ဘဏ်မန်နေဂျာ ကိုသာထွေး

introAugust 29, 20101min854
(အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ… ရွံရှာတတ်သူများနှင့် မရယ်မော တတ်သူများ မဖတ်ရ)

နေရာက စင်ကာပူမြို့လည်ခေါင်မှာ ဖွင့်ထားတဲ့ နာမည်ကျော် ဘဏ်တိုက်ကြီးတစ်ခု…

အချိန်က ပုံမှန်ထက် မပိုတဲ့ အလုပ်ဖွင့်ရက် နံနက်ခင်း…

အဲဒီအချိန်မှာ အသားဖြူဖြူ မျက်လုံးမှေးမှေး အရပ်ပုပုနဲ့ အမေအိုကြီး
တယောက်ဟာ ပိုက်ဆံတွေ အပြည့်ထည့်ထားတဲ့ အိတ်ကြီးတစ်လုံးကို
မနိုင့်တနိုင်သယ်ပြီး ဘဏ်ထဲကို ဝင်လာပါတယ်။

အဲဒီဘဏ်ရဲ့ မန်နေဂျာက မြန်မာနိုင်ငံမှာမွေး မြန်မာနိုင်ငံမှာ ကြီးပြီး မြန်မာနိုင်ငံမှာပဲ ပညာတွေသင်သွားတဲ့ မြန်မာလူမျိုးစစ်စစ် ကိုသာထွေး

ပြောရရင်… သူတပါးတိုင်းပြည်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုရာထူး ရာခံတွေ ခံစားနေရတော့ သူ့ကိုသူ အဟုတ်မှတ် ဘဝင်မြင့်ပြီး ဘယ်သူ့ကိုမှ ထီမထင်တဲ့
ဘဏ်မန်နေဂျာကြီးပေါ့…

ခုဏက အမျိုးသမီးက ဘဏ်ရဲ့အင်ဖော်မေးရှင်း ကောင်တာကိုသွားပြီး
ငွေစုစာရင်းအသစ် ဖွင့်ချင်ကြောင်း… စုချင်တဲ့ ငွေပမာဏက များကြောင်း…
ဘဏ်မန်နေဂျာနဲ့ ကိုယ်တိုင် တွေ့ရမှဖြစ်မယ် ဆိုတဲ့အကြောင်း ပြောပြီး
ဘဏ်စာရေးကို သူ့အိတ်ကို သဘောလောက် ဖွင့်ပြပါတယ်…

အထဲမှာပါလာတဲ့ ငွေတွေကို မြင်တော့ စာရေးလေးလဲ ယုံကြည်သွားပြီး
မန်နေဂျာကြီးကို ဖုန်းဆက် အကျိုးအကြောင်း ပြောပြတာပေါ့။ အဲဒီလိုနဲ့
ကိုသာထွေးရဲ့ ရုံးခန်းထဲကို အဲဒီအဖွားကြီး ရောက်သွားရော ဆိုပါတော့…

ကိုသာထွေးက စားပွဲပေါ်မှာတင်ထားတဲ့ ငွေအိတ် အကြီးကြီးကို ကွက်ကြည့် ကွက်ကြည့် လုပ်ရင်း စုမယ့်ငွေပမာဏက ဘယ်လောက်များသလဲ လို့ မေးပါတယ်။

အမေအိုကြီးက “ဒေါ်လာ ၅ သန်း” လို့ဆိုပြီး သူ့ရဲ့ ငွေအိတ်ကြီး ကို
ဖွင့်ပြတော့ ကိုသာထွေးရဲ့ မျက်နှာကြီး တချက် ဝင်းကနဲ ဖြစ်သွားပါသေးတယ်။

ငွေတွေကို မြင်ပြီး အထင်ကြီး အားကျသွားတဲ့ ဘဏ်အရာရှိကြီးဟာ အဲဒီလောက်ငွေ
များများကို သူလိုအဖွားကြီး တယောက်အနေနဲ့ ဘယ်ပုံဘယ်နည်းနဲ့များ ရှာလို့
ရခဲ့သလဲဆိုပြီးတော့ စပ်စုတာပေါ့…

သူ မထင်ထားဘဲ အဖွားကြီးဖြေလိုက်တဲ့ အဖြေက…

“အလောင်းအစား လုပ်တာလေ”

