ကိုဖက်တီးကပ် (ခ) ကိုသော်ဇေယျာ အသက် (၃၂)နှစ်

ThuyazawAugust 29, 20121min75478

ဪ ရွာထဲမှာ ဘာလိုလိုနဲ့ ဖက်တီးကပ်တစ်ယောက် ၃၂ နှစ်ပြည့်မြောက်မယ့် မွေးနေ့လေးကို ရောက်ရှိလာခဲ့လေပီ….. ဒီလိုအချိန်အခါသမယမှာ ဖက်တီးကပ်တစ်ယောက် ဘာတွေစဉ်းစားပီး ဘာတွေလုပ်နေမလဲ…… ကျွန်တော်တွေးကြည့်မိတယ်လေဗျာ….. သူ မီးဖိုထဲမှာ ရှိနေမလား….. ဒါမှမဟုတ် သူ့ချစ်သူမိန်းမရဲ့ အနားကွေးနေမလား….. ဟောဟဲ ဟောဟဲ နဲ့ဖြစ်နေလေမလား….. ဒါမှမဟုတ် သူငယ်ချင်းတွေကျွေးလို့ ကုန်ကျမယ့်စရိတ်အတွက် အိမ်ဂရံလေးပဲ ပြေးပေါင်နေပလားပေါ့နော်……….. အတွေးများစွာဖြင့် ချာချာလည်နေမိပါတယ်…….. ဪ ဘာပဲဖြစ်ဖြစ်လေ ကိုဖက်တီးကပ်ရဲ့ ၃၂ နှစ်မြောက်မွေးနေ့လေးမှာဖြင့် ကျန်းမာ၊ ချမ်းသာ၊ ထီပေါက် နိဗ္ဗာန်ရောက်စေခြင်းအလို့ငှာ ကျွန်တော် မောင်သူရဇော်မှ ဂေဇက်ရွာသူ/သားများ အားလုံးကိုယ်စား ဒီပို့စ်လေးနဲ့ HAPPY BIRTHDAY လေးကို ကြိုဆိုလိုက်ပါကြောင်းခင်ဗျာ………..

ယနေ့မှစ၍ နောက်နှစ်ပေါင်းများစွာ အုပ်ထိန်းသူ မဇင်လေးနှင့်အတူ ကျန်းမာ၊ ချမ်းသာ၊ ပျော်ရွှင်စွာ ဘဝခရီးကို အတူလက်တွဲ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သခြင်းများနှင့်အတူ ကိုဖက်တီးကပ် (ခ) ကိုသော်ဇေယျာရေ

H A P P Y B I R T H D A Y ဗျာ……….

78 comments

  • Inz@ghi

    August 29, 2012 at 11:28 am

    ဆိမ်းတူယူပါအေ..

    • Inz@ghi

      August 29, 2012 at 11:32 am

      ဟုတ်ဒုတ်ထိုးသယ် အဒေါ်ဂျီး ဖျာစုတ်ကြီးခင်းပီး နေရာလာဦးမှ စိုးလို့ အမြန်မန့်လိုက်တာ..
      ညင်းညင်း…
      😛

      အဲ့အူးလေးက ပြည့်တာ ..အသက် ၃၂ လားဗျ…
      တိပါဝူးဗျာ.. ၂၂မှတ်လို့ ..( ဘီဘီ တိုက်စေသဒီး…)

      😳

      ညနေဘက် ဘာ့သ်ဒေးပါတီလည်း ..တင်အုံးနော့် ကို့ …

      သများ အဝေးကနေပဲ
      ရီမုတ် ဆင်နွှဲလိုက်ပါ့မယ် ဘော ရယ်…

      :mrgreen:

      (ဘော= အို ..အချင်းတို့)

