သူကြီး အမှာစကားနဲ့ ဖွင့်လိုက်တဲ့ ကဗျာပြခန်း (၄)

=================================

ကဗျာပြခန်း ( ၁)https://myanmargazette.net/176843

ကဗျာပြခန်း ( ၂)https://myanmargazette.net/177632

ကဗျာပြခန်း ( ၃)https://myanmargazette.net/178437

ကဗျာပြခန်းအကြောင်း သောင်းပြောင်းထွေလာ – https://myanmargazette.net/178698

=================================

 

“မန်းဂဇက်ကဗျာချစ်သူများရဲ့ ကဗျာပြခန်း (၄) ဖွင့်ပွဲ”

 

ဖွင့်ပွဲနေ့ဖြစ်သောကြောင့် တစ်ရွာလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ အနည်းငယ်ထူးခြားချက်ကား ရပ်ဝေးရောက်နေ့ ရွာသူားများပါ ပြန်ရောက်နေကြခြင်းပင်ဖြစ်သည်။ ဇူလိုင်လထဲတွင် ကျင်းပမည့် ရွာတွေ့ဆုံပွဲအတွက် ပြန်လာကြခြင်းပင်ဖြစ်၏။ ထို့ကြောင့် လူစုံတက်စုံတက်ရောက်မည့် ကဗျာပြခန်း (၄) ၏ ဖွင့်ပွဲကား အနည်းငယ် ပို၍စည်ကားနေသယောင် ရှိလေသည်။

ကဗျာပြခန်း (၄) ၏ ဖွင့်ပွဲကို ယခင်ပြခန်းများနည်းတူ ရွာထိပ်မှ အစည်းအဝေးခန်းမတွင် ကျင်းပရန် ပြင်ဆင်ထားသည်။ ထိုသို့ ပြခန်းနေရာယူထားမှုကြောင့် ရွာအစည်းအဝေး များကို ရွာလယ်ဓမ္မာရုံသို့ ပြောင်းရွှေ့ ကျင်းပရသည့်အတွက် ကဗျာချစ်သူများအဖွဲ့မှ အနည်းငယ်အားနာမိပါသည်။  ပြခန်းဘေးရှိ မြေကွက်လပ်တွင်လည်း ဖျော်ဖြေရေးစင်တစ်ခု ဆောက်လုပ်ထားသည်။ ဖျော်ဖြေရေး စင်မြင့်၏ ရှေ့တွင်မူ ဆယ်ယောက်တစ်ဝိုင်းစာ စားပွဲဝိုင်းများကို ခင်းကျင်း ထားလေသည်။ ပြခန်းဖွင့်ပွဲတွင် အကျွေးအမွေး၊ ဖျော်ဖြေရေးများဖြင့် ဧည့်ခံမည်ဖြစ်ပါသည်။

ပြခန်းရှိရာ ဝန်း၏ အဝင်ဝတွင် မရွှေကြည်နှင့် ဗုံဗုံ တို့က ဝင်လာသမျှ ရွာသူားများကို ကြိုဆိုနေကြသည်။ ဝင်ပေါက်ရှိ တက်ရောက် မှတ်တမ်း လက်မှတ်ရေးထိုးရာ ခုံနေရာတွင် ရွာအပျိုချောများဖြစ်သော ပန်ပန်၊ ရေငါး တို့က နေရာယူထားသည်။ မှတ်တမ်းတင် လက်မှတ်ထိုးပြီးသူများကို ရွာလူကြီးတစ်ဦးဖြစ်သူ ဦးပီချိုကြီး က တွေ့ဆုံပွဲအကြိုအနေနှင့် လက်ဆောင်ပေးသော မန္တလေးဂဇက်လိုဂိုပါ ဘော့ပင်များကိုဝေလေသည်။ ဖတ်ရွေးလူကြီးများနှင့် သူကြီးအတွက် ဝိုင်းနှစ်ဝိုင်း သီးသန့်ဖယ်ထားသည်မှလွဲ၍ ရွာသူားများ အနေဖြင့် မိမိတို့ အဆင်ပြေသည့်နေရာတွင် ဝင်ထိုင်နိုင်ကြလေသည်။

ဝီရိယကောင်းလှသူ သူကြီးကား အစောကြီးကတည်းကပင် ရောက်နှင့်နေပြီ ဖြစ်သည်။ သတ်မှတ်ထားသောနေရာတွင် တစ်ယောက်တည်း ထိုင်ရင်း မိန့်မိန့်ကြီးပြုံးကာ တက်ရောက်လာသော ရွာသူားများအား ကြည့်ရှုနေလေ၏။ လူစုံတက်စုံဖြင့် စည်ကားလှသော ပြခန်းဖွင့်ပွဲသို့ စိတ်ဝင်တစားတက်ရောက်လာကြသော ရွာသူားများအား ကြည့်ကာ ပီတီပြုံးဖြင့်ပြုံးရင်း ပါးစပ်ကလည်း ခပ်တိုးတိုးရေရွတ်နေ၏။

“အင်း …. စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်..” :mrgreen: :mrgreen:

မန်းဂဇက် ရွာသူားများကား “ဝင်လာမစဲ၊ တဖွဲဖွဲ” ဆိုသကဲ့သို့ ရောက်လာကြလေသည်။ လူကြီးများဖြစ်သော ဦးမိုက်၊ ဦးဘလက်၊ အဘဆွေ၊ ဦးဦးပါ၊ ဦးထူးဆန်း၊ လေးပေါက် တို့လည်း ရောက်ရှိလာကြ၏။ ကိုအာဂ နှင့် မနွယ်ပင်၊ ဆယ်အိမ်မှူးနှင့် ကတော်အုပ်၊ ကိုလု နှင့် မဒမ်လု၊ အိုဘားမားနှင့် မရို့စ်၊ ဒေါက်တာ နှင့် မအိတုံ တို့လည်း လူအမြင်မှာ တူနှစ်ကိုယ်ယှဉ်ကာဖြင့် ရွှေလက်တွဲလို့ ရောက်ရှိလာကြလေသည်။ ထို့နောက် ရွာလူပျို၊ အပျိုများကလည်း အချင်းချင်း စရင်းနောက်ရင်းဖြင့် အသီးသီးရောက်လာကြလေသည်။

လူစုံကာနီးအချိန်တွင် ပြခန်းဖွင့်ပွဲအတွင်း လှမ်းလင့်၍ ဝင်လာသူကား ….. ဟောင်ကောင်ပြန် ဦးလေးကျောက်။ သူကလည်း အားကျမခံ ရွှေလက်တွဲ၍ ပွဲတက်လာသည်။ သို့သော် ပွဲတက် လက်မှတ်ထိုးပြီးသည်နှင့် တစ်ပြိုင်နက် ကြိုဆိုဧည့်ခံရေး ဗုံဗုံက အလှူရှင် ဦးလေးကျောက်ကို လူကြီးဝိုင်းသို့ နေရာချထားပေးပြီး ပါလာသူ မမလှလှကို သူတို့ထိုင်မည့်ဝိုင်းသို့ ဆွဲခေါ်သွားလေတော့သည်။ ထိုင်ကာနီးဆဲဆဲ ဦးလေးကျောက်မှာ ထိုင်ရမလို၊ လိုက်သွားရမလို ဖြစ်သွားသော်လည်း လူကြီးများရှေ့ဖြစ်သောကြောင့် အိန္ဒြေဆယ်ရင်း မချိပြုံးပြုံးကာ ဝင်ထိုင်လိုက်ရလေသည်။

ထိုင်လိုက်ချိန်တွင် ဦးလေးကျောက်၏ မျက်လုံးအစုံကား တစ်နေရာတွင် ရပ်တန့်သွားလေ၏။ မျက်စိရှေ့တွင် မြင်လိုက်ရသည်ကား ဦးကြောင်ကြီး။ ဦးကြောင်ကြီးနေရာက မမလှလှနှင့် မျက်စောင်းထိုး နေရာတွင် ရှိနေခြင်း ဖြစ်သည်။ ဦးကြောင်ကား ဦးခင်ခတို့ ဇနီးမောင်နှံ၊ ဦးဆာမိ၊ ကိုမတ်၊ ကိုဂီ၊ ဆြာအုပ်တို့နှင့် တစ်ဝိုင်းတည်းထိုင်ရင်း စကားလက်ဆုံကျနေ၏။ သို့ရာတွင် တစ်ချက်တစ်ချက် မမလှလှဘက်သို့ လှမ်းကြည့်နေသည်ကို ဦးကျောက်မြင်မိသော်လည်း မတတ်သာအခြေအနေမို့ ခပ်ခွာခွာကသာ သတိထားနေရလေတော့သည်။

ယင်းနောက် ထပ်မံရောက်ရှိလာသည်ကား အန်တီပဒုမ္မာနှင့် အန်တီမမတို့ အမွှာညီအစ်မအတွဲ၊ ဘေးတွင် အရီးလတ်။ ထူးခြားချက်ကား သူတို့လက်ထဲတွင် ကိုင်ထားသော အလှူခံဖလားများပေတည်း။ ထို့နောက် တွေ့ရသည်ကား ဖွင့်ပွဲ အပေါက်ဝတွင် လက်မှတ်ထိုးနေသူ နှစ်ဦး။ ထိုနှစ်ဦးမှာ အဘဖော နှင့် ကိုရဲစည်။ သူတို့နှစ်ဦးသည် လမ်းတွင် တွေ့လာပြီး အတူဝင်လာခြင်း ဖြစ်ဟန်တူ၏။ အရီးတို့ ညီအစ်မအား ကြိုဆိုနေရာချပေးပြီး ပြန်ထွက်လာသော မရွှေကြည်မှာ အဘဖောတို့ကို နှုတ်ဆက်ရန် ဟန်ပြင်လိုက်သော်လည်း စကားကောင်းနေကြသဖြင့် မနှုတ်ဆက်ဖြစ်လိုက်ပါပေ။ အဘဖောနှင့် ကိုရဲစည်တို့ စကားပြောနေသည်ကို နားစွန်နားဖျား ကြားမိသည်ကား …..

“ဒါတွေကျတော့ ကျွန်တော်တို့နဲ့ နည်းနည်းကွာတယ်.. ကိုရဲစည်ရဲ့…. ကျွန်တော်တို့ဩဇီ မှာကျတော့.. xxxxxxxxx xxxxxx ”

စကားကောင်းနေသော အဘဖောတို့ကို နှုတ်မဆက်ဖြစ်တော့သော်လည်း အဘဖောတို့ကတော့ အန်တီမမ တို့ဝိုင်းသို့ ဦးတည်သွားပြီဖြစ်သည်။

……………………………………………………………………………………..

