Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကေဇီ နဲ့ အနှိပ်ခန်း – Massage

ဇီဇီMay 20, 20161min180241

အလွဲတွေ မပြောခင်မှာ နည်းနည်း ပျိုးပါရစေ။

ဟိဟိ (လေကြောရှည်တော့မယ်)

:mrgreenn:

ကေဇီ မွေးရာပါတတ်တဲ့ ပညာရပ်ထဲမှာ အနှိပ်ပညာရပ်ပါပါတယ်။ (ကျန်တဲ့ ပညာတွေကတော့ ပြောမပြဘူးးးး)

:k:

ကိုယ်တိုင်ကလည်း အနှိပ်ခံရတာကို အတော်ကြိုက်တာရယ်။ မွေးမေလေ့နဲ့ လုံးဝ တူတဲ့ အချက်တွေထဲမှာလည်း အနှိပ်ပညာလည်း ပါသပေါ့။ သူကတော့ ဇိမ်မခံတတ်ဘူးး။ သူများသာ နှိပ်ပေးချင်တာ။

ဘယ်နားကို ဘယ်လိုလေး နှိပ်လိုက်ရင် မျက်ရိုးကိုက်တာ ပျောက်တာတို့ ဇက်ကြောတက်တာ ပျောက်တာတို့ ဆိုတာ သူ့လောက် မသိပေမဲ့ ကိုယ့်လက်နဲ့ အနှိပ်ခံဖူးသူတိုင်း လက်ပေါက်တယ်လို့ ပြောကြတယ်။

(အနှိပ်ခံဖူးတဲ့ ရွာသူ ရွာသားတွေ ရှိတယ်)

:aa:

လက်ပေါက်တာက နှိပ်တဲ့သူရဲ့ ဝတာ ပိန်တာနဲ့ မဆိုင်သလို အရမ်းအားစိုက်စရာလည်း မလိုပါဘူးး။

ငယ်တုန်းကတော့ မွေးသဖခင်ကို အလယ်မှာထားပြီး မွေးမေလေ့နဲ့ ခြေထောက် တစ်ချောင်းစီ ယူပြီး နှိပ်ရင်းနဲ့ သားအမိသားအဖ ၃ ယောက် ညတိုင်း စကားပြောဖြစ်တာမျိုးးး

အဖိုးအိမ် ရောက်တော့လည်း မွေးမေလေ့နဲ့ မြေးအဖိုး/သားအဖ ၃ ယောက် ငြင်းကြ ခုံကြ နဲ့ အဖိုးကို နှိပ်ပေးလေ့ရှိတာမျိုးပေါ့။

အဖိုး က ဘောလုံးအရမ်းကန်ခဲ့တော့ သူ့ခြေသလုံးက တင်းပြီး မာနေဆဲပဲ။ ပေါက်အောင် နှိပ်ရတဲ့ အကျိုးဆက်က ခု ဘယ်သူ့ကို ထောက်လိုက် ထောက်လိုက် မခံနိုင်ကြဘူးး

မွေးသဖခင်ကတော့ ဇိမ်ခံသမားး၊ သူ့မှာ အညောင်းပြေပြီး တော်တော့ လို့ ဘယ်တော့မှ မပြောဘူးး၊ ကိုယ်က တော်မှပဲ ရပ်တယ်။

မွေးမေလေ့ ဆီမှာ ကိုယ်တို့ သားအမိသားအဖ ကြိုက်တဲ့ အရည်အချင်းက စကားပြောတာနဲ့ နှိပ်တာရယ်။

သူက တစ်ခုပဲ ရွေးခိုင်းတော့ ဇော်သန့်ကတော့ မာမီ က သူ့ကို စကားပဲ ပြောရင် လုံလောက်သတဲ့။

ကိုယ်ကတော့ ကိုယ့်ကို နှိပ်ပေးရင် တော်ပါပြီ။

မွေးသဖခင်ကတော့ စကားပြောရင်း နှိပ်ခိုင်းမယ်ဆိုပဲ။

:528:

ခု ကိုယ့်ရုံးမလဲ သောကြာ ဆိုရင် ကိုယ့် အခန်းထဲ ဝင်ဖို့ ချောင်းနေကြတာ။

ကိုယ်က လက်လွယ်တယ်။ သူတို့ စားပွဲ သွား စကားပြောဖြစ်တောင် ဇက်ကြောလေး ခေါင်းလေး နည်းနည်း နှိပ်ပေးခဲ့တာ။

အဲတော့ သူတို့မယ် သောကြာဆို ရောဂါ တစ်ခုမဟုတ် တခုနဲ့ ခုံအောက်မှာ ကျောလေးတွေ ပေးပြီး လာထိုင်ကြပြီ။

တစ်ရုံးလုံး ကေဇီ လက်အောက်မှာ ရှိတယ်လို့ ပြောတာ လွန်သလား ပိတ်သတ်ကြီးးးး။

:mrgreenn:

ပျိုးလို့ ပြီးတော့ ရိုက်ပေါက် တွေ ဆက်ပြောပြအူးမယ်။

:chee:

ကိုယ်တို့ ရွှေပြည်ကြီးမယ်။

ကာရာအိုကေဖွင့်တယ်။ မိန်းခေးတွေနဲ့ ပလူးပြီး ထိုင်ရ ပူးရ နေရာအဖြစ် အမျိုးသားတွေ ပျော်ကြတယ်။ (နောက်ဆုံး ဟိုအခန်းတွေဖြစ်သွားတယ်)

အလှပြင်ဆိုင်ဖွင့်တယ်။ မိန်းခေးလေးတွေက မျက်နှာဆေးလိုက် ပွတ်လိုက် လုပ်လို့ ရတဲ့ နေရာအဖြစ် အမျိုးသားတွေ ပျော်ကြတယ်။ (နောက်ဆုံး ဟိုအခန်းတွေဖြစ်သွားတယ်)

စားသောက်ဆိုင်ဖွင့်တယ်။ မိန်းခေးတွေနဲ့ လာထိုင်လို့ရတဲ့ သီးသန့်ခန်းမှ အမျိုးသားတွေ ပျော်ကြတယ်။ (နောက်ဆုံး ဟိုအခန်းတွေဖြစ်သွားတယ်)

အနှိပ်ခန်းဖွင့်တယ်။ တကယ်အညောင်းပြေဖို့ မဟုတ်။ မိန်းခေးတွေ ငှါးပြီး ဟိုပွတ် ဒီသပ် ရတာကို အမျိုးသားတွေ အရသာယူကြတယ်။ (နောက်ဆုံး ဟိုအခန်းတွေဖြစ်သွားတယ်)

ဆိုတော့ အဲဒီ စီးပွါးရေးထဲက တစ်ခု ဖွင့်မယ် ဆိုရင်တောင် ဘာလား ညာလား အထင်ခံရတဲ့ တိုင်းပြည်။ ဂစ်။

