ချို ပေါ့ ကျ (July)

black chawJuly 24, 20125min83290

ဒီပို့စ်က ကျွန်တော့် ရဲ ့ ၂၀ဝ မြောက်ပို့စ်ပါ…။
အထိမ်းအမှတ် တစ်ခုအနေနဲ့ ဇူလိုင်လရဲ ့ မိုးအေးအေးမှာ ချိုပေါ့ကျ လေးနဲ့
အေးရာအေးကြောင်းနှပ်လို့ရအောင် စီစဉ်ပေးလိုက်ပါတယ်ဗျာ…။

ဘလက် စင်ရော်

ငှက် တစ်ကောင်အကြောင်း လေးလေးစားစား ပြောခွင့်ပြုပါဗျာ…။
ယောနသံ ဆိုတဲ့ စင်ရော် ငှက်ကလေး …။
အဲဒီ ငှက်ကလေး တစ်ကောင်က ကျွန်တော့် စိတ်ကို အကြီးအကျယ် လွှမ်းမိုးထားနိုင်ခဲ့တယ် ဆိုတဲ့ အကြောင်းပါ…။
ယောနသံစင်ရော် ဆိုတဲ့ စကားလုံးကို ကျွန်တော် စကြားဘူးခဲ့တာ ကိုင်ဇာ ရဲ့ သီချင်းတစ်ပုဒ်ထဲမှာပါ…။
သီချင်းနာမည်က နေဆီပျံမယ့်ငှက် တဲ့။
သီချင်းရေးပေးတဲ့ပုဂ္ဂိုလ်က နိုင်မြန်မာ ပါ…။
ကိုင်ဇာ ဆိုပြီးအောင်မြင်ခဲ့တဲ့ နိုင်မြန်မာရေးတဲ့ သီချင်းတွေက အများကြီးပါ။
ဒီသီချင်းကတော့ ကိုင်ဇာနဲ့ နိုင်မြန်မာ အတွဲရဲ့ ပထမဆုံးသီချင်းလေး ဖြစ်ခဲ့ပါတယ်။

နေဆီပျံမယ့်ငှက်
တေးရေး – နိုင်မြန်မာ တေးဆို – ကိုင်ဇာ

လူတကာထဲမှာတော့ ….ဘယ်သူနဲ့မှလည်း မတူပါဘူး….
ဒီလူတစ်ယောက်ရဲ့ ဘဝဖြစ်စဉ်သမိုင်းကြောင်းကို
ပြန်လည်ကာ သုံးသပ် ကြည့်တော့လေ…
လိုတာရနေသော…
ပဒေသာပင် ဘဝမှာလည်း မနေချင်ဘူး…
ယုံကြည်ချက်ရှိတဲ့ အလုပ်ကို ဆက်လုပ်မယ့်…
ဒီနေရာမှာ အခက်အခဲတော့ ရှိမယ်…
နေဆီကို ပျံနေချိန်မှာ မိုးကောင်းကင်ရဲ့…
လျှို့ဝှက်ချက်များ…
ဆန့်ကျင်ဘက်များ…
ဘဝသင်ကြား နားလည်မှု ရခဲ့ပြီ…
တစ်ချိန်ချိန်မှာ ရင်ဆိုင်လာမယ့် အနိစ္စတရား
ပြေးလို့လွတ်မလား ဘဝရဲ့ အချိန်များ ရှိနေတုန်း အသုံးချရဲရမယ်…
(ယော…နသံ စင်ရော်) (စင်ရော်ရယ်)၄
(ယော …နသံ စင်ရော်)
ယုံကြည်ချက်ရှိတဲ့အလုပ်ကို ဆက်လုပ်မယ်
ဒီနေရာမှာ အခက်အခဲတော့ ရှိမယ်…

အဲဒီသီချင်းရဲ့ ကျေးဇူးကြောင့် ယောနသံစင်ရော် ကို ကျွန်တော် စိတ်ဝင်စားခဲ့ရပါတယ်…။
ကျေးဇူးပါ နိုင်မြန်မာ…၊
ကျေးဇူးပါ ကိုင်ဇာ…။
အဲဒီအချိန်က ကလေးသာသာ ရှိတဲ့ ကျွန်တော်ဟာ အစ်ကိုတွေ အစ်မတွေကို မေးရင်းစမ်းရင်းနဲ့
ဆရာကြီး ဘသန်း (ဓမ္မိက)ဘာသာပြန်ခဲ့တဲ့ ယောနသံစင်ရော် ဆိုတဲ့ စာအုပ်ပါးပါး လေးတစ်အုပ်ကို ဖတ်ခွင့်ရခဲ့ပါတယ်…။

အဲဒီအချိန်က စလို့ ယောနသံစင်ရော် ဆိုတဲ့ ငှက်တစ်ကောင်ဟာ ကျွန်တော့်စိတ် ကို အကြီးအကျယ် လွှမ်းမိုး ခဲ့တယ်ပေါ့ဗျာ…။
အခုလက်ရှိ ကျွန်တော့် Avatar မှာသုံးထားတဲ့ ငှက်ပုံလေးဟာ ယောနသံ စင်ရော် ရဲ့ အော်ရီဂျင်နယ်
Jonathan Livingston Seagull စာအုပ် ရဲ့ မျက်နှာဖုံးပါပဲ…။ RICHARD BACH ရေးတယ်လို့ ဆိုပါတယ်။
ဆက်ပြောချင်သေးတာက Avatar မှာ သုံးထားတဲ့ စာသားလေးတွေ…။
နေဆီကို ပျံနေချိန်မှာ မိုးကောင်းကင်ရဲ့
လျှို့ဝှက်ချက်များ ဆန့်ကျင်ဘက်များ
ဘဝသင်ကြားနားလည်မှု ရခဲ့ပြီ

ဆိုတာလေးဟာ နိုင်မြန်မာရေးပြီး ကိုင်ဇာ ဆိုခဲ့တဲ့ နေဆီပျံမယ့်ငှက် သီချင်းရဲ့ CHORUS အပိုဒ်က စာသားလေးတွေပါပဲ…။
ဆိုတော့ဗျာ…။
ကျွန်တော့် စိတ်အတွေးကို ယောနသံစင်ရော် ဆိုတဲ့ ငှက်တစ်ကောင်က အဲဒီလောက် လွှမ်းမိုးထားနိုင်ခဲ့တာပါ…။
ကဲ… အဲဒီ ယောနသံ စင်ရော် က ဘာလောက်များ ထူးခြားတဲ့ ငှက်တစ်ကောင်တဲ့လဲ…။

ပင်လယ်စင်ရော် အမြောက်အများသည် ကမ်းခြေမှသည် အစာရှိရာသို့၊ အစာရှိရာမှသည် ကမ်းခြေသို့ သမားရိုးကျအတိုင်းသာ ပျံတက်ကြ၏။ ထို့ထက်ပို၍ အပျံတတ်အောင် ဂရုမမူကြ။ ငှက်စင်ရော်များအဖို့ ပျံသန်းမှုသည် အရေးကြီးသောကိစ္စမဟုတ်။ သူတို့အဖို့ အစာစားမှုသာလျှင် အရေးကြီး၏။ ယောနသံစင်ရော်အဖို့မူ အစားက ကိစ္စမကြီးလှ။ အပျံသာလျှင် ကိစ္စကြီးဖြစ်၏။ ပျံသန်းခြင်း အတတ်ပညာကိုသာလျှင် အရာရာထက် သူ ပို၍ မြတ်နိုး၏။

အစာစားဖို့ ထက် ပျံသန်းခြင်း အတတ်ပညာကိုသာ ပိုမြတ်နိုးတယ် ဆိုတဲ့ ယောနသံစင်ရော်…။
စင်ရော် နှင့် မတူတော့သော ယောနသံစင်ရော်ကို မိဘတွေက ဆုံးမကြတော့ တခြားစင်ရော်တွေနည်းတူ နေထိုင် ပြုကျင့်ရန် ကြိုးစားကြည့်ပါသေးသည်။

သူ့ဖခင်ကလည်း သူ့အား သနားသောအားဖြင့် ဤသို့ ဆို၏။ “ဆောင်းဥတုလည်း မဝေးတော့ဘူး။ လှေတွေလည်း အလာနည်းတော့မယ်။ ရေပြင်က ငါးတွေလည်း ရေနက်ထဲ ပြောင်းကူးကြတော့မယ်။ မင်းဟာ အတတ်တစ်ခုခုကို လေ့လာမှ ဖြစ်မယ်ဆိုရင် အစားအတတ်နဲ့ အစားရဖို့ အတတ်ကိုသာ လေ့လာစမ်းပါ။ ဒီ အပျံအလုပ်ဟာ ကောင်းတော့ ကောင်းပေမယ့်လို့ လေဟုတ်စီးတဲ့ အလုပ်မျိုးဆိုတာ စားရတာမျိုးမှ မဟုတ်ဘဲ။ မင်းလည်း သိသားပဲ မဟုတ်လား။ မင်း ပျံရတဲ့ အကြောင်းရင်းဟာ အစားစားမှုအတွက် ဖြစ်တယ်ဆိုတာကို မင်းမမေ့စမ်းပါနဲ့”

မိဘစကားကို နားထောင်သည့်အနေဖြင့် တခြားစင်ရော်များနည်းတူ နေထိုင်ပြုကျင့်ရန် ကြိုးစားကြည့်ပါသော်လည်း
အဓိပ္ပာယ်မရှိသော အလုပ်မျိုးဟု ထင်မိပြန်သဖြင့် ပျံသန်းခြင်း အတတ်ကိုသာ ဆက်လက်သင်ယူခဲ့ပါသတဲ့ဗျာ…။
ရလာဒ်ကတော့ ငှက်အုပ်ကြီးအတွင်းက အကြဉ် ခံရခြင်းပါပဲ…။
ယောနသံ က ရှင်းပြပါသေးသည်။

“ဘယ့်နှယ့်ဗျ။ ကျွန်တော် တာဝန်မဲ့ ပြုတယ်တဲ့လား။ ကျွန်တော့် ညီများ အစ်ကိုများတို့…။ ဘဝရဲ့ အဓိပ္ပာယ်နဲ့ ဘဝရဲ့ ကိစ္စတွေကို တွေ့ရှိရပြီး လိုက်နာကျင့်သုံးတဲ့ စင်ရော်တစ်ကောင်တစ်လေထက် ဘယ်သူကပိုပြီး တာဝန်သိ ဖြစ်နိုင်ပါသေးသလဲ။ ကျွန်တော်တို့ဟာ နှစ်ပေါင်းတစ်ထောင်မျှ ငါးခေါင်းများနောက်ကိုချည်း တကောက်ကောက် လိုက်နေခဲ့ကြရာက အခုမှသာ ဘဝရဲ့ ယုတ္တိရှိမှုကို တွေ့လာရတာပါ။ သတ္တဝါဆိုတဲ့ ဘဝကို ရလာကြရတာဟာ သင်ယူဖို့၊ တွေ့ရှိဖို့၊ လွတ်ဖို့၊ ကျွတ်ဖို့ ပဲ ဆိုတာလေဗျ။ ကျွန်တော်ခုတွေ့ထားတာကို ပြပါရစေဦး။ ဒီတစ်ကြိမ်လောက်တော့ခွင့်ပြုပါ”

အစွန့်ပစ်ခံ စင်ရော်ငှက်တစ်ကောင်ရဲ့ တစ်စိုက်မတ်မတ်သင်ယူခြင်း…။
ငှက်တစ်သန်းမှာမှ တစ်ကောင်ထူး ဖြစ်ခဲ့တယ်ဆိုတဲ့ ယောနသံ စင်ရော် ရောက်ရှိသွားတဲ့ ဘုံ တစ်ခု…။
သင်ကြားပေးလို့ ရနိုင်မည့် စင်ရော် တစ်ကောင် နှစ်ကောင်လောက်တော့ဖြင့် ရှိကောင်းရှိမှာပဲ ဆိုတဲ့ အတွေးနဲ့ မြေကြီးဘုံသို့ ပြန်ခဲ့တဲ့ ယောနသံစင်ရော်…။
ယောနသံ စင်ရော် စာအုပ်ကို ဖတ်ကြည့်လိုက်တော့မှ ကိုင်ဇာ့ သီချင်းပါ စာသားတွေကို နားလည်လာသည်…။
ဆိုင်သည် မဆိုင်သည်တော့ မသိ…။
ဗုဒ္ဓ ကိုလည်း သတိရမိသည်…။
တရားဓမ္မတွေကိုလည်း သတိရသည်…။
ဖတ်သူတစ်ဦးချင်းကိုလိုက်၍ သတိရမိတာတွေလည်း ကွဲလွဲနိုင်ပါသည်…။
လေးလေးစားစား ပြောပါရစေ…။
ဆယ်ကျော်သက်အရွယ်မှ စ၍ အခုအရွယ်ကြီးအထိ ကျွန်တော့် စိတ်ကို လွှမ်းမိုးထားနိုင်ဆဲဖြစ်သော ဆရာကြီး ဘသန်း (ဓမ္မိက) ဘာသာပြန်သည့် ယောနသံစင်ရော် စာအုပ် ကို ဖတ်ကြည့်ကြဖို့ ညီငယ် ညီမငယ် တွေကို တိုက်တွန်းလိုပါသည်။ အစ်ကိုတွေ အစ်မတွေက တော့ဖြင့် ဖတ်ပြီး ဖြစ်မည်ဟု ယုံကြည်သဖြင့် ထည့်မပြောတော့ပါ။
စိတ်ဓါတ်ခွန်အားတစ်ခုခုကိုတော့ဖြင့် ပေးနိုင်ပါလိမ့်မယ်လို့ ရဲရဲ ကြီး အာမခံနိုင်ပါတယ်ဗျာ။
(PDF ဖိုင်ဖြင့် ဖတ်လိုသူများ ကိုနေဝန်းနီ ထံ ဆက်သွယ်တောင်းယူ နိုင်ပါကြောင်း…)
ယောနသံစင်ရော် စာအုပ် ပါ စာစုလေးတစ်ခုဖြင့် ဒီစာစုလေးကို အဆုံးသတ်ချင်ပါသည်။

တံငါလှေများနှင့် ဗောတံတားတိုင်များ တစ်ဝိုက်တွင် အော်ကာဟစ်ကာ ရန်ဖြစ်ကာ ငါးအတုံးအတစ်များနှင့် ပေါင်မုန့် အပိုင်းအစများကို ထိုးသုတ်ကာနေ၏။ သို့သော်လည်း သူသည် ဤအလုပ်မျိုးကို ဆက်၍ လုပ်မနေနိုင်…။

ဘလက် စင်ရော်…

++++++++++++++++++++++++++++++++++++++++++

စိုင်းခမ်းလိတ် ပြောပြတဲ့ သီချင်းလေးတွေ အကြောင်း… (ပေဖူးလွှာမဂ္ဂဇင်း)

တေးရေး စိုင်းခမ်းလိတ်ကြီးနဲ့ တေးဆို စိုင်းထီးဆိုင်တို့ရဲ့ ရာဇဝင်မှာ
လူကြမ်းမင်းသားဆိုတဲ့ စီးရီးခွေ တစ်ခွေကလည်း အထင်ကရ ပါဝင်ခဲ့ပါတယ် ကျောင်းဒကာ။ မှတ်မှတ်ရရ ၁၉၈၁ လောက်ကထွက်ခဲ့တဲ့ သီချင်းစီးရီးပေါ့။ အဲဒီအခွေထဲက စိုင်းထီးဆိုင်ရဲ့ နာမည်ကြီးစာရင်းဝင် သီချင်းလေးတွေ ဖြစ်တဲ့
နံရံကို လက်သီးနဲ့ ထိုးမိတယ် သီချင်းနဲ့ လိုချင်တာမိဖုရား ညားတော့ဘုရင်မ
သီချင်းတို့အကြောင်းကို ဆရာစိုင်းခမ်းလိတ်ကြီးနဲ့ ဆရာဝင်းကိုကို တို့ ပေဖူးလွှာ ၁၉၈၁ အောက်တိုဘာလထုတ်ထဲမှာ ပြောခဲ့ဆိုခဲ့ကြတာလေး အမှတ်တရအနေနဲ့ ပြန်ဖေါ်ပြပေးချင်ပါတယ်ဗျာ။ ခင်ဗျားတို့လည်း မမွေးခင် ကျွန်တော်တို့တောင် ကောင်မလေးတွေ ဆက်စီဖြစ်ရဲ့လားဆိုတာ စိတ်ဝင်စားရကောင်းမှန်း မသိသေးတဲ့ အရွယ် လောက်ကမို့ သီချင်းတစ်ပုဒ် ရေးဖြစ်သွားတဲ့ အကြောင်းလေးတွေ ဖတ်ရတာ အရသာတစ်ခုရမှာပါ။
ကဲ ဟုတ်မဟုတ် ဖတ်ကြည့်ကြမယ်ဗျာ…။

နံရံကို လက်သီးနဲ့ ထိုးမိတယ်
ရေး – စိုင်းခမ်းလိတ် ဆို – စိုင်းထီးဆိုင်

အဆင်မပြေမှုတွေ ခုတလောမှာ အဖေါ်တွေစုပြီး ဝင်ရောက်လာ
နဂိုက မဟန်တဲ့ ကိုယ့်ဘဝဟာ၊ ဖရိုဖရဲဖြစ်ပြီ….။
ကိုယ်တိုင်ကြိုးစားလာသလောက်သာ ကိုယ်ခံစားရမယ့်အခွင့်အရေးတွေ
တကယ်ပိုင်ဆိုင်ရင် ကိုယ့်ဘဝဟာ စိတ်အေးရပြီ…။
CHO ; ဘာကို အပြစ်ရှာ ပုံမှာလဲ တရားခံအရင်းဟာ ဘယ်သူလဲ
ကိုယ်လေ စဉ်းစား မရနိုင်တိုင်း နံရံကို လက်သီးနဲ့ ထိုးမိတယ်…။
ဒီကမ္ဘာလောကရဲ့ သစ္စာ ဒီလူသားရဲ့ အမှန်တရားဟာ
ဒါကိုခေါ်သလား အရွဲ့တိုက်ချင် အောင့်အည်းမရပြီ…။
လှံလှံချင်းလည်း မဖြေရှင်းချင် ရန်ရန်ချင်းလည်း မတုံ့နှင်းချင်
ဒါပေမယ့်လည်း ဒေါသနဲ့ စိတ်ထိန်းမရပြီ…။
CHO ; သိုလှောင်ထားတဲ့ နာကျင်မှု မျိုသိပ်ထားတဲ့ မကျေနပ်မှု
တစ်ခါပေါက်ကွဲမှ စိတ်ပြေမယ် နံရံကို လက်သီးနဲ့ ထိုးမိတယ်…။
ဘာကိုအပြစ်ရှာ ပုံမှာလဲ တရားခံအရင်းဟာ ဘယ်သူလဲ
ကိုယ်လေ စဉ်းစားမရနိုင်တိုင်း နံရံကို လက်သီးနဲ့ ထိုးမိတယ်…။

ဝင်းကိုကို – ဆရာ့ရဲ့ ဒီသီချင်း ခေါင်းစဉ်ကို ကြားလိုက်ရတော့ ရုတ်တရက် ကျွန်တော် တွေးမိတာက နံရံလေးဘက်နဲ့ ကာရံထားတဲ့ အချုပ်ခန်းထဲ ရောက်နေတဲ့ လူတစ်ယောက်က ဒေါသနဲ့ နံရံကို လက်သီးနဲ့ ထိုးမိတာပဲလို့ တွေးမိတယ်။ ဒါပေမယ့် စာသားကို လေ့လာကြည့်လိုက်တော့ တေးရေးသူမှာ ခံစားချက်တစ်ခု ရှိနေတာကိုတွေ့ရပါတယ်။
ဒီသီချင်းရေးတဲ့ ဆရာ့ရည်ရွယ်ချက်ကို သိပါရစေ…။

စိုင်းခမ်းလိတ် – ဒီသီချင်းကို အပေါ်ယံကြောလောက်က ကြည့်မယ်ဆိုရင်တော့ နံရံလေးဘက်ကာဆီးထားတဲ့ လူသားတစ်ယောက်ရဲ့ အကြောင်းလို့ ထင်မိမှာပဲ…။ ဒါပေမယ့် မဟုတ်ပါဘူး။ လူ့လောကမှာ ရှိတဲ့ လေထုနဲ့ ပတ်ဝန်းကျင်လူသားတွေရဲ့ ဖိနှိပ်ကာရံထားတဲ့ ကြားက တေးရေးသမားတစ်ယောက်ရဲ့ အဖြစ်အပျက်ကို တင်ပြခြင်းပါပဲ

ဝင်းကိုကို – တေးရေးသမားတစ်ယောက်ရဲ့ ခံစားချက်ဆိုတော့ ဆရာကိုယ်တိုင် ခံစားခဲ့ရတဲ့ အဖြစ်အပျက်ကလေးလား။ ဒါမှမဟုတ် တေးရေးသမား လောကမှာ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်ကလေးတွေကို ဆရာ ကိုယ်စားပြုပြီးတော့ တင်ပြထားတာလား။

စိုင်းခမ်းလိတ် – တေးလောကမှာ ကျွန်တော့်နည်းတူ ခံစားနေရတဲ့ တေးရေးသမားတွေလည်း ရှိမှာပါပဲ။ မခံစားရပဲ အေးအေးသက်သာ ရပ်တည်နေနိုင်သူတွေလည်း ရှိမှာပါပဲ။ ဒါပေမယ့် ဒီသီချင်းကိုတော့ ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ ခံစားနေရတဲ့ အဖြစ်အပျက်ကို မူတည်ပြီး ရေးထားတာပါပဲ။

ဝင်းကိုကို – အဲဒီအကြောင်းကလေးကို ဆရာ့တေးချစ်ပရိသတ်တွေ သိရအောင် ပြောပြပါလား။

စိုင်းခမ်းလိတ် – ဒီအကြောင်းကို ပြောရရင် နည်းနည်းတော့ ရှည်လိမ့်မယ် ကိုဝင်းကိုရေ့။ တေးလောကမှာ သီချင်းဆိုတဲ့သူ၊ တီးဝိုင်းအဖွဲ့သားတွေ၊ နောက်ခံဆိုပေးတဲ့သူ၊ မန်နေဂျာတွေ၊ တာဝန်ခံထုတ်ဝေသူတွေဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဒီကြားထဲမှာ တေးရေးသမားတွေ အတွက် ဘယ်လို အခက်အခဲရှိတယ်ဆိုတာ အရင်ပြောပြ ချင်ပါတယ်။ နိုင်ငံခြားမှာက ဆိုသူ တီးသူတွေကို ထားလိုက်တော့…။ တေးရေးသမားတစ်ယောက် သီချင်းတစ်ပုဒ်နှစ်ပုဒ် စွံသွားရင် ငွေတွေ အဆမတန်ရနေကြတယ်။ ဘဝအာမခံချက်တွေ ရှိနေကြတယ်။ ဒါတွေ ကျွန်တော် ပြောပြနေတာက သူတို့လောက် ကျွန်တော်တို့ ရရမယ် ဆိုတဲ့ ဆန္ဒနဲ့ ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့တန်ရာတန်ကြေးရမယ်ဆိုရင် ကျွန်တော့် ရပိုင်ခွင့်အနေနဲ့ ရချင်ပါတယ်။ ရနေမယ်ဆိုရင်လည်း ဘဝအတွက် စိတ်အေးနေရမယ်။ ခုတော့ ဒီလို မဟုတ်ဘူး။ အဆင်မပြေမှု တစ်ခုလောက် ဒါမှမဟုတ် အဖေါ်စုပြီး ပြုံဝင်လာတဲ့ အခိုက်မှာ ဘဝဟာ ဖရိုဖရဲ ဖြစ်တဲ့အထိ ဆိုးလှပါတယ်…။ ဒီမပြေလည်နိုင်တဲ့ အခြေအနေတွေအတွက် ဘယ်သူ့ကို လက်ညှိုးထိုးရမလဲ၊ ဘယ်သူ့ကို အပြစ်ပုံရမှာလဲ၊ တရားခံအရင်းဟာ ဘယ်သူလဲ၊ နာမည်ကြီးနေတဲ့ အဆိုတော်လား၊ ဒါမှမဟုတ် မန်နေဂျာလား။ ဒါမှမဟုတ် ဒူးနှံ့နေတဲ့ ထုတ်ဝေသူလား၊ ဘဲဥ အစရှာမရတဲ့ အဖြစ်မျိုးဖြစ်နေတယ်။ နောက်ဆုံးတော့ဗျာ အပြစ်မဲ့တဲ့ နံရံကိုပဲ တရားခံလို့ သတ်မှတ်ပြီးတော့ လက်သီးနဲ့ ထိုးနေရတဲ့ အဖြစ်ပါပဲ…။

ဝင်းကိုကို – ဒီလိုခံစားရတာနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ တေးလောကကို ဘယ်လိုမြင်လဲ…။

စိုင်းခမ်းလိတ် – ဒါလောက် ကြီးကြီးမားမား ကြိုးစားလာရတဲ့ တေးရေးသမားတစ်ယောက်ဟာ ဒါလောက်ကလေးပဲ ခံစားရတယ်ဆိုတော့ ဒီတေးကမ္ဘာ တေးလောကရဲ့ သစ္စာဟာ ဒါကိုပဲ ခေါ်တာလား၊ တေးလောကသားတွေရဲ့အမှန်တရားဆိုတာကော ဒါကိုပဲ ခေါ်တာလား။

ဝင်းကိုကို – ဒါဆို ဒီတေးလောကကို ဆရာက ဘယ်လို တုန့်ပြန်ချင်သလဲ ဆရာ။

စိုင်းခမ်းလိတ် – ကျွန်တော့်အနေနဲ့ တုန့်ပြန်ဖို့ရာဆိုတာ လှံကိုလှံခြင်းလည်း မဖြေရှင်းချင်ဘူး။ ရန်ကိုရန်ခြင်းလည်း မတုံ့နှင်းချင်ဘူး။ ဘယ်လိုလုပ်ရမယ်ဆိုတာလဲ ဆုံးဖြတ်ချက်ချလို့ မရပါဘူး။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ သိုလှောင်ထားတဲ့ နာကျင်မှု၊ မကျေနပ်မှု ဒေါသတွေဟာ မျိုသိပ်လို့ မရတဲ့အဆုံး ပေါက်ကွဲထွက်လာတာကတော့ နံရံကို လက်သီးနဲ့ ထိုးမိတယ်….။

ဒါကတော့ နံရံကို လက်သီးနဲ့ ထိုးမိတယ် သီချင်းနဲ့ ပတ်သက်ပြီး ဆရာစိုင်းခမ်းလိတ်ရဲ့ ရင်ဖွင့်ချက်လေးတွေပါ။ ဒီ ရင်ဖွင့်ချက်လေး ကလည်း ကျွန်တော်တို့ ရွာသူားတွေ အတွက် ဖီလင်တစ်ခုခု ရရှိစေပါလိမ့်မယ်…။ ဆရာ စိုင်းခမ်းလိတ်ကြီးက လိုချင်တာမိဖုရား ညားတော့ ဘုရင်မ ဆိုတဲ့ သီချင်း ဖြစ်ပေါ်လာပုံလေး ဆက်ပြောပါသေးတယ် ခင်ဗျာ…။ ဒီသီချင်းကိုတော့ တော်တော်များများ သိနေကြမယ်လို့ ယူဆပါတယ်။ စာသားလေးတွေ အရင်ဖတ်ကြည့်ရအောင်ပါ။

ဝင်းကိုကို – ဒီသီချင်း ဖြစ်ပေါ်လာပုံကလေး ပြောပြပါဦး။

စိုင်းခမ်းလိတ် – ကြာတော့ ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်လောက်ကပေါ့။
ကျွန်တော်က အဲဒီတုန်းက ဆေးကျောင်းသားပဲ ရှိသေးတယ်။ ကျွန်တော့်အမျိုးသမီးကတော့ ဒေါက်တာဖြစ်နေပြီ။
တစ်နေ့တော့ အမျိုးသမီးက မင်္ဂလာဆောင်ဖိတ်စာတစ်ခု ကျွန်တော့်ကို လာပြတယ်။ ကျွန်တော်က ဖတ်ကြည့်လိုက်တော့ ဒေါက်တာဒေါ်နွဲ့နွဲ့တင် နှင့် ခင်ပွန်းလို့ ရေးထားတာ တွေ့ရတယ်။ ဗြုန်းဆို ကျွန်တော့်စိတ်ထဲမှာ
တစ်မျိုးပဲ ခံစားလိုက်ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ဗျာ ကျွန်တော်တို့ ဗမာပြည်မှာ (မူရင်းအတိုင်း ရေးလိုက်ပါတယ်ဗျာ) သျှောင်နောက်ဆံထုံးပါ ဆိုတာလို ယောက်ျားကိုပဲ ရှေ့တန်းက ဦးစားပေး ထားကြပါတယ်။ ခုဖိတ်စာကျတော့ အမျိုးသမီးနာမည်ကို ရှေ့က ထားပြီးတော့ ကျွန်တော့်ကိုတော့ နောက်မှာ နာမည်တောင် မတပ်ပဲနဲ့
( နှင့်ခင်ပွန်း ) လို့ပဲ ဖေါ်ပြထားတာ ဆိုတော့ တော်တော်လေး ခံစားရတယ်။
ဒီဖိတ်စာကို ဖတ်ပြီးတိုင်း တအုံနွေးနွေးနဲ့ စိတ်ထဲမှာ ခံစားရခက်နေတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး သီချင်း တစ်ချိန်ချိန်မှာ ရေးမယ်လို့ တေးထားခဲ့တယ်။ ဒါပေမယ့် တစ်ကြောင်းရေးပြီး မကြိုက်လိုက်၊ သုံးလေးကြောင်းရေးပြီး မကြိုက်လိုက်နဲ့ တော်တော်ကြာသွားတယ်။ နောက်ဆုံး ကျွန်တော် မေမြို့ ပြည်သူ့ဆေးရုံမှာ လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ရတဲ့ အချိန်ကျမှ ဒီသီချင်းကို ရေးဖြစ်တော့တယ်။
ဒီလို ခံစားရတဲ့ လူတွေ ကျွန်တော်အများကြီး တွေ့ဖူးပါတယ်။ ခုနက ကျွန်တော်ပြောခဲ့တဲ့ ဖိတ်စာ ရေးလိုက်တဲ့သူဟာ လူမှုရေးအရ နားမလည်ပဲနဲ့ ရေးလိုက်တာလား။ ဒါမှမဟုတ် သိလျက်နဲ့ ယဉ်ယဉ်ကလေး နဲ့ ရွဲ့လိုက်တာလား ဆိုတာ ကျွန်တော်ဝေခွဲလို့ မရဘူး။
ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ ကျွန်တော်တို့ ဗမာပြည်တွင် မကပါဘူး။ အရှေ့တောင် အာရှမှာပါ ယောက်ျားကသာ ရှေ့က၊ ယောက်ျားကသာ အိမ်ဦးအရာဆိုတာ နဂိုကတည်းက သတ်မှတ်ပြီးသားပါ။ ဒီတော့ ခုအဖြစ်အပျက်ကို ကျွန်တော့်အနေနဲ့ မဖေါ်ထုတ်ခဲ့ဘူးဆိုရင် နောင်လာနောက်သားတွေအတွက် ပြောစရာဖြစ်မယ်။ ဒါကြောင့်မို့ နောက်နောင် ဖိတ်စာရေးတဲ့သူတွေ စဉ်းစဉ်းစားစား ရေးနိုင်အောင် ဒါမှမဟုတ် သူတို့က နောက်ထပ်ဒီလို ဖိတ်စာမျိုး ရေးလာဦးမယ် ဆိုရင် သူတို့ကို ရင်ဆိုင်ဖို့ အသင့်ဆိုတာ သူတို့ကို စိန်ခေါ်တဲ့ ရည်ရွယ်ချက်နဲ့ ရေးလိုက်တာပါပဲ။

ဝင်းကိုကို – မိဖုရားနဲ့ ဘုရင်မ ဝေါဟာရနှစ်ခုနဲ့ ပတ်သက်ပြီး ဆရာ့ခံစားချက်ကရော…။

စိုင်းခမ်းလိတ် – ဒီဝေါဟာရနှစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော်ခံစားရတာကတော့ (မိဖုရား) ဆိုတဲ့ စကားကို ကြားလိုက်ရရင် ကူညီချင်စိတ်၊ ဖေးမချင်စိတ်၊ လက်တွဲခေါ်ချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။ ဒါပေမယ့် (ဘုရင်မ) ဆိုတဲ့စကား ကြားလိုက်ရရင်တော့ ကိုယ်ကပဲ ရှစ်ခိုးရတော့မှာလိုလို ခစားရတော့မှာလိုလို အဲဒါမျိုးစိတ်တွေပေါ်လာတယ်။ ဒီဝေါဟာရနှစ်ခုက အဲဒါလောက် ကွဲပြားတဲ့ ခံစားချက်ကို ပေးနိုင်တယ်။ အင်္ဂလိပ်လိုမှာတော့ ဘုရင်မကိုလည်း (ကွင်း)ပဲ။ မိဖုရားကိုလည်း (ကွင်း) ပဲ။ ဘာမှသိပ်မထူးသလိုပဲ။ ဒါပေမယ့် ဗမာစကားမှာကျတော့ မိဖုရားဆိုတာ ဘုရင်ရဲ့ မိန်းမပဲ။ ဘုရင်ရဲ့ ဦးဆောင်မှု လမ်းညွှန်းမှု အောက်မှာ ရောက်နေတယ်။
ဒါပေမယ့် ဘုရင်မလို့ ပြောလိုက်တာနဲ့ တပြိုင်နက် သူက ဦးဆောင်သူ ဖြစ်သွားတယ်။ သူ့ ယောက်ျားကို သူက ဦးဆောင်မယ်။ သူက ရှေ့ကသွားမယ်။ ကျွန်တော်ကလည်းဗျာ ဘာပဲပြောပြော ပုထုဇဉ်လူသားတစ်ယောက်ဆိုတော့ ကျွန်တော်လိုချင်တာကတော့ မိဖုရားပါပဲ။ ဒါပေမယ့် ခုနက ဖိတ်စာကို ဖတ်လိုက်ရတော့ ကျွန်တော်က ဘုရင်နေရာမရောက်ပဲ ဘုရင်မယောက်ျားနေရာ ရောက်နေရတယ်။ အဲဒီတော့ နှိမ်လွန်းတဲ့ လောကကို ကျွန်တော် စိန်ခေါ်လိုက်တာပါပဲ။ ကျွန်တော့်ဘက်မှာ စကားတစ်ခွန်းပဲ ရှိပါတယ်။ “အိုင်မည်ကာ ကြာမပေါက်” တဲ့။ အိုင်မည်ကာ မတ္တနဲ့ ကြာပေါက်မလာပါဘူး။ ဒါကြောင့် ဒီစကားတစ်ခွန်းနဲ့ပဲ လောကမှာ ကျွန်တော်အမြဲခေါင်းမော့နေပါတယ်။ အရင်ကလည်း ခေါင်းမော့နေပါတယ်။ ခုလည်း ခေါင်းမော့နေဆဲပဲ။ နောင်လည်း ခေါင်းမော့နေဦးမှာပါပဲ။

ဝင်းကိုကို – ကျေးဇူးပဲ ဆရာ။ ပေါ့ပေါ့ဆဆ ဖိတ်စာရေးတတ်တဲ့ သူတွေအတွက် ဒီသတင်းကျွတ်မှာ ဆရာ့သီချင်းလေးက သတိပြုစရာ ဖြစ်လာပါလိမ့်မယ်…။

