သရဲဝင်ပူးခံရတဲ့ဖေဖေ
ကျွန်မတို့မိသားစုရဲ့ကိုယ်တွေ့အဖြစ်အပျက်လေးပါ။
ကျွန်မအနေနဲ့ ယုံကြည်ခြင်း၊မယုံကြည်ခြင်းကို အငြင်းပွားဖို့တော့မဟုတ်ပါဘူး။
ကျွန်မကိုယ်တိုင်လည်း ယုံကြည်ခြင်း၊မယုံကြည်ခြင်း ကိုဆုပ်ကိုင်မထားပါဘူး။
တကယ်ဖြစ်ပျက်ခဲ့တာလေးကို အများသိအောင်ပြောပြချင်ရုံသက်သက်ပါ။
ဒီနေ့အချိန်တွေအထိ ကျွန်မတို့အိမ်ကလူကြီးတွေ ပြောနေဆဲ အဖြစ်အပျက်ဆန်းလေးမို့ပါ။
ကျွန်မတို့မျက်စိထဲ ရုပ်ရှင်ကြည့်ထားရသလို စွဲနေလောက်အောင်ကြားနေကျအဖြစ်အပျက်လည်းဖြစ်ခဲ့ပါတယ်။
ကျွန်မလသားအရွယ်လောက်ကပါ။
မေမေက အိပ်ယာထဲမှာ ကျွန်မကိုသိပ်နေတယ်။
ဖေဖေက ကုတင်ဘေးက ကြောင်စီစီနဲ့ငုတ်တုတ်ကြီးထိုင်နေတယ်။
မေမေက ဘာဖြစ်လို့လဲ မေးတော့လည်း ဘာမှပြန်မဖြေပဲ မျက်လုံးတွေကလည်းပုံမှန်မဟုတ်ပဲ တမျိုးကြီးဖြစ် နေတယ်။
လုံးဝမေးမရ၊ပြုမရနဲ့ ငိုလိုက်၊ရီလိုက်နဲ့တစ်မျိုးကြီးဖြစ်နေတာမို့မေမေက သူ့အစ်ကို ရှေ့နေကြီးကိုသွားပြေး ခေါ်တယ်။
အနောက်တိုင်းဆေးပညာကလွဲရင် ဘာကိုမှအယုံအကြည်မရှိတဲ့ ကျွန်မဘကြီးက ဖေဖေ့ကို ဆေးရုံသို့ချက်ချင်း ပို့လိုက်တယ်။
ဆေးရုံပေါ်မှာလဲ ဖေဖေက ဘာရောဂါမှရှာမတွေ့ပဲ ရီလိုက်၊ငိုလိုက်နဲ့ ကြောင်စီစီသာဖြစ်နေသတဲ့။
ဒီလိုနဲ့ မေမေတို့လည်း ကျွန်မ ဘကြီးမသိခင် ပယောဂဆရာတစ်ယောက်ကိုဆေးရုံကိုပင့်ပြီးကုသတဲ့။
ပယောဂဆရာက ဖေဖေ့ကိုတွေ့တဲ့အချိန်မှာ “မင်းဘယ်သူလဲကွ”လို့မေးသတဲ့။
နောက်ပြီး ဝင်ပူးနေရပါ့မလားဆိုပြီး ရင့်သီးကြမ်းတမ်းတဲ့စကားတွေနဲ့ဆဲဆိုသတဲ့။နောက်ပြီး ထွက်အောင်လို့ ကြိမ်လုံးနဲ့ရိုက်သတဲ့
အဲဒီအခါ ဖေဖေက သူ့အသံမဟုတ်တဲ့ အသံကြီးနဲ့
“မင်းငါ့ကိုရိုင်းရိုင်းစိုင်းစိုင်းမပြောနဲ့ ငါကလူမဟုတ်ဘူး၊ကိုရင်ကြီး ကွ နောက်ပြီး မင်းရိုက်နေတာတွေက ငါ့ကိုမထိဘူး ကောင်လေးကိုပဲထိတယ်ကွ”
လို့ဆိုသတဲ့။
ပယောဂဆရာက ဆက်မေးတာပေါ့။ဖေဖေ့ကိုယ်ထဲဝင်ပူးနေတဲံ့ကိုရင်ကြီးက ဆက်ဖြေတာက
ဖေဖေ့ကိုဝင်ပူးနေတာက ဖေဖေသွားနေကျ ကျွန်မတို့မိသားစုကိုးကွယ် တဲ့တောရစာသင်တိုက်က ပျံလွန်တော်မူသွားတဲ့ ကိုရင်ကြီးတဲ့။
ကိုရင်ကြီးက ကျောင်းစကြံင်္မှာ တံမြက်စည်းလှည်းရင်း မြွေကိုက်ပြီးပျံလွန်တော်မူခဲ့တာပါ။
ပျံလွန်တော်မူချိန်မှာ ပဇင်းဘောင်လည်းမတက်ရသေး၊ကျောင်းကိုလည်းစိတ်ကစွဲနေတာကြောင့် မကျွတ်မလွတ်ပဲ ကျောင်းရှေ့က သစ်ပင်ကြီးမှာ အဖွဲ့လိုက်နေနေကြရတာတဲံ့။
သူနဲ့အတူနေထိုင်ရတဲ့ ရပ်ရွာထဲကဆုံးသွားခဲ့ပြီးတဲ့လူတွေရဲ့နာမည်တွေကိုလည်းပြောပြတယ်တဲ့။
ပယောဂဆရာက
“ဒါဖြင့် ကိုရင်ကြီးဆို ဘာဖြစ်လို့ ဒီကောင်လေးကိုဝင်ပူးရတာလဲ”
လို့မေးတော့