:p:

ဆိုတော့ မလျှော့ပါဘူးး။ မိသားစု ကာရာအိုကေနဲ့ မိသားစု အနှိပ်ခန်း ဖွင့်အူး မှာ။

ဟိုနေ့ကကို ကိုသစ်မင်းနဲ့ စကားစပ်မိလို့ ပြောဖြစ်သေးတယ်။ မိသားစု ဆိုတာမျိုး ရဲရဲတင်းတင်း ဝင်လို့ ရတဲ့ ဆိုင်မျိုး ဖွင့်ချင်သေးတာ။

:mrgreen:

~~~~~~~~~~~~~~~~~~~~~~

(၁)

ကျောင်းပြီးကာစ ၂၀၀၅ ရန်ကုန်ကို ပတ်(စ)ပို့ လုပ်ဖို့ ဆင်းလာတော့ ရန်ကုန်မှာ ရှိတဲ့ သယ်ချင်း ရ ယောက်လောက် စုပြီး ဘယ်သွားမတုန်း စဉ်းစားကြတော့၊

သူငယ်ချင်းထဲမှာ ဝန်ကြီးတစ်ယောက် သား ပါတယ်။ သူက အချေ လုပ်တဲ့ အပိုင်းတွေ ကျွမ်းကျင်တယ် ဆိုတော့ကာ အဲဒီတုန်းက နာမည်ကြီးနေတာ (   ) Hotel က မာဆတ်ပေါ့။

ကိုယ်ကတော့ စိတ်ထဲ ပွပြီပေါ့။ သွားဖို့ တက်ကြွတာ။ မိန်းခေး ၄ ယောက်၊ ယောက်ကျားလေး ၃ ယောက် သွားကြတာ။

ဟိုရောက်တော့ အဲကွန်းကြီးက အေးချက်ကယ်။ ကိုယ့်ကတော့ ဘယ်နဲ့ အအေးခန်းထဲ နှိပ်လို့ အညောင်းပြေပါ့မလားပေါ့။ 🙄

အခန်းကျယ်ကြီးထဲမှာ လိုက်ကာ လေးတွေ ကန့်ထားတဲ့ အခန်းလေးတွေ ပတ်လည်ရှိတဲ့ဟာ။ (ရောက်ဖူးကြမှာပါ)

ကိုယ်ကတော့ အခြေအနေ တစ်ခုမှာ မသက်မသာဖြစ်နေပြီ။ အာ့နဲ့ သယ်ချင်းတွေ အကုန်လုံးကို လိုက်ကာ ဖွင့်ထားဖို့ ပြောတော့ “တောသူမ” ဆိုပြီး ဝိုင်းဟားကြရော။ “ဘယ်သူမှ မဖွင့်ချင်နေဟာ။ နာ့ အခန်းလေးတော့ ဖွင့်ထားပြီး နိတို့နဲ့ စကားပြောဗျဇီ” ဘာညာပေါ့။ ကိုယ့် အခန်းလိုက်ကာလေးတော့ ဖွင့်ထားလိုက်တယ်။

ဆားဗစ်ပေးမဲ့ ကလေးမ မျက်နှာ မကြည်တော့ဘူးး.. တတ်နိုင်ဘူးး၊ ကိုယ်ကတော့ တောကျတယ် ဆိုလည်း ကျတယ်ပဲ။

ပြီးတော့ ခြေထောက်ကို ဆီတွေ လိမ်းပါလေရော။

ငင်!!!!

ကိုယ် တို့ တောမယ် ညောင်းတဲ့နေရာ မပေါက်မှာစိုးလို့ ဆီလိမ်းဘူးရယ်။ ချောပြီး ချော်တာပေါ့။

ဟားကြပြန်ရောဗျာ။ အဲလို ချောချောချော်ထွက်တာ ဖီး တဲ့ ။

ဪ။ အေးပေါ့လေ…. သူတို့ အရပ်နဲ့ သူတို့ ဇာတ်ပေါ့…

:b:

စလည်း နှိပ်ရော…..

 

ဟေးဟေးဟေးဟေး

 

ဟိုးဟိုးဟိုးဟိုး

 

ရပြီ ရပ်တော့ ရပ်တော့။

:mrgreen:

 

ကေဇီ ဆီက ဆူညံနေအောင် ရီသံတွေ ကြားရပါရော။

ဟုတ်တယ်လေ။ လက်က ပေါက်မှ မပေါက်ပဲ။ မပေါက်ဆို နှိပ်တာမှ မဟုတ်ပဲ။ ပွတ်နာကို။

လက်ကလေးတွေက ဆီနဲ့ ခြေထောက်ပေါ်မယ် ရွပိုးထိုးနာ။

အာ့နဲ့ ဆက်မနှိပ်တော့ဆိုပြီး သွားခိုင်းလိုက်တယ်။ ကိုယ်တော်ချောတွေကတော့ မှိန်းလို့။

👿

နောက်တော့ နှင်းဆီပွင့်ဖတ်တွေ ထည့်ထားတဲ့ ဇလုံ (ထင်တာပဲ) ယူလာတယ်။

ငင့်။ လုပ်ပြန်ပြီ။ ကိုယ်သိတာက အနှိပ်ခံပြီး အပူထွက်တုန်းမှာ ရေမှ မထိရပဲဟာ။

အာ့ဒါလည်း ခေါင်းတခါခါနဲ့ ငြင်းတာ။ ခြေထောက်ကို မစိမ်ဘူး မစိမ်ဘူး ဆိုပြီးးးး အဲဒီလိုနဲ့ သူတို့ အနှိပ်ခံပြီးတဲ့ထိကိုယ်က ငှုတ်တုတ် ထိုင်စောင့်ခဲ့တယ်။ အဆဲအဆူလေး ခံပြီးတော့။

~~~~~~~~~~~~~~~

(၂)

၂၀၀ရ လောက် စလုံးမထွက်ခင်လောက်က ခုနက ကိုယ်တော်ချောပဲ မန်းလေးရောက်တုန်း စု ပြီး တွေ့ကြတာပေါ့။

(လူကြီးသားတွေထဲ မဆိုးပဲ နန့်တာ သူ့ တစ်ယောက်တွေ့ဖူးတာ)

လူစုခွဲပြီး ပြန်မယ်ဆိုတော့ သူနဲ့ နောက်သယ်ချင်းတစ်ယောက်က ကိုယ့်ကို လိုက်ပို့သမားး။

သူ့မိန်းမကို ရန်ကုန်ထားခဲ့ရတုန်း နန့်တာလေ။ မန်းလေးဟိုတယ် က မာဆတ်က နာမည်ကြီးသတဲ့။ သွားမတဲ့။

