ကဗျာပြခန်း အမှတ် (၅) (မမေ့နိုင်ပြီ အာဇာနည်)

Mr. MarGaJuly 15, 20134min80099

.

.

.

.

.

.

.

.

.

.

.

.

.

ကဗျာပြခန်း ( ၁)

ကဗျာပြခန်း ( ၂) 

ကဗျာပြခန်း ( ၃)

ကဗျာပြခန်း (၄)

ကဗျာပြခန်းအကြောင်း သောင်းပြောင်းထွေလာ

.

အာဇာနည်………………တဲ့

ဒီစကားလုံးက လူတိုင်းကို ပြောတဲ့ စကားလုံး မဟုတ်။
လူတိုင်းနှင့်လဲ လိုက်ဖက်ခြင်း မရှိပေ

အာဇာနည် ဆိုသည်မှာ
မိမိ လူမျိုး၊ မိမိနိုင်ငံအတွက် တိုးတက်ရာ တိုးတက်ကြောင်းများကို စိတ်ရောကိုယ်ပါ နှစ်ကာ ပြုလုပ် ဆောင်ရွက်ခဲ့သူများဟု သတ်မှတ်ချင်ပါသည်။

မိမိ လူမျိုး၊ မိမိနိုင်ငံအတွက် တိုးတက်ရာ တိုးတက်ကြောင်းများကို စိတ်ရောကိုယ်ပါ နှစ်ကာ ပြုလုပ် ဆောင်ရွက်ခဲ့သူများဟု သတ်မှတ်ချင်ပါသည်။
နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် အာဇာနည်များ ရှိကြသည်။

အထူးသဖြင့် အရင်းရှင် ကိုလိုနီ စနစ် လက်အောက်တွင် နေထိုင်ခဲ့ရသော တိုင်းပြည်များတွင်မူ ပို၍ထင်ရှား ပို၍ ထင်ပေါ်လေသည်။
ကျန်သည့်နိုင်ငံများတွင် မရှိမဟုတ်၊ ရှိကြသည် မှန်သော်လဲ နယ်ချဲ့လက်အောက်တွင် နေထိုင်ခဲ့ရကာ တိုင်းပြည်လွပ်လပ်ရေးအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသော ကိုလိုနီ နိုင်ငံငယ်များမှ အာဇာနည်များမှာမူ အခြေအနေ အချိန်အခါအရ ပိုလို့ ထင်ပေါ်ခြင်းသာ ဖြစ်ပါသည်။
ယနေ့ အရှေ့တောင် အာရှတွင် ကိုလိုနီလက်အောက်ခံ မဖြစ်ခဲ့သော နိုင်ငံဟူ၍ ထိုင်းနိုင်ငံ တစ်နိုင်ငံသာ ရှိလေသည်။
ကျန်သော နိုင်ငံများမှာ ကိုလိုနီစနစ်ကို ခါးစည်း ခံခဲ့ရပြီး လွပ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရသည်ချည်းသာပေ။

ထိုသို့ တိုက်ပွဲဝင်ရာတွင် နိုင်ငံတိုင်းရှိ နိုင်ငံ့ သားကောင်းများ၏ အသက်ကို စတေးကာ လွပ်လပ်ရေးကို သွေးဖြင့် လဲလှယ်ခဲ့ရလေသည်။
ထို နိုင်ငံ့ သားကောင်းများထဲမှ ထူးချွန်ပြောင်မြောက်သူ၊ အခြေအနေကို လိုက်၍ လွပ်လပ်ရေးကို အမိအရ တောင်းဆိုခဲ့သူ တို့သည် နိုင်ငံ့ခေါင်းဆောင်များ၊ ထိုမှတစ်ဆင့် ပြည်သူတို့၏ ချစ်ခင်လေးစားခြင်းခံရသော အာဇာနည်ခေါင်းဆောင်များ ဖြစ်လာကြပေသည်။
အချို့ အာဇာနည်ခေါင်းဆောင်များမှာ နိုင်ငံ လွပ်လပ်ပြီးသည့်နောက် တည်ငြိမ်မှု ရရှိလာသည်အထိ နိုင်ငံကို ပုံသွင်းနိုင်ခဲ့သော်လည်း အချို့ အချို့မှာမူ မျှော်လင့်ချက် ပန်းတိုင်သို့ မရောက်မီမှာပင် ကြွေလွင့်ခဲ့ရရှာလေသည်။

ကျွန်ုပ်တို့၏ အာဇာနည်များဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသည့် အာဇာနည် ကိုးဦးသည်လည်း ထို ကြွေလွင့်သူများထဲတွင် ထည့်သွင်း မှတ်တမ်းတင်ခဲ့ရသည်ကတော့…………
တိုင်းပြည်အတွက် အစားထိုးမရသော၊ ပြင်ဆင်၍မရသော ဆုံးရှုံးမှုသာဖြစ်ပေတော့သည်။

ယခုလ ဆယ့်ကိုးရက်နေ့ ဆိုလျှင် ခေါင်းဆောင်ကြီးများ ကြွေလွင့်ခဲ့ရသည်မှာ ခြောက်ဆယ့်ခြောက်နှစ် တင်းတင်း ပြည့်တော့မည်။
ယနေ့ အချိန်ထိ ထိုု ခေါင်းဆောင်များ ချမှတ်ခဲ့သော၊ ထို ခေါင်းဆောင်များ မျှော်လင့်ခဲ့သော ပြည်ထောင်စုကား တည်ဆောက်ဆဲသာ ဖြစ်ပေသည်။
တိုင်းပြည်ကို လွပ်လပ်ရေး ရယူနိုင်အောင် တာစူနေဆဲအချိန်၊ တစ်မျိုးသားလုံး၏ မျှော်လင့်ချက်များ အုံကြွနေဆဲ အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သောကြောင့် ဆုံးရှုံးမှုကို စကားဖြင့်ပင် မဖော်ပြနိုင်တော့။

ထို နိုင်ငံတော် လုပ်ကြံမှုကြီးသည်ကား လွပ်လပ်ရေးကို တောင်းဆိုနေသော ကျွန်ုပ်တို့ မြန်မာနိုင်ငံသာမက စည်းလုံးရန် အားခဲနေသော အာရှတိုက် အတွက်ပါ အစားထိုး မရအောင် ဖြစ်ခဲ့ပေသည်။
ယခုအချိန်အထိ ဗိုလ်ချုပ်သာ ရှိခဲ့လျှင် ကျွန်ုပ်တို့နိုင်ငံ ယခုလောက် အောက်မကျဟု ဆိုသူ အများအပြား ရှိသည်။
မှန်လဲ မှန်ပေ၏။
လွပ်လပ်ရေးရရန် လပိုင်းခန့်အလိုတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ရခြင်းကြောင့် မြန်မာနိုင်ငံ၏ လွပ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အချိန် ကြန့်ကြာခဲ့သည်သာမက လွပ်လပ်ပြီးနောက်ပိုင်းမှ စတင်ကာ တိုင်းပြည် မငြိမ်မသက်မှုများ၊ အဖွဲ့တွင်း ဝိဝါဒ ကွဲမှုများ အဆက်မပြတ် ဖြစ်ပွားခဲ့သည်မှာ မျက်မြင်ကိုယ်တွေ့ပင်။
ထို ပြဿနာများ၏ အရင်းအမြစ်ကို မီသည့်ဉာဏ် တစ်ထွာတစ်မိုက်ဖြင့် ဆန်းစစ်ကြည့်သောအခါ….
ယုံကြည်မှု မခိုင်မာခြင်း၊ ကတိသစ္စာ မတည်ခြင်းကြောင့်ဟု မြင်မိပါသည်။

အဘယ်ကြောင့် ဆိုသော်………….
မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ မှီတင်း နေထိုင်နေသော တိုင်းပြည်ဖြစ်သည်။
မတူကွဲပြားသည့် တိုင်းရင်းသားမျိုးနွယ်စုများ ပေါင်းစု နေထိုင်နေသောကြောင့် ထိုမျိုးနွယ်စုများကို ညီညွတ်မှုရှိစေရန်၊ အပြန်အလှန် ယုံကြည်စိတ်ချရန် အရင်းအနှီး အများအပြား ပေးဆပ်ရပေမည်။
မြန်မာနိုင်ငံ လွပ်လပ်ရေးရပြီးနောက်ပိုင်း အုပ်ချုပ်ခဲ့သည့် အစိုးရများအားလုံးသည် ထိုနှစ်ချက်လုံးကို မဖြည့်ဆည်းနိုင်ခဲ့ပေ။
အပြန်အလှန် ယုံကြည်စိတ်ချမှုကို တည်ဆောက်နိုင်သူများက ညီညွတ်အောင် မစွမ်းဆောင်နိုင်ခဲ့။
ထို့အတူ ညီညွတ်အောင် စွမ်းဆောင်နိုင်ချိန်တွင်လဲ ယုံကြည်စိတ်ချရမှုကို အာမ မခံနိုင်ခဲ့သည်က များလေသည်။

ဗိုလ်ချုပ်ကား ထိုနှစ်ချက်လုံးကို စွမ်းဆောင် ဖြည့်ဆည်း ပေးနိုင်သူ ဖြစ်ခဲ့သည် ဆိုသည်ကိုတော့ မည်သူမှ ငြင်းချက်ထုတ်မည် မထင်ပေ။
ထို့ကြောင့် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ခြင်းသည် တိုင်းပြည်တိုးတက်ရေးအတွက် နှစ်ပေါင်းများစွာ နှောင့်နှေးကြန့်ကြာမှုကိုဖြစ်စေခဲ့လေသည်။
ဇူလိုင် ဆယ့်ကိုး ဟူသည်မှာ သာမန်အားဖြင့်ဆိုလျှင် မိုးဥတု၏ မထူးဆန်းသော နေ့တစ်ရက်သာ…………..
သို့သော်………….

အတိတ်က သွေးစွန်းခဲ့လေသော အခြေအနေကို ပြန်လည် တွေးမိတိုင်း နိုင်ငံသူ၊နိုင်ငံသားတို့မှာ ယူကျုံးမရ ဖြစ်ရလေသည်။
လုပ်ရက်လေခြင်း၊ ဖြစ်ရလေခြင်း ဟု ဝမ်းနည်းပက်လက် တ လျက် ငိုမိကြသည်။
အခြားသူများအတွက် ဇူလိုင် ဆယ့်ကိုးသည် သာမန်နေ့ တစ်နေ့သာ ဖြစ်မည် မှန်သော်လည်း ကျွန်ုပ်တို့ နိုင်ငံသားများအဖို့မတော့ ရွှေတောင်ကြီး ပြိုသည့်နေ့၊ တိုင်းပြည်အနာဂတ် ပျောက်သည့်နေ့ သာ ဖြစ်ပေတော့သည်။
ဇူလိုင် ဆယ့်ကိုး၏ ဂယက်သည် ယခုအချိန်ထိ မပြယ်သေးပေ။
ပြယ်လုပြယ်ခင် ဖြစ်ရုံသာ ရှိသေးသည်။

ကျွန်ုပ်တို့ အနေဖြင့်လဲ
ခေါင်းဆောင်များကို လွမ်းဆွတ်တမ်းတ နေရုံနှင့် မပြီးသေး
နောက်လိုက်ကောင်းများ ပီသစွာနှင့်
ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့်
တရားမျှတ၊ လွပ်လပ်ခြင်းနှင့် ပြည့်စုံသော ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ရန် တာဝန် ကျန်နေပါသေးသည်။

ထို နိုင်ငံတော်သည်
ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးများ မျှော်လင့်ခဲ့ကြသော၊ တည်ဆောက်ခဲ့သော နိုင်ငံတော် ဖြစ်သည်ကို စိတ်တွင်စွဲကာ
ကမာ္ဘ့အလယ်တွင် ဂုဏ်ယူနိုင်အောင် ကုန်းကာရုန်းကာ လုပ်ကြပေမှတော်ကာကျပေမည်။
ထိုအခွင့်အလမ်းသည် ကျွန်ုပ်တို့၏ လက်တွင်းတွင် ကျရောက်နေချေပြီ။
သို့ဖြစ်ပါသောကြောင့်
ရောက်ရှိလာသည့် အခွင့်အလမ်းကို လက်မလွှတ်တမ်း ဆုပ်ကိုင်ကာ
တိုင်းရင်းသားတို့၏ ညီညွတ်မှု ယုံကြည်မှုကို အရဖော်ဆောင်ရင်း
ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများ ရည်မှန်းခဲ့သည့် နိုင်ငံတော်ကို တည်ဆောက်ခြင်းဖြင့်
ဗိုလ်ချုပ်တို့ ကျဆုံးရကျိုး နပ်အောင် ကြိုးစားသင့်ကြောင်း တိုက်တွန်းလိုက်ပါသည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ယခုနှစ် ဇူလိုင် ဆယ့်ကိုးတွင် ကျရောက်မည့် ခြောက်ဆယ့်ခြောက်နှစ်မြောက် အာဇာနည်နေ့ကို လွမ်းဆွတ် တမ်းတ သောအားဖြင့်
ကဗျာပြခန်း အမှတ်(၅) ကို အာဇာနည်နေ့ အမှတ်တရအဖြစ် တင်ဆက်ခြင်း ဖြစ်ပါသည်။
ယခုတစ်ပတ် ပြခန်းတွင် ပါဝင်အားဖြည့်ထားသူများမှာ
ကိုပေါက် (မန္တလေး)
နေဝန်းနီ
ခင်ခ
သဲနုအေး
မိုးမင်းသား
ရွှေတိုက်စိုး
အာဂ
နေခြည်
ကမ်းဝေး
ရွှေကြည်
ပိတောက်မိုး
အလင်းဆက်
သျှားသက်မာန်
ရန်ငြိမ်းသူ တို့ ဖြစ်ပါ၏။

ဒီပုံကို နှိပ်ပြီး ပြခန်းကို သွားပါ။

ပြခန်းပါ ကဗျာများထဲမှ အကြိုက်ဆုံး သုံးပုဒ်ကို ဒီမှာရွေးပေးကြပါကုန်

[polldaddy poll=7248056]

ယခင်အပတ် ပြခန်းတွင်
မောင်စိမ်းနီ(ကေသီပန်) ၏ ကဗျာစစ်မျက်နှာ
သော်ဇင်(လွိုင်ကော်) ၏ တပည့်တော်မိုက်လှပါ၏ဘုရား
ק@!ИҀ ၏ ရိုးစင်းတဲ့ကမာ္ဘ
ထက်ဝေး ၏ အစ္စဘယ်လာ နီလာ
နန်းရှင် ၏ ကဗျာ့မြစ်ဖျား
နေဝန်းနီ ၏ အဆင့်မြှင့် ပြန်လည်တပ်ဆင်ခြင်း
နေခြည် ၏ ကျမရဲ့ ဒီည
လူကလေး ၏ အဝေးက
Green Rose ၏ ငါမဖြစ်သေးတဲ့ငါ
ကိုဝေး(ဒေးဒရဲ) ၏ ဘာလဲ
တောတွင်းပျော် ၏ အလွမ်းမတတ်သူ
ဦးကြိမ် ၏ လောဘ၊ ဒေါသ၊ မောဟ
သူကလေး ၏ အလွမ်းဘက်လိုက်တဲ့ ဆုံမှတ်
လူစိုး ၏ ရင်ကပျိုးတဲ့နှင်းဆီ
တောကကိုရင် ၏ ချစ်သူသို့ တမ်းချင်း
Nora ၏ မရေရာခြင်း တို့ ပါဝင်ခဲ့ပြီး