အဲဒါလေးပါဗျာ။ ၁၉၈၁ အောက်တိုဘာလထုတ် ပေဖူးလွှာ မဂ္ဂဇင်းမှာ ပါခဲ့တဲ့ ဆရာဝင်းကိုကို နဲ့ ဆရာစိုင်းခမ်းလိတ်တို့ရဲ့ အမေးအဖြေလေး တချို ့ပါ။

****************************************** *******************************************

ဒီတစ်လ ဖတ်မိတဲ့ ကဗျာလေးတွေထဲက ခင်မောင်တိုးကြီး ဆိုဖို့ ကိုရဲလွင်ကြီးက သံစဉ်ထည့်ပေးခဲ့တဲ့ ဆရာမောင်ဒီ ရဲ့ ကဗျာလေး တစ်ပုဒ် ကို ဖေါ်ပြပေးချင်ပါတယ်။ သီချင်းနာမည်လေးက သိန်းငှက်တို့ရဲ့ သဘာဝ တဲ့။
ဆရာမောင်ဒီရဲ့ မူရင်းကဗျာနာမည်က သိန်းငှက်ပျိုတို့ရဲ့ ဘဝအစ ဖြစ်ပါတယ်။
ကိုနေဝန်းနီတို့ ကိုကမ်းကြီးတို့ ကိုအလင်းဆက်တို့ ကိုရင်စည်သူတို့ ဖတ်ဖို့အတွက် ပါဗျာ…။

သိန်းငှက်ပျိုတို့ရဲ့ ဘဝအစ
သိန်းငှက်ပျိုတို့ရဲ့
ဘဝအစဆိုတာ
ဟိုး…သစ်ပင်အိုကြီးများရဲ့
ထိပ်ဖျားလောက်ကနေ
အောက်ကိုခုန်ချလိုက်တာပဲ…။
အဲဒီအခါမှာ
ငှက်ငယ်ဟာ ကြောက်လန့်တကြားနဲ့
တအားအော်ရင်း
အတောင်များကို
ဖြန့်ကားလိုက်ရာ
အာကာသထဲမှာ
သူ့ရဲ့ အသည်းနှလုံးဟာ
ဗြုန်းဆို… ပြောင်းသွားခဲ့တယ်လို့
တို့အဖိုးက
ကွမ်းတရိုးဝါးရင်းနဲ့
ပြောပြခဲ့ဘူးတယ်…။
မောင်ဒီ

မတန်မရာတွေ လုပ်တယ်တော့ မထင်စေချင်ဘူး ကျောင်းဒကာရေ…။
နောက်တစ်ပုဒ်ကိုတော့ ဂျာမန်ကဗျာ တစ်ပုဒ် ဖေါ်ပြပေးချင်ပါတယ်။
ဂျာမန်ကဗျာဆရာကြီး ဗားတော့ဗရက်ရဲ့ ကဗျာတွေကို ဆရာတင်မောင်အေး တိုက်ရိုက်ဘာသာပြန်ထုတ်ဝေခဲ့ဘူးတဲ့ အနာဂတ်အတွက် ကဗျာ စာအုပ်ထဲက အဆီယစ်နေသူများ ဆိုတဲ့ ကဗျာကို ဖေါ်ပြပေးချင်ပါတယ်။
ဒီကဗျာအကြောင်း ကို ကျွန်တော် အလင်းတန်းဂျာနယ်ထဲမှာ ဆရာ မောင်ရင့်မာ (ကျောင်းကုန်း) က ဆွေးနွေးထားတာတွေ့လို့ ဖတ်မိပြီး ကြိုက်သွားတာပါဗျာ…။
ကဗျာလေး မဖတ်ခင် ကဗျာဆရာ ဗားတော့ဗရက် အကြောင်းလေး နည်းနည်း ဖတ်ကြည့်ရအောင်ပါ…။

ဗားတော့ဗရက်ဟာ ဂျာမန်စာပေလောကရဲ့ ကဗျာကဝိကြီးပါ။ နာဇီဆန့်ကျင်ရေးနဲ့ ဟစ်တလာရဲ့ တတိယဂျာမနီ နိုင်ငံတောကြီးကို သရော်ခဲ့လို့ ပြည်နှင်ဒဏ် ပေးခံခဲ့ရတယ်။ တစ်သီးပုဂ္ဂလဝါဒကို ဆန့်ကျင်တယ်။ လူထုခံစားမှုကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်တယ်။
အဆီယစ်နေသူများ ကတော့ ဖြင့် အာဏာနဲ့တွေ့ရင် စည်းစိမ်ချမ်းသာနဲ့ တွေ့ရင် မိန်းမူးတတ်၊ မေ့လျော့တတ်သူတွေ၊ ကတိပျက်မြို့ထဲ ဝင်သွားသူတွေ စိတ်ကြီးဝင် မာန်တက်နေသူတွေနဲ့ သူတို့ကိုယ်သူတို့ အရာရာရဲ့ အထက်က ဘုန်းရှင်ကံရှင်တွေအဖြစ် အထင်ရောက်နေသူတွေ၊ အဲဒီလို လူတွေအတွက် အတိအကျ ချိန်ရွယ်ပစ်ခတ်လိုက်တဲ့ (ဂျာမန်) ကဗျာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
(မောင်ရင့်မာ – ကျောင်းကုန်း +++ အလင်းတန်းဂျာနယ်)

ကဗျာလေး ကို ဖတ်ကြည့်ရအောင်ပါ…။

အဆီယစ်နေသူများ

ပြည်သူ့ချွေးနည်းစာ
အခွန်ဘဏ္ဍာတော်ကို
အလွဲသုံးစား လုပ်နေသူတွေက
နည်းနည်းနဲ့ ရောင့်ရဲကြပါလို့
ဆုံးမနေပါလားဟေ့။

ဗိုက်အပြည့်
စားသောက်နေရတဲ့လူတွေက
လူငတ်တွေကို
အနစ်နာခံကြစမ်းပါတဲ့။

တိုင်းပြည်ကြီးကို
ချောက်ထဲ ဆွဲခေါ်ချမယ့်လူတွေက
တိုင်းပြည်ကြီး သာယာဝပြောမယ့်အချိန်
နီးလာပြီတဲ့လေ။

တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ
သာမန်ပြည်သူပြည်သားတွေ
နားလည်ဖို့
အင်မတန် ခက်ပါတယ် ဆိုပါလားဟေ့ ။ ။

ဗားတော့ဗရက်
(တင်မောင်အေး ဂျာမန်ဘာသာမှ တိုက်ရိုက်ပြန်ဆိုသည်။)

ဆိုတော့ ဒီကဗျာလေး ဟာ ခေတ်အဆက်ဆက်ကိုဖြတ်သန်းပြီး ဒီနေ့ခေတ် နဲ့လည်း အံဝင်လျက်ရှိနေသေးတယ်ဆိုတာကို
အံ့ဩစရာတွေ့လိုက်ရပါတယ်။
ကြည့်တတ်ရင်မြင်ပါတယ် ဦးလေးရေ…။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဆီယစ်နေသူတွေ အများကြီးပါဗျာ…။
:mrgreen:

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အချိန်ပြည့်မီးရ၍ ဝမ်းသာ (ကြေးမုံ)
လူကို ခွေးကိုက်ရင် သတင်းမဟုတ်၊ ခွေးကို လူကိုက်ရင် သတင်းတဲ့…။
အဲဒီလို … ပြောကြတာပဲဗျာ…။
မှတ်သားရလွယ်ပါတယ်…။ ရိုးရှင်းလွန်းနေတာကိုး…။
လျှပ်စစ်မီးကျတော့ နည်းနည်း ရှုပ်သွားပြီဗျာ…
မီးလာတာက သတင်းလား…။ မီးမလာတာက သတင်းလား…။
ခေါင်းစားလို့ကောင်းနေတုန်း အချိန်ပြည့် မီးရ၍ ဝမ်းသာ ဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ သတင်းတစ်ပုဒ် ကြေးမုံသတင်းစာမှာ ပါလာခဲ့ပါတယ်…။ မျက်နှာဖုံးမှာနော် ကျောင်းဒကာ…။ အတွင်းစာမျက်နှာတွေမှာတောင် မဟုတ်ဘူး…။
မီးလင်းနေတဲ့ ဓါတ်တိုင်တွေကိုပါ ဓါတ်ပုံရိုက်ပြီး ထည့်ပေးထားလိုက်သေး..။ ဟေးဟေး။
သတင်းစာဖတ်သူတွေ မယုံမှာ စိုးလို့ထင့် …။
ကဲ… မူရင်းသတင်းလေး အတိုင်း ပြန်ရိုက်တင်ပေးလိုက်ပါတယ်ဗျာ…။
သတင်းဆိုတာ.. ဒါမျိုးလို့ ရဲရဲကြီး ပြောသာချလိုက်ပေတော့ ဗျို့…။

အချိန်ပြည့်မီးရ၍ ဝမ်းသာ
ရေတာရှည် ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် လျှပ်စစ်မီး ၂၄ နာရီပတ်လုံး ရရှိ၍ သုံးစွဲသူများ အဆင်ပြေလျက် ရှိသည်ဟု
သိရသည်။ ရေတာရှည်မြို့နယ်တွင် စက်ရုံအလုပ်ရုံများ၊ စက်မှုဇုန် အဆောက်အအုံများ၊ လျှပ်စစ်မီးကို အဓိကသုံးစွဲ လုပ်ကိုင်ရသည့်
ဌာနများစွာရှိပြီး ယခင်က လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အခက်အခဲများစွာဖြင့် ကြုံတွေ့ခဲ့ကြရသော်လည်း ယခုကာလတွင်
နေ့စဉ် ၂၄ နာရီပတ်လုံး လျှပ်စစ်မီး ရရှိနေပြီဖြစ်သည့်အတွက် ပြည်သူအများ ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက်ရှိသည်ကို တွေ့ရသည်။

ပျော်ပလေ့စေ…။ စိတ်လွတ်လက်လွတ်…။
အခုအချိန်ထိ မီးလာတာက သတင်းဖြစ်နေသေးတာကိုး…။
ရေတာရှည် သားတွေ ဘယ်လောက်များ ဝမ်းသာလိုက်ကြမလဲ…။
မုဒိတာပွားပါ ကျောင်းဒကာ…။
ရန်ကုန်မှာလည်း ၂၄ နာရီ လျှပ်စစ်မီး မပျက်တော့တဲ့အခါ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြတဲ့ ရန်ကုန်သူ ရန်ကုန်သားတွေရဲ့ သတင်း စောင့်ဖတ်ကြသေးတာပေါ့ နော့…။
ခင်ဗျာ..။ အခုကို မီးပျက်နေတယ်…။
အော် အနိစ္စ အမြဲမရှိ ဆိုတာ လျှပ်စစ်မီးကို ရည်ရွယ်ထားတာများလား … ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော် အလံ အလေးပြုသင့် မပြုသင့် (newday)
ဒီမိုကရေစီနိုင်ငံကြီးရဲ့
ဒီမိုကရေစီလွှတ်တော်ကြီးထဲမှာ
ဒီမိုကရေစီရုပ်ရှင်ရုံတွေအတွင်း
ဒီမိုကရေစီနိုင်ငံသားတွေဟာ
ဒီမိုကရေစီနည်းကျကျ
ရုပ်ရှင်မကြည့်ခင် နိုင်ငံတော်အလံကို အလေးပြုမှု အားနည်းနေကြတာနဲ့ ပတ်သက်ပြီး မေးခွန်းတစ်ခု မေးမြန်းခဲ့တာတွေ့ရပါတယ် ကျောင်းဒကာရေ..။
ဘာများလဲလို့…။
အဲဒီမေးခွန်းကို ပြန်ကြားရေးဒုဝန်ကြီး ဦးစိုးဝင်းက ဖြေကြားခဲ့တယ်တဲ့။
အရင်ခေတ်ကာလက ရုံများအတွင်း စည်းကမ်းထိန်းရဲများထားရှိပြီး ရုံပြင်သို့ခေါ်ကာ ဒဏ်ရိုက်အရေးယူခြင်း ဆောင်ရွက်ခဲ့ဘူးပါသတဲ့…။
အင်း သိတ်တော့ နေရာမကျလှဘူးလို့ ထင်မိတယ်ဗျ…။
စိတ်ပျေလက်ပျောက် ရုပ်ရှင်လာကြည့်ကာမှ နိုင်ငံတော်အလံအလေးမပြုလို့ ရုံပြင်ဆွဲခေါ်ပြီး ဒဏ်ရိုက်ခံရတယ်ဆိုတာကြီး က
ကြားလို့မကောင်းပါဘူး။
ဒီလို တွေးမိပါတယ်ဗျာ..။
တစ်ပတ်အတွင်းမှာ တစ်ရက်ရက် သတ်မှတ်ပြီး နိုင်ငံသားတွေအားလုံး တစ်ပြိုင်တည်း တစ်ချိန်တည်း အလေးပြုကြရင်ဖြင့် ပိုပြီး နေရာကျမလားလို့…။
အခုလိုကြီးကျတော့ တစ်နှစ်ပတ်လုံးရုပ်ရှင်မကြည့်တဲ့လူတွေကျတော့ နိုင်ငံတော် အလံကို အလေးပြုဖို့ အခွင့်အရေး မရှိသလိုကြီး ဖြစ်နေတာပေါ့…။
ဟုတ်ပါပြီ…။
ကျွန်တော်တို့ မန်းဂဇက်မှာလည်း အဲဒီအကြောင်းပို့စ်တစ်ပုဒ်တင်ပြီး အကျယ်တဝင့် ဆွေးနွေးခဲ့ကြဖူးတာ မှတ်မိနေကြဦးမှာပါ။
https://myanmargazette.net/70392/entertainment/directors-film-makers-film-making-production-movie-analysis-movie-awards-nominations-movie-characters-performances-movie-news-previews-movie-remakes-adaptations-movie-reviews
ဆိုတော့ ရုပ်ရှင်ရုံအတွင်း နိုင်ငံတော်အလံအလေးမပြုရင် အရေးယူသင့် မယူသင့်…ဆိုတာကြီးကိုတွေးရင်း
အော် ဒါကိုလည်း
ဒီမိုကရေစီနည်းကျကျ ဆန္ဒရှိကြသလို ပြုမူကြပါစေလို့ ထားလိုက်ရင် ကောင်းမလား…
ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်နေမှပဲဟာ … :mrgreen:
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆံပင်ဖြူသူတွေ အတွက် သတင်းတစ်ပုဒ် (ကြေးမုံ)
ဘလက်တို့လို ဆံပင်ဖြူသူတွေအတွက် သတင်းကောင်းလေးတစ်ပုဒ်မို့ ဝမ်းသာအားရ ရေးခွင့်ပြုပါ.. ကျောင်းဒကာ။
မရှက်တော့ပါဘူး။ လူသိတ်မသိအောင် အင်တာနက်ထဲ ကြုံတုန်းလေး ဝန်ခံချက်လေး ပေးပါရစေ…။
ဘလက်ကိုယ်တိုင်က ဆံပင်ကို တစ်လတစ်ခါ ဆေးဆိုးနေရတဲ့ ဆံပင်ဖြူနေသူတစ်ယောက်ပါ ခင်ဗျာ…။
ရွာသားမိတ်ဆွေတွေထဲလည်း ဆံပင်ဖြူနေသူတွေ အများကြီးပေါ့ခင်ဗျာ…။ :mrgreen:
ဘလက် ဆိုတဲ့ ကောင်ကတော့ ၄ဝ ကျော်နေပြီဆိုတော့ ဆံပင်ဖြူတာ ဘာအရေးလဲနော့…။
၃ဝ ကျော်တွေထဲက အရွယ်မတိုင်မီ ဆံပင်ဖြူနေကြသူတွေကို နည်းနည်းလေး တင်ပြပါရစေ..။
နိုဇိုးမိ ကြီးတို့ လင်းဝေ တို့ဆို အသက် ၃ဝ ကျော်လေးတွေနဲ့ ဆံပင်ဆေးဆိုးနေရသူတွေပေါ့…။
တစ်ယောက်က ၃၈ တဲ့။ တစ်ယောက်က ၃၉ တဲ့။ ဟီး :mrgreen:
လူငယ်လေးတွေပေမယ့် မတန်မဆ တာဝန်ကြီးတွေကို ထမ်းဆောင်နေရရှာတော့ ခေါင်းအရမ်းသုံးရရှာတယ်လေဗျာ။
နောက် ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့ အရက်အရမ်းသောက်ကြလို့ ဆံပင်တွေ ဖြူနေကြရှာပြီဖြစ်တဲ့ မိတ်ဆွေလေး တွေလည်း ရှိသေးသဗျ…။
ဗိုက်ကလေးတို့ အင်ဇာဂီတို့ ရဲစည် တို့ ဝေယံလှိုင်မင်းဆိုတဲ့ အာရ်ဂလေးတို့ စသည်ဖြင့်ပေါ့ဗျာ…။ :mrgreen:
ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူကြတာလည်း အံ့ဩမနေကြနဲ့ဦး…။
ရေဆာ ဘီအီးသောက်ဆိုတာ အဲဒီကောင်တွေဗျ…။
ဒီလောက်သောက်နေကြမှတော့ မဖြူခံနိုင်ရိုးလားဗျာ…ဒီဆံပင်တွေက…။
ဒီအထဲ ဖက်ကက်တို့ ရွှေတိုက်တို့ အမတ်ကြီးတို့ အုပ်စုက သူတို့ ဆံပင်ဖြူနေပြီဆိုတာ ထည့်မရေးပါနဲ့ ဆိုလို့ ထည့်မရေးလိုက်တော့ပါဘူးဗျာ..။ :mrgreen:
ဆိုတော့…။
အဲဒီလို လူတွေအတွက် အားတက်စရာ သတင်းလေး လက်တို့ချင်ပါတယ်ဗျာ။
ဗြိတိန် နိုင်ငံ L’oreal ကုမ္ပဏီက ဆယ်စုနှစ် တစ်ခုအကြာ စမ်းသပ်ခဲ့ပြီးနောက်မှာ ဆံပင်ဖြူတာကို ကာကွယ်ပေးမယ့် ဆေးတစ်မျိုးကို ဖေါ်ထုတ်နိုင်ခဲ့ပါပြီတဲ့ ဗျာ…။ သဘာဝအသီးတစ်ခုက ဖေါ်ထုတ်လိုက်တာ လို့ ဆိုပါတယ်…။
ဒီသတင်း ဖတ်ပြီး ဘဘဘလက် ဘယ်မှာဝယ်လို့ ရမလဲ ဆိုပြီး ဖုန်းတွေဘာတွေ ဆက်မနေကြနဲ့ဦးဗျ…။ ၂၀၁၅ ခုနှစ်ကျမှ ဈေးကွက်ထဲ ဖြန့်ချိနိုင်မှာတဲ့ဗျာ…။
ဒီကြားထဲတော့ တစ်လတစ်ခါ ဆေးဆိုးကြပေဦးပေါ့ဗျာ…။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တေးရေးတေးဆို ဝင်းမော် ကွယ်လွန်ခြင်း ( မန္တလေး အာရုဏ်ဦး )
အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင်ကြီးရဲ့ မြေး၊
အကယ်ဒမီများရှင် ဦးညွန့်ဝင်း ရဲ့ သား၊
ဝင်းဗိုလ်တို့ ဝင်းမောင်တို့ ချမ်းသာတို့ ရဲ့ တူတော်မောင်
ကျော်ကျော်ဗို တို့ တင်မောင်ဆန်းမင်းဝင်း တို့ ရဲ့ အစ်ကို တစ်ဝမ်းကွဲ
STORM AREA တေးဂီတဝိုင်းရဲ့ ပဲ့ကိုင်ရှင် တေးရေးတေးဆို အဆိုတော် ဝင်းမော် တစ်ယောက်
၈-၅-၂၀၁၂ နေ့မှာ ကွယ်လွန်သွားရှာပါတယ်တဲ့ဗျာ။ သတင်းက တော်တော် ကြီးတောင် နောက်ကျနေခဲ့ပါပြီ။
အဲဒီ ဝင်းမော် ကြီး ရုပ်ရှင်ရိုက်ခဲ့တုန်းက တင့်တင့်ထွန်း တောင် နမ်းမှာလား တင့်တင့်ထွန်း မဖြစ်သေးတဲ့ အချိန်ပေါ့။ ဇာတ်ကားနာမည်တောင် နားစွန်နားဖျား မှတ်မိနေသေး။ အချစ်ရွက်နု တဲ့။ ဖြစ်ချင်တော့ အကယ်ဒမီများရှင် ရုပ်ရှင်မင်းသားကြီးရဲ့ သားက မင်းသားလုပ်ဖို့ ဗီဇက ပါမလာခဲ့ဘူးထင်ပါတယ် ကျောင်းဒကာရယ်။ ရုပ်ရှင်ဘက်မှာ ဖြစ်ထွန်းမလာခဲ့ဘူးပေါ့…။ ခေတ်ပေါ်တေးဂီတဘက်မှာတော့ ပါရမီ ပါတယ်ဆိုရမှာပါပဲ။ တစ်ကိုယ်တော် စီးရီးတွေ ထွက်ခဲ့ပြီး STORM AREA BAND ကို တည်ထောင်ကာ အောင်မြင်တဲ့ အဆိုတော်တချို့ကို မွေးထုတ်နိုင်ခဲ့ပါတယ်။ တေးရေးအနေနဲ့ကတော့ ထူးအယ်လင်းတို့ ဒွန်းတို့ ကို အောင်မြင်တဲ့ တေးများရေးဖွဲ့ပေးခဲ့ပါတယ်တဲ့။ ထူးအယ်လင်းရဲ့ အိန်ဂျယ်တယောအခွေက ဒီဆရာ ရဲ့ STORM AREA BAND လက်ထွက်ပါဗျာ။
ကွယ်လွန်သွားရှာတဲ့ ကိုဝင်းမော် ကြီး ကောင်းရာသုဂတိ ကို ရောက်ရှိစေဖို့ ကျွန်တော်တိုု့့ ဆုတောင်းပေးကြရ အောင်လား ဗျာ…။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဖိုးကာ ရဲ့ စတုတ္ထ စီးရီး အိပ်မက် ၁၊ အိပ်မက် ၂ (အလင်းတန်း)
အနုပညာရှင် တော်တော်များများကတော့ အဲဒီ အိပ်မက်ဆိုတဲ့ စကားလုံးကြီးနဲ့ မကင်းကြပါဘူးဗျာ။
ကျွန်တော်တို့ ချစ်တဲ့ လေးစားခဲ့ကြတဲ့ ကိုငှက် တစ်ယောက်တောင် အဲဒီ အိပ်မက်ဆိုတဲ့ စကားလုံးကြီးကို ပျော်ပျော်ကြီးသုံး ခဲ့ဘူးပါတယ် ကျောင်းဒကာ..။
မှော်ဆရာ အိပ်မက် တဲ့။
အကြင်နာ အိပ်မက် တဲ့။
အိပ်မက်ထဲက ရထားကြီး တဲ့။
သီချင်းတွေထဲ ထည့်ရေးခဲ့တဲ့ အိပ်မက်တွေဆိုတာကတော့ အများကြီးပေါ့ဗျာ။
လေးဖြူကလည်း အိပ်မက် မီးရထား တဲ့။ အိပ်မက်ကဗျာ တဲ့။
ဇော်ဝင်းထွဋ် နဲ့ ရင်ဂိုကြီးတို့ကလည်း နှစ်ယောက်ပေါင်းပြီး အိပ်မက်လမ်း…တဲ့။
ဂျေမောင်မောင်ကြီးက ပက်ထရစ်ဆိုဖို့ရေးပေးခဲ့ဘူးတယ်…။ အိပ်မက်မက်တယ် ဆိုတဲ့ သီချင်း…။
နိုင်မြန်မာကြီးက စိုးလွင်လွင်ဆိုဖို့ ရေးပေးခဲ့ဘူးတယ်…။ အိပ်မက်ကောင်းစဉ် မိုးမလင်းချင်.. တဲ့။
ချစ်ကောင်းကြီးဆိုဖို့ ဝင်းမင်းထွေးရေးပေးခဲ့တဲ့ အိပ်မက်ဝိုင် ဆိုတာလည်းရှိသေးတယ်။
အိပ်မက်ကို ဝိုင်လုပ်ပြီးသောက်ဖို့တောင် အကြံကြီးကြသူတွေ ခင်ဗျ…။
အဲဒီလောက်တောင် အိပ်မက်ကို ကြိုက်ကြတာ… အံ့ရော။
အခု တစ်နေကုန်ထိုင်ပြီး တစ်စိမ့်စိမ့်ကြည့် တယ်ဆိုတဲ့
အဆိုတော် ဖိုးကာရဲ့ စတုတ္ထမြောက်စီးရီးတိုင်တည် က အိပ်မက် ၁၊ အိပ်မက် ၂ တဲ့ဗျာ။
လွှတ်သာထားလိုက် ကျောင်းဒကာ…။
နေရာကျသွားရင် အိပ်မက် ၃၊ အိပ်မက် ၄ ဆိုတာတွေ ခပ်တည်တည် ဆက်ထုတ်ကြတာပေါ့…။
အိပ်မက် ၁၊ အိပ်မက် ၂ လို့ အမည်ပေးထားရတာက အိပ်မက် ၁ ဆိုတဲ့ သီချင်းနဲ့ အိပ်မက် ၂ ဆိုတဲ့ သီချင်းနှစ်ပုဒ်ရဲ့ အမည်ကိုပေါင်းပြီး စီးရီး တိုင်တယ် ပေးထားတာပါ လို့ ဖိုးကာက ဆိုပါတယ်တဲ့ …။
တေးရေးတွေက အငဲ၊ မင်းချစ်သူ၊ ဂျေမောင်မောင်၊ ဒီထဲလ်ဒီ နဲ့ ဖိုးကာ တို့ ဖြစ်ပါတယ်။
ကော်ပီသီချင်း ၄ ပုဒ်နဲ့ ကျန်တာ ကိုယ်ပိုင်သံစဉ်သီချင်းတွေဖြစ်ပါတယ်တဲ့။
The Trees အဖွဲ့က ပင်တိုင် တီးခတ်ပေးထားပြီး ဧည့်သည်အနေနဲ့ Lazy Club နဲ့ Magic Teen အဖွဲ့တွေက ပါဝင်တီးခတ်ပေးထားပါတယ်တဲ့။
ဖိုးကာက တစ်ကိုယ်တော် အခွေ အထွက်ကျဲပါတယ်။
အခု ခင်ဗျားတို့ကို အိပ်မက်ပေးမလို့တဲ့…။
အိပ်မက်မှ တစ်ခုတည်းမဟုတ်ဘူးနော်..။
အိပ်မက် ၁၊ အိပ်မက် ၂ တဲ့။
အဝသာ မက်ကြပေတော့ ကျောင်းဒကာတို့ရေ…။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တွတ်ပီ IDIOTS ရဲ့ အမေ့ အတွက် ကဗျာ (OASIS)

ထွန်းအိန္ဒြာဗို ရယ်၊ ကော်နီရယ် ခင်မြတ်မွန်ရယ် NEW WAVE တေးဂီတအဖွဲ့ရယ်… ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့ဘူးတာ မှတ်မိကြဦးမှာပေါ့…။
အဲဒီအထဲက ကော်နီ ကတော့ စောစောစီးစီး တာဇံစီးရီးနဲ့ စူပါတန်းဝင် အဆိုတော် စာရင်းဝင်ခဲ့ပြီး ဒီနေ့အထိ ဂီတလောကမှာ ရပ်တည်နေဆဲဆိုတာ အားလုံး သိကြမှာပါ…။ ဒီနေ့အထိ အပျိုကြီး ဘဝက တစ်ပြားမှကို မလျော့သေးဘူးတဲ့ ကျောင်းဒကာရေ…။ နှမြောစရာကြီးဗျာ ဟေးဟေး…။
နောက်…။
မိမိခိုင် ခေါ် ထွန်းအိန္ဒြာဗို ကတော့ အောင်မြင်တဲ့ ရုပ်ရှင်မင်းသမီးဖြစ်ပြီးမှ အဆိုတော်တန်းမှာ ဒီနေ့အထိ စူပါတန်းဝင် အဆိုတော် ဘဝကို ထိန်းထားနိုင်ဆဲ ဆိုတာလည်း ခင်ဗျားတို့ သိကြမှာပါ…။ သူကတော့ အောင်မြင်တဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ထားနိုင်ခဲ့ပြီတဲ့ဗျာ…။
ဆိုတော့…။
တစ်ယောက်ပဲ ကျန်တယ်…။
ခင်မြတ်မွန်…။
သူမကျတော့ စီးရီးတွေဘာတွေတော့ ထွက်တယ်ပေါ့နော်…။ ဒါပေမယ့် သိတ်မအောင်မြင်ခဲ့ဘူးပေါ့…။
သို့သော် LIVE SHOW တစ်ချို့မှာ ဟာမိုနီ လိုက်နေတာတော့ မကြာမကြာ တွေ့နေရလေရဲ့…။
သူမကတော့ ပထမ အိမ်ထောင်ဖြစ်တဲ့ နာမည်ကျော်တိုင်းရင်းသားတေးရေးတစ်ယောက်နဲ့ ကွဲ…။
တွတ်ပီ ဆိုတဲ့ သားလေးလက်ကိုဆွဲပြီး ဘဝကို ဆက်လက်တိုက်ပွဲဝင်ခဲ့…။
နောက်ထပ် အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့ပြန်တော့ အိမ်ထောင်ဘက်က ကွယ်လွန်သွားခဲ့…။
နောက်အိမ်ထောင်နဲ့ လပြည့်ကဗျာ ဆိုတဲ့ မိန်းကလေးတစ်ယောက် ထွန်းကားခဲ့…။
ခင်မြတ်မွန်က အိမ်ထောင်ရေးကံမကောင်းခဲ့ရှာပါ…။
အခု အရွယ်ရောက်လာပြီဖြစ်တဲ့ သား တွတ်ပီ IDIOTS က သူ့အမေ ခင်မြတ်မွန်ကို ကရုဏာစကားလေး တစ်ခွန်းဆိုရှာတယ်…။
ဖတ်ပြီး ကျွန်တော် ကြေကွဲသွားတယ်…။

အမေ့ကို တစ်ခါလောက် လင်ကောင်းသားကောင်းရစေချင်တယ်

တဲ့။
အဲဒီစကားလေးကပဲ ကဗျာတစ်ပုဒ် ဖြစ်လို့ နေလေရဲ ့….။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

Sexy Pose တွေ မရိုက်ချင်တော့ဘူးလို့ ပြောလာတဲ့ အေးမြတ်သူ (နံနက်ခင်း)
စကားလမ်းကြောင်းကို အေးမြတ်သူ လေး ဘက်လှည့်မလားလို့ဗျာ…။
ဆွေလှိုင်ဦးရဲ့ ဝတ္ထုကို ဒါရိုက်တာ သီဟကျော်စိုး ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့တဲ့ ဂျက်မ ဇာတ်ကားကို ခင်ဗျား မှတ်မိဦးမှာပေါ့။
အရင်က ကျော်ဟိန်း နဲ့ ခင်သန်းနု ကြီး သရုပ်ဆောင်ခဲ့တာလေ။
အဲဒီခေတ်က ရုပ်ရှင်ရုံတွေမှာ တိုးမပေါက်အောင် အားပေးခဲ့ကြတဲ့ ဇာတ်ကားကြီးပေါ့။
ဂျက်မအဖြစ် သရုပ်ဆောင်တဲ့ ခင်သန်းနု ကြီးရေကူးဝတ်စုံ ဝတ်ပြလိုက်တော့ အဲဒီအချိန်က မဆလခေတ်မှာ အထူးအဆန်းကြီးတွေ ဖြစ်လို့။ ဘာမှလည်း လောက်လောက်လားလား ပေါ်တာမဟုတ်ပဲနဲ့ ဗျာ…။
ဆိုတော့ အဲဒီ ဂျက်မဇာတ်ကားကို ဒါရိုက်တာ သီဟကျော်စိုးကပဲ ကျော်ဟိန်းရဲ့တူ နေမင်း နဲ့ ဒီဗီဒီ ပြန်ရိုက်တော့ ဂျက်မအဖြစ် အေးမြတ်သူလေး က သရုပ်ဆောင်ခဲ့ပါတယ်။
တစ်ခါမှ ဒီဗီဒီ ကို ရုံထဲသွားမကြည့်ဘူးခဲ့တဲ့ ဘလက်တစ်ယောက် အဲဒီကားကိုတော့ အရမ်းအရမ်း စွဲဆောင်အားကောင်းတာကြောင့် ရုံထဲရောက်ခဲ့ရတယ်ပေါ့ဗျာ။ အော် Sexy, Sexy…။
အကြံတူရင် နောက်လူသာစမြဲပါဗျာ…။
ဟိုခေတ်က ခင်သန်းနု လန်းခဲ့တယ် ဆိုတာ ဘာဟုတ်သေးလဲ…။
အေးမြတ်သူ အိပ်နေသလောက် ရှိတယ်။
ရေကူးဝတ်စုံဝတ်ထားတဲ့ အေးမြတ်သူလေးရဲ့ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ကို ဒါရိုက်တာသီဟကျော်စိုးကြီးကလည်း
ပေါ်လွင်အောင် ရိုက်ပြနိုင်ခဲ့ပါတယ်…။
လုပ်ပလေ့စေ…။
သူ့ခေတ်နဲ့သူ့အခါ အလှအပဆိုတာ ဖေါ်ထုတ်ပေးသင့်တဲ့ ကိစ္စပဲ…နော့။
ရေထဲမှာ နေမင်းနဲ့ ချစ်ရည်လူးခန်းဆို အသက်ဝင်လွန်းလို့ တက် တစ်ခေါက်ခေါက်နဲ့ပေါ့။
တောက်(စ်)
ဟော အခု အဲဒီ Sexy မင်းသမီးလေး အေးမြတ်သူက
Sexy Pose တွေ မရိုက်ချင်တော့ဘူးတဲ့ဗျာ။
အားပေးနေကြသူတွေရဲ ့ မျက်နှာကိုမှ မထောက်…။

Sexy Pose က မရိုက်ချင်တော့တာ။ အဲဒါက အသက်နဲ့လည်း ဆိုင်မယ် ထင်ပါတယ်။ ၂၅ နှစ်ကျော်လာတဲ့ အခါ တည်ငြိမ်သွားတယ်။ ယဉ်တယ်၊ လှတယ် ဆိုတဲ့ အလှမျိုးပဲ လိုချင်တော့တယ်။ ဒါကြောင့်ပါ

စဉ်းစားပြီးမှ ဆုံးဖြတ်ပါ မင်းသမီးရယ်…။
ယဉ်ရုံ လှရုံ နဲ့ အလုပ်ဖြစ်တဲ့ ခေတ်က ကျန်ခဲ့ပြီ ကွဲ့…။
ဘဘ ဘလက်တို့က Sexy မဖြစ်လို့ကတော့ လှည့်ကြည့်လိမ့်မယ် မဟုတ်ဘူးဆိုတာ ဒီနေရာက ကြိုတင်သတိပေးလိုက်ပါရဲ့ဗျာ…။
အော် အနိစ္စ၊ ဒုက္ခ၊ အနတ္တ။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ချမ်းမီမီကိုလေး အူအတက်ပေါက်လို့တဲ့ (Sunday)
ရင်ထဲ မကောင်းလိုက်တာ ကျောင်းဒကာရယ်…။
ချမ်းမီမီကိုလေး အူအတက်ပေါက်လို့ GREEN CROSS ဆေးရုံမှာ တက်ပြီး ခွဲစိတ်ကုသမှု ခံယူရတယ်တဲ့…။
ဒီအူအတက်နှယ် ဟိန်းဝေယံတို့ မင်းမော်ကွန်းတို့လို ယောက်ျားရင့်မကြီးတွေကိုတော့ မတိုက်ခိုက်ပဲ ချမ်းမီမီကို လို အလှလေးကိုမှ တိုက်ခိုက်ရတယ်လို့…။
ခေး ရဲ့ ဗိုက်သားချပ်ချပ်ရပ်ရပ်လေးမှာ အမာရွတ်ကြီးထင်နေတော့မှာပဲကွယ်…။ နှမြောထှာ…။