  • Rose Minn

    August 29, 2012 at 11:31 am

    မနက် ကပဲ ချစ်သယ်ရင်းကြီးဆီ message ပို့ပြီးပါကြောင်း။ နောင်နှစ်ပေါင်းများစွာ ငယ်လေးနဲ့ အတူ ဘဝခရီးလမ်း ကို ရှေ့ဆက်လျှောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါတယ်။ gong xi gong xi. 🙂

  • ကိုရင်စည်သူ

    August 29, 2012 at 11:32 am

    ဒီလထဲမှာ ရွာထဲက လူပျော်ကြီးတွေ မွေးနေ့တွေများတာ တွေ့ရတယ်…
    ဒါကြောင့် ဩဂုတ်လကို လူပျော်ရုပ်ချောသဘောကောင်းတွေ
    မွေးတဲ့လလို့ မှတ်ရမလားပဲ..
    ဟတ်ပီးဘတ်ဒေးပါ… ကိုဖက်တီးကပ်ရေ…

    • ရွှေ ကြည်

      August 29, 2012 at 12:14 pm

      ဟုတ်တယ် ဟုတ်တယ် မှတ်ရမလားပဲမဟုတ်ဘူး မှတ်သာမှတ်လိုက်ပါ။
      ရုပ်ချောသဘောကောင်းတွေမွေးတဲ့လပါပဲ 😛

      • Rose Minn

        August 29, 2012 at 12:20 pm

        အောင်မယ် အောင်မယ် ဒေါ်ရွှေကြည်တို့ ကြော်ငြာလိုက်ပုံက။ ရုပ်ချောသဘောကောင်းလတဲ့။ သူလဲ ဒီလတန်းဝင် 18 ရက်နေ့လေ။ တို့များသွားစားလိုက်သေး။ စေတနာ လေး အစစ် ထည့် ကျွေးတော့ အရသာရှိတဲ့ မုန့်လေးတွေ ဟိ။

        • ရွှေ ကြည်

          August 29, 2012 at 12:31 pm

          အဟဲ မရို့စ်ရေဒီလိုပဲကြော်ငြာရတာပေါ့။ 😀

  • kotun winlatt

    August 29, 2012 at 11:33 am

    tzayar.it: ကျွန်ုပ်မွေးနေ့သို့ရောက်ရှိတော့မည်ဖြစ်ပါသဖြင့် မွေးနေ့လက်ဆောင် Samsung Galaxy Note တစ်လုံးမွေးနေ့လက်ဆောင်ပေးရန် ရှယ်ယာများစတင်ထည့်ဝင်နိုင်ပါပြီ…

    ကဲ…ကိုဖက်ကတော့..အဲ့..ဂလို…အဲ့ဂလို….ပြောနေပီ..
    တဂျီးးးရေ…ဘီလိုလုပ်မလဲ….

    ကျနော်ကတော့… ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေဆိုတဲ့ ရှယ်ယာထည့်လိုက်ပြီးပြီဖြစ်ပါကြောင်းးးးးး

    • Inz@ghi

      August 29, 2012 at 11:38 am

      အိုင်တီသမား ကိုယ့်ချင်းကိုယ့်ချင်းပဲဟာ …
      ပို့လိုက်ပါ့မယ်.. ဒေါင်းလုပ်ချယူလိုက်ပါ…

      :mrgreen:

      • etone

        August 29, 2012 at 11:54 am

        သူ့ကို ဂလက်စီနုတ်လောက်မပေးတော့ဘူး .. သူငယ်ချင်းတွေ .. အားလုံး စုပြီး …ကား ဝယ်ပေးမယ် စဉ်းစားထားတယ် ………








        ဆိုက်ကား ……… (ဆိုက်ကားနင်းရင်း ဝိတ်ကျအောင်ပါ .. ခွိခွိ ) 😉

  • Novy

    August 29, 2012 at 11:34 am

    ကြောင်ဝတုတ်ရေ.
    လိုချင်တာတွေ ဆုမတောင်းပဲပြည့်ပါစေလို့

  • ကထူးဆန်း

    August 29, 2012 at 11:42 am

    ကိုဘလှိုင်ရဲ့ ဖမ်းစားနိုင်သော ခေါင်းစဉ်ပေးပါ အတိုင်းလိုက်နာလိုက်တာဘဲ … လန့်သွားတာဘဲ.. 😀
    Happy Birthday ပါ ကြောင်ဝတုတ်ရေ..