နောက်တစ်ယောက်က မိန်းမ ယူခါနီးးး။ ကိုယ့်ကို ကတိ အထပ်ထပ်တောင်းသူတို့ မိန်းမတွေ ဇနီးလောင်းတွေကို ပြန်မပြောရဘူးပေါ့။

ကိုယ်ကလည်းခုထိ မပြောပါဘူးး။

ရွာမှာပဲ လူစုံတုန်း ရှင်းပြတာ။  :mrgreenn:

အမှန်က ကိုယ့်ကို လူဆိုးထိန်းအနေနဲ့ ခေါ်တာရယ်။ သူတို့ အချင်းချင်းဆို စကားနားမထောင်ကြလို့။

:ff:

ကိုယ်ကတော့ စာအုပ်နဲ့ ၄၅ မိနစ် ၁ နာရီ ထိုင်စောင့်မယ်ပေါ့။ အဲလို တွေးပြီး လိုက်သွားတာ။

ဟိုရောက်တော့ မထူးပါဘူး စကားပြောရအောင် အခန်းထဲ လိုက်ဝင်ခဲ့ ပေါ့။

(ကိုယ်တွေ သငယ်ချင်းပေါင်းပုံက အဲလိုပါဆို။ ခေါင်းသွားလျှော်ရင်လည်း ဟိုဘက် ဒီဘက် ကုတင်နဲ့ စကားပြောကြတာ)

ရောက်မှတော့ နင်ပါ အနှိပ်ခံ၊ ပေါ်လည်း အတူတူ အဆူခံ ဆိုလို့ အင်းပေါ့။ သယ်ချင်းဆို အင်မတန်အလိုလိုက်တာ။

:aa:

ဒီ တိုင်းအနှိပ်မခံရဘူးတဲ့ဗျာ။ အဝတ်အစားလဲရမတဲ့။ အာ့နဲ့ ညဝတ် ဘဂျားမားလိုမျိုး ရှပ်နဲ့ဘောင်းဘီ ဝမ်းဆက် လေးတွေ ၃ ယောက်သား လဲပြီး အချင်းချင်းဟားနေကြသေးတာ။

:mrgreen:

ကုတင်က ၃ ကုတင်မှာ ကိုယ်စီ ပက်လက်လေးတွေ နှိပ်ပေးမဲ့ သူကို စောင့်ကြတာ။

လာပါပြီဗျာ။

ဟမ်မငေး 😯

ဘယ်လို စလာတုန်းဆို ကုတင်ခြေရင်းကနေ လေးဘက်လေးတွေ ထောက်တက်လာပြီး ကိုယ့် ပေါင် ၂ ဖက် အရင်းကို လက်ဖဝါး ၂ ခုနဲ့ လာထောက်တက်လာတာ။

ဂစ်ဂစ်။

:chee:

ကိုယ်လို မိန်းမ တောင် အတော် အသည်းယားသွားတာ အမျိုးသားတွေ ဆို ဘယ်နဲ့နေမယ်မသိ။

ဘယ်နေမတုန်းး၊ စိတ်နောက်ကိုယ်ပါတဲ့ မိန်းမ ထထိုင်ပြီး “သမီး .. အမကို အဲလို မနှိပ်နဲ့ပေါ့။ (အဲလို သတ္တိခဲပါဆို)

:k:

အာ့နဲ့ ခြေထောက်အနှိပ်ခံဖို့ ကံမပါဘူးထင်ရဲ့ ဆိုပြီး ပခုံးနဲ့ ဇက်ကျောကို ပဲ နှိပ်ပါပေါ့။

မှောက်အိပ်ခိုင်းတယ်။ ဂစ်။

:ff:

“ဟွာလေ” ပေါ့။ “ထိုင်ရက်နဲ့ အနှိပ်ခံလို့ မရဘူးလား”

သူတို့က ထိုင်ရက်လူကို မနှိပ်တတ်ဘူး ပေါက်မှာ မဟုတ်ဘူးတဲ့။။

ငန့်!!

:b:

အဲလိုကြီး လူ တစ်ကိုယ်လုံး အားနဲ့ တက်ဖိ နှိပ်ရတာမျိုးမှ ပေါက်တာမခေါ်ဘူးလေ။ ဒွတ်ခ။

ကိုယ့် မယ် တစ်ယောက်ထဲ ရှုပ်ရှက်တွေ ခတ်နေတာ။ အာ့နဲ့ စိတ်လျှော့ပြီး ပေါက်သလောက်ပဲ နှိပ်ပါတော့ပေါ့နော်။။

ဟုတ်ကဲ့။ နှိပ်ရှာပါတယ်။ ရွစိ ရွစိနဲ့။ ပခုံးပေါ်မှာ ရွရွလေး ရွေ့နေတဲ့ လက်ကလေးတွေ သူ့အစား ညောင်းလာတာနဲ့။

အမပြမယ် ဆိုပြီး သူ ပခုံးနဲ့ ကျောတောက်လျှောက်ကို လက်မနဲ့ လက်ညှိုးလေးသုံးပြီး ထောက်ပြီး နှိပ်ပေးလိုက်တော့

“ဟာ အမ လက်က ပေါက်လိုက်တာ” တဲ့။ ဘေးကုတင်က သူ့အဖော်တွေ လှမ်းပြောတယ်။

အဲလိုကို မာဆတ်က ကလေးမ ပြန်နှိပ်ပေးခဲ့ရအောင်ကို စိတ်ကြီးတာများ ပြောပါတယ်။

:mrgreen:

ပြောစမှတ်ပဲ။
နောက်မခေါ်ကြတော့ဘူးးး
ဟိဟိ

:mrgreenn:

~~~~~~~~~~~~

မာဆတ်မှာ ယိုးဒယားနဲ့ အင်ဒိုနီးရှားက ကောင်းတယ်ပြောတယ်။

ဒီမှာတော့ ဘယ် အနှိပ်ခန်း ဝင်နှိပ်နှိပ် ဟိုလိုလား ရိုးရိုးလားလို့ စိတ်ပူစရာမရှိဘူးး….

 

ဟိုနေ့က The Intern ကားလေး ကြည့်တော့ ရုံးတွင်း အနှိပ်ခန်းလေး ပေးထားတာ အားတွေကျနေတာ။
ဟိ

:mrgreenn:

41 comments

  • pooch

    May 20, 2016 at 1:11 pm

    အနှိပ်ခန်းဆိုလို့ ပြေးလာတာ ဘာမှလည်း မပါဘူး :mrgreenn:

    ကိုယ့်တသက် အနှိပ်ခန်းဆိုလို့ သွားဖူးတာ လက်ချိုးရေလို့ ရတယ် တခါသွားတမျိုး

    သူများကိုယ့်လာထိရင်ကို ယားတတ်တာဆိုတော့ အော်ဟစ်နေရလို့ အရှက်ကွဲလို့ မသွားတော့ဘူး

    အနှိပ်ခံနေကျမဟုတ်တော့ တခါလောက်သွားမိရင် တပါတ်လောက်လည်း ကိုင်ရိုက်ထားသလိုနာနေတာ

    နောက်ဆုံးသွားဖူးတဲ့ Amaravati ထိုင်းရိုးရာအကြောပြင်တော့ မဆိုးဘူး
    ဒီခါလာရင် သွားကြည့်ပေါ့ ဈေးလည်း မဆိုးဘူး

    • ခင်ဇော်

      May 20, 2016 at 1:19 pm

      ဘာပါချင်လို့တုန်းးး
      ခွီးခွီးးး

      ရိုးရာ အနှိပ်ခန်း သွားချင်တယ်။
      ရိုးရာအနှိပ်ပညာတွေက အရှေ့တောင်အာရှနိုင်ငံတိုင်းလိုလိုမှာ ရှိတယ်။
      အနှိပ်ဗန်းပြလုပ်စားတာတွေကျ ကိုယ်တွေဆီပဲရှိလားတော့မသိ။
      ဟီးဟီးးး
      နောက်ခါလာရင် သွားအူးမှ။

      အကြောပြင်နဲ့ အနှိပ်တောင် တူတာမဟုတ်။
      :k:

  • Wow

    May 20, 2016 at 2:05 pm

    အလှပြင်ဆိုင်တွေက အနှိပ်ကတော့ ခေးမလေးတွေ တကယ်နှိပ်ပါတယ်
    နီးနီးနားနားသွားဖူးတာ Hello နဲ့ Fancy House

    • ခင်ဇော်

      May 20, 2016 at 2:21 pm

      မိန်းမပါ ဝင်လို့ရတဲ့ အလှပြင်ဆိုင်တွေကို မီပြောပါပုအေ။
      ခိခိ။
      အလှပြင်ဆိုင်ဆိုပြီး မီးမကာစတမ်မာတွေ ဝင်လာတာကို ပြူးကြည့်နေကြတဲ့ဆိုင်တွေ ရှိခဲ့ဖူးတာကိုပြောပြတာ။
      :k:

  • ပျင်းတကာ့ ထိပ်ခေါင်တင်

    May 20, 2016 at 4:33 pm

    တခါလားပဲ အနှိပ်ခံဖူးပါတယ် တချိန်လုံးယားလို့ ရီနေရတာနဲ့ပြီးတာပဲ :k:

    • ခင်ဇော်

      May 21, 2016 at 6:07 am

      အေးးဆို… တကယ် နှိပ်တတ်သူ နှိပ်ရင် မယားးဘူးးး
      ခု က ရွစိထိုးးနေတာ..
      သင်တန်းလေးးပေးးပြီးး
      ဆိုင်ဖွင့်ချင်တာာပါဆို..
      ???

  • ဂျစ်စိန်

    May 20, 2016 at 11:50 pm

    အနှိပ်ကောင်းတဲ့ လူနဲ့ တွေ့ရင် စွဲတတ်တယ်
    အချိန်တန် တခုခုဆို အနှိပ်ခံချင်နေကော
    ဆိုပဲတဲ့..
    သူများပြောပြတာဘာ

    • ခင်ဇော်

      May 21, 2016 at 6:08 am

      ဟုတ်တယ် ဂျစ်…
      အဲဒါ အမှန်ပဲ…
      ဘီအီးးနဲ့ မာဆတ် ဘယ်ဟာ ပို စွဲ မလဲ.??
      ???

  • sorrow

    May 21, 2016 at 4:34 pm

    ..ပြာပြီဟဲ့…ဆိုပြီး ပြေးလာတာ…ဘာမှလဲမဟုတ်ဘူး…အဟီးဟီး…

    • ခင်ဇော်

      May 21, 2016 at 5:05 pm

      အာ့ကြည့်
      အနှိပ်ခန်းဆို ပြာ မယ် ထင်ကြတာာာ
      မခက်လားးး
      ??

      • sorrow

        May 23, 2016 at 10:23 pm

        ..Orchid foot reflexology ဆိုတာဟာတော့ ရန်ကုန်က ဗိုလ်ရာညွန့်လမ်းထဲရှိလေရဲ့…စင်ကာပူနဲ့မလေးမှာ သိပ်နာမည်ကြီးဆိုပဲ ..အင်မတန်သန့်သလိုတော့ခံစားရတယ်….စင်ကာပူကလာဖွင့်တာတဲ့ ..ခြေထောက်လေးနှိပ်တာလေးတော့မဆိုး..တိုက်တဲ့ရေနွေးကြမ်းကလဲ အိုးလိုက်…အလွန်ကောင်း…သို့ပေမယ့် ..ကျောတွေခေါင်းတွေ..လက်တွေကိုတဗျောင်းဗျောင်းနဲ့ထုထောင်းတာဆိုးတယ်….

        • ခင်ဇော်

          May 24, 2016 at 10:20 am

          Oil message လို့ နှိပ် ခိုင်းး လေ..
          ??

  • မြစပဲရိုး

    May 21, 2016 at 5:23 pm

    { မွေးသဖခင်ကတော့ စကားပြောရင်း နှိပ်ခိုင်းမယ်ဆိုပဲ။ }
