Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်တော်တို့၏ မန်းဂဇတ်ရွာကလေး အတွက် လိုအပ်နေသော အရာတစ်ခုအား အကြံပြုတင်ပြခြင်း

စိန်ကြက်ဆင်February 27, 20131min159947

ကျွန်တော်သည် မန်းဂဇတ်ရွာကလေးမှာ နေထိုင်ပါသည်။ ကျွန်တော်တို့၏ မန်းဂဇတ်ရွာကလေးသည် ကမာ္ဘမြေကြီး၏ တနေရာတွင် တည်ရှိနေပါသည်။ အများကဖြင့် ကျွန်တော်တို့ ရွာကို မြောက်အမေရိကတိုက်တွင် တည်ရှိသည်ဟု ပြောဆိုကြပါသည်။ ကျနော်တော့အထင်မှာမူ မြောက်အမေရိကတိုက်နှင့် အာရှတိုက်အကြား ဘာမြူဒါတြိဂံအနီး ( ဟိုတလောက အကုန်ပျောက်တော့မလို့) အပေါ်လေထု အမြင့်ပေ ၃၀၀၀၀ လောက်တွင် တည်ရှိနေသည်ဟု ထင်ပါသည်။ ကျနော်တို့ ရွာကလေးသည် ဂလိုဘယ်လိုက်ဇေးရှင်းဟူသော အယ်လ်ဇေးရှင်းထက် ကြီးတာဂျီးကြောင့် တဖြည်းဖြည်း ကျယ်ဝန်း သိုက်မြိုက်လာပါသည်။ ကျနော်တို့ရွာတွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နိူင်ငံပေါင်းစုံမှ လူအများဖြင့် ဝင်ထွက်သွားလာ စည်ကားသိုက်မြိုက်လျှက် ရှိပါသည်။

ဂဇက်ရွာကကြီး တည်နေရာ
ဂဇက်ရွာကကြီး တည်နေရာ

ကျွန်တော်တို့ ရွာကကြီး (တဖြည်းဖြည်းကြီးလာလို့)ကို သမာသမတ်ကျကျ တစ်ဦးတည်း အာဏာရှင်ရှင်ဆန်ဆန် လစ်ဘရယ်စနစ်ဖြင့် ဖက်ဒရယ်မူအတိုင်း တိုးတက်ရာတိုးတက်ကြောင်း လေသိုင်းဖြင့် ဆွပေးနှိုက်ယူ ပညာရေးစနစ် အခြေခံကာ စီမံကွပ်ကဲ အုပ်ချုပ်သူမှာ သဂျီးဘွဲ့အမည်ခံ အဖဖယားသခိုင် ဆိုသူ မုတ်ဆိတ်မွှေးမည်းမည်း အဝတ်ဖြူဖြူဖြင့် ကိုဘေးနွားမှလွဲ၍ သက်သက်လွတ်စားသူ ဆာဒူးကြီး အူးခိုင်ဖြစ်ပါသည်။

သဂျီးတပတ်စာ စားကြွင်း စားကျန်များ
သဂျီးတပတ်စာ စားကြွင်း စားကျန်များ

ကျွှန်တော်တို့ ရွာကကြီးတွင် …….

စနစ်ဆိုး အုပ်ချုပ်သူဆိုး မရှိပါ။ တောတောင်ရေမြေ သဘာဝ သယံဇာတများကို နည်းမလည်ပါးမလည်ဖြင့် လက်ညှိုးထိုး ရောင်းစားသူမရှိပါ။

လယ်ယာမြေတွေ အသိမ်းမခံရပါ။ စစ်ပွဲများ ကလေးစစ်သားများ မြေမြုပ်မိုင်းများ မရှိပါ။

ဘူဇွာ၊ အရင်းရှင်၊ ခရိုနီ ဈေးမီးရှို့သူများမရှိပါ။ ကလေးလုပ်သားများ ပြောင်းရွှေ့အလုပ်သမားများ ဆင်းရဲမွဲတေသူများမရှိပါ။

လူမျိုးရေး၊ ဘာသာရေး၊ ခွဲခြားဆက်ဆံမှုများမရှိပါ။ နိူင်ငံရေးအကျဉ်းသားများ ဖိနှိပ်ခံအကျဉ်းသားများ ယုံကြည်ချက် အကျဉ်းသားများမရှိပါ။

ဒုစရိုက်မှု၊ မူးယစ်ဆေးဝါး၊ ကပ်ဘေးဒုက္ခများ မရှိပါ။ စသဖြင့် …. ဘာဆိုဘာမျှ စိတ်ညစ်စရာများမရှိပါ…….။

 

ကျွန်တော်တို့ ရွာကကြီးတွင် ………

ကျန်းမာရေးအတွက် (ဆရာဝန်၊ တိုင်းရင်းဆေးပညာရှင်များ)၊

ပညာရေးအတွက် (ဆရာ/ဆရာမများ)၊

တရားစီရင်ရေးအတွက် (ဥပဒေပညာရှင်များ၊ ရှေ့နေများ)၊

နိူင်ငံရေးအတွက် ( ကွန်မြူနစ်၊ လစ်ဘရယ်၊ ဆိုရှယ်လစ်၊ ဒီမိုကရက်တစ်၊ ကွန်ဆာဗေးတစ်များ)၊

