ဘယ်အချိန်ထိလဲ
ကြာတော့လည်း ကြာခဲ့ပါပြီ။ ဒီပရုပ်လုံးလေး လည်ပတ်နေခဲ့တာ ။ ကိုယ်မမွေးခင်နှစ်တော်တော်ကြာ ကတည်းက ရပ်တည်လာခဲ့တာ။ စစချင်းတော့ အသေးစား လုပ်ငန်း နောက်တော့ အလတ်စားလုပ်ငန်း နောက်တော့ နောက်တော့ တန့်နေခဲ့တာ တော်တော်လေးတော့ ကြာနေပါပြီ။ ခုအချိန်မှာကတော့ ဆုပ်လည်း ဆူး စားလည်းရူး ။ ရှေ့တိုးရခက် နောက်ဆုတ်ရခက် ။ ဇော်ကန့်လန့် ဖြစ်နေခဲ့တာ ။
ခုရက်ပိုင်းများမှာတော့ တကယ့်ကိုပဲ ကသီကလင်နိုင်လာတော့သည်။ ဟင်း … ဆိုတဲ့သက်မ ကြီးတွေကိုလည်း အကြိမ်ကြိမ် ချနေခဲ့ရတာ ကြာပါပြီ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ဝင်လာမစဲ ချိုင်းနား မိတ် ထိုင်းမိတ် အော်ရဂျင်နယ် ပစ္စည်းတွေ ကြောင့်လည်း ရင်တမမ။ ဒီပစ္စည်းတွေကို ယှဉ်နိုင်ဖို့ ဆိုရင် ကိုယ့်ထုတ်ကုန်ကိုလည်း သူတို့လို ထုတ်နိုင်ဖို့ စက်ကောင်းတွေ လိုသည်။ နည်းပညာလိုသည်။ မလုပ်ရင် မဖြစ်တော့ဘူး ဆိုတာ မြင်လာတော့ ရှိတာလေး ကုပ်ကပ်စုပြီး တဖက်ကို မျက်စိပွင့်နားပွင့်အောင် သွားရသည်။ ဟိုဟိုဒီဒီ မေးမြန်းစုံစမ်းလာ ရကနေ အဆက်အသွယ်ကနေ တဆင့် သူတို့ပြောတဲ့ စက်ကို ဝယ်ရသည်။ အဲ့ဒီစက် ရောက်ဖို့ရာ လုပ်လိုက်ရတဲ့ ထောက်ခံစာတွေ ဟိုဟာတောင်း ဒီဟာတောင်း အတော်လေးကို လုံးပန်းခဲ့ရသည်။ နောက်ဆုံးမှာတော့ စက်စဝယ်ဖို့ ကနေ အိမ်ရောက်ဖို့ရာအထိ နှစ်ချီစောင့်ပြီး တနှစ်ပြည့်လုနီးပါးမှာ အောင်မြင်စွာနဲ့ ရောက်ရှိလာသည်။
စက်ရောက်တော့လည်း ချက်ချင်းလည်လို့ မရပါ။ အဲ့ဒီစက်ကို လည်နိုင်ဖို့ ကိုယ်ပိုင်ထရန်စဖော်မာလိုသည် ဆိုတော့ လျှောက်ရပြန်သည်။ ခြေသလုုံးဖက်မတတ် ပြောရသည် အောက်ကျို့ရသည်။ ပေးရကမ်းရသည်။ အဆင့်ဆင့်ဝင်ရသည်။ ဒါတောင် ကိုယ်က မဟုတ်မဟပ်လုပ်စားတာမဟုတ် ။ ဘောင်ထဲက လုပ်ငန်းတခု။ လတော်တော်ကြာစောင့်ပြီး မှ ထရန်စဖော်မာလေး ရခဲ့သည်။ စက်စ ဆင်တာကနေ ထရန်စဖော်မာ ထိုင်တာ ကြိုးဆွဲတာတွေနဲ့ ၆ လလောက်အချိန်ကုန်သွားသည်။ စက်ကတော့ မလည်ရသေး။
နောက်တော့ စက်ကို လည်ပတ်ဖို့ရာ အသင့်ဖြစ်လာသည်။ လည်ပြီး သိပ်မကြာ စက်လည်နေတုန်း မီးကို ဖျက်ဖျက်ချသည်။ ဘာဖြစ်လို့လဲ ဆိုတော့ ရေမလောင်းလို့ပါတဲ့။ အော်… တောင်းသူရှိရင်လည်း ပေးရမှာပေါ့။ ဘယ်တတ်မနိုင်မလဲ ။ ဒီလိုနဲ့ စက်လည်တဲ့ နေ့တိုင်း ရေလောင်းရသည်။ မလောင်းရင် ဖျက်ချတတ်သည်။ ဒီကြားထဲမှာ ကြုံရင် ကြုံသလို အခါအခွင့်သင့်တိုင်း လာလာညှစ်တတ်သေးသည်။
ဒီလိုနဲ့ မီးလည်း ရလို့ စက်လည်တော့ ပစ္စည်းကောင်းမရပါ။ နည်းလိုနေသည်။ ဟိုဘက်ကလည်း လူလည်တွေ စက်ကို ရောင်းသည် ။ နည်းပညာမပါ။ ကိုယ့်ဟာကိုယ် စမ်း ကိုယ့်ဟာကိုယ်ကြံ။ ဒီလိုနဲ့ ပစ္စည်းကို ကိုင်ပြီး ဓာတ်ခွဲခန်းပို့ရသည်။ ကောင်းတဲ့ ပစ္စည်းမှာ ဘာတွေပါလဲ ။ ပျက်တဲ့ထဲမှာ ဘာတွေ ပါနေတာလဲ။ အဆင့်ဆင့်ပို့ခဲ့ရသည်။ နောက်ဆုံးမှာ အဖြေထွက်တော့ ဓာတုပစ္စည်း တချို့ ထည့်ရမည် ။ အချိူးအစား မှန်မှ မီးမှန်မှ အပူချိန်မှန်မှ ဆိုတဲ့ ပြသာနာလေးတွေ ရှိသည်။ အဲ့ဒါတွေ ကို တိုင်းနိုင်တဲ့ စက်ကို ထပ်ဝယ်ရသည်။
ဖြစ်ချင်တော့ အဲ့ဒီစက်က စာတွေက သူတို့ ဘာသာစကားနဲ့ ။ ကွန်ပျုတာနဲ့ တွဲသုံးရသည်။ ဘာတွေမှန်းမသိ စစချင်း။ ဒီလိုနဲ့ အကုန် မန်နူရယ်တွေ အင်္ဂလိပ်လို ပြန်ရသည်။ တော်တော်လေး စောင့်ခဲ့ရသည်။ အဲ့ဒီစက်က ပြောရရင် ဆိုင်ရာနယ်ပယ်မှာ လုံးဝ အသစ်ဖြစ်နေသည်။ တော်တော်ကြီးမှ တော်တော်ကြီးကို ကြိုးစားခဲ့ရပါသည်။
ဒီလိုနဲ့ ပျက်လိုက် စမ်းလိုက်နဲ့ နှစ်ပေါက်လာသည်။ ဒီလို စမ်းသပ်ကာလမှာ မီးကို အလှည့်နဲ့ပေးတဲ့ အခါမျိုး ဆိုရင် ညဘက်ပေးတဲ့ မီးအလှည့်မှာ ညသန်းခေါင် ၂ နာရီလောက်မှာ လုပ်ရတဲ့နေ့တွေ အများကြီး ။ ဒီစက်တွေက မီးစက်မနိုင်ပါ။ မီးအားငြိမ်ဖို့ အရေးကြီးသည်။
စမ်းသပ်ဆဲ နှစ်တွေမှာ တဖက်ကလည်း မူလလက်ဟောင်းဂျပန်နည်းလေးနဲ့ ကျားကန်ထားရသည်။ ဆုံးရှုံးမှုတွေ ကုန်ကျစရိတ်တွေ နှစ်ချီလာတော့ တော်တော်လေး အထိနာလာသည်။ လက်လျှော့လုနီးပါးမှာ အမှားကိုတွေ့ပြီး အသက်ရှုပေါက်ရလာသည်။ ပြောရရင် ဟန်ပဲ ရှိပြီး အဆံမရှိတော့တာကြာနေပြီ။
နောက်တော့ အကြမ်းထုတ်တာ အဆင်ပြေတော့ အချောဘက်မှာ စက်ထပ်ဝယ်ရသည်။ ဒီစက်ကလည်း တော်တော်လေး ကောင်းသည်။သို့သော် မီးစက်နဲ့ မနိုင်။ မီးငြိမ်ဖို့က အသက်တမျှအရေးပါနေသည်။ အဲ့ဒီလောက် မီးစက်ဖိုးလည်း ဘယ်လိုမှ ထပ်ပြီး မဝယ်နိုင်တော့ မတတ်နိုင်တော့ပါ။ သူများနိုင်ငံတွေ ဘာလို့ ပစ္စည်းကောင်းတွေ ဈေးချိုသလဲ ဆိုတော့ စက်ကောင်းသည် ။ နည်းပညာကောင်းသည်။ လျှပ်စစ်မီး ကောင်းသည်။ မီးငြိမ်သည်။ စက်ကောင်းတော့ အလုပ်သမား သိပ်မလို။ လျှော့ချလို့ ချွေတာလို့ ရတဲ့နေရာတွေ အများကြီး။
စမိမှတော့ ဆိုပြီး ကြိတ်မှိတ်ဝယ်ခဲ့သည်။ ဒီလိုပဲ အခက်အခဲ မျိုးစုံကြားက ရောက်လာခဲ့သည်။
ထုံးစံအတိုင်း တော်တော်နဲ့လည်း မလည်နိုင်ပါ။ သူတို့ ကုန်စည်ပြပွဲဆိုတာတွေ ထပ်သွားပြီး စနည်းနာရသည်။ မျက်စိပွင့် နားပွင့်ဖို့ဆိုရင် သူတို့ ဆီကိုတော့ မကြာမကြာသွားပြီး ဘာတွေလုပ်နေသလဲတော့ ကြည့်နေမှ။ အထဲက အပြင်ကို မထွက်နိုင်ရင်တော့ တပန်းရှုံးပြီးသား။ ဒါတောင် အရှေ့က ထုတ်တဲ့စက်မို့ အနောက်က ထုတ်တဲ့ စက်ဆိုတာ မျှော်ကြည့်ရုံပဲ တတ်နိုင်သည်။ နည်းပညာရယ် စွမ်းအင်ရယ် ဆိုတာ လုပ်ငန်းတိုင်းတိုးတက်စေဖို့အတွက် အသက်တမျှအရေးပါသည်။
နောက်တခုက ဒီလုပ်ငန်းက ကုန်ကြမ်းလည်း အတော်လေး ဝယ်ရသည်။ တခါတခါဝယ်ရင် အင့်ခနဲ နင့်ခနဲ။ တခါတခါမှာ အလုပ်သမား စရိတ်ရယ် မိသားစုစရိတ်ရယ် ကာမိရုံ။ လက်ထဲမှာ ငွေမရှိတတ်ပါ။ လည်ပတ်နေတဲ့ လုပ်ငန်းပဲ ရှိသည်။ အများအမြင်မှာတော့ လုပ်ငန်းရှင်ဆိုတဲ့ အမြင်။ တကယ်က နာမည်ကြီး ထမင်းငတ်။ နည်းမျိူးစုံနဲ့ ကျားကန်ထားခဲ့ရတာလည်း ပန်းနေပါပြီ။
တခါတခါ ထမင်းစားရတာ မြိုတောင် မကျချင်။ ဒီခေတ်ထဲမှာ သမာအာဇီဝလုပ်ငန်းတခု နဖူးကချွေး ခြေမကျအောင် ရှာတာတောင် သူများတွေလို ကားကောင်းမစီးနိုင်ခဲ့ပါ။ လုပ်ငန်းသုံးကားနဲ့ ခပ်လတ်လတ် အိမ်စီးကား လေးသာ ရှိခဲ့သည်။ သူများတွေက ကားဘာလို့ မလဲသလဲ မေးရင် ပိုက်ဆံမရှိလို့ပေါ့လို့ ပြောရင် မယုံတတ်ကြ။ အော် … ခုတော့ လည်း ကားဈေးတွေ ကျလာပါပြီ။
ဒီလိုနဲ့ စက်တွေ အသားကျလို့ လည်နိုင်ပြီ ဆိုတဲ့အခါမှာ ကျတော့ မီးမပေးတော့ပါ။ အလှည့်နဲ့ ဖြစ်သွားသည်။ လာတဲ့အချိန်မှာ မီးကခဏခဏပြုတ်ကျသည်။ ဒီစက်တွေက ဒီလို
မီးကစားတာတွေ မခံနိုင်ပါ။ အင်မတန် ပြသာနာပေးသည်။ ပျက်လျှင်ပြင်တတ်တဲ့သူ ဒီမှာမရှိသေးပါ။ ပစ္စည်းလည်း မရှိသေး။ အကုန်ဟိုဘက်ကို မှာရသည်။ စရိတ်ကြီးသည်။
ဒီလို မီးမလာခြင်း မီးမငြိမ်ခြင်းရဲ့ အကျိုးဆက်ကတော့ စက်တွေ မလည်ပဲ ရပ်ထားရသည်။ ထုတ်ကုန်တွေလည်း အပျက်အစီးအလွန်များလာသည်။
အလုပ်သမားစရိတ်ဝန်ပိလာသည်။ မိတ်ပျက်လာသည်။ အလုပ်သမားစရိတ် နိုင်ဖို့ မဲတင်းထားရတော့ ကုန်ကြမ်းမဝယ်နိုင် ။ ရှိပြီးသား မိတ်ကို မထိန်းနိုင်ရင် လုပ်ငန်း ဆက်လက်ရပ်တည်ဖို့ ခက်လာသည်။ သူတို့က စောင့်မှာမဟုတ် ။ အလွယ်ရတဲ့ အပြင်ကသွင်းလာတာပဲ သုံးတော့မှာ။
လုပ်ငန်းက ရှေ့မတိုးနိုင် နောက်သို့သာ ဘက်ပြန်ဆုတ်လာရသည်။
အော်…မေ့လို့ ရေကတော့ ပုံမှန်လောင်းရဆဲ လောင်းနေဆဲပါ။ ပိုက်ဆံသာယူသည်။ ဘာလို့ဒီလိုဖြစ်လဲဆိုတော့ ဟိုဘက်က စက်က ဘာဖြစ်တယ် ပြင်နေတယ် ။ ရေခန်းနေလို့ စက်မလည်နိုင် စသဖြင့် အကြောင်းအရာက မျိုးစုံ။ ဒီလို လာလိုက်ပျက်လိုက်လုပ်လို့ ဝါယာလျှော့ကနေ မီးလောင်တာလည်း မြန်မာတပြည်လုံး ဈေးတွေ ကုန်သလောက်ရှိနေပြီ။
အချုပ်ပြောရရင်တော့ ပရုတ်လုံးတခု အသက်ရှင်ဖို့ ဒီခေတ်ထဲမှာ ကျားကုတ်ကျားခဲကြိုးပမ်းရသည်။ နည်းပညာအထောက်အပံ့ စွမ်းအင်အထောက်အပံ့ ဘာတခုမှမရှိ။ ကုန်ကြမ်းရှားပါးမှုကလည်း တမျိုး။ နောက် လည်မျိုကို အကြောင်းအရာမျိုးစုံနဲ့ လာလာညှစ်ပြီး ငွေတောင်းတတ်သေးသည်။ အခက်အခဲကလည်း ဗျောက်သောက်။
အလုပ်သမားတွေ ထိန်းရတာ နည်းမျိုးစုံနဲ့ ပညာပြတာတွေ။ အပြင်က ဝင်လာတဲ့ တန်ဖိုးနည်း အရည်အသွေးကောင်းပစ္စည်းတွေကိုလည်း ယှဉ်ပြိုင်ဖို့ ဆိုတာကလည်း တဖုံ။ လုပ်ရင်း ကိုင်ရင်း ဖုတ်လှိုက်ဖုတ်လှိုက် အသက်ငင်နေသည်။
မန္တလေး စက်မှုလောကကြီးလည်း ပူပြင်းလှတဲ့နွေနဲ့အတူ ခြောက်သွေ့ပြီး ကျွမ်းသွားဖို့ရာ သိပ်မလိုတော့ပါ။ ဒီပုံစံမျိုးနဲ့ ဆက်သွားလို့ကတော့ ဒီတသက် စက်မှုကဏ္ဍဖွံ့ဖြိုးဖို့ ဆိုတာ အိမ်မက်ထဲတောင် သိပ်မရေရာပါ။
ပရုတ်လုံး စက်မှုလုပ်ငန်းတွေ ရှင်သန်ဖို့လည်း မလွယ်ရေးချ လုံးဝမလွယ်ပါ။
ရန်ကုန်တမြို့ထဲ ၂၄ နာရီမီးပေးပြီး ကျန်တပြည်လုံး လှည့်မကြည့်တာကလည်း လုံးဝမဖြစ်သင့်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ စွမ်းအင်လုံလောက်အောင် မပေးနိုင်သရွေ့ကတော့ မွဲမြဲမွဲလျက်ရှိနေအုန်းမှာ။
လျှပ်စစ်တွေ ပိုလို့ ရောင်းစားနေရတယ်လို့ ပြောတဲ့ လူကြီးက ကျပ်ရောပြည့်ရဲ့လားမသိ။
မနှစ်ကလိုပဲ ဒီနှစ်နွေက ကျောကော့အောင်ပူသည်။ ရေတွေလည်း ခန်းသည်။ မနှစ်ကလိုပဲ EPC ကို ပုံမှန်ရေလောင်းပေးရသည်။ မနှစ်က ထက် လျှပ်စစ်မီး ပိုဆိုးလာသည်။ အရာရာ ဟာ အရင်အတိုင်းပါပဲ ။ ပိုဆိုးလာတာပဲ ရှိသည်။ ကောင်းလာတာ ဘာတခုမှ မန္တလေး စက်မှုလောကမှာ မရှိ။ စက်မှုလမ်းတွေလည်း ဆိုးမြဲ ဆိုးလျှက်။ ထုတ်ကုန်ထက် သွင်းကုန်ဘက်ကို လူတွေ အာရုံကျလာသည်။
ကိုယ့်မြို့ကို ပြန်သိမ်းနိုင်ဖို့လည်း သိပ်မလွယ်တော့ပါ။
ကိုယ့်ရပ်တည်မှုတောင် သိပ်မသေချာတော့။
ရင်းနှီးမြှုပ်နှံမှုတွေ လာလို့ ဒီမီး ဒီလမ်း ဒီပုံစံ ဒီနှုန်းတွေနဲ့ကတော့ … အင်း…….