“ဗျာ… ဘယ်လို… အလောင်းအစား… ဟုတ်လား”

“ဟုတ်တယ်လေ အလောင်းအစား လုပ်တာ… မယုံရင် မောင်ရင်နဲ့ အမေနဲ့ အလောင်းအစား
လုပ်ကြမယ်လေ။ ဒီက မောင်ရင်ရဲ့ × ဟာ အံစာတုံးပုံ လေးထောင့်ကြီးပါ
ဆိုတဲ့အကြောင်း ဒေါ်လာ ၂ သောင်းကြေး အလောင်းအစား လုပ်ကြမယ်။ ဘယ့်နှယ့်လဲ”

မထင်မှတ်ပဲ ဆိုလာတဲ့ စိန်ခေါ်မှုဟာ ကိုသာထွေး ကို အားရပါးရ အော်ဟစ်ရယ်မော
စေပါတော့တယ်။ သူ့ကို ဒီလိုနည်းနဲ့ အလောင်းအစား လုပ်လို့ကတော့ သူနိုင်မှာ
သေချာပေါက်ပဲလေ။ ကိုသာထွေးကလဲ သူ့အကြောင်းသူ ကောင်းကောင်း သိနေတာကိုး…

“ဒါနဲ့… အလောင်းအစားကို လက်ခံတယ်မဟုတ်လား…” လို့ အဖွားကြီးက မေးလာတော့…

“ဟားဟားဟား… လက်ခံတာပေါ့ဗျာ… ကျွန်တော့်မှာ လေးထောင့်ပုံ × မရှိဘူး
ဆိုတဲ့အကြောင်းကို ဒေါ်လာ ၂ သောင်းကြေးလောင်းတာ… ကျွန်တော် ရဲရဲကြီး
လက်ခံတာပေါ့…”

“ကောင်းပြီလေ… ဒါဆို အလုပ်ဖြစ်ပြီ” လို့ဆိုပြီး အဖွားအိုကြီးက အလောင်းအစားကို အတည်ပြုလိုက်ပါတယ်။

“ဒါပေမယ့်… လောင်းရမယ့် ငွေပမာဏက များတော့ မနက်ဖြန် မနက် ဆယ်နာရီ တိတိမှာမှ
အမေ့ရဲ့ ရှေ့နေကို သက်သေအဖြစ် ခေါ်လာခဲ့မယ်… မောင်ရင် မကန့်ကွက်ဘူး
ဆိုရင်ပေါ့…”

“ဟာ… ကိစ္စမရှိဘူး… ကိစ္စမရှိဘူး… ခေါ်ချင်တဲ့သူခေါ်ခဲ့… ရတယ်… ရတယ်… ဟားဟားဟား”

အဲဒီနေ့ညနေ အိမ်ပြန်ရောက်ကတည်းက ကိုသာထွေးတစ်ယောက် အတော့်ကို ဂနာမငြိမ် ဖြစ်နေပါပြီ။

မှန်ရှေ့သွားလိုက်… စစ်ဆေးလိုက်… ရေချိုးခန်းဝင်လိုက်… ပြန်ကြည့်လိုက်နဲ့… ကုဗတုံးပုံသဏ္ဍာန် ရှိမနေကြောင်း သူ့ကိုယ်သူ အကြိမ်ကြိမ် အတည်ပြုရတာလဲ အမော…။

သူထင်ထားသလို ဟုတ်မနေရင် ဒီအလောင်းအစားကို ရှုံးမှာ မဟုတ်လား…
ဒီလိုဆိုတော့လဲ သူ့ဘက်က အဘက်ဘက်ကနေ သေချာအောင် စိစစ်ထားရတာ မမှားဘူးပေါ့။

နောက်တနေ့မနက် ဆယ်နာရီထိုးခါနီးမှာ မနေ့က အမျိုးသမီးကြီးဟာ သူ့ရဲ့
ရှေ့နေဆိုသူနဲ့အတူ မန်နေဂျာကြီး ဦးသာထွေးရဲ့ ရုံးခန်းကို ရောက်လာပါတယ်။
အလောင်းအစားကို နှစ်ဦးနှစ်ဘက် သဘောတူထားကြောင်း လုပ်ရိုးလုပ်စဉ်အတိုင်း
အတည်ပြုကြတာပေါ့။