    ပညာရှိ စကားဘဲ။
    BTW .. နားထဲ တစ်ခုခုများ ထည့်ထားပြီးလားမသိ။ lol:-)))) 😉

    • ခင်ဇော်

      May 21, 2016 at 5:26 pm

      ခိခိ
      ဟုတ်မယ်..
      မွေးမေလေ့ကတော့
      သူ့ ပိတ်သတ်စစ်စစ် က သူ့ ဟပ်ဘီပဲတဲ့..
      ဘာပြောပြော နီ မှန်တယ်.. ဟုတ်တာပေါ့ နီရယ်.. စသည်ဖြင့်..
      မွေးမေလေ့နဲ့ အတူ နေနည်းး သူ အရင် ရှာဖွေတွေ့ရှိ..
      ???

  • nozomi

    May 22, 2016 at 10:38 pm

    အနှိပ်ခံရတာတော့ကြိုက်သဗျ
    တအားထုထောင်း ပြီ လူသတ်နေသလို နှိပ်တာမျိုးတော့ မကြိုက်
    ပေါ့ပေါ့ပါးပါးလေးနှိပ်တာမှ အဆင်ပြေတယ်

    တခါတလေ stress တွေ များနေတဲ့အချိန် အဲကွန်းခန်းထဲ စိတ်ကိုလျှော့ အနှိပ်ခံလိုက်ရရင် စိတ်ထဲပေါ့သွားတယ်

    ၈ မိုင် က မျက်နှာဆေး တကိုယ်လုံးသက်တောင့်သက်သာ နှိပ်တဲ့နေရာရယ်
    ဘိုကလေးဈေးနားက ခြေထောက်နှိပ်တဲ့နေရာရယ် သဘောကျတယ်

    ခင်ဇော်ကြီးဆိုင်ဖွင့်ရင် ပုံမှန်လာအားပေးပါမယ်

    • ခင်ဇော်

      May 23, 2016 at 6:19 am

      ဖောက်သည် တစ်ယောက်ရပြီ..
      ခွိခု ခုခွိ
      ???
      အညောင်းပြေဇိမ်ကျ ရုံ အနှိပ်ခံရတာတော့ တယ်မိုက်..
      စွဲတယ်ရယ်…

  • ဦးကြောင်ကြီး

    May 23, 2016 at 9:19 am

    နီနဲ့ငှာ ယောက်တလှည့်စီ အနှိပ်ပြိုင်မလား…

    • ခင်ဇော်

      May 23, 2016 at 9:46 am

      ပြိုင်ပါဘူးး
      ကြောင် ဆိုတာ ဘယ်နှိပ်တတ်မှာတုန်းး
      ကုတ်ပဲ ကုတ်တတ်မှာ။
      :k:

  • Thint Aye Yeik

    May 23, 2016 at 10:16 am

    ကျနော်ဖြင့် ခေတ်နောက်ကျချက်
    ခုအရွယ်ထိ မာဆတ်တို့ အနှိပ်ခန်းတို့ကို တစ်ခါမှ မရောက်ဖူးသေးဘူး။

    ကျနော်က မွေးထဲက လက် ဆယ့်တစ်ချောင်း ပါခဲ့တာ။ ညာဘက်လက်မ ဘေးမှာ အရေပြားလေးဆက်ထားပြီး စပျစ်သီးလောက် အသားလုံးလေးအပိုပါခဲ့တာလေ။ အဲ့အသားလုံးလေးက လက်သည်းထွက်တယ်။ လက်ချောင်းမဟုတ်တဲ့ လက်လုံးလုံးကလေးဆိုပါတော့။ အဲ့ဒီလို လက်ပွါး ပါတဲ့သူတွေက လက်ပေါက်တယ် ဆိုပြီး အမေ အထေတွေက ထစ်ခနဲရှိ ကျနော့်ကိုပဲ နှိပ်ခိုင်းခဲ့တော့
    ကျနော်လည်း နှိပ်ခြင်းနဲ့ မစိမ်းရေးချ မစိမ်း။

    အခုတော့ အဲ့ လက်ပွါးလေးလည်း မရှိတော့ပြီ။ (မူလတန်းတုန်းက ပြေးလွှားဆော့ရင်း နွယ်ကြိုးတွေနဲ့ လက်အရေပြားလေးကို ငြိ။ အနာဖြစ်သွားလို့ ဖြတ်ပစ်လိုက်ရတယ်။) ညာဘက် လက်မ ဘေးမှာ ဖြတ်ထားတဲ့ အရာ အဖုလေးပဲ ကျန်တော့တယ်။

    အမေ အဖေတွေကိုတော့ ခုချိန်ထိ နှိပ်ပေးနေရတုန်း။

    တလောက ကျနော့် ခြေထောက်တွေ ထုံကျင်ပြီး လှုပ်ရှားရခက်သွားတော့ တလှည့်အနေနဲ့ အမေက နှိပ်ပေးတယ်။

    ဘာရယ်မဟုတ် ဒီပိုစ့်ဖတ်ပြီး အဲ့ဒါလေးတွေ သတိရသွားလို့။

    😆

    • ခင်ဇော်

      May 24, 2016 at 10:22 am

      မမဂျီးး ကတော့ မွေးမေလေ့ နဲ့ တွေ့ရင် ခေါင်းထိုးပေးထားလိုက်ရောပဲ..
      သူ ခေါင်းနှိပ်တာ ခံပြီးးရင် တခြားး ဘယ်သူ့လက်မှ မတိုးးလို့…
      အမေအဖေ ကို နှိပ်ပေးတာ အတွက် သာဓုခေါ်သွားးတယ် ???

  • ဦးဦးပါလေရာ

    May 24, 2016 at 6:36 am

    တကယ်တော့ ဟိုဟာ တွေကို နေရာရပ်ကွက်သပ်သပ်ပေးပြီး တရားဝင်လုပ်စေချင်မိတယ်..
    အခုဒီမှာက တရားဝင်ဟိုဟာနေရာမရှိတော့ –
    အနှိပ်ခန်းလဲ ဟိုဟာနဲ့ရော၊ ကာရာအိုကေလဲ ဟိုဟာနဲ့တွဲ၊ အလှပြင်ဆိုင်တော်တော်များများလဲ ဟိုဟာနေရာဖြစ်…နဲ့
    ကောင်းကောင်းမွန်မွန်လုပ်ကိုင်စားသောက်ချင်တဲ့ ကလေးမတွေလဲ အချောင်နာမည်ပျက်ရတယ်..
    ရိုးရိုးသွားအားပေးချင်တဲ့သူတွေလဲ စိတ်မလုံမလဲနဲ့ ….
    ကျုပ်တော့ ရွာပြန်မှပဲ အနှိပ်သည်အဒေါ်ကြီးခေါ်ပြီး အိမ်ရှေ့ခန်းမှာ ဖျာခင်းအနှိပ်ခံတော့မယ်..

    • ခင်ဇော်

      May 24, 2016 at 11:46 am

      မှန်လိုက်လေ ဦးဦးပါ။
