ထိသွားလို့
.မှော်ဆရာရေ…
.စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှာ
.ဝိညာဉ်ကို ကော်နဲ့ ကပ်ပြီး
.လူဖြစ်အောင်… ငါ အသက်သွင်းဖူးတယ်။
.မီးခြစ်ကျောက်ကို
.လက်သည်းနဲ့ ပွင့်ထွက်အောင် တောက်
.မီးတောက်ကို ခါးကလိမ်ချိုး
.စီးကရက် သောက်ရင်း… သူ ချောင်းဆိုးဖူးတယ်။
.သူ့ခြေထောက်အတွက်
.သူ့ဖိနပ်အတွက်
.မြေပြင် သက်ခင်းပေးစရာမလို။
.“ကြယ်ကို ကြယ်နဲ့ ရံမတဲ့”
.သံအိပ်မက်ကြီးနဲ့
.ပင်လယ်ရေပွက်ထဲက …ည…
.အားလုံးကို သူ …အပိုင်ရတယ်…။
.ပထမတော့…
.“လ”ကို ခိုစီး
.ကောင်းကင်ကြီးနဲ့ တွဲက
.စက္ကူဂစ်တာတစ်လက်ပိုက်ပြီး
.ပျော်လိုက်ရတာ … ။
.နောက်မှ …
.စကြဝဠာရဲ့
.မဟာတွင်းနက်ထဲကို
.လက်ခနဲ ခုန်ချ
.သူ…ဘယ်ဆီကျသွားသလဲ။
.ကဲ…မှော်ဆရာရေ…
.အပိုင်းပိုင်းအတစ်တစ်
.သက္ကရာဇ်တို့ မပြိုခင်မှာ…
.“သုည”တစ်လုံးထဲ ရှိတဲ့
.သူရဲ့ ဖုန်းနံပါတ်ဆီ… ဆက်ပေးပါ…။
.ဘာပဲဖြစ်ဖြစ်
.ပဆစ်အိမ် ဝင်္ကပါပျက်၊ နက္ခတ်ပျံရာည…
.ငါ… သူ့ကို “သတိရကြောင်း” ပြောပြပေးပါ… ။
.ငါ့အိမ်ကို ငါပြန်လာပြီ
.ငါ့အိမ်ကို ငါပြန်လာပြီ
.ငါ့အိမ်ကို ငါပြန်လာပြီ
တာရာမင်းဝေ
(ကြယ်သီချင်းနှင့် လမင်းသံစဉ် ၊ ၁၉၉၉ ခုနှစ်၊ ဧပြီလထုတ် လုံးချင်းဝတ္ထုထဲမှ…)
@@@@@@@@@@@@@@@@@@@@
ဘာရယ် မဟုတ်ပါဘူး…
မနေ့ညက… အဲဒီ စာအုပ်လေး ပြန် ဖတ်မိရင်းက…
အဲဒီ စာသားနေရာ အရောက်မှာ…
ထိ သွားလို့….
ကျနော်လည်း အခု…
.ပထမတော့…
.“လ”ကို ခိုစီး
.ကောင်းကင်ကြီးနဲ့ တွဲက
.စက္ကူဂစ်တာတစ်လက်ပိုက်ပြီး
.ပျော်လိုက်ရတာ … ။
.နောက်မှ …
.စကြဝဠာရဲ့
.မဟာတွင်းနက်ထဲကို
.လက်ခနဲ ခုန်ချ
.ကျနော်……ဘယ်ဆီကျသွားသလဲ…. ရယ်လို့….
အလင်းဆက် @ မောင်သူရ
၆.၆.၂၀၁၅
8 comments
အောင် မိုးသူ
June 6, 2015 at 3:47 pm
တာရာမင်းဝေ ကတော့ ကဗျာခံစားတတ်သူတွေရဲ့ ဟီးရိုးပဲလေ။
Alinsett @ Maung Thura
June 6, 2015 at 3:50 pm
ဟုတ်ပါ့ဗျားးးး
Mike
June 6, 2015 at 3:52 pm
.နိခေါင်းစဉ်မြင်တော့ ဟိုကော်ဖီမစ်ကြော်ငြာသတိရသွားတယ်ကွ :))
Alinsett @ Maung Thura
June 6, 2015 at 4:01 pm
စူပါ လီမွန်တီး ကြော်ငြာလား ဦးကြီး..
