ဖိတ်စာဝေနေပါသည်

padonmarJuly 2, 20131min1279158

 

 

ဒုတိယအကြိမ် မန်းဂဇက်ကွန်ဖရဲင့်စ်ကြီး ကို

နေ့ရက်- ဂျူလိုင် ၂၁ ရက် တနင်္ဂနွေနေ့
အချိန် – နံနက် (၉) နာရီ
နေရာ-ကန်တော်ကြီး P3 စားသောက်ဆိုင်

(ယခင် တစ်ခေါက်ဆိုင်နှင့် မျက်နှာချင်းဆိုင် မိုးလုံလေလုံ နေရာ)တွင်
အစားအသောက်ကြိုက်တာကို ကြိုက်တဲ့ နေရာမှာ ကြိုက်သလို ကြိုက်သလောက် ကြိုက်တဲ့သူနဲ့ တူတူ စားလို့ရတဲ့ ဘူဖေး စီစဉ်ပါမည်။

(ကြိုက်တာကို ဆိုတာမှာ ဆိုင်က စီစဉ်ပေးထားသမျှ ထဲကလို့ ဖြည့်ပါရစေ)

အစီအစဉ်-ကြီးမှမိုက်တဲ့ ဦးကြိုက်မီးနဲ့ ငယ်ငယ်လေးနဲ့မိုက်တဲ့ ဆယ်အိမ်ခေါင်းရွှေတိုက်တို့ စီစဉ်နေပါသည်။

Green Rose  စီစဉ်နေတဲ့ မန်းဂဇက်ချစ်သူများ အမှတ်တရ ဆုရပို့စ်များနဲ့ ဆုရ ကဗျာများ စာအုပ် ကိုလည်း

အမှတ်တရသိမ်းထားနိုင်ဖို့ အရင်းသာသာ မများသောနှုန်းထားနဲ့ ရောင်းပေးမှာ ဖြစ်ပါတယ်။

(အရင်းသာသာဆိုတာကလည်း ပိုသမျှငွေကို မန်းဂဇက်ရန်ပုံငွေအဖြစ် ရွာ့အကျိုး (အဲမှားလို့ အခု မြို့ဖြစ်သွားပြီဆိုပဲ )မြို့အကျိုး ကိစ္စတွေမှာ သုံးမှာပါ။)

ရွာသူားများ စာရင်းပေးကြပါကုန်လော့၊
ဒူ…ဟူဟူ….

လူဟောင်းလူသစ်မခွဲ ကျားမ မခွဲ အသက်အရွယ်ကြီးငယ်မခွဲ ပညာအရည်အချင်းမခွဲ ဘာသာလူမျိုးမခွဲ လိင်တူချစ်သူလိင်ကွဲချစ်သူ မခွဲ

မန်ဘာတိုင်းလာနိုင်ပါတယ်။

မှတ်ချက်
(အခမဲ့ပါနော။စာရင်းလေးတော့ ပေးပါ)

လူဦးရေအတိအကျကို  ကြိုတင်ငွေပေး မှာရမှာဖြစ်တဲ့အတွက် ပွဲမတိုင်မီ ၁၁ရက်အလို

ဂျူလိုင် ၁၂ရက်နေ့ည သန်းခေါင် ထိ စာရင်းပေးပေးကြပါ။

ဆုရမယ့်သူတွေ ကိုယ်တိုင် မလာနိုင်ရင် ကိုယ်စားလာယူခိုင်းကြပါ။

(လာချင်ပေမယ့် မသေမချာဖြစ်တယ်ဆိုရင်လည်း လာဖို့တော့ ကြိုးစားမယ်၊မသေချာသေးကြောင်း စာရင်းတို့ပေးထားပါ။

မသေမချာ လူဦးရေဟာ ၁ဝယောက်အောက်ဆိုရင် လာမယ့်စာရင်းထဲထည့်ပြီး ကြိုမှာထားပေးပါမယ်။)

ပထမအကြိမ် ကွန်ဖရဲင့်စ်တုံးက ဘယ်လောက်ပျော်ဖို့ကောင်းသလဲဆိုတာ လာဖူးသူတိုင်းသိပါတယ်။

မလာလိုက်ရလို့ တသသနဲ့ မဆွေးရလေအောင်၊

စားပွဲကို လက်သီးနဲ့ မထုမိရလေအောင်

မပျက်မကွက် ဆက်ဆက်လာကြစေချင်ပါတယ်။

ဒါ့ပုံဆရာတွေ ဘက်ထရီတွေ ထရိုင်ပေါ့တွေ လဲန်စ်တွေ စုဆောင်းဖုန်သုတ်ထားကြပါ။

ဆယ်အိမ်ခေါင်းရွှေတိုက် နဲ့ ဦးကြီးမိုက်က ကြိုးမဲ့မိုက်လေး ဓာတ်မလိုက်အောင် ပြင်ထားပေးပါ။

