အောင်တိုးသည် အပြင်ပန်းတွင် အေးစက် ငြိမ်သက်သောသူ ဖြစ်သော်လည်း အစင်းသိ သူငယ်ချင်း အရင်းတယောက် အနေဖြင့်မူ သူသည် စိတ်ကူးယဉ် အဆန်ဆုံး လူတယောက် ဖြစ်ကြောင်း ကျနော် ကောင်းကောင်း နားလည်ပါသည်။ “ကဲ…ငါ့အထင် သနားစရာ ကောင်မလေး အလောင်းနဲ့ ဟို ငွေသေတ္တာကို နောက်ပိုင်းကြ တွေ့ရော ဆိုပါတော့။ ” “အေးပါ..မင်းစိတ်ဝင်စားတယ်ဆိုတော့ ကျန်တဲ့ အပိုင်းကို ငါ ဆက်ပြောပါ့မယ်။” ဇာတ်ရှိန်တက်ကာ စိတ်ခံစားမှုမြင့်လာသည်နှင့်အမျှ ကမူကလေးပေါ်မှ သဏ္ဌာန်သည်လည်း ကျနော်တို့၏ မျက်လုံးတွင် ရှေးကထက်ပင် ပို၍ ပြတ်သားလာတော့သည်။ “အေး…ဒီလိုနဲ့ မကြာပါဘူးကွာ..ရွာကလည်း သူတို့ရဲ့ ငြီးငွေ့စရာ နိစ္စဓူဝ အလုပ်တွေနဲ့ ပြန်ပြီး လည်ပတ်နေ တာပေါ့။ ဦးဩကြီးကိုလည်း ဘယ်သူမှ သတိမရတော့ပါဘူး။ ဒီလူကြီးကလည်း အရင်ကတည်းက […]


အတန်ကြာသောအခါ အောင်တိုးသည် မနေနိုင်တော့သဖြင့် – “အင်း…အဲဒါနဲ့ ပက်သက်လို့ ဇာတ်လမ်းလေး တပုဒ်လောက် လုပ်စမ်းပါဦး။” “အေး…ဇာတ်လမ်း တပုဒ်တော့ ရှိတယ်။ မင်း မအိပ်ချင်သေးဘူး ဆိုရင် ငါ ပြောပြမယ်လေ။” “ရတယ် ပြောကွာ..။” “ဟိုး တောင်ကုန်းနောက်က ရွာကလေးကို တွေ့လား။ အေး အဲဒီရွာကလေးမှာ တခါတုန်းက သေအံ့မူးမူးနဲ့ လူကြီး တယောက်ရှိခဲ့ဘူးသကွ။ ဦးဩကြီး လို့ပဲ ဆိုကြပါစို့။ ဒီလူကြီးက အထက်အညာဘက်မှာ ရွှေထည် အတုတွေ ဘာတွေ သွားရောင်းရင်း အတော်ဟန်ကျနေ ဆိုပဲ။ နောက်တော့ အဲဒီနယ်က လူတွေက ရိပ်မိသွားတော့ သူလည်း အထုပ်ပိုက်ပြီး ဒီကို ပြန်ပြေးလာတာပေါ့။ ဒီပြန်ရောက်တာနဲ့ သူ့အိမ်ကို ချဲ့ဖို့ ပြင်တာပဲ။ တို့ ဒီဘက် ရွာနီး […]


(For the blood is the life[1] (1905) အမည်ရ ဤဝထ္ထုတိုသည် အီတာလျံနွယ်ဖွား စာရေးဆရာ Francis Marion Crawford ၏ အကောင်းဆုံး ဝတ္ထုတိုများအနက် ကျနော် အမှီးရေးသော ဒုတိယမြောက် တပုဒ်ဖြစ်ပါသည်။ ပထမ တပုဒ်အား အော်သံပေးသော အရိုးခေါင်း အမည်ဖြင့် ပြန်ဆိုထားပါသည်။ ) ကျနော်သည် တက္ကသိုလ် ကျောင်းသားဘဝ၌ ဦးအံ့မောင် ဆိုသော လူကြီးတဦးနှင့် ကံအားလျော်စွာ ခင်မင်ခွင့် ရခဲ့ပြီးနောက် မြို့နှင့် အတော်လှမ်းသော တောင်ကုန်း တောင်တန်းများကြားရှိ ၎င်း၏ ဥယျာဉ်ခြံသို့ မကြာခဏ ဆိုသလို သွားရောက် လည်ပတ်ခဲ့ရာမှ နောက်ဆုံးနှစ် ဒုတိယနှစ်ဝက်တွင် စာမေးပွဲ မရှုံးစေရန် အသဲအသန် ကြိုးစား နေရသဖြင့် မရောက်ဖြစ်သည်မှာ […]