“သူ့ယောက်ဖ(ကျွန်မဘကြီးရှေ့နေကြီး)ကိုမကျေနပ်လို့..သူကငါရှိတာကိုမယုံဘူး”
လို့ဆိုသတဲ့။
“သူ့ကိုမကျေနပ်ရင် သူကျောင်းကိုလာတဲ့အချိန် သူ့ကားကိုတစ်ခုခုဖြစ်အောင်လုပ်လိုက်ပေါ ့ မင်းတို့ကအဖွဲ့တောင့်တာပဲ”
လို့ပြန်ပြောတော့
“သူ့ကိုလုပ်လို့မရလို့ပေါ့ကွ..နောက်ပြီး ဒီကောင်လေးကိုလည်းချစ်လို့”
လို့ပြန်ပြောတယ်တဲံ။
“ဒါပေမယ့် ငါရှိတာကိုသိအောင် သူ့မိန်းမကိုလန့်အောင်လုပ်လိုက်တယ်”
လို့ပြောတယ်တဲံ့။
ကျွန်မဖေဖေဆေးရုံတက်နေရတဲ့အချိန်မှာ ကျွန်မဘကြီးရဲ့မိန်းမက ရွာတစ်ရွာကိုသွားဖို့ မြင်းလှည်းပေါ်အတက် မြင်းက လန့်ပြီး မတ်တပ်ရပ်လိုက်တာ ကျွန်မဘကြီးရဲ့မိန်းမ မြင်းလှည်းပေါ်ကပြုတ်ကျပြီး လက်ကျိုးသွားရှာ တယ။်
ကျွန်မဖေဖေကို အဲဒီလို ပယာဂဆရာနဲ့ကုနေချိန်မှာ ဆေးရုံပေါ်မှာလည်း ဝိုင်းကြည့်နေတဲ့လူတွေအများကြီးပဲ တဲ့။
ကျွန်မဖေဖေကို လူနာလာမေးတဲ့ ဖေဖေ့ထက်အသက်အများကြီးကြီးတဲ့ အရွယ်တွေကိုလည်း ဖေဖေက မောင်ဘယ်သူ၊မဘယ်သူနဲ့ သူ့ထက်အငယ်တွေလိုနှုတ်ဆက်သတဲ့။
အသံကြီးကလည်း ဖေဖေ့အသံမဟုတ်ဘူးတဲ့။
နောက်ဆုံးကျတော့ ပယာဂဆရာက
“ဒါဖြင့် မင်းတို့ကျေနပ်အောင် ဘာလုပ်ပေးရမလဲ”
လို့ဆိုတော့ ကြက်ဖို၊ကြက်မကျွေးပေးဖို့တောင်းတယ်။
ပယောဂဆရာက “နှစ်ကောင်တောင်လား တစ်ကောင်ဆိုတော်ရောပေါ့”
ဆိုတော့
“ငါတို့အဖွဲ့ကများတယ်ကွနှစ်ကောင်မှလောက်တာ”
လို့ဆိုသတဲ့။
အဲဒါနဲ့ ကြက်ဖို၊ကြက်မကို ဝယ်ပြီး ဆေးရုံကို ယူလာတော့ ဖေဖေက ကြက်အစိမ်းတွေကိုကြည့်ပြီး သားရေတမြားမြားနဲ့ ပါးစပ်တပြင်ပြင်ပုံစံကြီးဖြစ်နေသတဲ့။
ကြက်တွေကိုဆေးရုံအပြင်က တစ်နေရာရာမှာသွားချကျွေးတော့ ယင်မဲကြီးတွေအုံလာတယ်တဲ့။
နောက်ကျတော့ သရဲကျွေးပြီးသားကြက်တွေကို ပယောဂဆရာကသူ့အိမ်ယူသွားပြီးချက်စားလိုက်တယ်တဲ့။
အဲ့နေ့ညမှာပဲ ပယောဂဆရာခမျာ ထန်းတက်ရင်းထန်းပင်ပေါ်ကပြုတ်ကျ သေဆုံးသွားရှာတယ်။
ပယောဂဆရာ ဆိုပေမယ့် အဲ့ဒီပညာကိုသင်ပေးထားခဲ့တဲ့သူရှိုလို့သာတတ်နေတာတဲ့။အမြဲလုပ်စားတာက ထန်းတက်သမားတဲ့။
နောက်ပိုင်းအဲဒီပယောဂဆရာက နေမကောင်းဖြစ်နေတဲ့မိန်းမတစ်ယောက်ကိုပြန်ပူးပြီးပြောတယ်တဲ့။
သူက မောက်မာခဲ့လို့အခုလိုဖြစ်ခဲ့ရတာ ဆိုပဲ။
ဒီအကြောင်းတွေကိုယုံတာမယုံတာထက်၊အိမ်မှာ မေမေတို့ခဏခဏပြောနေလို့ ကျွန်မကိုယ်တိုင်သိနားလည် တဲ့အရွယ်ကမြင်တွေ့ခဲ့ရသလိုတောင်ဖြစ်နေပါပြီ။
(ဖြစ်ရပ်မှန်)
နန်းတော်ရာသူ
30 comments
အလင်းဆက်
January 1, 2013 at 7:01 pm
အလက်ဆင်းရဲ ့ဖြစ်ရပ်မှန်လေးတစ်ခုလည်း..ကြုံလို ့ပြောရဦးမယ် ။
အလက်ဆင်း ငယ်ငယ်က တော်တော် ချူချာတာ ။ သေလည်း မသေနိုင်ဘူးပေါ့ ။
:kwi:
တစ်ခါတော့… တော်တော်လေးကို ပြင်းပြင်းထန်ထန် ဖျားနေတော့..
