ပေတံ

…..လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မဂ္ဂဇင်းထဲမှာ နိုင်ငံကျော် အမျုးိသမီး အဆိုတော်တစ်ဦးဟာ သူ့ဘဝဇတ်ကြောင်း အတ္ထုပ္ပတ္တိလေးတွေကို လစဉ်အခန်းဆက် ရေးခဲ့ပါတယ်။ တိုင်းသိပြည်ကျော် လူချမ်းသာစာရင်းဝင်တွေ ဆိုတော့ လူစိတ်ဝင်စားမှုလည်း များခဲ့တယ်။ အသက်ကွာဟမှုကြောင့်  မိဘတွေ သဘောမတူတဲ့အကြောင်း၊ ဆံပင်ရှည်ကြီးဖားလျားနဲ့ ခိုးရာလိုက်ပြေးခဲ့ရတဲ့အကြောင်း၊ ချွေးမတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံတွေ စသည်ဖြင့် မိမိမိသားစု၊ ယောက္ခမမိသားစုကို ကြွားရာမကျစေဘဲ မသိမသာလေး ဗန်းတင်ပြီး ရေးပြသွားခဲ့တယ်။ မိမိမိသားစု၊ မိမိလင်သားကို ဗန်းတင်ပြီးရေးရင်းနဲ့ မိမိကိုယ်တိုင်ကလည်း သူတို့နဲ့ တစ်ပါတည်း ရေမြင့်တော့ ကြာတင့်သွားခဲ့တယ်။ ဒါဟာ ဘာကိုပြဆိုသလဲဆိုတော့ မြန်မာအမျိုးသမီးတွေရဲ့ စံနှုန်း၊ အမျိုးသမီးတွေရဲ့ ဘဝ။ (စာရေးဆရာနဲ့ သူ့စာကို ဝေဖန်လိုရင်း မဟုတ်ပါ)

…..တချို့ အမျိုး သမီးတွေကလည်း မိန်းမတစ်ယောက်မှာ ရှိသင့်တဲ့မာန (မိန်းမမာန) ကို အလေးပေးရေးသားရင်း အမျိုးသမီးရဲ့ စတိတ်စင်ကို မြှင့်တင်သွားခဲ့တယ်။

……ကျွန်မတို့ဟာ ဘာကြောင့် ဒါကို လုပ်ရသလဲ ???

..ဘာကြောင့် ဒါကို လုပ်ရသလဲဆိုတော့ မြန်မာအမျိုးသမီး မိန်းကလေးတွေဟာ ဟိုရှေးအတီတေကနေ ဒီကနေ့အထိ ပေတံနဲ့ အတိုင်းခံနေရလို့ပါပဲ။ ယောက်ျားတွေနဲ့ လူ့အသို်င်းအဝိုင်းက .မိန်းကလေးတွေကို စာမေးပွဲစစ်နေတယ်။ မိန်းမတွေကလည်း စာမေးပွဲ ဝင်ဖြေနေတယ်။ ဒီအနေအထားဟာ နှစ်ကာလတွေ မိုင်ရှည်ခဲ့ပြီဆိုတော့ သိပ်ကို အသားကျသွားပြိ။ မိန်းမတွေဟာ ကိုယ့်ကိုယ်ကိုယ် စာမေးပွဲဝင်ဖြေနေရတယ်ဆိုတာကိုတောင် မသိပါဘူး။
…….မိန်းကလေး အများစုဟာ စောင့်ထိန်းကြတယ်။ ဒါကို နှစ်ဦးနှစ်ဖက် တန်ဖိုးထားကြတယ်။
…….ဘာအတွက်များလဲ ???
.စာမေးပွဲအောင်ဖို့လား။ မိဂုဏ် ဖဂုဏ်ကို ဆယ်တင်ဖို့လား။ သိက္ခာရှိတဲ့ မိန်းမတစ်ယောက် ဖြစ်လာဖို့လား။ ဒါမှ မဟုတ် အချစ်ခံရဖို့လား။
………မိန်းမတစ်ယောက်အနေနဲ့ အချစ်ခံရတာ သိပ်ကောင်းပါတယ်။ ဒါပေမယ့် အချစ်ခံနေရတဲ့ ဘဝမှာပဲ အချစ်ခံစရာမလိုတဲ့ ဘဝကို တစ်ပြိုင်တည်းရရှိထားတာ ပိုပြီး လူသားတန်ဖိုးမြင့်ပါတယ်။
…..လူတစ်ယောက်ကို တန်ဖိုးထားခြင်းဆိုတာ ဘာပါလဲ။ ကိုယ်နဲ့ တန်းတူရည်တူ သဘောထားခြင်းပါပဲ။
.သာမန်မိတ်ဆွေ အချင်းချင်း ပေါင်းသင်းဆက်ဆံရာမှာတောင် တစ်ယောက်က မိမိကိုယ်ကို ငါက ပိုမြင့်တယ်၊ ငါက သူတို့လို အစားမဟုတ်ဘူး၊ စိတ်ထားမှာ ငါပိုကောင်းတယ်၊ ကို်ယ်ကျင့်စာရိတ္တစံမှာ ငါပိုမြင့်တယ်။ ငါကပိုပြီး သူတော်ကောင်းဆန်တယ်၊ ငါက မာနပိုရှိတယ် စသည်ဖြင့် တွေးထားရင် အဲဒီ ပေါင်းသင်းဆက်ဆံရေး သက်ဆိုးမရှည်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်လူကို ကိုယ်နဲ့ တန်းတူရည်တူ သဘောမထားနိုင်လို့။ ဘာဖြစ်လို့လဲဆိုတော့ စစ်မှန်တဲ့ တန်ဖိုးထားမှု မဟုတ်လို့။
အမျိုးသမီးတွေကို စစ်မှန်တဲ့တန်ဖိုးထားချင်တယ်ဆိုရင် ဒီလို ကိုယ်ကျင့်စာရိတ္တစံတွေ၊ ပေတံတွေ ရုတ်သိမ်းပြီး ယောက်ျားတွေနဲ့ တန်းတူသဘောထားဖို့ပါပဲ။
…….မှန်ပါတယ်။ ကျွန်မ ထောက်ခံနေတာ အမျိုးသား အမျိုးသမီး တန်းတူအခွင့်အရေး တစ်လင်တစ်မယားစနစ် ဖြစ်ပါတယ်။
…….အခုတော့ တစ်လင်တစ်မယားစနစ် ဆိုတာကို ဘေးချိတ်ပြီး ကိုယ့်သိက္ခာကိုယ်စောင့်ဖို့ အဓိက စတဲ့ သဘောတရားမူဝါဒတွေ အဆာသွင်းထားတဲ့ လူ့ဘောင်တစ်ခု ဖြစ်ထွန်းနေတယ်။ တချို့ မိန်းမတွေကလည်း အမျိုးသမီး ကိုယ်ကျင့်စာရိတ္တစံမြှင့်တင်တဲ့ဘက်ကို ယိမ်းတယ်။ တချို့ကလည်း မိန်းမမာနဘက်ကို ယိမ်းတယ်။  တကယ်တော့ ဒါတွေဟာ စာမေးပွဲဖြေနေတာ မဟုတ်ဘူးလား။ …….စာမေးပွဲကို ကျံ ုး ရုန်းဖြေနေရတော့ စာမေးပွဲဖျက်သိမ်းဖို့ကို ဘယ်သူမှ စိတ်မကူးအားဘူး။ ဒီလိုဖြေရင်းနဲ့ ကျရှုံးသွားတဲ့ မိန်းကလေးတွေ အရေအတွက် ပိုများလာတယ်။ ကျရှုံးတဲ့လူ များလာတာနဲ့အမျှ  မိန်းမထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ မိန်းမဈေးက ကျကျလာတယ်။ ဈေးကျလေ စာမေးပွဲတွေ တင်းကျပ်လာလေ။ တော်တဲ့ မိန်းမတွေကလည်း စာမေးပွဲအောင်တဲ့ ပြယုဂ်အဖြစ်  ရေမြင့်ကြာတင့်နည်း၊  မိန်းမမာနနည်းတွေနဲ့  အောင်တံခွန်စိုက်ပြလေ။
……..ဘာဖြစ်လို့များ ယောက်ျားတွေဟာ မိန်းမတွေကို ပေတံနဲ့ တိုင်းခွင့်ရှိနေတာလဲ။
……..အချစ်ဆိုတာ ပေတံဟူသမျှကို ရိုက်ချိုးနိုင်တယ်။ ဒါပေမယ့် ရိုက်ချိုးစရာ ပေတံမရှိရင် တော့ အကောင်းဆုံးပါပဲ။

68 comments

  • ဝင့်ပြုံးမြင့်

    October 21, 2014 at 3:08 am

    ဒီစာပုဒ်လေးကို ဘာဖြစ်လို့ ကျွန်မ ချရေးဖြစ်သလဲဆိုတော့ ကြွေလွင့်ပန်း (ကိုရှုံး) ရဲ့ ပေါင်လှန်ထောင်းရတာ နာလှပါဘိ ပို့စ်ရဲ့ ကွန်မင့်တွေကို ဖတ်ပြီး စိတ်ထဲ အစာမကြေလို့ ရေးပါတယ်။ အထူးသဖြင့် ကိုအဘဖောရဲ့ ကွန်မင့်အပေါ် ခံစားရပါတယ်။ ကုန်ရောင်းကုန်ဝယ် ဆိုတဲ့ စကားလုံးအတွက်ပါ။ ကိုကြောင်ရဲ့ ကွန်မင့်ကိုလည်း သဘောမကျဘူး။
    မိဘနောက်ခံအင်အားကောင်းပြီး ကိုယ်တိုင်ကလည်း ထက်မြက်တဲ့ မိန်းမဆိုရင် သူတို့အတွက် ဘာဥပဒေမှ မလိုအပ်ဘူး။ သူတို့ကလည်း အချစ်သက်သက်အတွက်ပဲ အိမ်ထောင်ပြုု ကြလိမ့်မယ်။ ဒါပေမယ့် အများစုက ဒီလိုအဆင့်ကို သိလည်းမသိ၊ လိုက်လည်းမမီ။ မှားယွင်းနေတဲ့ လူ့ယဉ်ကျေးမှုစနစ်ကြီးထဲမှာ ဓားစားခံဖြစ်နေတာပါ။ နောင်လည်းဖြစ်နေဦးမှာပဲ။ ဒီမိုကရေစီလို့ တောင်းဆိုနေကြပေမယ့် တကယ်တမ်းမှာ ဒီလောက်သေးသေးလေးကိုတောင် ဘယ်သူမှ မဖြိုချင်ကြပါဘူး။
    ..အင်း … ငါးစိမ်းသည်မ ဓားတစ်ချက် ဝင့်လိုက်ဦးမှ။
    .. ယောက်ျားတွေ အဆင်ြ့မင့်လာလျှင် မိန်းမတွေ အဆင့်မြင့်လာပါလိမ့်မည်။
    နောင်ဆိုလျှင် ဓားမဝင့်ဘူး။ အနုမြူ ဗုံးကြဲမယ်။

  • Foreign Resident

    October 21, 2014 at 4:56 am

    ဝင့်ပြုံးမြင့် says:
    ” အထူးသဖြင့် ကိုအဘဖောရဲ့ ကွန်မင့်အပေါ် ခံစားရပါတယ်။
    ကုန်ရောင်းကုန်ဝယ် ဆိုတဲ့ စကားလုံးအတွက်ပါ ”

    ဟဲ ဟဲ ။ သီးသီး သန့်သန့် ကို ရှေ့ဆုံးက ဖေါ်ပြပေးတဲ့အတွက် ကျေးဇူးပါ ။

    အမှန်ကတော့ ၊ ကျနော် ဒီစကားကို ” ကုန်ရောင်းကုန်ဝယ် ” ကို ပြောထည့်လိုက်တာ ၊
    ကိုရှုံး ရဲ့ ပေါင်လှန်ထောင်းရတာ နာလှပါဘိ ပို့စ် ထဲက အမျိုးသမီးတွေကို ရည်ညွှန်းတာပါ ။

    ယောက်ျား မိန်းမ နှစ်ယောက် အတူနေထိုင်သွားတဲ့နေရာမှာ ၊
    အချစ် ဆိုတာလည်း အချက်တစ်ချက် အနေနှင့် ရှိတယ်ဆိုတာကို လက်ခံပါတယ် ။

    အဲ ၊ ကိုရှုံး ရဲ့ ပို့စ် ထဲက အမျိုးသမီးတွေကတော့ မတူဘူးလေ ။
    သူတို့က ၊ သူတို့လူတွေကို UAE မှာဘဲ တွဲမှာလေ ၊ မြန်မာပြည် ကို ခေါ်လာပြီး ၊
    ရှေ့ဘဝ တစ်သက်တာလုံး ဆက်ပေါင်းဖို့ ရည်ရွယ်တာ မဟုတ်ဘူးလေ ။

    အဲဒီ အခြေအနေမျိုးကို ကျနော် က ” ကုန်ရောင်း ကုန်ဝယ် ” လို့ ရည်ညွှန်းလိုက်တာပါ ။
    ကာမ ကို ၊ ငွေ ဂုဏ် သာယာမှုတွေနှင့် လဲလှယ်လိုက်တယ်လို့ ဆိုလိုတာပါ ။

    ဒီလို မိန်းကလေးမျိုး ၊ ဒီလို အခြေအနေမျိုးအတွက် ၊
    ဒီလို စကားလုံးမျိုးနှင့်မှ သင့်တော်တယ် ထင်လို့ပါ ။

    မပြုံး ရဲ့ ဒီ Post လေးက ကောင်းပါတယ် ။
    ဆွေးနွေးစရာတွေ ရှိသေးပေမယ့် ၊ နောက်လူ / လူစုံအောင် စောင့်လိုက်ပါဦးမယ် ။
    ပြန်လာခဲ့ပါ့မယ် ။

  • မြစပဲရိုး

    October 21, 2014 at 4:59 am

    ကျန်တဲ့ မိန်းမ တွေတော့ မသိဘူး။
    ဒီမိန်းမ တစ်ယောက် ကတော့ ပေတံ တစ်ချောင်း နဲ့ စံနှုန်းတိုင်း စာမေးပွဲ စစ်ပြီး ယောကျာင်္းတစ်ယောက် ကို ယူခဲ့တာ မို့
    ကိုယ့်ကိုယ် လာပြီး ပေတံ နဲ့ တိုင်းခဲ့ စာမေးပွဲစစ်ခဲ့လဲ နားလည်နိုင်ပါတယ်။
    အဲလို မတိုင်းဘဲ နေနေကြ လို့ နောက်ပိုင်း ပြသနာ တွေ ဖြစ်နေတာ လို့ တောင် ထင်မိတာ။

    စောင့်ထိန်းတယ် လို့ ဆိုလိုက်တာ ဟာ
    ကိုယ်က ….
    မြန်မာမိန်းမ တစ်ယောက်မို့ မဟုတ်ပါ။
    ဗုဒ္ဓဘာသာ တစ်ယောက် မို့ မဟုတ်ပါ။
    ရှေးရိုးစွဲ မို့ မဟုတ်ပါ။
    သူများ အထင်သေး အတင်းတုတ် မှာ ကြောက်လို့ မဟုတ်ပါ။
    မိန်းမကောင်း တစ်ပွင့်ပန် စကားကြောင့် မဟုတ်ပါ။
    မိဘ ဂုဏ်နိမ့်မှာ စိုးလို့ မဟုတ်ပါ။
    ငရဲ ကျမှာ ကြောက်လို့ မဟုတ်ပါ။
    လူတွေ အထင်ကြီး ခံရဖို့ မဟုတ်ပါ။
    ဗိုင်းကောင်းကျောက်ဖိ မို့ မဟုတ်ပါ။
    တစ်ဖက်လူ ကို ချစ်လွန်းလို့လဲ မဟုတ်ပါ။
    အချစ်ခံ အထင်ကြီးခံချင်လို့ လဲ မဟုတ်ပါ။
    လူ့ ယဉ်ကျေးမှု ကြောင့်လဲ မဟုတ်ပါ။
    စိတ်ထိန်းမှု ပါဝါကြီး တာကြောင့်လဲ မဟုတ်ပါ။

    ဘာလို့ စောင့်ထိန်းလဲ ဆိုတော့
    ကိုယ်ချင်းစာနာ စိတ်ကြောင့်ပါ။
    ကိုယ့် အပေါ်မှာ သစ္စာမဲ့ တာ၊ ဖောက်ပြန်တာ၊ စည်းလွတ် တာ မကြိုက်တာမို့
    ကိုယ် က စပြီး ကိုယ့် အနာဂါတ်ခင်ပွန်းလောင်း အတွက် (သို့) ကိုယ့်ခင်ပွန်း အတွက်
    ကိုယ်ချင်းစာစိတ်နဲ့ သူ မကြိုက်တာ မဖြစ် အောင် ကြိုးစားခြင်းသာပါ။

    သူ အဆင့်မြင့်ဖို့ ထက် ကိုယ် က စပြီး အဆင့်မြင့် ဖို့ ကြိုးစားတာ ပိုကောင်းပါတယ်။
    မဟုတ် ရင် ရေမြင့်မှ ကြာတင့် တွေ ဘာတွေ လာရှုပ် နေမှာ မစိုးဘူးလား။

    ဒီတော့ ကိုယ်က ကိုယ်နဲ့ စံနှုန်း တူအောင် ပေတံ တစ်ချောင်း ဆောင်ထားလိုက်ပါ။
    ကိုယ့်ကို စာမေးပွဲ စစ် နေ ပေတံနဲ့ တိုင်း တယ် ထင်ရင် ကိုယ့်ဘက်ကလဲ ပေတံဆောင်ပြီး စာမေးပွဲ ပြန်စစ်ပေါ့။
    စာမေးပွဲစစ်မဲ့ သူက တော့ ဘာစစ်ချင်တာလဲ နဲ့ အဲဒီ အတွက်အဖြေ က ဘာဆိုတာကိုတော့ ကြိုသိဖို့ ကြိုးစားရလိမ့်မယ်။

    တကယ်က စာမေးပွဲ ဆိုတာ ကိုယ်နားလည် တာ တွေက ဘာလဲ နားမလည်တာတွေက ဘာလဲ ပေါ်လာ မဲ့ အကြောင်းဘဲ။
    နှစ်ဦး နှစ်ဖက်မှာ အပြန်အလှန် မေးခွန်း တွေ ရှိသင့် တယ် ထင်ပါရဲ့။

    တစ်ခု တော့ ရှိပါတယ်။
    မိန်းမ တစ်ယောက် ကိုင် ထား တဲ့ ပေတံ ရဲ့ စံနှုန်းဟာ နောက် တစ်ယောက် နဲ့တော့ တူချင်မှ တူ မယ်။
    တူစရာလဲ မလိုပါဘူးလေ။
    ကိုယ်လိုချင်တာ ဘာလဲ သိနေဖို့ ဘဲ လိုရင်းပါ။

    အချစ် ဆိုတာ ကတော့ စာမေးပွဲတွေ ကြားမှာ ပျောက်နေပါစေ။
    အဲဒီ အချစ် ဆိုတာကြီး က တို့ မိန်းမ တွေ ကို ဆွဲချ နေခြင်းပါ။
    စာရင်းထဲ အရေးလုပ် မထည့်ပါနဲ့။
    အချစ်ခံချင်တယ် ဆိုကထဲ က တစ်ပန်းရှုံး သွားပြီ။
    အချစ် ဆိုတာကို ဗန်းပြပြီး ဘဝ မှာ အလွယ်လိုက်နေကြလို့ သိသင့်တဲ့ မေးခွန်း တွေ အဖြေတွေ အတွက် မပြင်ဆင်ဘဲ နေလို့ တို့ မိန်းမ တွေ ဈေးပျက် နေခြင်းပါ။
    မိန်းမ တွေ က တစ်ဖက် ကို စာမေးပွဲ မစစ် ဘဲ နေနေကြလို့ တနည်း စာမကျက်ကြလို့ အဆင့်နိမ့်လာတာပါ။
    မိန်းမတွေ ဟာလဲ ယောကျာင်္းတွေ ကို ပေတံ နဲ့ တိုင်းနိုင်ခွင့်ရှိပါတယ်။ တိုင်းနိုင်ရပါမယ်။
    ကိုယ့်စံနှုန်း မမှီရင်၊ အဖြေမှန်မရရင် စာမေးပွဲ ချပစ် ရဲ ရပါမယ်။

    သို့ပေမဲ့ ……
    တို့တွေ ပြောနေတဲ့ စာမေးပွဲ က မြန်မာပြည်ဖြစ် စာမေးပွဲ လို နားမလည် ဘဲ ပေးတာကို အလွတ်ကျက်ဖြေတဲ့ ကြက်တူရွေး နှုတ်တိုက် ဖြေရမဲ့ စာမေးပွဲမျိုး တော့ မဖြစ်စေရ။
    lol:-)))
    :))

    PS –
    ဒီလို စာမေးပွဲ စစ်ဖို့ လောကဓာတ်ပညာ တတ်ဖို့ မလိုပါ။
    မိဘ မျိုးရိုး ချမ်းသာရန် မလိုပါ။
    ကိုယ်လိုချင်တာ ဖြစ်ချင်တာ ဘာလဲ ဆိုတာ ဘဲ သိဖို့ လိုပါတယ်။
    အဲဒီအပေါ် မှာ မေးခွန်း နဲ့ အဖြေတွေ ကွာသွားမှာပေါ့။
    ဖြစ်လာမဲ့ အကျိုးတွေ ကွာသွားမှာပေါ့။
    ကိစ္စမရှိပါ။
    ကိုယ်လိုချင်တာ ကိုယ်နားလည်နေသမျှ ပြီးတာပါဘဲ။

  • အလင်းဆက်

    October 21, 2014 at 8:14 am

    ပေတံခေတ်ကို ထားခဲ့သင့်ပြီ။
    အခုက ပိုစ့်မော်ဒန်ခေတ်
    မော်ဒန်လွန်ခေတ်
    ဒဲ့ပြောရရင် ”ခွေခေါက်နေတဲ့ ပေကြိုးခေတ်” ဖြစ်ကြောင်းးး

    :kwi:

    အတည်ပြောတာ

  • မမချွိ

    October 21, 2014 at 8:36 am

    ခါတလေ ကျ ကိုယ့် နားမှာ လာတိုင်းတဲ့ သူတို့ ပေတံတွေကရော ဘယ်လောက် ပေမှီဒေါက်မှီ စံမှီ ရှိလို့လဲ ဆိုတဲ့ စိတ်တစ်ခု နဲ့ ပေတံတွေကို မုန်းခဲ့ဖူးတယ်။
    သူများကို တိုင်းတာ အကဲခတ် ဝေဖန်ချင်မှတော့ ကိုယ့် တာလေးလည်း လုံစေချင်တယ် ဆိုတဲ့ စိတ်နဲ့ လည်း ကက်ကက်လန် ပြောဆိုဖူးရဲ့။

    :mrgreen:

    ခုတော့ ဘာပေတံမှ ဂရုမစိုက်တော့ဘူးး
    ဘယ်သူ့ပေတံ/စံ မှ ကိုယ့်ကို တိုင်းတာလို့ မရဆိုတာသိသွားလို့။ ဟိဟိ။

    :sp:

    နောက်ဆုံး စာကြောင်းလေး သဘောကျတယ်။
    အချစ်က ပေတံအားလုံးကို ရိုက်ချိုးနိုင်တာ မှန်တယ်။

    ချစ်ခြင်းက အပြစ်ကင်းပါတယ်။
    ချစ်ခြင်းကို အသုံးချ နာမည်တတ်တဲ့ သူတွေက မကောင်းတာ။

    :chee:

    အရီး ပြောတာကိုလည်း သဘောကျတယ်။
    မိန်းမ တစ်ယောက်ဟာ ဘယ်သူ့ စံ ဘယ်သူ့ပေတံနဲ့ မှ ကြိုးစားလိုက်မညှိပဲ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု ကိုယ့်ပေတံလေးနဲ့ ကိုယ်ပဲ နေနိုင်တာ အကောင်းဆုံးးး

    :kwi:

  • Yae Myae Tha Ninn

    October 21, 2014 at 8:53 am

    ခုတလောမှာ ကြားကြားနေရတာ.. ပေတံရယ်… ကျင့်ဝတ်ရယ်ပဲဗျ…
    ကျွန်တော့် မဒမ်ကို ယူခဲ့တုန်းက သူ စာမေးပွဲ မဖြေခဲ့ရဘူး… ပေတံ မရှိခဲ့ဘူး… အစကတော့ လူတိုင်းမှာ ကိုယ့်ရဲ့ လက်တွဲဖော်ကို ရှာဖို့ ပြီးရင် လက်တွဲဖို့ ပေတံလေးတွေ ကိုင်ထားကြတယ်… ကျွန်တော်လဲ ဒီတိုင်းပဲ… တကယ်တမ်း အချစ်ကို တွေ့တဲ့ အခါမှာတော့ အားလုံးက ဖြေလျှော့တွေးပေးသွားတယ်… ဒါကိုပဲ ကိုယ်လိုရာ ပုံသွင်းမလားဆိုတော့ သူ့ကို သူ့ပုံစံအတိုင်းလေးပဲ ချစ်ခဲ့တော့ ကိုယ်ပြောင်းလိုက်မှ ကိုယ့်စိတ်ကူးယဉ် ပုံစံလေးကို ကိုယ်ချစ်နိုင်ပါဦးမလား… အတွေးဖြစ်ခဲ့တယ်… နောက်တော့လဲ သံယောဇဉ်ရယ် နားလည်မှုရယ်နဲ့ ကြိုးတွေ ညှိခဲ့ကြတယ်… တခုပဲ ကျွန်တော်တို့ ယူခဲ့တုန်းက မိဘတွေက အရွယ်ရောက်နေပြိ အထင် လဲဖြစ်ချင် ဖြစ်မယ်… ဒီတော့ သိပ်ပြသာနာ မရှိခဲ့ရလို့ လဲ ဖြစ်ချင်ဖြစ်မယ်…
    ယောက္ခထီးပြောတဲ့စကားလေးနဲ့ပဲ ကော်မန့်လေး ဆုံးပါမယ်… သား အိမ်ထောင်ပြုဖို့လဲ လွယ်တယ်… ပျက်ဖို့လဲ လွယ်တယ်.. မြဲအောင် တည်ဆောက်ဖို့ပဲ ခက်တယ်တဲ့… ဒီမှာပဲ အကုန် ပါသွားပြီဗျ… ဒါကိုပဲ ဘက်ပေါင်းစုံက လှည့်တွေးလိုက်တယ်…
    မှားသွားတယ် ဆိုရင် တော့ တောင်းပန်ပါတယ်… 🙂

    ကျွန်တော်လက်ရှိ အတွေ့ချင်ဆုံး တယောက်ထဲမှာ မပြုံးလဲ ပါပါတယ်… 🙂

  • manawphyulay

    October 21, 2014 at 8:55 am

    အရင်ခေတ်ထဲက မိန်းမတွေ အိမ်တွင်းအောင်းနေတဲ့ဆိုတာတွေ စာရေးဆရာမကြီးတွေ ကလောင်တံနဲ့ တိုက်ပွဲဝင်ခဲ့တာတွေက သက်သေပြခဲ့ကြပြီးပါပြီ။ ပေတံနဲ့တို်င်းတယ်လို့ ခံယူချက်ကိုတော့ ပယ်ဖျက်သင့်ပြီလို့ မနောတော့ မြင်မိတာပါပဲ မမရယ်…

  • ကြွေလွင့် ပန်း

    October 21, 2014 at 8:57 am

    ဆရာမ ဝင့်ပြုံးမြင့်ခဗျာ၊ ကျွန်တော်က ရှူံးလူပါ။

    ဆရာမက တန်ဖိုးရှိတဲ့စာပေတွေကို ရေးသားနေတဲ့ Professional တန်းဝင်စာရေးဆရာမတစ်ယောက်အဖြစ်လဲ ကျွန်တော်သိထားပါတယ်။ တစ်ချို့သော ကျွန်တော့်ရဲ့ ပို့စ်တွေမှာလဲ စာတွေဆက်ရေးဖြစ်အောင် ဝင်အားပေးလေ့လဲရှိပါတယ်။ ဒီတော့ ဆရာမလဲ ကျွန်တော်ဘယ်လိုလူစားလဲ၊ ဘယ်လိုအတွေးမျိုးနဲ့ စာတွေရေးဖြစ်နေလဲဆိုတာကို သိပါလိမ့်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆရာမက ကျွန်တော့်စာတစ်ပုဒ်အရ မခံမရပ်နိုင်ဖြစ်လာလို့ ခုလို အိတ်ဖွင့်ပေးစာသဘောမျိုးရေးလာတယ်ဆိုတော့လဲ ကျွန်တော်ရေးလိုက်တဲ့ ပို့စ်တစ်ခုမှာ ကျွန်တော့်တင်ပြမှုအပိုင်း အားနည်းသွားတယ်ထင်တယ်။

    ပြောရရင် ဥူးကြောင်ပြောတာလဲ သူ့ဝသီအရ စကားလုံးကြမ်းတယ်၊ ဒါပေမယ့် ခါးသီးတဲ့ အမှန်တရားတစ်ခုပါ။ အဘဖောပြောတာလဲ ဒီအတိုင်းပဲ၊ အမှန်တရားတစ်ခုက တစ်ခါတစ်ရံမှာ ခါးသီးတတ်ပါတယ်။ ဒါတွေကို ဘယ်လိုလူတွေမှ ခံစားသိမြင်နိုင်လဲဆိုတော့ သူများရေမြေမှာ နေထိုင်နေကြသူ မြန်မာတွေမှ ပိုခံစားမိမယ်ထင်တယ်။ ပြောရရင် ကျွန်တော်တို့လို ရေမြေခြားမှာ အလုပ်လုပ်နေသူတွေအဖို့ မြန်မာပြည်တွင်းမှာ နေထိုင်သူတွေနဲ့ ယှဉ်ရင် မျိုးချစ်စိတ်မရှိတဲ့သူတွေ၊ သူများရေမြေကို အထင်ကြီးသူတွေလို့ ကင်ပွန်းတပ်တာလဲ ခံရမြဲပါပဲ။ ဒါပေမယ့် ခုအချိန်မှာ မြန်မာလိုရေးတယ်၊ ပုံမှန်မြန်မာတွေ မတွေးမိတဲ့ အမြင်၊ ရှုထောင့်တွေကနေ အမြင်တွေချပြတယ်၊ သူများတွေ မသိတာတွေ ပြောပြတယ်၊ ဒီစာတွေကို မြန်မာတွေပဲ ဖတ်မယ်ဆိုတာသိတော့ ပိုရေးချင်လာတယ်၊ ဒီတော့ အဝေးရောက် သားသမီးတွေဖြစ်တဲ့ ကျွန်တော်တို့လဲ ကိုယ့်နိုင်ငံကိုချစ်စိတ်ကတော့ မြန်မာနိုင်ငံမှာ သူလိုကိုယ်လိုနေနေတဲ့ မြန်မာတစ်ယောက်ထက်တော့ လျော့မယ်မထင်ပါဘူး။

    ကျွန်တော်ရေးထားတဲ့ စကားလုံးတိုင်းမှာ မြန်မာမိန်းကလေးတွေကို ရှူံ့ချတဲ့ စကားလုံးပါတယ်လို့တော့ ကျွန်တော်ကိုယ့်လိပ်ပြာ ကိုယ်လုံပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်လဲ ရေမြေခြားမှာ အနေကြာလာတော့ လူတစ်ဦးတိုင်းရဲ့ လွတ်လပ်ခွင့်ကိုတန်ဖိုးထားတယ်၊ လူကို လူလို့ပဲ မြင်တယ်၊ ယောကျာ်း/မိန်းမ သီးသန့်ခွဲခြားမမြင်ဘူး။ ပဒေသရာဇ်ခေတ်က အမြင်တွေကိုလဲ ဆုပ်ကိုင်ထားတယ်လဲ မဟုတ်ပါဘူး။

    ဆိုလိုရင်းကတော့ ” မျိုးချစ်စိတ် ” လေးတစ်ခုကို သိမြင်စေချင်တာ။ ထားပါတော့ ကျွန်တော်တို့ မြန်မာမလေးတွေ ဒီရောက်လာတယ်၊ မြန်မာပြည်မှာ သူတို့ကို ချုပ်ကိုင်ထိန်းချုပ်ချင်တဲ့ မိသားစုတွေ၊ ပါတ်ဝန်းကျင်တွေ၊ ချစ်သူတွေကြားကနေထွက်လာပြီးတော့ သူတို့စိတ်တိုင်းကျ လူတစ်ယောက်ကို ရွေးချယ်တယ်၊ ချစ်မြတ်နိုးတယ်၊ လက်ထပ်တယ်၊ အိမ်ထောင်သားမွေးလုပ်တယ်၊ ဒီလိုဆို ဘယ်လူမျိုးကပဲ မြင်မြင် မတင့်တယ်ပေဘူးလား? သူ့ဖာသာ ကလေးတွေ တစ်ပြွတ်ပြွတ်ထိုင်မွေးနေဦး၊ သူ့မှာ လူအများကြားတင့်တင့်တယ်တယ် သွားလာလှုပ်ရှားလို့မရပေဘူးလား? ပြောချင်တာ နိုင်ငံတွေ၊ လူမျိုးတွေမေ့ထားပြီး သာမန်လူ့လောကထဲက လူမိန်းမတစ်ယောက်အကြောင်းပြောချင်တာနော်။ ဒါမှမဟုတ်လဲ လူ့သဘာဝအရ သူကြိုက်တဲ့သူနဲ့ သူအတူအိပ်၊ အတူစား၊ အတူသွား၊ လစ်ဗင်းတူဂဲသားကြ၊ ဒါလဲဟုတ်တာပဲ။

    ဒါပေမယ့် ကျွန်တော်တို့ မြန်မာမိန်းကလေးတွေက အတော်လေးအယူလွဲကြတယ်။ မြန်မာပြည်မှာ လစ်ဗင်းတူဂဲသားချင်လဲမရကြဘူး၊ ချစ်သူနဲ့ တူတူနေချင်တာတောင် ပါတ်ဝန်းကျင်၊ အသိုင်းအဝန်း၊ လူနေမှုထုံးစံတွေအရ အရာရာချုပ်တည်းထားရတဲ့ သဘောရှိတယ်။ ဒီရောက်လာတော့ သူတို့တွေ အတော်လေးထူးဆန်းတာတွေ တွေ့ရတယ်။ လူတော်တော်များများက သူတို့ကို လိုချင်တယ်ပြောကြတယ်၊ တစ်ချို့ကတော့ ဈေးညှိကြတယ်၊ တစ်ချို့ကတော့ ဈေးခေါ်ကြတယ် (နင်ငါ့ကိုလက်ခံရင် နင့်အတွက် ဒါ၊ ဒါ ဆိုပြီးပေါ့)၊ တစ်ချို့ကကျတော့ Home Sick ဖြစ်နေတဲ့ သူတို့ကို နှစ်သိမ့်ပျော်ရွှင်စေတယ်၊ ဒါကိုပဲ အချစ်လို့ သူတို့က ထင်ကြပြန်တယ်၊ နောက်ထပ်အရေးကြီးတာတစ်ခုကတော့ သူတို့မှာ ဘယ်သူ့မှကြောက်နေစရာမလိုတော့ဘူး၊ ပါတ်ဝန်းကျင်မှာလဲ ဒီလိုပဲ ဖြစ်နေကြတာပဲ၊ လူ့လောကရဲ့ အရသာ မြည်းစမ်းကြည့်ကြဦးမှပါပဲလို့ ခြေတစ်လှမ်းတိုးကြည့်တယ်၊ ဘယ်သူမှ စောင့်ကြည့်မနေဘူး၊ ပြောမယ့်သူမရှိဘူးဆိုတာနဲ့ပဲ အဲ့ဒီလောကကြီးထဲ ခြေစုံပစ်ဝင်သွားကြတယ်။

    အဲ့လိုဝင်ရင်းနဲ့ သာယာလာကြတယ်၊ ပြီးတော့ နစ်မွန်းလာကြတယ်၊ ဒါနဲ့ အသိလေးဝင်လာချိန်မှာ နောက်မှာကျန်ခဲ့တဲ့သူတွေကို ပြန်လှည့်ကြည့်လိုက်တော့ သူတို့ပြောထားတဲ့ ဒီမှာ လုပ်ငန်းကိုင်ငန်းအဆင်ပြေပါတယ်၊ ဝင်ငွေလဲကောင်းပါတယ်ဆိုပြီး ပြန်လည်ထောက်ပံ့သူတွေအဖို့တော့ သူတို့အောက်ဆိုက်ရှာပြီး ရထားတာလေးတွေနဲ့ အဆင်ပြေနေသူတွေကို ပြန်မြင်ပြီး လှုပ်လေ၊ မြုပ်လေဘဝနဲ့ နေကြသူတွေကတစ်ပိုုင်း၊ တစ်ချို့များကျတော့ သူများတွေလို မဝတ်နိုင်၊ မစားနိုင်တော့မှာကို စိုးရိမ်ပူပန်ပြီး ရသမျှတွေကို လက်မလွှတ်နိုင်တာတွေက တစ်ပိုင်း၊ တစ်ချို့များကျတော့ သူတို့တွေ ရပ်ဝေးမြေခြားမှာ ချစ်ခင်ကြင်နာသူတွေနဲ့ ကင်းကွာနေရလို့ လွမ်းဆွေးလွမ်းနာကျနေချိန်မှာ သူတို့အနားမှာ အမြဲအဖေါ်ပြုပေးနိုင်သူတွေကို လက်မလွှတ်ချင်တာကတစ်ပိုင်း၊ အဆိုးဆုံးတစ်ချို့ကတော့ သူတို့ဘဝမှာ မြန်မာပြည်မှာ ဘယ်တော့မှ လွတ်လွတ်လပ်လပ် လုပ်ခွင့်မရနိုင်တဲ့ ယောကျာ်းတစ်ကာနဲ့ ပျော်မြူးချင်တိုင်း ပျော်မြူးခွင့်ရနိုင်မယ့် အခွင့်အရေးလေးကို လက်လွှတ်ဆုံးရှူံးမခံနိုင်ကြသူတွေကတစ်ပိုင်းပေါ့။

    ဘယ်လိုပဲဆိုဆိုပေါ့ဗျာ၊ ကျွန်တော်တို့မြန်မာနိုင်ငံဆိုတာ ဝါးလုံးခေါင်းထဲမှာတော့ လမင်းကြီးက ထိန်ထိန်သာနေတာပေါ့။ နိုင်ငံတစ်ကာမှာတော့ မြန်မာဆိုတာ မသိကြတာ အတော်များတယ်။ ဘာလို့မသိကြလဲဆိုတော့ မြန်မာတွေက နိုင်ငံတစ်ကာကို ထူးထူးချွန်ချွန်၊ ထက်ထက်မြက်မြက်လဲ မထိုးဖောက်နိုင်၊ အရေအတွက်များများလဲ နေရာကြီးကြီးတွေနေရာမှာ မနေနိုင်ဆိုတော့ မြန်မာဆိုတာ ကမ္ဘာကသိဖို့ကတော့ အဝေးရောက် မြန်မာ ယောကျာ်း/မိန်းမ တိုင်းတာဝန်ရှိတယ်ထင်ပါတယ်။ ခုနေများတော့ ပညာရေးတွေနိမ့်ကျလို့ ပညာအရည်အချင်းနဲ့ အလုပ်ကောင်းကောင်းမရှာနိုင်ကြပေမယ့် ကိုယ်လုပ်ကိုင်ရာ အသိုင်းအဝန်းတစ်ခုမှာတော့ အတော်ဆုံး၊ အထူးချွန်ဆုံးတွေအဖြစ်လုပ်ပြနိုင်ကြရင် နောင်ဆိုရင် မြန်မာဆိုတာ အလုပ်သမားအနေနဲ့ခေါ်တောင် လစာမြင့်မြင့်မားမားနဲ့ ခေါ်ကြမှာပါ။

    ဒါပေမယ့် မြန်မာမလေးတွေတော်တော်များများကတော့ အဲ့ဒါတွေ မမြင်ဘူး၊ သူတို့စိတ်အလိုပဲလိုက်တယ်၊ သူတို့နဲ့တွဲနေသူတွေကလဲ လယ်ထွန်ချင်တာသက်သက်ပဲ၊ ကောက်ပင်ရိတ်သိမ်းဖို့တော့ အစီအစဉ်မရှိဘူးဆိုတာကိုသိသားနဲ့ဗျာ…

    သူတို့မှာ မျိုးချစ်စိတ်မရှိတာကို ရင်နာတာပါ။ တစ်ကယ်တော့ အားနွဲ့တဲ့ အမျိုးသမီးတွေဆိုတာ အမျိုးဂုဏ်ကိုစောင့်ရှောက်ရတာပါ။ အမျိုးအနွယ်မပြတ်အောင် သူတို့တွေကပဲ ထိန်းသိမ်းရတာ။ ယောကျာ်းတွေက ကာကွယ်လို့ပဲရတာဗျ။

    ဆရာမတစ်ခုသိဖို့လိုတာက ဒီမှာ ဘယ်အာရပ်မကိုမှ သူတို့က ဘယ်အကောင်မှ အထိခံတာမဟုတ်ဘူး။ တစ်ကယ်လို့များ ရည်းစားဖြစ်ခဲ့တယ်ဆိုရင်တောင် သူတို့ရဲ့ အဖေရင်းကိုယ်တိုင်က သတ်ခဲ့ရင်၊ သူတို့ယောကျာ်းကိုယ်တိုင်က သတ်ခဲ့ရင်တောင် အပြစ်မဖြစ်ဘူးဆိုတာတော့ သိစေချင်တယ်။

    ကျွန်တော်တို့မြန်မာမတွေသာဗျာ…..

    ပြောချင်တာ ဖားမတွေကို အမှီမလိုက်ပါနဲ့လို့၊ ဖားမဆိုတာ ဒီက အရပ်စကားနဲ့ပြောရရင် Public Toilet ဖြစ်နေတာကြာပါပြီ။ တန်ဖိုးမရှိတော့ပါဘူး။ မြန်မာမလေးတွေကိုတော့ တန်ဖိုးရှိစေချင်လွန်လွန်းလို့ ကျွန်တော်စေတနာအမှားနဲ့ ရေးမိတာပဲ ဖြစ်ပါတယ်။

    သူတို့တွေဖာသာ လွတ်လပ်ခွင့်နဲ့ လုပ်ကြစေသတည်းဆိုလဲ ရှိစေပေါ့ဗျာ။ ကျွန်တော်ဘာများတတ်နိုင်ပါမည်နည်း၊ ကျွန်တော်တို့တွေ ဘာများကော တတ်နိုင်ပါဦးမည်နည်း၊ ကျွန်တော်တို့လို မောင်နှမတွေ၊ မိဘဆွေမျိုးတွေအဖို့မှာတော့ ဘာများပြောရပါတော့မည်နည်း။

    (ကြွေလွင့်ပန်း)

    • Foreign Resident

      October 21, 2014 at 8:25 pm

      ” အမှန်တရားတစ်ခုက တစ်ခါတစ်ရံမှာ ခါးသီးတတ်ပါတယ်။ ဒါတွေကို ဘယ်လိုလူတွေမှ ခံစားသိမြင်နိုင်လဲဆိုတော့ သူများရေမြေမှာ နေထိုင်နေကြသူ မြန်မာတွေမှ ပိုခံစားမိမယ်ထင်တယ် ”

      ” ကျွန်တော်တို့လို ရေမြေခြားမှာ အလုပ်လုပ်နေသူတွေအဖို့ မျိုးချစ်စိတ်မရှိတဲ့သူတွေ၊
      သူများရေမြေကို အထင်ကြီးသူတွေလို့ ကင်ပွန်းတပ်တာလဲ ခံရမြဲပါပဲ ”

      ” ပုံမှန်မြန်မာတွေ မတွေးမိတဲ့ အမြင်၊ ရှုထောင့်တွေကနေ အမြင်တွေချပြတယ်၊
      သူများတွေ မသိတာတွေ ပြောပြတယ် ”

      ” ယောကျာ်းတစ်ကာနဲ့ ပျော်မြူးးချင်တိုင်း ပျော်မြူးးခွင့်ရနိုင်မယ့် အခွင့်အရေးလေးကို ၊
      လက်လွှတ် ဆုံးရှူံးး မခံနိုင်ကြသူတွေက တစ်ပိုင်း ”

      ဟ ။ ဆော်လှချည်လား ကိုရှုံး ရဲ့ ။
      မြန်မာ နိုင်ငံထဲက လူတွေကတော့ ၊
      ကိုရှုံး ရဲ့ အမြင်တွေကို လက်ခံဘို့ အဆင်သင့် မဖြစ်လောက်သေးဘူး ။

      ဒါပေမယ့် စိတ်မပူပါနှင့် ၊
      နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများ နေထိုင်ခဲ့တဲ့သူတွေအားလုံးကတော့ လက်ခံမှာပါ ။

      ကျနော် သတိထားမိသွားတာ ၊ ပြီးခဲ့တဲ့ ဘင်္ဂါလီ အရေးအခင်းမှာဗျ ။
      နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများ နေထိုင်ခဲ့တဲ့သူတွေအားလုံး ၊
      ဆရာမ ဒေါ်ခင်နွယ်ဝင်းလို အထူးကု ဆရာဝန်မကြီးတွေ တင်မကဘူး ၊
      အောက်ခြေက ဟိုး ဟိုတယ် စားပွဲထိုး အထိပါ အားလုံး ၊
      အတွေးအခေါ် တစ်ခုတည်း / တစ်ဖက်ထဲ ကို ညီညီညာညာ ရပ်ခဲ့ကြတယ်ဗျ ။

      အဲဒီမှာ ကျနော် အခြေအနေကို ကောင်းကောင်း သဘောပေါက်ခဲ့တယ် ။

    • ဝင့်ပြုံးမြင့်

      October 23, 2014 at 2:09 am

      ကိုရှုံး says: ဒါပေမယ့် ကျွန်တော်တို့ မြန်မာမိန်းကလေးတွေက အတော်လေးအယူလွဲကြတယ်။ မြန်မာပြည်မှာ လစ်ဗင်းတူဂဲသားချင်လဲမရကြဘူး၊ ချစ်သူနဲ့ တူတူနေချင်တာတောင် ပါတ်ဝန်းကျင်၊ အသိုင်းအဝန်း၊ လူနေမှုထုံးစံတွေအရ အရာရာချုပ်တည်းထားရတဲ့ သဘောရှိတယ်။ ဒီရောက်လာတော့ သူတို့တွေ အတော်လေးထူးဆန်းတာတွေ တွေ့ရတယ်။ လူတော်တော်များများက သူတို့ကို လိုချင်တယ်ပြောကြတယ်၊ တစ်ချို့ကတော့ ဈေးညှိကြတယ်၊ တစ်ချို့ကတော့ ဈေးခေါ်ကြတယ် (နင်ငါ့ကိုလက်ခံရင် နင့်အတွက် ဒါ၊ ဒါ ဆိုပြီးပေါ့)၊ တစ်ချို့ကကျတော့ Home Sick ဖြစ်နေတဲ့ သူတို့ကို နှစ်သိမ့်ပျော်ရွှင်စေတယ်၊ ဒါကိုပဲ အချစ်လို့ သူတို့က ထင်ကြပြန်တယ်၊ နောက်ထပ်အရေးကြီးတာတစ်ခုကတော့ သူတို့မှာ ဘယ်သူ့မှကြောက်နေစရာမလိုတော့ဘူး၊ ပါတ်ဝန်းကျင်မှာလဲ ဒီလိုပဲ ဖြစ်နေကြတာပဲ၊ လူ့လောကရဲ့ အရသာ မြည်းစမ်းကြည့်ကြဦးမှပါပဲလို့ ခြေတစ်လှမ်းတိုးကြည့်တယ်၊ ဘယ်သူမှ စောင့်ကြည့်မနေဘူး၊ ပြောမယ့်သူမရှိဘူးဆိုတာနဲ့ပဲ အဲ့ဒီလောကကြီးထဲ ခြေစုံပစ်ဝင်သွားကြတယ်။

