သက်ကြီးရွယ်အိုများခိုကိုးရာ သဘာဝရိပ်သာအတွက် အလှုတော်ဒါန

ဦးေက်ာက္ခဲOctober 30, 201410min1695136

မင်္ဂလာပါခင်ဗျား… ဦးကျောက်ခဲလည်း သက်ကြီးရွယ်အို ခိုကိုးရာမဲ့တွေအကြောင်း စာကုံးလို့ ခြယ်ပါမယ်ဆိုကာမှ မမျှော်လင့်ဘဲ အရေးပေါ်အလုပ်တွေကပေါ်လာလို့ နောက်ကျ သွားတာ ခွင့်လွှတ်ကြပါခင်ဗျာ…။ ကျေးဇူးပြုပြီး ဒီပို့စ်ကို အောက်ကပို့စ်တွေနဲ့ တွဲဖတ်ပေးပါလို့လည်း မေတ္တာရပ်ခံပါရစေ…

သဘာဝရဲ့ ဂရုဏာ

အကန့်အသတ်ကင်းမဲ့သော သဘာဝတရားရိပ်သာ

လူတွေနဲ့ဝေး ဝေး ~~ဝေးတဲ့နယ်မြေ (သဘာဝရိပ်သာ)

 

လွန်ခဲ့သော ၂-နှစ် အခုလို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်း အခါသမယ ၊ ဦးကျောက်ခဲရဲ့ နှမငယ် သမီးဦးလေးဖွားမြင်ဖို့ ဩစီကျွန်းကြီးမှာ မီးနေလာစောင့်တုန်းကပေါ့ ခင်ဗျာ…။
ကမ႓ာ့တောင်စွန်း ဩစီကျွန်းမှာတော့ ဆောင်းအကုန် နွေအကူးမို့ ရာသီဥတုက အေးမြခြောက်သွေ့နေတုန်းပါပဲ ။ မီးနေစောင့်ဖို့ ခွင့်ရက်ရှည်ယူလာတာမို့ အေးအေးဆေးဆေးနှပ်မယ်လို့ ကြံရွယ်ထားပေမည့် အကျင့်ပါနေတဲ့ မျက်လုံးအစုံက မနက် ၆-နာရီထိုးရင် နှိုးစက်မလို အော်တိုမစ်တစ်ပွင့်နေတာမို့ အိပ်ရာထဲမှာ စောင်ခြုံကွေးရင်း ဟိုလူးသည်လှိမ့် အတွေးနယ်ချဲ့နေတုန်း… အိမ်ရှေ့တံခါးမကြီးကို တဒုန်းဒုန်း ထုရိုက်သံနဲ့အတူ…
“ဟယ်လို… ဟယ်လို… မီးမီးရေ ငါ့ကို ကယ်ပါဦး… ငါသေရတော့မယ်… ကယ်ကြပါ…” လို့ ကတုန်ကယင် အသံနဲ့ အဖွားအို တစ်ယောက် အိမ်ရှေ့ကနေ အကူအညီတောင်းနေပါတယ် ။

 

ဦးကျောက်ခဲလည်း အပြေးအလွှား တံခါးဖွင့်ကြည့်လိုက်တော့ ဘေးခြံက အဖွားအို ဒေါ်ရိုစီပါ ၊ အနှီအဖွားအိုက စကော့တလန်ဇာတိ အသက် ၈ဝ ပြည့်လုပါပြီ ။ သူ့ရဲ့ ဒုတိယခင်ပွန်း ဦးဘရိုင်ယန်က အသက် ၇ဝ ၊ လေတခြမ်းဖြတ်ထားလို့ မသန်စွမ်းပါဘူး ။ သူတို့မှာ လက်ထက်ပွား သားတစ်ယောက်ရှိခဲ့ဖူးပေမည့် အသက် ၂၅-နှစ် အရွယ်မှာ ကားမှောက်လို့ ဆုံးပါးသွားပါသတဲ့ ။ အဲသည့်တော့ အနှီ အဖွားအိုနဲ့ ဂီလာနအဖိုးအိုဟာ သူတို့ဟာသူတို့ အစိုးရအထောက်အပံ့ သက်ကြီးပင်စင်နဲ့ ရပ်တည်နေကြတာပါ ။ သူမမှာ ပထမအိမ်ထောင်နဲ့ သမီးတစ်ယောက်ရှိပေမယ့် ပုံမှန် ဝင်ထွက်သွားလာတာ သိပ်မတွေ့ရပါဘူး ၊ အဖြူတွေရဲ့ ထုံးစံအတိုင်း ခပ်စိမ်းစိမ်းပေါ့ခင်ဗျာ ။ အခုလည်း အရေးပေါ်အခြေအနေဖြစ်လာတော့ တခြား အဖြူအိမ်တွေကို အကူအညီမတောင်းရဲလို့ အာရှသား ဦးကျောက်ခဲရဲ့ နှမငယ်လင်မယားကို အကူအညီလာတောင်းရှာတာပါ ။

 

အဖွားအိုက မျက်ရည်လည်ရွဲနဲ့ “ဆေးရုံကားကို မခေါ်ပါနဲ့ဦး… သူ့သမီးကို အရင်တွေ့ပါရစေ”လို့ တောင်းဆိုတာကြောင့် ဦးကျောက်ခဲနဲ့ ယောက်ဖတော်လည်း အာရှသားပီပီ ဒုက္ခရောက်နေသူကို လစ်လျူမရှူတတ်တာမို့ အဖွားအို ဒေါ်ရိုစီကို ကားပေါ်တင်ပြီး သူ့သမီးအိမ်ကို ချီတက်ကြတာပေါ့ ။ မှန်းချက်နဲ့ နှမ်းအထွက် မကိုက်ပါဘူး … သူ့သမီးအိမ်ရောက်တော့ အိပ်ကောင်းနေတုန်း စောစောစီးစီး ဒုက္ခပေးသတဲ့လေ… ။ စေတနာထားပြီး ကူညီတာကို အခုလို အားမနာပ စော်ကားခံရတော့ ဘယ်ရလိမ့်မလဲ … ယောက်ဖတော် ဩစီမှာမွေးတဲ့ အာရှသား ကိုစကားများက ကောင်းကောင်း ကလော်တာပေါ့ခင်ဗျာ ။ အဲသည့်တော့မှ စကားလျှောချ လေသံပျော့သွားပြီး အဖွားအိုကို ဆေးရုံပို့ရပါတော့တယ် ။ သူမမှာ ရောဂါရယ်လို့ မယ်မယ်ရရ မရှိပါဘူး… အသက်ကြီးလာတော့ စိတ်ကစဥ့်ကလျားဖြစ်တာပါ ။ ဆေးရုံက လူအိုရုံကို ပို့ခိုင်းပေမယ့် ဂီလာန ခင်ပွန်းသည် အဖိုးအို ဦးဘရိုင်ယန်ကို စိတ်မချနိုင်ဘူးလို့ ဆိုပြန်တာမို့ ၊ လူမှုဖူလုံရေးက အနှီအဖိုးအိုနဲ့ အမယ်အိုကို ပုံမှန် တစ်လ ၂-ကြိမ် ရောဂါစမ်းသပ်ဖို့ လူနာတင်ယာဉ်နဲ့တကွ ဆေးအဖွဲ့ကို လွှတ်ပြီးစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ နောက်ပြီး အရေးပေါ်ဆက်သွယ်ရေးစနစ်လည်း မြို့နယ်ကောင်စီက သူတို့အိမ်မှာ တပ်ဆင်ပေးသွားပါသေးတယ် ။ …. အားကျဖွယ် ကောင်းလေစွ ။

 

ဒီအကြောင်းနဲ့ ပက်သက်ပြီး ဦးကျောက်ခဲရဲ့ ငယ်သူငယ်ချင်း အမေရိကားမှာနေတဲ့ ဆရာဝန်ကြီးနဲ့ ဆွေးနွေးဖူးပါတယ် ။ သူ့အဆိုအရတော့ သားသမီးတွေက မစောင့်ရှောက်နိုင်ရင် သက်ကြီးရွယ်အိုတွေအဖို့ အဖော်ရအောင် လူအိုရုံ သို့မဟုတ် သက်ကြီးရွယ်အို ရပ်ကွက်မှာ နေသင့်ပါသတဲ့ ။ သူတို့ မောင်နှမ ၄-ယောက်စလုံးရော မိဘ ၂-ပါးပါ နာမည်ကျော် ဆရာဝန်ကြီးတွေပါ ။ အခု သူတို့မိသားစုအားလုံး အမေရိကားမှာ အခြေချနေထိုင်ပေမယ့် မိဘနှစ်ပါးကို ကိုယ်ဖိရင်ဖိ မစောင့်ရှောက်နိုင်သလို မိဘတွေကလည်း စကားပြောဖော်မရှိလို့ ပျင်းရှာပါသတဲ့ ။ အဲဒါကြောင့် သက်ကြီးရွယ်အို ပင်စင်စားတွေ စုပြီးနေကြတဲ့ ရပ်ကွက်မှာ မိဘတွေအတွက် အိမ်ဝယ်ပြီး ထောက်ပံ့ထားပေးပါသတဲ့ ။ သူတို့က အမေရိကန် စိတ်ဓာတ်ဖြစ်သွားပြီဆိုတော့ တတ်နိုင်သရွေ့ အကောင်းဆုံးလုပ်ပေးထားတာ သာဓု ခေါ်ရုံကလွဲလို့ ထောက်ပြဝေဖန်စရာ မရှိပါဘူး ။ ဒီနေရာမှာ အလျင်းသင့်လို့ပြောရရင် ဦးကျောက်ခဲရဲ့ ချစ်အကိုတော် သွားလေသူ “ဘလော်ဂါ ကိုကြီးကျောက်” ရဲ့ နောက်ဆုံးနေ့များမှာ အမေရိကန် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဘယ်လောက်ကောင်းတယ်ဆိုတာ မျက်မြင်ကိုယ်တွေ့ပါ ။

 

