Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သမိုင်းချီတဲ့ မြိ ု့ကလေး(ခ)ဒွါရာဝတီ

သမိုင်းထဲမှာတော့ဘာ အရောင်မှမဆိုးထားတဲ့မြိ ု့လေးကကျက်သရေမင်္ဂလာအပေါင်းခညောင်းပါပေတယ်။ဒါပေမယ့် ခုတလောမှာ MG ရွာထဲမှာဒေသခံတွေရဲ ့ပို ့စ်လေးတွေမြင်ရတွေ ့နေရတော့စိတ်မကောင်းပါဘူး။ကျွန်မရဲ ့ဇာတိမြိ ု့လေးတော်တော်ချွတ်ခြံ ုကြနေပီဘဲ။ ဒီမှာ သွားတွေ ့ရတာက အစဉ်တစိုက် အမြဲဝင်ဖတ်နေလေ့ရှိအဖွဲ ့ဝင်တွေက ပို ့စ်တစ်ခုမတင်လိုက်နဲ ့တင်လိုက်တာနဲ ့ပိတ်ခံရလောက်တဲ့ထိဝင်ဖွပါလေရော။ ဖွတဲ့ ထဲမှာလဲ တခါတလေ အဆဲအဆိုတွေပါသလို၊မကြားဝံ့မခံသာဖြစ်ရပါတယ်ရှင်။ ခုဒီပို ့စ်ကိုရေးရတဲ့အကြောင်းက MGရွာသားတွေအထင်လွဲအမြင်မှားပြီး သံတွဲကလူတွေဆိုရင် မျက်နှာလွဲခဲပစ် မလုပ်ကြဖို ့တွက်တောင်းပန်လိုရင်းပါ။ အဆင့်အတန်းနိမ့် လူ ့ကပ်ဖား၊ကပ်ဖဲ့တရပ်ထွန်းကားသလို၊ လူယဉ်ကျေးဝန်းကျင်တရပ်လဲပြိ ုင်တူထွန်းကားစမြဲပါ။

ဒီနေရာလေးကနေ ကျွန်မက သမိုင်းထဲက ပုံရိပ်တချို ့ကိုဝေမျှပေးချင်ပါတယ်။အစဉ်အလာရှိတဲ့၊ လူယဉ်ကျေးဝန်းကျင်ရှိတဲ့ သံတွဲမြိ ု့ခံဘွားတွေထဲက ဦးဘဦးရဲ ့အကြောင်းလေးကို စာရေးဆရာ “ဇော်မြင့်”က ၂၀၁၁ ခုနှစ်ထုတ် ဒွါရာဝတီမဂ္ဂဇင်းမှာဖော်ပြထားတာပါ။စာရေးသူတင်ပြထားသလိုပါဘဲ ဦးဘဦး ဆိုတာ သံတွဲဒေသခံတွေတောင်မှ ယောင်ဝါးဝါးနဲ ့မသိကြတော့တာရင်နာစရာပါနော်။MG ရွာသားတွေတွက် ဝင်ရောက်ဖတ်ရှုပေးစေလိုတဲ့ဆန္ဒသက်သက်ပါ။

“““၁၉၂ဝပြည့်နှစ် ရန်ကုန်ယူနီဗာစတီ အက်ဥပဒေကို သပိတ်မှောက်ခြင်းနှင့် အမျိုးသားနေ ့ ပေါ်ပေါက်လာစေရန် ဦးဆောင်ပါဝင်ခဲ့သူဦးဘဦး(သံတွဲ)ပင်ဖြစ်သည်။

၁၉၂ဝ ပြည်နှစ် ဒီဇင်ဘာ (၃)ရက် သောကြာနေ ့ရွှေတိဂုံစေတီတော် စနေထောင့်မှာလျှို ့ဝှက်ဆွေးနွေးတိုင်ပင်ပြီးသစ္စာအဓိဠာန်ပြ ုခဲ့ကြသည်။ အဲဒီ သစ္စာအဓိဠာန်ကို အင်္ဂလိပ်လို ရေးသားခဲ့ကြပြီး လိုရင်းအဓိပ္ပာယ်မှာ