အမှတ်တရ လက်ဆောင် ပေးမယ့်သူတွေ

ကံစမ်းမဲ ဖောက်ပေးမယ့်သူတွေ

ကြိုတင် ပြင်ဆင်  ဂျောက်ချနိုင်ပါပြီ။

သီချင်းဆိုမယ့်သူ၊ဂစ်တာတီးမယ့်သူ ၊တပင်တိုင်ကမယ့်သူ၊

နှစ်ပါးသွားကမယ့်သူ၊ဦးရွှေရိုးဒေါ်မိုးကမယ့်သူ၊ဦးစိတ်တို မျောက်ညိုဇာတ်ကမယ့်သူ၊

သူကြီးမင်းထံ ပွိုင့်တောင်းသွားမယ့် အနောက်ဖက်သို့ ခရီးစဉ် ပြဇာတ်ကမယ့်သူ ………

လေ့ကျင့်ထားကြပါ။

 

လူသစ်များ ဒီပို့စ်ကျမှ ဖတ်ပြီး သိပ်မရှင်းလင်းကြရင် အရင်က တင်ခဲ့တဲ့ ပို့စ်တွေမှာ သွားဖတ်ကြည့်နိုင်ပါတယ်။

မဲရုံ မဲရုံကိုလာ့ ၊ငွေဖလားကြီးနဲ့ ၊ပျော်ပျော်ရွှင်ရွှင်ခင်ခင်မင်မင်

မဲရုံ မဲရုံကိုလာ့ ၊ငွေဖလားကြီးနဲ့ ၊ပျော်ပျော်ရွှင်ရွှင်ခင်ခင်မင်မင်

ဂဇက်ကွန်ဖရဲင့်စ်(၁) Mandalay Gazette Conference

ဂဇက်ကွန်ဖရဲင့်စ်(၁) Mandalay Gazette Conference

ဂဇက်ကွန်ဖရဲင့်စ်(၂) Mandalay Gazette Conference

ဂဇက်ကွန်ဖရဲင့်စ်(၂) Mandalay Gazette Conference

ဂဇက်ကွန်ဖရဲင့်စ်(၃)Mandalay Gazette Conference -ဂဇက်ဆုံစည်းပွဲမှ လက်ဆောင်များ

ဂဇက်ကွန်ဖရဲင့်စ်(၃)Mandalay Gazette Conference -ဂဇက်ဆုံစည်းပွဲမှ လက်ဆောင်များ

 

158 comments

  • โทรศัพท์มือถือ

    July 3, 2013 at 6:26 am

    မင်္ဂလာပါခင်ဗျ….
    အစားအသောက်-ကြိုက်တာကို ကြိုက်တဲ့ နေရာမှာ ကြိုက်သလို ကြိုက်သလောက် ကြိုက်တဲ့သူနဲ့ တူတူ
    ဒါလေးကို သဘောကျလှသဗျားးးးးးးး
    ဒီလိုဖရီးဂျေားး ဝါးဒီလုပ်တာမှ မတက်ရင် ဘယ်လိုပွဲသွားပီးတက်ရတော့မှာလဲ…..ငှဲ..ငှဲ…
    ပထမဆုံးစာရင်းပေးထားလိုက်ပါပီဗျာ….. ကျနော်မောင်မိုဘိုင်း တက်မည်ဖြစ်ကြောင်းးးးးးးးးးးးး

  • Ko chogyi

    July 3, 2013 at 6:38 am

    အစ်မရေ စာရင်းပေးပါတယ်နော်
    ကိုချိုကြီး+၁ ပါ။

  • kyeemite

    July 3, 2013 at 9:10 am

    တယ်သွက်နေပါလားဦးပါရေ.. 🙂
    “သီချင်းဆိုမယ့်သူ၊ဂစ်တာတီးမယ့်သူ ၊တပင်တိုင်ကမယ့်သူ၊
    နှစ်ပါးသွားကမယ့်သူ၊ဦးရွှေရိုးဒေါ်မိုးကမယ့်သူ၊ဦးစိတ်တို မျောက်ညိုဇာတ်ကမယ့်သူ၊
    သူကြီးမင်းထံ ပွိုင့်တောင်းသွားမယ့် အနောက်ဖက်သို့ ခရီးစဉ် ပြဇာတ်ကမယ့်သူ ………
    လေ့ကျင့်ထားကြပါ။”
    ဒီအစီအစဉ်ကတော့ တကယ်ပါစေချင်ပါဂျောင်းးးး

