ဆိုးပေ၊ သူခိုးကြီး ည နဲ့ ကလဲ့စား…

ကုိ ထြဋ္October 31, 20147min29015

– သူ့နာမည်က ဆိုးပေ…

– နာမည်နဲ့ လိုက်အောင် ဆိုးတဲ့ပေတဲ့ ကောင်လေးပေါ့… သူ့ကို မတရားလာလုပ်ရင်လဲ ရန်ဖြစ်… သူများကို လုပ်နေတာမြင်ရင်လဲ အမြင်မတော်ရင် ဝင်ပါ… ဒီတော့ ပါလေရာငပွကြီးပေါ့…

– လူဆိုတာ အဆိုး ရှိသလို အကောင်းလဲ ပါတတ်ပါတယ်… အသားလွတ် ရမ်းကားဆိုးနေတာမျိုးတော့ မဟုတ်ပါဘူး… ပင်ကိုယ်ဓာတ်ခံကတော့ အဖြူ  သက်သက်ပါ…

– သူများဈေးခြင်းတောင်း မနိုင်တာတွေ့ရင် ဝင်သယ်… အဘိုးကြီး၊ အဘွားကြီးတွေ လမ်းလျှောက်ရင် ဝင်ကူ… ကိုယ့်လမ်းသားနဲ့ သူများ ချရင် ဝင်ချ… ဒီလိုမျိုးကျ  ချစ်လို့လဲ မဖြစ်သလို… ပစ်လို့လဲ မရ…

– သနားဖို့ကောင်းတာက သူများမိဘတွေဆိုရင် ရန်ဖြစ်ပြီဆိုတာနဲ့ ကိုယ့်သားသမီးဘက်ပါတတ်ကြပေမယ့် သူ့အတွက်ကတော့ ဆန့်ကျင်ဘက်…

 

ဘယ်သူမှားမှား ကိုယ်ပဲခံ…

ရန်ဖြစ်တာက မကောင်းဘူး…

လက်ခုပ်ဆိုတာ ၂ ဖက်တီးမှ မြည်တာ…

နောက် ဘာသံမှ မကြားချင်ဘူးနော်…

– အဲဒါက ကူပြီး လိုက်ရှင်းပေးပြီး နားရွက်ဆွဲခေါ်လာတာ မဟုတ်ဘူး… သူများမိဘတွေက အိမ်ကို လာတိုင် ဒါမှမဟုတ် တဆင့်စကားကြားပြီး ဆော်ပလော်တီးရင်း ပြောတဲ့စကား…

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– တနေ့…

– အဲဒီတနေ့ပေါ့….

– ဆိုးပေ ဘဝထဲ  ဂြိုလ်ဆိုး ဝင်ခဲ့တယ်…

– တခုခုဆို ရှေ့က မားမားမတ်မတ် ရပ်တတ်…

– ခေါင်းခံတတ်တာက သူ့ကို ဒုက္ခ ပေးသွားတယ်….

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– ဝေါ… ဝေါ…. ဝေါ…..

 

– ဖြောက်ဖြောက်.. ဖြောက်ဖြောက်ဖြောက်… ဖြောက်ဖြောက်ဖြောက်ဖြောက်…..

 

– ဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးး……. မိုးရွာပြီကွ….

 

– မယ်မယ်(အမေ) သား မိုးရေသော(သွား) ချိုးချင်တယ်…

 

– မချိုးနဲ့ဦး… ခဏပဲ ရွာတဲ့ မိုးက ဖျားတတ်တယ်…

 

– မိုးကြီးမှာပါ… သားသိတယ်… (ပြောပြောဆိုဆို အကျီင်္က ချွတ်နေပါပြီ…)

 

– ခဏ စောင့်ဦး … နောက် ၅ မိနစ်လောက်ထိ ဆက်ရွာရင် ဆင်းချိုး….

 

– ဟုတ်… မယ်(အမေ)….

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– နောက် ၅ မိနစ်ကျော်တဲ့ ထိ ဆက်ရွာတော့ ဆိုးပေ အကြိုက်ပေါ့…

 

– သိသားပဲ… ဒီလောက် မိုးမည်းနေတာ ရွာမယ် ဆိုတာ… ဘောလုံးလေးကိုင်ပြီး မိုးရေထဲ ပြေးဆင်းသွားပါတယ်…

 

– သား … အကြာကြီး ချိုးမနေနဲ့နော်…. ( သူ့အမေအော်တာကို ဆိုးပေ မကြားတော့ပါ… )

 

– အင်း … ဒီကောင်လေးတော့ ပြောမရဘူး… ပြီးရင် သူပဲ ဟတ်ချိုး… ဟတ်ချိုး နဲ့….

