Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကဗျာပြခန်း အမှတ် (၅) (မမေ့နိုင်ပြီ အာဇာနည်)

Mr. MarGaJuly 15, 20134min183499

.

.

.

.

.

.

.

.

.

.

.

.

.

ကဗျာပြခန်း ( ၁)

ကဗျာပြခန်း ( ၂) 

ကဗျာပြခန်း ( ၃)

ကဗျာပြခန်း (၄)

ကဗျာပြခန်းအကြောင်း သောင်းပြောင်းထွေလာ

.

အာဇာနည်………………တဲ့

ဒီစကားလုံးက လူတိုင်းကို ပြောတဲ့ စကားလုံး မဟုတ်။
လူတိုင်းနှင့်လဲ လိုက်ဖက်ခြင်း မရှိပေ

အာဇာနည် ဆိုသည်မှာ
မိမိ လူမျိုး၊ မိမိနိုင်ငံအတွက် တိုးတက်ရာ တိုးတက်ကြောင်းများကို စိတ်ရောကိုယ်ပါ နှစ်ကာ ပြုလုပ် ဆောင်ရွက်ခဲ့သူများဟု သတ်မှတ်ချင်ပါသည်။

မိမိ လူမျိုး၊ မိမိနိုင်ငံအတွက် တိုးတက်ရာ တိုးတက်ကြောင်းများကို စိတ်ရောကိုယ်ပါ နှစ်ကာ ပြုလုပ် ဆောင်ရွက်ခဲ့သူများဟု သတ်မှတ်ချင်ပါသည်။
နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် အာဇာနည်များ ရှိကြသည်။

အထူးသဖြင့် အရင်းရှင် ကိုလိုနီ စနစ် လက်အောက်တွင် နေထိုင်ခဲ့ရသော တိုင်းပြည်များတွင်မူ ပို၍ထင်ရှား ပို၍ ထင်ပေါ်လေသည်။
ကျန်သည့်နိုင်ငံများတွင် မရှိမဟုတ်၊ ရှိကြသည် မှန်သော်လဲ နယ်ချဲ့လက်အောက်တွင် နေထိုင်ခဲ့ရကာ တိုင်းပြည်လွပ်လပ်ရေးအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသော ကိုလိုနီ နိုင်ငံငယ်များမှ အာဇာနည်များမှာမူ အခြေအနေ အချိန်အခါအရ ပိုလို့ ထင်ပေါ်ခြင်းသာ ဖြစ်ပါသည်။
ယနေ့ အရှေ့တောင် အာရှတွင် ကိုလိုနီလက်အောက်ခံ မဖြစ်ခဲ့သော နိုင်ငံဟူ၍ ထိုင်းနိုင်ငံ တစ်နိုင်ငံသာ ရှိလေသည်။
ကျန်သော နိုင်ငံများမှာ ကိုလိုနီစနစ်ကို ခါးစည်း ခံခဲ့ရပြီး လွပ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရသည်ချည်းသာပေ။

ထိုသို့ တိုက်ပွဲဝင်ရာတွင် နိုင်ငံတိုင်းရှိ နိုင်ငံ့ သားကောင်းများ၏ အသက်ကို စတေးကာ လွပ်လပ်ရေးကို သွေးဖြင့် လဲလှယ်ခဲ့ရလေသည်။
ထို နိုင်ငံ့ သားကောင်းများထဲမှ ထူးချွန်ပြောင်မြောက်သူ၊ အခြေအနေကို လိုက်၍ လွပ်လပ်ရေးကို အမိအရ တောင်းဆိုခဲ့သူ တို့သည် နိုင်ငံ့ခေါင်းဆောင်များ၊ ထိုမှတစ်ဆင့် ပြည်သူတို့၏ ချစ်ခင်လေးစားခြင်းခံရသော အာဇာနည်ခေါင်းဆောင်များ ဖြစ်လာကြပေသည်။
အချို့ အာဇာနည်ခေါင်းဆောင်များမှာ နိုင်ငံ လွပ်လပ်ပြီးသည့်နောက် တည်ငြိမ်မှု ရရှိလာသည်အထိ နိုင်ငံကို ပုံသွင်းနိုင်ခဲ့သော်လည်း အချို့ အချို့မှာမူ မျှော်လင့်ချက် ပန်းတိုင်သို့ မရောက်မီမှာပင် ကြွေလွင့်ခဲ့ရရှာလေသည်။