ဘာသာရေးအတွက် ( သံဃာတော်များ၊ မိုးပြာများ၊ ဗလီဆရာများ၊ ခရစ်ယာန်သင်းအုပ်ဆရာများ) ၊

အချစ်ရေးအတွက် ( အပျိုကြီး/လေး၊ လူပျိုကြီး/လေးများ၊ အိမ်ထောင်သည်များ၊ ကလေးတပြွတ်များ၊ ကလေးမပြွတ်သူများ)

နည်းပညာအတွက်( အိုင်တီပညာရှင်များ၊ လော့ဂျစ်ပညာရှင်များ၊ ပရိုဂမ်မာများ၊ ဂရက်ဖစ်ဒီဇိုင်နာများ၊အကောင့်တပ်များ၊ ဘာသာဗေဒပညာရှင်များ)

သယ်ယူပို့ဆောင်ရေးအတွက် (လေယာဉ် ဒရိုင်ဘာများ၊ သဘောင်္ဒရိုင်ဘာများ၊ တက္ကစီဒရိုင်ဘာများ၊ ကုန်ကားဒရိုင်ဘာများ)

ဖျော်ဖြေရေးအတွက် ( ဇာတ်မင်းသား မင်းသမီးများ၊ သီချင်းရေး/ဆိုသူများ၊ စာရေးဆရာများ၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ အယ်ဒီတာများ၊ ဓာတ်ပုံဆရာများ အစရှိသဖြင့် များစွာမှီတင်းနေထိုင်ကြကာ သင့်မြတ်မျှတစွာ(တစ်ခါတစ်ခါ ထချကြရင် တလလောက်ကြာတာကလဲလို့) :harr:   :kwi:    ရှိနေပါသည်။ထို့ကြောင့် ကျွန်တော်တို့ရွာကကြီးတွင် ဆေးရုံ၊ဆေးခန်း၊ စာသင်ကျောင်း၊ နိူင်ငံရေးအဆောက်အအုံ၊ တရားရုံး၊ သမိုင်းအဆောက်အအုံ၊ အားကစားကွင်း၊ ပန်းခြံ၊ရေကန်၊ ဟိုတယ်များ အပန်းဖြေလေ့လာစရာများ အင်ဖော်မေးရှင်းတက်ကနိူလိုဂျီစခန်းများ ပြည့်စုံစွာ ရှိနေပြီး ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အစစအရာရာ ပြည့်စုံနေပါသော်လည်း ပုထုဇဉ်တို့၏ မလွန်ဆန်နိူင်သော သဘောတရားတခုအဖြစ် သေခြင်းတရားအား မလွှဲမသွေ ကြုံတွေ့ရမည် ဖြစ်ပါသောကြောင့် ရွာတွင် သုဿန်တစ်ခုနှင့် မီးသဂြိုလ်စက်တစ်ခု မဖြစ်မနေ လိုအပ်နေပါသည်။ထို့အပြင် နာရေးကူညီမှု အသင်းကဲ့သို့ ကိုယ်ကျိုးမဖက်သော လူမှုရေးအသင်းတခုလည်း ဧကန်မုချ လိုအပ်နေပီဖြစ်ပါသည်။

အိုနာ သေဘေး မလိုသေးဟု

ဆိုတွေး ပြုကြံ အဖြစ်မှန်ကို

မှန်းဆမချိန် အားတိမ်ကွယ်ပြု

အစုစုကြောင့် မြန်းစွမသွေ

လားရာမြေကား အဆွေသားစု

အမှုမှုအတွက် တည်ရာ တစ်ခုသာတည်း … အာမင် 

:kwi:       :harr:

ထိုကဲ့သို့သော အကြောင်းများကြောင့် ကျေးဇူးတော်ရှင် အဖဖယားသခိုင်အား အမှုးထား၍ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆောင်ပုဒ်နှင့်အညီ ကျွန်တော်ရွာကကြီးမှ အောက်ပါ ပုဂ္ဂိုလ်များအား တာဝန်ပေးစေလိုပါကြောင်း ထပ်လောင်း အကြံစု၍ အကျိုးပြုအပ်ပါသည်။

ဖိုးသူတော် ဦးအောင်ပု(နယက-၁) သရဏံဂုံ အကြံပေး

ဦးအီမာစမန်အောင်ပု (နယက-၂) ကိုအာရ် အကြံပေး

ဦးမိုက်ကယ်ဂျော်နီအောင်ပု (နယက-၃) သမ္မာကျမ်းစာ အကြံပေး

ဦးကြောင်ကြီး ( ဥက္ကဌ ) ဂဇက်နာရေးကူညီမှုအသင်း

ဒေါ်ကြေးမုံကြီး ( ဘဏ္ဍရေးမှုး )

ဦးမောင်ပေ ( VIP ယာဉ်မောင်း )

ဦးအာဂ ( ယာဉ်မောင်း-၁)

ဦးM-လုလင် (ယာဉ်မောင်း-၂)

ဦးအမတ်မင်း (မီးစက်၊ သဂြိုလ်စက် တာဝန်ခံ)

ဦးဖက်တီးကတ် မိတ်ကပ်ဖန်တီးရှင်( ဖက်ဖက်ကပ်-တောင်ကြီး)

ဦးသူရဇော် ပန်းအလှဖန်တီးရှင်( မဲမဲသွ-ပေါက်ခေါင်း )