လာအုန်းမယ်တဲ့ စတော့ဈေးကွက် …….အင်း………
ဒီအသံတွေ ကြားရင် ရီချင်သည်။ ရိုးရိုးမဟုတ် ဟားတိုက်ပြီးကို ရီချင်သည်။ သေချာတာကတော့ တိုင်းပြည်တခုမှာ အခြေခံအကျဆုံးစွမ်းအင် အလုံအလောက်မပေးနိုင်ပဲနဲ့ ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ မဖြစ်နိုင်ပါ။
ကိုယ်လိုချင်တာဖြစ်ဖို့ ကိုယ်မသေခင်တောင် မြင်နိုင်ဖြစ်နိုင်ပါ့မလားမသိ။ တခါတခါ အလွန်အားငယ်သည်။ ၁ဝ နှစ်လား အနှစ် ၂ဝ လား ထပ်စောင့်ရဖို့ ။ သို့သော် နောက်လူတွေအတွက် ကိုယ်ကတော့ နိုင်သလောက်အသံပေးသွားမည်။ လောလောဆယ် ကိုယ်လုပ်နိုင်တာဒါလေးပဲ ရှိသည်။
ဆိုင်ရာနယ်ပယ်က အခြေခံ အလုပ်သမားလူတန်းစားအကြောင်းလည်း ရေးပြချင်သေးသည်။
82 comments
ကိုပေါက်(မန္တလေး)
May 15, 2012 at 10:49 pm
တကယ်ဖြစ်ရပ်မှန်ဇာတ်လမ်းပါလားဟရို့။
တိုက်တိုက်ဆိုင်ဆိုင်ကိုယ်ကလဲ ဒီအကြောင်းရေးနေမိ။
တိုင်းပြည်တိုးတက်ဘို့ဆိုတာ ……………….
အပြောလွယ်သလောက်အလုပ်ရခက်ပါတယ်။
ဒီအကြောင်းတွေထိုင်ပြောရင် တော့ မိုးလင်းမယ့်ညတွေ အများကြီးဖြစ်ကုန်မှာသေချာပါ၏။
အနေမစောင်းအောင်ရေလောင်းရတဲ့ခေတ်ကိုတော့ကုန်စေချင်လှပါပြီ။
ဦးဦးပါလေရာ
May 15, 2012 at 11:58 pm
ဒီလောက်အခက်အခဲတွေနဲ့ ရုန်းကန်ရတဲ့ကြားက ဘာကြေးညာကြေး ဘာအတွက်ညာအတွက်ဆိုတဲ့ ခွဲတမ်းတွေကလဲ အလတ်စားလုပ်ငန်းရှင်တွေကိုချည်း မျက်စောင်းထိုးကြတာ။
မီဒီယာတွေကလဲ လုပ်ငန်းရှင်ဆိုရင် ခေါင်းပုံဖြတ်အမြတ်ကြီးစားတွေလို တိုက်ရိုက်တမျိုး သွယ်ဝိုက်တဖုံ တိုက်ခိုက်နေကြတာ ဒီနေ့အထိ..။
လုပ်သားမတည်ငြိမ်မှု့နဲ့အတူ ကျွမ်းကျင်လုပ်သား တဖြေးဖြေးနည်းပါးလာတာကလဲ ပြဿနာတခုပါ။
မကျွမ်းကျင်တဲ့ သာမန်လုပ်သားတွေတောင် တဖြေးဖြေး အရည်အသွေးလဲကျ၊ လုပ်နိုင်စွမ်းလဲကျလာနေတာ။
အခုဆို ၂၀၁၅ မှာ အာဖတာ လာတော့မယ်..။
ဗျူဟာမြောက်ကုန်စည်တွေကို ကာကွယ်တာကလွဲရင် လူသုံးကုန်၊စားကုန်မှန်သမျှ လွတ်လွတ်လပ်လပ်စီးဆင်းတော့မယ်။
ကျုပ်တို့နိုင်ငံက ဘာသွားရောင်းရမှလဲ-
သူများကို သွားရောင်းဘို့နေနေသာသာ ကိုယ့်ပြည်သူကိုတောင် ကိုယ်ပြိုင်မရောင်းနိုင်တော့မှာ…။
တကယ်တော့ ကုန်ထုတ်လုပ်ငန်းဆိုတာ နှစ်ရှည်ပင်ပါ။
ကုန်သွယ်လုပ်ငန်းလို နှစ်တိုပင် မဟုတ်ပါဘူး။
အစကတည်းက သင့်တော်တဲ့ ရေခံမြေခံ ဖန်တီးပေးဘို့ မဖြစ်မနေ လိုပါတယ်။
အစကတည်းက ရေလောင်း ပေါင်းသင်ပြီး ဂရုတစိုက် ပျိုးထောင်ပေးဘို့လိုပါတယ်။
ဒါပေမယ့်ပေါ့လေ…
သစ်ပင်ကို ခုတ်ပဲခုတ်တတ်တဲ့ လူတွေလက်ထဲမှာ ကြာခဲ့တော့
နှစ်ရှည်ပင်နဲ့တူတဲ့ ကုန်ထုတ်လုပ်ငန်းတွေ ကိုင်းခက်ဝေစည်လာဘို့ စဉ်းစားလို့တောင် မရနိုင်အောင်ပါပဲ…။
windtalker
May 16, 2012 at 12:57 am
ကိုကိုရေ မီးလာနေတယ်
ကိုကို မီးလာနေပြီ
ကိုကို့ မီးလာနေပါပြီဆို…………..
ထပြီး လုပ်စရာရှိတာ လုပ်တော့လေ ကိုကိုရဲ့။
(ring tone by windtalker)
Ch@vez
May 16, 2012 at 6:58 am
စကားမဟားဒယားစပ်
HTC ရဲ့ CEO က ဘိရုမာ တဲ့
လွန်ခဲ့တဲ့ အနှစ်၃ဝက တိုင်ဝမ်ထွက်သွားခဲ့တဲ့ မန္တလေးသား တီလုပ်တဲ့…
သည်တော့ ကိုကိုပုရယ် ညည်းလည်း နိုင်ဂျံဂါး ထွက်ပြီးဘဲ စီအီးအို ဖြစ်မှ
ပြန်လာခဲ့ပေါ့အေ…
😀
R Ga
May 16, 2012 at 5:04 pm
စကားမဆပ် HTC Ceo ရဲ့….အကြောင်းလေးဗျ
ဧရာဝတီသတင်းဌာန. ၁၅ရက်နေ့ မေလ ၂၀၁၂ — ထိုင်းဝမ်တွင် ရုံးချုပ်ဖွင့်လှစ်ထားသော ကမာ္ဘ့ထိပ်တန်း ဖုန်းကုမ္ပဏီတခုဖြစ်သည့် HTC ၏ အမှုဆောင် အရာရှိချုပ် (CEO) နှင့် ဥက္ကဋ္ဌ မစ္စတာ ပီတာချူး (Peter Chou) က မန္တလေးမြို့၌ အိုင်တီဝါသနာရှင် လူငယ်များနှင့် တွေ့ဆုံရာတွင် မိမိသည် မန္တလေးဇာတိ မြန်မာနိုင်ငံသား တဦးဖြစ်ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုသည်။
မြန်မာအမည် ဦးဝင်းသန်း ခေါ် မစ္စတာ ပီတာချူး သည် လွန်ခဲ့သည့် နှစ် ၃ဝ ခန့်က ထိုင်ဝမ်နိုင်ငံသို့ ပြောင်းရွေ့ အခြေချခဲ့ခြင်းဖြစ်ပြီး ၁၉၇၉ ခုနှစ်အထိ မန္တလေးဒေသကောလိပ်၌ ဒုတိယနှစ်အထိ ပညာသင်ကြားခဲ့သည်။ ယခုခရီးစဉ်မှာ သူ၏ ပထမဆုံးအကြိမ် ပြည်တော်ပြန်ခြင်း ဖြစ်သည်။
မစ္စတာ ပီတာချူး မြန်မာနိုင်ငံသို့ ပြန်လာချိန်သည် သမ္မတ ဦးသိန်းစိန်၏ ပြည်ပရောက် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များအား ဒုတိယအကြိမ် ဖိတ်ခေါ်မှုနှင့် တိုက်ဆိုင်နေသည်။
သို့သော် မစ္စတာ ပီတာချူးက သူ၏ ပထမအကြိမ် ပြည်တော်ပြန်ခရီးစဉ်သည် ဆွေမျိုး မိတ်သင်္ဂဟများနှင့် တွေဆုံရုံ သက်သက်သာဖြစ်ပြီး စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန်မဟုတ်ဟု ရင်းနှီးသူများကို ပြောဆိုကြောင်း သိရသည်။
မန္တလေးမြို့ခံ ကွန်ပြူတာပညာရှင် ဦးသိန်းထွဋ်က “အခု တခေါက်ကတော့ ဆွေမျိုးတွေနဲ့ တွေ့ဖို့က အဓိကလို့ ပြောတယ်။ အနာဂတ်မှာတော့ ရင်းနှီးမြုပ်နှံမှုထက် တရားဝင် HTC အရောင်းစင်တာမျိုး ဖွင့်ချင်ဖွင့်နိုင်တယ်” ဟု ဆိုသည်။
HTC ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမှု ပြုလုပ်မည် မလုပ်မည်ကို ထိုင်ဝမ်အခြေစိုက် HTC ရုံးချုပ်သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။
မစ္စတာ ပီတာချူးသည် မြန်မာနိုင်ငံ၌ ပညာသင်ကြားစဉ်က ကွန်ပြူတာပညာရှင်များဖြစ်သည့် KMD ဦးသောင်းတင်၊ ဦးသိန်းထွဋ်တို့နှင့် ကျောင်းနေဖက် သူငယ်ချင်းဖြစ်သည်ဟု သိရသည်။
ထို့အပြင် မစ္စတာ ပီတာချူးက မန္တလေးမြို့သည် အလွန်အမင်း ပြောင်းလဲသွားကြောင်း၊ အလုပ်အကိုင်နှင့် ဘဝတိုးတက်ရေးအတွက် ပြည်ပသို့ ထွက်ခွာခဲ့ရသော်လည်း မိမိဇာတိ မြန်မာနိုင်ငံ တိုးတက်သည်ကို မြင်လိုကြောင်း ပြောဆိုသည်ဟု ဦးသိန်းထွဋ်က ဆက်ပြောသည်။
ငယ်စဉ်က မန္တလေးမြို့၌ ရေဒီယို၊ တီဗီ ပြုပြင်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည့် မစ္စတာ ပီတာချုးသည် ထိုင်ဝမ်နှင့် အမေရိကန်နိုင်ငံတို့၌ ဆက်လက် ပညာသင်ယူခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် HTC ကုမ္ပဏီ၏ CEO ဖြစ်လာခဲ့သည်။
မန္တလေးမြို့ ကွန်ပြူတာပညာရှင်များအသင်း၌ IT ဝါသနာရှင် လူငယ်များနှင့် ယမန်နေ့က တွေ့ဆုံရာတွင် မစ္စတာ ပီတာချူးက မိမိ၏ ငယ်ဘဝရုန်းကန်ရမှုကို ပြောပြကာ လူငယ်များအနေဖြင့် ကြိုးစားစေလိုကြောင်း၊ စွန့်စားတီထွင်ရန်လည်းလိုသလို ဝါသနာကို စည်းစနစ်ကျကျ အကောင်အထည်ဖော်ရန်လိုကြောင်း ပြောဆိုသည်ဟု Alpha Mandalay ကုမ္ပဏီဒါရိုက်တာ ဦးရဲမြတ်သူက ပြောသည်။
မစ္စတာ ပီတာချူးနှင့်အတူ အမေရိကန်နိုင်ငံတွင် နေထိုင်နေသည့် မန္တလေးဇာတိ တရုတ်လူမျိုးဖြစ်သူ ငလျင်ဒဏ်ခံဆိုင်ရာ အဆောက်အဦ တည်ဆောက်မှု ပညာရှင် ဦးအီးကို (ခ) မစ္စတာ ဟားဗတ်အေ လည်း လိုက်ပါလာပြီး မန္တလေး စည်ပင်သာယာရုံးတွင် ငလျင်နှင့်ပတ်သက်သည့် ဟောပြောမှုတရပ် ယနေ့ပြုလုပ်သည်။
HTC ဖုန်းကုမ္ပဏီ၏ CEO မစ္စတာ ပီတာချူးသည် မြန်မာနိုင်ငံတွင် နေထိုင်နေစဉ် နေပြည်တော်သို့ သွားရောက်ကာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။
By featured, ရန်ပိုင်
MaMa
May 16, 2012 at 7:59 am
မနေ့က အသိတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။
သူ့ဧည့်သည် ကိုရီးယားက ၁၀၀% နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနဲ့ ကင်မရာ၊ ဖုံး အတွက် မှန်ဘီလူး ထုတ်တဲ့စက်ရုံ (ထုတ်တာလား၊ သွေးတာလားတော့ သေသေချာချာ မသိဘူး) လုပ်ဖို့လာကြည့်တာ။
လူ ၃၀၀ဝ လောက် လုပ်တယ်ဆိုတော့ ကျမအသိကလည်း ကိုယ့်တိုင်းပြည်က လူ၃၀၀ဝ ဆင်းရဲမွဲတေမှုပပျောက်ရေးမှာဆိုပြီး အားတက်သရော ကူညီပြီး လိုက်ပြပေးပါတယ်တဲ့။
နောက်ဆုံးတော့ အဲဒီကိုရီးယားက မီးအားမနိုင်လို့ လုပ်မရဘူးဆိုပြီး ကောက်ချက်ချ ပြန်သွားပါသတဲ့။ 🙁
pooch
May 16, 2012 at 8:29 am
လေးပေါက်ရေ
ရေမလောင်းရင် မီးပေးနေတဲ့အချိန်တွင်းမှာ လိုင်းအောက်အောက်ပစ်လို့ မပေးပဲ မနေရဲပါဘူး။ သူတို့ခေတ်မှ မကုန်သေးတာလေ ။ 🙁
ဦးပါရေ..
ကျန်သေးတယ် ။ နယ်ဘက်တွေ ပစ္စည်းပို့ရင် တော်တော်နဲ့ မရောက်နိုင်တာ ။ နယ်လက်ကို ထိန်းရတာ။ အကြွေးကျတဲ့ ပြသာနာ ။ ပြောမဆုံးပေါင် တောသုံးထောင် ။ ပြောရင်းနဲ့သာ အသက်ထွက်သွားမှာ ။
ကပေရေ
နင့်လို ကျောက်သူဋ္ဌေး ဘောသူဋ္ဌေးကတော့ ဒါမျိုးတွေ ဘယ်ကိုယ်ချင်းစာတတ်မလဲ အေ ။
ညနေတိုင်း စကော့တလန်စမ်းရေလေးနဲ့ စိမ်လိုက် ဘောပွဲလေး ကြည့်လိုက်နဲ့ စည်းစိမ်ယစ်နေနိုင်တဲ့သူတွေကို အားကျလိုက်တာ။
ဂီမမ
ညည်းက ငါ့ကို ထွက်ဖို့ မလုပ်ခဲ့ဖူးဘူးများထင်နေလား ။ လောကကြီးက လုပ်တိုင်းဖြစ်နေရင် ဘယ်မှာလာ လောကဓံဆိုတာ ရှိတော့မှာလည်း။ ဘွဲ့ရတဲ့နှစ်မှာပဲ ဒီပလိုမာရပြီး ရှေ့ဆက်သွားရမဲ့ဟာ မသွားစေချင်လို့ ကုန်မဲ့ပိုက်ဆံနဲ့ ဆိုင်ဖွင့်ပေးခဲ့တာ ။ အဲ့ဒီပုံပြင်ပြန်ပြောရင် အသားတွေ ဆတ်ဆတ်တုန်တယ် ။ အနာဟောင်းကို လာမဆွနဲ့။ သူကြီးက ကံဆိုတာကို မယုံပေမဲ့ ငါကတော့ ယုံတယ်။
မမရေ
ကျမပြောချင်တာလည်း အဲ့ဒါလေးပါပဲ ။ အခြေခံ အုတ်မြစ်မကောင်းပဲ ဘာအဆောက်အဦးမှ ဆက်တက်လို့ မရဘူး ဆိုတာလေးပါ။ ဒီကြားထဲ ကျမတို့ ပရုတ်လုံးတွေဟာ ဘာထိုးထွင်းဉာဏ် ဘာတီထွင်ဉာဏ်မှ မရှိပဲ ငတုံးတွေ ငအတွေ သူတို့နဲ့တန်တဲ့ အစိုးရကို သူတို့ ရထားတာလို့ ပြောတဲ့အသံတွေ ကြားရတဲ့အခါ အသဲတွေ တ ဆတ်ဆတ်ခါ နာတယ် ။
Ch@vez
May 16, 2012 at 8:36 am
အောင်မယ်လေးလေ့ …
စွာထှာ …၄-၈ လေးဒွေများ
အင့် အင့် …
အင်ဖလာ အလွန် အရေးကြီးပါတယ်…
http://myanmargazette.net/121786/business-economy
အဲ့. .. အင်ဖလာ တခုတည်းတော့ မဟုတ်ပါဘူး …
တခုတည်းတော့ မီဟုတ်ပါဘူး …
တကယ်ဆို စက်မှာထားတဲ့ ၁နှစ်အတွင်း ထွမ် စဖော်မာ ကိစ္စ
ကြိုစဉ်းစားပြီး ကြိုပြင်ဆင်သင့်ဘူးလားအေ…
အနည်းဆုံး ၆လ ထပ်စောင့်စရာ မလိုဘူးပေါ့…
(ကံကို ယုံပါသည်… ကံဆိုတာ အလုပ်ကိုး..)