ရေးလက်စမို့ နိစ္စဓူဝ မြင်နေရတဲ့ စင်္ကာပူနဲ့ ဟောင်ကောင်က သက်ကြီးရွယ်အိုများအကြောင်းလည်း ဖောက်သည်ချပါရစေဦး ။
အရွယ်ရှိခိုက် အလုပ်လုပ်နိုင်တဲ့သူတိုင်းရဲ့ ဝင်ငွေကနေ စင်္ကာပူမှာ CPF (Central Provident Fund) နဲ့ ဟောင်ကောင်မှာ MPF (Mandatory Provident Fund) ဆိုပြီး လစဉ် အချိုးကျ ကောက်ခံပါတယ် ။ မြန်မာလို အလွယ်ပြောရရင်တော့ ပင်စင်စုဆောင်းငွေပေါ့ခင်ဗျာ ။ အဲသည့် ငွေတွေကို အသက် ၆၅-နှစ်ကျော်သွားရင် အစိုးရက လစဉ်ထောက်ပံ့ငွေအဖြစ် ပြန်ထုတ်ပေးပါတယ် ။ အကြောင်း တစ်စုံတရာကြောင့် အနိစ္စသဘော ကိစ္စချောသွားရင်လည်း ကျန်ရစ်သူ အမွေဆိုင်တွေ အတွက်ပေါ့ ။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ သာမန်လူတန်းစားတွေအဖို့ လင်ရော မယားရော အရွယ်ရောက်သားသမီးတွေပါ အလုပ်လုပ်ကြရပါတယ် ။ အဲသည့်တော့ မိဘတွေ အိုမင်းမစွမ်းဖြစ်လာရင် အခပေး ဘိုးဘွားရိပ်သာ လူအိုရုံတွေကို ပို့ထားပြီး ၊ အလုပ်နားရက်တွေရောက်မှ သွားတွေ့ကြတာ ထုံးစံလိုတောင် ဖြစ်နေပါပြီ ။ အဲဒါတောင်မှ လမ်းဘေးမှာ အမှိုက်ပုံးတွေထဲက ဗူးခွံနဲ့ စက္ကူတွေ လိုက်ကောက်နေတဲ့ တုန်တုန်ချိချိ တစ်ကောင်ကြွက် အဖိုးအို အဖွားအိုတွေကို ရင်နာစဖွယ် မြင်တွေ့ရတုန်းပါ ။

 

စင်္ကာပူနဲ့ ဟောင်ကောင်မှာ ဘိုးဘွားရိပ်သာတွေကို ပုဂ္ဂလိက လူမှုဝန်ထမ်း ဘာသာရေး အဖွဲ့အစည်းတွေက တည်ထောင်ကြပါတယ် ။ လုပ်သားတွေကတော့ ထုံးစံအတိုင်း ဖိလစ်ပင်းန် ၊ မြန်မာ ၊ အင်ဒိုနီးရှန်း နဲ့ တမီလ်တွေပါ ။ ကိုယ့်အမျိုးကိုယ့်အဆွေလည်းမဟုတ် ၊ ငွေကြေးလစာအတွက်ပဲဆိုတော့ အလုပ်သမားတွေက စေတနာမပါတာ အထူးအဆန်းမဟုတ်ပါဘူး ၊ ဒီလိုပဲ တွန်းတွန်းထိုးထိုးနဲ့ပါ ။ တရုတ်ဗုဒ္ဓဘာသာ လူအိုရုံရောက်ရင် ဘုရားရှိခိုးရမယ် ၊ ခရစ်ယာန် လူအိုရုံဆိုရင် ဓမ္မတေးဆိုရမယ် ၊ အစ္စလာမ် လူအိုရုံဆို နေ့စဉ် နမာရ်း ၅-ခါဖတ်ရမယ် ၊ ဟိန္နူ လူအိုရုံဆို ဂါထာတွေရွတ်ရမယ်ပေါ့ဗျာ ။ သူ့ဋ္ဌာနမှာ သူ့စည်းကမ်းမို့ အပြစ်မဆိုသာပါဘူး ။ အဲသည့်လို မရွတ်မဖတ်ချင်လို့ ပျော်သလို နေကြတဲ့ ဘိုးဘွားတွေကိုလည်း မြင်တွေ့နေရပါတယ် ။ သူတို့ကို လစဉ်ထောက်ပံကြေးထုတ်ပေးတဲ့ လဆန်းရက်တွေဆိုရင် မီးနီရပ်ကွက်တွေမှာ ဖွဲတစ်ဆုပ်တင်မက ဘီယာဗူးတောင်နိုင်သေးလို့ လမ်းသလားနေတဲ့ စီနီယာ စီတီဇင် “အန်ကယ်ကြီး” များကို တွေ့ရသလို တိုက်အောက်မှာ ကျားထိုးရင်း ထ နပန်းသတ်ကြတဲ့ အိုကြီးအိုမတွေအကြောင်းကလည်း နားနဲ့မဆန့်အောင်ပါပဲ ။ အဲသည့်လိုပါပဲ ၊ ရထားထဲမှာ ဘတ်စ်ကားထဲမှာ သူတို့ကို နေရာဖယ်မပေးလို့ အော်ကြီးဟစ်ကျယ် ရန်ဖြစ်နေတဲ့ “အန်တီကြီး” တွေလည်း ဒုနဲ့ဒေးပါ ။ မြန်မာလိုဆိုရင်တော့ တရားမရှိ တရားမသိသူတွေ ပေါ့ဗျာ ။

 

နေရေးထက် သေရေးခက်တဲ့ ထိုင်းနိုင်ငံက သက်ကြီးရွယ်အိုတွေ အကြောင်းလည်း လှည့်ပါရစေ ။ တကယ်တော့ ထိုင်းနိုင်ငံဟာ ဦးကျောက်ခဲတို့ ရွှေပြည်ကြီးထက်စာရင် နေစားရိတ် စားစရိတ် သက်သာပါတယ် ။ ဒါပေမယ့် ယခင်အခါများကတော့ နာမကျန်းဖြစ်ရင် ဆေးဝါးကုသစားရိတ်က အတော်ထောင်းလှတာမို့ ထိုင်းနိုင်ငံသား နင်းပြားတွေအတွက် “သေချင် သေပါစေ ၊ နေမကောင်းတော့ အဖြစ်မခံနိုင်” လို့ ဆိုရိုးစကားတောင် ရှိပါတယ် ။ ဒီအခက်အခဲကို ရှင်းပေးလိုက်သူက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ပါ ။ ထိုင်းနိုင်ငံသားမှန်ရင် “ဘတ်ငွေ ၃၀” နဲ့ ဆေးကုသနိုင်မည့် စီမံကိန်းကို အကောင်အထည်ဖော်သွားလို့ အောက်ခြေလူတန်းစားက ယနေ့တိုင် သူ့ကို အလွန်ထောက်ခံပါတယ် ။ ငွေကြေးတတ်နိုင်တဲ့ စေတနာရှင်တွေကလည်း ဖောင်ဒေးရှင်းတွေထောင်ပြီး သက်ကြီးရွယ်အိုတွေအတွက် ဓမ္မရိပ်သာ လူအိုရုံတွေ ဆောက်ပေးကြပါတယ် ။ ဒါပေမယ့် သူတို့နိုင်ငံမှာလည်း ချို့ငဲ့သူအများစုက အိုမင်းမစွမ်းရှိလာရင် ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံရဆဲပါ ။

 

ဦးကျောက်ခဲ ထိုင်းနိုင်ငံမှာ နေစဉ်က ဖတ်ခဲ့ဖူးတဲ့ အဖြစ်အပျက်လေးကို ဖောက်သည်ချပါရစေ ။ သတင်းကတော့ အလွန်မွဲတဲ့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက လယ်သမား သူဆင်းရဲ တစ်ယောက် ၊ လူအိုရုံကနေ သူ့အမေအို ဂီလာနကို ပြန်လာခေါ်တဲ့ အဖြစ်ပါ ။ မထူးခြားပေမယ့် ဆန်းတာက သူနဲ့ သူ့မိန်းမကိုယ်တိုင် အမေအို ဂီလာနကို လမ်းဘေးမှာ စွန့်ပစ်ထားခဲ့တဲ့သူတွေပါ ။ သတင်းစာကို သူပြောပြတာက ၊ အဲသည့်အချိန် သူ့မှာ ကောက်ပဲသီးနှံတွေလည်း ရာသီဥတုမကောင်းလို့ ပျက်စီး ၊ အကြွေးတွေက ဝိုင်းဝိုင်းလည် ၊ ဒီကြားထဲ အမေအိုကြီးကလည်း လေဖြတ်နေတာမို့ သူနဲ့ဆက်နေရင် ထမင်းငတ်ပြီး အသက်ဆုံးပါးကိန်းသာ မြင်ပါသတဲ့ ။ သားထောက်သမီးခံရှိတယ်ဆိုရင် မကူညီကြမှာစိုးလို့ သူကိုယ်တိုင် အမေအိုကို စောင်နဲ့ပတ် ၊ လမ်းဘေးမှာ နေရာချပြီး ကယ်နိုင်မည့် အဖွဲ့အစည်းကို ဖုန်းဆက်ခေါ်ပါသတဲ့ ။ မလှမ်းမကမ်း ခြုံကွယ်ကနေ ရင်နာနာနဲ့ အမေအိုကိုလာသယ်ဖို့ စောင့်ကြည့်နေရင်း ဆိုးလှတဲ့ကံကြမ္မာကို ယူကျုံးမရ ဖြစ်ခဲ့ရပါသတဲ့ ။ အခု သူ့မှာ စီးပွားရေး အခြေအနေ ပြန်ကောင်းလာလို့ သူ့အပြစ် သူဝန်ခံရင်း အမေအိုကို ပြန်လာခေါ်တဲ့ သတင်းပါ ။ ဖတ်မိသူတွေတော့ ဘယ်လို ရှိမယ်မသိ… ဦးကျောက်ခဲတော့ အတော် စိတ်မကောင်းဖြစ်ခဲ့ပါတယ် ။

 