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– ဦး… ဝဏ္ဏ ရှိလား…

 

– ရှိတယ်… စာဖတ်နေတယ်….

 

– ဟုတ်လား… ခေါ်လို့ ရလား ဟင်… မိုးရွာတုန်း ဘောလုံးကန်ကြမလို့…

 

– သူ.. မကန်လောက်ဘူး… ပြီးတော့ နည်းနည်းလဲ ဖျားချင်နေတယ်….

 

– ဟုတ်… ဒါဆို… သား သွားပြီ….

 

– အေး… အေး… အအေးပတ်ဦးမယ်နော်…

 

– ( သူမကြားတော့ပါ… ဘယ်ကြားမလဲ… ခေါ်မရမှန်းသိပေမယ့်… ခေါ်ကြည့်တယ်… စိတ်ကလဲ နောက်တယောက်ပြေးခေါ်ဖို့ လောနေပြီ… မဟုတ်ရင် မိုးတိတ်သွားရင် မကန်ရဘဲ နေမှာလေ…. )

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– ဆိုးပေ… မင်းဆင်းလာပြီလား… ငါတောင် လာခေါ်တော့မလို့… ( ဇာနည် နဲ့ ချောကလက်မှိုတက်က အကြံတူနဲ့ လာခေါ်ကြတာပါ… )

 

– အေး… ငါ ဝဏ္ဏကို ခေါ်နေတာ… သူ့ အဖေက မလွှတ်လို့… မလွှတ်မှန်းလဲ သိပါတယ်… ခေါ်ကြည့်ကြည့်တာ…

 

– အာ .. ခေါ်မနေနဲ့.. ရှုပ်တယ်… ကန်တတ်တာလဲ မဟုတ်ဘူး… ဒီမှာ ချောကလက်မှိုတက်လဲ ပါတယ်… လာ.. ပိုင်ပိုင်ကို သွားခေါ်မယ်…. (ဇာနည် )

 

– သင်ပေးရင် ရပါတယ်ကွာ… အေးး.. အေးး… ပိုင်ပိုင်ဆို မင်းခေါ် .. ငါ့ဆို သူ့အမေက ပေးကန်ခိုင်းချင်မှာ မဟုတ်ဘူး… ဖိုးထူးတို့ အိမ်ရှေ့နားမှာ စောင့်နေမယ်….

 

– ( ဇာနည် = ဆယ်အိမ်ခေါင်းသား… ဆိုးပေကို တော်တော်ခင်တယ်… အသက်ကွာပေမယ့် နှုတ်ကျိုးနေတော့ ရွယ်တူလို နာမည်ကို ခေါ်ကြတာ… ငယ်ငယ်တုန်းကဆို သူပဲ ပုံပြင်ပြောပြီး သိပ်ရတာ… )

– (ချောကလက် မှိုတက် = ဇာနည့် ညီ တဝမ်းကွဲ … တလမ်းကျော်မှ လာလာ ကစားတဲ့သူ… )

– ( ပိုင်ပိုင် = အထည်ချုပ်သူဌေး ရဲ့ သား… ဆိုးပေနဲ့ ကစားမယ်ဆို သူ့မိဘတွေက သိပ်ခွင့်မပြုချင်… ဆင်းရဲလို့ နှိမ်တာလဲ ဖြစ်ချင်ဖြစ်မည်… )

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– အော်… ပိုင်ပိုင်ပါ ပါလာပြီပဲ… ( ဇာနည် ဘယ်လို စည်းရုံးရေး ဆင်းလာသည် မသိ… ဒါမှမဟုတ် သူ့အမေတွေ မင်္ဂလာဈေးသွားနေလို့… လစ်လာတာလား… ရတယ်.. ကိုယ်ခေါ်တာမဟုတ်… 🙂 )

 

– ဟေ့ကောင်တွေ ဘာကြေးချမှာလဲ…

 

– ဂိုးတိုင် သိမ်းကြေး… ( ဇာနည် )

 

– ပြီးရောလေ… လူ ဘယ်လို ခွဲမလဲ… ကဲပါ… ငါပဲ ချောကလက်ကို ယူလိုက်မယ်… သေချာကန်နော်.. ချောကလက်… နောက်တန်း ကို ငါ ကြည့်မယ်… ပြန်မဆင်းနဲ့…

 

– ဒီလို နဲ့ မိုးလေးကလဲ တဖွဲဖွဲ… ကန်လို့ကလဲ ကောင်း… ၂ ယောက် ၂ ယောက်ဆိုတော့ ဂိုးကို အုတ်ခဲလေးကို ထောင်ထားရတယ်… လဲသွားရင်  အဂိုး…