မတ် ၂၅၊ သောကြာ တယ်လီဖုန်းကြိုးကို ကျွန်တော် ဖြတ်ပစ်ပြီးပြီ။ ဟို ရဲအုပ်အရူးကြီး တစ်ချိန်လုံး အာရုံစားနေတာ သည်းမခံနိုင် တော့ဘူး။ နောက်ဆုံးဗျာ.. ကြမ္မာငင်တဲ့ အချိန်မှာတောင် လာနှောင့်နေတာ။ မြတ်စွာဘုရား…ဘာလို့ ဒါတွေ ရေးနေတာပါလိမ့်။ တစ်လုံးမှ မမှန်ဘူး။ တစ်ယောက်ယောက်က ကျွန်တော့် ဖောင်တိန်ကို ထိန်းချုပ်ပေးနေသလိုပါလား။ အာ..ဒါပေမဲ့..ကျွန်တော် ရေးမယ်။ ဘာတွေ တကယ်ဖြစ်သလဲဆိုတာ ချကိုရေးမယ်။ ဒါက တော်တော်တော့ အားထုတ်ရတယ်။ ဒါပေမဲ့ ကျွန်တော် လုပ်မှာ။ နောက်ဆုံးအနေနဲ့ဆိုရင်တောင် တကယ်လုပ်ချင်တာ အဲဒါပဲ။ တယ်လီဖုန်းကြိုးကို ကျွန်တော် ဖြတ်..အလို.. ဘာလို့လဲဆိုတော့ ကျွန်တော် လုပ်ကို လုပ်ရမှာ ဖြစ်လို့…အဲဒီမှာ..တွေ့တာပဲ..။ ဟာ..ဘာလို့လဲဆိုတော့… ကျွန်တော် လုပ်ရမှာ..မဖြစ်မနေ လုပ်ရမှာမို့လို့။ မနက်တုန်းက ကျွန်တော်တို့ ပြတင်းပေါက်နားရပ်ပြီး ကစားနေကြတာ။ […]


မတ် ၁၃၊ တနင်္ဂနွေ ဒီမနက်တော့ စိတ်မချမ်းသာ စရာလေး တစ်ခုကြုံရတယ်။ ကျွန်တော့် အခန်းကို တည်းရိပ်သာက ကောင်လေး ရှင်းပေးနေတုန်း ကော်ရစ်ဒါမှာ ဟိုဘက်ဒီဘက် ကျွန်တော်လျှောက်နေတာ။ ဧည့်ဆောင်ခန်း ပြတင်းပေါက် အပြင်ဘက်မှာ ပင့်ကူကြီးတစ်ကောင် အိမ်ဖွဲ့နေတာ တွေ့သဗျ။ ဒေါ်အုန်းနွယ်ကတော့ နေပါစေတဲ့။ သူတစ်ပါး အသိုက်အမြုံ မဖျက်ကောင်းပါဘူး ဆိုပြီး ထားတာ။ အဲ..အဲဒီပင့်ကူအိမ်နား ရစ်သီရစ်သီ လုပ်နေတဲ့ နောက် ပင့်ကူလေး တစ်ကောင် တွေ့သဗျ။ ဟိုပင့်ကူကြီး လှုပ်ရင် သူပြေးရော။ ကျွန်တော့်စိတ်ထဲ ပင့်ကူကြီးက အမ။ ပင့်ကူလေးကို အထီးလို့ သတ်မှတ်မိတယ်။ အဲဒီကောင်လေးက ပင့်ကူအိမ်ကို ပတ်ပြီးပြေး။ ပြီးရင် ပင့်ကူမနား ကပ်ဖို့ ကြိုးစားပြန်ရော။ နောက်တော့ ပင့်ကူမက မလှုပ်တော့ဘူး။ ပင့်ကူအိမ်အလယ်မှာ […]