ဗိုက် ခဏခဏအောင့်နေတာ။ အူအတက် ဖြစ်နေတာတော့ သင်္ကြန်ပြီးကတည်းက သိတယ်။ ဒါပေမယ့် သူက အလုပ်တွေ များနေလို့ အချိန်မပေးနိုင်ဘူးဖြစ်နေတယ်။ အခုကျတော့ အခြေအနေက ဆိုးလာတာနဲ့ ဆေးရုံတက်ပြီး ခွဲစိတ်လိုက်ရတယ်။ ဒီရက်ပိုင်းတော့ ကားရိုက်တွေဖျက်လိုက်ရတယ်။ ဆေးရုံက ဆင်းမှပဲ မဟော်ဂနီထုတ်လုပ်ရေးနဲ့ ဇာတ်ကား ပြန်ရိုက်ဖြစ်မယ်

လို့
အမေ က ပြောသွားပါတယ်ဗျာ…။
ညှာညှာတာတာ ခိုင်းပါ အမေရယ်…။
ဆေးရုံက ဆင်းတာနဲ့ ဇာတ်ကားပြန်ရိုက်မယ်ဆိုတာကိုတော့ ရင်ထဲမကောင်းလှပေဘူးဗျာ…။
(မှတ်ချက်။ ။ အမေ ဆိုသည်မှာ ချမ်းမီမီကို လေးရဲ့ အမေကို ဆိုလိုပါသည်…။
ဒီလိုပဲ… ကြုံတုန်း အသားယူရတာပဲဗျာ…။)
:mrgreen:
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဟိုတုန်းက Sexy ဖြစ်ခဲ့တယ်ဆိုတဲ့ အေးအေးသင်း (နံနက်ခင်း)
မှတ်မိနေသေးတယ်ဗျ…။
ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ် ခပ်ငယ်ငယ်က မြန်မာ့ရုပ်ရှင်လောကမှာ အင်မတန် Sexy ဖြစ်ခဲ့သော ဗီလိန်မင်းသမီးတွေ တော်တော်များများ ရှိခဲ့ပါတယ် ကျောင်းဒကာရေ..။
ဆိုကြပါစို့ဗျာ…။
မှတ်မိသလောက် ပြောရရင်…။
ပပလင်းတို့၊ စန္ဒယားခင်နုနုတို့၊ ခင်စိုးပိုင်ကြီးတို့ စသည်ဖြင့် ပေါ့လေ။
သူတို့ခေတ်တုန်းက သူတို့တတွေ ဘယ်လောက် Sexy ဖြစ်ခဲ့ကြတယ်ဆိုတာ ၄ဝ ကျော်ကြီးတွေ သိကြပါတယ်ဗျာ…။
အဲဒီအထဲ မဖြစ်မနေ စာရင်းသွင်းရမယ့် တစ်ယောက်ကတော့ အေးအေးသင်း ပါပဲ ဗျာ။
အေးအေးသင်းကြီး ရုပ်ရှင်တွေထဲမှာ အငယ်အနှောင်းခန်းတို့ မင်းသားကို မြှူဆွယ်ရတဲ့ အခန်းတို့မှာ ဘယ်လောက် Sexy ဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာ သူကြီးတို့ အရွယ်ကြီးတွေ သိခဲ့မှာပါ…။
အဲဒီအေးအေးသင်းကြီး ကို ရုပ်ရှင်တွေမှာလည်း မတွေ့တာကြာ၊ စာစောင်တွေမှာလည်း သတင်းတွေမဖတ်ရတာ တော်တော်ကြာ ခဲ့ရာက နံနက်ခင်းဂျာနယ်ထဲမှာ အေးအေးသင်း နဲ့ အင်တာဗျူး ပါလာခဲ့ပါတယ်ဗျာ…။ ကျေးဇူးပါ နံနက်ခင်း ဆရာတို့ရေ…။
အဲဒီ အေးအေးသင်းကြီးကလည်း အနုပညာလုပ်ခွင့်ကို လူမသိသူမသိ အပိတ်ခံခဲ့ရတာပါတဲ့။
ဒို့အရေးထဲ ပါခဲ့လို့ ဆိုလား…။
ဒီခေတ်နဲ့များ ကွာပါ့ဗျာ..။
အော် ဒိတ်ဒိတ်ကျဲ မပါမဖြစ် မင်းသမီးမဟုတ်တော့လည်း လူတွေက သိတ်သတိမပြုမိခဲ့ကြဘူးပေါ့…။
အခု ဒေါ်အေးအေးသင်းကြီးက မှော်ဘီ မှာ ဗေဒင်ဟောနေပါတယ်တဲ့။
ကိုရင်စည်သူနဲ့ ဆရာတူ မောင်နှမတွေတဲ့နော်…။ အဘမင်းသိင်္ခတပည့်တဲ့ဗျ…။
ဗေဒင် ဝါသနာပါတဲ့ မပဒုမ္မာတို့ မမ တို့ သွားကြည့်ကြဖို့ လက်တို့လိုက်ပါတယ်ဗျာ…။
အေးအေးသင်းကို အင်တာဗျူးထားတာလေးတွေထဲက စိတ်ဝင်စားမယ်ထင်တာလေးတွေ ရွေးထုတ်ဖေါ်ပြပေးပါရစေ…။

မေး။ ။ ဆရာမကို အနုပညာလုပ်ခွင့် ပိတ်ပင်ချက်ကို ဘယ်လိုစသိခဲ့ရတာလဲ။ အဲဒါလေး အမှတ်တရ ပြောပြပါလား…။

ဖြေ။ ။ အဲဒါကလေ။ မအေးပါတဲ့ ကားပေါ့။ ရိုက်ဖို့အားလုံး စီစဉ်ပြီး ဇာတ်လမ်းတင်လိုက်ရင် ဒီဇာတ်က မကျတော့ဘူး။ အဲဒါ ၁၉၈၈ နောက်ပိုင်း ကာလတစ်လျှောက်မှာပဲ။ အဲဒီအချိန်မှာ ခံစားရတာကိုတော့ ဘာနဲ့မှ နှိုင်းလို့မရပါဘူး။ မအေးက အနုပညာကို သေမလောက်ဝါသနာပါခဲ့တာ။ အဲဒီအချိန်မှာ ဒီအလုပ်မလုပ်ရဘူးဆိုတော့ ငါ့လက်တွေ ခြေထောက်တွေကို ရိုက်ချိုးပစ်တာပဲ။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ငါ့ နှလုံးသားနဲ့ ငါ့ဝိညဉ်ဟာ ပရသတ်တွေရဲ့ ရင်ထဲမှာ ရှိနေတာပဲ… ရတယ်။ နေပါစေ။ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာ။ ဒါပေမယ့် မြေပဒေသာကျွန်းမှာ လုပ်တဲ့ပွဲမှာတော့ ခေါ်ပါတယ်။ သီးနှံတွေ အဖြစ် သရုပ်ဆောင်ကပြရမှာတဲ့…။ အဲဒီသီးနှံပုံကြီးစွပ်လိုက်ရင် အေးအေးသင်းမှန်း ဘယ်သူမှန်း မသိတော့ဘူးလေ။
သူတို့ခိုင်းတာပေါ့။
မလုပ်ပါဘူး။
ပြီးတော့ ဗိုလ်မှူးကြီးစန်းပွင့်ကရော၊ ကိုအောင်လွင်ကရော လက်မှတ်ထိုးလိုက်ပါ ပြောကြတယ်။ အဲဒီအချိန်မှာ ကိုအောင်လွင်က ဒေါ်စုခြံထဲမှာ ရှိနေသေးတယ်။ မအေးတို့ပတ်ဝန်းကျင်မှာ ဒို့အရေးကြောင့် ဆုံးရှုံးခဲ့ရတာတွေက ဆေးရုံကြီးမှာ ထပ်နေတာ။ အဲဒါတွေ မြင်နေရတဲ့အခါ ဘာလက်မှတ်မှ မထိုးချင်တော့ဘူး။ ကိုအောင်လွင်တို့ကတော့ ရုပ်ရှင်လေး ဘာလေး ပြန်ရိုက်ရအောင်လို့ ပြောပေမယ့် မလုပ်တော့ဘူး။ အိမ်ထောင်နဲ့လည်း ကွဲသွားတော့ ဒီအတိုင်းပဲ နေပြီး ဗေဒင်ဆရာမဘဝနဲ့ပဲ အသက်မွေးပါတယ်…။

ဒို့အရေးလုပ်ခဲ့မိတဲ့ အနုပညာသမားတစ်ယောက်ကို လူမသိသူမသိ အနုပညာလုပ်ခွင့် ပိတ်ပင်ခဲ့တယ် ဆိုတဲ့ သမိုင်းလေး သိရတယ်ပေါ့ဗျာ…။
နောက်အမေးအဖြေလေးတစ်ခုကိုလည်း ဖေါ်ပြပေးချင်ပါသေးတယ်…။
အေးအေးသင်းကြီး ဘယ်လောက်တောင့်ခဲ့ ဖြောင့်ခဲ့ ထွားခဲ့ ကျိုင်းခဲ့သလဲဆိုတာ ဒီအမေးအဖြေလေး ဖတ်ကြည့်ရုံနဲ့ သိနိုင်ပါတယ် ကျောင်းဒကာရယ်။ ပြောမှားဆိုမှားရှိရင် ကန်တော့ပါ အန်တီအေးရေ…။

မေး။ ။ အဲဒီခေတ်မှာလည်း အတုသုံးရတဲ့ မင်းသမီးတွေရှိတာပေါ့…။

ဖြေ။ ။ ရှိပါတယ်။ မအေးကတော့ အစစ်အပြင် အပြင်မထွက်အောင် မနည်းချုပ်ထားရတယ်။ လူကြီးတွေက ရင်ဘတ်က လက်လေးလုံးအောက် အင်္ကျ ီ ရောက်သွားတာနဲ့ ဆူတော့တာပါပဲ။ ပြီးရင် အဲဒီအခန်းဖြတ်ဆိုတာပါပဲ…။

ဒေါ်အေးအေးသင်းကြီးက ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ချစ်ခင်တဲ့ အကြောင်း၊ ဆရာမင်းသိင်္ခမရှိတော့လို့
အယူတော်မင်္ဂလာခြံကြီး ပြိုကျ ပျက်စီးသွားသလို ဖြစ်သွားမှာလည်း ကြောက်တဲ့ အကြောင်းတွေ ပြောသွားပါတယ် ဦးလေးရေ..။
စစ်အစိုးရလက်ထက်က ပညာပြ ပိတ်ပင်ခံခဲ့ရလို့ အနုပညာဘဝသေခဲ့ရရှာတဲ့ ဒေါ်အေးအေးသင်းကြီးတစ်ယောက် သက်ရှည်ကျန်းမာ ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ…။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပိုက်ဆံပေးစရာ မလိုတဲ့ ဝတ်လစ်စလစ် ကက်သရင်းဇီတာဂျုံးစ် (8 Days)
ဒီတစ်ပတ်လည်း ထုံးစံအတိုင်း အပျင်းပြေ ဟောလိဝုဒ်ဘက်လှည့်ကြဦးစို့…။
အခုတလော ဘလက်တစ်ယောက် ဟောလိဝုဒ် မင်းသမီး တစ်ယောက်ရဲ့ ရေချိုးခန်းထဲက
ဝတ်လစ်စလစ် ပုံကြီးပဲ မြင်မြင်နေလို့ ကယ်နိုင်မယ်ဆို ကယ်ကြပါဦးဗျာ…။
အဲဒီ မိန်းမရဲ့ အလှက အပျင်းစား ရမ္မက်ထန်စေတဲ့ အလှတော့ မဟုတ်ဘူးဗျာ။
ဆိုကြပါစို့… ဂျေလိုကြီးတို့လို ထွားထွားကျိုင်းကျိုင်း လုံးကြီးပေါက်လှ စာရင်းထဲ မပါပါဘူး။
ဂျက်စီကာအယ်လ်ဘာလေး တို့လို ဇွတ်အတင်းကြီး သွေးဆောင်တတ်တဲ့ ဇာတ်ရုပ်မျိုးတွေလည်း မရိုက်ဘူးပါဘူး။
ဒါပေမယ့် ယဉ်ယဉ်လေးနဲ့ စွဲဆောင်မှုရှိနေတဲ့ အလှပိုင်ရှင် တစ်ယောက်ပါ။
အဲဒါ…
ကက်သရင်းဇီတာဂျုံးစ် ပါ။
မိုက်ကယ်ဒေါက်ကလပ်စ် ကြီးရဲ့ ချစ်ဇနီး။ ကလေး ၂ ယောက်အမေ ကြီးနော်…။
ဖက်တီးကက်ကတော့ ကျွန်တော်နဲ့ပြောင်းပြန်ဗျာ…။
မိုက်ကယ်ဒေါက်ကလပ်စ် ကြီးကို အရမ်းခိုက်တယ်ဆိုပဲ…။ သူ့ဒေါသနဲ့သူပေါ့ နော့…။
လိင်တူချစ်သူကြီးများလား မသိ… ။
ဟင်း(သက်ပြင်းချသံ)
အဲဒီ မိန်းမကြီးက ဘာတွေ စိတ်ကူးပေါက်တယ်မသိပါဘူးဗျာ။
အင်တာနက်ထဲက ညစ်ညမ်း ဝက်ဆိုက်တွေနဲ့ ပတ်သက်လို့ စကားတစ်ခွန်းပြောသွားပါတယ်။

အင်တာနက်ထဲက ညစ်ညမ်း ဝက်(ဘ်) ဆိုက်တွေကို ကျွန်မဖွင့်မကြည့်ဘူး။
ကျွန်မရဲ့ ဝစ်လစ်စလစ် ပုံကို ဘာလို့ ပိုက်ဆံပေး ကြည့်ရမှာလဲ…။
ကျွန်မရေချိုးခန်းထဲဝင်သွားပြီး ကိုယ်တုံးလုံးချွတ်လိုက်ရင် အလကားကြည့်လို့ရတယ်။

တဲ့…။
အဲဒီ စကားလေးဖတ်ပြီး
ရေချိုးခန်းထဲက ဝတ်လစ်စားလစ် ကက်သရင်းဇီတာဂျုန်းကြီးပဲ မြင်မြင်နေလို့ ကယ်နိုင်မယ်ဆို ကယ်ကြပါဦး
ကျောင်းဒကာတို့ရေ…။
:mrgreen:
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကိုရဲလွင်ကြီးရဲ့ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း
မဉ္ဇိမလှိုင်း တေးဂီတ အဖွဲ့ရဲ့ ဘေ့စ် ဂစ်တာသမားကြီး၊
ကိုယ်ပိုင်သံစဉ် သီချင်းတွေကို ဖန်တီးနေတဲ့ တေးရေးတစ်ဦး
စတဲ့ အံ့မခန်း ဂုဏ်ပုဒ်တွေကို မျက်ကွယ်ပြုပြီး မနက်စောစောပိုင်းတွေမှာ ရန်ကုန်မြို့တွင်းက လဖက်ရည်ဆိုင်တွေမှာ လိုက်လံ ဖျော်ဖြေပြီး အလှူငွေ ကောက်ခံပါတယ်တဲ့…။
ရန်ကုန်မှာတင်မဟုတ်ဘူးတဲ့၊ နယ်မြို့တချို့ကိုလည်း ရောက်ပါတယ်တဲ့…။
အဲဒီလို ဖျော်ဖြေပြီး ရရှိလာတဲ့ အလှူငွေ ကျပ် သိန်း ၁၈ဝ ကျော်ကို လက်ရှိ ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်း များအား ဦးဆောင်ကူညီပေးနေသည့် ဒေါက်တာကျော်သူ (နာရေးကူညီမှုအသင်းကြီး)သို့ ဇူလိုင် ၉ ရက်နေ့က လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်တဲ့။
အဲဒီ ကိုရဲလွင်ကြီးတို့ အဖွဲ့နာမည်က လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ယက် တဲ့။
သာဓု သာဓု သာဓု ပါ ကိုရဲလွင်ကြီးရေ။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

စာရေးဆရာ မင်းကိုနိုင် (First Weekly)
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရဲ့ အတွေ့အကြုံတွေ အသိအမြင်တွေကို ဂျာနယ်တွေမှာ ကဗျာလေးတွေ ဆောင်းပါးလေးတွေ အဖြစ် မကြာမကြာ ဖတ်ဖူးပါတယ်။ အဲဒီအထဲ ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးတွေ က ထူးခြားထင်ရှားပါတယ်။ ဖတ်လို့လည်း အတော်အဆင်ပြေတယ်ပေါ့ဗျာ။
အခု အဲဒီ ဆရာ… မင်းကိုနိုင်က နောက်ကြည့်မှန်ဆိုတဲ့ လုံးချင်းဝတ္ထုထုတ်မလို့တဲ့ဗျာ။ ၁၅-၇-၂၀၁၂ နေ့မှာ အမှတ်တရလက်မှတ်ရေးထိုးပွဲနဲ့ စာအုပ်စတင်ရောင်းချခြင်း ပြုလုပ်မှာပါတဲ့။ ဂျာနယ်ထဲမှာ အခန်းဆက် အဖြစ်ပါခဲ့တဲ့ နောက်ကြည့်မှန် ဝတ္ထုနဲ့ ပတ်သက်လို့ ဒါရိုက်တာတစ်ယောက်က
ဂျာနယ်မှာပါကတည်းက စွဲစွဲမြဲမြဲ ဖတ်ဖြစ်တယ်။ ဇာတ်လမ်းအစကနေ အဆုံးအထိ ဆွဲဆောင်ခေါ်သွားတဲ့ ဇာတ်အိမ်ကြီးက အကြီးကြီးပဲ။ ရင်ထဲတော်တော် ထိရှမိတယ်။ ရုပ်ရှင်အဖြစ်အဲဒီဝတ္ထုကို အသက်သွင်းသင့်တယ်
လို့ ပြောသွားပါတယ်တဲ့ ကျောင်းဒကာရေ။

မင်းကိုနိုင်ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ ဝယ်လိုက်တဲ့ ဒါရိုက်တာဝင်းထွန်းထွန်း (HELLO)
အပေါ်က မင်းကိုနိုင်ရဲ့ နောက်ကြည့်မှန်ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ ဝယ်ယူလိုက်တယ်ဆိုတဲ့ ဒါရိုက်တာ ဝင်းထွန်းထွန်းရဲ့ ဒိုင်ယာလော့ခ် လေး ဖတ်ကြည့်ကြပါဗျာ။

ကိုယ်လေးစားအားကျခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အနုပညာဖန်တီးမှုကို သူ့ကို ချစ်ခြင်းအားဖြင့် အနုပညာအရ ဂုဏ်ပြုတာပါ။ ဇာတ်လမ်းဇာတ်အိမ် အမျိုးအစားလေးကတော့ ၈၈ ဝန်းကျင်က တက္ကသိုလ် ကျောင်းသားတစ်ယောက်ရဲ့ Life နဲ့ နယ်မြို့လေးတစ်မြို့က ဘူတာရုံလေးနားမှာနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာလေးပေါ့။ အဓိက တက္ကသိုလ်ကျောင်းသားတွေ ကိုယ်က တိုင်းပြည်အတွက် အရေးကြီးလာပြီဆိုလို့ရှိရင် စာသင်ခန်းထဲမှာပဲ အချိန်ကုန်မနေသင့်ဘူး ဆိုပြီး သူတို့ခေတ် သူတို့ ကာလလေးမှာ ဘယ်လိုတွေ စဉ်းစားခဲ့တယ်၊ ဘယ်လိုတွေ ဆုံးဖြတ်ခဲ့တယ် ဆိုတာလေးတွေလည်း မြင်ရမှာပေါ့။
ဘယ်အချိန်အကောင်အထည်ဖေါ်ရမယ်ဆိုတာတော့ မစဉ်းစားရသေးပါဘူး။ လူတွေကတော့ အရမ်းပြောနေကြတယ်ပေါ့။ ဆင်ဆာတွေလွတ်လပ်သွားပြီ လွတ်လပ်သွားပြီ ဆိုပြီးတော့ တကယ်ရိုက်ကြည့်တဲ့ အချိန်ကျမှ သိရမယ်။ တကယ်တမ်းရိုက်ကြည့်တဲ့အခါမှာလည်း ရန်ကုန်ပင်မတက္ကသိုလ်ထဲမှာ ရိုက်ရမယ့် ဇာတ်ဝင်ခန်းတွေလည်း ရှိတယ်ပေါ့။ ဒါလေးတွေကို ပညာရေးဝန်ကြီးဌာနဘက်ကရော ခွင့်ပြုပေးနိုင်မလား။ ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာနဘက်ကရော ဘယ်လိုတွေ အကူအညီပေးနိုင်မလဲ။ အဲဒါလေးတွေကတော့ အများကြီးလုပ်ရဦးမှာပါ။ သရုပ်ဆောင်ကတော့ မရွေးချယ်ရသေးပါဘူး။ တော်တော်များများ ဒီဇာတ်နဲ့ လိုက်ဖက်မယ့် မင်းသား၊ မင်းသမီးတွေ ရှိပါတယ်။ အဓိကလိုက်ဖက်မှုထက်ကို စိတ်ပါဝင်စားမှုနဲ့ အချိန်ပေးနိုင်မှုပဲ ရှိပါတယ်။ သာမန်ကားတစ်ကားလို သာမန်ရိုက်ရင်တော့ သာမန်ဇာတ်ပဲ ဖြစ်သွားမှာပေါ့။ ကိုယ်က ဒီဇာတ်ကို အရမ်းတန်ဘိုးထားတဲ့အတွက် တန်ဘိုးရှိတဲ့ ဇာတ်တစ်ခုကို ဖန်တီးတဲ့အခါ တန်ဘိုးရှိအောင် လုပ်ရမှာပေါ့

ဒီအတိုင်းဆိုရင်တော့ စာရေးဆရာမင်းကိုနိုင် ရဲ့ နောက်ကြည့်မှန် ဝတ္ထုဟာ ရုပ်ရှင်ဖြစ်ဖို့ ကြာဦးမယ်လို့ ထင်ရပါကြောင်း…။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပြည်ခိုင်ဖြိုးပါတီ မှ ပါတီဝင် ၅ဝ ကျော် နှုတ်ထွက်သည်ဆိုသည် မှာ လွဲမှားမှုများရှိနေ (EMPIRE)
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ရဲ့ ပြည်ခိုင်ဖြိုးပါတီဝင် ၅၄ ယောက်နှုတ်ထွက်စာတင်ခဲ့ကြတယ်ဆိုတာ နားလည်မှုလွဲမှားခြင်းကြောင့် နှုတ်ထွက်သလို ဖြစ်သွားကြတာတွေလည်း ပါတယ်လို့ ဆိုပါတယ်။
နှုတ်ထွက်စာတင်ခဲ့တဲ့ ပါတီဝင် ၅၄ ဦးရှိသည်ဟု ဆိုသော်လည်း အမှန်တကယ်ထွက်လိုခြင်းကြောင့် လျှောက်ထားကြတာမဟုတ်ပဲ ထောက်ခံလက်မှတ် ထိုးပေးရာမှ တစ်ဆင့် နှုတ်ထွက်သူများ စာရင်းမှာ ပါသွားကြတာလည်း ရှိနေတဲ့အတွက် ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိးပါတီမှ ပြန်လည် စိစစ်ပေးသွားပါမယ်တဲ့။
အော် မနှုတ်ထွက်ဘူးဆိုတော့ လည်း ပြန်လက်ခံလိုက်ရုံပေါ့ ကျောင်းဒကာရယ်။
ဘာမှ မခက်ပါဘူး။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တစ်ည ခေါ်ထိန်းသိမ်းခံခဲ့ရတဲ့ ဗကသ ကျောင်းသားများ (INDEPENDENT)
ဒီသတင်းကတော့ နောက်ကြောင်းပြန်လှည့်တဲ့ သတင်းကြီးဗျ။
ဇူလိုင်လ ရ ရက်နေ့မှာ 7 July အထိမ်းအမှတ်ပွဲကျင်းပမယ်ဆိုတာ နဲ့ ပတ်သက်ပြီး ရန်ကုန်၊ မန္တလေး၊ ရွှေဘိုမြို့များမှ ဗကသ အဖွဲ့ဝင်တွေကို တစ်ညတာ ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်မှ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ မဖြိုးဖြိုးအောင် နှင့် ကိုရဲမြတ်ဟိန်း တို့ကို ဇူလိုင် ၆ ရက် ည ၉ နာရီ အချိန်က ထိန်းသိမ်းခဲ့တာဖြစ်ကြောင်းသိရပါတယ်။
နောက်တစ်နေ့ ဇူလိုင် ရ ရက် နံနက် ၁၁ နာရီမှာ ရန်ကုန်ဗကသ အဖွဲ့ဝင်တွေ ကို ပြန်လည်လွှတ်ပေးခဲ့တယ်လို့ လည်း သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ ကိုမင်းကိုနိုင်က အခုလို ပြောကြားခဲ့ပါတယ်တဲ့။

ကျွန်တော် ဒီမျိုးဆက်ကို ယုံပြီးသားပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမျိုးဆက်ဟာ ကျွန်တော်တို့လို အင်မတန်ကြမ်းတမ်းတဲ့ အခြေအနေတွေကို ကြုံခဲ့ရပါတယ်။ သူတို့ ဖြတ်သန်းမှုဟာ ကျွန်တော်တို့ထက်တိုပေမယ့် သူတို့ရဲ့ ဖြတ်သန်းမှုတွေ အတွေ့အကြုံတွေဟာ အရင်ကတည်းက ကြုံခဲ့ဖူးကြလို့ ဘယ်လိုခြိမ်းချောက်မှုတွေ ကြုံခဲ့ရပေမယ့် သူတို့အတွက် မမှုတော့ပါဘူး။ သူတို့ရဲ့ လုပ်ရပ်တွေ ရပ်တန့်သွားအောင် သူတို့ရေးထိုးထားတဲ့ ကျောင်းသားသမိုင်းတွေ ရပ်တန့်သွားအောင် ဘယ်လိုအင်အားမျိုးနဲ့မှ ဟန့်တားလို့ မရပါဘူး။ သူတို့အောင်ပွဲခံနိုင်လိမ့်မယ်ဆိုတာ အစောကြီးကတည်းက ကျွန်တော် ကြိုတင်ခန့်မှန်းပြီးသားပါ။ သူတို့ကို တိုက်ပွဲထဲ ဆွဲမသွင်းပါနဲ့ လမ်းမပေါ် မထွက်ခိုင်းပါနဲ့ ကျွန်တော့်တူ၊ တူမတွေက ကဒေါင်းတွေပါ။ တွန်ကြကကြပြီးတော့ နိုင်ငံတည်ဆောက်ရေးသမားတွေအဖြစ် အစွမ်းပြတာကို မုဒိတာ ပွားကြပါ။ လက်ရှိအုပ်ချုပ်ရေးက ပုဂ္ဂိုလ်တွေ သိနိုင်ပါစေလို့ သူတို့ကို ဒီနေရာက ပြောချင်ပါတယ်

ဟုတ်ပါတယ်။
လမ်းမပေါ်ထွက်အောင် မလုပ်ကြဖို့လို့ပါတယ်ဗျာ။
ဒီလို ဖမ်းဆီးမှုတွေကိုလည်း နောက်ထပ်မလုပ်ဖို့ကို လွှတ်တော်ထဲ ဆွေးနွေးသင့်ရင် ဆွေးနွေးကြဖို့ ဒီနေရာကနေ ဝင်အာချောင် လိုက်ပါရစေ ကျောင်းဒကာရေ…။
လူအချင်းချင်း ဖမ်းဆီးခြင်း ကင်းဝေးကြပါစေပေါ့ဗျာ…။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ရဲ့ စွမ်းဆောင်ချက် (STREET VIEW)
ဇူလိုင်လထဲမှာ အားလုံးကို အံ့အားသင့်စေခဲ့တဲ့ ပီတိဖြစ်စရာ သတင်းလေးတစ်ပုဒ်ကတော့
ပြည်သူ့လွှတ်တော် ဥက္ကဌကြီး ဦးရွှေမန်းနဲ့ ၈၈ မျိုးဆက် ကျောင်းသားများ တွေ့ဆုံခဲ့ကြခြင်း ပဲ ဖြစ်ပါတယ်။
ဟိုတုန်းက တပ်မတော် အစိုးရလက်ထက်မှာ ဗိုလ်ချုပ်ကြီးဘဝနဲ့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ ရန်သူကြီး ဖြစ်ခဲ့ဘူးတဲ့
ဦးရွှေမန်းရဲ့ အပြောင်းအလဲအချိုးကွေ့တစ်ခုကို ထင်ထင်ရှားရှားကြီးတွေ့လိုက်ရတာပါပဲ။ ဦးရွှေမန်းနဲ့ တွေ့ဆုံခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကတော့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ဂျင်မီ၊ အံ့ဖွယ်ကျော်၊ ကိုမြအေး တို့ပဲ ဖြစ်ပါတယ်။ အဲဒီလို တွေ့ဆုံဖို့ စီစဉ်ပေးခဲ့သူကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ပဲ ဖြစ်ပါတယ်။

တွေ့ဖြစ်ဖို့ တကယ်တော့ ကျွန်တော်က ကြိုးစားခဲ့တာပေါ့။ သူတို့ ပြင်ပကို အကျဉ်းကျဘဝကနေ လွတ်လာပြီးကတည်းက သူတို့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာတွေ သူတို့လုပ်ဆောင်မှုတွေ ဒါတွေကို နိုင်ငံတော်က အသိအမှတ်ပြုသင့်တယ်။ သူတို့ကလည်း တိုင်းပြည်ပြုပြင်ပြောင်းလဲရေးမှာ အင်မတန်မှ အားသွန်ခွန်စိုက်နဲ့ လုပ်ဆောင်လိုကြတဲ့ သူတွေ ဖြစ်တယ်။ သူတို့ကို တစ်ထောင့်တစ်နေရာကနေ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် နိုင်ငံတော်ဘက်ကနေ ပူးပေါင်းဆောင်ရွက်နိုင်အောင် ဥပဒေပြုရေး အာဏာတာဝန်ယူ ဆောင်ရွက်နေရတဲ့ လွှတ်တော်အနေနဲ့ တွေ့ဖို့လိုအပ်တယ်လို့ ယုံကြည်တဲ့အတွက် သူတို့ကို တွေ့ဖို့အတွက် ဥက္ကဌကြီးကို သုံးကြိမ်သုံးခါခွင့်တောင်းခဲ့တယ်။ ဥက္ကဌကြီးက ခွင့်ပေးတဲ့အခါ တွေ့ဖြစ်သွားတယ်ပေါ့။

လို့ ဦးခိုင်မောင်ရည်က ပြောပါတယ်ဗျာ။
ဒီတွေ့ဆုံခြင်း အစီအစဉ်မှာ ဥက္ကဌကြီး ဦးရွှေမန်းက ၈၈ မျိုးဆက်ကျောင်းသားတွေကို ပြောခဲ့တဲ့ စကားလေးတစ်ခွန်းက တော်တော်လေး ကြည်နူးစရာကောင်းတယ်ပေါ့ဗျာ။
အမာရွတ်လေးတွေ ရှိရင် အဲဒီ အမာရွတ်လေးတွေကို သင်ခန်းစာအဖြစ် မှတ်ယူပြီးတော့မှ အားလုံးရှေ့ဆက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်သွားကြရအောင်
တဲ့။
ဒီစကားထဲမှာ မာယာတချို့ရောပြွန်းနေမှာဖြစ်ပေမယ့် စစ်ဗိုလ်ချုပ်ဟောင်းကြီးတစ်ယောက်ရဲ့ ရင်ထဲက တကယ်လာတဲ့ စကားလို့ ယုံပေးလိုက်ကြရအောင်ဗျာ…။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မင်းကိုနိုင် ကို အင်တာဗျူးခြင်း (STREET VIRW)
ဇူလိုင် ၉ ရက်ထုတ် Street View ဂျာနယ်ပါ
ဆရာမ သင်းသင်းသာရဲ့ မင်းကိုနိုင် နဲ့ အမေးအဖြေလေးတွေထဲက ဖတ်သင့်တယ်ထင်တာလေးတွေ ကို ဖေါ်ပြပေးလိုက်ပါတယ်။

မေး +++ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကို ဘယ်လို မြင်ခဲ့ပါသလဲ။
ဖြေ +++ တပ်မတော် အစိုးရလက်ထက်တုန်းက ဗိုလ်ချုပ်ကြီးသူရရွှေမန်းထက်စာရင် အခု ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဟာ အရပ်သားတစ်ယောက်အဖြစ် ပြည်သူလူထုနဲ့ ပိုပြီးနီးစပ်လာတယ်လို့ မြင်တယ်။

မေး +++ လွှတ်တော် ဥက္ကဌနဲ့ တွေ့ဆုံပြီးနောက် ရလဒ်တစ်ခု ထွက်ခဲ့သလား။
ဖြေ +++ ထွက်ပါတယ်။ အားလုံးတူညီတဲ့ အချက်က နောက်ကြောင်းပြန်လှည့်သွားမယ့် ကိစ္စအားလုံးမှန်သမျှ သတိကြီးကြီးနဲ့ ဝိုင်းဝန်းကာကွယ်ကြရမယ်။ နောက်ကြောင်းပြန်မလှည့်ရုံနဲ့ ဒီအတိုင်းငြိမ်နေလို့မရဘူး။ ရှေ့ကိုတိုးဖို့လည်း လုံလောက်တဲ့ အရှိန်အဟုန်နဲ့ ခရီးဆက်နိုင်အောင် အားလုံးအားစိုက်ကြရမယ် ဆိုတဲ့… ရလဒ်ကို ရခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဌေးဦးတို့ပြောတဲ့ အတိုက်အခံ (ပြည်သူ့ခေတ်)
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်…။
ဒီမိုကရေစီမှာတော့ အတိုက်အခံအဖွဲ့အစည်းဆိုတာ ရှိရမှာပဲ။ ဒီမှာတော့ အခု အခြေအနေအရ ကျွန်မတို့ကို အတိုက်အခံ အဖွဲ့အစည်းလို့ ခေါ်ရင်လည်း မကန့်ကွက်ပါဘူး

ပြည်ခိုင်ဖြိုး အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး က ပြောပါတယ်…။
ဒီမိုကရေစီမှာ အတိုက်အခံရှိတယ်ဆိုတာ မဟုတ်ဘူး။ သူ့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ကြည့်ရတယ်။ နိုင်ငံတိုင်းမှာ ဒီမိုကရေစီရှိတာပဲ။ စံနစ်တိုင်းမှာ ဒီမိုကရေစီရှိတာပဲ။ သို့သော်လည်းပဲ အတိုက်အခံရှိတဲ့ ဒီမိုကရေစီလမ်းကြောင်းရှိတယ်။ အတိုက်အခံမရှိဘဲနဲ့ စုစည်းပြီး သွားတဲ့ လမ်းကြောင်းရှိတယ်။ မတူပါဘူး။ နိုင်ငံတွေလိုက်ကြည့်လိုက်ရင် အတိုက်အခံမရှိဘူးဆိုတဲ့ နေရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကတော့ အတိုက်အခံဆိုတာ မရှိဘူး

