Windows Recovery System

kaiAugust 28, 20101min650

http://itmen.myanmarbloggers.org/2008/08/windows-recovery-system.html

မှတိုက်ရိုက်ကူးယူဖေါ်ပြပါတယ်။အောက်ကအရောင်ပြောင်းထားတဲ့စာတွေပါ။ နည်းနည်းကြာနေပြီဆိုပေမဲ့…ဗဟုသုတပေါ့.။ ဒီခေတ်က ဟဒ်ဒရိုက်တွေလဲ ဈေးပေါတာမို ့တတ်နိုင်ရင်တော့ ဒေတာတွေကို portable hard driveစတိုးဆိုင်မှာဝယ်ပြီး အဲဒီထဲ သိမ်းထားပေါ့။ Cloud Computing ခေတ်မို့ ဒေတာတွေကို တိမ်တိုက်တွေမှာသိမ်းတာကတော့ စိတ်ချရပြီး ဘယ်နေရာကမဆို ဆွဲချလို့ရတာမို ့…Cloud Computingကိုလည်း အကျိုးရှိစွာသုံးကြပါလို့တိုက်တွန်းပါတယ်..။

ကွန်ပျူတာများမှာ အဆိုပါရီကာဗာရီမျိုုး ဝယ်ကတည်းကပါလာတတ်တယ်။ တချို့ကွန်ပျုတာ(HP/Compaq)တွေက ဖွင့်ဖွင့်ချင်း (f11 system recovery)နှိပ်ပါဆိုတာဘာမှန်းမသိ နှိပ်ချလိုက်တာမို ့ရှိသမျှဒေတာတွေပျက်ပြီး (ဝယ်တဲ့အခြေအနေ)စက်ရုံထုတ်အဆင့်ပြန်ရောက်သွားတာလည်းရှိရဲ့။ ဆိုတော့..သတိထားပြီးလုပ်ကြပေါ့နော..။ အဲဒါမျိုးဆို ရှိတဲ့ ဓါတ်ပုံတွေ၊ ဒေတာတွေပြန်ရဖို့ မဖြစ်နိုင်သလောက်မို့ပါ။