နေခြည်ကျမရဲ့ ဒီည ကဗျာကို မဲစုစုပေါင်း (၁၄)မဲနဲ့ ကဗျာပြခန်းရဲ့ အကြိုက်ဆုံးကဗျာအဖြစ် ရွေးချယ်လိုက်ပါကြောင်း

ကဗျာပြခန်းသို့ ကဗျာများပေးပို့လိုပါက

alinsett.art@gmail.com သို့ ပေးပို့နိုင်ပါကြောင်း

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

99 comments

  • surmi

    July 15, 2013 at 9:16 am

    ကဗျာပြခန်​းက တစ်​ခန်​းနဲ့တစ်​ခန်​း ဆန်​းသစ်​လာသလို
    ကဗျာဆရာအင်​အားစု​တွေကလည်​း တစ်​ခန်​းနဲ့တစ်​ခန်​း
    မတူ​အောင်​ကို အင်​အား​ကောင်​းလှပါလားဗျို့ ………
    ​အေး​အေး​ဆေး​ဆေးဖတ်​ပါဦးမယ်​
    အာဇာနည်​​နေ့ မှဘဲ ဗုတ်​ရင်​​ကောင်​းမလားလို့

    • သူကလေး

      July 15, 2013 at 9:44 am

      အူးဆာအကြံ … မိုက်ထှာာာ
      မှတ်မှတ်ရရ အဲနေ့မှ ဗုတ်တော့မယ် အာာဟိ 😀

    • Mr. MarGa

      July 15, 2013 at 6:54 pm

      အဲဒီအကြံလဲ မဆိုးပါဘူး ဦးဆာရေ

  • Garfield

    July 15, 2013 at 9:23 am

    “ဖေဖေမောလို့ အိပ်နေတယ်”
    ~~~~~~~~~~~~~~~~

    ဟုတ်ပါတယ် ကလေးရယ် သူတစ်ကယ်အိပ်မောကျသွားခဲ့ပါပြီ။

    သူအိပ်ပါစေတော့..
    ဝါးလုံးထိုးစီးဆင်းနေတဲ့
    ဆရာကြီးသခင်ကိုယ်တော်မှိုှုင်းကိုခဏတားပြီး..
    သူ တစ်နှစ်အတွင်း လွတ်လပ်ရေးကို အရယူပေးပါ့မယ် ကတိပေး…
    ကတိကို ကတိနဲ့ ကတိတည်ရင်း ဂရိတ်ပလေယာ တစ်ယောက်အဖြစ် သူပြသခဲ့တယ်
    ခု သူအိပ်ပါစေတော့။

    သူ ကောင်းကင်ကိုဖွင့်မယ့်သော့
    သူ အနာဂါတ်ကိုစီးမယ့်ယာဉ် ရန်သူရဲ့ဦးခေါင်းကိုဖြတ်ပြီး ယူလာပေးခဲ့ပြီ
    သူအိပ်ပါစေတော့။

    သူအိပ်ပါစေတော့..
    အိတ်ထဲမှာ တစ်ပြားတစ်ချပ်မှမရှိပဲ
    ဆာလောင်လွန်းသမို့
    သူ့ကိုယ်ရံတော်က သူမသိအောင်အကြွေးဝယ်ကြွေးခဲ့တဲ့ ပလာတာနဲ့ဆိတ်သားခပတ်လေးစားပြီး
    သူအိပ်ပါစေတော့။

    ‘‘အနုပညာဆိုတာရှိတယ်
    လင်မယားဘဝမှာလည်း အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့
    ဒီလိုပဲ တော်လှန်ရေးမှာလည်း…
    အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တစ်ကယ့်တော်လှန်ရေးအစစ်ဖြစ်တော့မှာပေါ့ ’’
    ဒီလိုဖီလိုဆိုဖာကြီးလည်းဖြစ်
    သူအိပ်ပါစေတော့။

    ဟုတ်တယ်
    သားတို့ သမီးတို့ ဖေဖေ မောလို့ အိပ်နေတယ်
    ‘‘ငါ့ သားသမီးတွေဆီမှာ
    Sense of justice ရှိရင် ငါကျေနပ်ပါပြီကွာ’’လို့ပြောသွားတဲ့
    သမီးတို့ သားတို့ဖေဖေ မောလို့ အိပ်သွားပြီ။
    သူအိပ်ပါစေတော့။

    လွတ်လပ်ရေးရပြီးရင်…
    ကျုပ် ဘုရင်မင်းမြတ်ကြီးလည်းမလုပ် အုပ်လည်းမအုပ်ချုပ်ချင်ဘူး..
    အော်ကြီးဟစ်ကျယ် အာဏာဝယ်ချင်တဲ့လူတွေကို ဘေးကအသာလက်ပိုက်ကြည့် ရယ်မောနေချင်တယ်။
    ဒီလိုပြောခဲ့ ။ သူအိပ်ပါစေတော့။

    လွတ်လပ်ရေးရပြီးရင်
    စာရေးဆရာကြီးလုပ် သူရေးထုတ်မယ့်စာအုပ်တွေကို ကျွန်တော်တို့မဖတ်လိုက်ရတာနစ်နာခဲ့ပေမယ့်
    သူအိပ်ပါစေတော့။

    လက်ကြောမတင်းသလို ကျိန်စာမိသလို လူညွန့်တုန်းသလို
    ကျွန်တော်တို့ သူ့ကိုမျှော်မိကြသေးတယ်။
    သူအိပ်ပါစေတော့။

    ‘‘အလွန်ကောင်းစွာ ကမ္ဘာတည်မယ့်
    အာဇာနည်ဗိမာန် ပုထိုးကိုဖြင့်
    ပါရမီ အဓိဌာန်တမျိုးရယ်နှင့် ရှိခိုးကာ ဆရာကန့်တော့ချင်ရဲ့’’

    သူအိပ်ပါစေတော့။

    ‘‘ဪ…တောင်နန်းမြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့
    အခေါင်မမြန်းရခင်က အောင်ပန်းညိုးရရှာတဲ့ အောင်ဆန်းတို့သေပုံ နှမြော’’။

    အဖိုးရေ
    အဖေအိပ်ပျော်ပါစေတော့
    ငယ်ငယ်က
    ဖေဖေမောလို့ အိပ်နေတယ် ပြောတဲ့သမီး ဒီမှာရှိနေပြီ
    သူကောင်းစွာ အိပ်ပျော် ကောင်းကင်ဘုံတစ်ခုခုမှာ စံပျော်နေပါစေတော့။ ။

    ခရမ်းပြာထက်လူ
    ( ၂ ဝ ၁ ၃ )

    • Mr. MarGa

      July 15, 2013 at 7:06 pm

      အလို…………
      ထပ်မံ အားဖြည့် ပေးထားသော
      ကဗျာ တစ်ပုဒ်ပါကလား…………. 😆

      • အရီးခင်လတ်

        July 16, 2013 at 8:30 pm

        ကေဇီ လေးရေ
        ရင်ထဲ မှာ ကို ခံစားရတယ်။
        အဲဒီ ကဗျာလဲ မဖတ်ဖူးဘူး။
        မျှပေးသူရော၊ အရောင်ချယ်ပေးသူ ဖိုးသကြား ကိုပါ ကျေးဇူးပါ။

        • Mr. MarGa

          July 16, 2013 at 8:38 pm

          အရီးလတ်ရေ
          တကူးတက လာပေးလို့
          ကျွန်တော်တို့ကလဲ
          ကျေးဂျူး ကဘာ……….. 😆

  • ဇူလိုင် ၁၉ ဆိုတာ …
    မြန်မာပြည်သူ ပြည်သားတွေ မျက်ရည်မိုး သွန်းဖြိုးခဲ့ရတဲ့ အတိတ်သမိုင်းထဲက အထင်ကရ နေ့ရက်တစ်ခု။
    ဒီနေ့ဒီရက် … မြန်ပြည်ရဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးတွေရဲ့ ရဲရဲနီနေတဲ့ သွေးတွေ စွန်းထင်းခဲ့ရတဲ့ နေ့ရက်။
    ထားပါတော့။ ဘာလိုလိုနဲ့ပဲ ဇူလိုင် ၁၉ ကိုတောင် ရောက်လုနီးပြီပဲ။
    ကဗျာ ဆိုတာက အနုပညာ ဖြစ်မယ်ပေါ့ …။
    ကျုပ် အနေနဲ့ ဒီကဗျာပြခန်း ကိုတော့ ဝီရ အနုပညာ ပြခန်း လို့ သတ်မှတ်ချင်တော့တာပေါ့။

    • Mr. MarGa

      July 15, 2013 at 7:52 pm

      ရှားရှားပါးပါး
      အဲသလို မှတ်ချက် ပေးခဲတဲ့ သူဆီက ကြားရတဲ့ စကားပါလားနော်
      အဲဒီ ဝီရ အနုပညာ ပြခန်း ဆိုတာကိုတော့
      တကယ် ကြိုက်သွားပြီ

  • အလင်း ဆက်

    July 15, 2013 at 9:34 am

    ကဗျာပြခန်း နဲ ့
    အာဇာနည်နေ ့ကို
    လှလှပပ တွဲဆက် ပြသွားတဲ့
    ညီငယ် သကြားးးး
    တာဝန် ကျေပါပေတယ်ကွယ် ။

    • Mr. MarGa

      July 15, 2013 at 7:58 pm

      နောက်ပြခန်းအတွက် ကြိုတင် မျှော်ထားပေတော့ကွယ်

  • Inz@ghi

    July 15, 2013 at 9:39 am

    အူးစောလက်သစ်ပေါ်နေသဒဲ့.
    အဟတ်. အဝါခြုံထားတော့.
    ဆဒ္ဒန်ဆင်မင်းဇာတ် ပြန်ကချင်တဲ့ လစ်ဘရယ် အရေခြုံတွေ
    မနည်းဘူးဆိုလား. ထားပါတော့.
    လေယူရာယိမ်းတဲ့ ကပ်တီးမူးလဲ. အိုကွယ်.
    ရီးလိုမှပဲ.

    (A) players hire (A+) players.
    (A) player တယောက်တည်းရှိပါတယ်ဆိုမှ
    အစဉ်အလာတို့ အဖေ့မျက်နှာတို့မထောက်ရင်နေပါ
    သူနဲ့ယှဉ်ရင် ကျန်တဲ့သူအားလုံးက စပိန်နဲ့ မြန်မာ့လက်ရွေးစဉ်အသင်း
    လောက်ကွာနေတာကို သိသိကြီးနဲ့. မှ. သူဘေးရောက်ပြီးရော
    ဘုရားသားဘွဲ့ခံ လူတကာရှိခိုးခံပီး ဟိတ်ခရိုင်းမ်း မွက်တဲ့ ကတုံး မှန်တယ်ထင်ရင်တော့ဗျာ
    တန်ရာတန်ရာပဲ သူငယ်ချင်းးး

    ဘွာ.
    မင်း ငါ့သူငယ်ချင်း မဟုတ်တော့ဘူးး

    မင်းတို့မုန်းတဲ့
    ကန္နားစီး.

    • Garfield

      July 17, 2013 at 12:52 pm

      အင်။
      တည့်တည့်တစ်မျိုးးး
      သွယ်ဝိုက်ပြီးတစ်မျိုးးး
      သတိတရ ပါနေတော့တာပဲ။ :mrgreen:

      တတ်နိုင်ဘူးအေ။
      ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ခံကြ စံကြရမှာပဲ။
      ပြောသာပြောရ ကျုပ် မွေးရပ်ကဟာတွေဆို ဘယ်သူ့ ရွေးမယ် ထင်နေတုန်းးးး
      ကျုပ်ဖြင့် တစ်မျိုးလုံး ကို ဆဲရတော့မလို့ဖြစ်နေပါပေါ့။ :mrgreen:

  • သူကလေး

    July 15, 2013 at 9:42 am

    ပထမဆုံးမန့်သူဖြစ်အောင် အပြေးလေးလာခဲ့တယ် သကြားရေ့
    မန့်ရင်းတန်းလန်းအလုပ်ပေါ်လာလို့ ဟီးးး
    သကြားရဲ့ အင်ထရိုလေးတင် တော်တော်သဘောကျသွားတယ်
    အသက်ငယ်ပေမယ့် ဗဟုသုတ တယ်လည်းများသကိုး တော်ပါပေတယ်ကွယ် 😀
    ကဗျာတွေက အမြည်းလေးဖတ်မိတာနဲ့တင် ဆက်ဆက်ဖတ်ချင်လာအောင် ဆွဲဆောင်နိုင်လွန်းတယ်ဟယ်
    သေချာအကုန်ဖတ်ပီးမှပဲ ဗုတ်ဒေါ့မယ်
    ၃ပုဒ်တည်းဗုတ်ရမှာဆိုဒေါ့ စိတ်တောင်ကောင်းဝူး 🙁

    • Mr. MarGa

      July 15, 2013 at 8:15 pm

      အင်
      အခုတော့ ခြောက်ယောက်မြောက် မန့်သူ ဖြစ်သွားပါလား
      နောက်တစ်ခါ ဒီထက် မြန်အောင်လာခဲပါ

  • ရွှေတိုက်စိုး

    July 15, 2013 at 9:59 am

    ဟေးဟေးဟေး သများ ဟာလေး ပါလာဘီ… သများဟာလေးပါလာဘီ………. ပြခန်းတာဝန်ရှိသူတွေ အာာာာာာာာာာာာာာဘွားးးးးးးးးးးးးးး

    • Mr. MarGa

      July 15, 2013 at 8:24 pm

      အာဘွား လိုချင်ဘူး
      သမီးလေးပဲလိုချင်တယ်
      ဟီဟိ

      • အလင်း ဆက်

        July 15, 2013 at 8:33 pm

        နှာာာာာာာာဘူးးးးးးးးး

        ( အဟိ ..ပြောလိုက်ရတာ..အားရလိုက်ထှာ.. )
        😆

        • Mr. MarGa

          July 15, 2013 at 8:49 pm

          အေး
          ဘူးရင်ဘူး မဘူးရင် ဂန်ဒူးပဲ
          ကြည့်ရတာ နီကတော့ ဒူးတယ်ထင့်တယ်နော့ :mrgreen:

        • အလင်း ဆက်

          July 15, 2013 at 8:51 pm

          သိချင် ရင်..နီ ရန်ကုန်လာရင် နာ ့အိမ်မှာ အိပ်ပါ့လား ။
          အဟိ ။
          😆

      • ရွှေတိုက်စိုး

        July 16, 2013 at 1:21 pm

        အော် သကြား သမတ်တော်ရရင် တော့ နတ်ပြည်မှာ မြေကွက်လေးဖစ်ဖစ် ရတန်ကောင်းပါရဲ…
        မရလို.ကတော့ သကြားကို အရောင်ဆိုးပြီး ဆေးသကြားလုပ်ပစ်မယ်…….ဟွင်းဟွင်း

    • သူကလေး

      July 15, 2013 at 10:39 am

      ဟွတ်ပါ့ .. အကုန်လုံးကိုကြိုက်နေဒေါ့လည်း ခက်သား
      သကြားက ရှယ်ကဗျာတွေ selection ရွေးထားသလား မှတ်ရတယ် 😀

    • Mr. MarGa

      July 15, 2013 at 8:26 pm

      ဖတ်ပါဦး
      အေးအေးဆေးဆေး ဖတ်
      အေးအေးဆေးဆေး ဗုတ်
      အဲ
      မပိတ်ခင် ဗုတ်ပါနော့

  • လူကလေး

    July 15, 2013 at 11:10 am

    ကြက်သီးထချင်ချာကဗျာပြခန်း (၅)

    ဗုတ်ပီးပါကြောင်း

    • သူကလေး

      July 15, 2013 at 2:53 pm

      ဘူ့ကိုဗုတ်လိုက်ပါလိမ့်နော် .. သိချင်လိုက်ထှာာာ ငိ ငိ

    • Mr. MarGa

      July 15, 2013 at 8:30 pm

      ကြက်သီးထချင်ချာ တော့ လုပ်ပါနဲ့
      စိတ်အား တက်ကြွချင်စရာ တော့ လုပ်လိုက်ပါ

  • Nay Chi

    July 15, 2013 at 1:55 pm

    ၆၆နှစ်ရှိပြီ… ရင်ထဲမှာရှိနေကြတုန်းပဲ..။ ဝမ်းနည်းမိသလိုလို ဂုဏ်ယူမိသလိုလိုဝေခွဲရခက်…။ ဗုတ်မယ်ဆိုပြန်တော့လဲ ကဗျာတွေကကောင်းလွန်းနေတော့ အကြိုက်ဆုံးကို ရွေးရခက်..။ နောက်မှပဲ ပြန်လာတော့မယ်..။

    • Mr. MarGa

      July 16, 2013 at 8:42 pm

      ပြန်ခဲ့ပါ……….
      ပြန်ခဲ့ပါ……….
      ပြန်လာ……..ပါနော့ :mrgreen:

  • kyeemite

    July 15, 2013 at 1:59 pm

    ၁၉ ဇူလိုင်ကဗျာအမှတ်တရပြခန်းလေးအင်မတန်ကောင်းလှပါတယ်..
    ကဗျာလက်စွမ်းပြထားသူရွာသူားတွေကိုလည်း ချီးကျူးလေးစားစွာ
    ဗုတ်သွားပါဂျောင်းးး 😆

    • အလင်း ဆက်

      July 15, 2013 at 2:06 pm

      ဗုတ်ကြပါ ဗုတ်ကြပါ
      ပြခန်းတာဝန်ခံ သကြားက ဗုတ်တဲ့သူတွေကို
      ကံစမ်းမဲ ဖောက်ပေးပါမယ် ဒဲ့

      အင်း ကံစမ်းမဲထဲမှာ ချစ်သုဝေတို ့
      ဝတ်မှုန်ရွှေရည် တို ့ ပါရင်ကောင်းမယ်

      😆

      • သူကလေး

        July 15, 2013 at 2:52 pm

        မဖွားမေတော့မပါတာသေချာတယ် ယောကျာ်းနောက်လိုက်သွားပြီတဲ့ 😀 ငိငိ

    • Mr. MarGa

      July 16, 2013 at 8:52 pm

      တကူးတက လာရောက်ကြည့်ရှု ခံစားသွားလို့
      ကျေးဂျူး တင်ပါဂျောင်း

  • အလင်း ဆက်

    July 15, 2013 at 3:33 pm

    မဖွားမေ က ရေထမ်းရောင်းတဲ့ သာအေးနဲ့ လိုက်သွားတာနေမှာ

    ရ က် စက်လိုက်တာ မဖွားမေရာာာာ

    မဖွားမေလေး တော်လှ တော်လှ ဆိုနေတဲ့ကြားက
    ငရုတ်ဂျပွေ ့ကို မော်တော်ဆိုင်ကယ်စီးးးထွက်တယ်
    ပန်းကန်ပြားကို ကား လုပ်စီးပြီး ထွက်တယ်

    ကလောက်
    (တောက်ခေါက်သံ)

    • Mr. MarGa

      July 16, 2013 at 8:55 pm

      လုပ်ကြပြီ
      စိန်ကောင်းကျောက်ကောင်း ရောင်းနေတုန်းမှာ
      ဆေးရိုးသည် ဝင်မလာနဲ့ :mrgreen:
      ဒီတစ်ခါ ပြခန်းမှာ ချစ်သုဝေတင်မက မဖွားမေကိုပါ ပြောခွင့် ပိတ်ပါတယ်ဗျို့ :mrgreen:

  • TNA

    July 15, 2013 at 4:01 pm

    ကဗျာတွေတော်တော်လေးကောင်းတယ်။ အချိန်ယူဖတ်လိုက်အုံးမယ်။

    • Mr. MarGa

      July 16, 2013 at 8:59 pm

      အချိန်ယူ ဖတ်နိုင်ပါတယ်
      တစ်ခုပဲ
      ဗုတ်မပိတ်ခင်တော့ မဲပေးကြပါခည :mrgreen:

  • သူကလေး

    July 15, 2013 at 4:53 pm

    ဟဲ့ သကြားရေ
    လုပ်ပါအုံးဟ ကျုပ် တစ်ပုဒ်ကို ဗုတ်လုပ်တာ
    please choose an answer first ဆိုပီး error တက်နေဒယ်တော့်
    ၃ပုဒ်လုံးရွေးပြီးမှ ဗုတ်ရမယ့်သဘောလား 🙁

    • Mr. MarGa

      July 16, 2013 at 9:02 pm

      တစ်ပုဒ်ထဲ ရွေးရင်တောင်မှ ရပါတယ်
      ကြည့်ရတာ လက်က ကောင်းကောင်း မမိလို့ ထင်ပ

  • ဦး ကြိမ်

    July 15, 2013 at 5:38 pm

    အရေးကြီး ကိစ္စလေးရှိနေလို့ နောက်နေ့မှ ဖတ်ပါရစေ………ဒါနဲ့စကားမစပ်
    ဦးမာဃ နတ်ပြည်ဘယ်တော့ပြန် ကြွမယ်စိတ်ကူးလဲ
    ၁၅၀ဝ တန်တယ်လီဖုန်းလေးနတ်ကြုံပေးလိုက်ချင်လို့ပါ….
    မဲနိူက်ရင်တော်တော်နဲ့ ပေါက်မှာမဟုတ်လို့
    လူကြီးဆီကအမြတ်ပေးပြီးဝယ်ထားရတာ
    ပြန်ကြွမယ်ဆို ပြောဗျို ့…….။

    • Mr. MarGa

      July 15, 2013 at 6:32 pm

      လောလောဆယ်တော့ လူ့ပြည်က မခွာနိုင် ဖြစ်နေပါတယ်ဗျာ

  • โทรศัพท์มือถือ

    July 15, 2013 at 6:36 pm

    ကျနော်က တော့ ထုံးစံအတိုင်း မျက်နှာနာနေတဲ့ သုံးပုဒ်ကိုပဲ ဗိုတီ လုပ်ထားခဲ့ပါတယ်

    • Mr. MarGa

      July 16, 2013 at 9:03 pm

      ကိုရင် မျက်နှာနာတာ များလှချေလားဗျ

  • ရွှေ ကြည်

    July 15, 2013 at 9:42 pm

    လော့ အင် မလုပ်ပဲ ဗုတ် လိုက်မိပြီ ဘိုလုပ်ရမလဲ ထပ်ဗုတ်ရမလားပြောကြပါဦး

    • โทรศัพท์มือถือ

      July 15, 2013 at 11:41 pm

      လော့ခ်အင်မလုပ်ပဲ ဗိုတီ လုပ်လို့ ရဟန်မတူပါဘူးးးးးး
      ကျနော်လည်း မနက်ကလော့ခ်အင် မလုပ်ရသေးပဲ ဗိုတီ လို့မရလို့. ပြီးမှပဲ ဗိုတီ လိုက်တော့တယ်

    • Mr. MarGa

      July 16, 2013 at 9:05 pm

      လော့အင် မဝင်ဘဲ ဗုတ်နိုင်ပါဂျောင်း
      :mrgreen:

  • Ma Ma

    July 16, 2013 at 8:45 am

    ဗုတ်ပြီးပါကြောင်းးးးးးးးး

    အချိန်အခါနဲ့ လျှော်ညီစွာ အာဇာနည်နေ့ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဂုဏ်ပြုကြတဲ့ ကဗျာအဖွဲ့သားတွေကို ချီးကျူးပါတယ်။

    ခေါင်းစဉ်တွေကြည့်တာနဲ့တင် စိတ်ဝင်စားစရာကောင်းပါတယ်။
    စီစဉ်တင်ဆက်သူကလည်း သိကြားမင်းပေကိုးးးးးးးးးးး

    ဆက်လက်၍ အောင်မြင်နိုင်ကြပါစေလို့လည်း ဆုတောင်းပေးပါတယ်။

    • Mr. MarGa

      July 16, 2013 at 9:07 pm

      စီစဉ် တင်ဆက်သူက သိကြားမင်း လို့တော့ လုပ်လိုက်ပါနဲ့
      ကျွန်တော် လုပ်တာ ဆိုလို့
      ပို့စ် လေးပဲ တင်တာပါ
      (ဒါတောင် လွဲလွန်းလို့ ပြန်ပြင်ရတာ အတော်များတယ်ဗျ :mrgreen: )

  • ဗုံဗုံ

    July 16, 2013 at 9:27 am

    အကြိုက်ဆုံးသုံးပုဒ် ဗုတ်ပြီးပါကြောင်း
    ဖတ်ရင်းနဲ့ကို ကြက်သီးထလောက်အောင်
    ကဗျာရေးတဲ့သူက တော်လိုက်တာ…

    • အလင်း ဆက်

      July 16, 2013 at 9:30 am

      အဟိ
      ဘယ်ကဗျာများပါလိမ့် မိဗုံရယ်
      ရင်တုန်လိုက်ထာ

      • ဗုံဗုံ

        July 16, 2013 at 1:07 pm

        ပေါပါဘူး…. ပေါပြရင် မုန့်ကျွေးမှာလား
        လာခဲ့ တိုးတိုးလေးပြောပြမယ်.. (#$%^&)
        သိပြီလား.. ဦးလေးဝက်..အဲ. ဦးလေးဆက် :mrgreen: :mrgreen:

        • အလင်း ဆက်

          July 16, 2013 at 2:50 pm

          အော်
          သူ ကိုးးးးးးးးး
          😆

          သိဘာဘီ မိဗုံးးးရယ်

    • Mr. MarGa

      July 16, 2013 at 9:09 pm

      အာဆေးဖြစ်တဲ့ မဲကလေးများလဲ ပေးခဲ့တယ် မဟုတ်လားဟင်

  • ဒါ…ရွာထဲက ကူးထားဖူးတဲ့ ကဗျာပါ..

    *********

    ခဏခဏ အသတ်ခံရတယ် ၊ ဘယ်တော့မှ မသေဘူး ။

    ဟောဒီမြို့ကလေးမှာ …
    တည်းခိုခန်းတွေ ဘာပြုလို့ မရှိတာတုန်း ။
    အမြန်လမ်းမကြီးက ဘာပြုလို့ မဖြတ်တာတုန်း ။
    ဘူတာရုံကလေးက ဘာပြုလို့ စုတ်ပြတ်နေတာတုန်း ။
    ဘာပြုနေတာတုန်း ၊ ဘာကို ပြုနေတာတုန်း ၊ ဘာတွေကို ပြုနေကြတာတုန်း ၊
    ပြုခြင်းဟာ မရှင်းမလင်း …… ။

    သဲချောင်းကြီးကနေ ကုန်းရုန်းတက်၊ ချုံတွေ ကြားမှာ ဆိုင်းဘုတ်ကလေးတွေ့မယ်။
    ပြောချင်တာက …
    ချုံတွေ ကွယ်ထားတယ် ဆိုင်းဘုတ်ကို
    မကွယ်နိုင်ဘူး သမိုင်းကို … အဲ့လို။

    ဒါဟာ လူထူးလူဆန်း တစ်ယောက်ကို ငုံထားတဲ့ မြို့ပေါ့ ။
    မကောင်းတာလုပ်သူတွေ စောင့်ရှောက်ခံရပြီး
    ကောင်းတာလုပ်သူတွေ စောင့်ကြည့်ခံရတဲ့ ခေတ်မှာ စနစ်မှာ
    အမှန်တရားကို သူ့ဆီက အမွေရတယ်။

    ”မောင်ဖာ … မင့်သားဟာ ဆူဆူပူပူနဲ့ အကျိုးပေးမဲ့ သားပဲ” တဲ့ ..
    လူကြီးသူမတွေ မှန်းတာ မမှားခဲ့ဘူး ။

    အသက်(၂၀)မှာ စာမူတွေကို ဒိုင်ခံဖတ်၊
    အက်ဆေးတစ်ပုဒ်အတွက် ကျောင်းထွက်ခဲ့တဲ့ သူ့ကို
    အခုတော့ ညလုံးပေါက် အရက်ဆိုင်တွေ ၊
    ဂိမ်းဆိုင်တွေက ခနဲ့တဲ့တဲ့ ပြုံးတယ်။

    ရည်းစားစကား မပြောရဲလို့ ဆေးရုံပေါ်က ဆင်းပြေးတဲ့ သူ့ကို
    ”အချိန်ပိုင်း တည်းခိုနိုင်သည်” ဆိုတဲ့ ဆိုင်းဘုတ်က လက်ညှိုးထိုးပြီး ရယ်တယ်။
    သမီးကလေး ခမည်း ပေးဖို့ ရွှေကလေး တစ်ပဲ၊တစ်မူး အတွက်
    နယ်မြို့လေးဆီ ပြန်တက်၊ အမွေတောင်းတဲ့သူ့ကို
    လက်မှတ်တစ်ချက်ထိုး သိန်းငါးထောင် ဆိုသူတွေက မျက်စိတစ်ဖက်မှိတ် ပြောင်ပြတယ်။