အာဟိ… ဒက်ဂလောက်
pooch
May 16, 2012 at 8:39 am
မသေမချင်းမှတ်ထား စက်မမြင်ရပဲ ဘယ်တော့မှ ထရန်စဖော်မာ မပေးဘူး ။ ညည်းက ဒီလောကအကြောင်း တကယ် မသိပါဘူးအေ။ ချဉ်တာ။
Ch@vez
May 16, 2012 at 8:45 am
ဂလိုလား …
ပုချ် မမ တို့များ တီလုပ်ဗေလုဝ ဂျက်မ နဲ့ များ ကွာထှာ …
ဟိုက အင်တာနက် ၁ပေ့ချ် တက်ဖို့ ၃-၄ နာရီ ကြာတာ ကို
အရက်သောက် ဖဲရိုက်ရင်း ..ကမာ္ဘ့ အတော်ဆုံး စီးပွားရေးဦးဆောင်သူ
တယောက်ဖြစ်သွားတယ်….
သူကတော့ ကောမန့်ကို မိနစ်မခြား ပြန်စွာနိုင်တာတောင် ပရုတ်လုံး ဆိုညည်းနေတယ်…
😀
အလကား စတာပါဗျာ ….
http://www.amazon.com/Fix-Young-America-Americans-ebook/dp/B0080H170W
ဟောဒါလေး ဝယ်ဖတ်ပါလားဟင်င်င်င်
အဲ့ဒါ ၂၀၁၂ ချစ်ကင်းဆု ဖော်သည် ဘစ်ဇနက် မို့ လက်တို့တာပါအေ…။
zarlay
May 16, 2012 at 12:01 pm
ဘာပဲပြောပြော မြန်မာပြည်မှာလဲ အလုပ်ကိုကြိုးကြိုးစားစားလုပ်မယ်ဆို ထမင်းတော့မငတ်ပါဘူး
San Hla Gyi
May 17, 2012 at 8:59 pm
အင်း မ pooch ရေ
စိတ်မဆိုးပါနဲ့ဗျာ။ ကျနော်စိတ်ထင် အဲဒီလို ပြောတဲ့သူဟာ တကယ့် ပညာရှင်ကြီး တယောက်ထင်တယ်။
San Hla Gyi
May 18, 2012 at 9:17 pm
အင်း မ pooch ရေ
စိတ်မဆိုးပါနဲ့ဗျာ။ ကျနော်စိတ်ထင် အဲဒီလို ပြောတဲ့သူဟာ တကယ့် ပညာရှင်ကြီး တယောက်ထင်တယ်။ ဒီလို ပညာရှင်တွေကို ကြုံရင်ပူဇော်ရအုံးမယ်။
အိမ်လွမ်းသူ
May 16, 2012 at 8:32 am
ဟူး……………………….. လို့ပဲသက်ပြင်း အရှည်ကြီးချလိုက်ပါတော့သည်။ ကိုယ့်မိသားစုက လဲ အဲဒီလို အလတ်စားစက်မှူ့လက်မှူ့လုပ်ငန်းမျိုးမှို့ ကိုယ်ချင်းစာပါတယ်။
etone
May 16, 2012 at 9:40 am
အစ်မပုချ်ရေ …. ကျွန်မတို့နိုင်ငံက .. စက်မှု လက်မှုလုပ်ငန်းတွေ …. မှေးမှိန်သွားရခြင်းတရားခံကလည်း .. ဒင်းတို့မီးကြောင့်ဆိုတာ … နားလည်လိုက်ရပါတယ် ။
အစိုးရအနေနဲ့ မီးကို ရွာငယ်ဇနပုဒ်မပြောနဲ့ ၊ မြို့တော်တွေမှာတောင် ၂၄ နာရီမပေးနိုင်ပဲ အပြင်ကို ရောင်းချဖို့ကြိုးစားတာတွေဟာ … ဖင်မနိုင်ပဲ ပဲကြီးဟင်းစားတာနဲ့ တူနေပါတယ် ။ မီးပေးတာကို နိုင်နိုင်နင်းနင်းမလုပ်နိုင်လျှင် တခြားနိုင်ငံတွေကလို ပုဂ္ဂိုလိကလုပ်ငန်းအနေနဲ့ လွဲပေးသင့်တာပေါ့ ။ ကိုယ်လည်းမလုပ်နိုင် သူများကိုလည်း လုပ်ခွင့်မပေးတာကတော့ တမင်သက်သက် အကျင့်ယုတ်နေသလိုပါပဲ .. ။ မလုပ်နိုင်ဘူးဆိုတာထက် …… မီးမလာပဲ .. မီးလာအောင်မလုပ်ပဲထားတာလို့မြင်မိပါတယ် ။ တခြားနိုင်ငံတွေမှာဆို .. မီးပျက်တာနဲ့ … ထုတ်လုပ်မှုလုပ်ငန်းတွေက …လျှပ်စစ်ပေးဝေတဲ့ ကုမ္ပဏီကို တရားစွဲလို့ ရတာတွေရှိတယ် … ။ ဒီမှာက … မီးကြောင့် လုပ်ငန်းထုတ်လုပ်မှု ထိခိုက်နစ်နာသွားမယ်ဆို … ဘယ်သူ့ကိုမှ ဘာမှ သွားပြောလို့မရဘူး …။
ထူးမခြားနားပုံပြင်မို့ မပြောချင်လည်း ပြောရဦးမယ် … မီးပျက်တာကလည်း … မျက်နှာလိုက်ပြီးပျက်တယ်နော် … ။ မြို့တွင်းနေရာမျိုးထက် … မြို့သစ်တွေ ၊ မြို့ပြင်တွေမှာ ပိုပြီး အပျက်များတယ် … ။ လှိုင်သာယာလိုနေရာမျိုးမှာ … အခုဆို .. တရက်ခြား ၊ တစ်ခါ ညဘက်မီးပြန်ပျက်နေပြန်ပြီ … ။ လူနေထူထပ် ၊ ပတ်ဝန်းကျင်ပူအိုက်တဲ့အချိန် ၊ အခြေခံလူတန်းစားတွေကြား ဒီဖယောင်းတိုင်မီးနဲ့ … မတော်တဆမီးလောင်ဖို့ အခွင့်ခါတွေ ဖန်တီးပေးနေသလိုပါပဲ … ။ အဲ့နေရာတွေမှာ စက်မှု ဇုံတွေရှိလို့ မီးပျက်တယ်လို့အကြောင်းပြချက်ပေးကောင်းပေးနိုင်ပါတယ် … ဒါပေမယ့် … စက်ရုံတွေမှာတော့မပျက်ပဲ .. လူနေရပ်ကွက်တစ်ချို့မှာ ပျက်နေတာကျတော့ … ဘယ်လိုနားလည်ရမှန်းမသိတော့ပါဘူး … ။ 👿
Thel Nu Aye
May 16, 2012 at 9:56 am
ဖတ်ရင်းနဲ့တောင်တော်တော်မောသွားတယ်။ ကာယကံရှင်တွေဆိုဘယ်လောက်မောမလဲကိုယ်ချင်းစာမိ ပါတယ်။ အခုမှပဲသေသေချာချာ လုပ်ငန်းရှင်တွေသောကကိုနားလည်သွားတော့တယ်။ စက်ကြီးတွေမပြောနဲ့ နေ့ခင်းတွေဆို အိမ်သုံးမှာတောင်မီးအားမပြည့်လို့ဘာမှကိုုလုပ်မရတာကြာခဲ့ပါပြီ။ ရန်ကုန်မှာလဲ မီး ၂၄ နာရီဆိုပြီးတော့အထင်တော့မကြီးစေချင်ပါဘူး။ မီးအားက အဝင်မှာ ၁၀ဝ သာသာရှိတာမို့ ဘာဆိုဘာမှလုပ်မရပါ။ မီးလာရက်နဲ့မီးစက်နှိုးထားရတဲ့ ဆိုင်တွေတောင်ရှိပါတယ်။
Khaing Khaing
May 16, 2012 at 9:59 am
အမပုချ်ရေ ….. မီးကလူနေအိမ်တွေရဖို့ စက်မှုလုပ်ငန်းတွေလည်ပတ်ဖို့သာ မရတာပါ ဈေးတွေမီးရှို့(အဲလေ မီးလောင်ချိန်) မှာတော့ မီးတွေကဘယ်ကဘယ်လိုရောက်လာမှန်းကိုမသိပါဘူး ………. သင်္ကန်းကျွန်းဈေး တောင်ဥက္ကလာ ၁ဝ ရပ်ကွက်ဈေး မျက်စိကျတဲ့ဈေးတွေမှာတော့ မီးတွေရလိုက်ပါသတဲ့လေ ……… မန်းမှာလည်း ဈေးတွေမီးရတာကြားမိပါရဲ့ ………..
mocho
May 16, 2012 at 10:18 am
ရင်မောစရာပါပဲလား ပုချ်ရေ
မြန်မာပြည် ပြန်ပြီး ကိုယ်ပိုင် စီးပွားရေးပဲ လုပ်ချင်တယ် ဆိုတဲ့ အိမ်က လူကြီးကို ဖတ် ခိုင်းရအုံးမယ်။
nozomi
May 16, 2012 at 10:37 am
မြန်မာပြည်လူလတ်တန်းစား တစ်ခုရဲ့ အဖြစ်အပျက်အမှန်ပဲ
မြန်မာပြည်ထဲနေတဲ့ ကျွန်တော်တောင် အတိအကျမသိဘူး
အရင်နဲ့ အခု နဲနဲပြောင်းလဲလာပြီလို့ ပြောလို့ ရမယ်ထင်တယ် အဓိကပြောင်းတာက အခုပို့စ် လို တကယ်ဖြစ်နေတာ တကယ်ခံစားနေရတာတွေ နဲနဲ ပြောခွင့်ရလာတာ
မန်းလေးထက်စာရင် ရန်ကုန်က မီး ပိုရမယ်လို့ထင်တယ်
ရန်ကုန်က အသံ ပိုကျယ်တာကို
အခု ပို့စ် လိုမျိုး အမှန်အကန် အသံတွေ အထွက်များလာရင် သက်ဆိုင်သူတွေ ငြိမ်နေလို့ မရပါဘူး
အသံတွေ များများထွက်ပေးပါ
လုံးဝ စိတ်မပျက်ပါနဲ့ ဆက်တိုက်ထွက်ပေးပါ
အရင်ထက် ပို ကောင်းတဲ့ အခြေအနေတွေ တွေ့လာရမှာပါ
ပစ်မှတ်ကို ထိဘို့ ခဲတစ်လုံပဲလိုတာပါ
မထိသေးရင် ဆက်ပစ်ပါ
သေချာပေါက် ထိကို ထိမှာပါ
weiwei
May 16, 2012 at 10:55 am
ကိုယ်ချင်းစာပါတယ်လို့ပဲ ပြောပါရစေ …
ရန်ကုန်မြို့ပေါ်က အစိုးရပိုင်တဲ့စက်ရုံမှာတောင်မှ မီးအလှည့်နဲ့မို့ အဆင်မပြေမှုတွေ အများကြီးကြုံနေရပါတယ် … ညနေ ၅ နာရီထိုးတာနဲ့ ပါဝါမီတာသုံးလို့မရတော့ပါဘူး … မနက် ၈ နာရီမှာမှ စပြီးသုံးလို့ရပြီး မီးအားမမှန်တော့ အလုပ်လုပ်ရတာ အဆင်မပြေတော့ပါဘူး …
Rose Minn
May 16, 2012 at 11:33 am
အော် မီးမီးမီး မီးကြောင့်ခက်တယ်။ မီးသိပ်စိုးတယ်။
မပုရှ်ရေ “အခုခေတ်က ခဲကြီးကြီးကို ဆောင်ထားတဲ့ weight များများရအောင်” အဲဒါအစ်ကိုက ပြောတာ ညီမပြောတာ မဟုတ်ဘူး။
လုပ်ငန်းရှင်တိုင်း လုပ်ငန်းရှင်တိုင်း ဒီလို ဘဝ မျိုး ကင်း ပါစေလို့ဆုတောင်းရပါတယ်။ တစ်ခါတစ်လေ ကိုယ့်လုပ်ငန်းအောင်မြင်လာအောင် လူတွေကို service ပေးရလွန်းလို့ ကိုယ်ကိုယ်ကိုယ်တောင် မပိုင် သလိုဖြစ်လာတယ်တဲ့ အစ်ကိုက ပြောဖူးတယ်။ ဟုတ်လား အမ။
လုပ်ငန်းလုပ်ရင် စိတ်ညစ်ရတာက ပထမပါ။ အောင်မြင်မယ် မအောင်မြင်ဘူး ဆိုတာတွေက နောက်မှပါ။
စိတ်ညစ်ခံမယ့်အစား ဆက်ဆံရတဲ့သူတွေ ကို အကောင်းဘက်က မြင်ပေး လိုက်ရင်ရော အမ စိတ်နည်းနည်းများသက်သာ မလား။ စမ်းကြည့်ပါလား။ လွယ်တော့ မလွယ်ဘူးပေါ့။ နဲနဲတော့ အကျိုးဖြစ်နိုင်ပါစေနော်။
ကိုပေါက်(မန္တလေး)
May 16, 2012 at 11:37 am
မယ်ပုရေ
နိုင်ငံခြားမှာနေသူက ညည်းတို့ငါတို့ကို ကိုယ်ချင်းမစာနိုင်တာကို ဗွေမယူပါနဲ့။
နေ့မှာ မီးပျက် ညမှသာ မီးလာလို့ သုံးလတိတိ နေ့နဲ့ညပြောင်းပြီးလုပ်ခဲ့ရတဲ့ငယ်ဘဝလေးကို
ပြန်သတိရမိတယ်အေ့။
သုံးလလဲကျော်ရော အလုပ်လုပ်ချင်စိတ်ကို ကုန်သွားတာပါအေ။
ကောင်းမယ်လို့ ခေတ်ကို မျှော်လင့်နေပါတယ်။.
Ch@vez
May 16, 2012 at 11:51 am
ကိုယ်ချင်းမစာ လို့ ပြောတာမဟုတ်ပါဘူးဗျာ …
ကိုယ်ချင်းစာပါတယ် …
အဲ့သည့် မှာပဲ ..ခက်နေတဲ့လူတွေမှာ ခက်ပေမယ့်
လွယ်တဲ့လူတွေ မှာ သိပ်သိပ်လွယ်နေတာ တွေ့လွန်လွန်းလို့
ခုလို ..ဝိုင်းအော် ဝိုင်း ပြောနေရတာပါ…
အင်ဖရာ လို့ ပြောပေမယ့် အင်ဖရာ တခုတည်းကြောင့် မဟုတ်တာလေးလည်း
ပြောပြချင်ပါတယ်..
ဗိုက်ကလေး
May 16, 2012 at 12:01 pm
ကိုပုလုံးရေ
ပစ်မဲ့ပစ်တော့လဲ အချီကြီး ပစ်ထလိုက်ပါလားဗျာ..
တစ်ကယ်လို ့ စက်မှုဇုန်တွေ မီးမှန်၊မန်းတလွှား မီးမှန်တယ်ကြားရရင် ကိုပုလုံးရဲ့ပစ်ချက် အရမ်းပြင်းသွားတယ်လို ့မှတ်ပါ့မယ်ဗျား
နောင်များအခါလဲ ခုလိုပဲ ဒုံးကျည်ခပ်ကြီးကြီးနဲ ့ အားလုံးအတွက် ရည်စူးပြီး မကြာမကြာ ရှာဖွေဖော်ထုတ်ပြီး ထုပေးပါဦးလို ့ အူးဗိုက်ကလေးမှ တောင်းဆိုပါတယ်ခင်ဗျား..
ခေတ်မီဖွံ ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီး တည်ဆောက်မယ်ဆိုပြီး မီးမမှန်မှတော့ ဘာတွေလည်ပတ်လို ့ရမတုန်းနော..
အင်း
အရမ်းခေတ်မီလွန်သွားပြီး ဖယောင်းတိုင်နဲ ့ စက်တွေလည်ပတ်နိုင်အောင် တီထွင်ပေးလိုက်ရင်တော့ တစ်မျိုးပေါ့ဗျား..
သိတဲ့အတိုင်း အကြံကြီးတယ်လေဗျား..ဟီး.ဟီး.ဟီး..
ရေလောင်းမှ အခြေအနေကောင်းမဲ့ခေတ်ကြီးက ဘယ်တော့များမှ ပျောက်မှာတုန်း မသိ….
ဟော..
ပြောနေရင်း..မီး..ပ..ျ..က………….်.တ………… ွ..ား..ဘ..ီ..
😀
kai
May 16, 2012 at 12:14 pm
ဒီလောက်အရေးကြီးတဲ့..လျှပ်စစ်မီးကို.. ရအောင်ဘာလို့မလုပ်ကြသလည်း..
ဘာလုပ်ခဲ့.လုပ်နေ..လုပ်မှာလည်း…
သေသေချာချာတွေးကြဖို့ကောင်းတယ်..
ကံ..ကံရဲ့အကျိုးက..အဲဒါပဲ..
ကိုယ်လုပ်ခဲ့တဲ့အတိုင်း..ကိုယ်ပြန်ရမှာ..
စိုက်တဲ့အတိုင်းရိတ်သိမ်းရမှာ..
ပြောရရင်.. လွန်ခဲ့တဲ့..နှစ်၂ရာကျော်လောက်.. စက်မှုတော်လှန်ရေးကာလတွေများ.. လန်ဒန်..။ ပဲရစ်..။အမ်စတာဒန်..ဘွန်းမြို့ကြီးတွေ.. မီးခိုးငွေ့တွေနဲ့..မဲမှောင်နေသတဲ့..
သဘာဝဝန်းကျင်ကို အကြီးအကျယ်ထိခိုက်ခဲ့ပြီးမှ.. စက်မှုနိုင်ငံဖြစ်ကြတာ..