    • ပစ်ပစ်ချန်

      August 29, 2012 at 11:46 am

      ဟုတ်ပ…
      သို့လော..သို့လောနဲ့
      အနော်တော့ မုန့်ဟင်းခါးစားရတော့မယ်မှတ်တာ :mrgreen:

  • P chogyi

    August 29, 2012 at 11:45 am

    ကြောင်ဝတုတ်အတွက် မွေးနေ့အကြောင်း ခေါင်းစဉ်ကြည့်ပြီး ရင်ထိတ်မိသွားပါသည်။
    “ကိုဖက်တီးကပ် (ခ) ကိုသော်ဇေယျာ အသက် (၃၂)နှစ်”
    အဓိပါယ်တစ်မျိုးဖြစ်သွားပါသည်။
    မောင်ဘလှိုင်နှင့် သုရှင်တို့ရဲ့ ပို့စ်ရေးနည်း၊ ခေါင်းစဉ်ရွေးနည်းဖတ်ပြီး
    အဲဒီလိုတင်လိုက်တာလား။

  • ပစ်ပစ်ချန်

    August 29, 2012 at 11:50 am

    အူးဖက်…………..
    ကျန်းမာချမ်းသာလန်းဖြာဝမ်းသာဘာဇေ……………….
    မွေးနေ့လက်ဆောင်မယူဘဲ ကျွေးမွေးဧည့်ခံမည်ဟု သတင်းကြားရသည့်အပြင်
    သွားလာစရိတ်ပါ ထပ်ဆောင်းကျခံမည်ဆိုသည်ဟုပါ ကြားရသောကြောင့်
    သာဓု သာဓု ခေါ်ဆိုအပ်ပါပေသည်……………….
    မနေ့ညကတည်းက ဝမ်းနုတ်၍ ဘာမျှမသုံးဆောင်ဘဲ အဆာခံဝမ်းဟောင်းလောင်းနှင့်
    ညနေစားပွဲသောက်ပွဲတွင် ငတ်ကြီးကျမည်ဖြစ်ပါကြောင်း….ဟူလို……….. :mrgreen:

  • ဖက်တီးကက် ခေါ်ကြောင်ဝတုတ်
    ဘုတ်ဘုတ်ပေမယ့်အသွက်ခုတ်
    မျှော်နေတယ်နော် ပြင်သစ်လုပ်…………………………….
    အသက်ရှည် အနာကင်း ချစ်ခြင်းတွေနဲ့ပြည့်စုံနိုင်ပါစေသတည်း…………………………….

  • etone

    August 29, 2012 at 11:51 am

    ချစ်ကိုကြီး ဖက်တီးကတ်ရဲ့ …. သုံးဆယ့်နှစ်နှစ်(အမှန်မဟုတ်ဘူးဆိုပဲ .. ) ရဲ့ မွေးနေ့မှ သည် …. နှစ်ပေါင်းများစွာတိုင်အောင် ပုလင်းတစ်ဖက် ၊ မိန်းမတစ်ဖက်နဲ့ ….. ပျော်ရွှင်ဖွယ်ရာနေ ့ရက်များကို လေးဘက်မထောက်၊ လက်မမြှောက်ပဲ … ဖြတ်သန်းနိုင်ပါစေနော် ။ ခွိခွိ 😀 😀

    ံHappy Birthday ! ပါ ချစ်ကိုကြီးရေ I wish you a birthday full of smiles and loves ! ပါချင့်