– ဝမ်းတူး ရိုက်လိုက်… ဆွဲလိုက်…ဇာနည်တို့က ပြန်ဖျက်လိုက်… သူတို့ ဆွဲသွားရင် နောက်က လိုက်လိုက်..ဆိုးပေတို့တွေက ပြန်ဖျက်လိုက်…

– ကြာတော့ အနီးကပ် ဆွဲသွား.. ကန်လို့ မရမှန်း ၂ ဖက်လုံးက သိလာတယ်… ဖျက် ပြီးရင်.. ဘောလုံးရအောင် အဝေးကနေ အုတ်နီခဲကို တည့်အောင် ကစ်ပြင်းပြင်းနဲ့ ကန်မှ ဂိုးရနိုင်မှာ…

 

– ဒီတော့….

 

– ဒီတော့………..

 

– ဖုန်းးးးးးးးးးးးးးးးးးးးးးးးး…. ဖောင်းးးးးးးးးးးး…. ဖတ်တ်တ်တ်တ်…. ဖုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

 

-( ဂိုးကွ… ဇာနည်တယောက် ဆိုးပေ ကန်လိုက်တာကို ထိန်းရင်းကာ…

 

– ဆိုးပေက.. ပြန်ထွက်လာတဲ့ ဘောလုံးကို ပြန်ထိန်းရင်း… ကန်မလို့ လုပ်တုန်း… ပိုင်ပိုင်တယောက် အားနဲ့ ပြေးပြီး ကန်ထည့်လိုက်တာ….)

 

– ဟာာာာာာာာာာာာာာာာာာာာာာာာာ… သွားပြီ… ပိုင်ပိုင် မင်းသွားကောက်…

 

– အာ… ငါ မကောက်ရဲဘူး… အဲဒီအရူးမကြီးက ဆဲလိမ့်မယ်… ( ပိုင်ပိုင် )

 

– မကောက်ရင် ဘယ်လို ဆက်ကန်မလဲ… ပြီးတော့ အဲဒါ ငါ့ဘောလုံးကွ… ပြန်ပါမလာရင် ငါ့ အမေ မေးရင် … သေပြီ….

 

– အာ…. မင်းပဲ ကောက်လိုက်ပါ… မင်းက ပြောရဲတာပဲ….

 

– မှန်တယ်.. ဒါပေမဲ့ မင်းကန်လိုက်တာလေ….

 

– မကောက်တော့ရင် တက်တော့မယ်ကွာ…. ( ဇာနည် )

 

– နေပါဦးကွာ… ငါ .. ပဲ… သွားပြောကြည့်မယ်… မထူးဘူး….

 

– အန်တီရေ… အန်တီ… ကျွန်တော် ဘောလုံးလေး ကောက်ချင်လို့… (တံခါး ဖွင့်လာပြီး… )

 

– ဟာ.. ကိုကြီးဆိုးပေပါလား… ဟုတ်.. ခဏလေးနော်… ထီးထုတ်နေလို့ ( အရူးမကြီး သမီးငယ် )

– (အမှန်တော့ အရူးမကြီးဆိုသည်မှာ မရူးပါ… သူ့ယောကျာင်္းနှိပ်စက်လွန်းလို့ နည်းနည်းဂေါက်နေတာပါ… ဆံပင်ကို ဒွေးကေညှပ်ပြီး တယောက်တည်း ဆဲနေတတ်တာပါ… )

 

– ရော့… ကိုကြီး… ( အရူးမကြီး သမီးငယ် )

– ( ဟဲ့.. သွားမကောက်ပေးနဲ့လို့ .. ပြောထားရဲ့သားနဲ့… နောက်တခါ ဘောလုံး ဝင်လာရဲ ဝင်လာကြည့် ငါ ဖောက်ပစ်မယ်… ) အရူးမကြီးက မကျေမနပ် နောက်ကနေ အော် နေပါတယ်…

 

– ဟေးးးးးးးးးးးးး… ဟေးးးးးးးးးးးးးးးးးးး ပြန်ရပြီကွ…

 

– လာ နေရာ ရွှေ့ကန်ရအောင်… ထပ်ဝင်သွားရင်… ရတော့မှာ မဟုတ်ဘူး…

 

– ဒါနဲ့ ထပ်ကန်ကြပါတယ်… သိတဲ့အတိုင်းပေါ့… ကစ်ကလေးတွေက အချိန်အဆ တော်တော့… ကွက်တိကို ထပ်ဝင်သွားပါတော့တယ်…………….. ဗျာ…………………………..