Computer ပြုပြင်သူများ၊ Service စင်တာများ မဖြစ်မနေသုံးရတော့မည့် နည်းပညာတစ်ခု ပေါ်ထွန်းလာပါပြီ။
Windows Recovery စနစ်ကို ဟိုးအရင်ကတည်းက ကွန်ပျူတာဂျာနယ်မှာ ကာတွန်းပုံလေးနဲ့ ကြော်ငြာလေး ပါကတည်းက သတိထားမိတာပါ။ ဒါပေမဲ့ ဘယ်လိုလုပ်တယ်ဆိုတာ တွေးလို့မရဘူး။ သူတို့က CD ခွေ သုံးရတယ်ဆိုတာပါတော့ သိပ်လည်း အထူး စိတ်မဝင်စားမိပါဘူး။ အလုပ်ရှုပ်တာကိုး။ ဒါပေမဲ့ ဟိုတစ်လောက မန္တလေး Alpha က Windows ကို Recovery လုပ်ပေးတယ်။ ဘာ CD ခွေမှ မလိုဘူးလို့ ကြော်ငြာတော့မှ အတော်လေးကို စိတ်ဝင်စားသွားမိပါတယ်။
သူငယ်ချင်းတစ်ယောက်ကလည်း အဲဒီကြော်ငြာလေးကိုကြည့်မိပြီး အဲဒါဘယ်လိုလုပ်တာလည်းလို့ လာမေးပါတယ်။ ကျွန်တော်လည်း လုံးဝမစမ်းဘူးသေးမဲ့ ဖြစ်နိုင်ချေရှိတာလေးကို တွေးမိတယ်။ တကယ်တမ်းတော့ backup လုပ်တာပဲ ဖြစ်ရမယ်။ OS တင်ထားတဲ့ Partition ကို backup လုပ်တာဖြစ်ရမယ်။ ပြီးတော့ အဲဒီဖိုင်ကို တခြားလုံခြုံတဲ့နေရာမှာ သွားသိမ်းထားတာ ဖြစ်လိမ့်မယ်။ Windows တစ်ခုခုဖြစ်ရင် Windows မတက်ခင် Restore လုပ်တဲ့ Program တက်လာပြီး Restore ပြန်လုပ်လိုက်လို့ OS ပြန်ကောင်းသွားတာ ဖြစ်ရမယ်။ ဒါပေမဲ့ Backup လုပ်ပြီးနောက်ပိုင်း တင်ထားတဲ့ Program တွေကိုတော့ သိမ်းရမှာ မဟုတ်ဘူးလို့ ပြောမိပါတယ်။
စိတ်ထဲမှာတော့ Program တစ်ခုခုကို သုံးတာဖြစ်ရမယ်လို့ တွေးထားပါတယ်။ ဒါကြောင့် အင်တာနက်ထဲမှာ ရှာကြည့်ပေမဲ့ ရှာလို့မတွေ့ဘူး။ တွေ့တဲ့ဟာတွေကလည်း ဘာတွေမှန်းကို မသိပါဘူး။ ဒီလိုနဲ့ တစ်ရက်မှာ ကိုယ် Hard Disk Clone ရိုက်ရင် သုံးနေကျ Acronis True Image ကို အသေးစိတ်လေ့လာကြည့်တော့မှ သူ့ထဲမှာ Windows Recovery ပုံစံမျိုးလေး ပါတာကို တွေ့လိုက်တယ်။ အဲဒီတော့မှ တော်တော်လေးကို ခံပြင်းသွားတယ်။ ဘယ့်နှယ် ကိုယ်ဖင်ခုထိုင်ထားတာကို ရွှေထုပ်မှန်း မသိတာကိုး။
နည်းလေးတွေ့တော့ ထုံးစံအတိုင်း Share လုပ်ချင်တယ်။ ဒါပေမဲ့ ဒီနည်းက တော်ရုံတန်ရုံမဟုတ်ဘူး။ အစတုန်းကတော့ သူများတွေလည်း ထိခိုက်ကုန်မှာမို့ မတင်တော့ဘူးလို့ကို ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ aungthu2006@gmail.com ညှော်တာနဲ့ တင်ရတော့မှာပါ။ Alpha ကတောင် ဒီနည်းလေးကို ဖွက်ထားပြီး ကြော်ငြာတွေလုပ်၊ စီးပွားရေးလုပ်စားနေတာ။ အဲဒါကြောင့် အသေးစိတ်ကိုတော့ မပြောတော့ပါဘူး။ သုံးရမဲ့ Program နဲ့ Concept လေး နည်းနည်းပဲ ပြောပါတော့မယ်။ ခွင့်လွှတ်နော်။ ပြီးတော့ ဒါတွေဟာ သာမန် user တွေအတွက် ခက်ခဲမှာမို့ Advanced User သမားတွေ အတွက်ပဲ ရည်ရွယ်တာလည်း ပါပါတယ်။ ဆရာသမားတွေအတွက် အသေးစိတ်သိစရာမလိုဘူး ထင်ပါရဲ့။

ပထမဆင့်
အကောင်းဆုံးကတော့ Format ချ၊ Windows ပြန်တင်လိုက်ပါ။ ပြီးရင် Driver လောက်ပဲတင်ပါ။ Program တွေကိုတော့ မတင်စေချင်ဘူး။ Backup Size ကြီးသွားမှာ မို့လို့ပါ။

ဒုတိယဆင့်
Acronis True Image CD ကို Active ကနေ ဝယ်လိုက်ပါ။ Install လုပ်ပါ။ သူ့ထဲမှာ Boot ခွေ Burn တဲ့ Function ပါပါတယ်။ အဲဒါကို သုံးပြီး Boot ခွေလုပ်ပါ။ ပြီးရင် အဲဒါနဲ့ Boot တက်ပါ။