    ဒါနဲ့ ဟို လူ .. မိတူရ ……. ဘယ်နှာ ခေါင်းစဉ်ဂျီးတုံး ….မျက်လုံးတောင်ပြူးသွားတာပဲ … ဟိုနေ့နဲ့ ဟိုနေ့ တထပ်တည်းများကျပြီလားလို့ …. ဟီးဟီး 😀 😀

  • we R one

    August 29, 2012 at 12:00 pm

    မွေးနေ့ ကိုး….
    မသိပါဘူး ခေါင်းစဉ်ကြီးပြီး.. တခြား တွေးနေတာ…။ တော်သေးတာပေါ့မွေးနေ့ ဖြစ်လို့..။ 😀
    မွေးနေ့မှာ ပျော်ရွှင်ပါစေ ကိုfatty cat ရယ်…။ ဘဝနဲ ဆန္ဒ တစ်ထပ်တည်းကျပါစေရှင်

  • မွန်မွန်

    August 29, 2012 at 12:01 pm

    မွေးနေ့မှာပျော်ရွှင်ပါစေရှင်…
    အေးချမ်းပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ပါစေ။ စာတွေအများကြီးလည်း ဆက်လက်ရေးနိုင်ပါစေ။

  • ရွှေ ကြည်

    August 29, 2012 at 12:17 pm

    ကိုကြောင်ဝတုတ် နောင်နှစ်ပေါင်းများစွာ ကျန်းမာပျော်ရွင်စွာနဲ့သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေ။

  • mocho

    August 29, 2012 at 12:18 pm

    ခေါင်း စဉ် ကြည့် ပြီး ရင်တောင် တုန်သွား တယ်။ တကယ် ကို ဖွင့် မဖတ် ပဲ မနေ နိုင်တဲ့ ခေါင်းစဉ် ပဲ။
    မောင် လေး ကြောင် ဝတုတ် မွေးနေ့ မှ နှစ်ပေါင်း ၁၂ဝ တိုင် သည် စိတ်ချမ်းသာ ၊ကိုယ် ချမ်းသာ နဲ့ ပိုစ့် ကောင်း လေး တွေ များများ ဆက်ရေး နိုင် ပါစေ။

  • ကို ခင်ခ

    August 29, 2012 at 12:24 pm

    ရွာထဲဝင်ရုံရှိသေးတယ် ပိုစ့်ခေါင်းစဉ်ကိုကြည့်ပြီး အရင်ဆုံးဖွင့်လိုက်မိတယ်။
    ပြီးတော့မှ ဪ —————။
    Happy Birthday ပါ ကြောင်ဝတုတ် ခင်ဗျာ။
    အသက်ရာကျော်မက ရှည်ပါစေကြောင်း ဆုမွန်တောင်းပါ၏။

  • marblecommet

    August 29, 2012 at 12:31 pm

    ဂေါင်းဇင်
    ကြည့်ပြီးတော့ မနေ့ကတောင်
    အကောင်းကြီးရှိသေးတယ်
    ကြေးအိုးလည်း သဖြဲနဖြဲတိုက်မယ်ပြောထားတာ
    ဘယ်လိုဖြစ်တာပါလိမ့်ဆိုပြီး
    လန့်သွားတယ်

    တော်သေးတယ်
    ပို့(စ်)တင်ပေးတဲ့လူကို ကြည့်တော့မှ
    ဘုန်းဂျီးလထွက်မှန်း သိတော့မှ
    အို ဒလောက်တော့ ရှိရမှာပေါ့လို့
    သက်ပြင်းကျသွားတယ်..တော်သေးလို့
    ညနေ ဝါးဒီးဆွဲဒီး အပီ တီးပီသာမှတ်ပေတော့

    မွေးနေ့မှသည်
    လုပ်ချင်တာကို လုပ်ခွင့်ရတဲ့
    ဘဝကို ပိုင်ဆိုင်နိုင်ပါစေဗျာ..
    ခင်တဲ့
    ငကမ်း.