အဟိ.. အဲ့ကြော်ငြာက …. ပေါတောတောနဲ့နော်..
ကားနောက်ဆုတ်တာကို ကြည့်ပေးတာကလည်း မထိသေးဘူး…မထိသေးဘူး..နဲ့ အော်တာလေ..
ထိအောင်ပဲ ကားနောက်ဆုတ်နေသလိုလိုနဲ့…
တကယ့်တကယ် ကားနောက်ဆုတ်ရင်… အဲ့လို ဘယ်သူမှ မအော်တာကို ဇွတ် လုပ်ယူထားတဲ့ ကြော်ငြာကြီး
:k:
မြစပဲရိုး
June 6, 2015 at 10:45 pm
. မှော်ဆရာ က စုံးမ တွေ ရဲ့ ဖန်ဆင်းမှု ကို အဟုတ်မှတ်သွားရှာတာကွဲ့။ lol:-))
Alinsett @ Maung Thura
June 7, 2015 at 12:07 am
.မှော်ဆရာနဲ့ စုန်းမတွေ ပညာပြိုင်ရင်
ဘယ်သူများ နိုင်မှာပါလိမ့်
:k:
ဝင့်ပြုံးမြင့်
June 7, 2015 at 6:10 pm
.တကယ်ပြောရရင် ကဗျာမှာ ရစ်သမ်က အရမ်းစကားပြောတယ်။ မော်ဒန်ဖြစ်ဖြစ် မမော်ဒန် ဖြစ်ဖြစ်၊ တကယ်တမ်းကျတော့ ရစ်သမ်တွေ အရေးပါတယ်။ တာရာမင်းဝေ ရဲ့ အဲကဗျာက ကိုသူရ ရဲ့ – ညစာစားနေတဲ့ညတွေ- ကဗျာကို မမီဘူး။ ကဗျာနှစ်ခု နည်းနည်းဆင်တယ်။ ဒါပေမယ့် ရစ်သမ်မှာ ညစာစားနေတဲ့ညတွေကို မမီဘူး
Alinsett @ Maung Thura
June 11, 2015 at 8:39 am
ညစာ စားနေတဲ့ ညတွေ…
ငါနဲ ့အတူ က ခုန်ဖို ့
မိုးတိမ်တွေကို ဖိတ်ထားတယ်….
အဖြူစစ်စစ် ညစာ စားပွဲအတွက်..
ကွဲနေတဲ ့ ငါ့အသည်းကို…တစ်ဝက်တိတိ ချက်ပြုတ်ထားတယ်။
နှင်းဆီတွေရဲ ့ရိုးသားတဲ ့ရနံ ့ ကိုလည်း…
ထိုင်ခုံတွေပေါ် ကြိုတင် ဆွတ်ဖျန်းလို ့…….။
ပြီးရင်တော့ ၁ ၂ ၃ လို့ ငါအော်လိုက်တာနဲ ့…
မင်းတို ့ အားလုံး ကကြပေ့ါ…။
“ငါ တစ်ခု လုံး” ပျောက်နေတဲ ့ ငါ့အတွက် ကကြ။
ဝမ်းနည်းနာကျင်စွာ အော်ဟစ် မြည်တမ်း လိုက်သမျှ..
ငါ့ရင်ကွဲသံ ကိုလည်း……….
ပျော်စရာ ဂီတ သံစဉ်တစ်ခု လို့ သတ်မှတ်ပြီး…
က ……က …ကကြပါတော့ …..ကွယ်……….
….. . …. … .. .. . . . .. . . . . . . . . . . . . . .။
အလင်းဆက်
23.12.2010 ညနေ 4း00
http://myanmargazette.net/50640