ကျွန်ုပ်တို့၏ အာဇာနည်များဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသည့် အာဇာနည် ကိုးဦးသည်လည်း ထို ကြွေလွင့်သူများထဲတွင် ထည့်သွင်း မှတ်တမ်းတင်ခဲ့ရသည်ကတော့…………
တိုင်းပြည်အတွက် အစားထိုးမရသော၊ ပြင်ဆင်၍မရသော ဆုံးရှုံးမှုသာဖြစ်ပေတော့သည်။

ယခုလ ဆယ့်ကိုးရက်နေ့ ဆိုလျှင် ခေါင်းဆောင်ကြီးများ ကြွေလွင့်ခဲ့ရသည်မှာ ခြောက်ဆယ့်ခြောက်နှစ် တင်းတင်း ပြည့်တော့မည်။
ယနေ့ အချိန်ထိ ထိုု ခေါင်းဆောင်များ ချမှတ်ခဲ့သော၊ ထို ခေါင်းဆောင်များ မျှော်လင့်ခဲ့သော ပြည်ထောင်စုကား တည်ဆောက်ဆဲသာ ဖြစ်ပေသည်။
တိုင်းပြည်ကို လွပ်လပ်ရေး ရယူနိုင်အောင် တာစူနေဆဲအချိန်၊ တစ်မျိုးသားလုံး၏ မျှော်လင့်ချက်များ အုံကြွနေဆဲ အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သောကြောင့် ဆုံးရှုံးမှုကို စကားဖြင့်ပင် မဖော်ပြနိုင်တော့။

ထို နိုင်ငံတော် လုပ်ကြံမှုကြီးသည်ကား လွပ်လပ်ရေးကို တောင်းဆိုနေသော ကျွန်ုပ်တို့ မြန်မာနိုင်ငံသာမက စည်းလုံးရန် အားခဲနေသော အာရှတိုက် အတွက်ပါ အစားထိုး မရအောင် ဖြစ်ခဲ့ပေသည်။
ယခုအချိန်အထိ ဗိုလ်ချုပ်သာ ရှိခဲ့လျှင် ကျွန်ုပ်တို့နိုင်ငံ ယခုလောက် အောက်မကျဟု ဆိုသူ အများအပြား ရှိသည်။
မှန်လဲ မှန်ပေ၏။
လွပ်လပ်ရေးရရန် လပိုင်းခန့်အလိုတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ရခြင်းကြောင့် မြန်မာနိုင်ငံ၏ လွပ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အချိန် ကြန့်ကြာခဲ့သည်သာမက လွပ်လပ်ပြီးနောက်ပိုင်းမှ စတင်ကာ တိုင်းပြည် မငြိမ်မသက်မှုများ၊ အဖွဲ့တွင်း ဝိဝါဒ ကွဲမှုများ အဆက်မပြတ် ဖြစ်ပွားခဲ့သည်မှာ မျက်မြင်ကိုယ်တွေ့ပင်။
ထို ပြဿနာများ၏ အရင်းအမြစ်ကို မီသည့်ဉာဏ် တစ်ထွာတစ်မိုက်ဖြင့် ဆန်းစစ်ကြည့်သောအခါ….
ယုံကြည်မှု မခိုင်မာခြင်း၊ ကတိသစ္စာ မတည်ခြင်းကြောင့်ဟု မြင်မိပါသည်။

အဘယ်ကြောင့် ဆိုသော်………….
မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ မှီတင်း နေထိုင်နေသော တိုင်းပြည်ဖြစ်သည်။
မတူကွဲပြားသည့် တိုင်းရင်းသားမျိုးနွယ်စုများ ပေါင်းစု နေထိုင်နေသောကြောင့် ထိုမျိုးနွယ်စုများကို ညီညွတ်မှုရှိစေရန်၊ အပြန်အလှန် ယုံကြည်စိတ်ချရန် အရင်းအနှီး အများအပြား ပေးဆပ်ရပေမည်။
မြန်မာနိုင်ငံ လွပ်လပ်ရေးရပြီးနောက်ပိုင်း အုပ်ချုပ်ခဲ့သည့် အစိုးရများအားလုံးသည် ထိုနှစ်ချက်လုံးကို မဖြည့်ဆည်းနိုင်ခဲ့ပေ။
အပြန်အလှန် ယုံကြည်စိတ်ချမှုကို တည်ဆောက်နိုင်သူများက ညီညွတ်အောင် မစွမ်းဆောင်နိုင်ခဲ့။
ထို့အတူ ညီညွတ်အောင် စွမ်းဆောင်နိုင်ချိန်တွင်လဲ ယုံကြည်စိတ်ချရမှုကို အာမ မခံနိုင်ခဲ့သည်က များလေသည်။