ဒေါ်ယွှေအိ၊ ဒေါ်အီတုံး ( ဘာသာစုံ သံဝေဂတေးရွတ်ဆိုရေးအဖွဲ့ )

ဦးကျောက်ခဲ ဆောက်လုပ်ရေးအရာရှိ ( ခေါင်တလားနှင့် အုတ်ဂူတာဝန်ခံ)

မစ္စတာအင်ဇာဂီ General Supplier ( ရက်တောင်နှင့် ရေသန့်ဗူး တာဝန်ခံ)

ဒေါ်ချာတူးလန်၊ ဒေါ်နွယ်ပင် မီဒီယာတာဝန်ခံ (ကြော်ငြာ၊ ကား၊ အခမ်းအနား )

ဦးအံဇာဒုန်း ( ပြန်ကြားရေး တာဝန်ခံ)

စသဖြင့်ပေါ့ခင်ဗျ အကြမ်းမျဉ်းရေးဆွဲ ထားပါတယ်။

:kwi:    :harr:

ဆိုတော့ အဖွဲထဲ နေရာလပ်တွေ ရှိနေသေးလို့ ပါဝင်ချင်သူများ … ကျွန်တော့်ထံ ဆက်သွယ်နိူင်ပါကြောင်း ….။

ပုံ/သုဘရာဇာ ယဲစည်

အကြံပေး အရာရှိ ( ဂဇက်နာရေးကူညီမှုအသင်း ဖြစ်မြောက်ရေးကော်မတီ)

 

 

47 comments

  • Ghi Ghi ThE KiD

    February 27, 2013 at 7:06 pm

    ဟိုက်.
    :byae:

  • ရဲစည်

    February 27, 2013 at 7:08 pm

    ဒီလို ပေါက်တတ်ကရစာလေး ရေးဖြစ်ပုံက ..
    ပြီးခဲ့တဲ့ အခေါက် ပြန်ရောက်တုန်း ကျနော်တို့တွေ လက်ဘက်ရည်ဆိုင်အသွား
    ကျနော်တို့ အစ်ကိုကြီး ကိုဖက်ကပ်က ..

    ရဲစည် ငါတို့ရွာမှာ ပထမဆုံး အလှူပွဲကြီးလဲ ပြီးမြောက်သွားဘီ
    ပထမဆုံး မင်္ဂလာပွဲလဲ ပီးသွားလို့ ဒုတိယ တတိယ ရောက်လာပီတဲ့ တခုဘဲ ကျန်တယ်တဲ့ ပထမဆုံး အသုဘပွဲကြီး ဖြစ်မြောက်သွားအောင် နင်သေရင် ငါတို့တာဝန်ထားတဲ့ … ဟီးဟီး

    အဲ့ဒါလေး ပြန်အမှတ်ရလို့ … အကျိုးပြုသဘောနဲ့ စတစ်ကီလေးဘဲရရ ဆုလေးဘဲရရ ဆိုပီး အားကြိုးမာန်တက် မရေးတတ် ရေးတတ်နဲ့ ရေးလိုက်တာပါ … အားလုံး အမှားပါရင် ခွင့်လွှတ်ကြပါနော် ….
    :kwi: :harr:

    • တိမ်မည်း

      February 28, 2013 at 11:11 am

      ကိုရဲစည်ခင်ဗျာ….

      ကဖက်ကတ်နဲ ့တွေ ့ဖြစ်ခဲ့ရင် လုပ်ဖြစ်အောင် လုပ်ဖို ့ တိုက်တွန်းပါ့မယ်……
      ဘယ်နေ ့လဲဆိုတာတော့ ဘွက်ကင်လေးပြောခဲ့ပါနော်……..
      ဒီဆားဗစ်လူသုံးများတယ်လေ…..

      :kwi:

  • မောင် ပေ

    February 27, 2013 at 7:12 pm

    ဓါတ်ပုံထဲက ဘယ်သူများပါလိမ့်
    ကိုရဲစည်ကြည့်ရတာ… ဆရာတော်ဦးတိက္ခ လမ်းစဉ်လျှောက်ချင်နေပြီ ထင်ပါရဲ ့ ။ ဥမပါ အခု ကျော်သူ လိုက်လုပ်နေသလိုမျိုး

  • ဦး ကျောက်ခဲ

    February 27, 2013 at 7:19 pm

    ဒီလူတော့ လူကြီးတွေကို သေခိုင်းရာကနေ တစ်ဆင့်တိုးလာပြန်ပြီ

    အနိစ္စသဘောနဲ့ ကိစ္စချောသွားတဲ့ ဆရာသမားဓာတ်ပုံကြည့်ပြီး ရယ်မိပါရဲ့…
    အဟိ… ကျုပ်အလုပ်က ဝသုန္ဒရေ ဤမြေနတ်မင်းကို ဒုက္ခပေးရတာဆိုတော့ အံကိုက်ဗျာ…
    သိပ်ကြည့်မရတဲ့သူဆို ကျင်းတိမ်တိမ်တူးလွတ်လိုက်မယ်…
    အေးရော… ငါးရှဥ့်စာ… ဟီဟိ
    :harr:

    • ရဲစည်

      February 27, 2013 at 7:39 pm

      ဦးမတ်ကလဲ ပြောသဗျ ..
      သူ့ကို ၁သိန်း ၆သောင်းသာပေးတဲ့ တနာရီလောက်နဲ့ ပြာဖြစ်စေရမယ်တဲ့
      နိူ့မို့ကတော့ မီးခိုးလေး တချက်အထွက်ပြပီး နောက်ကနေ ချိတ်နဲ့ ပြန်ဆွဲထုတ်
      ညနေမိုးချုပ်မှ စုပုံရှင်း လုပ်လိုက်မယ်တဲ့ … အဲ့ဒါ အဲ့ဒါ :kwi:
      ခုတလော အဲ့သတင်းတွေ ကြားနေရတယ်ဗျ ..။
      မော်လမြိုင်က ပိနဲ္ဒကုန်း အကင်ကတော့ နာမည်ကြီးဗျို့
      မွန်ရွာတွေ ဘက်မှာတော့ ရွာတိုင်း ကိုယ်ထူကိုယ်ထ သဂြိုလ်စက်ရှိကြတယ် ….။

  • P chogyi

    February 27, 2013 at 7:19 pm

    မဏ္ဍပ်နှင့် အလှူပစ္စည်းများငှားလိုလျှင် ဆက်သွယ်နိုင်ပါသည်။
    ပစ္စည်းစုံငှားလျှင် ကွာစေ့လှော်တစ်ထုတ် လက်ဆောင်ပေးသည်။
    စိတ်ဝင်စားသူများ အမြန်ဆက်သွယ်ပါ။

  • ရာမည

    February 27, 2013 at 7:42 pm

    ကိုရဲစည်ခင်ဗျ
    ကျွန်တော်ရော ဘယ်နေရာကကူညီနိုင်ပါသလဲ ခင်ဗျာ
    ပေးသောတာဝန်ကျေစေရပါမည်

  • Mr. MarGa

    February 27, 2013 at 7:58 pm

    ကရဲစည်ကတော့ အကျန်ပေးလိုက်ပဗျနော်
    သိကြားကတော့ တာဝတိံသာကို ရောက်လာမယ့် ရွာသူားအားလုံးကို နွေးထွေးစွာ ကြိုဆိုနေပါ့မယ် ဆိုတာလေး
    အဲဒါ အဲဒါ (ခွက်ဒစ်တူ ဆြာပေ)

    • ရဲစည်

      February 28, 2013 at 4:19 am

      အို သဂျားမင်း…
      ဂေဇက်ဆာဗာက တကယ်တော့ မြန်မာပြည်နား ရောက်ခါနီးမှ အဝိစိနားက ဖြတ်သွားတာ ကျန်တဲ့ ထရန်ဇက်ရှင်တွေက အပ်ပါးဝေ့ဖ်လန့်နဲ့ သွားတာဆိုတော့ ဂဇက်ရွာဟာ ခင်ညားပြောတဲ့ ကပစသကြားပြည်ထက်မြင့်ကြောင်း …. ဟောင်း..ဟောင်း
      အဲ့ဒါ ….အဲ့ဒါ
      ခင်ညားတို့တွေ သခွတ်ပန်းပွင့်ချိန်ကျ ဖင်မနိူင်ဘဲ ပဲကြီးဟင်းစားပီး စစ်တိုက်ကျတာ … ဘယ်သူက ခင်ညားဆီလာချင်မှာတုန်း … ကွိ..ကွိ

      • Mr. MarGa

        February 28, 2013 at 6:27 pm

        ဘယ်လိုပဲ စစ်တိုက်ပါစေ
        နိုင်ဖို့က အဓိကမို့လား
        လက်ရှိမှာတော့ တာဝတိံသာသည် သိကြား၏ပြည်ပါကွယ်
        ငှဲငှဲ

  • padonmar

    February 27, 2013 at 8:19 pm

    ခေတ်မီမီ ပထမဆုံးလည်းဖြစ်၊လိုနေတဲ့ ကွက်လပ်လည်းဖြည့်ဖြစ်အောင်
    ရှေ့ဆုံးက သေပေးမှဖြစ်မယ်။

  • padonmar

    February 27, 2013 at 8:20 pm

    ကိုယ့်ကိုကိုယ်ပြောတာပါနော်။
    ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။

    • ရဲစည်

      February 27, 2013 at 10:42 pm

      ဟိုက် …. ဒါဘယ်သူဂျီးတုန်း
      မျက်စိတွေ လည်ကုန်ပီ .. တိန်

      • padonmar

        February 27, 2013 at 11:23 pm

        အဲဒါ လော့အင် မဝင်ပဲမန့်လို့ရတယ်ဆိုလို့ စမ်းကြည့်တာလေ။
        သရဲမှတ်လို့လား။
        လူကြီးတွေကို သေတုံးက သေခိုင်းပြီး ဘာခုမှ ကြောက်ပါပြီလဲ။

        • ရဲစည်

          February 28, 2013 at 4:03 am

          တီပဒုမ္မာ … အဲ့ဒါ တီတို့ဘဲ လုပ်လို့ရတာ ခင်ည..
          ဟိုလူဂျီး စစ်အစိုးရပုံစံအတိုင်း မျှားခေါ်… ရာထူးတိုးတယ်ပြော…. အကုန်ပြန်နှတ် ..
          အာဟင့် … အဲ့ဒါ ..အဲ့ဒါ
          တော်ပီ စိတ်နာဒယ်
          ရာဖေးနာဒယ်
          ရှာရာပိုဗာနာဒယ် …

