အရမ်းလှတဲ့နေမင်းဆည်းဆာရယ်၊ မိုးပြေးရယ်………
(၂၁.၆.၂၀၁၂) ရက်နေ့ ညနေ ကျမ ထမင်းစားပြီး ဝရန်တာမှာ ထွက်ရပ်နေတုန်း
မိုးပြေးလေးရွာချပါတယ် ခဏကြာတော့ ကောင်းကင်ရဲ့ တစ်ဖက်မှာ ညို့မှိုင်းနေတဲ့ တိမ်တွေ
တစ်ဖက်မှာတာ့ နေဝင်ဆည်းဆာက အရောင်တောက်လို့နေပါတယ် ဒါနဲ့ အရမ်းလှလို့ ဓါတ်ပုံရိုက်ထားလိုက်ပါတယ်။
အရမ်းလည်းပျော်ပါတယ်။ ကြည့်လို့တကယ်လှပါတယ်။
2012-06-21 18.48.05
Show
ဒါကတော့ မိုးပြေးလေးရွာအပြီး အရမ်းတောက်ပနေတဲ့ ဝင်လှဆဲဆဲ နေမင်းကြီးပါရှင်
Show
2012-06-21 18.45.02
Show
2012-06-21 18.47.23
Show
2012-06-21 18.43.27
2012-06-21 18.43.27(1)
အားလုံးပဲ လှပတဲ့ ဆည်းဆာနဲ့ အတူ လှပတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။
28 comments
mamanoyar
June 22, 2012 at 10:30 am
ပုံတွေက ဘာလို့သေးသေးလေးတွေ ဖြစ်နေရတာလဲမသိဘူး
မတင်တတ်လို့လား ပြောကြပါဦးနော်
king zawgyi
June 22, 2012 at 10:40 am
အမရေ အမကတော့လှနေတာပေါ့လေ
ကျွန်တော့မှာ ထီးမပါလို့ တော်တော်စိတ်ညစ်သွားတာ…
ဘာပဲဖြစ်ဖြစ်ပါ. နေညိုချိန်တွေကို အရမ်းကြိုက်တယ်…
အကျည်းတန်လှချိန် …
အဆွေးဓတ်ခံရှိသူတွေ ခံစားရတဲ့အချိန်…
အရက်သမားကြိုက်တဲ့အချိန်…
သမီးရည်းစားတွေ ကြိုက်တဲ့အချိန်ပေါ့ဗျာ..
ကျွန်တော့မှာတော့ ရည်စားမရှိတော့လို့ သီချင်းလေးတွေပဲဆိုနေရတယ်…. 🙂 ကြော်ငြာ…
အိမ်ပြန်ချိန်တွေ အတူလျောက်လည်…
နေဝင်ချိန်ဆို အတူရှိမယ်
ကိုတစ်ကယ်ချစ်သော မိန်းကလေးနဲ့
အတူရှိတဲ့ဘဝဟာ ဘယ်လောက် ပျော်စရာကောင်းလည်း…………
ရှင်းသန့် နွယ်
June 22, 2012 at 11:13 am
အဆွေးဓတ်ခံရှိသူတွေ ခံစားရတဲ့အချိန်…Right….
htoosan
June 22, 2012 at 10:40 am
ပုံ size မရွေးလိုက်လို့လား ..