“ကျွန်ုပ်တိုသည်ရန်ကုန်ယူနီဘာစတီကို(ဘွိုင်းကောက်)သပိတ်မှာက်ရာတွင်ခေါင်းဆောင်များဖြစ်ကြသည်။အကယ်၍ဤဘွိုင်းကောက်လှုပ်ရှားမှုသည် မအောင်မမြင်ဖြစ်ခဲ့သည်ရှိသော် ကျွန်ုပ်တို ့သည်သေအတူရှင်မကွာ များဖြစ်ကြောင်း”

ထိုချိန်ကပါဝင်ခဲ့သူ များမှာကိုဘခင်၊ကိုဘဦး(ဥက္ကဠ)၊ကိုအောင်ဒင်၊ကိုထွန်းဝင်း၊ကိုဖေသိန်း၊ကိုဘရှင်(သံတွဲ)၊ကိုဘရှင်(ထားဝယ်)၊ကိုညီပိတ်၊ကိုလှတင်၊ကိုဧ(အတွင်းရေးမှုး) စသဖြင့်ကျောင်းသားခေါင်းဆောင်ကြီး ၁၁ ဦးပါဝင်ခဲ့ကြသည်။”

ဘွိုင်းကောက် ဘွိုင်းကောက်နှင့်

တိုင်းတလျှောက်တုန်စေ။

ဂိုဏ်းမလျှောက်ပုံသေပြီ

ကြံ ုပလေမြန်တိုင်း

တဆင့်ထူးတီထင်သည်

ထီမထင်ရှေ ့သိုက်တုနှိူင်း

မပေါ်ဘူးပေါ်လာသည်

တော်ပါပေ့လိုတိုင်း။

မော်စရာထိုသမိုင်းပေပေါ့

(ကိုမှိုင်းတို ့ခေတ်မှာ)

ဘဦးနော် တစ်ဗိုလ်ထွက်ချိန်မို ့

ဗဟိုရ်နှစ်ချက်တီးသည့်ပမာ

လိုသည်ထက်ပြီးသည့်ဟာကို၊

မှီးကြည့်ကာ ငဲ့ညှာထောက်ပါလို ့

တစ်ဆယ့်ခြောက်ဥပဒေ၊

ဟဲ့ ပျောက်ထုချေ

ဘယ့်ကလောက် အမှုပွေပွေ

ခုသေစေ စွန် ့စားစို ့လေး။(ဒီတေးထပ်ကို သခင်ကိုယ်တော်မှိုင်းက ဦးဘဦး ဘီအေ(သံတွဲ)ကို ဂုဏ်ပြ ုဖွဲ ့နွဲ ့ရေးစပ်သီကုံးခဲ့ခြင်းဖြစ်ပါသည်။)

စာကြွင်း။။ဒွါရာဝတီမဂ္ဂဇင်း ၂၀၁၁ခုနှစ်ထုတ်မှ “အမျိ ုးသားနေ ့ကို ဖြစ်ပေါ်စေခဲ့သောခေါင်းဆောင် (သို ့မဟုတ်)ကိုလိုနီ နယ်ချဲ ့ဆန် ့ကျင်ရေး၊ဝံသာနုစိတ်ဓာတ်ပြင်းပြခဲ့သူ သံတွဲသား”မှကောက်နှတ်ဖော်ပြပါသည်။
နောက်ပြီးတော့ ဦးထွန်းရှိန်(ပထမဦးဆုံးကျောင်းသားသမဂ္ဂ ဥက္ကဠ) ၊နောက်လွတ်လပ်ရေးကြိ ုး ပမ်းမှုသမိုင်းမှာ ဂျပန်တွေကိုတိုက်ထုတ်ဖို ့ရာ အင်္ဂလိပ်တွေကိုပြန်ခေါ်ဖို ့အိန္ဒိယကိုခြေကျင်သွားခဲ့ရတဲ့ ဦးကျော်ရင်တို ့ဆိုတာ သမိုင်းမှာ တကယ့်အထင်ကရတွေပါရှင်။