အမေက..ဗေဒင်တေါ ဘာတွေ.လျှောက်ယုံပြီး..
လျှောက်မေး..တော့တာ။
အမေက အယုံလွယ်သူ.. ဆိုတော့.. အမေ ့ကို
ဗေဒင်ဆရာက ရွှီး သမျှ ယုံပြီး..
ယတြာ ချေ ပါလေရော..
သူတို့ ယတြာက လည်း….
အလက်ဆင်းကို..
ကြက်မ အဖြူ ရောင်တစ်ကောင်နဲ ့ ပေးစားရမယ်တဲ ့
တကယ့်ကြက်မ နော် ။
ဟို…လေ… ဖိနပ်စီး တဲ ့ကြက်မဟုတ်ဘူး ။
🙂
တော်သေးတယ် ။ ကြက်ဖ နဲ ့ မပေးစားလို ့။
သားသားမှာ.ငယ်ငယ်ရွယ်ရွယ်
15 နှစ်သားလောက်မှာကတည်းက…
ကတော် ကတော် နဲ ့ အော်တတ်တဲ ့ကြက်မ ကြီးတစ်ကောင်ကို..
မယား..အဖြစ်..သမုတ်ခံ ရတာ ။
ပြန်တွေးပြီး.. ရင်နာလို့မဆုံးဘူး ။
အဲဒီ ကြက်မကြီး..ကြက်ဖတွေနဲ ့
ပလူးပလဲ..နေနေတာ တွေ ့ရင်.လည်း..
ကိုယ့်မှာ..ဒေါသ ပဲ..ထွက်ရမလို..
ရှက်ပဲ.ရှက်ရမလို… နဲ ့။
အဟိ ။
ဒီ ပိုစ့်လေးနဲ ့တော့ ဘာမှတော့ မဆိုင်ပါဘူး ။
ပျော်စေလိုသောကြောင့်…
ဝင်ပွါားလိုက်တာပါ ။
အီဂါး…
အလင်းဆက် ၏ ဖြစ်ရပ်မှန်……
မင်းနန္ဓာ
January 1, 2013 at 10:32 pm
ဟာ
အလက်ဆင်းကို လူပျိုလေးမှတ်နေတာ
၁၅ နှစ်သားထဲက ကြက်မကြီးနဲ့ ညားပြီးသားကိုး..
😛
(ခင်လို့နောက်တယ် မှတ်ပါ)
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
January 2, 2013 at 11:06 am
ခင်ဗျားအဖြစ်ကလဲဗျာ…
အတော်ဆိုးသကိုး…
တော်သေးတာပေါ့… အဲ့ကြက်မဥဥလာရင်… ငါ့ကြက်ဥဆို လုမနေရလို့…
ခင်မင်လျက်-
ကြောင်ဝတုတ်
မဟာရာဇာ အံစာတုံး
January 1, 2013 at 7:05 pm
ယောက်ခမဂျီးရေ ….
ကျုပ်ကတော့ ယုံပါဒယ် …
ဒါပေမယ့် … ဒါပေမယ့် …
ကျုပ်ဘဂျီး လာလိမ့်မယ် ….
စကားမစပ် ….
ကျုပ်တို့ ရွာရဲ့ ဟိုဘက်က ရွာက ဘုန်းကြီးကျောင်းမှာလည်း
ဘုန်းကြီး သရဲ ရှိသဗျ ….