ဗိုလ်ချုပ်ကား ထိုနှစ်ချက်လုံးကို စွမ်းဆောင် ဖြည့်ဆည်း ပေးနိုင်သူ ဖြစ်ခဲ့သည် ဆိုသည်ကိုတော့ မည်သူမှ ငြင်းချက်ထုတ်မည် မထင်ပေ။
ထို့ကြောင့် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ခြင်းသည် တိုင်းပြည်တိုးတက်ရေးအတွက် နှစ်ပေါင်းများစွာ နှောင့်နှေးကြန့်ကြာမှုကိုဖြစ်စေခဲ့လေသည်။
ဇူလိုင် ဆယ့်ကိုး ဟူသည်မှာ သာမန်အားဖြင့်ဆိုလျှင် မိုးဥတု၏ မထူးဆန်းသော နေ့တစ်ရက်သာ…………..
သို့သော်………….

အတိတ်က သွေးစွန်းခဲ့လေသော အခြေအနေကို ပြန်လည် တွေးမိတိုင်း နိုင်ငံသူ၊နိုင်ငံသားတို့မှာ ယူကျုံးမရ ဖြစ်ရလေသည်။
လုပ်ရက်လေခြင်း၊ ဖြစ်ရလေခြင်း ဟု ဝမ်းနည်းပက်လက် တ လျက် ငိုမိကြသည်။
အခြားသူများအတွက် ဇူလိုင် ဆယ့်ကိုးသည် သာမန်နေ့ တစ်နေ့သာ ဖြစ်မည် မှန်သော်လည်း ကျွန်ုပ်တို့ နိုင်ငံသားများအဖို့မတော့ ရွှေတောင်ကြီး ပြိုသည့်နေ့၊ တိုင်းပြည်အနာဂတ် ပျောက်သည့်နေ့ သာ ဖြစ်ပေတော့သည်။
ဇူလိုင် ဆယ့်ကိုး၏ ဂယက်သည် ယခုအချိန်ထိ မပြယ်သေးပေ။
ပြယ်လုပြယ်ခင် ဖြစ်ရုံသာ ရှိသေးသည်။

ကျွန်ုပ်တို့ အနေဖြင့်လဲ
ခေါင်းဆောင်များကို လွမ်းဆွတ်တမ်းတ နေရုံနှင့် မပြီးသေး
နောက်လိုက်ကောင်းများ ပီသစွာနှင့်
ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့်
တရားမျှတ၊ လွပ်လပ်ခြင်းနှင့် ပြည့်စုံသော ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ရန် တာဝန် ကျန်နေပါသေးသည်။