      တကယ် စီးပွါးဖြစ်လုပ်ချင်သူတွေ က ရှောင်နေရတော့မဲ့ ကိန်းး
      :a:
      နယ်မှာတော့ အဖိုးကြီး အဖွားကြီးတွေ လိုက်နှိပ်/နင်းကြတာ။

  • Kaung Kin Pyar

    May 24, 2016 at 10:36 am

    ဒီမှာတော့ မျက်မမြင်တွေနှိပ်တာက အမှန်ကန်ဆုံးပဲ…။ အသားလဲ မနာဘဲ အကြောကိုချည်းနှိပ်တာ…။ တစ်နာရီကျော်မှ ၅၀၀ဝ လားရှိတယ်…(တခြားနေရာတွေမှာ သောင်းနဲ့ချီပြီး ပေးမယ့်အတူတူ ဒါကတောင် တစ်ဖက်ကတွေးရင် ကုသိုလ်ရသေးတယ်…)
    အရင်လုပ်ခဲ့တဲ့အလုပ်မှာတုန်းက စပ်စပ်စုစု မာဆတ် (သူတို့ကတော့ သရဖီ၊ နှိပ်ပေးတဲ့ ကလေးမလေးတွေကိုတော့ သရဖစ် လို့ခေါ်မှ ကြိုက်တယ်….) အဲ့အနှိပ်ခန်းထဲ ဝင်ကြည့်ပြီး မျက်လုံး ပြူးသွားဖူးသေးတယ်…။

    ငမ်… အလုံပိတ်ကြီး…!!!
    ပြီး အနှိပ်ခံမယ့်သူတွေ ဝတ်ရတာကလဲ လံကွတ်တီလောက်နီးနီးတွေ…..။ အခန်းမီးကလဲ နီကျင်ကျင်လို အဝါလိုလို…ပြီး အမွှေးနံ့သာတွေကလဲ… မူးတူးတူး….။ မမဂျီးပြောတဲ့ ရွစိရွစိတွေနဲ့ .. ဒီ ကာစတမ်မာတွေ သမာဓိအားနဲ့…ဘယ်လောက် တောင့်ခံနိုင်မတုန်း….။
    မဖြစ်ဖူး မဖြစ်ဖူး….၊ ဒါ လိုရမယ်ရ CCTV တပ်မှဖြစ်မယ်….၊ ခေးမလေးတွေအတွက်…အများကြီး အန္တရာယ် ဖြစ်သွားနိုင်တယ်… ။ ခမျာတွေက ဖြူဖြူနုနုဥဥ လေးတွေ…..။ လိုအပ်လာရင် အရေးပေါ်နှိပ်ဖို့ ဘဲလ် တို့ ဘာညာ….။
    မန်နေဂျာကို သွားရှည်ကြောတာ….။ မျက်တောင့်နီနဲ့ တချက်ကြည့်ခံရပြီး… သူ့အရပ်နဲ့ သူဇာတ်… နင်အသာနေစမ်းပါ ဆိုလို့…ပြောလက်စ .. မကုန်သေးတာတွေတောင် မျိုချခဲ့ရသလေ….။

    ပြီးတော့… မမဂျီး ပြောသလိုပဲ… အဆီသုတ်တာတွေ…(ဘန်ကောက်က လာတာ..။ အန်ကယ်လ်ဆက်ဂျ်ကြီးကတော့ ဘယ်လိုနည်းသုံးပြီး သယ်လာခဲ့တယ် မသိဘူး…။ ဒီလဲရောက်ရော.. ငါ့လက်ကလွတ် ဗြွတ်…၊ ခါခါခါခါနဲ့ လစ်သွားရော…)။
    ကိုယ့်မှာသာ အဲ့ဒီအဆီ 2Lit ဝင် 6 ဘူးပါတာ.. တစ်ဖာ၊ အဲ့ဖာ ၃ဖာ (စက္ကူဖာနော်… :k: )နဲ့ ကျန်ခဲ့တာ…။

    လေဆိပ်ထဲက ရအောင်ထုတ်ခဲ့ရတဲ့အချိန်….မျက်နှာကို စပလိန်လို အမျိုးမျိုးလုပ်ပြပြီး အင်မီဂရေးရှင်းတွေနဲ့ စက်ဖြတ်ကြား သရုပ်ဆောင်ပြခဲ့ရတာကတော့ Spa အမှတ်တရပါပဲ….။

    • ခင်ဇော်

      May 24, 2016 at 11:50 am

      သိသလောက်ကတော့ သရဖီ အဲ ဖီဇီယို သရဖီ က Professional ပညာရပ် တစ်ခု အနေနဲ့ သင်ပြီးမှ အဲဒီ ပညာရှင်လို့ သတ်မှတ်လို့ရတာဟုတ်ဘူးလားး
      ဟိ။
      ဟို ကိစန တွေသာမပါရင် ဒါဟာ ပညာနဲ့ လုပ်စားစရာ အသက်မွေးဝမ်းကျောင်း တစ်ခုပါ။
      ဒီက အားကစားကွင်းရဲ့ ဆေးခန်းတွေမှာ ဖီဇီယို သရဖစ်တွေ ထိုင်ရတယ်။
      ခုတော့ ကိုယ်တွေမှာ အနှိပ်ခန်းဆို ဘာပြေးမြင်ရမယ်မသိ။

      ခု အဲဒီ ဖာတွေ ဘယ်ရောက်ကုန်တုန်းး
      :k:

  • ဂျက်စပဲရိုး

    May 24, 2016 at 10:42 am

    ကိုယ့်မှာတော့ ဇိမ်ခံရမယ့် ကုသိုလ် ပဲ မပါတာလား မသိဘူး။
    အဲ့ဒီ မာဆတ် ဆိုတာတွေကို မခံစားတတ်ဘူးရယ်။
    ကိုယ့်လာကိုင်နေတာကို မနေတတ်တာ။
    အင်ဒို မာဆတ် ထိုင်း မာဆတ် တွေကတော့ လူသတ်နေသလား မှတ်ရ။
    တခါသား ထိုင်းရိုးရာ မာဆတ် ဆိုပြီး အနှိပ်ခံမိတာ နှိပ်ပေးတဲ့ အမျိုးသမီးက အန်တီ အရွယ်လောက် ဝတုတ်ကြီး
    လူပေါ် တက်ဖိ တက်နင်း လက်တွေ ခြေထောက်တွေ လှန်ချိုး နဲ့..
    အမယ် ပြီးတော့ ပြောသွားသေး မင်းက အတော် သန်တာပဲ ဒီလောက် နှိပ်တာကို ဘာသံမှ မထွက်ဘူး ဆိုပြီး
    တကယ်က သူ တက်ဖိ ထားတာနဲ့ လူက အသံကို မထွက်နိုင်တော့တာရယ်။

    နောက် SPA ဆိုပြီး ရှိသေး။
    နှိပ်တယ် ပြီးတော့ ဂျီးဒေါ် ပြောသလိုပဲ ဘာဆီတွေမှန်း မသိနဲ့ လူးပြီး ထပ်ပွတ်တယ်။
    နောက် ဆား နဲ့ ပွတ်တယ်
    ပြီး ချွေးထုတ်ခန်း အသေးစားလိုလေး ပေါင်းချောင် လိုလို အဝတ် တွေနဲ့ ပိတ်ထားတဲ့ အထဲ ထိုင်ခိုင်းတယ် (ဝက်သား ဆားနယ် လုပ်ရင်လဲ အဲ့လိုပဲလား မသိ)
    လူက ပူလိုက် အေးလိုက် (ချွေးပေါက်တွေ ကျယ်ပြီး ပိတ်နေတဲ့ ဂျီးတွေ သန့်သွားအောင် လုပ်တယ် ဆိုလားပဲ ဟုတ်လောက်ရဲ့)

