ကြီးမိုက်ဒေါသထွက်နေသည်…Angry Kyeemite

ခုတလော အလုပ်ထဲမလဲ သိပ်အဆင်မပြေဘူးဗျာ…ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့။

ထုတ်ကုန်ကအရောင်းကျ ၊ကုမ်ပဏီက အရှုံးပေါ်၊ ထုတ်လုပ်မှု့ကုန်ကျစရိတ်တွေကကြီး၊

တစ်နေ့တစ်နေ့ ခေါ်လိုက်တဲ့မီတင်….အလုပ်လုပ်ရတယ်ကိုမရှိဘူး…

ခေါ်လိုက်တိုင်းလည်း အကြောင်းအရာက  ထုတ်လုပ်မှု့ကုန်ကျစရိတ်လျှော့ချရေး…

အင်ဒါရိုက်လေဘာမင်နီမိုက်စ် လုပ်ရေး(ပိုတယ်ထင်တဲ့ ဝန်ထမ်းလျှော့ချရေးဆိုပါတော့ဗျာ) …..

ဒီလိုနဲ့ရွာလယ်နေတာကြာပေါ့…

ဒီနေ့လည်း ထုံးစံအတိုင်း စိတ်ပျက်စရာမီတင်တွေကြောင့်…စိတ်ပင်ပန်းနွမ်းနယ်ပီး

အိမ်အပြန်…ခရီးရောက်မဆိုက်…ကျုပ်သားငယ်ပြောလိုက်ပုံက…

`ဖေကြီး…..ဖေကြီးကို သား ဝမ်းသာစရာနဲ့ စိတ်ညစ်စရာနှစ်ခုပြောဖို့ရှိတယ်…ဘယ်ဟာအရင်ပြောရမလဲ…´တဲ့……

`ဒုက္ခော´…..

ဒီကောင်က ငယ်သာငယ်တာ ဟာသဉာဏ်ရှိတယ်..ကျုပ်ကို အမြဲ ပဟေဋ္ဌိလုပ်နေကျ..

`ကဲ ကဲ ..အဖေလည်းအလုပ်ထဲမှာစိတ်တွေနောက်လာတာကွာ..ဒီတော့..သား အဖေ ဝမ်းသာမဲ့ ကိစ္စအရင်ပြောကွာ…´

`သား ဒီလပါတ်စာမေးပွဲမှာ…တစ်ဘာသာမှ ၈ဝမှတ်အောက်မလျှော့ဘူးအဖေ…ရီပို့ကတ်

တော့မရသေးဘူး…ဆရာမက အဖြေလွှာစာအုပ်တွေ ပြန်ပေးလိုက်တယ်..အဖေဒီမှာကြည့်လေ…´

`အော်..အေး အေး အဖေ တစ်ကယ်ဝမ်းသာပါတယ်ကွာ..မင်းအများကြီးတိုးတက်လာတာပဲ..

မင်းအဖြေလွှာစာအုပ်တွေတော့ အဖေ နောက်မှ ကြည့်ပါမယ်..ထားခဲ့ သား..

အဖေ့ကို ရေခဲသေတ္တာထဲကရေပုလင်းတစ်လုံးယူပေးပါသားရယ်..´

ဒီကောင်က စာကျက်ပျင်း၊ အဆော့မက်တော့ လပါတ်စာမေးပွဲတွေမှာ..အမှတ်မကောင်းဘူး..

အမြဲလိုလို အဆင့်က ၂ဝအထက်မှာချည်းဘဲ….

သားယူလာပေးတဲ့ ရေအေးအေးလေးသောက်လိုက်ပြီးမှ…

`မင်းပြောမဲ့စိတ်ညစ်စရာ ကိစ္စ နားထောင်ဖို့ အဖေ အဆင်သင့်ပါသားေ၇..ကဲပြော..´

ဆိုလိုက်တော့ သူက ဘာမှမပြောဘဲ စါရွက်တစ်ရွက် ကျနော့လက်ထဲကိုထိုးပေးလာပါတယ်…

စာဖတ်ရင်းနဲ့ ကျုပ်ဒေါသတွေ တလိတ်လိတ်တက်လာပါတေ့ာတယ် ..အဲဒီစာဖတ်ပီးချိန်မှာ

မော့ကြည့်လိုက်တော့..အနားမှာသားမရှိတော့ပါဘူး…

စာပါအကြောင်းအရာကို စာရှု့သူများ ကိုယ်တိုင်ဖတ်ကြည့်ကြပါအုံး…

ကျောင်းအုပ်ကြီးလက်မှတ်မပါတဲ့ အေးဓါးပြ အလှူခံစာ
သားနဲ့ ကျုပ်နာမည်၊လိပ်စာဖုံးထားပါတယ်။

ကျောင်းကမီးလောင်တယ်…ကျောင်းပိတ်ရက်ကြီးမှာ..ဝါယာလျှော့ဖြစ်လို့တဲ့…

ကွန်ပြူတာအခန်းကစလောင်တာဆိုပဲ…ပိတ်ရက်ကြီးမှာ..ကျောင်းပိုင်ကွန်ပြူတာ

ဘယ်သူလာသုံးနေတာလဲ…တစ်ခုခုတော့မှားနေတယ်ထင်တယ်.. … ကဲဒါတွေထားလိုက်ပါလေ….ဒါကရဲကိစ္စပါ..ဒါမှမဟုတ် မီးသတ်ဋ္ဌာနကိစ္စ..သူတို့အလုပ်ပါ…

အဲ..အခု သူတို့လုပ်သမျှ ကျုပ်တို့ခေါင်းပေါ်ရောက်လာပီ…အဲဒါ..အဲဒါ……

ဘာတဲ့…ရေးရက်လိုက်တာ…

`မိဘတစ်ဦးလျှင် ငွေကျပ် (၁) သိန်းထက်မနည်း ပံ့ပိုးကူညီပေးပါရန်…တဲ့´

ကျောင်းအုပ်ကြီး အနေနဲ့ ငွေကျပ်တစ်သိန်းဆိုတာကို သူ့ ချမ်းသာမှု့စည်းစိမ်အရ

နှိုင်းယှဉ်ပီး သူ့အိမ်ရဲ့ တစ်နေ့ဈေးဖိုးလောက်ပဲသဘောထားပုံရတယ်..သူ့လခကရော

ဘယ်လောက်ရလို့လဲ….နောက်  မှတ်ချက်ဆိုပီးရေးထားသေးတယ်…

`ပံ့ပိုးကူညီငွေကိုအရစ်ကျစနစ်ဖြင့်လည်း ပေးသွင်းနိုင်ပါသည်။ ဤ ကျောင်းတွင်

သားသမီး (၁)ဦး ထက်ပို၍ သင်ကြားလျှက်ရှိပါက အတန်းအကြီးဆုံး (၁) ဦး

အမည်ဖြင့်သာ ပံ့ပိုးကူညီနိုင်ပါသည်။ကျန်သူများကိုကင်းလွတ်ခွင့်ပြုပါမည်။´…တဲ့….