ဒါကို စစ်ဆေးကြည့်ဖို့ အဖွားအိုကြီးက တောင်းဆိုတဲ့အခါ ကိုသာထွေးက
အသာတကြည်နဲ့ သူ့ ဘောင်းဘီကို လျှောချပေးပါတယ်။ ရမယ့် ငွေက များတော့
ရာထူးတွေ ဂုဏ်ဒြပ်တွေ အရှက်တရားတွေကို ခေါင်းထဲမှာ သိပ်မထားတော့ဘူးပေါ့။

အဖွားအိုကြီးက ဒီထက်တဆင့်တက်ပြီး လေးထောင့်ပုံရှိမရှိ လက်နဲ့ စမ်းသပ်ကြည့်မယ် ဆိုပြန်တော့လဲ ဒေါ်လာ နှစ်သောင်းတန်မယ့် ကိစ္စကြီးမို့ …
“ရပါဒယ်ဗျာ ရပါဒယ်” ဆိုပြီး လိုက်လျောပြန်တာပါပဲ။

ကိုသာထွေးတစ်ယောက် မျက်နှာပြောင်ပြောင်နဲ့ ရပ်နေတုန်း အဖွားကြီးက သူ့ရဲ့
သက်သေခံပစ္စည်းကိုလည်း လက်နဲ့ အသေအချာ စမ်းကြည့်လိုက်တဲ့အချိန်မှာ… ခုဏက
အဖွားအိုနဲ့ အတူပါလာတဲ့ ရှေ့နေဆိုသူဟာ ရုံးခန်းနံရံကို သူ့ရဲ့ ခေါင်းနဲ့
တအားကုန် ပြေးဆောင့်ပါလေရော။

တဒင်္ဂ အချိန်လေးအတွင်းမှာ ရုတ်တရက် ဖြစ်သွားတဲ့ အခြေအနေမို့ မန်နေဂျာကြီး
ကိုသာထွေးတယောက် အဖြစ်အပျက်တွေကို ဘာဆိုဘာမှ နားမလည် နိုင်တော့ဘူးလေ။

“ဟာ… ဘီလိုဖစ်တာလဲ” ဆိုပြီး ပြာပြာသလဲလဲ မေးတာပေါ့။ အဲဒီတော့မှ အဖွားကြီးက မျက်နှာကြီး ပြုံးဖြီးဖြီးနဲ့ ဒီလိုပြန်ဖြေတယ် …

“ဒီနေ့မနက်ပဲ အဲဒီ ရှေ့နေနဲ့ အမေနဲ့ အလောင်းအစား လုပ်ခဲ့တာလေ။ မနက် ဆယ်နာရီ
တိတိမှာ စင်ကာပူမြို့လည်ခေါင်က ဘဏ်မန်နေဂျာကြီး ဦးသာထွေးရဲ့
လျှို့ဝှက်အပ်သော အရာကို ကိုယ်ထိလက်ရောက် ထိပြကိုင်ပြနိုင်ရင် သူက အမေ့ကို
ဒေါ်လာ ၁ သိန်းပေးမယ်တဲ့လေ… အခုအမေနိုင်ပြီပေါ့” တဲ့…

ကဲ… ကောင်းကြသေးရဲ့လား အရပ် ကတို့……………..

ရွှင်လန်းချမ်းမြေ့ပါစေ

းဝ) ကိုလူထွေး
Source: Forward Mail

4 comments

  • thihayarzar

    August 29, 2010 at 3:50 am

    မဆိုးဘူးပဲ … ကောင်းပါတယ် … နောက်ထပ်လည်း တင်ပေးစေချင်ပါတယ်

  • arwarlay123

    August 29, 2010 at 7:30 am

    ကောင်းလိုက်တဲ ့အလောင်းအစား တန်တယ်နော်…….

  • etone

    August 31, 2010 at 8:40 am

    ha ha ha ha ရယ်ရတယ် ။

  • unclegyi1974

    September 12, 2010 at 3:49 pm

    ကွန်ပြူတာပညာရှင်နဲ့ အင်္ဂျင်နီယာ လေယာဉ် စီးသွားတုန်း အမေးအဖြေ လုပ်တာနဲ့ ပုံစံတူပါဘဲ
    မြန်မာမှုပြုတဲ့စိတ်ကူး လေးကောင်းပါတယ်။

Leave a Reply