      ကျွန်မ ပြောချင်တာ ဒီသဘောပါပဲ ကိုရှုံးရေ။ ပို့စ်ကို မကျေနပ်တာ မဟုတ်ပါဘူး။ ကွန်မင့်တွေက ပေတံနဲ့ လိုက်တိုင်းပြီး ဖိထားသလားလို့။ ဒါကြောင့် ဒီဘက်မှာ စောင့်ထိန်းကိစ္စ နည်းနည်းလွှတ်ဖို့ကို တွေးမိတာပါ။ စောင့်ထိန်းတာကို ကိုယ်ကျင့်စာရိတ္တစံအဖြစ် သတ်မှတ်လိုက်ကြတော့ ဟိုနိုင်ငံလည်း ရောက်ရော ဇောင်းကလွှတ်လိုက်သလိုဖြစ်ကုန်ကြရော။

  • ဦးကျောက်ခဲ

    October 21, 2014 at 11:37 am

    စာမေးပွဲဖြေနေတယ်လို့ မထင်စေချင်ပါဘူး မပြုံးရေ…
    အရက်သမား ဘိန်းစား အကျင့်တန်ကို ဘယ်မိန်းမမှ အိမ်ထောင်ဘက် တော်ချင်မှာမဟုတ်သလို…
    ယောက်ျားတကာနဲ့ ဒွေးရောယှက်တင် ၊ ကိုယ်ပိုင်တဲ့လယ် ကြိုက်ရာလူပေးထွန်တဲ့ မိန်းမမျိုးကို…
    အင်တာနေရှင်နယ်မှာတောင် ဘယ်ယောက်ျားမှ တန်ဘိုးမထားပါဘူး…
    ကိုယ်ကျင့်သိက္ခာဆိုတဲ့ပေတံက မိန်းမရော ယောက်ျားအတွက်ပါ (ဂျီပုန်းမပါ) အရေးကြီးပါတယ်…

    ကျောက်စ်ကိုယ်တွေ့မို့ ကိုရင်ရှုံးပြောတာ မလွန်ပါဘူး…
    Middle-East ကိုရောက်တဲ့ ရောက်လာတဲ့ ရွှေမမ ၉၀% ကတော့ ဇောင်းထဲက လွှတ်လိုက်တဲ့မြင်းတွေလိုပါပဲ ။ အင်တာနေရှင်နယ် ကျချက်ကတော့ ယိုသူမရှက် မြင်သူရှက်ရတဲ့ အဖြစ်တွေချည်းပဲ ။ အဲသည်တော့ အာရပ်နဲ့ ကုလားကိုကိုများက “မြန်မာလားဟေ့… ဝင်ခဲ့လေကွယ်”လို့ ထုတ်မပြောရုံ တမယ်ပါ ။ ငါးခုံးမတွေများလွန်းလို့ အမျိုးကောင်းသမီးတွေတောင် ထိကပါးရိကပါး အစော်ကားခံရပါတယ် ။ ကျောက်စ်မှာလည်း နှမတွေရှိတာမို့ တဖက်စောင်းနင်း မမန့်ချင်သော်လည်း အဲသည့်အရပ်မှာ ၃နှစ်နေခဲ့တာ… မြန်မာလို့ ထုတ်မပြောရဲအောင် ဆိုးလှပါတယ် ။
    (မြန်မာလို့ပြောလိုက်တာနဲ့ ေ- ါင်းကိုတွေ့တဲ့အတိုင်း အဆက်ဆံခံရလို့)

    ကျောက်စ် ထီပေါက်ပါစေဆုတောင်း …
    မပြုံးကို Middle-East ခေါ်ပြီး ရွှေမမတွေ ပေတံလိုသေးကြောင်း ပြချင်လွန်းလို့…
    :k:

    • Foreign Resident

      October 21, 2014 at 8:29 pm

      ” Middle-East ကိုရောက်တဲ့ ရောက်လာတဲ့ ရွှေမမ ၉၀% ကတော့
      ဇောင်းထဲက လွှတ်လိုက်တဲ့မြင်းတွေလိုပါပဲ ။
      ယိုသူမရှက် မြင်သူရှက်ရတဲ့ အဖြစ်တွေချည်းပဲ ”

      အောင်မငီး ၊ ၉ဝ % ကို ထောက်ခံတဲ့သူ တစ်ယောက် ထပ်ထွက်လာပြန်ပြီ ။
      Percentage ကလည်း ပက်စက်လှချည်လားကွယ် ။

  • ဦးကြောင်ကြီး

    October 21, 2014 at 11:46 am

    ကလားစွမ်းတာ ယုန်ဂျဗီ မှတ်လားကွ… လျှာပွတ်တဲ့ မာမွတ်တဲ့ဟေ့ … ငှက်ကလအုပ် ငှက်ကလအုပ်….
    ၉၆၉တွေ အင်တာနက်မှာ လေကျယ်နေတာ ဒူဗိုင်းက ကလားက ရယ်တယ်… ကွိ ကွိ

  • Shwe Ei

    October 21, 2014 at 11:56 am

    ဒီတပတ် Study လုပ်ရတဲ့ Assessment မှာ ခေါင်းစဉ်က Language about sexism & Gender Issue တဲ့။
    ကမာ္ဘနဲ့တဝှမ်း အမျိုးသမီး အမျိုးသား ခွဲခြားဆက်ဆံမှုလျှော့ချဖို့နဲ့ တန်းတူညီမျှ အခွင့်အရေးရဖို့ အတွက် United Nation ကစီမံကိန်းတွေနဲ့ အလေးပေးဆောင်ရွက်နေသတဲ့။ အမေရိက မှာတော့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေနောက်မှာ အထူးတပ်ဖွဲ့ကတောင် အကူအညီပေးနေတယ်တဲ့။
    ခေါင်းစဉ်အရရော အကြောင်းအရာအရရော ဖတ်ကြည့်ရသလောက် အမျိုးသမီးတွေကို အမျိုးသားတွေလိုဘဲ ရာထူးကြီးတဲ့နေရာ လစာမြင့်တဲ့နေရာ တွေမှာ အမြင်ကျယ်ကျယ်နဲ့ လက်ခံပေးကြဖို့…ပြီးတော့ အမျိုးသမီးမို့လို့ ဘယ်လောက်တော်တော် တဆင့်နိမ့်ရာထူးနဲ့ တဆင့်နိမ့်လစာပေးတာတွေ မလုပ်ကြတော့ဖို့…အမျိုးသားတွေဟာ အမျိုးသမီးတွေ တသက်လုံးလုပ်နေရတဲ့ ခလေးထိန်း ထမင်းချက် အဝတ်လျှော် စတာတွေကို ကိုယ်နဲ့မဆိုင်သလို လုပ်မနေကျဘဲ တတ်အားသမျှဝင်ကူဖို့ အကြောင်းတွေ ပါတယ်ဗျ။
    ဟိုလေ…ဆိုလိုချင်တာက အမျိုးသားရယ် အမျိုးသမီးရယ်လို့ ခွဲခြားပီးပြောနေတဲ့ ကိစ္စလေးတွေ တတ်နိုင်သမျှ လျှော့စေချင်မိတာဘာဘဲ :mrgreen:
    ပြောရမယ်ဆိုရင်…Sex ကိစ္စအထိဝင်ပါဖို့ ဆိုတာက ပိုပြီးတော့တောင် အလှမ်းဝေးနေပါသေးတယ်လို့။

    • ဦးကျောက်ခဲ

      October 21, 2014 at 12:04 pm

      ဘာကြောဒယ်…
      ကျောက်စ်ကတော်က အဆင့်မြင့်နေတာ အိမ်ထောင်ကျထဲက…
      ထမင်းချက် အဝတ်လျှော် အိမ်သန့်ရှင်းရေး… အကုန် ကျောက်စ်
      ခလေးထိန်းဖို့ကတော့… လာမယ်လေ… အဟိ
      :k:

      • Shwe Ei

        October 21, 2014 at 4:19 pm

        လာမယ်လေဆိုတော့ ဘဒူများလဲလို့…ကျောက်စ်ဘဲဖစ်မှာဘဲ ခုခိခုခိ 😀

  • kai

    October 21, 2014 at 1:20 pm

    ပြုံးမမရဲ့.. ကြည့်တဲ့ဘက်နဲ့အမြင်ကို သဘောကျပါတယ်..။
    အဲလိုမြင်ကြည့်လည်းရတာပဲနော..။

    မြန်မာအမျိုးသမီးတွေရဲ့ဘဝကို.. တဦးချင်းမတိုင်းပါဘူး..။
    နိုင်ငံတကာစံတွေနဲ့တိုင်းသင့်ပါတယ်..
    ဒီစံညွှန်းတွေမသိ/မရှိရင်တော့.. ကိန်းဂဏန်းတွေကို.. အခြေချပြီး.. ကြည့်သင့်ဖတ်သင့်တယ်ထင်တာပါပဲ..
    ကမ္ဘာ့နိုင်ငံတွေမှာ.. အဲလိုစံညွှန်းတွေနဲ့.. ကျား/မ အခွင့်အရေးတိုင်းတာပေါ့…။
    မတိုင်းတတ်ရင်တော့..
    ခုလောလောဆယ်..သတင်းတွေက.. မျက်မြင်မြင်ရတဲ့.. နောက်ဆုံးပိတ် ရလဒ်ကနေဖြတ်ကြည့်ပေါ့..
    အသိမမှားရင်.. မြန်မာအမျိုးသမီးတွေဘဝက.. ဘာသာရေး.. ယဉ်ကျေးမှုမျက်နှာဖုံးတပ်ပြီး.. “ချ”ခံထားရသမှ.. တော်တော်ဆိုး..
    =======
    ထားပါလေ..။
    မနေ့က.. အယ်လ်အေဘုန်းကြီးကျောင်းတခုမှာ.. နိုင်ငံတကာ..နယ်အရပ်ရပ်ကလာတဲ့.. ဘုန်းတော်ကြီးတွေ တပါတ်မကရွတ်ခဲ့တဲ့.. အသံမစဲပဌာန်းပွဲပိတ်ပွဲလုပ်တယ်..။
    ဘုန်းတော်ကြီးများက.. စင်ပေါ်ခုံရှေ့မှာထိုင်…..။ စုစုပေါင်း၄၃ပါးပါ..။
    လူထုပရိသတ်ကြီးက.. ကြမ်းပြင်ပေါ်မှာထိုင်…
    တရားနာတယ်ဆိုပြီး.. ဘုန်းဘုန်းတွေဟောပြောသမျှ.. နားထောင်ရတာပေါ့..
    တချို့ဆိုလက်အုပ်လေးပါချီထားကြပါတယ်..
    ပြောချင်တာက…
    အဲဒီထဲ..မယ်သီလရှင် ၃ပါးလူကြားထဲထိုင်ရသဗျ…။
    အလှူငွေတွေပေးာကလှူကြတော့.. ဘုန်းတော်ကြီးတွေထိုင်နေတဲ့နေရာကို.. လှူချင်တဲ့လူတန်းကြီးက.. တန်းစိပြီး.တပါးချင်းစီကပ်ရတာပေါ့…။ ဘုန်းတော်ကြီးတွေကုန်တော့.. တချို့ကလှည့်ပြန်တယ်… ။ဘေးတခါးပေါက်ကထွက်တယ်..။
    အဲဒီမယ်.. တချို့.. ကပ္ပိယတွေက..အော်ပြောတယ်..။
    ဟိုလူကြားထဲမှာ.. ဆရာလေး၃ပါးရှိသေးပါတယ်လို့…
    အဲဒီမှာ… ကြမ်းပြင်ပေါ်.. ထိုင်နေတဲ့.. သီလရှင်၃ပါးကို.. တချို့ကကျော်.. တချို့ကလှူ…

    အင်း..
    ပြီးခဲ့တဲ့တပါတ်ကနေစပြီး..အသံမစဲပဌာန်းပွဲလုပ်တာမှာ.. စုစုပေါင်း.. လည်ပါတ်ကုန်ကျငွေ.. ဒေါ်လာ ၁သိန်းခွဲကနေ.. ၂သိန်းလောက်ရှိမယ်လို့မှန်းပါတယ်….

    သခင်မျိုးဟေ့.. ဒို့ဗမာ..အဲ..အဲ..
    ဒို့ယောက်ျား.. ။ :k:

    • မြစပဲရိုး

      October 21, 2014 at 11:54 pm

      မြန်မာပြည်က သီလရှင် နောက်ရောက် နေတာ ကို နမူနာပြ တယ်လား။

      ဒီ အကြောင်း ကို ထပ်ခါထပ်ခါ ငြင်းရတာ လဲ များပြီ။
      မြန်မာပြည် မှာ မိန်းမတွေ အများကြီး လွတ်လပ်ပါတယ်။
      ရှေးရိုးယဉ်ကျေးမှူ ကောင်း တစ်ခု ဖြစ်တဲ့ “မိန်းမကောင်း” ဆိုတာ ဘယ်လိုနေ ဘယ်လိုထိုင် ကို ရှေ့ဆွဲထုတ်ပြီး မိန်းမ တွေ မလွတ်လပ် ဘူး ပြောတာကတော့ ဇွတ် အတင်း လိုရာဆွဲတာ လို့ ဘဲ ပြောပါမယ်။
      မြန်မာပြည်ထဲ က မိန်းမ တွေဟာ ပညာရေး၊ လူမှုရေး၊ အလုပ်ခွင့် ထဲ မှာတောင် ကမ္ဘာ က မိန်းမ တွေ နဲ့ ယှဉ် ရင် အများကြီး ကို သာပါတယ်။

      မောင်ရှုံးပြောသလို ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ရရင်
      မြန်မာပြည်က မိန်းကလေး တွေ ဟာ ကိုယ့်တိုးတက်ရေး အတွက် ကျောင်းမှာ လဲ အနှိမ်မခံရဘူး။
      အလုပ်ထဲလဲ သူ့ဟာနဲ့သူ တော်ရင်တော်သလို နေရာရတယ်။
      အိမ်ထောင်ရေး စိတ်ကြိုက် ရွေးနိုင်တယ်။
      ကွာချင်ရင်တောင် အလွယ်ကွာနိုင်တယ်။
      မြေပိုင် နိုင်တယ်၊ ကားမောင်ခွင့် ရှိတယ်။
      အလုပ်ထဲ ကျား/မ လစာ မခွဲ ထားဘူး။
      ဒါကို တောင်မှ အရေးမပါတဲ့ အကြောင်းပြပြီး မြန်မာပြည်မှာ မိန်းမ တွေ အနှိမ်ခံ ရတယ် ပြောတာ အတော်လေး ခံပြင်းပါတယ်။
      အခု အတော်လေး ပွင့်လင်း လာချိန် တို့ မြန်မာ မိန်းမများ ဒီ မယ် ရွေး ပွဲ တွေ၊ မော်ဒယ်လျှောတ် တွေ ကို ဘဲ ရှေ့တန်းတင်လာတာ အတော်စိတ်ပျက်ဖို့ကောင်းတယ်။
      တကယ်ဘဲ ကျား တွေ နဲ့ ရင်ဘောင်တန်းပြီး လုပ်ချင်ရင် လက်သည်းအလှပြင်နေဖို့ အချိန် မရှိဘူး ဆိုတာဘဲ။

      ကျွန်မ အပို တွေ ပြောမနေချင်တော့ဘူး။
      ကမ္ဘာမှာ လုပ်ထားတာ တွေ အသေအချာဖတ်ကြည့်။
      မြန်မာပြည် မပါဘူး။
      ကိုယ့်မှာ ပညာ ကို လွတ်လွတ်လပ်လပ် သင်ပြီး ကြိုးစားနိုင်ခွင့် ရှိနေတာ က အခွင့်အရေးကောင်း တစ်ခုဖြစ်နေပြီးသား။
      အဲဒီလို အခွင့် ရှိနေ ရနေ ပါရက် နဲ့ ကိုယ့်ဟာကို ဖာ နိုင်ငံ တည် ချင်ရင်တော့ အဲဒီ ကိစ္စ တွေ ဘဲ တွေးပြီး ရသမျှ ယောကျာင်္း တွေ ကို မြူပြနေဖို့ဘဲ ရှိတယ်။
      ဒါဟာ ဘယ်သူမှ ခိုင်းတာမဟုတ်။
      ကိုယ့်သဘော နဲ့ကို ခံ နေကြတာ။
      အဲဒါကို မိန်းမ တွေ မှာ အနှိမ်ခံ နေရတာ လို့ ပြောခွင့် မရှိ။
      နှိမ်ခံရတယ် ထင်ရင် ပို ကြိုးစားပြကြဖို့ဘဲ ရှိတယ်။

      http://www.discovery.com/tv-shows/curiosity/topics/examples-gender-inequality-around-world.htm

      1: Education Attainment
      hen it comes to education, girls worldwide get the short end of the stick. Girls may be kept out of school to help with household chores,
      they may be pulled from school if their father deems it’s time for them to marry, or there may only be enough money to educate one child from the family — and the boy assumes the responsibility.

      2: Political Participation
      Analysts often posit that many of the issues on this list could be solved if women had higher levels of political participation.
      Despite making up half the global population, women hold only 15.6 percent of elected parliamentary seats in the world

      3: Freedom to Marry and Divorce
      In many countries, young girls are forced to marry men two or three times their age.
      According to UNICEF, more than one-third of women aged 20 to 24 were married before they turned 18, which is considered the minimum legal age of marriage in most countries [source: UNICEF].

      4: Access to Health Care
      n Sub-Saharan Africa, women now form half of the infected persons [source: Wach, Reeves].
      One reason for this growth may be laws that force women to stay married,
      even when their husbands are adulterous and engaging in extramarital sexual activity that could bring the virus into the marriage.

      5: Feminization of Poverty
      women in some countries have no right to own the land on which they live or work. Not only can such a state trap women in abusive marriages,
      it also contributes to a phenomenon that economists have deemed the “feminization of poverty.” More than 1.5 billion people in the world live on less than one dollar a day, and the majority of those people are women

      6. Restricted Land Ownership
      In some countries, such as Chile and Lesotho, women lack the right to own land. All deeds must include the name of a man, be it the woman’s husband or father.
      If one of those men were to die, the woman has no legal claim to land that she may have lived on or worked all her life. Often, widows are left homeless because the deceased man’s family will throw them out of their homes

      7: Feticide and Infanticide
      In some countries, such as China and India, a male child is more valuable than a female child, and this gender bias causes parents to care very much if they have a boy or a girl.
      Thanks to advances in genetic testing, parents can find out if they’re having a boy or a girl, and they may elect to end a pregnancy that would yield a female child.

      8: Violence
      Even in developed countries, women are often blamed and questioned about actions if they become the victims of rape or physical abuse, while their attackers may not face such questioning.

      9: Limited Mobility
      Saudi Arabia provides the most extreme example of limited mobility for women: In that country, women are not allowed to drive a car or ride a bicycle on public roads.

      10: Professional Obstacles
      According to the most recent statistics from the U.S. Census, women earn just 77 percent of what men earn for the same amount of work [source: National Committee on Pay Equity].
      In addition to this gender wage gap, women often face a glass ceiling when it comes to promotions, which is evident when you survey the lack of women in leadership positions at major companies.
      Women who have children often find themselves penalized for taking time off; if they’re not dismissed, they may face discrimination and outdated ideas of what a woman can accomplish if she’s pregnant or a mother.
      And jobs that are considered traditional women’s work, such as nursing and teaching, are often some of the lowest-paying fields.

      • kai

        October 22, 2014 at 2:13 pm

        ဂေါတမဗုဒ္ဓကိုယ်တော်တိုင်ခွင့်ပေးခွင့်ပြုထားတဲ့.. ရဟန်းမ
        (ထေရီ- ဘိက္ကူနီ)ကို . မြန်မာထေရာဂိုဏ်းတွေက.. အသိအမှတ်မပြု..လက်မခံတာလောက်.. နှိမ်ချခံရတဲ့ဘဝကို.. မနှိမ်ပါဘူးလို့… ထင်ရလောက်အောင်ဖြစ်ပြ၊ီပေါ့အရီးလတ်ရယ်…။
        ပြောသာပြောတာပါ..
        မိန်းမရဟန်းကို အသိအမှတ်ပြုဖို့ ကြိုးစားဖူးတဲ့ရဟန်းတပါးကို.. အသားကုန်ဝိုင်းဖျက်ဆီးခဲ့ကြဖူးတယ်..
        ဗို်လ်ချုပ်အောင်ဆန်းတို့ မျက်စိရှေ့မှောက်တင်..။

        “the ends justify the means”

        • မြစပဲရိုး

          October 22, 2014 at 4:05 pm

          ဒီမယ် သူကြီးမင်း ရဲ့
          မိန်းမ ရဟန်း မရှိလဲ ဘာဖြစ်တုန်း။
          မိန်းမ ဆရာဝန်၊ အင်ဂျင်နီယာ ၊ ပိုင်းလော့ စသဖြင့် ရှိရင်ပြီးရော။
          I don’t care about …..
          မယ်သီလရှင် နဲ့ ဘုန်းကြီး တန်းတူအရေး
          ဘုရားပေါ် မိန်းမ မတက်ရ တဲ့ အရေး
          နတ်ရေကန် ထဲ မိန်းမ မဆင်းရတဲ့ အရေး
          ဒါတွေက လောကုတ္တရာ အရေး တွေ။
          အတ္တဖြုတ်ဖို့ လုပ်ဖို့ ကြိုးစားရမဲ့ နေရာမှာ ငါစွဲ တွေ ရှေ့ထားလို့ ရမလားရှင့်။

          ဒါပေမဲ့ လောကီအရေးထဲ မှာတော့ ငါစွဲ တွေ ရှိနေဆဲ မို့
          မိန်းမတွေကို အသားလွတ်တော့ နှိမ် လို့ မရစေရ။

          လွှတ်တော်ထဲ မိန်းမ အင်အား နည်းတာ မိန်းမ တွေ ကို နှိမ်ထား တယ် လို့ လုံးဝ မတွေးမိ။
          ဘာလို့လဲ သိလား။
          ရွှေမျိုး ရွှေနွယ် မိန်းမ များ လွှတ်တော်အမတ် လုပ်ချင်တယ် ပြောကြည့်ပါလား။
          လွှတ်တော်ထဲအဝင် ကျောခင်း ပေးမဲ့ မင်းယောကျာင်္း ပေါင်း ဘယ်လောက်ရှိမယ် မှတ်တုန်း။
          အနည်းဆုံး ၂၅% မက ရှိမှာဘဲ။ ဟာဟ။

          မြန်မာပြည် ထဲ ကျား/မ ခွဲ နေတာမဟုတ်။
          အာဏာ ရှိ/မရှိ။
          ငွေရှိ/မရှိ ဘဲ ခွဲနေတာ။

          တကယ် ဖိနှိပ် တယ် ဆိုတာက ဘယ်အခြေအနေမှာမှ ဘယ်လို မိန်းမ မှ ခေါင်းထောင် လို့ မရတာ။
          အခုလဲ ကန့်လန့်ကာနောက်ကွယ်က ကြိုးဆွဲ နေသူ ကို ဘယ်သူတွေ မှတ်လို့ တုန်း။
          ဘာသာရေး ဆိုင်ရာ ဘုန်းကြီး တစ်ချို့ တွေ ဆိုတာလဲ သူတို့ လက်ထဲ က မှာ အသက်သွင်းထားသူတွေ။
          ခက်တာက ကိုယ်နဲ့ မဆိုင် မသိချင်ဟန်ဆောင်၊ ခေါင်းရှောင် နေတတ်တတ်ကြတဲ့ မြန်မာလူမျိုး အများစု ရဲ့ စိတ်ဓာတ်ကြောင့် ပိုပို ဆိုးလာတာ။
          အမြင်မတော် လဲ ဝင်ပြောရင် မုန်းမှာ ကြောက်တဲ့သူတွေ,၊ရန်မပွါးချင်တဲ့သူ တွေ များနေတာမို့ မြန်မာပြည် က ဗုဒ္ဓဘာသာ ဆိုတာကို သူကြီး က ဝါးလုံးနဲ့ ရမ်းလို့ ရနေတာ။

          တကယ်တော့ ဗလီ ထဲ မိန်းမ တောင် ဝင်မရ။
          မိန်းမ တရားဟောဆရာမရှိ။
          မိန်းမ သတ်ရင် ငရဲ ရောက်မှာလို့ တောင် ယုံကြတာကိုး။
          ဒီလို ဘာသာရေး နဲ့ ယှဉ် လိုက်ရင် ပျင်းတောင်ပျင်းသေးတယ် ပြောရမလားဘဲ။