    ဒီကြားထဲ အခန်းထဲမှာ တောက အဘွားတွေ ဒူးနာလို့ အိမ်သာ တက်ရင် ဆောင့်ကြောင့် မထိုင်ရအောင် ထားပေးတဲ့ ထိုင်ခုံမျိုး (casino royale ထဲမှာ ဂျိမ်းစ်ဘွန်း ကို လူဆိုး တီး တဲ့ ခုံမျိုး ဆိုပါတော့) တွေ့မိလို့
    အော် အိမ်သာ တွေ ဘာတွေ တက်ချင်ရင် အပြင်သွားစရာ မလိုအောင် လုပ်ပေးထားတာပဲ ဆားဗစ်က တယ်ကောင်း ဆိုပြီး တွေးနေတာ။

    အပြင်ရောက်လို့ စကားစပ်မိပြီး ပြောတော့မှ
    သူငယ်ချင်း မိန်းကလေးတွေက
    အဲ့ဒီ ထိုင်ခုံ မှာ သူတို့ကို ထိုင်ခိုင်းပြီးတော့ အောက်ကနေ မီးကျီခဲ ဆိုလား ကျောက်တုံး ကို အပူပေးပြီး ဆိုလား အငွေ့လွှတ်တာတဲ့။

    ဘုရား ဘုရား ကိုယ့် အဲ့လို မလုပ်တာ တော်သေးရဲ့ လို့ 😛 😛 😛

    • ခင်ဇော်

      May 24, 2016 at 12:03 pm

      ငန့်။
      နိ က နာ့ထက်တောင် ပိုစုံသေးတယ်။
      ရိုးရာ အနှိပ်ကို မသွားဖူးသေးဘူးး
      ဒီ က စပါတွေလည်း ဆီတို့ ဆားတို့ နဲ့ ပွတ်တာအပြင် အညောင်းပြေမလာတာတော့ အဟုတ်။
      နာ့ တစ်ခါ အခန်းထဲပိတ်ပြီး ရေနွေးငွေ့လွှတ်တာ အဲဒီ ဟာကြီး ခံစားလို့မရတာနဲ့ ဆူနာ လည်း မသွားရဲတော့ဘူးး
      ပူမွှန်မျွှန်ကြီးရယ်။

      :k:

      • ဂျက်စပဲရိုး

        May 24, 2016 at 12:26 pm

        သုံးခါထဲ ကို သုံးမျိုး ကြုံလိုက်ရတာဘာာာာ း)

  • .တို့ကတော့အဖေတူလို့လားမသိ..အနှိပ်ခံတာမကြိုက်ဘူး…အရသာလည်းမတွေ့ဘူး…
    .အဖေဆိုသေတဲ့အထိ တစ်ယောက်ကိုမှ အနှိပ်မခိုင်းဖူးဘူး…ကျုပ် တစ်ခါလားအနှိပ်ခံဖူးပါတယ်..နှစ်ရက်သုံးရက်လောက် ကိုယ်တွေလက်တွေနာနေလို့
    .အနှိပ်အနင်း အလျှင်းမခံတော့ပါကြောင်း…ခိခိ :k:
    .မှတ်ချက်။ ကိုယ်လည်းသူများနှိပ်မပေးချင်ဘူး :))

    • ခင်ဇော်

      May 26, 2016 at 11:38 am

      ကျနော့ မောင် အတိုင်းပေါ့။
      သူ့ နှိပ်ပေးမယ် ကြံရင် တွန့်လိမ် ပြေးတာ။

      :k:

  • manawphyulay

    June 1, 2016 at 2:50 pm

    အနှိပ်ခန်းဆိုလို့ ဟတ်ပီးဝေါထဲက တစ်နာရီ ဘယ်လောက်ဆိုတာပဲ သွားဖူးတယ်။ အရင်ကတော့ တစ်ပတ်တစ်ခါလောက် သွားဖြစ်တယ်။ ကိုယ်ဝန်စရှိခါစကတောင် မသိပဲ သွားလိုက်သေးတယ်။ ခုနောက်ပိုင်းတော့ ဘယ်မှ မရောက်ဖြစ်တော့ဘူး။ တစ်ခါလောက်တော့ မာဆက်ဆိုလား မိတ်ဆက်ဆိုလား သွားဖူးကြည့်ချင်မိပါတယ်။

    • ခင်ဇော်

      June 6, 2016 at 6:56 am

      ကိုယ်ဝန်နဲ့ဆိုရင်တော့
      ခြေထောက်နဲ့ လက်လောက် အနှိပ်ခံတာ ကောင်းမယ်ထင်ရဲ့..
      Position ဟိုချိုး ဒီချိုးး ကတော့ မသင့်တော်
      ☺️

  • uncle gyi

    June 3, 2016 at 4:30 pm

    မန်းလေးရောက်မှအနှိပ်စခံဖူးပြီးနောက်ပိုင်းအနှိပ်ခံရင်းကိုယ်တိုင်လဲနားလယ်လာတော့
    သူမ ျ ားတွေနှိပ်ပေးရင်းမြန်မာလက်နှိပ်တော့တော်တော့လူယှဉ်နှိပ်နိုင်တယ်ထင်တာပဲ
    ဆီနဲ့နှိပ်တာတော့မြန်မာမှာကြားဖူးပြီးတခါမှမရောက်ဖူးမနှိပ်ဖူး
    ဒါပေမဲ့ရွာကေ ျာ်ရွက်တိုက်အင်ဒိုမှာတော့သူမ ျားလိုက်ပို့လို့တခါနှိပ်ခံဖူးတယ်
    တကယ်ကောင်းအင်ဒိုရောက်ရင်အနှိပ်ခံကြည့်ကြပါလို့
    အပေါ်ကခင်ဇော်ပြောသလိုမြန်မာနည်းနဲ့တော့တခြားဆီ
    မြန်မာကအနှိပ်ခံပြီးရေမထိရ
    သူတို့ကရေပါခ ျိုးရတာ
    မခ ျိုးလို့လဲမရတကိုယ်လုံးဆီခ ျည်းဆိုတော့

    • ခင်ဇော်

      June 6, 2016 at 6:54 am

      မြန်မာ အလိုကတော့ အနှိပ်ခံပြီးးရင်
      ကိုယ်ထဲက လေ တို့ အပူတို့ က ရှိတဲ့ အပေါက်တွေ က ထွက်တယ်ပြောတာပဲ..
      အာ့ကြောင့် အနှိပ်ခံပြီးး ထွက်လာတဲ့ အခိုးတွေ ကို သတ်သလို ဖြစ်မစိုးလို့ ရေမချိုး ခိုင်းးတာ.. ရေချိုးပြီးမှ အနှိပ်ခံသင့်တာာ
      (ငင့် ရေချိုးခန်း အနှိပ်ခန်းတွေပါ ပေါ်နေပီလားးမသိ) ???
      မာဆတ် က ဆီ အရင် လိမ်းပြီးး နှိပ်တော့ အပူ က ဘယ်က ထွက်မလဲမသိ..