ဖေဖော်ဝါရီ ၂၈၊ တနင်္လာ မနေ့ညက ဒီကိုရောက်တယ်။ တကယ်က ဒီနေ့မှ ပြောင်းဖို့ကို မနေ့ တနင်္ဂနွေနေ့ညကတည်းက မထူးပါဘူး ဆိုပြီး တစ်ခါတည်း ရွှေ့လာတာ။ ပစ္စည်းက ခရီးဆောင် အိတ်နှစ်လုံးစာ။ ကိုယ့်ရှိတာလည်း ဒါအကုန်ပါ။ အခန်း ရောက်တော့ ပစ္စည်းလေးတွေ နေရာချတန်တာချ။ အိပ်ယာတန်းဝင်။ အိပ်လို့ကောင်းလိုက်တာ။ ကိုးနာရီထိုး၊ ဒေါ်အုန်းနွယ် တံခါးလာခေါက်မှ နိုးတယ်။ မနက်စာ လာပို့တာ။ ကြီးတော် ခမျာ ကျွန်တော့်ကို အရေးတယူနဲ့ ဂရုစိုက်ရှာပုံရပါတယ်။ မနက်စာက ကြက်ဥကြော်၊ ထမင်းကြော်နဲ့ ကော်ဖီ။ ကော်ဖီ သိပ်ကောင်း။ မျက်နှာသစ်၊ အဝတ်လေးလဲ၊ မနက်စာစားပြီးတော့ တည်းရိပ်သာက ကောင်လေး အခန်းသန့်ရှင်းရေး လုပ်တုန်း ဆေးလိပ် တစ်လိပ်ဖွာတယ်။ ကဲ..ဒီမှာတော့ ရောက်နေပြီ။ နည်းနည်းတော့ အန္တရာယ် […]


(ဂျာမန် ထိတ်လန့်သည်းဖို စာရေးဆရာ Hans Heinz Ewers သည် အမှန်အားဖြင့် ပြဇာတ်သရုပ်ဆောင်ခြင်း နှင့် ကဗျာများအတွက် အသိများသူ ဖြစ်သည်။ လိင် နှင့် အကြမ်းစားဇာတ်ကွက်များကြောင့် သူ့လက်ရာများ ချိနဲ့ သွားသည်ဟု (ဖတ်သူစိတ်ထဲ) ဖြစ်ရသော်လည်း ဟန့်စ် ကမူ ရေးဖို့ ရှက်ရွံ့လက်တွန့်မည် မဟုတ်ပါ။ နာဇီပါတီ ကို ပထမတွင် ထောက်ခံအားပေးခဲ့သော်လည်း ဂျူးများနှင့် လိင်တူချစ်သူများအပေါ်တွင် နာဇီတို့ ထားရှိသော သဘောထားကို မနှစ်သက်သောကြောင့် ပါတီမှ ခွာခဲ့သည်။ နာဇီများက အငြှိုးထားကာ သူ့အ လုပ်များနှင့် သူ့စာများကို ပိတ်ပင်သည်။ သူ့ပိုင်ဆိုင်မှုများကို သိမ်းပိုက်သည်။ အသနားခံစာပေါင်းများစွာ ရေးတင်ခဲ့သော် လည်း အရာမရောက် မထူးခြားခဲ့ချေ။ ထိုနှစ် ၁၉၄၃ ခုနှစ်မှာပင် ဟန့်စ် […]


အပိုင်း – (၁) အပိုင်း – (၂) အပိုင်း – (၃) မနက်ကျတော့ ကတ္ထူပုံးကို သွားရှာတယ်။ ချုံပင်က အကိုင်းတွေနဲ့ ငြိနေတာ တွေ့တာပဲ။ အဖုံးက လည်း ပုံးအောက်တည့်တည့်မှာ ကျလို့။ အဲဒီတော့ ငါ့လက်က လွတ်ကတည်းက အဖုံးပွင့်သွားတာ မဟုတ်ဘူး ပေါ့။ တစ်ခါတည်း ပါသွားတာ..။ အထဲကဟာရော။           ဒါပဲ။ အင်း..ကတ္ထူပုံး အိမ်ပြန်သယ်သွားပြီး ဟို ခေါင်းခွံကို ပြန်ထည့်၊ ဗီရိုထဲမှာ တစ်ခါတည်း သော့ခတ် ထားလိုက်တယ်။ အိမ်အကူကလေးမက မနက်စာပြင်ပေးရင်း ဘာပြောသလဲဆိုတော့ သူဒီမှာ မလုပ်နိုင်တော့ ဘူးတဲ့။ သွားတော့မယ်တဲ့။ ပြီးခဲ့တဲ့လက လစာ မရလည်း ကိစ္စမရှိပါဘူး ဆိုပဲ။ ကလေးမ မျက်နှာကြည့်တော့ လည်း […]