  • ဝင့်ပြုံးမြင့်

    October 22, 2014 at 10:44 am

    .ညတုန်းက ဘယ်လိုမှ ဝင်မရလို့ ကွန်မင့်အပြန်နောက်ကျတာ သီးခံတော်မူကြပါ။ .အားလုံးကို ခြုံ ပြီးတော့ ဖြေပေးပါရစေ။
    —–
    .ကျွန်မတို့ ဗဟိုချက် တည့်တည့်ကို သွားရအောင်။
    .(၁) တစ်လင်တစ်မယားစနစ် မရှိခြင်းရယ်
    .(၂) စောင့်ထိန်းတာကို ကိုယ်ကျင့်စာရိတ္တစံအဖြစ် မြန်မာ့လူဘောင်က သတ်မှတ်ထားခြင်းရယ်
    . ဒီနှစ်ခုဟာ မှန်ကန်တယ်ဆိုရင် အခုဘာဖြစ်လို့ ဒီကနေ့မှာ ဒီရလဒ်ထွက်သလဲ။ ပြည်ပရောက် မိန်းကလေးတွေ ဇောင်းကလွှတ်လိုက်သလို အပြေးမြန်တယ်။ ပြည်တွင်းမှာ ခိုးစားပြီး သောင်းကျန်းတယ်။ ကော့ကော်ကန်ကား ဖာနိုင်ငံ တည်ဆောက်ပြလိုက်တယ်။
    —-
    .ကျွန်မတို့ ကိုယ်ပိုင် အိုင်ဒီယာတွေနဲ့ နပန်းသတ်ကြတာဟာ အဖြေကောင်းတစ်ခု လိုချင်လို့ပါပဲ။ ဒီကိစ္စမှာ နှစ်ဘက် အမြင် ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် ဦးတည်ချက်ကတော့ တစ်ခုတည်း။ အဲဒါကတော့ မြန်မာမလေးတွေကို တန်ဖိုးရှိစေချင်တာပါပဲ။
    —-
    ကျွန်မ အိုင်ဒီယာက ဒီလိုပါ။
    (၁) မှာ ကျွန်မ ဇောင်းပေးရေးတာက တန်ဖိုးထားမှု အစစ်အမှန် = ကိုယ်နဲ့ တန်းတူတန်ဖိုးထားခြင်း = တစ်လင်တစ်မယားဥပဒေကို အပြည့်အဝထောက်ခံလာဖို့
    .(၂) မှာ စောင့်ထိန်းတာကို ကိုယ်ကျင့်စာရိတ္တစံလို့ မသတ်မှတ်ချင်ပါ။ ငါးပါးသီလ လွတ်ပါတယ်။ အဝေးကြီး။ စောင့်ထိန်းတာကို option လို့ပဲမြင်ပါတယ်။ ရွေးပိုင်ခွင့်တစ်ခုပါ။ စောင့်ချင်စောင့်မယ်။ မစောင့်ချင် မစောင့်ဘူး။ ဒါကာယကံရှင်ရဲ့ ရွေးပိုင်ခွင့်။ လူသားတန်ဖိုးထားခြင်း မူဝါဒအရ လူတစ်ယောက်ရဲ့ ရွေးပိုင်ခွင့်ကို ပတ်ဝန်းကျင်က လေးစားမှု ရှိရမယ်။ အရှက်ခွဲစရာ မဖြစ်သင့်ဘူး။ ဒါကို အရှက်ခွဲစရာလို့ မြင်နေကြလို့သာ ခိုးရိုက်ချောင်းရိုက် ဗီဒီယိုတွေ အွန်လိုင်းမှာ ပျံ့ နေတာပေါ့။ ဒီတော့ ကိုယ့်မိန်းကလေးတွေပဲ အရှက်ကွဲတာပေါ့။

    ့ကျွန်မ တကယ်ဖြစ်ချင်တာက (၁)ပါ။ (၂)က ရွေးပိုင်ခွင့်အဖြစ် ရှိနေမယ်။
    .ကျွန်မတို့ လိုချင်တာကို မီဒီယာမှာ များများအော်ရင် သဂျီးပြောသလို လွှတ်တော်ကနေ သိလာမှာပေါ့နော် ဟီး။ အဓိကက ဖတ်လိုက်တဲ့လူတွေ တဖြည်းဖြည်း အမြင်ပြောင်းလာဖို့ပါ။ ဒီလိုနည်းနဲ့ ရွေ့သွားမယ်။ ဦးနှောက်တွေကို လှန်နိုင်ရင် အကုန်လုံးကို လှန်တာပဲ။ ဒါကြောင့် နှစ်ဦးနှစ်ဖက်အမြင်တွေကို ပွင့်ပွင့်လင်းလင်းပြောကြတာ သိပ်ကောင်းပါတယ်။

  • etone

    October 22, 2014 at 12:28 pm

    စည်းတွေ ဘောင်တွေ ပေတံတွေ အတိုင်းတာတွေ ဆိုတာထက် …
    ကိုယ်ကြိုက်တာ ကိုယ်လုပ် ….
    ကိုယ်ဖြစ်လျှင် ကိုယ်ခံ ….. အဲ့လိုပဲ ခံယူထားတယ် 🙂

  • Paing Lay

    October 22, 2014 at 5:08 pm

    အခုလို နောင်တော် အမတော် ဦးရီးတော် အရီးတော်တွေ ဆွေးနွေးကြတာမြင်မှ အောင်လရဲ့ “ဘောင်” သီချင်းကို ပြေးမြင်ယောင်မိပါကြောင်း :mrgreen:

  • weiwei

    October 22, 2014 at 9:08 pm

    ကျွန်မ အသိတစ်ယောက် သူ့ကလေးတွေကို ဘယ်လိုသင်ကြားတယ်ဆိုတာလေး ပြောပြချင်တယ် ..
    တကယ်တော့ မိဘတွေရဲ့ အခန်းကဏ္ဍက အဓိကပါတယ် ..
    သူ့မှာ သမီးအကြီးနဲ့ သားအငယ် ၂ ယောက် မွေးထားတယ် .. သူတို့က တရုတ်သွေးပါပြီး စီးပွားရေးလုပ်ငန်းလဲရှိပါတယ် … သားနဲ့ သမီးမှာ သမီးကို ပိုဂရုစိုက်ပြီး ပြုစုပျိုးထောင်တယ် .. ပညာတတ်ဖို့အပြင် အိမ်တွင်းမှုအလုပ်တွေကိုပါ ပြည့်စုံအောင်သင်ပေးနေပါတယ် … သားကိုတော့ သမီးလောက် အသဲအသန် ဂရုတစိုက်မလုပ်ဘူး .. ဘာလို့လဲလို့မေးတော့ … သားကတော့ သူ့အတွက် မိဘအမွေလုပ်ငန်းရှိနေလို့ နောင်ရေးအတွက် သိပ်ပူပန်စရာမရှိပေမယ့် သမီးဆိုတာက သူများအိမ်မှာ ချွေးမသွားလုပ်ရမှာမို့လို့ အရည်အချင်းအပြည့်ရှိနေဖို့ လုပ်ထားပေးရမယ်တဲ့ .. ဒါမှလဲ သူ့သမီးနောင်ရေး အိမ်ထောင်ရေး ဘာမှ အခက်အခဲမရှိမှာတဲ့လေ …
    အဲဒီအမေလိုပဲ သမီးရှင်အမေအားလုံး ဂရုစိုက်ပြီး တန်ဖိုးမြင့်အောင် လုပ်ပေးနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲလို့ …

  • ဝင့်ပြုံးမြင့်

    October 23, 2014 at 2:41 am

    ကိုဘဖော says: (ကျနော် သတိထားမိသွားတာ ၊ ပြီးခဲ့တဲ့ ဘင်္ဂါလီ အရေးအခင်းမှာဗျ ။
    နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများ နေထိုင်ခဲ့တဲ့သူတွေအားလုံး ၊
    ဆရာမ ဒေါ်ခင်နွယ်ဝင်းလို အထူးကု ဆရာဝန်မကြီးတွေ တင်မကဘူး ၊
    အောက်ခြေက ဟိုး ဟိုတယ် စားပွဲထိုး အထိပါ အားလုံး ၊
    အတွေးအခေါ် တစ်ခုတည်း / တစ်ဖက်ထဲ ကို ညီညီညာညာ ရပ်ခဲ့ကြတယ်ဗျ ။)
    အဲဒါ ဘာပြောတာလဲ မသိဘူး။ သဘောမပေါက်ဘူး။

    .ကျောက်စ်၊ ကကြောင် … မြန်မာပြည်မှာ မိန်းကလေးကို တန်ဖိုးမထားမှတော့ ဒီလိုဖြစ်တာ ဆန်းလား။ ဟိုဘက်မှာ တရုတ်ကြီးက အသင့်။ ကိုယ့်မြန်မာတွေက ဂျီးဂျက်က များလိုက်တာ။ သူတို့က တစ်ပြန်စီးနဲ့ ပေတံနဲ့ လိုက်တိုင်းနေတယ်။ တော်ကြာ မြန်မာမတွေ အတွေးပေါက်ပြီး မြန်မာတွေကို မယူတော့လို့ ကကြောင်တို့လည်း ယူစရာ အပျို မကျန်တော့လို့ အရှက်ပြေ ဘုန်းကြီးဝတ်နေရဦးမယ်။
    —-
    ကိုထွဋ်၊ ကိုထွဋ်တို့ အိမ်ထောင်သက်နုသေးတယ်။ မြန်မာ့လူ့အဖွဲ့အစည်းအကြောင်း သေချာမသိနိုင်သေးဘူး။ မြန်မာ့လူ့အဖွဲ့အစည်းမှာ အိမ်ထောင်ပြုလိုက်တဲ့မိန်းမကို နှိမ်ပါတယ်။ အချိန်တန်ရင် သိပါလိမ့်မယ်။ ဒီလောက် အဆင်မချောလှပါဘူး။ ဘာဖြစ်လို့ နှိမ်နိုင်သလဲဆိုတော့ တစ်လင်တစ်မယားစနစ် မရှိဘူး။ ချွေးမတစ်ယောက်ဖြစ်သွားရင် သူများလက်ခုပ်ထဲက ရေလိုပဲ။
    —-
    မရွှေအိရေ ကျားမခွဲခြားဆက်ဆံမှုကို ပေါ့သေးသေး မမှတ်ပါနဲ့။ သူများနိုင်ငံနဲ့ ယှဉ်ရင် တို့တိုင်းပြည်က တော်ပါသေးတယ်ဆိုတဲ့ အမြင်မျိုး လူတော်တော်များများမှာ ရှိပါတယ်။ ကျားမခွဲခြားရေးအမြင်ဟာ နိုင်ငံရေးအထိ လွှမ်းမိုးတယ်။ ကျားမခွဲခြားဆက်ဆံမှုကြီးတဲ့ နိုင်ငံတွေ ကမာ္ဘ့ဇာတ်ခုံပေါ်မှာ မရှုမလှဖြစ်တယ်။ ကျားမခွဲခြားဆက်ဆံရေးရဲ့ အဓိက ရေသောက်မြစ်က ဘာသာရေးကလာသလား မသိဘူး။ မွတ်တွေ အစွန်းရောက်တွေ ကျားမခွဲခြားမှု သိပ်ကြီးတယ်။ သူတို့နိုင်ငံတွေလည်း ပြာဖြစ်တယ်။
    —-
    တုန်တုန်ရေ အဲဒီလောက် မလွယ်ဘူးနော်။ လူဆိုတာ ခံနိုင်ရည် အတိုင်းအတာရှိတယ်။ တိုင်းပြည်မှာ ပေါင်းစုအင်အားကသာ အရာရာကို ဖြိုနိုင်တာ။ တစ်ဦးတည်း တစ်ယောက်တည်း ကွက်တော်ရုံနဲ့ ဘာမှ မဖြစ်ဘူး။ အခု ရလဒ်တွေ မှားနေတာ ပေါင်းစုအင်အား မှားနေလို့ပါ။

    ပိုင်လေး ပြောတာ နားမလည်ဘူး။ အောင်လက LT နေတာ ခေတ်မီတယ်ပဲ ထင်တယ်။

    မဝေရေ အခုက တောင်ပြိုနေတာ။ မအူပင် အဝေးသင်တက္ကသိုလ်မှာ ရောင်းအကောင်းဆုံးက အီဇီတူး ပါ။ ဒါ LT ကိစ္စအတွက် သုံးတာ မဟုတ်ဘူး။ ခိုးစားအတွက် သုံးတာ။ အဖြေကောင်းတစ်ခုရဖို့ အခုလိုပဲ မီဒီယာကနေ ဝိုင်းဝိုင်းဝန်းဝန်း အားတက်သရော ဆွေးနွေးကြတာ ကောင်းပါတယ်။

    အမလတ် အမလတ် ပြောပုံဆိုရင် စောင့်ထိန်းတာက တန်ဖိုးထားတာလား။ အတည်ယူမှ sex ကိုရမယ်ဆိုရင် အဲဒါက မိန်းကလေးဘက်က sex ကို ရောင်းတာ မဟုတ်ဘူးလား။ မိန်းမတစ်ယောက်ကို ပတ်ဝန်းကျင်က တန်ဖိုးထားတယ်ဆိုတာ စောင့်ထိန်းမှုကို ထားရတာလား။ အဲဒီမိန်းမရဲ့ ရွေးချယ်ပိုင်ခွင့်ကို တန်ဖိုးထားရတာလား။

  • မြစပဲရိုး

    October 23, 2014 at 4:59 am

    ညီမပြုံး ရေ

    ဒီလို ဆွေးနွေးရတာ အရမ်းကောင်းပါတယ်။
    ဒီလို ပြောခွင့်ရအောင် အစ ပေးလိုက်လို့ လဲ ကျေးဇူးတင်တယ်။

    တစ်ခုလဲ စဉ်းစားမိတယ်။ သိလား။
    တို့မှာ သူငယ်ချင်း တစ်ယောက် ရှိတယ်။
    သူ့မှာ အမေ မရှိဘူး။
    သူ့ကို ထားသွားတာလို့ ဆိုပါတော့။
    ဒီတော့ အဖွား နဲ့ အဖေ ကဘဲ စောင့်ရှောက်ထားရင်း ကြီးလာတာ။
    တစ်နေ့ စကားစပ်ရင်း နင့်အမေ ကို မတွေ့ချင်ဘူးလား။ လူကြီး တွေ ကို မသိမသာ မေးပြီး ရှာကြည့်ပါလား လို့ ပြောမိတယ်။
    ကိုယ်တွေ က အမေ အားကိုး နဲ့ ကြီးလာရတာကိုး။
    ဒီတော့ အမေ က ကိုယ့်အတွက် ကမ္ဘာကြီးတစ်ခုလေ။
    အမေမရှိရင် ဘာမှ အလုပ် မဖြစ် ထင်ရအောင် အမေ က လွှမ်းမိုး ခဲ့တာကိုး။
    သူ က ဘာပြန်ပြောခဲ့လဲ ဆိုတော့ သူ့မှာ အမေမရှိလဲ ဘာမှ မဖြစ်တော့ အလုပ်ရှုပ်ခံ ရှာနေစရာ မလိုဘူး တဲ့။
    ရှိတော့ရော ဘာလုပ် ရမှာလဲ တဲ့။

    နားလည်မလား ညီမ။
    ကိုယ်ဘဝ မှာ ကျင်လည်ရာ အခြေအနေပေါ်မူတည်ပြီး တန်ဖိုးထား တဲ့ အရာ မတူ ကြတာကို။
    အများစု က တစ်ခုခု ကို Used to ဖြစ်နေတာ ကို ပြင်ဖို့ မကြိုးစားဘူး။
    တစ်ချို့အရာ တွေ က ပြင်လဲ မထူး သလို ဖြစ်နေတာလဲ ရှိတာကိုး။

    ဒီတော့ ကိုယ်တန်ဖိုး ထား တိုင်း လူတိုင်း ဟာ ဒီ အတိုင်း တန်ဖိုးထားမှာ လို့ အမြင် တစ်မျိုး ထဲ ပုံသေ ကြည့် မရ တာကို သိလိုက်ကြရအောင်။

    ဒါကြောင့် အခု တို့ ဆက်ပြောမှာက တစ်ခြားသူ တွေ အမြင်နဲ့ ဖြစ်ဖြစ် ညီမပြုံး အမြင် နဲ့ ဖြစ်ဖြစ် ကွဲ နိုင်ပါတယ်။
    ဘယ်သူမှန်တယ်၊ ဘယ်သူမှား တယ် လို့ လဲ မပြောနိုင်လောက်ပါဘူး။

    ဒီတော့ စာဖတ်သူတွေ ရှိခဲ့ရင် ကိုယ်တူတယ် ထင်ရင် လက်ခံ၊ မတူလဲ ဒါဟာ တစ်ခြား ကိုယ်နဲ့ မတူ တဲ့ အကြောင်း ဘဲ လက်ခံ။
    လိုက်နာရမယ် မပြောပါဘူး။
    ဒါမျိုး ကိုယ်နဲ့ ကွဲလွဲ တဲ့ အမြင်ရှိတာ သိပြီး အဲဒါကိုလဲ ထည့်စဉ်းစား တတ်ဖို့ဘဲ လိုပါတယ်။

    ဒီအကြောင်း ကို တစ်ခြား ဥပမာ နဲ့ ကြည့်ရအောင်။
    ကျား/မ မရွေး အတူတူ စဉ်းစားလို့ ရအောင်ပေါ့။
    တို့တွေ အစား ကို ကြိုက်ကြတယ်။ လူတိုင်းပါဘဲ။
    အကြိုက်တော့ မတူဘူးပေါ့။
    အစားထဲ မှာ ဘယ်အစာ ကို စားရင်ဖြစ် ဝ မယ်၊ နှလုံး ဆီးချို ဖြစ်မယ်။
    ပြောထားပြီးသား။
    ဒါကို မယုံလို့ ဖြစ်ဖြစ်
    ဝမှာ ရောဂါဖြစ်မှာ ကို ဂရုမစိုက် လို့ ဖြစ်ဖြစ်
    သိရက်နဲ့ စိတ်မထိန်းနိုင်လို့ ဖြစ်ဖြစ်
    စားရင် လဲ စားပေါ့။
    ဖြစ်မှာ က ကိုယ်ဖြစ်မှာဘဲ။
    တုံတုံ ပြောသလို “ကိုယ်ဖြစ် ကိုယ်ခံ” ပေါ့။
    ဒါဟာ ကိုယ့် ရွေးချယ်ပိုင်ခွင့်ပါ။
    ကိုယ့်စိတ်ကြိုက် ရွေး လို့ ရပါတယ်။

    အကြောင်း တစ်ခု ကနေ ဖြစ်လာမဲ့ အကျိုး ဆက်ပါဘဲ။
    အသိ တစ်ယောက် က အုန်းနို့ အရမ်းကြိုက်တယ်။
    သေလဲ သေ စားမှာဘဲ တဲ့။
    ပြသနာက မသေဘဲ လေဖြတ်သွားတော့ သူဖြစ်သူခံ မဟုတ်ဘဲ ဘေးက မိသားစု ပါ ခံ နေရရော။

    ရသ တဏှာ လိုဘဲ ရာဂ တဏှာ ကလဲ ကိုယ့်ကို ဒုက္ခပေးပါတယ်။
    ဒါကို ကိုယ့် ကိုယ်ပိုင် အသိလေး နဲ့ မှ မထိန်း ရင် ပြည်တွင်း။ ပြည်ပ နေရာ ဆိုတာ မထူးပါဘူး။
    နေချင်သလို နေမှာပါဘဲ။
    ပြည်ပရောက် မှ ပိုဆိုး တယ် ဆိုတာက ဟိုမှာ အချောင်နှိုက်ချင်သူ တွေ က ပြည်တွင်း မှာထက် များ နေတာကြောင့်ပါဘဲ။
    ဒါဟာ မိဘ မောင်ဘွားလဲ ထိန်းမရဘူး။ ဥပဒေလဲ မရဘူး။
    သံကွန်ခြာ နဲ့ ထိန်းထားလို့ မရပါဘူး။
    ကိုယ့်စိတ် ကို ကိုယ်ဘဲ ချွန်းအုပ်မှ ရမယ်။

    အဲဒီလို အသိ ရဖို့ ကိုယ်က ဘာ ကို ရလာဒ် အနေ နဲ့ လိုချင်တာ လဲ ကိုယ့်ဟာကို ရှင်းရှင်းလင်းလင်း သိဖို့ လိုမယ်။
    လင်ကောင်းသားကောင်း မလို ကိုယ့်ဟာ ကိုယ် တွေ့ရာနဲ့ တွဲပြီး နေတာ ကို သဘောကျရင် ကိုယ် ဟာ ကိုယ် သဘောကျ ထင်တိုင်း ကျဲ ပါ။ ရပါတယ်။
    ကိုယ့်ဟာကို ကဲ တာ ကို ပါတ်ဝန်းကျင် ကို ဂရုမစိုက်လဲ ရပါတယ်။

    ဒါပေမဲ့ လင်ကောင်း လဲ လိုချင်တယ် တစ်လင်တစ်မယား လဲ ကြိုက်တယ်။ ကိုယ်ကတော့ ကောင်းအောင်မနေနိုင်ဘူး။
    ဒါဟာ မမျှ တဲ့ ပွဲ ဘဲ။
    ကိုယ့်ကို မယူတဲ့ သူ ကို အပြစ်တင်ခွင့်မရှိ။
    ဒါမှမဟုတ် ကိုယ့်ကို ပစ်သွားသူကို အပြစ်တင်ခွင့်မရှိ။
    သူလဲ သူ့ ကိုယ်ပိုင် ရွေးချယ်ခွင့် နဲ့ သူကြိုက်ရာသူ ရွေးမှာကိုး။
    ဒါဟာ ပါတ်ဝန်းကျင်နဲ့ ဘာမှမဆိုင်ဘဲ အပြန်အလှန် နှောင်ဖို့ လုပ် နေတဲ့ လူ နှစ်ဦး နဲ့ ဘဲ ဆိုင်ပါတယ်။

    ဒါလေး သိထား ရင် ရပါပြီ။
    မဟုတ်လား။ :))

  • Foreign Resident

    October 23, 2014 at 6:29 am

    ဝင့်ပြုံးမြင့် says:
    ” ကိုဘဖော says: (ကျနော် သတိထားမိသွားတာ ၊ ပြီးခဲ့တဲ့ ဘင်္ဂါလီ အရေးအခင်းမှာဗျ ။
    နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများ နေထိုင်ခဲ့တဲ့သူတွေအားလုံး ၊
    ဆရာမ ဒေါ်ခင်နွယ်ဝင်းလို အထူးကု ဆရာဝန်မကြီးတွေ တင်မကဘူး ၊
    အောက်ခြေက ဟိုး ဟိုတယ် စားပွဲထိုး အထိပါ အားလုံး ၊
    အတွေးအခေါ် တစ်ခုတည်း / တစ်ဖက်ထဲ ကို ညီညီညာညာ ရပ်ခဲ့ကြတယ်ဗျ ။)
    အဲဒါ ဘာပြောတာလဲ မသိဘူး။ သဘောမပေါက်ဘူး။ ”

    မ ပြုံး ရေ ။
    အဲဒီ ဘင်္ဂါလီ အရေးအခင်းမှာတုန်းက ၊
    ဒီမိုကရေစီ အစစ် နိုင်ငံတွေမှာ နှစ်ရှည်လများ အခြေချ နေထိုင်တဲ့သူတွေအားလုံး ၊
    ထိပ်ပိုင်း ပညာတတ်တွေကော ၊ အောက်ပိုင်း အလုပ်ကြမ်းသမားတွေ ကော ၊
    အားလုံးလောက် နီးနီးဟာ ကိုယ်တိုင် ဗုဒ္ဓဘာသာဝင် စစ်စစ်တွေ ဖြစ်သော်ငြားလည်း ၊
    ကိုယ်နှင့် မျိုးတူ ရခိုင် ဗမာ ဗုဒ္ဓဘာသာဝင်တွေဘက် က မရပ်တည်ခဲ့ဘဲ ၊
    တရားမျှတမှု နှင့် လူဆန်မှုဖက်ကနေဘဲ ရပ်တည်ခဲ့ကြတာကို တွေ့ခဲ့ရတယ် ။
    အဲဒဟာကို ရည်ညွှန်းတာပါ ။

