပ်ဆီကို နင်နဲ့ငါ .. ♫ .. လေတွေတိုက်တုန်း သွားမယ်ကွာ .. ♫ .. ♪ .. ဖက်ထားပါ .. ♫ .. ရင်ခုန်းလွန်းလို့ပါ .. ♫ .. ♪ ..
    ကျနော် ချစ်သုဝေရဲ့ ပိတ်သတ် တစ်ယောက်ပါလို့ …

    ဦးဘလက်ကြီး ခင်ဗျာ ..
    ဦးဘလက်ကြီးက နိုင်ငံရေးသမားကြီး ဆိုတော့ ..
    သမ္မတကြီး ဖြစ်ရင် ကျုပ်ကို မမေ့ပါနဲ့လို့ … 😀
    ကဗျာ (၂) ပုဒ်လုံးကို ကြိုက်လို့ ကူးယူသွားပါတယ် ခင်ဗျာ ..
    ပြီးတော့ ပုံတွေကိုရောပဲ ….
    အဲ … လက်မကြီး တစ်ချောင်းလည်း ထောင်သွားပါကြောင်း …
    ဒါနဲ့ .. ဘယ်သူတွေ လက်ကမျင်းကြောထပြီး လက်မ ၂ ချောင်း အောက်ဆိုက်ထားတာတုံး မသိဘူးဗျာ ..
    ချိုပေါ့ကျ က လက်မ အောက်ဆိုက်စရာအကန့် တစ်ကန့်မှ မရှိပါဘူး …

    အံစာတုံး

  • ရွာစားကျော်

    May 5, 2012 at 10:14 pm

    ကဗျာလေးတွေ ဖေ့စ်ဘွတ်မှာ ရှယ်ဖို့ ကူးသွားတယ်ဗျို့
    လက်မလေးထောင်သွားပါသေးတယ်..

  • blackchaw

    May 5, 2012 at 10:14 pm

    ဒီတစ်ခါတော့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါခင်ဗျာ…။
    တစ်ယောက်ခြင်းစီ ကွန်းမန့်ပြန်မရေးနိုင်လို့
    အားနာမိပါတယ်…။
    အားလုံးကို ကျေးဇူးတင် အားနာနေတဲ့
    ဘလက်…။

    • amatmin

      May 7, 2012 at 9:23 am

      ကြယ်နှစ်ပွင့် အတွက် ဂုဏ်ပြုပါတယ် အဘရေ.. 🙂

  • captainamerica

    May 5, 2012 at 10:40 pm

    ဖတ်လို.အရမ်းကောင်းပါတယ်ဗျာ ဒီပို(စ်)တွေမှာတစ်ခါမှ
    ဝင်မမန်း ဖူးဘဲနဲ.အခုမှပဲဝင်မန်းဖြစ်တော့တယ်။အရင်တုန်းကတော့တိတ်တိတ်ဆိတ်ဆိတ်
    ပဲထိုင်အားပေးနေတာ ချိုပေါ့ကျနောက်တစ်ခွက်ထပ်ပေးပါဗျို.လို.အော်မှာမိဘီ။
    သူကြီးရဲ.ကွန်မန်.လေးတွေဖတ်ပီးတော့လဲကိုယ်မသိသေးတဲ့ကိစ္စတွေအများကြီးသိလိုက်ရလို.
    အထူးကိုကျေးဇူးပါဗျို.။