          လောလောဆယ် ပြန်မန့်ဖို့အရေး ပြန်ထွက်လိုက် လော့ဂျင်ဝင်လိုက်နဲ့ ၂ပက်စာလောက် ထိခိုက်သွားတယ်
          အာဟီး …..
          နောက်ပီး တခုက အနော် အကြောင်းအရာ တခုကိုသာ တည်ထားကြောင်း….
          တခါတလေလဲ နားလည်ပေးဂျဘာဗျာ အီး..ဟီး..ဟီး

  • 12345

    February 27, 2013 at 11:05 pm

    တစ်နေရာ ပေးပါ
    အလုပ် လိုချင်လို့ပါ
    လခ တော့ ရမှ ဖြစ်မှာ
    ဘယ်လောက် ပေးမှာလဲ ?

  • ကျနော်ကတော့ မှာထားတယ် ကျနော်လူတွေကို
    ကျနော်သေရင် နာရီပိုင်းအတွင်းချလိုက်.
    ဘယ်သူမှလဲ မဖိတ်နဲ့။
    ငါအမျုးိတောင်မှအကြောင်းမကြားနဲ့။
    နာရေးကားနောက်မှာ
    မင်းတို့ထဲက တစ်ယောက်ပါရင်ရပြိ။.
    မဒမ်ပေါက်လဲ သချိုင်းကိုမလိုက်ပေစေနဲ့။
    မြေလဲမမြုတ်နဲ့ ဂူလဲ မလုပ်နဲ့။
    မီးရှို့ပစ်လိုက်။
    ပြိးရင် တစ်ခါထဲ ရက်လည်လိုက်။
    ဖြစ်နိုင်ရင်တစ်ရက်ထဲအပြီးလုပ်။
    မီးရှိုပြိး ပြိဆိုမှ ငါသေပြိဆိုတာ သတင်းစာထဲ ထည့်လိုက်လို့မှာထားပါတယ်။
    သေတမ်းစာကတော့ ရေးလို့မရဘူး။
    ှဗုဒ္ဓဘာသာဖြစ်နေလို့။

    • ခင်ခ

      February 28, 2013 at 10:15 am

      ကိုပေါက် ပြောတဲ့အတိုင်းကကောင်းပေမယ့် ကျန်ရစ်တဲ့သူတွေ တစ်ရက်ထဲ အားလုံးအပြီးအစီး လုပ်ကြဖို့က အတော်ကို ပင်ပန်းဆင်းရဲပါလိမ့်မယ်လို့ တွေးထင်မိပါ၏။
      သေပြီးမှတော့ ကိုယ်မှမသိနိုင်တော့တာ ကျန်ရစ်သူတွေ အဆင်ပြေသလို သဘောတိုင်းလုပ်စေတာ မကောင်းဘူးလားဗျာ။
      ( အတွေးမတူ တဲ့ အတွေးမို့ ခွင့်လွတ်ပါ၊ ဆွေးနွေးကြည့်တာလေ။ )

  • etone

    February 28, 2013 at 12:56 am

    ကယွဲပဲဖြစ်ဖြစ် ဖွတ်တီးကတ်ပဲဖြစ်ဖြစ် ကိုသွပဲဖြစ်ဖြစ် တစ်ယောက်လောက် အစမ်းသေကြည့်ပါလားဟင် …
    တူညားတို့ သံဝေဂတေးဆိုပြီး ကုသိုလ်ယူချင်လို့ပါ ….. အိမ်မက်ဆုံရာက မမတွေလို အဆွဲအငင်တွေနဲ့ကို အူပေးးး အဲ ဆိုပေးဦးမှာ …..
    :kwi:

    • Thuyazaw

      September 3, 2014 at 11:47 am

      နာကဒေါ့ သေးမပေးနိုင်ဘူး အဲလေ သေမပေးနိုင်ဘူး
      နာက မိတ်စကပ်စရာဆိုတော့ သူများကိုပြင်ပေးချင်တာအေ့
      စတေးတပ် – ဂလုံဂလွမ်

  • kai

    February 28, 2013 at 2:21 am

    ဆိုတော့..
    Customer.. များများရအောင်..တယောက်ယောက်က.. လူတွေသေအောင်.. ရိုက်သတ်တဲ့အလုပ်လုပ်ရမယ်ပေါ့..
    သုဘရာဇာယဲစည် ပဲတာဝန်ယူပါလေ..

    အိုဘယ့်..မားကက်တင်း.. :kwi:

    • တိမ်မည်း

      February 28, 2013 at 11:13 am

      တော်လိုက်တဲ့ သဂျီး….