  • သူကလေး

    July 3, 2013 at 9:15 am

    ခိခိ
    အမြန်စာရင်းပေးရမှာပါလား
    လာပါမယ်ရှင့်

  • အလင်း ဆက်

    July 3, 2013 at 9:37 am

    လာမယ်ဗျာ

    မဖြစ် ဖြစ်အောင ် လာမယ်ဗျို ့။

    ကဗျာ ရွတ်မပြရဘူး ဆိုရင်ပေါ့

    😆

  • ခင် ခ

    July 3, 2013 at 9:45 am

    တစ်ခါပြန်လည် ဆုံကြရပြန်ပြီပေါ့နော်။
    “Green Rose စီစဉ်နေတဲ့ မန်းဂဇက်ချစ်သူများ အမှတ်တရ ဆုရပို့စ်များနဲ့ ဆုရ ကဗျာများ စာအုပ် ကိုလည်း အမှတ်တရသိမ်းထားနိုင်ဖို့ အရင်းသာသာ မများသောနှုန်းထားနဲ့ ရောင်းပေးမှာ ဖြစ်ပါတယ်။´´
    ဆိုတော့ ပွဲစတင်ကျင်းပချိန် မနက် ၉ နာရီကထဲက စတင်ရောင်းနေပြီလားခင်ဗျ။( အဆင်ပြေရင် အပြေးလေး လာဝယ်မလားလို့ စိတ်ကူးပေါ်လို့ပါ )၊

  • TNA

    July 3, 2013 at 9:54 am

    လာဖို့တော့အဆင်မပြေပေမဲ့ စာအုပ်တော့လိုချင်ပါတယ် အန်တီဒုံ။ ဘယ်လိုများဝယ်လို့ရနိုင်ပါမလဲရှင့်။ ဆုရသူများကိုလဲဂုဏ်ယူပါတယ်။

    • padonmar

      July 3, 2013 at 11:55 pm

      ကိုခင်ခ နဲ့ သည်းနုအေးရေ
      စာအုပ်လိုချင်ရင် စာရင်းမှတ် ချန်ထားပေးနိုင်ပေမယ့်
      ဒီပွဲကိုတော့ ခဏလေးဖြစ်ဖြစ် ရောက်စေချင်ပါတယ်။
      အရင် တစ်ခါလိုပဲ ဂရုဖိုတို ကို ဆုပေးအပြီး ရိုက်မှာ( 11း30-12:00 ခန့်)ဆိုတော့
      အဲဒါလေးတော့ အမီ လာခဲ့ကြပါလား။

      • TNA

        July 6, 2013 at 11:08 pm

        အန်တီဒုံရေ အရမ်းလာချင်ပါတယ်။ ဒါပေမဲ့ အဲနေ့ဝါဆိုသင်္ကန်းကပ်မှာမို့ မသေချာလို့ပါ။ ကြိုးစားကြည့်ပါမယ်။ ဓါတ်ပုံထဲအရမ်းပါချင်ပါတယ်။ စာအုပ်တော့ဘယ်လိုယူရမလဲ သိချင်ပါတယ်။

  • Myo Thant

    July 3, 2013 at 10:12 am

    သီချင်းက တကယ်ဆိုရမှာလားဟင် ?
    KTV မှာ သွားကျင့်ထားမလို့ပါ ၊ 🙂
    လာမှာကတော့ ကျနော်တို့ သားအဖပါ ၊
    သားက မန်ဘာမဟုတ်လို့ ရပါ့မလား ? ၊

    • kyeemite

      July 3, 2013 at 1:14 pm

      ကိုမျိုးသန့်ရေ…သားဖနှစ်ဦးလုံးတက်နိုင်ပါတယ်ဗျာ..
      တခါက ကိုရင်ဖေါရင်း လည်းပြောထားဖူးပါတယ်..ကြိုဆိုပါတယ်

  • မင်းမင်း

    July 3, 2013 at 10:31 am

    မန်းလေးမှာလုပ်ဖို့

    အစီအစဉ်ရှိမရှိသိလိုပါတယ်။

    မန်းလေးဆို တတ်နိုင်မယ်ထင်ပါတယ်။

    • ခင် ခ

      July 3, 2013 at 11:02 am

      မန်ဘာအတော်များများက ရန်ကုန်မှာရှိကြတာများသလို အခြားဒေသနဲ့ နိုင်ငံရပ်ခြားက မန်ဘာတွေကလည်း ရန်ကုန်ဆို လွယ့်လင့်တကူလာသွားတည်းနိုင်လို့ ရန်ကုန်မှာဘဲ လုပ်ဖြစ်တာပါ။
      မန်းလေးမှာ လုပ်ဖို့လောလောဆယ်အစီအစဉ် မရှိသေးပါကြောင်း မင်းမင်း ရေ။