 

– ညီမလေးရေ… ညီမလေးးးးးးးးးးးးးး…

 

– ဟဲ့… ဘာလဲ… ( အရူးမကြီး )

 

– အော်… ကိုကြီး ထပ်ဝင်ပြန်ပြီလား… ( အရူးမကြီး သမီးငယ် )

 

– သွားကောက်မပေးနဲ့… ( အရူးမကြီး)

 

– လုပ်ပါဗျာ.. ဒီတခါ နောက်ဆုံးပါဗျာ… ( မိုးလဲ တိတ်ချင်နေပြီကိုး… )

 

– မရဘူး.. နင့်ကို ရပ်ကွက်လူကြီး နဲ့ တိုင်မယ်… ( အရူးမကြီး )

 

– ဗျာာာာာာာာ .. မလုပ်ပါနဲ့ဗျာ…

– ( ဂိုးဒိုင်တွေလဲ ဘယ်သူ သိမ်းလဲ မသိမ်းလဲ မသိတော့ပါ… စိတ်ပျက်လက်ပျက် ခေါင်းငိုင်စိုက်ပြီး ဆိုးပေ တယောက် ပြန်လာခဲ့ပါတယ်.. ဘယ်သူ့ကိုမှလဲ အပြစ်မတင်ပါ… တကယ်တော့ နောက်ဆုံး ကန်လိုက်တာ ချောကလက်ပါ… ဇာနည်တို့ဘက်က ကစ် မမှန်လို့ ဆိုးပေက ဘက်ချိန်းပြီး ကန်တာပါ… နေရာ ရွှေ့လဲ မြေပြန့်ဆိုလို့ အဲနား တဝိုက်ပဲ ရှိတာမို့… သိပ်လဲ မထူးပါချေ… )

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– ပြန်လာပြီလား… သား…

 

– ဟုတ်… (စိတ်ပျက်သံ နဲ့ )

 

– ပြောတော့ ခဏပဲတဲ့… မိုးတိတ်မှ ပြန်လာတယ်… ဘောလုံးရော ဘယ်မှာ ထားခဲ့ ပြန်ပြီလဲ…

 

– ဇာနည်တို့ ဆော့ချင်သေးတယ် ဆိုလို့ ထားခဲ့တယ်…

 

– ဒါဆိုလဲ ရေချိုးလိုက်ဦးနော်.. မဟုတ်ရင် အကြောအခြင်တွေ တက်မယ်.. ငယ်တယ် ဆိုပြီး မပေ့ါနဲ့… ခေါင်းလဲ ရေခြောက်အောင် သုတ်…

 

– ဟုတ် … ( အာခေါင်သံ နဲ့ )

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– ဘောလုံးကို နှမြောတသ နဲ့ စာဖတ်ရင်း ဆိုးပေ တယောက် ဆွေးနေပါတယ်… ချွေးနဲစာ နဲ့ ကိုယ်ပိုင် ဝယ်ထားရတာ… ပြီးတော့ ဘောလုံးက ၃ ထပ်ထပ်ထားတာ…

 

– မိုးတွေ ပြန်ရွာလာပါပြီ… တဖြောက်ဖြောက် နဲ့ အသံက စည်းချက်လို ဖြစ်နေပြီး ချော့သိပ်သလို ဖြစ်နေပါတယ်… နဂိုကလဲ စာအုပ်ဖတ်ရင်း တွေးနေတာမို့… မျက်လုံးက မှေးပြီး အိပ်ပျော်သွားပါတယ်…

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– ဆိုးပေ ရှိလား… ဆိုးပေ… ( အိပ်မက်ထဲမှာလိုလို၊ အပြင်မှာလိုလို နဲ့ ဘဦးစိန်မောင် အသံကို ကြားနေရတယ်… )

– ( စကားတွေ ပြောနေသံ ကြားရတယ်… တွတ်တွတ် … တွတ်တွတ် နဲ့…. )

 

– ဆိုးပေပပပပပပပ … ဆိုးပေပပပပပပပပပပပ… ( ဒါအိပ်မက် မဟုတ်တော့ဘူး… ကျိန်းသေပြီ… )

 

– ဗျာ… မယ် ( အမေ ) ( ရင်ထိတ်နေပါတယ်…)

– ( ဘဦးစိန်မောင် ဆိုတာ ရာအိမ်မှူးပါ… ယခင် ရဝတ မှာ ဧည့်စာရင်းရေးပေးတဲ့.. လူကြီးဆိုလဲ မမှားဘူး…)

 

– ဟာ… ဟိုအရူးမကြီး… တိုင်လိုက်ပြီနဲ့ တူတယ်… ( တဒိန်းဒိန်းကို ခုန်နေပါတယ်… )

 

– ဘဦးစိန်မောင်က အိမ်ကို လာခဲ့ပါဦးတဲ့… ( အဲတုန်းက မှတ်ပုံတင် လုပ်ဖို့လဲ ရှိထားတော့ အဲကိစ္စပဲလို့ ဆိုးပေ အမေက ထင်ထားတာပါ… )

 

– ဟုတ်… မယ်(အမေ) … သား သော(သွား) လိုက်မယ်….