    အပေါ်က ပြောသွားတဲ့ Comment တွေရော Post တွေရော မှာ ၊
    အကြမ်းဖျင်းအားဖြင့် ကျနော်က မဝင့်ပြုံးမြင့်ဘက်က ထောက်ခံပါတယ် ။

    အထူးသဖြင့် ” အဲဒါကို ကျွန်မတို့ မိန်းမထုက အာခံ မလား၊ မခံဘူးလား။
    အခုပဲကြည့်။ ယောက်ျားတွေရဲ့ အနေအထား သူတို့ ထိုင်ခုံကို ကျွန်မလှုပ်ကြည့်တော့ ၊
    မိန်းမတွေထဲက ဘယ်သူမှ ပါမလာဘူး။ ကိုယ့်မြန်မာမတွေ တော်တော်အူတာ။
    အဲဒါကို အခု ဒီဂဇက်ထဲရောက်မှ သိတာ။ ”

    အဲဒီ စကားကို ကျနော် ထောက်ခံပါတယ် ။

    ဟိုးအရင် ကလည်း ကျနော် တစ်ခါ ပြောဖူးပါတယ် ၊
    မိန်းကလေး တစ်ယောက် အပျိုစစ်ရမယ် ဆိုတဲ့ စံ / Idea ကို လက်မခံဘူးလို့ ။

    ဒီ စံ / Idea ဟာ
    ၁ ။ အမျိုးသမီးထုကြီးကို ၊ အမျိုးသားထုကြီးက ၊ သွယ်ဝိုက်ပြီး ဖိနှိပ် ချုပ်ချယ်ထားတဲ့ အချက် ၊
    ကျားမ ခွဲခြား နှိမ်ချခြင်း ( Gender Discrimination ) ပါလို့ ။

    ၂ ။ အမျိုးသမီး တစ်ယောက် ရဲ့ ကာမဂုဏ် လွတ်လပ်စွာ ခံစားခွင့်ကို ၊ သွယ်ဝိုက်ပြီး ၊
    ချုပ်ချယ်ထားတဲ့ အချက် လူ့အခွင့်အရေး ချိုးဖေါက်မှု ( Human Right Violation ) ပါလို့ ။

    အမှန်က ၊ အဲဒီတုန်းက ၊ ကျနော်က အမျိုးသမီးထုကြီး ဖက်ကနေ ဝင်ပြောပေးနေတာလေ ။
    ဒါပေမယ့် ၊ အဲဒီတုန်းက ကျနော့်ကို အဓိက ကန့်ကွက်ခဲ့သူတွေကလည်း ၊
    အမျိုးသမီး တွေဘဲ ဖြစ်နေတာကို ( အံ့ဩဖွယ်ရာ ) တွေ့ခဲ့ရတယ် ။

    အဲဒီတော့ကာ ၊ အခု မပြုံးက ” ကိုယ့်မြန်မာမတွေ တော်တော်အူတာ ”
    ဆိုတဲ့ စကားလုံးကို သုံးလိုက်တဲ့ အခါမှာ ၊ သဘောကျမိပါရဲ့ ။

    စိတ်မပျက်ပါနှင့် မပြုံးရေ ။
    ကျနော်တို့ရေးနေတာတွေက တရားမျှတမှုကို ဦးတည်ထားပေမယ့် ၊
    လက်ရှိ မြန်မာနိုင်ငံကြီးက အဲဒီလောက် အဆင့်ရှိတဲ့ တရားမျှတမှုကို လက်မခံနိုင်သေးပါဘူး ။
    ဒါပေမယ့် ၊ ကျနော်တို့ စာတွေ Comment တွေကိုဖတ်ပြီး ၊ သူတို့ ဆက်တွေးကြမှာပါ ။
    ဒီလောက်နှင့်တင် မပြုံး ကျေနပ်သင့်နေပါပြီ ။

    • မမချွိ

      October 23, 2014 at 11:19 am

      ဟိုးအရင် ကလည်း ကျနော် တစ်ခါ ပြောဖူးပါတယ် ၊
      မိန်းကလေး တစ်ယောက် အပျိုစစ်ရမယ် ဆိုတဲ့ စံ / Idea ကို လက်မခံဘူးလို့ ။

      အဘရဲ့…
      မိန်းမတွေ (ကျန်းမာရေး/လူမှုရေး) အသိ ညာဏ် မမြင့်မားသေးပဲ …….
      ယောင်္ကျားတွေ သဘောထား မပြောင်းလဲနိုင်သေးပဲ …….
      နိုင်ငံက အဖက်ဖက်မှာ အဆင့် မမှီသေးပဲ …….
      အဲ ဒီ စံ ကို လက်မခံတဲ့ မိန်းမတွေ များလာရင်တော့ အရင် ခွင် တွေ့မှာက အမျိုးသားတွေချည်းပဲ။
      မိန်းမ တွေ က အူ ပါ ဘိ သနဲ့။
      ပွဲတော် တွေ့နေမယ်။
      :kwi:

      အဲဒီ အစား ……
      အမျိုးသမီးတွေ အသိညာဏ် မြင့်မားရေးး၊
      ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊
      ကိုယ့်ဘဝကို တရားနည်းလမ်းကျကျ မြှင့်တင်နိုင်ရေး အတွက် စံ/စံနစ်/ဒီဘိတ်/အကြံ တစ်ခု အရင် လုပ်တာမှ တော်ဦးမယ်။
      :k:

      အချိန်မကျသေးခင် မှာ….
      ပေးတဲ့အတွေးအခေါ် ဘယ်လောက် မှန်တယ် ပြောပြော….
      အဲဒါ အဆိပ် အရင် ဖြစ်မှာပဲ။

      :mrgreenn:

      • Foreign Resident

        October 23, 2014 at 11:50 am

        အင်း ။ အဲဒဟာကြောင့်လည်း အပေါ်မှာ ပြောထားတာပါ ။

        ” လက်ရှိ မြန်မာနိုင်ငံကြီးက အဲဒီလောက် အဆင့်ရှိတဲ့ တရားမျှတမှုကို လက်မခံနိုင်သေးပါဘူး “

        • မမချွိ

          October 23, 2014 at 11:52 am

          မိန်းမတွေ ကိုယ့် ခြေထောက်ပေါ် ကိုယ် မရပ်နိုင်သေးပဲ
          ကိုယ့် တာဝန် ကို မယူနိုင်သေးပဲ
          ကိုယ့် ဘဝ ကို မဆုံးဖြတ်နိုင်သေးပဲ

          “ငါ တို့ ဟာ ငါတို့ ပိုင်တယ်၊ လုပ်ချင်တဲ့ လူနဲ့ လုပ်ချင် ရာ လုပ် မယ် ” ဆိုတဲ့ စိတ် အရင် ဝင်သွားမှာ ကို အကြောက်ဆုံးပဲ။

          အဲဒါမှ အူတယ် ဆိုလည်း အူ တယ် ပေါ့။
          အမြင်ကျဉ်းတယ် ဆိုလည်း ကျဉ်းတယ်ပေါ့။

          :kwi:

  • pooch

    October 23, 2014 at 1:12 pm

    အဓိကကတော့ အမရယ် လူအများစု ကျားမမရွေး ပညာတတ်လာရင် အတွေးအခေါ်ရှိလာရင် ဘယ်အရာမဆို ရေမြင့်ကြာတင့် ဖြစ်လာမှာပါ။
    ကိုယ့်အဆင့်တန်းနဲ့ကိုယ် ကိုယ့်ဘဝကို သေချာထိန်းကြောင်းသွားနိုင်မှာပါ။

    အခုဟာက ဘာဖြစ်နေလဲဆိုတော့ အရာရာတိုင်း စီးပွားရေး လူမှုရေး ပညာရေး နိုင်ငံရေး အဖက်ဖက်မှာ တချို့တချို့သော လူများစုက နူရာဝဲစွဲတဲ့ အတွေးခေါ် အယူအဆ အလေ့အကျင့်တွေ အရင်ဆုံး စီးမျောသွတ်သွင်းလက်ခံကျင့်သုံးနေကြတာပါ

    အတွေးအခေါ်နူနေတာကို အရင်ကုရမှာ

  • kai

    October 23, 2014 at 2:51 pm

    ကျုပ်တော့.. အရီးလတ်နဲ့..ပြုံးမမကို.. ထမင်းခေါ်ကြွေးပြီး.. ဘရိန်းစရုန်းလုပ်.. ငြင်းခိုင်းစေချင်တော့တာပဲ..။
    ပြုံးမမဖက်က.. ပုရှ်တို့.. အိတုံတို့..ရယ်..။
    အရီလတ်ဖက်က.. အော့မေဂိုဏ်းသားတွေရယ်.. မေးခွန်းမေးတဲ့ပရိသတ်လုပ်ပေါ့..။
    မမချွိကတော့.. အလယ်ကနေ.. ပွဲကိုထိန်းသူပေါ့…။

    အဲဒီပွဲကို.. တီဗီရိုက်.. လွှင့်များထုတ်လိုက်ရင်လေ…
    မြန်မာတွေ….တော်တော်အကျိုးများမယ်..။ :k:

    • မြစပဲရိုး

      October 23, 2014 at 2:55 pm

      ရှင့် ကို အဘဖော ကို ဘယ်နား သွားထားမလဲ။ lol;-))

      • kai

        October 23, 2014 at 3:03 pm

        မိန်းမနဲ့ယောက်ျား.. အမြင်ရှု့ထောင့်.. သဘောသဘာဝမတူတာမို့.. ဒီလိုဝိုင်းထဲမယ်.. မပါရေးချမပါ..။
        အဲ..
        သိသလားမေးရင်တော့.. ကမ္ဘာပါတ်လာဖူးတာရယ်..။ နိုင်ဂျံဂါးအနေကြာတာရယ်ရှိကြတာမို့.. (စာတွေ့မဟုတ်.. လက်တွေ့ကျကျ) နှိုင်းယှဉ်သိချက်ကတော့.. ၉ထက်.. မလျှော့…။ :k:

        • မြစပဲရိုး

          October 23, 2014 at 3:06 pm

          တိုးတိုးလေးတော့ ပြောပါ သူကြီး ရယ်။
          ဘယ်သူ ဘက် မှာ မဲ ပိုများလဲ ဆိုတာ။ ဟာဟ။ lol:-)))

  • မြစပဲရိုး

    October 23, 2014 at 2:54 pm

    ပြောရင်း ပြောရင်း ထုံးစံ အတိုင်း ပြောချင်တာ တွေ လွဲ တော့ မယ်။

    အခု ပြောနေရင်း အကြောင်း က မြန်မာ မိန်းကလေး များ ကို
    (၁) ကာမစည်းစိမ်ကို ငယ်တုန်း ရွယ်တုန်း ကိုယ့်ပစ္စည်နဲ့ ကို အသားကုန် ခံစားခွင့်ရှိ အောင် လွတ်လပ် စွာ အဆင့်မြင့်မြင့် ဖာခံ ခွင့် ပေးဖို့ တောင်းဆိုချင်တာလား။
    ဒါမှမဟုတ်
    (၂) စိတ်ဓာတ်ရေးရာ အဆင့်မြင့်မြင့် တွေး နိုင် တဲ့ အမျိုးကောင်းသမီးလေးများ ဖြစ်စေချင်လို့ ပြောနေတာလား။

    (၁) ကို လိုချင်လို့ ပြော နေတာ ဆိုရင်တော့ I am out.

    (၂) ကို လိုချင်တာမို့ ပြောတာ ဆိုရင်တော့ Ethics ဆိုတဲ့ ကိုယ်ကျင့်တရား မပါလို့ မရတော့ဘူး။ ချန်ထားလို့ မရဘူးလေ။
    ဒီနေရာမှာလဲ အပျိုစစ်တာ/ မစစ်တာ က
    ကံ အကျိုးပေးမကောင်းလို့ မိန်းမတစ်ယောက် ဟာ မုဆိုးမလဲ ဖြစ်နိုင်တယ်။ တစ်ခုလပ်လဲ ဖြစ်နိုင်တယ်။ ရီးစားက ကြောရုံကြံ သွားတာလဲ ဖြစ်နိုင်တယ်။
    ဒီလို အခြေအနေမှာ သူ့ကို တကယ်မြတ်နိုး လို့ ယူတဲ့ သူ ရှိမယ်။
    အပျို အစစ် ယူတာ/မယူတာ လူ နှစ်ယောက် ကိစ္စ။ လူ့ အသိုင်းအဝိုင်း နဲ့ မဆိုင်ဘူး။ ဂရုစိုက်စရာ မလိုဘူး။
    ဒါပေမဲ့ ဒီလို အကြောင်း က မြင်ရာလူ ကို ခေါ်ပြီး လက်တဲ့စမ်း ချင်တဲ့ သူ၊ ငွေရဖို့ ပေးနိုင်သူ ကို လူပျို၊လူအို မရှောင် ထိုးကျွေးနေတဲ့ သူ ဆိုရင်တော့ ဘေးက အမြင်မတော်လို့ တားကြ စီးကြ ရတာ နဲ့ မတူဘူး။
    အဲဒါမျိုး က ကိုယ်ကျင့်တရားပျက်တာ။
    ကိုယ့် အလိုလောဘ အတွက် လူ့ကျင့်ဝတ် ကို ဖောက်တာ။
    တကယ်လို့များ
    မပြုံးက ” ကို်ယ်ကျင့်စာရိတ္တစံ” မလိုချင်ဘူး။ အပိုဘဲ လို့ ပြောလိုက်ရင် ဒီစကား ဟာ အင်မတန် ကြောက်ဖို့ကောင်းပါတယ်။
    အဲဒီလို ရည်ရွယ်ရင်း မဟုတ်ဘူးလို့ လဲ ထင်ပါတယ်။
    မြန်မာပြည် အခုလို ပျက်စီးနေတာ အဲဒီ Ethics တွေကို မလိုက်နာကြလို့။ တနည်း မသိလို့။ မသင်ကြား ကြလို့ ပါ။
    Ethics ဆိုတာ ဘာသာရေး နဲ့ လုံးဝ ဆက်စပ် မှု မရှိတာ သိကြပါ။
    Professional Ethics ဆိုတာ ဆရာဝန် တွေ၊ အင်ဂျင်နီယာ၊ စာရင်းပညာရှင်၊ တရားသူကြီး ၊ စစ်သား၊ အုပ်ချုပ်သူ အားလုံးမှာ ဆိုင်ရာ ကျင့်ဝတ် တွေ ရှိပါတယ်။
    အဲဒီ တာဝန် ကို ထမ်းမယ် ဆိုရင် အဲဒီ ကျင့် ဝတ် ကို စောင့်ထိန်း ရပါမယ်။

    မြန်မာပြည်မှာ အဲဒီ ကျင့်ဝတ် ကို အရေးတကြီး လိုက်နာ စရာလို့ မသတ်မှတ် ကြလို့ တိုင်းပြည် ပျက် နေရတာ။
    ဒီလိုဘဲ လူ ဆိုရင်လဲ လူ့ကျင့်ဝတ် ရှိတယ်။
    အဲဒီ ကျင့်ဝတ် က ကျား/မ မရွေး လိုက်နာရမှာ။
    မလိုက်နာရင် အဲဒီ အသိုင်းအဝိုင်း မှာ အရှက်ရမှာဘဲ။
    အခု မြန်မာ ဆိုတာ ကမ႓ာမှာ နာမည်ပျက်နေတာ အဲဒီ ကျင့်ဝတ် တွေ ကို မသိ၊ မလိုက်နာ၊ မလေးစား လို့ ဆိုတာ ကို နိုင်ငံပြင်ပ ရောက်နေသူများတောင် သိရဲ့လား မသိ။

    ဒီတော့ ကျား၊ မ တန်းတူ ညီ ရေးမှာ အဲဒီ ကျင့်ဝတ် တွေ က အားလုံး အတွက် လိုက်နာဖို့ဘဲ။
    ကိုယ်က မိန်းမ တစ်ယောက် မို့ ကိုယ့်မိန်းမ တွေ ကို ကိုယ့်တာဝန် ကျေအောင်ထမ်းနိုင်ဖို့ အဲဒီ လူ့ ကျင့်ဝတ် တွေ စောင့်ထိန်း ဖို့ ကို ပြောနေတာ။

    ဒါကို ကျား တစ်ယောက် ဖြစ် တဲ့ တို့များ ကို အဘဖော က လဲ သူတို့ ကျား တွေ ကို ယောကျာင်္ကောင်း တစ်ယောက် ဖြစ်ဖို့ ဘယ်လို လူ့ကျင့်ဝတ် တွေ လိုက်နာ ရမယ် လို့ မပြောဘဲ
    ဘဲ့နှဲ့ မိန်းမ အပျိုစစ်/ မစစ် ယူရေး/မယူ ရေး တွေ စတဲ့ အောက်ဆုံးဆင့် မတိကျ တဲ့ ကြုံရာ တန်းညှိ ပြီး ဝင်လာ ရတာလဲ မသိ။
    ဒါဆိုရင် ရှင် က ကျား ကိုယ်စားပြု ပြီး ကိုယ့်လူ တွေ ကို ပညာမပေး နိုင်ရင် ကျွန်မ ဝင်ပြီး ပါ ရတော့ မလားဘဲ။

    အခုတော့ တော်ပြီ။
    တကယ်လို့ များ (၁) အတွက် တိုက်ပွဲ ဝင်နေတာ မဟုတ်ရင်တော့
    နောက် ဆက်ပါဦးမည်။

  • မမချွိ

    October 23, 2014 at 3:13 pm

    နာ့ ကို ကြားးညပ် အောင် ကြံ တဲ့ ဒွန်ကင်းး ကို ခေါ်ဘူးးးဟေ!!!

    :mrgreen:

  • မြစပဲရိုး

    October 23, 2014 at 3:54 pm

    ဒီဘိတ် ဆိုတာ နဲ့ နိုင်ချင်ဇော နဲ့ …..
    ပြောရင်း နဲ့ ပြောချင်လာတာလေး။
    ပြောသင့် မသင့် မသိပေမဲ့ တစ်ခါတစ်ခါ ဘဝ ထဲ က စာမျက်နှာ ဟောင်း လေး တွေ ကို ပြန်ဖတ်ပြချင်လာလို့။ (အေးချမ်းမေ သီချင်း ကလဲ ခေါင်းထဲ ဝင်နေချိန်လေး)

    မပြုံး ရဲ့ ခေါင်းစဉ် “ပေတံ” မှာ မိန်းကလေး တွေ အတွက် စံတွေ ပေတံ တွေ နဲ့ မနှိုင်းရအောင် ရေးပေး တဲ့ ပွဲ မှာ ဝင်ပြီး ဖျက်မျဉ်း လုပ် နေတဲ့ မိန်းမ မို့
    သူကတော့ အတော်ကို ပေမှီ ဒေါက်မှီ လို့ ထင်လိုက်ရင် လား။ မှားပါမယ်။

    ငယ်တုန်း က ကိုယ့် အဖိုးအဖွား တွေ ချင်း အင်မတန် ရင်းနှီးတော့ နောက်ပိုင်း မျိုးဆက် ချင်း ပါ ခင်မင် ရင်းနှီး တဲ့ မိသားစု ရှိပါတယ်။
    ဆရာဝန် တွေ မို့ အဖွားလာတိုင်း အမြဲ လာလည်ပြီး ဆေးစစ် ပေးလေ့ ရှိတယ်။
    အဖွား ဆုံးတော့လဲ အဒေါ်ကြီး တွေ လာ ရင် ဆက်လာမြဲ။
    သမီး တစ်ယောက် သားတစ်ယောက်။
    သူတို့ ကလဲ ဆရာဝန် နဲ့ ဆရာဝန်လောင်း ဘဲ။ သားက ကိုယ် နဲ့ ရွယ်တူ။
    မိန်းကလေး က အစ်မ။
    သူတို့ ညဖက် အိမ်လာတိုင်း အတော်မိုးချုပ် မှ အိမ်ပြန်ပြန် လာ တဲ့ ကိုယ့် ကို အတော် ကြည့်လို့ မရဘူး ထင်ရဲ့။
    ကျောင်းနေတုန်း ကလဲ သူငယ်ချင်း တွေ နဲ့ စာစုကျက်လို့ မို့ အိမ်မှာ မရှို။
    အလုပ်ဝင်တော့ ပို ဆိုး၊ အလုပ် ထဲ ကောင်လေး တွေ နဲ့ တစ်ရုံးရုံး။
    ညဖက် ကားတစ်စီး နဲ့ ကိုယ့် အလုပ် ထဲ က မှောင်မှ ပြန်ရ သူ တွေ ကို ပါတ်ပို့။

    ဒါကို ကိုယ်ကသာ သတိမထားတာလေ။ သူတို့က မြင်တယ်။
    အမြဲ ဆုံးမ စကား လိုလို၊ ရှုတ်ချသလိုလို၊ အပြစ်တင်သလိုလို ပြောလေ့ရှိတယ်။
    သူ့ မောင် က စကားလာ ပြောလိုက် ရင် ကို အတင်းလာပြီး ဖျက်တော့တာဘဲ။
    နောက်ပြီး ရှိသေးတယ်။
    ဘာလို့ ဒီ လို အလုပ်မျိုး လုပ် နေလဲ။ ကျောင်းမှာ ပြန်ပြီး ဆရာမ မလုပ်ဘူးလားပေါ့။
    မှန်ပါတယ်။ သူတို့ မမှားပါဘူး။
    သူတို့ လိုချင် တဲ့ ယောင်းမ တစ်ယောက် ရဲ့ ပုံစံ က ကိုယ့်လို မျိုး မဟုတ်မှန်း။
    ကိုယ်က သူတို့ လိုချင် တဲ့ ပေတံ အတိုင်း ထဲ မဝင်မှန်း။
    ပြသနာ က ကိုယ်ကလဲ ကိုယ်ချစ်တဲ့အလုပ် ကို ယောကျာင်္းရဖို့ အတွက် နဲ့ ထွက်စရာမရှိ။

    ကိုယ်ဘက်ကလဲ ကိုယ့် စံနှုန်း နဲ့ဆန့်ကျင် တဲ့ သူတို့ နဲ့လဲ အမျိုးတော် ဖို့ အိမ်မက်တောင် မမက် တော့ ပြသနာ ဆက် ဖြစ်စရာမရှိတော့။
    ဘာမှ မဖြစ်ခင် ဇာတ်လမ်းပြီးရော။ lol:-))

    နောက်ပိုင်း ကိုယ်ဒီ ကိုပြောင်းတော့ အဲဒီ အစ်မ လဲ ဒီမှာ စာမေးပွဲ လာဖြေ တယ်။
    တကဲ့ အိမ်ရှင်မ ဖြစ်နေ တဲ့ ကိုယ့် ကို ကြည့်ပြီး အံ့အားတကြီး ပြောသွားတယ်။
    သူပြောသွားတာ က ” အရင်က ဒီ လို ဒေါင့်ကျိုးသွား လိမ့်မယ် လို့ မထင်ခဲ့ဘူး” တဲ့။
    သဘော က အရင်က ဒေါင့်မကျိုး ခဲ့တဲ့ သဘောပေါ့။
    ရီလိုက်ရတာ။
    လူတစ်ယောက် မှာ ဘာ က အရေးကြီးတာလဲ။
    ကျိုးနွှံ မှူလား။ ခပ် အအ လား။ ခပ် ထက်ထက်လား။ မီးဖိုချောင် နိုင်သူလား။ ရုပ်ချောတာလား။ မျိုးရိုးလား။ ငွေကြေးလား။
    တကယ်တော့ ဘယ်သူ မှ ဘယ်တော့မှ ပြည့်စုံ တာမရှိဘူး။

    ကိုယ် ထား တဲ့ ကိုယ့်ရဲ့ စံနှုန်း က သူများ လိုချင် တဲ့ စံနှုန်း ဖြစ်စရာ မလိုပါဘူး။
    ကိုယ်လုပ်ချင်ရာ လုပ်နိုင်ပါတယ်။
    မိန်းကလေး တစ်ယောက် သိသင့်တာက ကိုယ်ရဲ့ ပုံစံ နဲ့ မကိုက် တဲ့ လူ (+ သူ့ ပါတ်ဝန်းကျင်) ကို ဘဝ ထဲ မသွင်းဖို့ ရယ်။
    ကိုယ့် ဆီမှာ ပညာ ရပ် တစ်ခု တတ်မြောက်ဖို့ နဲ့ ကိုယ်ကျင့်တရား ကောင်း ကို လက်စွဲ ထားနိုင်ဖို့ ရယ်။
    ဒါဘဲ လိုပါတယ်။
    ကိုယ်ကျင့်တရား ကောင်း တစ်ခု က ပါတ်ဝန်းကျင် ရဲ့ အမြင် ကို ရေရှည် မှာ ပြောင်းပေးနိုင်ပါတယ်။
    ဒါဆိုရင် ကိုယ့်ကို သူများ က ဘာ ပေတံ နဲ့ တိုင်းတိုင်း ဂရုစိုက် စရာမလိုဘဲ စင်ပေါ်က နေ ရီ နေလို့ ရမယ် လို့ ….
    ထင်
    တာ
    ပါ
    ဘဲ။

    စာမျက်နှာ တွေ ထဲ က တစ်မျက်နှာ အကြောင်း ပုံပြင်လေးက ဒါပါဘဲကွယ်။
    lol:))

    သများ ကို အနိုင်ပေးနော်။ :))

    • weiwei

      October 23, 2014 at 4:50 pm

      အရီးလတ်လိုပဲ ကျွန်မမှာလဲ ပြသနာရှိခဲ့တယ် ..
      မိသားစုရဲ့ ချစ်ခြင်းမေတ္တာကြောင့် အိမ်မှုကိစ္စဘာမှမလုပ်တတ်၊ မပေါင်းတတ် မသင်းတတ် ကလေးသာသာမို့လို့ တခြားမိသားစုတစ်ခုက သမီးတောင်းဖို့ စကားကမ်းလှမ်းလာတဲ့အခါ အမေက ငြင်းခဲ့ပါတယ် .. ငါ့သမီးအရည်အချင်းနဲ့ အိမ်ထောင်တစ်ခုကို ထိန်းနိုင်မှာ မဟုတ်ဘူးတဲ့လေ …
      ဒါက အမေနဲ့အဖေဘက်က အမြင် .. အဲဒါနဲ့ပဲ အခုထိ သူတို့တာဝန်ဖြစ်ပြီး အခုထိ ကလေးလုပ်လို့ရနေတုန်း ..