တကယ်တမ်း ပြောရရင်တော့ ဦးကျောက်ခဲတို့ မြန်မာနိုင်ငံဟာ တခြားနိုင်ငံတွေထက်ပိုဆိုးတာ မျက်မြင်ကိုယ်တွေ့ပါ ။ အစိုးရပင်စင်ဆိုတာက ၂ပဲ ၆ပြား ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာက ဗလာနထ္ထိ ၊ အသက်ကြီးမှ ရှိစုမဲ့စုလေး ရန်သူမျိုး ၅-ပါးနှိပ်စက်ရင် ဘာအာမခံချက်မှမရှိ ၊ လမ်းဘေးမှာ ခွက်ဆွဲရကိန်းပါ ။ သတင်းစာထဲမှာ ကျောင်းဆရာအိုကြီးတွေ နေစရာနဲ့ လခသာပေးပါ ခြံစောင့်ဒရဝမ်လုပ်ပါရစေ ဆိုတဲ့ ကြော်ငြာတွေ ၊ လမ်းဘေးမှာ အဟာရပြတ်ပြီး ခန္ဓာစဲသွားတဲ့ သက်ကြီးရွယ်အို ခိုကိုးရာမဲ့တွေ ၊ ဆေးရုံတွေမှာ လူနာရှင်က စွန့်ပစ်သွားတဲ့ သတင်းတွေဖတ်ရတိုင်း နှလုံးသားထဲမှာ အတော်ဆို့နင့်ကြေကွဲလှပါတယ် ။ ဟိုတလောဆီက ပင်စင်စား မောင်နှမရဲ့ အဖြစ်ဆိုးမှာဆိုရင် အကိုကြီးဖြစ်သူက လေသင်တုန်းဖြတ်ပြီးသေနေတာ ၄-ရက်လောက်ရှိနေပြီး ၊ လေဖြတ်နေတဲ့ နှမက မကူနိုင်မကယ်နိုင် အိပ်ရာပေါ်က ပြုတ်ကျလို့ သေအံ့မူးမူးဖြစ်နေတာ အရပ်က သိသွားမှ အချိန်မီလေး သဘာဝရိပ်သာကို ပို့လိုက်ရပါသတဲ့ ။

 

စာရှုသူတို့ ဦးကျောက်ခဲတို့လည်း သဘာဝတရားကို မလွန်ဆန်နိုင်တာမို့ တနေ့ အိုမင်းမစွမ်း ဖြစ်ကြရဦးမှာပါ ။ အခုအချိန် အဆင်ပြေချင် ပြေပေမယ့် အသက်အရွယ်ကြီးရင့်မှ ရန်သူမျိုး ၅-ပါးနှိပ်စက်လို့ဖြစ်စေ ၊ ကုသိုလ်ကြမ္မာငင်လို့ဖြစ်စေ ဘယ်လိုဘဝကို အဆုံးသတ်မယ်ဆိုတာ ဘယ်သူမှ တင်ကြိုမပြောနိုင်ပါဘူး ။ ဒီလိုကိစ္စမျိုးတွေအတွက် အစိုးရမှာတာဝန်ရှိတယ် ၊ အခွန်ထမ်းပြည်သူတွေမှာ တာဝန်ရှိတယ်လို့ ငြင်းခုံနေမည့်အစား တစ်စုံတခုတော့ လူသားချင်းစာနာတဲ့စိတ်ဓာတ်နဲ့ ဦးကျောက်ခဲတို့ တတ်နိုင်တဲ့ဘက်ကနေ ကူညီကြရင် ၊ တကယ်လိုအပ်နေတဲ့ သက်ကြီးရွယ်အို ဂီလာနတွေအတွက် အထိုက်အလျောက် အနေအစား ပြေလည်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။ သံသရာအကျိုးတွေ ကုသိုလ်တွေကို နောက်ထားလို့ နတ်အုံးသီးရွှေချမှာထက်စာရင် တကယ်လိုအပ်နေတဲ့နေရာမှာ လှုရတဲ့အလှုမျိုးက ပိုပြီးပီတိဖြစ်ရလိမ့်မယ်လို့လည်း ယုံကြည်ပါတယ် ။

 

အဲသည့်ကွက်လပ်ကို ဖြည့်ပေးနေတာက မြန်မာနိုင်ငံ သန်လျင်မြို့က သဘာဝရိပ်သာပါ ။ အယုတ်အလတ် အမြတ်မရွေး ၊ လူမျိုးဘာသာမရွေး ဒုက္ခရောက်နေသူမှန်သမျှကို ကယ်တင်စောင့်ရှောက်ပြီး စားဝတ်နေမှု ကျန်းမာရေးစောင့်ရှောက်မှုတွေတွေကို မငြီးမငြူ ပဲ ဒိုင်ခံ ဖြေရှင်းပေးနေတာ ဂီလာနဒုက္ခသည် ၂၅၀ဝ နီးနီး ရှိပါတယ် ။ နေ့စဉ် စားရေးသောက်ရေးအတွက် အခက်အခဲတွေအပြင် ၊ အမိုးအကာ မလုံလောက်တဲ့ ပြဿနာလည်း ရှိနေပါသေးတယ် ။ တတ်နိုင်သလောက် ဓနိမိုး ထရံကာ မြေစိုက်တဲကြီးတွေနဲ့ အဘိုးအဘွားတွေကို ထားရပေမယ့် ကျန်းမာရေးရှုထောင့်ကကြည့်ရင် မသင့်လျော်လှသလို ၊ ကူးစက်ရောဂါလိုမျိုးသာ ဖြစ်ပွါးခဲ့ရင် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသလိုဖြစ်မှာ  မြေကြီးလက်ခတ် မလွဲပါဘူး ။ ဒီကြားထဲ ရင်နင့်စရာကောင်းလှတာက မလှုပ်နိုင်မရှားနိုင် ဂီလာနဒုက္ခသည် အဘိုးအဘွားတွေကို အတင့်ရဲလှတဲ့ မြေကြွက်ကြီးတွေက ဝင်ကိုက်တာပါပဲ ။ အဲဒါကြောင့် သဘာဝရိပ်သာ ဆရာတော်ကိုယ်တိုင် ဦးစီးပြီး ကြွက်လုံအဆောင်တွေ အပြေးအလွှားတည်ဆောက်ရပါတော့တယ် ။ အစိုးရနဲ့ ဘယ်ခရိုနီကမှလည်း မထောက်ပံ့ ၊ ဘယ်အရပ်ကိုမှလည်း အလှုခံမထွက်တာမို့ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရမှာ အသေအချာပါ ။

 

ဘဝလမ်းခရီး နေဝင်ချိန်မှာ အကြောင်းမလှခဲ့ပေမယ့် ကံကောင်းလို့ သဘာဝရိပ်သာကို ရောက်နေရရှာတဲ့ အဘိုးအဘွား သက်ကြီးရွယ်အိုတွေရဲ့ အကြောင်းကတော့ ၊ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခဲ့တဲ့ ဂဇက်ရွာသူရွာသား ညီအစ်ကို မောင်နှမတွေက အသိပေးထားတာ အတိုင်းထက်အလွန် ရှိနေပြီမို့ ထပ်ညွှန်းလို့ ရေးစရာ မလိုလောက်အောင်ပါပဲ ။ သည့်ထက်ပို အခြေအနေဆိုးလို့ လမ်းဘေးမှာ ပင်ပန်းကြီးစွာ တောင်းရမ်းစားသောက်နေရတဲ့ သက်ကြီးရွယ်အိုတွေကိုလည်း မြင်ဖူးကြမှာပါ ။ နိုင်ငံတော် အစိုးရမင်းများရဲ့ စေတနာနဲ့ တာဝန်ယူမှုကို စောင့်ဆိုင်းနေရင်တော့ သူတို့ လွှတ်တော်မှာ စုံစမ်းရေးကော်မတီဖွဲ့လို့မပြီးခင် သက်ကြီးရွယ်အိုတွေ ဒုက္ခဝဋ်ဆင်းရဲနဲ့ အနိစ္စရောက်ဖို့ပဲမြင်တာမို့ ကျနော်တို့ကပဲ လူစိတ်မွေးပြီး လုပ်အားပဲဖြစ်ဖြစ် ငွေအားပဲဖြစ်ဖြစ် ကူညီနိုင်တဲ့ဘက်က အလှုဒါနပြု ကူညီကြပါစို့ လို့ တိုက်တွန်းပါရစေခင်ဗျ ။ တကယ်လို့များ ဘာဖြစ်လို့ သဘာဝရိပ်သာကို ရွေးတာလဲလို့ အမေးရှိလာရင်တော့ ဖြေပါရစေ ၊ ဒီလောက်အဆင်ပြေအောင် ကူညီစောင့်ရှောက်နိုင်တဲ့ အဖွဲ့အစည်း မမြင်မိသေးသလို ဘာသာစွဲမရှိတဲ့ ဦးကျောက်ခဲလိုလူတောင် ဦးစီးဦးဆောင် ဆရာတော် ဦးဥတ္တမသာရ ရဲ့ သီလ သိက္ခာ သမာဓိကို ယုံကြည်လို့ပါ ။

 

ဒီနေရာမှာ ဦးကျောက်ခဲ အလှုပြုချင်ပုံလေးကို အသိပေးပါရစေ ။ ဒီလူကြီး စိတ်မပြတ်လေခြင်းလို့ ဆိုချင်ဆိုပါ… အများသူငှာလှုကြသလို “နိဗ္ဗာန်နဿ ပစ္စယော ဟောတု” ဆိုပြီး နဝကမ္မ ဝထ္ထူငွေကို လိုရာကိုသုံးစေဖို့ ဘုန်းတော်ကြီးလက်ထဲ ဝကွက်အပ်တဲ့အလုပ် မလုပ်ချင်ပါဘူး ။ ဒီအဆောင် ဒီအခန်းတွက် ကျနော်များ “မြန်မာ့ဂဇက်အဖွဲ့သားများနဲ့ အများကောင်းမှု” ဆိုပြီး ကမ္မည်းထိုးပြီး လှုချင်တာပါ ။ အဲဒါမှပဲ ကိုယ့်ကုသိုလ်ကို အကောင်အထည်မြင်ရလို့ မုဒိတာလည်းပွား ၊ ဝမ်းမြောက်ဝမ်းသာလည်း သာဓုအနုမောဒနာ ခေါ်နိုင်ကြမှာပေါ့ ခင်ဗျာ ။

 

ဘိုလိုတွက်ရင်တော့ ၇-ရက် ၊ ဗမာလိုတွက်ရင်တော့ ရာဟုဖွားပါ အပါအဝင် ၈-ရက် သားသမီးတွေအားလုံး နည်းများမဆို အလှုဒါနပြုလိုကြတယ်ဆိုရင်ဖြင့်…

ရန်ကုန်…
ကိုဆာမိ (ဖုန်း- ဝ၉ ၇၃၀ရ ၁၇၉၄)
ကိုအမတ်မင်း (ဖုန်း- ဝ၉ ၅၀၈၁ ၉၆၉)
မသဲနုအေး (ဖုန်း – ဝ၉ ၄၄၈၅၄ ၇၉၇၀)
မရွှေအိ (ဖုန်း- ဝ၉ ၇၃၁၈ ၉၂၆၁)
(မအိကြည်ပြာစိုး – အကောင့်အမှတ် – 0016600100035629 – CB Bank ဆရာစံလမ်းဘဏ်ခွဲ (Saya San Road Branch)
(ပြည်ပမှ လှုဒါန်းလိုပါလျင် u.kyauk.gz@gmail.com သို့ ဆက်သွယ်နိုင်ပါသည်)

 

မန်းန္တလေးရွှေမြို့တော်…
ကိုမာဃ (ဖုန်း- ဝ၉ ၉၇၆၀ဝ ၆၂၇၉)
တို့ကို ဆက်သွယ် လှုဒါန်းနိုင်ပါကြောင်း အဘိုးအဘွား သက်ကြီးရွယ်အို ဂီလာန အကူအညီမဲ့ဒုက္ခသည်တွေရဲ့ အကျိုးကိုမျှော်ကိုးလို့ ဦးကျောက်ခဲက အလှုခံဖလား ခေါက်လိုက်ပါကြောင်း….

