အော်သံပေးတဲ့ အရိုးခေါင်း အပိုင်း(၁)

မောင်ဘလိုင်September 6, 20164min64320

     တစ်ခုသော ညနေတွင် ကျွန်ုပ်တို့ သူငယ်ချင်းနှစ်ယောက်သည် ညနေစာထမင်းကို အိမ်တွင်မစားမူဘဲ

ထမင်းကြော်သုပ် သွား၍စားကြပြီးနောက် လက်ဘက်ရည်ဆိုင်ဘက်သို့ စက်ဘီးကလေးတစ်စီးဖြင့်

ကမ်းနား လမ်းအတိုင်း နင်းလာကြလေသည်။

  မကြာမီတွင် မည်းနက်သော ကောင်းကင်ပြင်၌ လျှပ်စီးများ ပြိုးပျက်လျက် ချက်ခြင်းလိုလိုပင် အေးစိမ့်

လာပြီး မိုးပေါက်များ ကျဆင်းလာလေသည်။ ဗြုန်းစားကြီး ရွာချလိုက်သော မိုးကြောင့် ထီးအကာ မ

ပါသော ကျွန်ုပ်တို့နှစ်ဦးသည် မိုးလွတ်ရာကို အသည်းအသန်ရှာကြရာ အိုမင်းဟောင်းနွမ်းနေသော

အဆောက်အဦးကြီး ဘေးတွင် အဖီချထားသော ဈေးဆိုင်လော၊ လူနေအိမ်လော မပီပြင်သည့်နေရာ

မှ မှေးမှိန်သော ဘက်ထရီ မီး ချောင်းအလင်းရောင်ကို သတိပြုမိကြလေ၏။ ပထမတွင် ကျွန်ုပ်တို့နှစ်

ဦးသည် တံစက်မြိတ်အောက်တွင် ခိုကပ် နေရာမှ အဖီအတွင်းသို့ကဲကြည့်ရာ လူနေအိမ်မဟုတ်ဘဲ

အရက်ဆိုင်တစ်ဆိုင် ဖြစ်ကြောင်းတွေ့ရလေသည်။ ဘီယာကြော်ငြာများ ကပ်ထားသဖြင့် ဘီယာရနိုင်

လောက်သည်ဟု အောက်မေ့၍ ဆိုင်အတွင်းသို့ ဝင်ခဲ့ကြလေ သည်။

     ကျွန်ုပ်တို့နှစ်ဦးသည် ပါလာသော ပိုက်ဆံများကို ရေတွက်ကြည့်ရာ လေးရာစွန်းစွန်းခန့် ပါရှိ

ကြောင်း သိ ရသဖြင့် ဘီယာတစ်ယောက်နှစ်ခွက်စီ သောက်၍ရနိုင်ကြောင်း သဘောတူကြလေ

သည်။ ငွေသိမ်းကောင်တာ တွင် ထိုင်နေသော ဆိုင်ရှင်ဖြစ်ဟန်တူသည့် တရုတ်မကြီးသည် ဆိုင်လု

လင်လေးကို တစ်စုံတစ်ရာ လှမ်းပြော လိုက်သည်ကို ကြားမိပြီးနောက် ထိုကောင်ကလေးသည် နံရံ

တွင်ထောင်ထားသော ထီးစုတ်တစ်လက်ကို ဆောင်း၍ မိုးရွာထဲသို့ ပြေးထွက်သွားသည်ကို မြင်ကြရ

သည်။ ထို့နောက် ကျွန်ုပ်တို့သည် ဘီယာရ မရမေးမြန်း ပြီး ဘီယာနှစ်ခွက် မှာယူလေသည်။ ဆိုင်

လုလင်ကလေး မရှိသည်ဖြစ်၍ ဘီယာခွက်ကို ကိုယ်တိုင်သယ်ကာ မည်သည့်နေရာတွင် ထိုင်ရမည်

နည်းဟု ဆိုင်အတွင်း အကဲခတ်ရာ ဝိုင်းနှစ်ဝိုင်း သုံးဝိုင်းခန့်သာ ရှိပြီး လူမှာ လည်း သုံးလေးယောက်