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– သား … ဆိုးပေလာ… သားကို ပြောစရာရှိလို့… ( ဘဦးစိန်မောင် )

 

– ဟုတ်… ဘဘ…

 

– သားနေ့လည်က ဘောလုံးကန်တယ်မလား… ( ဘဦးစိန်မောင် )

 

– ဟုတ်… ( ထင်ထားတဲ့ အတိုင်းပဲ… လာတိုင်ထားပြီ….)

 

– အဲဒါ လာတိုင်ထားတယ်… ဘာမှ တော့ မဖြစ်ဘူးပေါ့ကွယ်… မှန်လဲ မကွဲပါဘူး… အိမ်ထဲပဲ ဘောလုံး ဝင်တာပါတဲ့… ( ဘဦးစိန်မောင် )

 

– ညနေ… ရုံးကို လာခဲ့လေ… ဘာမှ မဖြစ်ပါဘူး… လက်မှတ်ပဲ လာထိုးလိုက်… ဘာမှ သားကို မထိခိုက်ဘူး… အိမ်ကိုလဲ မပြောဘူး… နော်… ( ဘဦးစိန်မောင် )

 

– သား .. တယောက်တည်းပဲလား…

 

– အေး… သူက သားတယောက်ကိုပဲ တိုင်ထားတာ… ပြောတာက ဟိုအောက်ဘက်မှာနေတဲ့ ဂျစ်ကန်ကန် ဘိတ်သားလေးတဲ့… ( ဘဦးစိန်မောင် )

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

– ဆိုးပေ တယောက်ဆွေးပြီ… ဆွေးခြင်း နဲ့ အတူ ဒေါသပါ ထွက်လာရပါတယ်… လက်မှတ်ထိုးရလဲ အကုန်တူတူပေါ့… ဒါကို ကွက်ပြီး တိုင်တယ်… မြေနိမ့်ရာ လှံစိုက်တာပဲ… ( စာတွေလဲ ဖတ်တော့ သုံးတတ်နေပြီ..)

– သိမ်ငယ်စိတ်တွေလဲ ဖြစ်လာပါတယ်… မျက်ရည်လဲ ကျချင်လာတယ်… ရှိလှ ၄ ၅ တန်းလောက်နဲ့ ရပ်ကွက်ရုံးမှာ ခံဝန်လက်မှတ်ထိုးရမယ်ဆိုတော့….

– ခက်တာက သူက အရူးမ… လူကြီး … မဟုတ်ရင် … ရွယ်တူဆိုရင် ငြိုးပြီး ဆိုးပေ လိုက်ထိုးမှာ သေချာတယ်… တဖြည်းဖြည်း ခံပြင်းလာတယ်… တခုခု ပြန်ကို လုပ်ချင်လာတယ်….

– အခွင့်အရေး ရတာနဲ့… ကလဲ့စားကို ပြန်ချေရမယ်… ငါ လုပ်မှန်းလဲ မသိအောင် လုပ်ရမယ်… စိတ်ထဲက ကျိန်ဆဲနေပါတယ်….