      • nicolus agral

        July 6, 2013 at 1:16 pm

        ဒါခွဲခြားဆက်ဆံတာပဲ
        လူ့အခွင့်အရေးချိုးဖောက်တာ
        မီးတုတ် မီးတုတ် ရှို့ ရှို့

    • padonmar

      July 3, 2013 at 11:50 pm

      ဟဲ့
      အုပ်အုပ်နဲ့ မီးမီးလေး မပါဘူးပေါ့။
      မီးပုံးပျံ မပေါက်သေးရင် ခေါ်ခဲ့ရမယ်နော်။

  • မင်းမင်း

    July 3, 2013 at 11:30 am

    အများစုတတ်နိုင်ဖို့ ရန်ကုန်မှာလုပ်တာ

    ကောင်းပါတယ်ဗျာ။

    ပွဲရဲ့ မြင်ကွင်းလေးတော့မြင်ရကောင်းပါရဲ့ ဗျိုးး 🙄

    • kyeemite

      July 3, 2013 at 1:16 pm

      ပွဲရဲ့ မြင်ကွင်းလေးတော့မြင်ရကောင်းပါရဲ့ ဗျိုးး 🙄
      စိတ်ချပါကိုမင်းမင်းရေ..
      ပွဲပြီးရင် ဓါတ်ပုံတွေနဲ့တကွ ပို့စ်တွေဝေဝေဆာဆာတက်လာပါလိမ့်မယ်…

  • မောင် ပေ

    July 3, 2013 at 12:36 pm

    ကိုကြောင်ကြီး လာမယ်ဆိုရင်တော့
    အဲ့ပွဲကို ရောက်အောင်တက်ပါမည်။

    • Myo Thant

      July 3, 2013 at 2:54 pm

      ကျုပ်တာမီးလေးတွေကို ဒင်းပြောထားသမျှ
      တွေ့ကြရောပေါ့ ကြောင်ကြီးရယ် 🙂

  • သျှားသက်မာန်

    July 3, 2013 at 1:11 pm

    ကျွန်မနဲ့လုံမလေးမွန်မွန်တို့လည်း လာခဲ့ပါမယ်..

  • Shwe Ei

    July 3, 2013 at 1:29 pm

    မရွှေအိ ပလပ်စ် ဝမ်း လို့ မှတ်ထားပေးဘာ…ေိေိ :mrgreen:

  • စိတ်မကောင်းစွာနဲ့ပဲ
    ကျနော် ဒီပွဲကို တက်ရောက်နိုင်ဖို့
    အခွင့်အလမ်း နည်းနေပါတယ် ….. 😥

    • amatmin

      July 3, 2013 at 2:46 pm

      ဟတ်လူ..ဘိုအံ
      ကြားနေရတာတော့ ခင်ညားက နှစ်ယောက်တွဲတက် မလို့ဆို.. 😛
      အန်တီရေ..ခုတော့ ကျနော့ကို တယောက်စာ စာရင်းတို့ထားပေးဘာ နော့..
      ဇူလိုင် ၁၂ ရက် မတိုင်ခင် နောက်တိုးစာရင်း ထပ်ပြောပေးပါ့မယ် .. :=D

      • ဟဟဟ ငမတ်သာ လာဖိန်.မနေနဲ. အရင်တစ်ခေါက်တုန်းကလဲ အဲလိုပြောဒါဘဲ…
        တစ်ယောက်စာပဲမှတ်ထားလိုက်…….သေချာတယ် တစ်ယောက်ထဲ တကောင်ကြွက် အဲအဲ ကြွက်ဟုတ်ဘူး တစ်ကောင်မတ် တစ်ကောင်မတ်….

