မန်းဂေဇက်၏ရံပုံငွေ ဘောလုံးပြိုင်ပွဲ

ေမာင္ရိုးJuly 25, 20121min71075

ဂေဇက်ရွာ၏ ရံပုံငွေဘောလုံးပွဲကြီးကား စပေတော.မည် ။ယနေ့ နံနက် ဈေးသို.အသွားတွင် လမ်းဆုံလမ်းဂွ၌ မနောဖြူ၏ဒီဇိုင်းလက်ရာဖြင်. ကြော်ငြာဘုတ်ကိုတွေ ့ခဲ.ရသည် ။ မှန်းစမ်း …..ဘာပွဲများလဲ ……မောင်ဆာမိ ပြူးပြဲ၍ကြည်.သည်တွင် ……..အပြာရောင်ဝတ်စုံများဖြင်.ဟန်ရေးပြနေသည်ကား ပြာထွန်းဖြန် ့ အသင်း …။ အဝါရောင်ဝတ်စုံများဖြင်. ခန် ့ငြားနေသည်ကား …..သာထွန်းပြန် ့အသင်း …….။ ဟုတ်ပြီ …မောင်ဆာမိဂျလေဘီရောင်းရတော.မည် ။ ဤသို.ဖြင်. …ဆာမိတစ်ယောက်အပျော်ကြီးပျော်လျက် ဘောပွဲ စမည်.ရက်ကို လက်ချိုး၍စောင်.နေတော.သည် ။

MG ရွာ၏ ရန်ပုံငွေဘောလုံးပွဲဖြစ်သောကြောင်. နှစ်ဘက်အသင်းသားတို.မှာ ရွာသူားများပင်ဖြစ်လေသည် ။ သာထွန်းပြန် ့အသင်း၏ ပဲ.ကိုင်ရှင်နည်းပြချုပ်ကား ဦးနေးချား …..တိုက်ပွဲဝင်ဘောသမားများမှာ ရွာ၏ နာမည် ကျော် ဒိတ်ဒိတ်ကျဲများဖြစ်သည်. တိုက်စစ်မှုးကြောင်ကြီး ၊ ကြောင်လေး ၊ အောင်ပု ၊ မောင်ဂီ ၊ အံဇာတုံး ဂျစ်ပစီ ၊ မိုးတိမ် ၊ ဖိုးထောင် ၊ ရဲစည် ၊ အရင်.ရောင် ၊ ရွှေတိုက်စိုး ၊ မောင်ကမ်း ၊ အလင်းဆက် ၊ ကြောင်ဝတုတ် ငပ၊ွကြီး ၊ ဖရဲသီး ၊ ရာဇဝင်လူဆိုး နှင်. ကိုရင်မောင် ……တို.ဖြစ်ကြလေသည် ။ ပြိုင်ဘက် ပြာထွန်းဖြန် ့အသင်းမှ ကစားသမားများကားမည်သူတို.နည်း ………… နည်းပြချုပ် သည်ကား ယှင်နာရိရ ပင်ဖြစ်၍ ……..အသေခံကစားသမားများသည်ကား ……………….. ဉာဏကျော် ၊ လိုင်းယွန်းကင်း ၊ မောင်ဂွ ၊ မောင်မိုးပြာ ၊ မိုးချမ်းမြေ ့ ၊ ကိုပါကြီး ၊ကိုငြိမ်းအေး ၊ ကိုအောက်အော. နှင်. ဇောက်ထိုး တို့ပင်ဖြစ်လေသည် ။ ပွဲကကြည်.ကောင်းမည် ။ တိုက်ရိုက်ထုပ်လွှင်.ရန်အစီစဉ်ရှိသည်မို. ရိုက်ကူးရေးအဖွဲ.ခေါင်းဆောင် ကိုပေါက်မှာ ကင်မရာများ နေရာချရန်အတွက် စီစဉ်ရလေသည် ။ ကိုစိန်သော. ၊ ရွှေမင်းသား ၊ M လုလင် ၊ ရွှေထီး ၊ မှော်ဆရာ ၊ ပန်ချာပီဆြာအုပ် ၊ နှင်. ချစ်ရင်ထူး ၂ တို.ကလည်း ကင်မရာများနှင်.ဘောပွဲကိုရိုက်ရင်း ကောင်းနိုး ရာရာ လေးများမြင်လျှင် တယ်လီဇွန်းနှင်. ပြူးပြဲကြည်.ရန် စိတ်ကူးယဉ်နေတော.သည် ။ ဒိုင်လူကြီး ……ဒိုင်လူကြီး ……..မည်သူဖြစ်မည်နည်းဟု ကြည်.သော်………….. … ရွာသဂျီးဦးခို်င် ….။ ထိုဦးခို်င် သည် တကယ်တော.လည်း ဘောပွဲဖြစ်မြောက်ရေးစီစဉ်သူသာဖြစ်လေ၏ ။ ဘောပွဲကြေငြာ တင်ဆက်သူအဖြစ် ဗိုက်ကလေးနှင်. သာလိကာတို.မှ တာဝန်ယူမည် ။ ထိခိုက်ဒဏ်ရာကုသရန်အတွက် ရွာ၏ဆေးပညာရှင်များဖြစ်သော မပဒုမ္မာ ၊ မိုးသီတာစိုး ၊ AKKO ၊ ဆရာထက် နှင်. မောင်ဝိုင်းတို.ကလည်းကောင်း ……………အလောင်းသယ်ရန် …..အဲ ..ကန်တော. ကန်တော. မှားလို. ………………ဒဏ်ရာရသူများသယ်ဆောင်ထမ်းပိုးရန်အတွက် ကြက်ခြေနီတတ်ဖွဲ.ဝင်များအဖြစ် လျှင်မြန်ဖြတ်လပ်လှစွာသော အဘဖော ၊ ကိုဘလက်ချော ၊ ကိုကြီးမိုက် နှင်. ဦးဦးပါလေယာတို.အား ရွေးချယ်ထားသည် ။