“မန်းကဇက်ကဗျာချစ်သူများရဲ့ ကဗျာပြခန်းဖွင့်ပွဲ စတင်တော့မှာ ဖြစ်ပါတယ်ရှင်….”

ယင်းသို့ သာယာသောအသံဖြင့် စင်ပေါ်မှ ကိုယ်ထင်ပြလိုက်သူကား ပြခန်း (၄) ၏ ဖွင့်ပွဲ တာဝန်ခံ ရွာသူချော လုံမလေးမွန်မွန် ဖြစ်သည်။ (အဟိ)

ပြခန်းဖွင့်ပွဲကို အစီအစဉ် (၅) ခုနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်ရှင့်။

  • အစီအစဉ် (၁) – ပြခန်းဖွင့်လှစ်ကြောင်း ကြေညာခြင်း။
  • အစီအစဉ် (၂) – သူကြီးက အမှာစကား ပြောကြားခြင်း။
  • အစီအစဉ် (၃) – ပြခန်း (၃) ၏ မဲအရေအတွက်နှင့် မန်းဂဇက်ကဗျာချစ်သူများ၏ လူကြိုက်အများဆုံးကဗျာ ကို ကြေညာခြင်း။
  • အစီအစဉ် (၄) – ပြခန်း (၄) ၏ ကဗျာများနှင့် ကဗျာရေးသူများကို မိတ်ဆက်ခြင်း။
  • အစီအစဉ် (၅) – အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်း တို့ ဖြစ်ပါတယ်ရှင်။

 

ဒါကြောင့် အခု အစီအစဉ် (၁) အရ …..

 

မန်းဂဇက်ကဗျာချစ်သူများရဲ့ ကဗျာပြခန်း (၄) ဖွင့်ပွဲအခမ်းအနား စတင်ကြောင်း ကြေညာအပ်ပါတယ်ရှင်….

(ဖြောင်း….ဖြောင်း…ဖြောင်း… ရွှီး …..)

 

အစီအစဉ် (၂) အရ …..
ရွာသူကြီး ဦးခိုင်က အမှာစကားပြောကြားပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ရှင်….

ထိုသို့ ကြေညာသံ အဆုံးတွင် သူကြီးဦးခိုင်မှာ ခပ်တည်တည်ဖြင့် မတ်တပ်ရပ်လိုက်ပြီးနောက် မိုက်ခွက်အား ဟန်ပါပါကိုင်ကာ ဤသို့ ပြောလေ၏။

 

” …..
အဟမ်း …

“‘စာပေ-ဝတ္ထု၊ ရတု-ကဗျာ၊ ပျို့-လင်္ကာ နှင့်၊ သာသည်သီချင်း၊ အဲ-စောင်းညှင်းကို။ မကင်းမပြတ် ဖတ် ရွတ် လေ့ ကျက်၊ တီးမှုတ်လျက်သာ၊ နေကောင်းစွာ”
ဂီတဘိုးတော် ဝန်ကြီး ပဒေသရာဇာ မှာတမ်းထားခဲ့တယ်..

ကဗျာဆိုတာက..
ဘုရားသခင်က.. အနုပညာပန်းဥယာဉ်ကြီးထဲမယ်.. အလှဆုံးပန်းလေးတပွင့်တပွင့်ဖန်ဆင်းထားတယ်ဆိုပါစို့…
အဲဒါ.. ကဗျာ…

ဆိုတော့… ဖတ်ကြ..ရွတ်ကြ.. လေ့ကျင့်ကျက်မှတ်ကြ…
.. အသက်ရှည်မယ်..။
….. ”

 

သူကြီး၏ ဖွင့်ပွဲ အမှာစကားမှာ ကဗျာဖတ်ရန်၊ ရွတ်ရန် တိုက်တွန်းဖြင်းဖြင့် ပြီးဆုံးသွားလေသည်။

 

” ကဗျာရွတ်ခိုင်းသွားတဲ့ .. အဲ .. အမှာစကားပြောကြားပေးပါသော သူကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်….”

 

အခု အစီအစဉ် (၃) အရ …..
ပြခန်း (၃) ရဲ့ မဲအရေအတွက်နဲ့ မန်းဂဇက်ကဗျာချစ်သူများ၏ လူကြိုက်အများဆုံးကဗျာဆုကို ကြေညာမှာ ဖြစ်ပါတယ် …။ ဒီဆုကို ကြေညာပေးဖို့အတွက် ကဗျာပြခန်း(၃) ရဲ့ ပြခန်းတာဝန်ခံ မခိုင်ဇာ ကို ဖိတ်ခေါ်ပါတယ်ရှင်။

မြန်မာဝတ်စုံကို ဝတ်ဆင်လျက် စင်ပေါ်သို့ ကျက်သရေရှိစွာ လှမ်းတက်လာသူကား ခြင်္သေ့ကျွန်းမှ ပြန်ရောက်လာသူ မခိုင်ဇာ ဖြစ်သည်။ ထို့နောက် ပရိသတ်ကို ပဟေဠိဆန်ဆန် ပြုံးပြရင်း ဆုကြေညာပေးလေသည်။

“ပြခန်း (၃) မှာ မဲစုစုပေါင်း (၁၃၁) မဲ ရှိတဲ့အနက် ( ၂၄ ) မဲ တစ်နည်းအားဖြင့် ဗုတ်ပေါင်း (၂၄) ခု နဲ့ လူကြိုက်အများဆုံး ကဗျာဆုကို ရရှိသွားသူကတော့ … နာမည် တစ်လုံးတည်းပါတဲ့ …. ကဗျာဆရာ … …… …….”

“ဈာန် … ဈာန် … ဈာန် …” ( ပရိသတ်မှ လှမ်းအော်သံ…)

“ဟုတ်ပါတယ်ရှင်… “နှောင်ဖွဲ့မှုလွတ်ကင်းခြင်းကဗျာ” ကို ရေးစပ်သွားတဲ့ ကဗျာဆရာ “ဈာန်” ပဲ ဖြစ်ပါတယ်ရှင်… အားလုံးသိကြတဲ့အတိုင်း ဈာန် ဆိုတဲ့ ကလောင်ရှင်ဟာ ရွာသားတွေထဲက တစ်ယောက်ပါ။ ဈာန် ဘယ်သူလဲဆိုတာတော့ မှန်းကြည့်ကြပါဦးနော်… ဒါကို ဆုပေးပွဲနေ့မှပဲ အဖြေညှိကြတာပေါ့… အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်…

မခိုင်ဇာကတော့ ပဟေဠိတစ်ခုကို ထပ်ပေးသွားပြန်လေသည်။ ထို့နောက် လုံမလေးမွန်မွန်က ဆက်လက်ကြေညာပေးသည်။

ဆက်လက်ပြီး ပြခန်း (၃) ပါ ကဗျာများနဲ့အတူ ရေးစပ်သူ ကဗျာဆရာများကို ကြေညာပေးပါ့မယ်ရှင့် ….

♦♦♦ ခြေထောက်သုံးချောင်းနဲ့ လက်တစ်ချောင်းကို လိုချင်တယ်လို့ ပြတ်ပြတ်သားသား ဖော်ထုတ်ပြောကြားလာသူကတော့ လုံမအခေါ် အူးလေးဖြူကြမ်း (ဦးဘလက်ချော) ပဲ ဖြစ်ပါတယ်ရှင်… နားစွန်နားဖျား ကြားမိတာကတော့ တောင်းပေးတဲ့သူကို ချိုပေါ့ကျ တိုက်ပါမယ်တဲ့ရှင်…. (လျှပ်စစ်ဝန်ကြီးအတွက် ကော်လီနာရဲ့ အနီကတ် – ဘလက်ချော)

♦♦♦ ပန်းခြောက်နဲ့ ပန်းသစ်ကြား ဒွိဟများနဲ့ မရေမရာဖြစ်နေသူကတော့ ကျွန်မဟာ…အဲ…စာလိုဆိုရင် ကျွန်မသည် လို့ ကိုယ့်ကိုကိုယ်ပြန်မေးခွန်းထုတ်သူ…ခြင်္သေ့ကျွန်းက..မမခိုင်ဇာ…မဟုတ်ပါဘူး..မမခိုင်ဇာရဲ့ သူငယ်ချင်း ရွာသူ မနေခြည် ဖြစ်ပါတယ်..နှစ်ခြောက်ဆယ်ကျော်နေတဲ့ မြစ်တစ်ဆင်းကို ဆက်လက်ရှင်သန်စီးဆင်းစေချင်သူပါ…. (ကျမဟာ – နေခြည်)

♦♦♦ မမုန်းပါဘဲနဲ့ ကြည့်မရဖြစ်…မချစ်ပါဘဲနဲ့ လွမ်းနေရတဲ့အဖြစ်… သည်လို ဆန့်ကျင်ဘက်အဖြစ်တွေကြောင့် ဝဋ်ရှိသမျှ သည်ဘဝနဲ့ ကျေရပါစေလို့ ဆုတောင်းထားသူကတော့ ခြင်္သေ့ကျွန်းကနေ အိမ်ကို လွမ်းနေတဲ့ မမဂျီး ရွှေကြည်ပဲ ဖြစ်ပါတယ်ရှင်…အခန်းနံပါတ် (402) ဆိုလားပဲ… (ဤသူ – ရွှေကြည်)

♦♦♦ ရသမြောက်လင်္ကာကို သွားရည်ယိုအောင် သရုပ်ဖော်ရေးဖွဲ့တဲ့သူကတော့ ရှိသမျှကဗျာတွေကို စားချင်တဲ့အစားအသောက်တွေနဲ့ လက်တမ်းကဗျာရေးရာမှာ အင်မတန်တော်တဲ့ … ဟိုကြပ် ဒီကြပ် လှည့်အူကြပ်… (အဲ..ကန်တော့…ဘွာတေး)…ဟိုလှည့်ဒီလှည့် ကြက်အူလှည့် အမည်တွင်သော အစ်ကိုကြီး အင်ဇာဂီပဲ ဖြစ်ပါတယ်ရှင်…. (ရသမြောက်အလင်္ကာ – အင်ဇာဂီ)