 

ဆိုတော့ဗျာ…အတင်းအကြပ် ဓါးပြတိုက်သလိုဖြစ်မနေဘူးလား…ဝန်ထမ်းသားသမီးတွေ

ဘယ်လိုအလှုငွေထည့်ကြမလဲ…သတ်မှတ်ထားချက်ကလဲပါသေးတယ်နော်…

“မိဘတစ်ဦးလျှင် ငွေကျပ် (၁) သိန်းထက်မနည်း ပံ့ပိုးကူညီပေးပါရန်…တဲ့”

လုံးဝအဓိပ်ပါယ်မရှိတာဗျာ……………

 

ဒီနေ့ ခေတ်တွေစံနစ်တွေပြောင်းနေပြီဆိုဗျ…..ဆက်သွယ်ရေးတွေခက်ခဲနေသေးတဲ့

နယ်တွေမှာဘယ်လောက် မတရားမှု့တွေဖြစ်နေတယ်ဆိုတာ …မပြောချင်တော့ပါဘူး…

မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်း…ရန်ကုန်လို ကမ္ဘာကသိတဲ့မြို့လယ်ကောင်က ကျောင်းမှာတောင် ဒီလိုတွေ အေးဓါးပြ တိုက်နေတာ ရှိနေတယ်ဆိုကြောင်းလေးပါဗျာ…

စာဖတ်သူရွာသူားများကို ကျနော် ပြောချင်တာက ဒီကိစ္စမျိုးဟာ ဖြစ်သင့်ပါရဲ့လားဆိုတာပါ..

မသကာ..“မီးလောင်သွားသောကျောင်းဆောင်အစား ကျောင်းဆောင်သစ်ဆောက်လုပ်ရာတွင်

မျှော်မှန်းသည်ထက် သိန်းပေါင်းများစွာ ပိုမိုကုန်ကျပါသဖြင့် ဤကျောင်းရှိကျောင်းသားကျောင်းသူ များ

၏ မိဘများထဲမှ တတ်နိုင်သ၍ ပါဝင်လှူဒါန်း ပံ့ပိုးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။”

ဒီလိုဆိုလက်ခံသေးတယ်….

သားတော်မောင်ကလည်း အလှူငွေမထည့်ရင်ကျောင်းမှာ သူမျက်နှာငယ်မှာ၊

အတန်းပိုင်ဆရာမ စိတ်ဆိုးမှာ..စသည်ဖြင့်တဂျီဂျီနဲ့…

ကျုပ်တို့လို ဝန်ထမ်းလုပ်စားနေရတဲ့ မိသားစုတွေ ဘယ်လိုလုပ်ကြရမလဲ…

ကြီးမိုက်တစ်ယောက် ခေါင်းစားနေလို့ ဝိုင်းဝန်းအကြံပြုပေးကြပါအုန်းလို့

အခြား မတတ်နိုင်သူမိဘများအားလုံးကိုယ်စား တင်ပြလိုက်ရကြောင်းပါ…

စာဖတ်သူအားလုံးကိုလေးစားလျှက်…

ဒေါသအမျက် ချောင်းချောင်းထွက်နေသော…

ကြီးမိုက်။

 

67 comments

  • မောင်ပေ

    September 25, 2012 at 9:46 am

    ဒါအလှူခံတဲ့ကိတ်စ မဟုတ်တော့ဘူး
    အေးဓါးပြ ခွေးကျ တဲ့ကိတ်စပဲ
    ကိုမိုက်ရေ တစ်ကျပ်တောင်မပေးနဲ့ဗျို့

  • မောင်ပေ

    September 25, 2012 at 9:47 am

    ဒါအလှူခံတဲ့ကိတ်စ မဟုတ်တော့ဘူး
    အေးဓါးပြ ခွေးကျ တဲ့ကိတ်စပဲ
    ကိုမိုက်ရေ တစ်ကျပ်တောင်မပေးနဲ့ဗျို့

  • surmi

    September 25, 2012 at 9:48 am

    ကျနော်ကတော ့နှစ်ယောက်ရှိသမို ့ ဆက်ကြေးပေးပြီးကြောင်းပါ
    လမ်းသွားရင်းမို ့နောက်မှအေးဆေး မန် ့ဦးမယ်အစ်ကိုရေ
    ကျနော်နဲ ့အစ်ကိုနဲ ့ကဘွတူတွေပါ
    :harr:

    • surmi

      September 25, 2012 at 9:51 am

      ပြောချင်နေတာ ပါးစပ်ကိုယားနေတာပဲ
      ခုမှအဖေါ်တွေ ့တာ
      ပြန်လာမယ်စိတ်ချ

  • etone

    September 25, 2012 at 9:56 am

    ဒီနေ့မနက်လေးတင် .. သစ်ထူးလွင်မှာလည်း .. ဒီပန်ကြားလွှာနဲ့ ပတ်သတ်လို့ … စာတပုဒ်တက်တာတွေ့ရတယ် ဦးမိုက်ရေ ။

    နည်းနည်းတော့ ပွေးသလိုပဲနော် …. ။ တစ်သိန်းဆိုတဲ့ ပိုက်ဆံက ၊ ပိုက်ဆံရှိတဲ့ တတ်နိုင်တဲ့ မိဘတွေအတွက် ဘာမှ မဟုတ်ပေမယ့် ၊ လက်လုပ်လက်စား ၊ ဝန်ထမ်းမိသားစုမှာတော့ ၊ လက်လွယ်လောက်တဲ့ ပိုက်ဆံပမာဏမဟုတ်ဘူး ။ အော်ဂတ်စတင်းမှာ ထားတဲ့ မိဘတိုင်းက လူချမ်းသာကြီးတော့မဟုတ်ပါဘူး ။ ကျောင်းကောင်း နာမည်ခံထားတော့ သားသမီးကို မရှိရှိတာ ရှာကြံပြီးကျောင်းကောင်းထားပေးရတဲ့ မိဘတွေ အများကြီးပါ ။ ကျောင်းစရိတ် ၊ ကျူရှင်စရိတ် ၊ စားသောက်စရိတ် ၊ မုန့်ဖိုးတွေတောင် သူတို့ခမျာ တလနဲ့ တလအလျင်မှီအောင် ရှာနေရချိန် ၊ အခုလို ၊ အတည်ပေါက်နဲ့ အလှူကောက်တာတော့ ၊ မုန်းစရာကြီးပဲ ။
    တစ်ယောက်တစ်သောင်းဆိုလျှင်တောင် ချီတုံချတုံထည့်ရမယ့် မိဘမျိုးတွေ အများကြီးပါမှာပါ ။
    စေတနာ ရှိသလောက်မဟုတ်ပဲ အခုလို ၊ ပမာဏတစ်ခု သတ်မှတ်ပြီး ၊ တောင်းတာကတော့ လွန်လွန်းတယ်လို့ ထင်မိပါတယ် ။