x x x x x x x x x x x x x x x x x x x

ယနေ ့ ဘောပွဲ စတော.မည် ။ ဂျလေဘီထုပ်များနှင်.ရေသန် ့ဘူးများဆွဲ၍ ပွဲကြည် ့စင်ထက်သို.ကြိုပြီးရောက် နှင့်နေသည် ။ မကြာပါ …… စင်မြင့်၏ထိတ်ဆုံးတစ်နေရာသို. သားသားနားနားဝတ်စားထားသည် ့ ဘောစိနှစ် ယောက် ရောက်လာခဲ.သည် ။ မောင်ဆာမိအချဉ်ဖမ်းရတော.မည် ……..ခတ်သွက်သွက်လေးသွား၍ ….. ဂျလေဘီဗန်းလေးထိုးပေးပြီး …………… “ဆရာဂျလေဘီ ….ဂျလေဘီဆရာ” ……………….ဟု အော်လိုက် သည်တွင် ……. “ ဘာကွ ……သေချင်လို.လား ” …………… “ငါ ့တို.ကိုများ ဂျလေဘီတဲ့ ………ဟင်း” မောင်ဆာမိပြေးထွက်လာမိသည် ………နောင်တွင်သိရသည်မှာ ထိုသူနှစ်ဦးသည် အမတ်မင်းနှင်. ကိုထူးဆန်း ဟူ၍…………..။သို.နှင်. …….ဘေးဘယ်ညာသို.ကြည် ့သော် ဘောဒိုင်ကိုပေတစ်ယောက် ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေသည်ကိုတွေ ့ရလေတော.သည် ။

…….ရွှီး ….ဟီးဟီးဟီး ………………….. ဟော…..ကြားရပြီ….။ ဒီုင်လူကြီးဦးခိုင် ဝီစီမှုတ်လေပြီ ။ ဪ …..ပန်းစီးဆက်ကြဦးမည်ပေါ ့…… နှစ်ဘက် ဘောသမားများ ကွင်းလယ်တွင်နေရာယူထားကြလေပြီ ……..ထိုစဉ် ….ရွာထဲမှ အလှမယ်လေးများသည် အဝါရောင်အုပ်စု၊ အပြာရောင်အုပ်စု ဟု နှစ်စုခွဲ၍ ပန်းစည်းလေးများကိုင်ပြီး ကွင်းထဲဝင်သွားကြလေပြီ …..။ အဝါရောင်အုပ်စုတွင် ဆူး ၊ အိတုန် ၊ ပန်ပန် ၊ ရွှေအိ ၊ ရင်ငြိမ်းနွေး ၊ နိုဗွီ ၊ မိုးZ ၊ ပုချ် ၊ နှင်. ခိုင်ခိုင် ….။ တစ်ဦးလျှင် သစ္စာပန်းခိုင် လေးတံကိုင်၍ ရွှင်ပြုံးသောအမူယာဖြင့် သာထွန်းပြန် ့ အသင်းအား ပန်းဆက် လေသည် ။

အပြာရောင်အုပ်စုတွင်မူ မမအညာသူ ၊ မမနိုရာ ၊ စနိုးဝှိုက် ၊ ရွှေကြည် ၊ လင်းလင်း ၊ မိုက်ကလေး ၊ ကြည်ဆောင်း ၊ မွန်မွန် ၊နှင်. မေဖလားဝါး ……………………။သူတို.၏မျက်နှာကား မရွှင်မလန်း …။ နှာခေါင်းကိုရှုံ ့ ….ခေါင်းကိုငုံ ့ပြီးလျှင် လက်ထဲမှ ပန်းကုံးအား ခတ်ခွာခွာကိုင်လျှက် …………..။ ဤသို.ဖြစ်လေသည် ။ အပြစ်တင်လိုပါက (၁၆)နှစ်သမီး မြီးကောင်ပေါက်ဖြစ်သော မမ အားဆိုရပေမည် ။ ပြာထွန်းဖြန် ့အသင်းကိုဆက်မည် ့ပန်းများကိုစီစဉ်ရန် မမ မှတာဝန်ယူထားသည် ၊။ ပွဲချိန်နီးသော် …. မူလစီစဉ်ထားသော ဒေလီယာ ပန်းများအစား ခွေးသေးပန်းများနှင့်မှား၍ ယူလာမိသောကြောင့် ပန်းကုံး များမှာခွေးသေးပန်းနံ ့ တထောင်းထောင်းဖြင့် ….။ ပြာထွန်းဖြန့်အသင်းမှ သူများသည် သဘောထားကြီး စွာဖြင် ့ ထိုခွေးသေးပန်းများကိုလက်ခံယူရလေတော.သည် ။

တစ်သင်းလျှင်ကိုးယောက်သာပါဝင်ကစားရသည်မို. ပထမ ကစားသမားများမှာ ရှေ ့တန်း – ကြောင်ကြီး ဖရဲသီး …..အလယ်တန်း – မောင်ဂီ ၊ ရဲစည် ၊နှင့် အံစာတုံး …..နောက်တန်းခံစစ်မှုးများအဖြစ် … ဂျစ်ပစီ ၊ ကြောင်ဝတုတ် နှင် ့ မောင်ကမ်း ။ ဂိုး သမားအဖြစ် ရွှေတိုက်စိုးမှ တာဝန်ယူစောင့်ရှောက်မည် ဖြစ်လေ သည် ။ ပွဲစသည်နှင် ့ ပလေးမိတ်ကာမောင်ဂီ၏ အခင်းအကျင်းကြောင်. တဖက်အသင်းမှာ အလူးအလဲ ခုခံရလေသည် ။ တောင်ပံတိုက်စစ်သို့ မောင်ကမ်းနှင်. ဂျစ်ပစီတို့မှ လိုက်ပါပံ့ပိုးသဖြင် ့ တဖက်နောက်တန်းမှာ ဆပ်ပြာသည်လင်ပျောက်သလို ဟိုပြေးဒီပြေးဖြင် ့မနားရ ။ ပွဲစ၍ (၁၅) မိနစ် ခန် ့အကြာတွင် လွတ်နေသော ကြောင်ကြီးထံသို. မောင်ဂီမှ ဖြတ်တင်ပေးလိုက်လျှင် ………. ကြောင်ကြီးမှ မြေမကျ ကန်သွင်းလိုက်ရာ ………. ညာဘက်ဂိုးတိုင်၏ အပါ်ထောင် ့မှ လှလှပပ ဂိုးဝင်သွားခဲ.လေတော.သည် ……။