ညဘက်ဆို မီးအိမ်ကြီး ထွန်းပြီး လျောက်သွားနေတတ်တာ …..။
သူ လျှို့ဝှက်ပြီး မြှုပ်ခဲ့တဲ့ ငွေတွေကြောင့် မကျွတ်မလွတ်ပဲ ဖြစ်နေတာ ဆိုပဲ ….။
ကျုပ် အေးဆေး ပြန်ရတဲ့အခါ အဲ့ဒီကျောင်းသွားပြီး လျှို့ဝှက် ရတနာသိုက်ကို သွားဖော်မယ်လို့ စိတ်ကူးထားတယ် ….. ငွင်းး ငွင်းး
ဘဲဥ
January 2, 2013 at 9:37 am
ဟဲ့ဟဲ့ အိုက်ဒီ ဘုန်းကြီးတရဲဂို ဒါ့ပုံတွားရိုက်ကြမယ် ဘိုလဲ။
ရဒနာသိုက်ထက်သေချာဒယ်အေ့ ။ ဒေါ်လှဒွေအားဂျီးရမှာဒဲ့
မဟာရာဇာ အံစာတုံး
January 2, 2013 at 11:18 am
အေး ..
အိုက်ဒါဆိုလည်း နာ ရွာပြန်တဲ့အခါ
နင်လည်း လိုက်ခဲ့ …
ကင်မလာဂျီးဘာ ယူခဲ့ ……။
ဘဲဥ
January 2, 2013 at 11:56 am
ပြောသာပြောရဒါ…..
နာဂ အားဂျီးတရဲကြောက်တတ်တာအေ့
တော်ကြာ ရှူးရှူးတွေထွက်ကျကုန်မှ :harr:
•*¨နန်းတော်ရာသူ •*¨
January 1, 2013 at 7:12 pm
အလက်ဆင်းမေမေရဲ့ဗေဒင်ဆရာကတော့ဆန်းတပြားပြားပါပဲ။
ဒါဖြစ်အလက်ဆင်းလေး လူပြိုပေါ့ (နောက်တာပါ) :kwi:
အစ်မခဲအိုအဖြစ်ကလဲ နေမကောင်းဖြစ်လို့ အနောက်တိုင်းဆေးကော၊မြန်မာနည်းတွေပါကုတာ
အဲလိုဆရာနဲ့ပြတာ ဆရာကဆန်တွေကိုဝါးခိုင်းတယ်။
ပြီးတော့ သူ့လက်ထဲထွေးခိုင်းတယ်။
ဝါးတုန်းကဆန်တွေချည့်ပဲ ထွေးချလိုက်တော့ ဆန်တွေထဲမှာ ဆံချည်မျှင်တွေကော၊လက်သည်းခွံတွေကော
ပါလာတယ်တဲ့။
အဲ့ဆရာက ဆန်မဝါးခိုင်းခင် မန်းမှုတ်ရေရွတ်ရင်း ဖျာအစပ်တွေကို ဟိုစမ်းဒီစမ်းနဲ့ လိုက်လုပ်တာတဲ့။
လိုက်ပြပေးတဲ့ အစ်မယောင်းမက သိပ်မသင်္ကာလို့ ဆရာနောက်ထဲခဏဝင်သွားတုန်း ဖျာကိုလှန်ကြည့်တော့ ဖျာအောက်အစပ်နေရာတွေမှာ ဆံပင်ချည်တွေ အမှိုက်တွေ၊လက်သည်းခွံတွေ
တွေ့ရတယ်တဲ့။
ကဲ…ဘယ်လိုလဲ
•*¨နန်းတော်ရာသူ •*¨
January 1, 2013 at 7:14 pm
မောင်အံပြောတဲ့ဘုန်းကြီးသရဲအကြောင်းကတော့ နေရာတိုင်းမှာလိုလိုကြားဖူးနေသလိုပဲ။
စာသင်ကျောင်းတွေက ကျောပေါက်သရဲလိုပေါ့။
:harr:
မောင်ပေ
January 1, 2013 at 9:52 pm
သဂျီး ဝင်မလာသေးပါကလား
မနန်းတော်ရာသူရေ ၊ ဒီကိစ္စမျိုးဆိုတာ ကိုယ်တိုင်ကြုံဖူးတဲ့သူမှ ယုံမှာပဲဗျို ့
ဘာပဲဖြစ်ဖြစ် အားပေးသွားပါတယ်
kai
January 2, 2013 at 4:14 am
ဒီလိုဇတ်လမ်းတွေများ.. အင်ဒိုနီးရှားမှာ… သိပ်များသပေါ့..
အဲဒါတွေရုပ်ရှင်ရိုက်ပြီး.. ဒေါ်လာသိန်းချီရတဲ့.. ဘစ်ဇနက်အသွင်ဖြစ်သွားအောင်လုပ်ကြတယ်..
မှတ်မိသေးတယ်..
ဗီဒီယိုတိပ်တွေပေါ်ခါစကများ.. သရဲကား..စုန်းကားဆို.. အင်ဒိုနီးရှား..မလေးရှားကတော်တော်များတာပဲ..