      ကိုရဲစည်ရေ… သဂျီးကနေ စကြရအောင်……

      :harr: :kwi:

  • koyinmaung

    February 28, 2013 at 6:03 am

    အောင်မငေး..ငေး ..ကိုရဲစည်ရေ…
    တလောက ကမာ္ဘနားက ဖြတ်သွားတဲ့ ဥက္ကာခဲကြီး
    ချော်မသွားဘဲတည့်တည့်တိုးလိုက်ယင်…ဖြင့်..
    နာရေးကူညီမှုအသင်းတောင်ပါသွားနိုင်တယ်နော်……

    • koyinmaung

      February 28, 2013 at 6:12 am

      ကိုရဲစည် ရဲ့နာရေးကူညီမှု့
      အသင်းကြီးအောင်မြင်ပါစေဗျာ…

  • MaMa

    February 28, 2013 at 6:44 am

    ဘလော့ဂါတွေထဲမှာ ကိုကြီးကျောက်သေသွားတော့ ဝမ်းနည်းကြောင်းတွေ ပလူပျံသွားတာပဲ။
    အဲဒါကြောင့် ရွာထဲမှာတော့ အဲလိုမျိုးမရှိသေးဘူးလို့ မတော်တရော် စဉ်းစားမိသေးတယ်။
    အဲဒါ ငါသေသွားသော် ဆိုပြီး ရွာထဲမှာ ပိုစ့်တင်ဖို့တောင် စိတ်ကူးမိသေးတယ်။
    ခုတော့လည်း မောင်မင်းကြီး ကျေးဇူးကြောင့် ရွာသူားတစ်ယောက်အနေနဲ့ သေရေးကို စိတ်ပူစရာမလိုတော့ဘူး။ :kwi:

  • ဦးကြောင်ကြီး

    February 28, 2013 at 8:46 am

    ကရီဆဲဃ အပြောင်ရေးတော့ ကျုပ်က အတည်မန့်မယ်။ ခေတ်မှီတိုးတက်ပါသော ဆြာဂျီးခိုင်နေတဲ့ အနောက်တိုင်း လစ်ဘရယ်တိုင်းပျီတွေမှာ မသာကိစ္စကျတော့ ကွန်ဆာဗေးဆစ်ဖြစ် အစွဲကျီးသဗျ။ သုသာန်တို့ ပရိုက်ဗိတ် မသာရုံတို့ဆို ရှယ်ထားသလို အုတ်ဂူတို့ဘာတို့ကိုလည်း သွားထိလို့ မရဘူး။ သေသူ အေးချမ်းစွာနေခွင့် ဝိညာဉ် ဒီမိုကရေစီပေါ့ဗျာ… စီမံကိန်းအတွက် သုသာန်ဖျက်လို့ အယောင်ပြ မီသင်္ဂြုလ်လို့ကတော့ မိုးမီးလောင်သွားမယ်။ ဖန်ဆင်းရှင် အယူတိုင်းပြည်တွေမှာ သေရင် ဘုရားသခင်ထံ ရောက်လို့ ဝမ်းသာရမယ် ဘာညာနဲ့ ကြံဖန်နှစ်သိမ့်ဂျ ပျော်ရွှင်ကခုန်ဂျ လုပ်ပေမဲ့ ခံနိုင်ရည်ရှိသူ ရှားပါတယ်။ ကိုယ်အမျိုးအဆွေထဲ ကြုံလာတော့ မဟုတ်မှန်း သိနေတာကိုး၊ ဒါနဲ့ပဲ ငိုကြဆဲကြ ဖြစ်တယ်။ မြန်မာပြည်မှာတော့ ရှင်းတယ် သေရင် မီးရှို့တဲ့အစဉ်အလာ ဖြစ်နေပြီ၊ ကျန်ခဲ့တဲ့ အပုပ်ကောင်ဂျီးအပေါ်မှာ သံယောဇဉ်ပြတ်တာ သာဓုခေါ်စရာပဲ..။
    မသာအဖွဲ့နဲ့ ဆိုင်လို့ပြောရရင်တော့ ဘဏ္ဍာရေးမှူးနေရာကို ကြေးမုံဂျီးကိုတော့ မပေးပါနဲ့ဗျာ၊ ပိုက်ဆံတွေ ဖလားထဲထည့်ပြီး လမ်းလယ်ခေါင် သွားထားတာကမှ စိတ်ချရအုံးမယ်။ :eee:

  • ဆူး

    February 28, 2013 at 9:47 am

    ငယ်ငယ်ရွယ်ရွယ်မှာ သေခဲ့လို့ အတွင်းကလီစာတွေကောင်းမွန်တယ် ဆိုရင်ဖြင့် အသုံးတည့်သူ ရှိမယ်ဆိုရင် ပေးခဲ့ချင်ပါတယ်။
    အသက်ကြီးမှ ဂျုံးဂျုံးကျအောင် မကောင်းတော့ရင်တော့ မီးရှို့ပြီး ပြာမှုန် အဖြစ်နဲ့ ကမာ္ဘမြေကြီးမှာ မြေဩဇာ အဖြစ်နဲ့ ထားခဲ့ပေးချင်တယ်။

    • ကြောင်ဝတုတ်

      February 28, 2013 at 10:13 am

      အဲဒီလို စိတ်ရှိတဲ့အတွက် အထူးဝမ်းသာပါတယ် ဆူးရယ်…
      ကျွန်တော်တို့အဖွဲ့ကြီးက ဆူးအတွက် အသင့်ရှိနေပါတယ်…
      ဆူးမမကို အလှဆုံးပြင်ဆင်ပေးပါ့မယ်… သက်တောင့်သက်သာ ပက်လက်လေးသာလှန်ပြီးနေလိုက်နော်…
      မဲမဲသွရေ… ပန်းတွေယူခဲ့ဟေ့…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