♦♦♦ အပြောင်းအလဲတွေကြားမှာ ဇီဇာကြောင်… (အဲ.မှားပြန်ပြီ.. ခွင့်လွှတ်ပေးပါကုန်…) အပြောင်းအလဲတွေကြားမှာ မပြောင်းလဲအောင် ဆုတောင်းပေးစေချင်တဲ့သူကတော့ (မျိုးကြီးလေသံဖြင့်) လုံမတို့ရွာရဲ့ နာမည်အကြီးဆုံး လူပျိုကြီး … ကိုအမတ်မင်းပဲ ဖြစ်ပါတယ်… (အပြောင်းအလဲ – အမတ်မင်း)

♦♦♦ နောင်ရိုးဆိုတဲ့မြေ ရယ်လို့ ဇာတိမြေအကြောင်းကို ဂုဏ်ယူစွာ ရေးဖွဲ့ထားသူကတော့ အိမ်မဲသား ကိုထက်ဝေးပဲ ဖြစ်ပါတယ်…. (နောင်ရိုးဆိုတဲ့မြေ – ထက်ဝေး)

♦♦♦ ရေးနေကျ မော်ဒန်ကဗျာက ခွဲထွက်… ကာရန်စည်းမျဉ်းကြားမှာ .. ခင့်ကြောင့် ငိုပွဲနွှဲရပါတယ်လို့ ရင်ဖွင့်လာသူကတော့ … အလင်းတွေကို ဆက်ပေးချင်တဲ့ အလင်းဆက်ပဲ ဖြစ်ပါတယ်.. တစ်ရှူးတစ်ထုပ်လောက် လက်ဆောင်ပေးပါရစေ… (မျက်ရည်ပွဲ – အလင်းဆက်)

♦♦♦ ဝီနဲ့ ထွေထွေဖြစ်နေ… (မှားပြန်ပြီ).. ရီဝေဝေ အိပ်မက်တွေထဲက လန့်နိုးပြီး ခမ်းခြောက်ကြုံလှီနေတဲ့ဦးနှောက်နဲ့ လျှောက်လှမ်းဖို့ အလှည့်ကျစောင့်နေသူကတော့ လူတိုင်းရဲ့ချစ်ခြင်းကို ခံယူချင်တဲ့ ကိုရီး ကြောင်ဝတုတ်ပါရှင်…. (ဝေဒနာဆွေးချိန် – ကြောင်ဝတုတ်)

♦♦♦ အချစ်ဟာ အရိပ်ထက်ပိုတယ်လို့ ဆိုလာတဲ့သူကတော့ မျက်နှာများတဲ့..အဲ..ပြန်ဖားထားမှ… မျက်နှာမများတဲ့ အံစာတုံးပဲ ဖြစ်ပါတယ်… အခုတော့ အဝတ်ဝတ်ထားပါတယ်… အမှန်တရားကို ဖုံးကွယ်ထားတယ်လို့ ဆိုလို့ရမလားမသိ.. (အချစ်ရိပ် – အံစာတုံး)

♦♦♦ ရာသီစာပို့လာသူကတော့… (အဲ..မခိုင်ဇာနဲ့ ရောကုန်ပြီ..) ကျောင်းဖွင့်ချိန် ဇွန်လအကြောင်းကို သရုပ်ဖော်တဲ့သူကတော့ သရီးကေ (ခေါ်) လေးလေးခင်ခပဲ ဖြစ်ပါတယ်…ရွာပြင်ဇနပုဒ် မီးမှိန်မှိန်လေးမှာ မဒမ်တစ်ယောက်တည်းတော့ ချန်မထားခဲ့ဘူး ထင်ပါတယ်နော်… (ဇွန်လရောက်ပြီမို့ – ခင်ခ)

♦♦♦ မဖြစ်နိုင်တဲ့ စွဲလန်းမှုရဲ့ နောက်မှာ မျှော်လင့်ခြင်းတွေနဲ့ အသက်ဆက်နေသူကတော့ နာမည်လှလှလေးနဲ့ မမေယွန်းအိမ်ပဲ ဖြစ်ပါတယ်… (မဖြစ်နိုင်တဲ့ စွဲလန်းမှု – မေယွန်းအိမ်)

♦♦♦ ဒုတိယနတ်ဘုရားရဲ့ ကျိန်စာကြောင့် သုံးဆယ့်တစ်ဘုံမှာ အလွမ်းဝေဒနာတွေကျန်ခဲ့ပါတယ်လို့ ရင်ဖွင့်ထားသူကတော့ ..မိုးကုပ်ကုပ်ဝယ်…အို ရုတ်တရပ်.မျဉ်းဖြူဆက်၍ … အဲ… ဒဂုန်တာရာရဲ့ ကဗျာနဲ့ ရောသွားလို့… ပတ္တမြားမြေက မိုးကုတ်သား ဖြစ်ပါတယ်ရှင်… (သုံးဆယ့်တစ်ဘုံအလွမ်း – မိုးကုတ်သား)

♦♦♦ ကိုယ့်အချစ်ကို ယုံကြည်စွာနဲ့ အနူးညံ့ဆုံးတိုက်ပွဲအတွက် စတင်ကမ်းလှမ်းသူကတော့ ..မိဆု ပါတဲ့… (အနူးညံ့ဆုံးတိုက်ပွဲအတွက် ကမ်းလှမ်းချက် – မိဆု )

ဟုတ်ကဲ့…။ လုံမ ကြေညာချက်တွေထဲမှာ အမှားပါရင် ခွင့်လွှတ်ပေးပါရှင့်.. ….။ အားလုံးပဲ လုံမအကြောင်းကို မပြောကြပါနဲ့နော် … “Please…Don’t …” ….

 

အခု အစီအစဉ် (၄) အရ …..
ပြခန်း (၄) မှာ ပါဝင်တဲ့ ကဗျာတွေအကြောင်း မိတ်ဆက်ပေးပါမယ်…. ပြခန်း (၄) မှာ ကဗျာ (၁၆) ပုဒ်နဲ့ ဖွင့်လှစ်ပြသမှာ ဖြစ်ပါတယ်။

အဖွင့်မှာတော့ ကဗျာဆရာ မောင်စိမ်းနီ (ကေသီပန်) ရဲ့ “ကဗျာစစ်မျက်နှာ” ဆိုတဲ့ ကဗျာနဲ့ စတင်ဖွင့်လှစ်ထားပါတယ်။ ၁၉၆၉ ခုနှစ် ဒီဇင်ဘာလမှာ တော်လှန်ကဗျာ ဆိုတဲ့ ကဗျာစာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ ကဗျာဆရာ (၁၀) ဦးရဲ့ ကဗျာပေါင်း (၇၇) ပုဒ် ပါဝင်ပါတယ်။ ဒီကဗျာတွေထဲကမှ “ကဗျာစစ်မျက်နှာ” ဆိုတဲ့ ကဗျာလေးကို ရွေးချယ်ခဲ့ပါတယ်။ စနစ်တစ်ခု၊ ခေတ်တစ်ခေတ်ရဲ့ ပုံရိပ်ကို ထင်ဟပ်စေတဲ့ ကဗျာကို အားလုံးကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ကဗျာဆရာကတော့ “စာဖတ်တတ်သူအားလုံး ဖတ်ဖို့၊ စာမဖတ်တတ်သူအားလုံး ကြားဖို့ မြင်သလို၊ သိသလို အရင်းအတိုင်း ရေးသည်” လို့ ဖော်ပြထားပါတယ်။

နောက် ဒီစာအုပ်ထဲမှာ အမှာစာနှစ်စောင် ပါပါတယ်။ ပထမဆုံးအနေနဲ့ ဆရာကြီး ဒဂုန်တာရာရဲ့ အမှာစာကို ပြခန်း (၄) ကစပြီး အပိုင်းခွဲ တင်ပြသွားမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ ရွာသူား (၁၃) ယောက်ရဲ့ ကဗျာ (၁၃) ပုဒ်ကို ခံစားရမှာ ဖြစ်ပါတယ်။ ကဗျာရှင်တွေကတော့ “ထက်ဝေး၊ နန်းရှင်၊ နေဝန်းနီ၊ ק@!ИҀ၊ ဦးကြိမ်၊ သော်ဇင် (လွိုင်ကော်)၊ Green Rose၊ တောကကိုရင်၊ တောတွင်းပျော်၊ သူကလေး၊ လူကလေး၊ လူစိုး နဲ့ နေခြည်” တို့ ဖြစ်ပါတယ်။ နောက် လုံမရဲ့ မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ ကိုဝေး (ဒေးဒရဲ) ရဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့ “ဘာလဲ” ဆိုတဲ့ ကဗျာနဲ့ အလင်းဆက်ရဲ့ သူငယ်ချင်းဖြစ်တဲ့ Nora ရဲ့ “မရေရာခြင်း” ဆိုတဲ့ ကဗျာတွေလည်း ပါဝင်ပါသေးတယ်။

ဒါကြောင့် အားလုံးပဲ လုံမတို့ရဲ့ ကဗျာပြခန်းကို ဝင်ရောက်ကြည့်ရှုခံစားပြီး ပြခန်း အပြန်မှာ မှတ်ချက်လေးတွေ ပေးသွားကြပါဦးလို့ …..။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

(ဖြောင်း….ဖြောင်း…ဖြောင်း…)

ဟုတ်ကဲ့ပါရှင်…။
အခု အစီအစဉ် (၅) အရ …..
မန်းဂဇက်ကဗျာချစ်သူများရဲ့ ကဗျာပြခန်း (၄) ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီးဆုံးကြောင်း ကြေညာအပ်ပါတယ်ရှင်။

(ဖြောင်း…ဖြောင်း…ဖြောင်း….)