တတိယဆင့်
Boot ခွေနဲ့ တက်ပြီးရင် True Image အလိုလိုတက်လာပါလိမ့်မယ်။ သူ့ Interface ပေါ်မှာ Backup ကို ရွေးပါ။ OS Partition ကို ရွေးပါ။ ပြီးရင် Backup လုပ်ပါ။ ဒီနေရာမှာ အရေးကြီးတာ တစ်ခုရှိပါတယ်။ အဲဒီ Backup File ကို ဘယ်နားမှာ သွားထားမလဲဆိုတဲ့ ကိစ္စပါပဲ။ Data Partition မှာ သွားထားလို့ ရပေမဲ့ ကိုယ့် PC က Public သုံးတာဆိုရင် အဲဒီဖိုင် ပျက်သွားမှာ နည်းနည်းစိုးရိမ်ရပါတယ်။ အဲဒီအတွက် True Image က Secure Zone ဆိုတာကို ဖန်တီးခွင်းပေးထားပါတယ်။ Secure Zone က Virtual Partition တစ်ခုဖြစ်ပြီး OS ကတောင် Access လုပ်နိုင်ခွင့်မရှိတဲ့ Partition ပါ။ အဲဒီ Partition ကို ဖန်တီးပြီး အဲဒီထဲမှာ Backup File ထည့်ရင် အကောင်းဆုံးပါ။ ဒါပေမဲ့ Secure Zone ဖန်တီးလိုက်ပြီဆိုရင် True Image က HDD ရဲ့ MBR မှာ သူရဲ့ Program Path သွားထည့်ပြီး Windows တက်တိုင်း True Image နဲ့ Recovery လုပ်မယ်ဆိုရင် F11 နှိပ်ပါဆိုတဲ့ စာတန်းကြီး အမြဲတမ်းပေါ်နေပါလိ့မယ်။ ဒါဟာ သုံးစွဲသူတွေအတွက် မျက်စိနောက်စရာဖြစ်နိုင်သလို ကိုယ်သုံးတဲ့ Program ရဲ့ နာမည်ကို တစ်ပါးသူမသိစေလိုတဲ့သူတွေအတွက် အဖြေထုတ်ပေးထားသလို ဖြစ်နေနိုင်ပါတယ်။ ကျွန်တော်ကတော့ Data Partition ထဲမှာ သွားထည့်ပါတယ်။

စတုတ္ထဆင့်
ဒါဆိုရင် Backup လုပ်ငန်းစဉ် ပြီးဆုံးသွားပါပြီ။ Customer ကို ပေးလိုက်လို့ ရပါပြီ။ နောက်ပိုင်း သူတစ်ခုခုဖြစ်လို့ Service ခေါ်ရင် အစောက Boot ခွေသုံးပြီး Restore ပြန်လုပ်ပေးလိုက်ပါ။ စမ်းသပ်ချက်အရ 10 မိနစ်နီးပါးသာ ကြာမြင့်ပါတယ်။

အပိုလုပ်ဆောင်ချက်များ
အဲဒီ True Image မှာ Incremental Backup ဆိုတာ ပါပါသေးတယ်။ အပေါ်က ပုံစံအတိုင်းသာ Restore လုပ်မယ်ဆိုရင် ကျွန်တော်တို့ Backup လုပ်ခဲ့တုန်းက ပုံစံကိုပဲ ပြန်ရောက်သွားမှာပါ။ Customer တွေ အနေနဲ့ကျ သူတို့သုံးစွဲခဲ့တဲ့ နောက်ဆုံး အခြေအနေကို ပြန်လိုချင်မှာပဲ။ အဲဒီအတွက် Incremental Backup ကို On ထားလိုက်ပါ။ True Image က user က setting, data တစ်ခုခု အသစ်ထည့်တိုင်း၊ ပြောင်းလဲတိုင်း backup ထဲကို အလိုလို သွားရေးပါလိ့မ်မယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ လုံးဝ မကြိုက်ပါဘူး။ Space ယူလွန်းတာရယ်၊ Windows Speed နှေးသွားတာရယ်ကြောင့်ပါ။