မောင်ဘလိုင်September 26, 20161min2374
ငါက သိပ်ကြောက်တတ်တဲ့လူမျိုးတော့ မဟုတ်ဘူးကွ။ သရဲခြောက်လှပါတယ်ဆိုတဲ့ သင်္ဘောတွေ လည်း လိုက်ခဲ့ဖူးပါရဲ့။ ဆိုးဆိုးဝါးဝါးတွေလည်း တွေ့ခဲ့ဖူးတာပဲ။ တစ်ခုမှ ခေါင်းထဲ..စိတ်ထဲ စွဲမကျန်ရစ်ပါဘူးကွာ။ ဒီဟာကတော့ ခေါင်းထဲကကို ထုတ်လို့မရတာဟေ့။ အဲဒါကြီး လွှင့်မပစ်ဘူးလား..။ ဟား..မရဘူးကွ။ အဲဒါက သူ့နေရာမှာပဲ သူနေချင်တာ။ သူ့တို့အိပ်ခန်းထဲ က ဗီရိုထဲမှာပဲ နေချင်တာ။ တခြား ဘယ်နေရာမှာမှ မပျော်လို့ထင်တာပဲ။ ဘယ်လိုသိရမလဲကွ..ငါ စမ်းကြည့်ဖူး တာကိုး။ မင်းနှယ်..ငါ မလုပ်ကြည့်ခဲ့ဖူးဘူးလို့ ထင်နေတာလား။ သူ့နေရာမှာ သူဆိုရင်တော့ အော်သံပေးယုံ လောက် ပဲ။ အဲ..တခြားသွားထားကြည့်..။ အိမ်ထဲမှာပဲနော်..နေရာရွှေ့ကြည့်။ အိမ်ထဲမှာ ဘယ်သူမှ ၂၄နာရီ ပြည့်အောင် မနေရဲဘူး။ အိမ်အကူတွေပါ ပြေးကုန်လို့ နှစ်ပတ်လောက် ဒုက္ခတွေ့ရသေး။ ရွာထဲကလူတွေများ နေဝင်တာနဲ့ အိမ်ရှေ့ကတောင် ဖြတ်မလျှောက်တော့ဘူး။ ရောင်းဖို့၊ […]


မောင်ဘလိုင်September 19, 20161min2414
ယောက်ျားသုံးယောက်ကို ပိပိရိရိသတ်ပစ်တဲ့ မိန်းမတစ်ယောက်အကြောင်းပေါ့ကွာ။ ကြားဖူးလားတော့ မသိဘူး။ လေးယောက်မြောက်ကျကာမှ မိတော့တာ။ အိုင်ယာလန်မှာ ဖြစ်ခဲ့တာပါ။ အင်း..မသေမချင်းကြိုးကွင်း စွပ်သတ်စေပေါ့။ သူ့ယောက်ျားတွေကို ဘယ်လိုသတ်ပစ်ခဲ့သလဲ ဟုတ်လား။ ဒီလိုကွ..အရင်ဆုံး ဆေးခပ်ပြီး မူး မေ့အောင်လုပ်။ ပြီးတော့ ပွက်ပွက်ဆူနေတဲ့ ခဲရည်တွေကို ကတော့လေးတစ်ခုနဲ့ နားထဲလောင်းထည့်တာပဲ။ အေးပေါ့..မူးမေ့ပြီး အိပ်ပျော်နေတဲ့အချိန် လုပ်တာပေါ့။ အေး..တခြားတော့ ဘာမှ ထူးထူးခြားခြား မဖြစ်သေး ဘူး။  မနှစ်က ဒီအချိန်လောက်..။အင်း အဲဒီညနေ ထမင်းပွဲပြီးတဲ့နောက်ပေါ့..။ နိုဝင်ဘာလပဲကွ..။ မှတ်မိတာ ပေါ့ကွာ။ မနှင်းရည်လေးတစ်ယောက် အိပ်ယာထဲမှာပဲ ရုတ်တရက် ဆုံးရှာသတဲ့။ အဲ..ရက်စွဲလား..အဲဒါတော့ မသေချာဘူးကွ။ အဲဒီတုန်းက ရခိုင်ဘက် ငါရောက်နေတာ။ အင်း..အင်း..မနှင်းရည်ကလေး ဆုံးရှာတော့ ငါ့ညီ လူထက် အထီးကျန်ရှာမှာပဲဆိုပြီး ငါသွားတွေ့တာ ပေါ့။ ဒီကောင့်ကြည့်ရတာ […]