အခု ဆက်လက်ပြီး အကျွေးအမွေး နဲ့ ဖျော်ဖြေရေးအစီအစဉ် စတင်တော့မှာ ဖြစ်ပါတယ်ရှင့်။

အန်တီမမ ရဲ့ သုံးရောင်ခြယ်ထမင်းကြော်
မရွှေတုတ် ရဲ့ ကြက်သားကြော်
ဆယ်အိမ်မှူးဇနီးမောင်နှံ ရဲ့ ကြက်သားခနုံထုပ်
မခိုင်ဇာ ရဲ့ ဆယ်လမွန်ငါး ချဉ်စပ်ဟင်းရည်
အန်တီအိ ရဲ့ သရက်သီးကိတ် နဲ့ အာလူးဥနီပူတင်း
အန်တီဝေ ရဲ့ ဒူးရင်းရွှေကြည်ဆနွင်းမကင်း
ကဗျာအဖွဲ့သားများ ရဲ့ ကော်ဖီ

တို့ကို အားပါးတရ သုံးဆောင်နိုင်ပါတယ်ရှင်။ သုံးဆောင်နေချိန်အတွင်းမှာ ဖျော်ဖြေရေးအစီအစဉ်ကတော့ မဟာရာဇာအံစာတုံး နဲ့ ဦးမာဃ တို့ရဲ့ “ဦးစိတ်တိုနဲ့မျောက်ညို သရုပ်ဖော်အော်ပရာ”၊ အလင်းဆက် ရဲ့” နှစ်ကိုယ့်တစ်စိတ်အက”၊ ရွာသူ သူကလေး ကိုယ်တိုင် သီဆိုဖျော်ဖြေမယ့် “နားပန်းဆံအက”၊ သာလှကတော့ ကိုရင်မိုဘိုင်း ပါ။ နောက် ဦးရွှေရိုး-လူကလေး၊ ဒေါ်မိုး-မိုးမင်းသား တို့ရဲ့ ဦးရွှေရိုး-ဒေါ်မိုး အကအလှကို ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ဖျော်ဖြေရေးကို ပျော်ရွှင်စွာခံစားပြီးရင်တော့ ……

ကဗျာပြခန်းထဲကို ဝင်ရောက်အားပေးပြီး အပြန်မှာ မှတ်ချက်လေးတွေနဲ့အတူ ပြခန်း ကဗျာတွေထဲကမှ အကြိုက်ဆုံး၊ အနှစ်သက်ဆုံး ဖြစ်မယ့် ကဗျာ (၃) ပုဒ်ကို မဲပေးခဲ့ကြပါဦးလို့ ထပ်မံပြောကြားလိုပါတယ်ရှင်။

(ဗုတ်တဲ့အခါ သုံးပုဒ်စလုံးကို တစ်ခါတည်း အမှတ်ကလေးတွေ ခြစ်ပြီး ဗုတ်ကြပါနော်။ တစ်ပုဒ်ခြစ်ပြီး ဗုတ်လိုက်၊ နောက်တစ်ပုဒ်ခြစ်ပြီး ဗုတ်လိုက် လုပ်လို့ မရနိုင်ပါဘူး။ တစ်ခါဗုတ်တာပဲ ရနိုင်မှာမို့ပါ။)

===================================

=> ကဗျာပြခန်း (၄) သို့သွားရန် <=

===================================

[polldaddy poll=”7213411″]

===================================

ကဗျာပြခန်းမှာ..  ကဗျာလေးများ..ပါဝင် ပြသ ချင်တယ်ဆိုရင်တော့…. alinsett.art@gmail.com ကို.ကဗျာလေးများ..ပေးပို့နိုင်ပါတယ်..လို ့။

===================================

124 comments

  • အလင်း ဆက်

    July 1, 2013 at 7:46 am

    ပြခန်း အမှတ် ၄ အထိ အောင်မြင်စွာ
    ခမ်းနားစည်ကားစွာ ဖန်တီးပြသ နိုင်ခဲ့ပါပြီ ။

    ကဗျာပြခန်း ၄ က ထူးထူးခြားခြားပါပဲ။ သူကြီးကလည်း အမှာစကားပြောထားတယ်။
    ပြခန်း တင်ဆက် ပြသ သွားပုံကလည်း
    ထူးထူးခြားခြား လှလှပပ

    ဒီလောက်များတဲ့ စကားလုံးတွေကို
    အစီစဉ်တကျ ကျစ်လျစ် လှပ အောင် ရေးသား ဖန်တီး သွားနိုင်တဲ့
    ပြခန်း အဖွဲ ့ဝင် လုံမလေး မွန်မွန် ။
    မချီးကျူးပဲ မနေနိုင်လို ့ ချီးကျူး လိုက်ပါတယ် ဗျာ ။

    ကဲ ကျွန်တော်တို ့ချစ်သော ကဗျာ များကို
    ကဗျာ ချစ်သော ကျွန်တော်တို ့ အားလုံး အတူတကွ
    ခံစား လိုက်ကြစို ့

    😆

    • ဟုတ်ဘာဒယ် ….
      အလင်းဆက်ရဲ့ “နှစ်ကိုယ့်တစ်စိတ်အက” ကို ရှုစားရင်း
      ကဗျာများကို ခံစားလိုက်ဂျစို့ … :mrgreen:

      • မချီးကျူးပါနဲ့အေ..အာ့ လက်ကုန်ပဲ.. ထပ်မရေးခိုင်းနဲ့..ရေးတတ်တော့ဝူး..

        ဟီး..အလက်ဆင်းရဲ့ နှစ်ကိုယ့်တစ်စိတ်အက က အရမ်းကောင်းတယ်နော်.. :mrgreen:

  • တိန် !!!
    အပေါ်ကနေ ဖတ်လာလိုက်တာ အဟုတ်ပဲ …
    အောက်ဆုံးရောက်မှ “ဦးစိတ်တို” ဖြစ်သွားရတယ် ….
    ဂလောက်ထိ လူကို ချစ်တာ … :mrgreen:

    ဇာတ်လမ်း၊ ဇာတ်ကွက်နဲ့ တင်ပြသွားပုံလေး ကောင်းပါရဲ့ဗျာ
    ကဗျာတွေကိုတော့ မဗုတ်သေးဘူး …
    သေချာ ဖတ်နေဒုန်း …

    • သဂျားရေ.. ဟောဒီမှာ သူ့ကိုယ်သူ ဦးစိတ်တိုတဲ့…
      ဟိ..နာမပါဝူးနော်..ကိုယ့်ဘာသာကိုယ် ရှင်းကြ… 😛

  • KZ

    July 1, 2013 at 8:21 am

    ဟီးဟီးဟီးးးး
    ဖတ်ပြီးကို ရီရတာ ပါးစပ်မစေ့ဘူးးး
    ကဗျာတွေတော့ အေးဆေးဖတ်ပြီး နောက်မှ ပြန်လာမယ်နော်။
    အကုန်ကောင်းလို့ ချက်ချင်းမရွေးနိုင်ဘူးးး

    တော်လိုက်တဲ့ လုံမလေးးးးးး 🙂

    ဒါနဲ့ တစ်ရွာလုံးစာ ဆယ်လမွန်ငါး ကျွေးရမယ် ဆိုတော့ကာ……….
    ခင်ညားလေးက ကျုပ်ကို ပါ့တိုင်း ဆင်းရအောင် လုပ်နေတလားဟမ်???

    ဈာန် တို့တော့ ကိုယ်ထင်ပြရတော့မယ်။ ဘလက်မေးလုပ်လို့ မရတော့ဘူးးး :mrgreen:

    • ဟီး…
      ဘိုပဲ ဖစ်ဖစ် ခု ကျွေးလိုက်ရပြီ.. စကားမစပ်..အပြင်မှာ တကယ်စားချင်လိုက်တာ.. :harr:

      ဟီး..ဈာန်က ဘူလဲ မတိဝူးနော်.. စိတ်ဝင်စားစရာပဲ.. :mrgreen:

  • အလင်း ဆက်

    July 1, 2013 at 9:33 am

    မွန်မွန် ရေ

    ဖျော်ဖြေရေး အစီအစဉ်ကို ပြောင်းပေးလို ့ရမလားးးဟင်

    က လည်း က ချင်ဘူးးး
    ကဂျာလည်း ရွတ် ရဲဘူးးး ။

    😆

  • ဦးကြောင်ကြီး

    July 1, 2013 at 9:51 am

    မမလှလှနဲ့ကြောင်ကြီး ဘာဆက်ဖြစ်တုံး ဆုံးအောင်ရေးလေ။ ဒီမှာ ထိုင်ရမလို ထရမလို.. 🙄

    • KZ

      July 1, 2013 at 10:20 am

      ဒါက ဒီလိုရှိပါတယ်။
      ရှင်းပြပါရစေဦးးးးး
      ကဗျာ ပေးတဲ့ အချိန်ပေါ် မူတည်ပြီး ပြခန်းမှာ ကဗျာ ပြည့်သွားပြီ မပြည့်သေးဘူးနဲ့ လိုက်ပြီး ကဗျာတွေက ပါတာပါဗျ။
      ပြခန်း ၄ မတိုင်ခင် ပေးတာဖြစ်ပေမဲ့လည်း အဲ့ဒီ အချိန် ပြခန်း ၄ က ပြည့်သွားရင် ပြခန်း ၅ မှ ပါနိုင်တော့မှာမျိုးပါ။
      စိတ်ရှည် သည်းခံကြပါလို့ တောင်းပန်ချင်ပါတယ်ဗျာ၊။
      အနုပညာသမားတွေပဲ။
      🙂 နော်………………………!!

      • ရွှေတိုက်စိုး

        July 1, 2013 at 10:33 am

        အော်ဂလိုလား……….. အေးပေါ့အေ…. အနုပညာသမားဆိုတော့လဲ စိတ်ရှည်ရဒေါ့မှာပေါ့အေ……..ခွိခွိခွိ

        • (သီချင်းကောင်းကောင်း သီချင်းတောင်း အနောင်ဇာလေသံဖြင့်..)

          ဟုတ်ကဲ့..လုံမတို့ ကဗျာပြခန်းကို ပေးပို့လာတဲ့ ကဗျာတွေဟာ များပြားလွန်းတဲ့အတွက် အားလုံးကို အလှည့်ကျစနစ်နဲ့ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်..ဒါကြောင့် မိမိတို့ရဲ့ ကဗျာ ဘယ်ပြခန်းမှာ ပါမလဲဆိုတာ အားလုံးပဲ စောင့်မျှော်ပေးကြပါလို့ ပန်ကြားအပ်ပါတယ်ရှင်..

          :mrgreen:

  • သူကလေး

    July 1, 2013 at 10:15 am

    အဟစ် အဟစ် … အလုပ်မအားတဲ့ကြားက ချစ်ကလေးမွန်မွန်ရဲ့ကဗျာပြခန်းအကိုအပြေးလအလွှားလာကြည့်ရဒါ
    ကွန်ပလူတာကြီးကြည့်ရင်းပါးစပ်မစေ့နိုင်လို့ :mrgeen: GM တွေ့သွားမှာတောင်ကြောက်ရ
    ပြခန်း ၄ က ကဗျာတွေကကောင်းချက်ပဲ (ကိုယ့်ကဗျာလည်းပါတာကိုး ဟိ)
    ခုချက်ချင်းဗုတ်ပါဆို ဘာရွေးလို့ရွေးရမှန်းမသိလို့ အတော်အားမှ သေချာလာဖတ်အုံးမယ်ဂျာ
    ဒါနဲ့ အူးစိတ်တိုဂျီးကော နေကောင်းဘီလား
    မျောက်ညိုလေးလည်းပေါ်လာသေးဘူးနော် 😀

    • ဟီး..ဒမှာလည်း အူးစိတ်တို နဲ့ မျောက်ညိုတဲ့..
      သဂျားရေ..နီတော့ မျောက်ညို ဖစ်နေပီ.. 😛

  • Ma Ei

    July 1, 2013 at 10:23 am

    လုံမလေး ကလဲ အရေးကောင်းတော့…
    ဧည့်ခံကျွေးမွေးတဲ့ အစီစဉ်တွေကလဲ မနဲ…
    တစ်ကယ်ကို ဖြစ်လာစေချင်ပါရဲ့နော်….