    ရွှေဘိုက အငြိမ့်မင်းသမီး ညိုညိုယဉ်နဲ့ အတွေ့၊ စာရိတ္တသတိ္တကို လှစ်ခနဲအပြ
    ”ကျုပ်မှာ ကာမပိုင်နဲ့ ဗျ” တဲ့ ။
    ဒါကို ကောင်မလေးတစ်သိုက် ရင်ဘတ်ထဲ ဒေါ်လာတွေ ထိုးညှပ်ထည့်ပေးနေသူက
    လက်ခုပ်လက်ဝါး တီးပြီး လှောင်တယ်။

    သူက ရုံးသွားရင်း ကားပေါ်ကဆင်း လမ်းဘေးမှာ အကြော်စားတော့
    အထူးယာဉ်တန်းနဲ့ တိုက်ပစ်လိုက်သူက သေသွားတဲ့ ဆိုက်ကားသမား မိသားစုကို တရားစွဲတယ်။
    သူက နိုင်ငံအကြောင်းစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတော့
    ”ညီမလေး .. ရေစုံမီးစုံပြုစုပေးကွာ ၊ မုန့်ဖိုးပေးမယ်” ဆိုသူက
    မျက်လုံးမှိတ်ရင်း မထီမဲ့မြင်လုပ်တယ်။

    တစ်ဆင့်ခံနဲ့ ပြောတဲ့ ရည်းစားစကားက
    ”’ကျုပ်မှာ အချိန်မရှိဘူး ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ် ၊ ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ”’ တဲ့ ။

    ပထမတော့
    ရယ်ချင်စရာကြီး
    ပြုံးချင်စရာကြီး /
    သဘောကျချင်စရာကြီး /
    အားနာချင်စရာကြီး /
    အူယားချင်စရာကြီး ။
    နောက်တော့
    မဲ့ချင်စရာကြီး
    လေးစားချင်စရာကြီး
    ငိုချင်စရာကြီး
    ကြည်ညိုချင်စရာကြီး /
    ရင်ထဲ ဆို့ချင်စရာကြီး ။

    ၃၂ နှစ်သားကလေးဟာ …
    နှုတ်ခမ်းမွှေး ပေါက်မသွားဘူး၊
    ကျည်ဆန် ၁၃ တောင့်ရသွားတယ်။
    အဝတ်အစားကောင်းကောင်း မရှိဘူး၊
    သွေးအိုင်ထဲ လဲ နေတယ်။
    ဗိုက်မရွှဲသွားဘူး၊
    ဗိုက်ရွှဲကြီးတွေက မနာလိုတယ်။

    ခဏခဏ အသတ်ခံရတယ်
    ဘယ်တော့မှ မသေဘူး ။
    သတ်ကွင်းနေရာ
    ( ငွေစက္ကူ ၊ နံရံပေါ် ၊ သီချင်းထဲ ၊ စာအုပ်ထဲ ၊ ပန်းချီထဲ ၊ နှလုံးသားထဲ ) ။

    ”ကျုပ်နဲ့ ကိုယ်ကျင့်တရားချင်း ယှဉ်ချင်တဲ့လူ လာဗျာ” တဲ့ ..
    ၉ရ နှစ်နှစ် ရှိပြီ .. ။
    ခေတ် ( ၄ ) ခေတ်လောက်ရှိပြီ .. ။
    ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲသေးဘူး ။

    မလှုပ်ရဲသေးဘူး ၊ မြုပ်နေတုန်း
    မလှုပ်ဝံ့သေးဘူး ၊ မြုပ်နေတုန်း
    မလှုပ်ကြသေးဘူး ၊ မြုပ်နေတုန်း
    လှုပ်ဖို့ မကြိုးစားဘူး ၊ မြုပ်နေတုန်း
    လှုပ်လေ မြုပ်လေ မဟုတ်
    ငါတို့ဟာ မလှုပ်လေ အောက်ဆုံးထိ စုံးစုံးမြုပ်လေပေါ့ ။
    ကျုပ်တို့ဟာ ရာဇဝင်မှာ အဆဲခံရမဲ့ လူစားတွေလား
    ရာဇဝင်မှာ အရေးခံရမဲ့ လူစားတွေလား
    မျက်ရည်တွေတွေ ကျရင်း ပြန်စဉ်းစား ………………။

    အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ
    တိုင်းရင်းသား အပေါင်းတို့ မမေ့မလျော့ ကြကုန်နှင့်
    သတိတရား နဲ့ ပြည့်စုံကြကုန် ။
    ဟိန်း (17.7.2012)

  • Garfield

    July 16, 2013 at 1:45 pm

    ထိုနေ့က ဝန်ကြီးများအစည်းအဝေးသည် အတွင်းဝန်များရုံး အဆောက်အဦး ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတွင် ဂ ငယ်ပုံ အစည်းအဝေးစာပွဲကြီး၌ နံနက် ၁ဝ နာရီခန့်အချိန်တွင် စတင်ကျင်းပရာ ထိပ်စာပွဲအလယ်၌ ဗိုလ်ချုပ်အောင်ဆန်းထိုင်သည်။ ဗိုလ်ချုပ်၏ လက်ဝဲဖက်၌ ဝန်ကြီးများအဖွဲ့
    အတွင်းဝန် ဦးရွှေဘော်သည်လည်းကောင်း ၊ လက်ယာဖက်စာပွဲ၌ သခင်မြ ၊ ဦးရာဇတ် ၊ ဒီးဒုတ်ဦးဘချို ၊ဦးဘဝင်း နှင့် မန်းဘခိုင် တို့ အစဉ်အတိုင်းသည် လည်းကောင်း ၊ လက်ဝဲဘက်စာပွဲ၌ ဦးဘဂျမ်း ၊ဦးအောင်ဇံဝေ ၊ ပျော်ဘွယ်ဦးမြ ၊ မိုင်းပွန်စော်ဘွားကြီး တို့ အစဉ်အတိုင်းသည် လည်းကောင်း ထိုင်ကြပြီးလျှင်လက်ယာဖက် သခင်မြတို့ စာပွဲထိပ်ရှိ ကုလားထိုင်၌ အစည်းအဝေးတွင် စဉ်းစားသောကိစ္စနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာန၏ အတွင်းဝန်က ထိုင်ရသည်။
    နံနက် ၁ဝ နာရီ မိနစ် ၃ဝ ခန့်တွင် လူသတ်သမားများရောက်လာချိန်၌ ဝန်ကြီးများ အစည်းအဝေးတွင်ရှိနေသော အလှည့်ကျ အစိုးရအတွင်းဝန်မှာ ဦးအုန်းမောင်ဖြစ်သည်။ ဦးအုန်းမောင် ရောက်လာပြီးသုံးလေးမိနစ်ခန့်အကြာတွင် လူသတ်သမားများ ရောက်လာခြင်းဖြစ်သည်။ အစည်းအဝေးအစီအစဉ်အရ ထိုအချိန်သည် ဦးအုန်းမောင်၏ အလှည့် မကျရောက်သေး။ သံအမတ်ဟောင်း (ထိုအချိန်က အတွင်းဝန်) ဦးကြင်၏ အလှည့် ဖြစ်သည်။ ဦးအုန်းမောင်က မိမိတွင် အခြားအရေးကြီးသော ကိစ္စတခု ရှိနေသေးကြောင်း ဦးကြင်အားပြောပြခွင့်ပန်ပြီးလျှင် အစည်းအဝေးသို့ ဦးစွာလာ၍ သူရေးထားသည့် သယ်ယူပို့ဆောင်ရေး စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြထားခြင်း ဖြစ်သည်။ အကယ်၍သာ အစည်းအဝေးအစီအစဉ်အတိုင်း စဉ်းစားဖြစ်လျှင်(သို့တည်းမဟုတ်) လူသတ်သမားများ ငါးမိနစ်ခန့်စော၍ ရောက်လျှင် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့်ရင်နင့်ဖွယ်ကိစ္စတွင် ဦးအုန်းမောင်၏ အသက်တချောင်း အဆစ်ပါသွားခဲ့မည် မဟုတ်ပေ။
    ထိုနေ့က ကျွန်တော်ထိုင်သော နေရာသည် လူသတ်သမားများ ဝင်လာသောတံခါးကို မျက်နှာမူလျက် ဖြစ်သည်။ တံခါးစောင့်ရုံးစေကို ဖယ်ရှား၍ တံခါးကိုတွန်းပြီးဝင်လာကြသော စစ်ဝတ်စုံဝတ် လူသုံးလေးယောက်ကို မြင်ရသောအခါ ကျွန်တော်၏စိတ်၌ အရေးတကြီးကိစ္စတခုအတွက် ဗိုလ်ချုပ်ထံသို့ သတင်းပို့ရန် လာခြင်းဖြစ်မည် ၊ဒို့လူတွေဟာ နားမလည်ချက် ဆိုးရွားလှသေးသည် ၊ ဝန်ကြီးများ အစည်းအဝေးခန်းထဲ လာတာတောင် သေနတ်တွေ အပြင်မှာမထားခဲ့ဖူး ၊ ဗိုလ်ချုပ်အား သူ့လူတွေ ဤကဲ့သို့ နောက်မလုပ်ရန် ဆုံးမထားပါဟုပြောဦးမည် စိတ်ကူးနေစဉ် ရှေ့ဆုံးမှဝင်လာသူသည် အစည်းအဝေးစာပွဲကြီး၏ ဂ ငယ်ပုံအဝမှဝင်၍ အလယ်၌ ခြေစုံရပ်ပြီးလျှင် ဗိုလ်ချုပ်အားစ၍ ပစ်လေတော့သည်။ ဗိုလ်ချုပ်သည် ထိုင်ရာမှထ၍ လက်ကာပြပြီးလျှင် တခုခု အော်၍ပြောသည်။ ကောင်းကောင်းနားမလည်လိုက်ပါ။ လူသတ်သမားများ ပစ်ခတ်နေစဉ် ဗိုလ်ချုပ်သည် သူ၏လက်ယာဖက် နောက်ဆွယ်တွင်ရှိသေူ ရုံးစာပွဲသို့သွားရာမရောက်မီ စာပွဲ ၂ ခုအကြား၌ ကျဆုံးခဲ့လေသည်။
    ဗိုလ်ချုပ်အား စတင်ပစ်ခတ်ချိန်၌ ဦးရွှေဘော်နှင့် ပျော်ဘွယ်ဦးမြတို့သည် ပြတင်းပေါက်မှကျော်၍ အစည်းအဝေးခန်းမနှင့် ကပ်လျက်ရှိသော ဦးရွှေဘော်၏ ရုံးခန်းသို့ ထွက်ပြေးလွတ်မြောက်ကြလေသည်။
    ကျွန်တော်သည် ပစ်သည်ကိုမြင်လျှင်မြင်ချင်း ကြမ်းပြင်ပေါ်သို့မှောက်၍ အိပ်ချလိုက်ပြီးလျှင် လက်ဝဲဖက်တွင် ကပ်လျက်ထိုင်နေသူ ဦးအောင်ဇံဝေ၏လက်ကို ဆွဲ၍ချလိုက်သဖြင့် ကျွန်တော်တို့နှစ်ယောက် တပြိုင်တည်းလောက် ကြမ်းပြင်ပေါ်၌ မှောက်လျက်သား ဖြစ်သွားကြပါသည်။
    လူသတ်သမားများသည် ဗိုလ်ချုပ်နှင့် သခင်မြတို့ စာပွဲရှိ လူများအား ပစ်ပြီး၍အားရမှကျွန်တော်တို့ထိုင်ရာဖက်သို့ ပစ်သဖြင့် ဗိုလ်ချုပ်အား မဲ၍ပစ်နေစဉ် ဦးရွှေဘော်နှင့် ပျော်ဘွယ်ဦးမြတို့ပြေးချိန်ရခဲ့သည်။ ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့မှာ ကြမ်းပြင်ပေါ်၌လဲလျက်ရှိနေသဖြင့် ကျပြီထင်၍ များများအပစ်မခံရ။ ထိုင်လျက်ရှိနေသူများကိုသာ အာရုံပြု၍ ပစ်ခတ်ကြသည်။ ထိုင်သူများအား အတော်အားရလောက်အောင် ပစ်ခတ်ပြီးသည့်နောက် စာပွဲဝိုင်းအလယ်၌ဝင်၍ ပစ်သူသည် ဒူးထောက်၍ ကျွန်တော်တို့ဖက်သို့ ဝှေ့ရမ်းပစ်ခတ်သေးသည်။ ထိုသို့ ပစ်ချိန်တွင် ကျွန်တော်၏ လက်ယာဖက် လက်သူကြွယ်ထိပ်ကို ထိမှန်ခဲ့လေသည်။ အုတ်နံရံမှ ပြန်၍ဝင်လာသော ကျည်ဆံဖြစ်သည်ဟု ယူဆခဲ့ပါသည်။
    အပစ်အခတ်များရပ်စဲ၍ လူသတ်သမားများ ပြန်ဆုတ်စဉ် အခန်းတွင်းမှ မထွက်သေးမီ ဦးအောင်ဇံဝေသည် အိပ်နေရာမှ ထထိုင်ပြီး ” သေကုန်ကြပြီ ၊ သေကုန်ကြပြီ ” ဟု ထိမှန်ကြသူများအား လက်ညှိုးညွှန်၍ ဝမ်းနည်းပက်လက်ညည်းညူနေသဖြင့် ထပ်ပစ်နေဦးမည်ဟု ပြောပြီး ဆွဲလိုက်မှ ပြန်လှဲချလိုက်ပါသည်။

    – ဦးဘဂျမ်း (“ဂျူလိုင် ၁၉ လုပ်ကြံမှုကြီး ကိုယ်တွေ့ကြုံသူတို့၏ပြောကြားချက်များ”)