အခုခေတ်မြန်မာပြည်များ.. ကျောက်မီးသွေးက.. နိုးနိုး.. ရေအားက..နိုး.နိုး..
အနုမြူက.. နိုး..နိုး..။ ဘာမဆို..နိုး..နိုး..။
ဆိုတော့.. နွားနဲ့ ဂျင်နရေတာလှည့်ပြီး လျှပ်စစ်ထုတ်မယ်ဆိုရင်လည်း.. နွားမေတ္တာစာနဲ့..သတ္တဝါအသက်နဲ့…. အလှူခံရတာနဲ့..
ဂမ္ဘီရနည်းနဲ့..ဥုံဖွလုပ်..အင်းချပြီး.. လျှပ်စစ်ထုတ်ချင်နေကြသလားမသိ..
အနိစ္စ…
စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်.. 😕
ဗိုက်ကလေး
May 16, 2012 at 12:30 pm
ဆိုလာတွေ ဆိုလက်တွေ နားမလည်ဘူး
စုံလည်နဲ ့ လျှက်စစ်ရအောင် လုပ်တဲ့
ကြည့်မိတဲ့ ကာတွန်းထဲကဟာကို ပြောဒါဘာ
Ch@vez
May 16, 2012 at 12:35 pm
ဇဂါးအတင်းစပ်..
ဒီဒါ့ပုံလေးက ကြည့်လို့လှသားနော်….
😀
http://en.wikipedia.org/wiki/File:World_Map_Index_of_perception_of_corruption_2010.svg
Ma Ei
May 16, 2012 at 1:01 pm
ပိုလို့ ရောင်းရပါတယ် ဆိုတဲ့လူ
ပြန်ဝယ်ပြီး ဖြည့်ထားပေးပါတယ် ဆိုတဲ့လူ
ပြောမှသိ ကြတဲ့သူတွေအတွက် ဆက်ပြောမှရမှာပါ…
ကိုပေါက်(မန္တလေး)
May 16, 2012 at 1:14 pm
(အခုခေတ်မြန်မာပြည်များ.. ကျောက်မီးသွေးက.. နိုးနိုး.. ရေအားက..နိုး.နိုး..
အနုမြူက.. နိုး..နိုး..။ ဘာမဆို..နိုး..နိုး..။
ဆိုတော့.. နွားနဲ့ ဂျင်နရေတာလှည့်ပြီး လျှပ်စစ်ထုတ်မယ်ဆိုရင်လည်း.. နွားမေတ္တာစာနဲ့..အလှူခံရတာနဲ့..
သတ္တဝါအသက်နဲ့..
ဂမ္ဘီရနည်းနဲ့..ဥုံဖွလုပ်..အင်းချပြီး.. လျှပ်စစ်ထုတ်ချင်နေကြသလားမသိ..)
သူကြီးရေမြန်မာပြည်အဲလောက်တော့ ခေတ်နောက်မကျသေးပါဘူး။
လျှပ်စစ်နဲ့ပါတ်သက်တဲ့စီမံကိန်းတွေချပေးတယ်။
ရနိုင်တဲ့အရင်းအမြစ်တွေ အများကြီး။
အဲဒီအတွက်ရတဲ့ ဘတ်ဂျက်ကို အိတ်ထဲ ထည့်ဘို့ဘဲစဉ်းစားတယ်။
ကောင်းအောင်မလုပ်ဘူး။
အဲလိုဖြောင်တဲ့ကောင်တွေက ဘယ်လိုကောင်စားတွေလဲ။
အလယ်အလတ်ကကောင်တွေချည်းဘဲ။
စံနစ်နဲ့အုပ်ချုပ်သူကိုဘဲ အမြဲလက်ညှိုုးိထိုးလို့အပြစ်တင်ရင်းရေသာခိုနေခဲ့ကြတာကြာပေ့ါ။
ကိုယ့်အချင်းချင်း လုပ်ပိုင်ခွင့်အကြောင်းပြလို့ ပြန်နှိပ်စက်နေကြတာကြာပေါ့။
နောက်ဒီမှာလုပ်လိုက်ရင် လက်ပူတိုက်လုပ်တဲ့လုပ်ငန်းတွေချည်းပါဘဲ။
လျှပ်စစ်စွမ်းအင်တော့ရအောင်ထုတ်ပါတယ်။
အဲဒီကထွက်လာမယ့် လျှပ်စစ်ကို လက်ခံမယ့် နေရာကိုသွားဘို့အတွက်ဆက်သွယ်တဲ့ဓါတ်ကြိုးကအဟောင်းအမြင်း၊
ကြာကြာမခံ။
အဲတော့ မီးတော့ ရှိတယ် ပေးလို့မရ။
ဖြစ်သလိုပြီးစလွယ်လုပ်ကြတဲ့အကျင့်တွေ လဲဖျောက်သင့်ကြပါပြီ။
ဝန်ထမ်းမဟုတ်သူကို ညှာတာတတ်တဲ့စိတ်မွှေးဘို့ကို ပြည်သူပြည်သားထဲကနေ ပေါက်ဖွားလာတဲ့ ပြည့်သူဝန်ထမ်း(စာထဲမှတော့ ဖတ်ရတာ စေးစေးပိုင်ပိုင်)
တွေမှာ လိုအပ်နေတာလဲ အမှန်ပါဘဲ။
ဒါမှ…………………………………………………………….
kai
May 16, 2012 at 2:12 pm
အနိစ္စ…
စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်.. 😕
Ch@vez
May 16, 2012 at 1:30 pm
ဒီစာတွေ
ကိုလင်းဝေ မြင်ရင်
ရေဗူးအပေါက်ထဲ သေးပန်းတဲ့ တရား ဟောမယ်
ကိုသစ်သိရင်
အဝဲယားနက်စ် ဘက်က ရှင်းမယ်
မောင်ဂီ့တွေ့ရင်
အောလ်ဝီနိဒ် အစ်စ် ဂျပ်စ် အလစ်တဲလ် မားကတ္တင်း လို့ ပြောမယ်
အဘဖော တွေ့ရင်
ဖက်ဒရယ် သုတ္တန် နဲ့ ကျုပ်တို့တွေ တောင်းပန်ရမယ် လို့ ဆိုမယ်
ဘဘဘလက် လာရင်
လက်မအကြီးကြီး ထောင်လိမ့်မယ်…
အရီးလတ် ကတော့
ကျားမေမေ တွေ လိုတယ် လုပ်ချင် လုပ်လိမ့်မယ်
ကိုနိုဇိုမိ ဆိုရင်တော့
ထုံးစံအတိုင်း ဘဘဘလက်ကို ရိပြီး ပြန်ထွက်လိမ့်မယ်
ကပေါက်ဖော် ကတော့
တဗျစ်ဗျစ် ညှစ်လိမ့်မယ်
ကိုကြောင် လာရင်
ကိုဘေးနွား တရား ကြားရမယ်
ကိုဆူး ကတော့
ဘုန်းတော်ကြီး အန်ဂျီအို တွေအကြောင်း ပြောမယ်
ကိုအောင်ဘု ကတော့ ခါတိုင်းလိုပဲ
မကောင်းသူထိပ် ကောင်းသူထိပ် ဘလားဘလားဘလား လိမ့်မယ်
အဲ့ ..
သဂျီးကတော့
အနီဂိုဏ်း လို့ လက်ညှိုးထိုးဆဲ
ဒါပေသိ.. ဒါကိုက မန်းဂေဇက်ပေတကား …
အာဟိ
ဒက်ဂလောက်..
nozomi
May 16, 2012 at 1:43 pm
ကိုဂီ ဒီလိုပြောတာ ကျွန်တော်စိတ်မကောင်းဘူး
ဦးချောကြီးကို တစ်ခါမှ မရိဘူးပါဘူး
အသိမှန် အမြင်မှန်ရပြီး
လမ်းမှန်လျှောက်နိုင်အောင် ကြပ် ပေးရုံလေးပါ
ကိုပေါက်(မန္တလေး)
May 16, 2012 at 2:25 pm
ကျန်သေးတယ်မောင်ဂီ
မြန်မာနိုင်ငံကလွဲပြိး ဘယ်မှမရောက်ဘူးတဲ့ မန်းလေးသားကိုပေါက်ကတော့
လက်ရှိဖြစ်နေတာနဲ့ လက်တွေ့ဖြစ်နိုင်တာစဉ်းစားပြီး သူယုံကြည်တာ သူပြောလိမ့်မယ်။
kyeemite
May 16, 2012 at 3:46 pm
အားလုံးအတူတူခံစားနေကြရတာပါဗျာ…ဒီလိုအခြေခံမျိုးတွေနဲ့
ဘယ်အင်ဘက်စ်မင့် က ဘယ်လိုလာတည်ထောင်ကြမလဲ…
ဖိတ်ကားဖိတ်၏ ကျွေးစရာဆန်မရှိဆိုတာလိုဖြစ်နေပီ..
မဟာရာဇာ အံစာတုံး
May 16, 2012 at 8:19 pm
ကျနော့် အနေနဲ့ ..
ကျန်တဲ့ လုပ်ငန်းကြီးတွေ မီးပျက်လို့ ဘာတွေ ဘယ်လို ဆုံးရှုံးတုန်းတော့ မသိဘူးဗျာ ..
လုပ်မှ မလုပ်ဘူးတာကိုး ..
ဒါပေမယ့် ညဘက် ကွန်ပြူတာလေး ကလိနေတုန်း ..
Save ကလည်း မလုပ်ရသေး .. ပြီးလည်း ပြီးကာနီးနေပြီ ..
အဲလို အချိန်မှာ မီးပြတ်သွားတော့ ….
ကျနော့်မှာ လုပ်ထားရသမျှ အကုန်ပျက်ကုန်တော့တာပဲ …
ကျနော် ကြိုးစားပမ်းစား လုပ်ထားတာလေးတွေ ဆုံးရှုံးသွားတာပေါ့ ….
ဒါကို ကြည့်ပြီးတော့ပဲ ကျနော်ကလည်း လျှပ်စစ်မီးအားကို ကိုယ့်နိုင်ငံအတွက် အပြည့်အဝ ပေးထားသင့်တယ်လို့ ဆိုချင်ပါတယ်ဗျာ …
ကျန်တာတွေတော့ ကျနော့်အနေနဲ့ အဆင့်မမီလို့ မပြောတတ်ပါဘူးလို့ …
pooch
May 16, 2012 at 8:34 pm
ဝင်ရောက်ဆွေးနွေးပေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုယ်လည်း တောင့်ခံနိုင်သလောက်ထိ နည်းမျိုးစုံနဲ့ ကြိုးစားဆဲ လုပ်နေဆဲပါ။ ဒါရေးဖို့တောင် ဆဆနေတာပါ။ ကောင်းလာနိုး ကောင်းလာနိုး နဲ့ ။ ခုကတော့ မခံနိုင်တော့လို့ ပေါက်ကွဲလာတာပါ။
ဒီထက်ကြာရင် ရပ်ရတော့မှာပါ။
may thu
May 16, 2012 at 9:04 pm
နေ့ခင်းဘက်ပူလို့ ပန်ကာဖွင့်
အော်..မီးမှမလာတာ။
ညဘက် ကျတော့လည်း ပူတာပဲ
အော် မီးကခုနကလာသေးတယ် အခုပဲပျက်ပြန်ပြီ
အော်ဒုက္ခ ပါပဲလား။
ငါ့တိုု့နိုင်ငံမှာလည်း 24နာရီတစ်ရက်မီးပျက်တုန်းပါလားနော်။
kyawmonkhant
May 16, 2012 at 9:59 pm
မပုရေ ဒီပို့စ်ကို မန်းဂေဇက်မှာတွင်မကဘဲ weekly eleven ဒါမှ မဟုတ် တခြား လူဖတ်များတဲ့ ဂျာနယ် တခုခုမှာလဲ ထည့်သင့်တယ်ထင်ပါတယ်။ မပုရဲ့ပို့စ်တွေက တကယ်အနှစ်ရှိတဲ့ဟာတွေပါ။ အရေးအသားကလဲ ရှင်း၊ ကောင်း၊ လိုရင်းရောက်ပါတယ်။ အားပေးနေပါတယ်။
pooch
May 16, 2012 at 10:46 pm
အဲ့ဒီလောက်ထိလည်း မဟုတ်ရပါဘူးရှင် ။ အားပေးတာ ကျေးဇူးတင်ပါတယ်။ ဒီလိုပဲ ကိုယ်မြင်မိ ကြုံရတာတွေကို မျှဝေတာပါ။
nozomi
May 17, 2012 at 9:01 am
kyawmonkhant ပြောတာမှန်တယ်ဗျ
အရေးအသားရော အကြောင်းအရာ ရော ဂျာနယ် တစ်ခုခုမှာ ပါသင့်တယ်
ပုချ် အတွက် မဟုတ်ပဲ မြန်မာပြည်သူတွေ အားလုံးအတွက်ပါ
အခုခေတ် လူကိုယ်တိုင် သွားစရာ မလိုပဲ ၊အီးမေးလ် နဲ့တောင် ပို့လို့ရမယ်
ပို့ဖြစ်အောင်ပို့ စေချင်ပါတယ် ဒေါ်ပုချ် ခင်ဗျာ
pazflor
May 17, 2012 at 1:49 am
ထိုင်းရဲ ့လျှပ်စစ် ၃ဝ ရာခိုင်နှူန်းက မြန်မာပြည်က gas ကတဆင့်ရတာပါ (ရတနာနဲ ့ရဲတံခွန်)
အခု PTT က ဇောတိက ကို လုပ်နေပီ အဲ့တော့ ထပ်များလာဖို ့ရှိပါတယ်။
ဒါပေသိ ဇောတိက က တစ်နေ ့သန်း ၃၀ဝ ဘဲထုတ်မယ်ဆိုတော့ ပြည်တွင်းဘက် ရောက်ဖို ့မမြင်။
ရွှေကလည်း တရုတ်ကြီးဆီဘဲ အကုန်ရောက်မှာဆိုတော့…အင်းမီးလင်းဖိုတော့ မမြင်။
မြန်မာပြည်ရဲ ့အကြီးဆုံး gas producer ဖြစ်တဲ့ Total E&P Myanmar ရုံးကိုသွားကြည် ့အစိုးရမီးမရှိဘူး။
(အဲ ့လောက်ယုံတာ) ကိုယ့်ဆီနဲ ့ကိုယ်မောင်းလာတာ ၁၅နှစ်လောက်ရှိဘီ။
အဲ့တော့ ဦးအောင်တောင်းရဲ ့IGE နဲ ့ဦးမိုက်ကယ်ရဲ ့M&A မှာ သာ ရှယ်ယာဝင်ပီး မီးရအောင်လုပ်ပါဗျို ့
😛
Khin Latt
May 17, 2012 at 5:14 am
ပုကလေးရေ
သမီး ရဲ့ စာလုံးလေးတွေမှာ ကိုယ့်ခွန်ကိုယ့်အားသုံးပြီး ကြိုးစားလိုစိတ်တွေ၊ ရေဆန်ကို အားတင်းပြီး မနားတမ်းလှော်နေတာတွေ၊ အလွယ်တကူ နဲ့ ဇွဲမလျော့ ချင်တဲ့ မာန်တွေ၊ တွေ့ရလို့ သမီး လို မိန်းကလေး အတွက် အရီး အနေနဲ့ တကဲ့ကို ဂုဏ်ယူကြောင်း အရင်ပြောချင်ပါတယ်။
အရီး လဲ ငယ်တုန်းက အရီးရဲ့ နှစ်ဖက်အဖိုးအဖွား များ လို ကုန်သည်၊ ပွဲစား၊ လုပ်ငန်း ပိုင်ရှင် ဖြစ်ချင်ခဲ့တာ။ အဲဒီလို ကိုယ်ပိုင်စီးပွါးရေးကို စိတ်ကိုဝင်စားတာ။
အဖေ့ဘက်က အဖိုး က ပွဲရုံလုပ်တယ်။
အမေ့ဘက်က အဖိုးက မော်တော်တွေထောင်ပြီး ပြေးတယ်။
ဒါကြောင့် အရီးရဲ့ အစ်ကို နိုင်ငံခြားသဘောင်္ လိုက်တော့ အမေ့တို့မြို့ က လူကြီးတွေ မှာ စုတ်သသတ်သတ် နဲ့။ တစ်ခြားမှာ သဘောင်္ သွားမောင်းရသလား။ ကိုယ့်ဘိုးဘွား အမွေ ဒီ မော်တော် တွေ ကိုဘဲ မောင်းပါလေ့ပေါ့။
အရီး အရွယ်ရောက်ချိန်မှာ သူတို့ စီးပွါးပျက် အစပေါ့။
သူဟာသူ ပုဂ္ဂလိက ရှိပြီး လုပ်ငန်းတွေမှာ (အဲဒီခေတ်က) စစ်ပြန်စစ်မှုထမ်းဟောင်း အဖွဲ့ ရဲ့လုပ်ငန်းတွေ ဝင်လာတယ်။
သူတို့ ရဲ့ မော်တော် တွေကို အစိုးရ ဈေးနှုန်းနဲ့ ဆီ ပေးတယ်။ နေ့တိုင်း ပြေးခွင့် ရတယ်။
ကျန်ပုဂ္ဂလိက တွေ ကို သတ်မှတ်ရက် မှာဘဲ ပြေးခိုင်းတယ်။
ဆီမပေးဘူး။ ဘာဆိုဘာမှ လုပ်လို့ ကိုင်လို့ မရအောင် အာဏာသုံးပြီး ပိတ်ထားခဲ့တာ။
နောက်ဆုံး အဖိုးလဲ မရှိတော့ အဖွား လဲ အဲဒီလုပ်ငန်းကို ဖြုတ်လိုက်တယ်။
နောက်ပိုင်း အဲဒီ အဖွဲ့ တွေက လူတွေ ချောင်ချောင်ချိချိ ကောင်းကောင်းမွန်မွန် ခရီး သွားလို့ရတဲ့ မော်တော်ကြီး တွေအစား စက်လှေလို အသေးတွေ အစားထိုးခဲ့ရော။
အမှန်က သူတို့မှာ လုပ်နိုင်စွမ်းအား ရော၊ လုပ်ရည်ကိုင်ရည် ရော၊ စိတ်စေတနာရော မရှိပါဘဲ အတင်းဝင်စား တာ။
ဒါနဲ့ အရီးလဲ အမွေမဆက်ခံနိုင် ဖြစ်ခဲ့တာပါ။
သမီး ကြုံနေရတာ ကို အရီး ရင်ထဲကကို ခံစားနိုင်ပါတယ်။
အသုံးမကျတဲ့
ပညာမဲ့တဲ့
ဆင်ခြင်စဉ်းစားဉာဏ်မရှိတဲ့
ကိုယ့်တစ်ဘို့ ဘဲကြည့်ပြီး ကိုယ်ချင်းစာတရား ခေါင်းပါးတဲ့
အာဏာပြပြီး အနိုင်ကျင့်တဲ့
ပြည်သူ့ဘဏ္ဍာ ကိုယ့်ဟာမှတ်တဲ့
အရှက်ကင်းတဲ့
အုပ်ချုပ်သူလူတန်းစား တွေရဲ့ လက်ထဲ မှာ တိုင်းပြည်ပျက်နေရတာပါ။
လုပ်ငန်းတွေ ကို သာမာန်သူတွေ တိုးမအောင် တမင် ပိတ်ထား(ခဲ့) တာပါ။
တကယ်တော့ အရီးတို့ နိုင်ငံဟာ မမွဲပါဘူး။
သံယံဇာတ မရှားပါဘူး။
အရီးတို့ လူတွေဟာမညံ့ပါဘူး။
ပြည်သူလူထု အများစုဟာ မရှိ ရှိတာနဲ့ ကြံဖန်ပြီး တိုးတက်ရေးကို ကုတ်ကပ်ရှာနေကြတာ ပါ။ ဒါပေမဲ့ အဲဒီ လက်တစ်ဆုပ်စာ ပြိတ္တာ (ဘယ်လောက်စားစား ဘိုက်မပြည့်နိုင်ဘူး) လို လူတွေ ကြောင့် တိုးတက်ကြီးပွါးသင့်သလောက် မတိုးတက်ရတာပါ။
ဒါလဲ အားလုံး အသိပါဘဲ။
ဒီလူတွေ ကို ဖယ်ကိုဖယ်ပစ်ရမှာပါ။ ဖယ်နိုင်ဖို့ အခွင့်အခါ လဲ ရောက်လာပြီ ထင်ပါရဲ့။
အဲဒီ ကိုယ်ကျိုးရှာ သမားတွေ ကို ဖယ်လိုက်နိုင်ရင် အရီးတို့ လမ်းကောင်း ပေါ် ရောက်နိုင်ကောင်းပါရဲ့။
ဒီတော့ အားမလျှော့ပါနဲ့ သမီးရေ။ အားတင်းထား လိုက်ပါဦး။
“ဘယ်အချိန်ထိလဲ” ဆိုရင်တော့ “ဒီတစ်ကြိမ်မှာတော့ သိပ်မကြာလောက်ပါဘူး”
အခု ဆို ရင် အရင်လို မဟုတ်ဘဲ “အားကိုးလောက်တဲ့ ပြည်သူ့ဘက်က ရပ်တည်ပေးမဲ့ ခေါင်းဆောင် ကောင်းတွေ ရှေ့ရောက်လာနေပါပြီ”
အရီး တို့ အားလုံး လူညီညီ နဲ့ စည်းလုံး လိုက်ဖို့ဘဲ လိုမှာပါ။
ဒီတော့ စိုင်းထီးဆိုင်သီချင်း ထဲကလို
“အတောင် ညောင်းရှာရော့မယ် ဘဝမုန်တိုင်းထဲ …..