    ပန်ကြားလွှာထဲမှာရေးထာတာတော့ အစည်းဝေးပွဲ ညှိနှိုင်းဆုံးဖြတ်ချက် အရ ကျောင်းအုပ်ဆရာမကြီးနဲ့ ကျောင်း အကျိုးတော်ဆောင် အဖွဲ့က တာဝန်ယူဆောင်ရွက်ကြရမည်လို့ ပါတယ် ….. ။ ကိုယ်မလုပ်နိုင်တဲ့ ကိစ္စတစ်ခုကို ဘယ်က သတိ္တတွေနဲ့ ခေါင်းငြိမ့်လာခဲ့သလဲ မသိဘူး ။ ….. တစ်ခါတစ်လေ .. ပညာတတ်တဲ့ လူတွေ ၊ ဦးနှောက်ပျက်လျှင် ဘေးလူတွေ မဆီမဆိုင်ဒုက္ခရောက်ရတယ် .. :chee:

  • Ma Ei

    September 25, 2012 at 10:04 am

    ဟုတ်တယ်နော်…ကျောင်းအကျိုးတော်ဆောင် အဖွဲ့အနေဖြင့် မိဘများကို ခေါ်ယူဆွေးနွေးပြီး
    ကျောင်းသား၊ကျောင်းသူ များ၏ မိဘများအနေဖြင့် စေတနာအလျှောက် တတ်နိုင်သ၍
    ပါဝင်လှူဒါန်း ပံ့ပိုးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်…ဆိုတာမျိုးဘဲ ဖြစ်သင့်ပါတယ်…

  • Mon Kit

    September 25, 2012 at 10:10 am

    ဟယ်… ဦးကြီးမိုက်ရယ်… ဘာပြောရမှန်းတောင် မသိတော့ဝူး…
    ရိုင်းချက်က ကမ်းးကုန်နေပီ.. ပါဝင်စေချင်ရင်လဲ ကျာင်းသားမိဘတွေကို စေတနာ တတ်နိုင်သရွှေ့သာ လှူဒါန်းစေသင့်တာပေါ့နော်…..
    စိတ်ပျက်စရာကြီး……… :bar:

  • ဒဿ ဖွတ်ကျား

    September 25, 2012 at 10:15 am

    ဒါတွေဟာ တကယ်တော့လည်း …
    သဂျီးပြောပြောနေတဲ့ အာမခံ မရှိလို့ ပေါ့ဗျာ ..
    မွှားဘာဒယ်..

    သနားလည်း သနားပါဒယ်လေ…
    သူ့ခညာလည်း အာမခံအကြောင်း ငွေကြေး စီမံခန့်ခွဲမှုအကြောင်း
    ဘဝတွေအကြောင်း စနစ်တွေအကြောင် း.. အကြောင် း.. အကြောင်း …
    မသိရှာလို့သာ သမိုင်းဝင်မယ့် အမည်းစက် အမှားအယွင်းကို လုပ်မိလေခြင်း
    လို့ (ဆရာဆိုတဲ့ ဂုဏ်ကိုထောက်လို့)ဖြေတွေးတွေးမိပါတယ်..

    🙁

    သင်ခန်းစာတခု ပေတကား…

  • စိန်ဗိုက်ဗိုက်

    September 25, 2012 at 10:16 am

    အရစ်ကျနဲ ့တောင် ပေးလို ့ရတယ်ဆိုပါကလား..
    ဒီအဆင်နဲ ့ ဘယ်လို ကျောင်းမှာ လာအုပ်ရတာတုန်း
    ဓါးပြတိုက်ပြီး ပြန်ချော့သိပ်တဲ့တဘောပေါ့လေ..
    အတော်နောက်တဲ့ ကြောင်းအုတ်

    ဟေ့..ကြာသကွာ..

    ခေးအဖေ ရွာသားတွေ တန်းစီ
    အဲဒီကျောင်းအုတ်ကို လမ်းလျှောက်စန္ဒာပြမယ်
    ဘာမှမပူနဲ ့
    ကြုတ်ဘော်ဒါ မြို ့နယ်မူး..တိုင်းမူးတွေကို ပါမစ်တောင်းပြီးပြီ..
    အေးဆေးလျှောက်ကြ

    :harr:

      • MaMa

        September 26, 2012 at 7:38 am

        မောင်အံဇာရေ-
        စာကိုသေချာဖတ်ကြည့်တော့
        (အေးဆေးလျှောက်ကြ) လို့ ပြောတာ….
        (အေးဆေးလျှောက်ကြမယ်) လို့ ပြောတာ မဟုတ်ဘူး။
        ကိုယ်ဖြစ်ကိုယ်ခံကြီးနော်…… :eee:

  • ကိုခင်ခ

    September 25, 2012 at 10:32 am

    ဦးကြီးမိုက်ရေ ဒေါသလေးကို လျော့တာလျော့ပေတော့လို့ အကြံပေးရမယ်ဗျို့။
    အဲဒီ စိန်အော်ဂက်စတင်းမှာ ကျွန်တော်တူတော်မောင်တစ်ယောက်လည်း ကျောင်းတက်နေသဗျ။
    ကျွန်တော်ရန်ကုန်ရောက်လို့ တူတော်မောင်နဲ့စကားပြောဖြစ်ရင် သူကျောင်းက ဆရာ၊ဆရာမတွေ အကြောင်းပြောဖြစ်တဲ့အခါ ငယ်ငယ်တုန်းက ပုံပြင်တစ်ပုဒ်ကို ခေတ်သစ်နည်းနဲ့နားထောင်နေ ရတယ်လို့ အမြဲထင်မိတယ်လေ။ အဲဒီပုံပြင်က အလီဘာဘာနဲ့ ခိုးသားငါးရာပါ။
    ဤကျောင်းက ဆရာ၊ ဆရာမ အများစုကိုသာရည်ရွယ်၍ရေးပါ၏၊ အခြားကျောင်းက စေတနာ ဆရာ၊ ဆရာမ များကို လုံးဝမရည်ရွယ်ပါကြောင်း ခင်ခ ပြောခဲ့ပါရစေ။