  • FattyCat

    May 5, 2012 at 11:46 pm

    ကျောင်းဒကာရေ-

    လူငယ်တွေနိုင်ငံရေးလုပ်ကြပါလို့ တိုက်တွန်းသံကြားတော့ နိုင်ငံရေးကိုချက်ခြင်းထလုပ်ချင်စိတ်ပေါက်မိပါတယ်…
    ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ပြန်တော့ လူငယ်ဆိုတာထက် လူလတ်ပိုင်းထဲခြေလှမ်းနေပြီမို့ လူလတ်နိုင်ငံရေးသမားပဲလုပ်ရတော့မပေါ့ဗျာ…
    နိုင်ငံရေးလုပ်တယ်ဆိုတဲ့နေရာမှာ အမှိုက်ကောက်သလို နိုင်ငံရေးထလုပ်လို့မရဘူးဆိုတာလဲ သတိထားမိကြမှာပေါ့…
    လူငယ်တွေနိုင်ငံရေးလုပ်ဖို့ နိုင်ငံရေးစာပေတွေလေ့လာမှတ်သားရမယ်… ခေတ်စနစ်ရဲ့သားကောင်ဖြစ်ခဲ့တဲ့ လူငယ်တွေမှာ နိုင်ငံရေးစာပေဆိုတာမရှိခဲ့တာ လေးလဲခေါင်းထဲရှိကြပါဦးနော်… မြန်မာလိုရေးထားတဲ့နိုင်ငံရေးစာပေမရှိလို့ ခေတ်မီနေတဲ့ အင်တာနက်ပေါ်မှာလေ့လာရအောင်ဖြင့်
    ဘွဲ့ရတစ်ယောက်ရဲ့ အင်္ဂလိပ်စာအရည်အသွေးဟာ ရေးတတ်ဖတ်တတ်အဆင့်တောင်မရောက်သေးတာမို့ နိုင်ငံတကာရဲ့ နိုင်ငံရေးစာပေတွေကိုဖြင့် မီးကျိုးမောင်းပျက်အင်္ဂလိပ်စာနဲ့လေ့လာဖို့ပြောနေတာ အရမ်းများစောနေသလားလို့တွေးမိတယ်ကျောင်းဒကာရယ်…
    တစ်ချိန်က မြန်မာနိုင်ငံရဲ့သမ္မတဖြစ်ခဲ့ဖူးတဲ့ဒေါက်တာမောင်မောင်ရဲ့စကားလေးအတိုင်းပြောရရင် “ဆန္ဒတွေမစောကြပါနဲ့”ဗျာ…
    ကျုပ်တို့လို ဆင်းရဲတဲ့နိုင်ငံသားတွေရဲ့စိတ်မှာရှိတဲ့ တကိုယ်ကောင်းစိတ်ကလေးတွေ အရင်ပျောက်အောင်လုပ်ကြပါဦးစို့…

    အမေစုဘာသာပြန်ထားတဲ့ကဗျာထဲမှာ…

    အကယ်၍
    ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
    မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်…။
    အဲဒီစာသားလေးကိုတော့ အသဲထဲကနေကြိုက်တယ်ဗျာ…

    မြို့သိမ်းကဗျာမှာတော့ ကျောင်းဒကာရေ… အတိတ်စိမ်းကပါပြီးသားပါပဲဗျို့
    ယဉ်ကျေးမှုက အသည်းနှလုံးဖြစ်ပြီး၊ စီးပွားရေးက ကျုံးဖြစ်နေမှကိုယ့်မြို့ကိုယ်ထိန်းသိမ်းထားနိုင်မှာပဲကျောင်းဒကာ…
    စီးပွားရေးမကောင်းတော့ ယဉ်ကျေးမှုကိုချရောင်းပြီး မန်းတလေးရဲ့ကျုံးဘေးတစ်ဝိုက်တောင် လူငန်ကောင်တွေသိမ်းလို့ကုန်လောက်ပီ ကျောင်းဒကာရေ…
    မရှိဝမ်းစာ ရှိတန်ဆာဆိုမှတော့ လွမ်းရေးထက်ဝမ်းရေးခက်တဲ့အချိန် ချစ်တီးလက်ထိုးအပ်သလိုထိုးအပ်ခဲ့သူတွေအတွက် မြို့သိမ်းဖို့စီးပွားရေးခိုင်လုံရမယ် ဆိုတာ မြို့ချစ်သူတွေဘယ်တော့မှမမေ့ရမယ့် အဓိကအချက်ပေါ့ဗျာ… ကျုံးပေါက်ရင်တော့ နန်းတော်ကိုထိုးအပ်ရတော့မှာပဲကျောင်းဒကာရေ…