ရွှေအိမ်တွေ ငွေအိမ်တွေ ဆောက်ထားပါတယ်
မကြာခင်တော့ ပြီးလိမ့်မယ် စိုင်းချစ်သူ ဟသာင်္မငယ်
မလျှော့လိုက်ပါနဲ့ ဘယ်တော့မှ မလျှော့ပါနဲ့ကွယ်”
ဆိုတာလို စိတ်မလျှော့လိုက်ပါနဲ့ သမီးရေ။
မကြာလောက်ပါဘူး။
အခွင့်သာ ရလိုက် လို့ကတော့ အရီး တို့တွေ မညံ့ကြပါဘူး မဟုတ်လား။
အဲလို ကြိုးစားဖို့ အတွက် ” ပြည်သူတွေကို အခွင့် လေးတစ်ချက်လောက် ပေးပါ” လို့ သက်ဆိုင်သူ နိုင်ငံအကြီးအကဲ လုပ်ပိုင်ခွင့် ရှိသူတွေကို တကယ်ဘဲ ဦးညွတ်ပြီး တောင်းပန်ပါတယ်။
“ဆင်းရဲ တွင်းထဲက ပြည်သူတွေ အတွက် ကျေးဇူးပြုပြီး လက်ကမ်းပေးကြပါ။ အရှေ့က ရပ်တည်ပေးကြပါ”။
နောက်တစ်ခု မောင်ဂီ့ မှတ်ချက်ဆီက “(ကံကို ယုံပါသည်… ကံဆိုတာ အလုပ်ကိုး..)” ဆိုတာ ကနေ နဲနဲ ဝင်ရွှီး ကြည့်ဦးမယ်။
“Gwyneth Paltrow” ပါတဲ့ “Sliding Doors” ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ဘူးကြမလားဘဲ။
အရီး အတွက်တော့ ပထမကြည့်တုန်း သိပ်သဘောမပေါက် ဘဲ နောက်တစ်ကြိမ် မှ အရမ်းကြိုက်သွားတာ။
တီဗီ ကလဲ မကြာမကြာ လွှင့်တတ်တော့ လာတိုင်းကြည့်မိတယ်။
ဇာတ်ကဒီလို။
အဲဒီတစ်နေ့မှာ မင်းသမီး က အစည်းအဝေးမှာ မထင်ဘဲ အလုပ်ဖြုတ်ခံလိုက်ရတယ်။ ဒီတော့ အိမ်ကို မြေအောက်ရထားသုံးပြီး အပြန် ဘူတာမှာ ရထားထွက်ခါနည်း လေးကပ်ရောက်ခဲ့တယ်။
နှစ်ဖက် ပိတ် လာတဲ့ ရထားတံခါး ကို အတင်း တွန်းပြီး ရထားထဲ ရောက်ခဲ့တယ်။
ရထားပေါ်မှာ မင်းသား နဲ့ တွေ့တယ်။
အိမ်ရောက်တော့ သူ့ Boyfriend နဲ့ သူ့ Boyfriend ရဲ့အရင်ရီးစားဟောင်းမိန်းမ နဲ့ ကို အိပ်ရာထဲမှာ တွေ့တယ်။ ဒါနဲ့ အိမ်ပေါ်ကဆင်း Pub တစ်ခုကိုသွား၊ အရက်သောက် ရင်း ရထားပေါ်က မင်းသားနဲ့ တွေ့၊ ခင်သွား၊ နောက် သူ့ကိုယ်ပိုင် လုပ်ငန်းကို ပြန်ထောင်၊ အောင်မြင်၊ မင်းသားနဲ့ ကြိုက်။ နောက် မင်းသားမှာ မိန်းမကြီး ရှိတယ် လို့ သိ။ စိတ်ဆိုး၊ မင်းသားက အဲဒီမိန်းမ နဲ့ ကွဲသွားပြီးဖြစ်ကြောင်းပြော။ ဒါနဲ့ ပြန်ပြေလည်သွား ပြီး ပြန်မယ် လဲ လုပ်ရော ကားတိုက်မိ။ မင်းသား က သူ့ကို ဆေးရုံပို့။ နောက် အဲဒီမှာ သေသွား။
ဒီအတိုင်း ဆို ဘယ်လောက် ရှင်းတဲ့ ဇာတ်လဲ။ အများသူငါ ကားတွေလို တွေ့၊ ဆုံ၊ ကြုံ၊ ကွဲ ပေါ့။
ပြသနာက ဒီလို မဟုတ်။
အဲဒီ အပေါ်က ဇာတ်လမ်းရဲ့ အခန်း အဖြတ်တွေ ကြားမှာ တစ်ခြား ဇာတ်လမ်း တစ်ခု တွဲတွဲ ပါနေတာဘဲ။
ဥပမာ – ရထားထဲ ရောက် သွားတဲ့ အခန်း လဲပြီးရော။ rewind ဖြစ်သလို ဘူတာ အဝင်ကို ပြန်ရောက်သွား။ ရထားကို မှီအောင်ပြေး၊ နှစ်ဖက် ပိတ် လာတဲ့ ရထားတံခါး ကို တိုးဝင်ခွင့် မရဘဲ ရထားထွက်သွားတယ်။ ရထားပေါ်မှာ ပါသွားတဲ့ မင်းသားကတောင် သူ့ကို လှမ်းကြည့်နေသေး။ ဒီတော့ ဘူတာ အပြင်ပြန်ထွက် အလာ ပိုက်ဆံအိတ် ကို အလုခံရ ရုံမက တွန်းခံရပြီး နဖူးကွဲသွား။
သဘောကတော့ Timeline အတူတူထားပြီး “ရထားမှီ သွားပြီးနောက် ဖြစ်သွားတဲ့ဘဝ” နဲ့ “ရထား မမှီ ဘဲ နေပြီးနောက် ဖြစ်သွားတဲ့ ဘဝ” ကို ယှဉ်ပြထားတာ ဖြစ်နေပါလေရော။
ရုပ်ရှင်ကို ဆက်ရရင် နောက် အငှားကား နဲ့ အိမ်ပြန် အလာ ဟိုမိန်းမ ကားက ထွက်သွားရုံလေး၊ သူ့ Boyfriend က ရေချိုးခန်းထဲမှာ။ နောက် စိတ်ညစ်လာတဲ့ သူ့ကို Boyfriend က Pub ခေါ်သွား။
အမယ် – အဲဒီ မှာလဲ မင်းသား က သူ့သူငယ်ချင်းနဲ့ သောက်နေတာ။
ဒီဘက်မှာတော့ မင်းသား နဲ့ သူနဲ့ ဟိုဘက်မှာလို ဆုံဆုံနေပေမဲ့ တစိမ်းတွေပေါ့။
နောက်ဆုံး သူ့ Boyfriend ရှုပ်တာသိ၊ ပြသနာဖြစ်၊ လှေခါးပေါ်က ချော်ကျပြီး ဆေးရုံ ရောက်။ သူ့ Boyfriend ကို လုံးဝ ဖြတ်လိုက်။ ဆေးရုံက ဆင်းတော့ ဆေးရုံမှာ အမေ့ ကို လာတွေ့တဲ့ မင်းသားနဲ့ ဓာတ်လှေခါးမှာဆုံ။ ဓာတ်လှေခါး တံခါးပိတ် အသွားမှာ ဇာတ်လမ်း ပြီးရော။
အင်း – အဲဒီကားကြည့်ပြီး တွေးမိတာကတော့ အရီးတို့ ဘဝ တွေမှာလဲ တစ်ခါတစ်ခါ ကံကြမ္မာ အချို့အကွေ့လေးတွေ ကို တွေ့ရစမြဲ မဟုတ်လား။
အဲဒီတုန်းက “ဒါဖြစ်ခဲ့ရင်”/ “ဒါမဖြစ်ခဲ့ရင်” ဆိုတဲ့ အကြောင်းတရားတွေ အများကြီး။
အဲဒါနောက်မှ “အကျိုးဆက်တွေ” ဖြစ်လာရတာ မဟုတ်လား။
ပြသနာက “ဒါဖြစ်ခဲ့ရင်”/ “ဒါမဖြစ်ခဲ့ရင်” ဆိုတဲ့ အကြောင်းတရားတွေ မှာ
ကိုယ်ဘာမှ လုပ်လို့မရတဲ့၊
ကိုယ့်ထိန်းချုပ်မှု အလုပ် (ဝိရီယ) ပေါ်မှာ လုံးဝ မတည်မှီခဲ့တဲ့
အဖြစ်တွေ ဖြစ်ပါတယ်။
“အကျိုးဆက်တွေ” ပေါ်မှာမှ ကိုယ်ကလိုက်ပြီး အလုပ်လုပ် နေကြရတာပါ။
ဒီတော့ အဲဒီ ကိုယ်ထိန်းချုပ် ထားလို့ မရတဲ့ “အကြောင်းတရား” ဟာ “ကံ” လို့ သတ်မှတ်နိုင်မလား။ “လှံထမ်းလာတာ မြင်ရတယ်၊ ကံထမ်း လာတာ မမြင်ရ” လို့ ဆိုတာ ကို တွေးမိနေရင်း
တစ်ဖက်က “ကံ ယုံ၍ ဆူးပုံ မနင်းရာ” ဆို တာနဲ့ နှစ်ဖက်မျှ ကြည့်လို့ နေမိပါကြောင်း ပြောရင်း အဆုံးသတ်လိုက်ပါပြီ။
ရင်ရှုပ် တဲ့ ရုပ်ရှင် ကိုမှီပြီး ရမ်းတီးတာကြောင့် မို့ ပရိတ်သတ်ကြီး ခေါင်းရှုပ်၊ စိတ်ရှုပ်၊ နား မျက်စိများ လည်ရှုပ် ကုန်ရင် ခွင့်လွှတ်ကြပါကုန်လော့။ 😀
pooch
May 17, 2012 at 5:44 pm
အရီးရေ အားပေးတာ အလွန်ကျေးဇူးတင်ပါတယ်။ တကယ်တန်း ဒီအလုပ်တွေ အိမ်က လူတွေ ရုန်းကန်နေရပြီး ဦးကြီးက လှုပ်ရှားနေတာပါ။ ကျမ ကတောက်တို မယ်ရလေး လုပ်ရတာကို တခါတခါမှာ ငြူဆူမိပါသေးတယ်။
ခုနောက်ပိုင်းမှ နည်းနည်း သိတတ်လာတာပါ။ မသိတတ်လို့လဲ မရတော့ပါဘူး။
နောက်ပြီး အခုလောလောဆယ် အချောထုတ်တဲ့ဘက်မှာ အရင်စက်ဟောင်းတွေကို မီးစက်နဲ့ပြန်လည်နေရပါတယ်။ အကြမ်းထုတ်တဲ့ ဘက်သာ နောက်ပြန်ဆုတ်လို့ မရတော့လို့ မီးလာတဲ့ အချိန်မှာ ဖြစ်ညှစ်နေရတာပါ။
အရီးပြောတဲ့ ကားကလည်း စိတ်ဝင်စားစရာပါပဲ။ မရှုပ်ပါဘူး အရီး ။ ရှင်းရှင်းလေးပါ။ ဟုတ်ပါတယ် အရီး တခါတခါ မှာ ဖြစ်ခဲ့ရင် နဲ့ မဖြစ်ခဲ့ရင် ဆိုတာလေးကလည်း အလွန်တာသွားပါတယ်။ ကိုယ်တိုင် ရွေးချယ်ခွင့်မရပဲ စီမံရာ နာခံရတဲ့ အခြေအနေမျိုးဆိုရင် လည်း ဘာမှမတတ်နိုင်ပါဘူး။
ကြောင်ကြီး
May 17, 2012 at 7:34 am
ပုရှ်ဂလေးအတွက် တဂယ်လိုနေဒါ လျှပ်စစ်မီးဟုတ်ဖူး၊ ယုံကြည်စိတ်ချရဒဲ့ ပေါ့ပါးလျင်မြန်သွက်လက်ပြီး သိပ်ခြစ်တတ်တဲ့သူ.. အဲဒါ ဘယ်သူရှိအုံးမလည်း ဦးကြောင်ကြီးပေါ့ကွယ်..။ ပုရှ်နဲဦးကြောင် နှစ်ယောက်ပေါင်းပြီး မင်္ဂလာ(ဒုံမှာအခွန်)ဆောင်ရအောင်… မင်္ဂလာဒုံမြို့နယ်မှာ လုပ်ငန်းအခြေချဖို့ပြောဒါပါကွယ်။ ရဒဲ့အမြတ်အားလုံးဂို ပုရှ်လေးတယောက်ထဲအကုန်ယူ၊ ကြောင်ကြီးကိုလည်းယူ အပီအပြင်ယူ..။ မီတာရုံးဂ မိုးစက်ဂလေး ဆက်ကြေးလာကောက်ရင် ဦးကြောင်ကြီးဂို ထိုးကျွေးလိုက်။ ရပ်ကွက်လူမိုက် ကြံ့ဖွတ်စွမ်းအားရှင် ကြေးမုံဂျီးလာရင်တော့ ရိုက်ထုတ်ပစ်..။ 😎
ဗိုက်ကလေး
May 17, 2012 at 10:24 am
အူးလေးပြောတော့ မမှန်နဲ ့က ငယ်ချစ်ဆိုဗျ
အခု ဘဇာကြောင့် ရိုက်ထုတ်ပစ်မှာတုန်း..
windtalker
May 18, 2012 at 1:44 pm
ဒါကြောင့် ဒီနှစ်ထဲ မင်ဂါ ရှိမယ် လို ့ပြောသံကြားနေရတာကိုး….
ဟီဟိ
စားရချီသေးရဲ ့
Ch@vez
May 17, 2012 at 10:31 am
ပါဠိလို မပြောတော့ပါဘူးအေ…
ဘိရုမာ လိုပဲ ပြောပါတော့မယ်…
တူရာလုပ်ငန်းရှင်တွေစုပြီး အစည်းအဝေးတွေ ပါတွေ လုပ်ကြည့်ပါလားအေ….
အကျိုးတူ အသင်းအဖွဲ့ တွေ ဘာတွေ ထူထောင်ကြည့်ပေါ့ နောက်ပြီး ..
အဆင်မပြေမှုတွေအတွက် စုပေါင်း အရေးဆိုတာမျိုး .. လုပ်ကြည့်ပါလား ….
(ပြိုင်ဖက် တွေဆိုတာ ယှဉ်ပြိုင်ဖို့ အတွက် ဖက်ထားကြတဲ့ အကောင်းဆုံး သူငယ်ချင်း တွေမဟုတ်ပါလား..)