ကျွန်တော့် အမြင်အရတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားနဲ့ ဦးဌေးဦးပြောတဲ့ စကားတောင် မတူညီကြဘဲ အတိုက်အခံဖြစ်နေကြတယ်ဆိုတော့ အတိုက်အခံ ရှိတယ်ဆိုတာ လက်ခံပါတယ်။
ကဲ ခင်ဗျားအမြင်ကရော ဘယ်လိုတဲ့လဲ ကျောင်းဒကာ…။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သမ္မတကြီးဦးသိန်းစိန်ရဲ့ အင်တာဗျူးထဲက စကားများ (VOICE)
ဒီလထဲမှာ နိုင်ငံတော် လူကြီးမင်းတွေ ကို နိုင်ငံခြားသတင်းစာတွေက အင်တာဗျူးခဲ့ကြပါတယ်။
ပထမဆုံး သမ္မတကြီး ဦးသိန်းစိန်ကို
ဂျာမဏီနိုင်ငံမှ သတင်းစာ Suddeutsche Zeitung ရဲ့
ဝါရင့်သတင်းစာဆရာ Stefan Klein က အင်တာဗျူးပါတယ်တဲ့ ဦးလေးရေ…။
အဲဒါကို VOICE ဂျာနယ်ထဲမှာ ဘာသာပြန်ဖေါ်ပြထားခဲ့ပါတယ်…။
အဲဒီအထဲက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေနဲ့ အဖြေလေးတွေ က တော်တော် ထူးခြားတယ်လို့ ထင်တာကြောင့် ပြန်ကောက်နှုတ်ဖေါ်ပြပေးလိုက်ပါတယ်ဗျာ…။ ဒီ အင်တာဗျူးထဲမှာ သမ္မတကြီးရဲ့ မေးခွန်းကို မေးခွန်းနဲ့ ပြန်ပစ်ပြခဲ့တာလေးတွေကလည်း လှခဲ့ပါတယ်ပေါ့ဗျာ…။ ဟုတ်မဟုတ် ဖတ်ကြည့်ပါဗျာ…။

မေး။ ။ သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကိုလာဖို့ ဖိတ်ခေါ်ပြီး မကြုံစဖူး ထူးခြားတဲ့ အဆင့်တစ်ခုကို ရောက်အောင် လုပ်ကိုင်ပေးခဲ့တယ်။ ဘာကြောင့် အဲဒီလို လုပ်တာပါလဲ။

ဦးသိန်းစိန်။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတစ်ယောက်ပါ။ အဲဒီတော့ သူ့ကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်ရဲ့ အပြင်မှာ ချန်ထားခဲ့လို့ မရနိုင်ပါဘူး။ အတိတ်ကာလမှာ တုန်းက သူဟာ တပ်မတော်အစိုးရအပေါ် ဆန့်ကျင်တဲ့အမြင်ရှိခဲ့တယ်။ ဒါပေမယ့် နိုင်ငံတော်တာဝန်ကို ကျွန်တော်ရယူလိုက်တဲ့ အချိန်မှာ ကျွန်တော်တို့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ဒိုင်ယာလော့ခ် လုပ်ခဲ့ကြတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ…။ မတူကွဲပြားခြားနားမှုတွေထဲမှာ ညီညွတ်မှုဆိုတာရှိတယ်။ အဲဒီတော့ နိုင်ငံနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ဘုံ တူညီမှုရှိတဲ့ အနေအထားကိုရောက်အောင် ကြိုးစားခဲ့ကြတယ်။ မတူတာတွေဘေးဖယ်ပြီး တူညီတဲ့ အမြင်သဘောထားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ခဲ့ကြပါတယ်။

မေး။ ။ ဥရောပဒေသက ပြည်သူတွေက လာမယ့် ၂၀၁၅ သမ္မတရွေးကောက်တင်မြှောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်နိုင်မလား ဆိုတဲ့ အချက်ကို မေးခွန်းထုတ်ကြပါတယ်။ ဒါမှမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေက ဝင်ရောက် ယှဉ်ပြိုင်လို့ မရရှိအောင် တားမြစ်မလားပေါ့ခင်ဗျာ…။

ဦးသိန်းစိန်။ ။ ဒီမေးခွန်းက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ မပတ်သက်ပါဘူး။ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ ပိုပြီး ပတ်သက်တာပါ။ တကယ်လို့ အများသဘောတူညီမှု ရှိတယ်ဆိုလျှင် အခြေခံဥပဒေကို ပြင်ဆင်လို့ ရပါတယ်။ အဲဒီတော့ ဒီကိစ္စဟာ ပါလီမန်လွှတ်တော်အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်လည်း ခင်ဗျားကို မေးခွန်းတစ်ခု မေးချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတကြီးအဖြစ် ခင်ဗျားမြင်တွေ့လိုပါသလား…။

မေး။ ။ ဪဒါက မြန်မာပြည်သူတွေအပေါ် မူတည်လိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်က နိုင်ငံခြားသားတစ်ယောက်ပါ။ ဒါပေမယ့် အခု ဥရောပမှာ ဒေါ်အောင်ဆန်းစုကြည်ကို အထူးအရေးကြီးပုဂ္ဂိုလ် တစ်ဦးအနေနဲ့ ချီးမြှောက်ဂုဏ်ပြုကြတာတွေကို ကျွန်တော် တွေ့မြင်ရပါတယ်။ နိုင်ငံတော် အကြီးအကဲ တစ်ဦးကဲ့သို့ သဘောထားပြီး ဂုဏ်ပြုကြတာပါ။ သူက ဝက်မင်စတာ မှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ကိုယ်စားလှယ်တော်ကြီးတွေ ရှေ့မှာ မိန့်ခွန်းပြောတယ်။ သူ့ကို အခုလိုမျိုး ဆက်ဆံမှုတွေ လုပ်ကြတာကို သမ္မတကြီးအနေနဲ့ ဘယ်လိုမြင်မိပါသလဲ။

ဦးသိန်းစိန်။ ။ ဥရောပခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို အထူးအရေးကြီးပုဂ္ဂိုလ်တစ်ဦးလိုမျိုး ဆက်ဆံကြတာကို မြင်ရတာ ကျွန်တော် တကယ့်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒါပေမယ့် သူ သမ္မတ ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတဲ့ မေးခွန်းအတွက်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်မှာပဲ မူတည်ပါတယ်။ နောက်မေးခွန်းတစ်ခုက ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်မယ်လို့ ထင်တယ်။ ဟုတ်လား။ ကျွန်တော်တို့ နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေဟာ ကောင်းလား မကောင်းဘူးလား ဆိုတာကို ခင်ဗျားအနေနဲ့ ဖြေကြားပေးသင့်တယ်လို့ ထင်တယ်။ ဒီမေးခွန်းကို ခင်ဗျား ဖြေကြည့်သင့်တယ်။ (ရယ်လျက်)

ဒီအထဲ ထူးခြားတာလေး တစ်ခုက အများသဘောတူညီမှု ရှိတယ်ဆိုလျှင် အခြေခံဥပဒေကို ပြင်ဆင်လို့ ရပါတယ် ဆိုတာလေးပါ။
အဲဒါကပဲ အရေးအကြီးဆုံး ပွိုင့်တစ်ခု ဖြစ်တယ်ဆိုတာလေး….။
+++++++++++++

ကမ္ဘာပေါ်မှာ ပြန်မပြင်ရလောက်အောင် ပြည့်စုံတဲ့ အခြေခံဥပဒေဆိုတာ မရှိ (ရန်ကုန်တိုင်းမ်)
ဒီလထဲ အခြေခံဥပဒေအကြောင်း ပြောခဲ့ပြန်ပါတဲ့ မြန်မာနိုင်ငံရဲ့ လူကြီးမင်း နောက်တစ်ယောက်ကတော့
အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ပဲ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ ယူမီယူရီရှင်ဘွန်း သတင်းစာရဲ့ အာရှဗျူရိုအကြီးအကဲ မစ္စတာဂျူနီချီဖူကာဆာဝါ နှင့် အဖွဲ့ နဲ့
အင်တာဗျူးထဲမှာ ထည့်သွင်းပြောကြားသွားတာပါ…။

ဖွဲ့စည်းပုံ ပြင်ဆင်မယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြည်သူက အတည်ပြုထားတာဖြစ်တဲ့အတွက် ပြည်သူက ပြန်ပြင်လို့ရှိရင် ရပါတယ်။ ကမ္ဘာပေါ်မှာ ပြန်မပြင်ရလောက်အောင် ပြည့်စုံတဲ့ အခြေခံဥပဒေဆိုတာ မရှိပါဘူး။ နောက်တစ်ခုက အချိန်ကာလတစ်ခုမှာ ရေးခဲ့တဲ့ အခြေခံဥပဒေက လာမယ့် အနာဂတ် ကာလတစ်ခုမှာ မှန်ကန်နိုင်ခြင်းမရှိပါဘူး။

ကဲ ပြည်သူက အတည်ပြုထားတာဖြစ်တဲ့အတွက် ပြည်သူက ပြင်ချင်တယ်ဆိုရင် ရပါတယ်တဲ့ ကျောင်းဒကာရေ ့…။
ပြည်သူသည်သာ အဓိက ပါတဲ့..။
ဒီနေရာကနေ ပြည်သူထဲက ပြည်သူတွေရဲ့ အသံအဖြစ် ဝိုင်းအော်လိုက်ကြရအောင်ဗျာ…။
:mrgreen:
+++++++++++++++++++++++++++++++++++++++
အောင်သိန်းလင်း ၏ အောင်သိန်းလင်း (Envoy)
ဟဲဟဲ…။
ရန်ကုန်မြို့တော်ဝန်ဟောင်းကြီး ဦးအောင်သိန်းလင်း ရဲ့ အတွေးအမြင်လေးတွေပါ ကျောင်းဒကာ…။
အဆင်းမှာ ဘီးတတ်ပေးတယ်လို့ ထင်ရင်တော့ တတ်နိုင်ဘူးဗျာ…။
ရှေ့က သမ္မတကြီးဦးသိန်းစိန် က အများသဘောတူညီမှု ရှိတယ်ဆိုလျှင် အခြေခံဥပဒေကို ပြင်ဆင်လို့ ရပါတယ် တို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က ပြည်သူက အတည်ပြုထားတာဖြစ်တဲ့အတွက် ပြည်သူက ပြန်ပြင်လို့ရှိရင် ရပါတယ် တို့ ပြောနေကြတဲ့ အချိန်မျိုးကြီးမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးအောင်သိန်းလင်း ကြီး က တရုတ်သတင်းစာ Southern Weekend နဲ့ အင်တာဗျူးမှာ ပြောခဲ့တဲ့ ဒိုင်ယာလော့ခ်လေးတွေက လန်ထွက်နေအောင် လန်းလွန်းလို့ အောင်သိန်းလင်း ၏ အောင်သိန်းလင်း ဆိုတဲ့ နာမည်နဲ့ အပင်ပန်းခံ ရိုက်တင်ပေးလိုက်ပါတယ်ဗျာ…။
ဒီအင်တာဗျူးမှာ ဖြေထားခဲ့တဲ့ ဦးအောင်သိန်းလင်းရဲ့ Thinking တွေက ပြည်ခိုင်ဖြိုးပါတီကြီးတစ်ခုလုံးကို ကိုယ်စားပြုလိမ့်မယ်လို့တော့ မထင်ရက်ပါဘူး။
Thinking အရေးကြီးပါတယ် ဦးလေးတို့ရေ…။ Thinking လွဲလို့ကတော့ ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ ပြည်သူလူထုရဲ့ မျက်နှာသာပေးမှုကို မရနိုင်ဘူးဆိုတာလေး… နွားတွေရှေ့က ထွန်ကျူးလိုက်ပါရစေဗျာ…။
ကဲ..ဦးအောင်သိန်းလင်းရဲ့ Thinking လေးတွေ နည်းနည်း လေ့လာကြည့်ကြရအောင်လား ကျောင်းဒကာရေ…။

မေး။ ။ မကြာသေးခင်ကပဲ အဲဒီဆန်ရှင်တွေ ကို အီးယူနဲ့ အမေရိကန်တို့က မိတ်ဆွေသဘောထား ပြသ တဲ့ အနေနဲ့ လျှော့ချခဲ့ပြီးပြီ မဟုတ်လား…။
ဖြေ။ ။ ကျွန်တော်တို့ကတော့ သူတို့ကို မယုံကြည်ဘူး။ ကျွန်တော်တို့ နိုင်ငံမှာ အာဏာကို ရုတ်တရက် လုယူလိုနေတဲ့ အဖွဲ့တစ်ဖွဲ့ ရှိနေဆဲပဲ။ သူတို့ရဲ့ ရည်ရွယ်ချက်ကလည်း မြန်မာနိုင်ငံမှာ ရုပ်သေးအစိုးရအဖွဲ့တစ်ဖွဲ့ ထူထောင်ရေးဖြစ်နေတယ်…။
မေး။ ။ နိုင်ငံတကာ လူ့အဖွဲ့အစည်း ဆက်ဆံရေးနဲ့ ဆန်ရှင်တွေနဲ့ ပတ်သက်လို့ တလောကပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သမ္မတဦးသိန်းစိန်နဲ့ လာတွေ့သွားတာ တွေ့ရတယ်။ ဒါတွေက မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အသိုက်အဝန်း ဆက်ဆံရေးတိုးတက်လာနေတာပဲ မဟုတ်လား။
ဖြေ။ ။ ကျွန်တော် ဒါနဲ့ ပတ်သက်လို့ ယူဆထားတာ ရှိတယ်။ ကုလသမဂ္ဂ အဖွဲ့ဆိုတာကို ဘယ်သူတွေထိန်းချုပ်ထားသလဲ။ ဘန်ကီမွန်းကိုရောပေ့ါ။ နောက်ပြီး ကုလရုံးချုပ်ဆိုတာကလည်း အမေရိကန် နယူးယောက်မှာ ရှိတယ်လေ။ ဒါဆို ခင်ဗျားတွေးမိလောက်ပါပြီ။
မေး။ ။ ကျွန်တော့် အမြင်ပေါ့နော်။ သမ္မတဦးသိန်းစိန်ကတော့ ဘန်ကီမွန်းကို သဘောကျနေပုံပဲ။
ဖြေ။ ။ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဘန်ကီမွန်းရော၊ ကုလသမဂ္ဂဆိုတာရော၊ အယုံအကြည်မရှိဘူး။ သူတို့က အတူတူပဲ။ သူတို့တွေးနေတာက တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ပဲ။
မေး။ ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်လည်ပတ်သွားတယ်။ ဒီအပေါ် ခင်ဗျားရဲ့ ဝေဖန်သုံးသပ်မှုက…။
ဖြေ။ ။ သူလာလည်သွားတာကိုက ကျွန်တော်တို့ရဲ့ ကျဆုံးခန်းပဲ။ သူမက ကျွန်တော်တို့ကို ဒီမှာတွေ့ချင်တာမဟုတ်ဘူး။ သူမရဲ့ မြန်မာနိုင်ငံခရီးစဉ်က ကျွန်တော်တို့ ပြည်သူတွေနဲ့ နိုင်ငံအတွက် မဟုတ်ဘူးဗျ။ အဲဒီအမျိုးသမီးက မြန်မာနိုင်ငံမှာ ဆန်ရှင်တွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သိပြီးသားသူပဲ။ ကျွန်တော်ကတော့ သူ့ကို အမျိုးသမီးတစ်ယောက်လို့ပဲ မြင်တယ်။
မေး။ ။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရသွားတယ်။ အခုဆို လွှတ်တော်ထဲမှာ (NLD) ကိုယ်စားလှယ် ၄၃ ဦးရောက်သွားပြီ။ လူကြီးမင်းက လက်ရှိ အာဏာရပါတီရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်နေတော့ NLD နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေအတွက် ဘယ်လို အစီအစဉ်တွေ ရေးဆွဲထားပြီးပါပြီလဲ…။
ဖြေ။ ။ (ရယ်လျက်) ဟုတ်လား။ ပူးပေါင်းဆောင်ရွက်ရေးလား။ ကျွန်တော်တို့ပါတီရဲ့ မူဝါဒအားလုံးက တိုင်းပြည်ကောင်းစားရေးအတွက် ချထားတာပဲ။ အာဏာရပါတီဆိုပြီး တစ်ကိုယ်ကောင်းဆန်တာတွေ လုပ်မှာ မဟုတ်ဘူး။ နိုင်ငံနဲ့လူမျိုး ကောင်းစားရေးလုပ်နေတဲ့ ဘယ်ပါတီနဲ့မဆို ပူးပေါင်းသွားမှာပဲ။ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က ၄၃ နေရာရသွားတယ်။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၆ ရာခိုင်နှုန်းပဲ ရှိတယ်။ ကျွန်တော်တို့က ၇၆ ရာခိုင်နှုန်း ဆိုတော့ ကိုယ်စားလှယ်အများစုကြီးကို ကျွန်တော်တို့ ရထားတာပဲ မဟုတ်လား။
မေး။ ။ ရန်ကုန်မြို့မှာ NLD ရုံးခွဲတွေ အများကြီးဖွင့်လာတာ တွေ့ရတယ်။ ပြည်သူတွေကလည်း NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တစ်ခဲနက် ထောက်ခံအားပေးနေကြတာလည်း တွေ့ရတယ်။ ဒီအပေါ် လူကြီးမင်းရဲ့ သဘောထားသိပါရစေ…။
ဖြေ။ ။ ဒါကတော့ သူတို့ အရူးအမူး ဖြစ်နေကြတာပေါ့ဗျာ…။ အိုကေ…။ သူမက ပေါ်ပြူလာဖြစ်နေတဲ့ အမျိုးသမီးတစ်ဦး။ နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဗျာ…။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာပြည်သူပြည်သားအားလုံးရဲ့ အမျိုးသားသူရဲကောင်းတစ်ဦးပဲ။
မေး။ ။ ပြုပြင်ပြောင်းလဲရေးဆိုတာက မြန်မာနိုင်ငံကို ဒီမိုကရေစီစံနစ်နဲ့ အသွင်ပြောင်းလဲရေးဆိုတာလို့ ပြောခဲ့တယ်နော်။ တစ်နေ့နေ့မှာပေါ့။ လူကြီးမင်းတို့ရဲ့ အာဏာရပါတီက အတိုက်အခံပါတီဖြစ်သွားတာကြောင့် လူကြီးမင်းရဲ့ လက်ရှိ အနေအထား ဆုံးရှုံးသွားမယ်လို့ တွေးမိပါသလား။
ဖြေ။ ။ ရွေးကောက်ပွဲမှာ အများစု အနိုင်ရတဲ့ ပါတီက အစိုးရ အဖွဲ့ဖွဲ့မှာပဲလေ။ ဒါဟာလည်း လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်ရတာပဲ။ အဲဒီ ဥပဒေကိုလည်း ပြည်သူတွေကပဲ အတည်ပြုခဲ့ပြီး ဖြစ်တယ်။ ခင်ဗျားပြောသလို အာဏာရပါတီနဲ့ အစိုးရအဖွဲ့က ပြောင်းချင်ပြောင်းသွားမယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ပြောင်းမှာ မဟုတ်ဘူး…။
မေး။ ။ ဒါပေမယ့်…။ NLD ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေတယ် မဟုတ်လား။
ဖြေ။ ။ ဟုတ်တယ်။ သူတို့က လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကြိုက်ကြဘူး။
မေး။ ။ နိုင်ငံခြားသားတစ်ယောက်ရဲ့ အိမ်ထောင်ဘက်တစ်ဦးက တိုင်းပြည်ရဲ့ ရာထူးကြီးကြီးရယူဖို့ ဥပဒေက ခွင့်ပြုမထားဘူး။ ဒီအတိုင်းသာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ် နိုင်ငံရေးက ပြသနာတစ်ရပ် ဖြစ်လာနိုင်တယ် မဟုတ်လား…။
ဖြေ။ ။ မှန်တယ်။ နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတတွေရဲ့ အရည်အချင်းသတ်မှတ်ချက်ကို ဥပဒေမှာ အတိအလင်း ဖေါ်ပြပြီးသားပဲ…။
မေး။ ။ ဒါဖြင့် သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာ အောင်မြင်မယ်လို့ ယူဆပါသလား။
ဖြေ။ ။ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသားတစ်ဦးရဲ့ ဇနီးပဲ။ သူတို့က ဘာကြောင့် ဥပဒေကို ပြင်ဆင်ချင်ရတာလဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ နိုင်ငံရဲ့ အသက်သွေးကြောလို အရေးကြီးတာကြောင့် ကျွန်တော်တို့က နောင်လာနောက်သားတွေအတွက် တည်တံ့အောင် ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။ အဲဒီဥပဒေကလည်းပဲ နိုင်ငံခြားသားတစ်ယောက်ရဲ့ ဇနီးကို နိုင်ငံခေါင်းဆောင်အဖြစ် ခွင့်ပြုမထားဘူး…။
မေး။ ။ ဒါဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဆိုတာ အောင်မြင်မှု မရှိနိုင်ဘူးလို့ ဆိုလိုတာလား…။
ဖြေ။ ။ နည်းလမ်းမရှိဘူး။ ဘယ်သူမှလည်း သူတို့ရဲ့ လှည့်ကွက်ကို ကြိုက်ကြမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံဟာ တစ်ချိန်က ဗြိတိသျှကိုလိုနီ ဖြစ်ခဲ့တယ်။ ဗြိတိသျှလူမျိုးတွေကပဲ မြန်မာနိုင်ငံကို နှစ်ပေါင်း ၁၀ဝ ကျော် အုပ်ချုပ်သွားတယ်။ ဘယ်သူကမှ ကိုယ့်နိုင်ငံကို နောက်တစ်ကြိမ် ကိုလိုနီ မဖြစ်စေချင်တော့ဘူး။ ဒါ အဓိက အကြောင်းရင်းပဲ။ ဒုတိယ အကြောင်းရင်းက ကျွန်တော်တို့က မြန်မာနိုင်ငံထဲကို နိုင်ငံခြားစစ်တပ် လာရောက်မှုကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်လို့ပဲ။ နိုင်ငံရဲ့ အချုပ်အခြာအာဏာအတွက် ဒီအချက်တွေက မရှိမဖြစ်လိုအပ်တယ် မဟုတ်လား။
မေး။ ။ လူကြီးမင်းက လက်ရှိ အာဏာရပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ လွှတ်တော်ထဲက အတိုက်အခံပါတီတွေရဲ့ ဆောင်ရွက်ချက်တွေကို ဘယ်လိုမြင်သလဲ။ သူတို့က မိတ်ဆွေတွေလား။ ပြိုင်ဘက်တွေ ဒါမှမဟုတ် အတူလက်တွဲဆောင်ရွက်ရမယ့် သူတွေလား။ တစ်ခုခုပေါ့။
ဖြေ။ ။ ယှဉ်ပြိုင်ဘက်တွေ ဖြစ်တယ်။
မေး။ ။ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဘယ်လို သင်ခန်းစာမျိုး ရခဲ့ပါသလဲ။ ဥပမာလေးနဲ့ ပြောပြနိုင်မလား…
ဖြေ။ ။ အများကြီးရခဲ့ပါတယ်။ တကယ့်ကို အများကြီးရခဲ့ပါတယ်…။
ဥပမာအားဖြင့်…၊ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ဆိုရင် ကျွန်တော်တို့ပါတီက ပြည်သူတွေလိုအပ်နေတာကို ပိုပြီးနားလည်အောင် ပြည်သူတွေနဲ့ ပိုမိုထိတွေ့ရမယ်ဆိုတာရယ်…၊ ပြည်သူတွေရဲ့ တွေးခေါ်မှုစတိုင်လ်ကို ပြောင်းဖို့လိုတယ် ဆိုတာရယ်..။ ပြည်သူတွေနဲ့ ပုံမှန်ထိတွေ့ ဆက်ဆံပြီး ဗဟုသုတအသိအမြင်တွေ ပျံ့နှံ့အောင် လုပ်ရမယ် ဆိုတာရယ် သိလာရတယ်…။
မေး။ ။ ၂၀၁၁ ခုနှစ်တုန်းက သမ္မတဦးသိန်းစိန်က မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းထားဖို့ ကြေညာခဲ့တယ်။ တရုတ်လူမျိုးတော်တော်များများက ဒီပြသနာကို တော်တော်လေး စိတ်ဝင်စားနေကြတာ တွေ့ရတယ်။
ဖြေ။ ။ ဒီကိစ္စက ကျွန်တော်တို့ရဲ့ အမျိုးသားရေးမူဝါဒ မဟုတ်သလို လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်လည်း မဟုတ်ဘူး။ လူတစ်ဦး တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်တယ်…။
မေး။ ။ လူတစ်ဦးတစ်ယောက်ဆိုတာ သမ္မတကြီးကို ပြောတာပါလား။
ဖြေ။ ။ ဟုတ်တယ်။ အဲဒါ သမ္မတရဲ့ ကိုယ်ပိုင်အယူအဆပဲ။ လွှတ်တော်က ဖြေရှင်းလိုက်တဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး။ ကျွန်တော်တို့ သမ္မတရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တယ်။ သမ္မတက တရုတ်နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး ခိုင်မြဲနေမှုကို ဖြတ်တောက်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်။
မေး။ ။ ဒါဆိုရင် မြစ်ဆုံဆည်စီမံကိန်းက ဆက်လုပ်ဖြစ်မယ်လို့ လူကြီးမင်း ထင်ပါသလား…။
ဖြေ။ ။ ဆက်လုပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က နိုင်ငံအတွက် စဉ်းစားရမှာ။ ကျွန်တော်တို့ လျှပ်စစ်စွမ်းအားတွေလိုတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုက အချိန်အကြာကြီး ဖြစ်နေခဲ့တယ်။ ဒါလည်း နိုင်ငံရေးကိစ္စတစ်ရပ်ပဲ…။ တရုတ်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးကို တချို့အနောက်နိုင်ငံကြီးတွေက ဖြတ်ပစ်ချင်နေကြတယ်လို့ ခင်ဗျားမတွေးမိဘူးလား…။
မေး။ ။ ဒါပေမယ့် မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး NGO အဖွဲ့တွေ မီဒီယာတွေနဲ့ မြန်မာလူမျိုးအတော်များများက တရုတ်ကုမ္ပဏီတွေဟာ ပြည်တွင်းက သယံဇာတတွေကို အရမ်းထုတ်ယူနေကြတယ်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းအောင်လုပ်နေကြတယ်ဆိုပြီး စောဒကတွေတက်နေကြတာ တွေ့ရတယ်။ လူကြီးမင်းရော တရုတ်ကို မုန်းနေသလား။
ဖြေ။ ။ ဘာလို့ မုန်းရမှာလဲ။ တရုတ်လူမျိုးတွေနဲ့ ကျွန်တော်တို့က မိတ်ရင်းဆွေရင်းတွေပဲ။ ကျွန်တော်တို့ ဒုက္ခတွေ ကြုံနေတုန်းက တရုတ်တွေကပဲ ကျွန်တော်တို့ကို ကူညီခဲ့တာ အထင်အရှား တွေ့နိုင်တယ်…။

ကျွန်တော် တစ်ခါက ပို့စ်တစ်ပုဒ်ထဲမှာ ရေးခဲ့ဘူးပါတယ်။
လူတစ်ယောက်ရဲ့ အင်တာဗျူးကို ဖတ်ကြည့်လိုက်တာနဲ့ အဗျူးခံပုဂ္ဂိုလ်ရဲ့ အရည်အချင်းကို ကောင်းကောင်းကြီး အကဲဖြတ်လို့ ရနိုင်တယ်ဆိုတာလေးလေ..။
ဒီအင်တာဗျူးက အဖြေစကားလေးတွေက ဦးအောင်သိန်းလင်းမှာ နိုင်ငံရေးဝမ်းစာဘယ်လောက်ရှိနေသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှားကြီး ဖေါ်ပြနိုင်ခဲ့ပါတယ်ဗျာ..။
ဆိုတော့ …။
ဒီအင်တာဗျူးကိုဖတ်မိတဲ့ ကျွန်တော့် အမြင်လေး ပြောဖို့လိုလာခဲ့ပြီပေါ့ ကျောင်းဒကာရယ်…။
ကျွန်တော့်အမြင်အရဆိုရင်ဦးအောင်သိန်းလင်းဟာနောက်ကြောင်းပြန်လှည့်နေစရာမလိုတော့တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်…။
ဟုတ်ပါတယ်။ အစကတည်းက သမ္မတကြီးဦးသိန်းစိန် ရဲ့ နိုင်ငံရေးအရွေ့မှာ ပါမလာခဲ့ဘဲ ရောက်တဲ့နေရာမှာ ရပ်တန့်ပြီး ကျန်နေခဲ့သူတစ်ယောက်ဖြစ်လို့ပါ ခင်ဗျာ.
လွမ်းလို့ကျန်ရစ်ခဲ့မှာကို အားနာပါတယ် ဦးအောင်သိန်းလင်းရေ…။

:mrgreen:
++++++++++++++++++++++++++++++++++++

ဒီတစ်ခါတော့ မတင်တာကြာနေပြီ ဖြစ်တဲ့ ဓါတ်ပုံလေးတွေ တင်ခွင့်ပြုပါ ကျောင်းဒကာ…။
၂၀၁၂ သင်္ကြန်လက်ကျန် ဓါတ်ပုံလေးတွေပါ…။

ပုံ ၁။
ပုံ ၂။ သင်္ကြန်ရေကစားနေတဲ့ ကိုရင်လေးတွေရဲ့ အပြုံး…။
ပုံ ၃။ ပုဂံနေဝင်ချိန် ဗရမ်းဗတာ ရိုက်ချက်တစ်ခု…။
ပုံ ၄။ ပုဂံနေဝင်ချိန် …။
ပုံ ၅။ တောင်စွယ်နေကွယ်ချိန်…။
ပုံ ၆။ အုတ်ပုံအုတ်တံတိုင်းဘေးက နေဝင်ချိန်ကို စောင့်နေရင်း ရိုက်ခဲ့တာပါ။
ပုံ ၇။ ပုဂံ ပန်းချီ…။
ပုံ ၈။ ပုဂံ ပန်းချီ ၂…။

90 comments

  • စိန်ဗိုက်ဗိုက်

    July 24, 2012 at 12:29 pm

    200 မြောက် ပို ့စ်မှာ ထိပ်ဆုံးက လက်မထောင်ပြီး နေရာဦးမဟေ့..
    ကျေနပ်လဲ နေ..မကျေနပ်လဲ နေ….တတ်နိုင်ဘူး
    နောက်မှ ပျံလာခဲ့မယ်..
    ကျလိ..ကျလိ.

    • စိန်ဗိုက်ဗိုက်

      July 25, 2012 at 3:54 pm

      အူးလေးကျောင်းဒဂါရေ့
      ချိုပေါ့ကျလေးနဲ ့အေးရာအေးကြောင်း ဇိမ်ယူလို ့ရအောင် စေတနာနဲ ့ အပင်ပန်းခံ ဖျော်ဖြေတင်ဆက်ပေးတာ
      ကျေးဇူးပါဗျား..
      သိတဲ့အတိုင်း ကျော်တို ့ကလဲ ဆိုက်ကားသမားဆိုတော့ကာ ချွေးသံရွှဲရွှဲနဲ ့ အားတဲ့အချိန်လေး(မန်နေကြာ လစ်တဲ့အချိန်လေး) မှာ ဝင်ဖတ်ရတာဆိုတော့ အသေးမစိတ်နိုင်ဘူးဖြစ်နေတာခွလွတ်ပါဗျား..

      ♦ ယောနသံ ဇင်ယော် ဆိုပါကလား…
      မိတ်ဆွေဂျီးကို ခင်လို ့တစ်ခုသတိပေးမယ်…ဆိတ်မစိုးနဲ ့
      ဒေါင်းရုပ်အောက်မှာ ရေးနေရတဲ့ဘွမှာ ဒေါင်းကလွဲပြီး ယောနသံဇင်ယော်တွေ အီးဂဲတွေ စီးဂဲတွေ သိပ်အမွှန်းမတင်မိပါစေနဲ ့၊ သဂျီးအားကီး ဆိတ်ဆိုးတယ်ပြောတယ်။
      မိတ်ဆွေ အဗာတက ငှက် ကိုလည်း ဒေါင်းငှက်နဲ ့ အစားထိုး ပြန်ပြောင်းလိုက်ပါလေ…။

      ♦ နံရံကို လက်သီးနဲ ့ထိုးမိတယ်.
      ဆိုတဲ့ ကိစ္စနဲ ့ ပတ်သတ်လို ့ ဆရာ စိုင်းခမ်းလိတ်ပြောသလိုပါပဲ..ဘာကိုဘာနဲ ့မှ မတုန် ့ပြန်ပဲ နံရံကိုသာ လက်သီးနဲ ့ ထိုးလို ့ ဖြေသိမ့်နေတာ အကောင်းဆုံးဖြစ်လေမလား….ကျိုးစားသလောက် အထိုက်လျောက်ခံစားခွင့်အောင် အားစိုက်မလား ဆိုတာ စဉ်းစားစရာပါပဲ..
      တစ်ဂယ်တော့ ကျော်လဲ မသိပါဘူး..
      ကျော် သိတာကတော့ တစ်ခုခုဖီးလ်ဖြစ်တိုင်း ဘီအီး ငါးဆယ်ဘိုး သွားကစ်လိုက်တာပါပဲဗျာ.။

      ♦ လိုချင်တာ မိဖုရား ညားတော့ ဘုရင်မ ဆိုတာတော့ ကြားဖူးဘူးဂျ အဟင်း..ဟင်း..ဟင်း..

      ♦ သိန်းငှက်ပျိုတို ့ရဲ့ ဘဝအစ ဆိုလို ့….
      အင်း..မော်ဒန်တော့ နားမလည်ပါဘူး..နားလည်သလောက်ဖောရရင် ကျော်သာ ငှက်တစ်ကောင်ဖြစ်ရင်
      အတောင်ကားပြီး ခုန်ချပလိုက်ချင်တယ်ဗျာ..
      ဒါမှ ဘီအီးဆိပ် တက်နေတဲ့ အသည်းနှလုံးဟာ ရုတ်ချည်း ဗြုန်းဆို ပြောင်းလဲသစ်လွင်သွားမလား မျှော်လင့်ချက်နဲ ့ပါ..
      ညှင်း.ညှင်း….ညှင်း…ဂိန်..ဂိန်..ဂိန်… 😀

      ♦ အဆီယစ်နေသူများ..
      အင်း..အဲတာဖတ်ပြီး ကဗျာဆရာ ဗားတော့ဗရက်ကို လေးစားသွားပြီဗျာ..ကြိုမြင်တတ်ပါပေ့..

      ♦ အချိန်ပြည့် မီးရလို ့ဝမ်းသာ ဆိုပါကလား..
      အဟင်းအဟင်း…
      ပြောဒါဘဲ..
      လေတိုက်လဲ ပျက်..မိုးဖွားကျလဲ ပျက်..မိုးမရွာလဲ ရေမရှိလို ့ဖျက်..ဟုတ်မှလဲ လုပ်ပါတော်. 