  • ဦး ဂျစ်

    September 25, 2012 at 10:35 am

    ကျောင်းအုပ်ဆြာမကြီးကလဲ ဒါးမကြောက် ဒုတ်မကြောက် လုပ်ရက်ပလေတယ် …
    ဒီခေတ်ကြီး အကြောင်း သင်း မသိလေလျော့သလား….
    ကျုပ်အထင် သင်းတော့ နာဦးမယ် … သိပ်မကြာလောက်တော့ပါဘူး….။

    :chee:

  • the best

    September 25, 2012 at 10:37 am

    ဒီသတင်းကို ဂျာနယ်တစ်စောင်မှာရေးတာဖတ်လိုက်ရပါသေးတယ်။
    ကျောင်းဆောက်ဖို ့အလှူပေးတဲ့သူတွေက စက္ကူဗူးခွံပေါ်မှာ
    အလှူငွေကျပ် သိန်း – – – – ထောင် လို ့ရေးပြီး ဗူးခွံပဲလှူတာတဲ့၊
    တကယ်တမ်းငွေတွေ အခုထိမပေးသေးတာကြောင့်
    ကျောင်းသားတွေဆီက အလှူငွေကောက်ရတာလို ့ပြောတယ်။

    ကြီးမိုက်ကလည်း သူတို ့လို ဗူးခွံရှာ၊ အလှူငွေ ကိုယ်ရေးချင်သလောက်ရေးပြီး
    ဗူးခွံကို ပါကင်ပေပါလှလှလေးထုတ်၊ အလှူငွေရေးထားတဲ့ စက္ကူကပ်ပြီး
    ဆရာမကြီးကိုပေးလိုက်ပေါ့ဗျာ။

    ကျွန်တော်တောင် တစ်သိန်းကျပ်တန် ရယ်ဒီမိတ် အလှူငွေဗူးခွံတွေ၊
    ကျောင်းရှေ ့မှာလာရောင်းမလို ့စီစဉ်နေတယ်။
    ကြီးမိုက်လည်းဒီလို တစ်သိန်းကျပ်တန် ရယ်ဒီမိတ် အလှူငွေဗူးခွံတွေလုပ်ရောင်းပါလား။

  • mayjuly

    September 25, 2012 at 10:50 am

    ငွေကျပ် တစ်သိန်းထက်မနည်းကြီးက ဆိုးသွားတာဗျ ..
    သဒ္ဒါ တတ်အားသရွေ့ ဆိုရင်လည်း စေတနာပိုလာမိအုံးမယ်..
    ခုတော့ သူတို့လုပ်ပုံက အမိန့်ပေးသလိုဖြစ်နေတယ်ဆိုတော့ ….

    မပေးရင် ဘာဖြစ်မှာ လဲ တော့ သိချင်သား …

  • ကိုရင်မောင်

    September 25, 2012 at 10:57 am

    ဒီကိစ္စက ကျောင်းသားတွေနဲ့မဆိုင်ဘူးလို့ထင်ပါတယ်….
    အစိုးရကျောင်းလေ…ကျောင်းမီးလောင်တာ
    အယင်ဆုံးကျောင်းအုပ်ကိုအရေးယူရမယ် ပျက်စီးသွားတာ
    အစိုးရကပြန်ဆောက်ပေးရမယ် ဒီခေတ်ကြီးမှာ လုပ်အားပေးမရှိသလို
    အလှူခံတာလဲ မရှိသင့်တော့ပါဘူး…….
    အလှူခံတာမဟုတ်ဘဲ တကယ်စေတနာရှိသလောက်လှူတာဘဲဖြစ်သင့်ပါတယ်…
    ကြာပါတယ်..ဂျာနယ်ကနေအော်ထဲလိုက် တိုင်းသိပြည်သိလေးဖြစ်သွားယင်..
    ပြီးသွားနိုင်ပါတယ်…….

  • Shwe Ei

    September 25, 2012 at 11:00 am

    အလှူငွေများများထဲ့ချင်းအားဖြင့် ဂုဏ်ယူပါလို့ ထည့်မရေးပေးတာကံကောင်း။
    ၂ဦး၂ဖက်အဆင်ပြေမဲ့နည်းလမ်းလေးတောင်မရှာတော့ဝူး။
    တဖက်သတ်ဆုံးဖြတ်ချက်ချလိုက်တော့တာဘဲ။ စနက်တံကြောင့်မဟုတ် အန်ကယ်မိုက်ရေ။ 🙁

  • ahnyartamar

    September 25, 2012 at 11:00 am

    ဒါဟာထည့်စရာအလှူငွေ မဟုတ်ဘူးလို့ထင်တယ်… နောက်ပြီး ၁သိန်းဆိုတဲ့ငွေဟာ နဲတဲ့ငွေမဟုတ်ဘူး၊ ကျောင်းသားတွေ မီးရှိူ့ဖျက်စီးလိုက်တာမှ မဟုတ်တာ၊ ဒါကြောင့် ကျောင်းသားမိဘတွေက ဘာဖြစ်လို့ထည့်ရမှာလဲ။ ပြည်သူပိုင်အဆောက်အဦးတွေမှာ နဂိုကတည်းကတိုင် လုံခြုံမှုမှမရှိတာ သိသားနဲ့ ဘာဖြစ်လို့ မီးအာမခံမထားလဲ၊ ဦးကြီးမိုက် အလှူငွေ မထည့်နဲ့ အပြတ်ချဲပစ်၊ ပြီးရင်တော့ ဦးကြီးမိုက်သားကို ကျောင်းပြောင်းလိုက်ပေါ့၊ ဦးကြီးမိုက် အလှူငွေမထည့်ပဲထားရင်လည်း ကလေးကို သူတို့တွေ ပြဿနာရှာမှာ စိုးရသေးတယ်။

  • စိန်ဗိုက်ဗိုက်

    September 25, 2012 at 11:01 am

    အန်းဂရီးမိုက် ကွ
    တစ်မိုက်ပဲရှိတယ်..
    တစ်မိုက်ပဲရှိတော့ တစ်ယောက်တစ်လှည့်စီ စောင့်ပြီး ဆိုရတယ်..
    နှစ်မိုက်ရှိလို ့ကတော့ တစ်ယောက်ထဲပဲ ဆယ်ပုဒ်လောက် ဆိုပလိုက်တယ်
    :byae:

    • မောင်ပေ

      September 25, 2012 at 12:51 pm

      အခု ကိုမိုက်တစ်ယောက် ကျွဲချို လေးခွ နဲ ့ ကုန်း တွေ စုနေတယ်ဆိုလားပဲ
      အန်းဂီးမိုက် နယူးဗားရှင်းအနေနဲ ့၊ ကျောင်းအုပ်ကြီးကို ဆော်မလို ့တဲ့