      • ဦးကြောင်ကြီး

        February 28, 2013 at 10:40 am

        အန်တီဆူး ပြာမှုန့်တွေကို ဘိန်းစိုက်တဲ့အခါ မြေဩဇာအဖြစ် သုံးဂျမယ်ဗျာ… ရတဲ့ပိုက်ဆံနဲ့ အရက်သောက် အပျော်အပါးလုပ်ပြီး ကာကွယ်ရေးအတွက် လက်နက်ဝယ်ဂျတာပေါ့… သာဓု နှစ်ကြိမ် ဒီပို့စစ်လုပ်ထားပါတယ် အန်တီဆူး :harr:

      • Thuyazaw

        September 3, 2014 at 11:50 am

        ပြင်မယ် ပြင်မယ် အလှဆုံးဖြစ်အောင် ပြင်မယ် ပြင်ပေးလိုက်ပါမယ်

  • Wow

    February 28, 2013 at 10:58 am

    နာသေရင် နာ့ရဲ့ နဘေးမှာ ဂီတာရယ် တိတ်ခွေလေးရယ် စတီရီယို ကက်ဆက်တလုံးရယ်.. တမလွန်အထိယူသွားရမယ်…
    ဘာမှ ပြောဇယာမရှိဘူး… ပျင်းလို့ သီချင်းဝင်ဆိုတာ.. :harr:

  • ခိုင်ဇာ

    February 28, 2013 at 12:49 pm

    ဒါတွေဟာ မင်းအတွက် ဂါရဝ~~
    သေတာတောင်နှိပ်စက်နေတုန်းပဲ~~

    သွားလေသူ အချစ်ဦးကြီး ပြန်ဆိုခဲ့ဖူးတဲ့ သီချင်း သတိရသွားလို့။

    :kwi:

  • mamanoyar

    February 28, 2013 at 1:09 pm

    တာဝန်တွေကမိုက်တယ် ရယ်ရတာတော့ အူတက်

  • kyeemite

    February 28, 2013 at 2:01 pm

    ဒီမယ် နီပေပါ…ခုတလော လူက ခဏခဏနေမကောင်းလို့ဆေးခန်းချည်းပြေးနေရတဲ့အထဲ..
    နာရေးကိစ္စ ရေးတာဖတ်ရတော့…အော်..တော်သေးကွာ..ငါမသေမီ
    အချိန်မီ..ဂဇက်ရွာထဲ နာရေးကူညီမှု့ အသင်းပေါ်လာလို့…လို့တွေးပီးစိတ်သက်သာရာရမိပါရဲ့…
    ဒီနေရာမှာ…ကိုပေါက်ပြောတဲ့.“ကျနော်ကတော့ မှာထားတယ် ကျနော်လူတွေကို
    ကျနော်သေရင် နာရီပိုင်းအတွင်းချလိုက်.” ဆိုတာလေးနဲနဲပြန်စဉ်းစားစေချင်တယ်…
    တချို့ သေလို့ ရင်ခွဲရုံပို့ပီးကာမှ..ပြန်ထလာတာတို့…အသုဘချဘို့ သုသန်ရောက်မှ
    ပြန်ရှင်လာတာတိ်ု့ ကြားဖူးတယ်..ဆိုတော့ …သေပီးတစ်ရက်နှစ်ရက်ထားတာကိုလက်ခံချင်မိတယ်…:kwi:

    • ရဲစည်

      February 28, 2013 at 4:42 pm

      အမှန်က ….
      ဟိုတလောက သောက်တာများပီး လွတ်တွတ်တွတ် ဖြစ်သွားတယ်။ သတိလေးပြန်လည်လာတော့ စဉ်းစားမိတယ်။ အခုလို ရပ်ဝေးမှာ တကောင်တည်းနေတဲ့ အချိန်မတော်တဆများ သေသွားခဲ့ရင် နောက်တရက်လောက်ကြာမှ သိမဲ့ပုံ….။
      ဆိုတော့ ဂျီတော့တို့ ရဟူးမေးလ်တို့ ဂဇက်တို့မှာ ရဲစည် ပျောက်နေရင် အလန်းတွေပါတွေ ထမြည်ပီး လိုက်လို့ရအောင် ပရိုဂမ်ရေးပီး ဆင်ထားမလားလို့ …. 🙁
      တစ်ခါတလေ တွေးကြည့်မိတယ်လေ …. ရေးပါကြည့်မိသွားတယ်