.

.

.

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄-ရက်နေ့ ညနေ ၆နာရီမှာ အလှုငွေကောက်ခံမူ အပြီးသတ်ပြီး ၊ ၂၀၁၅ ဇန်နဝါရီလ တတိယပတ်မတိုင်မီ သန်လျင် သဘာဝရိပ်သာမှာ လှုဒါန်းဖို့ ရည်ရွယ်ထားပါတယ် ။ နေ့စဉ် ကောက်ခံရရှိသမျှ အလှုတော်ငွေကို ယခုပို့စ်မှာပဲ စာရင်းဇယားနဲ့ ဖော်ပြပေးသွားပါ့မယ် ခင်ဗျား…

 

စဉ် အမည် အလှုတော်ငွေ
ကျပ် US$ SS$
၁ ။ ဂဇက်ရွာသား တစ်ဦး ၂,၀၀၀,၀၀၀
၂ ။ မခိုင်ဇာ ၃၀၀,၀၀၀
၃ ။ ကိုဆောရိုး + ဖြူဖွေး ၂၀၅,၀၀၀  5$
၄ ။ အန်တီမမ ၁၀၀,၀၀၀
၅ ။ ဝါလေး (စင်္ကာပူ) ၇၈,၀၀၀
၆ ။ ကိုရဲစည် ၁၀၀,၀၀၀
၇ ။ snow smile ၁၀၀,၀၀၀
၈ ။  ဦးဦးပါလေရာ ၁၀၀,၀၀၀
၉ ။ မဝေ ၁၀၀,၀၀၀
၁၀ ။ ကောင်းကင်ပြာ ၁၀၀,၀၀၀
၁၁ ။ ကိုကျော်သိန်းမြင့် ၁၀၀,၀၀၀
၁၂ ။ နန်းတော်ရာသူ ၅၀,၀၀၀
၁၃ ။ ကိုမိုးနှင့် မိသားစု (ယူကေ) ၃၁၅,၀၀၀
၁၄ ။ YUYA MON ၁၀၃,၅၀၀ 100$
၁၅ ။ ချာတူးလန် ၂၀,၀၀၀
၁၆ ။ ဦးကြီးမိုက် ၅၀,၀၀၀
၁ရ ။ ဂဇက်ရွာသူတစ်ဦး ၁၀၀,၀၀၀
၁၈ ။ အညာတမာ ၃၀,၀၀၀
၁၉။ Lucifer (ခ) KMM ၁၀၀,၀၀၀
၂၀။ ဦးနေးချား ၁၅,၀၀၀
၂၁။ ဘုရင့်နောင် စုပေါင်းဒါန ၁၀၀,၀၀၀
၂၂။ ကိုခင်ခ ၅၀,၆၀၀
၂၃။ ဦးကျော်စိုး + ဒေါ်ခင်နှင်း မိသားစု (မန္တလေး) ၅၀,၀၀၀
၂၄။ စင်္ကာပူမှ သူငယ်ချင်းတစ်စု ၂၇၁,၂၅၀  350$
၂၅။ အန်ကယ်ကြီး (မန္တလေး) ၃၀,၀၀၀
၂၆။ ကိုရင်မောင် ၅၀,၀၀၀
၂၇။ ကိုပီချိုကြီး ၅၀,၀၀၀
၂၈။ Kim Nyein Chan ၁၀၂,၂၈၉ 100$
၂၉။ သဂျီး ၅,၀၀၀ 5$
၃၀။ မသက်သက်ဦး (china) ၅၀,၀၀၀
၃၁။ ကိုသက်ဌေး (ဩဇီ) ၁၀၀,၀၀၀
၃၂။ မရွှေအိ ၂၀,၀၀၀
၃၃။ မနိုဗွီ ၄၂,၀၀၀
၃၄။ အံစာတုံး

+

လုံမလေးမွန်မွန်

၃၀,၀၀၀
၃၅။ ကိုရဲဇင်သန့် + မဆွေသက်ပိုင် ၅၀,၀၀၀
၃၆။ ဦးနိုင်ထွန်းလင်း ၁၀,၀၀၀
၃၇။ ကိုကျော်ထိုက် (mdy) ၁,၀၀၀,၀၀၀
၃၈။ ကို OK Gyi (mdy) ၅၀၀,၀၀၀
၃၉။ ရွာစားကျော် မင်းနန္ဒာ + ရှင်မွေးလွန်း ၅,၀၀၀
၄၀။ ဦးကျောက်ခဲ + နှင်းနှင်း ၅၀၅,၀၁၁
၄၁။ ရွှေကြည် ၃၈,၇၅၀ 50$
၄၂။ ဦးမာဃ (ခေတ္တ လူ့ပြည်) ၂၀,၀၀၀
၄၃။ မချိုချိုဝင်းနှင့် သူငယ်ချင်းများ ၂၃,၀၀၀
၄၄။ တညင်သား ၁၀၀,၀၀၀
၄၅။ ဒိုင်းမွန်းစတား မိသားစု ၂၇၅,၆၀၀
၄၆။ မအိ ၅၀,၀၀၀
၄၇။ မခိုင် ၁၀,၀၀၀
၄၈။ ဦးတင်စိန် + ဒေါ်နီနီလွင် ၅၀,၀၀၀
၄၉။ Black Chaw ၅,၀၀၀
၅၀။ မသဲနုအေး ၁၀၀,၀၀၀
၅၁။ ကိုဆာမိ ၁၀၀,၀၀၀
၅၂။ ဦးအောင်မြင့် + ဒေါ်မြမြ ၃၀,၀၀၀
၅၃။ ဦးအောင်ကြည် + ဒေါ်ခင်ဌေးဝင်း ၂၀,၀၀၀
၅၄။ etone & AKKO ၃၀,၀၀၀
၅၅။ WOW ၁၀,၀၀၀
၅၆။ မောင်ဘလှိုင် ၃၀,၀၀၀
၅၇။ အင်ဇာဂီ ၁၀,၀၀၀
၅၈။ hmee ၂၀,၀၀၀
၅၉။ ကိုနိုဇိုမိ ၂၀,၀၀၀
၆၀။ မသဲနုအေး ၁၀,၀၀၀
 စုစုပေါင်း ၈,၀၄၀,၀၀၀

 

မိတ်ဆွေ သင်္ဂဟ ၊ နီးစပ်ရာများသို့လည်း ယခုပို့စ်ကို ဝေမျှနိုင်ပါသည်……

136 comments

  • ကေဇီ

    October 30, 2014 at 7:25 pm

    ဂဇက်ရွာသား တစ်ဦး အမှူးပြု
    စိတ်အားလူအားငွေအားစိုက်ထုတ်ကြတဲ့ သူတွေ ကို သာဓု အရင်ခေါ်သွားပါတယ်။
    နောက်မှပြန်လာမယ်နော်။

    😆

    • ဦးကျောက်ခဲ

      October 30, 2014 at 8:58 pm

      သာဓု သာဓု သာဓုပါခင်ဗျား…
      ဘောနပ်စ်များများရပြီး ကြိုက်တဲ့မင်းသားတွေ ဂေးသွားရသောဘေးမှ ဝေးပါစေကွယ်…
      ပြန်လည်းလာခဲ့ ဘောနပ်စ်ထွက်ရင်လည်းထပ်လှု… အဟိ
      :k:

      • ကေဇီ

        October 31, 2014 at 8:34 am

        ငင်????
        ကိုယ်က ကြိုက်လိုက် သူများနောက်လိုက် ဘွမှလည်း ကင်းဝေးရပါလို၏။
        အဟိဟိဟိ။
        :mrgreenn:
        နောက်တာပါဗျာ။
        အိုစာ မင်းစား ကောင်းကောင်းနဲ့ ..
        အိုကံ မင်းကံ ပဲ ကောင်းချင်ပါတယ်။
        :kwi:
        ပြောရင်း ခေါင့် ကို သတိရသွားပြီ။

  • မွသဲ ( 17082011 )

    October 30, 2014 at 7:54 pm

    ကျွန်မလဲ အလှုငွေကူညီကောက်ခံပေးနိုင်ပါတယ်ကျောက်စ်ရေ။ ဖုန်းနံပါတ်ရှိတယ်မဟုတ်လား။

    • ဦးကျောက်ခဲ

      October 30, 2014 at 9:01 pm

      ထပ်ပြီး အားဖြည့်လိုက်ပါပြီ မွသဲရေ… ကျေးဇူးပါခင်ဗျ…
      🙂

  • kyawtheinmyint

    October 30, 2014 at 10:13 pm

    ကျနော်လည်း ကျပ်တသိန်း ပါဝင်လှူ ပါတယ်။ငွေကတော့ ကျနော့် ညီ သူရန်ကုန်ရောက်တဲ့ရက်မှာ လာလှူ ပါလိမ့်မယ်။

    • ဦးကျောက်ခဲ

      October 31, 2014 at 12:31 pm

      စာရင်း တို့ထားလိုက်ပါ့မယ် ကို kyawtheinmyint ခင်ဗျာ…
      ၂-လလောက်တော့ အချိန်ရပါသေးတယ်…
      🙂