  • Novy

    September 25, 2012 at 11:03 am

    ဦးမိုက်ရေ.
    နိုဗွီသမီးကိုလည်း နံမည်ကြီးမိန်းကလေးကျောင်းမှာ ထားထားလို့ကိုယ်ချင်းစာပါတယ်
    ဆုတ်လည်းဆူးစားလည်းရူး အဖြစ်မျိုးပါ
    မပေးပြန်ရင်လည်း ကလေးမျက်နှာငယ်မယ်
    ပေးပြန်ရင်လည်းကိုယ်တွေ အကျပ်တွေ့
    ဒီတော့ကား
    ကလေးကိုတော့ ပေးမယ်သားရေခဏစောင့်နော်ပြောထားလိုက်ပါ
    ပြီးတော့ တစ်ခြားမိဘတွေရဲ့ အသံတွေကို နားစွင့်လိုက်ပါ
    အားလုံးကပေးကြလား
    တိုင်မယ်တောမယ်နဲ့ အထက်ကိုစာတင်ကြလား
    ဘာသံမှဆက်မကြားရင်တော့
    ပေးလိုက်ပါဦးမိုက်ရေ
    ဒီလိုမှမဟုတ် မပေးလို့ခလေးကမျက်နှာငယ်ပြီး ကျောင်မသွားချင်ဘူးဆိုရင်
    ပိုဆိုးသွားပါလိမ့်မယ်

  • ကြည်ဆောင်း

    September 25, 2012 at 11:05 am

    ဒါနဲ့အရစ်ကျဆိုတာ ဘယ်လောက် အရစ်ကျနှုန်းပါလိမ့် :bar:
    တစ်လ 5,000 /- နှုန်းနဲ့သွင်းရင်ရလားလို့ မေးလိုက်ပါ ကိုကြီးမိုက်ရယ်…
    တကယ်ရင်ဆိုင်ရမဲ့ကလေးကိုတော့အားနာပါရဲ့
    :saut:

  • kyeemite

    September 25, 2012 at 11:20 am

    ကျုပ်ဒေါသတွေထွက်လွန်းလို့ ကွန်မန့်တွေတောင်မပြန်နိုင်အောင်ဖြစ်ရတယ်ဗျို့…
    ကျောင်းအုပ်ဆရာမကြီးယောက်ကျားက အကောင်ကြီးကြီးလို့လည်းကြားတယ်
    သေချာတော့မသိပါဘူး…ဒါကြောင့်ဒီခေတ်ကြီးမှာ ဒီလောက်ပွဲကြမ်းရဲတာနေမှာ..
    ဘာဖြစ်ဖြစ်ဗျာ…ကျောင်းသားမိဘတွေခေါင်းခံရမဲ့ကိစ္စကိုမဟုတ်ဖူး…
    သစ်ထူးလွင်မှာ ပါတာ..ဒီနေ့ ဒေါ်အီးတုံးပြောမှသိရတာ….
    ကျုပ်သားတော့ အဲဒီအေးဓါးပြတိုက်စာကို မနေ့ညနေက မှယူလာတာ…
    ဒီဂဇက်မှာတင်လိုက်ရင်တော့ ပညာရေးဋ္ဌာနက လူကြီးတစ်ယောက်ယောက်မြင်
    လောက်တယ် ထင်ရတာပဲ…မတတ်နိုင်သူ မိဘများကိုယ်စား
    တင်ပြလိုက်ရကြောင်းပါ….
    ဒီစာကိုဖတ်ပီး စာနာစွာမန့်ပေးကြသူ ရွာသူားအပေါင်းအားကျေးဇူးတင်ပါဂျောင်း…
    :chee: :bar: :om:

    • pooch

      September 25, 2012 at 1:25 pm

      ကျမတို့ ဘက်တော့ ရပ်မိရပ်ဖတွေ ခေါ်ပြီး ရပ်ကွက်ထဲက တတ်နိုင်မယ်ထင်တဲ့သူများကို လိုက်အလှူခံကြတာမျိုးတော့ ရှိတယ်။ ဒီလိုတော့ ကြေးမပစ်ကြဘူး။ နိုင်သူတွေ ဝင်ကူရင်းကျောင်းလေး ပြီးသွားတာပါပဲ။ ကျောင်းသားမိဘကို အဲ့လိုကြီး တော့ မတောင်းကောင်းပါဘူး။ လူတိုင်း အဆင်ပြေနေတာမှ မဟုတ်ပဲ။

      ဦးမိုက်ပစ်လိုက်တဲ့ ခဲလေး ချက်ကောင်းမှန်သွားပါစေလို့။

  • kyeemite

    September 25, 2012 at 11:34 am

    မNovy ရေ ..
    ကောင်းသောအကြံပေးတာကျေးဇူးပါဗျာ…
    ကျနော်လည်း မနိုပြောသလို သားကိုပြောထားပါတယ်…
    ဒါကြောင့်ဒီကောင် ဒီနေ့ကျောင်းသွားတာပေါ့…
    ကျနော်လည်းစောင့်ကြည့်နေတုံးပါ….

  • Shwe Tike Soe

    September 25, 2012 at 11:41 am

    မပြောတော့ဘူး မပြောတော့ဘူး…………ပြောာာာာာာာာာာာာာကို မပြောချင်ဘူး……………… :bar: :saut: :chee:

  • ကိုရင်စည်သူ

    September 25, 2012 at 11:41 am

    ဦးကြီးမိုက်… ကိတ်စက သေချာနေတော့.. အခုရေးထားတဲ့ပို့စ်ကို ဘယ်ကျောင်း ဘယ်ဆရာမကြီးဆိုတာ သေချာဖြည့်စွက်ပြီး
    ဖေ့ဘုတ်က အူးမှူးဇော် မှာ ဖြစ်ဖြစ် သွားရှဲလိုက်ပါ။
    သတင်းအချက်အလက်အတိအကျနဲ့ သမ္မတကြီး ဝက်ဆိုဒ်မှာလည်း
    တိုင်လို့ရပါတယ်။
    ပညာရေးမြင့်တင်ပေးနေချိန်မှာ မဖြစ်သင့်တဲ့
    ကျောင်းသားမိဘတွေကို အေးဓါပြတိုက်မူကြီးပါ။ 🙁 🙁
    မပေးနိုင်တဲ့မိဘတွေအတွက် စိတ်မကောင်းမိဘူးဗျာ…

    • ကိုရင်စည်သူ

      September 25, 2012 at 11:44 am

      ဆောဒီး ပုံမပေါ်လို့ ခုမှတွေ့တယ်.. ကျောင်းအုပ်ဆရာမကြီးနဲ့ ကျောင်းပါပီးသားပဲ…
      အခြေအနေဆိုးလာရင် ပစ်သာကြမ်းပလိုက်တော့.. မီဒီလာကွစ်… :kwi:

  • may flowers

    September 25, 2012 at 11:45 am

    ဒီကျောင်းအုပ်ဆရာမကြီးက သတ္တိပဲကောင်းတာလား မိုက်မဲတာလား..