ဒီလိုသမိုင်းထဲက လူတော်လူကောင်းတွေပေါတဲ့၊ ပညာတတ်အသိုင်းအဝိုင်းတွေ ရဲ့ခေါင်းချရာ၊ပေါက်ဖွားရာဘူမိနက်သန်မြိ ု့ကလေးပါ။ ဒါပေမယ့် ခေတ်ကာလ အချိန်ယန္တရားကရွှေ ့လျားလာလေတော့ ကတုံးပေါ်ထိပ်ကွက်၊ အနိုင့်အထက်လုစားတဲ့ ကိုလိုနီအမွေဆိုးကိုလက်ကိုင်ကျင့်သုံးခဲ့ကြတဲ့ အာဏာရူးလူတစ်စုလက်ထက်မှာ အကျင့်ပျက်လာခဲ့တာသိပ်တော့မဆန်းဘူး
နဲ ့တူပါတယ်။
တချိန်က အတိတ်မှာ “တိမ်ဆီပျံဝဲ မြိ ု့သံတွဲ”ရယ်အမည်တွင်ခဲ့တဲ့မြိ ု့ပါ။
ဒါပေမယ့် အတိတ်မှာ ရွှေထီးဆောင်းခဲ့တာကိုပြန်ပြောရင် မဆုံးနိုင်ပေမယ့် ဘာအဓိပ္ပာယ်မှရှိမယ်မထင်ပါဘူး။စိတ်ဓါတ်ရေးရာမှာရော၊ လူနေမှုဝန်းကျင်မှာပါ ရေပေါ်ဆီလူတန်းစားတွေ(elite)တွေသိပ်ပေါလာတယ်။ နည်းလွဲနည်းမှားတွေကိုနည်းမှန်လမ်းမှန်လို ကျင့်သုံးတဲ့သူတွေသိပ်ပေါများတယ်။အာဏာပိုင်တွေနဲ ့အလျင်းသင့်သလိုပေါင်းသင်းကြတယ်။ နိုင်လိုမင်းထက်ပြ ုကျင့်ကြတယ်။ ဘယ်မှာလဲ လောကပါလတရားတွေ၊ပြည့်သူ ့နီတိတွေ။ အားလုံးပျေက်ရှကုန်ပီ။

မည်သူမဆို ကိုယ့်ထိရင်တော့ နာစမြဲပါ။အမှားကိုသိရင် အမှန်ပြင်နိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ နာမည်များကိုမဖော်ပြတော့ပါ။သို ့သော် မည်သူကို ဆိုလိုသည်ကိုပြောစရာမလိုတော့ပါဟု ထင်မှတ်လျှက်———-

26 comments

  • thit min

    September 7, 2011 at 5:01 pm

    အမလေးဗျာ
    မမီးမီးသော်ကကော်မန့်ပဲအတွေ့
    များနေတာ။တကယ်လဲရေးရောဆရာကြီးဒေါက်တာ
    သန်းထွန်းတောင်ဖျားလောက်ပါရဲ့ဗျာ။(ဆရာ
    ကြီးသေတာအဲဒါနဲ့မဆိုင်လောက်ပါဘူးနော်ဟဲဟဲ)
    တော်တော်လေးဖတ်လို့ကောင်းပါတယ်။
    ရခိုင်ပြည်လို့ရခိုင်ကသငယ်ချင်းတွေပြောပြောနေတတ်တာသတိရမိတယ်။
    သံတွဲဘဲရောက်ဘူးတာ။ဘယ်နေရာမဆိုလူဆိုးလူကောင်းရှိစ
    မြဲပါ။နိုင်ငံကိုစွဲမြို့ကိုစွဲလူမျိုးကိုစွဲအထင်သေးတတ်တာစိတ်
    ဓါတ်ရင့်ကျက်မှူနဲ့ဆိုင်တာပါ။
    မိုးပေါ်ပျံတက်သွားမှာစိုးလို့သံကြိုးနဲ့ချည်ထားရတဲ့မြို့ပဲဗျာ။

  • mgmglusoe

    September 7, 2011 at 5:01 pm

    အမှန်တရားကို ဖော်ထုတ်ရန်ကြိုးစားခြင်းသည် သင့်အား ဒုက္ခ ရောက်စေပါသည်….။
    ဒုက္ခ မရောက်စေရန် အမှန်တရားကို မျက်ကွယ်ပြုခြင်းအား အားပေးရန် မသင့်ဟုထင်ပါသည်…။
    သို့သော်လည်း အများအတွက် ကောင်းကျိုးကို ရှေ့ရှု ပါမည်ဟု ဆုံးဖြတ်ထားခြင်းသည် မှန်ကန်ပါသလား..။
    အားမတန်၍ မာန်လျှော့ရခြင်းကို လက်ခံရပါမည်လော…။
    စဉ်းစားတွေးတော၍ တွေဝေ မှင်သက် မိနေပါတော့သည်…။