  • Garfield

    July 16, 2013 at 1:47 pm

    ၁၉၄ရ ခုနှစ် ဂျူလိုင်လ ၁၉ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် ကျွန်ုပ်ကိုယ်တိုင် တခဏတာမျှ ခံစားလိုက်ရသော အတွေ့အကြုံနှင့် အနိဌာရုံမြင်ကွင်းမှာ ကျွန်ုပ်၏ တသက်တာတွင် မည်သည့်နည်းနှင့်မျှ မေ့၍ မရနိုင်တော့ပေ။
    သေနတ်သံများ စဲသွားပြီးနောက် လူသတ်သမားများထွက်သွား၍ အသံပလံများ ဆိတ်ငြိမ်သွားသောအခါတွင်မူ ကျွန်ုပ်နှင့် ဝန်ကြီးဦးဘဂျမ်းတို့သည် ဝမ်းလျားမှောက်နေရာမှ ထပြီး စာပွဲပတ်ဝန်းကျင်ကို ကြည့်မိကြသည်။ ကျွန်ုပ်မှတ်မိသောမြင်ကွင်းကို ဖော်ပြရလျှင် ပေ ၄ဝ ခန့်မျှရှိသော ခန်းမကြီးတခုလုံး ဆီးနှင်းများ ကျသကဲ့သို့ ယမ်းငွေ့များ တထောင်းထောင်းနှင့် ဖုံးလွှမ်းနေပြီး ကျည်ဆံများကလည်း ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲ၍ နေပေသည်။
    ဗိုလ်အောင်ကျော်လမ်း ( ထိုစဉ်က စပတ်လမ်း ) ဖက်သို့ မျက်နှာပြုထားသော ဂငယ်သဏ္ဍာန် စာပွဲထိပ်နှင့် ခပ်လှမ်းလှမ်းကြမ်းပြင်ပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းမှာ တုံးလုံးလဲလျက်ငြိမ်သက်နေသည်။
    စာပွဲလက်ယာဖက်တွင် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းက သူ၏ ကုလားထိုင်ပေါ်တွင်ပင်ထိုင်လျက် စာပွဲပေါ်သို့ ကုန်း၍လက်ထောက်ထားပြီး ပါးစပ်မှ သွေးများ ယိုစီးကျနေသည်။ စာပွဲလက်ဝဲဖက်တွင် ထိုင်နေကြသော ဝန်ကြီး သခင်မြသည် စာပွဲထိပ် လက်ဝဲဖက်ထောင့် စာပွဲအောက်နား၌ မှောက်လျက်လဲနေရာ သေဆုံးနေပြီဟု ယူဆရသည်။ ဝန်ကြီး မစ္စတာ ရာဇတ် ၊ ဝန်ကြီး ဒီးဒုတ်ဦးဘချို ၊ ဝန်ကြီး ဦးဘဝင်းနှင့်ဝန်ကြီး မန်းဘခိုင်တို့သည် သူတို့ထိုင်မြဲ ကုလားထိုင်များတွင်ခေါင်းငိုက်စိုက်ကျလျက် ငြိမ်သက်နေကြသည်။
    မစ္စတာ ရာဇတ်နှင့် ဒီဒုတ်ဦးဘချိုတို့ နှစ်ဦးတည်းသာ မသေဆုံးကြသေးပဲ အနည်းငယ်စီ အသက်ရှုရှိုက် လှုပ်ရှားနေသည်။ စာပွဲ၏ လက်ယာဖက် ကျွန်ုပ်နှင့် မိုင်းပွန်စော်ဘွားကြီး အကြားတွင်ထိုင်နေသော ဝန်ကြီး ပျော်ဘွယ်ဦးမြနှင့် စာပွဲထိပ် ဗိုလ်ချုပ်အောင်ဆန်း လက်ယာဖက်တွင်ထိုင်နေသော အတွင်းဝန်ဦးရွှေဘော်တို့ နှစ်ဦးစလုံးမှာ အပြင်ဖက်သို့ အချိန်မီရောက်ရှိသွားနိုင်ခဲ့ကြသဖြင့် အသက်ဘေးမှ လွတ်မြောက်သွားခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ဝဲဖက်တွင်ထိုင်သော တတိယအတွင်းဝန် ဦးအုန်းမောင်မည်သည့်ပုံစံဖြင့် သေဆုံးနေသည်ကိုမူ မမှတ်မိတော့ပါ။

    – ဦးအောင်ဇံဝေ (နိုင်ငံတော် လုပ်ကြံမှုကြီး ၊ ပြည်ထောင်စုနှင့် ဦးစော စာအုပ်မှ)

  • Garfield

    July 16, 2013 at 2:19 pm

    ဒီစကား (Vol.2 No.27)

    အာဇာနည်နေ့ ကဗျာများအနက် ကျွန်မအနှစ်သက်ဆုံးကဗျာတစ်ပုဒ်ကတော့ ဆရာဇော်ဂျီ ၁၉၆၄ ခုနှစ်ကရေးခဲ့တဲ့ “ပြောလိုက်ပါဘိ၊ ဟောပါဘိ” ဖြစ်ပါတယ်။ အတိတ်၊ ပစ္စုပ္ပုန်၊ အနာဂတ်ကို ဆက်ထားတဲ့ ကဗျာဖြစ်ပါတယ်။ ၁၉၄ရ ခုနှစ်၊ အာဇာနည်နေ့က ကျွန်မတို့ပြည်သူပြည်သားများရဲ့ ခံစားမှုကို စပ်ဆိုထားပုံမှာ ကဗျာဖတ်သူပါ ဝိုင်းဝန်းခံစားနိုင်လောက်အောင် ထိမိပါတယ်။

    ထိုနေ့၌ပင်၊ ထိုချိန်ထင်၏
    သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်
    ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏
    မြေခသတင်း၊ မိုးကြိုးခွင်းသို့
    အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌
    မချင့်မရဲ၊ ဝမ်းနည်းခံခက်
    မျက်စိမျက်နှာ၊ ညှိုးကျရှာသည်
    ရွာဦးပိုင်းမှ သင်္ချိုင်းထိ

    ဆရာဇော်ဂျီက အတိတ်အတွက် လွမ်းဖို့၊ ဆွေးဖို့ကိုသာ ကဗျာကိုစပ်ဆိုခဲ့ တာမဟုတ်ပါဘူး။
    ခေတ်လူငယ်များ အနာဂတ်အတွက် ဘယ်လိုမျှော်မှန်း သင့်တယ်ဆိုတာ ကိုပါ လမ်းညွှန်ပေးခြင်းဖြစ်ပါတယ်။

    ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
    မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်
    သူတို့ခေတ်၌
    တိုင်းချစ်ပြည်ခင်၊ မြတ်စေချင်၏
    မင်းမြင်ငါကြား၊ စကားဥဒါန်း
    ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ
    ဆန်း၏ပညာ၊ ဆန်းမှာဆုံပေါင်း
    ယောက်ျားကောင်းတို့၊ ခေါင်းဆောင်သဘော
    မင်းသားချောကို
    ပြောလိုက်ပါဘိ၊ ဟောပါဘိ။

    အာဇာနည်ခေါင်းဆောင်များရှိသင့်တဲ့ အရည်အချင်းတွေကို ထောက်ပြထားပါတယ်။ တိုင်းပြည်ကိုချစ်ခင်ပြီး မြင့်မြတ်တဲ့ လူငယ်များဖြစ်လာစေဖို့ သတ္တိ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံအောင် ကြိုးစားကြရပါမယ်။ ကြိုးစားတယ်ဆိုတာကလည်း တစ်ရက်၊ တစ်လ၊ တစ်နှစ်လောက်မဟုတ် အသက်ထက်ဆုံးဖြစ်ပါတယ်။ ကလေးဘဝမှ လူငယ်အရွယ်ရောက်သည်အထိ လူငယ်မှတဖန် လူလတ်၊ လူကြီး။ တကယ်တော့ အဘိုးအို၊ အဘွားအိုဖြစ်သည့်တိုင်အောင် ဆက်လက်ကြိုးစားနေကြရမှာပါ။ အာဇာနည်တွေဆိုတာ လောကီရေးရာမှာသာမက လောကုတ္တရာအရလည်း ရှိကြပါတယ်။ ဒါကြောင့် အရွယ်မရွေး အာဇာနည်စိတ်ဓာတ်၊ တစ်မျိုးပြောရရင် မေတ္တာ အရင်းခံတဲ့ သတ္တိ၊ သမာဓိ၊ ပညာတို့ကိုတွဲပြီး အများအကျိုးအတွက် စွန့်စားရဲတဲ့ စိတ်ဓာတ်တွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ မိဘဆရာတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။

    ငယ်ငယ်ကသင်ခဲ့ရတဲ့ သင်ခန်းစာတွေဟာ တစ်သက်စိတ်ထဲ၊ နှလုံးသားထဲမှာ စွဲသွားတတ်ပါတယ်။ ကျွန်မတို့နိုင်ငံလို ဆယ်စုနှစ်နဲ့ချီပြီး ဆင်းရဲခဲ့တဲ့ တိုင်းပြည်မှာ လူကြီးမိဘတွေက ရုပ်ပိုင်းဆိုင်ရာချမ်းသာမှုကို အလေးပေးသင်ကြားကြတာဟာ မထူးဆန်းပါဘူး။ ဒါပေမဲ့လည်း ကျွန်မတို့ရဲ့ ယဉ်ကျေးမှုအရ အာဇာနည်စိတ်ဓာတ်ကို တန်ဖိုးထားမှုကတော့ ရှိနေဆဲပါဘဲ။ အာဇာနည်စိတ်ဓာတ်အစစ်ဟာ ဘာဆိုတာကိုသာ သိကြဖို့လိုပါတယ်။ ၁၉၆၈ခုနှစ်မှာ ဆရာဇော်ဂျီရေးခဲ့တဲ့ အာဇာနည်နေ့ ဆန္ဒကဗျာထဲမှာ “တိုင်းကျိုးလိုလို၊ ဘာလိုလိုနဲ့” ကိုယ်ကျိုးကိုသာ ပိုက်ထားတဲ့ ဒေါသအမိုက်တွေကြောင့် အာဇာနည်များကျဆုံးခဲ့ရတာကို ထောက်ပြထားပြီး ဩဝါဒပေးတာက-

    ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
    မင်းကပြန်ပြောင်း၊ မင့်သားကောင်းကို
    အကြောင်းစုံသိ၊ မင့်ဝန်ရှိ၏
    ရှိပါကတဲ၊ သူ့စိတ်ထဲ၌
    တိတ်စွဲသောက၊ စွဲဒေါသသို့
    မကြွစေချင်၊ ပြေစေချင်၏
    ပညာအသိ၊ သတိဖြစ်ရေး
    အတွေးမှန်ကန်၊ နိုင်ငံလူထု
    ကိုသာရှု၍
    ပြုစေချင်၏ ပြုပါဘိ။

    ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်တပည့်သားရင်းတွေကို ခက်ခဲတဲ့ အာဇာနည် လမ်းလျှောက်လှမ်းနိုင်စေမယ့် စိတ်ဓာတ်တွေသွင်းပေးကြရပါမယ်။ အဲ့ဒီလို စိတ်မျိုးဟာ အမှန်တကယ့်ကို တစ်ဘဝအတွက် သုံးမကုန်တဲ့ အမွေအနှစ်ဖြစ်သွားမှာပါ။ တကယ်တော့လည်း အာဇာနည်စိတ်ဓာတ်ဆိုတာ ရိုးရိုးလေးပါဘဲ။ အမှန်တရားဘက်က မေတ္တာ၊ သတ္တိနဲ့ ရပ်တည်ခြင်း၊ အာဇာနည်ဆိုတာ ရဟန္တာမဟုတ်တော့ မှားကောင်းမှားမိပေမယ့်လည်း ဆက်လက်ပြီး မေတ္တာ၊ သတ္တိနဲ့ ဘဝကို ရင်ဆိုင်သွားခြင်းတို့ပါပဲ။

    ဒီတစ်ပတ်တော့ ဒီမျှသာ။

    အောင်ဆန်းစုကြည်
    ~~~~~~~~~~~~~~~~
    မနေခြည် အပင်ပန်းခံ စာရိုက်ထားတာကို ကူးလာတာ၊။ :mrgreen:

    • အရီးခင်လတ်

      July 16, 2013 at 8:39 pm

      ဒီစကားတွေလိုမျိုး အဘ တို့ ဆီက ထွက်လာရင် သိပ်ကောင်းမှာဘဲ။
      မောင်သစ်ဆင်း ဝင့်ကြွားလို့ ရမှာ။
      အခုတော့ 👿

      • Nay Chi

        July 16, 2013 at 9:37 pm

        အရီးခင်လတ်ရဲ့ ဒီစကားတွေလိုမျိုး အဘ တို့ ဆီက ထွက်လာရင် သိပ်ကောင်းမှာဘဲ။
        မောင်သစ်ဆင်း ဝင့်ကြွားလို့ ရမှာ။
        အခုတော့ 👿 ဆိုတဲ့ ကွန်မန့်လေးဖတ်မိတော့ မိတ်ဆွေတစ်ယောက်ရဲ့အမေ ပြောဖူးတာလေး သတိရတယ်..။

        ဒေါ်အောင်ဆန်းစုကြည်က ဒီစကားဆောင်းပါးတွေ အပတ်စဉ်ရေးနေတာ အနှစ်သာရရှိလိုက်တာ..။ ဦးသိန်းစိန်ကြီးကတော့ တခါလာလည်း ဒီစကား တခါလာလည်းဒီစကား ဘာမှအကျိုးမရှိတဲ့မိန့်ခွန်းတွေပဲ အက်ကြောင်းထပ်နေတယ်တဲ့..။ 🙂

      • Mr. MarGa

        July 17, 2013 at 12:55 pm

        အသား မကျကြသေးလို့ပါ…………….
        စောင့်ပါဦးနော့ 😆

  • အရီးခင်လတ်

    July 16, 2013 at 8:37 pm

    ဒီတစ်ခါ ဖိုးသိကြား ကိုယ်တိုင်ပါရောလား။
    ဒီလ ဒီအချိန် မှန်းပြီး လုပ်ကြတာ အားလုံးကို မလေးစား၊ မချီးမွမ်းဘဲ မနေနိုင်ဘူး။
    ကလေးတွေ တကယ်တော်ကြပါတယ်။
    ကဗျာတွေ အားလုံးကောင်း တယ်။
    နောက်မှ ပြန်ဖတ်ပြီး ဝုတ်မယ်။
    ဘာရွေးရမယ် မသိနိုင်သေးလို့။

    ကိုယ့်ခေတ်မှာ ညံ့နေလို့ ဆရာဇော်ဂျီ ကို အားနာမိသွားတာတော့ သိတယ်။

    • Mr. MarGa

      July 17, 2013 at 12:50 pm

      အရီးရေ့
      အလှည့်ကျ ချဲနေကြရင်း ကျွန်တော့်အလှည့် ရောက်သွားတာဗျ
      အရီးတို့က ညံ့တယ် ဆိုရင်
      ကျွန်တော်တို့က ဘယ်လို ပြော ရမှာလဲ ဟင်…………….
      ကျွန်တော်တို့က ပိုပါတယ်ဗျာ

  • ရဲစည်

    July 17, 2013 at 9:23 am

    ပီးဘီ …

  • Garfield

    July 17, 2013 at 12:46 pm

    တက္ကသိုလ်ဘုန်းကြွယ်၏ဗိုလ်ချုပ်အောင်ဆန်းဆိုတာ……………ဖတ်ကြည့်ပါ အနှစ်တွေအများကြီးဘဲ….