  • KZ

    July 1, 2013 at 11:18 am

    ဟယ်။ ကော်မန့်တွေပဲ များနေတာ။ တဗုဒ်မှ မဗုဒ်ကြသေးဘူးးး
    ဗုဒ် ကြပါ။
    ဗုဒ်ကြပါ။
    ပလိုမိုးရှင်း ရှိပါတယ်။ လုံမလေး ကို မေးကြပါ။ :mrgreen:

    • ဟုတ်တယ်..ဟုတ်တယ်..

      မန့်ကြပါ..ဗုတ်ကြပါ..ပလိုမိုးချင်း ချိဘာဒယ်… ဘာလဲဆိုတာ ပီးမှ ပေါမယ်…

      အနော့်ကိုချစ်ရင် မန့်ကြ..ဗုတ်ကြနော်…

      အာဟိ.. :kwi:

    • သူကလေး

      July 1, 2013 at 12:19 pm

      ဟွတ်ပါ့
      ဗုတ်ကြပါအုံး
      အဲ့ .. ခိုင်ရေ ပလုံမိုးရှင်းကိစ္စ .. သူကလေးလဲမသိရပါလား
      ဘို ပလုံမိုးရှင်းတွေလဲဟင် ရွာထဲက ဂေါ်မစွံလူပျိုးရီးတွေကို မဲဖောက်ပေးမတဲ့လား 😀

      • KZ

        July 1, 2013 at 12:23 pm

        ရှိတမြ လူဗျိုဂျီးဒွေက ဇီဇာကြောင်ဒွေမို့ မဲဖောက်မယ် ဆိုမှ ဘယ်ဒူမ မလာဘဲနေမာ။ :mrgreen:

        • အီးးး..ကျုပ် ပြခန်းလေး လူမဝင် ဖစ်ပါမယ်တော်.. ဒီ လူဗျိုဂျီးတွေနဲ့တော့ မပရိုမိုးချင်း ပါရစေနဲ့.. :mrgreen:

        • အလင်း ဆက်

          July 2, 2013 at 12:27 pm

          အက်ဒါဆို…
          အပျိုကြိ်းတွေ…နဲ ့ ပရိုမိုးချင်းလိုက်ပါလား..ဟင်…

          ပြေးးပြီ….
          😆

  • စနေ

    July 1, 2013 at 12:05 pm

    ကဗျာပြခန်းက တစ်ခေါက်တစ်မျိုး မရိုးရအောင်ပဲ …
    အဲလို ရေးတတ်လုပ်တတ်တဲ့သူတွေ အရမ်းအားကျတာပဲ …
    နောက်မှ သေချာဖတ်ပြီး လာဗုတ်တော့မယ် …… 🙂

    • သူကလေး

      July 1, 2013 at 12:30 pm

      အမြန်ဖတ်ပါ .. အမြန်လာဗုတ်ပါ
      အထူးအထူး ပရိုမိုရှင်းရှိတယ်နော့်

        • စနေ

          July 1, 2013 at 6:02 pm

          အထူးအထူး ပရိုမိုးရှင်းက ဘာလဲဟင် …
          အဲဒါသိရမှ ဗုတ်တော့မယ် … ဟိဟိ

        • ကြက်အူလှည့်

          July 1, 2013 at 6:05 pm

          စပ်စလူးနတ်ပူးတဲ့ ကန္နားစီးတယောက် မဲဖောက်ပေးမယ်ဆိုလားးး

        • အလင်း ဆက်

          July 2, 2013 at 12:17 pm

          မကြိးစန်းတို ့.
          အန်င်္တီင်္ပေါက် ( မိုးကုတ်ပေါက်ပေါက် ) တို ့ဆို..ဟုတ်သေး….
          သူတို ့က… ဘာပြု ပြီးသားတွေ ဆိုလားးးးး
          😆

        • စနေ

          July 1, 2013 at 6:18 pm

          စပ်စလူးတော့ ကြိုက်ဝူး….
          တည်တည်ငြိမ်ငြိမ် ကန္နားစီးပဲ ကြိုက်ထာ …… :mrgreen:

  • ခင် ခ

    July 1, 2013 at 12:49 pm

    လူငယ်တွေကတော့ ခြေသွက်လှကြည်လားလို့ ပြောရမလားဘဲ
    သဘောကျ အားရမိတယ်ဗျ။
    တစ်ခါနဲ့တစ်ခါ မရိုးနိုင်စရာတွေနဲ့ ဆင်ယင်ကာ တင်နေကြတာမို့လေ။
    ဗုတ်တာတော့ တစ်ခေါက်ပြန်လာပြီးဗုတ်မယ် ကဗျာတွေအရင် ဖတ်လိုက်အုံးမယ်ဗျို့။

  • သျှားသက်မာန်

    July 1, 2013 at 1:18 pm

    ကဗျာပြခန်း (၄)တောင်ရောက်လာပြီဆိုတော့…ခရီးတော်တော်လေးရောက်လာပြီလို့ဆိုနိုင်တာပေါ့နော်.
    ဆက်ပြီးလည်း…ခရီးပေါက်နိုင်ပါစေ..ပြီးတော့..ကြိုက်တဲ့ဖော်ပြချက်လေးလည်းရှိပါတယ်….ကဗျာပြခန်း (၃)မှာရေးထားတဲ့သူတွေကို..ဖော်ပြထားတာက..တော်တော်လေး..လက်ရာမြောက်ပါတယ်………သူတို့ရေးတဲ့အကြောင်းအရာနဲ့ပက်သက်ပြီးဖွဲ့နွဲ့ပုံကစိတ်ဝင်စားစရာပါ…နောက်ဆုံးမှာလဲကပွဲလေးတွေနဲ့အဆုံးသတ်
    ထားတော့..မျက်လုံးထဲမှာပိုမြင်လာစေတယ်…….ဆက်လက်ပြီးကဗျာပြခန်း (၅)ပါ..ဖွင့်ပေးပါဦးလို့ တောင်းဆိုပါတယ်.

    • သယ်ရင်း..ရှဲ့ရှဲ့..

      ပြခန်း (၅) ကို ဇူလိုင်လ (၁၅) ရက် ဝန်းကျင်မှာ ဖွင့်လှစ်ပါမယ်…

      ကြိုက်တဲ့ ကဗျာလေးတွေကို ဗုတ်သွားပေးဦးနော်..

  • ခင် ခ

    July 1, 2013 at 1:28 pm

    ဗုတ်မှာက ကဗျာ ၁၃ ပုဒ်၊ ကဗျာပြခန်းမှာက ၁၆ ပုဒ် ဖြစ်နေတယ်။
    ဗုတ်ရမယ့်စာရင်းထဲမှာ
    ၁။ ကဗျာစစ်မျက်နှာ
    ၂။ မရေရာခြင်း
    ၃။ ဘာလဲ
    အဲဒီအပုဒ်တွေမပါဘူးဆိုတော့ အဲဒီအပုဒ်တွေက ဗုတ်ရန်မလိုလို့ ချန်ထားတာလားဗျ။

    • ဟုတ် လေးလေး…

      ၁။ ကဗျာစစ်မျက်နှာ က ထုတ်ဝေပြီး ကဗျာဆရာရဲ့ ကဗျာကို ပြန်ဖော်ပြထားတာ မို့လို့ပါ.
      ၂။ နဲ့ ၃။ က ရွာသားမဟုတ်တဲ့သူတွေရဲ့ ကဗျာမို့လို့ပါ…

      • naywoon ni

        July 2, 2013 at 6:33 pm

        ပုံနှိပ်ပြီးသားကဗျာ မပါရဘူးဆိုရင် တို့ကဗျာကိုလည်း ဗုတ်စာရင်းထဲက ဖြုတ်လိုက်ပါ…….။ ဘာလို့လဲဆို အလင်းဆက် ကဗျာတောင်းကတည်းက ရွာထဲမှာမတင်ဘူးသေးတဲ့ကဗျာကို တစ်မင်ရွေးပေးလိုက်တာ အဲဒိကဗျာက ဆရာထက်ဝေး ကောင်းမှုနဲ့ 17-2-2013 နေ့ထုတ် ဖန်စီ ဂျာနယ်မှာ ပါပြီးသားကဗျာ ဖြစ်နေတယ် ………….။ တော်ကြာ စိန်ကောင်းကျောက်ကောင်းရောင်းဝယ်တဲ့နေရာ နေဝန်းနီက ကြားထဲက ကန့်လန့် ကန့်လန့်ဖြစ်နေမယ် ……………။

    • သူကလေး

      July 1, 2013 at 2:10 pm

      အာ့က ဒီလို အကိုခရေ
      ကဗျာစစ်မျက်နှာဆိုတာက အမွန့်ရဲ့ပို့စ်အတွက် ကိုးကားကဗျာလေးပါ
      မရေရာခြင်းနဲ့ ဘာလဲဆိုတဲ့ကဗျာနှစ်ပုဒ်ကတော့ ရေးသူက ရွာသူရွာသားထဲကမဟုတ်လို့ ဗုတ်နဲ့မဲပေးတဲ့စနစ်မှာ မပါဝင်တာပါရှင့်
      ရွာသားတွေရေးတဲပ ၁၃ ပုဒ်ထဲကပဲ ရွေးချယ်ပီး ဗုတ်ပေးပါအုံးနော့်

  • surmi

    July 1, 2013 at 1:40 pm

    တစ်​ခုခု​တော့မှား​နေပြ ီထင်​တယ်​ နည်​းပညာဆရာတို့​ရေ
    ကျုပ်​ ဗုတ်​လို့မရဘူးဗျာ
    ထင်​တာက​တော့ sdma800 လိုင်​း​ကြောင်​့ထင်​တာပဲ
    ဗုတ်​မရတာ သုံးကြိမ်​ရှိပြ ီဖြစ်​ပါ​ကြောင်​း ….