      ♦ ရုပ်ရှင်ရုံမှာ အလေးပြုတာနဲ ့ပတ်သတ်လို ့ အူးလေးပေးတဲ့လင့်ခ် ကိုချိုကြီး ပို ့စ်မှာသဂျီး ကွန်းမန် ့ပေးထားတာလေး သဘောကျပါတယ်…

      တခြားနိုင်ငံနဲ့စစ်တိုက်နေတဲ့ကာလ မဟုတ်ရင်.. အလံကိုရုပ်ရှင်ရုံထဲ.. လွှင့်ဖို့မလိုဖူးထင်ပါတယ်..။
      အရင်မဆလခေတ်က.. ရုပ်ရှင်ရုံတွေက.. အစိုးရပိုင်တော့.. သူ့စံနစ်သူ့ခေတ်အရ.. ရုပ်ရှင်ရုံကြီးပေး..ရုပ်ရှင်ကားတွေပြခွင့်ပေးတဲ့..နိုင်ငံတော်ကြီးအပေါ်…ကျေးဇူးတင်တဲ့အနေနဲ့.. အလေးပြုဖို့..လိုကောင်း လိုပေမဲ့..
      ဒီခေတ်က.. ပုဂ္ဂလိကပိုင်.. ရုပ်ရှင်အစည်းအရုံး.. အစိုးရနဲ့သက်ဆိုင်တဲ့..ရုံတွေ.. အလံလွင့်-အလေးပြုခိုင်းဖို့မလိုဘူးထင်တာပဲ..။
      ဒါမျိုးလုပ်နေတာကို.. ထိုက်သင့်တဲ့..အငွေကြေးပေးဝင်လာတဲ့..အပန်းဖြေချင်သူစားသုံးသူ(ကတ်စတန်မာ)ကို.. by force အတင်းခိုင်းနေတာမျိုးလို့..မြင်မိတယ်..။
      ဒီလိုမလုပ်ချင်တာကို အတင်းလုပ်ခိုင်းခြင်းအားဖြင့်… နိုင်ငံတော်အပေါ်တောင်.. အကြည်ညိုပျက်စေတာပဲ..။
      ရုပ်ရှင်ရုံတွေမှာ..အလံလွှင့်-အလေးပြုတာ ရှိနေသေးရင်.. ဖျက်သိမ်းစေလိုပါတယ်လို ့

      ♦ ဆံပင်ဖြူတာနဲ ့ပတ်သတ်လို ့..
      အင်း..ကျော်တို ့ကတော့ အူးလေးထင်သလို မဖြူသေးပါဘူးဗျာ..
      မိန်းမက ခဏခဏ ဆွဲနုတ်ပြတာတောင် အဲတာဖြူတာမဟုတ်ဘူး ကြည်တာ ဆိုပြီး ဖင်ပိတ်ငြင်းနေတုန်းပါလို ့
      🙂

      ♦ ဘာ..အေးမြတ်သူက စက်ဆီပို ့စ် မရိုက်တော့ဘူး..ဟုတ်စ
      အမာခံပိတ်သတ် အူးချောမျက်နှာမှ မထောက်ကွာ 🙂 ဒီမယ်ဟေ့..ပရစ်သတ်ကို ကျေးဇူးကန်းရင် ဘဒေါ့မှ မကြီးပွားဘူးမှတ်..တောက်ခ်စ်ထ်..

      ♦ အူအတက်ပေါက်သတဲ့…
      ချမ်းမီမီကိုရေ. ဖြစ်နိုင်ရင်.အဲဒီအူကို ပါဆယ်ထုတ်ပြီး ကျောင်းဒဂါကို မြစ်တာ လက်ဆောင် ပေးလိုက်ပါကွယ်..
      ဘီအီးနဲ ့ မြည်းပါလိမ့်မယ်…
      (နေရာတဂါ ဦးအောင် အသားယူထားနှင့်တော့ တင်းလာဘီ.. 👿 )

      ♦ ဟိုအန်တီကြီး ဆက်စီ ဖြစ်ချက်ကတော့ ကျောက်ခမန်းလိလိပါပဲလားဗျာ..

      ♦ ဟုတ်လည်း ဟုတ်တာပဲ..၊ ဝတ်လစ်စားလစ် ကြည့်ချင်ရင် ရေချိုးခန်းထဲ ကိုယ့်ဘာသာ မှန်ထောင်ကြည့်ပေါ့

      ♦ ကို မင်းကိုနိုင်ရဲ့ နောက်ကြည့်မှန် ဝတ္ထု ရုပ်ရှင်ရိုက်မယ်ဆိုတော့ ကြည့်ချင်သေးပါဘိ..

      ♦ ထစ်ကနဲ လမ်းပေါ်ထွက်ခြင်း ကင်းကြပါစေ..
      လူအချင်းချင်း ဖမ်းဆီးခြင်း ကင်းကြပါစေပေါ့လေ…။

      ♦ ဦးအောင်သိန်းလင်းရဲ့ အင်တာဗျူးကတော့ ရေပန်းစားလို ့နေပါပကောဗျာ..
      ရက်ရက် စက်စက်ပဲ..ရက်ရက် စက်စက်ပဲ.. 🙂

      ♦ ပုံ နှစ်က ရေကစားနေတဲ့ ကိုရင်ထဲမှာ ပုံးကိုင်ထားတာ ကိုရင် စည်သူ ဖြစ်ပါတယ်ဗျား..
      ပုံ ၄။ ပုဂံနေဝင်ချိန် …။ ဆိုတာက အကွက်တွေထနေသဗျ..ဘာဖစ်တာလဲမသိဘူးနော်..
      ပုဂံ ပန်းချီကားတွေ အကုန်ကြိုက်..အကုန်မိုက်ပါကြောင်း..ပျောကျားရင်း အူးလေးရဲ့ ချိုပေါ့ကျကို
      ဘီအီးတစ်လုံးသောက်ရင်း အားပေးသွားပါကြာင်း..။

      • shwe kyi

        July 26, 2012 at 2:02 pm

        (သိန်းငှက်ပျိုတို ့ရဲ့ ဘဝအစ ဆိုလို ့….
        အင်း..မော်ဒန်တော့ နားမလည်ပါဘူး..နားလည်သလောက်ဖောရရင် ကျော်သာ ငှက်တစ်ကောင်ဖြစ်ရင်
        အတောင်ကားပြီး ခုန်ချပလိုက်ချင်တယ်ဗျာ..
        ဒါမှ ဘီအီးဆိပ် တက်နေတဲ့ အသည်းနှလုံးဟာ ရုတ်ချည်း ဗြုန်းဆို ပြောင်းလဲသစ်လွင်သွားမလား မျှော်လင့်ချက်နဲ ့ပါ..
        ညှင်း.ညှင်း….ညှင်း…ဂိန်..ဂိန်..ဂိန်… :D)

        ဩ ဒါကြောင့် အူးဗိုက်ကရန်ပုံငွေဘောလုံးပွဲမှာခုန်ချပစ်လိုက်တာကိုးးးးးးးး 🙂

  • ငပွကြီး

    July 24, 2012 at 1:02 pm

    ကောင်းလိုက်တဲ့ ချိုပေါ့ကျ မသောက်ရတာတောင် အတော်ကြာပြီကော….

  • Moe Z

    July 24, 2012 at 1:10 pm

    ဘဘ ဘလက်ရေ ဒုတိယမြောက်လက်မပါဗျို့
    မျှော်လိုက်ရတာ.. မျှော်ရကျိုးနပ်ပါတယ်
    ဘာမှမပွားတော့ပါဘူးနော် 😀

  • ကိုရင်စည်သူ

    July 24, 2012 at 1:11 pm

    ကိုဘလက်ရဲ့ ချိုပေါ့ကျ က ကျနော်တို့လို အဝေးမှာ လုပ်ကိုင်စားသောက်နေရတဲ့
    သူတွေအတွက် သတင်းစုံသိရတဲ့ အကျိုးပြု လက်ဖက်ရည်တစ်ခွက်ပါပဲဗျာ။
    ဖြစ်နိုင်ရင်တော့ လစဉ်ရေးပေးချင်တယ်ဗျာ။ အားလည်းပေးနေပါတယ်။
    ကိုရင့်ရဲ့ တတိယမြောက် ဖြတ်ခဲ့တဲ့ ရည်းစားလေး ချမ်းမီမီဂို အူအတက်ပေါက်တယ်
    ကြားတော့ စိတ်ပူနေတယ်လို့ ပြောပေးပါရားဟင်… 😳 😳
    ၂၀ဝ ပို့စ်မြောက်ကနေ ၂ ထောင်၊ ၂ သိန်း၊ ၂ သန်း များစွား ရေးနိုင် ဖြန့်ဝေနိုင်ပါစေ…

    လေးစားလျက်..
    ကိုရင်မိုးတိမ်စည်သူ

  • Shwe Tike Soe

    July 24, 2012 at 1:12 pm

    ကျွန်တော်လဲ ယောနသန် ဇင်ရော်ပါပဲ ကျောင်းဒကာရေ… အခုမှပဲ ယောနသန် ဇင်ရော်ဆိုတာ ဘာလဲ သိရတော့မယ်…
    အင်း ကျွန်တော်တို.လို လူငယ်တွေ ကို ကိုယ်သန်ရာသန်ရာ လုပ်ခွင့်ပေးတဲ့ အုပ်ထိန်းသူ မိဘ အသိုင်းအဝိုင်း လိုတယ်ပေါ့နော်……. လူငယ်တွေကို ယောနသန်ဇင်ရော် မဖြစ်စေချင်ဘူး ကျောင်းဒကာရေ….

    ကျွန်တော် မင်္ဂလာဆောင် ဖိတ်ရင် ဆာဦးဘလက် နှင့် ဇနီး ဆိုပြီး ရေးဖို. အခုထဲက စာရင်းတို.ထား မှတ်သားထားလိုက်ပါပီ တော်ကြာ ကျောင်းဒကာ စိတ်ဆိုးရင်ဖြင့် လက်ဖွဲ.မလာ မှာစိုးရသကိုး ဗျ… ဟဟဟဟ

    သိန်းငှက်ပျိုတို.ရဲ. ဘဝ အစ လေး သိပ်ခိုက်တယ်ဗျာ…. ဒီလိုပါပဲ ကျွန်တော်တို.ဘဝ တွေလဲ အရဲစွန်.ပြီး အပျံသင်ခဲ့ ရတာပါပဲ ကျောင်းဒကာရေ..

    ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော် အလံ အလေးပြုသင့် မပြုသင့် (newday)
    အဲဒီအကြောင်းလေး ကိုဖတ်ရတော့ ကျွန်တော် ဟိုနေ.က နေပြည်တော်မှာ ရုပ်ရှင်သွားကြည့်တယ်.. အဲဒီမှာ ကျွန်တော်ရှေ. ကလူတစ်ယောက် နိုင်ငံတော် သီချင်းနဲ. အလံ လာတော့ မတ်တပ်ထရပ်ကြတယ်… မရပ်တဲ့သူကလဲ မရပ်ကြဘူးပေါ့ဗျာ…ကျွန်တော်လဲ ထ ရပ်ပါတယ်… ကျွန်တော်ဘေးက ကျူရှင်လစ်ပီးလာကြည့်တဲ့ ချာတိတ် လေးတွေ ချာတိတ်မလေးတွေ ရပ်မလား မရပ်ဘူးလား ငြင်းနေကြလေရဲ…
    အဲဒီမှာ ကျောင်းဒကာရေ… ကျွန်တော်ရှေ.က ကိုယ်တော်ချောက ဘာလုပ်တယ်ထင်သလဲ… လားလားလား နိုင်ငံတော် သီချင်း အဆုံးထိ တစ်ရုံလုံး သူတစ်ယောက်ထဲ မတ်တပ်ရပ်နေတာဗျာ…….. အော် ကိုယ့်ကိုကိုယ့်တောင် တော်တော်လေးရှက်မိလိုက်တယ်…. ဒီလို မျိုးဖြစ်နေရမှာ…
    ဓာတ်ပုံလေးရိုက်ထားချင်ပေမယ့်… ပြသနာရှင်းနေရမှာစိုးလို. မရိုက်လိုက်ရဘူး……..
    ကျွန်တော် ထင်တာကတော့ ရုပ်ရှင်ရုံထဲရော ဘယ်နေရာမှာမဆို ကိုယ့်နိုင်ငံ ကိုယ်စားပြု အလံကတော့ လေးစား တန်ဖိုးထားသင့်တယ် ထင်တာပါပဲ ကျောင်းဒကာရေ…
    ပြီးတော့ ရှိသေးတယ်… အစိုးရရုံးတွေ နဲ. Company တွေမှာ နိုင်ငံတော်အလံကို ညစ်ပတ်စုတ်ပြတ် နေတဲ့အထိ မလဲပဲ ထားတာလေးလဲ သတိထားဖို.ကောင်းတယ်…. တချို ရုံးတွေက အလံတွေဆို ဆေးရောင်မှိန် ပါးလှပ် ပြီး ကြည့်လို.ကိုမကောင်းဘူး ကျောင်းဒကာရေ.
    အော် အေးမြတ်သူရယ် ၂၅ နှစ်ကျော်လေး ဖလန်းဖလန်းထလေ ဆိုတာ မသိရော့ သလားဟယ်… မရိုက်ချင်တော့ဘူးလို.ပဲ ပြောတာပါ မရိုက်တော့ဘူးလို. မပြောသေးဘူး ဘာမှစိတ်မပူနဲ. ကျောင်းဒကာရေ…ဟေဟေဟေ့
    ဖြစ်ရလေ ချမ်းမီမီကိုလေးရယ်…. အော် ဒါနဲ. ကျောင်းဒကာပြောတဲ့ ချမ်းမီမီကိုလေး သရုပ်ဆောင်ထားတဲ့ ဟိုကားမထွက်သေးဘူးလားဗျ….
    ပုဂံ ကို ကျောင်းပြီးတုန်းက သူငယ်ချင်းတွေနဲ. 2004 တုန်းကတည်းက အခုအထိကို မရောက်ဖြစ်တော့ဘူး ပုဂံဆိုတာ ကျွန်တော်တို.အတွက် ဂုဏ်ယူစရာ နေရာတစ်ခုပါ အခုတော့ မထိန်းသိမ်းတတ်ပဲ ထိန်းသိမ်းနေကြတော့ ရှေးမူတွေပျက်နေတယ်ကြားတယ် ကျောင်းဒကာရေ.

    ဒုတိယမြောက်လက်မကို အရပ်မမှီတမှီနဲ. ထောင်သွားပါတယ် ကျောင်းဒကာရေ.

  • Solid_Sn@ke

    July 24, 2012 at 1:28 pm

    အစက ၃ချောင်းပဲရှိတာ..
    နှိပ်လိုက်တုန်း …၅ချောင်း တောင်ဖြစ်နေလို့
    တပြိုင်တည်းနီးနီးဝင် နှိပ်သူရှိတာကြောင့်
    ၄ချောင်း မြောက်လား ၅ချောင်းမြောက်လား
    မကွဲပြားပါကြောင်း….

    ပြန်လာခဲ့ပါ့မယ်ဗျို့….

    :mrgreen:

  • surmi

    July 24, 2012 at 1:42 pm

    တကယ်ကိုလက်ဘက်ရည်သောက်ရင်းအားပေးသွားပါတယ်
    စာရိုက်မကောင်းလို ့ညမှပြန်မန် ့ဦးမယ်
    လက်မကတော ့ထောင်ပြီးသားဗျို ့

  • amatmin

    July 24, 2012 at 2:02 pm

    ဖတ်ရတာ အားပါးတရပါပဲ ..ကျောင်းဒကာရေ..
    အစွန့်ပစ်ခံ စင်ရော်ငှက်တစ်ကောင်ရဲ့ တစ်စိုက်မတ်မတ်သင်ယူခြင်း…
    အဲ့စာကြောင်းလေးကိုပဲ အလွတ်ကျက်သွားပါတယ်ဗျာ..။
    ကိုဘလက်ရဲ့ ဇင်ယော်ဖတ်ပီး အတွေးဝင်မိတာတွေတော့
    အများကြီးပဲမို့..နောက်မှပဲ တခေါက်ပြန်လာတော့မယ်ဗျာ.. 🙂
    လောလောဆယ်တော့ အရိုးအရင်းလေး လောက်ကိုက်မိဖို့ကို..
    ပြေးလွှားလိုက်အုန်းမယ်.. 🙂

    အရိုးအရင်းမက်နေတဲ့.
    ဇင်ယော်အမတ်မင်း 😛

    • amatmin

      July 24, 2012 at 2:09 pm

      လက်မလေးလည်း ထောင်ခဲ့ပါကြောင်းပြန်ပြောရင်း..
      ဘယ့်နှာဖြစ်လို့..အကုန် Strong ကုန်တယ်မသိ. 🙁

  • lynn lynn

    July 24, 2012 at 2:07 pm

    ဦးဘလက်ရေ အရမ်းကိုကောင်းတဲ့ ပို့စ်လေးပါ။ အရမ်းကြိုက်လို့ အမြဲစောင့်ဖတ်ဖြစ်ပါတယ်။ အရသာကတော့ တကယ့်ရှယ်ပဲ။ ကျေးဇူးပါ။

  • TTNU

    July 24, 2012 at 2:16 pm

    ကိုချောရေ…
    မတွေ့မိတာကြာပြီ။
    ရေးအားကောင်းလွန်းလို့ ငေးနေမိပါတယ်။
    တိတ်တိတ်လေးဖတ်နေတုန်းမို့ ဘာမှ မဝေဖန်နှိုင်သေးပေါ့။
    ပုံ(၇) (၈) ပုဂံပန်းချီနှစ်ချပ်နဲ့တင် ဘဝင်ကျနေပါပြီ။

    ကျေးဇူးပါ။
    😀

  • သူရဇော်

    July 24, 2012 at 2:16 pm

    လေးဘလက်ရေ အနော်သူရဇော် လေးဘလက်ရဲ့ ချိုပေါ့ကျလေးလာသောက်သွားပါတယ်….ယောနသံဇင်ယော်ဆိုတဲ့ စာအုပ်လေးက လူငယ်လူရွယ်တိုင်းဖတ်သင့်တဲ့စာအုပ်လေးပါ ကျောင်းဒကာ…… အတုယူစရာလေးတွေပြည့်နှက်နေပါတယ်…..“ဘယ့်နှယ့်ဗျ။ ကျွန်တော် တာဝန်မဲ့ ပြုတယ်တဲ့လား။ ကျွန်တော့် ညီများ အစ်ကိုများတို့…။ ဘဝရဲ့ အဓိပ္ပာယ်နဲ့ ဘဝရဲ့ ကိစ္စတွေကို တွေ့ရှိရပြီး လိုက်နာကျင့်သုံးတဲ့ စင်ရော်တစ်ကောင်တစ်လေထက် ဘယ်သူကပိုပြီး တာဝန်သိ ဖြစ်နိုင်ပါသေးသလဲ။ ကျွန်တော်တို့ဟာ နှစ်ပေါင်းတစ်ထောင်မျှ ငါးခေါင်းများနောက်ကိုချည်း တကောက်ကောက် လိုက်နေခဲ့ကြရာက အခုမှသာ ဘဝရဲ့ ယုတ္တိရှိမှုကို တွေ့လာရတာပါ။ သတ္တဝါဆိုတဲ့ ဘဝကို ရလာကြရတာဟာ သင်ယူဖို့၊ တွေ့ရှိဖို့၊ လွတ်ဖို့၊ ကျွတ်ဖို့ ပဲ ဆိုတာလေဗျ။ ကျွန်တော်ခုတွေ့ထားတာကို ပြပါရစေဦး။ ဒီတစ်ကြိမ်လောက်တော့ခွင့်ပြုပါ” ကျောင်းဒကာရေ လက်မပေါင်းများစွာထဲက တစ်ချောင်းက အနော်သူရဇော်ရဲ့ လက်မလေးပါတယ်ဆိုတာ ကျောင်းဒကာ မမေ့ပါနဲ့နော်ဗျာ……. ယောနသံဇင်ယော်ကဲ့သို့ နောက်ဆုံး သူ့ရဲ့ရည်းမှန်းချက်ပြည့်ဝသွားသလိုမျိုး လေးလေးလဲ လိုအင်ဆန္ဒတစ်လုံးတစ်ဝ ပြည့်ဝနိုင်စေပါကြောင်း ဆုတောင်းမေတ္တာပို့သလျှက်ပါ ကျောင်းဒကာ……

  • kyeemite

    July 24, 2012 at 2:17 pm

    ရဲဘော်ဘလက်ရေ..လက်မတစ်ချောင်း
    အရင်ထောင်သွားတယ်..ဗျို့..
    အချိန်မရလို့ အိမ်မှာဖတ်ဖို့ကူးသွားပါတယ်..
    ပီးမှမန့်ပါရစေ…
    လေးစားလျှက်…

  • thit min

    July 24, 2012 at 2:31 pm

    သင်၏ချိုပေါ့ကျ
    —————-
    ရင်ကိုပစ်ခွင်း
    ထုတ်ချင်းခတ်ဖောက်
    သဲတိုင်ရောက်သည်
    မျှားတစင်းမဟုတ်
    (သင့်ရဲ့ )
    စကားသတင်းတပုဒ်။

    ကန်ရေအေးအေး
    ဖွေးဖွေးညင်သာ
    လှိုင်းပမာလား
    ငြိမ့်ငြောင်းရင်ထဲ
    ဆည်းလည်း စီးဝင်
    (သင့်ရဲ့)
    သံစဉ် ဂီတချိုမြမြ။

    လူတို့စိတ်ဓာတ်
    သူ့ဂုဏ် သူဟပ်
    တန်ဖိုးဖြတ် ကြောင်း
    စေတနာကောင်းနဲ့
    (သင့်ရဲ့)
    ကြေငြာမောင်း။

    လူ့သားခွင့်အရေး
    စာနာပေးတတ်
    မြတ်စိတ်ဓာတ်နှင့်
    လူသားအကျိုး
    စဉ်းစားပိုးကာ
    တွေးကြပါဟု
    အားပြုစေတနာ
    သင့်ရဲ့
    စာ။

    ဒီသတင်း
    ဒီသီချင်း
    ဒီလိုမောင်း
    ဒီလိုအကြောင်း
    အကောင်းအဆိုးဝေဖန်
    အကြောင်းအကျိုးဖွေရန်ညွန်ပြ
    ချိုပေါ့ကျကိုသင့်ဖျော်
    (ကိုယ့်လူရေ)
    အလောတော်ဘဲဗျို့။

    ~~~~~(^^)~~~~~
    မိတ်ဆွေကြီး ကိုဘလက်ရေ
    ကျနော်ခင်ဗျားရဲ့ ပို့စ်လေးကိုနှစ်နှစ်သက်သက်ကြီး ဖတ်မိပြီး ကဗျာလေးတပုဒ်လက်ဆောင်ပေးပါတယ်ဗျို့။

    ငယ်ငယ်ကကျနော်လဲ ကိုင်ဇာရဲ့ နေဆီပြန်မဲ့ငှက်ကိုအလွန်သဘောကျသူပါ။
    ပြီးတော့အဲဒီ ယောနသံဇင်ရော်ကိုရှာကြည့်တော့ စာဖတ်ဝါသနာပါသူအဖိုးရဲ့ စာအုပ်စင်ကနေ ဘောက်ချာစာ
    အုပ်လို (တဘက်လှန်ဘဲရတဲ့) ခပ်သေးသေးရှည်မြောမြော စာအုပ်လေးတွေ့မိပါတယ်။
    ဆရာကြီး ဘသန်း (ဓမ္မိက)ဘာသာပြန်ခဲ့တဲ့ ယောနသံစင်ရော် စာအုပ်လေးပါဘဲ။

    ပုံမှန်တွေ့နေကြ စာအုပ်မျိုးမဟုတ်လို့ စိတ်ထဲ ထူးထူးဆန်းဆန်း ဖြစ်ပြီး တထိုင်ထည်းဖတ်ဖြစ်ပါတယ်။
    (အဲဒီစာအုပ်က ပထမဆုံးအကြိမ်ပုံနှိပ်တဲ့စာအုပ်လို့ထင်ပါတယ်၊)
    အဲဒီ စာအုပ်လဲဖတ်ပြီး (တကယ်ပါ) ကျနော့အခန်းပြူတင်းပေါက်ကို ဇင်ရော်တကောင် တနေ့ရောက်လာမ
    လားလို့ စိတ်ကူးပြီး စောင့်နေမိတဲ့ အထိပါဘဲ။

    ဆိုတော့ဗျာ……..
    လူတယောက်မှာရှိသင့်တဲ့
    ဇွဲ၊
    အားမာန်၊
    သတိ္တ္တ္တ၊
    ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှု၊
    အမှီအခိုထက်ကိုယ့်အားကိုယ်ကိုးမှု၊
    ဆိုတဲ့ ပုံမှန်ရှိကိုရှိသင့်တဲ့စိတ်ဓာတ်ခွန်အားတွေ “ရ” လာတဲ့ အပြင်…

    အရေးအကြီးဆုံးလမ်းညွန်မှု တခုအဖြစ်
    သာမန်အနေအထား (စားဝတ်နေရေးဖူလုံရုံ)ထက်ပိုတဲ့ ဦးတည်မှုတခု
    “ဖောက်ထွက် စဉ်းစား ရောက်အောင်သွားဖို့”
    ဆိုတာ လူတိုင်းလုပ်သင့်တဲ့
    လုပ်ထိုက်တဲ့ (ဒီထက်ပိုရရင်) လုပ်ကိုလုပ်ရမဲ့ လူသားတာဝန်ရယ်လို့
    အသိတရား ပေးလိုက်တဲ့ ဒီစာအုပ်ဟာ ကျနော်ရဲ့ ဆရာတဆူလို့ဘဲ ဆိုပါရစေတော့။

    တက်ကျမ်းတွေလို တည့်တည့်ကြီး “ဒါလုပ်လို့” မရေးထားပါဘဲ လူ့စိတ်ကိုအားမာန်ပြည့်
    ဝစေတဲ့ ဒီစာအုပ်လေးရဲ့ လှပတဲ့စကား ကောက်နှုတ်ချက်တချို့ကို ကျနော်ကလဲ တင်ပြပါရစေခင်ဗျာ။
    ~~~~~~~~(^^)~~~~~~~~

    ‘ အမြင့်ဆုံး ပျံတဲ့ စင်ရော်ဟာ အဝေးဆုံးမြင်သတဲ့ ‘ ။
    သမားရိုးကျဖြစ်စဉ်တွေကိုမှ
    သူကထိုးခွင်းပိုင်းခြားဖောက်ထွက်
    ပင်လယ်ထက်မှာ ပျံသန်းခြင်းရဲရင့် အုပ်စုထဲမှာ
    စိတ်ဓာတ်အမြင့်မားဆုံး
    ပျံသန်းရာမှာလည်း အမြင့်မားဆုံး၊ အမြန်ဆုံး။
    အမှန်တရားကို မသိခင်တော့
    အုပ်စုက ကျဉ်ဖယ်ခြင်းခံရ သူ့ဘဝက အားလုံးကိုဆန့်ကျင်
    (ဒါပေမဲ့……) အမှန်မြင်ချိန်မှာတော့ သူဟာစွမ်းအားရှင်။
    မုန်းတီးခြင်းနဲ့
    မကောင်းမှုကိုရွံရှာတတ်ရင်း မေတ္တာကိုခင်းထားတဲ့ သူ့လမ်း ထက်မြက်တဲ့စွမ်းအား
    အုပ်စုထဲကတောင် ခွဲထွက်လာတဲ့တပည့်ခံသူများ
    သူ့အမွေတွေခံစားဖို့ထားရစ် ပြီးတော့ ခြေရာသစ်တွေဆီ သူ့ခရီးဖြစ်ခဲ့ပြီ။

    ~~~~~~~~~~(^^)~~~~~~~~~~~~~
    အောက်ကတော့ ကျနော့ရဲ့ ကဗျာလေးပါ။
    ခုချက်ခြင်းခံစားမိတာကိုရေးဖွဲ့လိုက်တာပါ။
    —————-
    ‘ အို-ယောနသံစင်ရော် ‘
    အသံမရှိသောစကားတို့နှင့်ဆုံးမပေးခဲ့သော
    သင်ဟာ ကျွန်နှုပ်ရဲ့ဆရာတယောက်ပါ။
    ရှာနိုင်လေ တွေ့နိုင်လေဖြစ်တဲ့ ဘဝရဲ့ လမ်းသစ်တွေဆီ
    သင်လမ်းညွန်ပြသ ပေးနိုင်တဲ့ စွမ်းရည်နဲ့လဲပြည့်ဝပါပေတယ်။
    အမှန်တရားကိုမြင်နိုင် အောင်၊ အမှားကိုပြင်တတ်အောင်
    ဆုံးဖြတ်တတ်တဲ့ နှလုံးသားတစုံကို သင်ထည့်ပေးပြန်ပါတယ်။
    အခက်အခဲကိုဥပေက္ခာပြုလို့ ရည်ရွယ်ရာကိုရောက်အောင်သွားဖို့
    သင်ရဲ့သင်ပြမှုကြောင့် လဲကျသွားတဲ့အခါ ကျွန်နှုပ်ပြန်ထလို့ ရပါပြီ။
    လူ့လောကရဲ့ တဒင်ဂ ပျော်စရာတွေကြားမှာ မွေ့လျှော်
    ပုံမှန်ရှင်သန် သေဆုံးခြင်းထက် ပိုတဲ့ ဘဝတခုကိုသင်ပြုဘို့ တိုက်တွန်းတတ်ပါပေရဲ့။
    အို ဇင်ရော်ရယ်…………
    သင်ဟာ
    ထာဝရလွတ်လပ်စွာ လူတိုင်းရဲ့ရင်ထဲမှာ ပျံဝဲနေအုန်းမှာပါ။
    ——-
    ဒါနဲ့
    စာဖတ်သူရေ
    သင့်ရင်ထဲမှာရော ယောနသံဇင်ရော်တကောင် ပျံဝဲ နေပြီလား ဟင်?????
    ~~~~~~~~~(^^)~~~~~~~~~~~
    ဖတ်ကြည့်ချင်သူတွေအတွက် လင့်ခ်လေး ပေးလိုက်ပါတယ်။
    http://shweone.files.wordpress.com/2008/07/jonathan-livingstone-seagull.pdf
    ~~~~~~~~~~(^^)~~~~~~~~~~
    အားလုံးသော
    ဂေဇက်မိသားစုများနှင့်
    ပို့စ်ပိုင်ရှင် ကိုဘလက်ချော
    စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုရာပြည့်ဝ
    ရွှင်လန်းကြပါစေလို့
    …………………..
    ခင်မင်လေးစားလျှက်
    သစ်မင်း(^^)

  • shwe kyi

    July 24, 2012 at 2:54 pm

    အားပါးတရဖတ်သွားပါတယ်ဦးဘလက်ရေ။ ကောင်းလိုက်တဲ့ ချိုပေါ့ကျ။
    တကယ်တော့သမီးကပေါ့စိမ့်ပဲကြိုက်တာ။ 😀
    အဆီယစ်နေသူများကဗျာကတော့ အကြိုက်ဆုံးနဲ့အကောင်းဆုံးလို့ပြောပါရစေ။
    ယောနသံဇင်ယော်ကိုဖတ်ဖူးတယ်ဦးဘလက်ရဲ့မနည်မှီအောင်လိုက်ရတဲ့စာအုပ်ပါပဲ။
    ထပ်ကာထပ်ကာဖတ်မိခဲ့တယ်။ သမာရိုးကျဘဝထဲကဖောက်ထွက်ခဲ့တဲ့ယောနသံလေး။
    ဇွဲကောင်းကောင်းနဲ့ကိုဖောက်ထွက်ခဲ့သူ။ လှောင်ပြောင်မှုတွေကိုဥပေက္ခာပြုကြိုးစားခဲ့သူ။
    အားမာန်တခုတော့ရခဲ့တာအမှန်ပါ။ သူ့လောက်တော့ဇွဲကမကောင်း။
    သုတရသ အစုံနဲ့ 200 မြောက်ပို့စ်ကို သေချာစွာဖတ်ရှုပြီးသကာလ လက်မတစ်ချောင်းသေချာထောင်ခဲ့ပါကြောင်း။

  • etone

    July 24, 2012 at 4:51 pm

    ချိုပေါ့ကျ မသောက်ဖြစ်တာတောင် ကြာပြီ လေးဘလက်ကြီးရေ … ။
    စာတပုဒ်ဖတ်လိုက်တာနဲ့ … အကြောင်းရာ အတော်များများကို သိစေနိုင်တာကြောင့် ……. မလွတ်တမ်းရွေးဖတ်ခဲ့တဲ့ပို့စ်မျိုးပေါ့ ။အချိန်ယူပြီး စေတနာထားရေးပြတာ ကျေးဇူးတင်ပါတယ် … ။

  • ကြောင်ဝတုတ်

    July 24, 2012 at 5:24 pm

    ချိုပေါ့ကျတို့ရဲ့ထုံးစံအတိုင်း လက်ဘက်ရည်ချိန်မှာကွက်တိဖတ်လိုက်ရလို့ ကျေးဇူးအထူးပါလေးဘလက်ရေ…

    ယောနသံဇင်ယော်ဆိုတော့စာအုပ်ကိုမဖတ်ဘူးပေမယ့် ကျောင်းဒကာကြီးရဲ့ စာမြည်းလေးကိုဖတ်ရင်း တွေးမိတာက…
    တစ်ခါတစ်ရံမှာ လမ်းဟောင်းကြီးတွေကနေ ဖောက်ထွက်မယ့်လူတွေကအနစ်နာခံရတယ်… ဝိုင်းပယ်ခံရတယ်… အဲဒီဒဏ်တွေကို ကြံကြံခံပြီး မိမိယုံကြည်ရာကိုကြိုးစားရင်တော့ တစ်နေ့ပန်းတိုင်ရောက်လိမ့်မယ်ပေါ့ဗျာ…
    ဒါပေသည့် ပိုပြီးသဘောကျမိသည်က… ပန်းတိုင်ရောက်ပြီးမှ ကိုယ့်လိုပဲကြိုးစားချင်စိတ်ရှိသူတွေကို တွဲခေါ်ယူလမ်းပြချင်တဲ့စိတ်ကို ဖြင့်လေးစားလို့မဆုံးပါဘူး… ကျွန်တော့်ရင်ထဲက ရိုးရှင်းသောမြတ်ဗုဒ္ဓသည်လဲ ထိုကဲ့သို့သောစိတ်ဓာတ်ရှိသူလူသားတစ်ဦးအနေဖြင့် လေးစားတန်ဖိုးထားမိသူဖြစ်သောကြောင့် ယောနသံဇင်ယော်၏အနှစ်သာရကို ခံစားရပါသည်… ကျွန်တော်ပြောဖူးသောစကားတစ်ခွန်းရှိပါသည်… လစ်ဘရယ်ဆိုတာအသဲမာရတယ်လို့… တကယ်တော့ လစ်ဘရယ်တင်မကပါဘူးဗျာ… လမ်းဟောင်းကဖောက်ထွက်တဲ့လူတိုင်းက ဒဏ်ရာကိုယ်စီရမှာမို့ အသဲမာရပါလိမ့်မယ်…
    ဘာသာပြန်ပေးသော… မျှဝေပေးသော… သူတို့အားလဲ ဤနေရာမှကျေးဇူးဥပကယတင်ရှိကြောင်း…
    အမြင့်ပျံကြောင်ဝတုတ်
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    နောက်တစ်ခုက ရှမ်းပြည်ဖွားတေးရေးတေးဆိုများပေါ့…
    ဗိုလ်ထီးနဲ့အတွဲညီခဲ့တဲ့ ဆရာစိုင်းခမ်းလိတ်ရဲ့ နံရံကိုလက်သီးနဲ့ထိုးမိတယ်ဆိုတဲ့သီချင်းနောက်ခံအကြောင်းလေးကိုကြားလိုက် ရတော့မှ ငယ်ငယ်တုန်းကစဉ်းစားမိတာလေးတစ်ခုကို သတိထားမိတယ်…
    အသက်(၂၀)လောက်ကပေါ့… အခုပန်းချီပန်းပုကျောင်းမှာ ပန်းချီပြပွဲတစ်ခုရှိလို့ သွားအကြည့်…
    ကိုယ့်ဟာကိုယ်ဂရုမစိုက်တတ်တဲ့ပန်းချီဆရာ လွတ်လပ်မှုအရသာကို အစွန်းဆုံးခံစားတဲ့အနုပညာသမားစစ်စစ်တွေကို
    တွေ့လိုက်ရတော့ ကျွန်တော်စဉ်းစားမိတယ်… ချမ်းသာတဲ့အနုပညာသမားမဖြစ်နိုင်ဘူးလား…
    အခုလို အနုပညာသမားတွေရဲ့ အခက်အခဲတွေကို မြင်တွေ့ရတော့ ကိုယ်ချင်းလဲစာမိပါတယ်…
    အသက်(၁၆)ဝန်းကျင်လောက်က အနုပညာသမားအဖြစ်ခံယူဖို့ဆန္ဒရှိပေမယ့် ဆင်းရဲတဲ့အနုပညာသမားမဖြစ်လိုလို့ အဲဒီဝါသနာကိုစွန့်လွှတ်ပြီး ဝါးတီးမှန်တဲ့ဘဝကိုရွေးခဲ့တယ်ပေါ့ဗျာ…
    တကယ်ဆိုရင် ကျွန်တော်ကရှေ့ရေးစိတ်ပူစရာမလိုတဲ့ အနုပညာသမားတွေဖြစ်စေချင်တာပါ…
    အဲဒီလိုဖြစ်ဖို့အတွက်က ကျွန်တော်တို့နိုင်ငံ Copy Right တို့ ဘာတို့လုပ်ရဦးမယ်…
    အနုပညာသမားတွေအနေနဲ့ သူတို့အနုပညာကိုချပြနိုင်ဖို့ ကုန်ကျစရိတ်သက်သာတဲ့နေရာတွေပိုလိုလာတယ်….
    အော်… ပြင်ဆင်စရာရှိသောနိုင်ငံတော်ကြီးပါတကား….
    xxxxxxxxxxxxxxxxxxxxxxxxxxxx