    အောင်ဆန်း အောင်ဆန်း

    မြန်မာပြည်ရဲ့ အမှောင်ခန်းကို

    အလင်းတန်းပေးခဲ့တဲ့သူ။

    နယ်ချဲ့လက်အောက်

    ဖက်ဆစ်လက်အောက်က

    လွတ်မြောက်အောင်တိုက်ယူပေးခဲ့တဲ့သူ။

    အဆောင်ဆောင် ကြငှါန်းနဲ့

    အခေါင်မမြန်းရခင်က

    အောင်ပန်းညို့ရရှာတဲ့

    အောင်ဆန်းတို့သေပုံနှမြော

    ပြောခဲ့တဲ့သခင်ကိုယ်တော်မှိုင်း

    သမိုင်းရာဇဝင် ပြင်လို့မရ

    လူ့လောက အလယ်မှာ

    နှစ်သုံးဆယ်သာသာတာ

    နေလာခဲ့ရရှာပေမယ့်

    ကမ္ဘာမှာ မြန်မာရယ်လို့

    တင့်တင့်တယ်တယ် ဖြစ်လာအောင်

    စွမ်းဆောင်ပေးခဲ့တဲ့ အောင်ဆန်း၊

    အရပ်ကပုကွကွ

    မျက်နှာထားက ဘုကျကျနဲ့

    တုမရတဲ့ မူရုပ်

    အဟုတ်ကိုအလုပ်လုပ်တဲ့ အညာသား

    ဘီအေကျောင်းသား စကားကအနည်းသား

    ပြောများပြောမိရင် မရပ်မနား

    နတ်မောက်သားဇာတိ

    အမိဒေါ်စု အဘဦးဖာတို့ရဲ့သား

    အားအားမနေ တိုင်းပြေ(ပြည်)အတွက်

    မပြတ်အလုပ်လုပ် အဟုတ်ကိုဇွဲရှိ

    သတ္တိကလဲ နှစ်ယောက်မရှိ

    လုပ်မိပြီဆိုလျှင် နောက်မဆုတ်တမ်း

    ခေါက်တုံ့ လှမ်းနေရင်းတောင်

    မသေမချင်းတိုက်ရမဲ့လွပ်လပ်ရေးအကြောင်း

    မွတ်ငတ်ဘေးက

    မလွတ်သေးတဲ့ပြည်သူတွေအကြောင်း

    ခေါင်းကဆံပင်ညှပ်မပြီးခင်မှာတောင်

    လုပ်ဆောင်စရာပေါ်လာရင်ထွက်သွားတတ်သူ

    အကွက်များရလိုက်တာနဲ့ဖိနပ်တောင်

    ယောင်မှားပြီး ဗြောင်းပြန်စီးတတ်တဲ့သူ

    သဘောဖြူ မနောဖြူလိုက်ပုံများ

    ကြွားမကြွားလိုက်ချင်

    သူ့အားတွေ့ချင်လွန်းလို့

    လမ်းမှာတားတဲ့ရွာသားတွေနဲ့အတူ

    ကြည်ကြည်ဖြူဖြူ အကြော်တူတူစားတဲ့သူ။

    တိုင်းရင်းသားလူမျိုးတွေကြားမှာ

    သူတို့အဝတ်အစား ဝတ်သွားပြီး

    သူတို့နဲ့အတူတူပျော်ပါးတတ်တဲ့သူ။

    တကယ်တော့ အောင်ဆန်းဟာ

    ဟန်ဆောင်သမားမဟုတ်

    ရိုးသားပြီး သွေးမကြီး။

    ရိုးသားတဲ့နေရာမှာ

    ရိုးရိုးဗမာထက်သာ။

    တိုက်ရဲတဲ့နေရာမှာလည်းဲ

    ရိုးရိုးဗမာတွေထက်ကဲ။

    ရရင်ရ မရရင်ချမဲ့ အောင်ဆန်း

    အမြင်ကြမ်းပေမယ့်

    အတွင်းဘန်းအလွန်နူးညံ့တဲ့သူ။

    ချစ်ဇနီးအပေါ် ခေါ်လိုက်တာများ

    ကြည်ရေ ရနိုင်ရင် ပဲပြုတ်နဲ့နံပြား

    စားချင်သတဲ့….ဗိုလ်ချုပ်ကဇနီးလှအပေါ်

    အမိန့်ပေးပြီး အဓမ္မမခေါ် ခဲ့ဘူးပါ။

    အောင်ဆန်းနောက်ကို

    ယောင်ရမ်းပြီးတကောက်ကောက်

    လိုက်ကြတယ်မထင်နဲ့

    သူ့တိုက်ပြနေတဲ့လွတ်လပ်ရေး

    သူခေါင်းဆောင်ပေးနေတဲ့အရည်အသွေး

    သူ့အရေး သူ့အမျိုး သူ့အကျိုးထက်

    မြန်မာတမျိုးလုံးအတွက်ဆိုတာ

    အားလုံးကသိကြတယ်။

    အရေးကြီး သွေးနီးဖို့

    စုစည်းအားနဲ့ တချက်မှ ညည်းမထွားဘဲ

    တသီးတခြား ကြီးကြီးမားမားဖြစ်အောင်

    အောင်ဆန်းက စည်းရုံးနိုင်ခဲ့တယ်။

    သူ.အရည်အချင်းကို

    မယွင်းအမြင့်အခေါင်

    အတင်းပင့်ဆောင် နိုင်တဲ့အတွက်

    ခက်ခဲတဲ့ လွတ်လပ်ရေးတိုက်ပွဲကြီး

    မလွဲပြီးမြောက်

    အောင်မြင်ခြင်းခရီးရောက်ခဲ့သပေါ့။

    မြန်မာတတွေ လွတ်လပ်မြေမှာ

    ဒါ ဒို့ပြေ(ပြည်) ဒါ ဒို့မြေလို့

    မသွေမုချ ပြောနိုင်ကြတာ

    အဖ ဗိုလ်ချုပ်အောင်းဆန်းရဲ့ကျေးဇူးပါ။

    မြန်မာ့တပ်မတော်ကို ဖန်ဆင်း

    အသက်သွင်း

    မွေးဖွားပေးခြင်းဆိုတဲ့ဂုဏ်ပုဒ်ကို

    ဖေါ်ထုတ်ပေးလိုက်တဲ့သူဟာလည်း

    ဗိုလ်ချုပ်အောင်ဆန်း အောင်ဆန်းဗိုလ်ချုပ်ပါ။

    “ရဲဘော်သည် ပြည်သူတွေအတွက်

    ပြည်သူသည် ရဲဘော်အတွက်မဟုတ်ပါ”တဲ့

    ဗိုလ်ချုပ်စကား မှတ်မိသေးရဲ့လား

    ပြည်သူပြည်သားတွေအတွက်

    မွေးဖွားပေးခဲ့တဲ့မြန်မာတပ်မတော်ဟာ

    ယနေ့ ပြည်သူတွေကိုမတော်မတရား

    စော်ကားပြီး ဖိနပ်စာကျွေး

    အသက်ပါစတေးတဲ့ ခွေးမသား

    လူသတ်သမား လူထုတွေကိုသတ်တဲ့

    လူထုသတ်မတော် ဖြစ်သွားပါရော့လား။

    ကျေးဇူးရှင်တွေကိုကျေးစွပ်တဲ့အပြင်

    ရာဇဝင် သမိုင်းစဉ်ကိုတောင်

    ပြင်ချင်တဲ့အကောင်တွေ။

    ခုတော့ အရိုင်းအဆိုင်းတွေက

    အသိုင်းအဝိုင်းတွေနဲ့ ဝိုင်းဝိုင်းပြီး

    ပိုင်းချ ရိုင်းပြ လိုက်ပုံက

    “အောင်ဆန်းရိုသေ-ထောင်နန်းခွေ”

    “အောင်ဆန်းအလေးပြုသူပုန်းအမှု”ဆိုပြီး

    ကျေးဇူးကန်းပြီး မေတ္တာတွေခမ်းတဲ့ဘီလူးတွေ

    အရူးချီး(ချေး)ပန်း

    ငရွှေ အီးနမ်းတဲ့ စွမ်းအားရှင်တွေ

    အမြင်ပါလွဲ ဖင်ပါကွဲမယ့် ကြံ့ဖွံ့သရဲတွေ။

    ငါ့စကားလုံးတွေက ဗုံးလို

    လုံးလုံးလျားလျားပေါက်ထွက်သွားပြီ

    သောက်ရှက်မရှိတဲ့ ငတိတွေက

    ကောက်ချက်ကြည့်လဲ ကြည့်စေတော့

    ဖိလို့ဖုံးလို့မှ မရတော့တဲ့ဟာပဲ။

    သေချာစဉ်းစား ဘဝင်မှာကင်းသွားသလို

    အယွင်းအမှား မဖြစ်စေနဲ့

    ဖြစ်လာရင် မသွေ ကင်းကိုက်

    သေတွင်းဆိုက် မှာသေချာပါတယ်။

    သင်တို့တတွေ ရပ်တည်နေတဲ့မြေဟာ

    အာဇာနည်တွေရဲ့ ချွေးနဲ့

    ဆေးခဲ့လို့ ရခဲ့တဲ့မြေ ဆိုတာ မမေ့နဲ့။

    သင်တို့စားနေတဲ့ ထမင်းဟာလဲ

    အာဇာနည်သွေးနဲ့ ရင်းပေးခဲ့လို့

    ရခဲ့တဲ့ထမင်းဆိုတာ မမေ့နဲ့။

    ဒီကမ္ဘာမှာ ဗမာရယ်လို့ဖြစ်လာဖို့

    အာဇာနည်တွေရဲ့အလောင်းတွေနဲ့

    ပြောင်းလဲပို့ဆောင်ပေးခဲ့တယ်ဆိုတာမမေ့နဲ့။

    နောင်လာနောင်သား မျိုးဆက်များကိုလဲ

    အမွေစားအမွေခံ ဧကန်မလွဲ

    စိတ်ထဲစွဲသွားရမှာက အောင်ဆန်းစိတ်ဓါတ်

    မွန်မြတ်တဲ့ အောင်ဆန်းစေတနာ

    သွေမကွာ ပေါက်ဖွား

    တောက်ကြွားးလာမှာက

    အောင်ဆန်းကိုယ်ပွား

    အပိုမကြွားဘဲ အလိုလိုများလာပါလိမ့်မယ်။

    အောင်ဆန်းသေပေမဲ့ သူ့စိတ်ဓါတ်မသေ

    ကုဋေကဋာ နေရာတကာမှာ

    မိုလိုပေါက်လာပါလိမ့်မယ်။

    အမှန်တရားသည်

    အောင်ဆန်းဖက်တော်သား

    ဒီမိုကရေစီအားသည်

    လူထုဖက်မှာဖွား

    ကြီးမားတဲ့အားနှစ်အား

    စုစည်းထားသမို့

    ပြည်ထောင်စုကြီးသားတို့

    ကြွားးရွားဧကန် အောင်ပွဲခံလိမ့်မယ်။

    ဗိုလ်ချုပ်စကား ကြားရုံနဲ့မပြီး

    သူလျှောက်ခဲ့တဲ့ခရီး သူ့လုပ်နည်းလုပ်ဟန်

    သူ့ပုံသဏ္ဍာန်ကို အမှန်အတုခိုး

    လူမျိ်ုးစုတွေကြားသွားပြီး

    တသားထဲနေ တရေထဲသောက်

    မကြောက်မရွံ့ နောက်မတွန့်ဘဲ

    စွန့်လွှတ်မှုမှန်သမျှ ရှေ့ဆုံးက

    စံပြအလုပ် အဟုတ်ပင်လုပ်ပြ

    ပါးစပ်ကပြောပြီး-မပြီး

    အလုပ်ကြီးနဲ့ သက်သေပြခဲ့သူ။

    ဤသို့သောသူ အတုယူ

    ညီတူအားကျ အားထုတ်ကြ

    ပြည်လှဖို့အရေး မဝေးတော့ပါ

    ဗိုလ်ချုပ်မွေးနေ့မှာ အဓိဌာန်ချကြပါ။

    ဒါဒို့ပြည် ဒါဒို့မြေ ဒို့ကာကွယ်မလေ။

    ဒို့ပြေ(ပြည်) ဒို့မြေ အဖိုးတန်ပေ။

  • Garfield

    July 17, 2013 at 8:47 pm

    ◄ ၁၃ ►

    ကိုင်ရိုက ပြောတယ်
    အစိုးမရတဲ့ အစိုးရကို ဖြုတ်ချနိုင်တယ်တဲ့။

    အင်္ဂလိပ်ဆာ ဂျပန်ဆာ လွတ်လပ်ရေးဆာပြီး ကျွတ်ထွက်လာသလား
    … သူပုန်လောင်းလေး ထိန်လင်းလာတယ် ၁၉၁၅ ရဲ့ကောင်းကင်ကြီး။

    နတ်ဆိုးတွေ ဖျောက်ထားခဲ့ပေမယ့်
    နတ်ကောင်းနတ်မြတ်တွေ ပြန်လည် တူးဖေါ်တွေ့ရှိခဲ့တဲ့ နတ်မောက်မှာ
    နတ်သက်ကြွေပြီးရောက်လာခဲ့သလား။

    ကောင်းကင်ကြီးကိုလှည့်ပတ်မော့ကြည့်လိုက်တော့
    အလုအယက်ထွန်းတောက်နေတဲ့ နက္ခတ်တာရာတွေ ကမ္ဘာမြေကို ဝိုင်းရံလို့။
    ဘုရားရေ
    ဘုရားပွင့်မှာလား။

    ပေရွက်တစ်ရွက်မှာ
    မွေးနေ့ရယ် မွေးရက်ရယ် အချိန်နာရီတွေရယ်ကို password တစ်ခုလိုရိုက်ထည့်လိုက်တယ်။
    ပြီးတော့
    သူ့အဖေက အော်တယ်
    ကောင်းတယ်ဟေ့
    နေ့ကလည်း စနေသား
    ကောင်းတယ်ဟေ့
    ရာဇာ့ကလည်း ရာဇာ့ဖွား
    ကောင်းတယ်ဟေ့
    ဘယ်လောက်ထက်ပြီး ဘယ်လောက်ကြောက်စရာကောင်းမယ့် ကလေးလည်း

    ကောင်းတယ်ဟေ့
    ကောင်းတယ်ဟေ့
    ကောင်းတယ်ဟေ့

    နယ်ချဲ့ဆီ တဖြေးဖြေးလောင်ကျွမ်းတိုးဝင်သွားတဲ့ တောမီး
    အဲ့ဒီနေ့ကစပြီး ကောင်းတယ်ဟေ့ဟာ ကောင်းကောင်းကြီး ထကစ်တော့တာပဲ။

    ဆာဆာနဲ့ သူ အင်္ဂလိပ်ကို စားပစ်ခဲ့တယ်
    ဆာဆာနဲ့ သူ ဂျပန်ကို စားပစ်ခဲ့တယ်
    ဆာဆာနဲ့ သူ လွတ်လပ်ရေးကို စားမယ်ပြင်တုန်း
    သစ္စာဖေါက်
    ကျည်ဆံ ၁၃ တောင့် နဲ့အသားထဲကလောက်တွေ
    ဘုရားသောက်မယ့်ရေကို ပစ်ခွဲချလိုက်တယ်။

    အဲ့ဒီနေ့က စပြီး ငါတို့ဆာလောင်မှုဟာလည်း အတောမသတ်တော့။
    ဒီနေ့အထိ သွေးအိုင်ထဲက လွတ်လပ်ရေးကို ပြန်ကောက်လို့မရခဲ့ပေမယ့်
    ကျွန်တော်တို့ကောင်းကင်မှာ
    ငွေသော်တာရောင်ခြည် ထိန်လင်းလျက် ၊ ထိန်လင်းဟာ ဆက်လက်လင်းထိန်လျက်ရှိပါကြောင်း။ ။