      • Ma Ma

        July 3, 2013 at 3:22 pm

        နှစ်ယောက်တွဲတက်မယ့်သူစာရင်းထဲမှာ လွှတ်တော်မတက်ပဲ လျှောက်လည်နေတဲ့သူတစ်ယောက်လည်း ပါတယ်ဆိုပဲ။ 🙂

    • Myo Thant

      July 3, 2013 at 2:52 pm

      ခညားမလာလို့ကတော့ ကျုပ်သမီးနဲ့ ဝေးပြီမှတ်

    • padonmar

      July 3, 2013 at 11:48 pm

      မောင်အံရေ
      ရန်ကုန်မှာ ရှိနေတယ်ဆိုရင်တော့ လာနိုင်အောင် ကြိုးစားပါဟယ်။

  • kai

    July 3, 2013 at 3:09 pm

    မဲဖောက်ဖို့လက်ဆောင်တွေ.. မနှစ်ကထက် ၂ဆ ပိုသုံးပြီး.. ပို့ထားတယ်နော…
    ချောင်းရိုက်တတ်သူ..တည့်တည့်ရိုက်သူ.. အရိုက်သမားတွေအတွက်လည်း.. ပါတယ်..။
    ညားခါစ.. ညားမယ့်.. စုံတွဲတွေလည်း.. တက်သင့်တယ်..။ :mrgreen:

  • โทรศัพท์มือถือ

    July 3, 2013 at 3:10 pm

    အေားးးး
    ဒီပွဲဂ ဒလိုလားးးးးးးးး
    မန်ဘာမဟုက်လည်း ရီးဇားတွေဘာတွေခေါ်ခဲ့ပီး တက်လို့ရဆိုပါလားးးး
    ကျုပ်ကမရဘူးထင်နေလို့……
    ခုတော့ရတယ်လို့ သိသွားပါပီလို့…………..
    ခေါ်ခဲ့ဇယာတော့တောက်မှ မရှိဗာဘူးးးး

    • အရီးခင်လတ်

      July 3, 2013 at 6:54 pm

      အောင်မယ်။ ပြောတယ်။
      ဟိုတစ်လောက လေဒီ လေး ဘယ်ရောက်သွားလဲ။ 😆

      • โทรศัพท์มือถือ

        July 3, 2013 at 8:38 pm

        အန်………
        ဘယ်တစ်လောက လေဒီလေးလေးဗျ…..
        ကျနော်လည်း ဘာမှမသိပါလားးးးးးးး
        အရီးခင်လတ် အတော်နောက်တတ်တယ်နဲ့ တူဒယ်……..

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 3, 2013 at 3:22 pm

    အဲ့သည်ပွဲကြီး ကျုပ်ရောက်ခဲ့မယ်ဆိုရင်
    ဘယ်နှစ်ချက်လောက်အရိုက်ခံရမယ်သိဘူးနော
    ကျုပ်ကို ဘေခြင်နေတဲ့လူတော့ရှိလောက်တယ်
    ဘာဘဲဖြစ်ဖြစ် ဒီလိုဖြစ်မြောက်အောင်လုပ်နိုင်တဲ့သူတွေအားလုံး
    သိုင်းကယူးပါဗျာ

    • အရီးခင်လတ်

      July 3, 2013 at 6:52 pm

      ဘပု ရေ့
      မြန်မာပြည် ဒီမိုကရေစီအစစ်အမှန် ရတဲ့ အချိန်၊ လမ်းမှန်ပေါ် ရောက်တဲ့ အချိန် ကျုပ်တို့ အားလုံး ဆုံဖြစ်အောင် ဆုံ ရအောင်။
      (အခွင့် ရှိပါဦးမလား) 🙄

    • padonmar

      July 4, 2013 at 12:06 am

      သေချာတာကတော့
      ဘပုလာရင် တွဲပြီး ဒါ့ပုံရိုက်ချင်သူတွေ တပုံကြီးလို့။

  • အရီးခင်လတ်

    July 3, 2013 at 6:49 pm

    အခုထဲ က ဓာတ်ပုံသတင်းတွေ ကို မျှော် နေပါပြီ ချစ်အစ်မရေ။
    အရမ်းပျော်စရာကောင်းမှာဘဲ။

  • ဦး ကြိမ်

    July 3, 2013 at 7:28 pm

    ကြမ်းတမ်းတဲ့ စကားလုံး သုံးနှုံးမိလို့တောင်းပန်ပါတယ်အန်တီ ပဒုံမ္မာရေ
    ရွာကလေသံအတိုင်း ရိုးရှင်းစွာပြောမိတာပါ….
    ဖိတ်ကြားခံရတာနဲ့ပဲ ဝမ်းမြောက် ဝမ်းသာရှိလှပါပြီ….။လေးစားစွာဖြင့်…….ဦးကြိမ်

  • padonmar

    July 3, 2013 at 11:46 pm

    ရွာထဲဝင်မရတုံးက ဖွဘုတ်ပေါ်မှာ ဖိတ်တော့
    နိဂိမီ၊ကိုဆာမိ၊လုံမလေး၊သူကလေး၊လူကလေး၊တို့လည်းလာမယ်တဲ့။
    …………………..
    ဦးကြိမ်ရေ
    တောင်းပန်စရာမလိုပါဘူး။
    ခင်မင်လို့ ပြောတာ နားလည်ပါတယ်။
    ဆက်ဆက်လာပါနော်။
    အရှင်လတ်လတ်တွေ့ကြတာပေါ့။