“ဂိုး …………………………………ဂိုး …………………………………………….ဂိုး……………” ပရိပ်သတ်၏ ဩဘာသံသည် ဘဝဂ်သို့ တိုင် ထွင်းဖောက်လေပြီ ……….။ စိန်ဗိုက်ဗိုက်ကား ပျော် လွန်းသဖြင့် ဝတ်ထားသော ပုဆိုးကို ကမန်းကတန်းချွတ်ပြီးလျှင် လေထီးကဲ ့သို ့ အသုံးပြု၍ ဘောပွဲကြေငြာရာစင်မြင့်ထက်ဆီမှ ခုန်ချလိုက်လေတော.သည် ။ ပွဲကြည် ့ပရိပ်သပ်များမှာ မှင်တက်ငေးမောပြီးမည်သည် ့ မည်သည်ကို ကြည် ့ရမည်နည်း ………ဟူ၍…………………………………….။ သာထွန်းပြန် ့အသင်းမှာပရိပ်သတ်များရှေ.တွင် အောင်ပွဲခံနေလေသည် .။ ထိုစဉ် …………….ပြာထွန်းဖြန် ့ အသင်းမှကမန်းကတမ်း ကွင်းလယ်စည်းတွင်ဘောလုံးတည်၍ ဒိုင်သူကြီးမှ ပွဲကိုစတင်လေရာ ………. ဂိုး သမားမှတပါးတစ်ယောက်မျှမရှိသော သာထွန်းပြန် ့အသင်း၏ ဂိုးပေါက်ထဲသို. ပြာထွန်းဖြန် ့၏ တိုက်စစ်မှုး ဇောက်ထိုးမှ ချေပဂိုးသွင်းယူသွားလေတော.သည် …….။

တစ်သင်းလုံး ကန် ့ကွက်ကြသည် ….။ ပရိပ်သတ်များမှလည်းကန် ့ကွက်ကြသည် …..။သို.သော် ………….. ဘောပွဲတို.၏ ထုံစံသည် ကွင်းလယ်ဒိုင်၏သဘောသာဖြစ်လေသဖြင် ့ သာထွန်းပြန် ့ အသင်းဂိုးပေးလိုက်ရ လေတော.သည် ။ ဂိုးသမားရွှေတိုက်စိုးမှာ မြေကြီးကိုကုန်း၍ု ကုန်း၍ ထိုးလေသည် (လက်သီးဖြင် ့ ) ကြောင်ကြီးကား ……တခွီး ခွီးဖြင် ့ဒေါသထွက်၏ ။ အောင်ပုမှာ ဆိုဖွယ်မရှိတော.ပြီ ။ ဤသို့ဖြင်. ပွဲစလေရာ ဖရဲမမှာ တဖက်အသင်းမှ မောင်ဂွနှင်.အတွေ. ……မည်ကဲ.သို. ဖြစ်သည်မသိ ၊ ခွေလဲ၍သွားလေတော.သည်။ ကိုဘလက်နှင်. ကိုကြီးမိုက်တို.သွားထမ်းလာခဲ.ရသည် ။ ဆေးကျောင်းသား မောင်သန်းထွဋ်မှာ ဖရဲမခြေ ထောက်ကျိုးသည်ကို မဆီမဆိုင် ရင်ဘတ်ကိုနားကျပ်ဖြင် ့ထောက်သဖြင်. ရီရအခက် …..ငိုရအခက် ……။

ဖရဲမနေရာတွင် အလင်းဆက ်ဝင်ကစားသည် ။ သွက်သည်…..ပြေးအားကောင်းသည် …..ထို့ကြောင်. …. တဖက်အသင်း၏ မျက်စိနောက်ခြင်းခံရသည် ။ မကြာပါ ……ဦးဦးပါလေရာနှင်. အဘဖောတို. ပြေးကောက် ရပြန်သည် ။ ကြောင်လေးကို ကြောင်ကြီးနှင်.တွဲပေးလိုက်သည် …….ပွဲမှာ ပို၍ကြမ်းလာလေသည် ။ သာထွန်းပြန် ့အသင်းမှာ မကြခဏဆိုသလိုပင် ဖေါင်းဘောများပေးရလေသည် ။ အဝါကဒ်များလည်း မကြာခဏရလေသည် …….မောင်ကမ်းနှင်.ရဲစည် တို.အဝါကဒ်ထိသွားသဖြင် ့ ကိုနေးချားမှာ အမြန်ပင် လူလဲဖို.ပြင်ဆင်ရလေတော.၏ ……..။

မောင်ကမ်းနေရာတွင် သံမဏိဗိုက်ဖိုးထောင်မှလည်းကောင်း ၊ ရဲစည်နေရာတွင် အရင်.ရောင် မှလည်းကောင်း လူစားဝင်ကြသည် . …..မကြာပါ …..ပြာထွန်းဖြန် ့၏ ကွင်းလယ်လူ မောင်မိုးပြာ ကန်တင်လိုက်သော ပြစ်ဒဏ် ဘောကို တိုက်စစ်မှုး ကိုအောက်အော့ မှခေါင်းဖြင်.တိုက်၍ ဦးဆောင်ဂိုးသွင်းလိုက်လေသည် ။ တကွင်းလုံးအသံ တိတ်သွားသည် ……။ ဒီုင်သူကြီးကား ကြိတ်၍ပျော်လေပြီ ။ လူမသိ သူမသိ ပြာထွန်းဖြန် ့ အသင်းဖက်မှ တစ်ဦးတည်း လောင်းကြေးများဒိုင်ခံစားခဲ.သည်မို. ဒီညတော. ကိုဘေးနွားကြီးကင်စားရတော.မည်……… ဟု။ ဘောပွဲမှာတဖက်သပ် ဖြစ်လာသည် …..အဝါကဒ်များ တွင်တွင်ပြနေသဖြင် ့ သာထွန်းပြန် ့အသင်းမှာ ကစား၍မရတော. …….။ပွဲပြီးရန်ပင် နိးကပ်လာလေပြီ ။ ဂုရုကြီးဦးနေးချားမှာ သူ၏ဝှက်ဖဲဖြစ်လေသော အောင်ပုနားသို.သွား၍ ခတ်တိုးတိုး ပြောလိုက်လေရာ …………အောင်ပုမှာ လေ၏အလျှင်ကဲ.သို.ကွင်း ထဲပြေးဝင်၍ ကြောင်လေး၏နေရာတွင် လူစားဝင်လိုက်လေသည် ။ ပရိပ်သတ်များ ၊ ဘောပွဲတင်ဆက်သူများနှင် ့ သာထွန်းပြန့်အသင်းမှာ ပျော်ရွှင်လွန်းသည်မှာ ဆိုဖွယ် မရှိတော ့ပြီ ….။ လက်ခုပ်သံတို့ပွက်ပွက်ညံသွားသည် …။