ထို နိုင်ငံတော်သည်
ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးများ မျှော်လင့်ခဲ့ကြသော၊ တည်ဆောက်ခဲ့သော နိုင်ငံတော် ဖြစ်သည်ကို စိတ်တွင်စွဲကာ
ကမာ္ဘ့အလယ်တွင် ဂုဏ်ယူနိုင်အောင် ကုန်းကာရုန်းကာ လုပ်ကြပေမှတော်ကာကျပေမည်။
ထိုအခွင့်အလမ်းသည် ကျွန်ုပ်တို့၏ လက်တွင်းတွင် ကျရောက်နေချေပြီ။
သို့ဖြစ်ပါသောကြောင့်
ရောက်ရှိလာသည့် အခွင့်အလမ်းကို လက်မလွှတ်တမ်း ဆုပ်ကိုင်ကာ
တိုင်းရင်းသားတို့၏ ညီညွတ်မှု ယုံကြည်မှုကို အရဖော်ဆောင်ရင်း
ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများ ရည်မှန်းခဲ့သည့် နိုင်ငံတော်ကို တည်ဆောက်ခြင်းဖြင့်
ဗိုလ်ချုပ်တို့ ကျဆုံးရကျိုး နပ်အောင် ကြိုးစားသင့်ကြောင်း တိုက်တွန်းလိုက်ပါသည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ယခုနှစ် ဇူလိုင် ဆယ့်ကိုးတွင် ကျရောက်မည့် ခြောက်ဆယ့်ခြောက်နှစ်မြောက် အာဇာနည်နေ့ကို လွမ်းဆွတ် တမ်းတ သောအားဖြင့်
ကဗျာပြခန်း အမှတ်(၅) ကို အာဇာနည်နေ့ အမှတ်တရအဖြစ် တင်ဆက်ခြင်း ဖြစ်ပါသည်။
ယခုတစ်ပတ် ပြခန်းတွင် ပါဝင်အားဖြည့်ထားသူများမှာ
ကိုပေါက် (မန္တလေး)
နေဝန်းနီ
ခင်ခ
သဲနုအေး
မိုးမင်းသား
ရွှေတိုက်စိုး
အာဂ
နေခြည်
ကမ်းဝေး
ရွှေကြည်
ပိတောက်မိုး
အလင်းဆက်
သျှားသက်မာန်
ရန်ငြိမ်းသူ တို့ ဖြစ်ပါ၏။

ဒီပုံကို နှိပ်ပြီး ပြခန်းကို သွားပါ။

ပြခန်းပါ ကဗျာများထဲမှ အကြိုက်ဆုံး သုံးပုဒ်ကို ဒီမှာရွေးပေးကြပါကုန်

[polldaddy poll=7248056]

ယခင်အပတ် ပြခန်းတွင်
မောင်စိမ်းနီ(ကေသီပန်) ၏ ကဗျာစစ်မျက်နှာ
သော်ဇင်(လွိုင်ကော်) ၏ တပည့်တော်မိုက်လှပါ၏ဘုရား
ק@!ИҀ ၏ ရိုးစင်းတဲ့ကမာ္ဘ
ထက်ဝေး ၏ အစ္စဘယ်လာ နီလာ
နန်းရှင် ၏ ကဗျာ့မြစ်ဖျား
နေဝန်းနီ ၏ အဆင့်မြှင့် ပြန်လည်တပ်ဆင်ခြင်း
နေခြည် ၏ ကျမရဲ့ ဒီည
လူကလေး ၏ အဝေးက
Green Rose ၏ ငါမဖြစ်သေးတဲ့ငါ
ကိုဝေး(ဒေးဒရဲ) ၏ ဘာလဲ
တောတွင်းပျော် ၏ အလွမ်းမတတ်သူ
ဦးကြိမ် ၏ လောဘ၊ ဒေါသ၊ မောဟ
သူကလေး ၏ အလွမ်းဘက်လိုက်တဲ့ ဆုံမှတ်
လူစိုး ၏ ရင်ကပျိုးတဲ့နှင်းဆီ
တောကကိုရင် ၏ ချစ်သူသို့ တမ်းချင်း
Nora ၏ မရေရာခြင်း တို့ ပါဝင်ခဲ့ပြီး

နေခြည်ကျမရဲ့ ဒီည ကဗျာကို မဲစုစုပေါင်း (၁၄)မဲနဲ့ ကဗျာပြခန်းရဲ့ အကြိုက်ဆုံးကဗျာအဖြစ် ရွေးချယ်လိုက်ပါကြောင်း

ကဗျာပြခန်းသို့ ကဗျာများပေးပို့လိုပါက

alinsett.art@gmail.com သို့ ပေးပို့နိုင်ပါကြောင်း

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

99 comments

  • အရီးခင်လတ်

    July 19, 2013 at 1:01 pm

    အလေးပြု ရင်း ဗုတ် လုပ်သွားပါတယ်။

    နှစ်တွေ ကြာပေမဲ့ ကိုယ်ကျိုးစွန့်ပြီး လူထုကို ချစ်ခဲ့သူကြီး နဲ့ အပေါင်းအပါ အာဇာနည်များ ကောင်းရာသုဂတိလားကြပါစေ။

    တကယ်လို့ လူ့ဘဝ ကိုပြန်လာနိုင်ခဲ့ရင် ….
    သူတို့ လဲ ၆ဝတန်း တော့ အနဲဆုံးဘဲ။
    ဘာတွေများ လုပ်နေကြပါလိမ့်။