မြန်မာတွေလည်း.. ရုပ်ရှင်လုပ်ရိုက်ပြီးကမ္ဘာတန်းဖြန့်သင့်တယ်..။ :kwi:
Mon Kit
January 2, 2013 at 9:02 am
ထူးထူးဆန်းဆန်းပါလား မနန်းတော်ရာသူရယ်…
ဖတ်ရှုသွားတယ်နော်…
ဦးကြောင်ကြီး
January 2, 2013 at 9:09 am
သရဲဝင်ပူး
ငမဲဆင်ဦး
မနဲထင်ဘူး
ပုလဲရှင်မြူး..။
Mr. MarGa
January 2, 2013 at 12:47 pm
မနေ့က ဖတ်တယ်
ဒီနေ့မှ မန့်ရတယ်
သရဲ ဆိုတာက တကယ်မရှိဘူးလို့တော့ မပြောပါဘူး
မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ပေတဝတ္ထုတွေ ဟောခဲ့ဖူးတာပဲ
သို့သော်လည်း
မြန်မာတွေ မြန်မာမှု ပြုလိုက်ကြတော့
တတ်ယောင်ကား ပယောဂဆရာတွေ ထွက်လာပါလေရော
အဲဒီတော့
ဒါတွေဟာ အဆိုးမြင်တဲ့ဘက်ကို ရောက်သွားသဗျ
•*¨နန်းတော်ရာသူ •*¨
January 2, 2013 at 1:08 pm
ဟုတ် ကိုယ်တွေ့မှယုံစရာပါ။ကျွန်မက လသားအရွယ်ဆိုတော့မသိပါဘူး။
ဒီလပထမပတ်တုန်းက ကျွန်မနေတဲ့အရပ်က ကျွန်မတို့မျက်နှာချင်းဆိုင်ကျောင်းကဆရာမလေးတစ်ယောက် သရဲအပူးခံရတယ်ဆိုပြီး မူလတန်းပြဆရာမတွေတောင် စာမသင်ပဲ ကုနေတဲ့ဘုန်းကြီးကျောင်းမှာပြေးကြည့်ကြတယ်။
အဲဒီဆရာမလေးက ယောကျာ်းသံကြီးနဲ့ပဲစကားတွေပြောတယ်တဲ့။
ဆရာမလေးရဲ့မိဘတွေကို ]ခင်ဗျားတို့သမီးကိုကျူပ်မေတ္တာရှိလို့ပါ ကျုပ်နဲ့မပေးစားရင် သေတဲ့အထိပြုစားမှာ လို့ချည့်ပြောတယ်တဲ့
သူ့ကိုယ်သူလည်းရှမ်းပြည်ဘက်ကလာတာလို့ပြောတယ်တဲံ}
ကျွန်မလည်း ဗွီဒီယိုလေးပြေးလိုက်ချင်ပေမယ့် ဒီကလူတွေက တောဆန်တော့ သူတို့ကို ဘာလုပ်ဖို့လာရိုက်တာလဲ ဘာညာနဲ့ပြဿနာတက်မှာစိုးလို့ ငြိမ်နေလိုက်ရတာ။
အဲဒါတော့ လောလောဆယ်ကြုံခဲ့တာပါ။
ခင်ခ
January 2, 2013 at 1:56 pm
အဲဒီအကြောင်းတွေက အပြောရတော့ခက်သားလား၊
မဟုတ်ဘူး မရှိဘူး မယုံဘူး လို့ငြင်းရအောင်လည်း
ဟုတ်လို့ ရှိလို့ ယုံသူကယုံကြတာတွေလည်း ရှိကြတယ်လေ။
ဘာဘဲဖြစ်ဖြစ် ရှေးစကားလည်းမပယ်နဲ့ တောထဲသွားလည်းမလွယ်နဲ့ ဆိုသလိုပါဘဲဗျာ။
San Hla Gyi
January 2, 2013 at 5:51 pm
မနန်းတော်ရာသူရေ
ဒါက ဘယ်လိုပြောရမလဲ ဆိုတော့ အင်း ပြောရတော့ ခက်နေပါပြီ။ ဒီထဲမှာ သရဲ မယုံတဲ့လူများရှိရင် စမ်းသပ်လည်း ကြည့်ချင်တယ်ဆိုရင် စမ်းသပ်ဖို့ နည်းလမ်းကတော့……..။ အင်း မပြောတော့ပါဘူး။ တော်ကြာ အောက်လမ်းဆရာကြီး ဆိုပြီး နာမည်ရနေအုံးမယ်။
ရာဇဝင်ထဲမှာတော့ ဘုရင်ကတောင် သူကောင်းပြုတယ် ခေါ်မလား သူရဲကောင်း ပြုတယ်ခေါ်မလား ဘုရင်ဆီက ဆုတော် လာဘ်တော်တွေ ဘွဲ့တွေ ရဖူးတဲ့ သရဲတောင် ရှိတယ်တဲ့ဗျ။
မဟာရာဇာ အံစာတုံး
January 2, 2013 at 6:13 pm
စိတ်ဝင်စားသွားတယ်ဗျို့ …..။
အဲ့ဒီ အကြောင်းကို ကြားတော့ ကြားဖူးသလိုလိုနဲ့ မသိဘူး ဖြစ်နေတယ်ဗျ …။
ဖြစ်နိုင်ရင် ဦးစံလှကြီး ပြောပြပါလားဗျာ …။