mamanoyar
June 22, 2012 at 10:43 am
အင်းအဲလိုလားမသိဘူး
မောင်ပေ
June 22, 2012 at 10:49 am
ဘယ်အရာတွေ ဘယ်လောက်ဘဲ လှလှ
နိုရာလေးလောက် မလှ ။
mamanoyar
June 22, 2012 at 11:07 am
ဟားးးးးးးးးး သဘောကျတယ် ကိုပေရေ
ရှင်းသန့် နွယ်
June 22, 2012 at 11:15 am
လှပနေတဲ့ ညနေဆည်းဆာလေးမှာ
မမနိုရာရဲ့ပုံရိပ်လေးပါ ပါရင်
ပိုလှသွားမယ်ထင်….:P
mamanoyar
June 22, 2012 at 3:33 pm
နွယ်ရေ မမနိုရာရဲ့ ပုံလေးပါသွားရင်
လှနေတဲ့ ဆည်းဆာလေး အကျည်းတန်သွားမှာ
သေချာတယ်လေ
Ma Ei
June 22, 2012 at 11:47 am
နိုရာရေ…
ပုံလေးတွေ လှတယ်…
နောက်ဆိုပုံဆိုဒ်ကြီးကြီးတင်ပေးနော်…
ကိုပေါက်(မန္တလေး)
June 22, 2012 at 12:31 pm
အပေါ်ဆုံးပုံနဲ့အောက်ဆုံးပုံကြိုက်တယ် ပုံဒီထက်နည်းနည်းလေးကြီးပြီးမြင်ရရင် ပိုလှမယ်ထင်ပါရဲ့
mamanoyar
June 22, 2012 at 1:06 pm
ဟုတ်တယ် နိုရာ မတင်တတ်တာထင်ပါတယ်
ဆိုဒ်ကကြီးတယ် တင်လိုက်တော့ သေးသေးလေးတွေဖြစ်သွားတာ
ညလေး
June 22, 2012 at 1:38 pm
စွယ်စုံရတဲ…ဒို.မမနိုရာပါလား….
ပုံလေးတွေလှတယ်မမရယ်……အားပေးသွားပါတယ်နော်…..
နောက်လဲတင်ပါနော်…..အိုဗာဆိုဒ်ဆိုပိုခိုက်တယ်…….
mamanoyar
June 22, 2012 at 1:43 pm
ရိုက်တဲ့သူတော်တာမဟုတ်ပဲ သဘာဝအလှက
လှလို့ပါ ညလေးရယ် ရိုးရိုးသားသားဝန်ခံခြင်းပါ။
မမ အညာသူ
June 22, 2012 at 1:41 pm
ပုံလေးတွေကမိုက်ပါတယ်………….
etone
June 22, 2012 at 3:50 pm
ဓါတ်ပုံလေးတွေကြီးလျှင် ပိုလှမှာနော် … ။
မိုးရွာတဲ့အချိန် အိမ်မှာဆိုလျှင်တော့ ဇိမ်ပဲ …စာအုပ်လေးတစ်အုပ်ဖတ်ပြီး … အိပ်ယာထဲ ကွေးနေရုံ… ။
အပြင်ရောက်တဲ့အချိန်ဆိုလျှင်တော့ … ကြွက်စုတ်ရေစိုသလို .. တရှူးရှူး တရှဲရှဲ … ဖြစ်မိမယ်ထင်ပါတယ် … ။
ပြောမယ့်သာပြောတာ .. မိုးတွင်းကို ကျွန်မမကြိုက်ဘူး … ရန်ကုန်မြို့ရဲ့ လမ်းတွေ ရေကြီးတာ ၊ ဗွက်ပေါက်တာတွေ ဖြစ်နေလို့ပဲ .. ။ 🙁
Nyein Nyein
June 22, 2012 at 4:00 pm
မမအိတုန်ရေ………………. လုံးဝထောက်ခံပါတယ်။
မိုးရွာတဲ့အချိန် အိမ်မှာဆိုလျှင်တော့ ဇိမ်ပဲ …စာအုပ်လေးတစ်အုပ်ဖတ်ပြီး … အိပ်ယာထဲ ကွေးနေရုံ… ။
အိမ်မှာဆို အဲလိုပဲ နေပါတယ်။ မိုးစက်လေးတွေကိုတော့ ချစ်တယ်။ ရေစိုတာကိုမကြိုက်ဘူး။ ဒါကြောင့် မိုးတွင်းကို မကြိုက်ဘူး။
Nyein Nyein
June 22, 2012 at 4:03 pm
မမနိုရာရေ………….. ပုံလေးတွေက လှတယ်နော်။ ရိုက်တဲ့လူလိုပဲနေမှာ။ ကြိုက်လို့ ကူးသွားတယ်ဗျို့………..