    • thit min

      September 7, 2011 at 5:15 pm

      အမှန်တရားဟာအရေးကြီးတာပေါ့ဗျာ။။ဒါပေမဲ့
      နေရာတိုင်းအသုံးမဝင်ဘူး။အမှန်တရားထက်ပိုအရေး
      ကြီးပီးအမြဲတမ်း(နီးပါး)အသုံးဝင်တာကတော့မေတ္တာ
      တရားပါပဲ။တကယ်တမ်းလေးလေးနက်နက်မေတ္တာထားဖို့ကလဲ
      ခက်တယ်ဆိုတာပြောမယုံကြုံဘူးမှသိဆိုသလိုပါပဲလေ။

  • zawmaung

    September 7, 2011 at 6:00 pm

    Congratulation mgmglusoe , with such a beautiful remark , how can you be lusoe?? What thit min said also an university truth.

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 7, 2011 at 6:05 pm

    တယ်လဲလာတဲ့စာသံပေသံပါလားဗျို့။နည်းနည်းတော့ ခများပြောတာမှာကျန်နေပီထင်တယ် မီးမီးသော်။ကျုပ်တို့သံတွဲသားတွေထဲမှာ လက်သီပုန်းသခင်ဗတင်တို့၊ဆရာကြီးဦးထွန်းကြိုင်တို့၊ဆရာဝန်ကြီ းဆလေမန်တို့ကျန်ပါသေးတယ်။ထောက်ပြရုံသက်သက်ပါ။နောက်ပြီး ကိုဘရှင်(သံတွဲ)ဆိုတာ ကျုပ်တို့ဆေးရုံပိုင်းက ခု စကိုင်းနက်အိမ်ကလေဗျာ။လေးစားပါတယ်ဗျာ. ခုလိုဝေဖန်စာမျိုးတော့ စိတ်ပါသဗျို့။

  • sitminnaing

    September 7, 2011 at 6:11 pm

    တန်ဖိုးရှိတဲ့ပိုစ့်ပါ…အမျိုးသားရေးစိတ်ဓါတ်ကို မြင့်မားစေမယ့် ဒီလိုပိုစ့်တွေများများဖတ်ချင်ပါတယ်…ဆက်ရေးပါ…

  • Nan Shin

    September 7, 2011 at 6:13 pm

    လေထီး ဦးကျော်ရင် အကြောင်းကိုလည်း ထည့်ပြောဦးလေဗျာ။
    တကယ့်သမိုင်းဆရာမလားထင်ရလောက်အောင်ကို စုံတယ်။
    ကိုလူမုန်း စစ်မုန်းရေ………….မေတ္တာတရားထားမိလို့ ထောင်ထဲရောက်ကုန်တာတွေလဲ ရှိတယ်နော်……..ဟား……..ဟား…………

    • မီးမီး သော်

      September 7, 2011 at 10:18 pm

      နန်ရှင် ရေ ဦးကျော်ရင်(သံတွဲ)က လေထီးမစီးပါဘူး။လေထီးစီးတဲ့ဦးကျော်ရင် ကထားဝယ်သားပါ။ခုပြောနေတဲ့ ဦးကျော်ရင်က မန္တလေးတက္ကသိုလ်ပေါမေက္ခချုပ်ဟောင်း၊ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ပေါမေက္ခတဦးပါ။

      သမိုင်းမှာအရေးပါသူတယောက်ပါ။မန္တလေးကနေ ရန်ကုန်ကို အစည်းအဝေးလာတော့ အဲဒီချိန်က ဗိုလ်ချုပ်နေဝင်းကိုအစည်းအဝေးခန်းထဲမှာ ဖာကောင်းဆို ပြီးအော်ငေါက်ခဲ့သူပါ။နောင် ဒီကိစ္စနဲ ့အခဲမကျေတဲ့ ဗိုလ်နေဝင်းက ဆေးရုံတက်တော့ အဆိပ်ထိုးသတ်ခဲ့တာပါ။