အဲ့..
လုပ်ငန်းခွန် လျှပ်စစ်ခွန် ဆောင်ထားတဲ့ ..ကိုယ့် rights တွေ အတွက် ရှေ့နေရှေ့ရပ်
တွေနဲ့သော်လည်းကောင်း လုပ်ငန်း အနေအထား အလားအလာ အတွက် စီးပွားရေးပညာရှင်
တွေနဲ့သော်လည်းကောင်း ဆွေးနွေး တိုင်ပင်ကြည့်ကြပေါ့ဗျာ …..
သည်လိုလေး ဖတ်မိသလားလို့ပါ..
အင့်…အင့် …
စိတ်ဆင်းရဲနေတယ်ဆိုလည်း အားတက်အောင်
ဒီသီချင်းလေး ရှာနားထောင်ကြည့် ..
This is my right, a right given by God
To live a free life, to live in Freedom
We talkin’ about Freedom
Talkin’ bout Freedom
I will fight, for the right
To live in Freedom
Anyone, who wants to take it away
Will have to answer, Cause this is my right
We talkin’ about Freedom
Talkin’ bout Freedom
I will fight, for the right
To live in Freedom, ah yeah, comon now…
paul mccartney ဆိုထားတဲ့ ..Freedom လေးပါ..
အပြောင်းအလဲကောင်း တခုခုတော့ မျှော်လင့်ပါသည်….
သို့သော် ထိုင်စောင့်နေလို့ မရပါ …။ ထိုင်ဆဲနေ အကြမ်းဖက်နေစရာလည်း မလိုပါ…
ကြွက်သားများလို လှုပ်ရှား ရုန်းကန်ဖို့သာ လိုပါသည်။ အဲ ..ကြွက်သားဆိုလို့…
the function of muscle is to pull and not to push, except in the case of
the genitals and the tongue.
လီယိုနာဒို အင်ဇာဂီ ..အဲ့လေ ..ဒါဗင်ချီ
😀
pooch
May 17, 2012 at 6:17 pm
ဟုတ်ကဲ့ အိမ်က ဦးကြီးကို ပြောပြလိုက်ပါ့မယ်။ သူဘာပြောမလဲ နားထောင်ကြည့်လိုက်ပါအုန်းမယ်။ စက်မှုထဲ အစည်းအဝေးလုပ်ရင် အဘခေါ်ချင်တဲ့ လူတန်းစားရယ် အဘအခေါ်ခံချင်တဲ့ လူတန်းစားရယ်ပဲ လုပ်ကြတာမို့ တကယ်ရုန်းနေရတဲ့ လူတွေ သိပ်ပါလေ့မရှိပါဘူး။ ဘာအကျိုးမှ မရှိလို့ပါ။
ပါးစပ်ပဲအလုပ်လုပ်ရင် ဒီနေ့ ဒီနေရာတောင် ရောက်လာစရာ အကြောင်းမရှိပါဘူးနော်။ ပွင့်လင်းလာတဲ့ တနေ့ ဘယ်လိုရှာစားနေရတယ် ဘယ်လိုရုန်းကန်နေရတယ် ဆိုတာ ဓာတ်ပုံနှင့်တကွ တင်ချင်ပါသေးတယ်။ သို့သော် လောလောဆယ် ထမင်းအိုးတော့ အကွဲမခံနိုင်သေးဘူး။
ှStroms make oaks take deeper root. ( George Herbert) 😀
Ch@vez
May 17, 2012 at 11:26 pm
ယူနီယံ တခုလို့ ပြောကြည့်ခဲ့တာဗျ …
အဘခေါ်ချင်သူတွေ အဘ အခေါ်ခံချင်သူတွေ
မပါဘူးထင်တာပဲ ….
ပြန်ဖတ်ကြည့် … တွေးကြည့်ပေးပါဗျား…..
အဲ့ …
ကျန်ခဲ့တဲ့ (မရေးရက်တဲ့ ၂ခုကတော့)
၁၊ ရွိုက်ဇင်း မန်းနီး … (အင်ဗက်စတာ ခေါ်ခြင်း ပေါ့ဗျာ အလွယ်ပြောရရင်)
၂၊ M & A ဗျ ။
သိပ်လူမုန်းများမယ့် ကိစ္စတွေပေါ့ …။
ကျုပ်လည်း ထင်ရာမြင်ရာ လက်တွေ့မကျရာ ပြောတယ်
အထင်ခံမှဖြင့် ခက်ရချည်သေး …။
ကျနော် ဒါတွေ တွေးမိ ရေးမိတာ …အစ်မတို့
ပရုပ်လုံး(ဆိုသူတွေ) တွေ ထွက်ပေါက်ရမလားလို့
တွေးကြည့်ရေးကြည့်ဖြစ်တာပါဗျ…
ကျနော့် အကျိုးစီးပွားမပါပါဘူး…..။
ငြင်းလည်း မငြင်းချင်တော့ဘူး မပုရယ်…..။တကယ်ပါ..။
try ကြည့်ပါလို့ပဲ ပြောချင်ပါရဲ့….။
change management ကို သပ်သပ် ပရော်ဖက်ရှင်နယ်လ်ထားပြီး
အလုပ်လုပ်ကြတယ်ပြောရင် အံ့ဩမလားဗျာ ….
အဲ့ဒါက လိုကိုလိုအပ်တာ အသေအချာပါဘဲ…….
S.Korea တွေ ၁၉၉ဝပြည့်လွန်နှစ်တွေမှာ ဘာဖြစ်ခဲ့သလဲ
ူသူတို့ရောက်သင့်ရောက်ထိုက်တဲ့နေရာ အဆင့်တခုကို ဘယ်နှနှစ်
နောက်ကျခဲ့သလဲ သင်ခန်းစာယူစရာပါ….
နောက်ဆုံးသော keyword က change mgmt: တဲ့. …
ကြုံရဦးမှာပါဗျား …… တနေ့တော့ တနေ့ပေါ့လေ….
အချုပ်ဆိုရရင်ဖြင့်
ဒီတေးလ်တွေ ကြုံမှ ပြောစို့ရဲ့…
ဆုမတောင်းတော့ပါဘူးဗျား …
အာဟိ ဒက်ဂလောက်…..
ko ko soegyi
May 17, 2012 at 9:43 pm
ဟဲဟဲ.. တသက်လုံး မီးမမှန်တဲ့ ဒီတိုင်းပြည်ကြီးမှာ မီးမှန်မှ စီးပွားဖြစ်မယ့် စက်ကြီးကို အကုန်ကျခံ ဝယ်မှတော့ကွယ်.. ရေစက်ချပြီး အမျှဝေရတော့မပေါ့..
အမလေးက ရေလောင်းနိုင်သေးတော့ တော်သေးတာပေါ့.. ရေမလောင်းနိုင်လို့ စီးပွားပျက်သွားတဲ့သူတွေလည်း ထုနဲ့ ထည်ပဲ.. အားလုံးလိုချင်တဲ့ ဈေးကွက်စီးပွားရေးကြီး ဆိုတာ ဝင်လာရင်တော့.. အင်း…………………
surmi
May 18, 2012 at 12:49 am
ပြောကြ ၊ ဆွေးနွေးကြတာ အတော်စုံသွားပြီ ။
တစ်ခုပြောချင်တာက မီးသူခိုးဗျ ။
တစ်နည်းမဟုတ်တစ်နည်းနဲ.ခိုးသုံးကြတာ …..ဘယ်သူက ကိုယ်.ဘာသာကိုယ် လုပ်တတ်မလဲ
E P C က မြို.နယ်မှုးအဆင်.အနဲဆုံးပါမှဖြစ်တာ ။ လုပ်ငန်းပေါက်စတွေကို လိုက်ညှိတာကို
မျက်ဝါးထင်ထင် တွေ.ဘူးတာဗျ ။ဒီတော. ….ဒီလို အိမ်တွင်းသူခိုးဘေးကလည်းကာကွယ်ဦးမှ ဖြစ်မှာ ။
အခြေခံ လူတန်းစားကိစ္စရေးမယ်ဆိုတာ စိတ်ဝင်စားတယ် ….ကျုပ်လဲ ရွာထဲရှိရင် ဝင်ပွားပါဦးမယ် …..။
padonmar
May 18, 2012 at 2:17 am
မယ်ပုရေ
ရင်ထဲက ရေနွေးအိုးကြီး ပွက်ပွက်ဆူလို့ အပြင်ကို အငွေ့လေးအသံလေးထွက်လာတာ လိုပါပဲ။
ကိုယ်တိုင်ခံစားရမှ အတွင်းမှာ ဘယ်လောက်ပူနေတယ်ဆိုတာ သိကြမှာပါ။
ဒေါ်ဒေါ် မွေးကာစက နယ်မှာ အဖေ ဆီစက်ကလေးတစ်လုံးတည်တယ်။ ကိုယ့်အားကိုယ်ကိုး အင်ဂျင်နဲ့ပေါ့။
၁၉၈ဝ ကျော်လောက်မှာ လျှပ်စစ်မီးတွေ တော်တော်ရလာတော့ ပါဝါမီတာနဲ့ လည်ဖို့ နေရာသစ်မှာ ဆီဆုံတွေပြောင်း စနစ်တွေပြောင်းလုပ်ခဲ့တာပေါ့။
တဖြေးဖြေး နေ့တစ်ပိုင်း ပဲရတာနဲ့ ညတစ်ပိုင်းပဲရတာနဲ့၊သည်းခံပြီးလုပ်ရင်း ညနေ ၆နာရီက ည ၁ဝနာရီ lighting လေးတောင် အလှည့်နဲ့ရတော့တဲ့ အချိန်မှာ မြို့ပေါ်ရှိသမျှ ဆီစက်သမားတွေ အားလုံး လုပ်ငန်းရပ်သွားကြတော့တာပဲ။
အခုတော့ အဲဒီ ဆီဆုံတွေ ပြတိုက်လိုပဲ အလှကြည့်နေရတယ်။
ရေလောင်းလို့ရနေသေးရင် တော်သေးတယ်လို့သာဖြေပါတော့။
ဒေါ်ဒေါ်တို့မှာရေလောင်းချင်တာတောင် အပင်သေသွားလို့ လောင်းမရတော့ပါဘူး။
နောက်ပြီး မောင်ဂီရေးသလို လုပ်ငန်းတူတွေပေါင်းကြည့်ပါလား။
ဒေါ်ဒေါ် မုံရွာချည်သမားတွေအကြောင်းမှာရေးဖူးတယ်လေ။
သူတို့ အသင်းလေးဖွဲ့ပြီး ကုန်ကြမ်းရှာကြတဲ့အကြောင်း၊ လေးစားစရာအဖွဲ့လေးပါ။
ကိုယ်ရသင့်ရထိုက်တဲ့ တရားမျှတတဲ့ အခွင့်အရေးတွေကို အဖွဲ့နဲ့စုပေါင်းပြောရမယ့် အချိန်ရောက်ပြီလို့ထင်ပါတယ်။
Foreign Resident
May 18, 2012 at 5:51 am
” ဒေါ်ဒေါ်တို့မှာရေလောင်းချင်တာတောင် အပင်သေသွားလို့ လောင်းမရတော့ပါဘူး ”
😛
pooch
May 19, 2012 at 12:01 am
ဒေါ်ဒေါ်ရေ စာအုပ်လက်ဆောင်လေးအတွက် ကျေးဇူးပါနော်။ အဒေါ်က လက်ကမချ ဖတ်နေပါတယ်။
ဟုတ်ကဲ့ပါ ဒေါ်ဒေါ် လုပ်သင့်လုပ်ထိုက်တာလေးတွေ လုပ်နိုင်ဖို့ကြိုးစားနေပါတယ်။ စကားပုံတခုလို ခြေထောက်မရှိရင် လက်နဲ့သွား ဆိုသလိုပါပဲ သွားနိုင်သရွေ့ကတော့ သွားနေအုန်းမှာပါ။
Foreign Resident
May 18, 2012 at 5:47 am
” ဒီကြားထဲ ကျမတို့ ပရုတ်လုံးတွေဟာ
ဘာထိုးထွင်းဉာဏ် ဘာတီထွင်ဉာဏ်မှ မရှိပဲ ငတုံးတွေ ငအတွေ
သူတို့နဲ့တန်တဲ့ အစိုးရကို သူတို့ ရထားတာလို့
ပြောတဲ့အသံတွေ ကြားရတဲ့အခါ အသဲတွေ တ ဆတ်ဆတ်ခါ နာတယ် ”
ဟဲဟဲ ။ ဟဲဟဲ ။ သမီး မယ် Pooch ။
ညည်း အဘ ကို ရွဲ့ပြောနေတာတော့ ဟုတ်ပါဘူးနော် ။
အဘ အဲဒီလောက်ကြီးတော့ ဒဲ့ မပြောခဲ့ပါဘူး ။
အင်းးးးးးး ဒါပေသည့် MG ဆိုဒ်ထဲမှာလည်း ၊
အဲ့သလောက် ပြောရက်တာ အဘပဲ ရှိတာ ဆိုတော့ ။ ဟီဟိ ။
စိတ်မကောင်းပါဘူး သမီးရယ် ၊
ကြိုးစားမှုကို မလျော့လိုက်ပါနှင့်အုန်း ။
တ ဆတ်ဆတ်ခါ လောက်အောင်လဲ မ နာ ပါနှင့်အုန်း ။
လို့ပဲပြောရတော့မှာပဲ ။
ဒါပေမယ့် တစ်ခုလေးတော့ ထောက်ပြမယ်နော် ။
အခု ဖတ်ရသလောက်တော့ ၊
သမီး မယ် Pooch ဟာနေရာ တစ်ခုကိုရောက်နေပါပြီ ။
ရောက်နေတဲ့နေရာ ဟာလည်း ၊
နိုင်ဂျန်ဂါးကို ထွက်သွားပြီး ပညာသင်ခဲ့ ၊ အလုပ်လုပ်ခဲ့မယ်ဆိုရင် ၊
ရောက်နေမယ့်နေရာထက် မနိမ့် ဘူးလို့ ယူဆမိပါတယ် ။
မှန်တာပြောရရင် ဒီအတိုင်းသာ ဆက်ကြိုးစားသွား
နောက် အနှစ် ၂ဝ ကြာရင် ၊
အဲဒီ နိုင်ငံခြားကိုထွက် ပညာသင် အလုပ်လုပ်ခဲ့တဲ့သူဟာ ၊
မြန်မာပြည်ကိုသာ ပြန်လာခဲ့မယ်ဆိုရင် ၊
အဘ အထင် ( Generally ပေါ့နော် ) ၊
သမီး မယ် Pooch ရဲ့ ” ချမ်းသာကြွယ်ဝမှု ” ( ချမ်းသာကြွယ်ဝမှု ) ဟာ
နိုင်ငံခြားကို ထွက်သွားတဲ့သူထက် သာနေပြီဆိုတာ တွေ့ရမှာပါ ။
အထင်မကြီးစမ်းပါနှင့် ၊
နိုင်ငံခြားကိုထွက်သွားတဲ့ မြန်မာ ၉၅ % လောက်ဟာ ၊
သာမာန် လက်လုပ် လက်စား ဘဝ လောက်မှာပဲ နေနေကြ ရတာပါ ။
Even နိုင်ငံခြား တက္ကသိုလ်တွေမှာ တက်ပြီး ၊
ဘွဲ့ရခဲ့တဲ့သူတွေရဲ့ ဘဝ တွေဟာတောင်မှ ၊
ပညာလေးတော့ တတ်ရှာပါတယ် လို့ပြောနိုင်တာကလွဲရင် ၊
သူဋ္ဌေး ဆိုတဲ့အခြေအနေ နှင့် လုံးဝ ( လုံးဝ ) မနီးစပ်တဲ့ ၊
အသေအကျေ နေ့တဓူဝ ပူပန် ရုန်းကန်နေရတဲ့ ၊
သာမာန် လူလတ်တန်းစား ဘဝ လေးတွေပါ ။
( ဥပမာ ပေးရရင် လူမိုက်ကြီး အဘ တို့လိုုပေါ့ )
သူတို့ တိုင်းပြည် ချမ်းသာ တိုးတက်တယ်ဆိုတာ ၊
သူတို့ ပုဂ္ဂလိက ချမ်းသာ တိုးတက် နေတာ မဟုတ်ပါဘူး ။
သူတို့ သက်တောင့်သက်သာ နေရပေမယ့် ၊
( မမေ့ပါနှင့် ၊ နိုင်ငံခြားသားအဖြစ် မခံယူလိုက်သရွေ့တော့ )
အဲဒီ ချမ်းသာ တိုးတက်မှုတွေဟာ အငှားခံစားရမှု ပုံရိပ်ယောင်တွေပါ ။
( ဥပမာ ပေးရရင် လူမိုက်ကြီး အဘ တို့လိုုပေါ့ )
အဘ ကတောင် သမီးရဲ့ လုပ်ငန်းရှင်ဘဝကို အားကျနေတာ ။ ဟီဟိ ။
pooch
May 18, 2012 at 11:46 pm
အော် … အဘဖော ကမ်းပြန်ကပ်ပြီလား။ မတွေ့တာတောင်ကြာပေါ့။ အခုလိုအားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ၅ ရာခိုင်နှုန်းထဲမှာတော့ အဘဖောတို့လို လူတွေ ပါနေတယ်မဟုတ်လားဟင်င်…. ။
ှရှားရှားပါးပါးကွန်းမင့်လာပေးလို့ ကျေးဇူးတင်ပါတယ်။ တကယ်ပါ။
nigimi77
May 18, 2012 at 8:10 am
အနိစ္စ…
စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်..