    တရားစွဲတဲ့ကိစ္စကိုကြားရတိုင်း ကျုပ်မျှော်လင့်မိတဲ့နေ့တစ်နေ့ရှိတယ် ကျောင်းဒကာ…
    ဘယ်တော့များမှ ကျုပ်ကိုယ်တိုင် နိုင်ငံတော်သမ္မတကြီးကိုတရားစွဲလို့ရပါလိမ့်မတုန်းပေါ့…
    There is no one above the law (မည်သူမှ ဥပဒေရဲ့အထက်မှာမရှိဘူးပေါ့) ဒါဆို သမ္မတကြီးလဲ ဥပဒေရဲ့အစီအရင်ကိုခံဖို့ အခွင့်အရေးများရှိသည်ပေါ့လေ။
    ဒါပေသည့် အစက်ကလေးတစ်စက်ကို အဲဒီစာကြောင်းမှာဖြည့်ကြည့်လိုက်ရအောင်ဗျာ…
    There is no. one above the law (ဥပဒေ၏အထက်တွင် နံပါတ်တစ်ရှိနေသည်)တဲ့
    အဲဒီနံပါတ်တစ်ဟာ အခုအချိန်အထိ ဥပဒေရဲ့အထက်မှာရှိနေသေးတယ်လို့ ကျုပ်တော့ခံစားရသေးတယ်ဗျာ… ကျောင်းဒကာရယ်…

    မခိုင်ကြီးဟာဖြင့် ကျုပ်စိတ်ထဲမှာ အဆိုရော အငိုရောပိုင်တဲ့မင်းသမီးတစ်ယောက်ပေါ့ဗျာ…
    ရှင်းရှင်းပြောရရင် မိန်းမနောက်ပိုးဇာတ်ရုပ်ကိုဖြင့် မခိုင်ကြီးကို ဘယ်သူမှမမီဘူးဆိုတာကို ငြင်းကြမယ်မထင်ပါဘူးကျောင်းဒကာရေ…
    ဒါပေသိ ၄၆နှစ်ဆိုတော့ဖြင့် အရင်လိုခပ်ဟော့ဟော့ထက် အတည်ငြိမ်ရင့်ကျက်တဲ့ သရုပ်ကိုပိုပြီးမြင်ချင်တာတော့အမှန်ပါကျောင်းဒကာ…
    အကွန့်အညွန့်တွေမပါတဲ့ မခိုင်ကြီးရဲ့အသံနဲ့ ကလပ်စစ်ရောခ့်လေးတွေကို ကြားချင်သေးပါတယ်ဗျာ…

    ကျောင်းဒကာရေ-
    သဇင်ကတော့ ဟန်းနီးမွန်းထွက်သွားသလို…
    မိုးပြည့်ပြည့်မောင်လေးကတော့ လူဖြစ်သွားပြီကွယ်…
    ပြည့်သူ့အချစ်တော် ပိစိဝတ်မှုန်ကတော့ဖြင့် ဦးဆောင်သူတို့နောက် ဘယ်တော့လောက်လိုက်မလဲဆိုတာသိချင်ပါတယ်ဗျို့…
    ဒါမှ ကိုရင်ပေါက်ဖော်အတွက် ဝမ်းနည်းခြင်းအထိန်းအမှတ်တစ်ခုခု တို့များစီစဉ်ကြရမှာပေါ့လေ…