  • thit min

    September 7, 2011 at 6:50 pm

    မေတ္တာပို့တဲ့စကားတွေရွတ်တာဟာရွတ်တာပါပဲ။
    ရင်ထဲကလာတဲ့လေးနက်တဲ့မေတ္တာတရားကိုတကယ်…တမ်းလေးလေးနက်နက်မေတ္တာထားဖို့ကလဲ
    ခက်တယ်ဆိုတာပြောမယုံကြုံဘူးမှသိဆိုသလိုပါပဲလေ။……….
    လို့ပြောခဲ့ပါပီနော်အပေါ်ကကော်မန့်မှာ။

  • yetazar

    September 7, 2011 at 7:15 pm

    မမီးမီးသော်ရေ ကျွန်တော်ကတော့ ဒီစာလေးကိုကန့်ကွက်ပါတယ် “တချိန်က အတိတ်မှာ “တိမ်ဆီပျံဝဲ မြိ ု့သံတွဲ”ရယ်အမည်တွင်ခဲ့တဲ့မြိ ု့ပါ။
    ဒါပေမယ့် အတိတ်မှာ ရွှေထီးဆောင်းခဲ့တာကိုပြန်ပြောရင် မဆုံးနိုင်ပေမယ့် ဘာအဓိပ္ပာယ်မှရှိမယ်မထင်ပါဘူး။´´ ဘာလို့အဓိပ္ပါယ်မရှိရမှာလဲ အမရယ် ။ အမပြောသလိုဆိုရင် ဦးဘဦး ကိုပြန်ပြောပြနေလို့ဘာအဓိပ္ပါယ်ရှိမှာလဲ ။ အာဇာနည်နေ့မှာဗိုလ်ချုပ်ကိုပြန်လွမ်းနေလို့ဘာအဓိပ္ပါယ်ရှိမှာလဲ ဆိုတဲ့သဘောမျိုး သက်ရောက်နေပါပြီ ။ အမကို အားမနာပြောတာမဟုတ်ဘူးနော်အမ ။ ကျွန်တော်တွေးမိ သွားတာလေးကိုပြောတာပါ ။ အတိတ်ကရွှေထီးဆောင်းခဲ့တာကိုပြန်ပြောတာ အဓိပ္ပါယ်ရှိပါတယ် အမ ။ အာကာတိမ်ယံ မိုးသို့ပျံ ၊ သံနှင့်ချိတ်တွဲ ၊ မြို့သံတွဲရဲ့ သမိုင်းအစဉ်အလာကြီးမားခဲ့ပုံကိုတော့ ကျွန်တော်တို့ အသက်ထက်ဆုံး အောက်မေ့ဖွယ်ပြောသွားမှာပါအမ ။ အဲဒီလိုပြောတာဟာ ကျွန်တော်တို့ တောင်ပိုင်း က သံတွဲသားရခိုင်တွေရဲ့ ဇာတိမာန် အမျိုးဂုဏ်ကို မြှင့်တင်တယ်လို့ ယူဆပြီးပြောမှာပါ ။ ကျွန်တော်ပြောတာ နည်းနည်း ရိုင်းသလိုဖြစ်သွားရင် ကျွန်တော်အမကို တစ်ရက်ကြီးသောသူ ၊ တစ်မိနစ်ကြီးသော သူလို့သတ်မှတ်ပြီး ဦးခိုက်တောင်းပန်ပါတယ်အမ ။ လွပ်လပ်စွာ သဘောထားကွဲလွဲကြည့်တာပါ ။ ခြုံပြီးပြောရရင်တော့ အမတင်ထားတဲ့ပိုစ့်လေး အရမ်းကြိုက်ပါတယ် ။

    • မီးမီး သော်

      September 7, 2011 at 10:26 pm

      ကိုရဲတေဇာ ထင်ပါတယ် ။ခုလိုမျိုးထင်မယ်ဆိုလဲ ထင်စရာရှိပါတယ်။ဘာလို ့လဲဆိုတော့ ကျွန်မတို ့မြိ ု ့က တိုးတက်မှုထက်စာရင် ဆုတ်ယုတ်မှုဘက်ကိုများနေတော့ အများကဝေဖန်ထောက်ပြစရာဖြစ်လာခဲ့ရင် ပြစရာပြယုဂ်တစ်ခုရှိဖို ့လိုအပ်မယ်ထင်ပါတယ် ။ခုတလောတွေ ့တွေ ့နေရတာက မနာလိုမရှုစိမ့်သူတွေက ဖျက်လိုဖျက်စီးပြ ုမူကြတာကို မခံစားနိုင်လွန်းလို ့ပါ။