      ဩော..အနိစ္စ အနိစ္စ တယောက်ထဲဆို မကောင်းပါလား

  • amatmin

    February 28, 2013 at 2:11 pm

    ကျုပ်တော့ မနေ့ည ၂ နာရီလောက်ကတင် တလောင်းမြင်ခဲ့သေးတယ်..
    ဒါပုံတောင် မရိုက်ရက်ခဲ့ပါဘူးရယ်.. (မူးနေတာကိုးးး) 🙂
    ဆီဒိုးနားဟိုတယ်ရှေ့နားမှာ ကားတိုက်သွားတာဒဲ့..
    ဖိနပ်က ဟိုတယ်ရှေ့မှာ..လုံချည်က ပေ.၂ဝ အကွာ..
    ကျန်ရစ်တဲ့ ခန္ဒာကို်ယ်က သစ္စာလမ်းဆုံအကျော်မှာ.
    ခေါင်းကတော့ ပျောက်နေသတဲ့.. 🙁
    လမ်းလည်ခေါင်က အဲ့ ကိုယ်လုံးကြီးကို ရဲတယောက်က ကားတွေ မကျိတ်မိအောင်..
    တားပေးနေပါရက်.. တက်ကစီတစီးက ပေါင်လည်ပေါ်က ထပ်ကြိတ်လိုက်သေး ရယ်.
    ခုပြောနေရင်းတောင်.မြင်ယောင်နေဒယ်..
    သေသွားတဲ့နောက်..
    အိုဘယ့် အသားတုံး သက်သက်ပါတကားး. 🙁
    ဆိုတော့ အဖွဲ့ထဲမှာကျော့်ကိုတော့ သဂြိုလ်စက် တာဝန်ခံ မလုပ်ပါနဲ့..
    ကြောက်တတ်လို့ဘာ ရယ် ကြေးမုံကြီးနေရာဆို ဟုတ်သေး 😛

    • ခိုင်ဇာ

      February 28, 2013 at 2:21 pm

      ဘာရယ်။
      ၂နာရီ ဟုတ်လား။
      ပြောတော့ ၁၂ နာရီ အိမ်ပြန်ရောက်တာဆို။
      ဘက်ထရီကုန်ပြီဆိုလို့ ဆရာမက ခွင့်ပေးလိုက်တာကို ဘယ်လိုလုပ် ၂ နာရီ အပြင်ပြန်ရောက်သွားတာတုန်း။
      ဒီ လမ်းဟောင်းကြီးနဲ့တော့ ခက်ပြီရယ်။

      :harr:

      • amatmin

        February 28, 2013 at 2:27 pm

        တိန်..
        ကျားရှေ့မှောက်ရက်လဲမိပါရော လား.. 🙁
        အဲ့ဒါက ဒီလို..ဟိုလို..ရှိပါဒယ်..ဆြာမရယ်..
        ကျော်.အချိန်ပြောမိတာမှာ ၁.. ကလေး ကျန်ခဲ့မိဒယ် ထင်ပါရဲ့.. 🙂

  • ရွှေတင်မောင်

    February 28, 2013 at 4:53 pm

    စားသက် လိုသေးလား …
    လစာ ဘယ်လောက် ဗန်းပြပေးမလဲ …
    ဒါလေးတွေ နည်းနည်း သိရရင်တော့ …
    ဒီအဖွဲ့ထဲ ပါချင်လို့ပါ ……

  • marblecommet

    March 1, 2013 at 12:52 am

    ခင်မင်သောအားဖြင့်
    ကျော့်ကို
    ဖဲဝိုင်းတာဝန်ခံ ခန့်အပ်ပါရန်
    ယော်သေဇွာ
    ရှောက်ထားအပ်ပါသီ……..

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 1, 2013 at 11:30 pm

    အဖွဲလေးလည်း အလုပ်ကလေးနဲ့ ဖွင့်ရအောင် ပီးဒေါ့
    ဒါနမြောက်သင့်သူလေးဒွေလည်း မြောက်ရအောင်………..
    ကျုပ်က အိုဘေး . နာဘေး .သေဘေး ကိုမလွတ်တမ်း ရင်ဆိုင်ရသည့်
    လူဒို့၏သဘော သဘာဝအရ ပထမဆုံး မသာအဖြစ် ပါဝင်ကူညီလိုဗါဒယ်….
    သေတမ်းစာဂိုဒေါ့ မေးနဲ့ပို့ပေးလိုက်ပါ့မယ်…………………
    ကျုပ်မှာ တင်ရှိနေဒဲ့ အကြွေးတွေကို ဆပ်ပေးဖို့အတွက် ကျုပ်ရဲ့ နှစ်ဦးတည်းသော
    မယာငယ် နှစ်ယောက်အတွက် ရေးပေးခဲ့မှာပါ…………………………

  • အနော်သေရင် ဆမ်ဆောင်းဖုန်းလေး ထည့်ပေးပါ.. တမလွန်အထိ လိုင်းကောင်းတယ်ဆိုလို့… :mrgreen:
    မသေခင်စပ်ကြားမှာတော့ ကိုကမ်းတာဝန်ခံအဖွဲ့မှာ မန်ဘာလေး ဖြစ်ချင်ပါတယ်….

    • မောင်ထက်ကြီး(မုံရွာ)

      March 2, 2013 at 3:10 pm

      ငါးထောင်တန် SIM ကဒ်လေးပါပေးလိုက်မယ်နော်

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 2, 2013 at 1:25 pm

    လက်တွေ့ကျအောင် လုပ်ပြမှရမယ်
    ခက်တာက ဈေးဦးမပေါက်သေးဘူး ဈေးဦးပေါက်အောင်ဖယောင်းတိုင်ထွန်းရမယ်
    အဟွတ် အဟွတ် ဟတ်ချိုးးးးးးးဘုရား
    ဖွဟဲ့ လွဲပါဇေ ပယ်ပါဇေ

  • Ko out of...

    March 2, 2013 at 6:07 pm

    ဘာသာရေးမှာ မိုးပြာ အကြံပေးလိုနေသေးတယ်…

  • မောင်ရိုး

    June 19, 2018 at 11:09 pm

    မိုက်တယ်ကွာ
    ဒါမျိုးတွေပြန်ဖတ်ချင်နေ
    တာ

Leave a Reply