“အောင်ပု….. အောင်ပု ………အောင်ပု …” ဟူသော ကြွေးကြော်သံတို.မှာ စည်းချက်ကျကျ ထွက်ပေါ်လာခဲ.လေတော.သည် ။ ကွင်းထဲသို.ရောက်သည်နှင် ့ အောင်ပုမှာ ဒိုင်လူကြီးအား ဘောလုံးဖြင် ့တေ့၍ကန်သည် ။ ဒိုင်လူကြီး ဦးခိုင်မှာ သုံးကြီမ်မြောက် အကန်ခံရပြီးချိန်တွင် သဘောပေါက်သွားလေတော.သည် ……။ထိုအချိန်မှ စ၍ သာထွန်းပြန့်အသင်းကို အားပါးတရပြခဲ.သော အဝါကဒ်များကို အပြီးအပိုင်သိမ်းဆည်းလိုက်လေ တော.သတည်း…………..။(သာဓု …သာဓု ……သာဓု )

သာထွန်းပြန် ့တို့ အလှည် ့ရောက်လေပြီ ။ အခင်းအကျင်းကောင်းသော ပလေးမိတ်ကာမောင်ဂီနှင် ့ အဖြတ်အတောက် အဖျက်ကောင်းသော အောင်ပုတို.၏ ကစားကွက်အောက်တွင် ပြာထွန်းဖြန် ့ အသင်းမှာ လည်စင်း၍ခံနေရတော.သည် ။ ကောင်းလေစွ …..ပွဲမှာသာထွန်းပြန့်တို. အသာစီး ရနေသည် ။ ဂိုး ……………………………………….ဂိုး ………………………………………..ဂိုး ………………… ချေပဂိုးကို ကြောင်ကြီးမှသွင်းလိုက်ပါပြီ ။ အရင် ့ရောင်မှထိုးပေးလိုက်သောဘောလုံးကို အောင်ပုမှ ခွကျော်ပေးလိုက်ရာ …..မတ်ကင်လွတ်နေသော ကြောင်ကြီးမှ လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်း သွားခြင်းဖြစ်ပေတော.သည် ။ နှစ်ဂိုးစီ သရေကျနေသည် ….။လောင်းကြေးမှာ ကြိုက်တဲ.ဘက်နေ ၊ သရေကျ ပြန်ခွာ ဖြစ်သဖြင် ့ ဘယ်သူမှမရှုံးသေး ။ သို.သော် …….ပြာထွန်းဖြန် ့တို ့အခြေအနေမကောင်း ……မကြာခင် နောက်တစ်ဂိုး အသွင်းခံရတော.မည် ။ ဒိုင်သူကြီးမှာ ဟိုဒီကြည် ့၍ ပွဲပြီးရန် (၅) မိနစ်ကျော်လိုသေးသော နာရီအား လှည် ့လိုက်သည် ။ ပွဲမြန်မြန်ပြီးမှဖြစ်မည် …..မဟုတ်ရင် …လျော်ရမှာဖြင် ့ ………………..။

ပွဲကား …..အထွဋ်အထိတ် သို.ရောက်နေလေပြီ …..။ ဂိုးဧရိယာထဲသို ့ဆွဲပြေးလာသော အောင်ပုကို မည်သူမျှမတားရဲ ……ဂိုးသမားနှင့်ရင်ဆိုင်တွေ ့သည်တွင် လွတ်နေသော ကြောင်ကြီးထံသို. ပေးလိုက် ပြန်သည် …ကြောင်ကြီးကန်တော ့မည် ………..။ ဒိုင်လူကြီးမှာ ဘာတွေညာတွေ မစဉ်းစားအား …….. မျက်စိများပျာဝေလျက် တအားမှုတ်လိုက်လေတော.သည် ……………။ ရွှီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အရှုံးအနိုင်မရှိ ။ တစ်ဘက်နှစ်ဂိုးစီသရေကျသည် ။ ဘောဒိုင်မောင်ပေမှာ မှင်ကုန် ၊ စာရွက်ဆုံး ၊ ဖုန်းဖိုးရှုံးလေပြီ

ဂိုး သွင်းခွင် ့မရလိုက်သဖြင် ့ အောင်ပုမှာ တောက် …..ဟူ၍ အံကြိတ်ပြီး….. အနိုင်ဂိုးမသွင်းလိုက်ရရှာသော ကြောင်ကြီးမှာ …….ခွီး ကနဲ ဒေါသထွက်လျက် …..

တောက် ……ခွီးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ………………………………….။

75 comments

  • surmi

    July 25, 2012 at 1:49 am

    ထုံးစံအတိုင်းဘဲ …..ဘုန်းကြီးခေါင်းခေါက်ပြီးမှ တောင်းပန်ရဦးမယ်
    နာမည်လေးတွေထည် ့ရေးလိုက်တာခွင့်လွှတ်ကြပါ ။
    ပြာထွန်းဖြန် ့အသင်းမှာဝင်ကစားပေးကြတဲ ့ ရွာသားနောင်တော်ကြီးများကိုလည်းကျေးဇူးပါ ။

  • padonmar

    July 25, 2012 at 2:40 am

    ကိုဆာမိ
    ညကြီးမင်းကြီး အိပ်ပျော်နေတဲ့ အိမ်သားတွေ မနိုးအောင် ပါးစပ်အတင်းပိတ်ပြီး ရယ်နေရပါကြောင်း။
    မျက်စိထဲကို ကွက်ကွက်ကွင်းကွင်းပါဘဲ။

  • အရီးခင်လတ်

    July 25, 2012 at 3:01 am

    ကဆာမိ ရယ်
    မပဒုမ္မာ လိုဘဲ ရီနေမိပါတယ်။
    အရီး မှာ ဒီလိုပွဲကြီး ပွဲကောင်း ဘော်လုံးပွဲ ကြီး ကို မကြည့် လိုက်ရတောင် နာလှ သကွယ်။
    ဒီ ကြော်ငြာ ကို မတွေ့ရအောင် ဘယ်သွား နေမိပါလိမ့်။
    နောက်တစ်ခါ တော့ ဟို သူဌေးမင်း ၂ယောက် နားမှာ ဂျလေဘီ အော်ရောင်း ပါရစေ။
    ဆေးမှူး တွေ ကို သူကြီး အတွက် နဲနဲ အလုပ်ရှုပ်ခိုင်း ကြည့်ပါလား။ 😀