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 – တောက်… ငါ့ကိုပဲ ရွေးသွားတာ တင်းတယ်ကွာ… တကယ်ကို ေ-ာက် ရေး မပါတာ…
– ဟုတ်တယ်… ဟေ့ကောင် အဲဒါ မမိုက်တာပဲ… ငါတို့ ရှိရင်တောင် တခုခု လုပ်လို့ရတယ်… ( ရဲဘော် အမွှာညီအစ်ကို )
– ( သူတို့တွေက ဆိုးတာ တန်းတူ၊ ပေတာ တန်းတူတွေ … အိမ်က သိပ်မပေါင်းခိုင်းဘူး… ပိုဆိုးမှာစိုးလို့… ဒါပေမဲ့ ပိုသစ္စာရှိတယ်လို့ ဆိုးပေ ခံစားမိတယ်… )
– ငါ တခုခု လုပ်ချင်တယ်ကွာ… ငါမှန်းလဲ မသိစေချင်ဘူး… လုံးဝ လဲ ဆွေ့ဆွေ့ခုန်နေရမယ်… ဘာလုပ်ရင် ကောင်းမလဲ….
– အခုတော့ နေဦးကွ.. မဟုတ်ရင် မင်းလုပ်တာ သိမှာပဲ… အချိန်ကို စောင့်… စိတ်တော့ ရှည်ရမယ်… ( အကြီးကောင် )
– ဒါတော့ စိတ်ချ… မင်းသိပါတယ်… ငါ ဘယ်လိုကောင်လဲ ဆိုတာ…
– အကြံရပြီ… ဆိုးပေ… ဟုတ်တယ်… ( အငယ်ကောင် )
– (ဒါမျိုးကူလီ ကူမာဆို ဒီကောင်က ရတယ်… )
– သူခိုးကြီးည…. သူခိုးကြီးညမှာ… ကလဲ့စားချေမယ်… ( အငယ်ကောင် )
– ဘယ်လို ချေရမှာလဲ… ပန်းအိုးတွေ သွားထား … ပစ္စည်းတွေ စုပုံလား…. ဖီးလ် မရှိဘူးနော်… ဒါက ထုံးစံကြီး… သူ့ဆီကလဲ မ ဖို့ မဖြစ်နိုင်ဘူး….
– မင်း အိမ်ရှေ့က သံစည်ပိုင်းပျက်က ဘာသုံးလဲ… ( အငယ်ကောင် )
– ဘာလုပ်ဖို့လဲ… ဘာမှ မသုံးဘူး… ရေယိုလို့ ဒီတိုင်းထားတယ်… ကုလားကိုလဲ မရောင်းဘူး… အိမ်က…
– ဒါဆို မင်း အဖုံးတခုလောက် ရှာလိုက်…. ( အငယ်ကောင် )
– ရှာပြိးတော့…
– ရှာပြီးရင် အဖုံးဖုံးထား… အမှိုက်တွေကို အဲမှာ ပစ်ထားလိုက်… စုထားလိုက်… ဖြစ်နိုင်ရင် ခွေးချေးခြောက်နေရင် … ကလော်ပြီး လာထည့်ထား… အမှိုက်နဲ့ အုပ်…. ( အငယ်ကောင် )
– အာ.. လဖွတ်… ရွံ့ စရာကြီးကွာ… စည်ပင်လုပ်ရမှာလား…. ပြီးတော့ အနံ့ အသက်က မဂွတ်ဘူးနော်… အိမ်က ကလော်လိမ့်မယ်…
– ဒါတော့ မင်းညံ့ သွားပြီ ဆိုးပေ…  စဉ်းစားစမ်းကွာ… မင်းကလဲ…. ( အငယ်ကောင် )
– အော်…!   ငါလဲ အဲလောက် မညံ့ပါဘူး… သားကြီးရာ…  သိသွားပြီ… ( မြူးတူးတဲ့ အသံနဲ့ )
– ဟေ့ကောင်… ဘာတွေ လဲ ငါ နားမလည်ဘူး… ( အကြီးကောင် )
– ဒီလိုဟေ့… #$%^&*  သိပြီလား…
– ဂွတ်တာပေါ့ကွ… ၂ လကျော်ကျော်လောက် အချိန်ရတယ်… ကွက်တိပဲ… အဲနွားက အဲလိုကျတော်ပြန်ရော… ( အကြီးကောင် )
– ညီကိုချင်းလာဖဲ့နေသေးတယ်… ( အငယ်ကောင် )
– ကဲ… ဒါဆို သားကြီးတို့ရေ… ချီးယားစ်စ်စ်စ်…..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

– ဆိုးပေတို့တတွေ လုပ်နိုင်ခဲ့ကြပါတယ်… ရှိသမျှ အမှိုက် နံစော်မယ် ထင်တာ အကုန် စု.. အပေါ်က စကော အဟောင်းကြီးနဲ့ အုပ်… အဲနားမှာ အပင်တွေ စိုက်ထားတော့… လူကြီးတွေကလဲ သိပ်သတိမထားမိကြပါဘူး… သိတော့လဲ အမှိုက်တွေ စုထားတာ… ပြောပါတယ်.. ကံကောင်းချင်တာကလဲ အမှိုက်ကားက မလာတော့… ထိန်းသိမ်းတာ အဆင်ပြေသွားတယ်…

– အဲနေ့ညကိုလဲ ပံ့သကူ ကောက်မယ်ဆိုပြီး အိမ်ကနေ ထွက်ပါတယ်… လူလစ်ပြီလား ချောင်းပါတယ်… ၁၁ နာရီလောက်ဆို တက်ရမှာမို့… တချိန်လုံးကို ချောင်းနေရတာပါ… ကံကောင်းတာက ဆိုးပေတို့ လမ်းက ၉ နာရီလောက်ဆို လူမရှိတော့ဘဲ… မအိပ်လဲ အိမ်ထဲမှာပဲ နေကြတော့ အကြံအောင်တာပေါ့…

– အရူးမတို့ မိသားစုကလဲ အစောပိုင်း အိပ်တတ်တော့ ပို အဆင်ပြေပါတယ်… မပြေတာက တော်တော်ကို နံတာ… သူများကို လုပ်ချင်လို့သာ စုထားတာ.. တကယ်ကို ဟောင်နေတာပဲ….