  • nozomi

    August 29, 2012 at 12:35 pm

    လိုချင်တဲ့ အသစ်လေး ရပါစေ အဲ
    လိုချင်တဲ့ ဂလက်ဆီလေး ရပါစေ

  • amatmin

    August 29, 2012 at 12:48 pm

    ကိုကြောင်ဝတုတ်ရေ..
    မင်္ဂလာရှိသော.မွေးနေ့ဖြစ်ပီး.နေ့ရက်တိုင်း စိတ်အေးချမ်းနိုင်ပါဇေ..
    ချစ်သော မိန်းမရဲ့ ဂျီကျမှုကို ရာသက်ပန် ခါးစည်းခံနိုင်ပါဇေ.
    ကနေ့ညနေလည်း ဘော အပေါင်းကို လူသားချင်းစာနာမှုဖြင့်
    အဝအပြဲကျွေးမွေးနိုင်ပါဇေ..ဘောရယ်… 😛

    (ဘော= အို ..အချင်းတို့) ခွက်ဒွစ်တူ ကိုဂီ 😀

  • Ma Ei

    August 29, 2012 at 12:49 pm

    ပိုစ့်အမည်လေးနဲ့
    ယတြာချေပေးတာများလားနော်…
    ပျော်ရွှင်သောနေ့ရက်များစွာ ပိုင်ဆိုင်နိုင်ပါစေကြောင်း
    ဆုမွန်ကောင်းတောင်းပေးပါတယ်…

  • Wow

    August 29, 2012 at 1:18 pm

    အခေါင်းစင် အဲလေ… ခေါင်းစဉ် ကြည့်ပြီး… ဟီး.. ဟီး.. သေဘီလားလို့…. 😛
    ယနေ့မှစ နှစ်တစ်ရာတိုင် ချစ်သောမိသားစုနဲ့ အတူ ကျမ်းမာ၊ချမ်းသာ၊ လန်းဖြာနိုင်ပါစေဂျောင်း…

  • သားငယ်

    August 29, 2012 at 1:37 pm

    ခေါင်းစဉ်ကြီး ကြည့်ပြီးတော့ အရင်သွားနှင့်ပြီ ထင်နေတာ ဟိဟိ….ပျော်ရွင်စရာမွေးနေ ့ဖြစ်ပါစေအကိုကြီး ကိုဖတ်တီး ရေ…

  • kai

    August 29, 2012 at 1:40 pm

    ခေါင်းစဉ်ရေးနည်းမှားနေတယ်ပြောရမှာပဲ…
    ဟိုက.. ရှေးစွန်းစွဲသမားသာဆို.. ဖနောက်စာမိကိန်းပဲ..

    ဆိုတော့..
    ဒီအသက်နဲ့..ဒီခွန်အားနဲ့မို့.. အကြံပေးလိုက်မယ်..
    ရန်ကုန်-ပူတာအို.. စက်ဘီးစီးပြီး.. ရံပုံငွေသိန်း၃၂ဝ ရှာနိုင်သူဖြစ်စေဗျာ… :mrgreen:

  • manawphyulay

    August 29, 2012 at 1:48 pm

    လန့်လိုက်တာ သူရဇော်ရယ်… ဖြည်းဖြည်းလုပ်ပါဟ… မင်း ခေါင်းစဉ်ကြီးကလည်း ခုပဲ ကြေးမုံသတင်းစာ ပြေးဖတ်ရမှာလား။ ဒါမှမဟုတ် မြန်မာ့အလင်းသတင်းစာ ပြေးဖတ်ရမလား။
    နည်းနည်းပြန်ပြင်လိုက်ပါဦးဟာ…
    ၃၂ နှစ်နဲ့ဆိုတော့…. ဟူး ရင်ထိတ်သွားတာနဲ့
    ဘတ်ဒေးကိတ်စားဖို့ နောက်ကျသွားတယ်။ ဝတုတ်တစ်ယောက်တော့ ဘယ်မှာများပါလိမ့်
    ဟတ်ပီးဘတ်ဒေးပါ…………….. ဝတုတ်မောင်ငေးရေ…..