      ပြောစရာရှိပါတယ်။ သမိုင်းဆိုတာကြေးမုံပြင်ပါ။ ဟိုအရင်ဘာတွေမှားခဲ့သလဲ။ ဘယ်လိုနည်းလမ်းတွေကိုမှီငြမ်းခဲ့ကြသလဲ၊ ဘယ်လိုနေထိုင်ပြ ုမူခဲ့ကြသလဲ။ေ ကာင်းတာကိုယူမယ် မကောင်းတာတော့ပယ်မှာပေါ့ ။အတိတ်အကြောင်းပြန်တွေးရင် ကောင်းတာရှိသလိုမကောင်းတာတွေလဲ တပုံတပင်ပါ။ ခုချိန်မှာ တော့ မြိ ု့လေးတွက်အားလုံးကြိ ုးစားကြဖို ့တာဝန်ကိုယ်စီရှိကြတယ်လို ့မယူဆဘူးလား

  • Nan Shin

    September 7, 2011 at 7:22 pm

    ကိုသစ်မင်း ပြောတာကိုလက်ခံပါတယ်။ကျနော်ကနောက်တာပါ။ဒါပေမဲ့………..အကိုပြောတဲ့ပုံစံက
    တော့ မေတ္တာပို့လမ်းလျှောက်ခဲ့သူတွေကို တကယ်ရင်ထဲကမပါဘူးလို့ ဆိုလိုရာရောက်နေသလိုပဲ..

    • thit min

      September 7, 2011 at 7:36 pm

      အဲဒီလိုလုံးဝမဆိုလိုပါဗျာ။
      မေတ္တာသုက်ရွတ်နေတုန်းရန်ထဖြစ်တဲ့လူကိုမြင်ဘူးထားလို့ပြောလိုက်တာပါ။

  • alinsett

    September 7, 2011 at 7:54 pm

    သိပ်ကောင်းတဲ ့စာလေးတွေ ပါ ။ ဒါမျိုးတွေ များများရေး နိုင်လေ… ဒီ ရွာလေး ပို တိူးတက်လေ ပါပဲ..နော် ့

  • killer

    September 7, 2011 at 9:00 pm

    နိုင်ငံတော်အစိုးရကြီးရဲ့ လုပ်ဆောင်ချက်များ ပြည်သူလူထု ဆန္ဒအတိုင်းတစ်ထပ်တည်းဖြစ်နိုင်ပါစေ…၊
    ပြည်သူလူထုရဲ့ လိုအင်ဆန္ဒများ အားလုံးပြည့်စုံ ပါစေ…၊
    အောက်ခြေလူတန်းစားများ လိုအင်ဆန္ဒများ ပြည့်ဝပါစေ…၊
    နိုင်ငံအတွင်း ရှိသမျှသော ပြဿနာများ ပြေလည်ပါစေ…၊
    .. :mrgreen: မေတ္တာထား၍ မေတ္တာ ပို့နေပါမည် :mrgreen:

  • Nan Shin

    September 8, 2011 at 2:23 am

    ဖက်ဆစ်တော်လှန်ရေးနှင့် လွတ်လပ်ရေး တိုက်ပွဲများတွင် လေထီး တပ်သား တဦးအဖြစ် စွန့်လွတ်စွန့်စား ပါဝင် ဆောင်ရွက်ခဲ့သူ မန္ဈလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း “လေထီး ဦးကျော်ရင် (အေဒီ ၁၉၁၆ – ၁၉၆၆)” အကြောင်းကို The Dream Crystals Publishing House က ၁၉၉၉ ခုနှစ်မှာ ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ နေထွတ်ရဲ့ ‘မန္တလေး အဘိဓာန်’ ကနေ ပြန်လည် ကူးယူဖော်ပြတာ ဖြစ်ပါတယ်။