      တကယ်တော့ သူတို့မှားတယ်ဆိုတာ အခုထိ သူတို့မသိသေး ..

      • Ma Ma

        October 24, 2014 at 6:55 pm

        မလတ်နဲ့ ဝေဝေရဲ့ ကွန်မန့်တွေဖတ်ပြီး ဒါရိုက်တာဝင်းဖေရဲ့ နှင်းဆီနီအိပ်မက် ရုပ်ရှင်ကို သွားသတိရမိတယ်။
        ဒီ ဒီဘိတ်ကိုလည်း သဘောကျတယ်။
        အော်မေ့ဂိုဏ်းဆိုတာနဲ့ တခါတည်း တံဆိပ်ကပ်တဲ့ သဂျီးကိုတော့ ဆန်ဒထုတ်ဖော်ပွဲလုပ်ပြီး ဆန်ဒပြချင်တယ်။ :mrgreen:

  • မြစပဲရိုး

    October 23, 2014 at 4:22 pm

    အခု ဘဲ သတင်းလေး တစ်ပုဒ်
    http://www.telegraph.co.uk/technology/mark-zuckerberg/11181632/Mark-Zuckerberg-speaks-Mandarin-during-Beijing-QandA.html

    Mark Zuckerberg speaks Mandarin during Beijing Q&A
    The Facebook chief executive stuns an audience in Beijing by conducting a 30-minute Q&A in near fluent Mandarin
    ဖေ့စ်ဘွတ် ဖခင်ကြီး မာက်ဇီကာဘာဂ် ဘီဂျင်း မှာ တရုတ်လို ပြောပြီး အင်တာဗျူး သွားတာ။

    နောက်ပိုင်း တရုတ်ဘာသာစကား က ကမ႓ာကို လွှမ်းတော့ မလားဘဲ။
    မိန်းမ က တရုတ်မ မို့ လဲ ပါနိုင်တယ်။
    သူတို့ နဲ့ Business လုပ်ချင်လို့ သူတို့ စကား ကို လေ့လာတာလဲ ပါနိုင်သလို
    ဒုတိယ ဘာသာစကား ပြောချင်တာ၊ သူများ ဘာသာစကား နဲ့ ယဉ်ကျေးမှု ကို စိတ်ဝင်စားကြောင်း ပြချင်တာ လဲ ပါမှာပေါ့။
    အဲဒီ အတွက် တရုတ်စာ ကို ပင်ကိုယ် အရင်းအစစ် လူမျိုး တွေ ကိုယ်တိုင်က လေးစား လို့ လဲ ပါတယ်။

    ဒီလိုဘဲ ကိုယ့်ရဲ့ ကောင်းတဲ့အစဉ်အလာ ရှိပြီး မြန်မာ့ယဉ်ကျေးမှု တွေ ကို
    ကမ္ဘာ အနှံ့ က လူမျိုး တွေ လေးစားပြီး လိုက်နာ ကျင့်ကြံ စေဖို့
    စိတ်ကူးလေးများ မြင့်မြင့် မထားတတ်ကြ/ မထားနိုင်ကြ ဘူးလား ကွယ်။

    ဒီအတွက် ကိုယ်က စပြီး ပြင်းပြင်းထန်ထန် လိုက်နာပြမှ ဖြစ်မှာ ကို …..
    အခုတော့ ….
    🙄

    (ဒါက တကဲ့ ရင်တွင်းစကားပါ။ ဒီဘိတ် နဲ့ မဆိုင်) :-(((

  • eee… မနေနိုင်လို့ ဝင်ပြောလိုက်ဦးမယ်…

    (၁) တစ်လင်တစ်မယားစနစ်ကို ထောက်ခံပါတယ်…
    ကြားလိုက်ရတဲ့သတင်းတွေက ဒေါသထွက်စရာတွေရယ်… မယားငယ်တွေက မာန်တက်ပြ.. ယောက်ျားတွေက အငယ်နောက်လိုက်ကြ.. တရားတစ်ဘောင်ရင်ဆိုင်လည်း ဆိုင်ဆိုင်ပဲ.. မယားကြီးတွေမှာသာ ငွေကုန်၊ လူပင်ပန်း။ သူတို့က အငယ်နဲ့သာယာနေတာ… ကွာပေးလိုက်ပြန်ရင်လည်း ကိုယ်အရှုံး၊ မကွာပေးပြန်ရင်လည်း ကိုယ်ပဲ စိတ်ဆင်းရဲနဲ့… အဲ့ယောက်ျားမျိုးတွေဆို သတ်ပစ်ချင်တာ.. :k:

    (၂) LT ကတော့ အတော်လေး တွေးချင်စရာရယ်… မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရက အိမ်ထောင်ပြုဖို့ခက်တယ်… ရူးမိုက်တဲ့အရွယ်မို့ (မိဘကလည်း တတ်နိုင်လို့) ခိုးရာလိုက်ပြေးပြီး ယူလိုက်ကြတာက လွယ်ပေမယ့်.. တကယ်တမ်း အိမ်ထောင်တစ်ခုတည်ထောင်မယ်လို့ စဉ်းစားတဲ့သူတွေကျတော့ အစစအရာရာ သေချာပြင်ဆင်ရတာ.. အချိန်အရမ်းပေးရတယ်… သုံးနှစ်တောင်မကဘူး… အဲဒီတော့ ဒီလောက်ကြာတဲ့အချိန်အတွင်းမှာ အရမ်းရင်းနှီးပြီးတွဲလာတဲ့ ယောက်ျားနဲ့ မိန်းမ… တစ်ခုခုဖြစ်သွားနိုင်လား… (အဲ.. တစ်မျိုးတွေလည်း မထင်နဲ့ဦးနော်.. သူငယ်ချင်းတွေကြားမှာရှိတတ်လို့ မေးကြည့်တာ…) အဲဒါကို LT လို့ ပြောလို့မရဘူးထင်တယ်…. ဒါဆိုရင် ငါတို့ လက်မထပ်သေးဘဲ.. အိမ်ငှားပြီး အတူတူနေကြမလား.. ဒါဆိုလည်း ယူလိုက်တာနဲ့ မထူးဘူးရယ်… ဒါမှမဟုတ်.. နင့်အိမ်မှာ ငါလိုက်နေကြည့်မယ်… ဒါလည်း အတူတူပဲ…

    ဒါဆို LT ကို မြန်မာနိုင်ငံကလူတွေ လက်ခံဖု့ိ.. ယောက်ျားနဲ့မိန်းမ တစ်အိမ်တည်းအတူတူနေတာကို လင်မယားလို့ မသတ်မှတ်ရဘူးဆိုပြီး ပြောင်းလဲရမှာလား.. ဒါမှမဟုတ်.. တစ်အိမ်တည်း အတူတူနေတာမဟုတ်ဘဲနဲ့ လိင်လွတ်လပ်ခွင့်အနေနဲ့ (ကာမဂုဏ်ခံစားခွင့်အနေနဲ့) ရည်းစားတစ်ယောက်နဲ့တွဲတိုင်း တည်းခိုခန်းမှာသွားနေတာကို ဖြစ်ရိုးဖြစ်စဉ်အနေနဲ့ လက်ခံပေးရမယ်လို့ ပြောင်းလဲရမှာလား…

    ဒါမှမဟုတ်.. ရည်းစားတစ်ယောက်နဲ့ အချိန်အကြာကြီးတွဲပြီး၊ အဆင့်ကျော်ခဲ့ကြပြီး အကြောင်းမတိုက်ဆို်င်လို့ ကွဲသွားတဲ့အခါ ဒါကို အပြစ်လို့မသတ်မှတ်ကြဖို့ သက်သက်ပဲလား…

    တစ်ကယ်သိချင်လို့ မေးတာပါ… မြန်မာနိုင်ငံက လူငယ်တွေက ကိုယ်လိုတာဆွဲတွေးပြီး လုပ်ချင်တာတွေ လုပ်တတ်ကြလွန်းလို့… 🙂

    • မြစပဲရိုး

      October 23, 2014 at 11:49 pm

      လုံမလေး ရေ
      Post ပိုင်ရှင် မလာခင် အရင် ဦးအောင် ဝင်လိုက်ဦးမယ်။
      (၁) တစ်လင်တစ်မယား စနစ် ကို လူတိုင်းကြိုက်ပါတယ်။
      လူတိုင်း နွေးနွေးထွေးထွေး ရှိတဲ့ မိသားစုဘဝ လေး ကို လိုချင်တာပေါ့။
      ဒါပေမဲ့ ဒီနေ့ ခေတ်တို့ ရွှေပြည်ကြီး မှာ ပိုက်ဆံ ကြိုးစားရှာနေ တဲ့ ယောကျာင်္းနောက်မှာ အာသာငမ်းငမ်း နဲ့ အလစ် ဖမ်းဖို့ စောင့် နေတဲ့ မိန်းကလေး တွေ များလာတာ စိတ်မကောင်းစရာဘဲ။
      သူငယ်ချင်း တွေ၊ အင်မတန် ရိုးကြပါတယ်။
      ဒါပေမဲ့ ရက်ရောတဲ့ အထိအတွေ့ ကြားမှာ ငယ်ပေါင်း မိန်းမကြီး လဲ မပစ်နိုင်၊ အငယ်လေးလဲ မခွဲနိုင် ဖြစ်နေတာ တွေ။
      မိန်းမ က တစ်ကောက်ကောက် လိုက်နေတာတောင် လစ်ရင်လစ်သလို ခြေပုန်းခုတ်နိုင် တဲ့ ဆရာကြီး တွေ။
      နောက်ပိုင်း တော့ နင်လဲ နင့်ဟာနင်ကဲ ၊ ငါလဲ ငါကြိုက်သလိုနေမယ် ဆိုပြီး ထင်တိုင်းကြဲ နေတဲ့ မိဘ တွေကြားမှာ လေလွင့်ဖို့ ဖြစ်လာတဲ့ ကလေးတွေ။
      ဇာတ်လမ်းစုံ မဟုတ်လား။
      ပိုဆိုးလာတာက ပိုက်ဆံ တွေ ထားစရာမရှိအောင် ချမ်းသာ လာတဲ့ သူတွေ ရဲ့ အပေးအကမ်း ကလဲ ကြောက်စရာဘဲ ကိုး။
      သုံးချင်စရာ ရုပ်ဝတ္တု တွေ ကလဲ မရိုး ရတာလေ။
      ဒီတော့ မိန်းကလေးများ ရုပ် ကို ဘန်းပြပြီး အငယ် ဘဲ ဖြစ်ဖြစ်၊ အငယ့် အငယ်ဘဲ ဖြစ်ဖြစ် ခြူပြီး လုပ်စားကြတော့တာပေါ့။
      ဒီလို အသိုင်းအဝိုင်း တွေ ရဲ့ ယဉ်ကျေးမှု က အောက်ခြေ ကိုပါ ကူးလာတော့ ပိုပြီး ရုပ်ပျက်စရာ တွေ မြင်လာရတယ် ထင်တာဘဲ။
      ပညာကောင်းကောင်း သင်လဲ အလုပ် က ရတဲ့ လခ က မကောင်းတာလဲ ပါသပေါ့။

      အနောက်တိုင်း လိုမှာက တော်ရုံ လခရရင် သာမာန်အားဖြင့် ကောင်းကောင်း နေလို့ ရတာမို့ ငွေ အတွက် သူများ အငယ်လုပ် ဖို့ တော်ရုံ ဘယ်သူမှ မတွေးဘူး ထင်ရဲ့။
      တစ်ချို့ ဆေးစွဲ တဲ့ မိန်းကလေးတွေ လိုမျိုး ဘဲ ငွေ ကို အငမ်းမရ လိုချင်တာ။
      ဒီမှာ အိမ်ထောင်ရှင် ယောကျာင်္းတွေ တော်ရုံ လဲ နိုက်ကလပ် တွေ မသွားနိုင်ပါဘူး။
      မြန်မာပြည် မှာတော့ စီးပွါရေး၊ ရာထူး အတွက် လူမှုရေး အရ ဒါမျိုး တွေ သွားရသတဲ့။
      ဖောက်ပြန်နိုင်ဖို့ အခွင့်အလမ်း ပိုများတဲ့ သဘောပေါ့။

      (၂) LT
      အနောက်တိုင်း မှာ LT ဆိုတာ ကျား နဲ့ မ ဘဝ တစ်ခု ထူထောင်တာပါဘဲ။
      ဝိကီ မှာတော့ LivingTogether မပြောဘဲ Cohabitation တဲ့။ co- ‘together’ + habitare ‘dwell’ တဲ့။
      People may live together for a number of reasons.
      Cohabitants could live together in order to save money, because of the convenience of living with another, or a need to find housing.
      Lower income individuals facing financial uncertainty may delay or avoid marriage, not only because of the difficulty of paying for a wedding but also because of fear of financial hardship if a marriage were to end in divorce.
      LT ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ ပိုက်ဆံချွေတာတာနဲ့ အကြောင်းမတိုက်ဆိုင်လို့ ကွဲ ချင်ရင် လွယ်အောင်ပါ။
      ဒီမှာ LT နေတာနဲ့ မိဘ အိမ်က ဆင်းပြီး နှစ်ယောက် သီးသန့်ခွဲ နေလိုက်တာပါ။
      ဒီတော့ လက်ထပ်စာချုပ်မရှိတဲ့ လင်မယားပါဘဲ။
      ဒါဟာလဲ ကောင်းတာ ဆိုးတာ ဒွန်တွဲပါတယ်။
      သုသေသန များ အဆို အရ မိန်းမ ကို ယောကျာင်္င်္း က နှိပ်စက်လို့ တိုင်တာ LT နေသူက လက်ထပ်သူ တွေ ထက်ပိုများ တယ် ပြောပါတယ်။
      ခရစ်ယာန် တွေ နဲ့ အစ္စလာမ် ဘာသာဝင်များ လက်မထပ်ဘဲ အတူ နေခွင့်မရှိပါ။ တကဲ့ ကို ဘာသာကိုင်းရှိုင်း သူများ ဆို လက်မထပ်ဘဲ ကာမ ဆက်ဆံခွင့် မရှိပါ။
      အသေးစိတ်ဖတ်ချင်ရင်
      http://en.wikipedia.org/wiki/Cohabitation
      ဒါကြောင့် အသိ ထဲ က ကလေး တွေ ၂ဝကျော်လောက် ငယ်ငယ်လေး တွေ နဲ့ လက်ထပ်ကြတယ်။

      ပြီးခဲ့တဲ့ လ ထဲ က မြန်မာ ကောင်လေး (၃ဝ ကျော်ပေါ့) တစ်ယောက် နဲ့ အင်္ဂလိပ် ကက်သလစ် ခရစ်ယာန်မလေး လက်ထပ် တယ်။
      ဒီမှာတော့ အသိ မြန်မာ ယောကျာင်္းလေး တွေ ကို အဖြူမလေး တွေ သဘောကျတယ်။
      သစ္စာရှိလို့ တဲ့။ ဒါလဲ တကယ်တော့ ဟုတ်တာဘဲလေ။
      ကိုယ်ကျင့်တရားကောင်းတဲ့ မြန်မာ ကောင်လေး တစ်ယောက် မှာ တာဝန်ယူမှု နဲ့ စာနာတတ်မှု လဲ သူ့ဆီမှာ တွဲပါလာတာကိုး။

      (၂) သမီးရီးစား အတူ နေမိပြီး ကွဲ သွားရင် ဆိုတဲ့ အမေး ကတော့ မိန်းကလေးများ လူတွေ ရဲ့ အကြောင်း စိတ်ပညာ ကို လေ့လာစေချင်တယ်။
      လူ တွေ ရဲ့ စိတ်က ထူးဆန်းပါတယ်။
      ဘယ်လောက် အဖိုးတန်တဲ့ ပစ္စည်းဖြစ်ဖြစ် အလကားနီးပါး ရရင် ပစ်စလက်ခတ်ထားတတ်သလားဘဲ။
      ဈေးကြီး ပေးဝယ်ရရင် ပိုပြီး တန်ဖိုးထား သိမ်းထားတတ်တယ်။
      ကျားမ မရွေး အများစု က ဒီလို စိတ်ရှိပါတယ်။
      ပါတ်ဝန်းကျင် ကို ဂရုမစိုက် နဲ့ဦး။
      သူ လိုတာ ရနေ တဲ့ ကောင်လေး က ကိုယ့် ကို အတူနေဖို့ တော်ရုံ ပြောမှာ မဟုတ်တော့။
      ဒီတော့ ကိုယ်က လိုက် သူ ဖြစ်သွားပြီ။

      ကျန်တာတော့ ဆက်တော့ မပြောလိုတော့ ဘူး။
      တစ်ယောက် နဲ့ တစ်ယောက် တန်ဖိုးထား တဲ့ ပုံစံ မတူတော့ ကိုယ့် ဟာကို ဘာ လဲ၊ ဘာလိုချင်တာလဲ သိဖို့သာ ကြိုးစားပါ။
      ကိုယ်က ဘဝ မှာ အဆင့် အတန်း မြင့်မြင့် နေဖို့ ကြိုးစားနေသူ ဆိုရင် အဲဒီ ကိစ္စတဲ့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့၊ ကိုယ့် ကို ဂုဏ်တက် ပျော်ရွှင် စေမဲ့၊ စိတ်ကြည်လင် စေမဲ့ အကြောင်း တွေ လုပ်စရာတွေ အများကြီးပါ။
      ဘာဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ် ဆိုရင်တော့လဲ ပလန် မရှိဘဲ စိတ်အလို လိုက် ကြုံရာ ကျရာ လုပ်နေပေါ့။
      ကိုယ့်ဘဝ ကို ကိုယ်တိုင် ရေး တာပါဘဲ။

      ချစ်တဲ့
      အရီး
      :))

      • ရာမည

        October 24, 2014 at 12:21 am

        အန်တီ စာကလေးကိုထောက်ခံပါတယ်ခင်ဗျာ
        ကျွန်တော် ကွန်ဆာဗေးတစ်ဂျိုးကပ်လေးမှ
        အန်တီစာကလေးဘက်မှာ ရပ်တည်ပါမယ်ခင်ည 🙂
        ဟီဟိ

  • kai

    October 24, 2014 at 1:46 pm

    ဒီပို့စ်ကိုဖတ်ရင်..
    “မ နေ စ ကောင်း နေ စ ကောင်း “ (ခေတ် စား နေ တဲ့ LT အကြောင်း)
    – ကိုပေါက်(မန္တလေး)
    http://myanmargazette.net/195304
    တွဲဖတ်သင့်တယ်ဆိုတာလေး.. ပြောချင်လို့ပါ…။
    နောက်နောင်တချိန်ချိန်အတွက်…

  • ဝင့်ပြုံးမြင့်

    October 24, 2014 at 1:52 pm

    .သူများတွေတော့ မသိဘူး။ ကျွန်မကတော့ အဖြေတစ်ခုကို ရှင်းရှင်းလင်းလင်း ရလိုက်တယ်။
    —-
    .နာမည်ကြီးစာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတဲ့ အကြောင်းလေး။ ဇာတ်ကောင်က စာရေးဆရာမပေါ့။ သူက ပြည့်တန်ဆာလေးတွေအကြောင်း သိချင်လို့ စာရေးမှာမို့ ပြည့်တန်ဆာလေး တစ်ယောက်ဆီက အကူအညီတောင်းတယ်။ ပြည့်တန်ဆာမလေးက သူ့ကို ဗီရို ထဲဝင်ပြီး ချောင်းကြည့်လေ့လာဖို့ စီစဉ်ပေးတယ်။ စာရေးဆရာမက ဗီရိုထဲဝင်၊ ဖောက်သည်လာတော့ ချောင်းကြည့်လေ့လာ၊ အဲဒီမှာ ဖြစ်ချင်တော့ ဖောက်သည်က လူသတ်ကောင်ဖြစ်နေတယ်။ ပထမ ပြည့်တန်ဆာမလေးကို အကြမ်းပတမ်း လုပ်တဲ့အထိ ပြည့်တန်ဆာမလေးက ဗီရိုထဲက စာရေးဆရာမပါ ခံရမှာစိုးလို့ မအော်ဘူး။ ပိုကြမ်းလာပြီး မအော်နိုင်အောင် လည်ပင်းညှစ်ပြီး အသတ်ခံရချိန်မှာ ပြည့်တန်ဆာမလေးက ဗီရိုထဲက စာရေးဆရာမ ထွက်ပြီး လာကယ်နိုး မျက်လုံးအပြူးသားကြည့်နေတာကို စာရေးဆရာမက ကြောက်တာရော ဘာရော ပေါင်းပြီး ဒီတိုင်းနေလိုက်တယ်။ ပြည့်တန်ဆာမလေး သေသွားတယ်။ ပြသနာတွေပြီးတော့မှ စာရေးဆရာမက တဖြည်းဖြည်း သဘောပေါက်သွားခဲ့တယ်။ သူက ပြည့်တန်ဆာမလေးထက် အောက်တန်းပိုကျတယ်ဆိုတာကို။

    တကယ်တော့ ဖာသည်မက အောက်တန်းကျတာလား။ ဖာသည်မကို ကာကွယ်ပေးရကောင်းမှန်း မသိတဲ့ ဥပဒေ၊ ဖာသည်မကို ကာကွယ်ပေးရကောင်းမှန်း မသိတဲ့ အစိုးရက အောက်တန်းကျတာလား။ ကျွန်မ ပြောပါရစေဦး။ ဖာသည်ဆိုတာ သူ့ဟာသူ အရောင်းအဝယ်လုပ်တာ ဘာတွေများမှားနေသလဲ။ အဲဒါကို ဥပဒေထုတ်ပြီး လိုင်စင်လုပ်ပေးရမယ်။ ရဲအကာအကွယ်ပေးရမယ်။ ဆေးအလကားစစ်ခွင့် ရှိရမယ်။ ဖာခေါင်းတွေ ခေါင်းပုံဖြတ်တာ မဖြစ်အောင် အကာအကွယ်ပေးရမယ်။ အနိမ့်ဆုံး အခကြေးငွေ သတ်မှတ်ပေးရမယ်။ အဲဒီလို ဖြစ်ရမှာ မဟုတ်ဘူးလား။ ဒါလုပ်တာဟာ ဖာတိုင်းပြည် ထူထောင်တာ မဟုတ်ပါဘူး။ ဒီလို သတ်သတ်မှတ်မှတ်လုပ်ပေးလိုက်ရင် ဒါကို လုပ်စားတဲ့လူကလည်းစား၊ မစားတဲ့လူနဲ့ စည်းခြားထားပြီးဖြစ်သွားမှာပေါ့။