  • R Ga

    August 29, 2012 at 1:51 pm

    ဟက် —- ဟက်ဟက်ပက်ပက်ရယ်နိုင်ပါစေ(ကိုဖက်ဒီဇိုင်းအတိုင်းပဲပေါ့ဗျာ။)
    ပီး——— ပီးပါစေ….(အော်ဘယ်အလုပ် လုပ်လုပ်အောင်မြင်စွာ ပီးမြောက်အောင်မြင်ပါစေပေါ့ဗျာ)
    ဘက်…… ဘက်နိုင်ပါစေ(မိန်းမ မသိအောင် အကြောင်းအမျိုးမျိုးပြပြီး ဘက်ကရီးကျနိုင်ပါစေပေါ့ဗျာ။ဒါမှာလည်း သောက်လို့ရမပေါ့)
    ဒေး….ဒေးစဉ်ဒေးတိုင်း ကလေးများများရအောင် စွမ်းဆောင်နိုင်ပါစေ(အဟိ….နေ့တိုင်းညတိုင်းပေါ့….)

  • သူရဇော်

    August 29, 2012 at 2:09 pm

    ကဲကဲ အားလုံးပဲ သီချင်းလေးနဲ့ တညီတညွတ်တည်း —– ဟက်ပီးဘက်ဒေး…… ကြက်ဖောင်……. ဟက်ပီး ဘက်ဒေး ကြက်ဖောင်…… ဟက်ပီးဘက်ဒေး ဟက်ပီး ဘက်ဒေး …… ဟက်ပီးဘက်ဒေး ကြက်ဖောင်…… ဖြောင်းဖြာင်းဖြောင်းဖြောင်းဖြောင်း…….(သူငယ်ချင်းများမှ နာရင်းဝိုင်းအုပ်သံ)

    • ကြောင်ဝတုတ်

      August 29, 2012 at 2:19 pm

      ပိုစ့်ကို မွေးနေ့နဲ့ အသုဘခပ်ဆင်ဆင်ဖိတ်ပေးသော… ချစ်သူငယ်ချင်းသူရဇော်အား
      တစ်ယောက်ထည်းသီးသန့်ကျေးဇူးတင်ပါကြောင်း…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • သူရဇော်

        August 29, 2012 at 2:46 pm

        အဟဲ ခပ်ဆန်းဆန်းလေးဖစ်တွားအောင် ချုတောင်းပေးတဲ့ဟာကို ဟိဟိ…… ကျေးဇူးက သောက်မရဘူးအေ…… ခလိခွိခွိခွိ

  • ကြောင်ဝတုတ်

    August 29, 2012 at 2:16 pm

    မွေးနေ့ဆုတောင်းပေးကြပါသော….

    သူငယ်ချင်း အင်ဇာဂီ၊ အစ်မကြီးရိုစ့်၊ အဝေးရောက်သူငယ်ချင်းကိုရင်စည်သူ၊ ညီမလေးရွှေကြည်၊ ညီမလေးအိတုန်း၊ အစ်ကိုကြီးကိုထွန်းဝင်းလတ်၊ မမမနိုဗီ၊ ဦးဦးထူးဆန်း၊ သစ်စိမ်းပင်ပေါက်လေးပန်ပန်၊ လေးပေါက်၊ ဝီအာဝမ်း၊ မမမိုချို၊ မွန်မွန်၊ အစ်ကိုကြီးကိုခင်ခ၊ အစ်ကိုကြီးကမ်း၊ အစ်ကိုကြီးနိုဇိုးမိ၊
    အစ်ကိုကြီးကိုအမတ်မင်း….
    အစ်မတော်မအိ၊ WOW (ဝိုး)၊ ညီလေးသားငယ်၊ ဘဘကြီးသူကြီးခိုင်၊ မမမနောဖြူလေးနှင့် ခင်မင်ရပါသောညီငယ်လေးအာဂတို့ တောင်းပေးသောဆု (Galaxy Note)…ဟိဟိ… ပို့သသောမေတ္တာများ ကိုခံယူလျက်…