      စလုံးဘက်က လူတွေ အင်ဒို လည်တယ်တယ်ဆိုရင် နှိပ်ခံ ဖြစ်အောင် နှိပ်ကြတယ်..
      ကောင်းတယ်လို့ပြောတယ်..
      မရောက်ဖြစ်သေးဘူးးး
      ???

  • kai

    June 6, 2016 at 9:38 am

    မြန်ပြည်ရဲ့အနှိပ်ခန်းဆိုတာ.. တိုင်းရင်းသားကလေးမတွေအတွက်… အလုပ်အကိုင်အခွင့်အလန်းတွေလို့တွေးမိပြီးသကာလ…..
    စနစ်တကျနဲ့.. တရားဝင်တွေလည်းဖြစ်စေချင်မိတယ်….။
    ဘယ်လိုသိသလည်းမမေးနဲ့.. လုံးဝမှ.. ဝလုံးရေးချဝလုံး.. မပြောရရစ်.. မပြော.. :k:

    • ခင်ဇော်

      June 6, 2016 at 9:59 am

      ဟင်!!
      ဘတ်(စ) ကား စီးဖို့တော့ အချိန်မရဘူး။
      ဒါတွေသိဖို့ကျ အချိန်ရသလားး

      :k:

      • kai

        June 6, 2016 at 10:30 am

        အမ်..
        ဘတ်စ်က.. ၁ဝမှတ်တိုင်လောက်ကို.. ၂နာရီလောက်ကုန်မှာလေ…။ :k:

  • sorrow

    June 13, 2016 at 12:37 pm

    ..ဘန်ကောက်မှာလေ..နေရာအတိအကျတော့မမှတ်မိ…လွန်ခဲ့တဲ့သုံးနှစ်..မှတ်မိရင်လဲပြောပြမည်မဟုတ်.
    ..Central World နား….အနှိပ်ခန်းတခုရှိ…
    ..ကောင်မလေးတွေမလုံ့တလုံနဲ့အလွန်လှ….အဲ့တာ.တားတားနဲ့သွားတဲ့ဘော်ဒါက ..ခြေဆော့လက်ဆော့လုပ်….ကောင်မလေးက တစ်ခါခြေဆော့လက်ဆော့လုပ်တာနဲ့ ..ဘေးနားကစာအုပ်မှာ တခါမှတ်…ဘောက်ချာလဲထွက်လာရော..သူလေ ဘတ်သုံးထောင်ကျော်ရှင်းရတယ်…. တစ်ခါကိုင်..၂၀ဝတဲ့ဗျ…အဟိဟိဟိ….နှိပ်တာက …လေးရာထဲ..တစ်နာရီ.
    ( .တိုင်းရင်းသူတွေရဲ့…အလုပ်အကိုင်အခွင့်အလန်းတွေလို့တွေးမိပြီးသကာလ…ကချင်လူမျိုးမပါ.)

    • kai

      June 13, 2016 at 4:28 pm

      အင်းပေါ့လေ…။
      ကချင်မ လှလှလေးတွေက.. ချိုင်းနားပြည်တနံတဖျား.. ရောင်းကောင်းနေပြီဗျ..။
      ချိုင်းနီးစ်တွေချမ်းသာလာကြတဲ့အပြင်.. မိန်းမလည်းရှားကြသမို့.. ကတော်တွေဖြစ်ကုန်သလား.. မသိ..။
      မြန်မာပြည်လို.. ဆင်းရဲတဲ့နိုင်ငံများ.. လှည့်တောင်ကြည့်ပါ့ဦးမလား…။

      ဆိုတော့…
      ကျုပ်သာအာဏာရှိမယ်ဆိုရင်.. အနောက်ဖက်ကမ်းမှာ ပြုံတိုး..အင်အားများနေတဲ့.. မျက်လုံးပြူးဝိုင်းမလေးတွေကို.. အလုပ်အကိုင်အခွင့်အလန်းဖေါ်ပေးတယ်..။

      (မှတ်ချက်။ ။ မာဆတ်၊ နို်က်ကလပ်အပါအဝင်.. အချို့သော အင်တာတိန်းလုပ်ငန်းများကို.. သမ္မာအာဇီဝအလုပ်ဟု သတ်မှတ်သည်။)

  • Foolish Girl

    June 14, 2016 at 10:45 am

    ကိုယ်လည်းညောင်းတတ်တဲ့သူဆိုတော့ အနှိပ်ခံရတာတော့ရှယ်ကြိုက်တယ် နယ်မှာတုန်းကတော့ အနှိပ်သည်ခေါ်နှိပ်တယ် ရန်ကုန်ရောက်တော့
    လှည်းတန်းကမော်မှာ body message တွေ့လို့ နှိပ် ခိုင်းမိပါတယ် သူတို့ပေးတဲ့ တစ်ခါသုံး under wear လေးဝတ်ပြီး အလှဆီတွေနဲပအနှိပ်ခံရတာ ဆိုတော့ ဘယ်လိုမှ သက်တောင့်သက်တာအနှိပ်မခံရဘူး ဒီတော့တစ်ခါထဲနဲ့ကို လန့်ပြီးထပ်မသွားရဲတော့ဘူး
    ခုနောက်ပိုင်းသွားဖြစ်တဲ့ ဂျပန်မြန်မာအနှိပ်ခန်းလေးတွေတော့ မဆိုးပါဘူး
    ခဝဲခြံက မျက်မမြင်ကျောင်းတော့ တစ်လတစ်ခါလောက်တော့သွားဖြစ်တယ် ဈေးလည်းမဆိုး နှိပ်ပေးတဲ့သူတွေကလည်းသဘောကောင်း မိန်းကလေးယောက်ကျားလေးခန်းသတ်သတ်နဲ့ မိန်းကလေးဆို မိန်းကလေးပဲနှိပ်ပေးတာ

    • ခင်ဇော်

      June 14, 2016 at 1:24 pm

      ခဝဲခြံမှာ နှိပ်ခံဖို့တော့ တော်တော်များများ ပြေါကြတယ်။
      မသွားဖူးသေးဘူး တော့။

      🙂

      • Foolish Girl

        June 14, 2016 at 1:39 pm

        တစ်နာရီကို ၅၀၀၀(ရိုးရိုးခန်း)၊ ၆၀၀၀(အဲကွန်းခန်း)
        တစ်နာရီဆိုပေမယ့် တော်တော်များများတစ်နာရီခွဲနီးပါးလောက်နှိပ်ပေးတယ်
        တနင်္ဂနွေနေ့တိုင်း ပိတ်ပါတယ်
        အဂ္ဂပါယ် (ဂျပန်မြန်မာ မျက်မမြင် အကြောပြင်အနှိပ်ခန်း)
        ဖုန်းနံပါတ် ဝ၉-၄၄၀၀၀၀၉၄၅

Leave a Reply