ငွေဆောင်ကမ်းခြေ အပန်းဖြေ

manawphyulayApril 9, 20111min888


တည်းခိုခဲ့တဲ့ဘန်ဂလို

အလုပ်ကနေ ငွေဆောင်လိုက်ပို့မယ်ဆိုလို့ ဝမ်းသာသွားမိပါတယ်။ ကမ်းခြေတွေမှာ စက်စဲ၊ ချောင်းသာ၊ ငပလီ တွေရောက်ဖူးပေမယ့် ငွေဆောင်ကိုတော့ တစ်ခါမှမရောက်ဖူးသေးတဲ့အတွက် လိုက်မယ်လို့ ပြောလိုက်မိတယ်။ ညဘက်ထွက်တော့ အလုပ်ကနေ စောစောပြန်ပြီး ချိန်းထားတဲ့အလုပ်တိုက်ကိုပဲပြန်လာခဲ့တယ်။ ထွက်တော့ ည ၁၂ နာရီ စထွက်ခဲ့ပြီး ငွေဆောင်ရောက်တော့ မနက် ၄ နာရီဝန်းကျင်လောက်ရောက်သွားတယ်။
ငွေဆောင်ရောက်တော့ နေမကောင်းတာတွေလည်း ခဏမေ့သွားတယ်။ ငွေဆောင်မှာ တည်းတဲ့သူတွေ သိပ်မရှိသလောက်ရှားပါးနေတာကိုတွေ့ရတယ်။ လာတည်းတဲ့သူတွေ မှန်သမျှက နိုင်ငံခြားသားတွေပဲ များတယ်။ မြန်မာတွေသိပ်မရှိဘူး။ ရောက်တော့လည်း ကမ်းခြေတစ်လျှောက် ကိုယ့်အဖွဲ့ပဲရှိတော့ အတော်ကို မျက်စိအေးပြီး ငြိမ်းချမ်းသွားတယ်။ ဒီမှာက အစားအသောက်လည်း နည်းနည်းတော့ရှားတယ်။ စားသောက်ဆိုင်ကတော့ ကန်ထရို်က်ယူထားတဲ့ဆိုင်တစ်ဆိုင်ပဲရှိတယ်။ ဆိုင်တွေအားလုံးက ရွာထဲမှာတော့ရှိတယ်။ ရွာထဲကိုသွားရင် ၉ မိုင်လောက်ဝေးတယ်လို့ပြောတယ်။ သွားစရာကလည်း ချောင်းသာလောက် လည်စရာသိပ်မရှိတော့ ရောက်ထဲက ရေထဲမဆင်းပဲ အိပ်တော့တာပဲ။ နကိုထဲက အအိပ်က ကြီးကြီးဆိုတော့ ပြောမနေနဲ့တော့ ဘယ်သူလာခေါ်ခေါ် မထတော့ဘူး။


ညနေလောက်မှ ရေထဲဆင်းဖြစ်ခဲ့တယ်။ ငွေဆောင်နားက ချစ်သူများကျွန်းကလည်း မနက်ပိုင်းက ရေတွေဖုံးလွှမ်းနေတော့ သွားလို့မရဘူး ရေကျချိန်ကိုစောင့်ပြီးမှ ကူးလို့ရတယ်လေ။ အေးအေးချမ်းချမ်းတော့ ကမ်းခြေမှာ အတော်ရှိတယ်။ ပျော်လည်းပျော်ခဲ့ရပါတယ်။ ဘယ်မှလည်စရာမရှိတော့ ပျင်းတော့လည်းပျင်းသားပေါ့။ မနက်ပိုင်း ထမင်းကြော်ဝယ်စားတော့ ပုစွန်နဲ့မှာစားတော့ တစ်ပွဲကို ၁၅၀ဝ ကျတယ်။ ကော်ဖီပလိန်းကတော့ ၂၅ဝ ပဲ ယူတယ်ဆိုတော့ ဈေးနှုန်းလေးကလည်းမဆိုးဘူး။ တကယ်လို့ ပုစွန်ချိုချဉ်ကြော်တစ်ပွဲကို ၃၅၀ဝ ကျပ်၊ ယိုးဒယားဟင်းချိုတစ်ပွဲကိုတော့ ၁၅၀ဝ ကျပ် ၊ ငါးကင်ဝယ်စားတော့ တစ်ကောင်ကို ၅၀ဝ ကျပ်ပေးရတယ်။ အုန်းလက် ဦးထုပ်တောင် တစ်လုံးကို ၅၀ဝ တဲ့။ မြင်းစီးချင်ရင်တော့ မြင်းတစ်ခါစီး ၂၀၀ဝ ကျပ်ဖြစ်ပြီး၊ ဆိုင်ကယ် ကမ်းခြေတစ်လျှောက်စီးချင်ရင် တစ်နာရီကို ၄၀၀ဝ ကျပ် ကြပါတယ်။ ငွေဆောင် ကမ်းခြေရဲ့ အခန်းကတော့ ၄ ယောက်ခန်းကို ရ သောင်းဖြစ်ပါတယ်။ ကိုယ်ယူတဲ့အခန်းပေါ်မူတည်ပြီး အခန်းခတွေက ဈေးနှုန်းအမျိုးမျိုးရှိပါတယ်။ ငွေဆောင်ကတော့ အပန်းဖြေစရာ ကောင်းတဲ့နေရာလေးတစ်နေရာပါပဲ။