      • Shwe Ei

        November 3, 2014 at 4:38 pm

        ကိုကျော်သိန်းမြင့်-အလှူငွေ တစ်သိန်း မနေ့ကဘဲ (၂ရက် ၁၁လ) လက်ခံရရှိပါတယ်ခညာ 🙂

    • ဦးကျောက်ခဲ

      November 14, 2014 at 2:34 pm

      YUYA MON ရေ…. PayPal ကနေ လွှဲလိုက်တဲ့…
      အမေဂျီးကန်ဒေါ်လာ ၁၀ဝ ၊ လက်ခံရရှိပါတယ်…
      သာဓု… သာဓု… သာဓုပါ ခင်ဗျာ…
      🙂

  • kai

    October 31, 2014 at 3:37 am

    ကျုပ်ကတော့.. လှူတဲ့သူတွေကို.. လှူမယ်လို့.. ပြောပြီးသားနော..။
    မဲဖောက်ပြီးပျော်ကြရအောင်.. ငွေမဟုတ်.. ပစ္စည်းပဲလှူမှာဖြစ်ပါတယ်..။

    ဒါပေမယ့်.. နာမယ်မပါမှာစိုးလို့ရယ်…။ ငါ့လက်ကလွတ်ဗြွတ်အလှူမဟုတ်တာလို့.. ဦးဆောင်သူတွေကိုယုံကြည်တာကြောင့်ရယ်..။ မူလအလှူမှာလည်း.. ၅ဒေါ်လာ ပါပါ့မယ်..။ :k:

    • ဦးကျောက်ခဲ

      October 31, 2014 at 7:04 am

      ဟုတ်ကဲ့… သဂျိုင်ခီး ၅-ဒေါ်လာလို့ စာရင်းတို့ထားလိုက်ပါ့မယ်…
      :k:

    • kai

      October 31, 2014 at 7:12 am

      လက်ဆောင်တွေစဝယ်မယ်ဗျို့..
      … ဒေါ်လာ ၂၀ဝဖိုးလောက်မှန်းတယ်..။
      မန်ဘာတွေစုပြီး.. ခရီးသွားမယ်ဆို.. ဇီဇီရဲ့ လှူငွေ.. ကျပ် ၁သိန်းကို သီးသန့် အသုံးစရိပ်အဖြစ်.. ပို့ပေးဦးမယ်ဖြစ်ကြောင်း..။
      Khaing Zar Win (99166 Kyats )

      သာဓု..။ :k:

      • ကေဇီ

        October 31, 2014 at 7:51 am

        တညားလည်း ဒီ တစ်ပတ်မှ စ ဝယ် ရမှာ။
        ဟိ။
        မွမွတွေ အတွက်ပဲ စဉ်းစားလို့ ရသေးတယ်။
        အကိုကြီးတွေ ဘာလိုချင်တုန်းမသိ (အလှူလိုက်မဲ့ အကိုဂျီး တွေကို ပြောတာ)
        ဒဘယ် ဘလွတ်လို့ တော့ မပြောကြနဲ့။
        ပုဆိုး ဆင်တူ ယူမားးး
        ယိမ်း က ရအောင်။
        အဟီးဟီးဟီးးး

        :k:

        • အလင်းဆက်

          November 3, 2014 at 9:37 am

          ကချင်ပုဆိုး ဆိုရင်တော့ ဖွေးဖွေးတံဆိပ် ပါတာလေး… ရှာကြည့်ပါဦးနော်..

          :k:

      • ဦးကျောက်ခဲ

        November 14, 2014 at 2:37 pm

        ကျောက်စ်မောင်နှံလည်း ကံစမ်းမဲအတွက်…
        လက်ဆောင်လှလှလေးတွေ ဝယ်ယူစုဆောင်းနေပါကြောင်း… ခွိ
        :k:

    • manawphyulay

      November 1, 2014 at 10:52 am

      မနောလည်း တတ်နိုင်သလောက် ပါပါမယ့်ရှင်

  • မြစပဲရိုး

    October 31, 2014 at 4:10 am

    ညီအစ်မများမှတစ်ဆင့် လက်ဆင့်ကမ်း ပေးနိုင်ရန် စီစဉ်လိုက် ပါမည်။
    ကျေးဇူးပါ ကျောက်စ်။ :))

    • ဦးကျောက်ခဲ

      October 31, 2014 at 12:33 pm

      ကျေးဇူးပါ အရီး မြစပဲရိုး မုတ်ဆိတ်ခင်ဗျား… :k:

  • Yae Myae Tha Ninn

    October 31, 2014 at 8:46 am

    ဘယ်နေ့ နောက်ဆုံးလဲ.. လက်ရှိဆိုရင်တော့ ၅ ထောင်ကျပ်လောက်ပဲ ထည့်နိုင်မယ်… ကြာဦးမယ်ဆိုရင် စုဘူးလေးနဲ့ စုထားပေးမယ်… လူအားကတော့ ပါမယ်ဗျို့… 🙂

  • kyeemite

    October 31, 2014 at 9:11 am

    .ကိုရေမြေ့ရယ်…ပို့စ်ထဲမှာ အလှူခံနောက်ဆုံးရက်ပါတယ်လေကွယ်…
    .ကိုကျောက်စ်ရေ…လှူပြီးသူတွေအတွက်သာဓုအရင်ခေါ်ပါတယ်ဗျို့
    .ကျုပ်လည်းလှူ ပါ့မယ်နော…
    .သဂျိုင်ခီးအလှူ ကလည်းအားတက်စရာပါပေ :k:

    • ဦးကျောက်ခဲ

      October 31, 2014 at 12:36 pm

      နောက်ဆုံးရက်ကတော့ လွတ်လပ်ရေးနေ့ပါ ကိုရင် သနင်းရေ…
      ဆြာမိုက်ရဲ့ ဒါနပါရမီကိုလည်း စောင့်မျှော်လျှက်ပါ… အဟိ :k:

      • Yae Myae Tha Ninn

        October 31, 2014 at 12:46 pm

        သွားမယ့် ရက်က ပိတ်ရက် ဖြစ်ရင် ကောင်းမယ်ဗျာ… လွတ်လပ်ရေးနေ့လောက်ဆို.. တသောင်းထည့်မယ်… မှတ်ထားလိုက်… အဲနေ့ ဖြစ်ဖြစ်.. ဦးဆာ နဲ့ ဖြစ်ဖြစ် ပေးမယ်… အလှူငွေပဲလား.. ပစ္စည်းရော.. ဆိုကြပါစို့.. ရုံးမှာ ကော်ဖီလှူမလား.. ဘာလှူမလဲ… မေးကြည့်ပေးမယ်.. ပိုက်ဆံလဲ ကောက်ကြည့်မယ်… အိုကေနိုင်လား… 🙂

        • ဦးကျောက်ခဲ

          October 31, 2014 at 1:03 pm

          သွားမည့်ရက်က အများအဆင်ပြေအောင် ပိတ်ရက်ပဲဖြစ်ပါလိမ့်မယ်
          လှုတာတော့ အဆင်ပြေသလို လုပ်ပါ ကိုရင် 🙂

  • မန်းလေးအတွက်က အလှူငွေကောက်ပေးပါမယ်

    ကျနော်ဖေစ်ဘုတ်က မိတ်ဆွေများကိုလဲ ရှယ်ယာလုပ်ပေးပါမယ်

    နောက် မန်းလေးမြို့ ကနေ ကောက်ခံ ရတဲ့ ငွေ အတွက် ဘဏ်လွှဲခ ကို ကျနော် စိုက်ပါမည်

    • ဦးကျောက်ခဲ

      October 31, 2014 at 12:37 pm

      သာဓုပါ ကိုပေါက်ရေ ၊ အခုလိုကူညီတဲ့အတွက် အားတက်မိပါတယ်… 🙂

  • Wow

    October 31, 2014 at 9:20 am

    အနော်လဲပါမယ် :kwi:

    • ဦးကျောက်ခဲ

      October 31, 2014 at 12:39 pm

      မပါလို့ ဘယ်ဖြစ်မလဲ… ဘောနပ်စ် ထွက်မည့်အချိန်အထိ စောင့်ပေးမှာ :k:

  • ရာမည

    October 31, 2014 at 9:46 am

    အထက်ဖေါ်ပြပါ ပို့စ်များမှဓတ်ပုံများ ယူသုံးခွင်ပြုပါခင်ဗျာ ။
    ကျွန်တော်များ ပေ့ချ်နဲ့ဂရုမှာ နှိုးဆော်ချင်လို့ပါခင်ဗျ

    • ဦးကျောက်ခဲ

      October 31, 2014 at 12:40 pm

      လွတ်လပ်စွာမျှဝေနိုင်ပါတယ် ရဲကိုကိုရေ… အဟိ :k:

  • Novy

    October 31, 2014 at 10:11 am

    မနိုလဲ အလှူ ငွေ ထဲ့ပါမယ်
    သူငယ်ချင်တွေကိုလည်းအလှူခံလိုက်ပါအုံးမယ်

    • ဦးကျောက်ခဲ

      October 31, 2014 at 12:42 pm

      သာဓုပါ… ကျောင်းအမ ရဟန်းအမဂျီး (ကိုဂျီးကို ရဟန်းဝတ်ပေးလိုက်) မနိုရေ… :k:

  • ခင် ခ

    October 31, 2014 at 10:58 am

    ဆြာကျောက်ရဲ့ အလှုနိုးဆော်စာ အရေးအသားကတော့ ကောင်းပါ့ပေ့ဗျာ။
    ဂဇက်ရွာအလှုဆိုတော့လည်း ပါဝင်ပါ့မယ်နော်။

    • ဦးကျောက်ခဲ

      October 31, 2014 at 12:45 pm

      အဟီး… ရွာပြန်ပြီး ဂေါပကလုပ်စားရင် ကောင်းမလားလို့…
      ကိုဂျီးခ… အလှုငွေ ဂဏန်း ဘယ်နှစ်လုံးလဲ သာပြော… ရှေ့က ၉ ထည့်ပေးမယ်
      :k:

      • ခင် ခ

        October 31, 2014 at 1:53 pm

        အင်း အဲလိုဂျီးလားဗျ ဇန်နာဝါရီ ဆြာ နှစ်ပတ်လည်နေ့ထူးမြတ်မတိုင်မှီ ထဲ့ပါမယ်ဗျ။
        ဒါနဲ့ ဘဏ်စာရင်းလေးရေးပြထားတယ်လေ (မအိကြည်ပြာစိုး – အကောင့်အမှတ် – 0016600100035629 – CB Bank) ဒါနဲ့ ဘယ်မြို့နယ်ဘဏ်လဲဗျ ဥပမာ – ကမာရွတ်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ ကြည်မြင်တိုင်မြို့နယ် အဲလို အဲလို တွေညွှန်းရမလားဘဲနော်။