  • kyeemite

    July 1, 2013 at 1:53 pm

    ကဗျာတွေတော့ ဝင်ဖတ်သွားတယ်ဗျာ..
    ဘယ်ဟာကြိုက်ရမှန်းမသိသေးလို့
    နောက်မှလာမန့်ပါရဇီ… 🙁

  • လူကလေး

    July 1, 2013 at 1:59 pm

    ရင်ခုန်ရိုက်ထှာ.. ငွဲငွဲ. ..

    ချို့ ဗျာ တွေများ ဖတ်ရတာ ကြက်သီးထ ဂျာကြီး… ကောင်းချက်.. လန်ထွက်နေတာပဲ

    ငါ့သယ်ရင်းလေး တော်လိုက်တာ.. ငါ့လိုပဲ..ဟဲဟဲ

  • အလင်း ဆက်

    July 1, 2013 at 2:32 pm

    အော်

    ဘေးကနေ အသာ ကြည့်နေမို ့ပဲ ။
    မနေနိုင်တော့လို ့ဝင်ပြော ရဦးမယ်။

    ကျွန်တော်က လူပျိုကြီး စာရင်း မဝင်သေးဘူးနော် ။

    အခုမှ 16 နှစ် ကို 9 နှစ် သာသာ လေး စွန်း သေးတာ ။

    အဟိ အဟိ

    • သူကလေး

      July 1, 2013 at 4:24 pm

      ဟမ် … ဘာာာာာာာ
      ၁၆နှစ်ကို ၉ နှစ်စွန်းတယ်
      ဒါဆို အိုဗာ တွမ်တီးဖိုက်
      သူကလေးရဲ့ ဇကာတင်စာရင်းဝင်ဖစ်ဖို့မစဉ်းစားနဲ့ဒေါ့
      အိုချေပြီ အာဟိ ခွိ 😛

      • ကြက်အူလှည့်

        July 1, 2013 at 4:29 pm

        ဒညင်းဝက်တော့ သွားရှာဘီ. ကွိကွိ.
        ကျော်. က သူ တ တ နေတဲ့ထွီဇာလေးဖက်တောင်
        တနှစ် ဂျူနယာ ကျသူပါထီညာ.

        Feeling ဖလမ်းဖလမ်း.

        • အလင်း ဆက်

          July 1, 2013 at 7:02 pm

          ကျွန်တော် ထွီစရာကို မချစ်တော့ဘူးး

          လမ်းထိပ်မှာ အကြော်စုံရောင်းတဲ ့
          ဒေါ်ဖွားမေ ကိုပဲ ချစ်တော့မယ်

          ဒါဘဲ

          ဘသူတားတား နောက်မဆုတ်ဘူးး
          ဘသူပြောပြော ဂု မစိုက်ဘူးး

  • Ma Ma

    July 1, 2013 at 3:03 pm

    ကဗျာချစ်သူတွေရဲ့ စုစည်းမှု ညီညွတ်မှု အားကြိုးမာန်တက်ရှိမှုတွေက ချီးကျူးစရာပဲ။

    လုံမလေးရဲ့ စာကိုဖတ်ပြီး ကဗျာပြခန်းဖွင့်ပွဲကို ရောက်သွားရသလိုပဲ။
    နောင်ရွာသူားတွေရဲ့ တွေ့ဆုံပွဲတွေ ဆုပေးပွဲတွေလုပ်မယ်ဖို့အတွက်……
    ဦးဆောင်သူနဲ့ အလှူရှင်ခွဲခြားလိုက်မယ်ဆိုရင် ကဗျာချစ်သူများကို ဦးဆောင်သူအဖြစ် အဆိုတင်သွင်းပါတယ်။
    အောင်မြင်စွာ ဆက်လက်ချီတက်နိုင်ကြပါစေ။ 🙂

      • သူကလေး

        July 1, 2013 at 4:14 pm

        သေရောပဲ ဟိဟိ
        ကိုယ်တွေက ကွကိုယ်တောင် ဖိုးသိုးဖတ်သတ်နဲ့ ခုလိုလေးဖြစ်အောင်ကြိုးစားထားရတာနော့် အလက်ဆင်းရေ …

      • Ma Ma

        July 2, 2013 at 9:30 am

        ဥက္ကဋ္ဌကြီးပဒုမ္မာရဲ့ အဟံပထမံကို ဖတ်ပြီး တာဝန်သိမှု၊ တာဝန်ယူတတ်မှုဆိုတာတွေကို သဘောကျခဲ့တယ်။

        တကယ့်တကယ်ကျတော့ တာဝန်သိမှု၊ တာဝန်ယူတတ်မှုစတဲ့ နေရာတွေမှာ အဟံပထမံ ရမယ့်အစား တာဝန်လွှဲမှု၊ ခေါင်းပြောင်းမှုတွေမှာသာ အဟံပထမံ လုပ်ဖြစ်ခဲ့တယ်။

        နောက်ပြီး အစုအဖွဲ့နဲ့လုပ်တဲ့ကိစ္စတွေမှာ အများသဘောမခံယူပဲ မတိုင်ပင် မညှိနှိုင်းပဲ ကိုယ်ပြောချင်ရာ အလွယ်ပြောခဲ့တဲ့အတွက် ဖတ်ရွေးအဖွဲ့ဝင်တွေကို တောင်းပန်ပါတယ်။

        အခုလောလောဆယ် တွေ့ဆုံပွဲအတွက် အားတက်သရောဆောင်ရွက်နေတဲ့ ရွှေတိုက်စိုးကိုလည်း အားနာမိပါတယ်။ တောင်းလည်းတောင်းပန်ပါတယ်။

        လုံမလေးရဲ့ပို့စ်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ရေးမိပြောမိတဲ့အတွက် ပိုစ့်ပိုင်ရှင်လုံမလေးကိုလည်း တောင်းပန်ပါတယ်။

        အားလုံးပဲ သည်းခံခွင့်လွှတ်ကြစေချင်ပါတယ်။ 🙁

    • အားပေးတာ ကျေးဇူးပါ အန်တီရေ… အကြိုက်ဆုံးကဗျာကို ဗုတ်ပေးပါဦးနော်..

      ဟဲ..ဦးဆောင်သူကတော့… အနော်တို့တွေက စာထဲမှာပဲ ရေးတတ်တာ..ပြင်မှာ လုပ်တတ်ဝူးရယ်…. :mrgreen:

  • โทรศัพท์มือถือ

    July 1, 2013 at 5:58 pm

    ဝင်ရောက်ဖတ်ရှု့အားပေးလိုက်ရပါတယ်…..
    ပြခန်းလာရတာ ကျန်တာတော့အဆင်ပြေပါတယ်… ဝင်ကြေးက နည်းနည်းဈေးများသလိုပဲ….
    အရင်လတွေလတွေက ဒီပြခန်းကို သိပ်ပြီး သတိမထားခဲ့မိဘူးဗျ……
    ခုလမှပဲသေချာ သတိထားမိတော့တယ်………..
    ကျုပ်ကတော့ ထုံးစံအတိုင်း မျက်နှာနာတဲ့ တစ်ယောက်ကိုပဲ ဗုတ်ထားခဲ့ပါကြောင်းးးးးးးးးးးးးးး

    • တိန်..ဈေးမများပါဝူးအေ..ဒမှာ ပလိုမိုးချင်းနေပါတယ်ဆိုမှ…

      မျက်နှာနာတဲ့တစ်ယောက်ဆိုတော့.ဘူက ဘာကဗျာရေးတာ သိလို့လား… :mrgreen:
      ဘာပဲဖစ်ဖစ်..ဗုတ်သွားတာ ကျေးကျေးပါ ကိုရင်..ကိုရင့်ရဲ့ သာလှအကလေးလည်း ကြည့်လို့ကောင်းသား.. 🙂

  • စနေ

    July 1, 2013 at 6:08 pm

    ဗုတ်သွားပါကြောင်း …….. 🙂
    အထူးအထူး ပရိုမိုးရှင်းနော် ….. (မမေ့ရ) … 🙂

  • Mr. MarGa

    July 1, 2013 at 6:56 pm

    အဟင့် ငိုချင်တယ်
    ဒါလောက် မြိုင်မြိုင်ဆိုင်ဆိုင် ဖွင့်သွားတော့
    နောက်ပြခန်းကို ဘယ်လို အရေးအသားနဲ့ ဖွင့်ရမတုန်း လို့
    နောက်ပီး
    ပြခန်းက အဖွဲ့သားတွေကိုကျ လုပ်ချင်ရာ လုပ်ခိုင်းပြီး
    သူကျတော့ ရွာသူချော တဲ့
    မတရားဘူး
    သဂျီးးကို တိုင်ပြောရမယ်
    နောက်ပြီး မန့်တဲ့သူတွေ ဗုတ်သွားကြပါဗျို့
    မန့်တာက များနေပြီး
    ဗုတ်က နည်းနေတယ် 🙄

    • အလင်း ဆက်

      July 1, 2013 at 7:05 pm

      ကျွန်တော်လည်းး အက်ဒါလေး ပြောမလို့ဘဲ

      နောက်ပြခန်း ကျရင် ဘယ်လို ပုံစံက ဒီလောက် မြိုင်နိုင်မှာလဲ ကွယ်

    • နီပဲ နာ့ကို အတင်းရေးခိုင်းပီးတော့….
      နာလည်း ကြောက်ကြောက်နဲ့ ရေးပလိုက်တာ… ထပ်မရေးတတ်တော့ဝူး…ဒွတ်ခပဲ…

      ဟီး..ဒါဂတော့ ဒလို ချိဘာဒယ်…ဂယ်တော့..အမှန်တရားလေးဒွေ ရေးထားဒါဘဲကွယ်…လက်ခံလိုက်ပါနော်.. :mrgreen:

      • အလင်း ဆက်

        July 2, 2013 at 11:56 am

        နီက အရေးကောင်း..အတွေးကောင်း..လေ ။
        ဒီတော့….
        ပြခန်း ပိုစ့်တွေကို…နီ…ဒိုင်ခံ တင်ပေးမလားဟင်..
        နာတို ့…ကို တနားတောအားဖင့်……

        😆

        • သူကလေး

          July 2, 2013 at 12:03 pm

          အဲ့အကြံအရမ်းကောင်းပါကြောင်းးးးးးး
          ထောက်ခံပါတယ် ထောက်ခံပါတယ် အလက်ဆင်းပြောတာမှန်ပါတယ်ချင့် :mrgreen:

        • KZ

          July 2, 2013 at 12:12 pm

          ဟုတ်တယ်။ ထောက်ခံပါတယ်။
          လုံမလေးက ဒိုင်ခံ ပို့(စ) တင်ပေးပါ။
          ကျုပ် ကဗျာတွေကို ဓားမြတိုက် (အဲလေ) တောင်းပေးပါ့မယ်။ :mrgreen:

        • အလင်း ဆက်

          July 2, 2013 at 1:07 pm

          ကဲ….တာဝန်တွေ ပြန်ခွဲဝေပါပြီ ။
          လူလည်မလေးမွန်မွန် အဲ..လုံမလေးမွန်မွန်က… ပြခန်းပိုစ့်တွေ ဒိုင်ခံတင်သူ
          မမခိုင်ဇာက…. ကဗျာဒမြ

          သားသားက.. ချစ်သုဝေ ကိုနှမြောလို ့..
          ဝတ်မှုန်ရွှေရည်ကို ဖတ်ပြီး.ငိ်ုချင်နေလို ့……
          ဘာမှ မလုပ်နိုင်သေး..