    လေထီး ဦးကျော်ရင် (အေဒီ ၁၉၁၆ – ၁၉၆၆)

    ၁၉၁၆ ခု၊ ဒီဇင်ဘာလ ရ ရက်တွင် အဖ ဦးဖိုးဦး၊ အမိ ဒေါ်မြရင်တို့က ရခိုင်ပြည်နယ် သံတွဲမြို့၌ မွေးဖွားခဲ့သည်။ တဦးတည်းသော သားဖြစ်သည်။

    သံတွဲ အေဘီအမ်ကျောင်း၊ အစိုးရ အထက်တန်းကျောင်း၊ ရန်ကုန် တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၅ဝ တွင် ဝဇ္ဇာ စာမေးပွဲ အောင်ခဲ့သည်။

    ဒုတိယ ကမာ္ဘစစ်အတွင်း မန်းဝင်းမောင် (နောင် သမ္မတကြီး ဖြစ်လာခဲ့သူ)၊ လေထီး ဦးအုန်းမောင် တို့နှင့်အတူ အိန္ဒိယသို့ ခြေကျင် သွားရောက်၍ ဖက်ဆစ် တော်လှန်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး၊ ဖက်ဆစ် တော်လှန်ရေးကာလတွင် မြန်မာပြည်တွင်းသို့ လေထီးဖြင့် ခုန်ဆင်းကာ ပါဝင် ဆင်နွှဲခဲ့သည်။

    စစ်ပြီးစ မန္တလေး မတပလ ဖွဲ့စည်းရေး အတွက် ဦးဆောင် ပါဝင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ် သမဂ္ဂ အမှုဆောင်၊ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီဝင် (၁၉၄၅)၊ ဖဆပလ ဗဟိုဦးစီး အဖွဲ့ဝင် (၁၉၄၆) တို့ အဖြစ် နိုင်ငံရေး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

    ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာန ကထိက (၁၉၅ဝ – ၁၉၆၃)၊ ပဲခူးဆောင် အဆောင်မှူး၊ မော်စကို တက္ကသိုလ် မြန်မာစာ ဧည့်ပါမောက္ခ (၁၉၆၃ – ၆၅)၊ ရန်ကုန် တက္ကသိုလ် အုပ်ချုပ်ရေးမှူး၊ တက္ကသိုလ်များ အုပ်ချုပ်ရေး အဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး၊ မန္ဈလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ပါမောက္ခချုပ် (၁၉၆၅ နိုဝင်ဘာ – ၁၉၆၆ မတ်) အဖြစ် ဆောင်ရွက်ခဲ့သည်။

    ၁၉၆၅ (မြန်မာ သက္ကရာဇ် ၁၃၂၇) ခု၊ မန္တလေး ဓမ္မဗိမာန် စာဆိုတော်နေ့ အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက်ရင်း၊ “ဆင်သွားရင် လမ်းဖြစ်တယ်” ဟု ဆိုကာ စကားပြောဟန်ဖြင့် စာရေးနည်းသစ်ကို ထောက်ခံခဲ့သည်။

    ဘာသာရပ်ဆိုင်ရာ ပါမောက္ခများနှင့် တိုင်ပင်ကာ မန္တလေး တက္ကသိုလ်တွင် သမိုင်းနှင့် မြန်မာစာ ပါရဂူဘွဲ့ သင်တန်းများ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းဆဲ ရန်ကုန် ပညာရေး သုတေသန ဆွေးနွေးပွဲကို တက်ရောက်နေခိုက် ၁၉၆၆ ခု၊ မတ်လ ၃ဝ ရက်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ဖြူဖြူနှင့် သားသမီး ၂ ယောက် ကျန်ရစ်ခဲ့သည်။

    ပါမောက္ခ ဦးကျော်ရင်သည် ‘နယ်ချဲ့စစ်မှ လူထုစစ်သို့’ (၁၉၄၆) ဘာသာပြန် စာအုပ်နှင့် ‘သာသနာတဝက် ငရဲခန်း’၊ ‘ဝိသာခါလေ မယ်ခါလော’ နှင့် ‘မိဘဂုဏော အနန္ဈော’ ပြဇာတ်များတို့ကို ရေးသားခဲ့ပြီး၊ ‘ရခိုင်မင်းသမီး ဧချင်း’ နှင့် ‘နေမိငရဲခန်းပျို့’ တို့ကို တည်းဖြတ်ခဲ့သည်။