    နှုတ်တစ်ရာစာတစ်လုံးတဲ့ ဒီလိုမျိုးကလေးတွေဆီအကြောင်းကြားစာပေးပြီးတောင်းတာကိုက

    ကိုယ့်သေတွင်းကိုယ်တူးနေသလိုပဲနော် ခု ဒီငွေတောင်းစာက ဆိုက်တော်တော်များများပြန့်နေလေရဲ့။

  • weiwei

    September 25, 2012 at 12:15 pm

    ကျွန်မတို့ ဝန်ထမ်းအိမ်ရာမိသားစုဝင်အများစုက အဲဒီကျောင်းမှာ ကလေးတွေကို ကျောင်းထားကြတယ် … ဝန်ထမ်းသားသမီးတွေမို့ ငွေတစ်သိန်းလှူဖို့ တော်တော်ခက်ခဲကြတယ် … ဒါပေမယ့်လဲ ကလေးတွေ မျက်နှာငယ်မှာစိုးရိမ်တာကြောင့် သွားလှူကြပါတယ် … ဒီနေ့တောင် ကျွန်မဌာနက ဝန်ထမ်းတစ်ယောက် သူ့သမီးအတွက်သွားလှူသေးတယ် …

  • ကိုပေါက်(မန္တလေး)

    September 25, 2012 at 12:42 pm

    လက်မှတ်မပါ ဘာမပါ
    ကြားလူကဝင်ပြီး အင်ထုတာလဲဖြစ်နို်င်ပါတယ်။
    အားလုံးမထည့်ဘူးဆိုရင်လဲ ဘာမှမလုပ်နိုင်ပါဘူး။
    မဖြစ်သင့်တဲ့ကိစ္စလို့လဲ သတ်မှတ်ချင်ပါတယ်။
    ရမလားလို့ တို့ကြည့်တာလဲဖြစ်နိုင်ပါတယ်။
    အေးအေးဆေးဆေး နည်းမှန်လမ်းမှန်နဲ့တုန့်ပြန်စေချင်ပါတယ်

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 25, 2012 at 1:30 pm

    ပေးနိုင်တယ် မမေးနိုင်ဘူးက သပ်သပ်
    ပေးရမယ်မပေးရဘူးက သပ်သပ်
    ပေးသင့်တယ်မပေးသင့်ဘူးက သပ်သပ်
    ဒီလိုအကြောင်းသုံးမျိုးရှိတယ်ထင်ဒါဘဲ ( ထင်တာ )
    ပေးနိုင်တယ်ဆိုပေမယ့် ပေးသင့်တဲ့ကိစ္စလား
    ပေးရမယ့်ကိစ္စကို မပေးနိုင်တာလား
    ဒီလိုဆို ဂေဂျက်ထဲက မန်ဘာဒေ ကျုပ်ဂို ဆန်တစ်ယောက်ဒဗျီပေးဂျဗျာ :mrgreen:

  • kyeemite

    September 25, 2012 at 1:43 pm

    မဝေရေ..ချက်ချင်းသွားပေးတာတော့စောသေးတယ်ထင်တယ်…
    စာမှာ အချိန်ကာလ ကန့်သတ်ချက်လဲမပါဘူးလေ…
    ကျနော်တော့ စောင့်ကြည့်အုံးမယ်…သားအတွက်လည်းစဉ်းစားပါတယ်..
    ဒါပေမဲ့ …ကိုအောင်ပုတွေးကြည့်သလို..“ ပေးသင့်တဲ့ကိစ္စလား” ဆိုတာပါ..

  • the best

    September 25, 2012 at 2:07 pm

    အမှတ်(၃)အခြေခံပညာဦးစီးဌာန က ကြီးကြပ်ကွပ်ကဲတာလို ့စာမှာရေးထားတာဟာ
    ဆရာမကြီးရဲ့ဆန္ဒအရမဟုတ်ပဲ အမှတ်(၃)အခြေခံပညာဦးစီးဌာနက
    အတင်းအကြပ်စေခိုင်းလို ့ လုပ်နေရများကြောင့်လား။

    MTP Co. က စိုက်ထုတ်တယ်ဆိုတဲ့ စကားရပ်က သေချာရှင်းပြဖို ့လိုပါတယ်။

    ၂၆-၄-၂၀၁၂ ကတည်းက ဆုံးဖြတ်ထားတဲ့ ကိစ္စဘာကြောင့် အခုမှစာဝေရတာလဲ။

  • MaMa

    September 25, 2012 at 2:08 pm

    ခေါင်းစဉ်ကိုကြည့်ပြီး သူလည်းလေ လောကီသားပေမို့လို့ စိတ်ထဲက တွေးလိုက်မိတယ်။
    :kwi:
    အဲဒီကိစ္စက ဒီဗွီဘီမှာလည်း ကျောင်းသားမိဘတစ်ဦး ပြောထားတာတွေ့လိုက်တယ်။
    သူငယ်ချင်းတစ်ယောက်ပြောတဲ့ အလှူဓါးပြ တိုက်ကြသူငါ ဆိုတဲ့ခေတ် မပျောက်သေးဘူးကိုး။
    နှမျောတသ ၃ကြိမ်ရွတ်ပြီး ရေစက်ချခဲ့ရပေါင်းလည်း မနည်းကြတော့ဘူး။ :byae:

  • MaMa

    September 25, 2012 at 2:12 pm

    အမှားပြင်ဆင်ချက်….
    နှမြောတသ ဖြစ်ကြောင်းပါ။ :harr:

  • Khaing Khaing

    September 25, 2012 at 2:39 pm

    အစိုးရကျောင်းထားတယ်ဆိုတာ …. မိဘတွေက သက်သာချင်လို့ထားကြတာပါ …… ဒါပေမယ့် တစ်ချို့အစိုးရကျောင်းတွေက အပြင်ပုဂ္ဂလိကကျောင်းတွေထက်တောင် ကျောင်းစရိတ်တွေများနေတတ် ပါတယ် ……… ပညာရေးလေ့ကျင့်ရေးကျောင်းမှာဆို တစ်ချို့မိဘတွေများ စာသင်ခန်းမှာ အဲယားကွန်းတပ် ဖို့ဆိုပြီး အလှူငွေတွေကောက်တာကို ကြွပ်ကြွပ်အိပ်နဲ့တောင်ထည့်ပြီး အထုပ်အထည်လိုက် ကလေးတွေကိုပေးပြီးထည့်ခိုင်းလိုက်တယ် …. တတ်နိုင်တဲ့မိဘကထည့်နိုင်ပေးမယ့် မတတ်နိုင်တဲ့ မိဘရဲ့ သားသမီးတွေကတော့ ကလေးငယ်တွေကြားမှာ မျက်နှာငယ်ရတာပေ့ါ ….. လေးမိုက်ကလေးတွေ ထားတဲ့ ကျောင်းက ပိုက်ဆံရှိတဲ့မိဘတွေချည်းပဲ ရှိမှာမဟုတ်ပါဘူး …. ၁သိန်းဆိုတာ တစ်ချို့ဝန်ထမ်းမိသားစုဆို အလှူငွေထည့်လိုက်ရရင် တစ်လလုံးဘယ်လိုများသွားသုံးတော့မလဲ ….. တစ်ခါ တစ်လေ အစိုးရကျောင်းတွေကြောင့် ကလေးငယ် တွေရဲ့စိတ်ဓာတ်တွေက အားငယ်တာတွေ အပါးခိုတာတွေဖြစ်သွားတတ်ပါတယ် …..

  • kyeemite

    September 25, 2012 at 2:46 pm

    မမရေ…နောက်ဆုံးတော့“နှမြောတသ ၃ကြိမ်”ရွတ်ရတော့မယ်နဲ့တူပါရဲ့.. :byae:
    မမက ကိုယ့်သတ်ပုံအမှားကိုယ်ပြင်ပြီး…အမှတ်ထပ်ယူသွားတာပေါ့လေ.. :mrgreen:
    :harr:
    the best မေးတဲ့ မေးခွန်းတွေ ကျနော်လည်းစဉ်းစားမရပါကြောင်း…

  • myanmarcitizen

    September 25, 2012 at 3:50 pm

    ရှိတာလေး ရောင်းချပေါင်နှံပြီးပေးသွင်းကြပါလို့မပြောတာ ကံကောင်းတာပဲ။ လက်မှတ်မပါပုံထောက် တော့ အရှောင်အတိမ်းလုပ်လို့ရအောင်လုပ်ထားပုံပဲ။ တော်တော်ဆိုးတဲ့ချာမကျီးပဲဗျာ။

  • ရွှေ ကြည်

    September 25, 2012 at 4:12 pm

    ဦးကြိုက်မီးရေ ဆရာမကြီးကစေတနာကောင်းပါတယ် မိဘတွေအပေါ်သိတတ်ပါတယ်စာနာပါတယ်
    တွေ့လား စာထဲမှာရေးထားတယ် ဘာတဲ့..

    `ပံ့ပိုးကူညီငွေကိုအရစ်ကျစနစ်ဖြင့်လည်း ပေးသွင်းနိုင်ပါသည်။ ဤ ကျောင်းတွင်

    သားသမီး (၁)ဦး ထက်ပို၍ သင်ကြားလျှက်ရှိပါက အတန်းအကြီးဆုံး (၁) ဦး

    အမည်ဖြင့်သာ ပံ့ပိုးကူညီနိုင်ပါသည်။ကျန်သူများကိုကင်းလွတ်ခွင့်ပြုပါမည်။´ တဲ့..။

    တယ်လဲသဘောကောင်းရှာသကိုး လေးစားထိုက်ပါတယ် ကင်းလွတ်ခွင့်သာမထားရင် သူကမိသားစုတစုတည်းကကျာင်းသားအကုန်များကောက်ချင်သေးတာလားမသိ
    ကျောင်းသားမိဘတွေစုပြီးကျေးဇူးတင်ကြောင်း ကျောင်းရှေ့မှာသွားပြီ အော်ပေးရမှာ..။

  • AKKO

    September 25, 2012 at 7:00 pm

    အလှူခံတာကြီးကလည်း တမျိုးကြီးပဲ ကိုမိုက်ရေ
    အလှူခံတာနဲ့ မတူဘူး ၊ ဓါးပြတိုက်နေသလိုပါပဲ ။
    ချက်ချင်းကြီးတော့ မပေးပါနဲ ့၊ ခဏတော့ စောင့်ကြည့်ပါဦး။ တောင်းတိုင်း လွယ်လွယ်ပေးနေလျှင် ၊ အဲ့လိုကျောင်းတွေအများကြီး ဖြစ်လာလိမ့်မယ် :chee:

  • မဟာရာဇာ အံစာတုံး

    September 25, 2012 at 8:40 pm

    မိဘတစ်ဦးလျှင် တစ်သိန်းထက်မနည်း ပံ့ပိုး ကူညီပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည် …
    ဆိုတော့ကာ .. (ဒို့ဘဂျီး လေသံဖြင့် … :mrgreen: )
    လေသံက အထက်စီးကနေ အမိန့်ဆန်ဆန် ထုတ်ပြန်လိုက်တဲ့ သဘောပဲဗျ ..
    ဦးကြီးမိုက် ပြောသလိုမျိုး ပံ့ပိုး ကူညီပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည် ဆိုတဲ့ နေရာမှာ ပါဝင်လှူဒါန်း ပံ့ပိုးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။ ဆိုရင် အားတက်သရော ကူညီချင်စရာ ဖြစ်လာမှာပဲလို့ ထင်မြင်မိပါတယ် …
    ဒီတော့ .. စကားလုံးကိုတောင် မသုံးတတ်တဲ့ လူဒွေဘာကလား ရယ်လို့
    ဘေးကို ချော်ထွက်ပြီး တွေးလိုက်မိပါသေးဂျောင်း …
    ဒီကိစ္စအတွက် ကိုယ့်လက်ခုပ်ထဲက ရေပဲ ဆိုပြီး မပြုမူသင့်ပါဂျောင်း …

  • ဦးဦးပါလေရာ

    September 26, 2012 at 12:02 am

    ကျုပ်ကြားမိတာကို ဝင်ဖြည့်ရရင်-

    ဤ ကျောင်းတွင်သားသမီး (၁)ဦး ထက်ပို၍ သင်ကြားလျှက်ရှိပါက
    အတန်းအကြီးဆုံး (၁) ဦးအမည်ဖြင့်သာ ပံ့ပိုးကူညီနိုင်ပါသည်။