    တိမ်တွေပေါ်မှာနေတဲ့ ချစ်သုဝေလေးကိုပြောလိုက်ပါ…
    ဘယ်တော့များမှ အငဲကြီးရဲ့ Unplugged VCD အခွေထဲက ကလေးလေးတစ်ယောက်လို့ချစ်စရာကောင်းခဲ့တဲ့သူ
    ဆံပင်တိုတိုအချစ်တိုတိုဆိုတဲ့ စီးရီးကာဗာမှာတွေ့ပြီး ချစ်သုဝေဆိုတာမဖြစ်ခင်ကတည်းက ကြွေခဲ့ဖူးတာလေးသတိရနေပါတယ်…
    အခုတော့ကျုပ်လဲအိမ်ထောင်ကျသွားပါပြီလေ…ကျောင်းဒကာ
    မင်းလေးလဲတော်တော် ပြောင်းလဲသွားခဲ့ပါပြီ…
    ချစ်သုဝေရေ… ငါ့ရင်မှာမင်းအတွက်နေရာမရှိတော့တဲ့အတွက် ဝမ်းနည်းပါတယ်…

    နောက်ဆုံးအနေနဲ့-

    ကုလားကြီးနဲ့အရာကြီးဆိုတဲ့ပုဂ္ဂိုဟ်ကိုဖြင့် မြန်မာစာဆရာတစ်ယောက်သေချာ အိမ်ခေါ်ကျူရှင်သင်စေချင်ကြောင်းနဲ့…
    နောက်ဆုံး တစ်ဦးတည်းကျန်ခဲ့သော နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းကြီးအားလဲ…တစ်ခုအမှာစကားပါးလိုက်ချင်ပါတယ်…
    မိမိပြုခဲ့တဲ့အကုသိုလ်ကံဟာဖြင့် ထောင်ထဲကထွက်လာရုံဖြင့်မကျေသေးဘူးဆိုတာလေးကိုဖြင့် မမေ့ပါနဲ့လို့ ပြောချင်ပါတယ်… ကျောင်းဒကာရေ

    ချိုပေါ့ကျဟာဖြင့် ရေးသူတင်မကဘူး… မန့်သူကိုပါအင်အားစိုက်ထုတ်ရစေသောပိုစ့်ဖြစ်သည့်အတွက် အချိန်ယူရခြင်းကိုနားလည်စေချင်ပါတယ်…
    နောက်ကျမှ မန့်ခြင်းအတွက်လဲ ခွင့်လွှတ်စေချင်ပါတယ် ကျောင်းဒကာရေ… နောက်တိုက်မယ့် ချိုပေါ့ကျတစ်ခွက်ကိုဖြင့် မျှော်တလင့်လင့်….

    ခင်တဲ့-
    ကြောင်ဝတုတ်

  • nature

    May 6, 2012 at 2:33 am

    အခုခေတ်တရားသူကြီးတွေရဲ့အထက်မှာ ဘယ်သူမှမရှိရင် ထပ်တိုင်စရာမရှိလို့ခက်ရချည်သေးရဲ့။ 🙂

  • kyeemite

    May 6, 2012 at 9:17 am

    NLD ပါတီမှ ရွေးချယ်ခံထားရသော ကိုယ်စားလှယ်များ လွှတ်တော်မတက်ရောက်သေးသည့်အပေါ် မြန်မာအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌ ကိုကောင်းမြင့်ထွဋ် ၏ အမြင် (Messenger)
    အမှန်တကယ်တော့ဗျာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မှာနဲ့ လေးစားလိုက်နာတယ်ဆိုတာ ကုလားကြီးနဲ့ အရာကြီးပါပဲ။ဆိုပါလား..
    ဒီစကားကို ကျောင်းမနေဘူးတဲ့ လူတစ်ယောက်ကပြောတာဆို လက်ခံပါတယ်
    ခုတော့ဗျာ…နိုင်ငံ့အကျိုးအတွက် တိုးတက်ရာတိုးတက်ကြောင်း အစွမ်းကုန်ဆောင်ရွက်ဖို့
    အတွက် ပါတီတစ်ခုတည်ထောင်ပြီး ပါတီဥက္ကဌ လုပ်နေသူက ဒီလိုစကားထွက်တာဆိုတော့
    ပြည်သူ့ခေတ်မဂ္ဂဇင်း ကစာရေးဆရာတစ်ယောက်ရဲ့ စကားကိုငှားသုံးရရင်
    အံ့ဩလွန်းလို့ သေတော့မယ်လို့ သာပြောလိုက်ချင်ကြောင်းပါ ကျောင်းဒကာရေ..