  • kai

    July 25, 2012 at 4:34 am

    အမှန်ကတော့.. နာရီလှည့်လိုက်တာမဟုတ်..
    ကိုင်ကြည့်ယုံတင်..
    ဒိုင်ပီပီ. သမာသမတ်ရှိပါတယ်..။ “ခောတ်ဟောင်းငါးပါးသီလ”လုံပါကြောင်း..
    ဒိုင်မလုပ်ခင်.. သက်သတ်လွတ် မီးလွတ် ရရက်စားပြီး.. အဓိဌာန် ၉၉ရက်ကို.. ပုတီးအပတ် ၈၉၇၅ပါတ် စိတ်ထားကြောင်း.. :mrgreen:

    ဆိုတော့…
    ကျုပ်နာရီက.. သံပါတ်.. နာရီအစုတ်မဟုတ်..
    .. ဒစ်ဂျစ်တယ်ဗျ..
    0နဲ့1နဲ့… အလုပ်လုပ်တာ..

    ကွိကွိ..

    • အရီးခင်လတ်

      July 26, 2012 at 5:42 am

      တစ်ခါသုံး ဘက်ထရီ နဲ့ ဒစ်ဂျစ်တယ်လား။
      ဆိုလာ ဒစ်ဂျစ်တယ်လား။ 😛

  • Solid_Sn@ke

    July 25, 2012 at 6:50 am

    ပလေးမိတ်ကာ ဆိုဗျဲ ..
    ကျော ၁ဝ ပေါ့ …
    လောလောဆယ် ကန်နေတဲ့ ကွင်းက အဝေးကွင်းဖြစ်နေတယ်ဗျာ..
    အဝေး က နေ ကန်နေရတာ…
    နည်းနည်း စိတ်ထိခိယက်ပါတယ်လေ…

  • Foreign Resident

    July 25, 2012 at 7:08 am

    အင်း အပြင်မှာ ( MG ထဲမှာ ) လည်း တကယ် ကန်နေကြပုံပဲ ။

  • htoosan

    July 25, 2012 at 7:52 am

    အမှန် အတိုင်းခေါ်လိုက်တော့ အနာပေါ်ဒုတ်ကျ နာသွားတာပေါ့ ကွ .. 👿
    😀 😀

  • Moe Z

    July 25, 2012 at 8:32 am

    😀 😀 😀
    ဦးဦးဆာမိရေ စောစောစီးစီးဖတ်မိပြီး အားရပါးရရယ်သွားပါကြောင်း
    အဟိ .. ပန်းစည်းထဲ ပုရွက်ဆိတ်ပါသွားရင် ခွင့်လွှတ်ပါနော …

  • surmi

    July 25, 2012 at 8:59 am

    ပြောရဦးမယ်အရပ်ကတို ့ရေ
    အရီးလတ်တစ်ယောက်ကိုကြောင်ကြီးကန်တာအားမရလို ့
    တီဗွီကြည် ့ရင်း ကန်ထည် ့လိုက်တာ စားပွဲကိုကန်မိလို ့ခြေထောက်တစ်ဖက်
    ယောင်နေသတဲ ့
    နောက်ဆုံးသတင်း နောက်ဆုံးသတင်း

    • ဆူး

      July 25, 2012 at 9:14 am

      ဆေးကျောင်းသား မောင်သန်းထွဋ် ကို ခြေထောက် ဒဏ်ရာ ကုဖို့ လွတ်ပေးခိုင်းလိုက်ရမလားလို့ မေးလိုက်ပါ။ အဟိ.. 😀

      • ဒုတ်ထိုး

        July 25, 2012 at 9:31 am

        သေတော့မှပဲ အရေးဆိုသူက ခြေထောက်ဒဏ်ရာကိစ္စ နားကျပ်ရင်ဝ စမ်းသတဲ့
        ဟားး းးးးးးးးးးးးးးးးးးးး
        ကိုဆာမိ ကတော့လုပ်ချလိုက်ပြီ ။

    • အရီးခင်လတ်

      July 25, 2012 at 6:11 pm

      တော်ပါသေးရဲ့ ဟယ်။
      စာပွဲကိုဘဲ ကန်မိလို့။
      မဟုတ်ဘဲ အနားက လူကြီး ကို သွားကန် မိလို့ ကတော့ ……
      အမလေး….
      တွေးတောင် မတွေးရဲ အောင်ပါလားကွယ်တို့။ 😀

      ဆူး ရေ
      ရပါဒယ်။ ရပါဒယ်။
      အဘထ လိမ်းထားလိုက်ပါပြီ။
      မလွှတ်လိုက်ပါနဲ့။

      • ဆူး

        July 26, 2012 at 8:51 am

        ဒါဆိုလည်း ခြေထောက် ဒဏ်ရာ အတွက် အဘထ ရှုဆေး ပို့လိုက်မယ်နော်။ 😀

  • ဆူး

    July 25, 2012 at 9:08 am

    (((ကွင်းထဲသို.ရောက်သည်နှင် ့ အောင်ပုမှာ ဒိုင်လူကြီးအား ဘောလုံးဖြင် ့တေ့၍ကန်သည် ။ ဒိုင်လူကြီး ဦးခိုင်မှာ သုံးကြီမ်မြောက် အကန်ခံရပြီးချိန်တွင် သဘောပေါက်သွားလေတော.သည် ……။ထိုအချိန်မှ စ၍ သာထွန်းပြန့်အသင်းကို အားပါးတရပြခဲ.သော အဝါကဒ်များကို အပြီးအပိုင်သိမ်းဆည်းလိုက်လေ တော.သတည်း…………..။(သာဓု …သာဓု ……သာဓု ))))

    ကိုဘေး နွားစားရင်တော့ ရွာသားတွေ သတိရမဲ့ ပုံလည်း မပေါ်ပါဘူး။
    တစ်ယောက်တည်း ကြိတ်ဝါးမှာ.. မြင်ယောင်သေးတယ်။