    • အလင်း ဆက်

      July 19, 2013 at 1:06 pm

      ကဗျာတွေ စာတွေ ရေးနေပါတယ်
      အခု comment တွေ လိုက်ပေးနေပါတယ်

      အဟိ
      နောက်တာပါ 😆

      • အရီးခင်လတ်

        July 19, 2013 at 1:44 pm

        ခြောက်ဆယ် ကျော် ဆိုတာ မသိလို့ အဘ မခေါ်ခဲ့မိတာ ကြောင်လွှတ်ပေးပါ အဘဆက် ရယ်။
        😆

  • အရီးခင်လတ်

    July 19, 2013 at 1:42 pm

    ဘာရယ်မဟုတ်။
    အင်္ဂလန် က Royal နန်းစဉ်နေရာ နံပါတ်၃ ဒီနေ့ ဇူလိုင် ၁၉ မှာ မွေးနိုင်တယ် လို့ မျှော်နေကြတယ်။
    ဒီနေ့ မွေးလို့ ကတော့ အင်မတန် မှတ်လို့ လွယ်တဲ့ တိုက်ဆိုင်မှုဘဲ။

  • ခင် ခ

    July 23, 2013 at 4:44 pm

    စောစောထဲက ဗုတ်ခဲ့ပြီးသားပါနော်။
    အရီးကလည်း သူတို့က ဒီ ၁၉ ဂျုလိုင်ကို သတိထားဟန်မတူပါဘူးနော်။

  • luu noutlay

    July 25, 2013 at 2:53 pm

    ်ဟုတ်ပါတယ်……………..အာဇာနည် ဆိုတာ လူတိုင်းကိုပြောတာမဟုတ်ပါဘူး
    လူတိုင်းကလည်းအာဇာနည်မဟုတ်ပါဘူး………………..

    • Mr. MarGa

      July 26, 2013 at 8:35 pm

      မှန်ပါလေ့ ကိုလူညို
      အာဇာနည် ဆိုတာ သူ့တန်ဖိုးနဲ့သူ လေးစားထိုက်တဲ့ သူတွေပါ

  • Min Zarni

    July 29, 2013 at 7:41 am

    ကနေ့ ၂၉ ရက်နေ့ …. ၁ဝရက်တိတိ ကြာပြီ… အော်…
    ဟွန်းဆြာတွေ .. အလံရှူးတွေ
    ဘုန်းတော်ဘွဲ့ နဲ့ ဧယဉ်ကျူး ကိုယ်တော်မြုပ်တွေ
    စကားမေးမရတာ ၁ဝရက်ရှိပြီ သွားလေသူကြီးရယ်..

    ဒီနေ့ကို မမေ့စေချင်ဘု ဒီနေ့ကို သတိတရ ဖြစ်စေချင်တယ်..
    ဒီနေ့ကို ပရိုမုတ်လုပ်ရမယ်..ဖြောက်ဖျက်ပစ်လို့မရဘူး ..
    ဘလား .. ဘလား.. ဘလား ..
    နေပါဦး .. ဒီနေ့ လား .. ဒီလူလား .. ပဉာတ် ပရမတ်လား ..
    (ငိငိ)

    လုပ်ကြပါဦးလားဗျ.. ရှေ့နေဦးဖာ သားတို့..
    မင်းကြီးဗိုလ်လရောင်တို့..
    ဇဘင်ညှပ်ရင်းထထွက်သွားတယ်တို့ …
    လုပ်ကြဦးလေ ..
    တက်ထောင်တာတွေ
    ေ-ာက်ချိုးတွေ ပြင်ရမယ်တွေ
    -ာ နိုင်ငံကြီးဖစ်သွားမယ်တွေ
    မိန့်ခွန်းဟောင်းလေးတွေ
    ဒါ့ပုံ အနွမ်းလေးတွေ
    ထေရုပ္ပတိလေးတွေ
    ကူးတင်ကြပါဦးလား ..
    ဘာတုန်း ၁၉ ကနေ ၂ဝ ချိန်းရင် ပါမစ် ကာလ ကျော်လွန်သွားလို့လား ..။
    ရာသီစာရောင်းချင်ရင် လှည်းတစီးနဲ့ မောင်းတလက် ဝယ်ပါလေ..။သာဓု ၃ကြိမ်ခေါ်ပါမည်။

    ဘယ်သူ့ကိုမှ ပြောတာမဟုတ်ပါဘူး
    ပွဲပြီးမီးသေ ကိုမြဖေ
    ပွဲပြီးဖျာသိမ်း မမြစိမ်း
    ပွဲပြီးထပြန် မောင်မြဟန်
    ပွဲပြီးထိုင်ငိုက် မယ်မြသိုက်
    တို့ကို … ပြောဒါဘာ..