ကျုပ်တို့ ဗဟုသုတ ရတာပေါ့ …။
•*¨နန်းတော်ရာသူ •*¨
January 2, 2013 at 7:15 pm
ဦးခင်ခပြောတာအမှန်ပါ ယုံတယ်မယုံဘူးဆိုတာ မပြောဝံ့ပါဘူး။
ရုပ်ရှင်တွေဆိုတာလည်း တကယ်ရှိတဲ့အရာတွေကိုပဲ ကျောရိုးယူလို့ရမှာပါ။
လုံးဝမရှိတာကြီးကိုအရှိလုပ်ပြရင်ဖြစ်နိုင်မယ်မထင်ပါဘူး။
ဦးဆန်းလှကြီးပြောတာလေးကိုအရမ်းစိတ်ဝင်စားပါတယ်။
ဖြစ်နိုင်ရင် ဇာတ်လမ်းလေးတစ်ပုဒ်လောက် တင်ဆက်ပေးပါဦးလို့တောင်းဆိုပါရစေရှင်။
San Hla Gyi
January 2, 2013 at 9:45 pm
ဇတ်လမ်းအသစ်နဲ့ ပို့စ်တော့ ဒီအကြောင်းကို မတင်သေးပါဘူး မနန်းတော်ရာသူနဲ့ ကိုအံစာတုံးရေ။ တခုတည်း မတင်ပေမယ့် နောက်ပိုင်း ရေးချင်စိတ် ရှိရင်တော့ သရဲတစ္ဆေဇာတ်လမ်းတပုဒ် စပယ်ရှယ် ရေးပေးပါအုံးမယ်။ အခုတော့ ကွန်မန့်နဲ့ပဲ ဖြေလိုက်ပါမယ်။ မြန်မာရာဇဝင်မှာ သရဲဘဝနဲ့ အမှုထမ်းပြီး ဘုရင်ဆီက သူကောင်းပြုခံရ ဘွဲ့တံဆိပ်တွေတောင် ရတဲ့ သရဲရှိခဲ့တယ်တဲ့။ သိပ်မဝေးသေးပါဘူး။ ကုန်းဘောင်ခေတ်မှာ ဖြစ်ခဲ့တာပါ။ နောင်တော်ကြီးမင်း လက်ထက်ကတဲ့။ နောင်တော်ကြီးမင်း ဆိုတာ အလောင်းမင်းတရားရဲ့ သားတော်ကြီးပေါ့။
သူရဲကောင်းနာမည်က ဥဒိန်ကျော်ခေါင်တဲ့။ မူလက နောင်တော်ကြီးမင်းရဲ့ စစ်ကဲကြီးပေါ့။ စစ်ကဲကြီး ဆိုတာ ရှေးမြန်မာ့တပ်မတော် ရာထူးအဆင့် ဖြစ်ပြီး ဒီနေ့ခေတ် ဆိုရင်တော့ အနည်းဆုံး ဗျူဟာမှုးလောက် ရှိပါတယ်။ သိပ်မသေးတဲ့ ရာထူးပါ။ ဥဒိန်ကျော်ခေါင်ဟာ ယိုးဒယားကို တိုက်တဲ့ တိုက်ပွဲတခုမှာ ကျည်သင့်ပြီး ကျဆုံးပါသတဲ့။ ကျဆုံးသွားပေမယ့် သူ့ဘုရင် သူ့အရှင်ဆိုပြီး စွဲလမ်းတာကြောင့် နောင်တော်ကြီးမင်းရဲ့ နန်းတော်ထဲကို ညအခါ ပြန်လာခဲ့ပါသတဲ့။ ဘုရင် စက်တော်ခေါ်နေတုန်း ခြေထောက်ကို ပုတ်နှိုးလို့ ဘုရင်က ကြည့်လိုက်တော့ သလွန်ခြေရင်းမှာ စစ်ကဲကြီး အဝတ်အစားနဲ့ ဒူးထောက်ခစားနေတဲ့ သူရဲကောင်း ဥဒိန်ကျော်ခေါင်ကို ဘုရင်က တွေ့သတဲ့။(အဲဒီအချိန်မှာ သူကျဆုံးကြောင်း သတင်းက ဘုရင့်ဆီ မရောက်သေးပါဘူး)
ဒါနဲ့ ဘုရင်က ဟယ် မောင်ဥဒိန်ကျော်ခေါင် ဘာကြောင့် အချိန်မတော် အခစား ဝင်သလဲလို့ မေးတော့ ဥဒိန်ကျော်ခေါင်က သူ တိုက်ပွဲမှာ ကျည်သင့်ပြီး ကျဆုံးခဲ့ပါကြောင်း ဒါပေမယ့် အရှင်ရဲ့ အမှုတော်ကို ထမ်းချင်ပါသေးတယ် သူ့ကို နေရာပေးပါ အမှုတော်ထမ်းခွင့်လည်း ပေးပါလို့ ပြောသတဲ့။