http://www.facebook.com/notes/tay-za/%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%9C%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%9C%E1%80%B8%E1%80%9C%E1%80%B2-%E1%80%9B%E1%80%BD%E1%80%AC%E1%81%BE%E1%80%80%E1%80%95%E1%80%AB/357112454302819
ထားဝယ်စီမံကိန်း က ကျောက်မီးသွေးစက်ရုံ စီမံကိန်း တစ်ခုကို ရပ်ဆိုင်းလိုက်တယ်လို့ မိတ်ဆွေ ဂျပန်တွေကို ပြောတော့ သူတို့ က အတော်လေးကို အံအားသင့်ပါတယ်၊ သာမန် အားဖြင့် ပြောရင် ဟိုးအရင် ကတော့ ပတ်ဝန်းကျင် ထိခိုက်တယ် ဆိုတာ ဟုတ်ပါတယ် ဒါပေမဲ့ ခုအချိန်မှာတော့ ဒီပြသာနာကို ဖြေရှင်းတဲ့ ခေတ်မှီ နည်းပညာတွေ ရှိလာနေပါပြီတဲ့ အဲဒါက တော့ clean coal technology လို့ခေါ်တဲ့ ကျောက်မီးသွေး ကိုသန့်စင်နဲ့နည်းပညာပါပဲ၊
ကျောက်မီးသွေးကိုလောင်စာ အဖြစ်အသုံးပြုလိုက်တဲ့ အခါမှာ အသုံးပြုတဲ့ ကျောက်မီးသွေး အမျိုးအစားပေါ်မူတည်ပြီး ဆာလဖာဒိုင်အောက်ဆိုဒ်၊ကာဗွန် ဒိုင်အောက်ဆိုဒ် နို်င်ထရိုဂျင်ဒိုင်အောက်ဆိုဒ် နဲ့ အခြား ဓါတုဘေးထွက်ပစ္စည်းတွေထွက်လာနိုင်ပါတယ်။ ဒီဘေးထွက်ပစ္စည်း တွေကြောင့် အက်ဆစ်မိုးတွေ ရွာသွန်းပြီး ရာသီဥတုတွေ ပြောင်းလဲ စေပါတယ်၊
ဟိုးတချိန်တုံးကတော့ လူတွေက အက်ဆစ် မိုးရွာသွန်းမှုကို အဓိက ဖြစ်စေတဲ့ ဆာလဖာဒိုင်အောက်ဆို်ဒ်ကို အလေး ထားပြောဆိုခဲ့ ကြ ပေမဲ့ ၊ လတ်တလောမှာတော့ Globel Warming ကမ္ဘာကြီးပူနွေးလာမှုကိုဖြစ်ပေါ်စေတဲ့ ကာဗွန် ဒိုင်အောက်ဆိုဒ် ကိုပိုမို ဂရုတစိုက် ပြောဆိုလာပါတယ်။
ဒီလို အဖြစ်မျိုးတွေကို လျှော့ ချနိုင်အောင် ရှောင်လွဲနိုင်အောင် ဒီ clean coal နည်းပညာ ပေါ်ထွန်းလာတာဖြစ်ပါတယ်။
ကမ္ဘာ့ပထမဆုံး clean coal နည်းပညာ အသုံးပြုတဲ့ ဓါတ်အားပေးစက်ရုံကို ဂျာမဏီ နိုင်ငံ စပန်းဘတ် မြို့မှာ ဆွီဒင်နိုင်ငံ ပိုင် Vattenfall ကုမဏီ အတွက် နာမည်ကျော် ဆီးမင်း (Siemens) ကုမ္မဏီ ကတည်ဆောက်ပေးခဲ့ပါတယ်။
တနေ့က ပဲ(၁ရ ဇန္နဝါရီ ၂၀၁၂) နေ့စွဲ နဲ့ ပူပူနွေးနွေး သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ် အမေရိကန် နိုင်ငံ မှ GE ကုမ္မဏီရဲ့ clean coal technology ကို အခြေခံပြီး ပိုမိုခေတ်မှီတဲ့ integrated gasification combined-cycle (IGCC) ဆိုတဲ့ နည်းပညာ နဲ့ အသုံးပြုထားတဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ တည်ထောင်မယ့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ သတင်းလေးပါ။ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာကျောက်မီးသွေး အသုံးပြု မှု အများဆုံး ဆယ်နိုင်ငံ စာရင်းထဲမှာပါပါတယ်၊ တောင်ကိုရီးယား နိုင်ငံ အတွက် လိုအပ်နေတဲ့ လျှပ်စစ်မီး ကိုရရှိဖို့ လွန်ခဲ့တဲ့ နှစ် ၂ဝ အတွင်းမှာ ပဲ ကျောက်မီးသွေး သုံးစွဲမှု ဟာ ၁ရ % ကနေပြီး ၄၇% ထိ နှစ်ဆလောက် တိုးတက်လာ တာကို တွေ့ရပါတယ်။ တတိုင်းပြည်လုံးရဲ့ လျှပ်စစ် ဓါတ်အား ကို ကျောက်မီးသွေးဓါတ်အားပေး စက်ရုံများက အဓိက ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်၊ သို့သော်လည်း ဖန်လုံအိမ်အာနိသင် လျှော့ ချရေးကို သဘောတူညီထားသည့် အလျှောက် အဆိုပါ နည်းပညာ ကို GE မှ ပေးအပ်ပြီး ၃၀ဝ မီဂါဝပ် ရှိတဲ့ ဓါတ်အားပေးစက်ရုံကို ဆိုးလ်မြို့တော် ရဲ့ တောင်ဖက်ပိုင်းမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။
ကျောက်မီးသွေး အသုံးအများဆုံးထိပ်တန်း ၁ဝ နိုင်ငံစာရင်း
PR China
2516Mtce
South Africa
141Mtce
USA
733Mtce
Germany
105Mtce
India
434Mtce
Korea
103Mtce
Russia
177Mtce
Poland
87Mtce
Japan
165Mtce
Chinese Taipei
60Mtce
အထက်ပါ ဇယားက အများဆုံးသုံးတဲ့ နိုင်ငံ တွေရဲ့ စာရင်းပါ။ ဒါ့အပြင် ကမ္ဘာ့ လျှပ်စစ်ဓါတ်အား လိုအပ်ချက် အားလုံးရဲ့ ၄၂ % က ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတွေ ကရတာပါလို့ World Coal Association ရဲ့ web site ပေါ်မှာ ဖော်ပြထားပါတယ်။
ဒီစာရင်းဇယား တွေကို ကြည့်လိုက် မိတဲ့ အခါမှာ ကျွန်တော်တို့ နိုင်ငံ မှာ ထားဝယ်အထူးစီးပွားရေးဇုံ တစ်ခုမှာ ကျောက်မီးသွေးစက်ရုံ တည်လိုက်လျှင် ဘယ်လောက် ဖြစ်သွားမလဲ၊ တောင်ကိုရီးယား နိုင်ငံရဲ့ မြို့တော်မှာ တောင်သုံးတဲ့ဒီလိုနည်းပညာ ကို သုံးပြီး တည်ဆောက်ရင်ရောမရနိင်ဖူးလား၊
ဒါဆိုကျောက်မီးသွေးကို မသုံးပဲ ရောင်းစားမှာလား၊ သယံဇာတတွေ ချည်းထုတ်ရောင်းတာထက် သူ့ကို အသုံးချပြီး ရလာတဲ့ လျှပ်စစ် ဓါတ်အားနဲ့ စက်မှုလုပ်ငန်းတွေလုပ်ရင် ပိုအကျိုးမများနိုင်ဖူးလား၊
မြစ်တွေကို ဆည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ပြန်ရင် ပတ်ဝန်းကျင်ထိခိုက်လို့ မဆောက် နိုင်၊ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကြတော့လဲ ပတ်ဝန်းကျင် ထိခိုက်လို့ ဆိုပြီး မသုံးဆိုရင် တိုးတက်လာမယ့် စက်မှု ဇုံတွေ အတွက် ကျွန်တော်တို့ နိုင်ငံ ရဲ့ လျှပ်စစ် မီး လုံလုံလောက်လောက် ရရှိဖို့ ဘယ်လို များ ဖြေရှင်း ကြမလဲ လေအား လား၊ နေအားလား၊ ဒါတွေက ရော လိုအပ်ချက်ကိုဖြည့်ဆည်းဖို့ လုံလောက်ပါ့မလား ဆိုတာတွေ တွေးရင်း သေခြာ မသိလို့ စိုးရိမ်စိတ်တွေ နဲ့ ပြောပြီး ၊ ကန့်ကွက်ရုံ ကန့်ကွက်မနေကြပဲ နည်းလမ်း လေးများလဲ ဝိုင်းရှာ ကြပါဦးဗျာ….
ရည်ညွန်းကိုးကားချက်များ
http://www.worldcoal.org/resources/coal-statistics/
http://en.wikipedia.org/wiki/Clean_coal_technology
nigimi77
May 18, 2012 at 8:23 am
အနိစ္စ…
စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်..
https://www.facebook.com/notes/tay-za/
ထားဝယ်စီမံကိန်း က ကျောက်မီးသွေးစက်ရုံ စီမံကိန်း တစ်ခုကို ရပ်ဆိုင်းလိုက်တယ်လို့ မိတ်ဆွေ ဂျပန်တွေကို ပြောတော့ သူတို့ က အတော်လေးကို အံအားသင့်ပါတယ်၊ သာမန် အားဖြင့် ပြောရင် ဟိုးအရင် ကတော့ ပတ်ဝန်းကျင် ထိခိုက်တယ် ဆိုတာ ဟုတ်ပါတယ် ဒါပေမဲ့ ခုအချိန်မှာတော့ ဒီပြသာနာကို ဖြေရှင်းတဲ့ ခေတ်မှီ နည်းပညာတွေ ရှိလာနေပါပြီတဲ့ အဲဒါက တော့ clean coal technology လို့ခေါ်တဲ့ ကျောက်မီးသွေး ကိုသန့်စင်နဲ့နည်းပညာပါပဲ၊
ကျောက်မီးသွေးကိုလောင်စာ အဖြစ်အသုံးပြုလိုက်တဲ့ အခါမှာ အသုံးပြုတဲ့ ကျောက်မီးသွေး အမျိုးအစားပေါ်မူတည်ပြီး ဆာလဖာဒိုင်အောက်ဆိုဒ်၊ကာဗွန် ဒိုင်အောက်ဆိုဒ် နို်င်ထရိုဂျင်ဒိုင်အောက်ဆိုဒ် နဲ့ အခြား ဓါတုဘေးထွက်ပစ္စည်းတွေထွက်လာနိုင်ပါတယ်။ ဒီဘေးထွက်ပစ္စည်း တွေကြောင့် အက်ဆစ်မိုးတွေ ရွာသွန်းပြီး ရာသီဥတုတွေ ပြောင်းလဲ စေပါတယ်၊
ဟိုးတချိန်တုံးကတော့ လူတွေက အက်ဆစ် မိုးရွာသွန်းမှုကို အဓိက ဖြစ်စေတဲ့ ဆာလဖာဒိုင်အောက်ဆို်ဒ်ကို အလေး ထားပြောဆိုခဲ့ ကြ ပေမဲ့ ၊ လတ်တလောမှာတော့ Globel Warming ကမ္ဘာကြီးပူနွေးလာမှုကိုဖြစ်ပေါ်စေတဲ့ ကာဗွန် ဒိုင်အောက်ဆိုဒ် ကိုပိုမို ဂရုတစိုက် ပြောဆိုလာပါတယ်။
ဒီလို အဖြစ်မျိုးတွေကို လျှော့ ချနိုင်အောင် ရှောင်လွဲနိုင်အောင် ဒီ clean coal နည်းပညာ ပေါ်ထွန်းလာတာဖြစ်ပါတယ်။
ကမ္ဘာ့ပထမဆုံး clean coal နည်းပညာ အသုံးပြုတဲ့ ဓါတ်အားပေးစက်ရုံကို ဂျာမဏီ နိုင်ငံ စပန်းဘတ် မြို့မှာ ဆွီဒင်နိုင်ငံ ပိုင် Vattenfall ကုမဏီ အတွက် နာမည်ကျော် ဆီးမင်း (Siemens) ကုမ္မဏီ ကတည်ဆောက်ပေးခဲ့ပါတယ်။
တနေ့က ပဲ(၁ရ ဇန္နဝါရီ ၂၀၁၂) နေ့စွဲ နဲ့ ပူပူနွေးနွေး သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ် အမေရိကန် နိုင်ငံ မှ GE ကုမ္မဏီရဲ့ clean coal technology ကို အခြေခံပြီး ပိုမိုခေတ်မှီတဲ့ integrated gasification combined-cycle (IGCC) ဆိုတဲ့ နည်းပညာ နဲ့ အသုံးပြုထားတဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ တည်ထောင်မယ့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ သတင်းလေးပါ။ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာကျောက်မီးသွေး အသုံးပြု မှု အများဆုံး ဆယ်နိုင်ငံ စာရင်းထဲမှာပါပါတယ်၊ တောင်ကိုရီးယား နိုင်ငံ အတွက် လိုအပ်နေတဲ့ လျှပ်စစ်မီး ကိုရရှိဖို့ လွန်ခဲ့တဲ့ နှစ် ၂ဝ အတွင်းမှာ ပဲ ကျောက်မီးသွေး သုံးစွဲမှု ဟာ ၁ရ % ကနေပြီး ၄၇% ထိ နှစ်ဆလောက် တိုးတက်လာ တာကို တွေ့ရပါတယ်။ တတိုင်းပြည်လုံးရဲ့ လျှပ်စစ် ဓါတ်အား ကို ကျောက်မီးသွေးဓါတ်အားပေး စက်ရုံများက အဓိက ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်၊ သို့သော်လည်း ဖန်လုံအိမ်အာနိသင် လျှော့ ချရေးကို သဘောတူညီထားသည့် အလျှောက် အဆိုပါ နည်းပညာ ကို GE မှ ပေးအပ်ပြီး ၃၀ဝ မီဂါဝပ် ရှိတဲ့ ဓါတ်အားပေးစက်ရုံကို ဆိုးလ်မြို့တော် ရဲ့ တောင်ဖက်ပိုင်းမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။
ကျောက်မီးသွေး အသုံးအများဆုံးထိပ်တန်း ၁ဝ နိုင်ငံစာရင်း
PR China
2516Mtce
South Africa
141Mtce
USA
733Mtce
Germany
105Mtce
India
434Mtce
Korea
103Mtce
Russia
177Mtce
Poland
87Mtce
Japan
165Mtce
Chinese Taipei
60Mtce
အထက်ပါ ဇယားက အများဆုံးသုံးတဲ့ နိုင်ငံ တွေရဲ့ စာရင်းပါ။ ဒါ့အပြင် ကမ္ဘာ့ လျှပ်စစ်ဓါတ်အား လိုအပ်ချက် အားလုံးရဲ့ ၄၂ % က ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတွေ ကရတာပါလို့ World Coal Association ရဲ့ web site ပေါ်မှာ ဖော်ပြထားပါတယ်။
ဒီစာရင်းဇယား တွေကို ကြည့်လိုက် မိတဲ့ အခါမှာ ကျွန်တော်တို့ နိုင်ငံ မှာ ထားဝယ်အထူးစီးပွားရေးဇုံ တစ်ခုမှာ ကျောက်မီးသွေးစက်ရုံ တည်လိုက်လျှင် ဘယ်လောက် ဖြစ်သွားမလဲ၊ တောင်ကိုရီးယား နိုင်ငံရဲ့ မြို့တော်မှာ တောင်သုံးတဲ့ဒီလိုနည်းပညာ ကို သုံးပြီး တည်ဆောက်ရင်ရောမရနိင်ဖူးလား၊
ဒါဆိုကျောက်မီးသွေးကို မသုံးပဲ ရောင်းစားမှာလား၊ သယံဇာတတွေ ချည်းထုတ်ရောင်းတာထက် သူ့ကို အသုံးချပြီး ရလာတဲ့ လျှပ်စစ် ဓါတ်အားနဲ့ စက်မှုလုပ်ငန်းတွေလုပ်ရင် ပိုအကျိုးမများနိုင်ဖူးလား၊
မြစ်တွေကို ဆည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ပြန်ရင် ပတ်ဝန်းကျင်ထိခိုက်လို့ မဆောက် နိုင်၊ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကြတော့လဲ ပတ်ဝန်းကျင် ထိခိုက်လို့ ဆိုပြီး မသုံးဆိုရင် တိုးတက်လာမယ့် စက်မှု ဇုံတွေ အတွက် ကျွန်တော်တို့ နိုင်ငံ ရဲ့ လျှပ်စစ် မီး လုံလုံလောက်လောက် ရရှိဖို့ ဘယ်လို များ ဖြေရှင်း ကြမလဲ လေအား လား၊ နေအားလား၊ ဒါတွေက ရော လိုအပ်ချက်ကိုဖြည့်ဆည်းဖို့ လုံလောက်ပါ့မလား ဆိုတာတွေ တွေးရင်း သေခြာ မသိလို့ စိုးရိမ်စိတ်တွေ နဲ့ ပြောပြီး ၊ ကန့်ကွက်ရုံ ကန့်ကွက်မနေကြပဲ နည်းလမ်း လေးများလဲ ဝိုင်းရှာ ကြပါဦးဗျာ….
ရည်ညွန်းကိုးကားချက်များ
https://www.worldcoal.org/resources/coal-statistics/
https://en.wikipedia.org/wiki/Clean_coal_technology
Moe Z
May 18, 2012 at 9:11 am
မမပူးချ်
မော်လမြိုင်က ဒူးရင်းတို့ ကြက်မောက်တို့ စိုက်ပျိုးရေးလုပ်ငန်းလေးများ စိတ်မဝင်စားဘူးလား …
အခုအဲဒီက အကိုတော်တစ်ယောက်ရန်ကုန်ရောက်နေတယ် ..