    တွေးတတ် ရေးတတ်တဲ့ မစ္စတာဆာမိ ကို လက်မ ထောင်ပေးသွားပါတယ်။

  • ဒုတ်ထိုး

    July 25, 2012 at 9:32 am

    ကိုစိန်ဗိုက်ဗိုက် အခြေအနေကော ဘယ်လိုနေသလဲဗျ ။
    စင်မြင့်က ခုန်ချ လိုက်တယ်ဆိုတော့ အပွန်းအပဲ့လေးများ ရနေမလား ။

    • မမ အညာသူ

      July 25, 2012 at 9:58 am

      ဟားးးးးးးးးးးးးးးးးးးး
      တကယ်ရယ်ရတယ် ကွင်းကွင်းကွက်ကွက်မြင်တာပါတယ်…….
      ကိုစိန်ဗိုက်ဗိုက် အခြေအနေလား ဘာမှမဖြစ်ပါဘူး
      ခြေထောက်နှစ်ချောင်းထဲကျိုးလို့ခု ဆေးရုံပေါ်ရောက်နေပါတယ်
      ခစ်ခစ်……………….

  • mamanoyar

    July 25, 2012 at 9:45 am

    အမလေးဆာမိရယ်
    ပန်းကုန်းစွပ်ရမှာမို့ ဂုဏ်ယူနေကာရှိသေး
    ခွေးသေးပန်းနဲ့ လွဲရတယ်လို့
    မတရားဘူး ဟွန်းးးးးးးးးးးးးးးးး
    အားရပါးရရယ်သွားပါတယ်ရှင်

  • မွန်မွန်

    July 25, 2012 at 9:48 am

    ရုံးမှာ သူများတွေ အလုပ်အကြောင်းပြောနေတာ အာရုံမရဘဲ ရုပ်ကြီးဖြီးနေလို့ မျက်စောင်းထိုးခံလိုက်ရပါကြောင်း… 😀

  • ဘရားသား

    July 25, 2012 at 9:51 am

    ဆာမိ ကိုယ့်လူ တော်တယ်ဗျာ ၊ အရမ်းရီရတယ် ၊
    ရွာသူရွာသား အများပါဝင်တဲ့ပွဲမို့ ဖတ်ရတာလဲ လန်းဆန်းပါတယ် ။

  • amatmin

    July 25, 2012 at 9:54 am

    အလဲ့ ဘောစိဆိုပါလားး
    ဂျလေဘီဘောစိပဲ ဖြစ်ဖြစ်ဘာဖြစ်ဖြစ်..
    ဘောစိဖြစ်ရဖို့လိုရင်းပဲ.. 🙂
    ဇကားမစပ်..ပန်းစီးကမ်းတဲ့အလှမယ်တွေကို..
    ဘောစိတွေနားပေးမထိုင်ဘူးလား ဟင်င် 😛

  • ဦးဦးပါလေရာ

    July 25, 2012 at 10:02 am

    ဒီရွာက ပွဲလမ်းသဘင်ကြိုက်တယ်…
    နောင်.. မိုးလေးပါးလို့ ခြေခင်းလက်ခင်းသာရင်
    လွန်ဆွဲပွဲတွေ လက်ဝှေ့ပွဲတွေပါ ကြည့်ရဦးမှာ…. 😀 😀

  • Gipsy

    July 25, 2012 at 10:08 am

    အလို ကျုပ်ကို နောက်တန်းကထားတယ် ?
    ကံကြီးပေလို့သာပေါ့ ကိုဆာမိရာ .. ကျုပ်ကနောက်တန်းမလုံဘူးဗျ …
    နောက်နောင် ပွဲဖြစ်ရင် ဘောကောက် နေရာလောက်ပဲ ထားပေးပါ …. :mrgreen:

  • pan pan chit

    July 25, 2012 at 10:28 am

    အူးဆာမိ
    အဝါရောင်အုပ်စုကို ပန်းစည်းပေးမယ့် အနော့်တို့မိန်းခေးလေးတွေတွက် ဝတ်စုံလေးတွေက စကပ်ဝါဝါကားကားလေးလုပ်ပေးပါ
    ဇဘင်လေးတွေ ထောင်ပြီးစည်းချင်တယ်
    အဲ့…..ဘယ်အလှမယ်မိန်းခေးလေးတွေကိုမှ ဘောစိ၂ယောက်နားမထားပါနဲ့နော် 😆

  • Rose Minn

    July 25, 2012 at 10:43 am

    ရွာသားတွေ စုံစုံလင်လင်တွေ့ရတော့ ဝမ်းသာမိတယ်။ ဟိုတစ်ခါလဲ ကိုဖက်က ကြောင်ဝတုတ်ဂိုဏ်းဆိုပြီး ရွာသူရွာသားတွေထည့်တယ်။ သူရက တော့ ရွာအပြန်ဆိုပြီးထန်းတောထဲ က ထန်းရေဝိုင်းနဲ့။ အခု ကိုဆာမိက ရွာက လူတော်တော်စုံစုံလင်လင်နဲ့ ဘောကန်ပြန်ပြီ။ နောက်များကျရင် ရွာလူတွေစုပေါင်းပြီး ပျော်ပျော်ရွှင်ရွှင်ခရီးလေး တစ်နေရာထွက်စေချင်ပါကြောင်း။ ကိုယ်ကတော့မရေးတက်ပါ။ 😛 😛

  • shwe kyi

    July 25, 2012 at 10:46 am

    ခွေးသေးပန်းတဲ့တော် ကျုပ်တို့ကမ်းရတဲ့ပန်းက ဟွန်း။
    မမကိုပဲအပြစ်တင်ရမှာပေါ့တော်။
    ကိုရင်ဆာမိ ပြာထွန်းဖြန့်အသင်းမှာမကျေနပ်တဲ့သူတွေထည့်ပေးထားသလားပဲ 😀

    • MaMa

      July 25, 2012 at 2:47 pm

      မတော်တဆ တမင်ကာ မှားသွားတာပါ ရွှေကြည်ရယ်။
      သည်းခံပါ။ 😀

      တော်လိုက်တဲ့ ကိုဆာမိ။
      မကျေနပ်ချက်ကို ဘယ်လိုပြရမှန်းမသိဖြစ်နေတာ။ :roll eye:

      ဆရာသမားကောင်းမှုနဲ့တော့ ရိုက်ပေါက်ပဲ။ 😛

      _________________________
      I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • ကြောင်ကြီး

    July 25, 2012 at 10:50 am

    နောက်ဆို သဂျီးဒိုင်လုပ်ရင် မကန်တော့ဘူးဗျာ။ ပျာထွန့်သွမ်းတွေကလည်း လူနဲ့ကိလေသာ ကွဲရမယ် မိုးလားကဲလားပြောပီး ဒိုင်နဲ့ပေါင်းညစ်တယ်။ ဒါနဲ့ ဘောလုံးတိုက်စစ်မှူး ကြောင်ကြီးကို ပန်းစည်းဆက်သူ ရွာအပျိုချောတွေက မနိုင်ရကောင်းလားဆိုပီး ဝိုင်းနှိပ်ညှစ်ကြတာ သူ့ခမျာ အခု ယဲ့ယဲ့ဂလေးပဲ ကျန်ရှာတော့တယ်။

  • Gipsy

    July 25, 2012 at 11:00 am

    ဝီစီ အမှုတ်တော်တဲ့ ဒိုင် ကိုဝိုင်းညှစ်ရမှာ … ကောင်းနေတုန်းမှာ သူက မှုတ်တာကိုး .. :mrgreen:

  • မိုးတိမ်

    July 25, 2012 at 11:00 am

    နာ့ကျ ထည့်မကန်ခိုင်းလို့ မကျေနပ်ဘူးကို ဆာမိကြီး
    ဟဲဟဲကြိုက်သဗျာ။ဆက်ရေးပေးပါဦးဗျ။သာထွန်းပြန် ဘက်ကပဲနော် ဟဲဟဲ။

  • pooch

    July 25, 2012 at 11:03 am

    ဦးကြောင်တို့များ ဒီလောက်ဖြစ်နေတာတောင် အသားက ဝင်ယူသွားသေးတယ်။ နိုင်ကို မနိုင်ဘူး ။

    သူကြီး အိမ်က သူ့သမီးအခန်းက ပြတင်းပေါက် မှန် မနေ့ညက ခဲနဲ့ ထုခံရတယ် ပြောတယ်။
    ဦးကြောင်လား… ဘပုလား ….. တယောက်ယောက် လက်ချက်ပဲ နေမှာ။ 😀

    ထုခံရတာတောင် နည်းသေးတယ် ။ နောက်ဆို သူ့နဖူးပြောင်ကြီးမှန်အောင် ထုခိုင်းရမှာ။ :mrgreen:

  • မောင်ပေ

    July 25, 2012 at 11:12 am

    မောင်ပေ တစ်ယောက်ခဗျာလည်း
    ငါးမရ ရေချိုးပြန်မယ် ဟုဆိုကာ
    သူ့ ဖုန်းဟန်းဆက်ဖြင့် ရိုက်ခဲ့သော ပေါက်ဖော် ဖင်တုံးလုံး မူဗီနှင့် ဘောလုံးပွဲမူဗီတို့ကို အက်ဒစ်တင်းလုပ်ပြီး
    လိပ်ထီးပျော်တဲ့ ဘောလုံးပွဲ ဟု ခွေထုတ်ရောင်းစားပြီး
    နေ့တွက်စီသွားသည် ဟူသတတ်။
    🙂

    • စိန်ဗိုက်ဗိုက်

      July 25, 2012 at 12:44 pm

      ခွီး..ခွီး..ခွီး..
      ဇာတ်လမ်းထဲပါရလို ့ ပျော်နေတာ..
      ပုဆိုးကို လေထီးလုပ်ပြီး ခုန်ချသတဲ့..
      ဟမငေး..
      ရက်စက်လှချည်လား ကိုဆာမိရဲ့
      အိုင်တီခေတ်ကြီးထဲမှာ ကျော့်ကို လုပ်ရပ်ပါပေ့ 😳

      တော်သေးတယ်..
      ကြီးမိုက် အကြော်ဆိုင် ခေါင်မိုးပေါ်သွားကျလို ့ပေါ့…
      ကွင်းလယ်ခေါင် သွားကျရင် လျောပြီး အကန်ခံရမှာ..
      ဘောသမားတွေက သိပ်ယုံရတာဟုတ်ဘူးရယ်
      😯

  • etone

    July 25, 2012 at 11:44 am

    ကိုဆာမိရေ .. ရေးလည်း ရေးတတ်ပေတယ် … ဖတ်ပြီးတောင် ခွက်ထိုးခွက်လန်ရယ်မိပါတယ် ။
    ဒါနဲ့ သာထွန်းပြန့်အသင်းက … နဂိုကတည်းက လူစားထိုးဖို့ … လူများများပါလာတာထင်တယ်နော် … ။
    တဖက်အသင်ကတော့ … လူလေး နှစ်ယောက်တပိုင်းမို့… 😛

  • ကိုဆာမိစာကို
    အလုပ်ထဲမှာဖတ်မိတာ
    ရုံးက ကလေးတွေက ကျုပ်ရီနေတာမြင်တော့
    ဘာပြောကြတယ်မှတ်သလဲ
    ……………………………………
    …………………………………………………

    • Moe Z

      July 25, 2012 at 11:59 am

      ဘာတဲ့လဲဟင် လေးပေါက်…

  • အရင့်ရောင်

    July 25, 2012 at 12:22 pm

    မန်နေဂျာ ကို မကျေနပ်ဘူးကွာ………..
    တစ်ပွဲလုံး အရန်ခုန်မှာပဲ ထိ်ုင်နေခဲ့ရတယ်………
    နောက်ပွဲဆို အိုဂျီလုပ်ပစ်မယ်……..
    ဘာမှတ်လဲ………..ဟွန်းးးးးးးးး

  • Novy

    July 25, 2012 at 12:30 pm

    သူကြီးညစ်တယ်
    သူများအဝါရောင် အသင်းနိုင်ခါနီးမှ
    ရွှီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ရသလား

  • မဟာရာဇာ အံစာတုံး

    July 25, 2012 at 1:31 pm

    ခွီး .. ခွီး .. ခွီး ..
    တကယ်ရီရတယ်ဗျာ ..
    ပေါက်ဖော်က အပျော်လွန်ပြီး
    သူ့ပုဆိုး လေထီးလုပ်ပြီး လုပ်ချလိုက်ဒဲ့ မြင်ကွင်းကတော့
    ကွက်ကွက်ကွင်းကွင်းဘဲ … 😀
    ဖရဲသီး ခြေထောက်ကျိုးတာကို ကိုသန်းထွဋ်ဦးက
    ရင်ဘတ်ကို နားကြပ်နဲ့ ထောက်သတဲ့ .. ဟီဟိ .. 😀
    ရီမောရင်း အားပေးသွားတယ်ဗျို့ …
    ______

    PS (သူများ ပီအက်စ်လို့ ပီအက်စ်လိုက်တာ ဘာမှန်းတော့ သိဘူး)

    အပြင်မှာလည်း အဲ့ဂလိုပွဲမျိုး ကန်ဖြစ်ရင် ကောင်းမယ်လို့ တွေးမိသေးရဲ့ဗျာ ..
    ဘယ်သူတွေ ကန်ကြမလဲဗျို့ …….