mamanoyar
June 22, 2012 at 4:12 pm
ကူးလို့ရပါတယ် Nyein Nyein ရေ
ရိုက်တဲ့လူကတော့ တကယ်ကို အကျည်းတန်တဲ့
ရုပ်ဆိုးမလေးပါ
ဒိုးစနစ်
June 22, 2012 at 4:34 pm
မမနိုရာ…ကျွန်တော်တောင်ပုံတွေကို အကြီးလုပ်ပြီး ပြန်တင်ပြီးသွားပြီ
မမနိုရာလည်း ပြန်တင်လိုက်ပါလား။
mamanoyar
June 22, 2012 at 4:48 pm
ဟင် ဘယ်လိုလုပ်ရမှာလဲ နောက်ထပ်ပို့စ်တစ်ခုလုပ်ရမှာလား
ပြောပြပါဦး ဒိုးစနစ်ရယ်
ဒိုးစနစ်
June 22, 2012 at 4:55 pm
ဟုတ်တာပေါ့ မမနိုရာရယ်..ကျွန်တော်တောင် ပိုစ့်၂ခုဖြစ်သွားတယ်..
တစ်ပိုင်တစ်နိုင်ရယ်..တစ်ပိုင်တစ်နိုင်ကို ကြီးပြီး တိုးလိုက်ပြီဆိုတာရယ်..
🙂
အခြားဘယ်လိုနည်းရှိသေးလဲဆိုတော့ သိတဲ့သူများရှိရင် သင်ပေးကြပါဦးနော်..
မိုး မင်းသား
June 22, 2012 at 6:12 pm
မမနီုရာရေ………………….
အရမ်းအရမ်းကိုလှတာပါပဲဗျာ…..
ဒါနဲ ့မမကဘယ်မှာနေတာလဲ…….
mocho
June 22, 2012 at 6:21 pm
နေပြည် တော် နဲ့ တူတယ်၊ ပုံတွေ သေးနေတော့ သေချာ မတွေ့ ရဘူး။
သားဦး၊မြေးဦး
June 22, 2012 at 7:03 pm
ကျနော်လဲ အဲ့လို ့ထက်တော့ မမမိုချိုရေ။
မမနိုရာ ဒါပုံထဲက နေပြည်တော်မဟုတ်ဘူးလားဗျ။
လမ်းတွေ ကောင်းလွန်းလို ့။
ရဲစည်
June 22, 2012 at 9:01 pm
အဖော်မဲ့ သောရင်မှာ ….လိုအပ်ဆုံးမင်းပါ…….သတိရသေးရင်….ပြန်ခဲ့ပါ……အချစ်တို့ဆီသာ….နင်လေပြန်လာပါ နိူရာ..
ကိုကိုမောင် သီချင်းလေး ဖွင့်ထားတုန်း ဒီပို့စ်ဝင်ဖတ်လို့ တိုက်တိုက်ဆိုင်ဆိုင် ဝန်မန့်လိုက်တယ်ဗျို့………
ဒါနဲ့ နေရာက နေပူတော်လားဗျ… အဲမှားလို့ နေပြည်တော်လားဗျ..
snow white
June 23, 2012 at 2:10 pm
တကယ်ကောင်းတယ် ပုံလေးတွေက ဒါပေမယ့်သေးနေတာလေး တချက်ဘဲပြောစရာရှိတယ် စနိုးထက်စာရင် mamanoyar ကတော်တယ် ပုံတောင်တင်တက်နေပီ အားပေးတယ်ဆက်လုပ် ။
mamanoyar
June 23, 2012 at 7:45 pm
အရမ်းလှတယ်ဆိုလို့ အားလုံးကိုကျေးဇူးတင်ပါတယ်။
snow white ရယ် ပထမဆုံး တင်လိုက်တာ ရောက်တော့သွားတယ်
ပုံကသေးနေတယ်