          😆

      • Mr. MarGa

        July 4, 2013 at 1:49 pm

        သဘူတော…………ပါတယ်
        သဘူတော…………ပါတယ်
        သဘူတော…………ပါတယ်
        သိုင်းကာဝိုင်းကာ ရံပါ့မယ်
        ပြခန်းပို့စ်လေးပဲ တင်ပေးပါ
        :mrgreen: :mrgreen: :mrgreen:

  • ဦး ကြိမ်

    July 1, 2013 at 9:34 pm

    ကဗျာပြခန်း ၄ ဖွင့်ပြီဆိုလို့ အလုပ်ထဲက အပြေးလာခဲ့ရတာ
    အစားအသောက် ပွဲတွေလည်း မမှီ…. ပွဲခင်းထဲလည်းကြိတ်ကြိတ်တိုး လူတွေလည်းမနဲကိုဗျ
    ဦးရွေရိုး ဒေါ်မိုးအကတောင် မှီရုံပဲ ရှိတယ်……….
    ဒါပေမဲ့ ပြခန်းထဲမှာ… ကိုယ့်ကဗျာလေးကိုသပ်သပ်ခပ်ခပ် လေးတွေ့လိုက်ရတော့ ….အိုး ပျော်လိုက်သည့်ဖြစ်ခြင်း
    ပြခန်းဖြစ် မြောက်ရေးကော်မတီ ကိုလည်း အထူးပဲကျေးဇူးတင်တယ်ဗျာ
    နောင်နှစ်ပေါင်းများစွာတိုင် ကဗျည်းထိုးတည်တန့်နိူင်ပါစေဟုသာဆုတောင်းပေးပါရစေတော့…။

    • အယ်…မမီဝူးလား…နေဦး..အနော်ဖွက်ထားတဲ့ မုန့်တွေ ယူပေးမယ်… :mrgreen:

      အားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်နော် ဦးကြိမ်… စောင့်ရတာ ကြာသွားတယ်ဆိုရင်လည်း တောင်းပန်ပါတယ်နော်…. နောက်ပြခန်းတွေအတွက်လည်း ကဗျာလေးတွေ ထပ်ပို့ပေးပါဦးနော်…

    • အလင်း ဆက်

      July 2, 2013 at 12:03 pm

      ချစ်သော ဦးကြ်ိမ်ရေ….

      အပြေးအလွှားလေး.လာတယ် ဆိုတာ သိရတာကိုက..
      ကျွန်တော်တို ့ပြခန်းလေးကို… ဘယ်လောက် စိတ်ဝင်စားကြောင်း..ပြသလိုက်သလိုမို ့..
      ဝမ်းသာမိပါတယ် ။

      ကဗျာလေးတွေ လည်း..ဆက်ပို ့ပေးနေပါဦးနော် ့။

      ပြခန်းတွေ..တစ်ခန်းပြီး တစ်ခန်း.. ပိုမိုကောင်းမွန်စွာနဲ ့.. အဆက်မပြတ် ဖွင့်ပြနိုင်ဖို ့..
      လူငယ်တွေ ကြိုးစားနေပါတယ် ။
      အားလုံးက လည်းကြိုဆိုကြတော့.. အားလည်း တက်ပါတယ် ။

      (အပြင်မှာပါ.. ပြခန်းတစ်ခု ဖွင့်နိုင်ရင် ကောင်းမယ်…။ ကူကြပါလား…။ )
      😆

      😆

  • ဗုံဗုံ

    July 2, 2013 at 9:14 am

    ဟယ်…. ပြခန်းကြိုဆိုရေးတာဝန်မှုး နာက အိပ်ပျော်နေတာ အထုမှနိုးတယ်…. လာနော်…လာနော်.. သကြားလုံးတွေ ဂျယ်လီတွေ ချိုချဉ်တွေ များများဗုတ်ရင် များများရမယ်..နည်းနည်း ဗုတ်ရင် နည်းနည်းရမယ်.. အပျိုဂျီးဒွေအတွက် ဦးလေးတွေလည်း ချိတယ်နော်.. လူပျိုဂျီးဒွေ အတွက် နွားမ…အဲ အမတွေလည်းချိဒယ်နော်…များများဗုတ်တဲ့သူကို လုံမလေးက အာဘွား တဲ့…. :mrgreen: :mrgreen:

  • Nay Chi

    July 2, 2013 at 10:54 am

    လုံမလေး အသံလေးက ချစ်စရာလေးပါလား..။ 😛 😛

    အကျွေးအမွေးအစီအစဉ်ပါတယ်ဆိုတော့ ခနခနလာခဲ့မယ်နော်..။ 🙂

    ကဗျာလေးတွေက ရွေးရခက်ကြီးဖြစ်နေတော့ စိမ်ပြေနပြေဖတ်ပြီးမှပဲ ဗုတ်တော့မယ်..။

    • ဟိ..ချစ်ချာလေးဒဲ့…

      ပြောပီးစလစ်ပဲ..ခနခနလာခဲ့ရမှာနော်…
      ပြီးရင်လည်း ပြန်လာဗုတ်ပေး.. ဒါဗျဲ.. 🙂

  • လူစိုး

    July 2, 2013 at 11:08 am

    အဟမ်း အဟမ်း.

    စကားတွေပြောမှာမို့ ချောင်းဟန့်နေတာ

    မင်္ဂလာပါလို့ပဲ နှုတ်ဆက်ပါရစေ
    အခုရက်ပိုင်း ကျွန်တော့် ဖေ့ဘွတ်က ပင်လယ်ပြာပြာကဗျာချစ်သူ Group ရဲ့ ဒီလမှာလှူမဲ့ Donation ကိစ္စတွေ ကဗျာစာအုပ်ကိစ္စတွေ အလှူငွေ ကိစ္စတွေ စီစဉ်နေရလို့ ရွာထဲမဝင်ဖြစ်တာ ခွင့်လွှတ်ကြပါခင်ဗျာ။

    ကဗျာပြခန်းလေး စီစဉ်ပေးသူများနှင့် ဒီဇိုင်းလုပ်သူများအား ကျေးဇူးတင်ပါ၏။
    ဘာပဲဖြစ်ဖြစ် ကဗျာပြခန်းလေး ဖွင့်လာတာ အခုဆိုရင် ပြခန်းအမှတ်လေး တောင်ရောက်ပြီပေါ့ ( စောင့်ရတာလည်းကြာပီ )

    ပြခန်းအမှတ် ၄ မှသည် နောက်သိန်းပေါင်းများစွာတိုင်အောင် ဖွင့်လှစ်နိုင်ပါစေလို့ ဆုမွန်တောင်းရင် မန်းဂေဇတ်ရေ မင်္ဂလာပါဗျို့ ……….. 🙂

    • မင်္ဂလာပါ ကိုလူစိုးရေ… ကဗျာပို့ပေးတာရော၊ မအားတဲ့ကြားက ပြခန်းကို လာပေးတာရော ကျေးဇူးတင်တဲ့အကြောင်း ပြောပါရစေ… နောက်ပြခန်းတွေအတွက်လည်း ကဗျာပို့ပေးမယ် မို့လားဟင်င်.. 🙂

  • အရီးခင်လတ်

    July 2, 2013 at 2:41 pm

    အပလန်စား ဖွင့်ပွဲ ပါလား လုံမရေ့။
    ကဘာ တွေ တော့ မဖတ်ရသေးလို့ မဝုတ် ရသေးဘူး။
    စနေ၊ တနင်္ဂနွေ မှာ အသေအချာဖတ်ပြီး ဝုတ်မယ်။
    ပြီး ရင် ခိုးချပြီး ကိုယ်လဲ ကဘာ စပ်ကြည့်ဦးမယ်။

    “နှောင်ဖွဲ့မှုလွတ်ကင်းခြင်းကဗျာ” က ….
    ကဗျာ မသိ သူ၊ မခံစားတတ်သူ ကိုတောင် မှတ်မှတ်ရရ စွဲကျန် စေခဲ့တဲ့ ကဗျာပါ။
    “ဈာန် ” ဆိုတာ ဒီ ကဗျာ မဖွဲ့တတ်တဲ့ “အရီး” လို့ ထင်သူများ ရှိကြလား မသိ။ 😉

    😆

    • ဂယ်တော့ ချစ်တဲ့အရီးရဲ့ ကဘာကို လိုချင်တာ… တစ်ပုဒ်လောက် မပေးချင်ဝူးလားဟင်င်… 🙄

  • အရီးခင်လတ်

    July 2, 2013 at 2:46 pm

    ကဗျာဖတ်ပြီး သွားရည်ကျ ခဲ့တဲ့ “ရသမြောက် လင်္ကာ” ရှင် က မောင်ဂီ ကိုး။
    စပ်နိုင်ပါပေ့။ (ငရုတ်သီး) 😆

  • Mon Kit

    July 2, 2013 at 3:40 pm

    ကိုယ် ခံစားလို့ ရတဲ့ ကဗျာလေး တစ်ပုဒ်ကို ဗုတ်သွားပါတယ်နော်…

    • သူကလေး

      July 2, 2013 at 4:21 pm

      အခုလို လာပြီးခံစားသွားတဲ့အတွက်ကျေးဇူးအထူးပါ မွန်ခစ်ရေ .. ခစ်လား ကစ်လားတော့မသိ
      မွန်ခစ်ဆို ပိုပြီးချစ်ချာလေးနေမယ်တွေးမိလို့ အဲ့ဂလိုခေါ်လိုက်တယ်ကွယ် 😀