  • Khaing Khaing

    July 25, 2012 at 1:43 pm

    အူးအူးစာမိ သမီးကတော့ ဘောသမားချောချောလေးကိုပဲ ပန်းခွေ အဲ ပန်းကုံးစွပ်မှာနော် …. မချောတဲ့သူ ဆိုမစွပ်ဘူး …….

  • surmi

    July 25, 2012 at 2:19 pm

    ဖတ်ရှုအားပေးကြသောကျောင်းဒကာကျောင်းအမတို ့ရေ ( ကိုဘလက်လေသံဖြင် ့ )
    ရီစရာပို ့စ်လေးကို ရယ်ရွှင်ပြီး အားပေးကြလို ့ အထူးဝမ်းမြောက်ကျေးဇူးတင်ပါတယ်
    ရယ်သောသူအသက်ရှည်၏ တဲ ့
    ကျနော်တို ့များများးရယ်ပြီး ကာလကြကာရှည်စွာ ရွာထဲမှာ ဆုံကြပါစို ့ဗျာ ။

    အားလုံးကိုခင်မင်လျက်
    ဆာမိ

  • ကြည်ဆောင်း

    July 25, 2012 at 2:37 pm

    ကြည်ဆောင်းဆို တော်တော်များများက ယောကျာင်္းလေးထင်နေကြတာ..
    ကိုဆာမိက မိန်းကလေးမှန်း ဘယ်လိုမှန်းဆလိုက်ပါလိမ့် ???
    ပန်းစည်းဆက်ရတာ ခွေးသေးပန်းဆိုတော့…
    စိတ်လေတယ် …………………….

  • Shwe Ei

    July 25, 2012 at 2:56 pm

    အူးဆာမိရေ အမောပြေ အပန်းပြေ စိတ်ရွှင်လန်းစေလို့ ကျေးဇူးအထူးတင်ပါတယ်။ ရုံးမှာဘယ်သူမှမရှိတုန်း လွပ်လွပ်လပ်လပ် ရီလိုက်ရလို့ တကယ်ကို စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးခံစားလိုက်ရတယ်။ ဖတ်ပြီးရီရတာတင်မကဘူး ပြန်တွေးကြည့်ရင်လဲရီရတယ်။ 🙂

  • Shwe Tike Soe

    July 25, 2012 at 3:35 pm

    အော်ကိုဆာမိရယ်လုပ်ရက်ပပေ့အေ…. ဒီအရပ်နဲ. ဂိုးက လာဖမ်းခိုင်းနေသေးတယ်…. အေးပေါ့လေ… ဂိုးပေါက်ကို နှစ်ပြန်လောက် ဒိုင်ပင်ပစ်ဖမ်းလဲ ရတာပဲကိုးးးးးနော့ ဟိဟိဟိ…

    ဘောလုံးပွဲ ရသ ကတော့ တော်တော်လေး ကောင်းပါတယ်ဗျာ………အားရပါးရကို ရီသွားပါတယ်..

  • ညလေး

    July 25, 2012 at 3:49 pm

    ကိုဆာမိရဲ.ဘောပွဲကတော့…….အာဆင်နယ် နဲ. မန်ယူ ကန်တဲ့ပွဲထက်ကိုကောင်းပါတယ်ဗျာ……….
    တဟားဟား…..ကြီးကိုအားရပါးရရီလိုက်ရပါတယ်……
    အခိုက်ဆုံးအခန်းလေးကတော့……..
    အူးဗိုက်တစ်ယောက်…..လေထီးဆီးတဲ့အခန်းပေါ့……..
    တန်းကနဲကိုမြင်ယောင်မိသွားတယ်…….အဟိဟိဟိ
    လက်မအကြီးကြီးထောင်ပြီးအားပေးသွားတယ်နော်…..

  • nozomi

    July 25, 2012 at 5:55 pm

    အမှန်အကန် ကြိုက် အမှန်အကန် အားပေးသွားကြောင်းပါ
    နောက်ပြိုင်ပွဲလေးများ လဲ စီစဉ်ပေးစေချင်ပါတယ်

  • blackchaw

    July 25, 2012 at 6:26 pm

    ကိုဆာမိရေ..။
    ကျွန်တော့် ကို မှတ်မှတ်ရရ ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက်
    ဖြစ်ခွင့်ပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါကြောင်း..။
    တက်တက်ကြွကြွအားပေးသွားပါတယ်ဗျာ..။
    နောက်လည်း ခေါ်ဦးနော် အစ်ကို…။
    :mrgreen:

  • may flowers

    July 25, 2012 at 6:26 pm

    ဟင် ခွေးသေးပန်းနဲ့ ပန်းကုံးစွပ်ရတာလား……….အို ကိစ္စတော့မရှိပါဘူး….ဘောလုံးကွင်းထဲ

    မှာ ပန်းကုံးစွပ်ရတဲ့အခန်းကပါရတာပဲ…စွပ်ပေးလိုက်မယ် ခွေးသေးပန်းကုံးနဲ့..ဟိ။

  • သန်းထွဋ်ဦး

    July 25, 2012 at 8:10 pm

    အမလေးးးဗျာ ကိုဂျစ်ပစီလို ဘောလုံးမကန်တတ်သူကိုမှ ရွေးရက်လေခြင်းဗျာ။
    ကျနော့်ကျတော့ မရွေးဘူးဗျ။စိတ်ကုန်တယ် ကိုဆာမိရေ။

Leave a Reply