သာ ရှိကြောင်း သတိပြုမိသည်။

   ကျွန်ုပ်၏ သူငယ်ချင်းသည် အမြည်းအတွက် မြေပဲလှော်တောင်းရာ လက်ဘက်ရည်ခွက် အောက်ခံ ပြု

လုပ်သည့် ပန်းကန်လေးတစ်ချပ်အတွင်းသို့ မြေပဲလက်တစ်ဆုပ်ကို တရုတ်မကြီးက ထည့်ပေးလိုက်လေ

သည်။

ထာင့်ဝိုင်းတစ်ဝိုင်းမှာ လူကြီးတစ်ယောက်ကလည်း မြေပဲလိုချင်ကြောင်း အော်ပြောလေရာ ကျွန်ုပ်က

“ကိုင်း..ထည့်ပေးလိုက်ပါ..ကျွန်တော်ပဲ သွားပေးလိုက်မယ်..။”

မြေပဲမှာသော လူကြီးက ကျွန်ုပ်ကို မြင်သောအခါ –

“ဟ..သူငယ်က ဦးလေးစော မြေးကလေး ထင်ပါရဲ့ ။” ဟု မေးလေ၏။ ကျွန်ုပ်လည်း ထိုလူကြီးကို သေချာ

ကြည့်မိသော အခါ ကျွန်ုပ်အဘိုးထံ မကြာခဏ လာတတ်သော အဘိုးကြီးတစ်ယောက် ဖြစ်ကြောင်း

တွေ့ရသဖြင့် –

“ဟုတ်ကဲ့” ဟု ပြန်၍ဖြေလိုက်လေသည်။

“ကိုင်းကွယ်…ငါ့တူတို့ အဘနဲ့ပဲ ဝိုင်းလိုက်ပါလား။” ဟု၍ တောင်းပန်သော မျက်နှာဖြင့်ဆိုလေရာ

ကျွန်ုပ်တို့လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ခေါင်းညိတ်ကြလေသည်။

“ကနေ့ညတော့ အဘက ငါ့တူသားများကို တကာခံမယ်..ဟုတ်ပြီလား။”

ကျွန်ုပ်တို့လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ဒုတိယအကြိမ် ခေါင်းညိတ်

ကြပြန်လေသည်။

   ကျွန်ုပ်တို့လည်း အဘိုးကြီး တောင်တောင်အီအီ ပြောသမျှကို နားထောင်ကြရလေသည်။

ကျွန်ုပ်၏ ဖခင် ဖြစ်သူဘက်မှတော်စပ်သော ကျွန်ုပ် အဘိုးအကြောင်းကိုလည်း ပြော၏။ ထို

ဘိုးအေမှာ ကျွန်ုပ်နှင့် ခပ် တန်းတန်းသာ နေကြောင်း၊ စကားပင် လေးလုံးကွဲအောင် မပြော

ကြောင်း ကျွန်ုပ်က ပြန်ပြောရာ –

“အေး..တို့လို အထီးကျန်အဘိုးကြီးတွေနဲ့တော့ ပြောမကုန်အောင်ပဲကွ။ မင်း အဘိုးကလည်း

ဗမာပြည်အနှံ့ ဆိုင်ကယ်တစ်စီးနဲ့ ပတ်ခဲ့တာ။ ငါကတော့ သင်္ဘောသား ဆိုတော့ ပင်လယ်ထဲ

အနှံ့ပေါ့ကွာ။”

ကျွန်ုပ်လည်း အဘိုးကြီးပြောသမျှကို ဧည့်ထောက်ခံပြုနေရလေသည်။ ကျွန်ုပ်သူငယ်ချင်းမှာမူ သူ၏