    ခရမ်းပြာထက်လူ

    ( ၂ ဝ ၁ ၃ )

  • Garfield

    July 17, 2013 at 8:49 pm

    ► ဦးအောင်ဆန်း ဂဠုန်ဦးစော မေလှမြိုင်နဲ့ ငါမင်းကိုသတ်ချင်တယ် ◄

    ရွှေဖလားရောင် ဘန်ကောက်လုံချည် ပိုးအကျႌနဲ့ ဆံပင်ကိုတိတိရိရိဖြတ်ထားတယ်
    ဖိုင်တွဲနဲ့စာအုပ်တွေကို မြန်မာပြည်မြေပုံကိုပိုက်ထားသလို ပွေ့လို့။ တစ်ယောက်တည်း
    တက်လာတယ် အတွ…င်းဝန်ရုံးအပေါ်။ ဒီနေ့ သူသိပ်လန်းနေပေါ့လေ ။ လေတောင်ချွန်နေသလားမသိ။

    စစ်ဝတ်စစ်စားနဲ့မဟုတ်
    ကိုယ့်လူတွေရဲ့ဝိဉာဉ်နဲ့ရန်သူ့ရဲ့သွေးတွေကပ်ပါနေတဲ့ စစ်ဝတ်စစ်စားနဲ့မဟုတ်။

    အရပ်သားဝတ်စုံ
    လွတ်လပ်ရေးနဲ့အပြီးအပိုင်လက်ထပ်တော့မယ့် သတို့သားလောင်းရဲ့ဟန်ပန်
    အမြင်ဆန်း အသွင်ဆန်း ကျွန်တော်တို့ရဲ့ ဦးအောင်ဆန်း။
    လေပြည်လေညင်းလေးတွေ ခိုးနမ်းချင်စရာကောင်းလောက်အောင် ကောင်းကင်ဆန်နေတဲ့ ဦးအောင်ဆန်း။

    ဘရင်းဂန်းအလက်(၂၀၀)ခိုးထုတ်သွားသတဲ့
    လေပြည်လေညင်းလေးတွေကို ပစ်သတ်ဖို့
    နံ့သာတောအုပ်ကြီးတစ်ခုကို ပစ်သတ်ဖို့
    ပဒေသာပင်ကြီးကို ပစ်သတ်ဖို့နဲ့ မစားရတဲ့အမဲ သဲနဲ့ပက်ကြဖို့။

    ယုံကြည်မှုဟာ ဝီရိယလွန်သွားသလား
    ရေကာတာကြီးတွေစောင့်ကန်တွန်းဖွင့်ပြီးဝင်လာတဲ့မုန်တိုင်း
    ချစ်ခြင်းမေတ္တာဟာအထွတ်အထိပ်ရောက်သွားခဲ့သလား
    တောင်ကျချောင်းရေတွေလို့ ပျံဝဲပြေးဝင်လာတဲ့ ကျည်ဆန်များ
    ဟေ့ လက်ကိုတားကာ ငါမပြီးသေးဘူး
    ဟေ့ ဒါ ခုမှ စမှာ ဟေ့ အော်လိုက်သလား နောက်ကျသွားခဲ့ပေါ့။

    ပြေးဝင်လာတယ် အနက်ရောင် နတ်ဆိုးများ
    ပြေးဝင်လာတယ် အနက်ရောင် တိမ်တိုက်များ
    ပြေးဝင်လာတယ် အနက်ရောင် ကျီးကန်းများ
    ပြေးဝင်လာတယ် အနက်ရောင်ထဘီစကြီးလည်ပင်းပတ်လို့
    အနက်ရောင်မျက်မှန်အနက်ကြီး မျက်လုံးစွပ်လို့ ။ ပြောပြဦးမယ်
    ပြေးဝင်လာတယ် အနက်ရောင်ဝတ်ရုံကြီးခြုံလို့ ပြောရဦးမယ်
    အနက်ရောင် ထဘီကြီးထဲက အနက်ရောင်ချုံခိုတိုက်ခိုက်မှုနဲ့ ထွက်ကျလာတဲ့ အနိဌာရုံများ။

    ဘယ်သူလည်း သိလား သား
    မစ္ဆေရိယစိတ်နဲ့ စိတ်ကြိုက်လိင်တူ ဆက်ဆံခဲ့သူကြီး။
    ဘယ်သူလည်းသိလား သမီး
    ၅တန်းနဲ့ပြိုင်တိုင်း ဘယ်တော့မှ အနိုင်မရခဲ့သူကြီး။
    ဘယ်သူလည်း သိလားသား
    ဆန်ကုန်မြေလေး လူကြီးပြီး အချိန်မစီးခဲ့သူကြီး။
    ဘယ်သူလည်း သိလားသမီး
    ဂလုံ ဂလုံ နဲ့ အဆံချောင် အချောင်ကြံခဲ့တဲ့ ဂဠုန်ကြီး။
    ဘယ်သူလည်း သိလားသား
    အကြံကုန်လို့ ဂဠုန် ဆားချက်ခဲ့သူကြီး
    ဘယ်သူလည်း သိလား သမီး
    တနင်္ဂနွေဂဠုန် ငရဲမီးတွေ ငုံလာခဲ့သူကြီး။

    ကျုပ်ပိုက်ဆံအိတ်ကို ခွဲသွားတာထက်
    ကျုပ်နှလုံးသားကို ခွဲထုတ်ယူသွားခဲ့တဲ့ သူခိုးဓါးပြကြီး။
    ငါသေတဲ့အခါ သင်းရှိတဲ့နေရာလိုက်ရှာပြီး
    ထပ်ကာထပ်ကာ သံသရာအဆက်ဆက် ကိစ္စလိုက်တုံးပစ်ရမယ့်သူကြီး။

    တကမ္ဘာလုံးအတွက် တစ်ရက်စောသွားခဲ့သူကြီး
    သခင်မြနဲ့ဦးဘဂျမ်း သင်းအကြံကို ဒီနေ့အစည်းအဝေးမှာ မတင်ပြနိုင်ခင် ခင်ဗျားဦးသွားခဲ့လေခြင်း

    ဘာပဲဖြစ်ဖြစ် အာဇာနည်တွေကိုသတ်တာဟာ ဘုရားစင်ကိုဖြိုတာပဲ
    ဥဩဆွဲသံတွေကိုသတ်တာဟာ ငါတို့နှလုံးသားတွေကို သေနတ်နဲ့ပစ်တာပဲ
    ခင်ဗျားတို့သတ်ခဲ့တယ်
    ဒါပေမယ့် ဥဩဆွဲသံတွေဟာ နေ့တိုင်း စက္ကန့်တိုင်း မိနစ်တိုင်းနဲ့ ရာသီတိုင်းမှာ
    ငါတို့ရင်ထဲကသွေးကြောတွေထဲ ရထားအစီးစီးခုတ်မောင်းသလို ပြေးလွှား

    မေလှမြိုင်ရဲ့ ‘‘အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါပေ’’ အဲ့ဒီဆွေးဆွေးမြေ့မြေ့ အသံကြားရင်
    မီးလောင်ပေါက်ကွဲပြီး အရှိန်လွန် ကျိုးပေါက်တက်လာတဲ့ရေနံတွင်းတစ်တွင်းလို

    ငါ မင်းကို သတ်ချင်တယ်
    ငါ မင်းကို သတ်ချင်တယ်
    ငါ မင်းကို သတ်ချင်တယ်သီချင်းကို ချက်ချင်းကြီးကီးချိန်းသွား အားလုံးမီးဟုန်းဟုန်းတောက်သွားတယ်။ ။

    ခရမ်းပြာထက်လူ

    ( ၂ ဝ ၁ ၃ )

  • Garfield

    July 17, 2013 at 8:50 pm

    ► ငါ့နာမည် ထိန်လင်း ◄

    ဟင်းချက်နည်း အမျိုးမျိုးကို မင်းတို့ အသည်းအသန်တွေးခေါ်နေချိန်မှာ
    သူပုန်ထနည်း အမျိုးမျိုးကို အကြိတ်အနယ်ငါစဉ်းစားနေခဲ့တယ်။

    နေမဝင်အင်ပါယာကြီးက
    … ညည ငါ့အဖိုးဗိုလ်လရောင်ရဲ့ခေါင်းကိုဖြတ်ပြီး ငါ့ရှေ့မှောကဒရွတ်ဆွဲခေါ်လာနေခဲ့တယ်။

    အဖွားပြောပြတဲ့
    ပုံပြင်တွေ ဇာတ်လမ်းတွေ သရဲတစ္ဆေဝတ္ထုတွေထဲ ငါရလိုက်တာက
    ဦးမင်းရောင်ဆိုတဲ့ အမှောင်မှာဘယ်တော့မှယောင်ကိုင်းမသွားနိုင်တော့မယ့်
    ငါ့အတွက်အမြဲတမ်းသစ်နေမယ့် စစ်ပွဲတစ်ခုကိုဖွင့်ဖို့ခလုတ်တစ်ခုပဲ။

    ရိုးသားမှုဆိုတာ
    အသားမပါပဲ အရိုးချည်းသက်သက်ရာက်လာတတ်ပေမယ့်
    ရိုးသားရတာ အရသာရှိတယ်လို့ ဘယ်သူကရိုးရိုးလေး ငါ့ခန္ဓာကိုယ်ထဲ ရိုက်သွင်းသွားပါလိမ့်
    အစ်မ(အမေ့)ကို ငါအော်ပြောခဲ့တယ် ‘‘လိမ်ပြောတာ မကောင်းဘူးလို့’’။

    ငါ့ကို စကားသိပ်မပြောဘူးတဲ့
    တိုင်းချစ် ပြည်ချစ် မျိုးချစ်စိတ်တွေ ငါ့အတွင်းမှာတဒီးဒီး တဝီးဝီးစီးဆင်းနေတာကိုငါငေးမောနေမိလို့
    ငါ့အပြင်မှာ တဝါးဝါးတဟားဟားဖြစ်နေတာတွေကို ငါမကြားလိုက်မိနေတာလား။

    အဖိုးရေ
    ကျွန်တော်ဟာ အဖိုးရဲ့ မြေးအနှစ် သွေးအစစ် သွေးအသစ်ပါဗျ။
    မြစ်တွေဟာ မြင်းတွေလိုစိုင်းလာလည်း
    ကျွန်တော် ရအောင်ကူးမယ် ညောင်ဦးဖီးဟာ ကျွန်တော့်ရဲ့ဇာတ်လိုက်ပဲ။

    တွေ့ကြသေးတာပေါ့
    ခင်ဗျား အိတ်ကပ်ထဲက ဖေါင်တိန်ကို ဗြုတ်ကနဲ ကျွန်တော်ဆွဲမဖြုတ်ခင်
    ကျုပ်ပြဒါးရှင်လုံးထဲမှာ ခင်ဗျား မွှမွှကြေအောင် သွက်သွက်ခါလည်ပေရော့လို့
    ငါ့ စိတ်ကူးကို ဆူးရော ချိုပါတပ်ထားပေးလိုက်တယ်။

    မှတ်ထားဦး
    အဖေ ရှင်ဘုရင်ဖြစ်လို့ သားရှင်ဘုရင်လိုက်ဖြစ်လာတာမဟုတ်ဘူး
    ငါ့အစ်ကိုအောင်သန်းဖြစ်လို့ သူ့ညီငါ အောင်ဆန်းဖြစ်လာတာ။

    ငါ့နာမည် ထိန်လင်း
    စိန်တွင်းကြီးတွေလောက်တော့ သနားတယ်။ ။

    ခရမ်းပြာထက်လူ

    ( ၂ ဝ ၁ ၃ )

  • Garfield

    July 17, 2013 at 8:52 pm

    ကဗျာတွေ ဒီ မှာ လာ စုထားချင်လို့ လာထားလိုက်တာ။
    မျက်စိမနောက်နဲ့နော်။ :mrgreen:

    • Mr. MarGa

      July 17, 2013 at 9:06 pm

      ပြောဖို့ သီသီကလေးပဲ လိုတော့တယ်
      ကဗျာပြခန်း မို့ သက်သာသွားတယ်မှတ်ပါ 😆
      ဆက်ရှာလိုက်ဦး :mrgreen:

      • Garfield

        July 17, 2013 at 9:28 pm

        သကြားက သူများအပြစ်ပြောဖို့ပဲ။
        ကော်မန့်လာလည်းပေးရသေးးး
        ကဗျာလည်း လာပေးရသေးတယ်။
        တော်ပြီ။
        ဒါနောက်ဆုံးပဲ။ မမန့်တော့ဘူးးးးး 🙁

        ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`
        ဦးစော ခင်ဗျား သတ်လိုက်တာ ၉ ယောက်ထဲ။
        ဒါပေမယ့် သေသွားတာ
        ၆၀၀၀၀၀၀၀…… (နတ်ဆိုး)

        • Mr. MarGa

          July 18, 2013 at 1:32 pm

          မေးဘရဇီ
          အဲ့တုန်းက လူဦးရေက သန်းခြောက်ဆယ် ပြည့်သလား ဟင်င်

        • Garfield

          July 18, 2013 at 1:38 pm

          အေးးးး
          မွေးနှုန်းတွေ တွက်ပြီး ပြောတာလားမသိ။
          ငိငိငိ။ :mrgreen:

        • Nay Chi

          July 18, 2013 at 8:11 pm

          သန်း ၅ဝလေ..။ ပြခန်းကဗျာတစ်ပုဒ်ထဲမှာပါတယ်..။

  • Nay Chi

    July 18, 2013 at 11:37 am

    ပဲပြုတ်နဲ့နံပြား ကနေ
    နောက်ထပ်လူကြိုက်အများဆုံး
    “ဖာနိုင်ငံ”
    အဲဒါကလွဲရင်
    ကျန်တာ မကြည့် မသိ မလုပ်
    ၁၉၄ရ ကတည်းက
    ကွေးခဲ့တဲ့လက်ညှိုးတွေ
    အခုထိ ပြန်မဆန့်နိုင်သေးမှတော့
    ဗိုလ်ချုပ်ကို ပြန်ခေါ်မလာနဲ့
    သွေးမျက်ရည်ဟာ
    တစ်ကြိမ်ထက်ပိုရင်
    မြေနာတယ်…။

    by: နက္ခတ်နီ

    • Mr. MarGa

      July 18, 2013 at 1:31 pm

      နောက်ကျတယ် ဒဏ်ကြေးကောက်မယ်

  • Garfield

    July 18, 2013 at 3:13 pm

    ၁၉၄ရ ခုနှစ် ၊ ဇူလိုင်လ ၁၉ရက် ၊ နံနက် ၁ဝ နာရီ ၃ရ မိနစ်
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    ဆုတံဆိပ်များ ဘဏ့်ကဒ်များ ရတနာသိုက်ရှာဖွေရာမြေပုံကားချပ်များ