    ဂေဇက်ရွာရဲ့ရွာသား..
    ကြောင်ဝတုတ်

    • amatmin

      August 29, 2012 at 4:21 pm

      ရက်စက်ပဗျာ..
      ခင်ဗျားအသက် ၃၂ ပြည့်မှန်းအကုန်သိနေကြတာကို ..
      ကျုပ်ကိုလာပီး အကိုကြီးအမတ်မင်း ဆိုတော့ သေပီပေါ့.. 🙂
      အခေါ်အပြော အတော်ညံ့နေမှတော့…
      ကျုပ်ဆီကနေ ဘာလက်ဆောင်မှ မျှော်လင့်မနေနဲ့တော့ ကြောင်မိုက်ကြီးး 😛

  • ahnyartamar

    August 29, 2012 at 2:58 pm

    HAPPY BIRTHDAY ပါ ဖက်တီးကက်ရေ…..ငါတို့ ကလေးတွေ (ဟီ…ဟီ…) အရက်သောက်တိုင်း ချီးယားစ် လုပ်နေကျလေးနဲ့လဲ အားပေးပါရစေ။

    ကျန်းမာ၊ ပျော်ရွင်၊ ဆော်ကြည်….ချီးယားစ်…..Happy Birthday…..

  • ကိုရင်မောင်

    August 29, 2012 at 3:03 pm

    ခေါင်းစဉ်ဖတ်ပြီး …..ဟီး… ရင်ထဲတောင်တုန်သွားတယ်
    တော်သေးတာပေါ့ ၃၂မွေးနေ့ဆိုလို့…
    ကိုကြောင်ဝတုတ်ကြီး၃၂မွေးနေ့မှနောင်မွေးနေ့ပေါင်းများစွာ
    ကျမ်းကျမ်းမာမာပျော်ပျော်ရွင်ရွင်နဲ့ဖြတ်သန်းနိုင်ပါစေ
    လို့ဆုတောင်းလိုက်ပါတယ်……
    ဒီလထဲမွေးတဲ့ရွာသူရွားတွေတယ်များသကို..
    ဒါလဲထူးခြားတဲ့တိုက်ဆိုင်မှု့ဘဲမဟုတ်ပါလား ..ကိုကြောင်ဝတုတ်ကြီးရေ…

  • Foreign Resident

    August 29, 2012 at 3:12 pm

    Happy Birthday ပါ ကို Fatty Cat ရေ ။

  • aye.kk

    August 29, 2012 at 3:25 pm

    ခေါင်းစီဖတ်ပြီး…….ရင်တောင်တုံသွားတယ်။
    လန် ့သွားတာဘဲ…..ရေတောင်သောက်ယူလိုက်ရတယ်။
    မွေးနေ ့ဖြစ်နေတော့မှ………….စိတ်ကသက်သာရသွားတယ်။
    တုံးကျော်သွားပြီဆိုတော့………..အသက်ရာကျော်ရှည်ဦးမယ်။
    ရင်တုံတာမပြေသေး။
    မွေးနေ ့ရှင်ဖက်တီးကပ်ရေ………။
    ကျမ္မာချမ်းသာစီးပွားလာဘ်လာတွေ…….
    ဒီရေအလားတိုးတက်ပိုင်ဆိုင်နိုင်ပါစေကြောင်း၊ဆုမွန်ကောင်းတောင်းအပ်ပါတယ်။။

  • YE YINT HLAING

    August 29, 2012 at 3:30 pm

    Happy Birthday ပါ ကိုကြောင်ဝတုတ်ရေ !