ငွေဆောင်ကမ်းခြေရဲ့ ညနေဆည်းဆာအလှ

8 comments

  • unclegyi1974

    April 9, 2011 at 3:17 pm

    ငွေဆောင်ကလူစားတယ်လို့ပြောတယ်ဟုတ်သလား
    မနောရေ
    မနောကဓာတ်ပုံရိုက်ကြည့်တတ်သားပဲ

  • ဆူး

    April 9, 2011 at 3:22 pm

    ငပ္ပလီ မှာ လည်း နိုင်ငံခြားသားတွေ များလွန်းလို့ နိုင်ငံခြား ကမ်းခြေတွေ ရောက်နေသလား ထင်ရတယ်။ အဲလို ဘဲလား။

  • fatty

    April 9, 2011 at 4:53 pm

    သီးထုတ်အပြာလေးနဲ့ကမနောလား .. စလင်းဘက်နဲ့သူကတော့ slim မဟုတ်လို့မဖြစ်နိုင်ဘူး ..

  • moethidasoe

    April 9, 2011 at 5:28 pm

    နာမည်ကိုက ငွေဆောင် တဲ့ .. ငွေ မဆောင်ထားနိုင်တဲ့လူ မလာကြေး .. ဒါကြောင့် လူနည်းတာ

  • nature

    April 10, 2011 at 9:34 am

    ကျန်းမာရးအတွက် အဓိကအရေးကြီးတာဟာလေကောင်းလေသန့်နဲ့ ရေကောင်းရေသန့်လို့ကြားဘူးပါတယ်၊ပင်လယ်လေ နဲ့ ပင်လယ်ရေဟာ တကယ့်ကို ကျန်းမာရေးအတွက် အဖိုးတန်ပါတယ်၊ ရောက်တုန်းပင်လယ်လေရှူရင်း ပင်လယ်ရေငံငံ လေးလည်းသောက်သင့်ပါတယ်၊ မသောက်လည်း လှိုင်းပုတ်ပြီး ပါစပ်ထဲဝင်သွားနိုင်ပါတယ်။ 🙂

  • juttue.gyi

    April 10, 2011 at 2:07 pm

    အဲဗျာ ငွေဆောင်ရဲ့ ညနေဆည်းဆာရဲ့ အလှကတော့ လှသားဗျာ ဒါပေမယ့် ၄ယောက်အိပ်ခန်းတစ်ခုကို ရသောင်းကတော့ များသားနော် ကျတော်က ဘယ်ကမ်းခြေမှမရောက်ဘူးဖူးဗျာ ကျတော်အဖို့တော့ သွားရဖို့ ကံပါမလားထင်ပါတယ်ဗျာ

  • manawphyulay

    April 10, 2011 at 2:16 pm

    သွားချင်စိတ်ကို ရင်မှာထားထားပေါ့ တစ်နေ့တော့ ကမ်းခြေတွေရောက်မှာပေါ့ ခုလက်ရှိတော့ ချောင်းသာကမ်းခြေထက် ဈေးနှုန်းချိုနေတယ်။ ရေကလည်းသန့်တယ် လေကလည်း ပိုပြီး လေကောင်းလေသန့်ရတယ်။ လူလည်း မရှိသလောက်ပဲလေ။ အားလူုံးထဲမှာ ရေပိုကြည်ပြီး နေလို့ကောင်းတာတော့ ငပလီရောက်တုန်းကတော့ အတော်ကောင်းတယ်။ ပျင်းအောင် နေရတာ။

Leave a Reply