    ထားပါတော့။

    ထရပ်ကားကြီးတစ်စီး စပိန်နွားရိုင်းတစ်ကောင်လိုဂမူးရှူးထိုး ကိုယ့်တည့်တည့်ကြီးပြေးလာနေတယ်ဆိုပါစို့။

    ထားလိုက်ပါ။

    တနင်္ဂနွေမရောက်ခင် စနေရဲ့တုန်ခါမှုကြီး။

    ထားလို့မရ။

    ဂေါတမဗုဒ္ဓမြတ်စွာဘုရား ဓမ္မစကြာတရားဦးစအဟောမှာ

    မဟာပထဝီမြေကြီးတုန်ခါသွားသလို သစ္စာလေးပါး ကမ္ဘာမြေကြီးပေါ်ပြန့်ကျဲသွားတဲ့စနေနေ့မျိုးမဟုတ်။

    ထားလို့မရ။

    ၁၉၄ရ ခုနှစ်

    ဘယ်တော့မှ နေမဝင်သွားတဲ့ နေ့စွဲတစ်ခုဟာ

    တစ္ဆေသရဲတစ်ကောင်ရဲ့လျှာတစ်ချောင်းလို ကျွန်တော်တို့အိမ်နံရံတွေပေါ်မှာ ရွှဲရွှဲစိုစီးကျလို့

    ကျွန်တော်တို့နှလုံးသားတွေကို ကနေ့အထိထိုးလျက်နေဆဲ ။

    ဇူလိုင်လ ၁၉ ရက်

    အဝတ်စတစ်စကိုဆုတ်ဖြဲသလို ကျောက်တုံးကို အဲ့ဒီနေ့ကဆွဲဆုတ်လိုက်

    လမ်းပေါ်ကိုလူတွေ အစိတ်စိတ်အမွှာမွှာပြဲဆင်းလာတယ်။ အဲ့ဒီနေ့က

    စနေနေ့

    ဘုန်းကြီးတွေ ပုလိပ်တွေ စစ်သားတွေ အရပ်သားတွေနဲ့အတူ

    သူ့အမေအရင်းသေတာတောင်

    ဘယ်လိုငိုရမှန်းမသိတဲ့ outsider ထဲက မားဆိုးဆိုတဲ့ကောင်တောင်ပါသေးမယ်ထင်ရဲ့ အဲ့ဒီနေ့က။

    နံနက် ၁ဝ နာရီ ၃ရ မိနစ်

    မပြောပါနဲ့ အဲ့ဒီနေ့အကြောင်း

    ပြည်သူက ပိုးမွေးသလိုမွေးခဲ့ရတဲ့ သူတို့အကြောင်း

    မပြောပါနဲ့ အဲ့ဒီနေ့အကြောင်း

    သေမင်းကတောင်သေမှာကြောက်လို့ ပိုးမွေးသလိုပြန်မွေးခဲ့ရတဲ့ သူတို့အကြောင်း

    မပြောပါနဲ့ အဲ့ဒီနေ့က

    လွတ်လပ်ရေးကတောင် မလွတ်လပ်မှာကြောက်လို့ ပိုးမွေးသလိုမွေးလာခဲ့ရတဲ့ သူတို့အကြောင်း။

    အဲ့ဒီနေ့ကလူတွေအားလုံး ပခုံးဆစ်ရိုးတွေပြုတ်ထွက်သွားတာကို

    ၁၉ ဇူလိုင်က တွေ့ခဲ့တယ်

    မြို့ကြီးများ ကိုင်းပင်များကွေးညွှတ်ကျသလို ကိုင်းကျသွားခဲ့ကြတာကို

    ၁၉ ဇူလိုင်က တွေ့ခဲ့တယ်

    အဲ့ဒီနေ့က

    မိခင်တစ်ယောက်ရဲ့ရင်သားများပြုတ်ထွက်သွားသလို ဒီမြေပုံကြီးရပ်ကျန်ခဲ့ပုံကို

    နို့ဆာပြီးလူးလွန့်ကျန်ရစ်ခဲ့တဲ့မီးတွင်းထဲကထွက်ကာစ ကလေးတစ်ယောက်လို

    ဒီ ၁၉ ဇူလိုင်ဟာ ကောင်းကောင်းတွေ့ခဲ့ရ။

    Nut တွေအားလုံးအဖြုတ်ခံထားရတဲ့ ကားတစ်စီးဟာ

    ရှိသမျှနတ်ကောင်းနတ်ကောင်းမြတ်အားလုံးကိုတွန်းချ

    (အဲ့ဒီနေ့ကစပြီး)

    မိုးတသဲသဲရွာပြီး သွေးတပွက်ပွက်အန်နေတဲ့လမ်းမကြီးပေါ်မှာ

    နောက်ထပ် ဘယ်သူ့မှလူမထင် ဘယ်မှတ်တိုင်မှ ဒင်း(သင်း)မရပ်

    သေနတ်တွေ တုတ်တွေ ဓါးတွေ မီးခြစ်တွေကိုင်ပြီး လီဗာကိုတစ်ဆုံးတင်

    ဘုရားရှေ့တရားရှေ့မရောက်ခင် တရှိန်ထိုးပြေးလာနေတဲ့ နာဠာဂီရိဆင်ကြီးတစ်ကောင်လို

    ရပ်ကွက်ထဲ မဆိုင်သူမကပ်နဲ့ဝါဒကိုဆွဲဖြဲပြီးဝင်သွားတဲ့အရက်သမားတစ်ယောက်လို

    ဆဲပြီးဝင်လာတော့တယ်အဖတို့ရေ။

    ဂြိဟ်ကြီး ၉ လုံးရဲ့ဈာပနကို

    စကြာဝဠာဆိပ်ကမ်းက ငေးကြည့်နေရတဲ့ကြယ်ကလေးတွေလိုဘာမှမတတ်နိုင်ခဲ့။

    ဂုဏ်တော် ၉ ပါး လွတ်ကျသွားလို့

    ငရဲဆီနိမ့်ဆင်းသွားတဲ့ ဝိဉာဉ်တစ်ခုလို တိုင်းပြည်တစ်ပြည်မှာ ဘာမှမတတ်နိုင်ခဲ့။

    အဲ့ဒီလို နှစ် ၆ဝ ကျော်

    ကျွန်တော်တို့ နှမချင်းလည်းစာနာမှုမရခဲ့

    ဓါးနဲ့ပေါက်သလို ငေါက်ငမ်းမှု ကျာပွတ်နဲ့ရိုက်သလို ရှိုက်ငင်မှု

    လိုအပ်ရင်မျက်နှာချိုတောင်မသွေးပဲ ထောင့်ကျည်းတွေထဲကန်ထည့်

    မလိုအပ်တော့ရင် လူသေလို့သွန်ချပစ်ခဲ့တဲ့ ဒီကားစုတ်ကြီးပေါ်မှာ

    တစ်ခါတစ်ခါ

    ငေးတိငေးကြောင်သုံ့ပန်းတွေလို ထိုင်လျှက်သား

    တစ်ခါတစ်ခါ

    ကြိုးစင်မှာ ကြိုးကွင်းစွပ်လျှက်သားရပ်နေရတဲ့ ရာဇဝတ်သားတွေလို လိုက်ပါခဲ့ရ။

    မတော်တဆ ပြတင်းပေါက်က လှမ်းကြည့်မိရင်တော့

    မှုန်ဝါးဝါးတစ်စပြင်ထဲ လျှောက်နေတဲ့ နာနာဘာဝတွေလို

    သွားလာသေဆုံးနေတဲ့ လူတွေနဲ့တစ်မြိုလုံးပြည့်နေတာကိုခြောက်ခြားဘွယ် ခင်ဗျားတို့ထပ်ပြီးတွေ့မြင်ကြရဦးမှာပါပဲ။

    ခရမ်းပြာထက်လူ
    ( ၂ ဝ ၁ ၃ )

  • Garfield

    July 18, 2013 at 3:14 pm

    အောင်ဆန်း ရှင်ပြီး ကျွန်တော်တို့ သေခဲ့ရတယ်
    ~~~~~~~~~~~~~~~~~~~~~~~~

    ကျုပ် နံပါတ် ၁ နေရာ ရောက်နေပေမယ့်

    ကျုပ်တတ်နိုင်သလောက်ပဲ လုပ်ပေးမယ်

    ကျုပ် ဘိုးဘိုးအောင်နဲ့ အဆက်အသွယ်မရှိဘူးတဲ့။

    နိဗ္ဗာန်ရောက်ချင်ရင် နိဗ္ဗာန်ရောက်ကြောင်း တရားကိုကျင့်

    လွတ်လပ်ရေးလိုချင်ရင် လွတ်လပ်ရေး ရရာရကြောင်းကိုကျင့်တဲ့။

    ကျုပ်ကို အင်္ဂလိပ်က ကားအစုတ်ကြီးပေးသွားတယ်

    ဒီကားစုတ်ကြီးကို ဆီရေလေဝိုင် စစ်ေဆေးပြီးရင်

    ကျုပ်ဆီမှာရှိတဲ့ ဓါတ်ကြီး လေးပါးကိုညီညွတ်အောင်ညှိ ရအောင် မောင်းထွက်ရမှာပဲ။

    လွတ်လပ်ရေးရဲ့အရသာကို ခံစားချင် စံစားချင်တယ်ဆိုရင်

    အကျင့်ဆိုးတွေ အကျင့်ဟောင်းတွေ ခင်ဗျားတို့ရဲ့စောက်ကျင့်တွေကိုပြင်ကြတဲ့။

    ကမ္ဘာ့ရာဇဝင်ကိုလည်းလှန်ကြည့်

    ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အနယ်ကတော့ ထစမြဲပဲတဲ့။

    ခေတ်ပြောင်းနေတာကိုမသိ

    မင်းစိတ်စိုးစိတ်တွေနဲ့ သွားနေတုန်း ခင်ဗျားတို့က။

    အနိစ္စတွေ ဒုက္ခတွေ ကို သဘောမပေါက်

    အစိုးမရတဲ့ အစိုးရတဲ့ သဘောကိုလည်းမပေါက်။

    ကျုပ်သိတယ်

    သူကြီးနဲ့ရွာသား ဘယ်လို စကားများတတ်တယ်

    တောင်ကျောင်းနဲ့မြောက်ကျောင်း ဂိုဏ်းကွဲတဲ့ကိစ္စ

    ကျုပ်သိတယ် ကျုပ်က တောသားပဲ။

    ကျုပ်ရုပ်က ခပ်ချာချာမှန်း ကျုပ်သိတယ်

    ဒါပေမယ့် ကျုပ်အတွေးအခေါ်ကိုတော့ အချာမခံခဲ့ဘူး။

    ကျုပ်က အရေပြားပေါ်က ကိစ္စထက် အရေပြားအောက်က သယံဇာတကို ပိုကရုစိုက်ခဲ့တယ်။

    ကျုပ် အစာငတ်တာကိုခံနိုင်ပေမယ့်

    လွတ်လပ်ရေးငတ်တာကိုတော့ မခံနိုင်ခဲ့ဘူး။

    ကျုပ်က လူထုထဲက ထွက်လာတဲ့သူ

    လူထုထဲက ထွက်လာတဲ့သူကသာ လူထုအကြောင်းကိုသိတယ်

    လူထုရဲ့ ၇၀% စကားဟာ အမှန်ပဲ။

    ဘယ်သူတွေ ဘယ်လောက် ပါဝါကြီးကြီး

    (ဗေဒါကြီး ပျက်လုံးထုတ်သလို)

    ရှင်ဘုရင်ဆိုတာလည်း လူပါပဲတဲ့ ဗိုလ်ချုပ်က။

    မမေးနဲ့ လွတ်လပ်ရေးရမယ်

    မမေးနဲ့ ဘိုးဘိုးအောင်သွားမမေးနဲ့ လွတ်လပ်ရေးရမယ်

    ဒီမှာဒုန်းပြေးနေတယ်။ခေတ်ပြေးသလောက် လွတ်လပ်ရေးပြေးသလောက် လိုက်ပြေးနိုင်ရင်

    ဒီမှာ လွတ်လပ်ရေး ။ ငါးတစ်ကောင်ဖမ်းမိထားသို တဆတ်ဆတ် အရှင်လတ်လတ် လွတ်လပ်ရေး

    မငေးနဲ့ ငေးမနေနဲ့ တက်ညီလက်ညီ သွက်သွက်ချီထား လွတ်လပ်ရေးဆိုတာ

    တစ်ပါးသူဆီကပဲဖြစ်ဖြစ် ကိုယ့်အချင်းချင်း ကိုယ်နဲ့ ကိုယ့်အတွင်းထဲက ဖြစ်ဖြစ် အလစ်မပေးနဲ့ အလဲမခံနဲ့ အလံတွေလွင့်နေသလို စိတ်တွေလွှင့်ထား သတင်းကြားရုံနဲ့ကူးစက်မဲ့စိတ်လေးဆောင်ထား

    ဒီမှာလွတ်လပ်ရေးတွေ ရမယ်ရမယ်ဆိုတဲ့ အောင်သပြေပန်းတွေဝယ်ထား။

    သခင် ဖိုးလှကြီးက ပြောတယ်

    ‘‘လူစွမ်းကောင်းရှာတွေ့ပြီ အဲ့ဒါ အောင်ဆန်းပဲတဲ့’’။

    ကမ္ဘာကြီးရေ

    အောင်ဆန်း ရှင်ပြီး

    ကျွန်တော်တို့အားလုံး သေခဲ့ရတာပါဗျာ။ ။

    ခရမ်းပြာထက်လူ

    ၂ ဝ ၁ ၃

  • Inz@ghi

    July 18, 2013 at 3:34 pm

    ဖွဘုတ် ဟိုက်လိုက် ပိုစ့် ဖစ်နေဘီ….

    :mrgreen:

  • Garfield

    July 18, 2013 at 3:37 pm

    သူက ကဗျာတွေ ရှာ မပေးရင် မခေါ်ဘူးဆိုလို့။ :mrgreen:

  • naywoon ni

    July 18, 2013 at 6:00 pm

    အရင်နှစ်တွေက မေ့ချင်ယောင်ဆောင်ထားကြတဲ့ အရာ ဒီနှစ်မှ နားငြီးအောင်ကြားနေရတယ်….။ ဟိုက အာဇာနည်နေ့ ဒီက အာဇာနည်နေ့ ဘာအဖွဲ့အစည်းနဲ့…..။ ( မေ့နေတယ်လိ်ု့ ပြောတာမဟုတ်ဘူးနော် မေ့ချင်ယောင်ဆောင်ထားကြရတာ ပြက္ခဒိန်ထဲမှာ အနီကွက်ကြီးနဲ့ပါနေတာ ဘယ်သူက မေ့မှာလဲလို့ )

  • ဦးကြောင်ကြီး

    July 19, 2013 at 10:19 am

    ပြခန်းငါး
    လခြမ်းနား
    ညနန်းဖွား
    ဝခမန်းစား..

Leave a Reply