    ငိငိ…
    ဒချိ ..ဒချိ..

    P.S
    ၆သရမ်း ချဉ်ဒယ်။
    သူ့ဝါဒ သူ့လမ်းစဉ် သူ့အကြောင်း သူ့ဖြစ်စဉ် ကို ဆင်ခြင်တဲ့နေ့… ဝေမျှတဲ့အချိန် နဲ့ ထုတ်ဖော်တဲ့ ကာလ ဆိုတာ..
    အဘိဓမ္မာ အခါတော်နေ့ ဖြစ်ချင်ဖြစ် အမျိုးသားနေ့ ဖြစ်ချင်ဖြစ် ရက်ရာဇာ ပြဿဒါး ကြိုက်တာဖြစ် ကျေးဇူးတော်နေ့နဲ့
    နျူးရီးယား ကြိုက်တာဖြစ် ကုန်ကုန်ပြောမယ် ဦးစော ဟက်ပီဘာ့သ်ဒေးဖြစ်လိုဖြစ် ..ကြိုက်တာဖြစ်ခွင့်ရှိ ..။
    သို့သော် တနှစ်ကို ၂ရက်တည်း (မွေးနေ့နဲ့ သေနေ့) ဖြစ်ခွင့်တော့မရှိ။

    ဒုတိယံပိ PS
    (လာဆဲလျှင် ဘုရားဟော နဲ့ တွယ်မယ်)

    • Mr. MarGa

      July 29, 2013 at 6:49 pm

      ဪ…………
      ကိုရင့်နှယ် ခက်တော့တာပဲ
      အမြဲ တသသ လွမ်းချိန် မရှိဘူးလေဗျ
      အလုပ်တွေက ရှိသေးသကိုး
      အချိန်တိုင်း လွမ်းပြနေရင် အကုန် ဝိုင်းဆဲမပေါ့ :mrgreen:
      ဆိုတော့
      တစ်နှစ်လုံး အောင့်ထားပြီး တစ်ရက်ထဲ ဝိုင်း ထုတ်တာပဲဗျာ
      ဂလောက်တော့ ရှိမပေါ့ :mrgreen:
      P.S
      (လာဆဲလျှင် ဘုရားဟော နဲ့ တွယ်မယ်) (ဘာလဲတော့မသိဘူး သဘောကျလို့ ပြန်ကူးပေးလိုက်တယ်) 😛

  • Mr. MarGa

    July 29, 2013 at 6:43 pm

    အဟမ်း အဟမ်း
    များမကြာမီ ကာလမှာ
    ကဗျာပြခန်း အမှတ် (၆) ရောက်ရှိတော့မှာမို့
    ယခုပြခန်းအတွက် မဲပေးရန် ကျန်ရှိသူများ
    အမြန် လာရောက်ကာ မဲပေးကြပါကုန်…..
    မကြာမီတွင် ပြခန်း ပိတ်ပါတော့မည်ခင်ဗျား….

  • Mr. MarGa

    July 18, 2014 at 1:25 pm

    နက်ဖန် အာဇာနည်နေ့ ဆိုတော့
    အလွမ်းပြေ လာကြည့်တာဗျို့
    အဲ… အဲ.. ဒါနဲ့
    ပြခန်း လာတဲ့သူတွေ ပြခန်း ပျောက်နေမစိုးလို့

    ပြခန်းရဲ့ လင့် က ဒီမှာ ပါဗျိုးးးးးးးး

    ပို့စ်ထဲက ပုံကိုနှိပ်ပြီးတော့လည်း ကျနော်တို့ရဲ့ ပြခန်းလေးကို ဝင်လို့ရပါတယ် လို့

    အဲဒါလေးးး

Leave a Reply