ဘုရင် ကြောက်မသွားဘူးလားလို့ မေးရင် ကြောက်ချင်မှ ကြောက်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အလောင်းမင်းတရားကြီးရဲ့ သားတော်ကြီး နှစ်ယောက်စလုံးဟာ ဖခင်က လက်ထပ်သင်ပေးခဲ့လို့ ကိုယ်တိုင် ဦးစီးပြီး စစ်တိုက်တတ်သလို အလွန်လည်း သတ္တိကောင်းတယ်လို့ ဆိုပါတယ်။ ဘုရင်ဆိုတဲ့ မာန်လေးကလည်း ရှိမှာပေါ့။ ဒါနဲ့ နောင်တော်ကြီးမင်းက မောင်မင်း ဒါဆိုရင် ငါကိုယ်တော်မြတ် အမှုတော်ကို ထမ်းစေ နေတာကတော့ နန်းတော် လေသာဆောင်မှာ နေစေ(နေရာ အတိအကျ မမှတ်မိပါ။ နန်းတော် လေသာဆောင် ဖြစ်နိုင်ပါတယ်။) ဘယ်မှုးတော် မတ်တော်တွေကိုမှ မခြောက်လှန့်ရဘူးလို့ ပြောတော့ ဥဒိန်ကျော်ခေါင်က အမိန့်တော်မြတ် အတိုင်းပါပေါ့။
တနေ့တော့ မုတ္တမက ပုန်ကန်တယ်ဆိုတဲ့ သတင်းမျိုး ရောက်လာလို့ ဘုရင်က တော်တော့်ကို စိတ်ပူသွားသတဲ့။ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ မြို့လေ။ အဲဒါနဲ့ မြင်းသည်ကျော် နှစ်ယောက်ကို အမြန်လွှတ်ပြီး ဟုတ် မဟုတ် အမြန်ဆုံး သတင်းပြန်ပို့ဖို့ လွှတ်လိုက်တယ်တဲ့။ တကယ်လို့ တခြားက လာတိုက်ရင်လည်း မြန်မာတပ်တွေကို စစ်ကူပို့ဖို့ပေါ့။ မြင်းသည်ကျော် လွှတ်လိုက်ပေမယ့် ဘုရင်က သိပ်စိတ်ပူနေလို့ မစောင့်နိုင်တော့ပဲ ဥဒိန်ကျော်ခေါင်ကို ခေါ်ပြီး မောင်မင်း သွားကြည့်ပြီး ငါကိုယ်တော်မြတ်ကို အခြေအနေ ပြန်ပြောစမ်းပေါ့။ ဥဒိန်ကျော်ခေါင်က သူ့ရဲ့ ကမ္မဇဒ္ဓိတန်ခိုးနဲ့ အမြန်သွားကြည့်တော့ ကြားတဲ့အတိုင်း မဟုတ်ပဲ အခြေအနေက ငြိမ်းချမ်းနေလို့ ပြန်လာပြီး ဘုရင်ကို စိတ်ပူစရာ မရှိဘူးလို့ ပြောတယ်တဲ့။ နောက်ပြီး လွှတ်လိုက်တော့ မြင်းသည်ကျော် နှစ်ယောက် အခုဘယ်နေရာ ရောက်နေပြီ သူတို့ဘယ်နားမှာ နားပြီး ထမင်းချက်စားနေတယ် ဆိုတာပါ ဘုရင်ကို ပြောပြတယ်တဲ့။ နောက်ပြီး သူနောက်ချင်လို့ အဲဒီ မြင်းသည်ကျော် နှစ်ယောက်ပေါ်တောင် သစ်ကိုင်းလေးတွေ ချိုးချခဲ့သေးတယ်လို့ ပြောတယ်တဲ့။
အဲဒီ နှစ်ယောက် ပြန်လာလို့ ဘုရင်က မေးတော့လည်း သူပြောတဲ့အတိုင်းပဲ ဖြစ်နေတယ်တဲ့။ အဲဒါနဲ့ ဘုရင်က ကျေနပ်ပြီး မှူးမတ် စစ်သည်တွေကို ဘွဲ့တံဆိပ်တော်တွေ ပေးတော့ ဥဒိန်ကျော်ခေါင်ကိုလဲ “ဇဝနယက္ခကျော်စွာ” ဆိုပြီး နဖူးစီးရွှေပြားနဲ့ ဘွဲ့တံဆိပ် ပေးတယ်တဲ့။ ဘုရင်က မောင်မင်း သိသာအောင် ယူရမယ်လို့ အမိန့်ပေးလို့ အဲဒီနဖူးစီးရွှေပြားကြီးဟာ ကလပ်ပေါ်ကနေ နန်းတော်လေသာဆောင်ဆီကို ပျံတတ်သွားတာကို အားလုံး မြင်ရတယ်တဲ့။
သူက တန်ခိုးနဲ့တောင် သွားကြည့်တယ်ဆိုတော့ သိပ်နိမ့်တဲ့ အတန်းအစားထဲက မဟုတ်ဖူးထင်တယ်ဗျ။ စစ်သူကြီးကနေ ဖြစ်တဲ့ သရဲဆိုတော့လဲ။ သူက ငဘတ်ချောင်းရွာသားမို့လို့ ငဘတ်ချောင်းဗိုလ် တစ္ဆေလို့လည်း ခေါ်တယ်တဲ့။
ကဲ ဖတ်ဖူးတဲ့အတိုင်း ရေးပေးလိုက်တယ်။ မယုံလဲ ပုံပြင်မှတ်ပေါ့ဗျာ။ ရှေးရိုးစွဲဝါဒတွေကို တိုက်ကျွေးလို့ ပြီးပါပြီ ဟီး ဟီး။
မဟာရာဇာ အံစာတုံး
January 2, 2013 at 10:43 pm
ဥဒိန်ကျော်ခေါင် …. ဥဒိန်ကျော်ခေါင် …
ကျေးဇူး အများကြီး တင်တယ်ဗျို့ ….