    • kai

      September 8, 2011 at 8:33 am

      လေထီးဦးကျော်ရင်နဲ့.. ပါမောက္ခဦးကျော်ရင်.. တယောက်ထဲပဲလို့.. အခုမှသိတော့တယ်.
      ဂုဏ်ယူပါတယ်… သံတွဲသားတို့ရေ…။ 🙂

    • မီးမီး သော်

      September 8, 2011 at 12:50 pm

      ဟုတ်ပါတယ် နန်ရှင်ရေ. လေထီးဦးကျော်ရင် နဲ ့ မီးပုံးပျံဦးကျော်ရင် နဲ ့မှားမှာ စိုးလို ့ပြောမိတာပါ။ခုနန်ရှင်ကူးယူဖော်ပြတဲ့ wikimyanmar.co.cc ရဲ ့ fonder ကကျွန်မ သူငယ်ချင်းပါ။ခုလို အားလုံးက တန်ဖိုးထားဝင်မန် ့ပေးကြတော့ ကျေးဇူးဥပကာရအထူးပါနော်။နောက်များ ဆက်လက်အားပေးဝေဖန်ကြဖို ့တိုက်တွန်းပါတယ်။

      မီးပုံးပျံဦကျော်ရင်နဲ ့တော့မမှားစေလိုပါ။သူက ထားဝယ်မြိ ု့လောင်းလုံဇာတိပါ။

  • ကြောင်ကြီး

    September 8, 2011 at 8:27 am

    မြို့မှာသံတွဲ
    ကမ်းခြေငပလီ
    စာမှာပန်းချီ
    ဒွါရာဝတီ..

  • Shwe Ei

    September 8, 2011 at 1:15 pm

    မမော်မော်သီး ပို့စ်လေး ဖတ်လို့ကောင်းပါတယ်။ သံတွဲအကြောင်း ထူးခြားတာလေးတွေ ဓါတ်ပုံနှင့်တကွ တင်ပေးပါအုံး။

  • yetazar

    September 8, 2011 at 1:48 pm

    ကျွန်တော်ပြောထားတာကို မမီးမီးပြန်ရှင်းထားတာလေးကို အရမ်းသဘောကျပါတယ် ။ လက်ခံပါတယ် အမရေ ။ ကျွန်တော်လဲ ကိုယ့်မြို့လေးကို တိုးတက်စေချင်တဲ့ဆန္ဒရှိပါတယ် ။

  • မီးမီး သော်

    September 8, 2011 at 2:01 pm

    အားလုံးအတွက် ကျွန်မချစ်တဲ့မြိ ု့လေးတွက်အတတ်နိုင်ဆုံးမအားလပ်တဲ့ကြားက ကြိ ုးစားပေးပါမယ်ရှင်။အားလုံးသောရွာသူ၊ရွာသားများပျော်ရွှင်ပါစေ။

  • မီးမီး သော်

    September 9, 2011 at 11:49 am

    နန်ရှင် တို ့ကိုသစ်မင်းတို ့ရေ သမိုင်းသုတေသီ ဆရာသန်းထွန်းရဲ ့ဦးကျော်ရင်အပေါ်အမြင်အပေါ်ကိုလဲ လေ့လာပေးစေချင်ပါတယ်။အားလုံးပျော်ရွှင်ပါစေ။

  • adinoctober

    September 12, 2011 at 11:22 am

    ဖတ်ခွင့်ရလို ့ကျေးဇူးပါမီးမီး

  • ရွှေအိမ်စည်

    September 12, 2011 at 12:26 pm

    မီးမီးရေ…ကိုယ့်မြို ့လေးကိုဂုဏ်ပြောင်စေတာလည်းမင်္ဂလာတစ်ပါးဘဲ…
    မီးမီးကအရေးကောင်းတာဘဲ….

  • မီးမီး သော်

    September 12, 2011 at 1:31 pm

    ထိပ်ထားလေးကို လဲကျေးဇူးတင်ပါတယ်။ခုလိုဝင်အားပေးဝေဖန်ကြတော့ ကျေးဇူးဥပကာရအထူးတင်ပါတယ်နော်။

Leave a Reply