  • မောင်ပေ

    August 29, 2012 at 3:48 pm

    ၃၂နှစ်ပြည့်မွေးနေ့မှသည် ပျော်ရွှင်ချမ်းသာစရာတွေချည်း ပြည့်စုံရာနေ့ရက်များကို နောင်နှစ်တစ်ရာတိုင် မလွဲဧကန် ရရှိပါစေ
    happy birthday ပါကိုကြောင်ဖက်

  • နှင်းဆီ ငုံ

    August 29, 2012 at 4:24 pm

    Happy Birthday ပါ ကိုကြောင် ဝဝ တုတ်တုတ်ရေ
    မွေးနေ့မှာပျော်ရွှင်ပါစေ
    တိတ်တိတ်လေး တောင်းနေတဲ့ ဆုတွေလည်းပြည့်ပါစေ

    ခင်မင်လျက် – ငုံ

  • မဟာရာဇာ အံစာတုံး

    August 29, 2012 at 4:50 pm

    ကိုကြောင်ဝတုတ်ဂျီး ..
    မွေးနေ့မှ လာမယ့် အနာဂါတ် ရက်များစွာတိုင်အောင်
    သာယာစိုပြေသော ဘဝ ခရီးလမ်းကို လျောက်လှမ်းနိုင်ပါစေလို့
    ညီလေး အံစာတုံး ကလည်း ဆုတောင်း ပေးလိုက်ပါတယ်နော့ …

    အကိုကြီး ကိုကြောင်ဝတုတ်ကို စတွေ့ကတည်းကပဲ
    ညီလေးထက် ကြီးမှန်း သိပါတယ် .. ( အသက် … :mrgreen: )
    ခုလို တင်ပေးတဲ့ ကိုသူရဇော်ကိုလည်း ကျေးဇူးပါလို့ …

    ချစ်တဲ့ …
    အံစာတုံး

  • နေဝန်းနီ

    August 29, 2012 at 6:34 pm

    လာပြန်ပြီ မွေးနေ့ ဆော်ထည့်လိုက်ဦးမှနဲ့တူရဲ့…….. ဟီးဟီး ဘယ်သူ့ မှ ခုတစ်လော အကောင်းမပြောလချင်ဘူး………..ဟူးးးးးးးးး

  • Htoo thin

    August 29, 2012 at 7:20 pm

    ဘီဘီ ပွဲဒီညလုပ်မယါ အားလုံးလာကြပါ

  • nature

    August 29, 2012 at 7:23 pm

    ခေါင်းစဉ်ရေးထားတာကလည်းမထိတ်သာမလန့်သာ။
    မွေးနေ့ရှင်သည် ရန်ကုန်-ပူတာအို.. စက်ဘီးစီးပြီး.. စားစရိပ်၃၂၀၀၀ဝကျပ်ကုန်စေသတည်း။:)

  • pooch

    August 29, 2012 at 8:07 pm

    ခေါင်းစီးကြည့်ပြီး လန့်သွားတာပဲ ။ တော်ပါသေးရဲ့။ 😀

    happy birthday ပါကိုဝတုတ်ရေ။

  • အရီးခင်လတ်

    August 29, 2012 at 8:07 pm

    အောင်မလေးဟယ်။
    မထိတ်သာ မလန့်သာ။
    ဒိန်းကနဲ ဖြစ်သွားတာဘဲ။
    မင်္ဂလာရှိသော မွေးနေ့ရက်မြတ်မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း များအပါအဝင် လိုအပ်သောဆု၊ မြတ်သောဆုများ အားလုံးပြည့်ဝ ပါစေသောဝ်။
    စက်စကား များကို ဒါထက် များများပို ပြောနိုင်၊ နားလည်နိုင်ပါစေ သောဝ်။ 🙂

    ချစ်ခင်စွာ ဆုမွန်တောင်းလျှက်
    အရီးလတ်

  • အလင်းဆက်

    August 29, 2012 at 8:26 pm

    ကဲ..သားလည်း..ဆုတောင်းပေးလိုက်မယ်….
    အပေါ်က ဆုတောင်းများ…ပြည့်စေ….
    😀

Leave a Reply