စကားသင့်တဲ့အခါ သူများတွေကို ပြောမယ်ဗျို့ …
ဒီအခါ ကိုစံလှကြီးကို ခရက်ဒစ် ပေးပြီးသားလို့ မှတ်ပေးပါ ..
ကိုစံလှကြီး ကတော့ သမိုင်းနဲ့ ပတ်သက်ပြီး အတော့်ကို ဗဟုသုတ ကြွယ်ပါပေ့ဗျာ ….
လေးစားပါတယ် ….
San Hla Gyi
January 2, 2013 at 5:54 pm
စာရိုက်တာ မှားသွားလို့ သရဲကောင်း ဖြစ်ပါသည်။
မောင်ပေ
January 2, 2013 at 9:32 pm
ဗျက်ဝိ နဲ ့ဗျက်တ တို ့ညီအစ်ကိုထဲက ဘယ်တစ်ယောက်လဲဗျ
San Hla Gyi
January 2, 2013 at 9:46 pm
ဗျတ်ဝိနဲ့ ဗျတ်တ္တ မဟုတ်ဘူး ကိုပေ။ ဒါက တခုပါ။ နောက်မှ ရှေးရိုးစွဲဝါဒတွေကို စပယ်ရှယ် ရေးတင်အုံးမယ်။
•*¨နန်းတော်ရာသူ •*¨
January 3, 2013 at 7:36 pm
ဦးစံလှကြီးရဲ့ဗဟုသုတနဲ့သမိုင်းလေးကဖြင့်အလွန်စိတ်ဝင်စားဖွယ်ပါ။
ရှေးရိုးဝါဒတွေဟာခုခေတ်လူတွေအတွက်တော့ လှောင်ရယ်စရာလို့သတ်မှတ်နေကြပါတယ်။
သို့ပေမယ့် အမှန်တရားများစွာကို ကြုံဖူးတဲ့လူတွေလည်းအများကြီးပါ။
ကိုယ်တိုင်မကြုံဖူးပေမယ့် လုံးလုံးမရှိတာတွေကိုအရှိလုပ်ပြောလို့မရတာလည်းအမှန်ပါ။
ယုံသင့်မယုံသင့်ကတော့ ဖြစ်ရပ်အပေါ်မူတည်ပြီး ချင့်ချိန်ရတာပါ။
ကမာ္ဘကျော် ဝိဉာဉ်ရုပ်ရှင်တွေဟာ သူတို့အနေနဲ့ ရှိတယ်ဆိုတာ လက်ခံမှရုပ်လုံးပေါ်လာနိုင်တာလို့ထင်တယ်နော်။
ခပ်မိုက်မိုက် ကောင်မလေး
January 2, 2013 at 9:23 pm
ဒီလိုမျိုးတကယ်ရှိပါတယ်……။
ကိုယ်တိုင်ဝင်ပူးမခံရပေမဲ့ သူများတွေကိုပူးတာတော့ မျက်မြင်ကြုံဖူးပါတယ်….
surmi
January 3, 2013 at 12:31 am
မိုက်ကယ်ဂျော်နီအောင်ပုရေးခဲ ့ဖူးတဲ့ “လူကြမ်းရင် နတ်ကြမ်းမခံနိုင်” ဆိုတဲ့ပို ့စ်လေး ပြန်ရှာဖတ်ကြည် ့
စေချင်တယ် …. ရီရလွန်းလို့ ….။
VDM(Visible Distinguishing Mark)=TATTOO
January 3, 2013 at 10:36 am
ဖြစ်တတ်ပါတယ်
•*¨နန်းတော်ရာသူ •*¨
January 3, 2013 at 7:37 pm
ဝင်မန့်အားပေးကြတဲ့ရွာသူရွာသားတွေကိုကျေးဇူးအထူးတင်ပါတယ်လို့ပြောပါရစေရှင်။
athwe lay
January 3, 2013 at 9:43 pm
သရဲဆိုရင်တော့ ကျတော်ကြောက်တယ် ။ကျတော်လည်း စုန်းတို့သရဲတို့ပူးတာကို ဆရာပြောပြောပြလို့မကြာခဏကြားဖူးတယ်ဗျ။အားပေးသွားပါတယ်နော်။