– ကိစ္စလဲ ပြီး အိပ်လိုက်တာ… သူများ ကျီးမနိုးပွဲ အချိန် ( သူခိုးကြီးည ) ကို မသိဘဲ အိပ်ပျော်နေပါတယ်…

– မနက် သူ့အမေနှိုးပြီး မုန့်ဟင်းခါး သွားဝယ်ခိုင်းမှ နိုးတာပါ… နိုးနိုးချင်း သတိရတာနဲ့ ပေးတဲ့ ပိုက်ဆံကို ကောက်ဆွဲ… ရဲဘော် ၂ ကောင်ကို သွားခေါ်ရပါတယ်…

– သူတို့က ကြိုနိုးနေပြီး… ၃ ယောက်သား ပုခုံးဖက်ပြီး လမ်းထိပ် အလာ…………..

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

– ဘယ်သေချင်းဆိုး… ကာလနာတွေက… အိမ်ထဲ အမှိုက်လာထည့်ထားတာလဲ…. ခွေးချေးတွေက ပါသေး…. ( အရူးမ ဒေါသပုန်ထနေပါတယ်… )

– ငတိ သုံးယောက်သားကတော့ အရူးမ အိမ်ဘက်ကို လှည့်မကြည့်ဘဲ… ခပ်သုတ်သုတ် အပြေးလေးသော့ လမ်းလျှောက်ခဲ့ပါတယ်… ( အသက်ကို အောင့်ပြီးပေါ့… )

– တော်တော် လှမ်းလှမ်း ရောက်မှ… အသက်ကို ဝ အောင် ရှုပြီး…..     သုံးယောက်သား….. လက်မလေးတွေ ထောင်ပြီး…… ရက်စ်စ်စ်စ်စ်စ်စ်စ်စ်စစ်…..

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပြီးပါပြီ။              ။
– စာကြွင်း… ဆိုးပေရဲ့ ဒေါသမှာ တနှစ်တည်းနဲ့ မပြီးပါချေ… နှစ်စဉ်မပြတ် လုပ်နေခဲ့တာ… ၅ နှစ်လောက် ရှိပါလိမ့်မယ်… လူလဲ မမိခဲ့ပါ….အခုစာရေးသူ နဲ့ ထို ငတိသုံးယောက်သာ သိသည့် ကိစ္စ ဖြစ်ပါသည်….
– အခုတော့ အမှုတွဲကို ဂဇက်မှာ ဖွင့်ချခဲ့သည့်အတွက်… လှို့ဝှက်ချက် ပေါက်ကြားလျှင် ဂဇက်သူားများရဲ့ တာဝန်သာ ဖြစ်ပါသည်….
ရေမြေ့သနင်း

15 comments

  • တောင်ပေါ်သား

    October 31, 2014 at 4:36 pm

    အမယ်လေးဗျာ

    တကယ့် ဆိုးပေပါလား ၊ အင်းးးးး အိမ်လိပ်စာပေးလို့ မဖြစ်သေးပါဘူး ၊ 🙂

    • Yae Myae Tha Ninn

      October 31, 2014 at 5:01 pm

      ဦးမျိုး .. ဘယ်သူ့ကို ပြောနေတာလဲ… ကျွန်တော်က ဆိုးပေ ဟုတ်ဘူးလေ… 🙂

      ဟုတ်… သူ့ကို ပြောပြလိုက်မယ်.. မင်း လူမုန်းများတယ်လို့… 🙂

  • ကေဇီ

    October 31, 2014 at 4:45 pm

    နင်းနင်း အိမ်လိပ်စာလေး တစ်ဆိတ်လောက်။
    :kwi:

    ပြောသာပြောရ။
    နာ က သူခိုးကြီးညကို မဆင်နွှဲဖူးဘူးဟ။

    :k:

  • Yae Myae Tha Ninn

    October 31, 2014 at 5:03 pm

    ဟုတ်လား… ဇီဇီ… ကျွန်တော်လဲ မနွှဲဖူးဘူးဗျ… ခုက သူ ( ဆိုးပေ ) .. ပြောပြသမျှကို ရေးပေးတာ… 😛