    • surmi

      July 4, 2013 at 8:59 am

      လာမယ်​ အစ်​မ​ရေ လာပါမယ်​ခင်​ဗျ
      ကျ​နော်​မ​နေ့က ဝင်​မရလို့ ငုတ်​တုတ်​​မေ့​နေတာ 🙂
      အခုမှ ​ကျော်​ခြွပြီးို်​ဗင်​ပစ်​ရတာ

  • ဦး ကျောက်ခဲ

    July 4, 2013 at 9:07 am

    ဒီတစ်ပွဲတော့လွဲပြီ အန်တီဒုံရေ…
    ဒါပေသည့် အလှမ်းမဝေးတဲ့ ဒီဇင်ဘာ နောက်တစ်ပွဲတက်ဖို့ ရွာသူရွာသားများ ဝတ်စုံအသစ်ချုပ်ထားကြပါ… လို့
    အားဟိ…. :mrgreen:

    • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

      July 4, 2013 at 9:12 am

      ပွဲမလာနိုင်လို့ စိတ်ညစ်ရတဲ့ဂျားထဲ တနေ့တခြား အိုမင်းယိုယွင်းလာမယ့် ကိုယ်နဲ့လည်း အမျိုးလုံးဝမတော်တဲ့
      မိန်းမကြီးကို မသေမချင်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လုပ်ကျွေးဖို့ ပါမစ်ကျပြီ ဆိုတဲ့ ကိစ္စရပ်ကြီးကို ခနခနထုတ်ထုတ်ကြွားတဲ့လူတွေဆို သား သိပ်မုန်းတာပဲမေမေ..။

      :mrgreen:

      • ဦး ကျောက်ခဲ

        July 4, 2013 at 9:19 am

        မနာလိုမရှိပါနဲ့ ကိုရင်ဂီရယ်…
        ပို့သတဲ့မေတ္တာကြောင့် ရွှေလက်တွဲလို့ ချစ်ပွဲဝင်ရမှာကို…
        မုန်းမယ်ဆိုရင် မုန်းလိုက်ပါ… ကျောက်စ်ကတော့ ရိုးမြေကျ ခင်ဗျ
        :mrgreen:

      • Khaing Khaing

        July 4, 2013 at 1:38 pm

        သားရယ် … အိုက်ဒီဇဂါးတွေကို သားဂ ခစ်န ခစ်န ပြူးတော့ … မေမေရင်တွေတုန်လိုက်တာ … ဒီလို ဆိပ်ဓာတ်ရှိတဲ့ သားလက်ထဲ မေမေ့ရဲ့တမီးလေးဒွေကို ဘီလိုဆိပ်ခြရမလဲကွယ် ………

  • KZ

    July 4, 2013 at 10:09 am

    အာတီဒုံ၊
    မလာနိုင်လို့ ဝင်မပြောပဲ နေနေတာ။

    တူညားတွေ + ဝမ်း + တူးတွေနဲ့ ပြောနေကြလို့။ ဝင်ပြောပါရစေ၊.

    ကိုယ့်တိုင် မလာနိုင်ပေမဲ့ + ဝမ်း ကို လွှတ်လိုက်လို့ ရလားဟင်။ ခွိခွိခွိ :mrgreen:

    • padonmar

      July 10, 2013 at 8:54 pm

      မယ်ဆွိကလည်း ဦးကျောက်အားကျလို့ ရှာကြံကြွားထှာလား။

  • Khaing Khaing

    July 4, 2013 at 10:28 am

    မီးမီးကတော့ လာဖြစ်ရင် ပလပ်စ် တူး ဖြစ်နိုင်ပါသည် ….. အငယ်လေးတော့ မပါနိုင်ပါ …. လာဖို့ကိုတော့ ခွင့်တောင်းနေပါတယ် … ခုချိန်ထိတော့ အပလူပါယ် မကျသေးပါ ……..