  • Inz@ghi

    May 6, 2012 at 8:25 pm

    ဘဘဘလက် ကို ဝေဖန်ဦးမှ…
    (လွန်တာရှိရင် ဝန်ဒလာမိပါဗျို့ …)

    အရင် ချိုပေါ့ကျတွေက ပုံတွေထက် သည်တခါ ပုံတွေက
    ဘဘဘလက်ကိုယ်တိုင်လည်း အလွန်နှစ်ချိုက်မယ်..
    အနုပညာတန်ဖိုးအရလည်း မြင့်မယ်….
    ဆိုတော့ ကာ သီးခြား တင်စေချင်တယ်ဗျာ…

    တခါတခါ. ..ချိုပေါ့ကျ မှာပါနေကျ
    စာပေစုစည်းမှုနဲ့ ဒါ့ပုံစုစည်းမှုက
    လောင်းကုတ် ဝတ်ပြီး တောင်ရှည် တွဲဆင် ထားသလို မြင်ရရဲ့ဗျာ…

    ပြောနေကျ စကား synergism ကိုပြန်ကောက်ရရင် …
    သတင်းကနေ ဒါ့ပုံ ဒါ့ပုံကနေသတင်း…
    အပြန်အလှန်အားပြုပြီး 1+1 > 2 ဖြစ်ခဲ့တာတွေလည်း ရှိပါရဲ့…
    သို့သော် တခါတခါမှာ ..အနှီ စာစုနဲ့ ပုံတွေဟာ သီးခြား ဆန်လွန်းတဲ့အတွက်…
    စာစုနဲ့ တောက်လျောက် သယ်လာခဲ့တဲ့ mood ကို ဒါ့ပုံမှာ ဆက်မသယ်သွားနိုင်ခဲ့ဘဲ…
    drama တောက်လျောက် သယ်လာခဲ့ပါလျက် climax ရောက်မှ action ချိုးချ ပစ်လိုက်သလို မြင်မိရဲ့ဗျာ..

    ဘဘဘလက်အနေနဲ့လည်း ၂ပို့စ် ခွဲတင်နိုင်တာကိ ၁ပိုစ့် အဆုံးခံပြီး 2 in one လုပ်တာကို ဂုဏ်ပြုရင်း
    harmonium, synergism တွေဘက်ကတော့ ခွဲစေချင်ပါကြောင်းလေး … ပြောပါရစေဗျာ..
    စိတ်မဆိုးပါနဲ့ဗျာ မြင်တာလေး ပြောမိတာပါ…

    ဇဂါးအတင်းစပ် …လူတယောက်ရှိသဗျ …CJ တွေဘာတွေ အော်ပြီး ဗမာ နှစ်ကူးကျော်ရင်
    ဘာကတ် ထုတ်ပေးမယ် ညာကတ် ထုတ်ပေးမယ်ဆိုလား ….

    ခုတော့ နှာစေးနေလိုက်တာ ..ဘာမီတွန် ၁လုံးစီလောက် ပို့လိုက်ရအောင်ဗျား…

    P.S ဘဘဘလက်ရေ …မြင်တာလေး ပြောမိတာ စိတ်မကွက်ဘူး မှတ်ပါတယ်ဗျာ…
    သည်ပို့စ်မှာ စာသားထက် ဒါ့ပုံကို ပိုကြွေမိလို့ရယ်ပါ…

    ခင်တဲ့
    ဂီ…

  • Diamond Key

    May 7, 2012 at 12:08 pm

    အနှစ်တွေကို လက်မထောင်ကာ အားပေးသွားပါကြောင်းနဲ့ ဓါတ်ပုံလှလှလေးတွေမှာ ပုံလေးလှေလေးရယ်၊ လှေအမွှာပူးလေးရယ်နဲ့ အောက်ဆုံးပုံလေးတွေကို ရိုက်တဲ့ အိုင်ဒီယာနဲ့ ရိုက်ချက်တွေကိုပါ။ 😀