  • kyeemite

    November 1, 2014 at 10:25 am

    .ကလေးဘဝပျော်စရာတွေပေါ့လေ…အဆူခံ၊ အရိုက်ခံ..ဒါလည်းအဆော့မပျက်
    .နောက်ကျုပ်တို့ငယ်ငယ်ကခေတ်စားတာရှိသေးတယ်…မကျေနပ်တဲ့ကောင်ကို
    .ချိန်ပြီးတစ်ယောက်ချင်းချကြတာ..သူငယ်ချင်းတွေကဘေးကဝိုင်းကြည့်လို့ပေါ့.. :k:
    .သူခိုးကြီးညကို လည်းပျော်ပျော်ကြီးနွဲဖူးပါရဲ့..ညလုပ်ထားခဲ့ပြီ .မနက်ရောက်ရင်သူများတွေဒေါပွနေတာကြည့်ပြီးရီလိုက်ရတာဗျာ :mrgreenn:
    .

  • Yae Myae Tha Ninn

    November 1, 2014 at 11:44 am

    ဟုတ်.. ဦးမိုက်… ဒါဆို ဦးမိုက်က.. ကြီးမိုက် အပြင် ငယ်ဆိုးပေါ့.. ဟုတ်လား… 🙂

  • ဦးကြောင်ကြီး

    November 1, 2014 at 11:53 am

    .သူခိုးဂျီ းည
    .ပုဆိုးကြီးမ
    .သတိုးဟီးထ
    .စားပိုးသီးခ…

    • Yae Myae Tha Ninn

      November 1, 2014 at 12:53 pm

      ဦးကြောင်လဲ လာအားပေးတာပဲ… ကျေးဇူးပါ… 🙂

      ငွေ ငါးသိန်းပို့စ်ရော ဖတ်ပြီးပြီလား.. 🙂

      • မြစပဲရိုး

        November 1, 2014 at 4:11 pm

        ငါးသိန်းပေးမှ ဖတ်မတဲ့။
        ပေးမှာလား။ 🙄

        • Yae Myae Tha Ninn

          November 3, 2014 at 10:05 am

          ဟဲ.. အရီး.. ရန်မစ နဲ့ နော်… 🙂

          တူနှစ်ကိုယ် တိုင်းပြည် မ စ ခင်က… အကြင်နာမျက်ဝန်း အကြောင်းကတော့ ကဗျာတွေမှာပဲ ဖော်ပြထားတယ်… 😀

  • မြစပဲရိုး

    November 1, 2014 at 4:10 pm

    တန်ဆောင်တိုင် နီးလာပြန်ပေါ့။

    စိတ်မနှံ့ တဲ့ မိန်းမကြီး နဲ့ ပြိုင်လိုက်တဲ့ ဆိုးပေပေါ့နော်။
    ကလေး မို့ ဆိုလဲ မပြောတော့ပါဘူး။
    ကိုယ်လဲ တစ်ခါတစ်ခါ မနှံ့တဲ့စိတ်၊ ကလေးစိတ် ဖြစ်နေဆဲဟာကိုလေ။ lol:-))

    ဒါထက် မယ်နင်းနင်း ကို တာဝန်ပေးလိုက်ပါလား။
    တူနှစ်ကိုယ်တိုင်းပြည် မစ ခင် ဖြစ်ခဲ့တဲ့ အကြင်နာအကြည့်တွေ ရဲ့ အကြောင်း ကို ရေးပြပါလို့။

  • အလင်းဆက်

    November 1, 2014 at 7:13 pm

    အိုးးးးးအို….

    ဒီအရေးအသားလေးလည်း…အားကျငေးမောမိပြန်ပြီကွယ်…

    😆

  • Yae Myae Tha Ninn

    November 3, 2014 at 10:14 am

    ဟီး… ဆက်ဆက်.. သိပ်မမြှောက်နဲ့.. မျက်နှာကျက်ကို တက်ကပ်နေဦးမယ်… 🙂

    နောက်ပိုင်း ဇာတ်လမ်းတွေကို Imagination စိတ်ကူးကွန့်မြူ း ခြင်း မလုပ်နိုင်သေးလို့… ကိုယ်ပိုင်ဇာတ်လမ်းကိုပဲ ဇာတ်အိမ်ဖွဲ့ ဇာတ်ကောင်မွေးနေရတယ်… 🙂

  • Yae Myae Tha Ninn

    November 13, 2014 at 2:04 pm

    ဘာကိုလဲ အောင်မိုးသူ… လင်းပါဦးဗျ… 🙂

Leave a Reply