  • ဦး ကြိမ်

    July 2, 2013 at 9:15 pm

    မမွန် နဲ့ ကိုလင်းဆက်ရေ….
    ပြခန်းအမှတ် ၅ ကျရင်ဖိတ်စာ တော့ဆက်ဆက်ပို့ပေးဗျာ…ကျနော့အသိဘုန်းကြီးကျောင်းရှိတယ်..ညအိပ်တက်လာခဲ့မယ်
    ဦးအံစာတုံး ဦးကြောင်ကြီး အန်တီပဒုမ္မာ ဦးမာဃ ဦးခင်ခ ဆြာအုပ် အရီးခင်လတ်
    ဦးဘလက် ရွှေတိုက်စိုး အန်တီမမ နေဝန်းနီ ကိုပေါက် ကိုအာဂ မအိတုံ မခိုင်ခိုင် ကေဇက် နဲ့ ဆရာကြီးမိုက်ကယ်ဂျော်နီအောင်ပုတို့ကို
    အရှင်လတ်လတ် အပြင်မှာ မြင်ဖူး တွေ့ဖူးချင်လို့ပါ…….တခြားရွာသူရွာသားတွေနဲ့လည်းမိတ်ဆက်ပေးပါအုံး…..
    ရောက်တုံးရောက်ခိုက် လှည်းတန်းဂုံးကျော်တံတားကြီးလည်းခိုင်မခိုင်ကြည့်ချင်….ဘုရားတွေလည်းစုံအောင်ဖူးချင်တယ်ဗျာ
    အခန့်သင့်ရင် ဆန္ဒဖေါ်ထုတ်ပွဲတွေ ကြုံချင်ကြုံမှာ…တခါ တခါလာဖို့ကမလွယ်ဘူးမို့လား….။ခင်တဲ့ ဦးကြိမ်…။

    • အလင်း ဆက်

      July 3, 2013 at 10:02 am

      ချစ်သော ဦးကြိမ် ရေ

      ဆုပေးပွဲ ကို အရောက် လာမယ် မဟုတ်လားဗျ

      ကျွန်တော်လည်း ဦးကြိမ် နဲ ့ ဆုံချင်ပါသေးတယ် ။

      🙂

      ပြခန်း အမှတ် ၅ ကို
      ဇူလိုင် ၁၅ ၁၆ လောက် ဖွင့်နိုင်မယ် ထင်ပါတယ်။

      • သူကလေး

        July 3, 2013 at 11:45 am

        သာာာမီးလာမှာလေ တိုတိုအလက်ဆင်းရဲ့
        သာမီးနဲ့ကော တွေ့ချင်ပုလားဟင်……….. လို့ 😛

        • အလင်း ဆက်

          July 3, 2013 at 5:36 pm

          သာမီးလေးသူသူ
          ဦး လည်း သာမီးလေးကို တွေ့ဂျင်ဒါပေါ့ကွယ်
          အာဟိအာဟိ

  • padonmar

    July 2, 2013 at 9:44 pm

    ပဂိုးဒါး
    အရှင်လတ်လတ်တဲ့။
    ဦးကြိမ်ရယ်
    ကွန်ဖရဲင့်စ်က်ု ဖိတ်ပါတယ်။
    ဇူလိုင် ၂၁ ရက်ပါရှင့်။

  • padonmar

    July 2, 2013 at 9:46 pm

    ဒို့ကွန်ဖရဲင့်စ်ကျရင် မွန်မွန်ခိုင်းထားတဲ့ အတိုင်း တကယ်ကကြမှာလားဟေ့။

    • သူကလေး

      July 3, 2013 at 9:10 am

      အယ် ဖလား ဖလား အဲလိုတော့မလုပ်ပါနဲ့ရယ်
      နားပန်းဆံသီချင်းဂျီးတော့ဆိုချင်ဘူးလေ့
      တကယ်ဆိုရင် အဂျစ်ပဲလိုဒယ်လောက်ဆိုရမယ်ဆိုရင်ဒေါ့ မဆိုးပါဝူးးးးးးးး 😀

    • အလင်း ဆက်

      July 3, 2013 at 10:07 am

      ညက်ချွာဖျားးးးး

      အန်တီ ရယ်

      သားက လူရှေ ့ရောက် ရင် က ပြ ဖို ့မပြောနဲ့
      စကားတောင် လေးလုံးကွဲအောင် မပြောရဲသေး

      😆

      • သူကလေး

        July 3, 2013 at 11:43 am

        အော် အလက်ဆင်းကလဲ
        စကားပဲမပြောရဲတာလေ … အာ့ကြောင့် အမွန်ကစကားမပြောခိုင်းဘူး
        ကပဲကခိုင်းတာလေ .. လုပ်ပါနော် .. မာမီရှိန်းထဲက နေတိုးလိုလေ
        အကကျင့်ချင်ရင်လဲပြောနော့် .. မာမီရှိန်းကို အိမ်မှာခွေကူးထားဒယ် 😀

    • Mr. MarGa

      July 4, 2013 at 1:26 pm

      သေချာတာ ကတော့
      နားပန်းဆံ….ရယ်
      နှစ်ကိုယ့်တစ်စိတ်…ရယ်
      အဲ့ဒီနှစ်ခု သေချာတယ်ဗျ
      နောက်ပြီး
      ကဗျာပြခန်းရဲ့ အကြိုက်ဆုံး ကဗျာရှင်များကလဲ ကဗျာရွတ်ဦးမယ်……..တဲ့ :mrgreen:
      (ပြေးပြီ ဟီဟိ)

      • မျောက်ညိုလေး လာပီကိုး..အဟိ..
        အကုန်လုံး နာပေါထားတဲ့အတိုင်းပဲ…. နာဂတော့ စီစဉ်သူပေါ့ကွယ်..တဂျား ရန်ကုန်လာရင် အကတိုက်မယ်.. :mrgreen:

  • Shwe Ei

    July 3, 2013 at 12:02 pm

    သများ ဗုတ်သွားပါတယ်ချင့်………သုံးပုဒ်နော် …

  • ရွှေ ကြည်

    July 3, 2013 at 4:59 pm

    ဝင်ရောက်မွှေနောက် ဖတ်ရှုပြီးသကာလ ဗုဒ်သွားပါတယ် အမွန်ရေ ..။
    ပြခန်းကတယ်စည်ကားသကိုးးးးး စားစရာတွေလည်းစုံပါ ကဲ ပြန်လိုက်ဦးမယ် လုံမရေ 😆

    • ဘယ်ပြန်ဒါဒုန်း..ကြိုဆိုဧည့်ခံရေးပါဆို..မမဂျီးနော်… ကော်ဖီဝေခိုင်းရမလား.. ဟွန်း.. 😛

  • ဦး ကြိမ်

    July 3, 2013 at 7:04 pm

    စကားလုံးတွေကြမ်းသွားတာ….ခွင့်လွတ်ပါ အန်တီပဒုံမ္မာရေ…..ရွာကလေသံနဲ့
    ရိုးရှင်းစွာပြောမိလိုက်တာပါ…….နောင်သတိကြီးစွာထားပါမည်…..
    ဖိတ်ကြားခံရတာနဲ့ပဲ ဝမ်းမြောက် ဝမ်းသာရှိလှပါပြီ …………။

    • ခင် ခ

      July 4, 2013 at 9:53 am

      နန်းတော်ရာသူရေ မပေါ်လာအတော်ကြာလို့ ထင်မိပါတယ်။
      အခုလို အသံလေး အဲ စာအရေးလေး ပြန်တွေ့ရလို့ ဝမ်းသာမိပါတယ်။

      • မလာနိုင်တာ လိုင်းကြောင့်နဲ့မအားလိုု့ပါ ဦခင်ခရေ
        အခုတော့ဖုန်းနဲ့မရရအောင် သုံးနေလို့လေ ဖုန်းနဲ့က လက်ဝင်တယ်လေ အဆင်မပြေဘူး
        သတိရတာကျေးဇူးပါ

    • Mr. MarGa

      July 4, 2013 at 1:22 pm

      ဟွန့်
      ကျန်တဲ့ ကဗျာပြခန်းတွေကိုကျ ပေါ်မလာဘူး
      အားငယ်တယ် ဗြဲ…………… :byae:

    • ယောက်ခမက အရမ်းချစ်ဖို့ ကောင်းတာပဲ… တုံလေးနဲ့ဘုံလေးကို စောင့်ရှောက်နေရလို့ ယောက်ခမကို ပြခန်းမှာ တာဝန်မပေးတော့တာ.. တိရား..

      • ဟိုအပေါ်ကခေးလေး ချိတ်ချိုးရဝူး
        ခုတော့တာဝန်မပေးတာကျေးကျေးအေ
        နောက်တော့တာဝန်မပေးလဲ လုပ်ပေးလာမှာပါ
        နောင်ခါ ဖုန်းနဲ့ဖြစ်အောင်အားပေးပါ့မယ်

  • Myo Thant

    July 5, 2013 at 4:52 pm

    လုံမလေး
    ကြုံမှရေးတာ ဟုတ်ဘူးနော်
    ပြခန်းဖွင့်ပုံ လွှတ် ကောင်းဗျာ ၊
    တော် တာနော် ၊ 🙂

  • အရီးခင်လတ်

    July 6, 2013 at 1:57 am

    ဝုတ်ပြီးပါကြောင်း။ 😛

  • surmi

    July 9, 2013 at 4:17 pm

    ဘယ်​​နေ့ဗုတ်​်​ပိတ်​မလဲသ်​ိချင်​ပါတယ်​
    မဗုတ်​ရ​သေးလို့ 🙂

    • KZ

      July 9, 2013 at 4:21 pm

      ၁၂ လောက် ပိတ်မလားမသိဘူး ဦးဆာ။
      နောက်ပို့(စ) က ၁၅ လောက် တင်ရမှာဆိုတော့။ 🙂

  • အလင်း ဆက်

    July 12, 2013 at 10:05 am

    ကဲ ကဲ
    ကဗျာ ချစ်သူ အပေါင်းတို ့

    ဒီပြခန်း ဟာ ဖြင့်
    အခုဆိုရင်
    ဗုတ် ပိတ် လိုက်ပါပြီ ခင်ဗျားးးးး
    ဘယ်သူ ရဲ့ ဘယ်ကဗျာလေး က
    အမှတ်အများဆုံး ကဗျာ ချစ်သူတို ့ရဲ့ အကြိုက်ဆုံး ဖြစ်သွားလဲဆိုတာ

    ရှု

    😆

Leave a Reply