    ဗာတော့ဗရက်ရဲ့ကဗျာတွေကို သင်တန်းတစ်ခုမှာ ရင်းနီးခဲ့ဖူးပါတယ်…
    ဒါပေမယ့် သူ့ကိုနာဇီခေတ်က ဂျာမန်ကဗျာဆရာတစ်ယောက်အဖြစ်မသိခဲ့ရိုးအမှန်ပါ…
    သူရေးထားခဲ့တဲ့ အဆီယစ်နေသူများကဗျာကတော့ဖြင့် အာဏာရှင်စနစ်ရဲ့နောက်ကွယ်ချစားမှု၊ စည်းစိမ်ခံမှုတွေကို
    မီးမောင်းထိုးပြထားတဲ့ကဗျာတစ်ပုဒ်ပေါ့…
    ခံစားချက်ခြင်းတူလို့ ကျွန်တော်တို့နိုင်ငံတော်ကြီးအတွက်ရေးထားသလားတောင်မှတ်ရတယ်ဗျာ…
    xxxxxxxxxxxxxxxxxxxxxxxxxxxx

    လျှပ်စစ်မီးရလို့ ဝမ်းသာနေကြသူများကိုတော့ဖြင့် စကားလေးတစ်ခွန်းပြောချင်ပါတယ်ဗျာ…
    မိုးတွေရွာ… ဆည်တွေထဲမှာ ရေတွေပြည့်လို့မီးပေးနိုင်နေတာကို ဝမ်းသာနေကြတာလဲ ဝမ်းသာကြပေါ့ဗျာ…
    တကယ်တော့ နိုင်ငံမှာစက်ရုံတွေတည်ပြီး နိုင်ငံတကာအဆင့်မီထုတ်လုပ်မှုလုပ်နိုင်လောက်တဲ့ မီးပေးနိုင်မှုမဟုတ်သေးဘူးဆိုတာကို သတိချပ်စေချင်သေးသလို… မီးမလာလို့ လမ်းပေါ်ထွက်ဖယောင်းတိုင်ထွန်းပြီးဆန္ဒတွေဖော်ထုတ်လို့ အစိုးရက နိုင်ငံခြားကမီးစက်ကြီးတွေဝယ်ပြီး ဒီဇယ်တွေထည့်မီးပေးထားတာ နိုင်ငံတော်တိုးတက်လာတာမဟုတ်သလို…
    အစိုးရကလဲ နိုင်ငံသားတွေရဲ့ဆန္ဒကိုအလေးထားတာမဟုတ်ပါဘူး… ပါးစပ်ပိတ်အောင်မုန့်ဝယ်ကျွေးထားတာပါ…
    သေချာစဉ်းစားကြည့်ရင် နေ့ပြန်တိုးနဲ့ကျွန်တော်တို့ကို မီးပေးနေတာပါ… အဲဒီလျှပ်စစ်မီးတွေက နိုင်ငံတော်ကို အခုထက်ပိုပြီးမွဲသွားအောင်… အခုထက်ပိုပြီးဆင်းရဲအောင်လုပ်နိုင်တယ်ဆိုတာလေး သတိချပ်စေချင်ပါတယ်…

    ဆီမီးခွက်ဝန်ကြီး ကြောင်ဝတုတ်
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော်အလံကိုအလေးပြုရတဲ့ကိစ္စပေါ့ဗျာ…
    ကျွန်တော့အမြင်ပြောရရင်ဖြင့် ဘီယာဆိုင်နားမှာ ကားပေါ်လော်စပီကာတင်ပြီးတရားခွေဖွင့် တရားခွေစုံလာရောင်းနေတယ်လို့ ခံစားရပါတယ်…
    ကျွန်တော်တို့ နိုင်ငံမှာအချိန်ရယ်… နေရာရယ်… မသိကြတဲ့ကိစ္စတွေပေါ့…
    အပန်းဖြေချင်လို့ ရုပ်ရှင်ကြည့်ပါတယ်ဆိုမှ အလံတော်ကိုထပြီးအလေးပြုရဦးမတဲ့လား…
    နိုင်ငံတဝှမ်းလုံးမှာ ထောင်လိုက်တဲ့ဆိုင်းဘုတ်တွေ… တရားဥပဒေကိုလေးစားလိုက်နာပါတို့… အမိမြေကိုချစ်ပါ…
    စုံလို့စုံလို့…
    အဲဒီလိုလိုက်ထောင်နေတဲ့ဆိုင်းဘုတ်တွေရဲ့ဘတ်ဂျက်ကို တခြားနေရာမှာသုံးမယ်ဆိုရင် ပိုပြီးအကျိုးဖြစ်ထွန်းတဲ့ငွေကြေးဖြစ်လာမှာပါ…
    တကယ်တော့ တိုင်းပြည်ချစ်စိတ်ဆိုတာ အတင်းလုပ်ယူလို့မရပါဘူး… ချစ်စရာကောင်းသောတိုင်းပြည်ဖြစ်အောင်
    အစိုးရက လုပ်ရမှာဖြစ်သလို ပြည်သူပြည်သားတွေအနေကလဲ တိုင်းပြည်ကိုအနဲနဲ့အများတော့ တန်ဖိုးထားရမှာဖြစ်ပါတယ်ဗျာ…

    ပြည်ချစ်ကြောင်ဝတုတ်
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    ပုရိသယောင်္ကျားပေမို့ Sexy ဖြစ်တဲ့အကြောင်းလေးနဲနဲပြောချင်သေးသဗျ…
    Sexy ဖြစ်တယ်ဆိုတဲ့နေရာမှာ ကော့ကားပြမှ Sexy ဖြစ်တာမဟုတ်ဘူးဆိုတဲ့အကြောင်းလေးပြောချင်သေးတယ်…
    Aerosmith ရဲ့ Crazy ဆိုတဲ့ MTV ထဲမှာ Alicia Sliverstone ရဲ့ပုံစံလေးကို ပြန်တွေးကြည့်စမ်းပါလေ…
    Highway လမ်းမကြီးပေါ်ကခုန်ချပြီး အပေါ်ကချော့မော့ပြောနေတဲ့ရဲအရာရှိကို လက်ခလယ်လေးတစ်ချောင်းထောင်ပြသွားပုံများ…
    ရှပ်အကျီ င်္အကွက်လေးနဲ့ Jean အရှည်လေးဝတ်ထားတဲ့ Slicerstone ရဲ့ Sexy ပေါ့ဗျာ…
    တကယ်တော့ ဖော်ချွတ်မှ Sexy ဖြစ်တာမဟုတ်ဘူးဆိုတာကို ကျွန်တော်ပြောချင်တာပါ…
    တကယ်တော့ Sexy ဆိုတာ ညှို့အားပြင်းတဲ့ဆွဲဆောင်မှုလို့ ခေါင်းစဉ်တပ်ချင်ပါတယ်…
    ဦးဘလက်ကြိုက်တဲ့ ကက်သရင်းဇီတာဂျုံးကို ဇောရိုးမှာတော်တော်လေးသဘောကျသလို… သူ့ခင်ပွန်းက ကျွန်တော်အရမ်းခိုက်တဲ့ မင်းသားကြီးမိုက်ကယ်ဒေါက်ကလပ်ဖြစ်နေလို့လဲပိုလို့သတိထားမိတာပါ… အော်… သူတောင် (၄၀)ကျော်သွားပြီကိုး…
    အလီဆီယာစလေးဗားစတုံးလေးတောင် (၃၅)နှစ်ကျော်သွားပြီဆိုတော့… အသက်တွေ…အသက်တွေ…

    အဲဒီတော့ Sexy ဖြစ်တာနဲ့ပတ်သက်ပြီး ခင်သန်းနုရေကူးဝတ်စုံဝတ်ပြတာမျိုး… ဒေါ်အေးအေးသင်းကို ဇာတ်ကားရိုက်ခွင့်အပိတ်ခံရတာမျိုးတွေကို စဉ်းစားကြည့်ရင် တစ်ခုခုတော့လွဲနေပြီ…
    ကျောင်းဒကာကြီးပြောသလို… မိန်းခလေးတစ်ယောက်က သူ့အလှကိုဖော်ထုတ်ပြသတာနဲ့ နိုင်ငံချစ်စိတ်ရှိလို့ နိုင်ငံရေးလုပ်တာ ဘာလို့များ ပိတ်ပင်စရာရှိသလဲဗျာ…
    ထားပါတော့… မိန်းမဗီလိန်လုပ်တဲ့မင်းသမီး… မိန်းမနောက်ပိုးဇတ်လမ်းကိုရိုက်ကြမယ်ဆိုပါတော့…
    မိန်းခလေးတစ်ယောက်က ကိုယ်ကြိုက်တဲ့ယောင်္ကျားလေးတစ်ယာက်ကိုဘယ်လိုမြှူဆွယ်ကြမလဲ…
    လစ်ဘရယ်ဆန်ဆန်ပေါ့ဗျာ… ယောင်္ကျားလေးတွေတောင် ကိုယ်ချစ်တဲ့လူကိုဖွင့်ပြောခွင့်ရှိရင် မိန်းခလေးတစ်ယောက်က ကိုယ်မြတ်နိုးတွယ်တာရတဲ့လူကို ဖွင့်ပြောခွင့်မရှိဘူးဆိုတဲ့ကိစ္စကတော့ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ပြောမယ်ဗျာ…
    အဲဒီလိုပဲ… ရုပ်ရှင်ဆိုတာ တကယ့်အဖြစ်အပျက်မဟုတ်တဲ့ဇာတ်လမ်းကို တကယ်ထင်အောင်ရိုက်ရမယ်ဆိုပါတော့
    မြှူဆွယ်တဲ့မိန်းခလေးက ချစ်စရာအမူအယာနဲ့ မြှူဆွယ်မယ်… ဒါမှမဟုတ်ရင် ခန္ဓာကိုယ်နဲ့မြှူဆွယ်မယ်…
    အဲဒီတော့ သရုပ်ဆောင်ကိုယ်တိုက်ကလဲ ပရိတ်သတ်ကိုမြှူဆွယ်နိုင်မှ ဇာတ်ရုပ်ပီပြင်တယ်လို့ဆိုမပေါ့…
    Reader ဆိုတဲ့ရုပ်ရှင်လေးထဲမှာ ဂျာမန်အမျိုးသမီးတစ်ဦးက စာမတတ်ပေမယ့်စာပေကိုမြတ်နိုးလို့ ဆယ်ကျော်သက်အရွယ်ယောင်္ကျားလေးတစ်ဦးကို ခန္ဓာကိုယ်ပေးမြှူဆွယ်ပြီး စာဖတ်ပြခိုင်းတဲ့ဇာတ်လမ်းလေးမှာ…
    ကိတ်ဝင်းစလက်ကြီးမြှူဆွယ်ပြတာ… ပြန်ကြည့်လိုက်စမ်းပါဗျာ… အဲဒီလိုမှ မမြှူဆွယ်ရင် ဘယ်လိုမြှူဆွယ်ရမလဲပေါ့…
    ရုပ်ရှင်လောကကြီး တကယ်ဖွံ့ဖြိုးချင်ရင် ပျက်ဆီးဖို့ပြောတာမဟုတ်ပါဘူး… တကယ်အလုပ်ကို Professional ကြကြလုပ်ရပါ့မယ်…
    xxxxxxxxxxxxxxxxxxxxxxxxxxxxx

    ကျွန်တော် ဆရာမောင်ဒီရဲ့ကဗျာမှန်းမသိခင်ကတည်းက ကိုတိုးကြီးဆိုလို့ အဲဒီသီချင်းကိုကြားဖူးပါတယ်…
    တော်တော်လေးလဲခိုက်ပါတယ်…
    အဖြေကတော့ ဝေဟင်မှာဘုရင်ဆိုတဲ့ သိန်းငှက်တောင်မပျံတတ်ခင် အခက်အခဲအကြီးကြီးတွေကြုံရသေးတယ်ဆိုတာပါပဲဗျာ…
    ကိုရဲလွင်ကြီးရဲ့ ပန်းပျိုးလက်ဆိုတဲ့အခွေကို နားထောင်တော့ ကိုရဲလွင်ကြီးရဲ့အသံနဲ့ ကိုရဲလွင်ကြီးရဲ့သီချင်းတွေကို အခုထက်အထိ ကြိုက်နေတုန်းပါ… ကျွန်တော်က မဇ္ဈိမလှိုင်းရဲ့ပရိတ်သတ်တစ်ဦးပေါ့…
    xxxxxxxxxxxxxxxxxxxxxxxxxxxxx

    ကိုမင်းကိုနိုင်ရဲ့ ဝတ္တုလေးကိုမျှော်လင့်သလို ကျောင်းဒကာကြီးဆုတောင်းသလို လူအချင်းချင်းဖမ်းဆီးခြင်း၊ ကင်းဝေးပါစေပေါ့ဗျာ…
    လူတွေကို အတင်းဖမ်းဆီးပြီးကိုယ်လုပ်ချင်ရာလုပ်တတ်တဲ့အကျင့်လေးကိုဖျောက်ပြီး လူတွေကိုစိတ်ပါလာအောင် စည်းရုံးနိုင်တဲ့အရည်အချင်းမရှိသေးတာတော့ အခုအချိန်အထိအံ့ဩပါ့ဗျာ…
    xxxxxxxxxxxxxxxxxxxxxxxxxxx

    နောက်ဆုံးအနေနဲ့တော့ အခုတလော မြို့မေတ္တာခံယူနေသူကြီးနဲ့ဇာတ်သိမ်းပါ့မယ်…
    ဆရာအောင်သိန်းလင်းကြီးရေ… မျက်လုံးမကောင်းရင်လဲ မျက်မှန်လေးဘာလေးစစ်ပါ…
    နားမကောင်းရင်လဲ ဆေးခန်းလေးဘာလေးပြ…
    လှေနံဓားထစ်ဆိုတဲ့စကားပုံကလဲရှိသေးတယ်… အော်…ပြောမယ့်သာပြောရတယ်…
    အခုအချိန်မှာ ပြုပြင်ပြောင်းလဲရေးစကားများဆိုမိရင်… သာကူးဆိုပြီးပြောခံရနိုင်သေးသကိုး…
    ခက်တော့လဲခက်သားလားကျောင်းဒကာရယ်…
    အော်…မေ့နေလို့ စကားလေးတစ်ခွန်းတော့ပြောလိုက်ဦးမယ်နော်…
    ဆွေးမျိုးပေါက်ဖော်တရုတ်ကြီးက ကူညီသလိုလိုနဲ့ ရသမျှကောင်းပေ့ညွန့်ပေ့တွေဝယ်နေလို့… စီးပွားရေးပိတ်ဆို့ခံထားရတဲ့ နိုင်ငံတစ်နိုင်ငံရဲ့အစိုးရက ဒီလောက်အထိသက်ဆိုးရှည်နေရတာဗျ…
    မဟုတ်ရင် မြန်မာနိုင်ငံလဲ ဒီလောက်စုတ်ပြတ်မသွားသလို… အာဏာရှင်စနစ်လဲဒီလောက်အထိကြာမှာမဟုတ်ဘူး…
    အဲဒီအတွက် တရုတ်ကြီးကိုဘာမှကျေးဇူးတင်နေစရာမလိုဘူးလို့ပြောချင်သကိုး… အော်…ဒေါသတွေ…ဒေါသတွေ…
    xxxxxxxxxxxxxxxxxxxxxxxxxxx

    ဘာပဲဖြစ်ဖြစ်ပါကျောင်းဒကာကြီးရေ-
    ချိုပေါ့ကျက ဖတ်ရတာအားရပါးရရှိသလို… ကျောင်းဒကာကြီးအားထုတ်မှုကိုလဲ ကျေးဇူးအထူးပါ…
    တကယ်အားထုတ်ထားတဲ့ပိုစ့်တစ်ခုအပေါ်မှာ ပေါ့ပေါ့ပါးပါးကော်မန့်တစ်ခုမပေးချင်လို့…
    ပြန်လည်အားထုတ်ရတာတောင်အတော်လေးပင်ပန်းရင် အကြောင်းအရာကအစသေသေချာချာအားထုတ်ရေးထားတဲ့ပိုစ့်ပိုင်ရှင် ဆိုရင်ပိုပြီး ပင်ပန်းမယ်ဆိုတာ ကိုယ်ချင်းစာလျက်-

    ကြောင်ဝတုတ်

  • P chogyi

    July 24, 2012 at 5:26 pm

    မိုးအေးအေးနဲ့ ဖတ်ရရင်အိပ်ပျော်သွားမှာပဲ
    လက်ဘက်ရည်သောက်ထားလို့ အိပ်မပျော်တာ
    စာရေးတာမကောင်းလို့ပြောတာမဟုတ်ဘူးနော်
    ကျွန်တော်ကစာအရှည်ကြီးဖတ်ရရင် အိပ်ငိုက်တတ်လို့ပါ
    ဖတ်ရတာအရမ်းကောင်းပါတယ် ဗဟုသုတလည်းရပါတယ်
    တစ်ဝက်စီခွဲတင်ပေးရင်ကောင်းမှာ
    အခု တစ်ဝက်ပဲ ဖတ်ရသေးတယ်
    ပြီးမှ လာဆက်ဖတ်ဦးမယ်(ကျေးဇူး)

    • P chogyi

      July 25, 2012 at 9:12 am

      တော်တော်အချိန်ယူပြီး ဖတ်လိုက်ရတယ် နည်းနည်းတော့ဆွေးနွေးချင်ပါတယ်
      ၁။ လျှပ်စစ်မီးကိစနဲ့ပတ်သက်ပြီး မြဝတီရုပ်သံမှာ ဇူလိုင်လ ၂၃/၂၄ ရက်နေ့ ၂ ရက်ပြသွားတဲ့
      မီးပြတ်တဲ့ညလေးတစ်ညအကြောင်း ကြည့်လိုက်ရတယ်။ သူတို့နိုင်ငံတွေမှာ မီးပြတ်လို့မရ
      ဘူး ကျွန်တော်တို့ဆီမှာ မီးပြတ်တာအကျင့်ရနေလို့ သိပ်မထူးခြားဘူးပေါ့။
      ၂။ နိုင်ငံတော်အလံအလေးပြုဖို့ ကိစကတော့ ဝင်ပြီးအကြံမပေးရဲပါဘူး။
      ငယ်စဉ်က အေလာမြို့မှာကျွန်တော်မိဘတွေက စက်ရုံဆောက်လုပ်ရေးဝန်ထမ်းတွေဖြစ်လို့
      ဂျပန်နိုင်ငံသားပညာရှင်တွေနဲ့ လက်တွဲလုပ်ခဲ့ဖူးပါတယ်။ နံနက် ဝ၆၃ဝချိန်မှာရေဒီယိုက
      လွှင့်ပေးတဲ့ ဂျပန်နိုင်ငံတော်သီချင်းကို ဖမ်းယူပြီး ခေါင်းဆောင်အင်ဂျင်နီယာအပါအဝင်
      ဂျပန်နိုင်ငံသားအားလုံး အလေးပြုတာ တွေ့ဖူးပါတယ်။ ကျွန်တော်တို့ ဆီမှာလည်း နံနက်
      ဝ၇၀ဝ ချိန်မှာ နိုင်ငံတော်သီချင်းလွှင့်နေပါတယ်။
      ၃။ ဦးအောင်သိန်းလင်းနဲ့ပတ်သက်ပြီး မပြောလိုပါဘူး၊ အခြေခံဥပဒေနဲ့ပတ်သက်လို့ကတော့
      မြန်မာနိုင်ငံသူ/နိုင်ငံသားတွေအတွက် အမှန်တစ်ကယ်အကျိုးရှိမယ်ဆိုရင် ပြင်သင်တာပြင်
      ပြီး၊ ဖြူတ်သင့်တာဖြုတ်ဖို့ လိုမယ်လို့ထင်ပါတယ်။

  • htet way

    July 24, 2012 at 8:30 pm

    တကယ်ပြောရရင် ဆရာ ဘလက်က စာရေးတော်တာ ကျွန်တော် လိုက်မမှီပါဘူး
    နောက်တခု က စေတနာပါ စာဖတ်သူအပေါ် စေတနာတွေ ထားတာ ကို တွေ့ရပါတယ်
    ဂျာနယ်တွေ ကို တော်တော် စုံစုံ ဖတ်မှတ်ပြီး အား ထုတ်ထားတယ်။
    ဒီအပြင် တွေးစရာ ဒဿနကိုလည်းပေးလိုက်ပါသေးတယ်။
    ဝါသနာကြီးတဲ့ သီချင်းတွေကတော့ မပါမဖြစ်ပါ။ ဗဟုသုတလည်း ရပါတယ်
    ယောနသံ ဇင်ယောင်ဆိုတာ
    ဆရာကြီး ဘသန်း (ဓမ္မိက)ဘာသာပြန်ခဲ့တဲ့ ယောနသံစင်ရော်ကျွန်တော် မဖတ်ဖူးရကောင်းလား ဆိုပြီး
    ကျွန်တော့်ဆရာက ဆူလို့ ရှာဖတ်လိုက်ရတယ်။
    ကျေးဇူး ပါဆရာ။ ဒီလို စေတနာတွေ ကို ကျွန်တော်က လေးစားမိတာပါ။

  • MaMa

    July 24, 2012 at 8:44 pm

    ကျောင်းဒကာကြီးကတော့ ပိုစ့် ၂၀ဝမြောက်ကို အမှတ်တရဖြစ်အောင်ကို ရေးတင်ထားတာကိုးးးးးးးးးးး
    အမှတ်တရရဲ့ တကယ့်အမှတ်တရကတော့ ဆရာသစ်ကို ရအောင်ဆွဲခေါ်နိုင်လိုက်တာပါပဲ။ 🙂

    လက္ခဏာကြည့်ဖို့ကတော့ အကယ်ဒမီမင်းသမီးကြီး ဒေါ်အေးအေးသင်းဆီ ရောက်အောင်သွားဖို့မလိုတော့ဘူး။
    ရွာထဲမှာတင် အဆင့်မြင့် ဆရာကြီး ဆရာမကြီးတွေ ရှိတယ်။
    သိချင်ရင် မေးနော်။
    လက်တို့ပေးမယ်။ 😀

  • မဟာရာဇာ အံစာတုံး

    July 24, 2012 at 8:54 pm

    အားပါးတရ
    ဖတ်ရှုသွားပါတယ် ဦးဘလက်ကြီး ခင်ဗျာ ..
    ဦးဘလက်ကြီး ပြေးပြေးမြင်နေတယ်ဆိုတဲ့
    ဟိုအဒေါ်ဂျီးရဲ့ စကား ဟုတ်သားဟ လို့ပဲ တွေးမိပါရဲ့ဗျာ .. 😀

  • YE YINT HLAING

    July 24, 2012 at 9:14 pm

    အဆီယစ်နေသူများ

    ပြည်သူ့ချွေးနည်းစာ
    အခွန်ဘဏ္ဍာတော်ကို
    အလွဲသုံးစား လုပ်နေသူတွေက
    နည်းနည်းနဲ့ ရောင့်ရဲကြပါလို့
    ဆုံးမနေပါလားဟေ့။

    ဗိုက်အပြည့်
    စားသောက်နေရတဲ့လူတွေက
    လူငတ်တွေကို
    အနစ်နာခံကြစမ်းပါတဲ့။

    တိုင်းပြည်ကြီးကို
    ချောက်ထဲ ဆွဲခေါ်ချမယ့်လူတွေက
    တိုင်းပြည်ကြီး သာယာဝပြောမယ့်အချိန်
    နီးလာပြီတဲ့လေ။

    တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ
    သာမန်ပြည်သူပြည်သားတွေ
    နားလည်ဖို့
    အင်မတန် ခက်ပါတယ် ဆိုပါလားဟေ့ ။ ။
    အကြိုက်ဆုံး မို့ ပြန်ကူးတင်ပြီး မန့်လိုက်ပါတယ် ။ အပြင်မှာ ပေါ့စိမ့် ပဲ သောက်ပေမဲ့ ရွာထဲ ရောက်ရင်တော့ မကြာခဏ ချိုပေါ့ကျ သောက်ပါတယ် ။ ဦးဘလက် တိုက်လို့လေ ။

  • အရီးခင်လတ်

    July 24, 2012 at 9:18 pm

    ကဘချော
    အလုပ် အရမ်းများ နေ မှာ လို့ ကျွန်မ တွေးနေပါတယ်။
    အဝင်မှာ တန်းမြင် လိုက် ရတဲ့ ခေါင်းစဉ် လေး အတွက် “ရေးးးး” လို့ အော်လိုက်ပါတယ်။
    မသောက်ရတာ ကြာ တဲ့ ချိုပေါ့ကျ လေး ကို အရသာရှိစွာ အတွေးများစွာ နဲ့ အားပေးသွားပါတယ်။
    ထုံးစံ အတိုင်း လက်ရာကောင်း လေး ကို ကျွန်မတို့ ဖျော်ပေးလို့ ကျေးဇူးပါရှင်။
    မနက်ဖြန်လောက် ပြန်လာနိုင်မယ် ထင်ပါရဲ့။
    ကိုသစ် ကို ပြန်တွေ့ လိုက်ရတာလဲ မင်္ဂလာ တစ်ပါးပါဘဲ။

    ပုံ၈ က ပန်းချီလေးလိုဘဲ။ အကြိုက်ဆုံးပါ။ 🙂

  • ဖိုးထောင်

    July 24, 2012 at 9:38 pm

    ဗဟုသုတမျိုးစုံ ရသမျိုးစုံကိုပေးစွမ်းနိုင်တဲ့ ချိုပေါ့ကျလေးတစ်ခွက်ကို အားရပါးရသောက်သွားပါတယ်လို့

  • padonmar

    July 24, 2012 at 10:41 pm

    ဘလက်ဆရာရေ 200 ပြီးရင် 201,202,203 တွေလည်း ဖတ်ချင်သေးတယ်နော်။
    ……..
    ယောနသန်ဇင်ရော် စာအုပ်ဟောင်းလေးကို ကျမ ဆယ်တန်းဖြေပြီးအားလပ်နေချိန် စာဂျပိုးဦးလေးကြီးရဲ့ စာအုပ်ပုံမွှေနှောက်ခွင့်ရချိန်က ပထမဆုံးဖတ်မိပါတယ်။မှန်တာပြောရရင် နားမလည်ခဲ့ဘူး။
    ပုံပြင်လေးတစ်ခုဖတ်ကောင်းသလိုဖတ်ခဲ့ပါတယ်။
    အသက် ၃ဝ လောက်မှာ ပြန်လည်ထုတ်ဝေခွင့်ရတဲ့ စာအုပ်လေးတွေ့တော့ ဝမ်းသာအားရဝယ်ပြီးပြန်အဖတ်မှာ သူ့ အရသာစ ခံစားလို့ရလာပါတယ်။
    အသက် ၄ဝ ကျော် ဗုဒ္ဓတရားတွေ စ လေ့လာမိချိန် ပြန်ဖတ်တော့ ကိုဘလက်ပြောသလိုဘဲ တရားတော်တွေနဲ့ သွားဟပ်မိနေတာ သတိထားမိခဲ့ပါတယ်။
    ……….
    PDF file လိုချင် အဘနီဆီတောင်းဆိုတော့ ဘယ်လိုတောင်းရမလဲ စဉ်းစားတုံး ကိုသစ်က တစ်ခါတည်း ကွန်ချက်ပါပြပေးလိုက်တော့ save လုပ်လိုက်ပါပြီ။ကျေးဇူးပါ ကိုသစ်၊ကျေးဇူးပါ ကိုဘလက်။
    ………………
    ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ခဲ့တဲ့ အချိန်တွေတုံးကတော့ နိုင်ငံတော်အလံကို သီချင်းဆုံးတဲ့ အထိ ရပ်ပြီး အလေးပြုမြဲပါ။ဒါပေမယ့် ရုပ်ရှင်ပြချိန် နိုင်ငံတော်အလံ နဲ့သီချင်း ထည့်သင့်မသင့် ဆိုရင်တော့ မထည့်တဲ့ဘက်က နေပါမယ်။
    အလေးပြုစေချင်ရင် စက်ရုံအလုပ်ရုံတွေ ကျောင်းတွေမှာ အလုပ်တက်ချိန် ကျောင်းတက်ချိန်တိုင်း မှန်မှန် အလေးပြုခိုင်းသင့်ပါတယ်။အဲဒီမှာ အလေးမပြုရင် ဒဏ်ရိုက်ပေါ့။
    ……………..
    ပုံ ရ နဲ့ ပုံ ၈ နီးနီးလေးကို ဘာတွေကွာလို့ ကွာသွားတယ်ဆိုတာလေး ပညာယူချင်ပါတယ်။
    ရေကစားတဲ့ ကိုရင်လေးတွေနဲ့ အတူ ပျော်သွားပါတယ်။

    • pooch

      July 25, 2012 at 10:24 am

      ဒေါ်ဒေါ်ရေ ယောနသံဇင်ယော် ဆိုတဲ့ စာအုပ်ကို ကျမ တခေါက်ဖတ်ပြီးပြီ ။
      မှန်ရာကို ဝန်ခံရရင် ခုထိ အလုံးစုံ နားမလည်နိုင်သေးပါဘူး။ ခပ်ရေးရေးလေး သိသလိုလို မသိသလိုလိုပဲ ရှိပါသေးတယ်။ ဒါပေမဲ့ လက်မလျှော့သေးဘူး။ ကျမ နားလည်နိုင်တဲ့ အချိန်ထိ စောင့်ဖတ်မယ်လို့ စိတ်ကူးနဲ့ သိမ်းထားခဲ့ပါတယ်။

      ကိုဘလက် ချိုပေါ့ကျ ပြန်လာလို့ ဝမ်းသာပါကြောင်း။
      ပုံ ၆ လို ဗျူးမျိုး ကျမလည်း ရိုက်ခဲ့ဖူးတယ်။

  • aye.kk

    July 24, 2012 at 10:57 pm

    “ကိုဘလက်သို ့”…
    သူ ့မေတ္တာ..
    သူ ့စေတနာ…
    သူ ့အတွေး…
    သူ ့မြင်…
    သူ ့ရင်ထဲ…
    သူ ့စိတ်ကိုနှစ်…
    သူရေးဖြစ်တဲ့စာ…
    ဂေဇက်ရဲ ့စာချစ်သူတွေအတွက်ပေါ့…
    အားပါတဲ့ချိုပေါ့ကျ…(ဗဟုသုတများ)
    သောက်ရသူကမေ့နိုင်ပါ့ဦးမလားလေ။။

  • padonmar

    July 24, 2012 at 10:58 pm

    သမ္မတကြီးက သတင်းထောက်ကို ပြန်လှန်မေးခွန်းလေးတွေ မေးလိုက်တယ်ဆိုတာ ကျမတော့ သဘောတွေ ကျမိပါရဲ့။
    သူ့လက်ရည်လည်း မဆိုးဘူးနော။
    ဘာလိုလိုနဲ့ ကျမလည်း သမ္မတကြီး fan ထဲပါလာပြီ။

  • ဦးဦးပါလေရာ

    July 25, 2012 at 12:15 am

    အပုဒ် ၂၀ဝ မြောက်တဲ့လား ကျောင်းဒကာ ရေ-
    လဘက်ရည်တင်မက အနံ့အရသာစုံစုံနဲ့ စားသောက်ဖွယ်ရာတွေပါ တဝကြီးကျွေးလိုက်တာပါလား…

    ကျောင်းဒကာရဲ့ အပုဒ်၂၀ဝမြောက်ကို မှတ်မှတ်ရရဖြစ်စေမှာတခုကတော့ ကိုသစ်မင်း ရွာထဲပြန်ဝင်လာတာပါပဲ…။

    ယောနသံဇင်ယော်ကတော့ ကျုပ်ငယ်စဉ်က အသဲအမဲကြိုက်ခဲ့ရတဲ့ စာအုပ်ပေါ့…
    ဘသန်း(ဓမ္မိက)ဘာသာပြန်တဲ့အဲဒီစာအုပ်ထဲမှာ အခြားအတွေးအခေါ်ဝတ္ထုတိုလေး သုံးပုဒ်လဲ ပါသေးတယ်။
    ကျုပ်ရဲ့စာအုပ်ပုံတွေထဲမှာ အခုထိ ရှိနေဦးမယ်ထင်ပါရဲ့…။

    နိုင်ငံတော်အလံနဲ့စပ်လို့ တခွန်းလောက်တော့ ဝင်ထောက်ချင်ပါသေးတယ်..။
    ရုပ်ရှင်ရုံဆိုတာ နိုင်ငံတော်အလံကို အလေးပြုရမယ့်နေရာလို့ ကျုပ် မထင်မိပါဘူးဗျာ …။
    နိုင်ငံတော်အလံနဲ့ ဖျော်ဖြေရေးနေရာနဲ့လဲ ဆီလျှော်တယ်လို့ မထင်မိပါဘူး…။
    သို့သော်…
    ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်
    နိုင်ငံတော်အလံကြီး တဖျပ်ဖျပ်နဲ့ပေါ်လာမှတော့
    ဒီအတိုင်းကြီးတော့ ထိုင်ကြည့်မနေတတ်တာအမှန်..။
    ငယ်ငယ်ကတော့ သတိဆွဲ၊ ရင်ကိုဖွင့်၊ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အလေးပြုပါတယ်။
    အခုတော့ လက်နှစ်ဘက်ကို ရှေ့မှာ ဆုပ်ပြီး မတ်တပ်ရပ် အရိုအသေပေးပါတယ်…။
    သီချင်းဆုံးခါနီးတော့မှသာ လူတွေကြားထဲ ကိုယ်တယောက်ထဲ ကြောင်တက်တက်ဖြစ်နေတာကိုသတိပြုမိပြီး
    ကွန်မြူနစ်တွေဆီက ခိုးချထားတဲ့ ဒီ(အလံပြတဲ့)ထုံးစံကြီးကို စိတ်ထဲက ကျိန်ဆဲရတာပေါ့…။