    တဆက်တည်း ကျွန်မ သိလိုက်ရတာက လူတွေရဲ့ အရိုးစွဲနေတဲ့ ideology ပိုင်း။ အခု အမလတ်ရဲ့ ကွန်မင့်မှာ အဓိက ဖာခံ တယ်ဆိုတာကို ဇောင်းပေးပြောသွားတယ်။ အဆင့်မြင့်ဖာခံခွင့်လို့ သူခေါင်းစဉ်တပ်တယ်။ ဒါကို လူအများစုက အင်မတန် စက်ဆုပ်ရွံရှာစရာအဖြစ် သဘောထားတယ်။ ဖာသည်မဆိုတာ သိက္ခာရှိပါတယ်။ ဒီလို မတွေးသင့်ဘူး။ ဖာသည်မဆိုတာ ရော့ပတ္တမြား ရော့နဂါး သူ့တန်ကြေးအတိုင်းလုပ်စားတာပဲ။ အဆင့်မရှိတာက ပိုင်းလုံးလေ။ ပိုင်းလုံးဆိုတာက နည်းနည်းပေးပြီး အများကြီး လိုချင်တာ။ သူတစ်ပါး အသိုက်အမြုံ ကို ရစရာမရှိအောင် ခွဲရက်နိုင်တာ။ တကယ်အောက်တန်းကျတာက ဖာသည်မဟုတ်ပါဘူး။ ပိုင်းလုံးပါ။ ဒါပေမယ့် ဥပဒေက ဖာသည်ကို မကာကွယ်ပေးထားဘူး။ ပိုင်းလုံးကို ကာကွယ်တဲ့ မယားပြိုင် ဥပဒေ လုပ်ပေးထားတယ်။

    ပြီးတော့ နောက်ထပ် ideology ပိုင်းတစ်ခု။ ဖာသည်မကို သိပ်ပြီး အောက်တန်းကျတယ်ဆိုတာမျိုးကို ဒီတိုင်းပြည်က တွေးထားတယ်။ ဒါကြောင့် သူတို့ကို မိန်းမပျက်လို့ ခေါ်ကြတယ်။ ဒီအတွေးနဲ့ တဆက်တည်း အဲဒါရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ စောင့်ထိန်းတာကို ကိုယ်ကျင့်စာရိတ္တစံအဖြစ် သတ်မှတ်လိုက်ကြတယ်။ စောင့်ထိန်းတာကို ရွေးချယ်ခွင့် တစ်ခုလို့ မမြင်နိုင်ကြဘူး။ ငါးပါးသီလလုံရင် ကိုုယ်ကျင့်စာရိတ္တကောင်းတယ်လို့ ယူဆတယ် မဟုတ်လား။ စောင့်ထိန်းတာက ၈ပါးသီလမှာလား ၁ဝ ပါးသီလမှာလား မသိဘူးပါတယ်။ ဥပုသ်စောင့်တာနဲ့ တွဲထားတယ်။ အဲဒါပဲ ကြည့်လေ။ မစောင့်ထိန်းရင် ငရဲကြီးမယ်လို့ ဘုရားမဟောပါဘူး။ ဒါဟာ ညစာမစားတဲ့ သီလလိုမျိုး၊ စားရင်လည်း ဘာမှ မဖြစ်ပါဘူး။ ကိုယ်ကျင့်စာရိတ္တနဲ့ အဝေးကြီးဟာကို။

    နောက်ထပ် Ideology တစ်ခု။ Gender Discrimination ကို ဒီမှာခံယူထားပုံက မြန်မာပြည်ဟာ တခြားတိုင်းပြည်တွေလောက် မဆိုးပါဘူးပေါ့။ အဲဒါ မဟုတ်ဘူးနော်။ ရောဂါက တစ်မျိုး တည်း တစ်စားတည်း၊ အနုအရင့်ပဲကွာတာ။ ဒီရောဂါဟာ သိပ်ကြောက်ဖို့ကောင်းတယ်။ ဘာလို့လဲဆိုတော့ တစ်ပါတီအာဏာရှင်စနစ်ကို တွန်းအားပေးတဲ့ ရောဂါမို့လို့ပါ။ အင်း… လက်သင့်မခံမယ့်လူ များမယ်ဆိုတာ သိတယ်။ ထားပါတော့။
    —-
    ပြီးတော့ အမလတ်က ပြောတယ်။ ((ကိုယ့်ရဲ့ ကောင်းတဲ့အစဉ်အလာ ရှိပြီး မြန်မာ့ယဉ်ကျေးမှု တွေ ကို
    ကမ္ဘာ အနှံ့ က လူမျိုး တွေ လေးစားပြီး လိုက်နာ ကျင့်ကြံ စေဖို့
    စိတ်ကူးလေးများ မြင့်မြင့် မထားတတ်ကြ/ မထားနိုင်ကြ ဘူးလား ကွယ်။
    ဒီအတွက် ကိုယ်က စပြီး ပြင်းပြင်းထန်ထန် လိုက်နာပြမှ ဖြစ်မှာ ကို …..
    အခုတော့ ….))
    . မြန်မာ့ရိုးရာ အစဉ်အလာတွေ လိုက်နာဖို့ ကျွန်မ ဘယ်တော့မှ ဆော်ဩမှာ မဟုတ်ဘူး။ ထောက်ခံမှာလည်း မဟုတ်ဘူး။ ဒါကို ကျွန်မက a very dangerous idea လို့တောင် မြင်ထားတာ။ ကျွန်မမှာ စာပေသစ္စာ ရှိတယ်။ ဒါကို ကိုယ့်ဖာသာကိုယ် သိပါတယ်။ သမိုင်းက အဆုံးအဖြတ်ပေးလိမ့်မယ်။ အမလတ်နဲ့ ကျွန်မနဲ့ ဖတ်တဲ့စာအုပ်ချင်း မတူဘူး။ ဒီတော့ ကျွန်မကို အမလတ် နားလည်မှာ မဟုတ်ဘူး။
    —-
    .တိုင်းပြည်မှာ ဒီမိုအတွက် အခြေခံအကျဆုံးက တရားမျှတမှုနဲ့ လူ့အခွင့်အရေးပါ။ မတရားတဲ့ ဥပဒေအောက်မှာ ဘယ်လိုသဘောတရားကမှ အလုပ်မဖြစ်ပါဘူး။ ဒါကြောင့် အထက် က ကျွန်မ မေးထားတဲ့ ဗဟိုချက်တည့်တည့် မေးခွန်းကို ဘယ်သူမှ မဖြေနိုင်တာ။

  • kai

    October 24, 2014 at 2:22 pm

    ကျုပ်နားလည်ထားသလောက်.. တိုက်တွန်းချင်တာကတော့..

    မြန်မာပြည်မယ်..
    ၁) တလင်တမယား စနစ်သာအတည်ပြုတဲ့.. ဥပဒေ လုပ်သင့်တယ်..။
    ၂) ပြည့်တန်ဆာတွေ (ဒေသနဲ့လိုက်ပြီး) ခွင့်ပြုတဲ့ဥပဒေလုပ်သင့်တယ်။
    ၃) လွှတ်တော်ထဲ.. စစ်တပ်ထဲ.. အစိုးရထဲ.. အမျိုးသမီးတွေ အရေအတွက် (အနည်းဆုံး) ၃ဝရာခိုင်နှုန်း.. လောက်တော့ ပါအောင်ထည့်သင့်တယ်.။ ( သန်းခေါင်စာရင်းရလဒ်အရ.. မြန်မာပြည်မယ်.. ကျားထက်..မဦးရေများတယ်)
    ၄) ထေရာဝါဒဘာသာရေးကို.. ထေရဝါဒဖြစ်အောင် ပြန်လုပ်သင့်တယ်..။ ( ထေရ = ထေရီ + ထေရာ)
    ဘိက္ကူုနီတွေ ခွင့်ပြုသင့်တယ်။

    အဲဒါဆို.. လက်၁ဝချောင်းနဲ့.. ၁ခု..
    အင်း..
    ၂ခုလောက် နှစ်ကျိုးပြီဆို.. LT အပါအဝင်.. ပြည့်တန်ဆာတွေ.. အငယ်အနှောင်းတွေ.. ပိုင်းလုံးတွေ… စသဖြင့်.. အတွေးအမြင်တွေ.. တော်တော်ပြောင်းလာမယ်ထင်မိ… :k:

  • surmi

    October 24, 2014 at 3:25 pm

    မပြောဘဲဖတ်ရင်း တစ်ခုလောက်တော့ပြောပါရစေ ။
    မယားကြီးရှိပါလျှက်နဲ့နောက်ထပ်အငယ်ယူတဲ့ ယောက်ကျားဆိုတာကိတ်းဂဏန်းအားဖြင့်အတော်နဲပါတယ်။
    ယူတဲ့သူကိုလည်း လူ့အသိုင်းအဝိုင်းက ကောင်းချီးဩဘာပေးမယ်မထင်ပါ။
    ဘာမှထုတ်ပြောမကဲ့ရဲ့ပေမယ့် စိတ်ထဲတော့နှစ်မျို့မယ်မထင်။
    ဥပမာ …
    ကျနော်မောင်ဆာမိကို နောက်မယားငယ်တစ်ယောက်နဲ့တွေ့တယ်ဆိုပါတော့ …
    ကျနော်နဲ့အခုလိုခင်မင်စွာနေကြတဲ့သူတွေ ၊
    ကျနောမ့အပေါ်အထိုက်အလျောက်ယုံကြည်တဲ့သူတွေ သဘောထား ပြောင်းမပြောင်း တွေးကြည့်ကြပါလေ ။

    ပြောချင်တာက အိမ်ထောင်ရှင်ဖေါက်ပြန်ရင် မိန်းမမှသာမဟုတ်
    ယောက်ကျားမှာလည်း အများအမြင်မှာ ပေတံတစ်ချောင်းချိန်ခွင်တစ်ခုနဲ့ အတိုင်းခံရမှာပါ ။
    ဒါကြောင့် တစ်လင်တစ်မယားစံနစ်ကို ထောက်ခံပါတယ် ။
    .
    .

    ရီးစားများခြင်းဆိုတဲ့နေရာမှာ
    လက်ထပ်ဖို့ဘယ်လိုမှ သဘောထားမတိုက်ဆိုင်လို့ ပြောင်းရတာကလွဲရင်
    အယောက်ပေါင်းများစွာစမ်းသပ် တွဲနေရင်လည်း မိန်းမတွေမှမဟုတ်
    ယောက်ကျားလေးလည်း ထိုက်သင့်တဲ့ယုံကြည်မှုလျော့ပါးမှာပါလေ ။
    .
    .

    LT ကိစ္စ ဆိုတာ …
    သဘာဝအားဖြင့် ဆိပ်ကွယ်ရာမှာ သဘောတူဖြစ်မြောက်နိုင်ပေမယ့်
    ဆိပ်ကွယ်ရာမဟုတ်ရင် အရူးတောင်မှ မလုပ်ပါဘူး ။
    (အစကတည်းက ဆိပ်ကွယ်ရာမသွားနဲ့လေ ။ အောင့်ထားပေါ့ 🙂 )
    ဆိုချင်တာက …… အိမ်ထောင်ရေးအတွက်လေ့လာရာမှာ အဲဒီက်စ္စလေ့လာဖို့လိုလို့လား ?
    တစ်ဦးနဲ့တစ်ဦး စိတ်သဘောထား ၊ အယူအဆ ၊အတွေးအခေါ် …
    ဒါတွေလေ့လာရမှာမဟုတ်လား ။
    တစ်အိမ်တည်းနေ တစ်အိပ်ယာထဲနေပြီးမှ အိမ်ထောင်ဖက်ရွေးတာမှန်မယ်ဆိုရင်
    မြန်မာပြည်မှာ အိမ်ထောင်စုအများအပြား အဆင်မပြေဖြစ်နေမှာပေါ့ ။
    တစ်ချို့က ဘယ်လောက်ဆင်းရဲသည်ဖြစ်စေ အဆင်ပြေပါတယ် ။
    LT နေဖူးမှမဟုတ်ပါ ။
    အနည်းစြ အဆင်မပြေဘူးဆိုတာရှိပါတယ် ။
    ဒါဟာ တစ်ဦးနဲ့တစ်ဦးလေ့လာခွင့်မရသလို လေ့လာတဲ့အခါမှာလည်း နှစ်ဦးနှစ်ဖက် ညံ့လို့ပါ ။
    လုပ်ငန်းခွင်မှာ အတူတွဲလုပ်ကြသူတွေဟာ တစ်ဦးနဲ့တစ်ဦးလေ့လာကြရပါတယ် ။
    အဆင်ပြေရင် စီးပွါးမိတ်ဖက်အဖြစ်လုပ်ကြတာပါဘဲ ။
    ဒါဟာ လေ့လာတဲ့ပုံစံတွေကွာလို့ပါ ။
    .
    .
    .
    ပြည့်တန်ဆာကိစ္စ ~~
    ပြောစရာအရမ်းများပါတယ်ဟ။
    ဇိမ်ခေါင်းတွေ ခေါင်းပုံဖြတ်တဲ့ခေတ်ကုန်ပါပြီ ။
    ကိုယ်တိုင်ဖေါက်သည်ရှာတတ်ရှာရဲနေပါပြီ ။
    ယခင်ကလို ဇိမ်မယ်ကိုရွာပြင်မထုတ်တော့ပါ။
    ဇိမ်မယ်တွေလည်းနေ့လည်နေ့ခင်းဆို အပျိုစစ်နဲ့မခြား ခွဲမရတော့ပါ ။
    ဗြူတီဆလွန်းမှာ တစ်သိန်းခွဲပေးပြီး ပေါင်းတင်နေတတ်ကြပါပြ ။
    သိပ်စိုးရိမ်စရာမရှိပါ ။
    လငကောင်းသားကောင်းလည်း ရသွားနိုင်ပါပြီ ။
    လမ်းဘေးက ဇိမ်မယ်တစ်ချို့တော့ကျန်ပါသေးတယ် ။
    ဒီကဇိမ်မယ်တွေက HIV တော့ကြားဖူးနားလည်ဖြစ်နေပါပြီ ။
    လိုင်စင်ပေးသင့်မပေးသင့်ဆွေးနွေးရရင် ~~~
    90% လိုက်စင်လာလျောက်မည်မဟုတ်ပါ ။
    ဒါကြောင့် ဝစ်သောက်ကားတွေအပြီး ဝစ်သောက်ဇိမ်မယ်တွေ ဖြစ်လာရင်ပိုဆိုးပါမယ် ။
    ရဲကိုကိုများ ဆက်ကြေးတောင်းလို့ပိုကောင်းပါလိမ့်မယ်။
    .
    .
    ဇိမ်လုပ်ငန်းတရားဝင်ချပေးပါကဘယ်သူလိုက်စင်လျောက်မလဲဆိုတာစဉ်းစားစရာပါ ။
    ဇိမ်ခန်းကိုသွားတဲ့ယောက်ကျားလေးတစ်ယောက်ကို
    သဘာဝအတိုင်းပြုမူဆောင်ရွက်နေပါတယ်လို့ မြင်ပေးဖို့မလွယ်သေးပါဘူး ။
    ယောက်ကျားလေးထဲမှာကိုက မနေနိုင်လို့သွားရင်
    မောင်းထုပြီးသွားမည်မဟုတ်ပါဘူး။
    ဒီက်စ္စကို သာမန်ထမင်းစားရေသောက် သဘာဝအပြုအမူလို့မြင်ပေး နားလည်ပေးပြီး
    လွတ်လပ်စွာဆောင်ရွက်ခဲ့တာကတော့
    လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကဖြစ်တည်ခဲ့တဲ့
    ကျောက်ခေတ်ကသာဖြစ်ပါလိမ့်မယ် ။
    ကျောက်ခေတ်ကိုလွန်မြောက်လာတဲ့သမိုင်းဦးဘုံမြေခေတ်မှာတောင်မှ
    အိမ်ယာတည်ထောင်ကာကွယ်နေပြီလို့ထင်မိပါတယ်။
    ဆိုတော့ ………
    ကျောက်ခတ်ရဲ့ပြယုတ်တွေနိမိတ်ပုံတွေကိုပြန်လည်ဖေါ်ဆောင်ကြမှာလား ။
    .
    .

    အပျိုစစ်ခြင်းမစစ်ခြင်းကို အဓိကထားပြောလိုတာမဟုတ်ပါ ။
    တွဲသမျှယောက်ကျားနဲ့စမ်းခွင့်ကို လူ့အသိုင်းဝိုင်းက တရားဝင်လက်ခံပေးပြီဆိုတာနဲ့
    ကိုက်ုယောက်ကျားများ အတည်ယူတော့မည်မဟုတ်ပါ။
    ဇိမ်မယ်တွေတောင်ဈေးကွက်ပျောက်သွားပါလိမ့်မယ်။
    အခုတောင်မှ လူပြိုကြီးတချို့က
    “” ယူရင်တစ်ယောက်ဘဲရလို့ မယူဘဲနေတာ။ မယူထားတော့ ကြိုက်တာရသ တဲ့ ”

    ကဲဗျာ …… နဲနဲတောင်ပြောတာများသွားပြီ

  • padonmar

    October 24, 2014 at 8:57 pm

    .ဒီပို့စ်ထဲမှာ ဝင်မဆွေးနွေးရဲဘူး မျှစ်မမရေ။
    .ကိုယ်တိုင်က ကိုုယ့်ကို ပေတံနဲ့လာတိုင်းဖို့မပြောနဲ့
    .လွယ်အိတ်ထဲက ပေတံလေးဆွဲထုတ်ပြီး ရွယ်တာတောင် .မခံချင်လို့ ဒီလိုနေနေတာ။
    (အရပ်ပုကြောင်းပေါ်သွားမှာ စိုးလို့ပါ) 😀

  • မြစပဲရိုး

    October 25, 2014 at 2:00 am

    ပထမဆုံး ပြောချင်တာက မပြုံး ရဲ့ စိတ် နဲ့ စေတနာကို နားလည်ပါတယ်။
    ဒါကြောင့် မပြုံး စကားပြောလာတိုင်း ကိုယ့် အမြင် ကို ပြန်ဆွေးနွေး ရင်း ကိုယ့်မှာ ဟာကွက် ရှိရင်လဲ ဖြည့်လိုက်နိုင်တာမို့ ကျေးဇူးလဲ တင်ပါတယ်။
    မပြုံး စကား တွေ ကို ကိုယ်နဲ့ အမြင်မတူလဲ တန်ဖိုး ထားပါတယ်။
    အငြင်းအခုံ လုပ်ပြီးတိုင်း လဲ ပိုတိုးတိုး ပြီး ချစ် ပါတယ်။ :))

    ဒီ Post မှာ မပြုံး ဆိုလိုချင်တာ နဲ့ ကိုယ်ပြောနေတာ လွဲနေပြီ ထင်လို့ လဲ မေးခဲ့ပါတယ်။

    အစ်မ သဘောပေါက်တာ ကို အချုပ်ပြောကြည့်မယ်။

    (၁) လက်မထပ် ဘဲ အတူ နေတာကိုလဲ မကဲ့ ရဲ့ပါ။
    အတူတူ နေပါပြီ ဆိုမှတော့ စာချုပ် မရှိလဲ အများ အမြင်မှာ လင်မယား လို့ ဘဲ သတ်မှတ်ခံရမှာဘဲ။ ဘာမှ မထူး။
    ငွေမကုန် ချင်ရင် လုပ်ချင်လုပ်ပေါ့။ ဟော်တယ် မှာ မှ မင်ဂါဆောင် မယ် မဟုတ်လို့ ကိုကို တို့ ပိုကြိုက်သင့်သေး။

    (၂) တစ်လင်တစ်မယား ဖြစ်ဖို့ ဥပဒေ ရှိဖို့။
    သဘောတူတာမှ ရှေ့တောင် လွန် ထွက်ပါတယ်။

    (၃) ပြည့်တန်ဆာ ဥပဒေ
    ဒါကိုလဲ ဥပဒေ အနေ နဲ့ ရှိသင့်တာမို့ ဘာမှ ပြောစရာမရှိပါဘူး။
    လက်ရှိ သူတို့ ဟာ သူတို့ ပြည့်တန်ဆာ ပါလို့ ပြောပြီး ဈေးခေါ် နေရ တဲ့ မိန်းကလေး တွေ ကို ကိုယ်ချင်းစာနာနိုင်ပါတယ်။
    စားဝတ်နေရေး ပြေလည်ဖို့ အတွက် လုပ်စား နေတာ ဘယ်သူမှတော့ ဒီ အလုပ် ကို လုပ်ချင်မှာ မဟုတ်မှန်း သိပါရဲ့။
    ပြည့်တန်ဆာ ဆိုတာ လူတန်းစား တစ်ရပ် အနေ နဲ့ ရှိသင့်ပါတယ်။
    လက်ရှိ မြန်မာပြည် မှာ ပြည့်တန်ဆာ မလေး တွေ က ဆင်းရဲ လွန်းပြီး အလုပ် အကိုင် မဲ့ ရာ က လုပ်စားလိုက်တာလို့ ပြောကြပါတယ်။
    အဲဒါလဲ တကဲ့ အမှန်ဘဲ။
    တစ်ခြား ဘာမှ မလုပ်တတ်လို့ ဒီ အလုပ် လုပ် ရတာ လက်ခံ လို့ ရပါတယ်။
    (စစ်(၆)တုံး (မကျ) တဲ့ အစိုးရမင်း များ ကို လွဲလွဲချ ရတာလဲ အားတောင်နာလာပါတယ်။)
    ဒါပေမဲ့
    အဲဒီ ဒါပေမဲ့ က အကြီးကြီး။
    လက်မခံ နိုင်တာက ကိုယ့်မှာ သင့်တင့် တဲ့ ပညာ ဆည်းပူးခွင့်လဲ ရှိ၊ မိဘ ကလဲ မဆင်းရဲ ပါဘဲ၊ တင့်တောင့်တင့်တယ် အလုပ်လဲ လုပ်နိုင်ပါရက် နဲ့
    ရလေ လိုလေ လောဘ မသတ်နိုင်တဲ့ အတွက် ပြည့်တန်ဆာလို့ လဲ တရားဝင် မကြေငြာ
    လုပ်နေတာက ပြည့်တန်ဆာ အလုပ်။
    အဲလို မိန်းကလေး တွေ က ပြည့်တန်ဆာ မှတ်ပုံ တင်မတဲ့လား။ လောင်းတောင် လောင်း လိုက်ချင်သေး။
    (အပေါ်မှာလဲ ကဆာမိ ပြောပြီး)
    မှတ်ပုံတင် မရှိ တဲ့ ပြည့်တန်ဆာ မဟုတ် တဲ့ ပြည့်တန်ဆာ မိန်းကလေး တွေ အတွက် စိတ်ထဲ မချင့်မရဲ ဖြစ်လွန်း လို့ စကား တွေ ကြမ်း သွားတာကိုတော့ အားလုံး ကို တောင်းပန် ပါတယ်။
    တကဲ့ ပြည့်တန်ဆာ အလုပ် လုပ် တဲ့ မိန်းကလေး တွေ မှာ သူတို့ ဟာ သူတို့ စောင့်ထိန်း ရမဲ့ စည်းကမ်း တွေ ရှိမှာပေါ့။
    သို့ပေမဲ့ ကန့်လန့်ကာနောက် က ပြည့်တန်ဆာ မှတ်ပုံ မတင် မဲ့
    ဒီမိန်းကလေး တွေ အတွက် ကတော့ လူတစ်ယောက် စောင့်စည်း ရမဲ့ Ethics ကိုယ်ကျင့်တရား အကြောင်း အများကြီး ကို ပြောပြချင်တယ်။
    လောကကြီးထဲ ငွေ ထက်ပိုပြီး စိတ်ဝင်စားဖို့ ကောင်း တဲ့ အကြောင်း တွေ လဲ ပြောပြချင်တယ်။

