အရိုးပွရောဂါ (Osteoporosis)
အရိုးပွရောဂါ
(Osteoporosis)
အရိုးပွရောဂါသည် အသက်၅ဝ ကျော်သူများတွင် ၂၅%၊ ၆ဝကျော်သူများတွင် ၃၀%ဖြစ်ပါ သည်။ အသက်ကြီးလို ့ပေါင်ကျိုးတဲ့သူတွေရဲ ့၉၀% မှာ အရိုးပွရောဂါကြောင့်ဖြစ်သည်။ ကားတိုက် ရျ်ပေါင်ရိုးကျိုးခြင်းမှာ သဘာဝ ကျသော်လည်း ရေချိုးခန်းတွင် လဲရျ်ပေါင်ကျိုးခြင်းမှာ မဖြစ်သင့်ပါ။ ကျ်သို ့လုံလောက်သော ပြင်းအားဖြင့်ထိ ခိုက်မှုမရှိဘဲ အရိုးကျိုးခြင်းမှာ အရိုးတွင် ရှိသင့်သော ခိုင်မာမှု မရှိတော့သောကြောင့် ဖြစ်ပါသည်။
မည်သည့်အရိုးများ ကျိုးတတ်ပါသေးသလဲ
အသက် ၅ဝ ခန် ့တွင်လျှော်လဲလျှင် လက်ထောက်မိပြီး လက်ကောက်ဝတ် ကျိုးတတ်ပါသည်။ အသက် ၆ဝ ခန် ့တွင် ပေါင်ကျိုးပြီး၊ အသက် ၇ဝ ခန် ့တွင်မူ ပစ်စည်းတစ်ခုခုကို ကြမ်းပေုါ် ကုန်းကောက်ရုံနှင့် ခါးမျက်သွားပြီး ခါးရိုးကျိုးတတ်ပါသည်။
အရိုးပွ ရောဂါ ဘယ်လိုသ်ိနိုင်ပါသလဲ
အရိုးသိပ်သည်းဆကို ဓါတ်မှန်ရိုက်ရျ် တွက်ချက်ကြည့်နိုင်ပါသည်။ “DEXA” ခေါ် အထူးဓါတ် မှန်စက် လိုအပ်ပါသည်။ လူငယ်တစ်ယောက်၏ အရိုးသိပ်သည်းဆအောက် ၂.၅ SD လျှော့နေလျှင် အရိုးပွရောဂါရှိသည်ဟု သတ်မှတ်ပါသည်။ အရိုးသိပ်သည်းဆ ၁.၅ SD လျှော့လျှင် အရိုးပါးသည် ဟုသတ်မှတ်ပါသည်။
မည်သူများစစ်ဆေးသင့်ပါသလဲ
လုံလောက်သော အကြောင်းမရှိဘဲ အရိုးကျိုးသူးများနှင့် အရိုးပွရောဂါ ဖြစ်နိုင်ခြေရှိလူများ စစ် ကြည့်သင့်ပါသည်။
မည်သို ့သောသူများအရိုးပွရောဂါ ဖြစ်တတ်ပါသလဲ
– မျိုးရိုးရှိသူ
– ပိန်သူ
– ဆေးလိပ်သောက်သူ
– အားကစားလှုပ်ရှားမှု မရှိသူ
– စတီးရွိုက်ဆေးကို စွဲသောက်နေရသူများ
(ရင်ကြပ်၊ အဆစ်နာရောဂါများ)
– အသက် ၆၅ နှစ်ကျော်သူ
– အချိန်မတိုင်မီ သွေးဆုံးသည့် အမျိုးသမီးများ
အရိုးပွရောဂါကို ကာကွယ်ရျ်ရပါသလား
အသက် ၃ဝ အရွယ်မှာ အရိုးသိပ်သည်းဆ အများဆုံး ဖြစ်ပါသည်။ ၄ဝ ကျော်ရင် တဖြည်းဖြည်း ကျသွားပါသည်။ငယ်စဉ်ကပင် ကယ်လ်စီယမ် ၁၀၀ဝ မီလီဂရမ် နေ ့စဉ်လိုအပ်ပါ သည်။နို ့သောက်ခြင်း၊ တို ့ဖူး၊ အရိုးဝါးစားရျ်ရသော ငါးပေါက်စများ စားခြင်းတို ့လိုအပ်သည်။ လက်ရှိ နေ ့စဉ် မြန်မာအစားအစာတွင် ထုံးဓါတ် ၃၀ဝ ခန် ့သာပါလေ့ရှိသဖြင့် ၃ဆခန် ့တို းစား သင့်ပါသည်။
အရိုးပွရောဂါကို ဘယ်လိုကုသရပါသလဲ
အရိုးပွခြင်းပြန်ကောင်းအောင်နှင့် အလွယ်တကူ ချော်မလဲအောင် ကုသရပါမည်။ ချော်မလဲ အောင်ကြွက်သားများ သန်စေမည့် လေ့ကျင့်ခန်းများ (ဥပမာ- ထိုက်ထိုး၊ အေရိုးဘစ်) လုပ်နိုင် ပါသည်။
အရိုးထူအောင်ကုသနည်းများ
– HRT (မဟော်မုန်းဓါတ်)
– Alendronate (Denfos)
– ထုံးဓါတ်နှင့် ဗီတာမင်ဒီဆေး
– Calcium
စသည့်ဆေးတို ့ကို သုံးရျ်ကုသနိုင်ပါသည်။
Dr.Aung Kyaw Kyaw Oo