  • surmi

    July 25, 2012 at 1:41 am

    အခုမှပြန်လာရတာဗျို ့။
    ကိုဘလက်ပို ့စ်က သံစုံတီးဝိုင်း ကြီးလိုအရသာစုံလွန်းလို. တထိုင်ထဲနဲ.အားလုံးမန် ့ဖို.မလွယ်ဘူး ။
    ကဲ .. သဘောထားတူပြီး အကြိုက်တူတာစပြောရရင်တော. ယောနသံဇင်ယော်ဘဲဗျို. ။
    အထက်တန်းကျောင်းသားဘဝက နောင်တော်တစ်ယောက်ရဲ.ဆီမှာ ဖတ်ခဲ.ဘူးတာပါ
    သူနဲ.တပြိုင်တည်းဖတ်ခဲ.ရတဲ.ဝတ္ထုကတော. မောင်ဆုရှင် ဘာသာပြန်တဲ. ” ပင်လယ်ပြာနဲ.တံငါအို”ပါဘဲ
    နှစ်ခုလုံးက စိတ်ဓတ်ခွန်အားကိုပေးစွမ်းနိုင်တယ်လေ …..။နောက်ပြီး ကျနော်ကြိုက်တဲ. ကျနော် ့ရင်ထဲ
    ကဇင်ယော်တစ်ကောင်ကတော့ ကိုခင်ဝမ်းသီဆိုခဲ.တဲ. “မုန်တိုင်းဇင်ယော်”ဆိုတဲ.သီချင်းပဲဗျ ။
    ငယ်စဉ်က လမ်းဘေးဂစ်တာဝိုင်းတွေမှာ မပါမဖြစ်ပေါ ့ ….။
    ဘာပဲဖြစ်ဖြစ် ယောနသံကို ပြန်ရှာဖတ်ပါဦးမယ် ……အရင်နဲ့တော. ခံစားမှု တူမှာမဟုတ်တော.ဘူး ။
    နောက်နေ ့မှ နောက်ထပ်အကြောင်းအရာလာမန့် ဦးမယ် …………။

  • YE YINT HLAING

    July 25, 2012 at 5:29 am

    ဦးဘလက် ရဲ့ ချိုပေါ့ကျ ထဲက အဆီယစ် နေသူများ ကဗျာလေး ကို ဖတ်ပီး အတွေးတွေ တစီတတန်းကြီး တွေးမိခဲ့တယ် ။ ကျွန်တော့ ရွာ ၊ ကျွန်တော့ မြို့လေး မှာ နေထိုင်နေကြတဲ့ လူတွေကိုလည်း သတိရ မိတယ် ။

    “ဗိုက်အပြည့်
    စားသောက်နေရတဲ့လူတွေက
    လူငတ်တွေကို
    အနစ်နာခံကြစမ်းပါတဲ့။”
    အဲဒီနေရာလေး က ထိတယ်ဗျာ ။ကျွန်တော့ရွာ ကျွန်တော့မြို့မှာ မိဘတွေ က အရွယ်မရောက် သေးတဲ့ ကိုယ့်ရင်သွေးငယ် လေးတွေကို အတူတူ နေရင်း ငတ်နေမဲ့အတူ ဆိုတဲ့ အတွေး အမြင်လေးနဲ့ ကိုယ့်မျက်ကွယ်ရာ တမြို့တရွာကို လွှတ်ပြီး လဘက်ရည်ဆိုင် ၊ ဘီယာဆိုင်၊ အရက် ဆိုင်တွေမှာ စားပွဲထိုးဖို့ ရင်နာနာ နဲ့ လွှတ်နေခဲ့ကြရတယ် ။ ခုထိလည်း လွှတ်နေကြရတုန်း ပါပဲ။ ပီးတော့ ဆယ်ကျော်သက် အရွယ် ၊ အပျိုဝင် အပျိုပေါက် အရွယ် လေးတွေကိုလည်း တမြို့တရွာ မှာ သူတပါးအိမ်မှာ သူတပါးမိသားစုဝင်တွေထဲမှာ အိမ်ဖော်လုပ်ဖို့ ၊ ပြီးတော့ ခုခေတ် ဘီယာဆိုင်တွေမှာ စားပွဲထိုးဖို့ ၊ သီချင်းဆိုဖို့ ၊ ကေတီဗီ လို မူးရူးသောက်စား လာတဲ့ လူမျိုးစုံ ဘေးမှာထိုင်ပေးဖို့ ၊ အနှိပ်ခန်း တွေမှာ အနှိပ်သမ လုပ်ဖို့ကို တချို့မိဘတွေ သိသိကြီးနဲ့လွှတ်နေကြရတယ် ။ ဘယ် မိဘ မဆို ကိုယ့်သား သမီး တွေကို ကိုယ့်မျက်စေ အောက်မှာပဲ ရှိချင်မြင်ချင် ပညာ သင်စေချင်ကြမှာပါ ။ မတတ်သာ ကြလွန်းလို့သာ ။ အဲဒီ ကျွန်တော့ မြို့မှာ လူဦးရေ ( ၃ ) သိန်းကျော် နေထိုင်ကြတယ် ။ အဲဒီ အထဲက ( ၈၅ ) ရာနှုန်းက အဆင်မပြေတဲ့သူတွေ၊ ( ၅ ) ရာနှုန်းလောက်က မိရိုးဖလာ လုပ်ငန်းနဲ့ ပြည့်စုံသူတွေ ၊ ကျန် ( ၁ဝ ) ရာနှုန်းက ခေတ်ပျက် သူဌေး ဖော်လံဖား တွေနဲ့ ခေတ်ပျက် ကို ဦးဆောင်နေတဲ့ သူတွေ ။ ဗိုက်အပြည့် စားသောက်နေရတဲ့သူတွေပေါ့ ။ အဲဒီလို လူမျိုး တွေက ကျွန်တော်တို့ မြို့ ရဲ့ ရှားရှားပါးပါး ဘီယာ ဆိုင်မျိုးမှာ ၊ သူတို့ရဲ့ ရုံးခန်းမှာ ၊ သူတို့ မိသားစု စကားဝိုင်း တွေမှာ စကားကြီး စကားကျယ် ပြောနေကြတဲ့ ပုံစံက ဒီကဗျာလေးထဲက အတိုင်းပဲ ။ နောက်တခါ ကြုံခဲ့ ဆုံခဲ့ရင် ကျွန်တော် ပြန်မေးလိုက်မယ် ။ ဘယ်လောက် အထိ ဆက်ပီး အနစ်နာ ခံရဦးမှာလဲလို့

    အရင်က အိမ်ထောင်ဦးစီး ဆိုတဲ့ အတိုင်း ဖခင် တယောက်ရဲ့ ဝင်ငွေ ဟာ အိမ်ထောင့်တာဝန် ကို ကျေပွန် အောင် ထမ်းနိုင်တယ် ။ ဒီနေ့ ခေတ်မှာတော့ မိခင် လည်း အငြိမ်မနေရ သား သမီးတွေလည်း အငြိမ်မနေရဘူး ။ လက်လှုပ် မှ ပါးစပ် လှုပ်ရတဲ့ ခေတ် ။ တက်ခေတ်မှာ ပညာ ၊ ဆုတ်ခေတ်မှာ ထမင်းစား ဖို့ ငွေ ကို အသည်း အသန် ရှာနေကြရတယ် ။ တကဲ့ကို စုတ်ပြတ်သတ် နေတဲ့ ခေတ် ။ စား၊ဝတ်၊နေ၊ရေး ဟာ ဘာနဲ့တူသလဲ ဆိုတော့ ကြိုးဝိုင်းနဲ့ တူတယ် ။ တမိသားစုလုံး တက်ထိုးရတဲ့ ကြိုးဝိုင်း ။ အနိုင်ရဖို့ထက် မိသားစုရှင်သန်ရပ်တည် ဖို့ဆိုတဲ့ ချန်ပီယံ ခါးပါတ် ကြီး ဆုံးရှုံး သွားမှာဆိုးလို့ ။ မျှော်လင့်ချက် မရှိ ၊ အနာဂါတ်မသိတဲ့ ကလေးငယ်တွေ လူငယ်တွေ ဒုနဲ့ဒေး ။

    အနည်းဆုံး ဆယ့်သုံးလေးနှစ် ပညာသင် ပီးတော့ကော အလုပ်အကိုင် အခွင့်အလမ်း တွေ ကောင်းကြလို့လား ? လွယ်ကူကြလို့လား ? ဘွဲ့လက်မှတ် တခုတည်းနဲ့ မပြီးသေးဘူး ။ တက်ရဦးမဲ့ သင်တန်းတွေ ။ အလုပ်ရပါပီ ။ လစာ တော့ ဘယ်လောက်ရလဲ မမေးနဲ့ ” ထမင်းစား ကျွန်ခံ ” ” အချိန်ကုန် ဖတ်ဖတ်မော ” ဒီလို နဲ့ အသက်ကြီးလာ တနေ့သေသွားရော ။ အဲဒါ ဘာကြောင့်လဲ ? အဖြေ ရှိတယ် ။ အဆီယစ် နေတဲ့လူတွေကြောင့် ၊ မျက်နှာ အဆီပြန် ပြီး ဗိုက်ရွှဲနေတဲ့ လူတွေကြောင့် ၊ ပြည်သူ့ ချွေးနည်းစာ အခွန်ဘဏ္ဍာတော်ကို အလွဲသုံးစား လုပ်နေသူတွေကြောင့် ၊ ခေတ်ပျက် သူဌေးတွေ နဲ့ နောက်လိုက် နောက်ပါတွေကြောင့် ၊ တိုင်းပြည်ကြီးကို ချောက်ထဲ ဆွဲခေါ်ချမယ့်လူတွေ ကြောင့် ။

  • Foreign Resident

    July 25, 2012 at 7:23 am

    ရုပ်ရှင်ရုံဆိုတာ နိုင်ငံတော်အလံကို အလေးပြုရမယ့်နေရာလို့ ကျုပ် မထင်မိပါဘူးဗျာ …။

  • ကြည်ဆောင်း

    July 25, 2012 at 11:28 am

    ဒီလို ရသာစုံ စားသောက်ပွဲ တစ်ပွဲဖြစ်လာဖို့ အပင်ပန်းခံ ချက်ပြုတ်ပြင်ဆင်ပေးရတဲ့ ကိုဘလက်ကို
    သက်သက်သာသာ အရသာရှိရှိလေး စားသောက်သွားရလို့ အထူးကျေးဇူးပါဘဲလို့ …..
    17 ခုမြောက်လက်မလေး နဲ့ သက်သေပြုသွားပါတယ် …

  • နေဝန်းနီ

    July 25, 2012 at 1:20 pm

    ကိုဘလက်ရေ့ …….. နောက်ကျဥွားတာခွင့်လွှတ်ဗျို့….။ အရင်နေ့က ရွာထဲလုံးဝ ဝင်လို့မရဘူးဗျ…။ ရွာပြင်ကနေပဲ ငေးကြည့်ပြီး ပြန်သွားရတယ်…။….ခင်ဗျားဆီ… ယောနသံဇင်ယော် PDF ပို့လိုက်သေးတယ်ရောက်လာသလား ဖွင့်ကြည့်လို့ရလား ပြန်ပြောပါဦး……..

  • နေဝန်းနီ

    July 25, 2012 at 2:38 pm

    ၁။ အနာဂတ်အတွက်ကဗျာ

    (၁)
    တကယ်တော့ ငါ့ခေတ်ဟာ အမှောင်ခေတ်ကြီးပါ
    ရိုးရိုးမှန်မှန်ပြောလို့ မဖြစ်ဖူး၊ မျက်မှောင်မကြုတ်တဲ့ခဲ့
    လူဟာ ခေတ်ရဲ့ဒုက္ခတွေကို မခံစားတတ်လို့ပဲ
    ရီမောနေတဲ့လူဟာလဲ ကြောက်စရာကောင်းတဲ့
    ခေတ်ရေစီးရဲ့ ဝါးမျိုမလိုတက်လာတဲ့ အသံကို
    မကြားသေးသူသာဘဲ ဖြစ်တယ်။

    ကွယ် … ၊ ဘယ်လိုခေတ်ဆိုးကြီးပါလိမ့်
    သစ်ပင်တွေရဲ့ သဘာဝအလှအကြောင်း
    စကားပြောတယ်ဆိုတာ
    လူ့လောကကြီးကို လျစ်လျူပြုရက်စက်ရာ
    ရောက်ပါတယ်။

    မတရားတဲ့အဖြစ်သနစ်တွေကို နှုတ်ပိတ်ရေငုံနေခြင်းလည်း
    ဖြစ်ပါတယ်။

    လမ်းကိုဖြတ်သွားတဲ့အခါ အေးအေးဆေးဆေး
    လမ်းလျှောက်သူဟာ
    ဒုက္ခရောက်နေတဲ့ မိတ်ဆွေတွေနဲ့ ကင်းကွာနေတဲ့သူပဲ
    ဖြစ်တယ်။

    ငါ့အနေနဲ့တော့ အလုပ်လက်ရှိ စားနိုင်သောက်နိုင်
    မှန်ပါတယ်
    သို့ပေမဲ့ဒါက ကံကောင်းလို့ကွ၊ ငါတကယ်ပြောတာ
    ငါကြားရသလောက်ဟာ ငါလုပ်တာနဲ့ တန်ကိုမတန်ဘူး။
    ကံအကြောင်းတရားပဲ (ကံဆိုးတဲ့ အလှည့်မှာတော့ ငါလည်းငတ်မှာပဲ)။

    ငါပညာရှိတဦး ဖြစ်ချင်ပါတယ်
    ကျမ်းဂန်ဟောင်းကြီးတွေက ပညာရှိခြင်းဟူသည်မှာ
    ဒီလိုဆိုတယ်
    ပင်ပင်ပန်းပန်း ဘယ်တော့မှမလုပ်နဲ့၊ ရှောင်နေ၊
    အေးအေးဆေးဆေးနေ
    ဘယ်သူ့ကိုမှ ကြောက်စရာ အကောင်ကြီးလို့
    ထည့်မတွေးနဲ့
    အကြမ်းဖက်မှု မပြုနဲ့
    သူကဆိုးပေမယ့်၊ မှားပေမယ့် ကိုယ်ကကောင်းတာ
    မှန်တာနဲ့ တုံ့ပြန်
    စိတ်အလိုဆန္ဒကို ချုပ်တည်းပါ၊ မေ့ထားစမ်းပါ
    ပညာအကြောင်းပဲ အာရုံစူးစိုက်ပါ
    ငါ ဒါတွေ တခုမှ မလုပ်နိုင်ဘူး
    တကယ်တော့ ငါဟာ အမှောင်ခေတ်ကြီးထဲမှာ
    နေရတာကိုး။ ။

    (၂)
    ကစဉ့်ကရဲ ခေတ်ပျက်ထဲမှာမြို့တော်ကြီးကို
    ငါရောက်လာတယ်
    လူတွေ အကုန်၊ အငတ်ငတ် အပြတ်ပြတ်
    ဖြစ်နေကြတယ်
    လူတွေ ဆူပူအုံကြွတော့ ငါ လူအုပ်ကြီးနဲ့
    ရောပါသွားတယ်
    ငါလဲ သူတို့နဲ့အတူ ဆူပူတော်လှန်တာပဲ
    ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာပေါ့ကွာ
    ငါတို့လုပ်နိုင်တာ ဒါပဲရှိတော့တာကိုး။

    ထမင်းစားလည်း ဘေးပတ်လည်မှာ အလောင်းတွေ
    ပြန့်ပြန့်ကြဲလို့
    အိပ်နေရင်လည်း အိပ်မက်ထဲမှာ သတ်တာဖြတ်တာတွေပဲ
    မြင်တယ်
    ချစ်သူနဲ့ချစ်တဲ့အခါလည်း ဥပေက္ခာစိတ်နဲ့ တဝက်ပဲ
    ချစ်နိုင်ခဲ့တယ်
    သဘာဝလောကကြီးတခုလုံးကို ငါ စိတ်တိုနေမိတယ်
    ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာပေါ့ကွာ
    ငါတို့လုပ်နိုင်တာ ဒါပဲ ရှိတော့တာကိုး။

    ငါတို့ခေတ်မှာ ဘယ်လမ်းကို ဆုံးအောင်လိုက်လိုက်
    နွံဗွက်အိုင်ကြီးတွေက ပိတ်ဆီးပြီး ရောက်လာသူကို
    မျိုပစ်နေတာပဲ
    စကားပြောရင်လည်း အသတ်ခံရမှာ ကြောက်နေရတယ်
    ငါ မဖြစ်စလောက်ပဲ လုပ်နိုင်တတ်နိုင်တယ်
    ဒါပေမယ့် ငါမရှိခဲ့ရင်
    ငါတို့ခေတ်အစိုးရဟာ ခုလောက် ပြုတ်အကျ မြန်မှာ
    မဟုတ်ဖူး
    ငါကတော့ ပြုတ်ကျစေမယ့် ရည်မှန်းချက်နဲ့
    လုပ်ခဲ့ပါတယ်
    ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာပေါ့ကွာ
    ငါတို့လုပ်နိုင်တာ ဒါပဲရှိတော့တာကိုး။

    လူဆိုတာ အားပျော့ပါတယ်
    ပန်းတိုင်က ဟိုး … အဝေးကြီးမှာ ရှိတယ်လေ
    မြင်သာပေမယ့် ငါတို့အဖို့ရောက်အောင်သွားဖို့
    ခက်လှပါတော့တယ်
    ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာပေါ့ကွာ
    ငါတို့လုပ်နိုင်တာ ဒါပဲရှိတော့တာကိုး။ ။

    (၃)
    မင်းတို့ကတော့ လွတ်ပြီလေ၊ ကျွတ်ပြီလေ
    ဒို့ကို ဖုံးလွှမ်းနှစ်မြှုပ်ခဲ့တဲ့
    ဥဒကတောဝါကနေပြီး မင်းတို့ လွတ်လာပြီပေါ့
    မင်းတွေးကြည့်လေ
    ဒို့ ပျော့ညံ့ မှားယွင်း ချို့တဲ့ အားနည်းတဲ့
    အကြောင်းရယ်
    အဲဒီလိုဖြစ်စေခဲ့တဲ့ မှောင်ကျနေတဲ့
    ဒို့ခေတ်ကြီး အကြောင်းရယ်
    မင်းပြောတဲ့အခါတိုင်း ဒို့ဟာ ဖိနပ်သစ်တွေ အလဲလဲ
    စီးဖို့ထက်
    တိုင်းပြည်အခြေအနေကို ပြောင်းလဲအောင်ပဲ
    အဖိနှိပ်ခံလူတန်းစားတွေ လွတ်မြောက်ရေးအတွက်
    ရုန်းကန်ရင်း စိတ်ပျက်လက်ပျက်နဲ့
    မတရားမှုတွေချည်းသာ တွေ့ရှိ အရှုံးပေးခဲ့ရတယ်
    ဆိုတာ မမေ့နဲ့လေ။

    ခါးသီးရွံ့မုန်းစရာတွေချည်း တွေ့ပြီး
    ဒို့ တနေ့ထက် တနေ့ ငိုပြီး
    မျက်မှောင်ကြုတ်နေခဲ့ရတယ်
    ဒို့ခေတ်ကို အသေးစိတ် သိနေမြင်နေရတာကိုး
    မတရားမှုကို ဒေါသဖြစ်လွန်းလို့မို့
    စကားပြောရင်တောင် ထန်ပြင်း မာကြော
    ရိုင်းစိုင်းနေတယ်
    အိုကွာ ဒို့ကိုယ်တိုင်ကတော့ အကြင်နာတရား
    မပွားနိုင်တော့ဘူးလေ
    အကြင်နာတရား အခြေခံတဲ့ လောကသစ်ကြီးကို
    တည်ဆောက်လိုတဲ့ ဆနကြတော့
    ဒို့ရင်ထဲမှာ အပြည့်အသိပ်ပါပဲ။

    ဒီတော့ မင်းတို့ခေတ်မှာမှ လူသားအချင်းချင်း
    ကြင်နာတရားထားလို့
    ဖြစ်နိုင်တယ်ဆိုတာ စဉ်းစားမိလေတိုင်း
    ဒို့ကို ထန်ပြင်းရိုင်းစိုင်းသူတွေလို့
    မပြောတော့ဘူး မယူဆတော့ဘူး မဟုတ်လားကွယ်။ ။

    ဗားတော့ဗရက်
    တင်မောင်အေးဘာသာပြန်တာပါ…။ 1970 ဇူလိုင်လမှာ တန်ဘိုးတစ်ကျပ်နဲ့ ထုတ်ခဲ့တယ်………..။

  • Phaung Phaung

    July 25, 2012 at 2:52 pm

    ဦးဖောရေ …အဓိကပြောချင်တာတော့ အောင်သိန်းလင်းရဲ့ အင်တာဗျူးကို ဖတ်ရင်း/ဖတ်ရင်း သတ်ချင်စိတ်ကို ပေါက်လာတယ်….။ တကယ့်ကို နွားပဲ…. ။ ပြောချင်ရာတွေလျှောက်ပြောနေတယ်….။
    ဖွတ်ဦးနှောက်လောက်တောင်အဆင့်မရှိဆိုတာ ပေါ်လွင်လိုက်တာ။
    -အေးမြတ်သူကလည်း ခုမှယဉ်ချင်နေပြန်ပြီ… နော်။
    – ဦးဖောလောက် ဂီတကိုမခံစားတတ်လို့လားမသိဘူး … ဖတ်ရတာပျင်းသွားတယ်
    – အဆီယစ်နေသူများကဗျာကတော့ လုံးဝဟက်ထိသွားတယ်… ကွက်တိပဲ
    – ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော်အလံကို အလေးမပြုပဲနေဖို့ စိတ်ကမသန့်ဘူး … ဒါကြောင့်လေးလေးစားစား အလေးပြုပါတယ်…။

  • kyeemite

    July 25, 2012 at 3:08 pm

    ဆရာကြီး ဘသန်း (ဓမ္မိက) ဘာသာပြန်သည့် ယောနသံစင်ရော် စာအုပ် ကို
    ငယ်ငယ်ကတဲကဖတ်ဖူးပါတယ်..ဖတ်တုံးကလည်း အလွန်ကြိုက်ခဲ့တဲ့စာအုပ်တစ်အုပ်ပါ..
    ဒါပေမဲ့ ဝန်ခံရရင် ယောနသံစင်ရော် ကိုအားကျခဲ့ပေမဲ့ သူ့လိုမလေ့ကျင့်ဖြစ်ခဲ့ပါဘူး..
    ကိုဘလက် ပြန်တူးဖေါ်မှ ပြန်သတိရသွားတယ်…ဒါပေမဲ့ အချိန်တွေကလွန်ခဲ့ပြီ..နှစ်တွေ
    မှ အများကြီး…နှောင်းခဲ့ပီပေါ့ဗျာ..
    ဆရာစိုင်းခမ်းလိပ်နဲ့…ဘိုထီး ကိုတော့ မပြောတော့နဲ့ ကျနော့ ဖေးဘရိတ် ဆရာကြီးတွေပေါ့..
    ဒီနေရာမှာကျနော် ပြောချင်တာက…ဟိုးတုံးကသီချင်းတွေမှာ..နောက်ကြောင်းရာဇဝင်ရှိတယ်.
    သီချင်းတစ်ပုဒ်နားထောင်လိုက်တာနဲ့..သံစဉ်လေးရဲ့ အရသာကိုခံစားရသလို အကြောင်းအရာ စာသားလေးကိုအာရုံ ပြုလိုက်ပြန်တော့..အင်မတန်လှပတဲ့ ဝတ္ထုတိုဇတ်လမ်းတစ်ပုဒ် ကိုပါ
    စိတ်ကူးထဲမှာ ရုပ်ရှင်ကြည့်နေရသလိုခံစါးရတယ်ဗျာ…ခုများနဲ့တော့ ကွာတယ်လို့သာ…..ပြောပါရစေ..
    နောက်ထပ် ကျနော်အရသာ အကြီးအကျယ်တွေ့ သွားတာကတော့….

    အဆီယစ်နေသူများ
    ပြည်သူ့ချွေးနည်းစာ
    အခွန်ဘဏ္ဍာတော်ကို
    အလွဲသုံးစား လုပ်နေသူတွေက
    နည်းနည်းနဲ့ ရောင့်ရဲကြပါလို့
    ဆုံးမနေပါလားဟေ့။
    ဗိုက်အပြည့်
    စားသောက်နေရတဲ့လူတွေက
    လူငတ်တွေကို
    အနစ်နာခံကြစမ်းပါတဲ့။
    တိုင်းပြည်ကြီးကို
    ချောက်ထဲ ဆွဲခေါ်ချမယ့်လူတွေက
    တိုင်းပြည်ကြီး သာယာဝပြောမယ့်အချိန်
    နီးလာပြီတဲ့လေ။
    တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ
    သာမန်ပြည်သူပြည်သားတွေ
    နားလည်ဖို့
    အင်မတန် ခက်ပါတယ် ဆိုပါလားဟေ့ ။ ။
    ဗားတော့ဗရက်

    ဂျာမန်ကဗျာဆရာကြီး ဗားတော့ဗရက်ရဲ့ ကဗျာကိုဖတ်ရတော့…ကျနော်တို့တိုင်းပြည်က
    အုပ်စိုးခဲ့ သူတွေနဲ့ ကွက်တိဗျာ…တကဲ့ဆရာကြီးပါလား…
    စကားလုံးကျစ်ကျစ်နဲ့ အကောင်းဆုံးရေးဖွဲ့နိုင်တဲ့ လိုက်မမီနိုင်တဲ့ ပါရမီကိုမြင်လိုက်ရပါရဲ့ဗျာ…
    နောက်တစ်ခုကတော့…(ရဲဘော်ဘလက်မြင်တတ်ရေးတတ်တာလည်း..လက်ဖျားခါမိပါရဲ့..)

    မီးလာတာက သတင်းလား…။ မီးမလာတာက သတင်းလား…။

    ဟား ဟား ဟား ဟား….(အဆက်မပြတ် တစ်နာရီလောက်ရီပါသည်။)
    ကျနော်တို့ ဗမာပြည်မှာတော့ …မီးလာတာသတင်း မီးလာလို့ပျော်ကြတာ သတင်း…
    မြို့တစ်မြို့ ရွာတစ်ရွာ မီးအလင်းရောင်ရနေပြီဆိုတာ…သူများနိုင်ငံတွေ..အင်္ဂါဂြ်ုလ်
    လူရောက်ပြီဆိုတာထက် ..အဆ အသိန်း အသန်းမက ထူးတဲ့ သတင်းထူးပါဗျာ…
    ကြုံလို့ပြောရအုံးမယ်..ဒီနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်က..ဆောင်းပါးတစ်ပုဒ်မှာ
    ရေးထားတာလေး..

    “လျှပ်စစ်မီးပျက်တယ်ဆိုတဲ့ ကိစ္စကလည်း..တောရွာမှာလုံးဝကိုမကြုံဖူးဘူး။အစတည်းကလျှပ်စစ်မီးဆိုတာ ဘာမှန်းတောင်သိမှမသိကြတဲ့ဥစ္စာ”

    ..တဲ့…ဖတ်ပြီး ရီရမလို ငိုရမလို ဖြစ်သွားတယ် ရဲဘော်ဘလက်ရေ…

    ရုပ်ရှင်မကြည့်ခင် နိုင်ငံတော်အလံကို အလေးပြုမှု အားနည်းနေကြတာနဲ့ ပတ်သက်ပြီး…
    ကျနော့အမြင်ကတော့…ရုပ်ရှင်ပြတဲ့ ကိစ္စမှာ နိုင်ငံတော်အလံ ကိုပြစရာကိုမလိုပါကြောင်း..
    နိုင်ငံတော်ကို ချစ် ချစ် မချစ်ချစ် …ရုပ်ရှင်ကြည့်တဲ့ကိစ္စနဲ့ မသက်ဆိုင်ပါကြောင်း….
    နိုင်ငံတော်ကိုလည်း အတင်းချစ်ခိုင်း၍ မရပါကြောင်း…နိုင်ငံတော်ကိုချစ်စေချင်လျှင်
    နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးနိုင်မဲ့ လူတွေ ခေါင်းဆောင်ဖြစ်ဖို့လိုပါကြောင်း…
    နောက်တစ်ခု လေးလေးနက်နက် မန့်ချင်တာလေးရှိသေးသဗျ..ဘာတဲ့..

    အဲဒီ အေးအေးသင်းကြီးကလည်း အနုပညာလုပ်ခွင့်ကို လူမသိသူမသိ အပိတ်ခံခဲ့ရတာပါတဲ့။
    ဒို့အရေးထဲ ပါခဲ့လို့ ဆိုလား…။

    အံတီအေးကိုတော့ ကောင်းကောင်းမှတ်မိသပေါ့ဗျာ..ရုပ်ရှင်တွေ ထဲသရုပ်ဆောင်ကောင်းပုံများ
    အပြင်မှာလူချင်းတွေ့ရင်တောင် နှုတ်ဆက်ချင်စိတ် မပေါ်ခဲ့ဖူးပါဘူးဗျာ…မုန်းစရာကောင်းတာကိုးဗျ…လူချင်းတွေ့ဖို့လည်းအကြောင်းမရှိခဲ့ပါဘူးလေ
    အဲ…တိုက်တိုက်ဆိုင်ဆိုင်..၁၉၈၈ အရေးအခင်းကာလကျတော့..ကျနော်ကြီးမိုက်ကလည်း
    နဖူးစည်းနဲ့ လက်သီးလက်မောင်းတွေတန်းပြီး ကိုယ်ပါဝင်နေတဲ့ သမဂ္ဂနဲ့အတူ ဆန္ဒပြခဲ့သေးတာပေါ့..အဲဒီတုံးကမှတ်မိတာက ရုပ်ရှင်သရုပ်ဆောင်များသမဂ္ဂမှာ..
    အတက်ကြွဆုံးတွေ့ခဲ့ရတာကတော့…မောင်မောင်မြင့်(ပြေငြိမ်းရဲ့အဖေ..နွဲ့နွဲ့စမ်းယောက်ကျား)
    ရယ်..အောင်လွင်ရယ်..ညွှန့်ဝင်းရယ်..ဦးထွန်းဝေကြီးရယ်..အေးအေးသင်းရယ်ပါပဲ..
    ဟောပြောခဲ့ကြတဲ့ ရဲရဲတောက်မိန့်ခွန်းတွေကိုတောင်ကြားရောင်မိပါရဲ့..
    နောက်ပိုင်းအာဏာသိမ်းလိုက်ပြီး..နဝတ အစိုးရလက်ထက်ကျတော့..ကျန်တဲ့လူတွေသာ
    ရုပ်ရှင်လောကမှာပြန်ပေါ်လာတယ်..ဦးထွန်းဝေကြီး နဲ့ ဒေါ်အေးအေးသင်းကြီးတို့တော့
    ပျောာက်ချင်းမလှပျောက်ခဲ့ပါရောလား…ခု ရဲဘော်ဘလက်ရေးပြမှသိတော့တယ်…
    အိုး..ဟိုး..ဟိုး..ဒါ့ကြောင့်ကိုး လို့..
    ရုပ်ရှင် သရုပ်မှန် သရုပ်ဆောင် ဒေါ်အေးအေးသင်း ကြီးကို ဒီမိုကရေစီတော်လှန်ရေးကြီး
    အတွက် လေးစားစွာ အလေးပြုပါတယ် ရဲဘော်ဘလက်ရေ….

    ဒါလောက်ပါဘဲ ရဲဘော်ဘလက်ရေ…………
    အောင်သိန်းလင်း ၏ အောင်သိန်းလင်း ဆိုတဲ့
    ကိုယ့်အရည်အချင်းကိုယ် ဖေါ်ပြသွားသူ ကျနော့အခေါ်..“စုတ်ချွန်း”
    အကြောင်းတော့ အထူး မမန့်လိုတော့ပါ…
    ရဲဘော်ဘလက် စာတွေဖတ်ရင်း..ဘလက်သောက်ချင်နေတဲ့…
    ကြီးမိုက်။

  • amatmin

    July 25, 2012 at 3:16 pm

    ကိုဘလက်ရေ…
    မေးဖို့မေ့နေလို့ရယ်..နေကောင်းသွားပီလားဗျ..
    ကျောင်းဒကာ ဒီပို့စ်ရေးနေရင်းနဲ့ ..
    ကျန်းမာရေးမကောင်းဘူး ကြားလိုက်မိသေးသကိုး.။
    ဒါနဲ့ ရုပ်ရှင်ရုံမှာ နိုင်ငံတော်အလံကိုအလေးပြုဖို့နဲ့ဆက်စပ်တွေးမိတာလေးက..
    ကျနော်တို့ငယ်စဉ်ကတော့ နိုင်ငံတော်အလံဖြစ်ပေါ်လာပုံကို
    အသေးစိတ်နဲ့စိတ်ထဲနစ်ဝင်ပီး.လေးစားအောင်သင်ပေးထားလို့လားမသိ..
    အလေးပြုဦးညွှတ်ရတာကို ဂုဏ်ယူစရာလို့တွေးခဲ့ဖူးပါ့ဗျာ..
    အခုတော့ ကိုယ့်နိုင်ငံအလံကို မြှင့်တင်ရမဲ့သူတွေက
    သောက်တလွဲလုပ်နေတာကြောင့် နိုင်ငံအလံအပေါ်ကိုလည်း မလေးစားကုန်ကြတာထင်ပ.
    ဆိုတော့မြန်မာနိုင်ငံသားဖြစ်ရတာ ဂုဏ်ယူစရာလို့တွေးနိုင်လာတဲ့တနေ့ကျရင်တော့
    စည်းမျဉ်းစည်းကမ်းတွေကြောင့်မဟုတ်ဘဲ..နိုင်ငံချစ်စိတ်ကြောင့်..
    နိုင်ငံတော်အလံကို လေးစားမဲ့နိုင်ငံသားတွေ များလာမှာပါ..