    (၄) ကာမဂုဏ်ခံစားဖို့ အတွက် ရီးစား တွေ ထည်လဲ တွဲ ပြီး တစ်ယောက်မကောင်း
    တစ်ယောက်ပြောင်း ထည်လဲ ဇိမ်ခံ နေမဲ့ မိန်းကလေး များ ကိုတော့ အတော်လေး သဘောမကျပါ။
    ဒါပေမဲ့ အကျိုး ရှိ ရင် ဖြစ်လာမဲ့ အကြောင်းကို သိ လို့ လုပ်ချင် သပါ့ ဆိုလဲ လုပ်ပါ။
    ဒါဟာ ပါတ်ဝန်းကျင် က ပြောမှာ ထက် ကိုယ့်စိတ် အတွက် တကယ်တမ်း ပျော်ရွှင်မှု ငြိမ်းချမ်းမှု ဆိုတာ ဘယ်တော့ မှ မရ မဲ့ အကြောင်းမို့ပါဘဲ။
    ဆားငံရည် သောက် ရသလို ဘယ်တော့ မှ ရေငတ် မပြေပါဘူး။
    အသက်ကြီးလာချိန်မှာ စိတ်ဓာတ်ရေးဆိုင်ရာ ဒုက္ခ တွေ့ရပါတယ်။
    ဒီ မိန်းကလေးမျိုး တွေ ကို လဲ Ethics နဲ့ ပါတ်သက်ပြီး အဓိက ထား ပညာပေးဖို့ လိုအပ်ပါတယ်။

    တကယ်တော့ Ethics ဆိုတာ ဘာသာရေး က လာတယ် ဆိုနိုင်ပေမဲ့ လက်ရှိ အချိန်မှာ Society အတွက် အများကြီး ကို အကျိုးပြု တာ မြင်လာရပါတယ်။
    အနောက်တိုင်း မှာ ဘာသာရပ် တစ်ခု အနေနဲ့ ကို သင်ကြားလာပါတယ်။
    Ethics ဆိုရင် လိုက်နာဖို့ ရှေးရိုးစံနှုန်း လို့ ထင်ကြမယ်။
    တကယ်တော့ Ethics ဆိုတာ လိုက်နာဖို့ Specific Rule ဆိုတာထက် ကြောင်းကျိုး ဆက်စပ်ပြီး အမှန် အမှား ခွဲခြား တွေး နိုင်ဖို့ ကို ဇောင်းပေးတာပါ။
    ဒီထဲ မှာ စံနှုန်း တွေ လဲ မရှိဘူး မဟုတ်၊ ရှိပါတယ်။
    ရိုးသားခြင်း တို့၊ တာဝန်ခံ/ယူ တတ်ခြင်းတို့၊ ဘက်မလိုက်ခြင်း တို့၊ တစ်ကောင်းစိတ်မမွေးခြင်း တို့ က အစ ကိုယ်ကျိုး စွန့် ခြင်း အထိပေါ့။
    ဟိုနေ့ က အစ်မဒုံ ရေးပြတဲ့ ကိုယ်ကြိုက်တာလေး ကို သူများ လိုခဲ့ရင် ပေးလိုက်တာ မျိုး ကလဲ Ethics ထဲ မှာ ပါပါတယ်။
    ကိုယ့်အကျိုး တင်မက လူမှုအဖွဲ့အစည်း Society ထိ ကို ထည့်သွင်း စဉ်းစားတတ်တဲ့ စိတ် မွေးမြူဖို့ ပါပါတယ်။

    ဒါတွေ ကို ကျင့်ကြံ တာဟာ လူ အထင်ကြီးဖို့ ထက် ကိုယ် နဲ့ ကိုယ့်ပါတ်ဝန်းကျင် ကို အကျိုးများအောင် အတွက်ပါ။
    တနည်း ဖိုးသိကြား ရဲ့ “မင်းမဲ့တိုင်းပြည်” ဖြစ်ဖို့ပေါ့။

    ဥပမာ – ကောင်လေး တစ်ယောက် က ကောင်မလေး တစ်ယောက် ကို ကျူးးလွန် လိုက်ရင် ဘယ်လိုစိတ် နဲ့ ဖြစ်ခဲ့ ဖြစ်ခဲ့ Ethics ရှိခဲ့ ရင် တာဝန်ယူလိုစိတ် တွဲပါလာပါတယ်။
    မိန်းကလေး မှာ ကိုယ်ဝန် ရခဲ့ရင် ငါ တာဝန်ယူ ရမယ် ဆိုတဲ့ စိတ်ပေါ့။
    ဒါကို သိထား ရင် တကယ်လို့ များ ကိုယ်တာဝန် မယူနိုင်ရင် လုပ်သင့်/ မလုပ်သင့် အစထဲ က စဉ်းစားနိုင်ပြီပေါ့။

    မိန်းကလေး တစ်ယောက် ကလဲ Ethics သာ ရှိခဲ့ရင် ငွေချမ်းသာ တဲ့ အိမ်ထောင်ရှင် လူ ကို ဖမ်းဖို့ ကြိုးစားမှာ မဟုတ်ဘူး။
    ကိုယ့် လောဘ ကြောင့် သူတစ်ပါး အိမ်ထောင်ရေး ပြိုကွဲ မလား စဉ်းစားတတ် ခဲ့ပြီး အဲဒီ လူရဲ့ မိန်းမ နဲ့ သားသမီး တွေ အတွက် ထည့်စဉ်းစား ပေးခဲ့လို့ဘဲ။

    ပြောရရင်တော့ အများကြီး ဘဲ။
    ချုပ်ရရင်တော့ အခု အစ်မ ပြောတဲ့ ဥပမာ တွေမှာ ဘာသာရေး ဆိုင်ရာ မပါဘူး။
    ဥပဒေ မပါဘူး။
    ကိုယ့် ဟာ ကို အသိစိတ်လေးထားပြီး အမှန် အမှား သိပြီး နားလည်စိတ် လေးနဲ့ မလုပ်သင့်တာ ရှောင်လိုက်တာဘဲ။
    ဒါတွေ ဟာ ကလေး တွေ အသိပေး သင်ကြား နေနိုင်မှ တဖြေးဖြေး လေ့ကျင့်ရင်း ရလာတဲ့ အကြောင်း တွေပါ။
    ချက်ချင်း ပြင်ဟေ့ ဆိုပြီး ပြင်လို့ မရပါဘူး။

    မပျင်း ကြ ဘူး ဆိုရင် နောက် ဆက်ပါဦးမည်။
    ပျင်းစရာကောင်း တယ် ဆိုလဲ ပြောကြပေါ့။
    ရပ်ပါ့မယ်။
    ပူပူနွေးနွေး ဖတ်ထားမိ တဲ့ အကြောင်းခံ ရှိနေလို့ ဘယ်မှာ အံချ ရမလဲ ရှာ နေတာမို့။
    lol:-))

    ဘာဘဲ ဖြစ်ဖြစ် …
    တို့ ညီအစ်မ ပိုလို့ ချစ်သွားတာ တော့ မမေ့ နဲ့။
    အစ်မ ပြောတာလဲ တစ်ခြား အမြင် နဲ့ ပြန်ငြင်းဖို့ မမေ့ နဲ့၊
    :-))

  • ko six

    October 25, 2014 at 8:46 am

    ကျွန်​​တော်​က​တော့
    ဒီပိုစ်​့ကို စိတ်​ဝင်​စားတယ်​
    ဒီထက်​များစွာ​ပြောချင်​​ပေမယ်​့
    မြစပဲရိုးအမြင်​ကို လက်​်​ခံပါ​ကြောင်​းနဲ့
    အ​ကြောင်​း​ကြောင်​့ အကျိုးဖြစ်​ရတာပါ။
    ကျွန်​တော်​ ဖတ်​ဖူးတဲ့စာတစ်​ခုထဲက ထုတ်​ပြရရင်​
    The tendency of people today towards an overdependency and obssession with sex xan be a cause for alarm. When srx becomes glorified and sensationalised like the way it is done today, it hinders the developement of higher valurs in society.
    (လိင်​အ​ပေါ်တွင်​ လွန်​ကဲစွာတည်​မှီ​နေခြင်​းနဲ့ လိင်​ကိုစွဲလမ်​းခြင်​းဆီသို့ ယ​နေ့လူ​တွေဟာ ကိုင်​းညွတ်​​နေခြင်​းက ထိတ်​လန်​့ဖွယ်​ရာအ​ကြောင်​းတစ်​ရပ်​ ပါ။
    ဒီ​နေ့​ခေတ်​ လူထုဆက်​သွယ်​​ရေးစနစ်​နဲ့ လိင်​ကို ချီးကျူးဂုဏ်​တင်​ခြင်​း၊ လှုပ်​လှုပ်​ရွရွဖြစ်​​အောင်​ ကိုင်​လှုပ်​ခြင်​းများပြုလုပ်​​နေရင်​ လူ့​ဘောင်​အဖွဲ့အစှာ​းမျျ​

  • လာစီဖူ

    October 25, 2014 at 11:56 am

    ယောက်ျားဆိုတာ မိန်မတွေရဲ့အားကိုးရာ၊ ယောက်ျားတွေကမိန်းမတွေထက် မြင့်မြတ်တယ် စသည်ဖြင့် ရှေးရိုးစွဲအယူဝါဒတွေကို လက်ခံကျင့်သုံးနေသရွေ့၊ မိန်းခလေးတွေ ကိုယ့်အားကိုယ်ကိုးချင်/နိုင်ဖို့ ဘဝအာမခံချက်ရှိတဲ့ အသိပညာ အတတ်ပညာရှိအောင် မလုပ်နိုင်သေးသရွေ့ gender discrimination မှလွတ်လမ်းမမြင်သေးပါကြောင်း…. 🙁

  • ဝင့်ပြုံးမြင့်

    October 25, 2014 at 5:23 pm

    ဦးဆာ says: ((လိုင်စင်ပေးသင့်မပေးသင့်ဆွေးနွေးရရင် ~~~
    90% လိုက်စင်လာလျောက်မည်မဟုတ်ပါ ။
    ဒါကြောင့် ဝစ်သောက်ကားတွေအပြီး ဝစ်သောက်ဇိမ်မယ်တွေ ဖြစ်လာရင်ပိုဆိုးပါမယ် ။
    ရဲကိုကိုများ ဆက်ကြေးတောင်းလို့ပိုကောင်းပါလိမ့်မယ်။))
    . လိုင်စင်မလျှောက်မယ့် ပိုင်းအဆင့်မှန်းထားသူများကို ကြောက်ရတာပါ။ ဒါကြောင့် ဒီအတွက် တစ်လင်တစ်မယားစနစ်ကို ထောက်ခံတာပါ။ တစ်လင်တစ်မယားစနစ်ကို ပြဌာန်းလိုက်ရင် LT ထွန်းကားလာမယ်။ ဒါကြောင့် တစ်လင်တစ်မယားစနစ်နဲ့အတူ LT ကို ရွေးပိုင်ခွင့်တစ်ခု အဖြစ်ပဲ လူ့ဘောင်က လက်သင့်ခံစေချင်ပါတယ်။ မနေစကောင်းနေစကောင်းပို့စ်ထဲက IRIS ပြောသလိုဖြစ်စေချင်တာပါ။
    —–
    တီပဒုမ္မာ၊ အန်တီမမ၊ လာစီဖူ၊ ကိုစစ်၊ ဝင်ရောက်ဖတ်ရှုတာ ကျေးဇူးပါနော်။
    အမလတ်နဲ့ တကွ တခြားလူများကို ပြောပြချင်တာလည်း ရှိပါသေးတယ်။ မှန်ပါတယ်။ ကျွန်မမှာ တခြားအမြင် ရှိနေသေးတယ်။ ကျားမခွဲခြားမှုဟာ နိုင်ငံရေးအထိ ဝင်တယ်လို့ ကျွန်မ ယုံထားတာပါ။ တစ်ပါတီအာဏာရှင်စနစ် တည်ဆောက်ဖို့ အတွက် ဒါဟာ ပင်မသွေးကြောတစ်ခုလိုပဲ။ တစ်ပါတီအာဏာရှင် အပြင်းထန်ဆုံးနိုင်ငံတွေ ကမ်ဘောဒီယားတို့၊ ချေချင်းညှာ တို့ကအစ၊ အရှေ့အလယ်ပိုင်းက မွတ်တွေရဲ့ နယ်မြေမှာ မိန်းကလေးတွေ virginity ထိန်းဖို့ကိစ္စ ထိပ်တန်းအရေးကြီးတယ်။ မြောက်ကိုရီးယားမှာကတော့ ယောက်ျားလေးတွေပါ virginity ထိန်းရတယ်။ ဒီတော့ ရုတ်တရက်တွေးလိုက်ရင် ဒါမှ ယောက်ျား မိန်းမ တန်းတူဖြစ်မှာပေါ့လို့ တွေးကြမယ်။ မဟုတ်ဘူးနော်။ ဒါလူ့အခွင့်အရေးချိုးဖောက်မှု။ ပြီးတော့ တစ်ပါတီအာဏာရှင်စနစ်ဆိုတာ သူ့ဟာသူ မဖြစ်ဘူး။ လုပ်ထားရတယ်။ အဓိကလုပ်ရတာက လူတွေရဲ့ identity ကိုဖျောက်တာ။ အဲဒါကို ဘာသာပြန်ရင် လူရဲ့ မူလဂုဏ်ရည်၊ ဒါမှမဟုတ် မူလသတ္တိ၊ မြန်မာဆန်ဆန်ဆိုရင် ဇာတိပုညဂုဏ်မာနကို အညွန့်ချိုးလိုက်ရတာ။ အဲဒါကို ပုံသွင်းတယ်လို့ခေါ်တာပေါ့။ အဲဒီလို ပုံသွင်းဖို့မှာ ဒီကိစ္စကို ထိန်းချုပ်ထားရတယ်။

  • ဦးဦးပါလေရာ

    October 25, 2014 at 11:43 pm

    .ဒီပိုစ့်မှာ ဝင်ပြောချင်တာ တော်တော်များပါတယ်..
    .ပထမ- သူကြီးပြောတဲ့….

    ဂေါတမဗုဒ္ဓကိုယ်တော်တိုင်ခွင့်ပေးခွင့်ပြုထားတဲ့.. ရဟန်းမ
    (ထေရီ- ဘိက္ခူနီ)ကို . မြန်မာထေရာဂိုဏ်းတွေက.. အသိအမှတ်မပြု..လက်မခံတာလောက်.. နှိမ်ချခံရတဲ့ဘဝ

    ……ဆိုတာလေးတော့ နဲနဲဖြည့်ချင်ပါတယ်….
    .အဲဒါက .. မြန်မာ သံဃာဂိုဏ်းတွေက ဘိက္ခူ နီကို အသိအမှတ်မပြုတာ မိန်းမတွေကို/မိန်းမတွေမို့ နှိမ်တဲ့သဘောတော့ မဟုတ်ပါဘူး…။
    .ဘုရားရှင်က မိထွေးတော်ဂေါတမီကို အစပြုပြီး ဘိက္ခူ နီသာသနာကို စတင်ခွင့်ပြုကတည်းက ဘိက္ခူ နီဖြစ်ဖို့ .ခက်အောင်ရယ်၊ နှောင်းသာသနာမှာ ဘိက္ခူ နီ မရှိတော့အောင်ရယ် ရည်ရွယ်ခဲ့ပုံ ရပါတယ်။
    .ဘိက္ခူ နီဖြစ်ဖို့ အရင်ဆုံး ယောက်ျားရဟန်းတွေဆီမှာ ကမ္မဝါနဲ့ ရဟန်းပြုရပါတယ်။
    .ပြီးတော့ ဆက်ပြီး မိန်းမဘိက္ခူ နီ(ရဟန်းမ) တွေဆီမှာ ထပ်ပြီး ကမ္မဝါနဲ့ ရဟန်းမအဖြစ်ကို အတည်ပြုပြီးမှ မိန်းမရဟန်း(ဘိက္ခူ နီ)ဖြစ်ပါတယ်။
    .အဲဒါကြောင့် သာသနာတော်မှာ ရဟန်းမမျိုးဆက်ပြတ်သွားရင် ဘယ်တော့မှ ဘိက္ခူ နီ မဖြစ်နိုင်တော့ပါဘူး။
    .အဲဒါက ဝိနည်းမှာ အတိအကျ ပါပြီးဖြစ်ပါတယ်။
    .ဘိက္ခူ နီမျိုးဆက်က အာသောကမင်းရဲ့ လက်ထက်လောက်မှာတင် ပြတ်သွားပြီဖြစ်ပါတယ်။
    .ဘုရားသာသနာမှာ ရဟန်းပြု သာမဏေပြု ဘိက္ခူ နီပြု မယ်ဆိုရင် ဘုရားသတ်မှတ်ထားတဲ့ ဝိနည်းနဲ့အညီပြုမှသာ
    .ရဟန်းအစစ် သာမဏေအစစ် ဘိက္ခူ နီအစစ် ကိုရနိုင်ပါတယ်။
    .အဲဒါကြောင့် မြန်မာသံဃာတွေက ခေတ်ပေါ် (ကိုယ့်ဟာကိုယ်သင်္ကန်းဝတ်ထားတဲ့) ဘိက္ခူ နီဆိုတာကို အသိအမှတ်မပြုတာပဲ ဖြစ်ပါတယ်။

    • kai

      November 9, 2014 at 5:00 am

      ပိဋကတ်သုံးပုံထဲ.. ဝိနည်းတပုံဟာ.. ဂေါတမဗုဒ္ဓဟောတဲ့.. ထဲ.. အမှန်ကျန်တာ.. အများဆုံးလို့ယူဆမိပေမယ့်…
      ဂေါတမဘုရားရှင်ရဲ့. .လူသားအပေါ်အမြင်ကို.. အနုလုံ.. သုံးသပ် တွေးထင်ပြီးသကာလ….

      ဒီဘီက္ခူနီဝိနည်းဆိုတာဟာ.. ထေရာဝါဒသမား.. ဟိန္ဒူနွယ်တွေရဲ့… လုပ်ကြံဇတ်လို့သာ… ယူဆမိပါတယ်..။
      တကယ်တော့လည်း…
      ထေရာတွေခမြာ.. ဝိနည်းအရ.. မိန်းမနဲ့.. လိင်ဆက်ဆံမှုကို.. ရှောင်ဖို့ရာမှာ.. ရဟန်းဝတ်နဲ့ဖြစ်ဖြစ်.. အဝတ်အစားဝတ်ပြီးဖြစ်ဖြစ်.. မိန်းမ(တန်းတူ)မြင်နေရင်.. အခက်အခဲရှိတဲ့အတွက်..တန်းတူအနေနဲ့ ကျောင်းဝန်းထဲမမြင်ရအကောင်းဆုံးလို့…. ပုုထုဇဉ်ဖြစ်တဲ့..မြန်မာ(မြန်မာ) ထေရာတွေက.. ထင်ကြပုံရပါတယ်..။

      အဲဒါနဲ့.. မိန်မကန်ထုတ်တဲ့.. ဘုရားက မိန်းမ/ယောက်ျား( ဘိက္ခူ/ဘိက္ခူနီ) တန်းတူသတ်မှတ်ပေးထားတဲ့.. စည်းကမ်းကို.. ဘုရားနာမည်နဲ့ကိုင်ပေါက်ပြီး.. ဝိနည်းလို့..ပညတ်လိုက်တယ်ပဲ.. ဆိုပါစို့…။
      ( မှတ်ချက်။ ။မြန်မာတွေရဲ့ထေရာဝါဒ မူလဘူတစီးဆင်းလာရာ တိုင်းပြည်ဖြစ်တဲ့.. သီရိလင်္ကာမှာ.. ဘိက္ကူနီ(ရဟန်းမ)တွေ.. တရားဝင်ဖြစ်တည်ရှိနေပါကြောင်း… ။ အသောကမင်းကြိးရဲ့သမီးတော်ကိုယ်တိုင်.. သာသနာပြုထားခဲ့တယ်လို့..ဆိုပါကြောင်း..။)

      အသေးစိတ်သိလိုလျှင်.. မြန်မာဘာသာစကားနဲ့မဟုတ်တဲ့..(မဟုတ်တဲ့) စာတွေမှာ ရှာဖတ်စေလို…။ :k:
      http://en.wikipedia.org/wiki/Bhikkhuni
      http://www.buddhapadipa.org/buddhism/female-monks-in-buddhism/
      In the Theravada tradition, some scholars believe that the bhikkhuni lineage became extinct in the 11th to 13th centuries, and that no new bhikkhunis could be ordained since there were no bhikkhunis left to give ordination. For this reason, the leadership of the Theravada bhikkhu Sangha in Burma and Thailand deem fully ordained bhikkhunis as “untrue.”[24] Based on the spread of the bhikkhuni lineage to countries like China, Taiwan, Korea, Vietnam, Japan and Sri Lanka, other scholars support ordination of Theravadan bhikkhunis

  • ဦးဦးပါလေရာ

    October 25, 2014 at 11:54 pm

    .ဒါပေမယ့်..
    ဗုဒ္ဓ(ဓ – ကို ပတ်ဆင့်ရိုက်မရတာ သည်းခံဖတ်ကြပါရန်) သာသနာနဲ့စပ်ဆိုင်တဲ့ ယဉ်ကျေးမှု့ ဓလေ့ထုံးစံတွေမှာ မိန်းမတွေကို နှိမ်ထား ခွဲခြားထားတာ အမှန်ပဲ ဖြစ်ပါတယ်။
    တစ်ခု သတိပြုသင့်တာက မြန်မာနိုင်ငံအပါအဝင် ဗုဒ္ဒဘာသာလွှမ်းမိုးတဲ့ နိုင်ငံတွေက ဗုဒ္ဒသာသနာနဲ့စပ်ဆိုင်တဲ့ ယဉ်ကျေးမှု့ ဓလေ့ထုံးစံတွေဟာ ဘုရားအလိုကျ မဟုတ်တာ ကိုးဆယ့်ငါးရာနှုံးလောက် ပါနေတယ်ဆိုတာပါပဲ။
    တကယ်တော့ မိန်းမတွေကို ခွဲခြား/ဖိနှိပ်တဲ့ ဓလေ့ထွန်းကားရာ အရှေ့တိုင်းမှာ ဗုဒ္ဓသာသနာက ပြန့်ပွားတာဆိုတော့ ဒေသခံအကျင့်တွေနဲ့ ရောပြွန်းသွားတာပါပဲ….

  • ဦးဦးပါလေရာ

    October 26, 2014 at 12:05 am

    တလင် တမယား စံနစ်နဲ့ပတ်သက်လို့ ….
    လက်ရှိ ဓလေ့ထုံးတမ်းဥပဒေ အမျိုးမျိုး၊ သာသနာပေါင်းစုံ ဆိုင်ရာ ဥပဒေ အမျိုးမျိုးနဲ့ လင်မယားဖြစ်ခွင့် အမွေဆက်ခံခွင့် ဥပဒေအမျိုးမျိုးဟာ
    လုံးဝ ခေတ်လဲမမီ တရားမျှတခြင်းလဲမရှိ လူလူချင်းတန်းတူရည်မျှဖြစ်မှု့ကိုလဲ ငြင်းပယ်ရာ ရောက်နေပါတယ်။
    အဲဒါတွေ အကုန် မြေလှန်ဖျက်သိမ်းပြီး မြန်မာနိုင်ငံသားမှန်သမျှ မည်သည့် ဘာသာ လူမျိုး မဆို တညီတည်း သက်ရောက်စေမယ့် တလင်တမယားဥပဒေ အပါအဝင် သင့်တော်တဲ့ဥပဒေတွေ ပြဌာန်းသင့်တာပဲ ဖြစ်တယ်။
    ဒါပေမယ့် ဘယ်ခေါင်းဆောင်မှလဲ အဲသလောက် သတ္တိကောင်းမယ်မထင်…
    သတ္တိကောင်းတဲ့ ခေါင်းဆောင်ရှိတယ်ထား….. နောက်လိုက်ဖြစ်တဲ့ နိုင်ငံသားတွေကိုယ်တိုင်က လူလူချင်းတန်းတူမှု့နဲ့ တရားမျှတမှု့ တို့ကို တကယ်လိုချင်မယ် မထင်…..

Leave a Reply