    လို့ရေးထားပေမယ့် တကယ်တန်းမှာ ကျောင်းသားတိုင်း ထည့်ရဘို့ ဆရာမတွေက တက်ညီလက်ညီဝိုင်းကြပ်တယ်လို့ ဆိုပါတယ်။
    ဆိုလိုတာက ကလေးတစ်ဦးထက်ပိုရှိလဲ တတန်းထဲမဟုတ်တော့ အတန်းကြီးက ကလေးလဲထည့် အတန်းငယ်က ကလေးလဲထည့်အောင် သားနာမည်နဲ့ထည့်ပြီးပြီလား၊ သားနာမည်နဲ့ထည့်ရဲ့လား၊ သားနာမည်နဲ့လဲထည့်အောင် မေမေတို့ကိုပြန်ပြော စသည်ဖြင့် အတန်းဖေါ်တွေကြားထဲ တွန်းအားပေးတာခံရလို့ ကိုယ့်သားသမီးမျက်နှာမငယ်အောင် တစ်ယောက်တစ်သိန်းထည့်လိုက်ကြတာတွေ ရှိပါတယ်။ (ထည့်လိုက်တဲ့မိဘကတိုက်ရိုက်ပြောပါတယ်)

    ဒီကိစ္စက တစ်သိန်းပြဿနာမဟုတ်ဘူး
    တိုင်းပြည်စီမံခန့်ခွဲမှု့ပြဿနာဖြစ်တယ်…။
    ပညာရေးဌာနက ဘာလုပ်မလဲဆိုတာ ကြည့်နေပါတယ်။
    အဲဒီကျောင်းဟာ လွန်ခဲ့တဲ့ခြောက်နှစ်တုန်းကလဲ ကျောင်းအပ်သူတွေဆီက အလှူငွေမကောက်ဘို့ တားထားတဲ့ကြားက ခေါင်းမာမာနဲ့ ကောက်လို့ နောက်မှ မိဘတွေကို ပြန်ခေါ်ပြီး အမ်းပေးရဘူးတယ်။

    တကယ့်အမှားအစစ်က ကျောင်းအုပ်မဟုတ်သေးဘူး
    သူက ဓါးပြလိုင်စင်ရလို့တိုက်တာ
    တကယ့်အမှားက-
    ၆ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ရေးအတွက် ကုန်ကျငွေကို ကျောင်းအုပ်ကြီးနဲ့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့က တာဝန်ယူရမယ် ဆိုတဲ့ကိစ္စ…။
    အဲလိုဘာလို့ လိုလိုလားလားတာဝန်ယူရမှာလဲ
    အဲဒီဆုံးဖြတ်ချက်က တမင်နှပ်ကြောင်းပေးပြီးဂွင်ဆင်ထားတဲ့ပုံ ပေါက်မနေဘူးလား……..။

  • kai

    September 26, 2012 at 12:19 am

    ဆိုတော့… အဲဒီပိုက်ဆံ..ဘယ်သူပေးရမှာလည်းဟင်…
    သိန်း၅ထောင်… :buu:

    • KyawThein

      September 26, 2012 at 12:44 am

      သိန်း ၅ ထောင်ကို ကျောင်းသားမိဘတွေကဘပေးရမှာပါ
      ကျနော်လည်း မကြာမှီကမှ ပေးခဲ့ရသူပါ ။ ပြောချင်တာကြာပါပြီ
      ဂဇက်မှာကွန်မန် ့ရော ပို ့စ်ရောရေးလေ ့မရှိပဲ ဖတ်သူသက်သက်ဖြစ်လို ့
      ကျွန်တော်ရေးရင် အလကားသက်သက်ဖွတယ်ထင်မှာစိုးလို ့ပါ ။
      အထက်က ဦးဦးပါလေယာပြောသလို တတ်နိုင်တယ်ထင်ရတဲ ့ကလေးတွေကို
      ဆရာမများက ဒီအစီစဉ် မတိုင်ခင်ကတည်းက တိတ်တဆိတ်တောင်းနေခဲ ့တာပါ။
      ဘယ်လောက်ရရ အလှူထည် ့ဖို ့အကြိမ်ကြိမ် တောင်းခံပါတယ်။
      မကြာသေးမှီ ကလည်းပဲ မင်းဓမ္မ လမ်းကမြန်မာကွန်ဗင်းရှင်းစင်တာမှာ
      ရံပုံငွေစတိတ်ရှိုးလုပ်လိုက်ပါသေးတယ် ။
      လွှတ်ဟေ ့ဆိုရင် ထိတ်ဆုံးက ကွဲတတ်တဲ ့ ကျွန်တော်မောင်ကျော်သိန်းလည်း
      လက်မှတ်တစ်ဆောင်နှစ်သောင်းနှုံးနဲ ့ သုံးဆောင်စာ ဝယ်ပြီး အလှူလုပ်လိုက်ပါသေးတယ်။
      ဒီလောက်ဝေးတဲ ့နေရာသွားမကြည် ့နိုင်ပါဘူး ။ စားရိတ်ထပ်ကုန်မှာစိုးလို ့
      ဈေးအပေါဆုံးအတန်းကတောင်းတောင်းပန်ပန်နဲ ့ ဝယ်ခဲ ့ရတာပါ။
      ကျွန်တော်ကခံရတာတွေလည်းများ နှစ်လည်းကြာပြီဆိုတော ့ဒီအကြောင်းတွေကို
      ရေးပြ ဖွင့်ဟချင်နေမိပါတယ် ။
      ဂဇက်က ညီအစ်ကိုမောင်နှမ များလက်ခံရင်ပေါ ့လေ ။

      • MaMa

        September 26, 2012 at 7:53 am

        ရေးပြဖွင့်ဟပါ ကိုကျော်သိန်းရေ။

        ကြုံတုန်းပြောရရင် နှစ်ကုန်ခါနီးတိုင်း ရံပုံငွေပြက္ခဒိန်တွေ ထုတ်ရောင်းတဲ့ကိစ္စကလည်း မသေးဘူး။

        ရှိရှိသမျှ ဌာနဆိုင်ရာတွေက ရံပုံငွေဆိုပြီး ထုတ်တဲ့ပြက္ခဒိန်တွေကို မဖြစ်မနေဝယ်ရတာတွေလည်း ရှိသေးတယ်။

        တခါတလေ ဌာနတစ်ခုကထုတ်တာကို ခွဲတမ်းနဲ့ တစ်စောင်မက ဝယ်ရတာသေးတယ်။

        တတိုင်းပြည်လုံးအနေအထားနဲ့ တွက်မယ်ဆိုရင် ……..
        အခုလို ပြက္ခဒိန်တွေကို လိုအပ်တာထက် အများကြီးပိုလျှံနေအောင် ရိုက်ထုတ်ပြီး ရောင်းတာဟာ ရံပုံငွေရတာလား၊ ဖြုန်းတီးတာလား ဆိုတာကို သေသေချာချာ ပြန်စဉ်းစားသင့်ပါတယ်။

  • ရဲစည်

    September 26, 2012 at 12:20 am

    မန့်သွားပါသီ
    များများပြောရင် အမှားပါမှာ ကျောက်လို့…..
    ပါးပါးဘဲ….အဲ …အဲ
    ဒါပေသိ ဖတ်သွားသီ

Leave a Reply