ထုံးစံအတိုင်း ဘီယာခွက်ကို စေ့စေ့ကြည့်၍ ဝိပဿနာတင်နေ၏။ တစ်ချိန်တွင် အဘိုးကြီးသည် ရုတ်တရက်

ပြောစရာမရှိသကဲ့သို့ စကားစပြတ်သွားရာ ဆိုင်ပြင်၌ အသဲအမဲရွာလျက်ရှိသော မိုးသံကိုသာ

ကျွန်ုပ်လည်း အာရုံပြုနေမိတော့၏။ ရုတ်တရက် အဘိုးကြီးက ထပြောသည်။

“ဟေ့..သူငယ် နားထောင်ကြည့်စမ်း..။”

ကျွန်ုပ်လည်း အူကြောင်ကြောင်ဖြင့် နားစွင့်ကြည့်ရာ လေသံ မိုးသံနှင့် ရံခါ ဖြတ်သန်းသွားသော ယာဉ်

အချို့မှ အသံများကိုသာ ကြားမိလေသည်။

“ဘာသံများ ကြားမိလို့လည်း ခင်ဗျ။”

“အော်သံကွ..ငါသေချာကို ကြားလိုက်တာ။”

ကျွန်ုပ်လည်း မျက်လုံးအပြူးသားဖြင့် အဘိုးကြီးကို ကြည့်မိရာ အဘိုးကြီးလည်း ကျွန်ုပ်အကြည့်ကို နား

လည် သဘောပေါက်သည့် အမူအရာဖြင့် အရက်ခွက်ကို ကောက်မော့ပြီး ယုတ္တိကျကျ ဖြေရှင်းချက်ကို

စဉ်းစားဟန် ပြုနေလေသည်။ ထို့နောက် ထူးခြားဆန်းကြယ်၍ တုန်လှုပ်ဖွယ်ကောင်းလှသော ၎င်း၏

အဖြစ်အပျက်ကို အောက်ပါအတိုင်း ပြောပြလေသည်။ (ကျွန်ုပ် ဧည့်ထောက်ခံပြောသော မေးသော

စကားများကို အတတ် နိုင်ဆုံး ချန်လှပ်၍ အဘိုးကြီး တစ်ဦးတည်းပြောသည့် Monologue ပုံစံ

မျိုးဖြင့် ဖော်ပြလိုက်ပါသည်။)

   ငါ အော်သံတွေ မကြာခဏ ကြားတတ်သကွ။ တခြားကတော့ မဟုတ်ဘူး။ အဲဒါက အော်တဲ့ အော်သံ။

ဟာ..မင်းနှယ်..ငါ သွေးနည်းတဲ့ကောင်လည်း မဟုတ်ဘူး။ စိတ်ကူးတယဉ်ယဉ် နဲ့ တောင်တောင်

အီအီ တွေး တတ်တဲ့ကောင်လည်း မဟုတ်ဘူးဟ။ သရဲလား …မယုံပေါင်ကွာ..။ အေး..ဒါက..အင်း

အဲလိုဟာဆိုရင်တော့ တစ်မျိုးပေါ့လေ။ အဲဒါက ငါ့ညီ လူထက် ကို မုန်းသလောက် ငါ့ကိုလည်း

မုန်းနေတာကွာ..။ ငါ့ကို အမြဲအော် နေတာ။

    စက်ဆုပ်စရာ ကောင်းတဲ့ ပိပိရိရိ ကျူးလွန်တဲ့ လူသတ်မှုတွေ အကြောင်း ကိုယ့်အရင်းအချာတွေ

ကို မပြောမိတာ အကောင်းဆုံးကွ။ မနှင်းရည်ကလေး သေတာ ငါ့အပြစ်မကင်းဘူးလို့ပဲ စိတ်ထဲမှာ

ကိုယ့်ကိုယ်ကိုယ် အမြဲ အပြစ်တင်နေမိတာ။ သူ့ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ တစ်သက်လုံး