  • aung moethu

    July 4, 2013 at 12:54 pm

    စာရင်းပေးပါတယ်.. ကျတာ်လာပါ့မယ်
    အောင်မိုးသူ ပါ.. ဗျ

    • padonmar

      July 6, 2013 at 10:49 pm

      ဘကြီးမိုးရေ
      ရင်နင့်အောင်နဲ့ မောင်ဝါဝါရော ပါမှာလား။

  • အလင်း ဆက်

    July 4, 2013 at 6:53 pm

    အလင်းဆက် + 1 လို ့မှတ်ထားပေးပါနော် ။
    ချစ်သုဝေ နဲ့ ဝတ်မှုန်ရွှေရည်
    တစ်ယောက်ယောက်နဲ ့လာခဲ့ပါ့မယ်။

    သူတို ့နှစ်ယောက်နဲ့မှ အလုပ်မဖြစ်လည်းးး
    လမ်းထိပ်မှာ အကြော်စုံ ရောင်းနေတဲ့
    ဒေါ်ဖွားမေ ကို ခေါ်လာမှာပါ ။

    ပုံ

    အောင်ရဲလင်း နှင့် တူသော အလက်ဆင်း

    • ဟေ ချစ်သုဝေ ဆိုပါလား…. နာကြိုက်လို.ပါကွ… ဒါလေးဒေါ့ချန်ထားပါ…
      ချစ်သုဝေ နဲ.တူဒဲ့ ချစ်သုအုပ်ကို ယူထားဒါ နာကွ…….ဟဟဟဟ

      ကိုအလင်းဆက်ရေ သေချာတယ် ဒေါ်ဖွားမေနဲ.ပဲ ဖြစ်မှာပါ..ဟဟဟဟ…

      အောင်ရဲလင်းဒဲ့ ခွိ…. ချားကားမပီဒဲ့ မင်းတားကြီးကိုညားအေ……… သူညားလို မင်းမော်ကွန်းနဲ. တူရင် ဖြင့် ဟင့်ဟင့်

      • တစ်ရောက်ဂ နောက်မီးလင်း နဲ့ တူဒဒဲ့ ..
        တစ်ရောက်ဂ မင်းမော်ဂွမ်း နဲ့ တူဒဒဲ့ …

        နာလည်း အားဂျမခံ တစ်ယောက်နဲ့ တူပလိုက်အုံးမှ ..
        အင်း .. ဘူနဲ့ တူရင် ကောင်းမဲ .. 🙄 🙄

        ဟုတ်ဘီ .. ဟုတ်ဘီ …
        နာဂ ပီတာခရော့ နဲ့ တူဒါ … :mrgreen:

      • အလင်း ဆက်

        July 5, 2013 at 10:31 am

        ဒေါ်ဖွားမေ နဲ ့ဖြစ်လည်း ဆိုးပါဘူး ။
        မိတ်စကပ်ဖိုး တို့ဘာတို ့သက်သာတာပေါ့
        😆

        သူများ အောင်ရဲလင်းနဲ့ တူတာကို
        မလိုနာ ဖြစ်နေတယ်
        🙂

  • လူကလေး

    July 5, 2013 at 10:05 am

    ဒီတခေါက် တော့ ကျိမ်းသေ တိုးပြီပေါ့နော်..

    လာမရို့ . . ဒါပေနဲ့ ကြောက်သယ်.. ဟွန့်..

    မှတ်ထားပေးဦး ဗျ..

    ကြောက်ကြောက်နဲ့ လာခဲ့မယ့် .. လူကလေး.. :mrgreen:

    • ရွှေတိုက်စိုး

      July 5, 2013 at 11:23 am

      မောင်မင်းလူကလေး မကြောက်လေနဲ.ကွယ့် မောင်မင်းလူကလေးကို အလွန်ဆုံး ရွာသားတွေက ဝိုင်းအာပွားပေးယုံလောက်ပါဘဲအေ…………
      အကိတ်ခလေး လော်ဒကာခဲ့နော်.. သများတို. မျှော်ဒကာနေမယ်…….. သော်ဒကိလား………အဟိ

  • ko win

    July 5, 2013 at 3:37 pm

    ဒီပွဲကြီးကို တက်ရောက်ချင်လွန်းလှတယ်။ ပြီးခဲ့တဲ့ပွဲကတည်းကပါ။ ကျွန်တော့်ကို လာရန် မသေချာသူစာရင်းထဲမှာ ထည့်ပေးထားပါ ခင်ဗျား။

  • e tone

    July 5, 2013 at 4:26 pm

    လာပါမြီ အာတီဒုံ ။ :harr:

    • padonmar

      July 6, 2013 at 10:48 pm

      ဟေ့ တေးကလုံ
      လာပါပြီဆိုတာမှာ ကြေးအိုးတို့ ရေငါးတို့ ရေပိုလိုတို့ မတွေ့ပါလား။
      ဘူဖေးဆိုလို့ မီနူးထဲပါသွားမှာ စိုးလို့လား။