        • ဦးကျောက်ခဲ

          October 31, 2014 at 3:42 pm

          ဆရာခရေ … သတိပေးတာ ကျေးဇူးပါ…
          အပေါ်ကပို့စ်ထဲမှာ ထပ်ဖြည့်ထားလိုက်ပါပြီ ခင်ဗျ…
          🙂

  • pooch

    October 31, 2014 at 11:04 am

    ဟုတ်ကဲ့ ဦးကျောက် လှူပါ့မယ်

    • ဦးကျောက်ခဲ

      October 31, 2014 at 12:47 pm

      ဟွင့်… မလှုရင် မန်းကိုလာပြီး ဖလား ဒဂေါက် ဂေါက်… နောက်က လိုက်ခေါက်မယ်
      :k:

  • ဦးဦးပါလေရာ

    October 31, 2014 at 12:09 pm

    အလှူငွေကောက်မယ့် နောက်ဆုံးရက်နဲ့ သွားလှူမယ့်ရက်တွေကို လိုအပ်ရင် ပြန်ညှိနှိုှု်င်း ပေးစေချင်ပါတယ်…။
    လိုအပ်ရင် တစ်ကြိမ်ထဲ အပြတ်ထည့် တစ်ခါထဲ သွားလှူဆိုတာမျိုးထက် ပိုပြီး ဆွဲဆန့်နိုင်အောင်လဲ
    စဉ်းစားပေးစေချင်ပါတယ်။

    ၂၀၁၅ ခုနှစ် ဇန်နဝါရီ လထဲမှာ မန်းဂဇက် မိသားစုရဲ့ စာမူဆုပေးပွဲနဲ့ တွေ့ဆုံပွဲရှိပါတယ်…
    အဲဒါနဲ့ တနည်းနည်းနဲ့ ဆက်စပ် သွားနိုင်ပါတယ်။ ဒီလူတွေပဲ လေ….။

    ဗြောင် ပြောရရင်-
    ဆုပေးပွဲရော တွေ့ဆုံပွဲရော ဟာ
    နောင် လ တွေ နှစ်တွေ မှာ မှန်မှန်ကြီး ဆက်လုပ်နိုင်နေမယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး…
    လုပ်နိုင်တုန်း တွေ့ခွင့်ရှိတုန်း လူစုံစုံလေး တွေ့ဖြစ်ကြရင် ကောင်းမှာဖြစ်သလို
    အဲသည် လူစုံစုံလေး ကို အဲသည်ကျောင်း ခေါ်သွားရရင် မကောင်းလား ….. ဆိုတဲ့ အတွေးမျိုးလဲ ပေါ်မိလို့ပါပဲ။
    အများနဲ့အတူ လိုက်ထည့်တဲ့ စိတ်နဲ့ ကိုယ်တိုင် မြင်ရတဲ့အခါ ပေါ်လာတဲ့စိတ် မတူပါဘူး…..

    ကျုပ်က သံလျှင်ကို မကြာခဏ ရောက်ပါတယ်…
    စိတ်ခိုင်ခိုင်ထားနိုင်တဲ့နေ့ အဲသည်ရ်ပ်သာကို သွားပါဦးမယ်…..

    • Mr. MarGa

      October 31, 2014 at 12:16 pm

      ဦးပါရဲ့ အတွေးကို ထောက်ခံပါကြောင်း
      (ရန်ကုန်ကို နှစ်ခါမလာရတော့တာပေါ့)
      ဆိုတော့
      တစ်ရက်တည်း (ဒါမှမဟုတ် စနေပါထည့်ပြီး နှစ်ရက်) ဆိုရင် အဆင်ပြေမလားးး လို့

    • ကေဇီ

      October 31, 2014 at 12:22 pm

      တစ်ရက်တည်းလည်း ပတ်တနာမရှိ။

      မနက် ဆုပေးပွဲ လာသူတွေ ကို ဆုပေးပွဲမှာတွေ့…
      နေ့ခင်း အလှူလိုက်ရင် လိုက်တဲ့သူတွေ အလှူမှာတွေ့…
      ညနေ အဲ ဒီ ၂ မျိုးလုံး မလာတဲ့သူတွေကို သီးသန့်တွေ့…

      -ဖတ်ရွေး
      -ကဗျာချစ်သူ
      -စာကြမ်းပိုး
      -လူဇိုးတစ်စု
      -ဒါဇင်ပလပ်

      အင်းးးးး
      ညမှ အိပ်ရပါ့မလားးး 🙄

      :k:

    • ဦးကျောက်ခဲ

      October 31, 2014 at 12:54 pm

      အလှုတော်ငွေအတွက် သာဓု သာဓု သာဓုပါ ဦးပါရေ…
      အလှုတော်မင်္ဂလာရက်ကိုတော့ အများအဆင်ပြေမည့်ရက် ပြန်ညှိပါ့မယ်…
      ကျန်တာလည်း တသဘောတည်းပါ… အဲဒါကြောင့် ဇန်နဝါရီကို ရည်ရွယ်ထားတာပါ…
      အဲသည့်နောက်ပိုင်းဆိုရင် ကျောက်စ်လည်း ပြန်လာဖို့ မလွယ်တော့ဘူး…
      :k:

  • Mr. MarGa

    October 31, 2014 at 12:11 pm

    ကောက်ပေးပါမည်….. ရှယ်ပေးပါမည်…. လှူပါမည်
    လိုက်နိုင်ဖို့လည်း အားခဲထားပါသည်

  • ကေဇီ

    October 31, 2014 at 12:14 pm

    လူစုံမှ ပဲ …
    တညား ငိုချင်းလေး လာချမယ်နော်။
    အဟင့်!!

    :h:

    • ဦးကျောက်ခဲ

      October 31, 2014 at 12:57 pm

      ငိုနဲ့အေ… ဂလောက် လေယာဉ်လက်မှတ်ပေါတာ…
      ၂-ည အိပ်လောက်ပြန်လာ ဘာဖြစ်မှာမို့လို့လဲ…
      မင်းတားဂျီးကို ၁-ရက်ထဲပါ…လို့ :k:

    • sorrow

      October 31, 2014 at 5:09 pm

      ..လေယဉ်လက်မှတ်တဝက်မျှခံမယ်ဆို စဉ်းစားမလားဟင်….အမြင်ကပ်ပုဒ်မနဲ့တော့ business class ..စီးနဲ့ပေ့ါဗျာ…အဟီး

      • ကေဇီ

        November 1, 2014 at 6:28 am

        ဂယ်ဂျီးးးလားးး
        ဂလို စကားးးထွက်လာတာကို အတော် ချစ်ဖို့ ကောင်းးးး
        :chit:

  • weiwei

    October 31, 2014 at 2:07 pm

    အလှူငွေ တစ်သိန်း ထည့်ပါမယ်လို့ ..
    တွေ့ဆုံပွဲနဲ့ အလှူပွဲကို တစ်ရက်ထဲ လုပ်လိုက်တာ အဆင်ပြေလိမ့်မယ်ထင်ပါတယ် …
    အစားအသောက်အတွက် နေ့ဆွမ်းတစ်နပ်စာ (သီးစုံပဲကုလားဟင်း+ငါးခြောက်အစပ်ကြော်) ဆိုရင် ၅ သိန်းလောက်ပဲ ကျပါတယ် .. အဲဒါဆိုရင် လူ ၂၅၀ဝ စာလဲ လှူပြီးသားဖြစ်ပြီး ကျွန်မတို့လဲ တစ်ခါထဲ အဲဒါမှာ စားသောက်လိုက်လို့ရမယ် ..
    ဆုပေးပွဲကိုတောင်မှ အဲဒီမှာပဲ လုပ်ချင်ရင် လုပ်လို့ရပါတယ် … (မို်က်နဲ့စပီကာမသုံးရင် အသံသိပ်မကျယ်ပါဘူး) ..
    တခြားပိုကောင်းမယ့်အစီအစဉ်ရှိရင်လဲ ဆွေးနွေးကြပါအုန်း …

    • ဦးကျောက်ခဲ

      November 4, 2014 at 9:34 am

      မဝေရေ… ကျောက်စ်လည်း အဲသည့်လိုလှုချင်တယ်…
      အားမနာတန်းပြောရရင် မဝေခြံမှာ လူစု ၊ ပြီးရင်သွားလှုကြမယ်လေ
      :k:

    • ဦးကျောက်ခဲ

      November 4, 2014 at 9:37 am

      ဖြစ်အောင်စီစဉ်ကြမယ်လေ ကိုကြီးပေါက်…
      ကိုကြီးပေါက်ဆင်းလာနိုင်ရင်တော့ ပြီးပြည့်စုံတဲ့ပွဲပေါ့…
      🙂

  • kai

    October 31, 2014 at 3:13 pm

    paypal အကောင့်ကလေးလုပ်ပြီး.. ၅ဒေါ်လာ.. ၁ဝဒေါ်လာအလှူခံရင်လည်း.. လူများရင်ငွေများနိုင်တာပဲ..။
    အိုဘားမားတို့.. ကင်န်ပိန်းတောင်.. အဲလိုငွေရှာတာ..။
    ဦးကျောက်စ်တုံးမှာ.. အကောင့်ရှိလား..။

    • ဦးကျောက်ခဲ

      November 4, 2014 at 9:41 am

      ဟွင့်… အခုအထိ ဦးကျောက်တုံးလို့ ခေါ်နေတာ မနိပ်ပါဘူး…
      သဂျီး ကျောက်စ်ရဲ့ paypal အကောင့် သိသားနဲ့…
      အမေဂျီးကားက အလှုရှင်များကို သဂျီးစုကောက်ပေး ၊ ကျောက်စ် ညွှန်လိုက်မယ်
      :k:

      • kai

        November 4, 2014 at 4:58 pm

        တွေးတာက… ဒီဝက်ဘ်ဆိုက်ရဲ့.. ညာဖက်မှာ.. အလှူခံ လင်ခ့်ကလေးလုပ်ပြီး.. paypal ကတဆင့် ခဏဝင်လာတဲ့သူတွေပါ.. ပမာဏနည်းသည်များသည်မဆို.. လှူလို့ရအောင် လုပ်ပေးချင်တာ…။

        • မြစပဲရိုး

          November 5, 2014 at 12:29 am

          လုပ်ပါ သူကြီး။
          အင်မတန် ကောင်းတဲ့ idea ပါ။ (ဒီတစ်ခါတော့) :))
          ဒါဆို paypal ကနေ လွှဲပါ့မယ်။

        • ဦးကျောက်ခဲ

          November 14, 2014 at 2:42 pm

          ကျေးဇူးတင်ပါတယ် သဂျီးရေ…
          ဝက်ဘ်ဆိုက်ရဲ့ ညာဖက်မှာ အလှူခံ လင်ခ့်ကလေးတွေ့ပါတယ်…
          သေခြာအောင် ထပ်ပြောပါ့မယ်… ကျောက်စ်ရဲ့ အကောင့်က…
          u.kyauk.gz@gmail.com ပါ ခင်ဗျား…
          :k:

        • kai

          November 14, 2014 at 3:04 pm

          Currently PayPal accounts in Hong Kong are only able to send payments. This recipient is not eligible to receive funds.