နေသွားစေချင်တာ ဘုရား သိမှာပါ။ ငါမရည်ရွယ်ခဲ့ပါဘူးကွာ။ ငါသာ အဲဒီ စောက်လူသတ်တဲ့

အကြောင်းသာ မပြောခဲ့ရင် သူလည်း အသက် နဲ့ ကိုယ် မြဲနေမှာပဲ။ ငါ့လည်း ဒီလိုမျိုး လာအော်နေ

စရာ မရှိဘူးပေါ့ကွာ။ ငါ တွေးကြည့်တာပါ။

   မနှင်းရည်က သေးသေးသွယ်သွယ်နဲ့ သဘောကောင်း မနောဖြူကလေး။ စကားပြောလည်း

လေအေး ကလေးနဲ့။ သူအော်တာ..အင်း ငိုတာပေါ့လေ တစ်ခါတော့ ငါကြားဘူးတယ်။ သူ့သား

ကလေး ရှေ့တန်းမှာ ကျ သွားတုန်းကပေါ့ကွာ။ အေး..အေး..အဲဒီ အော်သံ..ဟုတ်တယ်..ငါအမြဲကြား

နေရတဲ့ အသံနဲ့ တစ်ထပ်တည်းပဲ။ မမှားနိုင်ဘူး။ သိလား။

   အင်း..ဒီလိုကွာ။ မနှင်းရည်ကလေး ခင်ပွန်း လူထက်နဲ့ ငါက ညီအစ်ကိုတွေ။ ငါက လူမြတ်ပေါ့။

မိဘတွေလည်း မရှိတော့ဘူး။ ဆွေမျိုးသားချင်းဆိုတာတွေလည်း ခပ်ရေးရေးပါကွာ။ ငါလည်း

တစ်သက်လုံး သင်္ဘောပေါ်မှာနေ။ သင်္ဘောက ဆင်းတဲ့အခါကျတော့ ခြေသလုံးအိမ်တိုင်လျှောက်

သွားနေတာပေါ့ကွာ။ တစ်နေ့ တော့ သူတို့အိမ်ကို ငါရောက်သွားရော။ ေဩာ်..ငါ့ညီက ဆရာဝန်ပါ။

ကျေးလက်ဆရာဝန် တစ်ယောက်ပေါ့။ အင်း..နောက်ဆုံး သူတို့အကုန် သေကုန်ကြတော့ … ငါ

အဲဒီအိမ်မှာ နေနေတာပေါ့ကွာ။ ဟ…ဖြတ်မမေးပါနဲ့ဦး။ ငါပြောနေတာ ဘယ်ရောက်သွားပါလိမ့်။

ေဩာ်..သိပြီ..။ သူတို့အိမ် ငါရောက်သွားတော့ လင်မယားနှစ်ယောက် ရန်ဖြစ်ပြီးကာစ ထင်ပါရဲ့။

မနှင်းရည်ကတော့ နှုတ်ခမ်းကိုက်ပြီး ဒေါသကို ထိန်းနေတဲ့ပုံ။ ငါ့ညီကတော့ ပါးစပ်က အယုတ္တ