ဖုန်းနံပါတ်ပေးလိုက်ရမလားဟင်င်င် …
လက်ရှိလုပ်ငန်းကို စိတ်ကုန်သွားရင်ပြောပါတယ်
၁၂ နာရီအတွင်း အကြောင်းမပြန်ရင်တကယ်ပေးလိုက်ပြီပဲ
နောက်တာနော် အတည် 😀
ကြောင်ကြီး
May 18, 2012 at 9:45 am
အဲလိုလုပ်နဲ့လေ ဇက်ဂလေးယဲ့… ဇက်အကို ငတလဒကပွဂျီးဂ ပုရှ်ဂလေးဂို မသွားရင် ဦးကြောင် ယင်ကြိုးယဂျီယဲ့…။ အဲလိုဆို မိုးစက်ဂလေး ဘယ်လို အလျော်ပေးမှာလဲ။
Moe Z
May 18, 2012 at 9:55 am
ဦးကြောင်တော့ BBQ ဖြစ်ချင်ပြီထင်တယ် .. 🙁
နေဦးပေါ့ကွာ ဒီနေ့မီးမလာလို့ နောက်နေ့မှကင်ပစ်မယ် ..
pooch
May 18, 2012 at 11:35 pm
နောက်ရက် ဦးကြောင်ကို ရွာထိပ်က ဆီးဖမ်းပြီး ကြောင်ဆာတေး လုပ်စားရအောင်လား မိုးစက်
မလုပ်ပါနဲ့ မိုးစက်ရယ် အကြောင်းသိရင် ထွက်ပြေးသွားပါလိမ့်မယ်။ အမက မထင်ရင် မထင်သလို သိပ်ဆိုးတဲ့ လူဆိုးတယောက်ပါ။
nigimi77
May 18, 2012 at 9:32 am
အနိစ္စ…
စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်..
=========================
ထားဝယ်စီမံကိန်း က ကျောက်မီးသွေးစက်ရုံ စီမံကိန်း တစ်ခုကို ရပ်ဆိုင်းလိုက်တယ်လို့ မိတ်ဆွေ ဂျပန်တွေကို ပြောတော့ သူတို့ က အတော်လေးကို အံအားသင့်ပါတယ်၊ သာမန် အားဖြင့် ပြောရင် ဟိုးအရင် ကတော့ ပတ်ဝန်းကျင် ထိခိုက်တယ် ဆိုတာ ဟုတ်ပါတယ် ဒါပေမဲ့ ခုအချိန်မှာတော့ ဒီပြသာနာကို ဖြေရှင်းတဲ့ ခေတ်မှီ နည်းပညာတွေ ရှိလာနေပါပြီတဲ့ အဲဒါက တော့ clean coal technology လို့ခေါ်တဲ့ ကျောက်မီးသွေး ကိုသန့်စင်နဲ့နည်းပညာပါပဲ၊
ကျောက်မီးသွေးကိုလောင်စာ အဖြစ်အသုံးပြုလိုက်တဲ့ အခါမှာ အသုံးပြုတဲ့ ကျောက်မီးသွေး အမျိုးအစားပေါ်မူတည်ပြီး ဆာလဖာဒိုင်အောက်ဆိုဒ်၊ကာဗွန် ဒိုင်အောက်ဆိုဒ် နို်င်ထရိုဂျင်ဒိုင်အောက်ဆိုဒ် နဲ့ အခြား ဓါတုဘေးထွက်ပစ္စည်းတွေထွက်လာနိုင်ပါတယ်။ ဒီဘေးထွက်ပစ္စည်း တွေကြောင့် အက်ဆစ်မိုးတွေ ရွာသွန်းပြီး ရာသီဥတုတွေ ပြောင်းလဲ စေပါတယ်၊
ဟိုးတချိန်တုံးကတော့ လူတွေက အက်ဆစ် မိုးရွာသွန်းမှုကို အဓိက ဖြစ်စေတဲ့ ဆာလဖာဒိုင်အောက်ဆို်ဒ်ကို အလေး ထားပြောဆိုခဲ့ ကြ ပေမဲ့ ၊ လတ်တလောမှာတော့ Globel Warming ကမ္ဘာကြီးပူနွေးလာမှုကိုဖြစ်ပေါ်စေတဲ့ ကာဗွန် ဒိုင်အောက်ဆိုဒ် ကိုပိုမို ဂရုတစိုက် ပြောဆိုလာပါတယ်။
ဒီလို အဖြစ်မျိုးတွေကို လျှော့ ချနိုင်အောင် ရှောင်လွဲနိုင်အောင် ဒီ clean coal နည်းပညာ ပေါ်ထွန်းလာတာဖြစ်ပါတယ်။
ကမ္ဘာ့ပထမဆုံး clean coal နည်းပညာ အသုံးပြုတဲ့ ဓါတ်အားပေးစက်ရုံကို ဂျာမဏီ နိုင်ငံ စပန်းဘတ် မြို့မှာ ဆွီဒင်နိုင်ငံ ပိုင် Vattenfall ကုမဏီ အတွက် နာမည်ကျော် ဆီးမင်း (Siemens) ကုမ္မဏီ ကတည်ဆောက်ပေးခဲ့ပါတယ်။
တနေ့က ပဲ(၁ရ ဇန္နဝါရီ ၂၀၁၂) နေ့စွဲ နဲ့ ပူပူနွေးနွေး သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ် အမေရိကန် နိုင်ငံ မှ GE ကုမ္မဏီရဲ့ clean coal technology ကို အခြေခံပြီး ပိုမိုခေတ်မှီတဲ့ integrated gasification combined-cycle (IGCC) ဆိုတဲ့ နည်းပညာ နဲ့ အသုံးပြုထားတဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ တည်ထောင်မယ့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ သတင်းလေးပါ။ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာကျောက်မီးသွေး အသုံးပြု မှု အများဆုံး ဆယ်နိုင်ငံ စာရင်းထဲမှာပါပါတယ်၊ တောင်ကိုရီးယား နိုင်ငံ အတွက် လိုအပ်နေတဲ့ လျှပ်စစ်မီး ကိုရရှိဖို့ လွန်ခဲ့တဲ့ နှစ် ၂ဝ အတွင်းမှာ ပဲ ကျောက်မီးသွေး သုံးစွဲမှု ဟာ ၁ရ % ကနေပြီး ၄၇% ထိ နှစ်ဆလောက် တိုးတက်လာ တာကို တွေ့ရပါတယ်။ တတိုင်းပြည်လုံးရဲ့ လျှပ်စစ် ဓါတ်အား ကို ကျောက်မီးသွေးဓါတ်အားပေး စက်ရုံများက အဓိက ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်၊ သို့သော်လည်း ဖန်လုံအိမ်အာနိသင် လျှော့ ချရေးကို သဘောတူညီထားသည့် အလျှောက် အဆိုပါ နည်းပညာ ကို GE မှ ပေးအပ်ပြီး ၃၀ဝ မီဂါဝပ် ရှိတဲ့ ဓါတ်အားပေးစက်ရုံကို ဆိုးလ်မြို့တော် ရဲ့ တောင်ဖက်ပိုင်းမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။
ကျောက်မီးသွေး အသုံးအများဆုံးထိပ်တန်း ၁ဝ နိုင်ငံစာရင်း
PR China
2516Mtce
South Africa
141Mtce
USA
733Mtce
Germany
105Mtce
India
434Mtce
Korea
103Mtce
Russia
177Mtce
Poland
87Mtce
Japan
165Mtce
Chinese Taipei
60Mtce
အထက်ပါ ဇယားက အများဆုံးသုံးတဲ့ နိုင်ငံ တွေရဲ့ စာရင်းပါ။ ဒါ့အပြင် ကမ္ဘာ့ လျှပ်စစ်ဓါတ်အား လိုအပ်ချက် အားလုံးရဲ့ ၄၂ % က ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတွေ ကရတာပါလို့ World Coal Association ရဲ့ web site ပေါ်မှာ ဖော်ပြထားပါတယ်။
ဒီစာရင်းဇယား တွေကို ကြည့်လိုက် မိတဲ့ အခါမှာ ကျွန်တော်တို့ နိုင်ငံ မှာ ထားဝယ်အထူးစီးပွားရေးဇုံ တစ်ခုမှာ ကျောက်မီးသွေးစက်ရုံ တည်လိုက်လျှင် ဘယ်လောက် ဖြစ်သွားမလဲ၊ တောင်ကိုရီးယား နိုင်ငံရဲ့ မြို့တော်မှာ တောင်သုံးတဲ့ဒီလိုနည်းပညာ ကို သုံးပြီး တည်ဆောက်ရင်ရောမရနိင်ဖူးလား၊
ဒါဆိုကျောက်မီးသွေးကို မသုံးပဲ ရောင်းစားမှာလား၊ သယံဇာတတွေ ချည်းထုတ်ရောင်းတာထက် သူ့ကို အသုံးချပြီး ရလာတဲ့ လျှပ်စစ် ဓါတ်အားနဲ့ စက်မှုလုပ်ငန်းတွေလုပ်ရင် ပိုအကျိုးမများနိုင်ဖူးလား၊
မြစ်တွေကို ဆည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ပြန်ရင် ပတ်ဝန်းကျင်ထိခိုက်လို့ မဆောက် နိုင်၊ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကြတော့လဲ ပတ်ဝန်းကျင် ထိခိုက်လို့ ဆိုပြီး မသုံးဆိုရင် တိုးတက်လာမယ့် စက်မှု ဇုံတွေ အတွက် ကျွန်တော်တို့ နိုင်ငံ ရဲ့ လျှပ်စစ် မီး လုံလုံလောက်လောက် ရရှိဖို့ ဘယ်လို များ ဖြေရှင်း ကြမလဲ လေအား လား၊ နေအားလား၊ ဒါတွေက ရော လိုအပ်ချက်ကိုဖြည့်ဆည်းဖို့ လုံလောက်ပါ့မလား ဆိုတာတွေ တွေးရင်း သေခြာ မသိလို့ စိုးရိမ်စိတ်တွေ နဲ့ ပြောပြီး ၊ ကန့်ကွက်ရုံ ကန့်ကွက်မနေကြပဲ နည်းလမ်း လေးများလဲ ဝိုင်းရှာ ကြပါဦးဗျာ….
nozomi
May 18, 2012 at 10:15 am
သမ္မတ ဂျပန်ကိုသွားတော့ အဲဒီစက်ရုံတွေကို သွားလေ့လာတယ်
သတင်းစာမှာလဲ ဂျပန်လိုနိုင်ငံမှာတောင် ဒီစက်ရုံတွေကို ခေတ်မီနည်းပညာနဲ့ အသုံးပြုနေပါတယ်ဆိုတာ လူတွေ သိလောက်အောင် ပြောနေတယ် ( စည်းရုံးနေတာ )
သိပ်မကြာခင် ဂျပန်စက်ရုံတွေ ရောက်လာမယ်ထင်တယ်
pooch
May 18, 2012 at 11:53 pm
ကိုတပ်မ ပြောသလိုဆိုရင်လည်း ကျေက်မီးသွေးက ထုတ်တဲ့ လျှပ်စစ်ကို အလေးထားသင့်တာပေါ့။
ဟုတ်ပါတယ် ။ ကျမတို့တွေကလည်း တခုခုဆို အရှည်မတွေးပဲ တယောက်တပေါက် ပြောဆိုတောင်းဆိုနေကြတော့ အထက်ကလည်း ဂယောက်ဂယက်တွေ ဖြစ်ကုန်တယ် ထင်ပါတယ်။
nigimi77
May 19, 2012 at 12:05 am
ဒေါ် pooch ရေ ။
အဲသဟာက နလပိန်းဒုံး နိဂိမိ က ပြောတာ မဟုတ်ပါဘူး။
မေမြို ့မှာ Fiber Optic Cable စက်ရုံ ထောင်ထားတဲ့
ကျွန်တော့် စီနီယာ က ပြောတဲ့ စကားတွေကို ပြန်ကူးချထားတာပါ ။
pooch
May 19, 2012 at 12:20 am
အော် .. ကိုတပ်မရယ် ကိုယ်သိတာကို မျှဝေတယ် အကြုံပြုတယ် ဆိုတာကိုက ကျေးဇူးတင်စရာကောင်းနေပါပြီ ။ ကိုယ်သိသလို သူတကာလည်း သိပါစေ ဆွေးနွေးနိုင်ပါစေတော့ဆိုတဲ့ စိတ်စေတနာလေး အရင်းခံထားတာပဲ မဟုတ်လား။ ကျမလည်း ဒီလိုပဲ တဆင့်သိသမျှကို ဖောက်သည်ချပြောဆိုလေ့ရှိပါတယ်။ အတူတူပါပဲရှင်။
ကိုပေါက်(မန္တလေး)
May 18, 2012 at 12:13 pm
ကျနော်တို့ဆီမှာက လုပ်ငန်းတစ်ခုအတွက်လိုအပ်လို့ တိုင်ပင်ရအောင် အစည်းအဝေးခေါ်ရင်
မလာကြပါဘူး။
(နှစ်ပေါင်းများစွာအရုးိစွဲနေအောင်ခံရဘူးတော့ သွားလဲ သူတို့ပြောတာခေါင်းငြိမ့်ပြန်ရုံဘဲလို့ စိတ်ထဲမှာ မှတ်ထားကြလို့ပါ)။
တကယ်လို့အစည်းအဝေးကို ပြန်ရင်လဲ ဦးတည်ရာမရောက်ဘဲ ဖြစ်ချင်တာနဲ့ နစ်နာတာတွေက
သူ့ကြောင့်ငါ့ကြောင့်လက်ညှိုးထိုးရင်း ဘာအဖြေမှ မရဘဲ ဒီအတိုင်းပြန်လာကြရတာလဲရှိပြန်ပါတယ်.
ဒီမှာက လျပ်စစ်မီး ရှားပါးပါတယ်။
ကျနော်တို့ သုံးဘို့ လိုအပ်သလောက် ထုတ်မပေးနိုင်ပါဘူး။
လိုသလောက်ထုတ်နိုင်ပြန်တော့ ပို့ပေးစရာ ကြိုးက အဆင်သင့်မရှိပါဘူး။
ကြို့အဆင့်သင့်ရှိပြန်တော့ လက်ခံပေးမယ် ထရန်စဖော်မာအိုးက အိုဟောင်းနေတော့ လက်မခံနိုင်ပြန်ပါဘူး။
အိမ်တိုင်းက လျှပ်စစ်မီတာဘောက်စ် ချမပေးနိုင်ပါဘူး။
ချပေးထားပြန်တော့လဲ မီတာမလျှောက်ဘဲ အိမ်နီးနားချင်းဆီက နေပြီး မီးတစ်ပွင့်ဘ ယ်လောက်နုန်းနဲ့ ဆိုသတ်မှတ်လို့ သုံးပါတယ်။.
လျှပ်စစ်ဌာနက မီးအားချိန်ပေးရအောင်လာတိုင်းတဲ့အခါ အိမ်မှာသုံးတဲ့ပစ္စည်းတွေကို ဖွက်ထားပါတယ်။
(ထမင်းပေါင်းအိုး။လျှပ်စစ်မီးဖို အစရှိတာတွေကိုပေါ့)
အဲတော့ မီးအားကို ချိန်ပြီးလွှတ်ပေးရော မီးအားတွေက လိုတာထက်ပိုသုံးတော့ မီးအားက ကျနေပြန်ပါတယ်။
(မီးအဝင် 10လောက်ကို ထရန်စဖော်မာနဲ့ ဇွတ်ဆွဲတင်ပြီးသုံးတာပေါ့)
လျှပ်စစ်ဌာနကလဲ တကယ်တမ်းကျနော်တို့ရဲ့လိုအပ်ချက်ကို မပေးနိုင်ပါဘူး။
မပေးနိုင်လို့လဲ များများသုံးတဲ့လူက နည်းနည်းသုံးထက်လူထက် သုံးစွဲခ ဈေးပိုကြီးတာပေါ့။
ဘယ်နေရာမဆို လက်လီနဲ့လက်ကား ဈေးယှဉ်ရင် လက်ကားက သက်သာပါတယ်။
ဒီမှာတော့ပြောင်းပြန်လက်ကားက ပိုဈေးကြီးပါတယ်.။
လိုအပ်ပြည့်အောင်မပေးနိုင်တဲ့အကြောင်းအရာရယ် လျှပ်စစ်မီးလိုအပ်နေတဲ့သူရယ် ငွေလိုနေတဲ့ဝန်ထမ်းရယ် ပေါင်းဆုံမိတဲ့အခါ လာဘ်စားတယ်ဆိုတဲ့ အကျိုးတရားက နေရာတိုင်းမှာဖြစ်လာပါတယ်။
ထပ်ပြောရရင် ကျနော်တို့ အားလုံးက အခုမှ အိပ်ယာထလာတဲ့သူလို စမ်းတဝါးဝါးနဲ့ အလုပ်လုပ်နေရတုံးပါဘဲ.။
ဒီမှာ ပိုက်ဆံတတ်နိုင်လို့ ထရန်စဖော်မာ လျှောက်မယ်ဆိုရင်
လုပ်ငန်းလိုင်စင်တွေ ဘာတွေ ညာတွေ ရှုပ်ယှက်ခတ်နေအောင်လုပ်ပြီး အဆင့်ဆင့်ရေလောင်းပေါင်းသင်
တာတောင် အတော်လေး ခက်ခက်ခဲခဲလုပ်ပြီး အကြာကြီးနေမှ ရပါတယ်။
ခက်နေတာက မြန်မာပြည်မှာက ကိုယ်တွက်မကျန်ရင်အလုပ်လုပ်မပေးချင်တဲ့ လူတွေကလဲ အများသားဗျာ။
အဲတော့ နောင်လာမယ့် အနာဂါတ်မှာတော့ ပြည်သူနဲ့အုပ်ချုပ်သူကြားမှာ
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်မလိမ်ဘဲ ညှိနိုင်းလုပ်တဲ့ အနေအထားကိုရောက်လာမယ်လို့ မျှော်လင့်မိပါတယ်.။
်မြန်မာပြည်မှာနေသူအတွက်ဆိုတော့ မြန်မာလိုပဲံစဉ်းစားပြးီလုပ်မှ ရမယ်ထင်ပါတယ်။.
ဒါကတော့ ကျနော်ကိုယ်ပိုင်အမြင် မှန်ချင်လဲမှန်မယ် မိတ်ဆွေတို့ နဲ့တူချင်မှလဲ တူမယ်။
တူတာ မတူတာထက် ဘယ်လိုကောင်းအောင်လုပ်ကြမလဲဆိုတာလေးကို ဝိုင်းဝန်းပြီးစဉ်းစား ကိုယ်မြင်တာလေးပြောပြရမယ် ဆိုသိပ်ကောင်းမှာပါ။