  • Diamond Key

    May 7, 2012 at 12:09 pm

    အနှစ်တွေကို လက်မထောင်ကာ အားပေးသွားပါကြောင်းနဲ့ ဓါတ်ပုံလှလှလေးတွေမှာ ပုံလေးလှေလေးရယ်၊ လှေအမွှာပူးလေးရယ်နဲ့ အောက်ဆုံးပုံလေးတွေကို ရိုက်တဲ့ အိုင်ဒီယာနဲ့ ရိုက်ချက်တွေကို ကြိုက်ကြိုက်ပါ။ 😀

  • etone

    May 7, 2012 at 4:13 pm

    ကိုချောကလက်ကြီးရဲ့ …. အချိန်ပေးရေးသား အားထုတ်မှုကို လေးစားမိပါတယ် ။
    ချိုပေါ့ကျကိုဖတ်လိုက်တာနဲ့ပဲ … ဂျာနယ်အတော်များများက ထူးပေ့ဆန်းပေ့သတင်းများကို သိနိုင်တာမို့ … ဒီလို ပို့စ်မျိုးရေးပေးတဲ့ ကိုချောကလက်ကြီးကို ကျေးဇူးလည်းတင်ပါတယ် ။ လက်မထောင်ပြီးအားပေးပါတယ်ချင့် …. ။ ဒီထက် အများကြီး x အများကြီး ရေးနိုင်ပါစေနော် ။

  • marblecommet

    May 8, 2012 at 1:29 pm

    အစ်ကိုကြီးဘလက်ရေ့
    ဖွယ်ဖွယ်ရာရာတော့
    ဝင်မရွှီးတော့ပါဘူးနော့
    ဖတ်ပြီး ဖေ့သွားခဲ့တဲ့
    ကဗျာကောင်း စာကောင်းလေးတွေကို
    ပြန်ဖော်ပြပေးတဲ့အတွက်
    ကျေးဇူးတင်လိုက်တာဗျာ
    နတ်ကော်ဖီကိုလည်း
    ပြန်အမှတ်ရသွားပြီ
    အဲဒီဝတ္ထုတိုစာအုပ်တောင်
    ပြန်ရှာဖတ်ချင်စိတ်ပေါက်သွား
    ပြီဗျ
    လေးစားစွာ

  • htoosan

    May 9, 2012 at 6:09 am

    HOPE အဖွဲ့ လိပ်စာ အတွက် ကျေးကျေးပါ ဘဘ ဘလက်ရေ ။ ကျွန်တော်လိပ်စာ စာအုပ်အတွက်ဆက်သွယ်ထားပါသည် ။ သူတို့ဆီမှာ လောလောဆယ်ကုန်နေကြောင်းသိရပါသည်။ သို့သော် တစ်အုပ်ရအောင်ရှာ၍ လာပေးမည်ဟုပြောပါသည်။
    ဘဘဘလက် စာတွေဖတ်ရတိုင်း ဆြာသစ် အားလည်း သတိရမိပါသည်။ အတိုင်အဖောက်ညီစွာရေးခဲ့ကြသော ဆြာသစ် ၊ကိုဂီ ၊ ဘဘဘလက် တို့ အနက် ဆြာသစ်ကတော့ ရွာကို အမှန်တစ်ကယ် ဥပက္ခာပြုသွားပြီလားဟု စကားအတင်းစပ် ပြောပါရစေ။
    ကိုဂီရေ ..သင်္ကြန်မှာ သင်ချာဝင့်ကျော်တို့ ဒါ့ပုံတွေ တွေ့ ပြီး ငုတ်တုတ်မေ့သွားတယ်ထင်ပါ့ .. 😀

Leave a Reply