အနတ္တတွေ ပြောတုန်း။

   အဲဒီည ထမင်းစားပွဲကတော့ တယ် မဟန်လှဘူးဟေ့။ ရာသီဥတုကလည်း ဆိုးလိုက်တာ။

ခုည အတိုင်းပဲ..။ အေးကလည်း အေးနဲ့။ အစားအသောက်တွေကလည်း အဆီအငေါ်မတည့်

တာနဲ့။ မနူးတာ မနပ် တာ နဲ့။ ပိုဆိုးပေါ့ကွာ။ ဟိုကောင်ကလည်း ဘာတွေ ဒေါထနေမှန်းကို

မသိဘူး။ ကနေ့ အလုပ်မှာ အတော် ကလေး အဆင်မပြေဖြစ်ခဲ့တာလား။ လူနာတစ်ယောက်

ယောက်များ ဖိတ်စင်သွားလို့လား..မဆိုတတ်ပါဘူး ကွာ။ ငါလည်း စိတ် အပြောင်းအလဲက

လေးဖြစ်အောင် တောင်တောင်အီအီ လျှောက်ပြောနေတုန်း ဒီကောင် က ဒေါသတကြီး

ထအော်တယ်လေ။ ငါ့ မိန်းမက ငါ့ကို အဆိပ်ခတ်ဖို့လုပ်နေတာ ကိုကြီးမြတ်..သိလား..။

ဒီကောင်မ တစ်နေ့တော့ အပေါက်အလမ်း တည့်သွားမှာပဲ တဲ့။ မနှင်းရည်ကလေးက

အဲဒါကြားတော့ ရင်နာ သွားပုံရသကွာ။ ငါလည်း ရီစရာသဘောဖြစ်အောင် မင်းနှယ်

ကွာ..နှင်းရည်က ဒီလိုနည်းရိုးနဲ့ လုပ်ဖို့တောင် ပါးနပ် ပါ့မလားဟ ဆိုပြီး ပြောတာပေါ့။

နောက်တော့ ဖန်ထည်ကို လေမှုတ်သွင်းပြီး ပုံဆန်းတွေ လုပ်တဲ့ ဂျပန် တွေ အကြောင်း၊ ဟိုဟို

သည်သည် နဲ့ စကားလွှဲပြီး လျှောက်ပြောနေတုန်း လူထက်က ကိုကြီးမြတ်ရာ ဒါတွေ

ကျွန်တော်လည်း သိပါတယ်။ ကိုကြီးမြတ်ထက်တောင် သိသေး။ ဘာညာ ဆိုပြီး ပြောတော့

ငါလည်း မခံချင် ဖြစ်သွားရောကွ။ ဒီတော့ ဒင်းမသိတာ တစ်ခုခုရှာကြံပြောမယ်ဆိုပြီး

အဲဒီ စောက်ပေါက်တတ်ကရ ဟာ ကို ပြောမိတော့တာပဲ။

20 comments

  • ဝင့်ပြုံးမြင့်

    September 7, 2016 at 8:31 am

    ညက်နေတာပဲ ကိုဘလှိုင်ရေ။ ရှေ့ကတစ်ခု ဘာသာပြန်က ဖတ်ရတာ ထောက်တယ်။ အခု တစ်ပုဒ်က ညက်နေတာပဲ။ လူကို ဆွဲခေါ်သွားတယ်။ လူက လိုက်စရာ မလို။

  • Ma Ei

    September 7, 2016 at 2:13 pm

    ခဏဆို အစလေးဘဲဖတ်လိုက်ပါဦးမယ်လို့ စဉ်းစားပြီးဖတ်လိုက်တာ အဆုံးထိဖတ်မိသွားတယ်… အပိုင်း ၂ စောင့်ဖတ်ပါတော့မယ်… မြန်မြန်တင်နော့်

    • မောင်ဘလိူင်

      September 19, 2016 at 1:26 pm

      ဘာသာပြန် အမှီး ပေါ့ ဦးမိုက်ရေ..။
      ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါနော်။

  • pooch

    September 8, 2016 at 3:18 pm

    စောင့်ဖတ်နေတယ်နော် မြန်မြန်လေး

  • Wow

    September 9, 2016 at 3:33 pm

    ဘာသာပြန်လားးး

    • မောင်ဘလိူင်

      September 19, 2016 at 1:27 pm

      ဘာသာပြန် အမှီး ပေါ့ အစ်မ 😀 ။
      ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါနော်။

  • မမချွိ

    September 13, 2016 at 1:31 pm

    ဟွာ။
    ကျန်တာတော့ပြောစရာမရှိပါဘူးး
    ထမင်းကြော်သုပ် ဆိုတာ ဘယ်လိုမျိုးလဲ။
    ဟီးဟီးဟီး

    :k:

    • မောင်ဘလိူင်

      September 19, 2016 at 1:33 pm

      ထမင်းကြော်သုပ်ဆိုတာ ရိုးရိုးထမင်းကို မသုပ်ပဲ
      ပဲပြုပ်နဲ့ကြော်တဲ့ မြန်မာထမင်းကြော်ကို သုပ်တာပါ။
      တိုဟူး၊ စိန်ပန်း၊ ခေါက်ဆွဲ၊ ကြာဆံ၊ အာလူး၊ နံနံပင်၊
      ဂေါ်ဖီ၊ မုန့်ကြွပ်၊ ဆီချက် နီ/ဝါ၊ ပဲမှုန့်၊ ငံပြာရည်၊ အချိုမှုန့်
      အဲဒါတွေ ထည့်ပြီးသုပ်။ အချဉ်ကတော့ မုန်လာချဉ်၊ ကြက်
      သွန်ချဉ်၊ ပဲတီချဉ်။ အရည်သောက်က ဟင်းခါးပေါ့။
      အမဲကြော်၊ ဆိတ်သားလုံး၊ ကြက်ကြော်၊ ဘဲဥချက် စတာ
      တွေနဲ့ တွဲဖက်ပြီး စားကြတယ်။

      • kai

        September 19, 2016 at 2:25 pm

        အယ်လ်အေက ရခိုင်တွေတခါက.. ဆန်
        ကြာဆန်ကိုကြက်ဥနဲ့ကြော်ထားပြီးမှ.. အသုတ်ပြန်လုပ်ကျွေးတာစားဖူးတယ်..။
        အူကြောင်ကြောင်တောင်ဖြစ်မိ..။
        စားကြည့်တော့ အကောင်းသား..။ :k:

        • မောင်ဘလိူင်

          September 19, 2016 at 3:21 pm

          ဟုတ်တယ် သူဂျီး..ခေါက်ဆွဲကြော်သုပ်တို့၊ ကြာဇံကြော်သုပ်တို့
          ရှိပါ့ ခင်ဗျာ။

  • Foolish Girl

    September 14, 2016 at 11:09 am

    အပိုင်း (၂)မျှော်နေပါတယ်နော် 😀

  • မောင်ဘလိူင်

    September 19, 2016 at 1:45 pm

    အီတာလျံဖွား အမေရိကန် စာရေးဆရာ Francis Marion Crawford (၁၈၅၄-၁၉၀၉)
    ဟာ ထူးခြားဆန်းကြယ် ဝတ္ထုတွေ ရေးခဲ့သူပါ။ သူ့ဇာတ်လမ်းတွေက အများအားဖြင့်
    အီတလီမှာ အခြေပြုပါတယ်။ ၁၉၀၈ မှာ ထွက်တဲ့ ဒီဝတ္ထုတိုဟာ သဘာဝလွန် ဝတ္ထု
    တွေ ချဉ်းကပ်ရေးသားပုံ ခေတ်ဟောင်းနဲ့ ခေတ်သစ်ကြား အရေးပါတဲ့ အလှည့်အပြောင်း
    တစ်ခုအနေနဲ့ အချို့က အကဲဖြတ်ကြပါတယ်။ မူရင်းဝတ္ထုမှာ ဇာတ်လမ်းတစ်ခုလုံး တစ်ဦး
    တည်းပြော (monologue) အနေနဲ့ ဖြစ်ပေမဲ့ ကျွန်တော့်အမှီးမှာတော့ အပျိုးပိုင်းအတွက်
    အပြန်အလှန်ပြော (Dialogue) အနည်းငယ်ထည့်သွင်းထား မိပါကြောင်း ဝန်ခံအပ်ပါသည်။

    (ကွန်ပျူတာပျက်၊ ဘာမှန်းမသိ အလုပ်ရှုပ်နေတာကြောင့် ပြန်စာများ နောက်ကျ
    ရခြင်းကို ခွင့်လွှတ်ကြစေလို။)

  • သျှားသက်မာန်

    September 20, 2016 at 5:04 pm

    မိုက်တယ်

Leave a Reply