          ဒါပဲတက်နေသဗျ..။ နည်းလို့လားဆိုပြီး ..၁ဝဒေါ်လှကြီးများတောင်.. တိုးလှူတာ.. ဒါလည်းမရ..။

          ဆိုတော့..
          အောက်ကဝက်ဘ်ဆိုက်လေးကြည့်ပြီး.. နည်းနည်း.. Fix ဦးဗျ..
          https://www.paypal-community.com/t5/Sending-and-receiving-money/Your-recipient-must-first-set-up-his-or-her-account-to-receive/td-p/221044

  • Ma Ma

    October 31, 2014 at 8:07 pm

    ပိုစ့်ကို ဖတ်ပြီး မန့်ဖို့ကို ကွန်အဆင်မပြေတာနဲ့ အတော်လေးတောင် နောက်ကျသွားတယ်။
    အလှူ ငွေ၁သိန်း ထည့်ပါမယ်။
    ကျောက်စ်ပြောသလိုပဲ ဂေဇက်မိသားစုနာမည်နဲ့ ကမ္ဗည်းထိုးပြီး လှူ တာကို ပိုသဘောကျတယ်။
    ဖတ်မိတိုင်း ကုသိုလ်ပွားရတာပေ့ါ။ 🙂

    • ဦးကျောက်ခဲ

      November 4, 2014 at 9:45 am

      သာဓု x ၃ ပါ အန်တီမမရေ… စာရင်းတို့လိုက်ပြီ…
      ထပ်လှုချင်ရင်လည်း ရပါသေးတယ် ခီမြ…
      :k:

  • လုံမလေးမွန်မွန်

    November 1, 2014 at 12:06 am

    ​ဘောနပ်​စ်​​စောင်​့​တော့ အဆင်​​ပြေတာ​ပေါ့ အူး​လေးရယ်​.. သများတို့အတွဲလည်​းလှူပါမယ်​လို့..

    ဒါနဲ့ အဘိုးအဘွား​တွေနဲ့ စကား​ပြော​ဖော်​ရ​အောင်​ ဟိုတစ်​​ယောက်​ကို အ​သေအချာ​ခေါ်ခဲ့မယ်​ 😀

    • ဦးကျောက်ခဲ

      November 4, 2014 at 9:48 am

      သာဓု ကွယ်… ကျောက်စ်တူမက အားကိုးရတယ်…
      နီးစပ်ရာလည်း အလှုခံပေး ၊ ဟို ကျက်တူရွေးဂျီးကိုလည်း စကားသင်… ခွိ ခွိ
      :k:

  • sorrow

    November 1, 2014 at 8:52 am

    ..ကိုကြီးကျောက်စ်….တားတားတို့ ( တားတား ကချင်နုထွားကြီး +လေယာဉ်မယ် ချစ်တီးမကြီး )
    .. နှစ်သိန်း စာရင်းတို့ပေးပါခင်ဗျာ..

  • sorrow

    November 1, 2014 at 8:54 am

    …မှားလို့ .( .နှစ်သိန်း + ငါးဒေါ်လာ ) …တဂျီးကို ချစ်လို့..သူ့နောက်ကလိုက်တာ
    …ရွဲ့ စိန်လုပ်ခြင်းမဟုတ်ပါ…အဟီး….

    • ဦးကျောက်ခဲ

      November 4, 2014 at 10:00 am

      အားရသဗျာ… ကျောက်စ် အလှုရည်ရွယ်ချက်ပြည့်တယ်…
      သက်ကြီးရွယ်အို ဒုက္ခသည်တွေကို ကူညီရတာ ပီတိဖြစ်တယ်ဗျာ ….
      :k:

      • sorrow

        November 5, 2014 at 12:09 pm

        ..တကယ်က ချစ်ခင်လေးစားရတဲ့ အစ်ကိုကြီး ဦးဆောင်တဲ့နောက်…ညီတစ်ယောက်အနေနဲ့တတ်အားသမျှ ..ပါဝင်ခြင်းပါခင်ဗျ…ဂုဏ်ယူလေးစားပါကြောင်း ( တကယ်က ဖြူဖွေးပိုက်ဆံ..အဟိဟိ )

  • ဦးကြောင်ကြီး

    November 1, 2014 at 10:33 am

    ဟုတ်ခြင်းမှုတ်ခြင်းကင်း
    မှန်ဂျင်းမှားဂျင်းမဲ့
    ခြစ်ခြင်းမုန်းဂျင်းမပါ
    သဘောစိုယုန်မျှ
    သပ်သပ်လေးနဲ့
    ထူမမယ်
    လှူ ဂျကွယ်..

    • ဦးကျောက်ခဲ

      November 4, 2014 at 10:03 am

      ခီများကို မိတ်ဆွေရင်းမို့ ဘေးမဲ့ပေးထားတယ်…
      စာရေးတာ အနှောင့်အသွားလွတ်အောင် မရေးဘူး….
      :k:

  • Kaung Kin Pyar

    November 1, 2014 at 1:19 pm

    အလှူအတွက် ၁သိန်း ထည့်ပါမယ်…
    အလှူငွေထည့်ဖို့အတွက်….ဆက်သွယ်လိုက်ပါ့မယ် အူးကျောက်စ်ရေ…

    • ဦးကျောက်ခဲ

      November 4, 2014 at 10:06 am

      ညီမလေး ဒီကေဘီအေကိုလည်း သာဓုပါ…. အဟိ
      ဦးကြီးကြောက် ဘာမှမသိ… ခွိ ခွိ
      :k:

  • Yae Myae Tha Ninn

    November 1, 2014 at 1:28 pm

    အော်… သူများတွေ အလှူငွေ ထည့်နေလိုက်ကြတာ… အားကျစရာပဲ… ပိုက်ဆံလဲ ရသလောက် ကောက်ခဲ့ပါ့မယ်.. မုန့်နဲ့ ကော်ဖီ အတွက်လဲ ရုံးက အလှူခံထားပါတယ်… ဟဲ… လူအား နိုင်သရွေ့ လုပ်ထားကြောင်းပါ… 🙂

    • ဦးကျောက်ခဲ

      November 4, 2014 at 10:08 am

      ဂျူနီယာ ကိုရေမြင်းရေ… သာဓုပါဗျ
      လုပ်အားဒါနကလည်း မွန်မြတ်ပါသတဲ့….
      🙂

  • ကေဇီ

    November 2, 2014 at 7:19 pm

    ကျနော့ သူငယ်ချင်း ဝါလေးက …
    အလှူအတွက် စလုံး ၁၀ဝ ပေးထားတယ်။
    အဲဒါ ကိုမတ်ဆီကို မြန်မာ ပိုက်ဆံလွှဲလိုက်မယ်နော်။
    :k:

    • ဦးကျောက်ခဲ

      November 4, 2014 at 10:12 am

      ဝါလေးလည်း ဝါးတားတားမဖြစ်ပဲ…
      အလှုအကျိုးကြောင့် အစဉ်ပြေပါစေလို့… အဟိ
      :k:

  • အလင်းဆက်

    November 3, 2014 at 9:42 am

    ဘုရား သဂျား မလို့….
    အဲဒီ အလှူနေ့ဟာ Sunday + အချိန်ပို မဝင်ရတဲ့နေ့ ဖြစ်ပါစေသား…

    • ဦးကျောက်ခဲ

      November 4, 2014 at 10:14 am

      ဂွဇက်မင်းတား မလာလို့ ဖြစ်မလား…
      အိမ်ပေါ်ကနေ ကုတ်နဲ့ကော်ချမယ်… အားဟိ
      :k:

  • Ma Ei

    November 3, 2014 at 10:38 am

    ရွာ့အလှူ တိုင်း ပါနေကျ မို့
    စာရင်း တို့ ထားပေးပါ ဗျို ့…..

    • ဦးကျောက်ခဲ

      November 4, 2014 at 10:18 am

      ကျောက်စ်အမတွေ ဒါမျိုးဆို လက်မနှေးမှန်းသိပြီးသား…
      အမတွေအားကိုးနဲ့ ကျောက်စ်အလှုခံရဲတာခင်ဗျ…
      🙂

  • myat pearl phyu

    November 3, 2014 at 1:42 pm

    သမီးလည်း လှူမယ်နော်…။ ဖုန်းဆက်လိုက်မယ်လေ…။
    အရင်ရွှေပြည်သာသီလရှင်ကျောင်းအလှူတုန်းကတော့ MICT Park ထဲမှာ အလုပ်လုပ်တဲ့ အစ်ကိုတစ်ယောက်ဆီသွားပြီး အလှူငွေပေးလိုက်တယ်။ အလှူငွေကော အလှူကိုရော လိုက်ပါနိုင်အောင် ကြိုးစားပါ့မယ်ချင့်..။

    • ဦးကျောက်ခဲ

      November 4, 2014 at 10:21 am

      နည်းတယ်များတယ်မဟုတ်… လှုနိုင်ရင် လှုပါသမီးရေ…
      ဖုန်းသာဆက်လိုက် ရွာ့အကိုအမတွေ ကူကြလိမ့်မယ် သမီး…
      🙂

