ငါးကြီးဆီ OMEGA-3 Fatty Acids

AKKOOctober 7, 20101min2255

ငါးကြီးဆီ OMEGA-3 Fatty Acids သည်-

သွေးတိုးနှင့် နှလုံးရောဂါများ မဖြစ်အောင်ကာကွယ်ပေးသည်။

နှလုံခုန်မမှန်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်းတို ့မှ ကာကွယ်ပေးသည်။

သွေးထဲမှ မကောင်းသော အဆီဓါတ် (cholesterol, triglycerides, VLDL) တို ့ကို ကျဆင်းစေပြီး ကောင်းသောအဆီဓါတ် HDL ကို မြင့်တက်စေသည်။

သွေးကြောအတွင်း သွေးမခဲစေရန် ဟန် ့တားပေးသဖြင့် လေဖြတ်ခြင်း မှကာကွယ် ပေးသည်။

အရေပြားတွင် ဖြစ်ပေါ်တတ်သည့် တင်းတိပ်နှင့် နှင်းခူများကို ပျောက် ကင်းစေသည်။

လေးဖက်နာ အဆစ်အမြစ်ရောင် ရောဂါများကို သက်သာပျောက်ကင်း စေသည်။

အမျိုးသမီးများတွင် ဖြစ်တတ်သောအရိုးပွရောဂါ (Osteoporosis) မဖြစ်စေရန် ကာကွယ်ပေးသည်။

စိတ်ဓါတ်ကျခြင်းနှင့် စိတ်ဖိစီးမှု များကို သက်သာစေသည်။

ကိုယ်ဝန်ဆောင် မိခင်များတွင် သန်ဓေသား၏ မှတ်ဉာဏ်နှင့် အာရုံ ကြောများဖွံ ့ဖြိုးစေရန် လုပ်ဆောင်ပေးသည်။

5 comments

  • ဆူး

    October 7, 2010 at 8:11 am

    ဆရာ ငါးကြီးဆီ OMEGA-3 စားပေးရင် အဆီကျပြီး ပိန်တယ်ဆိုတာ ဟုတ်လား

  • etone

    October 7, 2010 at 8:25 am

    တင်းတိပ်ရှိတဲ့မမများအတွက်ကတော့သတင်းကောင်းနော် ။

  • char too lan

    October 7, 2010 at 8:51 am

    ဆရာ အဆစ်တွေကိုအမြဲချိုးနေရင် အန္တရာယ်ရှိပါလား ???
    ကျနော်က လက်ချောင်းအဆစ်တွေ၊ လည်ပင်းဆစ်၊ တံတောင်ဆစ်၊
    လက်ဖျံရိုးအဆစ်..စတာတွေကိုအမြဲလိုလို တဖျောက်ဖျောက်နဲ့ ချိုးနေတာတွေက
    ဘယ်လို အန္တရာယ်နဲ ့ရင်ဆိုင်ရနိုင်ပါလဲ ခင်ဗျာ……..

  • Endless

    October 8, 2010 at 5:36 am

    Omega – 3 က သွေးထဲမှာ ရှိတဲ့.. အဆီ cholestrol ကို ကျစေပါတယ်.. အပြင်က အဆီ fats တွေကို တော့ ကျတယ်ဆိုတဲ့ study မတွေ့ဘူးသေးပါ အခု နောက်ဆုံး တွေ့ ရှိချက်များအရ… အကိုက်အခဲပျောက်ဆေးတွေကို ပါ အစားထိုးသုံးစွဲနိုင်တဲ့ အထိတွေ့ရပါတယ် .. မွေးကင်းစ ကလေးတွေနဲ့.. ကိုယ်ဝန်ဆောင်တွေအတွက် သင့်တော်တာက… EPA (ecosapantanoic acid ) နဲ့ DHA (decosahexanoic acid) ပါလို့ပါ… အိုမီဂါ ၃ ကတော့ … ကိုယ်ဝန်ဆောင်တဲ့ အချိန်ကနေ ပြီး… သေတဲ့ အထ(ိfrom womb to tomb) ဆွဲသောက်သင့်တဲ့… ဆေးတစ်မျိုးဆိုတာ လူတိုင်း လက်ခံထားပါတယ်… ဈေးကွက်ထဲမှာ.. Mega 3 ဆိုတဲ့ နာမည်နဲ့ ဝယ်သောက်လို့ ရပါတယ်

Leave a Reply