  • Mr. MarGa

    July 5, 2013 at 9:00 pm

    မသေချာသူစာရင်းမှာ ထည့်ထားပေးပါ ဒေါ်လေးရေ့

  • ဂွိဂွိ

    July 5, 2013 at 10:36 pm

    ဂွိလဲ လာချင်တယ်
    လေယင် လက်မှတ်ဘိုး မရှိလို ့ ထီထိုးလိုက်ဦးမယ်
    လာဖြစ်ရင် တန်အောင် အိမ်က မိန်းမအတွက် ပါဆယ်ပါ ထုတ်သွားမယ်နော်.ဒေါ်လေးမာ
    ဟဲဟဲ..ဗြဲ.. 😀

  • cobra

    July 5, 2013 at 10:52 pm

    အဲ့လိုစားရမယ့်ပွဲကိုစောင့်နေတာလေ
    လာဦးမှာ လာဦးမှာ
    လေးမိုက် ရေ ကျွန်တော့်ကို ကြိုပို့လေးပါ စီစဉ်ပေးပါလား
    ဟီးးဟီးးး

  • kotun winlatt

    July 5, 2013 at 11:05 pm

    အော်…..တောသားးးတောသားးးးဖြစ်ရတဲ့ ဘဝ…..
    လာချင်သော်လည်းးးးမလာနိုင်..ရွှေဟင်္သာလေးးးလို မှိုင်ပေါ့လေ…..
    အခွင့်သာရင် လာဦးးးမယ်ဗျာ.. ကျနော်လာရင် အထူးးအစီအစဉ်အဖြစ် ရွာသူားးတွေ ဆုံနိုင်ရင်ကောင်းမယ်..ဟဲ…။

  • moonpoem

    July 6, 2013 at 2:23 pm

    အန်တီပဒုမ္မာရေ ပွဲလာဖြစ်ဖို ့တော့ များပါတယ်။ ရက်နီးရင် ထပ်ပြီးကွန်ဖန်းလုပ်ခွင့်ပြုပါ။

  • kaung kin

    July 6, 2013 at 3:05 pm

    ကျွန်တော် နာမည်က ပြည့်ဖြိုးဟိန်းပါ ရတနာပုံဂတ်ဆက်မှာတော့ ကောင်းကင်နဲ့င်ထားပါတယ်
    ခု ကျွန်တော်အလုပ်က သတင်းထောက်ပါ . လူထုပုံရိပ် ဂျာနယ် တိုက်မှာ လုပ်နေပါတယ်
    ၂၁ ရက်နေ့တွေ့ဆုံပွဲကို လာခဲ့ပါမယ် …… သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် မိတ်ဆက်လို့ရတာပေါ့
    အများကြီးစားပေးပါမယ်ဗျာ………..ကျွန်တော်ကိုဆက် သွယ်ချင်ရင်တော့
    ၀၁၃၉၈၅၈၂.၀၁၃၉၈၅၈၃ ကိုဆက်သွယ်လို့ရပါတယ် ……..
    သတင်းထောက် ပြည့်ဖြိုးဟိန်းး……………

  • padonmar

    July 6, 2013 at 10:51 pm

    အား သတင်းထောက် တစ်ယောက်လာမယ်ဆိုပါလား
    တကယ့် သတင်းသမားအစစ်တွေကို ကြိုဆိုပါတယ်။
    ဟိုဖက်က ပို့စ်ကို မဖတ်နဲ့ဦးနော်။ :harr:

    • အလင်း ဆက်

      July 7, 2013 at 11:33 am

      ကိုကို သတင်းသမားကြီး:
      သားပုံကို လှလှလေး ရိုက်ပြီး
      ဂျာနယ် မျက်နှာဖုံးမှာ ထည့်ပေးမလားးးဟင်

      ဂျယ်လီဝယ်ကျွေးမယ်လေ
      😆

  • အတွေးလေး

    July 7, 2013 at 1:10 pm

    လာတော့လာချင်တယ် ။ဒါပေမယ့် လာလို့မရဘူးဖြစ်နေတယ်။စိတ်ကူးလေးနဲ့ပဲ လာတော့မယ်။

  • ရဲစည်

    July 7, 2013 at 5:54 pm

    စာရင်းပေးပါကြောင်း ….
    ဘူဖေးကျွေးမယ်လို့ … ပြောထားတဲ့ အတွက် တားတားတို့ အတွက်ရော အရည်ဘူဖေး … သဘောရှိ ကလောဟိ တိုက်မှားဟင်င်င်
    🙂
    နောက်နေ့ဆို ဝါဆိုလပြည့်နေ့ ဆိုတော့က ဥပုဉ် မဆောက်ခင် အဝတွယ်ခြင်လို … ငိ ငိ

Leave a Reply