  • အာဂ

    November 4, 2014 at 5:19 pm

    တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် ပြီးခဲ့တဲ့ရက်ကအဲ့ကိုရောက်သွားမိတယ်။ ဘိုးဘွားတွေ တဲဆောင်တစ်ခုမှာ နေထိုင်ရတာအတော်လေး ကျပ်တည်းတာတွေ့ရပါတယ်။တစ်ဆောင်မှာ လူ ၅ဝ မှ ၁၀ဝ လောက်ရှိပါတယ်။သူမှာထူးခြားချက်က ပြုစုမယ့် ဝန်ထမ်းမရှိတာပါပဲ။နောက်တစ်ခုက ဆရာတော်က သဘောကောင်းတော့ ဘယ်လိုလူမဆိုလက်ခံတာပါတစ်ခု။ သတ်မှတ်စည်းကမ်းမရှိတာတစ်ခုတော့ သိပ်ဘဝင်မတွေ့ဘူး။ ဥပမာ အရက်သမားဆောင်လိုမျိုး ရှိတာမျိုးလေးတွေပေါ့။ အရက်သမားအဆောင်ဆိုတာ တကယ့်အရက်သမားတွေပဲ။ ညနေဘက်ဖြစ်ဖြစ် အပြင်ထွက်အရက်သောက် ကြသတဲ့ ရွာထဲကလူတွေနဲ့လည်းရန်ဖြစ်ကြသတဲ့။တစ်ချို့ဆိုအရမ်းဆိုးလွန်းလို့ လည်းကူးကို ပြောင်းထား တာမျိုးလည်းရှိသတဲ့။နောက် စိတ်ဝေဒနာရှင်တွေလည်းရှိသတဲ့..။ ဆရာတော်ရဲ့ ဝါဒကတော့ အတင်းအကျပ် မခိုင်းဘဲ ဘာသာရေးကို ကိုယ့်စိတ်လေးနဲ့ကိုယ်လုပ်ဆိုတာမျိုးလေးတွေပါ။သဘောက စိတ်ပါမှလုပ်ဆိုတာမျိုးပါ။ အဲဒီမှာက ဘိုးဘွား တွေအပြင် ဘယ်လိုအယုတ်အမြတ်အလတ်မရွေးလက်ခံတယ်။ ဘာပဲပြောပြောတစ်ချို့ ဘိုးဘွားတွေ နေရထိုင်ရတာဆင်းရဲတာတွေ့ရပါတယ်။ ကျွန်တော်ကတော့ အဲဒီမှာလှူပြီးပြီးဆိုတော့ အခု မပါနိုင်တာတောင်းပန်ပါတယ်။ အားလုံးအလှူလေးကို သာဓုခေါ်အပ်ပါတယ်ခင်ဗျာ။

    • weiwei

      November 5, 2014 at 12:24 pm

      မှန်တာပြောရရင် အရင်တုန်းက သဘာဝရိပ်သာအကြောင်းစသိတုန်းက (လွန်ခဲ့တဲ့ ၄ နှစ်လောက်ရှိမယ်) စိတ်ထဲမှာ ဘဝင်မကျခဲ့ဘူး .. ဒုက္ခသည်စခန်းကြီးလိုမျိုးဖြစ်နေတာကိုလဲ မနှစ်မြို့ခဲ့ဘူး ..
      ဒါပေမယ့် တဖြည်းဖြည်းနဲ့ ဆရာတော့်အကြောင်းသိလာချိန်မှာ နားလည်လာခဲ့တယ် ..
      အဓိက အစွဲတစ်ခုကို ပြုတ်အောင် လုပ်ပေးတဲ့ ဆရာတော့်ကြောင့် ဘာစွဲ ညာစွဲ ဘာမှမထားတော့ပဲနဲ့ အပြစ်တင်ခြင်း၊ ဝေဖန်ခြင်းလဲ မလုပ်တော့ပဲနဲ့ တတ်နိုင်သလောက်လေးပဲ လှူနိုင်တဲ့အခါလှူလိုက်မယ် မလှူနိုင်လဲ ဘာမှမဖြစ်ပဲ ဒီအတိုင်းပဲ ထားလိုက်တော့တယ် ..

      • ဦးကြောင်ကြီး

        November 6, 2014 at 1:32 pm

        သာဓု သာဓု သာဓု…

  • uncle gyi

    November 6, 2014 at 11:39 pm

    သန်လျှင်ကိုမရောက်တာကြာလှ
    ဒါပေမဲ့ကိုကျောက်အရေးကောင်းတာကြောင့်
    စိတ်ထဲတော့ပုံပေါ်သား
    ရိပ်သာကအုပ်ချုပ်ပုံလိုတယ်ပြောပြော
    သက်ကြီးရွယ်အိုများ နာမကျမ်းသူများကိုလှူတာကောင်းတဲ့အလုပ်မို့
    အလှူငွေပါဝင်ပါမည့်အကြောင်းကြားပါတယ်ဗျာ

    • ဦးကျောက်ခဲ

      November 14, 2014 at 2:44 pm

      ကျေးဇူးတင်ရှိပါတယ် uncle gyi ခင်ဗျား…
      အလှုတော်ငွေကို ဒီပို့စ်မှာ ဖော်ပြပေးပါ့မယ်…
      🙂

  • မွသဲ ( 17082011 )

    November 7, 2014 at 1:18 pm

    ကျောက်စ် သော်သော်က ငါးသောင်းလှုထားပါတယ်။ update လုပ်ပေးပါအုံး

    • ဦးကျောက်ခဲ

      November 14, 2014 at 2:46 pm

      မွသဲရေ update လုပ်ထားပြီးပါပြီ…
      သာမီးသော်သော်ရေ… သာဓု… သာဓု… သာဓုပါကွယ်…
      🙂

  • padonmar

    November 8, 2014 at 8:38 am

    (အမေရိကန်ဆိုတာက တပြားမှ မလျှော့တဲ့) .ကိုမိုးနဲ့မိသားစု-ယူကေ ရဲ့အလှူ ကျပ် 315000/- လက်ခံရရှိထားပါကြောင်း။

    • kai

      November 11, 2014 at 2:04 pm

      ဒီပွဲမှာ.. အမတော်ပဒုမ္မာပါမလာလို့ကတော့.. ကကြောင်ကြီးကို.. အမြီးဖြတ်ပြီး.. သူချစ်တဲ့.. ဘင်္ဂလီမတွေနဲ့အတင်းပေးစားပစ်မယ်… လို့..။ :i:

      • အလင်းဆက်

        November 11, 2014 at 2:18 pm

        ဖြတ်ပြီးရင် ..အဲ့အမြီးလေး. .. ကျနော့်ကို ပါဆယ်ထုတ် ပို့ပေးနော့.. သူဂျီး ။
        ဒေါ်ဖွားမေ အကြော်အိုးထဲ..မုန့်နှစ်လေးကပ်ပြီး..ထည့်… ရေနွေးကြမ်းနဲ့ မြည်းရအောင်..

        :k:

    • ဦးကျောက်ခဲ

      November 14, 2014 at 2:49 pm

      ကိုမိုးနဲ့မိသားစု-ယူကေ ရဲ့အလှူ တော်အတွက်…
      သာဓု… သာဓု… သာဓုပါခင်ဗျာ…
      အန်တီဒုံလည်း ကျောက်စ်တို့ကို ပစ်မထားပါနဲ့ခင်ဗျာ…
      :k:

    • ဦးကျောက်ခဲ

      November 14, 2014 at 2:56 pm

      နဲနဲစောသေးတော့ ခပ်အေးအေးပဲ ကိုပေါက်ရေ…
      ဒီဇင်ဘာလောက်ဆိုရင်တော့ လှုပ်လှုပ်ရှားရှားဖြစ်မယ်လို့ မျှော်လင့်ထားပါကြောင်း…
      :k:

  • manawphyulay

    November 13, 2014 at 9:52 am

    သည်လောကမှာ
    မြတ်စေတနာဖြင့်
    သီတာရေကြည် စိတ်လက်ရွှင်လန်း လှူဒါန်းသည်မှာ
    ဆုရည်မှန်းကာ မတောင်းပါဘဲ
    ပြည့်လာမြဲဟု ယုံကြည်မှုလျှင်
    ဤလူ့ဘဝတွင် အမွန်မြတ်ဆုံး….

    • ဦးကျောက်ခဲ

      November 14, 2014 at 3:00 pm

      အဟိ… ကျောက်စ် ဂွပြောတယ်လို့ ထင်ကြမှာပဲ…
      လိုအပ်တဲ့သူတွေအတွက် ကွက်လပ်ဖြည့်ပေးတာမို့…
      ဘာ… ဆုမှ မတောင်းပါ… ပီတိနဲ့တင် ကျေနပ်ပါပြီ…
      :k:

  • မဟာရာဇာ အံစာတုံး

    November 19, 2014 at 3:52 pm

    ဥငေး …
    ဂွဇက် ရွာသားတစ်ဦး ဆိုတာ ဘယ်ဒူဒုံး ???
    လှူလည်း လှူသေးတယ်
    နံမယ်လည်း ပြောဘူး ….
    ဒါကတော့ မတရားဘူး …

    ဘာဖစ်ဖစ် ..
    ကျော်ဒို့လည်း ဒီအလှူမှာ ဝင်ကူပါမယ်လို့ …
    အဲ့ဒါ လာပြောဒါ …

    • ဦးကျောက်ခဲ

      December 1, 2014 at 2:33 pm

      ကိုရင်အံတို့ မကူလို့ ဘယ်ဖြစ်မှာတုန်းဗျ…
      ဂဇက်ကနေ ကမကထ လုပ်ပေမယ့် လူတိုင်း ပါဝင်လှုဒါန်းနိုင် ကူညီနိုင်ပါတယ် ခင်ဗျား…
      🙂

      • ခင်ဇော်

        December 1, 2014 at 2:46 pm

        ဘာမှ မဟုတ်ဘူးး
        ကော်မန့် ၁၀ဝပြည့်အောင် လာရေးတာ ကိုကိုကျောက် ရဲ့။
        ဟိ။

        :k:

  • kyeemite

    December 1, 2014 at 1:32 pm

    .အူးကျောက်စ်
    .ကျုပ်ရုံးက အညာတမာက အလှူငွေ၃၀၀၀ဝ လှူထားပါဂျောင်းနဲ့ ကိုဆာနဲ့တွေ့ရင်ပေးလိုက်မည်ဖြစ်ကြောင်း

    • ဦးကျောက်ခဲ

      December 1, 2014 at 2:29 pm

      သာဓု… သာဓု… သာဓု… ပါ ကိုအညာတမာ ခင်ဗျား…
      ဒီရက်ထဲမှာ တွေ့ဆုံပွဲနဲ့ အလှုတော်အစီအစဉ်အတွက် ထပ်ဖြည့်ရေးပါဦးမယ် ခင်ဗျာ…
      🙂

Leave a Reply