မောင်ဘလိုင်September 6, 20164min66320
     တစ်ခုသော ညနေတွင် ကျွန်ုပ်တို့ သူငယ်ချင်းနှစ်ယောက်သည် ညနေစာထမင်းကို အိမ်တွင်မစားမူဘဲ ထမင်းကြော်သုပ် သွား၍စားကြပြီးနောက် လက်ဘက်ရည်ဆိုင်ဘက်သို့ စက်ဘီးကလေးတစ်စီးဖြင့် ကမ်းနား လမ်းအတိုင်း နင်းလာကြလေသည်။   မကြာမီတွင် မည်းနက်သော ကောင်းကင်ပြင်၌ လျှပ်စီးများ ပြိုးပျက်လျက် ချက်ခြင်းလိုလိုပင် အေးစိမ့် လာပြီး မိုးပေါက်များ ကျဆင်းလာလေသည်။ ဗြုန်းစားကြီး ရွာချလိုက်သော မိုးကြောင့် ထီးအကာ မ ပါသော ကျွန်ုပ်တို့နှစ်ဦးသည် မိုးလွတ်ရာကို အသည်းအသန်ရှာကြရာ အိုမင်းဟောင်းနွမ်းနေသော အဆောက်အဦးကြီး ဘေးတွင် အဖီချထားသော ဈေးဆိုင်လော၊ လူနေအိမ်လော မပီပြင်သည့်နေရာ မှ မှေးမှိန်သော ဘက်ထရီ မီး ချောင်းအလင်းရောင်ကို သတိပြုမိကြလေ၏။ ပထမတွင် ကျွန်ုပ်တို့နှစ် ဦးသည် တံစက်မြိတ်အောက်တွင် ခိုကပ် နေရာမှ အဖီအတွင်းသို့ကဲကြည့်ရာ […]


( စစ်တွေမှာ မွေးဖွားခဲ့တဲ့ ဆာကီ အမည်ခံ အင်္ဂလိပ် စာရေးဆရာ Hector Hugh Munro ဟာ ထိတ်လန့် ချောက်ခြားဖွယ် ဝတ္ထုတိုတွေ ရေးခဲ့သူပါ။ သူ့ဝတ္ထုတိုတွေထဲက အတိုဆုံးနဲ့ အသိမ် မွေ့ဆုံး ဖြစ်လောက်မဲ့ Sredni Vashtar ဆိုတဲ့  လွန်ခဲ့သော နှစ်တရာကျော်က ဝတ္ထုကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ Hector Hugh Munro ဟာ ပထမကမ႓ာစစ်အတွင်း ဂျာမန် စနိုက်ပါသမား တစ်ယောက်လက်ချက်နဲ့ အသက် ၄၅နှစ်မှာ ကွယ်လွန်သွားပါတယ်။) ကောင်ကလေး ကွန်ရာဒင် က ဆယ်နှစ်သား။ ဆရာဝန်က သူ့အသက်မွေးမှုအမြင်အရ ပြောတာဖြင့်ကောင်ကလေးဟာ နောက်ငါးနှစ်ထက်တော့ ပိုပြီး အသက်မရှည်နိုင်ရှာတော့ ဘူးတဲ့။ ဆရာဝန်က ပျော့ပျော့နွဲ့နွဲ့ နဲ့ကိုးစားစရာ သိပ်မရှိလှ။ အဲ..ဒါပေမဲ့ မစ္စစ် […]