    လေးစားလောက်တဲ့သမ္မတကြီးရော..အမျိုးသားလွှတ်တော်ဥက္ကဌကြီးကပါ..
    အခြေခံဥပဒေကိုပြင်နိုင်ဖို့ အခွင့်အရေးရှိတယ်ပြောလာကြတော့ကာ..
    ပြင်နိုင်ဖို့အတွက်.လွှတ်တော်ထဲ ဝင်ရောက်နေကြပီးဖြစ်တဲ့
    ပါတီပေါင်းစုံတို့ ဘယ်လိုခြေလှမ်းမျိုးနဲ့.
    ညှိုနှိုင်းစုပေါင်း လုပ်ဆောင်မယ်ဆိုတဲ့
    အသံလေးတွေတော့ ထွက်လာဖို့မျှော်လင့်တာပါပဲ..(မလွယ်ကူပေမဲ့)

    ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းရဲ့ နောက်ကြောင်းကိုပြန်မလှည့်ဘူး
    ဆိုတဲ့စကားကတော့အတော့်ကို နားဝင်ချိုရသလိုပဲ..
    အောက်ကျနောက်ကျနေတာတွေကိုလည်း
    အမြန်အကောင်အထည်ဖော်ပေးရင်
    ဂေဇတ် အကြော်စုံကျွေးပါ့မယ်ဆိုတာလေး ဗျာ.. 🙂

    စကားမစပ်.. ကက်သရင်းဇီတာဂျုံးစ်ကြီးကတော့ စကားနဲ့တင်
    ဆက်စီကျနေတယ်ဗျာ..တော်ချက်များတော့…
    မြန်မာပြည်ကအေးမြတ်သူလေးက Sexy Pose တွေ မရိုက်ချင်တော့ဘူးဆိုရင်.
    အဲ့ဂလို စကားလေးပြောပီး ဆက်စီကျတာမျိုးကို
    အတုယူဖို့ တိုက်တွန်းပေးပါ.ကျောင်းဒကာကြီးရယ်. 😛

    နောက်ဆုံးတော့ဗျာ..ဟိုလူကြီး နိုင်ငံမေတ္တာခံယူနေသူကြီးဗျာ..
    ဟိုလိုဦးနှောက်ကြီးနဲ့ အဲ့လူပြောလိုက်တိုင်း နားခါးစရာတွေချည်းမို့..
    သူသာကျန်နေခဲ့မယ်ဆိုရင်လည်း မက်လောက်စရာတကွက်မှမရှိပါကြောင်း. 🙂
    ပြီးတော့လည်း..ယောက်ကျားချင်းမနာလို တာတောင်အတော်ဆိုးနေတာကို..
    သူတို့မှာ မိန်းမတယောက်ကို ဝိုင်းမနာလိုနေလိုက်ကြပုံများဗျာ..
    အင်း..ဒီလူဒွေနဲ့ ဒီ…ခရီးကို ဆက်ဖို့တော့ 🙁

    လေးစားချစ်ခင်မှုဖြင့်
    အမတ်မင်း

  • Novy

    July 25, 2012 at 4:37 pm

    “ဘယ့်နှယ့်ဗျ။ ကျွန်တော် တာဝန်မဲ့ ပြုတယ်တဲ့လား။ ကျွန်တော့် ညီများ အစ်ကိုများတို့…။ ဘဝရဲ့ အဓိပ္ပာယ်နဲ့ ဘဝရဲ့ ကိစ္စတွေကို တွေ့ရှိရပြီး လိုက်နာကျင့်သုံးတဲ့ စင်ရော်တစ်ကောင်တစ်လေထက် ဘယ်သူကပိုပြီး တာဝန်သိ ဖြစ်နိုင်ပါသေးသလဲ။ ကျွန်တော်တို့ဟာ နှစ်ပေါင်းတစ်ထောင်မျှ ငါးခေါင်းများနောက်ကိုချည်း တကောက်ကောက် လိုက်နေခဲ့ကြရာက အခုမှသာ ဘဝရဲ့ ယုတ္တိရှိမှုကို တွေ့လာရတာပါ။ သတ္တဝါဆိုတဲ့ ဘဝကို ရလာကြရတာဟာ သင်ယူဖို့၊ တွေ့ရှိဖို့၊ လွတ်ဖို့၊ ကျွတ်ဖို့ ပဲ ဆိုတာလေဗျ။ ကျွန်တော်ခုတွေ့ထားတာကို ပြပါရစေဦး။ ဒီတစ်ကြိမ်လောက်တော့ခွင့်ပြုပါ”

    ကျောင်းတကာကြီးဦးဘချောရေ. ဒီစာသားလေးကိုတော့ အရမ်းခိုက်သွားပါတယ်
    ကက်သရင်းဇီတာဂျုံးစ် ကိုလည်း သဘောကျသွားတယ်
    ဓာတ်ပုံတွေအတွက်လည်း လက်မလေးထောင်သွားပါတယ်

  • nozomi

    July 25, 2012 at 5:25 pm

    ကိုဇင်ယော်ချော ရေ ကျွန်တော့် အပူ နဲ့ ကျွန်တော်မို့ ရွာထဲ မဝင်နိုင် မမန့်နိုင်ဖြစ်နေရတယ်
    မဖတ် ဖြစ် မမန့်ဖြစ်တဲ့ ပို့စ် အားလုံးအတွက် တောင်းပန်ပါတယ်

    ကိုချော ပို့စ် တွေ ဖတ်ပြီး အားပေးခဲ့ပါတယ် ဆိုရုံလောက်နဲ့ မရတော့ ပြောချင်တာလေး နဲနဲတော့ ပြောခဲ့ပါဦးမယ်

    ယောနသံကို ဖတ်ဖူးခဲ့ပေမဲ့ ကိုချောလောက် ခံစား နားလည်ခဲ့တာမျိုး မရှိခဲ့ဘူး အခု မှ ထပ်ဖတ်ချင်စိတ်တွေ ပေါ်လာတယ် ၊ တိုက်တိုက်ဆိုင်ဆိုင် ကိုသစ်မင်းပေးထားတဲ့ လင့်ကနေ ဒေါင်းလို့ရတာမို့ စာအုပ်ထပ်ရှာစရာ မလိုတော့ပဲ ဖတ်နိုင်တာမို့ ကိုသစ်ရော ကိုချောရော ကျေးဇူးပါ ခင်ဗျာ

    လိုချင်တာ မိဖုရား ပေမဲ့ တချို့ကတော့ ဘုရင်မ ရတတ်ကြတယ်
    ကိုချောကြီး ပြောတော့ မိဖုရား ရော ဘုရင်မ ရော ရထားတယ်ဆို ( ကံ ထူးသူကို ဗျ )

    ရွာထဲက ပို့စ် တစ်ခုမှာ မန့်ဖူးတယ် ချင်းပြည်နယ် အကြောင်း ရုပ်ရှင်ကြည့်ဖူးတယ်လို့ မြင်ကွင်းတွေက တော်တော်လှတယ် ဇတ်ကား အမည် မေ့နေလို့ မရေးလိုက်နိုင်ဘူး
    အဲဒီကားက ကိုချောပြောတဲ့ အချစ်ရွက်နု ဗျို့ ကြည့်ခဲ့ရတာ ကြာခဲ့ပေမဲ့ အခုထိ ချင်းပြည်နယ်ရဲ့ တောင်တန်းတွေ ပန်းပင် တွေကို မှတ်မိနေတုန်း ဆေးရောင်စုံကားပဲ

    ကိုချောကြီးက ခင်သန်းနုရဲ့ ရေကူးဝတ်စုံနဲ့ ရင်ခုန်ခဲ့သလို ကျွန်တော် လဲ ရင်ခုန်မိတာအချစ်လား ဆိုတဲ့ ကားမှာ ရေကူးဝတ်စုံ နဲ့ မမို့ ကြီး ကို သဘောကျခဲ့ ဘူး သဗျ ၊ အဲဒီ ခေတ်ကတော့ ရှားပါးကိုဗျာ၊
    ရေကူးဝတ်စုံ နဲ့ ရုပ်ရှင်ထဲ ပါနေတာကို က စကားထဲ ထည့်ပြောစရာ တစ်ခုကိုး ၊အခုတော့ ခေတ်တွေလဲ ပြောင်း အသက်တွေလဲ ကြီးလာတော့ ဒါမျိုးတွေ ရင်လဲ မခုန် စိတ်လဲ မဝင်စားတော့ပါဘူး ၊ အခုခေတ် သမီးလေးတွေ အတို အပြတ် မပေ့ါ တပေါ်တွေ ဝတ်လာရင်တောင် မျက်လုံးကို လက်နဲ့ အုပ်ထားမိတတ်ပါတယ် အဲ တစ်ခါတစ်ခါတော့ အုပ်တဲ့ လက်က ကျဲနေလို့ လက်ချောင်းကြားက ခိုးကြည့်မိတာတော့ ရှိတာပေါ့ နော

    နိုင်ငံတော် အလံ နဲ့ ပတ်သက်လို့ ကတော့ ကျွန်တော်လဲ ပို့စ် တစ်ခုမှာ ရေးဖူးပါတယ်
    ရုပ်ရှင်ရုံထဲ မှာ အလံ အလေးပြုသင့် မသင့် ဆိုတာကို မပြောလိုပေမဲ့
    တူညီတဲ့ စံ တစ်ခု သတ်မှတ်ချက် တစ်ခု အောက်မှာတော့ လူတိုင်းကို ရှိစေချင်ပါတယ်
    အားလုံးက ရှိသင့်တယ်လို့ ယူဆရင် တစ်ယောက်မကျန် သေချာ အလေးပြု
    မရှိသင့် လို့ ယူဆရင် လုံးဝ မပြုခိုင်းနဲ့
    လုပ်သင့်တာကို လိုက် မလုပ်ကြရင် အုပ်ချုပ်တဲ့သူ မှာ ( လိုက်လုပ်အောင် မထိန်းနို်င် မစည်းရုံး နိုင်တဲ့ အတွက်)တာဝန်ရှိသလို ၊ မလုပ်သင့် တာကို လုပ်ခိုင်းတာ ဆိုလဲ အုပ်ချုပ်တဲ့ သူမှာ တာဝန်ရှိတာပဲ ( တကယ်ပြောချင်တာကတော့ အသုံးမကျတာပဲ လို့ပါ စိတ်တော့ မဆိုး ကြနဲ့ ဗျို့)

    ဒီ နေ့ဖတ်ရတာကတော့ ပြည်သူ့အချစ်တော်ကြီးက သူပြောတာ အဲဒီလို မဟုတ်ပါဘူး တဖက်က နားလည်မှု လွဲတာဆိုပဲ ဗျ ၊ အင်းးးးးးးးးးးးးးးးးးး

    အခြေခံဥပဒေပြင်တာနဲ့ ပတ်သက်လို့ဖတ်မိရင်း နဲ့ တွေးမိတာလေး တစ်ခု ပြောကြည့်ချင်တယ်
    ဒုသမ္မတရွေးဘို့ ကိစ္စက နဲနဲကြာနေတယ်
    သာမန်ကိစ္စတွေမှာတောင် ဖြည့်လိုက်ရတဲ့ ကိုယ်ရေးရာဇဝင် ၊ လွှတ်တော် ကို်ယ်စားလှယ်တွေ ဆို ပိုတောင်စုံဦးမယ် ၊ ဦးမြင့်ဆွေ မှာ ဒီ လို ရှိနေတယ် ဆိုတာ သက်ဆိုင်သူတွေ မသိစရာ မရှိဘူး ၊ ကျွန်တော် ထင်တာကတော့ မိတ္တူ ..အဟွတ် ဟွတ်

    အချိန်ရသလောက်လေး တွေးခဲ့ ရေးခဲ့ ပါရဲ့ အဆင်မပြေတာများ ရှိရင် ဆောရီး ပါ ဗျာ

    • စိန်ဗိုက်ဗိုက်

      July 25, 2012 at 5:35 pm

      ဟုတ်ကဲ့
      ခုလို ဖတ်ရှု အားပေးခဲ့တဲ့အတွက် ကိုလက်ကျဲကိုလည်း ကျေးဇူးတင်ပါတင်ပါတယ် ခင်ဗျား..

    • အရီးခင်လတ်

      July 25, 2012 at 5:47 pm

      ဟယ်
      ကဘချော က ၂ယောက်တောင် ရထားတာ။
      တကယ်။
      အာပါးပါး။
      စွံလှချေ လား ကွယ်။ 😮 😀

      • blackchaw

        July 25, 2012 at 6:16 pm

        ထပ်ရေးလာမယ့်
        အစ်ရီးမခင်လတ် ၏
        ကွန်းမန့်အားစောင့်နေပါကြောင်း…။
        ပြန်လာမယ်ဆိုတဲ့
        ဂီဂီ့ကိုလည်း မျှော်နေပါကြောင်း…။
        အော် မျက်နှာငယ်လိုက်ထှာ…။

        • အရီးခင်လတ်

          July 25, 2012 at 6:41 pm

          ကျွန်မ တို့ ၃ယောက် ကန်တင်း မှာ ပြန်ဆုံ စို့လား။ 😛

  • Mလုလင်

    July 25, 2012 at 10:45 pm

    ပုံ (၁) ဓာတ်ပုံ တစ်ပုံ မှာ အကြမ်းဖျဉ်းအားဖြင့် သုံးမျိုး ရှိတယ်လို့ ထင်ပါတယ်။ အမြင့်(အပေါ်စီး)က ရိုက်မယ်၊ ပုံမှန် နေရာ(ရေပြင်ညီတည့်တည့်)က ရိုက်မယ်၊ အောက်(မြေနဲ့ ကပ်) ရိုက်မယ်။ ပုံ ​က ဒီအတိုင်း အပေါ်စီး က ရိုက်ထားတဲ့ ပုံအမျိုးအစားပါ။ Photography Composition မှာ Rule of Third ဆိုတာ ရှိပါတယ်။ အဲဒါက … မြေပြင် ကို အဓိက ဖော်ပြချင်ရင် မြေပြင် ဟာ ပုံရဲ့ သုံးပုံ ၂ ပုံ ရှိရမှာဖြစ်ပြီး ကောင်းကင်ကို အဓိက ထားချင်ရင်တော့ ကောင်းကင်က ပုံ ရဲ့ သုံးပုံ ၂ ပုံ ရှိရမှာဖြစ်ပါတယ်။ အခု ပုံ လိုမျိုးဆိုရင်တော့ ကျွန်တော် သာဆို ကောင်းကင်မပါ အောင် ရိုက်ဖြစ်မှာပါ .. ဒီပုံကို Print ထုတ် လိုက်ရင် ကောင်းကင် ဖြူဖြူ က .. ပုံကို နဲနဲ ကသိကအောက် ဖြစ်စေမှာမို့ပါ။ ပုံ ရ နဲ့ ပုံ ၈ လိုမျိုး အပိတ်ရိုက်တာနဲ့ ပို သင့်တော် မှာပါ …။

    ပုံ (၂) ဒီပုံ က .. အပေါ်မှာ ပြောခဲ့သလိုဆို ပုံမှန်နေရာ (ရေပြင်ညီတည့်တည့်) က ရိုက်ထားတဲ့ပုံအမျိုးအစား ပါ။ အဓိက ပြချင်တဲ့ Subject ရေပုံး အစိမ်းကိုင်ထားတဲ့ ကိုယ်ရင်လေးက Focus Out နေပါတယ်။ ကင်မရာ ရဲ့ Shutter Speed နှေးသွားလို့ အဲ့လို ဖြစ်တာ လို့ ထင်ပါတယ်။ ဆြာ အင်ဇာဂီ ပြောပြော နေသလို . ပြန်မရတော့ တဲ့ တစ်ခဏ အတွက် ကိုယ့်ဘက်က သေချာ ဖို့ လိုပါတယ်။ PRO Camera ဝယ်ကိုင် သင့်နေပါပြီ။

    ပုံ (၃) နေဝင်ချိန် ဗရမ်းဗတာ ရိုက်ချက်တဲ့ .. အဲဒီပုံလိုမျိုးအလင်း နဲ့ အမှောင် ကွာခြားမှု တန်ဖိုး များတဲ့ ပုံတွေက ရိုက်ရခက်ပါတယ်။ ကင်မရာ ပေါ် .. တနည်း Setting ပေါ် လဲ မှီခိုပါတယ်။ Metering mode ပေါ် တည်မှီပြီး .. Sensor ပေါ် တည်မှီ ပြီးရုပ်ထွက် ကွာသွားနိုင်ပါတယ်။ ကျွန်တော် သာ ဆို အလယ်က တိုင် ရဲ့ အတွင်းဘက်လေးမှာ Subject တစ်ခုခု ထားချင်မိတယ်။ မိန်းမပျိုလေး .. ဆံပင်ရှည် လေး တလွင့်လွင့် နဲ့ … အဲလို မျိုးပေါ့ … ဆင်ရိုက်ရမှာပါ .. သဘာဝ အတိုင်း လာတဲ့ မိန်းမပျို စောင့်ရလို့ကတော့ မလွယ် …။

    ပုံ (၄) နေဝင်ချိန် က ကျွန်တော် ပြောခဲ့သလိုပဲ .. Rule Of Third ဆိုတာလေး ထည့်စဉ်းစား ရမှာပါ .. တိမ် တိုက်..တိမ်လိပ် လေးတွေနဲ့ ဆို … အလှ ပို မယ်ထင်ပါတယ်ဗျာ ..။

    ပုံ (၅) ကွပ်မျက်ခံရမယ့် ချစ်ရသူက ကွပ်မျက် မယ့် ချစ်သူကို ပြောလိုက်ပုံက .. “မြန်မြန် ကွပ်မျက် ပါချစ်သူ .. အိမ်အပြန် မှာ မှောင်နေမှာ စိုးလို့ပါ” ဆိုတဲ့ .. စာသားလေး ပြေးသတိရ မိတယ်ဗျာ …။ ကိုယ်တိုင် လဲ လည်စင်း ပေးခဲ့ ဖူး တာလေး .. လဲ သတိရ သွားမိပါရဲ့ …။

    ပုံ (၆) ဒီပုံကတော့ တိမ် ရဲ့ အလှ .. ညနေခင်း ရဲ့ဖမ်းစားမှု က အပျိုဖော် ဝင်နေပါပြီ။

    ပုံ (၇,၈) Landscape ရိုက်တော့မယ် ဆို .. ဆရာ့ ဆရာတွေက မှာပါတယ်။ ရိုက်တော့မယ် ဆို ခဏ စောင့်ကြည့်ပါ .. ကိုယ်ရိုက်မဲ့ Landscape ရိုက်ကွင်း ထဲမှာသက်ရှိ လေး တော့ ပါအောင် စောင့်ရင်းရိုက်ကြပါလု့ိ မှာပါတယ်။ မိသားစု နဲ့ ခရီးသွားရင်တော့ အဲ့လောက် အချိန်ပေးဖို့ မလွယ်ပါဘူး …။

    ပြောရရင်တော့ ကျန်သေးတဲ့ ပုံတွေ ထပ်တင် ပေးပါဦးနော် ..

    ပုံ (၈) အတွက် လက်မ တစ်ချောင်း ထောင် ခဲ့ပါတယ်။

    လေးစားစွာဖြင့်
    Mလုလင်

  • အရီးခင်လတ်

    July 26, 2012 at 5:00 am

    ကဘချော

    နောက်ကျမှ ဝင်မန့် ရလေတော့ သူများတွေ ရဲ့ မှတ်ချက်ကောင်းကောင်း လေးတွေ ကြားမှာ
    “ဘလက် စင်ရော်” အတွက် ဘာမှတ်ချက် ပေးရမလဲ စဉ်းစားခဲ့ရပါတယ်။
    ဒီတစ်ခါ တော့ တစ်ချက်ချင်းထက် ကိုယ်ပြောချင်တဲ့အချက် တွေ ဘဲ ပြောရင်း အားဖြည့်ပါရစေ ကဘချော ရေ။
    ကဘချော ရဲ့ တန်ဖိုး ရှိလှတဲ့ သတင်း ဝေဖန်ချက် လေး တွေကနေ အဓိ က (၃) ချက် ဆွဲလိုက်ပါတယ်။

    (၁) ပွဲဦး အစဖွင့် ယောနသံ က တော့ မပါလို့ မဖြစ်ပါ။

    ဘောင်ခတ်ထားတဲ့ နေရာထဲ က ရုန်းထွက်ကြည့်ဖို့ နဲ့ ကိုယ်လုပ်ချင်တဲ့ ဆန္ဒပြင်းပြ မှုကို ရှာပြီး ကြိုးစားလုပ် လိုက်ဖို့ တိုက်တွန်းထားတာ က ပင်လယ် ဇင်ယော်ငှက်လေး ကို နမူနာပြလို့ပေါ့။
    ကိုသစ် ပေးတဲ့ link လေး နဲ့ စာပြန်နွေး ရင်း အဲဒီ ထဲ မှာ တစ်ခုခု လို နေသလို ခံစား ရလို့ ရှေးကထဲက ရှိစုမဲ့စု သယ်လာတဲ့ စာအုပ်လေး တွေ ကို ဖွလိုက်တော့ စာပေလောက ကနေ သတ္တမ အကြိမ်ထုတ် တန်ဖိုး ၄၅ကျပ် ရှိ စာအုပ်ဟောင်း လေး ကို ရှာ တွေ့ခဲ့ပါ တယ်။ ၁၉၉၄ က လက်ဆောင်ရထား တာ။ ကိုကြီးပါ ပြောသလို အခြား ဝတ္တုတို သုံးပုဒ် နဲ့တွဲထားတယ်။

    အဲဒီမှာ တော့ စာအုပ်ရေးသူ အကြောင်း နဲ့ စာအုပ်လေးဖြစ်ပေါ်လာပုံ ပါပါတယ်။
    အဲဒီ စာအုပ် ထဲက စာတစ်လုံးရဲ့ တန်ဖိုး ဘယ်လောက် တန်တယ် ဆိုတာ သိလောက်ကြ ပါပြီ။ ၁၉၇ဝ မှာထဲက စာတစ်မျက်နှာ ကို ကျပ်တစ်သန်းပါ တဲ့။
    စာမျက်နှာ က ၃၉ မျက်နှာ သာရှိပေမဲ့ အဲဒါ ကို အပိုင်း(၃) ပိုင်းခွဲပြီး ရှစ်နှစ် ကြာရေးခဲ့ရ တဲ့ စာအုပ်ပါ။

    မူရင်း စာအုပ်ကို ရေးသူက လေကြောင်းအတတ်ပညာ ကို အတော်ဝါသနာကြီး တဲ့ အမေရိကန်လေတပ် က လေယာဉ်မောင်း အရာရှိတစ်ယောက်ပါ။ စာရေးဆရာ လဲ ဖြစ်ပါတယ်။
    စာအုပ်ဖြစ်လာပုံ ကို တော့ စာအုပ်ထဲ က အတိုင်း ကူး ထည့် ပေးပါတယ်။
    သိပြီး သား သူတွေ များမှာပါ။
    မသိသေးတဲ့ စိတ်ဝင်စားမဲ့ ကလေး တွေအတွက် ရည်ရွယ်ပြီး ဖြည့်ပေးလိုက်ပါတယ်။
    ကျွန်မ အဲဒီ စာအုပ် စ ဖတ်တော့ ဇင်ရော်ဇာတ်လမ်း ထက် စာအုပ်ဖြစ်လာပုံကို ပို စိတ်ဝင်စားခဲ့ လို့ မှတ်မိနေတာပါ။ 😀

    { အစ
    ဤစာအုပ် ဖြစ်ပေါ်လာပုံမှာ အတော်ပင် ထူးဆန်းလေသည်။
    ၁၉၅၉ ခုနှစ် အတွင်း တစ်နေ့သော အခါ ညနေစောင်း အချိန်၌ တူးမြောင်းတစ်ခု ၏ ကမ်းပါးပေါ်တွင် လမ်းလျှောက် နေခိုက် စာရေးသူ၏ နောက်ဆီမှ Jonathan Livingston Seagull ဟူ၍ ထင်ရှားပြတ်သားစွာ ပြောလိုက်သော အသံတစ်ခု ကိုကြားလိုက်ရသတဲ့။ Livingston ဆိုသည်မှာ ၁၉၃ဝခု နောက်ပိုင်း ဆယ်စုနှစ် အတွင်းက ထင်ရှားကျော်ဇော သော လေယာဉ်အပြိုင်မောင်းသမား တစ်ဦး၏ အမည် ဖြစ်သည်။ ဘာခ် (စာရေးသူ) သည် ကြက်သီးမွေးညင်း ပင် ထလာလေသတဲ့။ သူသည် ချက်ခြင်းအိမ်သို့ ပြန်၍ အခန်းထဲ ဝင်ပြီး အိပ်ရာပေါ်တွင် ထိုင်လျှက် ထိုထူးဆန်းသော အဖြစ်အပျက်ကို စဉ်းစားသည်။
    သည့်နောက် သူက နှုတ်ဖြင့် ဤသို့ ဆိုလိုက်သတဲ့။

    “ဒီမှာ အသံရှင်ရဲ့။ ခင်ဗျား ခုနက ပြောလိုက်တာ ကိုတော့ ကျုပ်ကြားလိုက်ရပါတယ်။ ဘာ ဆိုလိုတယ် ဆိုတာကို ကျုပ်သိမယ်လို့ အကယ်၍ ခင်ဗျားကြီး က ထင်နေမိ ရင်တော့ ခင်ဗျားကြီး ဟာ စိတ် မနှံ့သူဘဲ။ ဘာဆိုလိုတယ်။ ဘာ အဓိပ္ပါယ်မျိုး ဆိုတာ ကျုပ် ကို ပြောပြစမ်းပါ။”
    ထိုအခါ အသံသည် ပြန်ပေါ်လာ၏။ ဘာခ်သည် ရုပ်ရှင် တစ်ခုကို ကြည့်နေရသည့် နှယ် ယောနသံဇင်ရော် ပုံဝတ္တုကို မြင်ကြားရလေသတဲ့။ ဘာခ်လည်း သူ၏အစိမ်းရောင် ဘောပင်ဖြင့် ကြားသမျှ မြင်သမျှ ကို လိုက်ရေးသည်။
    ပုံဝတ္တု၏ ဇာတ်လိုက်မင်းသား ယောနသံဇင်ရော် ကို ပင်လယ်ဇင်ရော်ငှက် အသိုင်းအဝိုင်း က ဖဲကြဉ် လိုက်သည့် အခန်းရောက်လေသောအခါ အသံသည် တိတ်သွားလေတော့ သတဲ့။

    ဘာခ်သည် မည်သို့ပင်ကြိုးစား ကြိုးစား ထိုပုံဝတ္တု ကို ဆက်ရေး၍မရ။ မည်သို့ အဆုံးသတ်ရမည် ကို လဲ သူကြံ၍မရ ဖြစ်နေသောကြောင့် စာမူ စာလုံး သုံးထောင်ကျော် (အပိုင်းတစ်) ကို ပစ်ထားပြီး အခြားစာအုပ် သုံးအုပ် ကို ပြုစု လေတော့သတဲ့။
    နောက် ရှစ်နှစ် မျှကြာသောအခါ ၁၉၆ရခုနှစ် ဆောင်းဥတုအတွင်း တစ်နေ့သောအခါ နံနက်၅နာရီခန့်တွင် ပင်လယ်ဇင်ရော်များအကြောင်း အိမ်မက်တစ်ခု မက်လေသည်။
    သူသည် အိပ်ရာ မှ ကမန်းကတန်း ထ၍ လက်နှိပ်စက်ကို ယူပြီးလျှင် အဆိုပါ လက်စတန်းလန်း ကျန်ရစ်လေသော ယောနသံဇင်ရော် ပုံဝတ္တု သောဆက်ရေးရန်ပြင်ဆင် လေတော့သည်။ သူသည် မူလ အသံရှင် “ပုံပြင်ပြုစုသူ” ကိုပင် ရည်မှန်းလျှက် “ဒီမှာ ကျုပ်ဟာ ခင်ဗျားရဲ့ မိတ်ဆွေဟောင်းကြီးပါ။ ယောနသံဇင်ရော် အကြောင်း ပြောစရာ ရှိလျှင် ဆက်ပြောစမ်းပါ။” ဟု ပြောလိုက်သတဲ့။ နောက်တစ်ကြိမ်လဲ ဤသို့ပင် သူပြန်ပြော ရပြန်သေး သတဲ့။ ပြောတိုင်း လဲ အသံသည်ပြန်ပေါ်လာသည်။ ထို၂ကြိမ်ပြီး သည့်နောက် အသံသည် ဘယ်တော့မှ ပြန်မပေါ်လာတော့တဲ့။

    ဘာခ်သည် လူတကာက သူ့အား လူကြောင်တစ်ဦးဟု သမုတ်ကြမည် စိုး၍ ဤအကြောင်း ကို မည်သူ့ကိုမျှ မပြော။ ပုံဝတ္တု စာအုပ်ရောင်းကောင်း လာ၍ မိတ်ရင်းဆွေရင်း ရဲဘော် ရဲဘက် သတင်းစာဆရာများ၊ စာရေးဆရာများ သူ့ထံလာရောက်မေးမြန်း စုံစမ်း မေးမြန်း ကြသောအခါမှသာ ဤအသံအကြောင်းကို အတည်အတန်း ရိုးရိုးသားသား ပြောပြလေ သည်။
    သူသည် ဤစာအုပ်ကို ရေးသူသာဖြစ်၍ ပြုစုသူမှာ သူမဟုတ်ကြောင်း။ ကောင်းကင်ဘုံက အသံရှင်သာလျှင် ဤစာအုပ်ကို ပြုစုသူ အစစ်အမှန် ဖြစ်ကြောင်းလေးလေးနက်နက် ပြောလေ့ရှိသည်။ ဤစကား မှာ ယုံရခက်၊ မယုံရခက် စကားမျိုးဖြစ်သော်လည်း ဘာခ်ထံ သွားရောက် စုံစမ်း မေးမြန်းဘူး သော သတင်းစာဆရာများ၊ စာရေးဆရာများ သည် သူထံမှ ယုံ၍သာလျှင် ပြန်လာရသည်ချည်း ဖြစ်သည်၊ ဘာခ်သည်လည်း စိတ်ဖောက်ပြန် သွားခြင်း လက္ခဏာ တစ်စုံတစ်ရာမျှ မပြ။ အနေအထိုင် အပြောအဆို အပြုအမူများလည်း အချွတ်အယွင်း အပြောင်းအလဲ မရှိ။

    စာအုပ်သည် ပုံဝတ္တုမျှသာဖြစ်သည် ဟု ဘာခ်က ဆိုစေကာမူ စာအုပ်ဖတ်သူများသည် မိမိတို့ ဝါသနာ စရိုက် အလိုက်၊ အာသာ ဆန္ဒအလိုက်၊ အမြင်အယူအလိုက် အမျိုးမျိုး အနက်အဓိပ္ပါယ်ကောက်ကြသည်။

    ကလေးသူငယ် များသည် မိုးကောင်းကင်ရှိ တိမ်တိုက်တိမ်လိပ် များကို ကြည့်၍ ဟိုဟာက ဆင်ရုပ်၊ သည်ဟာက မြင်းရုပ်၊ စသည်ဖြင့် ကိုယ့်ဘာသာ ကိုယ့်ဆန္ဒအစွဲအလမ်း အတိုင်း မြင်ကြ၊ ကြည့်ကြ ပြောကြ သကဲ့သို့ ဤစာအုပ်ဖတ်ရှု သူများသည်လည်း စာအုပ်ပါ ပုံဝတ္တု၌ အမျိုးမျိုး အထွေထွေ အနက်အဓိပ္ပါယ်များ ကို မြင်ကြ ကောက်ကြ ဖြစ်နေသည်။

    ပန်းချီပညာရှင် တစ်ဦးက ဤပုံဝတ္တု သည် ပင်လယ်ဇင်ရော်များအကြောင်း မဟုတ်။ ပန်းချီပညာရှင်တစ်ဦး အဖို့ မိမိ ၏ ကိုယ်ပိုင် ပန်းချီမှု အထာကို ကိုယ်တိုင် တွေ့အောင် ရှာဖို့ အကြောင်းသာဖြစ်သည်။ ဟု ဆို၏။

    ကုန်စည်ထုတ်လုပ်သူ တစ်ဦးကမူ ဤပုံဝတ္တုသည် ကြီးမြင့်တိုးပွါးရန် အာသာ ဆန္ဒပြင်းမှု၊ အောင်မြင်မှု၊ ခေါင်းဆောင်မှု၊ စွန့်စားမှု၊ တီထွင်မှု၊ အကောင်းဆုံးဖြစ်အောင် လုပ်လေ့ လုပ်ထရှိမှု၊ သစ္စာရှိမှု၊ မျှဝေခံစားမှု၊ ပညာသင်ကြားမှု နှင့် သင်ယူမှု၊ အများအတွက် ကြောင့်ကြစိုက်မှု၊ မေတ္တာပွါးမှု၊ ခွင့်လွှတ်မှု စသည်တို့ကို အားပေးအားမြှောက် ပြုသော ပုံဝတ္တု ဟု ဆိုသည်။

    ကိုယ်မှန်နေသည်ဟု သိမိလျှင် တစ်ချပ်တစ်ရွေးစားမျှ လျှော့မပေးတတ်သော လူစားမျိုး။ အလုပ်တစ်ခုခု ကို လုပ်ပြီ ဆိုလျှင် ကိုယ့်အတွက် ဘယ်လို အကျိုးမှ မရှိစေကာမူ အကောင်းဆုံးဖြစ်အောင် လုပ်တတ်သောလူစားမျိုး၊ ဘဝ ဟူသည် သက်မွေးခြင်း ဝမ်းကျောင်းခြင်း အလုပ်သာမဟုတ်ဘဲ ပြီးပြည့်စုံအောင် နေခြင်း ဖြစ်ရမည်ဟု သက်ဝင် နေထိုင်သည့် လူစားမျိုး၊ ယင်းလူစားမျိုး များသည် ဤပုံဝတ္တု၏ အဓိက ဇာတ်ဆောင် ယောနသံဇင်ရော် နှင့် အမြဲပင် သဘောချင်း တိုက်ဆိုင် နေကြသည်ဟု ဝေဖန်ရေးဆရာ တစ်ဦး ကလဲ ဆိုသည်။

    ဘာသာ အယူဝါဒများ လိုက်စားသော သူများကလည်း ဤပုံဝတ္တုတွင် ပါရှိသော အနှိုင်းပြဥပမာများ ကို မိမိတို့ သက်ဝင်ယုံကြည်ရာ တရားဓမ္မများထဲ မှ အနှိုင်းခံ ဥပမေယျ များနှင့် ယှဉ်ထပ်ခါ သဘောကျ ကြလေသည်။

    ဒါတင်မက သေး ဘာသာပြန်သူ ၏ မိတ်ဆွေ မြန်မာ အမျိုးသမီး တစ်ယောက်က “မိန်းမများ ဟာ ထမင်းချက်၊ ကလေးထိန်း၊ စိန်နားကပ်ဆင် စတဲ့ သမရိုးကျ အဆင့်က အထက်ကို တစ်ဆင့်တက်လိုက်ရင် ယောနသံဇင်ရော် လို ဒုက္ခ များ တော့တာဘဲ”

    ဟု ဆိုကြလေသတည်း။
    ပြီးပါပြီ }

    အမှန်တော့ နဲနဲ ကျန်ပါသေးတယ်။
    ကိုယ်ပြောချင်တာ ရောက်လာ လို့ တော်လောက်ပြီ ထင်လို့ပါ။

    ကဲ တွေ့ပြီ မဟုတ်လား အမျိုးသမီးထု ကြီးတို့ ။
    “ယောနသံဇင်ရော်လို ကျင့်မိရင် ဒုက္ခများ မယ်” လို့ ဆိုတာက “လိုချင်တာ မိဖုရား ညားတော့ ဘုရင်မ” လို့ စွပ်စွဲခံ ရမှာ ကို ပြော သလား လို့ တောင် ထင်မိပါကြောင်း။
    ဒါက ဝင်ပြီး အရွှန်းဖောက်တာပါ။

    တကယ်တော့ ပြောချင်တာက စာတစ်အုပ် ကိုတောင် ရှူဒေါင့်စုံ က မြင်ကြည့် လို့ ၊ ခံစားကြည့် လို့ ရနိုင်သမို့ ကိုယ်ထင်တာ၊ ပြောတာ ဟာ ကိုယ့် အတွက် မှန်ပေမဲ့ သူများ ရှူဒေါင့် က ကိုယ်နဲ့ မတူ ရင်လဲ အဲဒါကို နားလည် ပေးသင့်ကြောင်း ကြုံတုန်းလေး ဝင်ပွါးကြည့်တာပါ။
    ကျွန်မ လဲ အဆင့်မမှီ သေးပါဘူး။ ကြိုးစားဆဲ။

    မနက်ဖြန်မှ ကျန်တဲ့ ၂ချက် ဆက်တော့မယ် ကဘချော ရေ့။ 🙂

    • Foreign Resident

      July 26, 2012 at 6:36 am

      ” မိန်းမများ ဟာ ထမင်းချက်၊ ကလေးထိန်း၊ စိန်နားကပ်ဆင် စတဲ့
      သမရိုးကျ အဆင့်က အထက်ကို တစ်ဆင့်တက်လိုက်ရင်
      ယောနသံဇင်ရော် လို ဒုက္ခ များ တော့တာဘဲ ”

      အရီးလတ်ရေ ဘာ အဓိပ္ပါယ်လဲဟင် ။
      မိန်းမ တွေက အထက်ကို တစ်ဆင့် မတက်သင့်ဘူးလို့ ဆိုလိုတာလား ။

Leave a Reply